အပိုင်း(၁၅) သက်ဝင်မြေးဘွား - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၅) သက်ဝင်မြေးဘွား

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
                 သက်ဝင်မြေးဘွား
                 အောက်လမ်း မာယာ
                      အပိုင်း (၁၅)    
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)
                            ***



         လွန်စွာမှ ဝမ်းနည်းခဲ့ရလေပြီ။ တန်ခိုးတစ်ယောက် အားတင်ကာ မာန်ကိုခဲထားခဲ့ပြီး ကျွန်ုပ်တို့အား နည်းအမျိုးမျိုးဖြင့် ထိုအဆောင်အတွင်းမှ ကယ်တင်ပေးခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ယခုအခါမှာတော့ ပြင်းထန်လှသည့် သူ၏ အတွင်းဒဏ်ရာများကြောင့် ကျွနိုပ်၏ လက်ပေါ်တွင်သာ ရုတ်တရက် ငြိမ်သတ်သွားခဲ့ပြီး အသက်ပျောက်ကွယ်သွားခဲ့ရလေတော့သည်။

' ကဲပြော … ကျုပ်တို့အလုပ်ရှင် သူဌေးလေးကို ဘယ်မှာတွေ့ထားတာလဲ '
' ဟားဟား … ဒီလိုလွယ်လွယ်ပြောလို့ ဘယ်ရမလဲ …  ရဲစခန်းက ထုတ်ထားတဲ့ ဆုငွေထက် ကျုပ်ကို နှစ်ဆပိုပေးမှ ပြောပြမယ် '
' ပေးမယ်ဗျာ … ဒီမှာတွေ့လား ကဲပြော '
' ဒီလိုမှပေါ့ … အဲ့ဒီကောင်လေးကိုကြည့်ရတာ ကျန်းမာရေးသိပ်မကောင်းဘူး … ဈေးဂိုဒေါင်ထဲမှာ သူ့ကို ကျုပ်စောင့်ရှောက်ထားတုန်းရှိသေးတယ် … ဟိုခင်ဗျားတို့ကယ်လိုက်တဲ့ မိသားစုသိလား … စာရေးဆရာမိသားစုလေ … အဲ့ဒီမိန်းမက ကျုပ်ကိုရိုက်ပြီး ခင်ဗျားတို့လူကို ခေါ်သွားတယ် '
' ဘာ အဲ့ဒီမိန်းမက သူဌေးလေးကိုခေါ်သွားတယ် ဟုတ်လား … ဒါ … ဒါဆို အခု သူက အဲ့ဒီစာရေးဆရာမိသားစု အိမ်မှာရောက်နေတာလား '
' ဒါတော့ကျုပ်လဲမသိဘူး အဲ့အိမ်မှာပဲဖြစ်လိမ့်မယ် …  နေပါဦး ဒါနဲ့ အဲ့ဒီလူအကြောင်း ခင်ဗျားတို့ကြားတာနဲ့ ဘာဖြစ်လို့ဒီလောက်ထိ ယောက်ယပ်ခတ်သွားကြတာလဲ … ကျုပ်နားကိုမလည်တော့ဘူး … '
' ယောက်ယပ်ခတ်မှာပေါ့ အဲ့ဒီလူက တစ်နိုင်ငံလုံးရဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးလေး နေသူရှိန်ပဲ '
' ဟင် … အဲ့ … အဲ့ဒီကောင်လေးက သူ … သူဌေးလေး နေသူရှိန်ဟုတ်လား '
' ဟုတ်တယ် … '
' ဟင် … ဒါဆို ဒီပိုက်ဆံ ၁၀ သိန်းလောက်နဲ့ ကျုပ်မကြေနပ်နိုင်ဘူး … သိန်း၁၀၀ ပေးရမယ် '
' ဟင် … သိန်း၁၀၀ ပေးရမယ် … သိန်း ၁၀၀ ပေးရမှာပေါ့ … ခင်ဗျားက သိန်းပေါင်းထောင်ချီနေတဲ့ သူကိုပြောပြထားတယ်ဆိုတော့ … ပေးမယ် ကဲရော့ '
' အား … ခင် … ခင်ဗျား '
' တမန်လွန်ဘဝမှာ အဲ့ဒီငွေတွေ သွားသုံးလိုက်တော့ '

မိမိ၏ အကြံစည်များ မအောင်မြင်ခဲ့ပြီး ။ ဒေါသထွက်စွာဖြင့် သူဌေးလေးနေသူရှိန်အား တွေ့ရှိထားခဲ့ကြောင်းကို သစ္စာဖောက်ကိုတင်မောင်အား ထိုသူပြောဆိုပြခဲ့လေသည်။ ကိုတင်မောင်၏ ပြောစကားများအား ကြားလိုက်ရသည်နှင့် ထိုသူမှာ သူဌေးလေးနေသူရှိန်ဖြစ်နေကြောင်း သိရှိလိုက်ရပြီး မိမိတွင်ရရှိထားသော ငွေလေးဖြင့် မကျေနပ်နိုင် သူဌေးလေးဟု သိရှိလိုက်ရပြီး လောဘဇောတတ်ကာ ငွေအားထပ်မံတောင်းဆိုနေခဲ့ခြင်းကြောင့် ရက်စက်လှသည့် ကိုတင်မောင်မှာ ထိုသူအား ငွေမပေးပဲ အသင့်ဆောင်လာသည့် ဓားမြောင်ဖြင့် ထိုသူ့အား ထိုးသတ်လိုက်လေတော့သည် ။ သူဌေးလေးရှိနေသည့် နေရာအား သိရှိသွားသည်နှင့် ကိုတင်မောင်တစ်ယောက်မှာ အခြွေရံအမြောက်များ ခေါ်ဆောင်စေပြီ ကိုသူရမိသားစု နေအိမ်ဆီသို့ ဦးတည်သွားရောက်လေတော့သည်။ သ်ု့ပေမယ့် ထိုနေအိမ်၌ ကိုသူရမိသားစု မရှိခဲ့ချေ။ ထိုအနီးနားတွင်သာ ရှိနေလိမ့်မည်ဟု စဉ်းစားမိလျက် ထိုပတ်ဝန်းကျင်အား လူအမြောက်အများဖြင့် စူးစမ်းရှာဖွေ ကြည့်နေချိန်တွင် မှိုင်တွေ ငေးငိုင်စွာဖြင့် စိတ်ဖောက်ပြန်နေသည့် ကိုသူရအား ကိုတင်မောင်တစ်ယောက် တွေ့ရှိလိုက်ရလေသည်။
' ကိုသူရ … '
အောက်လမ်းဆရာကြီး ဦးဒီပ၏ ပြုထားခြင်း ခံလိုက်ရသော ကိုသူရတစ်ယောက်မှာ လူကောင်းပကတိ ပြန်လည်၍ မဖြစ် အရူးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားမည်ကို သစ္စာဖောက်တင်မောင် ကောင်းစွာသိရှိထားချေသည်။ သို့နှင့် ကြောင်တောင်တောင် မှိုင်ငေးနေသော ကိုသူရအား လေသံပျော့ပျော့ဖြင့် ကိုတင်မောင်တစ်ယောက် ခေါ်လိုက်လေသည်။
' ဟင် … '
မိမိ၏ ခေါ်သံအား ကြားလိုက်ရသည့် ကိုသူရတစ်ယောက်မှာတော့ တင်မောင့်အား လှည့်ကြည့်လိုက်ပြီး ကြောင်တောင်တောင် မျက်လုံးများဖြင့်
' ကျုပ် … ကျုပ်ကို မဖမ်းပါနဲ့ '
' ခင်ဗျားကို မဖမ်းပါဘူး ကျုပ်တို့က ခင်ဗျားကို ကယ်မလို့ပါ '
' တ … တကယ်ပြောတာနော် '
' တကယ်ပြောတာပေါ့ … အခုခင်ဗျားအိမ်မှာ ဧည့်သည်တစ်ယောက် ရောက်နေတယ်မဟုတ်လား '
ကိုတင်မောင်၏ အမေးအား ကြားလိုက်ရသည့် ကိုသူရတစ်ယောက်မှာတော့ အတန်ကြာငြိမ်သတ်သွားပြီး အရူးတစ်ယောက်သဖွယ်ဖြင့်
' ရောက်နေတယ် … '
' ဟာ … ဟုတ်ပြီ … အဲ့ဒီလူက ခင်ဗျားတို့မိသားစုကို ဒုက္ခပေးမယ့် လူ'
' ဟင် … အဲ့ဒီလူက ကျုပ်တို့ မိသားစုကို ဒုက္ခပေးမယ့်လူ … ဟုတ် … ဟုတ်လား ဖြစ်နိုင်တယ် သူက နိမိတ်မကောင်းဘူး လူမမာ '
' ဟုတ်တယ် … အဲ့ဒါကြောင့် အဲ့ဒီလူကို ကျုပ်တို့ဖမ်းပေးမယ် … အဲ့ဒီလူ အခု ဘယ်မှာရှိနေလဲ '
' ဟင် … ဟို … '
' ခင်ဗျားမှာ သမီးလေးတစ်ယောက် ရှိတယ် မဟုတ်လား … ခင်ဗျားမိန်းမကရော '
' ဟင် … ဟုတ် … ဟုတ်တာပေါ့ ကျုပ်မှာ သမီးလေးတစ်ယောက်ရှိတယ် '
' အေး … အဲ့ဒီလူက ခင်ဗျားသမီးလေးနဲ့ ခင်ဗျားမိန်းမကို ဒုက္ခပေးမှာ '
' ဟင် … ဒါ … ဒါဆို ကျုပ်တို့မိသားစုကို ကယ်ပါဦး'
' ကယ်ပေးမယ် … အခု ခင်ဗျားမိန်းမ ဘယ်မှာရှိနေလဲ '
' ကျုပ် သိတယ် … ကျုပ်သိတယ် … လာလာ ကျုပ်လိုက်ပြမယ် '

စိတ်မနံ့ ရူးကြောင်ကြောင်ဖြစ်နေသည့် ကိုသူရအား ယုံတမ်းစကာများ လိမ်လည် ပြောဆိုခဲ့ပြီး မခင်ထားနှင့် သူဌေးလေးရှိနေသည့် နေရာဆီသို့ စိတ်မနံ့သူ ကိုသူရအား လမ်းညွန်ပြခိုင်းလေတော့သည်။ စိတ်ဖောက်ပြန်နေသည့် စာရေးဆရာ ကိုသူရတစ်ယောက်မှာတော့ မိမိ၏ မိသားစုအား ဒုက္ခပေးမည့် လူဟုသိရှိလိုက်ရပြီး မိန်းမဖြစ်သူ မခင်ထားပုန်းခိုနေသည့် ကျောင်းပျက်ကြီးဆီသို့ ဦးတည်ခေါ်ဆောင်လာတော့သည်။
' မေမေ … မေမေ '
' ဟင် … သမီး … ဘာဖြစ်လာတာလဲ '
' ဟို … ဖေဖေ … ဖေဖေပြန်လာပြီ လူတွေလဲ အများကြီးပါလာတယ် … ဖေဖေ့ကိုဖမ်းခေါ်သွားတဲ့ ဦးကြီးတစ်ယောက်လဲ ပါတယ် '
' ဟင် … အဲ့ဒါ တင် … တင်မောင်ပဲ '
' သူဌေးလေး … တင်မောင်တို့ လိုက်လာကြပြီး … ကျွန်မတို့ ပြေးမှရမယ် '
' ဘာ … ဘယ်လက်ရုံးတင်မောင် ရတယ်အစ်မကြီး ပြေးစရာမလိုဘူး … လာပါလိမ့်စေ ကျုပ်နဲ့တွေ့မယ်'
' မဟုတ်ဘူး သူဌေးလေး … တင်မောင်က သူဌေးရဲ့ စကားကို နာခံမှာ မဟုတ်တော့ဘူး … သူဌေးလေးက်ု တွေ့တာနဲ့ သူဖမ်းခေါ်သွားမှာ '
' ဟင် … '
' ဟုတ်တယ် … ကျွန်မပြောတာကို နားထောင်ပါ ကျွနိမတို့ ပြေးမှရမယ် '
' ဟုတ် … ဟုတ်ကဲ့အစ်မကြီး '

နေကောင်းခါစ သူဌေးလေးအား မခင်ထားတစ်ယောက် ဦးဆောင်ကာ တင်မောင်၏လက်အတွင်းမှ အလွတ်ပြေးရန် ကျောင်းပျက်ကြီး အနောက်ဆီသို့ ပြေးထွက်လေတော့သည်။ စိတ်ဖောက်ပြန်နေသူ ကိုသူရ၏ လမ်းပြခေါ်ဆောင်မှု့ဖြင့် တင်မောင်နှုင့်အဖွဲ့ ကျောင်းပြန်ကြီးဆီသို့ ရောက်ရှိလာပြီး လျင်မြန်စွာဖြင့် ကျောင်းအတွင်းသို့ ဝင်လိုက်ချိန်တွင် မခင်ထားနှင့်အတူ သူဌေးလေးအား မတွေ့ရှိလိုက်ရတော့ချေ။
' ပြေးကုန်ကြပြီ … လိုက်ကြမယ် '
အပေါင်းအဖော်များအား ခေါ်ဆောင်ကာ တင်မောင်တစ်ယောက် မခင်ထားနှင့် သူဌေးလေး ထွက်ပြေးသွားခဲ့သည့် ကျောင်းအနောက်ပေါက်မှ တဆင့် အပြင်းအထန် လိုက်လေတော့သည်။ နေကောင်းခါစ အားသစ်များ ပြန်လည်မွေးမြူနေရသည့် သူဌေးလေးအဖို့ လျင်မြန်စွာ မပြေးနိုင်ပဲ မောဟိုက်နေလေခဲ့တော့သည်။
' သူဌေးလေး … နားနေလို့မဖြစ်ဘူး အနောက်မှာ တင်မောင်တို့ လိုက်ကြတယ် … ဆက်ပြေးမှဖြစ်မယ် '
လွန်စွာမှပင် မောဟိုက်နေချေခဲ့ပြီး။ မခင်ထား၏ သတိပေးစကားအား ကြားလိုက်မှသာလျင် သူဌေးလေးတစ်ယောက်မှာ ဆက်၍ ပြေးလေတော့သည်။
' မေမေ … သမီးမောနေပြီ … '
' အရှေ့နားရောက်မှ မေမေတို့ နားကြမယ် … အခုနားလိုမဖြစ်သေးဘူး … ပြေးမှရမယ် '
  နှစ်ကာလကြာမြင့်စွာ ရှငိသန်နေသော သစ်တောကြီးအတွင်းသို့ ဦးတည်ရာမရှိ ခြေဦးတည့်ရာသို့ မခင်ထားတစ်ယောက် ဦးဆောင် ပြေးနှင်နေခဲ့ပြီး
' အား … မေမေ '.
သမီးဖြစ်သူအား လက်ဆွဲပြေးကာ မောဟိုက်နေသည့် သူဌေးလေးအား ဂရုစိုက်နေရသေးသည့် မခင်ထား၏ အာရုံနှစ်ခုမှာ မလွဲလှချေ။ ပြေးမိပြေးရာ ပြေးနေရာမှ ချောက်ကပ်ပါးအတွင်းသို့ မခင်ထား၏ သမီးဖြစ်သူ မိလုံးလေး လိမ့်ကျသွားလေခဲ့တော့သည်။
' သမီး  … '
  ချောက်ကပါးထဲတွင် မည်သည့်သက်ရှိများ ရှိနေမည်ကို မည်သူမှ ကြိုမသိနိုင်။ သမီးဖြစ်သူ ပြုတ်ကျသွားခဲ့သည့် ချောက်ကပ်ပါးကြီးအား ငုတ်ကြည့်လျက် ယူကြုံးမရစွာဖြင့် မိခင်ဖြစ်သူ မထင်ထား အော်ဟစ်ခေါ်လိုက်လေသည်။ သို့ပေမယ့် ချောက်ကပ်ပါးအတွင်းမှ မည်သည့်အသံများမှ ပြန်လည်၍ မကြားခဲ့ရချေ။
' အစ်… အစ်မကြီး ကျုပ် … ကျုပ်တို့ပြေးမှဖြစ်မယ် အနောက်မှ လူသံတွေကြားတယ် '
  သမီးလေးပြုတ်ကျသွားသည့် ကျောက်ကပ်ပါးကြီးအား မခင်ထားတစ်ယောက် ငုတ်ကြည့်လျက် ဝမ်းနည်းစွာဖြင့် ငိုကြွေးနေခဲ့ပြီး မိမိ၏ အသက်အန္တရယ်အား စိုးရိမ်ရသည့်အတွက် အရှေ့သို့သာ ဆက်လက်ပြေးခဲ့ရသည်။ သို့နှင့် ချုံထူထပ်သော နေရာတစ်ခုအတွင်းသို့ သူဌေးလေးနှင့်အတူ မခင်ထားတို့ ဝင်ရောက်ပုန်းခိုနေလိုက်သည်။
' တောက် !… ဘယ်ရောက်သွားကြပြီလဲ '
' မတွေ့တော့ဘူး ဆရာ '
' ဒီနားမှာရှိနေလိမ့်မယ် … ရှာကြစမ်း '
မိမိ၏ ဝမ်းနည်းသော ကြေကွဲသံတို့အား မခင်ထားတစ်ယောက် မြိုသိမ့်ထားရပြီး ချုံအတွင်း၌သာ ငြိမ်သတ်နေခဲ့ရသည်။ တင်မောင်နှင့်အဖွဲ့ ထိုနေရာသို့ မြေလှန်ရှာဖွေခဲ့ပြီး အားမလျော့ပဲ အရှေ့စူးစူးသို့သာ ဆက်လက်၍ လိုက်လေတော့သည်။ တင်မောင်နှင့် လူတစ်ု အရှေ့သို့ ကျော်သွားမှသာလျင် ချုံအတွင်းမှ နှစ်ဦးသား အနောက်သို့ ပြန်လည် ပြေးကာ သမီးဖြစ်သူ မိလုံးလေးပြုတ်ကျသွားသည့် ကျောကိကပ်ပါးကြီးဆီသို့ ပြန်လည်ရောက်ရှိလာလေခဲ့သည်။
' သမီး … မိလုံး မေမေ့ကြောင့် ငါ့သမီးလေး အခုလိုဖြစ်ရတာပါ '
' အစ်မကြီးကြောင့် မဟုတ်ပါဘူး ကျုပ်ကြောင့်အခုလိုတွေဖြစ်ရတာပါ … ကျုပ်တောင်းပန်ပါတယ် '
' မဟုတ်ပါဘူး … သူဌေးလေးကြောင့် မဟုတ်ပါဘူး ကျွန်မကြောင့်ပါ ကျွန်မမိလုံးလေးကို ရှာရဦးမယ် … သူဌေးလေးကို မစောင့်ရှောက်ပေးနိုင်တော့ဘူး … သူဌေးလေး လွတ်ရာကိုသာ ပြေးပါတော့ ကျွန်မကိုခွင့်ြ့ပုပါဦး '

ဝမ်းနည်းကြေကွဲစွာဖြင့် မခင်ထားတစ်ယောက်မှာတော့ သူဌေးလေးအား နှုတ်ဆတ်လျက် အရှေ့မှထွက်ခွာသွားခဲတော့သည်။ ကြောင်တောင်တောင်ဖြစ်ခါ သူဌေးလေးတစ်ယောက် ကျန်ရစ်နေခဲ့ပြီး မခင်ထား၏ အနောက်သို့သာ ပုန်းခို၍ အားကိုးစိတ်ထားကာ လိုက်နေမိတော့သည်။

**********************************
သေဆုံးသွားသည့် တန်ခိုး၏အလောင်းအား တည်းခိုဆောင်းအတွင်းမှ ရဲအုပ်ဆန်းထွန်းတစ်ယောက် ယူဆောင်လာယူလာခဲ့ပြီး မန်နေဂျာဦးခွန်းဒေါင်း အရှေ့၌

' ဂျာကြီး … တန်ခိုးတစ်ယောက်ကတော့ သေသွားပြီ '
' သေချာစစ်ပြီးပြီလား '
' ကျုပ်သေချာစစ်ပြီးပါပြီ … '
' ဘယ်တတ်နိုင်မလဲ … တဇွတ်ထိုး တင်မောင်တစ်ယောက် လက်လွန်သွားတာ နေမှာပေါ့ '
' ကျုပ် သူ့အလောင်းဘာလုပ်လိုက်ရမလဲ '
' ဘာလုပ်ရမလဲ … သင်္ဂျိုပေးလိုက်ပေါ့ '
' ကောင်းပြီ '
      သေဆုံးသွားသည့် တန်ခိုး၏ အလောင်းအား သင်္ဂျိုးရန် ဦးခွန်းဒေါင်းတစ်ယောက် ပြောဆိုလိုက်ပြီး နယ်မြေပိုင်ရဲအုပ် ဆန်းထွန်းမှာတော့ ခါးကြားတွင်အသင့်ရှိနေသည့် ဓားမြောင်အား ထုတ်လိုက်ချိန်တွင်
' ဘာလုပ်မလို့လဲ ဆန်းထွန်း '
' တန်ခိုးသေသွားတယ်ဆိုတာ ကျုပ်စမ်းသပ်လို့ သိပေမယ့် … စိတ်မချဘူး အဲ့ဒီတော့ ဓားနဲ့ထိုးကြည့်မယ် '
ထိုသို့ဆိုကာ သေဆုံးသူ တန်ခိုးအား ဓားဖြင့် ထိုးရန် ရွယ်လိုက်စဉ်တွင်
' အား … '
ရင်ဘတ်အတွင်းသို့ ဆန်းထွန်း၏ ချွန်ထက်လှသော ဓားဦးမစိုက်ခင်အချိန်၌ ရုတ်တရက် တန်ခိုးတစ်ယောက် လျင်မြန်စွာတိုက်ခိုက်လိုက်ပြီး ဆန်းထွန်းဆီမှ ဓားအားလုယူလိုက်ကာ ဦးခွန်းဒေါင်း၏ လည်ပင်းပေါ်သို့ လျင်မြန်စွာ ချုပ်နှောင်၍တင်လိုက်လေတော့သည်။
' ဟင် … တန် … တန်ခိုး … မင်းသူငယ်ချင်းတွေ ငါ့လက်ထဲမှာနော် '
' မင်းမန်နေဂျာကလဲ ငါ့လက်ထဲမှာပဲ … ဦးခွန်းဒေါင်း '
' မ … မလုပ်ပါနဲ့ '
' တန်ခိုး မလုပ်နဲ့နော် '
' ဦးခွန်းဒေါင်း … ခင်ဗျားအသတ် မသေချင်ရင် ကိုမောင်ဝင်းနဲ့ ကျုပ်သူငယ်ချင်းတွေကို အချက်ချင်းလွတ်ပေး '
' အေး … အေးပါကွာ '
' ထ … ကောင်းကောင်းထ မလုပ်နဲ့နော် … ဒီအချိန်မှာ ကျုပ်လူသတ်ဖို့လဲ ဝန်မလေးဘူး '
' မ … မလုပ်ပါနဲ့ '
     သေချင်ယောင်ဆောင်ခဲ့သည့် တန်ခိုးတစ်ယောက်၏ လက်အတွင်း၌ ဦးခွန်းဒေါင်းတစ်ယောက် ရောက်ရှိသွားရလေသည်။ လည်ပင်းပေါ် ဓားတင်လျက် ရဲအုပ်မောင်ဝင်းနှင့် အဖွဲ့အား ချုပ်ထားသည့် တည်းခိုဆောင်အတွင်းမှ လွတ်ပေးစေရန် ပြောဆိုခဲ့ပြီး ထက်မြတ်လှသည့် ဓားအား ဦးခွန်းဒေါင်း၏ လည်ပင်အပေါ်သို့ တင်လျက်ထားခဲ့သည်။

ဘာရယ်ကြောင့်မှန်းမသိ။ အစောင့်များစွာဖြင့် တည်းခိုဆောင် ပတ်ဝန်းကျင်အား စောင့်ကြပ်လျက်ရှိသော သော့ခတ်ထားသည့် တံခါးအား လာရောက်ဖွင့်ပေးစေပြီး
' ဆရာမောင်ဝင်းတို့ အပြင်ကို ထွက်ကြပါ '
ကျွန်ုပ်တို့အား အစောင့်တစ်ဦးမှ အပြင်သို့ ထွက်ရန်ပြောဆိုကာ ထိုသူခေါ်ဆောင်ရာ အနောက်သို့ လိုက်ပါလာရာမှ သေဆုံးသွားသည့် သူငယ်ချင်းဖြစ်သူ တန်ခိုးအား တွေ့ရှိလိုက်ရသည်။
' ဟင် … တန်ခိုး … '
' မင်း … မင်းမသေဘူးနော် '
' လာကြ … နောက်မှ ငါအားလုံးရှင်းပြမယ် အခုအားလုံး အပြင်ကို ရောက်အောင်ထွက်လာခဲ့ကြ … မလှုပ်နဲ့နော် ဦးခွန်းဒေါင်း ခင်ဗျားလူတွေကို အထဲဝင်ခိုင်းလိုက် … တံခါးကို ပိတ်ခိုင်း … ပြောနေတယ် လုပ်လေ '
' ဟေ့ကောင်တွေ အဆောင်ထဲဝင်ကြ '
' ကျန်သေးတယ် … အပြင်ကနေ တစ်ယောက်ကို သော့ခတ်ခိုင်း … လုပ်လေ '
' အေး … အေး ဟို … ဟေ့ကောင် သူတို့အားလုံးကို သော့ခတ်ထားလိုက်ကြ '
  ယခုတစ်ကြိမ်မှာတော့ ကျွန်ုပ်တို့အားလုံးအား သူငယ်ချင်းဖြစ်သူ တန်ခိုးတစ်ယောက် ကောင်းစွာအပြင်သို့ ပို့ဆောင်ကယ်တင်နိုင်လေခြဲ့ပီ။ ဦးခွန်းဒေါင်း၏ လည်ပင်းပေါ်သို့ ဓားဖြင့်တင်ထားပြီး သူ၏ လူမိုက်အမြောက်အများအား တည်းခိုဆောင်အတွငိး၌ ဝင်ခိုင်းစေကာ ကျွန်ုပ်တို့၏အနောက်သို့ အလွယ်တကူ မလိုက်ပါလာစေနိုင်ရန် အပြင်မှ သော့ခတ်ထားခိုင်းလိုက်တော့သည်။
' ရ … ရပြီလေကွာ '
' မရသေးဘူး ငြိမ်ငြိမ်နေ … ကိုမောင်ဝင်း ဒီလူ့ကို ကျုပ်ဘာလုပ်လိုက်ရမလဲ … '
' ကိုတန်ခိုး … သူ့ကို အခုလွတ်ပေးထားလိုက်ပါဦး … သက်သေခိုင်ခိုင်လုံလုံနဲ့ ကျွန်တော်ကိုယ်တိုင် သူ့ကို ဖမ်းမယ် '
' ဟင် … သူ့ကိုလွတ်ပေးလိုက်လို့ဖြစ်ပါ့မလား '
' ဖြစ်တယ် … မဟုတ်ရင် ကျုပ်တို့အားလုံး မှန်ရာကနေ မှားကုန်လိမ့်မယ် … လွတ်ပေးလိုက်ပါ … ဥပဒေဘက်ကနေ သူ့ကိုတာဝန်အရ စီစဉ်မယ် '
' ကောင်းပြီ … တောက် ……! ကျုပ်သဘောအတိုငိးသာဆို ခင်ဗျားသေပြီနော် … သွား … လိုက်လာမယ် မကြံနဲ့ '

ဦးခွန်းဒေါင်းအား လက်ပြန်တုတ်ထားပြီး လည်ပင်းပေါ်သို့ ဓားအားတင်ထားသည့် တန်ခိုးတစ်ယောက်မှာတော့ ကိုမောင်ဝင်း၏ ပြောစကားအား နာခံကာ လွတ်ထားပေးလိုက်ရသည်။ ထိုနောက် သော့ခတ်ပိတ်ထားသည့် လူမိုက်များ လွတ်မလာသေးခင် အချိန်၌ပင် ထိုအဆောင်အရှေ့မှ ကျွန်ုပ်တို့အားလုံး လွတ်ရာဆီသို့ လျင်မြန်စွာ ရှောင်တိမ်လိုက်ရပြီး
' တန်ခိုး မင်းမသေဘူးနော် '
' ငါမသေပါဘူး '
' ကျုပ်သေချာ စမ်းသပ်ခဲ့တာပါ … ကိုတန်ခိုးအသက်မရှိတော့ဘူးလေ '
' ဟားဟား … '
' မရယ်နဲ့ … မင်းကွာ ငါတို့ကို တမင်သတ်သတ် ဝမ်းနည်းရအောင်လုပ်တယ် '
' အေးဟာ … တန်ခိုးရယိ ငါ့မှာတော့ နင်သေသွားပြီထင်လို့ ငိုနေလိုက်ရတာ တော်သေးတာပေါ့ … ငါ့သူငယ်ချင်းကြီးမသေဘူး '
' ကိုတန်ခိုး … ကိုမောင်ဝင်းကိုယ်တိုင် စမ်းသပ်သလို ကျုပ်ကိုယ်တိုင်လဲ ခင်ဗျားကိုစမ်းသပ်ခဲ့တာပဲ … ခင်ဗျားတကယ် သေသွားခဲ့သလိုပဲလေ '
' ကိုမောင်ဝင်းနဲ့ အစ်ကိုအောင် အပါအဝင် သူငယ်ချင်းတို့ မင်းတို့အားလုံးကို ငါစိတ်အနှောက်ယှက်ပေးသလို ဖြစ်သွားခဲ့ပြီ … တကယ်တော့ လောကကြီးမှာ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ အစားမစားပဲ ရက်ပေါင်း၄၀နေနိုင်တယ် … ရေမသောက်ပဲနဲ့ ၄ရက်နေနိုင်တယ် … အသက်မရှုပဲနဲ့ ၄မိနစ်နေနိုင်တယ် … မျှော်လင့်ချက်မရှိရင်တော့ လေးစက္ကန့်တောင် နေနိုင်မှာမဟုတ်တော့ဘူးလေ … ကျူပ်တို့ဆီမှာ အစားမစားရပဲ အားပျက်နေတဲ့ သူဌေးလေးကိုကယ်ဖို့နဲ့ ကျုပ်တို့ဒီအချုပ်ထဲ လွတ်ဖို့အတွက် အသက်မရှု့ပဲ သုံးမိနစ်ခွဲနေခဲ့ရတယ် … အဲ့ဒီတော့ ကျုပ်ဆီမှာ လွတ်ဖို့ဆိုတဲ့ မျှော်လင့်ချက်လေးရလာတာပေါ့ '
' ဟင် … '
' ဟုတ်တယ်လေ … ကျုပ်သေချင်ယောင်ဆောင်မယ်လို့ ခင်ဗျားတို့အားလုံးကို ကြိုပြောထားရင် ခင်ဗျားတို့ရဲ့မျက်နှာမှာ ကျုပ်ကို ဟန်ဆောင်ပြီး လွမ်းနေရမယ် … အဲ့ဒီတော့ ဦးခွန်းဒေါင်း ရိပ်မိမှာဆိုးတယ် … ကျုပ်တကယ်သေသွားပြီးလို့ ခင်ဗျားတို့ထင်တော့ အားလုံးက အစစ်အမှန်တွေ လွမ်းကြတော့ ဦးခွန်းဒေါင်းကလဲ ၅၀ ရာခိုင်နှုန်း ကျုပ်အလောင်းကို မမြင်ခင်တည်းက ကျုပ်သေပြီဆိုတာ သူယုံသွားခဲ့ပြီပေါ့ မဟုတ်ဘူးလား ပြီးတော့ သွေးခုန်နှုံးတွေကို ခဏရပ်တန့်ထားနိုင်တဲ့ နည်းလမ်းကို ယောနယ်က ဏ္ဍစ္ဆာသယဦးအောင်ကြီးဆီက ကျုပ်သိလာခဲ့တယ် … အဲ့ဒါတွေ အယးလုံးပေါင်းစပ်လိုက်တော့ ခင်ဗျားတို့ကျုပ်သေပြီးလို့ ထင်ကြတာပေါ့ … ဒါတင်မကသေးဘူး မျက်နှာက ဒဏ်ရာတွေငြိုမည်းဆွဲနေတော့ သေတဲ့ရုပ်နဲ့ တူနေတယ်လေ … '
' ဟ … သိပ်တော်တာပဲ တန်ခိုးရာ … သိပ်တော်တာပဲ '
' မင်းတို့ သူငယ်ချင်းလေကွ … ဒီလောက်တော့ရှိမှာပေါ့ '
' တော်သေးတာပေါ့ ကိုတန်ခိုးရာ … ကဲ အခုတော့ အားလုံးစိတ်အေးသွားရပြီ … ကျုပ်တို့ဘာဆက်လုပ်ကြမလဲ ကိုမောင်ဝင်း '
' ရန်ကုန်ပြန်ပြီ … သက်ဆိုင်ရာကို အကြောင်းကြားမလား '
' ရနိကုန်ပြန်လို့တေတ့ မဖြစ်ဘူး … ဒီနယ်မှာပဲ ခဏခိုနေမှဖြစ်မယ် … အခုလောက်ဆို ဆန်းထွန်းတစ်ယောက် ဂိတ်တွေကိုသတင်းပို့ထားပြီးလောက်ပြီ ကျုပ်တို့ဒီနယ်က ထွက်ဖို့ မလွယ်လောက်တော့ဘူး … ဒီတစ်ရက် နှစ်ရက်အတွင်း ဦးနေမင်းဒီနယ်ကိုရောက်လာလိမ့်မယ် … အဲ့ဒီတော့မှ ကျုပ်တို့အားလုံး စပြီးလှုပ်ရှားကြမယ် '
' ဟုတ်ပြီ … အခုတော့ အဝေးကပဲ ဦးခွန်းဒေါင်းအခြေနေကို စောင့်ကြည့်နေကြတာ့ပေါ … '

သူငယ်ချင်းဖြစ်သူ တန်ခိုး၏ သေရွာပြန်လာသည်ဟု ဆိုရမလား။ ကျွန်ပ်တို့အား အချုပ်အတွင်းမှ လွတ်မြောက်စေရန် ပရိယာယ်စင်ခဲ့ကြောင်း ပြောဆိုပြလေတော့သည်။ အားလုံး၏ မျက်နှာပြင်ပေါ်ါ်၌ ဝမ်းသာကြည်နူးမှု့များနှင့်အတူ သူဌေးလေး၏ ပြသနာအား ဆက်လက်ဖြေရှင်းပေးရန် ထိုနယ်လေးအတွင်း၌ ခိုအောင်းနေခဲ့ရလေသည်။

' ဖွားဖွား … မိလုံးလေး သတိရလာပြီ '
ချောက်အတွင်းသို့ ပြုတ်ကျသွားခဲ့သည့် မိလုံးလေးအား သက်ဝင်အဖွားအိုမှ ကယ်ထားတင်ခဲ့ပြီး မေ့မျောနေသည့် မိလုံးလေး သတိလည်လာချိန်အထိ စောင့်ကြည့်နေလေခဲ့သည်။ ထိုအစဉ်၌ ကလေးမလေး၏ မျက်လုံးများ ဖြေးညင်းစွာ ပွင့်လာခဲ့ပြီး
' မြေးလေး သတိရလာပြီလား '
' ဟင် … ဖွားဖွားနဲ့မြေးလေး '
' ဟုတ်တယ် … နင့်ကို ငါ့ဖွားဖွား မြေကြီးထဲကနေ ပြန်ကယ်ခဲ့တာ '
' ဟင် … ဖွားဖွားက မိလုံးကိုကယ်ထားတာ '
' ဒါပေါ့ မြေးလေးရဲ့ … အခုသတိရပြီ မဟုတ်လား'
' သတိရလာပါပြီ … သမီးအခု ဘယ်ရောက်နေတာလဲဟင် '
' ဘာမှမပူနဲ့ အခုငါနဲ့ဖွားဖွား နင့်ကိုအိမ်လိုက်ပို့ပေးမယ် '
' ဟင် … တကယ် '
' တကယ်ပေါ့ မြေးရဲ့ … လာ '

ချောက်အတွင်းမှ ကလေးမလေးအား သက်ဝင်အဖွားအိုမှ ကယ်တင်ထားခဲ့ပြီး မြေးအဖွားနှစ်ဦးနှင့်အတူ မိလုံးလေး မိခင်မခင်ထားနှင့် ဖခင်ကိုသူတို့ရှိနေမည်ထင်သည့် ကျောင်းပျက်ကြီးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့ပေမယ့် ကျောင်းပျက်ကြီးအတွင်း၌ မိခင်ဖြစ်သူ မခင်ထားအား မတွေ့ရ။ စိတ်ဖောက်ပြန်နေသည့် ဖခင်ကိုသူရကိုသာ တွေ့ရှိလိုက်ရလေသည်။
' ဖေဖေ … '
ကျောင်းပျက်ကြီး အတွင်း၌ ငေးမှိုင်စွာထိုင်နေသော ဖခင်ဖြစ်သူအား မိလုံးလေးလှမ်းအော်ခေါ်လိုက်ပြီ အနားသို့အပြေးသွားလိုက်သည်။ သမီးဖြစ်သူအား ကြောင်တောင်တောင်ကြည့်နေခဲ့ပြီး အနောက်တွင်လိုက်ပါလာသည့် မြေးဖွားနှစ်ဦးအား ကိုသူရတစ်ယောက်တွေ့လိုက်သည်နင့်
' ဟင် … လူစိမ်းတွေ ငါကြောက်တယ် ငါကြောက်တယ် '
' ဖေဖေ … မကြောက်ပါနဲ့ အဲ့ဒါ သမီးကို ကယ်ခဲ့တဲ့ ဖွားဖွားပါ '
' ဟင့်အင်း ဟင့်အင်း ငါကြောက်တယ် '
' ဟေ့ … သူရ ငါ့ကိုမမှတ်မိဘူးလား '
' ဖွားဖွား ဖေဖေက ရူးနေတာ '
' ဟင် … ရူးနေတာ … ဟားဟား … ဘာမှမပူနဲ့ ဒါသာမာန်အရူးမဟုတ်ဘူး ဖွားဖွားကုပေးမယ် '

ထိုသို့ပြောဆိုကာ ကြောက်လန့်နေသည့် ကိုသူရအား သက်ဝင်အဖွားအိုမှ ပြုထားခြင်းခံထားရသည်အား သိရှိသွားလျက် ကိုသူရအား သူ၏မှော်အစွမ်းများဖြင့် ပြန်လည်ကုသလေတော့သည်။ ခဏအကြာ၌ ကိုသူရ၏နှုတ်မှ သွေးများစွာအန်ကာ အပင်းသွင်းခြင်းခံထားရသော အောက်လမ်းဆရာကြီး ဦးဒီပ၏ ပညာများ ကိုသူရ၏ ဝမ်းအတွင်း၌ ပျောက်ကွယ်သွားလေတော့သည်။
' ဖေဖေ … '
' ဟင် … သ … သမီးလေး '
' ဖေဖေ သတိရလာပြီ '
' မိန်းမ … သမီး … သမီးမေမေရော … သူတို့ကရောဘယ်သူတွေလဲ '
' မေမေနဲ့ သမီးက လမ်းကွဲသွားခဲ့တယ် … သမီးရှင်းပြမယ် ဒီဖွားဖွားက ဖေဖေ့ကို ရဲအုပ်မောင်ဝင်းအယောင်ဆောင်ပြီး ကယ်ခဲ့တဲ့ သက်ဝင်အဖွားအို '
' ဟင် … ရဲအုပ်မောင်ဝင်း အယောင်ဆောင်ပြီး ကယ်ခဲ့တဲ့ သက်ဝင်အဖွားအို ဟုတ်လား '
' အရူး … နင်က အခုတော့ ငါ့ကိုဘယ်လိုလုပ် မှတ်မိတော့မလဲ … ငါ့အစွမ်းတွေပြမယ် … ကြည့်ထား '

ပြုစားထားခြင်း ခံလိုက်ရသည့် ကိုသူရတစ်ယောက် အဖွားအို၏ ကုသမှု့ဖြင့် လူကောင်းပကတိပြန်လည် ဖြစ်လာချေခဲ့သည်။ သမီးလေး၏ ရှင်းပြပြောဆိုနေသော စကားများအား နားမလာနိုင်။ ကြောင်ောတင်တောင်ဖြစ်နေသည့် ကိုသူရအား အဖွားအိုမှ သူ၏ အစွမ်းများ ပြမည်ဟုဆိုကာ အပေါက်ဝတွင် ငုတ်တုတ်ထိုင်နေသည့် သက်ဝင်မြေးမလေးအား ကိုသူရအဖြစ်သို့ သူ၏မှော်ပညာအစွမ်းဖြင့် ပြောင်းလဲပြလိုက်သည်။
' ဟင် … ငါ … ငါ '
' တွေ့လား … သူရဆိုတဲ့လူ နှစ်ကိုယ်ကွဲဖြစ်သွားပြီ '
 သက်ဝင်မြေးမလေးမှ မိမိအသွင်သို့ ပြောင်းလဲသွားသေကြောင့် ကိုသူရတစ်ယောက် စူးစိုက်စွာကြောင်တောင်တောင် ကြည့်နေမိခဲ့သည်။ မိမိကိုယ်ကို မှန်သားပြင်ပေါ်၌ မှန်အား ကြည့်နေရသည်ဟု ထင်မှတ်ရလောက်အောင် ကိုသူရတစ်ယောက် အံ့သြကြီးစွာ ကြည့်နေခဲ့တော့သည်။
မခင်ထားနှင့် သူဌေးလေး လွတ်မြောက်သွားသည့်အတွက် လင်ယောက်ျားဖြစ်သူ ကိုသူရရှိနေသည့် ထိုပျောင်းပျက်ကြီးဆီသို့ မခင်ထားရောက်ရှိလာဦးမည်မှာ မလွဲချေ။ ထိုကျောင်းပျက်ကြီးဆီသို့ မခင်ထားတစ်ယောက် ပြန်လည်ရောက်ရှိလာမှသာလျင် ဖမ်းစည်းရန် ရည်ရွယ်ထားခဲ့ပြီး မခင်ထားတစ်ယောက် ထိုကျောင်းပျက်ကြီးဆီသို့ ရောက်ရှိလာမည့်အချိန်အား ပုန်းအောင်းစောင့်ကြည့်နေသော သစ္စာဖောက်တင်မောင်တစ်ယောက် သက်ဝင်အဖွားအိုနှင့် ကိုသူရတို့၏ အဖြစ်အပျက် မြင်ကွင်းများအား အံ့သြကြီးစွာ တွေ့ရှိလိုက်ရတော့သည်။

**********************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages