တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၂၁)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
*********************
ကုတင်းအပေါ်၌ မလှုပ်ရှားနိုင်။ အသံလေးသာ ထွက်နေရသည်။ တွေ့ရှိလိုက်ရသည်က သူငယ်ချင်းဖြစ်သူ တင်ဇာနွယ်၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားတစ်ခုမှ ရှိမနေပဲ ကိုယ်ဗလာနှင့်ဖြစ်နေခါ တစ်ကိုယ်လုံး၌လည်း အပ်များစွာ ထိုးသွင်းထားခြင်း ခံထားရသော မြင်ကွင်းပင်ဖြစ်နေချေခဲ့သည်။
''တင်ဇာ!… တင်ဇာ နင်… နင်ဘယ်လိုဖြစ်ရတာလဲ''
မှတ်မိလေသလား။ သိပ်ခင်ရသော သူငယ်ချင်းဖြစ်သူ ထီးကလေး၏ စကားသံ။ စိုးရိမ်တကြီး ပြောဆိုလိုက်သော ထိုအသံအား ကြားသိလိုက်ရသည်နှင့် တင်ဇာနွယ်တစ်ယောက် မျက်လုံးအိမ်ကလေး လှုပ်ရှားလာခဲ့သည်။
''တင်ဇာ!… နင်… နင်ဖြစ်မှဖြစ်ရလေ တင်ဇာရာ ဖြစ်မှဖြစ်ရလေဟာ''
''တင်ဇာ ငါ့အသံကြားတယ်ဟုတ်လား တင်ဇာ နင်… နင်အားတင်းထားနော် ငါနင့်ကို ဒီအထဲကနေ ခေါ်ထုတ်သွားပေးမယ်ကြားလား''
ခန္ဓာကိုယ်တစ်ခုလုံး၌ အပ်များစွာ ထိုးထားခဲ့ပြီး သွေးအရောင်သမ်းနေခဲ့သော ပိုက်ချောင်းလေးများဖြင့် တစ်ဖက်ခန်းဆီသို့ ဆက်သွယ်ထားခဲ့သည်အား မြင်တွေ့နေရသည်။ စိုးရိမ်တကြီး ပြောဆိုနေခဲ့သော ထီးကလေး၏ စကားသံများအား သူမတစ်ယောက် ကောင်းစွာကြားနေခဲ့ရသည်။ သို့သော် ပြန်လည်မပြောဆိုနိုင်။ မျက်လုံးအိမ်လေးသာ ရွေ့လျားလျက် ထီးကလေးအား စိုက်ကြည့်နေခဲ့ရင်း သူမ၏မျက်ရည်များ စီးကျနေခဲ့လေသည်။
ကိုယ်ဗလာဖြစ်နေခဲ့သည့် တင်ဇာနွယ်၏ခန္ဓာကိုယ်အပေါ်သို့ ကာရံထားခဲ့သော လိုက်ကာအား ဖြုတ်ယူစေရင်း သူမ၏ခန္ဓာကိုယ်အပေါ်သို့ ထီးကလေးတစ်ယောက် လွှမ်းခြုံပေးထားစေခဲ့သည်။ ထို့နောက် သူမ၏ကုတင်းလေးအနားတွင် ပြာယာခတ်နေခဲ့ရင်း ခန္ဓာကိုယ်ပေါ်၌ ထိုးစိုက်ထားခဲ့သော အပ်များအား မည်သို့ပင် စတင်နုတ်ယူရမည်မှန်း မသိခဲ့။
''တင်ဇာ!… နင်နည်းနည်းအနာခံနော် … နင့်ကိုယ်ပေါ်က အပ်တွေ ငါနုတ်ပေးမယ်သိလား''
ဝဲလျက်မျက်ရည်များနှင့် အပ်ကွဲနေသော အသံ။ ထီးကလေးတစ်ယောက် တင်ဇာနွယ်၏အဖြစ်အား ယူကြုံးမရ မြင်တွေ့နေခဲ့ရပြီး ထိုသို့ပြောဆိုစေခဲ့သည်။ သူမသည်လည်း ဝဲလျက်မျက်ရည်များ စီးကျစေခါ ကုတင်းလေးအပေါ်သို့ လက်ထောက်လိုက်သော ထီးကလေး၏လက်အား တောင်းယူလိုက်စေသည်။ လှုပ်ရှားလာခဲ့သော တင်ဇာနွယ်၏ လက်ကလေးဆီသို့ ထီးကလေးသည်လည်း အကြည့်တစ်စုံ ရောက်ရှိသွားခါ
''တင်ဇာ!… နင်… နင်ဘာ… ဘာဖြစ်လို့လဲ''
ထိုသို့ပြောဆိုစေရင်း တင်ဇာနွယ်၏လက်ကလေးအား သူတစ်ယောက် ဆုပ်ကိုင်ထားစေသည်။ တင်ဇာနွယ်သည်လည်း ထီးကလေး၏ လက်အား တင်းကြပ်စွာ ပြန်လည်၍ ဆုပ်ကိုင်လိုက်ချေသည်။
''တင်ဇာ… နင်အားတင်ထားနော် နင်ဘာမှ မဖြစ်စေရဘူးသိလား ငါနင့်ကို ဒီအခန်းထဲကနေ အပြင်ခေါ်ထုတ်သွားပေးမယ် နင်အားတင်းထားနော် ငါရှိနေတယ် နင်ဘာမှ မဖြစ်စေရဘူး''
အလွန်ပင်နာကျင်နေခဲ့လေသလား။ ထီးကလေး၏ ပြောစကားများအား သူမတစ်ယောက် ကြားသိနေခဲ့ရသော်လည်း ပြန်လည်မပြောဆိုနိုင်။ ဦးခေါင်းလေးသာ ခတ်ဆတ်ဆတ်ငြိမ့်ပြစေရင်း ထီးကလေးအား အားကိုးကြီးလွန်းလှသော မျက်လုံးကလေးဖြင့် ကြည့်နေစေခဲ့သည်။ သို့နှင့် ထီးကလေးမှာမူ တင်ဇာနွယ်၏ ညာဘက်လက်တစ်ချောင်းလုံး၌ ထိုးသွင်းထားခဲ့သော အပ်များစွာထဲမှ တစ်ချောင်အား ဦးစွာ နုတ်ယူလိုက်စေခဲ့သည်။ သူမတစ်ယောက် မျက်စိကလေး အသာမှိတ်စေကာ နာကျင်သွားခဲ့သော အမူယာအား ဖော်ပြစေခဲ့သည်။ ထို့နောက် ခပ်မြန်မြန်ဖြင့် လက်အတွင်းမှ အပ်များအား တရတ်ဆတ်နုတ်ယူစေတော့သည်။
''တွေ့လားစွန်ရဲ!''
''မတွေ့ဘူး… မင်းရော''
''ငါလဲမတွေ့ဘူး''
''မင်းတွေ့လိုက်တာ သေချာလို့လား ဘယ်သူလဲ''
''သေချာတယ် မင်းအခန်းထဲဝင်သွားတုန်း ဒေါင့်ဘက်လှေကားဆီကနေ တစ်ယောက်ယောက်ဆင်းပြေးသွားတာ ငါမျက်စိနဲ့ကိုး တပ်အပ်တွေ့လိုက်တာ''
''ဟင်!… ဒါဆို အခုဘယ်ပျောက်သွားရတာလဲ လှေကားကနေ ဆင်းပြေးမယ်ဆိုလဲ ပုန်းစရာနေရာဆိုလို့ တစ်နေရာမှ မရှိဘူး ဒီမှာပဲတွေ့ရမှာလေ အခု!"
"ဟုတ်တယ်!… ငါလဲ အဲ့ဒါစဉ်းစားနေတာ''
တွေ့ရှိလိုက်ရ၏။ သို့သော် ဆရာဝန်ကြီးမြင်တွေ့လိုက်ရသည်က လူသားတစ်ဦးပင်မဟုတ် ထီးကလေးရှိနေခဲ့သော အခန်းအား ဝင်ရောက်ရှာဖွေမည် ပြူမူနေခဲ့သည်ကြောင့် အားရုံပြောင်းသွားစေရန် ဝိဥာဉ်မလေးသီရိမေဟာ ရိပ်ခနဲ တစ်ဦးတစ်ယောက် အသွင်ဖြစ် လှေကားဆီမှ ဆင်းသွားခဲ့ခြင်းဖြစ်သည်။
(အရေးပေါ် အချက်ပေးသံ)
တိတ်ဆိတ်နေခဲ့သည့် ညနက်အောက်၌ ဆရာဝန်ကြီး၏ ဇနီးသည်ဖြူလေးတစ်ယောက် အသည်းသန်ဖြစ်ပေါ်လာပါက ချက်ချင်းဆိုသကဲ့သို့ သိစေနိုင်ရန် ဆေးရုံတစ်ခုလုံးဆီသို့ အချက်ပြအရေးပေါ် အချက်ပေးသံများအား တပ်ဆင်ထားခဲ့သည်။ ယခုအခါ ဆေးရုံတစ်ခုလုံးအတွင်း၌ ထိုအချက်ပေး အသံများဟာ ကျယ်လောင်စွာ ထွက်ပေါ်လာစေခဲ့သည်။
''သန်းနိုင်!… ဖြူလေးတစ်ခုခုဖြစ်နေပြီ ဒုက္ခပါပဲ အပေါ်မြန်မြန်တတ်မှဖြစ်မယ်''
အရေးပေါ်အချက်ပေးသံအား ရုတ်တရက်ကြားလိုက်ရသည်နှင့် ဆရာဝန်ကြီးစွန်ရဲနိုင်နှင့်အတူ ဒေါက်တာသန်းနိုင်သည်လည်း ဒေါ်ဖြူလေးရှိနေရာ အပေါ်ထပ်အခန်းဆီသို့ အပြေးတတ်ရောက်လာခဲ့လေသည်။
သူသည်လည်း ကြားလိုက်ရ၏။ သို့သော်လည်း ထိုအသံများအား အလေးမထားနိုင် တင်ဇာနွယ်၏ခန္ဓာကိုယ်အပေါ်မှ ဆေးထိုးအပ်များအား မနားတမ်း ဆွဲထုတ်ပေးနေခဲ့သည်။ တစ်ကိုယ်လုံးတွင်လည်း ဇောချွေးများစွာ ထွက်လျက် တင်ဇာနွယ်တစ်ယောက် တစ်စုံတစ်ခု ဖြစ်သွားမည်အားလည်း လွန်စွာစိုးရိမ်နေခဲ့မိသည်။
''တင်ဇာ… တင်ဇာ… တင်ဇာ သတိထားနော် သိပ်မကျန်တော့ဘူးသိလား''
သွေးပျက်စရာကောင်းလှအောင်ပင် မည်သည့်အခါမျိုးမှ မကြုံတွေ့ခဲ့ရဘူးသော ထီးကလေးတစ်ယောက်သည်လည်း သွေးမပျက်မတတ် ထိုအဖြစ်ပျက်နှင့် လက်တွေ့ကြုံတွေ့နေခဲ့ရသည်။ ခန္ဓကိုယ်ပေါ်မှ အပ်များအား နုတ်ယူနေခဲ့ရင်း တင်ဇာနွယ်၏ မျက်နှာဆီသို့ သေချာစွာ မကြည့်မိခဲ့ချေ။ သူတစ်ယောက် ပြောဆိုနေသော ထိုစကားများ တင်ဇာနွယ်တစ်ယောက် ကြားသိနေတုန်းပဲလား။ မျက်လုံးအိမ်ကလေး လည်နေခဲ့ပြီး အသက်မျော့မျော့သာ ကျန်ရစ်နေခဲ့သည်။
''ဟင်!… ရှင်… ရှင်ဒီမှာ ဘာလုပ်နေတာလဲ အပေါ်ကို လူသတ်သမားတွေ တတ်လာကြပြီး လာလာအမြန်ပြေးမှဖြစ်မယ် မြန်မြန်လာ''
''ဟင်!… မင်းဘယ်ရောက်သွားတာလဲ ငါမပြေးဘူး ငါ့သူငယ်ချင်းအဖြစ်ကို ကြည့်ပါဦးကွာ ရက်စက်လိုက်ကြတာ တင်ဇာ''
''ထီးကလေး… အပေါ်ကို တတ်လာကြပြီ ကျွန်မတို့အမြန်ပြေးမှ ဖြစ်မယ်နော်''
''မပြေးဘူး မင်းဘာသာမင်းပြေးတော့ ငါ့သူငယ်ချင်းကို ငါရအောင်ကယ်ရဦးမယ်''
''ထီးကလေး… ရှင့်သူငယ်ချင်းက သေနေပြီ ရှင်ကယ်လို့မရတော့ဘူး''
''ဘာ!… ဘာပြောတယ် တင်ဇာမသေသေးဘူး ဟုတ်တယ်မလားတင်ဇာ… တင်ဇာ သတိထားဦးလေ သတိထားပါဦး နင့်ကိုငါ ရအောင်ကယ်မယ်''
''ထီးကလေး… ခေါ်မနေနဲ့တော့ သူ့သွေးလှည်ပတ်မှု့နဲ့ ဒေါ်ဖြူလေး အသက်ရှင်နေရတာ အခု သူသေသွားပြီးဆိုတော့ ဒေါ်ဖြူလေးလဲ တစ်ခုခုဖြစ်သွားမှာ သေချာတယ်… ဆရာဝန်တွေလဲအပေါ်ကို တတ်လာကြပြီး ကျွန်မတို့ဒီအခန်းထဲက မြန်မြန်ထွက်မယ် လာ… ကျွန်မပြောတာကို ရှင်နားထောင်မယ်ဆို''
''တင်ဇာ!… သူငယ်ချင်း သူငယ်ချင်း နင်မသေရဘူးလေ… သူငယ်ချင်း… တင်ဇာ တင်ဇာ''
တဆာဆာအော်ခေါ်နေမိသည်။ သို့သော်လည်း တင်ဇာနွယ်တစ်ယောက်မှာမူ မျက်လုံးအိမ်အား ပွင့်လျက်သား သေဆုံးသွားခဲ့ရလေပြီ။ သွေးပျက်မတတ်ပါပေ။ အပ်များနုတ်ယူလိုက်သည်နှင့် တင်ဇာနွယ်၏ ကိုယ်ခန္ဓာအပေါ်တွင် အပ်ပေါက်ရာများစွာ ကျန်ရစ်နေခဲ့ရင်း ထိုအပ်ပေါက်အရာများမှ သွေးများစွာလည်း စီးကျလာစေခဲ့သည်။ အပ်ပေါက်အရာများဟာ ဖြူဝင်းနေသည့် တင်ဇာ၏ခန္ဓာကိုယ်အပေါ်၌ နီးမြန်းနေခဲ့ပြီး အလွန်ပင်သွေးထွက်လွန်သွားစေခဲ့သည်။
တင်ဇာနွယ် အသက်ပျောက်ကွယ်သွားခဲ့ရပြီး သူမနှင့်သွေးလည်ပတ်မှု့ ချိတ်ဆတ်ထားသော ဆရာဝန်ကြီး၏ ဇနီးသည် ဒေါ်ဖြူလေးသည်လည်း အသည်းအသန် ရောဂါများဖောက်ပြန်လာခဲ့ရသည်။
ထို့ကြောင့် ဆေးရုံတစ်ခုလုံး အရေးပေါ်အချက်ပေးသံများ ဆူညံစွာထွက်ပေါ်လာခဲ့ရင်း လူသတ်ဆရာဝန်များသည်လည်း အလောတကြီးဖြစ်ကုန်ကြလေသည်။ သို့သော် ထီးကလေးမှာမူ ဇောချွေးများစွာထွက်လျက် မိမိ၏သူငယ်ချင်းဖြစ်သူ တင်ဇာတစ်ယောက် အသက်ရှင်လျက် ရှိနေခဲ့သေးသည်ဟု ထင်မြင်နေခဲ့သည်။
နပ်စ်မလေး၏ ပြောစကားများအား သိရှိလိုက်ရမှသာလျင် တင်ဇာနွယ်၏ ခန္ဓာကိုယ်အား လှုပ်နှိုးမိစေသည်။ သို့သော်လည်း တင်ဇာနွယ်တစ်ယောက် မိမိအသက်ရှိကြောင်း ထီးကလေးအား ပြန်လည်၍ အချက်မပြနိုင်တော့ပဲ သေဆုံးသွားခဲ့ပြီးဖြစ်သည်။ ယူကြုံးမရဖြစ်ရ၏။ သူငယ်ချင်းဖြစ်သူအတွက်။ နပ်စ်မလေးလက်ဆွဲခေါ်ဆောင်ရာ အနောက်သို့သာ တရွှေ့ရွှေ့လက်ပါသွားခဲ့ရင်း အခန်းအပြင်သို့ ရောက်ရှိလာခဲ့လေသည်။
အပေါ်ဆုံးထပ်မှ ဒေါ်ဖြူလေးတစ်ယောက် အသည်းသန်ဖြစ်နေကြောင်းအား အချက်ပြစေသည့် ဘဲလ်အသံများကြောင့် အလယ်လှေကားဆီမှ ဆရာဝန်များ တတ်ရောက်လာနေပြီးဖြစ်သည်။ ထို့အတူ ညာဘက်ဒေါင့်လှေကားနှင့် ဘယ်ဘက်ဒေါင့်လှေကားဆီမှလည်း ဆရာဝန်များ အပေါ်ဆုံးထပ်သို့ တတ်ရောက်လာကြမည်မှာ မလွဲလှချေ။
နပ်စ်မလေးသည်လည်း ထီးကလေးအား အဘယ်ဆီသို့ ခေါ်ဆောင်ရမည်နည်း။ သုံးဘက်စလုံးရှိ လှေကားများမှ အောက်သို့ ဆင်းသတ်လျင်လည်း အပေါ်သို့ အပြေးတတ်ရောက်လာကြသော ဆရာဝန်းများနှင့် ထိပ်တိုက်ဆုံတွေ့သွားမည်မှာ သေချာသည်။ ထိုအပေါ်ဆုံးထပ်ရှိ အခန်းတစ်ခုခုအတွင်း၌လည်း ပုန်းခို၍မလွတ်နိုင် တင်ဇာနွယ်၏ အခန်းအတွင်းသို့ ဆရာဝန်များ ဝင်ရောက်ကြည့်ရှု့မိပါက ခြေယာလက်ယာများ ပျက်နေသည်အား တွေ့ရှိရပြီး ထိုအထပ်ရှိအခန်းများအား မြေလှံရှာဖွေစေနိုင်သည်။
ထို့ကြောင့် အလယ်လှေကား ဘေးအခန်းဆီသို့ ထီးကလေးအား လက်ဆွဲလျက် နပ်စ်မလေးတစ်ယောက် ခေါ်ဆောင်သွားခဲ့ပြီး ထိုအခန်းတံခါးအား လျင်မြန်စွာနှင့် တွန်းဖွင့်လိုက်စေသည်။ ထိုအခန်းဟာ ကြမ်းပြင်များမရှိ မြေညီထပ်ဆီသို့ ရောက်ရှိစေနိုင်သော အခန်းတစ်ခုသာလျင် ဖြစ်ချေသည်။
''ကဲ!… ထီးလေး ကျွန်မတို့နှစ်ယောက် ပြေးလမ်းပျောက်နေပြီ ဒီအခန်းထဲဝင်မှဖြစ်တော့မယ်''
''ဟင်!… ဒီ… ဒီအခန်းမှာ ကြမ်းပြင်မရှိဘူးလေ ငါပြုတ်ကျသွားတဲ့ အခန်းပဲ''
''ဟုတ်တယ် ဒီအပေါက်ကနေ မြေညီထပ်ကို ခုန်ချမှ လွတ်လိမ့်မယ် မဟုတ်ရင် လူသတ်သမားတွေ အခုချိန်ရှင့်ကို မိသွားတာနဲ့ အသေသတ်ပစ်ကြမှာ ကျွန်မသိနေတယ် အိုးရှင်!… ရှင်အောက်ကို မြန်မြန်သာခုန်ချပါ မြန်မြန်သာခုန်ချလိုက်ပါတော့ သူတို့လာနေပြီ''
''မင်း!… မင်းကရော… ''
''ရတယ် ရှင်သာ မြန်မြန်ခုန်ချ ကျွန်မအတွက်မပူနဲ့ ကျွန်မရှင့်ဆီပြန်လာခဲ့မယ်''
''မင်း!… မင်း''
''သွားတော့ လာနေပြီ ခုန်ချလိုက်တော့''
ရင်တစ်ခုလုံး ဟာတာတာ ခံစားလိုက်ရ၏။ အေးခနဲဟူသော စိတ်အတွင်းမှ ခံစားမှု့များဟာ သူတစ်ယောက် ခံစားခဲ့ဘူးသည်။ အဘယ်မှာနည်း။ ကလေးဘဝငယ်စဉ်အခါမှ ထမင်းလုံးတစ္ဆေဟူသော အိပ်မက်မျိုးနှင့် ထပ်တူပြုနိုင်သည်။ အပေါ်ဆုံးထပ်မှ အောက်သို့ ခုန်ချလိုက်ရသည်။ အောက်ဆီသို့ မရောက်ရှိသေးခင် လေဟာနယ်အတွင်း၌ သူတစ်ယောက် တွေးမိထားသည်။ အောက်သို့ ခြေပစ်လက်ပစ်မကျပါစေနှင့်။ အကျကောင်းမှာသာ ခြေလက်အင်္ဂါများ ထိခိုက်မည်မဟုတ်။
''အား… ''
ကြမ်းပြင်မရှိသော ထိုအခန်းဝ၌ ရပ်တန့်နေခဲ့သည့် ထီးကလေးအား နပ်စ်မလေးတစ်ယောက် ခပ်မြန်မြန်တွန်းချခဲ့ရသည်။ ထို့နောက် တံခါးအား ပြန်လည်ပိတ်စေလိုက်သည်နှင့် အလယ်လှေကားဆီမှ ဆရာဝန်များ အပေါ်ဆုံးထပ်သို့ အပြေးရောက်ရှိလာခါ ဝိဥာဉ်မလေး၏ အရိပ်မဲ့ခန္ဓာကိုယ်အား ဖောက်ထွင်းလျောက်လှမ်းသွားခါ ဒေါ်ဖြူလေး၏အခန်းဆီသို့ အပြေးဝင်ရောက်စေတော့သည်။
''ဟာ!… ဖြူလေး ဖြူလေး ဖြူလေး''
''ချစ်လေး… သတိထားဦးလေး မိန်းမ သတိထားပါဦး ရဲမောင် သန်းနိုင် ငါ့မိန်းမကိုကြည့်ပါဦး ကယ်ကြပါဦးကွာ''
''ဖြူလေး… ဖြူလေး''
''စွန်ရဲ ဖြူလေး အသက်မရှိတော့ဘူး''
''ဘာ!… ဘာပြောတယ် ငါ့မိန်းမအသက်မရှိတော့ဘူးဟုတ်လား မင်းညာနေတာ မင်းလိမ်နေတာ ငါ့မိန်းမ မသေသေးဘူး''
''မိန်းမ ဖြူလေး!… မိန်းမရယ် မင်းမသေပါနဲ့ဦး ငါလေမင်းနဲ့ အတူတူမိသားစုဘဝလေး နေချင်သေးတယ် ငါ့အတွက်ကလေးလေးတွေ မွေးပေးပါဦးမိန်းမရယ် မင်းမသေပါနဲ့ဦး ငါခေါ်နေတယ်လေ မင်းမသေရဘူး မင်းမသေရဘူး''
မြင်ယောင်မိသည်။ ရေစိုတစ်ပိုင်းနှင့် ချစ်ဇနီးဖြူလေးတစ်ယောက် မိမိအား ဆရာဝန်ကြီးတစ်ယောက် ဖြစ်လာစေရန် အိမ်တကာလှည့် အဝတ်လျော်ဆေးကျောင်းထားပေးခဲ့သည့် ပုံရိပ်များ။ မြင်ယောင်မိသည်။ ချစ်ဇနီးသည်၏ လက်ဖဝါးနုနုမှ ရေဝဲစားနေခဲ့သော အနာလေးများ ဆေးထည့်ပေးခဲ့သည့် ပုံရိမ်များ။ ယခု ဇနီးသည် သေဆုံးသွားခဲ့ရပြီလား။ မသေပါနဲ့ဦး ချစ်ဇနီးရယ်။ မင်းသင်ပေးထားတဲ့ ဆေးပညာတွေနဲ့ ငါလူတွေရဲ့ အသက်ကိုကယ်ပေးမယ်လေ။
မင်းက ဆရာဝန်ကြီးကတော်ဆို။ ငါ့ဘဝကို မင်းပြုစုပေးခဲ့တယ်လေ ငါ့ကိုဘယ်တော့မှ ခွဲမသွားဘူးဆို ဖြူလေးမိန်းမ ငါခေါ်နေတာ ပြန်ထူးပါဦး။ ငါ့ကြောင့်ပါ။ မင်းသင်ပေးခဲ့တဲ့ ဆေးပညာတွေနဲ့ မင်းဘဝကို ငါဖျက်စီးမိတာပါ။ ငါ့ကိုခွင့်မလွတ်ပါနဲ့။ ဖြူလေးရယ် ဖြူလေး။
ယူကြုံးမရဖြစ်သွားရသည်။ နံရံနှင့်ဦးခေါင်း ခပ်ပြင်းပြင်းစောင့်လျက် နှုတ်မှ တမ်းတစွာထိုသို့ ပြောဆိုရင်း ရှိုက်ငင်စွာငိုကြွေးစေခဲ့သည်။ ဒေါက်တာရဲမောင်နှင့် ဆရာဝန်များ ဝိုင်းဝန်းနှစ်သိမ့်ပေးမှု့ကြောင့် ဆရာဝန်ကြီးတစ်ယောက် ခေတ္တငြိမ်သတ်သွားခဲ့ရသည်။
''ငါ့မိန်းမကို ဘယ်သူသတ်တာလဲ ငါ့မိန်းမကိုဘယ်သူတွေ သတ်တာလဲ''
တစ်စုံတစ်ခုအား သတိရရှိသွားခဲ့သော အမူယာဖြင့် အခန်းအပြင်သို့ ပြေးထွက်လိုက်သည်။ သူ၏အနောက်မှ ဆရာဝန်များသည်လည်း ထပ်ကြပ်မကွာ လိုက်ပါသွားခဲံ့ရင်း ဘေးအခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ မြင်တွေ့လိုက်ရသည်က ခန္ဓာကိုယ်တစ်ခုလုံး အပ်ပေါက်ရာများနှင့် သေဆုံးနေခဲ့သော ဇနီးဖြစ်သူနှင့်သွေးဆက်ထားသည့် တင်ဇာနွယ်၏ အလောင်းပင်ဖြစ်ချေသည်။
''ဟင်!… ဒီကောင်မလေးခန္ဓာကိုယ်က ဆေးပိုက်တွေကို ဘယ်သူနုတ်လိုက်တာလဲ ဟေ့ကောင် မင်လား မင်းလား မင်းလား''
''စွန်ရဲ… မင်းစိတ်ကိုငြိမ်ငြိမ်ထားပါဦး''
''ငါတို့ဖမ်းမမိသေးတဲ့ လူငယ်တစ်ယောက်ယောက် ဒီကောင်မလေးကိုတွေ့ပြီး သူ့ကိုယ်ပေါ်က အပ်တွေ နှုတ်လိုက်တာဖြစ်မယ် ငါတို့အားလုံးမဟုတ်ပါဘူး''
''ဘာ!… ဒါဆို ဆေးရုံကိုရောက်လာတဲ့ မလောက်လေး မလောက်စား ကောင်တွေ ငါ့မိန်းမကို သတ်ပစ်လိုက်ကြတာပဲ တွေ့ကြသေးတာပေါ့ကွာ''
''စွန်ရဲ!…''
''သန်းနိုင်… ငါ့ကိုလွတ်''
''မင်းဘယ်သွားမလို့လဲ''
''ငါ့မိန်းမသေရသလို အဲ့ဒီကောင်တွေကို အရှင်လတ်လတ် အရေခွံစုတ်မလို့''
''စွန်ရဲ မင်းစဉ်းစားပါဦး ငါတို့ကြောင့် ရဲတစ်ယောက် သေထားရတယ်!… မကြာခင်အချိန်တောတွင်းမှာ ငါတ်ို့ဆီ ပြသနာတွေရောက်လာတော့မယ် စိတ်လိုက်မာန်ပါ လုပ်လို့မဖြစ်သေးဘူး''
''အိုးကွာ… ဖြစ်ချင်ရာဖြစ် ငါ့မိန်းမမရှိမှတော့ ဒီကောင်တွေကိုလဲ အသုံးမလိုတော့ဘူး ငါလဲအသက်မရှင်ချင်တော့ဘူး ဒီကောင်တွေကို ငါတစ်ခုခုလုပ်ချင်တယ် ငါ့ကိုလွတ်''
''စွန်ရဲ!… စွန်ရဲ''
''ရဲမောင် စွန်ရဲနောက်ကို လိုက်ပါဦး ဂရုစိုက်နော် သူလုပ်ချင်တာ လုပ်ပေးလိုက်ကြားလား''
''အေးသန်းနိုင်!… မင်းလဲ လိုအပ်တာတွေ လုပ်ထားချည်''
အချစ်စိတ်ဟာ နှလုံးသားဟုဆိုသည်။ နှလုံးသား၏ ရိုက်ချက်များ ဦးနှောက်အတွင်းသို့ စီးမျောဝင်သွား။ စိတ်တ္တဇဝေဒနာခံစားနေခဲ့ရသော ဆရာဝန်ကြီး လွန်စွာမှပင် စိတ်ရောဂါများ ပြင်းထန်လာခဲ့ပြီ။ ထို့ကြောင့် ဇနီးသည်အတွက် လက်စားချေမည်ဟူသော အသိဖြင့် ဖမ်းမိထားသော ပထမထပ်အခန်းတွင်းရှိ လူငယ်များထံသို့ အပြေးဆင်းသတ်သွားချေသည်။ သူ၏အနောက်မှ ဒေါက်တာရဲမောင်နှင့်အတူ ဆရာနှစ်ဦးသည်လည်း အပြေးလိုက်ပါသွားခဲ့သည်။
********
''အား… ကျွတ်ကျွတ်… တော်တော်နာနေပါလား''
''အမလေးကွာ!… မီးရောင်ပြပြလေးမြင်လို့ နီးနီးလေးထင်နေတာ လျောက်လိုက်ရတာမှ ပြောမနေပါနဲ့တော့''
''ဟင်!… ဘာတဲ့… မြို့မ အထွေထွေရောဂါကုဆေးရုံကြီး ဆိုပါလား… အဲ့ဒါပဲ သူတော်ကောင်းဆိုတော့ နတ်ကောင်းနတ်မြတ်တွေက ဆေးရုံရှိနေတဲ့နေရာကို အရောက်ပို့ပေးလိုက်တာပဲ''
''ဘာပြောကောင်းမတုန်းကွာ ဆေးရုံကိုတွေ့လိုက်ရတာနဲ့ ဒဏ်ရာတစ်ဝက်တောင် သက်သာသွားသလိုပဲ''
မိတ်ဆွေအစ်ကိုအောင်ပင်ဖြစ်သည်။ လူငယ်ငါးဦး အန္တရယ်တစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့နေရတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော နယ်တကာလှည့် အထက်ဂိုဏ်းဆရာ အောင်ကိုဆိုသူပင်ဖြစ်ချေသည်။ ယခုသည်လည်း ရောက်ရှိလာခဲ့၏။ မြို့မဆေးရုံဆီသို့။ မိမိအားလူမှားခါ ဝိုင်းဝန်းတိုက်ခိုက်ကြရာမှ နောက်ကျောတွင် ဓားဒဏ်ရာရရှိသွားခဲ့သည်။ လျပ်စစ်မီးရောင် အဝေးဆီမှ မြင်တွေ့လိုက်သည်နှင့် ထိုနေရာသ်ို့ လှမ်းလာခဲ့ရင်း ယခု မြို့မဆေးရုံအရှေ့သို့ စိုက်မြိုက်စွာ ရောက်ရှိလာခဲ့လေသည်။
ဆေးရုံအရှေ့၌ အတန်ကြာရပ်ကြည့်နေခဲရင်း ဆေးရုံဝန်းသို့ ဝင်ရောက်ရန် ခြေဦးတည်လိုက်စေသည်။ ဂိတ်အဝ၌ လုံခြုံရေး ဝန်ထမ်းများကဲ့သို့ ဟန်ဆောင်ခါ စောင့်ကြည့်နေကြသော မောင်စန်းမြင့်နှင့်အတူ လူသတ်သမားတစ်ဦးသည်လည်း ကြောင်တောင်တောင် တောသားတစ်ယောက်ဟာ အဘယ့်ကြောင့် မိမိတို့၏ ဆေးရုံဆီသို့ ရောက်ရှိလာခဲ့သနည်းမသိခဲ့ချေ။ ထို့ကြောင့် ယောပုဆိုးခပ်တိုတိုနှင့် ထိုတောသားအား မမြင်ကွယ်ရာ၌ ချောင်းမြောင်း အကဲခတ်နေခဲ့ရင်း ဆေးရုံဝန်းအတွင်းသို့ ဝင်ရောက်ရန် ခြေဦးတည်လာသည်နှင့် မိမိတို့သည်လည်း ပုန်းခိုနေရာမှ ထွက်ရောက်လာခဲ့သည်။
''မိတ်ဆွေ!… ဘယ်ကိုလာတာလဲ''
''ဟင်! အမေလေးဗျ… လန့်လိုက်တာဗျာ… ဘယ်ကိုလာရမှာတုန်းဗျ ဆေးရုံဆီလာတာပေါ့ ဘာလဲ ခင်ဗျားတို့က ကျုပ်ဆေးရုံဆီကို အလည်လာတယ်လို့များ ထင်နေကြတာလား''
''မဟုတ်ပါဘူး ကျုပ်တို့က ဆေးရုံလုံခြုံရေးဝန်ထမ်းတွေဆိုတော့ အဖြစ်သဘောမျိုးမေးတာပါ''
ထိုသို့ဆို၏ မောင်စန်းမြင့်တစ်ယောက်။ ဆေးရုံဝန်းအတွင်းသို့ ဝင်ရောက်နိုင်ရန် ထိုဂိတ်ဝအား ဖြတ်ကျော်ရဦးမည်ဖြစ်သည်။ ဆေးရုံအဝတွင်ရှိနေသော လုံခြုံရေးဝန်ထမ်းအယောင်ဆောင်ထားခဲ့သည့် မောင်စန်းမြင့်တစ်ယောက် နံဘေး၌ရှိနေသော လူသတ်သမားအား မျက်ရိပ်မျက်ကဲများဖြင့် အချက်ပြစေသည်။ ထိုသို့ဆိုလျင် နံဘေး၌ရှိနေသော ထိုလူသတ်သမား ကောင်းစွာသဘောပေါက်ချေသည်။ မိမိအား ထိုသူတစ်ယောက် ရောက်ရှိလာခဲ့ခြင်းနှင့်ပတ်သတ်ပြီး ဆေးအတွင်း၌ရှိနေသော ဆရာဝန်များအား အကြောင်းကြားစေခိုင်းလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ထိုသူသည်လည်း မောင်စန်းမြင့်၏နံဘေးမှ မသိမသာ ထွက်ခွာသွားခဲ့ရင်း ဂိတ်အဝ၌ မောင်စန်းမြင့်နှင့်အတူ အောင်ကိုနှစ်ယောက်တည်း ကျန်ရစ်နေခဲ့သည်။ မောင်စန်းမြင့်သည်လည်း ထိုတောသားအား ဆေးရုံအတွင်းသို့ ယခုအချိန်၌ ပေးဝင်ဦးမည်မဟုတ်ချေ။ ထို့ကြောင့် ဂိတ်အဝတွင်မူ စကားများစွာ ဖောင်ဖွဲ့ပြောဆိုရင်း ဆေးရုံအတွင်းမှ အကြောင်းပြန်လာဦးမည့် ဆရာဝန်များ၏အကြောင်းကြားချက်အား မျှော်လင့်ဦးမည်ဖြစ်သည်။
''ကဲလာ!… အထဲဝင်''
''ဒါနဲ့နေပါဦးဗျ…ဘယ်လိုဖြစ်ပြီး ခင်ဗျားက ဒီဆေးရုံကိုတွေ့ရတာလဲ… ကျွန်တော်သိထားတာတော့ ဒီဆေးရုံကို တွေ့တဲ့သူတွေဟာ ကံကြမ္မာဆိုးလို့ပဲဗျ''
''ဟင်!… ခင်ဗျား ဘာကိုဆိုလိုတာလဲ''
''သြော်!… ဒီလိုပါ… ဆေးရုံဆိုတဲ့နေရာက လူကောင်းတွေဆိုမလာကြဘူးလေ ကျန်းမာရေးတစ်စုံတစ်ခု ချူချာလို့ လာကြတာမဟုတ်လား ဒါကိုကျူပ်က ဆိုလိုတာပါ''
''အေးဗျာ!… ကံကြမ္မာဆိုးချက်ကတော့ မပြောချင်ပါဘူး ကျုပ်နယ်ကနေ ရန်ကုန်ကိုသွားမလိုဗျ လမ်းမှာ ကားပျက်သွားတာနဲ့ အဝေးပြေးလမ်းအတိုင်း လျောက်လာတာ အဲ့ဒါဗျာ လမ်းမှာပဲ ကျုပ်ကိုလူမှားပြီး ဝိုင်းသတ်ကြတာ… ကျုပ်ကျောမှာလဲ ဒဏ်ရာရသွားတယ် သူတို့နဲ့ဆက်တိုက်နေရင် ကျုပ်သေဖို့ပဲရှိတော့တယ် အဲ့ဒါကြောင့် ပြေးမိပြေးရာ ပြေးလာခဲ့ရတာ''
''ဟင်!… ဟုတ်ပါ့ဗျာ ခင်ဗျားဒဏ်ရာက သွေးတွေ အရမ်းထွက်နေပါလား''
''ဟုတ်တယ် ကျုပ်လဲ ပုန်းနေတဲ့ နေရာကနေ မီးရောင်ပြပြလေးတွေ့တာနဲ့ ဦးတည်လာတာ ကံကောင်းချင်တော့ အခုလိုဆေးရုံကို တန်းတွေ့တာပဲဗျို့''
တောသားပီပီ ပြောဆိုနေပုံများဟာ ရင်းနှီးပွင့်လင်းစေလှသည်။ မောင်စန်းမြင့်သည်လည်း ထိုသူဟာ စုံထောက်လေလား သို့မဟုတ် အရပ်သားယောင်ဆောင်နေသည့် ရဲတစ်ယောက်လေလားဟူခါ အမျိုးမျိုးအကဲခတ်နေခဲ့သည်။ သို့သော်လည်း ထိုသူဟာ ရိုးသားလွန်းလှသော တောသားတစ်ဦးပင်ဖြစ်နေကြောင်း ကောင်းစွာရိမ်စားမိစေခဲ့သည်။
မောင်စန်းမြင့်၏ အရိပ်ကဲများကြောင့် လူသတ်သမားတစ်ဦးသည်လည်း သူ၏နံဘေးမှ ထွက်ခွာခါ ဆေးရုံအတွင်းသို့ အပြေးဝင်ရောက်လာခဲ့လေသည်။ ထို့နောက် ပထမအထပ်မှတဆင့် မြေညီထပ်ဆီသို့ ခပ်သုတ်သုတ်ဆင်းသတ်ရန် လှမ်းလာနေခဲ့သော ဒေါက်တာသန်းနိုင်အား မြင်တွေ့လိုက်ရပြီး အကြောင်းစုံပြန်လည်ပြောဆိုလေခဲ့သည်။
******
''ထီးလေး… ထီးလေး… ထီးလေး''
''ဟင်!…''
''ရှင်… ရှင်ဘာဖြစ်သွားသေးလဲ''
လေးထပ်ဆီမှ ကြောက်လန့်တကြား ခုန်ချခဲ့သော ထီးကလေးတစ်ယောက်သည်လည်း မြေညီထပ်ဆီသို့ ပြုတ်ကျသွားခဲ့ရင်း မြေပြင်ပေါ်၌ပင် ခေတ္တမေ့မျောနေလေခဲ့သည်။ သူ၏အနားသို့ ဝိဥာဉ်မလေးသီရိမေတစ်ယောက် အပြေးရောက်ရှိလာရင်း သူ့အား လှုပ်နှိုးစေခဲ့သည်။
''အား!… ကျွတ်… ဖနှောင့် ဖနှောင့် တော်တော်နာသွားတယ် အား!… ခါး… ခါးလဲနာနေတယ် တစ်ခြား တစ်ခြားတော့ဘာမှမဖြစ်ဘူး''
''တော်သေးတာပေါ့… အကျကောင်းလို့''
''ဟင်… ဒါနဲ့ မင်းကရော ဒီကိုဘယ်လိုရောက်လာတာလဲ''
''သြော်… ကျွန်… ကျွန်မလဲ ဒီလိုပဲပေါ့ ပြေးရင်းလွှားရင်း လူသတ်သမားတွေလက်က အလွတ်ရုံးပြေးလာခဲ့ရတာ အဲ့ဒါတွေ မေးမနေပါနဲ့တော့ ရှင်အခုဘာမှ မဖြစ်တာပဲ တော်သေးတာပေါ့''
''ငါကတော့ ဘာမှမဖြစ်ပါဘူး… ဒါပေမယ့် ငါ့သူငယ်ချင်းတွေကို ငါမကယ်လိုက်နိုင်ဘူးကွာ''
''စိတ်မကောင်းမဖြစ်ပါနဲ့ အခုလို ရှင့်သူငယ်ချင်း သေသွားတာကမှ သူ့အတွက်ကောင်းပါသေးတယ် မဟုတ်ရင် မသေမရှင်နဲ့ ဝေဒနာခံစားနေရဦးမှာ''
''တော်တော်ရက်စက်ကြတဲ့ ဆရာဝန်တွေပဲကွာ… လူတစ်ယောက်လုံးကို ဆေးပညာတွေနဲ့ ရက်ရက်စက်စက် လုပ်ထားရဲ့တယ်''
''ဟုတ်တယ် အခုလဲ ဆရာဝန်ကြီးကတော် ဆုံးသွားရှာပြီ''
''ဟင်… ဆရာဝန်ကြီးကတော် ဆုံးသွားပြီဟုတ်လား''
''ဟုတ်တယ်!… ထ… ကျွန်မပြောပြမယ် ရှင့်သူငယ်ချင်းကောင်မလေးနဲ့ ဆရာဝန်ကြီးကတော် ဒေါ်ဖြူလေးက ခန္ဓာကိုယ်နှစ်ခုကို အသက်တစ်ချောင်းတည်းနဲ့ သွေးဆက်ထားခဲ့တာ ဒေါ်ဖြူလေးနဲ့ ရှင့်သူငယ်ချင်းကို သွေးချင်းလည်ပတ်နိုင်အောင် ဆရာဝန်တွေ လုပ်ထားကြတာပဲ ရှင်က ရှင့်သူငယ်ချင်းခန္ဓာကိုယ်ပေါ်က ဆေးထိုအပ်တွေကို နုတ်ပစ်လိုက်တော့ ဒေါ်ဖြူလေးဆီကို သွေးမလည်ပတ်နိုင်တော့ဘူး ဒါကြောင့် အခုဆိုရင် ဒေါ်ဖြူလေးလဲ အသက်ဆုံးရှုံးသွားရပြီ''
''ဒါ… ဒါဆိုငါ့ကြောင့် ဆရာဝန်ကြီးမိန်းမ သေသွားရတာလား ငါ့ကြောင့်လား''
''မဟုတ်ပါဘူး… ဒေါ်ဖြူလေးကလည်း တကယ်တော့ သေနေတာကြာနေပါပြီး ဆရာဝန်ကြီးက စိတ်တ္တဇအတွေးနဲ့ မသေသေးဘူးလို့ စိတ်ထင်နေခဲ့တာ ရှင့်သူငယ်ချင်ရဲ့ သွေးတွေသွင်းပြီး အသက်ကယ်သွေးဆက်ထားခဲ့တာပဲ တကယ်တော့ ဒေါ်ဖြူလေးမှာ ရှင့်သူငယ်ချင်းအသက်ပဲရှိတာပါ''
''အခုဒေါ်ဖြူလေးလဲ သေသွားပြီးလို့ ဆရာဝန်ကြီးလက်ခံသွားပြီး အဲ့ဒီတော့ ရှင်တို့ကြောင့် ဒေါ်ဖြူလေး သေရတာဆိုပြီး ရှင့်သူငယ်ချင်းတွေကို ဒုက္ခပေးကြတော့မှာ သေချာတယ်''
''ဟင်!… မဖြစ်ဘူး ငါ့သူငယ်ချင်းတွေ သူတို့လက်ထဲမှာ ရှိနေသေးတယ်… သူတို့ကို ငါထပ်မသေစေချင်ဘူး သူတို့ကို ငါ… ငါအမြန်ဆုံးကယ်မှဖြစ်မယ်''
''အား… ငါ့… ငါ့ခါး''
''ရှင်တော်တော်နာနေလား''
''နာနေတယ် င့ါကိုတစ်ချက်လောက်တွယ်ပေးပါဦး ကျန်တဲ့ ငါ့သူငယ်ချင်းတွေကို သူတို့ဘယ်မှာ ဖမ်းထားကြလဲ မင်းသိလား မင်းသိလားလို့''
''သိတယ်… ထ… ကျွန်မကိုတွယ်''
''အား!… အား… ရပြီရပြီ… ကျွတ်ကျွတ်… ငါ့သူငယ်ချင်းတွေကို ငါကယ်တင်ပေးချင်တယ် သူတို့ဘယ်မှာလဲ သူတို့တွေကို အမြန်ဆုံးငါကယ်မှဖြစ်မယ် သူတို့ဘယ်မှာရှိနေကြလဲ''
''ရှင့်သူငယ်ချင်းတွေကို လူသတ်သမားတွေ ပထမထပ်အခန်းထဲမှာ ချုပ်ထားကြတယ်''
''ဟင်!… အဲ့ဒီအခန်းကို မင်းသိတယ်မဟုတ်လား ငါ့ကိုပို့ပေးပါ''
''ရှင်ကောင်းကောင်းရပ်နိုင်ပြီလား''
''ရတယ်!… ငါဘာမှမဖြစ်ဘူး''
လေးထပ်ဆီမှ ခုန်ချခဲ့ရသည်ကြောင့် ထီးကလေးတစ်ယောက်သည်လည်း ခါးအဆစ်၌ အနည်းငယ်မျှ နာကျင်သွားခဲ့ရသည်။ ဝိဥာဉ်မလေး သီရိမေ၏ ပြောစကားများကြောင့် မိမိ၏သူငယ်ချင်းဖြစ်သူများ ရှိနေခဲ့သော အခန်းဆီသို့ သိရှိလိုက်ရသည်။ သို့နှင့် သူတစ်ယောက်တည်းသာ ကိုင်တွယ်ထိတွေ့နိုင်သော ဝိဥာဉ်မလေးအား တွယ်လျက် မြေညီထပ်အခန်းတွင်းမှ ထွက်ခွာရန် အားတင်လိုက်စေသည်။
''ဟာဗျာ… ခင်ဗျားကလဲ ကျုပ်ကျောက ဓားဒဏ်ရာ တော်တော်နာနေတယ်ဗျ… စကားတွေပဲ ဇွတ်ပြောနေတော့မှာလဲ ကျုပ်ကိုခွင့်ပြုဦး နောက်မှ သက်သက်တစ်ရက် ခင်ဗျားနဲ့ စကားပြောကြမယ်''
''ဟာ… ဟေ့လူ… ဘယ်တုန်း''
''ဟင်!… ဆေးရုံထဲဝင်မလို့လေ''
မောင်စန်းမြင့်နှင့်အတူ ရှိနေခဲ့သော လူသတ်သမားတစ်ဦး၏ ပြောဆိုချက်များကြောင့် ဒေါက်တာသန်းနိုင်သည်လည်း ဆေးရုံဝန်းအတွင်းသို့ ထွက်ခွာလာခဲ့ရင်း မောင်စန်းမြင့် တောသားနှစ်ဦးသား ပြောဆိုနေကြသော စကားများအား ကြားသိလိုက်ရသည်။ မောင်စန်းမြင့်ဟာလည်း ဆေးရုံဆီသ်ု့ စိုက်မြိုက်စွာရောက်ရှိလာခဲ့သည့် ထိုသူအား ဆရာဝန်များ၏ ခွင့်ပြုချက်မရသေးသည်ကြောင့် စကားများစွာ ပြောဆိုလျက် အချိန်ဆွဲထားစေခဲ့သည်။
''မောင်စန်းမြင့် သူ့ကိုပေးဝင်လိုက်ပါ''
ပုဆိုးခပ်တိုတိုဖြင့် တောသားပုံစံနှင့် အောင်ကိုအား ဒေါက်တာသန်းနိုင်တစ်ယောက် အဝေးမှသေချာစွာ အကဲခတ်ကြည့်ရှု့စေခဲ့ရင်း ဆေးရုံအတွင်းသို့ ဝင်ရောက်ရန် ခွင့်ပြုစေခဲ့သည်။
''ဟာ!… ဆရာဝန်ကြီး လုပ်ပါဦးဗျာ… ဒီလုံခြုံရေးက လူနာကိုဆေးရုံထဲမခေါ်ပဲ စကားတွေပဲဇွတ်ပြောနေတယ်''
''စိတ်မရှိပါနဲ့ ကိုယ့်လူ ကြွပါ အထဲကိုကြွပါ''
အေးဆေးတည်ကြည်လှသော လေသံဖြင့် အောင်ကို့အား ပုခုံးလေးအသာဖတ်ခါ ဆေးရုံအတွင်းသို့ ခေါ်ဆောင်လာခဲ့လေသည်။ ဆေးရုံအတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် အောင်ကိုတစ်ယောက်သည်လည်း ဆေးရုံအတွင်း၌ မြင်တွေ့နေခဲ့ရသော အရာများအား လိုက်လံအကဲခတ်စေခဲ့သည်။
''ဘာများဖြစ်လို့တုန်းဗျ''
''ဒီမှာသာကြည့်ပါတော့ဆရာ''
''ဟင်… ဓားဒဏ်ရာကြီးပါလား ဘယ်လိုဖြစ်ရတာတုန်း''
''အဝေးပြေးလမ်းမှာ ကျုပ်ကို လူတစ်စုက လူမှားပြီး ဓားတွေနဲ့ ဝိုင်းခုတ်ကြတာ… ကျုပ်လဲ ရှောင်ရင်းတိမ်းရင်းနဲ့ နောက်ကျောကို ဓားနဲ့ရှပ်ထိသွားတာပဲ''
''အိုးဗျာ… ဖြစ်မှဖြစ်ရလေ''
အံ့သြသွားသည့်မျက်နှာထား။ အောင်ကို့အား ထိုသို့ပြောဆိုနေခဲ့ရင်း အကျီအိတ်အတွင်းမှ လက်ကိုင်ဖုန်းတုန်ခါလာခဲ့သည်ကြောင့် ထုတ်ယူကိုင်လိုက်စေသည်။ အဝင်ဖုန်းနံပါတ်မှာ ဆေးရုံဆီသို့ အဝင်လမ်းဖြစ်သော တစ်နေရာ၌ စောင့်ကြည့်ရန်စေခိုင်းထားသည့် အရပ်သားဝတ်စုံနှင့် မိမိတို့၏ ဘက်တော်သားတစ်ဦးပင်ဖြစ်လေသည်။
''ဟင်!… မင်း… မင်းပြောတာသေချာလား ကောင်းပြီကောင်ပြီး စောင့်ကြည့်ထားဦး အင်အားဘယ်လောက်ရှိလဲ… ဟင်အေးအေး''
''မောင်ရင်… ခဏလေးနော် ဒေါက်တာဖုန်းလေး ခဏပြောချင်လို့''
တစ်ဖက်မှ ဖုန်းဆက်လာသူ၏ ပြောစကားများဟာ လွန်ပင်အရေးကြီးလေသလား။ ဖုန်းအတွင်းမှ ပြောဆိုလိုက်သော စကားများအား ကြားလိုက်ရသည်နှင့် ဒေါက်တာသန်းနိုင်တစ်ယောက် လွန်စွာတုန့်လှုပ်သွားစေသည်။ ထို့နောက် တပြိုင်နက် ဒေါက်တာရဲမောင်၏ ဖုန်းနံပါတ်အား လျင်မြန်စွာခေါ်ဆိုချေတော့သည်။
''ရဲမောင်… ''
''သန်းနိုင် ဘာဖြစ်လို့လဲ''
''စွန်ရဲရော စွန်ရဲ''
''မသိသေးဘူး အခုမှ ငါလိုက်နေတုန်း''
''ရဲမောင် အရမ်းအရေးကြီးနေပြီ စွန်ရဲကို မြန်မြန်ပြောလိုက် ငါတို့ဆေးရုံဆီကို ရဲတွေဦးတည်လာနေတယ်'
''ဟေး!… အေးအေးသန်းနိုင် မင်းအောက်မှာ ကြည့်ထိန်းထားဦး ငါစွန်ရဲကိုရှာပြီး မြန်မြန်လာခဲ့မယ်''
ဆေးရုံဆီသို့ ရဲများသို့မဟုတ် လူများ လွယ်ကူစွာဝင်ရောက်လာနိုင်သော လမ်းဖြစ်သည့် အချက်ချာနေရာတွင် မိမိတို့၏ဘက်တော်သားတစ်ဦးအား လူအဝင်အထွက် စောင့်ကြည့်စေခိုင်းထားခဲ့သည်။ ရဲအုပ်မောင်ဝင်းနှင့် ရဲသားများသည်လည်း နယ်မြေပိုင် မြေပုံလမ်းညွန်အတိုင်း မြို့မဆေးရုံဆီသို့ ဦးတည်လာလေခဲ့သည်။ ထို့ကြောင့် စောင့်ကြည့်နေခဲ့သော ထိုသူမှာလဲ ဒေါက်တာသန်းနိုင်ထံသို့ အချက်ချင်း အကြောင်းကြားစေတော့သည်။
ဒေါက်တာသန်းနိုင်သည်လည်း ဒေါက်တာရဲမောင်ထံသို့ အကြောင်းကြားစေခါ ဆေးရုံအတွင်း၌ ဟန်ပျက်မှု့မရှိစေရန် ကြိုတင်ပြင်ဆင်မည်ဖြစ်သည်။ ထို့ကြောင့် အရေးတကြီး ပြောဆိုလျက် ကောင်ဒါစားပွဲဝိုင်းတွင် ထားရစ်ခဲ့သော တောသားဆီသို့ ဟန်မပျက် ပြန်လည်သွားရောက်လေခဲ့သည်။
''ကဲ… မောင်ရင် ဒီဆရာမနဲ့ အပေါ်ကိုလိုက်သွားလိုက်နော် ဆရာမသူ့ဒဏ်ရာကို သေသေချာချာ ဆေးထည့်ပေးထားပါ ကျွန်တော်လာခဲ့ပါ့မယ်''
ထိုသို့ပြောဆိုချေသည်။ ပြောဆိုလိုက်သော စကားများအနက် အဓိပ္ပာယ်ရှိစေသည်။ မကြာခင်အချိန်၌ ရဲသားများရောက်ရှိလာတော့မည်ဖြစ်သည်။ ထို့ကြောင့် လူပိုတစ်ဦးဖြစ်သော ထိုတောသားအား စကားဝှက်ဖြင့် အပေါ်ထပ်၌ အသေသတ်ခိုင်းလိုက်ခြင်းဖြစ်သည်။
တိတ်ဆိတ်နေခဲ့သည့် ညနက်အချိန်သို့ပင် ရောက်ရှိနေခဲ့ပြီး၍ မြေညီထပ်ဆီသို့ ပြုတ်ကျသွားခဲ့ရသော ထီးကလေးနှင့် နပ်စ်မလေးတို့မှာလဲ အခန်းအတွင်းမှ ထွက်ရောက်ခါ ပထမအထပ်သို့ ဦးတည်မည်ဖြစ်သည်။ သို့သော် အလယ်လှေကားဆီသို့ ဦးတည်လာနေသော ခြေသံများအား ကြားလိုက်ရသည်ကြောင့် အခန်းအတွင်းသို့ လျင်မြန်စွာပြန်လည်ဝင်သွားခဲ့ရသည်။
မျက်စိနှစ်လုံးသာ မြင်ရလောက်အောင် အခန်းတံခါးအား အသာဖွင့်ဟလျက် အပြင်သို့ ထီးကလေးတစ်ယောက် ချောင်းကြည့်မိလိုက်သည်။ တွေ့ရှိလိုက်ရ၏။ သူ၏ညီရင်းအစ်ကိုသဖွယ် ခင်မင်ရသော မိတ်ဆွေအစ်ကိုအောင်နှင့် လူသတ်နပ်စ်မလေးတစ်ဦးပင် ဖြစ်နေလေခဲ့သည်။
''ဟင်!… အစ်ကိုအောင်ပါလား''
***
* မိတ်ဆွေအစ်ကိုအောင်နှင့် လူငယ်တစ်ဦး တွေ့ဆုံလာမည့်အခါ မည်သို့ပင် ဖြစ်လာကြဦးမည်နည်း။
*ရဲအုပ်မောင်ဝင်းသည်လည်း ထိုဆေးရုံ၌ဖြစ်ပွားနေကြသော ပြသနာများအား သိရှိသွားမည်လား။
*လူသတ်သမားများသည်လည်း မည်သို့ပင် ပရိယာယ်ကြွယ်ဝစွာနှင့် ရဲသားများ လှည့်စားဦးမည်နည်း။
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ဖော်ပြပေးပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
Post Top Ad
Responsive Ads Here
အပိုင်း(၂၁) လူသားစား ဆေးရုံ သည်းထိတ်ရင်ဖိုဇာတ်လမ်းရှည်
Share This
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment