အပိုင်း(၄) ဖုတ်ကောင် သွေးစုတ်ဖုတ်ကောင် - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၄) ဖုတ်ကောင် သွေးစုတ်ဖုတ်ကောင်

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                          ဖုတ်ကောင်
                           အပိုင်း (၄)
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                **

သုတေသနပညာရှင် ဦးသိပ္ပ ၏အကြောင်းအား အကြောင်းစုံသိရှိရန် နိုင်ငံတော်အသိအမှတ်ပြု အခွင့်ရေးရဲအုပ်မောင်ဝင်းတစ်ယောက် ချက်ချင်းပင်လျင် ရဲမှူးကြီးအား နှုတ်ဆတ်လျက် သွားရောက်စုံစမ်းလေတော့သည်။ အခေါင်းကြီးအတွင်းမှ ဖုတ်ကောင်ကြီးဟာလည်း မည်သည့်နေရာဆီသို့ ရောက်ရှိသွားခဲ့သည်ကို မသိ လွတ်မြောက်သွားခဲ့လေပြီ။

အချင်းချင်းနှစ်ဖွဲ့ကွဲကာ တိုက်ခိုက်ကြရင်း သေဆုံးသူများ၏ သွေးစသွေးနများဟာ ကျွန်းအခေါင်းကြီးပေါ်သို့ ကျရောက်စေခဲ့သည်။ သွေးတစ်စက်ကျရုံနှင့် နှစ်ပေါင်းများစွာ မပျက်မစီးရှိနေသော တရုတ်လူမျိုးအလောင်းကောင်ကြီးမှာ ပြန်လည်၍အသက်ဝင်လှုပ်ရှားလာကာ ကျွန်းအခေါင်းကြီးအတွင်းမှ လွတ်မြောက်သွားခဲ့ပြီး ကားကြီးတိမ်းမှောက်ရာ ကြံခင်းနယ်ဝန်းကျင်မှာသာ ရှိနေခဲ့သည်။

' ဝုတ် … ဝုတ် … အူး !… အူး '
ခြံစောင့်တစ်ယောက်ကဲ့သို့ မအေးမြင့်တစ်ယောက် အားကိုးအားထားပြုနေရသော ခွေးလေးဂျက်ကီ၏ ဆိုးဆိုးရွားရွားဟောင်သံပင်ဖြစ်ချေသည်။ အချိန်မှန်သာလျင် ထိုသို့ညဥ့်နက်လာသည်နှင့် ခွေးလေးဂျက်ကီမှာ ဆိုးရွားစွာဟောင်နေလေခဲ့ပြီး။ မအေးမြင့်၏ ကြက် ၊ဘဲ၊ ဝက်များသည်လည်း တစ်နေ့တစ်ခြား လျော့ပါးသွားကာ ထုံးစံအတိုင်း ဂုတ်အား အကိုက်ဒဏ်ရာနှင့် သေဆုံးနေခဲ့ရသည်။ မအေးမြင့်၏ ကြက်၊ဝက်များတင်သာမက ရွာရှိလူများ၏ ကျွဲ၊နွားများသည်လည်း ထိုသို့ပင် အကိုက်ခံရပြီး သေဆုံးနေခဲ့ရလေပြီး။ ထို့ကြောင့် ရပ်ရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်၌ အစည်းအဝေးသဘောဖြင့် တစ်ရွာလုံး ဆုံကြပြီး ထိုအဖြစ်အပျက်အတွက် တိုင်ပင်မည်ဖြစ်သည်။

' လူကြီး … ကျွန်မတိရိစ္ဆာန်တွေ သေကုန်တာ ကိစ္စမရှိဘူး … တော်ကြာ … အဲ့ဒီတောရိုင်းတိရိစ္ဆာန်ကြီးက ရွာကလူတွေကိုပါ အန္တရယ်ပေးမှာဆိုးရိမ်ရတယ် … ပြီးတော့… '

သေဆုံးပြီးသော ဝက်တစ်ကောင်မှာ မိမိဆီသို့ ဦးတည်ကာ အဆွယ်ကြီးဖြင့် မီးပုံထဲမှ ပြေးထွက်လာသည့်အကြောင်းအား မအေးမြင့်တစ်ယောက် ပြောဆိုရန် ရွယ်လိုက်သော်လည်း မိမိသာအမြင်မှားခဲ့လေသလားဟု တွေးမိလိုက်ပြီး မပြောဖြစ်လိုက်ချေ။
' ဆက်ပြောလေ … အေးမြင့် ပြီးတော့ ဘာဖြစ်တုန်း '
' ဘာ … ဘာမှမဟုတ်တော့ပါဘူး … အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်မတို့ရပ်ရွာလုံခြုံအောင် ကင်းစောင့်တွေထားမှ ဖြစ်မယ်လို့ ကျွန်မထင်တယ်လူကြီး '
' ဟုတ်တယ် … လူကြီး ကျုပ်တို့လူငယ်တွေစုပြီး အလှည့်ကျ ညတိုင်း ကင်းစောင့်ကြမယ် '
' ဟုတ်တယ် … အဲ့ဒီအကောင်ကြီးကိုလဲ ကျုပ်တို့အမြန်ဆုံး ဖမ်းစီးဖို့လိုနေပြီ … မအေးမြင့်ဝက်တွေတင်မကဘူး … မနေ့ညက ကျုပ်နွားနှစ်ကောင်ပါ ဂုတ်အကိုက်ခံလိုက်ရပြီး တင်းကုတ်ထဲမှာ သေနေတယ် … အဲ့ဒါကြောင့် တစ်ရွာလုံး လုံခြုံရေးအတွက် ကင်းစောင့်ထားမှဖြစ်မယ် '
' ကဲကောင်းပါပြီး ဒါဆို ဒီညကစပြီး လူငယ်တွေအားလုံး အလှည့်ကျ ကင်းစောင့်ကြတာပေါ့ ဘယ်လိုလဲ အားလုံးသဘောတူကြရဲ့လား'
' တူတယ်ဗျို့ … ကျုပ်ကျွဲနှစ်ကောင်လဲပါသွားတယ် မကျေနပ်ဘူး အဲ့ဒီသတ္တဝါကြီးကို အရှင်ဖမ်းပြီး ကျုပ်ကိုယ်တိုင်အရက်နဲ့မြည်းပစ်မယ်'

ခံပြင်းစွာဖြင့် ရပ်သူရပ်သားများဟာ အလှည့်ကျကင်းစောင့်ရန် တိုင်ပင်ထားကာ ဂုတ်သာလျင်ကိုက်တတ်ပြီး တိရိစ္ဆာန်များ၏ အသားအား မစားတတ်သော သတ္တဝါကြီးအား ဖမ်းစီးရန် စီစဉ်လေတော့သည်။ ထိုညမှစတင်ကာ ရွာဝင်ပေါက်များအား ကာလသားသုံးဦးစီ ကင်းစောင့်ကျထားပြီး ရွာလုံခြုံရေးအတွက် အထူးကြပ်မှတ်လေတော့သည်။

ရွာအစွန်ဝင်ပေါက်များ၌ ကင်းတဲများထိုးစေကာ ရွာရှိယောကျာ်းသားများ အလှည့်ကျကင်းစောင့်ရမည်ဖြစ်သည်။ ညနေဆောင်းလာသည်နှင့် ကင်းအလှည့်ကျလူငယ်များ မိမိတို့၏တာဝန်ကျရာ ကင်းတဲများဆီသို့ ကိုယ်ဆီထွက်ခွာလာခဲ့ကြပြီး ထိုတစ်ညအဖို့ ကျော်ဖြတ်ကြမည်ဖြစ်သည်။ ညနေဆောင်းလာကာ ညဦးပိုင်းအချိန်သို့ ရောက်ရှိလာခဲ့ပြီး ရွာလူငယ်များဟာ အေးဆေးစွာဖြင့် ပတ်ဝန်းကျင်လှုပ်ရှားမှုများအား အကဲခတ်နိုင်နေခဲ့သည်။ ညဦးမှတဆင့် ညဥ့်နက်လာသည့်အထိလည်း တစ်ညလုံးနီးပါး တိတ်ဆိတ်ငြိမ်သတ်နေခဲ့ပြီး မည်သည့်လှုပ်ရှားမှု့တစ်စုံတစ်ခုမျှ မတွေ့ရချေ။

အရှေ့၊အနောက်၊တောင်၊မြောက် ရွာဝင်ပေါက်အားလုံးအား လူငယ်များ စောင့်ကြပ်နေခဲ့ပြီး ရွာတောင်ပိုင်းတွင် စောင့်ကြပ်နေသော လူငယ်သုံးဦးဟာ အာရုံတတ်ချိန်ရောက်လုနီးပါး၌ အမှောင်ထုအတွင်းမှ လှုပ်ရှားမှုတစ်စုံအားတွှေ့လိုက်ရသည်ကြောင့် သုံးယောက်တည်းမှ တစ်ယောက်ဟာ ဓားရှည်အားဆွဲကိုင်၍ သွက်လက်စွာဖြင့် လှုပ်ရှားနေသည့် အနားသို့ အရောက်သွားလိုက်လေသည်။

လှုပ်ရှားနေသည့် ပုံရိပ်များဟာ တိရိစ္ဆာန်တစ်ကောင်ကောင်နှင့်မတူ လူတစ်ယောက် လျောက်လှမ်းနေသည့်အလား မိမိအနားသို့ စိုက်မြိုက်စွာအရောက်လှမ်းလာနေသည်ကို ထိုလူငယ်စိုက်ကြည့်နေမိရင်း
' ဟေ့လူ … ခင်ဗျား ဘယ်သူလဲ'
အရပ်အမောင်း ကောင်းကောင်း ခြောက်ပေကျော်မျှရှိပြီး ခန္ဓာကိုယ်ဟာ ထွားကြိုင်းခြင်းမရှိ ပိန်ကပ်နေခဲ့ပြီး တရုတ်ရှေးဟောင်း အကျီအား ပွရွစွာဝတ်ဆင်ထားသည့် ထိုသူအား မေးလိုက်လေသည်။ လူငယ်၏ အမေးအား ထိုသူမှပြန်လည်အဖြေမပေး။ မိမိရှိရာသို့ လာမြဲတိုင်းလှမ်းလာနေခဲ့သည်။
' ဟေ့လူ … ရပ်လိုက်စမ်း '
မသည်းမကွဲ အမှောင်ထုအတွင်းမှ ခုတ်ပေါက်ကာ မိမိ၏အနားသို့ နီးကပ်လာသည့် သွေးဆာနေသော ဖုတ်ကောင်မှန်း လူငယ်လေးမှာ မသိချေ။ လူသားတစ်ယောက်ဟုသာ ထင်မြင်နေခဲ့ပြီး မသည်းမကွဲမြင်နေရသည့် ဖုတ်ကောင်ကြီးအား တားဆီးနေလေခဲ့သည်။ ထို့နောက် မိမိ၏အနားသို့ အဖော်နှစ်ဦးပါ ရောက်ရှိလာခဲ့ပြီး
' အဲ့ဒါဘယ်သူလဲ … ရွာထဲကို ဝင်မယ်နဲ့ထင်တယ်'
' ဟုတ်တယ် … ငါတို့ဆီကို တည့်တည့်လာနေတာ ငါတားနေတာကို ဂရုမစိုက်ဘူး '
' နေကြဦး … သူ့ကြည့်ရတာ ပုံမှန်မဟုတ်ဘူး တစ်ခုခုထူးခြားနေတယ်'
 ' ဟော့ …ငါတို့နားကို နီးလာပြီး တစ်ကနေ တစ်ဆယ်ထိရည်မယ် ငါတို့တားနေတာကို မရပ်လို့ကတော့ ဆုံးမလိုက်ကြတာပေါ့ကွာ '
' ကဲ … စပြီ … တစ် … နှစ် … ! '

တိုင်ပင်ကာပြောဆိုလိုက်ကြပြီး လှမ်းလာနေသည့် ဖုတ်ကောင်ကြီးအား လူတစ်ယောက်ကဲ့သို့ ထင်မြင်နေကြကာ ရွာထဲသို့ မဝင်နိုင်ရန် တားဆီးနေခဲ့သည်။ သို့ပေမယ့် လူသားမဟုတ်သည့် သွေးဆာနေသော ထိုဖုတ်ကောင်ကြီးမှာ နားမလည်နိုင် မိမိ၏သွေးစုတ်နေကြ အချိန်ပင်ဖြစ်သည်ကြောင့် ရပ်ရွာထဲမှ တိရိစ္ဆာန်တစ်ကောင်ကောင်အား သွေးစုတ်ရန် ဝင်လာခြင်းဖြစ်သည်။ တိုင်ပင်ထားသည့်အတိုင်း တစ်မှတစ်ဆယ်အရေအတွက် ပြည့်သွားသည်ကြောင့် လူငယ်သုံးဦးဟာ အသင့်ကိုင်ဆောင်ထားသော ဓားရှည်များဖြင့် ဖုတ်ကောင်ကြီးအား စတင်ခုတ်လေတော့သည်။

သို့ပေမယ့် ခုတ်လိုက်သော မိမိတို့၏ ဓားသွားများသာ ပဲ့ထွက်သွားကြပြီး ဖုတ်ကောင်ကြီးမှာတော့ နည်းနည်းမျှမတုန့်လှုပ်ချေ။ အမှောင်ထုအတွင်းဖြစ်သည်ကြောင့် မျက်နှာအား သေချာစွာမတွေ့ရပဲ မိမိတို့ဓားဖြင့်ခုတ်သော်လည်း မထိမခိုက်သည့်ဖြစ်ရပ်အား အံ့သြကြီးစွာ ကြောင်တောင်တောင်ဖြစ် ရပ်ကြည့်နေမိကြသည်။ ထို့နောက် ဖုတ်ကောင်ကြီးမှာ ဒေါသထွက်သွားလေသလား ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်လေသည်။

ဆိုးရွားလှသည့်အသံကြီးပင်ဖြစ်ချေသည်။ တောကောင်ကြီးတစ်ကောင်၏ အော်ဟစ်သံမျိုးနှင့် နှိုင်းယှဉ်၍ မိမိတို့၏ တစ်သက်နှင့်တစ်ကိုယ် မည်သည့်အခါမှ မကြားခဲ့ရဘူးသော အသံဆိုးကြီးအား ကြားလိုက်ရသည်ကြောင့် လူငယ်သုံးဦးမှာ မိမိတို့၏နားများအား ပိတ်ထားလိုက်ကြပြီး မျက်လုံးတစ်စုံအား မှိတ်လျက်ထားလိုက်သည်။ မှိတ်ထားသည့် မျက်လုံးများအား ဖြည်းညင်းစွာ ပွင့်ဟကြည့်လိုက်သည်နှင့် ဖုတ်ကောင်ကြီးမှာ ခုတ်ဆွသွား၍ ရွာအတွင်းသို့ ဝင်ရန်ဦးတည်နေလေခဲ့ပြီး။

လူငယ်သုံးဦးမှာ ရွာအတွင်းသို့ ပေးဝင်မည်မဟုတ်။ ထို့ကြောင့် သုံးဦးသား အကြည့်ခြင်းစုံပြီး ဖုတ်ကောင်ကြီးအား တားဆီးရန် အပြေးလိုက်ပါသွားလေသည်။ မိမိတို့၏ ကင်းစောင့်တဲပတ်ဝန်းကျင် အလင်းရောင်ဖြင့် ဖုတ်ကောင်၏ မျက်နှာအား ကြည့်မိလိုက်လေရာ မျက်တွင်းမရှိ ။ မျက်နှာပြင်တစ်ခုလုံး အသားအရည်ခြောက်ခမ်းနေခဲ့ပြီး အရိုးမျှသာရှိသော မျက်နှာကြီးအား သုံးယောက်တည်းမှ တစ်ယောက်မြင်တွေ့သွားခဲ့ပြီး ပါးစပ်အဟောင်းသား ဖြစ်ကာ လက်ထဲမှကိုင်ဆောင်ထားသည့် ဓားရှည်ပါလွတ်ကျသွားခဲ့လေသည်။

အနောက်တွင်လိုက်ပါလာသော လူငယ်နှစ်ဦးမှာတော့ ဖုတ်ကောင်ကြီးအား ဓားဖြင့်နောက်ကျောမှ ဆင့်ကာပိုင်းချလိုက်သော်လည်း မာကျောလှသည့် ကျောက်တုံးကြီးအား ခုတ်လိုက်ရသည့်အတိုင်း မာကျောနေလေခဲ့သည်။ မိမိ၏သွားရာလမ်းအား ပိတ်ဆို့တားနေကြသော လူငယ်သုံးဦးအား ဖုတ်ကောင်ကြီးမှာ ဒေါသပြင်းထန်လာခဲ့ပြီး မိမိ၏မျက်နှာအား မြင်တွေ့ကာ ကြောက်တောင်တောင်ဖြစ်နေသည့် အရှေ့မှာ လူငယ်တစ်ယောက်အား လက်ဖြင့် ဝှေ့ကာရမ်းချလိုက်လေသည်။ ပြင်းထန်းလှသည့် ဖုတ်ကောင်၏ ရိုက်ချက်ဖြင့် ထိုလူငယ်လေးမှာ သွေးများစွာဖြာထွက်၍ အသက်ပျောက်ကွယ်သွားခဲ့လေသည်။

အနောက်တွင်ရှိနေသော လူငယ်နှစ်ဦးမှာလဲ အရှေ့သို့ အပြေးရောက်လာကာ ဖုတ်ကောင်၏မျက်နှာအား မြင်တွေ့လိုက်ရပြီး ကြောင်တောင်တောင်ဖြစ်သွားကြပြန်သည်။ မိမိ၏ရိုက်ချက်ဖြင့် သွေးများထွက်ခါ သေဆုံးသွားခဲ့သော လူငယ်လေး၏ သွေးအနံ့အား ဖုတ်ကောင်မှာ ရှု့ရှိုက်အနံ့ရသွားခဲ့ပြီး သေဆုံးနေသည့် လူငယ်ဆီသို့ ဦးတည်ခုန်ပေါက်သွားကာ လည်ပင်းမှ သွေးကြောမကြီးအား ကိုက်ဖဲ့စုတ်ယူနေတော့သည်။ ကြောင်တောင်တောင်ဖြစ်နေသည့် လူငယ်နှစ်ဦးမှာတော့ အသိစိတ်ပြန်လည် ဝင်ရောက်လာခဲ့ပြီး သွေးစုတ်ဖုတ်ကောင်ဟု မရိမ်စားမိသေး လူတစ်ယောက်သာထင်မြင်နေခဲ့ပြီး ဓားဖြင့်ထပ်မံ၍ ခုတ်လေပြန်သည်။

တိရိစ္ဆာန်များ၏ သွေးများသာ အကောင်းဆုံးထင်ကာ ညစဉ်တိုင်း စုတ်ယူနေခဲ့သည့် ဖုတ်ကောင်ကြီးမှာ ယခုလူ့သွေးအား စုတ်ယူလိုက်ရသည်ကြောင့် မိမိ၏အင်အားများပြည့်ဝလာကာ ပါးစပ်အားဟ၍ ရဲရဲတောက်သွေးများ ပေစွန်းနေသော အစွယ်ကြီးများနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ ထို့နောက် မိမိအား ရန်ပြုသော လူငယ်နှစ်ဦးအား အသာအယာဖမ်းယူကာ ဂုတ်သွေးစုတ်၍ သွေးဝသွားလေသလား လာရာလမ်းအတိုင်း အမှောင်ထုအတွင်းသို့ ပြန်လည်ထွက်ခွာသွားချေတော့သည်။

ကြံခင်နယ်၏ သာယာစိုပြေမှုများ၌ နံနက်အာရုံတတ်ချိန်တိုင်း ကြားရစမြဲဖြစ်သော လင်းကြက်သွန်သံများပင် ပျောက်ကွယ်နေလေခဲ့ပြီး။ မနက်လင်းသည်နှင့် ကင်းစောင့်လူငယ်များအားလုံး ဆုံဖြစ်ကြရာ ရွာတောင်ပိုင်း ဝင်ပေါက်၌ စောင့်ကြပ်နေကြသော လူငယ်သုံးဦးမှာ ရောက်မလာခဲ့ချေ။ ထိုည၌ ရွာမှ တိရိစ္ဆာန်များ ပျောက်ရှသေဆုံးခြင်းမရှိခဲ့ပဲ အေးချမ်းစွာဖြင့် မိုးလင်းလာခဲ့ပြီး ကင်းစောင့်လူငယ်များ စောင့်ကြပ်နေခြင်းကြောင့် တောရိုင်းတိရိစ္ဆာန်ကြီးမှာ ရောက်မလာနိုင်ခြင်းဟုထင်မြင်နေခဲ့ကြသည်။

ရွာတောင်ပိုင်းကင်းစောင့် လူငယ်သုံးဦးပြန်လည် ရောက်ရှိမလာခြင်းကြောင့် လူငယ်တစ်ချို့နှင့် ရပ်ရွာလူကြီး ရွာတောင်ပိုင်းဝင်ပေါက်သို့သွားရောက်ကြည့်ရှု့လေရာ မြေပြင်ပေါ်၌ သုံးဦးသား လှဲကျနေသည်အား တွေ့ရှိလိုက်ရလေသည်။ ထိုသို့မြင်တွေ့လိုက်ရသည်နှင့် လှဲကျနေခဲ့သည့် လူငယ်သုံးဦးအနားသို့ ရွာလူကြီးနှင့်လူငယ်များ အပြေးသွားရောက်ကာ
' ဟာ … ဘယ်လိုဖြစ်ရတာလဲ မောင်အေး … ဟာ … သွားပြီး အသက်မရှိကြတော့ဘူး'
' ကျော်လှ …  သတိထားဦးလေး '
' မောင်ဌေး … မောင်ဌေး … လူကြီး မောင်ဌေး အသက်ရှိနေသေးတယ် '

ဖုတ်ကောင်၏လက်ချက်ဖြင့် သုံးဦးသားမှာ ဂုတ်သွေးစုတ်ခံလိုက်ရပြီး မောင်ဌေးဆိုသူမှာ အသက်မထွက်နိုင် အသက်မျော့မျော့ဖြင့် ရှိနေသေးသည်။ မောင်ဌေးတစ်ယောက် အသက်ရှိနေသေးသည်ကြောင့် ရွာလူကြီးမှာ ဖြစ်ကြောင်းကုန်စဉ်အား မေးမြန်းရန် အနားသို့ အပြေးသွားလိုက်ပြီး
' မောင်ဌေး … ဘယ် … ဘယ်လိုဖြစ်ရတာလဲ'
' လူကြီး … ကျုပ် … ကျုပ်တို့တာဝန်ကျေပါတယ်နော်'
' ကျေပါတယ်ကွာ ကျေပါတယ် ဘယ်လိုဖြစ်ရတာလဲ'
' ကျုပ် … ကျုပ်တို့ … အားလုံးကို မီး … မီးအမြန်အရှို့ပေးကြပါ'
' မောင်ဌေး … မောင်ဌေး … သ … သတိထားဦးလေ'

သေဆုံးနေသည့် လူငယ်နှစ်ဦးအပါအဝင် မောင်ဌေးမှာတော့ မိမိတို့အား အမြန်ဆုံး မီးရှို့သင်္ဂျိုးပေးရန် မှာကြားစေပြီး ရပ်ရွာလူကြီး၏ လက်ပေါ်တွင်သာ အသက်ပျောက်ကွယ်သွားခဲ့ချေတော့သည်။
' မောင်ဌေး အသက်မရှိတော့ဘူး '
' ဘယ်လိုဖြစ်ရတာလဲဗျာ … '
' ကျွဲ၊နွားတွေကို ကိုက်တဲ့ပုံစံအတိုင်း အကိုက်ခံလိုက်ရတာပဲ'
' ဗလ … မင်းက မုဆိုးလုပ်နေတာဆိုတော့ မောင်ဌေးတို့ အခုလိုဖြစ်ရတာကို ဘယ်လိုမြင်လဲ ဘယ်လိုတောကောင်မျိုးက ကိုက်သွားတာလဲဆိုတာ မင်းသိလား … မြန်မြန်ပြောစမ်းပါကွ '
' အင်း … ဒီကိုက်ရာမျိုးကို ကျုပ်တစ်ခါမှ မမြင်ဖူးဘူး… ကျုပ်အထင် ဒါ… တောကြီးဝံပုလွေတစ်ကောင်ကောင်ရဲ့ လက်ချက်ပဲဖြစ်ရမယ်'
' ဟာကွာ … ဟုတ်ပါ့မလား '
' အဲ့ဒါတော့ ကျုပ်လဲသေချာ မသိဘူးလေ … ကျုပ်အမြင်ပြောရတာပဲ'

' လူကြီး … လူကြီး ကျော်လှအလောင်း မျက်လုံးတွေပွင့်လာတယ်'
' ဟေး … '
ဖုတ်ကောင်၏ ဦးစွာသွေးစုတ်ခံလိုက်ရပြီး သေဆုံးသွားခဲ့သော လူငယ်ကျော်လှ၏အလောင်းမှာ မျက်လုံးအိမ်များ ပွင့်လစ်လာခဲ့ပြီး ရဲရဲတောက် မျက်လုံးအိမ်များ အဖြစ်သို့ပြောင်းလဲလာခဲ့လေသည်။
' ဟင် … ဒါ သာမန်မဟုတ်ဘူး … မောင်ဌေးပြောသွားသလို ဒီအလောင်းတွေကို မြန်မြန်သင်္ဂျိုမှဖြစ်မယ်'
' လူကြီး … ဒီ … ဒ်ီမှာလဲကြည့်ပါဦး … လက် … လက်သည်းတွေရှည်ထွက်လာတယ်'
' ဟာ … ဘယ်လိုတွေဖြစ်လာရတာလဲ … ကဲကဲ တစ်ယောက်မှ အနားမကပ်ကြနဲ့ … ထွန်းလှတို့အဖွဲ့ အမြန်ဆုံးထင်းတွေရှားပြီး ဒီအလောင်းတွေကို မီးရှို့ပစ်မှဖြစ်မယ် … ကဲအမြန်လုပ်ကြကွာ '

သွေးစုတ်ခံလိုက်ရသော ကင်းစောင့်လူငယ်များ၏ အလောင်းများဟာ မျက်လုံးအိမ်များ ရဲရဲတောက်လျက် ပွင့်လစ်လာခဲ့ပြီး သိသာထင်းရှားစွာဖြင့် လက်သည်းများသည်လည်း ရှည်ထွက်လာခဲ့လေသည်။ ထိုဖြစ်ရပ်အား မြင်တွေ့လိုက်ရသည့် ရွာသူကြီးနှင့် လူငယ်တစ်ချို့မှာတော့ အံ့သြထိတ်လန့်သွားခဲ့ကြပြီး သေဆုံးသူ မောင်ဌေးပြောဆိုခဲ့သည့်အတိုင်း အမြန်ဆုံး မီးရှို့သင်္ဂျိုလေတော့သည်။

' ကဲ … ထွန်းလှနဲ့မြင့်ဝေ မင်းတို့နှစ်ယောက် အဲ့ဒီအလောင်းတွေ ပြာဖြစ်သွားမှ ရွာထဲကိုပြန်ဝင်လာကြနော် … မောင်ဌေးတို့မိသားစုတွေကို အခုလိုတွေဖြစ်ရတဲ့ အကြောင်းရှင်းပြမှဖြစ်မယ် ပြီးတော့ ဒီ့အကြောင်းရွာထဲကလူတွေကို အသိပေးလို့မဖြစ်သေးဘူး သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကြောက်ကုန်ကြလိမ့်မယ် …ဒီတော့ အပိုင်းရဲစခန်းကို အကြောင်းကြားပြီး တစ်ခုခု စီစဉ်ခိုင်းကြတာပေါ့'
' ဟုတ်ကဲ့လူကြီး … အမြန်ဆုံးလုပ်ပါ ကျုပ်နဲ့ထွန်းလှ အလောင်းတွေကို သင်္ဂျိုးထားလိုက်မယ် လူကြီးနဲ့ ဒီကလူငယ်တွေ လုပ်စရာရှိတာတွေ ဆက်လုပ်ထားကြ'
' ကဲကောင်းပြီး ကဲ … ကျန်တဲ့လူငယ်တွေအားလုံး ငါနဲ့လိုက်ခဲ့ကြ … ထွန်းလှ စိတ်ချမယ်နော် အလောင်းတွေ ပြာဖြစ်တဲ့ အထိ စောင့်ကြည့်နေကြဦး'
' ဟုတ်ကဲ့ပါ စိတ်ချ '

သေဆုံးသူ လူငယ်များ၏ မိသားစုများအား တိတ်တဆိတ်အကြောင်းစုံ ရှင်းလင်းပြောဆိုပြခဲ့ပြီး ။ ထိုဖြစ်ရပ်အား ရပ်ရွာသူရပ်ရွာသားများ ထိတ်လန့်ကြောက်ရွှံ့ကြမည်ကို စိုးရိမ်၍ အသိမပေးပဲ ရပ်ရွာလူကြီးမှာ လှို့ဝှက်ထားခဲ့ပြီး အပိုင်ရဲစခန်းဆီသို့ နေ့ချင်းအမှု့ဖွင့် တိုင်ကြားလေခဲ့တော့သည်။

                           ***            ***
အချင်းချင်းနှစ်ဖွဲ့ကွဲကာ ပြသနာဖြစ်ပွားကြပြီး တရုတ်ပြည်မှ သယ်ဆောင်လာခဲ့သော ကျွန်းအခေါင်းကြီးပါသည့် သုတေသနပညာရှင် ဦးသိပ္ပ ၏ကားကြီးမှာ တိမ်းမှောက်သွားခဲ့ပြီး ဦးသိပ္ပနှင့် အသက်ရှင်လျက် ကျန်ရှိနေသော လူတစ်ချို့မှာ ကားကြီးပေါက်ကွဲမည်ကို စိုးရိမ်၍ မှောက်နေသော ကားအတွင်းမှ အလွတ်ရုံးပြေးလာခဲ့ကြသည်။ သို့ပေမယ့် ဦးသိပ္ပဦးဆောင်သော အဖွဲ့မှာ နေအိမ်ဆီသို့ မပြန်သေး လမ်းခုလပ်တွင်သာ ဒဏ်ရာအပြင်းအထန်များနှင့် ရှိနေခဲ့ကြသည်။ ကားကြီးအတွင်းမှ ကျွန်းအခေါင်းကြီးအား ပြန်လည်ရရှိရန်အတွက် တပည့်ဖြစ်သူ ဒီပအား ကားကြီးတိမ်းမှောက်ရာ နေရာဆီသို့ တိတ်တဆိတ်သွားရောက်လေ့လာရန် စေလွတ်ခဲ့လေသည်။

' ဆရာ … ဘယ်လိုလုပ်ကြမလဲ ဖုတ်ကောင်ကြီးလဲ အခေါင်းထဲမှာမရှိတော့ဘူး လွတ်သွားတာလား ဘယ်သူယူသွားတာလဲ မသိဘူး'
' ဘာ … ဖုတ်… ဖုတ်ကောင်ကြီး အခေါင်းထဲမှာမရှိတော့ဘူး ဟုတ်လား … မင်း … မင်းပြောတာ သေချာရဲ့လား''
' သေချာတယ်ဆရာ … ကားမှောက်သွားတဲ့ နေရာကို ရဲတွေရောက်လာတယ် ကျွန်တော်လဲ လူအုပ်ကြားထဲကနေ လာကြည့်သလိုလို ဘာလိုလိုလုပ်ပြီး အခေါင်းကြီးကို ရှာခဲ့တယ် … မှောက်နေတဲ့ ကားထဲကနေ ရဲတွေအခေါင်းကြီးကို ထုတ်လာတာတော့ တွေ့လိုက်တယ် …  အထဲမှာ ဖုတ်ကောင်မရှိတော့ဘူး အခေါင်းမှာလဲ သွေးတွေပေပွနေတာပဲ'
' ဟာသွားပြီး ဖုတ်ကောင်သာ လွတ်သွားရင်တော့ မတွေးရဲစရာပဲ … အားလုံးတော့ ဒုက္ခရောက်ကုန်ကြတော့မယ်'
' ဟုတ်တယ်ဆရာ … ဟိုကောင်ထင်ခ သစ္စာဖောက်လို့ အခုလိုတွေဖြစ်ကုန်ရတာ သေသွားတာတောင်နည်းသေးတယ် မှော်ဆရာကြီးကလဲ သေပြီးဆိုတော့ ဘယ်လိုလုပ်ကြမလဲ '
'ပြီးတော့ ဆရာပြောတဲ့ အဲ့ဒီဖုတ်ကောင်အောက်က အခေါင်းထဲမှာ ရတနာတွေရှိတယ်ဆို ရဲတွေထုတ်လာတာတွေ့တာတော့ အခေါင်းအခွံကြီးပဲတွေ့တယ်'

' ဟုတ်တယ် … မင်းနဲ့ထင်ခကို နဂိုကတည်းက ငါသိပ်မယုံခဲ့တာ … ဒါကြောင့်လှို့ဝှက်ချက်နဲ့ ပြောခဲ့တာပဲ ဖုတ်ကောင်ခန္ဓာကိုယ်ရဲ့ နောက်ကျောမှာ စိန်တွေအပြည့်ရှိနေတယ် ပြီးတော့ တရုတ်ရှေးဟောင်း ရတနာမြေပုံလမ်းညွှန်လည်း ရှိတယ် အဲ့ဒီအကြောင်းတွေအားလုံး ငါကောင်းကောင်းသိထားတယ် … တရုတ်ပြည်မှတ်တမ်းတွေကို သုတေသနလုပ်ရင်းကနေ ငါသိခဲ့ရတာ … အခုဆိုရင် အဲ့ဒီရတနာတွေ ရဖို့နေနေသာသာ ဖုတ်ကောင်ကိုဖမ်းမိဖို့ ဘယ်လိုမှ မလွယ်တော့ဘူး'
' ဟုတ်တယ်ဆရာ… သွေးလေးတစ်စက်ကျတာနဲ့ အသက်ဝင်လာနိုင်တယ်ဆိုတဲ့ ဖုတ်ကောင်ရဲ့ အခေါင်းမှာ သွေးတွေအများကြီး ပေနေတာကျုပ်တွေ့ခဲ့တယ်'
' အဲ့ဒါပြောတာပေါ့ … ဘာပဲဖြစ်ဖြစ် အဲ့ဒီဖုတ်ကောင်ကို မရရအောင် ငါပြန်ရှာမယ် … အဲ့ဒီဖုတ်ကောင်ကို ရဖို့အတွက် ငါငွေတွေဘယ်လောက်တောင် ရင်းခဲ့ရလဲဆိုတာ မင်းတို့သိတာပဲ '
'သိ … သိပါတယ်ဆရာ … ဒါပေမယ့် ဖုတ်ကောင်ကိုပြန်ဖမ်းမယ်ဆိုတာတော့ ဖြစ်ပါ့မလားဆရာ '
' အိုးကွာ … ပြောပြီးပြီးပဲ မဖြစ်ဖြစ်အောင်ပြန်ရှာပြီး ငါကိုယ်တိုင်ဖမ်းမယ် …တစ်ခုသတိထားရမှာက အဲ့ဒီဖုတ်ကောင်လက်ချက်ကြောင့် ဒဏ်ရာအနာတရ ဖြစ်သွားပြီးဆိုရင် နှစ်ရက်နဲ့သုံးရက်အတွင်းမှာ ဖုတ်ကောင်လိုပဲ အသွင်ပြောင်းလာလိမ့်မယ် ပိုဆိုးတာက ဖုတ်ကောင်ရဲ့ အဆွယ်နဲ့သာကိုက်မိသွားရင်တော့ ချက်ချင်းဖုတ်ကောင်ဖြစ်သွားလိမ့်မယ် ဒီတော့ ဖုတ်ကောင်ကို ဖမ်းတဲ့အခါ ငါတို့အားလုံး ဂရုစိုက်ရမယ် ကြားကြလား'
' ဟုတ်ကဲ့ဆရာကြီး … ကြားပါတယ်'
' ကဲ … ကောင်းပြီ … ဒါဆို မနက်ဖြန်မနက် ငါတို့ကားမှောက်သွားတဲ့ ကြံခင်းနယ်ဝန်းကျင်မှာပဲ ဖုတ်ကောင်ရှိနေလိမ့်မယ် … အဲ့ဒီတော့ အားလုံးအသင့်ပြင်ထားကြ … မှော်ဆရာကြီးကျန်ခဲ့တဲ့ လွယ်အိတ်ကိုတော့ ငါရထားလိုက်တယ် ဘယ်လိုတွေသုံးရမလဲဆိုတာတော့ ငါလဲမသိဘူး ဒါပေမယ့် ကြားဘူးနားဝနဲ့ ပူးပေါင်းပြီး ဖုတ်ကောင်ကို ပြန်ဖမ်းမယ်ဆိုရင်တော့ ရမှာပါ'
' ဟုတ်ကဲ့ဆရာကြီး … ဆရာကြီးနဲ့အတူ ကျုပ်တို့အားလုံး သေအတူ ရှင်မကွာ ရှိနေမှာပါ'

ငွေများစွာရင်းနီး၍ တရုတ်ပြည်မှ သယ်ဆောင်လာခဲ့သော ကျွန်းအခေါင်းကြီးအတွင်းမှ ဖုတ်ကောင်ကြီးပျောက်ဆုံးသွားသည်ကြောင့် ဦးသိပ္ပနှင့်တပည့်ဖြစ်သူများမှာ ကြံခင်းနယ်တစ်ဝိုက်တွင် ဖုတ်ကောင်အား မြေလှန်ရှာကြမည်ဟု ကြုံးဝါပြောဆိုကာ လိုအပ်သည်များ ကြိုတင်စဉ်စီလေတော့သည်။
   
       ***    ****    *****   ******   ******

' လေးစားပါတယ်ဆရာမောင်ဝင်း… '
' ဟုတ်ကဲ့ရဲမှူးကြီး … မြန်မာနိုင်ငံ သုတေသနပညာရှင် ဦးသိပ္ပရဲ့ အကြောင်းတွေကို ကျွန်တော်သိသင့်သလောက် သိခဲ့ရပါတယ်'
' ဟုတ်ကဲ့ … ဆရာမောင်ဝင်းသိသလောက် ကျွန်တော်တို့အားလုံးကို ပြောပြပေးပါ'
' ဟုတ်ကဲ့ … ဦးသိပ္ပမှာ မိသားစုသုံးယောက်ရှိတယ် သားလေးတစ်ယောက်နဲ့ သူ့ရဲ့ဇနီးသည်ပါ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဦးသိပ္ပတစ်ယောက် တရုတ်ပြည်ဘက်ကို သုတေသနလုပ်ငန်းတစ်ခုအတွက် ခရီးထွက်သွားတယ်လို့ သူ့ဇနီးကပြောပါတယ် … ဟိုတစ်နေ့က ဦးသိပ္ပပြန်ရောက်လာတယ်ထင်ပြီး စက်ရုံမှာထားတဲ့ ကားကြီးတစ်စီးနဲ့ အခုမှောက်သွားတဲ့ ကားပါ … သူ့တပည့်တွေ လေဆိပ်မှာသွားကြိုခဲ့တယ် … ဒါပေမယ့် ညနေသာဆောင်းသွားခဲ့ပြီး ဦးသိပ္ပတစ်ယောက် နေအိမ်ကိုပြန်ရောက်မလာခဲ့ပါဘူး … အခုထိလဲ သူ့အိမ်မှာ သူ့ဇနီးနဲ့သားလေးက ဦးသိပ္ပအပြန်ကို စောင့်နေတုန်းပါပဲ'
' သူ့ဇနီးသည်က ဦးသိပ္ပအတွက် တော်တော်စိုးရိမ်နေပုံရတယ် ဦးသိပ္ပကားမှောက်တဲ့ အထဲမှာ မပါဘူးလို့ပြောလိုက်မှ စိတ်အေးသွားပုံရပါတယ်ရဲမှူးကြီး'

' ကျေးဇူးတင်ပါတယ်ဆရာမောင်ဝင်း … ဆရာမောင်ဝင်းပြောပုံအရဆိုရင် ဦးသိပ္ပက တရုတ်ပြည်ကို သုတေသနလုပ်ငန်းအတွက် သွားခဲ့တယ် … ပြီးတော့ တရုတ်ပြည်ကနေ ကျွန်းအခေါင်းကြီးကို သယ်ယူလာခဲ့တာပဲဖြစ်ပါလိမ့်မယ်'
' ဒါပေမယ့် အဲ့ဒီကျွန်းအခေါင်းကြီးထဲမှာ ဘာပစ္စည်းတွေ ထည့်လာသလဲ … ဘာကြောင့် အချင်းချင်းပြသနာဖြစ်ပြီး ကားကြီးမှောက်သွားရတာလဲ ဆိုတာတော့ ကျွန်တော်တို့ရဲတပ်ဖွဲ့က စုံစမ်းဖို့လိုပါတယ် … ပြီးတော့ အဓိကသဲလွန်စဖြစ်တဲ့ ဦးသိပ္ပကိုလည်း ကျွန်တော်တို့အမြန်ဆုံး ရှာဖွေဖို့လိုပါတယ်'

' သြော် … ဆရာဝင်းနိုင် ဝင်လာခဲ့လေ'
' လေးစားပါတယ် ရဲမှူးကြီး ကျွန်တော် သတင်းတစ်ခုရခဲ့ပါတယ် … ကားကြီးမှောက်သွားတဲ့ ကြံခင်းနယ်အပိုင် ကျေးရွာလေးတစ်ရွာမှာ ဒီမနက် ကင်းစောင့်လူငယ်သုံးဦး … ဂုတ်မှာအကိုက်ဒဏ်ရာနဲ့ သေဆုံးခဲ့ရပါတယ်လို့ ရွာခံလူကြီးက အမှု့ဖွင့်တိုင်ကြားထားပါတယ်'
' ဟင် … ဘယ်လို ဂုတ်မှာအကိုက်ဒဏ်ရာနဲ့ ဟုတ်လား'
' ဟုတ်ပါတယ်ရဲမှူးကြီး … အခင်းဖြစ်ပွားတဲ့အချိန်ဟာ အာရုံတတ်ချိန်လောက်မှာဖြစ်ပွားခဲ့တာပါ … ကင်းစောင့်လူငဟ်သုံးဦး အထဲက တစ်ဦးမသေဆုံးခင်မှာ သူတို့ကို အမြန်ဆုံးမီးရှို့သင်္ဂျိုးခိုင်းခဲ့ပါတယ် … အရင်ဦးဆုံးသေသွားရတယ်လို့ ဆိုနိုင်တဲ့ သေဆုံးသူတစ်ယောက်ကတော့ မျက်လုံးအိမ်တွေရဲရဲတောက် ပွင့်လာပြီး လက်သည်းကြီးတွေလဲ ရှည်ထွက်လာခဲ့ပါတယ်လို့ ရပ်ရွာခံလူကြီးက ပြောပါတယ်ရဲမှူးကြီး'

' ဟင် … ဒါဆို ထူးထူးဆန်းဆန်းသေဆုံးခြင်းပေါ့ … ဆရာဝင်းနိုင် အလောင်းတွေကိုရော စစ်ဆေးလိုက်ရသေးလား'
' မစစ်ဆေးလိုက်ရပါဘူး … ရွာခံလူတွေက သေဆုံးသူတွေ အခုလိုပုံစံမျိုးတွေ ဖြစ်လာတော့ ကြောက်လန့်ကြတာနဲ့ သုံးလောင်းစလုံးကို ချက်ချင်းသင်္ဂျိုးပစ်လိုက်ပါတယ်လို့ ထွက်ဆိုထားပါတယ်'
'ဟုတ်ပြီ … ဒါဆို နောက်ကွယ်မှာ မမြင်နိုင်တဲ့ အကြောင်းကိစ္စတစ်ခုခုတော့ရှိဦးမယ် … ရွာထဲကလူတွေပြောတာကိုလဲ အပြည့်အဝ ယုံလို့မဖြစ်သေးဘူး … ဒီတော့ ရဲအုပ်ဝင်းနိုင်ကပဲ ကြံခင်းနယ်နဲ့ ပတ်သတ်ပြီး ပိုမိုခိုင်လုံတဲ့ သဲလွန်စလေး ရှာပေးပါ'
' ပြီးတော့ ဆရာဝင်းနိုင် အဲ့ဒီအမှုကိုဘယ်လိုမြင်လဲ'
' ကျွန်းအခေါင်းကြီးနဲ့ ပတ်သတ်နေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် … မယုံနိုင်စရာ သံသယဖြစ်စရာဆိုလို့ ကျွန်းအခေါင်းကြီးထဲက ဖုတ်ကောင်ဆိုတာများလား '
' ကျွန်တော်လေ့လာဘူးသလောက် ဖုတ်ကောင်ရဲ့သွေးစုတ်ခံလိုက်ရပြီဆိုရင် နာရီပိုင်းအတွင်းမှာ ဖုတ်ကောင်လိုပဲပုံစံတွေ ပြောင်းလဲလာလိမ့်မယ် … ဖုတ်ကောင်ရဲ့အဆိပ်က ကျွန်တော်တို့ဂျက်(စ်)မြွေအဆိပ်မျိုးနဲ့ တူပါတယ် အတွင်းကလိစာနှလုံးကိုအဆိပ်တွေ ချက်ချင်းရောက်သွားနိုင်ပြီး ဖုတ်ကောင်လုံးလုံးဖြစ်သွားရပါလိမ့်မယ် … အမှုလာတိုင်းသွားတဲ့ ရွာလူကြီးပြောပုံအရ အဲ့ဒီလိုပုံစံတွေနဲ့ ထပ်တူကြနေတော့ ကျွန်တော်စဉ်းစားရခတ်နေပါတယ်'

' အင်း … ဒါဆို ဆရာဝင်းနိုင် သေသေချာချာ စုံစမ်းပေးပါ အကြောင်းကိစ္စထူးတာနဲ့ ကျွန်တော်တို့အားလုံး လုပ်စရာရှိတာတွေ ဆက်လုပ်ကြတာပေါ့'
'နောက်ပြီး လူသတ်တရားခံလား ဆရာနိုင်ဝင်းနိုင်ပြောတဲ့ ကျွန်းအခေါင်းကြီးထဲက ဖုတ်ကောင်လားဆိုတာ ကျွန်တော်တို့ရဲတပ်ဖွဲ့က အမြန်ဆုံးသိမှဖြစ်မယ် ပြီးတော့အဲ့ဒီဖုတ်ကောင်ရဲ့ အကြောင်းကိုလဲ ဆရာဝင်းနိုင် ဂျူတီအားရင် ပုံပြင်တစ်ပုဒ်အနေနဲ့ ပြောပြပေးပါဦး'
' ဟုတ်ကဲ့ရဲမှူးကြီး … ကျွန်တော်ဒီည ကြံခင်းနယ်မှာ သေချာစမ်းစုံခဲ့ပါ့မယ် အကြောင်းရင်း ခိုင်ခိုင်လုံလုံသိရတာနဲ့ ကျွန်တော်အမြန်ဆုံး အကြောင်းကြားပါ့မယ် ကျွန်တော့ကို ခွင့်ပြုပါဦး'
'ကောင်းပါပြီ …ဆရာဝင်းနိုင်'

ကားကြီးတိမ်းမှောက်သွားသည့် ညနေခင်းမှစတင်ကာ ကျွန်းအခေါင်းကြီးအတွင်းမှ ဖုတ်ကောင်ကြီးဟာ လွတ်မြောက်သွားခဲ့ပြီး ကြံခင်းနယ်အပိုင် လသာကျေးရွာပတ်ဝန်းကျင်မှာသာ ပုန်းအောင်းရှိနေလေခဲ့သည်။ အချိန်မှန်သာလျင် လသာကျေးရွာဆီသို့ အာရုံတတ်ချိန်တိုင်း ဝင်ရောက်လာခဲ့ပြီး ရွာရှိ တိရိစ္ဆာန်များ၏ဂုတ်သွေးကိုသာ စုတ်ယူနေလေခဲ့သည်။ ယမန်အာရုံတတ်ချိန်၌ ကင်းစောင့်လူငယ်သုံးဦး၏ သွေးအားစုတ်ယူခဲ့ပြီး ရွာလူကြီး၏အကြောင်းကြားချက်ဖြင့် နယ်မြေပိုင်ရဲအရာရှိများ သိရှိသွားခဲ့လေသည်။ ရဲအရာရှိများဟာ တိမ်းမှောက်သွားသည့် ကားကြီးအပေါ်၌တွေ့ရှိရသော ကျွန်းအခေါင်းကြီးနှင့် ဆက်စပ်ကာ ဖုတ်ကောင်ကြီးပင်လားဟူ၍ သံသယရှိသော်လည်း မယုံနိုင်စရာ အကြောင်းရင်းတစ်ခုသာ ဖြစ်နေသော်ကြောင့် ရဲအရာရှိများမှာ တိကျခိုင်လုံသော သဲလွန်စကိုသာ ရရှိရန်အတွက်ကြိုးပင်ကြမည်ဖြစ်သည်။

ကင်းစောင့်လူငယ်သုံးဦး ဂုတ်ပေါ်တွင် အကိုက်ဒဏ်ရာနှင့် သေဆုံးခဲ့ရခြင်းနှင့် ပတ်သတ်ပြီး ကျေးရွာလူကြီးမှာ နယ်အပိုင်ရဲစခန်းဆီသို့ အမှု့ဖွင့်တိုင်ကြားစေခဲ့သည်။ နယ်ပိုင်ရဲစခန်းမှ စခန်းမှူးကြီးဝင်းနိုင်တစ်ယောက်မှာလဲ တရုတ်ပြည်မှ ဖုတ်ကောင်၏ အကြောင်းအား လေ့လာသိရှိထားသူ တစ်ယောက်ဖြစ်သည့်အလား မှောက်သွားသည့် ကားပေါ်တွင်တွေ့ရှိခဲ့ရသော ကျွန်းအခေါင်းကြီးအား ထိုဖုတ်ကောင်၏ အခေါင်းဟု ကောက်ချက်ချထားစေကာ ရွာလူကြီး တိုင်ကြားသည့်အမှုနှင့် အဆက်စပ်ရှိနေလိမ့်မည်ဟု စဉ်းစားနေမိရင်း ယနေ့ည၌ မိမိကိုယ်တိုင် ထိုကျေးရွာတွင် ဖုတ်ကောင်လေလား၊ လူသတ်တရားခံလေလားဟူ၍ ခိုင်လုံသောသက်သေအား ရှာဖွေမည်ဟု ပြောဆိုလေတော့သည်။

                               ***
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
်ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
                         စာရေးသူ - ထီးကလေး
                   (ရင်နှင့်ရင်း၍ ရေးသားသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages