အပိုင်း(၅) ဖုတ်ကောင် - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၅) ဖုတ်ကောင်

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                          ဖုတ်ကောင်
                           အပိုင်း (၅)
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                **

ယနေ့ည၌ မိမိကိုယ်တိုင် ထိုကျေးရွာတွင် ဖုတ်ကောင်လေလား၊ လူသတ်တရားခံလေလားဟူ၍ ခိုင်လုံသောသက်သေအား ရှာဖွေမည်ဟု ပြောဆိုလေတော့သည်။

' ကို … ရွာထဲကလူတွေ ဒီနေ့အလုပ်ရှုတ်နေကြသလိုပဲ ဘာတွေများဖြစ်နေကြလဲမသိဘူး'
' သြော်ကေရယ် … သူတို့လဲ သူတို့အလုပ်နဲ့ သူတို့ရှိကြမှာပေါ့'
' ဟုတ်တယ်အစ်ကိုရဲ့ … ဒါပေမယ့် ဒီနေ့ပိုပြီး အလုပ်ရှုတ်နေကြသလိုပဲ … ကေ ဈေးကအပြန်တွေ့ခဲ့တာ ရွာလူကြီးလဲ မျက်နှာသိပ်မကောင်းဘူး ဈေးထဲမှာလဲ ဘာတဲ့ … သွေးစုတ်ဖုတ်ကောင် ဆိုလား ! '
' ဟားဟား … မိန်းမကတော့လေ ပြောတော့မယ် သွေးစုတ်ဖုတ်ကောင်ဟုတ်လား… ငါ့မိန်းမတစ်စွန်းတစ်စ ဘာတွေများကြားလာရတာလဲ'
' မသိပါဘူး အစ်ကိုရယ် … ကဲထားလိုက်ပါတော့ … ကိုကြိုက်တတ်တဲ့ ငါးသေတ္တာဝယ်လာတယ် … ကေကိုယ်တိုင်ချက်ကြွေးမယ်လေ'
' ဟားဟား … ငါ့မိန်းမရဲ့ အကောင်းဆုံးလက်ရာလေးကိုတော့ စားရတော့မယ် '
' ညတုန်းက ရွာကလူငယ်တွေ ရွာဝင်ပေါက်အားလုံးကို ကင်းစောင့်ကြတယ်လေ … အဲ့ဒါကြောင့် အစ်မအေးရဲ့ ဝက်တွေလဲမပျောက်ဘူး … တစ်ရွာလုံးလဲ အေးအေးငြိမ်းငြိမ်းနဲ့ မိုးလင်းလာခဲ့တယ်'
' ဟုတ်တယ်ကေရေ … မင်းယောက်ျားလဲ ဘယ်နေ့ကင်းအလှည့်ကျမလဲ မသိသေးဘူး … တော်သေးတာပေါ့ မင်္ဂလာဦးညမှာ ကင်းစောင့်ရတာမျိုးမဖြစ်လို့'
' ဟွန်း … အစ်ကိုကတော့ လုပ်ပြီ '

ဇနီးသည်ကေအား အမြဲတစေ ပျော်ရွှင်စွာထားတတ်သည့် ဆန်းလေးတစ်ယောက်မှာတော့ အချိန်ပြည့်သာလျင် ကျီစယ်စနောက်နေလေ့ရှိပြီး သာယာပျော်ရွှင်သော မိသားစုဘဝလေးအား ဖန်တီးပေးနိုင်ခဲ့သည်။ ကင်းစောင့်လူငယ်သုံးဦး သေဆုံးခြင်းနှင့်ပတ်သတ်ပြီး ထူးဆန်းစွာဖြစ်ပေါ်လာခဲ့သော ဖြစ်ရပ်တစ်ချို့အား ရွာလူကြီးနှင့်ရွာသားတစ်ချို့သာ သိရှိထားကြပြီး တစ်ရွာလုံးအား ကြောက်လန့်ကြမည်ကို စိုးရိမ်၍ ရွာလူကြီးတစ်ယောက်မှာတော့ တိတ်တဆိတ် ထိုဖြစ်ရပ်အား ကာကွယ်နိုင်ရန်သာ ကြံစီနေလေခဲ့သည်။ ထို့ကြောင့်ရွာရှိ ဆန်းလေးနှင့်ကေ ဇနီးမောင်နံနှစ်ဦးတင်သာမက ရွာသူရွာသား တစ်ချို့သည်လည်း ထိုဖြစ်ရပ်အား ကောင်းစွာမသိရှိခဲ့ချေ။

' လူကြီး … ကျုပ်တို့လူငယ်တွေနဲ့ လူကြီးပဲ မနက်က ကိစ္စကိုသိထားကြတာနော် … ရွာသားတွေကို အသိပေးလိုက်ရင် မကောင်းဘူးလား'
' ဟ … အသိကို သတိနဲ့ နားထောင်ရင် ဘာမှမဖြစ်ဘူးထွန်းမောင်ရ … အဲ့လိုမှ မဟုတ်ပဲ အသိပေးလိုက်တာကို သတိမထားပဲ ကြောက်ကန် ကန်ကုန်မှ အားလုံးအန္တရယ်ဖြစ်ကုန်မှာ … ငါလဲသက်ဆိုင်ရာကို အကြောင်းကြားထားပြီးပြီး စခန်းမှူးကြီးကိုယ်တိုင် ငါတို့ရွာကို ဒီည သူကိုယ်တိုင် အကဲလာခတ်မယ်လို့ ပြောလိုက်တယ် … ရဲအရာရှိကြီးရောက်လာမှ တစ်ရွာလုံးအတွက် သူစီစဉ်ပေးလိမ့်မယ်'
' ဒါဆိုလဲ ပြီးတာပဲဗျာ … ရွာထဲကလူတွေ အသွားအလာ ဆင်ခြင်လို့ရအောင်တော့ လူကြီးအရိပ်ငွေ့လေး သတိပေးထားဦး … ညနေဆောင်းပြီဆိုတာနဲ့ ဘယ်သူ့ကိုမှ အပြင်မထွက်ခိုင်းတော့တာ အကောင်းဆုံးပဲ'
' အေးကွ … မင်းအကြံပေးထား မဆိုးဘူး စိတ်ချစိတ်ချ ငါသတိပေးထားလိုက်ပါ့မယ်'

'ဗျို့! … လူကြီး … ဗျို့ !… အုပ်ချုပ်ရေးမှူး'
' ဟေး! … ဘယ်သူတုန်းကွ '
' ကျုပ်ပါ … မြင့်ဝေ'
' သြော် … မြင့်ဝေ! … အပေါ်တတ်ခဲ့လေကွာ'
' စခန်းမှူးကြီးလဲ ပါလာတယ် '
' သြော် … စခန်းမှူးကြီး ကြွပါခင်ဗျ '
' ဟုတ်ကဲ့ လူကြီး ! … လူကြီး အကြောင်းကြားတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်လာခဲ့တာပဲ ဒီည ကျွန်တော်ကိုယ်တိုင် ခင်ဗျားတို့ရွာလုံခြုံရေးအတွက် တာဝန်ယူပေးမယ် ဟုတ်ပြီလား'
' ကျေးဇူးတင်ပါတယ်စခန်းမှူးကြီးရာ … ကျုပ်တို့ချည်းပဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ဘူး'
' ဘာမှ မစိုးရိမ်ပါနဲ့ … ကျွန်တော်တို့တတ်နိုင်သမျှ တရားခံကိုဖော်ထုတ်ပေးသွားမှာပါ'
' ဟုတ် … ဟုတ်ကဲ့ ဒါနဲ့လေ မနက်က အဖြစ်ပျက်ကို ရွာကလူတွေ မသိကြသေးဘူး ကျုပ်နဲ့ဒီက လူငဟ်တစ်ချို့ပဲ သိထားကြတာ … ရွာကလူတွေကို အသိပေးလိုက်လို့ ဖြစ်ပါ့မလားစခန်းမှူးကြီး'
' အင်း … နေဦးဗျ … အကြောင်းကိစ္စခိုင်လိုင်လုံလုံမရှိသေးတော့ မပြောပြသေးတာကောင်းတယ် … ဒါပေမယ့် အရိပ်အငွေ့လေးတော့ သတိပေးထားလိုက်ပါ'
' ဟုတ်ကဲ့စခန်းမှူးကြီး … ရွာမှာ လူဦးရည်များတယ် အသက်ကြီးပိုင်းတွေနဲ့ ကလေးတွေက သုံးပုံနှစ်ပုံရှိနေတော့ … သူတို့အတွက် စိုးရိမ်မိလို့ပါ'

' အရင်က လူကြီးတို့ရွာမှာ အခုလိုဖြစ်ခဲ့ဘူးလား'
' တစ်ခါမှ မဖြစ်ခဲ့ဘူးပါဘူး … ကျုပ်က ငယ်မွေးခြံပေါက် ဒီနယ်မှာကြီးပြင်းလာတဲ့ လူတစ်ယောက်ဗျ … ပတ်ဝန်းကျင်နယ်တွေမှာ မအေးချမ်းဖြစ်ရင်တောင် ကျုပ်တို့ကြံခင်းနယ်လေးက အေးအေးချမ်းချမ်းနဲ့ နေထိုင်လာနိုင်ခဲ့တာ … အခုမှဗျာ … ထူးထူးခြားခြားအဖြစ်ပျက်နဲ့ လာကြုံနေရတယ်လို့'
' သေဆုံးသူ သုံးယောက်တည်းက တစ်ယောက်က လူကြီးတို့ရောက်ခါမှ သေသွားခဲ့တာနော် … သူတို့အလောင်းမှာ တစ်ခြားဘာဒဏ်ရာတွေ ရှိနေသေးလဲ … ဥပမာ တစ်ကိုယ်လုံး ပြာသွားတို့ နီသွားတာတို့ပေါ့'
' အင်း … မောင်ဌေးတို့ အဲ့ဒီလိုမဖြစ်ခင်က ရွာမှာ သူတို့လို့ပဲ ကျွဲ၊နွားတိရိစ္ဆာန်တွေ ဂုတ်မှာအကိုက်ရာနဲ့ သုံးရက်ဆက်တိုက် သေခဲ့ရတယ် … ကျုပ်တို့လဲ အဲ့ဒီတောကောင်ကြီးကို စောင့်ဖမ်းတဲ့ မနေ့ညမှာပဲ မောင်ဌေးတို့လဲ အဲ့ဒီတိရိစ္ဆာန်တွေလို အကိုက်ခံရပြီး သေခဲ့ရတယ် … တစ်ခြားခန္ဓာကိုယ်ပေါ်မှာ ဘာဒဏ်ရာမှတော့ မတွေ့မိဘူးဗျ စခန်းမှူးကြီးပြောသလို တစ်ကိုယ်လုံး ပြာသွားတာမျိုးလဲ မတွေ့မိဘူး … ဂုတ်တစ်ခုတည်းမှာပဲ အကိုက်ရာအကြီးကြီးတွေ့တယ် … '
' အဲ့ဒီ အကိုက်ရာက ဘယ်လိုပုံစံမျိုးလဲ လူကြီးမှတ်မိလား'
' မှတ်မိတာပေါ့ ခွေးကိုက်တဲ့ ဒဏ်ရာမျိုးလိုပဲ နှစ်လောက်မလောက် အကွာအဝေးမှာ အစွယ်အပေါ်အောက် လေးချောင်းအရာကတော့ ထင်းနေတာပဲဗျ'
' ဟင် … ဒါဆို … ဘယ်လိုတောကောင်မျိုးပါလိမ့်'
' အဲ့ဒါပြောတာပေါ့ စခန်းမှူးကြီးရာ … ကျုပ်ရွာသူရွာသားတွေအတွက် အရမ်းစိတ်ပူမိတယ် … သေသွားတဲ့ မောင်ဌေးတို့မိသားစုတွေကလဲ ကျုပ်ရဲ့ တူ၊သားလို့ စောင့်ရှောက်ခဲ့ရတာ …  စိတ်မကောင်းဘူးဗျာ'

' အင်း … ဟုတ်ပါပြီ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ရောက်လာပြီပဲ ဘာမှ မစိုးရိမ်နဲံတော့ အခုလုံခြုံရေးအတွက် ကျုပ်ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ပေးမယ် လူကြီးနဲ့ဒီကလူငယ်တစ်ချို့က ကျုပ်ကိုလိုအပ်တာလေး ဝိုင်းလုပ်ပေး ဟုတ်ပြီလား''
' ဟုတ်ကဲ့ စခန်းမှူးကြီး ကျေးဇူးတင်ပါတယ်'

ကြံခင်းနယ်အပိုင် လသာကျေးရွာသို့ နယ်မြေပိုင်စခန်းမှူးကြီး ဝင်းနိုင်တစ်ယောက် ရောက်ရှိလာခဲ့ပြီး နေ့လည်ခင်းအချိန်၌ ရွာမှလူငယ်တစ်ချို့နှင့် ရွာဝင်ပေါက်ခြံစည်းရိုးများအား လုံခြုံစွာခတ်လျက် မိမိ၏အတွေးထဲမှ သွေးစုတ်ဖုတ်ကောင်လေလား လူသတ်သမားလေးလားဟု ခွဲခြားမရပဲ ထိုညတွင်သာ အဖြူအမည်း သည်းကွဲစွာလေ့လာမည်ဟု ကြံဆထားခဲ့လေသည်။

ဆယ်ပေမျှမြင့်သော ကင်းစင်တစ်ခုအား တည်ဆောက်ထားစေပြီး ယနေ့ညမှ ထိုကင်းစင်ပေါ်၌ မိမိကိုယ်တိုင်အကဲခတ် စောင့်ကြည့်မည်ဖြစ်သည်။ ရွာသူရွာသား တစ်ချို့မှာလည်း ထိုသို့ ပြုလုပ်နေကြသည်ကို တွေ့မြင်နေခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ပြုလုပ်နေကြသည်ကို မသိ ရပ်ရွာအုပ်ချုပ်ရေးမှူးမှ တောရိုင်းသားကောင်ကြီး၏ ရန်အား ကြိုတင်ကာကွယ်ရန် ပြုလုပ်နေခြင်းဟု ပြောဆိုထားခဲ့လေသည်။

                                  ***

' ဆရာ … ခြံရှေ့မှာ ကောင်လေးတွေ ရောက်နေတယ် ဆရာနဲ့တွေ့ချင်လို့တဲ့ နာမည်က ထီးကလေး'
' သြော် … ဝင်ခိုင်းလိုက်လေ … '

' ဆရာ မင်္ဂလာပါ '
' အေး မင်္ဂလာပါကွာ … လာ … ထိုင်ကြ'
' ဟုတ်ကဲ့ဆရာ …  ဒါကျွန်တော့သူငယ်ချင်းတွေပါ သူကလမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး'
' ဟင် … ဒါဆို ထီးကလေးဆိုတာ မင်းပေါ့'
' ဟာ … ဆရာကလဲ သိရဲ့သားနဲ့'
' အေးကွ … ငါသိတဲ့ မောင်ထီးကလေးက ငါ့တပည့်ထီးကလေး အခုထီးကလေး …! ဒါဆို မင်းတို့ငါးယောက်က ပျောက်ဆုံးနေတဲ့ အမှူ့တော်တော်များကို ဖော်ပေးခဲ့တဲ့ လူငယ်ငါးယောက်ဆိုတာလား'
' ဟုတ်ပါတယ်ဆရာ '
' ဟ … မောင်ထီးလေး … အစောကြီးတည်းက ဘာဖြစ်လို့ငါ့ကို မပြောရတာလဲ မောင်ရင်တို့အားလုံးကို တွေ့ရတာ အတိုင်းမသိဝမ်းသာမိပါတယ်'
' ဟုတ်ကဲ့ဆရာ … ကျွန်တော်တို့သူငယ်ချင်းတွေ သန်ဘက်ခါစောနယ်ဘက်ကို ခရီးထွက်ကြတော့မယ် ဆရာများ…¡ ဆန်းလေးသတင်း ရပြီးလားဆိုတာ ကျွန်တော်သိချင်လို့ လာမေးတာပါ'
' ဘယ်ရမှာလဲ ထီးလေးရာ … ဆရာတို့လဲ အဖက်ဖက်ကနေ စုံးစမ်းထားကြတယ် … ဒါပေမယ့် သားလေးရဲ့ သတင်း ဘာတစ်ခုမှ မကြားရသေးဘူး … ဒါဆရာ့ဇနီးလေ … ကြည့်စမ်းပါဦး သူပဲပြောတုန်းက ပြောလိုက်ပြီးတော့ နေ့တိုင်းမအိပ်နိုင် မစားနိုင်ဖြစ်နေရတယ်'
' အန်တီပြောလိုက်တာ လွန်သွားခဲ့တယ် ငါ့တူတို့ရယ် မင်းတို့ငါးယောက်က အန်တီတို့ကြားဘူးထားတဲ့ ကိုမောင်ဝင်းရဲ့ မိတ်ဆွေတွေဆိုတော့ ဆန်းလေးကို တွေ့အောင်ရှာပေးနိုင်လိမ့်မယ်ဆိုတာ အန်တီယုံကြည်တယ် … ဆန်းလေးကို တွေ့ရင်ပြောလိုက်ပါ အန်တီနဲ့မင်းဆရာက သူတို့နှစ်ယောက်ကို မခွဲတော့ပါဘူးလို့'
' စိတ်ချပါအန်တီ … ကျွန်တော်တို့ ဆန်းလေးကို တွေ့အောင်ရှာပေးပါ့မယ် '
' အေးကွယ် … ဆရာတို့စိုးရိမ်တာက အဝေးပြေးလမ်းမမှာ မောင်ထီးလေးတို့နဲ့ သားလေးဆုံခဲ့တုန်းကလို လူဆိုးဓားပြတွေနဲ့ တွေ့ပြီး တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေကြတာ'
' စိတ်ချပါ ဆရာ … မစိုးရိမ်ပါနဲ့ ကျွန်တော်တို့ စောနယ်ကို အရင်မဝင်ခင် သာစည်တစ်နယ်လုံးကို မြေလှန်ရှာမယ် … ဆန်းလေးကို တွေ့မှာပါဆရာနဲ့အန်တီ စိတ်အေးအေးထားကြပါ'
' အေးကွယ် … ဒီက … '
' ကျွန်တော် တန်ခိုးပါ'
' သြော် … တန်ခိုးဆိုတာလား … မောင်ရင့်အကြောင်းကိုတော့ ဆရာသိထားပြီးသားပါ မောင်ရင်တို့လို လူငယ်တွေတစ်စုတစ်စည်းတည်း စည်းလုံးညီညွှတ်ကြတာ သိပ်ကိုတန်ဖိုးရှိတယ် … ဆရာတို့လင်မယားနှစ်ယောက် မောင်ရင်တို့ကျေးဇူးကို မမေ့ပါဘူး'
' ရပါတယ်ဆရာ … ရပါတယ် … ကျွန်တော်တို့က အဲ့ဒီလို တကယ်အကူညီလိုနေလို့ကတော့ အစွမ်းကုန်ကူညီပေးတတ်တဲ့ အကျင့်ကိုဘယ်လို ဖျောက်ပစ်ရမှန်းမသိတော့ပါဘူး'
' ဟုတ်တယ်ဆရာ… တန်ခိုးကြီးက အကူညီလာတောင်းရင် ထမင်းစားနေရင်းနဲ့တောင် ထပြီးလိုက်ကူညီပေးတာ လက်တောင်ဆေးတာမဟုတ်ဘူး'
' ဟား ဟားဟား ဟား … ဒီလိုအစနောက် သန်တဲ့ပုံစံမျိုးဆို လမ်းကလေးဆိုတာပဲ ဖြစ်ရမယ်'
' ဟုတ်ကဲ့ဆရာ … ကျွန်တော်လမ်းကလေးပါ'
' အားလုံးကို တွေ့ရတာ ဒုတိယအကြိမ်မြောက် ထပ်ပြီး ဝမ်းသာမိပါတယ်'
' ဟုတ်ကဲ့ဆရာ … ကျွန်တော်တို့ သန်ဘက်ခါတွက် စီစဉ်စရာလေးတွေရှိလို့ ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး'
' ကောင်းပါပြီကွယ် … ကောင်းပါပြီ'

တစ်ဦးတည်းသော သားလေးမို့ မိဘနှစ်ပါးမှာ အင်မတန်ချစ်သည်။ တခုလပ်ဟူသော မိန်းကလေးနှင့် သဘောမတူနိုင် ပြင်းထန်းစွာ ပြောဆိုလိုက်ခြင်းကြောင့် သားဖြစ်သူ ဆရာဝန်လောင်းလေးမှာ မိဘများ၏အဆက်သွယ်နှင့် လွတ်ကင်းရာ နယ်မြို့လေးတစ်မြို့မှာသာ ဇနီးဖြစ်သူနှင့် အချေချနေထိုင်နေခဲ့သည်။ မိဘများမှာ သားဖြစ်သူအား ချစ်သည့်စိတ်ဖြင့် ချစ်သူနှစ်ဦးအား သဘောတူစွာ လက်ထပ်ပေးမည်ကို သားဖြစ်သူ ဆန်းလေးတစ်ယောက် မသိခဲ့ချေ။ ထို့ကြောင့် ဖခင်ဖြစ်သူအား တွေ့ရှိလိုက်သည်နှင့် မိမိတို့အား ခွဲခွာပစ်မည်ကို စိုးရိမ်ကာ ပုန်းခိုနေခဲ့ရသည်။

ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများ ဆရာ၏နေအိမ်သို့ ရောက်ရှိလာခဲ့ပြီး ကျွနိုပ်အား သားဖြစ်သူ ပျောက်ဆုံးနေသောကြောင့် ဝိုင်းဝန်းရှာပေးရန် အကူညီတောင်းထားသော အကြောင်းအား သွားရောက်မေးမြန်းခဲ့သည်။ သို့သော် သားဖြစ်သူ၏ သတင်းမှာ မည်သည့်အကြောင်းတစ်ခုမှ မသိရသေးကြောင်း ဆရာဖြစ်သူ ပြောဆိုပြခဲ့ပြီး ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများအား လှိုက်လှဲစွာ အကူညီတောင်းဆိုနေခဲ့သည်။ ကျွန်ုပ်တို့အားလုံးသည်လည်း ပျောက်ဆုံးနေသော ဆရာ့၏သားဖြစ်သူဆန်းလေးအား အစွမ်းကုန်ကူညီကာ ရှာပေးမည်ဟု ကတိပေးပြောဆိုကာ ပြန်လည်ထွက်ခွာလာခဲ့လေသည်။

                                  ***
ညနေဆည်းဆာ နေဝင်လုနီးပါး။ ကြံခင်းနယ်အပိုင် လသာကျေးရွာလေး၏ ညနေဆည်းဆာ နေဝင်ချိန်များ၌ ကြားရလေ့ရှိသော အိပ်တန်းတတ်ငှက်လေးများ၏ အော်ဟစ်သံလေးများပင်လျင် ပျောက်ကွယ်နေခဲ့ပြီး။ ဆောင်းတွင်းညနေခင်း၏ အေးစမ့်စမ့် အရသာလေးနှင့်အတူ ယနေ့မနက်ခင်း၌ အံ့သြကြီးစွာဖြစ်ရပ်တစ်ခုအား ကြုံတွေ့ခဲ့ရသော ရွာရှိလူငယ်တစ်ချို့မှာတော့ မိုးချုပ်မည်အား စိုးရိမ်ထိတ်လန့်နေလေခဲ့သည်။

တဖြည်းဖြည်းနှင့် အမှောင်ထုဟာ ကြီးဆိုးလာခဲ့ပြီး ညဦးပိုင်းအချိန်သို့ပင် ရောက်ရှိလာချေခဲ့သည်။ ညပိုင်းသို့ရောက်ရှိလာသည်နှင့် ရွာသူရွာသားများအား နေအိမ်အတွင်း၌သာ နေထိုင်စေရန် ရွာလူကြီးနှင့်ရဲအရာကြီးမှာတော့ နှိုးဆော်သတိပေးထားခဲ့ပြီး ယူနီဖောင်းမဟုတ် သာမာန်အရပ်ဝတ်ဖြင့် ရဲအုပ်ဝင်းနိုင်တစ်ယောက်မှာတော့ ကင်းစင်ပေါ်တွင် နေရာယူကာ ရွာသားတစ်ချို့အား ထိတ်လန့်ခြင်းများ မဖြစ်စေရန် အားပေးနှစ်သိမ့်နေလေခဲ့သည်။

' ခင်ဗျားတို့ကလဲဗျာ … ဘာကိုကြောက်နေရတာလဲ … '
' ကြောက်တယ်ဗျ ဆရာရ … ကျုပ်တို့ကိုယ်တိုင် မောင်ဌေးတို့အလောင်းတွေ ထူးထူးဆန်းဆန်းဖြစ်လာတာ တွေ့ခဲ့ရတာ … မျက်လုံးလဲပွင့်လာတယ် … ပြီးတော့ … လက်သည်းတွေကလဲ သိသိသာသာရှည်ထွက်လာတာ'
' အေးလေ … အဲ့ဒါကြောင့်ပြောတာပေါ့ … ခင်ဗျားတို့ကြောက်နေမယ့်အစား အဲ့ဒီတောကောင်ကြီးကို ကျုပ်တို့အားလုံး ပူးပေါင်းပြီး အမြန်ဆုံးဖမ်းနိုင်မှ ခင်ဗျားတို့ရွာ အေးအေးချမ်းချမ်းနေနိုင်မှာ မဟုတ်ဘူးလား'
' ဟုတ် …  ဟုတ်ကဲ့'
' အေး … အဲ့ဒါကြောင့်ပြောတာ … ကဲအခု အားလုံး ကျွန်တော်သတ်မှတ်ပေးထားတဲ့ နေရာမှာ အသင့်ပြင်ပြီး နေကြပါ … အကြောင်းတစ်ခုခုထူးရင် … အချက်ပြဖို့ ကျွန်တော်လုပ်ပေးထားတဲ့ သံချောင်းခေါက်ပြီး အချက်ပြလိုက်ဟုတ်ပြီလား'
' ဟုတ် …  … ဟုတ်ကဲ့ '
' ကောင်းပြီး … အားလုံး သတိဝီရိယရှိပါစေနော်'

ညဦးပိုင်းသို့ကျော်လွန်လာခဲ့ချေပြီး ။ အရှေ့၊အနောက်၊တောင်၊မြောက် ရွာအဝင်ပေါက်များအား ကင်းစောင့်လူငယ်များ လက်နက်ကိုယ်ဆီ ကိုင်ဆောင်ထားကြပြီး ဂုတ်သွေးစုတ်တတ်သည့် တောကောင်ကြီး၏ အလာအား စောင့်မျှော်နေလေခဲ့သည်။ ညဦးပိုင်းကျော်လွန်ကာ ညဥ့်နက်သည့်အထိ ရွာအဝင်ပေါက်များဆီသို့ ခွေးတစ်ကောင်ကြောင်တမှီးမျှ ဝင်ရောက်လာခဲ့ခြင်းမရှိခဲ့ချေ။ ရဲအုပ်ဝင်းနိုင်တစ်ယောက်မှာလည်း ကင်းစင်အပေါ်၌ တစ်ညလုံးအိပ်စက်ခြင်းမပြုပဲ မိမိ၏လေ့လာထားခဲ့ဘူးသော မှတ်တမ်းများအထဲမှ ဖုတ်ကောင်လေလား၊ ရက်စက်စွာသတ်တတ်သည့် လူသတ်တရားခံလေလားဟူ၍ ခွဲခြားသိရှိရန် ဇွဲကောင်းစွာဖြင့် စောင့်မျှော်နေလေခဲ့သည်။

သို့ပေမယ့် ထူးထူးခြားခြားမည့်သည့် အရိပ်အယောင်တစ်ခုမျှ မတွေ့ရပဲ ဆောင်းတွင်းညခင်း၏ အေးစမ့်စမ့်အထိအောက်တွင်သာ မနက်အာရုံတတ်ချိန်သို့ နီးကပ်လာခဲ့ချေတော့သည်။ ဖုတ်ကောင်၏ လက်ချက်ဖြင့် ကင်းစောင့်လူငယ်သုံးဦးဟာ ထိုသို့မနက်အာရုံတတ်ချိန်၌ပင် သေဆုံးခဲ့ရကြောင်းအား မျက်မြင်ကိုယ်တွေ့ ရွာသားလူငယ်များဟာ ရိပ်စားမိခဲ့ပြီ အာရုံတတ်မည့် အချိန်၌ ရဲအုပ်ဝင်းနိုင်ထံသို့ ရောက်ရှိလာခဲ့ပြီး
' ဗျို့ … ဆရာ '
' သြော် ကိုထွန်းလှတို့ပါလား … ထူးထူးခြားခြား ဘာတစ်ခုမှလဲ မတွေ့ရပါလား'
' ဟုတ်တယ်ဗျ… ကျုပ်တို့လဲ တစ်ညလုံး တစ်ချက်မှမအိပ်ပဲ စောင့်ကြည့်နေခဲ့တာပဲ ဘာအရိပ်အယောင်မှ မတွေ့ခဲ့ရဘူး ဆရာရော !…'
' ကျုပ်လဲ တူတူပါပဲဗျာ … ဘာမှ ထူးထူးခြားခြားမတွေ့ရပါဘူး'
' ဒါဆို ဒီနေ့ဒီကောင်ကြီး မလာတော့ဘူးနဲ့ ထင်ပါတယ်ဗျာ… ကျုပ်တို့အိမ်ခဏပြန်မယ် ဖြစ်မလား'
' ပြန်ကြလေ … ကျူပ်ကတော့ မိုးလင်းမှပဲ ရွာထဲပြန်ဝင်လာခဲ့မယ်လို့ လူကြီးကိုပြောလိုက်ဦးဗျ'
' ဟုတ်ကဲ့ ဆရာ … ဂရုစိုက်နော် '

ရွာသားလူငယ်များဟာ မနက်အာရုံတတ်ချိန်၌ လက်နတ်ကိုယ်ဆီ ကိုင်ဆောင်ထားကြပြီး ရဲအုပ်ဝင်းနိုင်ထံသို့ ရောက်ရှိလာကာ မိမိတို့၏ နေအိမ်သို့ခေတ္တမျှ ပြန်ကြဦးမည်ဟု တောင်းဆိုခဲ့လေသည်။ ရဲအုပ်ဝင်းနိုင်တစ်ယောက်မှာလဲ မည်သည့်ထူးခြားမှု့တစ်ခုမျှ မတွေ့ရှိရပဲ ယခုအာရုံတတ်ချိန်သို့ ရောက်ရှိလာခဲ့သည်ကြောင့် စိတ်အေးစွာနှင့်ပင် ရွာသားများ၏ တောင်ဆိုချက်အား ခွင့်ပြုလိုက်ချေတော့သည်။

ဝေလီဝေလင်း မနက်အာရုံတတ်ချိန်သို့ ရောက်ရှိလာခဲ့ပြီး ဆောင်းတွင်းမနက်ခင်း၏ မြူနှင်းများကြားမှ မသည်းမကွဲ ပုံရိပ်တစ်ခုအား ဆယ်ပေကျော်မျှမြင့်သော ကင်းစင်အပေါ်မှ ရဲအုပ်ကြီးဝင်နိုင် တွေ့ရှိနေခဲ့ရသည်။ ထိုပုံရိပ်ဟာ ရွာတောင်ပိုင်းဝင်ပေါက်လမ်းအတိုင်း ရွာထဲသို့ ဝင်ရောက်မည့်ဟန်ဖြစ်ပြီး ရဲအုပ်ကြီးဝင်းနိုင်မှာ သူ၏တာဝန်အရစစ်ဆေးရန် သွားရောက်မည်ဖြစ်သည်။  ထို့ကြောင့် အသင့်ဆောင်လာသည့် ခြောက်လုံးပြူးသေနတ်အား ခါးကြားတွင်ထိုးလျက် ဓားမြှောင်အား လက်မှာဆွဲကိုင်ကာ ကင်းစင်အောက်သို့ တစ်ဆင့်ချင်း ဆင်းလာချေခဲ့သည်။ အဝေးမှလှမ်းမြင်နေရသော ပုံရိပ်အနားသို့ ရဲအုပ်ကြီးဝင်းနိုင်အရောက်လှမ်းမည် ဖြစ်သည်။

ခြေလှမ်းမှန်မှန် တစ်လှမ်းချင်း လှမ်းနေခဲ့သော ဝင်းနိုင်၏အနားသို့ မသည်းမကွဲလှုပ်ရှားမှု့ကြီးမှာ လျင်မြန်နီးကပ်စွာဖြင့် ရုတ်တရက်ရောက်ရှိလာခဲ့သည်။ မိမိ၏အရှေ့သို့ လျင်မြန်စွာရောက်ရှိလာခဲ့သော ဖုတ်ကောင်ကြီးအား ရဲအုပ်ဝင်းနိုင်တစ်ယောက် ဖြည်းညင်းစွာနှင့်မော့ကြည့်မိလိုက်သည်။ မိမိ၏အရပ်အမောင်းဟာ ငါးပေကျော်မျှသာ ရှိခဲ့ပြီး ဖုတ်ကောင်၏အရပ်အမြင့်မှာ ခုနှစ်ပေကျော်မျှ ရှိနေသော်ကြောင့် ဖုတ်ကောင်၏ ဝမ်းဗိုက်နေရာမှာ မျက်နှာပြင်သို့ ဝင်းနိုင်တစ်ယောက် ဖြေးညင်းစွာမော့ကြည့်မိလိုက်လေသည်။

မိမိ၏လေ့လာထားခဲ့ဘူးသော မှတ်တမ်းများထဲတွင် ဖုတ်ကောင်၏ပုံစံအား ရုပ်လုံးပေါ်အောင် မှတ်တမ်းရေးဆရာများ ရေးဖွဲ့ထားနိုင်ခဲ့သော်လည်း မျက်စိနှင့်မမြင်ရသော်ကြောင့် သာမာန်မျှသာ ထင်မြင်ခဲ့ဘူးသည်။ ယခုအခါ ထိုဖုတ်ကောင်ကြီးမှာ မိမိ၏အရှေ့မောက်သို့ စိုက်မြိုက်စွာရောက်ရှိလာခဲ့ပြီး အသားအရည်ခြောက်ခမ်းနေသည့် ဖုတ်ကောင်၏မျက်နှာပြင်အား မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။ မိမိ၏တစ်ကိုယ်လုံး ကျောက်သားကဲ့သို့ မတုန်မလှုပ်ပဲ မျက်လုံးအိမ်မှာလဲ ဖုတ်ကောင်၏မျက်နှာအား မော့ကြည့်လျက်သား ပါးစပ်မှာလဲ အဟောင်းသား ဖြစ်နေလေခဲ့သည်။

ဖုတ်ကောင်ကြီးမှာ ပါးစပ်အားဟလျက် အာခေါင်သံပါအောင် အော်ဟစ်ညည်းထွားလိုက်သည့် အချိန်မှာပင် ဝင်းနိုင်တစ်ယောက် အသိစိတ်ပြန်လည်လာခဲ့ပြီး ခါးကြားမှ သေနတ်အား ထုတ်ယူကာ စတင်ပစ်ခတ်လေတော့သည်။ သို့ပေမယ့် လူသားမဟုတ်သည့် ဖုတ်ကောင်ကြီးအတွက် ထိခိုက်နာကျင်မှု့များ မဖြစ်ပေါ်ပဲ သေနတ်သံ၏ အသံကြောင့်သာ ဖုန်ကောင်ကြီးမှာ ဆယ်ပေကျော်မျှ ခုန်ပေါက်ကျော်လွှားသွားခဲ့ပြီး ဝင်းနိုင်၏အရှေ့မှ ခေတ္တပျောက်ကွယ်သွားခဲ့လေသည်။

အလင်းရောင်ထွက်ပေါ်လာတော့မည့် ဝေလီဝေလင်းအချိန်၌ မိမိတစ်ကိုယ်တည်းသာ သွေးပျက်စရာကောင်းလှသော မျက်နှာပိုင်ရှင် ဖုတ်ကောင်ကြီးအား တွေ့ရှိခဲ့ရပြီး ကြောင်တောင်တောင်ဖြစ်သာ ဘေးပတ်ပတ်လည်အား သေနတ်ဖြင့် လိုက်လံချိန်းဆနေခဲ့သည်။ သို့ပေမယ့် ဖုတ်ကောင်ကြီးမှာ မည်သည့်ဆီသို့ ရောက်ရှိသွားခဲ့သည်ကို မသိ ။ ထိတ်လန့်နေသော အမူယာဖြင့် ရဲအုပ်ဝင်းနိုင်မှာ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်း ချလိုက်လေသည်။

အေးချမ်းလှသည့် ဆောင်းမနက်ခင်း၌ ဝင်းနိုင်တစ်ယောက်၏ိံ ရင်တွင်းမှ အပူများအား မည်သူသိနိုင်မည်နည်း။ သူထင်နေသည် ဖုတ်ကောင်လေလား။ သို့သော် ရဲအရှိတစ်ယောက်ဖြစ်သည့်အတွက် အဘက်ဘက်မှတွေးတောဆင်ခြင်ကာ လူသားစင်စစ် လူသတ်သမားသည်လည်း ဖြစ်နိုင်နေသည်။ ရဲအုပ်ဝင်းနိုင်အဖို့ လူဆိုးထိန်းဘွဲ့အားရရှိထားသည်ကြောင့် လူသတ်သမားဆိုလျင် လွယ်ကူလျင်မြန်စွာဖြင့် ဖမ်းစီးနိုင်မည်မှာသေချာလှသည်။ ထို့ကြောင့်လည်း အရာရာအား ပေါ့လျော့တွေးထားခဲ့ပြီး မိမိသာလျင်အတွေးလွန်သွားသော်ကြောင့် စိတ်ကူယဉ်ဆန်လှသည့် ဒဏ်ယာရီများထဲမှ ဖုတ်ကောင်ဆိုသည်မှာ မရှိနိုင်ပါဘူးဟု အတွေးများကြောင့်ြှီုကိုတင်အစီစဉ်များ မပြုလုပ်ခဲ့ရသေးချေ။

မိမိ၏ပစ်ခတ်လိုက်သော သေနတ်သံကြောင့် ဖုတ်ကောင်ကြီးမှာ မည်သည့်ဆီသို့ ထွက်ခွာသွားခဲ့သနည်း။ မိမိဆီသို့ ပြန်လည်၍ရောက်ရှိ မလာနိုင်တော့ပြီလား။ ဖုတ်ကောင်လေလား၊ လူသတ်တရားခံလေလားဟူ၍ ကောင်းစွာဝေခွဲမရသည့် ဝင်းနိုင်တစ်ယောက်မှာတော့ ယခုဖုတ်ကောင်ကြီးဆိုသည်မှာ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီး လူသတ်တရားခံပင်မဟုတ် ဖုတ်ကောင်ကြီး၏ရန်စွယ်များအား ကာကွယ်သတိပေးရန် အချိန်မှီသေးသည်။ ထို့ကြောင့်စိုးရိမ်စွာဖြင့် ရွာထဲသို့ ဝင်ရောက်ကာ လိုအပ်သည်များအား မှာကြားတော့မည်ဟု တွေးတောမိရင်း တစ်ဖတ်သို့လှည့်လိုက်ချိန်မှာပင် ဖုတ်ကောင်ကြီးမှာ သန်မာလှသော သူ၏လက်တံဖြင့် ဝင်းနိုင်အား ဝှေ့ရမ်းချလိုက်လေသည်။ အာရုံတစ်ခုလုံး မူးဝေသွားခဲ့ပြီး မြေပြင်ပေါ်၌ လဲကျသွားကာ ဖုတ်ကောင်၏လက်အတွင်းသို့ မိမိရောက်ရှိတော့မည်ကို သိလိုက်ရသည်။ သို့ပေမယ့် စိတ်သာလျင် ဖုတ်ကောင်ကြီးနှင့်အပြန်အလှန် တိုက်ခိုက်နေခဲ့ပြီး ခန္ဓာကိုယ်တစ်လုံးထုံထိုင်ကာ မထနိုင်တော့သည့် ဝင်းနိုင်အား ဖုတ်ကောင်ကြီးမှာတော့ လွယ်ကူစွာဖြင့် ဖမ်းယူကာ ဂုတ်သွေးစုတ်လေတော့သည်။

ဖုတ်ကောင်အား သေနတ်ဖြင့်ပစ်ခတ်လိုက်သည့် အသံအား ရွာရှိလူငယ်များကြားသိလိုက်ရပြီး ရွာလူကြီးဦးဆောင်ကာ ရဲအုပ်ဝင်းနိုင်ရှိနေမည့် ကင်းစင်ဆီသို့ အပြေးရောက်ရှိလာခဲ့ကြသည်။ ကင်းစင်အပေါ်၌ ရဲအုပ်ဝင်းနိုင်အား မတွေ့ရပဲ ကင်းစင်၏ပတ်ဝန်းကျင် ဆယ်ပေကျော်မျှ ဝေးကွာနေသော မြေပြင်ပေါ်၌သာ လဲကျနေသည့် ရဲအုပ်ဝင်းနိုင်အား တွေ့ရှိလိုက်ရသည်။ လဲကျနေသည့် ဝင်းနိုင်၏အနားသို့ ရွာသားများအပြေးသွားရောက်ခါ ပွေ့ဖတ်လိုက်ပြီး
' ဟာ … လူကြီး … ရဲအုပ်ကြီး ကိုယ့်ဖာသာကိုယ် သက်သေသွားပြီး'
' ဟင် … ဟာ … မဟုတ်ပါဘူး … ဒီမှာကြည့်စမ်း '

နှလုံးတည့်တည့် ရင်ဘတ်နေရာ၌ မိမိတွင်အသင့်ရှိနေသော ဓားမြှောင်ဖြင့် ရဲအုပ်ဝင်းနိုင်ဟာ မိမိကိုယ်ကိုမိမိ ထိုးထားလျက် သေဆုံးနေခဲ့သည်အား တွေ့ရှိလိုက်ရသည်ကြောင့် ရွာသားတစ်ချို့မှာ အထင်မြင်မှားကာ ပြောဆိုမိလိုက်သည်။ သို့ပေမယ့် ရဲအုပ်ဝင်းနိုင်၏ိံ ဂုတ်မှာတော့ ထုံးစံအတိုင်း ဖုတ်ကောင်၏ိံအကိုက်ဒဏ်ရာအား ထပ်မံ တွေ့ရှိလိုက်ရပြီး
' ဟာ … သွားပြီ … ရဲအုပ်ကြီးအကိုက်ခံလိုက်ရပြီ '
' ဟင် … ဒီ … ဒီမှာစာရေးသွားတယ် … ဘာတဲ့ ဖုတ်ကောင်'

မိမိ၏ရင်ဝယ်အတွင်း၌ ဖုတ်ကောင်၏အကြောင်းနှင့် ပတ်သတ်ပြီး ပြောချင်လှသော အမှာစကားများဟာ ဝင်းနိုင်၏ရင်ထဲ၌ ပြည့်နှပ်စွာရှိနေခဲ့သည်။ ဖုတ်ကောင်၏ အားနည်းချက်၊အားသာချက်များအားလည်း ဝင်းနိုင်တစ်ယောက် ပြောပြထားချင်ပြီး ပြည်သူများအတွက် ကာကွယ်သွားပေးစေချင်သေးသည်။ မိတ်ဆွေဖြစ်သူများကိုလည်း လူသတ်တရားခံမဟုတ်၊ သွေးစုတ်တတ်သည့်ဖုတ်ကောင်ကြီးပင် ဖြစ်နေသည်ဟု ဝင်းနိုင်တစ်ယောက် သူ၏ဟန်ဖြစ်သော မာန်ပါပါဖြင့်ပြောပြချင်သေးသည်။

သို့သော် ပြောခွင့်မရတော့ပဲ မိမိ၏သွေးများနှင့်သာ မြေပြင်ပေါ်၌ 'ဖုတ်ကောင်'ဟူသော စာလုံးလေးသာ အချက်ပြရေးသားသွားနိုင်ခဲ့တော့သည်။ တရုတ်ပြည်၌ ဆိုးသွမ်းခဲ့ဘူးသော ဖုတ်ကောင်၏အကြောင်းအား ရဲအုပ်ဝင်းနိုင်တစ်ယောက်မှာတော့ ကောင်းစွာ လေ့လာထားခဲ့ဘူးသူ တစ်ယောက်ဖြစ်သည့်အလား ဖုတ်ကောင်၏ိံလက်ချက်ဖြင့် ဒဏ်ရာရရှိသွားသူသည် ဖုတ်ကောင်အတိုင်း နာရီပိုင်း၌ ကူးပြောင်းသွားတော့မည်မှာ မလွဲချေ။ ထို့ကြောင့် မိမိဟာ ဖုတ်ကောင်၏ သွေးစုတ်ခြင်းခံလိုက်ရသော်ကြောင့် မိမိကိုယ်တိုင်ဖုတ်ကောင် အဖြစ်သို့ ရောက်ရှိလာတော့မည်မှာလည်း သေချာလှသည်။ ထို့ကြောင့် အသင့်ရှိနေသော ဓားမြှောင်ဖြင့် ပြန်လည်ရှင်သန်ခွင့်မရနိုင်တော့မည့် မိမိ၏ရင်တွင်း၌ နှလုံးအား မိမိကိုယ်တိုင် ဓားဖြင့်ထိုးခဲ့ခြင်းပင်ဖြစ်ချေသည်။

မသေခင် အသက်ရှိခင်အချိန်၌ အမျှော်မြင်ကြီးစွာဖြင့် မိမိသေဆုံးနေလျင် မိမိ၏မိတ်ဆွေ ရဲအရာရှိများ ရောက်ရှိလာကြမည်မှာမလွဲချေ။ ထို့ကြောင့် သဲလွန်စတစ်ခုအနေနှင့် မြေပြင်ပေါ်၌ 'ဖုတ်ကောင်' ဟူသော စကားလုံးအား ရေးသားစေခဲ့ပြီး မိမိကိုယ်ကို အဆုံးစီရင်ကာ ရဲအုပ်ကြီးဝင်နိုင်တစ်ယောက် အသက်ပေးသွားခဲ့လေတော့သည်။

' ဘယ်လိုလုပ်ကြမလဲ လူကြီး … ရဲအုပ်ကြီးအသက်မရှိတော့ဘူး '
' ဘယ်လိုလုပ်ရမတုန်းကွ … သက်ဆိုင်ရာကို အမြန်ဆုံးအကြောင်းကြားမှ ဖြစ်မှာပေါ့'
' အ … အလောင်းကိုရော ဘယ်လိုလုပ်ရမှာတုန်း'
' အလောင်းကို ဒီအတိုင်းပဲထား … အားလုံးစောင့်ကြည့်ထားကြ … ငါအခုချက်ချင်း အပိုင်ဂတ်ကိုသွားမယ် အမြန်ဆုံးပြန်လာမယ် '
' ဟင် … လူ … လူကြီး ဖြစ် … ဖြစ်ပါ့မလား ဟို … ဟိုမောင်ဌေးတို့လို ဖြစ်လာရင် ဘယ်လိုလုပ်မလဲ'
' ဟာကွာ … မင်းတို့ကလဲ ယောကျာ်းတွေမဟုတ်တဲ့ အတိုင်းပဲ စောင့်ကြည့်ထား မောင်ဌေးတို့လို့ဖြစ်လာပြီးဆိုတာနဲ့ အမြန်ဆုံးမီးရှို့သင်္ဂျိုလိုက်တော့'
' ဟုတ် … ဟုတ်ကဲ့ … လူကြီးမြန်မြန်ပြန်လာခဲ့နော်'
' အေး … အားလုံးဂရုစိုက်ကြနော်'

သေဆုံးနေသည့် ဝင်းနိုင်၏အလောင်းအား မြေပြင်ပေါ်၌သာချထားစေပြီး မည်သူမှ မထိရဲချေ။ စိုးရိမ်တိတ်လန့်နေကြသော ရွာသားများအား ရွာလူကြီးတစ်ယောက် အကြံပေးပြောဆိုခဲ့ပြီး အမြန်ဆုံး အပိုင်ရဲစခန်းဆီသို့ အကြောင်းကြားရန် ထွက်ခွာသွားချေတော့သည်။

' ဒီနေ့တော့ ကြံခင်းနယ်နဲ့ ပတ်သတ်ပြီး ဆရာဝင်းနိုင်ဆီက အကြောင်းတစ်ခုခု တိတိကျသိရမယ်နဲ့ထင်တယ်'
' ဟုတ်ကဲ့ရဲမှူးကြီး …ဆရာဝင်းနိုင်ဆီက အကြောင်းတိတိကျ သိရပြီဆိုတာနဲ့ ကျွန်တော်တို့ဘက်က တရားခံကို အမြန်ဆုံးဖော်ထုတ်ဖို့ပဲ ရှိတော့ပါတယ်'
' ဒါပေါ့ … တရားခံက လူဆိုရင် ကျွန်တော်တို့အတွက် အခဲအခက်မရှိပေမယ့် … ဆရာဝင်းနိုင်ပြောသလို … ! '

ရဲမှူးကြီး၏ိံ စကားမဆုံသေး ကြံခင်းနယ်အပိုင် ဒုရဲအုပ်အရာရှိတစ်ယောက် မျက်နှာမကောင်းစွာဖြင့် ရဲမှူးကြီး၏အရှေ့မှောက်သို့ ရောက်ရှိလာကာ လေးစားစွာဖြင့် အလေးပြုလိုက်ပြီး
' ဘာများအကြောင်းထူးလို့လဲဗျ '
' ဟုတ်ကဲ့ရဲမှူးကြီး … ဆရာဝင်းနိုင် ဒီမနက်ပဲ ကြံခင်းနယ်အပိုင် လသာကျေးရွာမှာ အသက်ခံလိုက်ရပါတယ်လို့ လသာကျေးရွာ အုပ်ချုပ်ရေးမှူးက အကြောင်းကြားထားပါတယ်'
' ဘာ ! … ဆရာဝင်းနိုင် အသတ်ခံလိုက်ရတယ် ဟုတ်လား'
' ဟုတ်ကဲ့ ရဲမှူးကြီး … အဲ့ဒါကြောင့် သာမာန်မဟုတ်တဲ့ ဖြစ်ပျက်တစ်ခုဖြစ်နေတော့ ရဲမှူးကြီးနဲ့ ဆရာမောင်ဝင်းရှိနေတဲ့ဆီကို ကျွန်တော်အရင်အကြောင်းကြားတာပါ''
'ဟာဗျာ … ဘယ်လိုတွေဖြစ်ရတာလဲ ဆရာဝင်းနိုင်ကို ဘယ်သူသတ်သွားရတာလဲ'
' အခုဆရာဝင်းနိုင်ရဲ့အလောင်းကရော ဘယ်မှာလဲ'
' ဟုတ်ကဲ့ဆရာမောင်ဝင်း … အဲ့ဒီရွာမှာပဲ ရှိနေပါသေးတယ်'
' ဟုတ်ပြီးရဲမှူးကြီး … ကျွန်တော်တို့ အမြန်ဆုံး လိုက်သွားမှဖြစ်မယ်'
' ကဲကောင်းပြီ … အခုပဲ သွားကြတာပေါ့'

ဖုတ်ကောင်၏သွေးစုတ်ခြင်းခံလိုက်ပြီး မိမိကိုယ်တိုင်ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲလာတော့မည်ကို ကြိုတင်သိရှိကာ အဆုံစီရင်သွားသော စခန်းမှူးကြီးဝင်းနိုင်၏အကြောင်းအား ရပ်ရွာအုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်ဖြင့် ရဲမှူးကြီးနှင့်အတူ အခွင့်ရေးရဲအုပ်မောင်ဝင်းတို့ သိရှိသွားခဲ့ပြီး ချက်ချင်းပင်လျင် ကြံခင်းနယ်အပိုင် လသာကျေးရွာဆီသို့ ထွက်ခွာလာခဲ့လေတော့သည်။

                             ****

       ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                             ဖော်ပြပေးသွားပါမည်။
                         စာရေးသူ - ထီးကလေး
                   (ရင်နှင့်ရင်း၍ ရေးသားသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages