တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၁၉)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
*********************
စောင့်စားနေခဲ့လေသည်။
''ဟာ!… ထွက်လာပြီ ထွက်လာပြီ … လာလာ…''
လူသတ်လက်နက်အား ကိုင်ဆောင်ထားစေရင်း ဆရာဝန်ကြီးတစ်ယောက် စေခိုင်းလိုက်သည့်အတိုင်း မောင်စန်းမြင့်နှင့်အတူ လူသတ်သမားတစ်ဦးသည်လည်း ဆေးရုံဂိတ်ပေါက်အား စောင့်ကြပ်ရန်အတွက် ဆေးရုံအတွင်းမှ ထွက်ခွာလာခဲ့လေသည်။ သို့နှင့် ဆေးရုံအတွင်းသို့ အကဲခတ်စောင့်ကြည့်နေခဲ့သော ထီးကလေးနှင့်နပ်စ်မလေးမှာမူ ဆေးရုံနံဘေးသို့ လျင်မြန်စွာ တိမ်းရှောင်သွားခဲ့ရသည်။
''ငါဘယ်လိုလုပ်ရမလဲ!… ရဲစခန်းကို အမြန်ဆုံးအကြောင်းကြားမှ ဖြစ်မယ်!… ငါ့ကိုပြောပါဦး ငါ့သူငယ်ချင်းတွေ ဒုက္ခရောက်ကုန်ကြပြီး ငါဘယ်လိုလုပ်ရမလဲ''
''သွားပြီး ရှင်ဆေးရုံဝန်းထဲကနေလဲ ထွက်ဖို့ခက်ခဲသွားပြီး စန်းမြင့်ဆိုတဲ့သူက သိပ်လျင်တာ အခုသူဂိတ်ပေါက်ကိုစောင့်နေပြီ… ရှင်မြို့ပေါ်က စခန်းကိုအရောက်သွားမယ့်အစား ဒီည ရှင့်သူငယ်ချင်းတွေကို ဆေးရုံထဲကနေ ထွက်နိုင်အောင် ရှင်လုပ်ရမယ်''
''ငါဘယ်လိုလုပ်ရမှာလဲ''
''ကျွန်မပြောတဲ့အတိုင်းသာ ရှင်လိုက်လုပ် ရှင့်သူငယ်ချင်းတွေရော ရှင်ရော ဆေးရုံထဲက ထွက်နိုင်မှာပါ''
''ငါမသိတော့ဘူးကွာ!… ငါ့ကြောင့် ငါ့ကြောင့် ငါ့သူငယ်ချင်းတွေ အခုလိုဖြစ်ကြရတာ ငါသာဒီခရီးကို မခေါ်လာမိရင် အကောင်းသာ အခုတော့…''
''ကိုယ့်ကိုကိုယ်အပြစ်တင်မနေပါနဲ့တော့ ဒီလိုအချိန်မှာ ရှင့်သူငယ်ချင်းတွေအတွက် ရှင်တစ်ယောက်ပဲ အကူညီပေးနိုင်တော့မှာ ရှင် အားတင်းထားမှဖြစ်မယ်''
''ကျွန်မတို့အခု ဆေးရုံထဲကိုပြန်ဝင်မယ်… ရှင့်ကိုယ်ခံပညာတတ်လား''
''မတတ်ဘူး… ငါ့သူငယ်ချင်းတစ်ယောက်တော့ တတ်တယ်… သူ့မှာလဲ ဒဏ်ရာတွေနဲ့ အခုသေသလား ရှင်သလားလည်းမသိဘူး… မင်းဘာလုပ်မလို့လဲ''
''သြော်… ဆေးရုံဝဏ်းထဲကထွက်နိုင်အောင် ဂိတ်ဝကနှစ်ယောက်ကို တိုက်ခိုက်မှဖြစ်မယ်လေ အဲ့ဒါကြောင့်မေးနေတာ''
''အပြင်ကို တစ်ခြားထွက်ပေါက်ကနေ ထွက်လို့ရသေးလား''
''မရတော့ဘူး ဒီဆေးရုံက စဆောက်တည်းက ဂိတ်ဝတစ်ခုပဲဖွင့်ထားတာ ပတ်ပတ်လည်မှာလဲ အုတ်တံတိုင်းအမြင့်တွေ ကာထားတယ် ကျော်ထွက်ဖို့လဲ မဖြစ်နိုင်ဘူး''
''ဟူး!… ဘယ်လိုလုပ်ရပါ့မလဲ… ''
သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချစေသည်။ မည်သို့ပင် သူငယ်ချင်းဖြစ်သူများအား ကယ်တင်ပေးရမည်မှန်းမသိတော့ချေ။ သို့နှင့် နပ်စ်မလေးခေါ်ဆောင်ရာ အနောက်သို့လိုက်ပါသွားခဲ့ရင်း ထွက်ရောက်လာခဲ့သော ထွက်ပေါက်အတိုင်း ဆေးရုံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ချေသည်။
ဒုတိယအထပ်။
ရေခဲတိုက်အခန်းတွင်းမှ အလွတ်ပြေးရှောင်လာခဲ့သော လူငယ်နှစ်ဦးသည်လည်း ပြေးမိပြေးရာ ပြေးလာကြရာမှ ဒုတိယအထပ် အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်ပုန်းခိုနေခဲ့သည်။
(ဖုန်းမြည်သံ)
မှောင်မည်းနေခဲ့သော အခန်း။ ရုတ်တရက် လမ်းကလေး၏ ဘောင်းဘီအိတ်ကတ်အတွင်းမှ ကျယ်လောင်သော ဖုန်းမြည်သံထွက်ပေါ်လာခဲ့လေသည်။ ဆတ်ခနဲတုန်ခါသွားမိ၏။ လမ်းကလေးနှင့်စာမိနှစ်ဦးသား။ ထို့နောက် အိတ်ကတ်အတွင်းမှ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သော ဖုန်းအားထုတ်ယူလိုက်ရင်း အသံတိုးခလုတ်ဆီသို့ ခပ်ပြင်းပြင်းနှိတ်လိုက်စေသည်။
''ဖုန်း!… ကိုလမ်းလေး…ဖုန်းရှိနေတာလား''
''မဟုတ်ဘူး … မင်းဆရာကိုသတ်ပြီး လူသတ်သမားတွေ ရဲခဲတိုက်ထဲ ထည့်ထားခဲ့တာ သူ့တစ်ကိုယ်လုံးကိုရှာကြည့်တော့ ဒီမှန်ကွဲနေတဲ့ ဖုန်းပဲတွေ့ခဲ့တယ်''
''ဟင်… ဒါ ကိုမောင်ဝင်းဖုန်းနံပါတ်ပါလား''
ခေါ်ဆိုသည့်ဖုန်းနံပါတ်မှာ မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်း၏ ဖုန်းနံပါတ်ပင်ဖြစ်ချေသည်။ သို့သော်လည်း မြင်သာမြင် မကြင်ရသည့်အဖြစ်မျိုးနှင့် ကိုင်တွယ်၍မရခဲ့ချေ။
''ကိုင်လို့မရဘူး… သေချာပါတယ် ဒါကိုမောင်ဝင်းဖုန်းနံပါတ်… ဘယ်လိုဖြစ်ပြီး မင်းဆရာဖုန်းကို ငါ့မိတ်ဆွေခေါ်ရတာလဲ ကိုမောင်ဝင်းရောက်လာရင် အရမ်းကောင်းမှာပဲကွာ''
တမ်းတမိ၏ အမှောင်ထုအခန်းတွင်း၌ မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်းအား။ မည်သည့်အတွက်နှင့် ကျူရှင်ဆရာကြီး၏ ဖုန်းဆီသို့ ကိုမောင်ဝင်းတစ်ယောက် ခေါ်ဆိုနေရသနည်းမသိခဲ့ချေ။
သားဖြစ်သူဆန်းထွန်းပိုင်၏ ပြောစကားများကြောင့် ရဲအုပ်မောင်ဝင်းသည်လည်း ကျူရှင်ဆရာကြီး၏ ဖုန်းနံပါတ်အား တောင်းယူ၍ သူ၏လက်ကိုင်ဖုန်းဖြင့် ခေါ်ဆိုကြည့်လေသည်။ သို့သော်လည်း ခေါ်ဆိုသည့်ဖုန်းနံပါတ်မှာမူ ဆန်းထွန်းပိုင် ပြောဆိုသည့်အတိုင်း သတ်မှတ်အချိန်တွင်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
''ဒါတစ်ခုခုတော့ တစ်ခုခုပဲဗျ!…ဖုန်းဝင်သွားတယ် ဒါပေမယ့်မကိုင်ဘူး!''
''အဲ့ဒါကြောင့် ကျွန်တော်လဲ အဖေတို့ကို စိတ်ပူနေတာ ဖုန်းပျောက်သွားပြီး တစ်နေရာရာမှာ ကျကျန်နေခဲ့တာများလား''
''အင်း…အဲ့ဒီလဲဖြစ်နိုင်တာပဲ''
''ဆရာ… စခန်းမှူးကိုထိန်ဝင်း ထွက်သွားတာကြာလှပြီး အခုချိန်ထိပြန်မရောက်သေးပါလား''
''ဟုတ်သားပဲဗျ…ဘယ်သွားမယ်လို့ ခင်ဗျားကိုပြောသွားသေးလား''
''ပြောမသွားဘူးဗျ!…အထက်က တာဝန်တစ်ခုပေးလို့ သွားရမယ်ဆိုတာပဲ ကျွန်တော့ကိုပြောသွားတာ''
''ဟင်!… အထက်က တာဝန်ပေးတယ် ဘာကိစ္စပါလိမ့်''
ဦးခေါင်းလေးအား အသာစောင်းစေရင်း ရဲအုပ်မောင်ဝင်းတစ်ယောက် တစ်စုံတစ်ခုသော အကြောင်းရာများအား စဉ်းစားသွားသကဲ့သို့ မျက်မှောင်အားလည်း တင်းကြပ်စွာ ကြုတ်ထားမိသည်။ အချိန်ကား ည(၉)နာရီခန့်မျှ ကျော်လွန်နေခဲ့ပြီးဖြစ်သည်။ အဝေးသို့ ငေးငိုင်သွားခဲ့သော ကိုမောင်ဝင်းတစ်ယောက် သူ၏စားပွဲအပေါ်မှ အထိုင်ဖုန်းသည်လည်း ရုတ်တရက်မြည်သံထွက်ပေါ်လာခဲ့သည်။ ချောင်းတစ်ချက်ဟန့်ခါ ဝင်လာသည့်ဖုန်းလေးအား ကိုင်ဆောင်လိုက်ရင်း မာန့်ပါလှသော စကားသံများနှင့်
''ဟယ်လို… (……)အပိုင်စခန်းက''
''ကျွန်တော်ဗဟိုရဲဌာနချုပ်က ရဲအရာရှိတစ်ယောက်ပါ ညနေ့ခင်းအချိန်က တာဝန်ပေးလိုက်တဲ့ အကြောင်းနဲ့ပတ်သတ်ပြီး အကြောင်းအရာ ဟုတ်မဟုတ် သိချင်လို့ ဆက်သွယ်တာပါခင်ဗျာ''
''ဗျာ!… ဗဟိုရဲဌာနချုပ်ကဆိုတော့ အခုပြောနေတာ တိုင်မှူးကြီးကိုခင်မောင်စိုးလား''
''ဟုတ်ပါတယ် ကျွန်တော်ခင်မောင်စိုးပါ''
''ကိုခင်မောင်စိုး…ကျွနိတော်ရဲအုပ်မောင်ဝင်းပါ''
''ဟင်!… ကိုမောင်ဝင်း ဘယ်လိုဖြစ်ပြီး အဲ့ဒီစခန်းကိုရောက်နေရတာလဲ''
''နောက်မှ အေးဆေးပြောပြမယ်ကိုမောင်စိုး ညနေက အပိုင်စခန်းမှူးကြီးကို ဘာတာဝန်များပေးလိုက်တာတုန်း''
''သြော်!… ထွေထွေထူးထူးတော့မဟုတ်ပါဘူး အဲ့ဒီ့နယ်မြေအပိုင်ထဲမှာ ရှိနေတဲ့ ဆေးရုံတစ်ခုမှာ လူငယ်တစ်စု ဒုက္ခရောက်နေကြပါတယ်ဆိုပြီး ကျွန်တော့ဆီဖုန်းဆက် အကြောင်းကြားလာကြတယ် အဲ့ဒါ တကယ် ဟုတ်မဟုတ် ကျွန်တော် လေ့လာခိုင်းလိုက်တာပါ ဘာများဖြစ်လို့လဲ ကိုမောင်ဝင်း''
''ဟင်!… ဘယ်လို…ဒီနယ်မြေပိုင်ထဲမှာရှိနေတဲ့ ဆေးရုံမှာ လူငယ်တစ်စု ဒုက္ခရောက်နေကြတယ်ဆိုတော့ ဘယ်လိုတုန်းဗျ''
''သြော်!… ဆေးရုံက လွန်ခဲ့တဲ့(၁၆)နှစ်လောက်တည်းက ပိတ်ထားတဲ့ဆေးရုံကြီးတစ်ခုပါ အဲ့ဒီဆေးရုံမှာ သူတို့ဒုက္ခရောက်နေကြပါတယ်လို့ အကြောင်းကြားတော့ တမင်သတ်သတ် ခေတ်လူတွေ စနောက်ခြင်းဟုတ်မဟုတ် သိရအောင် လေ့လာခိုင်းလိုက်တာပါ''
''ဟင်!… လွန်ခဲ့တဲ့(၁၆)လောက်ကတည်းက ပိတ်ထားခဲ့တဲ့ဆေးရုံ ဟုတ်လားကိုခင်မောင်စိုး''
''ဟုတ်တယ်လေဗျ ဘာဖြစ်လို့တုန်း''
''ဘာဖြစ်ရမှာတုန်းဗျ!… အဲ့ဒါအရေးကြီးတဲ့ ကိစ္စတစ်ခုပဲလေ''
''ဟုတ်ပါတယ် တကယ်ဒုက္ခတွေ့နေကြတယ် ဆိုရင်တော့… ဒီအကြောင်းကြားချက်ဟာ အရေးကြီးပါတယ် ဒါပေမယ့် အခုခေတ်မှာ ဆက်သွယ်ရေးနည်းပညာတွေ တိုးတတ်လာတာနဲ့အမျှ ကိုမောင်ဝင်းသိတဲ့အတိုင်းပဲလေ!… ခေတ်လူငယ်တွေ ကျွန်တော်တို့ ရဲဌာနတွေကို အခုလိုမဟုတ်ပဲ စနောက်နေခဲ့တာ တော်တော်များများကြုံတွေ့ ခဲ့ရပြီပြီး''
''အဲ့ဒါကြောင့် အကြောင်းကြားချက် ပိုမို့ခိုင်ခိုင်လုံလုံ သိရအောင် နယ်မြေပိုင်စခန်းမှူးကြီးကို ကျွန်တော်ကိုယ်တိုင် တာဝန်ပေးခဲ့တာပါ… ပြီးတော့ အကြောင်းကြားချက် ဟုတ်မဟုတ်ဆိုတာ သိချင်လို့ ကျွန်တော်စခန်းမှူးကြီး ဆက်သွယ်လာမယ့်အချိန်ကို စောင့်နေခဲ့တာ ဒါပေမယ့် အခုချိန်ထိ မဆက်သွယ်လာသေးတာနဲ့ ဖုန်းဆက်မေးကြည့်လိုက်တာ''
''ဟုတ်ကဲ့ကိုခင်မောင်စိုး စခန်းမှူးကြီးလဲ အခုချိန်ထိ ပြန်ရောက်မလာသေးဘူး ကျွန်တောလဲသူကို စောင့်နေတာပဲ ဒါဆို စခန်းမှူးကြီးတစ်ယောက် တစ်ခုခုများ!…''
''ဘယ်လိုကိုမောင်ဝင်း စခန်းမှူးကြီးပြန်မရောက်သေးဘူး ဟုတ်လား''
''ဟုတ်တယ်!… သြော်ဒါနဲ့ ကိုခင်မောင်စိုး အဲ့ဒီဆေးရုံတည်နေရာကို ကျွန်တော်သိလို့ရမလား''
''ရပါတယ်ဗျ… အပိုင်စခန်းမှာရှိတဲ့ မြေပုံအတိုင်းကြည့်လိုက်ရင် ပိတ်ထားတဲ့ ဆေးရုံတည်နေရာ တွေ့ပါလိမ့်မယ်''
''ဟုတ်ကဲ့ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်!… ဒါဆိုကျွန်တော် အခုအဲ့ဒီဆေးရုံကို လိုက်သွားကြည့်လိုက်ပါဦးမယ် အကြောင်းထူးတားနဲ့ အမြန်ဆုံး ဆက်သွယ်လိုက်ပါ့မယ်''
''ဟုတ်ကဲ့ပါက်ုမောင်ဝင်း လေးစားပါတယ်''
ပျောက်ဆုံးနေခဲ့သော အမှု့ကြီးများ သို့မဟုတ် ဖော်ထုတ်ရန် အင်မတန်မှ ခက်ခဲလှသော လှို့ဝှက်ဆန်းကြယ် အမှု့ကြီးများအား လူငယ်ငါးဦး၏အကူညီဖြင့် ဖော်ထုတ်ပေးနိုင်ခဲ့သည်ကြောင့် နိုင်ငံတော်အသိမှတ်ပြု အခွင့်ရေးရဲအုပ်မောင်ဝင်းဟု ရဲအရာရှိများနှင့်ပြည်သူလူထု့ကြားတွင် နာမည်တစ်လုံးဖြစ်ထွန်းလာခဲ့သည်။ ထို့ကြောင့် ကိုမောင်ဝင်းအား ရဲအရာရှိများအပါအဝင် ရဲသားများဟာ အလွန်ပင်အားကိုလျက် သူ့အား အမည်ကြားလိုက်ရုံဖြင့် သိရှိစေနိုင်သည်။
ယခုတွင်လည်း ဗဟိုရဲဌာနချူပ်မှ အရာရှိတစ်ဦးဖြစ်သော က်ုခင်မောင်စိုးနှင့် ကိုမောင်ဝင်းတို့မှာ အလွန်ပင်ရင်းနှီးကျွမ်းဝင်ကြသော မိတ်ဆွေများပင်ဖြစ်ချေသည်။ အရာရှိကြီးခင်မောင်စိုး၏ ပြောဆိုချက်များကြောင့် နယ်ပိုင်စခန်းမှူးကြီး ကိုထိန်ဝင်းတစ်ယောက် ဦးတည်သွားရောက်ခဲ့သော ပစ်မှတ်အား သိရှိလိုက်ရချေသည်။
''ကဲကိုဆန်းလေးရေ!… ခင်ဗျားကြားတဲ့အတိုင်းပဲ ပြသနာတစ်ခုက မပြီးသေးဘူး နောက်တစ်ခုက ထပ်ပေါ်လာပြန်ပြီ''
''ကိုမောင်ဝင်း!… အဖေတို့ပျောက်နေတဲ့ အကြောင်းနဲ့များ ပတ်သတ်နေမလားလို့ ကျွန်တော်တွေးမိတယ်''
''မသိသေးဘူးဗျ… အခုလောလောဆယ်တော့ အဲ့ဒီဆေးရုံကို ကျွန်တော်တို့အားလုံး တစ်ချက်လောက် သွားလေ့လာရမယ်''
''ကဲကိုကြည်ဦး… နယ်မြေပိုင် မြေပုံလေး တစ်ချက်လောက်ပြပါဦး''
သွားရောက်ချေမည်ဖြစ်သည်။ ပိတ်ထားခဲ့သော ဆေးရုံဆီသို့။ နယ်မြေပိုင် နယ်ထိန်းကိုကြည်ဦးဆီမှ မြေပုံအားတောင်းယူလျက် ထိုဆေးရုံတည်နေရာဆီသို့ ကိုမောင်ဝင်းတစ်ယောက် အကဲခတ်ကြည့်ရှု့လေခဲ့သည်။
''ငါတို့အခု ဘာဆက်လုပ်ကြမှာလဲ''
''အပေါ်ကိုခဏတတ်ပြီး လူသတ်သမားတွေရဲ့ အားနည်းချက်ကို အကဲခတ်ရမယ် ပြီးတာနဲ့ ကျွန်မတို့ဘက်က လက်ဦးမှု့ယူရမယ်''
''ကျန်တဲ့ငါ့သူငယ်ချင်းတွေ ဘယ်ရောက်ကုန်ကြပြီလဲမသိပါဘူး အသက်ရှင်ရက်မှ ရှိနေကြသေးရဲ့လား… သူတို့အတွက် ငါအရမ်းစိတ်ပူတာပဲ''
''စိတ်အေးအေးထားပါ… သူတို့တွေက ဖမ်းထားလို့ ထွက်ပြေးတဲ့သူတွေကိုပဲ အသေသတ်ပစ်ကြတာ!… ရှင့်သူငယ်ချင်းတွေက်ု လောလောဆယ်တော့ သူတို့သတ်ပစ်မှာ မဟုတ်လောက်သေးဘူး အခန်းတစ်ခုခုထဲမှာ ရှိနေမှာပါ''
''သူတို့က ငါတို့ကိုဖမ်းပြီး ဘာလုပ်ကြတာလဲ''
''ဟူး!…''
''ဘာဖြစ်လို့လဲ ငါမေးလွန်းလို့ စိတ်ညစ်သွားတာလား''
''မဟုတ်ပါဘူး!… သူတို့အားလုံးကလည်း တစ်ဖက်ကကြည့်ရင် သိပ်ကိုသနားစရာကောင်းကြတာ… တကယ်တော့ ဒီဆေးရုံမှာရှိနေကြတဲ့ သူတွေအားလုံးက လူတော်လူကောင်းတွေချည်းပါပဲ''
''ဟင်… မင်းပြောတာငါမရှင်းဘူး ဘာကိုဆိုလိုတာလဲ''
''ပြောရရင်… ဆေးရုံအုပ်ကြီး ဒေါက်တာစွန်ရဲနိုင်ကို သူ့မိန်းမဖြူလေးက အိမ်တကာလှည့်ပြီး အဝတ်လျော် ဆေးကျောင်းထားပေးခဲ့တာ တစ်နေ့ သူ့မိန်းမကို သူကိုယ်တိုင်ပဲ ဆေးမှားထိုးမိပြီး ဘဝပျက်သွားခဲ့ရတယ်လေ!''
''အဲ့ဒီအချိန်ကစပြီး ဆရာဝန်ကြီး စိတ်ဖောက်ပြန်သွားခဲ့ရတယ် စိတ်တ္တဇဖြစ်ပြီး သူ့ကျေးဇူးရှင်ဖြစ်တဲ့ သူ့မိန်းမကို လူကောင်းပြန်ဖြစ်အောင် ကုပေးမယ်ဆိုပြီး လူတွေဆီက သွေးတွေထုတ်တယ် အသဲ။နှလုံး။ကျောက်ကပ်။ အစစပေါ့လေ… လူနာတွေဆီက အတွင်းကလိစာတွေကို ထုတ်ယူပြီး သူ့မိန်းမကို အစားထိုကုသနေခဲ့တာ''
''သူ့ရဲ့နောက်လိုက် တပည့်တပန်းတွေကလည်း ဆရာဝန်ကြီးအပေါ် သစ္စာရှိကြတယ်လေ… ဆရာဝန်ကြီးခိုင်းလိုက်တာနဲ့ မငြိုမငြင်လုပ်ပေးနေခဲ့တယ် အမှားကြီးမှားနေမှန်း သိရက်နဲ့လဲ မိုးခါးရည်ဝိုင်းသောက်နေကြတာပေါ့လေ''
''ဟင်!… မင်းက သိလှချည်လား''
''သိဆို!… ကျွန်မက အဲ့ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်ပို့နေရာမှာ ပါဝင်ခဲ့ရလို့ပဲ''
''ဘယ်လို မင်းက အဓိကဇာတ်ပို့နေရာမှာ ဝင်ပါခဲ့ရတယ်ဟုတ်လား''
''အင်း…! အဲ့ဒီနေ့က မိုးဖွဲဖွဲလေးတွေ ကျနေတယ်… ဆရာဝန်ကြီးကိုယ်တိုင် သူ့မိန်းမနေမကောင်းလို့ ကျွန်မကိုဆေးအိတ်ပြင်ခိုင်းခဲ့တယ်လေ… သူ့ပြောတဲ့ အတိုင်းကျွန်မပြင်ပေးခဲ့တယ် သူပြောတာ မြွေကိုက်ခံရတဲ့ လူနာတစ်ဦးကို သွားကုပေးရမယ်ဆိုလို့ ကျွန်မကိုယ်တိုင် ဆေးအိတ်ပြင်ပေးခဲ့တာ''
''တကယ်တော့ သူ့စိတ်ထဲမှာ သူ့မိန်းမနေမကောင်းလို့ ဆေးအိတ်ပြင်ခိုင်းခဲ့ပေမယ့် ကျွန်မကို ပြောလိုက်တဲ့ စကားတွေထဲမှာ မြွေဆိပ်ဖြေဆေး အပြင်းစားတွေချည်း ဆေးအိတ်ထဲထည့်ခိုင်းခဲ့တာပဲ''
''သူကိုယ်တိုင် အဲ့ဒီဆေးတွေထိုးမိပြီး ကျွန်မက သူ့မိန်းမကို လုပ်ကြံခဲ့ပါတယ်လို့ စွတ်စွဲတယ်!… ပြီးတော့!… ပြီးတော့''
''ပြီးတော့ ဘာဖြစ်လဲဆက်ပြောလေ''
''သြော်!… ဟို… ဟို… ပြီးတော့ ကျွန်မကို လိုက်သတ်တာနဲ့ ကျွန်မလဲ အခုချိန်ထိ တိမ်းရှောင်နေခဲ့ရတာ''
''ဟင်!… မင်းက မရှင်းပြဘူးလား''
''ရှင်းပြတာပေါ့ရှင် ကျွန်မအကြိမ်ကြိမ်အခါခါ ရှင်းပြခဲ့တယ် ဒါပေမယ့် ဆရာဝန်ကြီးက လက်မခံဘူး ကျွန်မကိုသတ်ဖို့ ကြိုးစားတာနဲ့ ကျွန်မလဲ အခုလိုရှောင်ပြေးနေခဲ့ရတာ''
''အဲ့ဒါတွေက ဘယ်တုန်းကဖြစ်ခဲ့တာတွေလဲ''
''သိပ်မကြာသေးပါဘူး လွန်ခဲ့တဲ့ ခြောက်လကျော်လတုန်းက''
''မင်းက အခုလိုပဲ ဆေးရုံထဲမှာ ရှောင်တိမ်းနေတော့မှာလား ဆေးရုံထဲကထွက်ပြီး သက်ဆိုင်ကို အကြောင်းမကြားတော့ဘူးလား''
''ကျွန်မ… ကျွန်မဒီဆေးရုံထဲကနေ ထွက်သွားလို့မရဘူး''
''ဘာဖြစ်လ်ို့လဲ!… မင်းလဲ အပြင်ကိုရောက်နိုင်တဲ့ ထွက်ပေါက်ကိုသိထားတာပဲ ဘာဖြစ်လို့မထွက်နိုင်ရတာလဲ''
''ကျွန်မ… ကျွန်မ မထွက်နိုင်ဘူး မထွက်နိုင်ဘူး… ဒီဆေးရုံကို လူတွေထပ်မရောက်လာအောင် ကျွန်မတားစီးပေးရဦးမယ်''
''ဟင်!… မင်းဦးနှောက်မှ ကောင်းသေးရဲ့လား မင်းအတွေးက ဘယ်လိုလဲ ဒီဆေးရုံက်ို လူနာတွေထပ်မရောက်လာအောင် အခုလိုတားနေမယ့်အစား ဒီဆေးရုံမှာဖြစ်နေတဲ့ အကြောင်းတွေကို သက်ဆိုင်ဆီအကြောင်းကြားလိုက်ရင် ပြီးပြီးမဟုတ်လား''
''ဟုတ်ပါတယ် ရှင်ပြောတာမှန်ပါတယ် ဒါပေမယ့်… ''
''ဟင်!… အပေါ်ကိုတစ်ယောက်ယောက် တတ်လာပြီ ရှင်သွား ရှင်တစ်နေရာမှာ ခဏသွားပုန်းနေ''
''ဟင်!… ငါ… ငါကဘယ်မှာသွားပုန်းရမှာလဲ''
''အိုးရှင် လွတ်တစ်နေရာမှာ ခဏသွားရှောင်နေပါ သွားသွား မြန်မြန်သွား!… အလယ်လှေကား ဘေးမှာရှိနေတဲ့ အခန်းထဲကို မဝင်နဲ့ အဲ့ဒီအခန်းထဲမှာ ကြမ်းပြင်မရှိဘူး ဘေးက အခန်းထဲမှာ ခဏဝင်ပုန်းနေ''
''မင်း… မင်းကရော''
''သွားပါ!… ကျွန်မအတွက် စိတ်မပူနဲ့ ရှင်သာ မြန်မြန်သွား''
ဆေးရုံဝန်းအတွင်းမှ ထွက်ပေါက်လှေကားအတိုင်း အပေါ်ဆုံးအထပ်သို့ ရောက်ရှိလာခဲ့ရင်း ထီးကလေးနှင့်အတူ နပ်စ်မလေးတို့မှာ စကားများစွာပြောဆိုဖြစ်ခဲ့ကြသည်။ သူမ ဆို၏။ ထိုဆေးရုံ၏ ရာဇဝင်အကြောင်း။ သို့သော်လည်း သူမကိုယ်တိုင်မှာမူ ဆရာဝန်ကြီး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသူ တစ်ယောက်ဖြစ်သည်ဟု ထီးကလေးအား မပြောဆိုခဲ့ချေ။
တစ်စုံတစ်ခုသော ခံစားမှု့များ သူမတစ်ယောက် ခံစားလိုက်ရလေသလား သူမ၏နံဘေး၌ရှိနေခဲ့သော ထီးကလေးအား လွတ်ရာအခန်းတစ်ခုအတွင်းသို့ လျင်မြန်စွာရှောင်ပုန်းနေရန် အလောတကြီးပြောဆိုချေခဲ့သည်။ ထီးကလေးသည်လည်း သူမ၏ အလောတကြီးပြောဆိုမှု့များကြောင့် အပေါ်ဆုံးထပ် အလယ်လှေကားရှိရာဆီသို့ လျင်မြန်စွာရှောင်တိမ်းသွားခဲ့ရင်း နပ်စ်မလေးညွှန်ပြပေးခဲ့သော အခန်းအတွင်း၌ ခေတ္တပုန်းရှောင်နေခဲ့လေသည်။
အပေါ်ဆုံးထပ်သို့ တတ်ရောက်လာကြ၏။ ဆရာဝန်ကြီးစွန်ရဲနိုင်နှင့်အတူ ဒေါက်တာသန်းနိုင်နှစ်ဦးသား။ အလယ်လှေကားဆီမှ စကားတပြောပြောနှင့် တတ်ရောက်လာခဲ့ရင်း ဆရာဝန်ကြီး၏ နားနေခန်းနံဘေးတွင် တည်ရှိသော အခန်းလွတ်တစ်ခု အတွင်း၌ သွေးဆက်ကုသထားသည့် တင်ဇာနွယ်ရှိနေရာ အခန်းဆီသို့ ဦးတည်သွားမည်ဖြစ်သည်။ ခြေသံများနှင့် စကားသံတစ်ချို့အား ပုန်းရှောင်နေခဲ့သော အခန်းအတွင်း၌ ရှိနေသည့် ထီးကလေးတစ်ယောက် ကြားသိလိုက်ရလေသည်။
''ဟင်!… ဒါဘာပါလိမ့်''
''ဆွဲကြိုးပါလား!… သန်းနိုင်… ဒီဆွဲကြိုး ငါမြင်ဘူးသလိုပဲ''
''အေးကွ!… ငါလဲမြင်ဘူးသလိုပဲ နေပါဦး!… ဟင်… ဒါ… ဒါငါတို့ဆီကို ကောင်မလေးတစ်ယောက်နဲ့ အရင်ဆုံးရောက်လာတဲ့ ကောင်လေးလည်ပင်းမှာ ဆွဲထားတာ ငါမြင်ဘူးတယ်''
''ဟင်!… ဒါဆို… ''
''ဟုတ်တယ်!… ဒီကောင် အပေါ်ထပ်မှာပဲရှိနေတာဖြစ်မယ်''
''ဒီအခန်းထဲမှာများလား!…''
''နေဦးသန်းနိုင်!… ရော့''
တွေ့ရှိမိလိုက်၏။ အလောတကြီး အခန်းလွတ်တစ်ခုအတွင်းသို့ ပြေးရှောင်သွားခဲ့သော ထီးကလေး၏ ဘောင်းဘီအိတ်ကတ်အတွင်းမှ ပြုတ်ကျသွားခဲ့သည့် ကျူတ်ဆွဲကြိုးကလေးပင်ဖြစ်ချေသည်။ သူတစ်ယောက် ဝင်ရောက်ပုန်းရှောင်နေခဲ့သော အခန်းအရှေ့မှ တွေ့ရှိလိုက်ရသည်ကြောင့် ထိုအခန်းအတွင်း၌သာ ထိုလူငယ်တစ်ဦး ပုန်းရှောင်နေခဲ့သည်မှာ သေချာသွားပြီဟု တွေးမိလိုက်ရင်း အခန်းတံခါးအား ဖွင့်လစ်ရန် ရွယ်လိုက်သည်။
ဟန့်တားလိုက်၏ ဒေါက်တာသန်းနိုင်အား ဆရာဝန်ကြီးတစ်ယောက် အလောတကြီးမဖွင့်ရန် ထို့ကြောင့် မိမိ၏ခါးကြားအတွင်းမှ သေနတ်အား ဒေါက်တာသန်းနိုင်ဆီသို့ ကမ်းပေးချေခဲ့သည်။ သေချာလေပြီ။ အခန်းအတွင်း၌ရှိနေခဲ့သော ထီးကလေးတစ်ယောက် သိရှိလိုက်ရ၏။ မိမိ၏အခန်းရှေ့၌ ထိုသို့ပြောဆိုနေခါ အခန်းအား ထိုသူများ တံခါးဖွင့်လစ်စေတော့မည်မှာ သေချာလှသည်။ အခန်းကြီးအတွင်း၌လည်း မီးကျောင်းများ ထွန်းလင်းထားခဲ့သည်ကြောင့် ထိန်ထိန်သာသာအောင် လင်းနေခဲ့သည်။ ပုန်ခိုစရာ အကာကွယ်သည်လည်း ထိုအခန်းတွင်း၌ရှိမနေ ရှင်းလင်းနေခဲ့သည်။
အခန်းပြင်မှ ဆရာဝန်များ အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်နှင့် မိမိအား အရှင်းသားမြင်တွေ့သွားတော့မည်မှာ သေချာလေသည်။ ဒေါက်တာသန်းနိုင်သည်လည်း တံခါးလော့အား ဖြည်းညင်းစွာကိုင်တွယ်လျက် လက်အတွင်းမှ သေနတ်အားလည်း မြောက်ကိုင်ထားချေသည်။ ထို့နောက် တံခါးအား အသာယာဖွင့်ရန် စတင်လိုက်ချေတော့သည်။
*******
ရန်ကုန်-ပုသိမ် အဝေးပြေးကားကြီးပေါ်တွင် ဖြစ်စေသည်။ မောင်းနှင်နေခဲ့သော ကားကြီးမှာမူ ပုသိမ်မြို့ဂိတ်မှ စတင်ထွက်ခွာလာခဲ့ပြီး ယခုပုသိမ်မြို့အား ကျော်လွန်လာခါ မြောင်းမြမြို့ဆီသို့ ဖြတ်ကျော်မောင်းနှင် လာခဲ့ပြီးဖြစ်သည်။ ကားပေါ်ရှိ ခရီးသည်တစ်ချို့မှာလည်း အိပ်ပျော်နေကြသော ခရီးသည်တစ်ချို့လိုက်ပါလာခါ ပုသိမ်မြို့မှ တဆင့် ရန်ကုန်သို့သွားရောက်ကြမည့် ခရီးသည်များ။ ရန်ကုန်သို့အိမ်အပြန်လမ်း ခရီးသည်များ စသည်တို့သည်လည်း ထိုကားကြီးအပေါ်၌ လိုက်ပါစီးနင်းလာခဲ့ကြသည်။
မြောင်းမြမြို့လေးအား ကျော်လွန်လာခဲ့ပြီးသည်နှင့် အချိန်ဟာ ညနက်အချိန်သို့ ရောက်ရှိတော့မည့် ည(၁၁:၃၀)အချိန်ပင်ဖြစ်ချေသည်။ ကားကြီးပေါ်ရှိ ခရီးသည်အားလုံးနီးပါးမှာလည်း အိမ်မောကျလုနီးပါးဖြစ်နေခဲ့ပြီး ဆောင်းတွင်းညချမ်းလေးမို့ ညခရီးစဉ်လေးမှာ အလွန်ပင် အေးချမ်းသာယာလှသည်။
ရုတ်တရက် ထိုကားကြီးရပ်တန့်သွား၏။ ကားပေါ်ရှိခရီးသည်တစ်ချို့မှာလည်း အိပ်ပျော်နေရာမှ နိုးထလာကြရင်း ထိုင်ခုံများအတွင်းရှိ ထိုသူများသည်လည်း ကားခေါင်းခန်း၌ရှိနေသော ကားမောင်းသူအား တမျော်မျော်ငေးကြည့်နေခဲ့ကြသည်။
ခရီးသည်များ၏ အတွေး၌ အဘယ့်ကြောင့် တရှိန်ထိုးမောင်းနှင်နေခဲ့သော ကားကြီးရပ်တန့်သွားခဲ့ရသနည်း။ သိချင်စိတ်ဖြင့် ကားကြီးအတွင်းရှိ ခရီးသည်များ လှုပ်လှုပ်ရွရွနှင့် စကားသံများထွက်ပေါ်လာခဲ့ကြသည်။ ထို့နောက် ကားစပယ်ယာမှာ ခရီးသည်များအား အားနားလျက် တောင်းပန်ပြောဆိုသော လေသံများနှင့် ထိုသို့ပြောဆိုချေခဲ့သည်။
''သည်းခံပေးကြပါဗျာ… သည်းခံပေးကြပါ ကားဘာဖြစ်သွားလဲမသိဘူး ကျွန်တော်တို့အခု ဆင်းကြည့်နေပါတယ်''
''ဟာဗျာ!… ခင်ဗျားတို့ကလည်း အစတည်းက စစ်မထားကြဘူးလားဗျ''
''ဟုတ်ပါ့ရှင်!… ကျွန်မတို့က ရန်ကုန်ကိုမိုးမလင်းခင် ရောက်မှဖြစ်မှာ''
''ဟုတ်ကဲ့ပါဗျာ ကျွန်တော်တို့အမြန်ဆုံးကောင်းအောင် လုပ်နေပါတယ် သည်းခံပေးကြပါ''
စကားသံများထွက်ပေါ်လာခဲ့၏။ တစ်ယောက်တစ်ပေါက်နှင့် ကားကြီးအပေါ်မှ အောက်သို့ ခေတ္တဆင်းသတ်ခိုင်းသည်ကြောင့် ခရီးသည်များသည်လည်း စိတ်ပျက်စွာနှင့် ဆင်းသတ်ပေးခဲ့ရချေသည်။
ခေတ္တဟုပြောဆိုခဲ့သော ကားစယာယ်၏စကားမှာ အဖြစ်သာလျင်ပြောဆိုခဲ့လေသလား။ ယခု ကားကြီးအား ပြင်ဆင်နေခဲ့သည်မှာ တစ်နာရီနီးပါးမျှ ကြာမြင့်နေပြီဖြစ်သည်။
''ဂွပ်ကျတာပဲကွာ!… မြန်ချင်ပါတယ်ဆိုမှ သောက်ရေးထဲ ကားကလာပျက်နေသေးတယ်… ဒီကားပြန်ကောင်းမယ့်အခ်ျိန်သာ စောင့်နေရင်း ငါရန်ကုန်ကို မိုးလင်းမှရောက်မယ်ထင်တယ်… မထူးပါဘူး အရှေ့ဆက်လျောက်ရင်းနဲ့ ကားကြုံတားစီးတာကမှ ပိုမြန်ဦးမယ်ထင်တယ်''
ထိုသို့တွေးမိ၏။ ကားကြီးအတွင်းမှ လိုက်ပါစီးနင်းလာခဲ့သော လူငယ်တစ်ဦး။ လူငယ်တစ်ဦးဟု ဆိုစေကာမူ အသက်အရွယ်အားဖြင့် (၂၅)နှစ်မျှရှိနေလောက်ပြီဖြစ်သည်။ ထိုသူ၏ပုံစံမှာ လည်ကုတင်းအကျီင်္အဖြူရောင်နှင့် ယောပုဆိုးအနက်ကလေးအား ခပ်တိုတိုဝတ်ဆင်ထားခါ တောကျကျ ပုံစံနှင့် လူငယ်တစ်ဦးပင်ဖြစ်ချေသည်။ စိတ်မရှည် ကားကြီးပြန်လည်ကောင်းမွန်လာမည့် အချိန်အားစောင့်စားနေခဲ့ရာမှ ထိုကဲ့သို့သော အတွေးများအား သူတစ်ယောက် တွေးမိစေခဲ့သည်။ သို့နှင့် ပျက်တန့်နေသော ထိုကားကြီး၏ နံဘေးမှ အရှေ့သို့သာ တစ်ကိုယ်တည်း လျောက်လှမ်းသွားချေခဲ့သည်။
ဆောင်းညလေးဖြစ်၏။ သို့သော်လည်း ယနေ့ည၌ အအေးဓာတ်များဟာ လျော့ပါးနေလေခဲ့ပြီး အမြန်လမ်းတစ်လျောက်၌ ထွန်းလင်းထားခဲ့သော မီးတိုင်များအား ထိုလူငယ်လေးတစ်ဦး တစ်တိုင်ပြီး တစ်တိုင်ကျော်ဖြတ်နေလေခဲ့သည်။ တောသားတစ်ဦးပီပီ လမ်းလျောက်နေရသည်ကိုပင် သူတစ်ယောက် ကျေနပ်နေခဲ့ဟန်တူသည်။ ခြေလှမ်းကျဲကျဲလျောက်လှမ်းနေခဲ့ပြီး လွယ်အိတ်ကလေး တစ်လုံးအားလည်း ဘေးသိုင်းလွယ်လျက်ထားခဲ့သည်။
အရှေ့စူးစူး၌ အမှောင်ထု တစ်ခုတွေ့ရှိရ၏။ သေချာသည်မှာ လမ်းမီးတိုင်များ ပျက်တောက်နေခဲ့သည်လား လျောက်လှမ်းနေရာမှ ထိုအမှောင်ထုအတွင်းသို့ပင် ငေးမျော်ကြည့်ရှု့ရုံဖြင့် မည်သည့်အရိပ်ယောင်တစ်ခုမျှ မတွေ့ရချေ။ သို့သော်လည်း မဖြစ်မနေ သူတစ်ယောက် ဖြတ်ကျော်ရမည်ဖြစ်သည်။ သူ၏ပုံစံမှာလည်း မည်သည့်အရာတစ်ခုမှ ကြောက်လန့်ဟန်မပေါ်ချေ။ ထိုအမှောင်ထု အတွင်းသို့ ရောက်ရှိလာခဲ့ပြီး အရှေ့သို့ သုံးလေးလှမ်းမျှ လျောက်လှမ်းလိုက်သည်နှင့် ခတ်ထန်လှသော စကားသံတစ်ချို့ ပေါ်ထွက်လာခဲ့သည်။
''ပေါက်ကြီး!''
''ဟင်!… ''
''ငါတို့ကို မှတ်မိသေးလား''
စကားသံများနှင့်အတူ အမှောင်ထုအတွင်း၌ ဝင်းလက်နေခဲ့သော အရာများအား ကိုင်ဆောင်ထားခဲ့ကြသော လူကြီးသုံးဦး ထွက်ရောက်လာခဲ့လေသည်။ သေချာလေသည်။ ထိုသူများ ကိုင်ဆောင်ထားကြသော အရာများဟာ ဝင်းလက်နေသည့် ဓားကြီးများပင်ဖြစ်ချေသည်။
ပေါက်ကြီးဟုဆို၏။ ပေါက်ကြီးဆိုသူမှာ မည်သူဖြစ်သနည်း။ မည်သူ့အားခေါ်ဆိုလေခဲ့သနည်း။ သေချာပါသည်။ ထိုအမှောင်ထု အတွင်း၌ မိမိတစ်ဦးတည်းသာ ရှိနေခဲ့သည်။ ထို့ကြောင့် မိမိကိုသာလျင် ခေါ်ဆိုလိုက်ခြင်းဖြစ်ပေမည်။ သို့သော်လည်း မိမိ၏အမည်မှာ ထိုသူများ ခေါ်ဆိုလိုက်သော ပေါက်ကြီးဆိုသူပင် မဟုတ်ချေ။
''ဗျာ… ခင်ဗျားတို့ ဘယ်သူ့ကိုခေါ်လိုက်တာလဲ''
''ပေါက်ကြီး!… မင်းအရူးကွက်တွေ လာနင်းမနေနဲ့ ငါ့တူဆီက ဖျန်ကျသွားတဲ့ ငွေတွေဘယ်မှာလဲ'
''ဟင်… ဘယ်ကပေါက်ကြီးလဲ ဘာငွေတွေလဲ… ခင်ဗျားတူက ဘယ်သူလဲ ခင်ဗျားတို့ လူမှားနေပြီထင်တယ်နော် ကျုပ်နာမည်ပေါက်ကြီးမဟုတ်ဘူး''
''အောင်မာ မင်းဒီည ဒီလမ်းကနေ သေချာပေါက် လာမယ်ဆိုတာ ငါ့တူကြီးပြောပြထားပြီးသားကွ… ဒီလောက် အရူးကွက်နင်းချင်တဲ့ ကောင် မင်းက ပေါက်ကြီးမဟုတ်တော့ ဂေါက်ကြီးဖြစ်ရမယ် ဟေ့ကောင်တွေ ဒီဂေါက်ကြီးအိတ်ထဲမှာ ငွေတွေရှိနေလိမ့်မယ် လုကွာ မရရင် အသေသတ်ပစ်''
''ဟာ… ဟာ… ဟေ့လူတွေ… ခင်… ခင်ဗျားတို့ လူမှားနေပြီနော်''
''ခုတ်ကွာ!…''
ထိုအမှောင်ထုအား အကာကွယ်ပြု၍ အငြိုးတကြီး ပုန်းခိုစောင့်စားနေခဲ့ကြသော ကြေးစား လူမိုက်တစ်စုပင်ဖြစ်ချေသည်။ ပေါက်ကြီးဆိုသူအား ထိုသူများစောင့်စား နေခဲ့ဟန်တူပြီး ထိုလမ်းအတွင်းမှ ထိုသူသေချာပေါက် ရောက်ရှိလာကြမည်ဟူသည်လည်း သိရှိထားဟန်တူသည်။ ထို့ကြောင့် ယခု ရောက်ရှိလာခဲ့သော မိမိအား လူမှားလျက် အသင့်ကိုင်ဆောင်ထားကြသော ဓားများဖြင့် ဝိုင်းဝန်းခုတ်ကြလေခဲ့သည်။
အနည်းငယ်မျှ ရှောင်တိမ်းတတ်ခဲ့၏။ သေချာစွာရှင်းပြ လိုက်ချင်သေးသည်။ မိမိဟာ ထိုသူများဆိုသကဲ့သို့ ပေါက်ကြီးဆိုသူလည်း မဟုတ် ဂေါက်ကြီးဆိုသူလည်း မဟုတ်ခဲ့ချေ။ သို့သော် ရှင်းပြ၍မရ မိမိအား အသေသတ်နေခဲ့သော ထိုသူများ၏ ဓားချက်များအား ရှောင်တိမ်းနေခဲ့ရလေသည်။ တစ်ဦးချင်းဆိုလျင် သူတစ်ယောက် တိုက်ခိုက်ချေနိုင်ဦးမည်။ ယခုအခါမှာမူ အများနှင့်တစ်ယောက်ဖြစ်သည့်အတွက် သုံးဦးတည်းမှ တစ်ဦးအား သူ၏လက်သီးဖြင့် ဝှက်ထိုးလိုက်ချိန်၌ အနောက်တွင်ရှိနေခဲ့သော ဓားကိုင်လူတစ်ဦး၏ ခုတ်ပိုင်းလိုက်ခြင်း ခံလိုက်ရချေသည်။
ရှပ်ထိသွားခဲ့ခြင်းဖြစ်သည်။ ခပ်ပါးပါးဖြစ်သော ဝါးခြမ်းပြားနှင့် ကျောပြင်အား ရိုက်ခံလိုက်ရသကဲ့သို့ စပ်ခနဲ နာကျင်သွားခဲ့ရသည်။ သေချာသွား၏။ မိမိ၏နောက်ကျော ဓားဖြင့်ခုတ်ခံလိုက်ရလေပြီး။ ထိုသူများနှင့် ဆက်လက်တိုက်ခိုက်နေလျင် မိမိ၏အသတ်သာလျင် သေစေတော့မည်မှာ မလွဲချေ။
ထို့ကြောင့် ဟန်ပြင်လိုက်၏။ တိုက်ခိုက်မည့် ဟန်ပင်မဟုတ်။ လွတ်ရာဆီသို့သာ သူတစ်ယောက် ပြေးရှောင်ရန် ပတ်ဝန်းကျင်အား အကဲခတ်ကြည့်ရှု့စေရင်း အမြန်လမ်းအတိုင်း ပြေးလျင် လွတ်မည်တော့မဟုတ်။ မိမိအား ဟန့်တားထားကြသည်။ ထို့ကြောင့် အမြန်လမ်းနံဘေးသို့သာ အလွတ်ပြေးရှောင်လေခဲ့သည်။ ဇွဲကောင်းလှ၏။ ထိုသူများသည်လည်း မိမိအား မသေမချင်း အသေသတ်မည့်ဟန်တူသည်။ ပြေးဝင်သွားခဲ့သော လမ်းနံဘေးသို့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့လေသည်။
နောက်ကျောမှ ဒဏ်ရာဟာလည်း အလွန်ပင် စပ်နေခါ နာကျင်လွန်းလှသည်။ သို့သော်လည်း ထိုသူများ လိုက်ပါလာခဲ့သည်ကြောင့် အသက်လုခါ အရှေ့သို့ပင် ပြေးမိပြေးရာ ထွက်ပြေးနေခဲ့ရင်း ချူံတစ်ခုအတွင်းသို့ ဝင်ရောက်ပုန်းခိုနေခဲ့ရသည်။
''တောက်!… ဒီနားလေးတင်ပျောက်သွားတယ်ကွာ ဟေ့ကောင်တွေ ချုံတွေကိုလိုက်ခုတ်ချည် ဒီကောင်အသတ်ရှင်နေသေးရင် ငါတို့အလုပ်ဖြစ်မှာမဟုတ်ဘူး''
ကြေးစားလူသတ်သမားများပီပီ ပစ်မှတ်ကိုသာ ဦးတည်လျက် မိမိတစ်ယောက် ဝင်ရောက်ပုန်းရှောင်နေခဲ့သော ပတ်ဝန်းကျင်ရှိ ချူံနွယ်များအား ဓားများဖြင့် လိုက်လံခုတ်နေလေခဲ့သည်။ အတန်ကြာရှာဖွေခဲ့ပြီးနောက် ထိုသူများသည်လည်း လက်ရှော့သွားခဲ့လေသလား။ လမ်းရာလမ်းအတိုင်းသာ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ ထိုသူများ ထွက်ခွာသွားခဲ့ပြီး ခဏအကြာ၌ ပုန်းခိုနေခဲ့သော ထိုလူငယ်သည်လည်း ပတ်ဝန်းကျင်အား အကဲခတ်လျက် ချုံအတွင်းမှ ထွက်လာခဲ့လေသည်။
''အား!… ဟင်… ဒဏ်ရာတော်တော်များတာပဲ ကျွတ်ကျွတ် ငါလမ်းပေါ်ကိုပြန်သွားလို့တော့ မဖြစ်လောက်ဘူး ဒီလူတွေ စောင့်ကြည့်နေဦးမှာ သေချာတယ်''
''ဘယ်တွေရောက်လာမှန်းလဲ မသိပါဘူး အား!… ကျွတ်ကျွတ် ငါ့ဘာသာငါ ကားကောင်းတဲ့အထိ စောင့်နေခဲ့ရင် အခုလိုဖြစ်မှာမဟုတ်လောက်ဘူး''
''မထူးဘူးကွာ ဖြစ်ချင်ရာသာဖြစ် မိုးလင်းတဲ့အထိ ခြေဦးတည်ရာဆီပဲ လျောက်ရတော့မယ်''
ဝတ်ထားခဲ့သော အကျီအဖြူ နောက်ကျောတွင်လည်း စုတ်ပြဲလျက် ဓားဒဏ်ရာ၏ သွေးများဟာလည်း ဝတ်ထားခဲ့သော အကျီအဖြူကိုပင် အနီးရောင်ဖြစ် ပြောင်းလဲသွားစေခဲ့သည်။ မိမိဟာတောသားတစ်ဦးဖြစ်သည်။ နယ်တကာသို့လည်း လှည့်လည်ခါ အပ ပရောဂါများအား ကုသပေးနေခဲ့သည့် အထက်လမ်းဆရာတစ်ဦးလည်းဖြစ်ပေသည်။ ''သွားပါများ ခရီးရောက်'' ဟုဆိုသည့်အတိုင်း အဝေးပြေးလမ်းမ အပေါ်သို့ ပြန်လည်တတ်ရောက်မနေတော့ပဲ တောလမ်းအတိုင်းသာ ခြေဦးတည့်ရာဆီသို့ လျောက်လှမ်းသွားခဲ့လေသည်။
မြင်တွေ့လိုက်ရ၏။ လျပ်စစ်မီးရောင်တချို့။ ထိုနေရာ၌ မည်သူများ နေထိုင် နေကြသနည်း။ အကြံရသွား၏။ ထိုအလင်းရောင်ဆီသို့ ဦးတည်မည်ဖြစ်ပြီး ခေတ္တခဏ ထိုတစ်ညဖို့ ဝင်ရောက်တည်ခိုမည်ဟု တွေးတောမိရင်း မြင်တွေ့နေခဲ့ရသော ထိုမီးရောင်ဆီသို့ ဦးတည်လေခဲ့သည်။
ဘယ်ဘဝမှ ရေစက်များပါလိမ့်မယ်။ ကံဇာတ်ဆရာ၏ ကြိုးဆွဲရာ ကနေခဲ့ရနေသော လူသားများပင်ဖြစ်သည်ကြောင့်လား။ ထိုသူဟာ လူငယ်ငါးဦးဖြစ်သော ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး ထိုသူများ ဒုက္ခရောက်နေချိန်၌ တိုက်ဆိုင်စွာရောက်ရှိ လာတတ်သော မိတ်ဆွေ အစ်ကိုအောင်ပင်ဖြစ်ချေသည်။
ယခုတွင်လည်း သူတစ်ယောက် လျပ်စစ်မီးအရောင်ဆီသို့ ဦးတည်နေခဲ့သော နေရာဟာ သူ၏ မိတ်ဆွေဖြစ်သူ လူငယ်များ သေဘေးနှင့်ရင်ဆိုင်နေရသည့် လူသားစား ဆေးရုံသို့ပင်ဖြစ်ချေသည်။
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ဖော်ပြပေးပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
Post Top Ad
Responsive Ads Here
အပိုင်း(၁၉) လူသားစား ဆေးရုံ သည်းထိတ်ရင်ဖိုဇာတ်လမ်းရှည်
Share This
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment