တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ပဉ္စမမြောက် လက်စားရှင်
(ဝိဥာဉ် ကလဲ့စား)✔
၃
စားရေးသူ-ထီးကလေး 🌂
`မြေးလေးရေ မြေးလေး…ဒီကလေးမလေး ဘယ်လျောက်သွားနေပါလိမ့်…´
စိတ်ရောဂါရှင်မလေး ဝင့်ဝါအား ပျောက်ဆုံးနေလျက် အဖွားဖြစ်သူမှာတော့ မှောင်နေသည့် ညနေဆောင်းလေးတွင် ကျောင်းဝန်းတစ်လျောက် လိုက်လံရှာဖွေနေလျက်ရှိသည်။ နေနီဝန်းကန်တင်းအရှေ့ရောက်သည်နှင့် ဆိုင်သိမ်းဆည်းနေသူ အလုပ်သမားလေး ပြည့်စုံကား ထိုမြင်ကွင်းကို တွေ့ရှိလိုက်ရသည်။ တစ်ခုခုတွေးတောမိလျက် ဆိုင်ရှင် ဦးတွကြီးပေးထားသော စက်ဘီးအဆုတ်လေးအား ထုတ်လျက် သိမ်းလက်စ အလုပ်များအား ပစ်ထားခဲ့ပြီး ပျောက်ဆုံးနေသော ဝင့်ဝါအား သူမသွားတတ်သည့် နေရာလေးဆီသို့ ဦးတည်နှင်းသွားတော့သည်။ သူထင်သည့် အတိုင်းသာလျင် ကျောင်းဝန်းအနောက် ကွင်းပြင်တောင်ကုန်းလေး၌ ဘောပင်လေးအား လှည့်လျက် ထိုင်နေသည့် ဝင့်ဝါအား တွေ့လိုက်ရသည်။သို့နှင့် မိမိစက်ဘီးအား ပစ်ချလိုက်ပြီး ဝင့်ဝါရှိနေသည့် တောင်ကုန်းလေးဆီသို့ လျောက်လှမ်းသွားလိုက်သည်။ သူမအနားသို့ ရောက်လာသည့် ပြည့်စုံအား မော့ကြည့်လျက် မိမိအနားတွင် ထိုင်ရန် ဟန်ပြလိုက်သည်။ မည်သည့်စကားမှ မပြောသည့် ပြည့်စုံကား အဖွားဖြစ်သူ သူမအား လိုက်ရှာနေကြောင်း မပြောတော့ပဲ ဝင့်ဝါ၏ လက်အား ဆွဲလျက် အဖွားဖြစ်သူဆီသို့ လိုက်ပို့ပေးရန် ဆွဲခေါ်လိုက်တော့သည်။ထိုနောက် မိမိကိုယ်ပေါ်တွင် ရှိနေသော အနွေးထည်အစုတ်လေးအား ဝင့်ဝါကို ခြုံပေးထားလျက် စက်ဘီးလေးတွန်းကာ အဖွာဖြစ်သူဆီသို့ လျောက်လှမ်းလာနေခဲ့သည်။ ဝင့်ဝါကား မည်သည့်စကားမှ မပြော ပြည့်စုံ၏ လက်မောင်းကိုမှီလျက် လိုက်ပါလာခဲ့ချေသည်။ မြေးဖြစ်သူအား လိုက်ရှာနေရသည့် အဖွားအိုကား မောဟိုက်လျက် လမ်းနံဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ပြီး သူတို့နှစ်ဦးအား မြင်တွေ့လိုက်ရသည့်အဖွားအိုက
`ဟဲ့ကောင် နင်ငါ့မြေးကို ဘယ်ခေါ်သွားတာလဲ နင့်ကိုရဲတိုင်မယ်´
ထိုသို့ပြောနေသည်ကို တုန့်လှုပ်မှု့မရှိ ဝင့်ဝါ၏ မျက်နှာလေးကိုသာကြည့်လျက် ပြည့်စုံကား ပြုံးနေခဲ့သည်။ ထိုနောက် အဖွားဖြစ်သူအား ပြည့်စုံခေါ်သွားခြင်း မဟုတ် သူမကိုယ်တိုင် အိမ်မှ ထွက်သွားကြောင်း ပြောခဲ့သည်။ဝင့်ဝါကိုယ်ပေါ်တွင်ရှိနေသော ပြည့်စုံ၏ အနွေးထည်လေးအား အဖွားအိုမှ ဖယ်လိုက်ပြီး
`ရော့…နံစော်နေတာပဲ နောက်တစ်ခါ ငါ့မြေးကို ကြည့်ရဲကြည့်ကြည့် နင့်ကို သတ်ပစ်မယ်…´
ဟု ပြောလျက် ပြည့်စုံ၏ အနွေးထည်လေးအား မြေပြင်ပေါ်သို့ ပစ်ချပေးလျက်မြေးဖြစ်သူ ဝင့်ဝါအား လက်ဆွဲခေါ်သွားတော့သည်။
အဖွားအိုပစ်ချပေးခဲ့သည့် မိမိအနွေးထည်လေးအား ကောက်ယူ ဖုံခါလိုက်ပြီး ကိုယ်ပေါ်တွင် ပြန်လည်ဝတ်ဆင်လိုက်သည်။ ဝင့်ဝါတစ်ယောက်ကတော့ အနောက်တွင် ကျန်နေခဲ့သည့် ပြည့်စုံအား နောက်ပြန် လည်ကြည့်နေလျက် အဖွားအိုခေါ်ဆောင်ရာသို့ လိုက်ပါသွားချေတော့သည်။ပြည့်စုံ၏ စိတ်ထဲ၌ စိတ်ရောဂါဝေဒနာရှင် ဝင့်ဝါအား သူ၏ မသိစိတ်၌ ချစ်နေမိခဲ့သည်။ ထိုညလေးမှ စ၍ ပြုံးရွှင်မနေတတ်သည့် ပြည့်စုံတစ်ယောက်ဟာ ဝင့်ဝါ၏ မျက်နှာလေးအား မြင်ယောင်လျက် မည်သူနဲ့မှ စကားမပြော တစ်ယောက်တည်းသာ ပြုံးရွှင်နေသည်ကို တွေ့နေရတော့သည်။အတန်းမတတ်သည်မှာ ကြာနေသည်ဖြစ်သောကြောင့် ထိုနေ့၌စိတ်ထဲတွင် အတန်းတတ်ချင်စိတ်များ ဖြစ်ပေါ်လာလျက် သူငဟ်ချင်းဖြစ်သူ တန်ခိုးအား လက်ပြနှုတ်ဆတ်လျက် သုံးယောက်သား အတန်းထဲသို့ ဝင်ရောက်လာချေသည်။ မေဂျာ အချိန်မဟုတ်သည်ကြောင့် သုံးထပ်ဆောင် အပေါ်ဆုံးထပ်သို့ တိုင်ပင်လျက် နှစ်ယောက်သား အခန်းလွတ်တစ်ခုတွင် ဝင်ရောက်ထိုင်နေခဲ့သည်။ မိန်းကလေးဖြစ်သူ မျှားကလေးအား ထိုအခန်းထဲ လိုက်ရန် မသင့်တော်သည်ကြောင့် အတန်းသွားတတ်စေပြီး ကျန်နေသူ ကျွူန်ပ်တို့နှစ်ယောက်ကတော့ အခန်းလွတ်အတွင်း ခုံလွတ်များ၌ လဲလျောင်းအိပ်နေခဲ့သည်။အိပ်ပျော်အောင် အိပ်စက်ခြင်း မဟုတ် အဆောင်ပြင်မထွက်ချင်သောကြောင့်သာ အခန်းအလွတ်အတွင်း၌ ဝင်ရောက်နေခြင်းဖြစ်သည်။
`ထီးလေး…မလုပ်နဲ့ကွာ…´
သုံးခုံကျော် ခုံအလွတ်၌ နဖူးအပေါ် လက်တင်ခါ လဲလျောင်းနေသော သူငယ်ချင်းဖြစ်သူ လမ်းကလေးကား တစ်ယောက်တည်း စကားပြောဆိုနေလျက် မျက်လုံးတစ်စုံအား ဖွင့်မကြည့် နှုတ်မှသာ ရည်ရွတ်ပြောဆိုနေခဲ့သည်။ ထိုအသံကို ကြားရသည့် ကျွုန်ပ်ကား လဲလျောင်းနေရာမှ လမ်းကလေး ရှိရာ ခုံသို့ ကြည့်လိုက်လေရာ မည်သူမှ မရှိ ကျွူန်ပ်၏ နာမည်ကား ပြောဆို တမ်းတနေသည်ကို မြင်တွေ့လိုက်ရသည်။ထိုနောက် စိတ်ထဲတွင် သိပ်မထား လဲလျောင်းမည်အလုပ်
`မလုပ်ပါနဲ့ဆိုကွာ…´
ထိုအသံနှင့်အတူ လဲလျောင်းနေရာမှ ပြောဆိုထလာသည့် လမ်းကလေးက ကျွုန်ပ်ရှိနေသည့် ခုံသို့လှမ်းကြည့်လိုက်သည်။
`ဘာဖြစ်လို့လဲ…လမ်းလေး မင်းကိုငါ ဘာလုပ်လို့လဲ…´
`အောင်မာ မင်းငါ့ကို ဇီးစေ့တွေနဲ့ ပစ်နေတာ မဟုတ်လား…´
`ဘာ…ဇီးစေ့ ဟုတ်လား…ဘာဇီးစေ့လဲ ငါမလုပ်ပါဘူး…ဒီမှာ ငါဟာငါ လှဲနေတာ´
မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်၏ ငြင်းဆန်သော စကားတို့အား လမ်းကလေးမှ မယုံကြည်ခဲ့ချေ။ ကျွုန်ပ် စိတ်ထဲ၌ အတွေးတစ်ခုပေါက်လျက် သူ့အား ဆက်ငြင်းမနေတော့ပဲ မသိမသာနေလိုက်တော့သည်။ကျွန်ုပ်စနောက်သည် အထင်နှင့် ပြုံရယ်လျက် သူကား ထိုခုံလေး၌ ပြန်လည် လှဲလျောင်းလိုက်စဉ်မှာပဲ ၁ပေမျှရှိသည့် ခုံတန်းလေးပေါ်မှ လိမ့်ကျ သွားတော့သည်။
`အား…ငါဘာဖြစ်တာလဲ…´
လမ်းကလေး၏ လှဲကျသွားသော အသံနှင့်အတူ သူ၏နှုတ်မှ အာမေဋိစကားသံများ ထွက်ပေါ်လာခဲ့လေသည်။သုံးခုံကျော်မှာ လှဲလျောင်းနေသည့် ကျွုန်ပ်အား လှမ်းကြည့်လိုက်ပြီး
`ထီးလေး…ဒါမရိုးသားဘူး…´
`ဘာမှ မဟုတ်ပါဘူးကွာ…မင်းဘာသာ မင်းပြုတ်ကျတာကိုများ သရဲခြောက်သလို ထင်မနေနဲ့ အလကား လာ…အတန်းချိန်နီးပြီး…သွားရအောင်´
မေဂျာချိန်နီးပြီးဖြစ်သောကြောင့် သူငယ်ချင်းဖြစ်သူအား အတန်းတတ်ရန် ကျွန်ုပ်ခေါ်လျက် စာသင်ခန်းရှိရာ ဒုတိယအထပ်သို့ ပြန်လည် ဆင်းသွားချေသည်။ ထို့နောက် ကျွန်ူပ်စိတ်ထဲတွင် ဘဝင်မကျနိုင် ထိုအခန်းသို့ပင် ပြန်လည် စူးစမ်းချင်စိတ်များ ပြင်းပြနေခဲ့တော့သည်။သို့နှင့် မေဂျာဆရာမ စာသင်ခန်းထဲရောက်လာလျက် ကျောင်းသူ ကျောင်းသာများအား အရေးတစ်ကြီး ပြောစရာရှိသည်ဟု ဆိုကာ ရွယ်နေစဉ်မှာပဲ သူငယ်ချင်းများ ဘေးမှ မသိအောင် ကျွုန်ပ်ထွက်သွားပြီး ထိုအခန်းသို့ တစ်ယောက်တည်း ခိုးထွက်သွားတော့သည်။ထိုအခန်း၌ ခုံသစ်များစုစည်းထားပြီး မည်သူ တစ်ဦးတစ်ယောက်မှ မထိုင်ဘူးသေးသည့် ခုံများပင်ဖြစ်ချေသည်။ပေ၃၀ ကျော်ကျယ်ဝန်းသည့် ထိုအခန်းထဲတွင် တိတ်ဆိတ်ငြိမ်သတ်လျက် ကျွုန်ပ်တစ်ယောက်တည်းသာ လမ်းကလေး လှဲလျောင်းခဲ့သည့် ခုံရှိရာသို့ လျောက်လှမ်းသွားခဲ့သည်။ ထိုခုံအား သေချာ စုးစိုက်ကြည်ပြီးနောက် လမ်းကလေးပြောသည့် ဇီးစေ့ဟူသော အရာအား ခုံပတ်ဝန်းကျင်တွင် ရှာကြည့်လေရာ မည်သည့်အရာတစ်ခုမှ မတွေ့ ရှင်းလင်းနေသည့် မြေပြင်ပြောင်ကိုသာ တွေ့ခဲ့ရသည်။ ထိုခုံလေးတွင် ကျွန်ုပ်ဝင်ထိုင်လျက် ဘယ် ညာ ကြည့်နေစဉ်တွင် ကျွန်ပ်၏ နံဘေးသို့ တစ်စုံတစ်ယောက် ဝင်ရောက် ထိုင်နေသလို ခံစားလိုက်ရသည်။ထိုနောက် ညှင်ဆို့ဆို့ ပန်းအနံ့နှင့်အတူ လူတစ်ယောက်၏ အုပ်စိုးမှု့အောက်တွင် ကျွန်ုပ်ရောက်သွားလေသလား ။စိတ်တစ်ခုလုံး မွန်းကြပ်လာလေသည်။ ထိုခံစားမှု့အား ကျွုန်ပ်မခံစားနိုင်တော့ပဲ ထိုင်နေရာမှ ထိုခုံနှင့် ခပ်လှမ်းလှမ်းသွားလိုက်တော့သည်။သို့မှသာလျင် ကျွုန်ပ်၏စိတ်တစ်ခုလုံး လွတ်လပ်ပေါ့ပါးသွားလေတော့သည်။ထိုနောက် အခန်းထဲမှ အမြန်ထွက်မည် ရွယ်လိုက်စဉ် အချိန်မှာပဲ အလုံပိတ်ထားသည့် ထိုအခန်းအတွင်းမှ တစ်စုံတစ်ယောက်၏ ရယ်မောသံလိုလိုပင် ကြားလိုက်ရတော့သည်။ကျွန်ုပ်၏ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားလျက် ကြောက်ကန် ကန်လေသလား ရဲတင်းစွာဖြင့် အခန်းပြင်သို့ မထွက်သေးပဲ ထိုခုံလေး၏ ပတ်ဝန်းကျင်အား ဖြေးညင်းသော ခြေလှမ်းတို့ဖြင့် လေ့လာလျက် အောက်ဘက်ပျင်အား ငိုက်ကြည့်လိုက်မိလေရာ
`မောင်တင်ငွေ အသက်( ၂၃) ´
အသုဘအခေါင်းတွင် ကပ်ထားလေ့ရှိသာ စာရွက်အဖြူပေါ်တွင် စာလုံးအနက်ဖြင့် စာစီထားသည့် သေသူ၏ အမည်နှင့်အသက်။ ထိုနောက် ခေါင်းပန်းပွင့် နှင့်အတူ ၎င်းစာရွက်ကို တွေ့လိုက်သည်နှင့် ကျွန်ပ်ကား နောက်ပြန်ရိုင်လဲ သွားတော့သည်။ မိမိစာသင်ခန်းရှိရာသို့ အပြေးလှမ်းသွားလျက် သူငယ်ချင်းများထိုင်နေသည့် ခုံရှိရာသို့ ဇောချွေးများဖြင့် ဝင်ရောက်ထိုင်လိုက်သည်။ ဟန်ပျက်နေသည့် ကျွူန်ပ်အား သူငယ်ချင်းဖြစ်သူများက မေးခွန်းများ မေးနေသော်လည်း ကျွန်ုပ်ပြန်မဖြေ ဘာမှ မဖြစ်ဘူးဟု ခေါင်းလေးသာ အသာခါပြနေတော့သည်။ညနေ အတန်ပြီးချိန်၌ သုံးယောက်သား အပြန်လမ်းသို့ လျောက်လာရင်း သူငယ်ချင်းဖြစ်သူ လမ်းကလေးက
`သြော်…မင်းကို ပြောရဦးမယ် မေဂျာအချိန်တုန်းက မင်းဘယ်ပျောက်သွားရတာလဲ…ဆရာမပြောတာ ငါနဲ့မင်းနဲ့ သွားထိုင်နေတဲ့ အပေါ်ဆုံးထပ်က အခန်းမှာ သရဲခြောက်တယ်ဆိုလား ပြောနေကြတယ်တဲ့…´
လမ်းကလေး၏ စကားကြောင့် ကျွန်ုပ်ဘာမှ ပြန်လည်မပြောနိုင် ကျွန်ုပ်ကား သ်ရှိပြီးသူ တစ်ယောက်ဖြစ်ချေသည်။ နေဝန်းနီ ဆိုင်ရှေ့ရောက်လာသည်နှင့် သူငယ်ချငိးဖြစ်သူ မျှားကလေးက အိမ်အပြန် ပေါက်စီဝယ်ချင်သည်ဟု ဆိုလျက် ထိုဆိုင်လေးသို့ ဝင်ရောက်သွားပြီး
`အစ်ကို ပေါက်စီရဦးမလား…´
မျှားကလေး၏ အမေးကား ပြည့်စုံ ပြန်မဖြေ ခေါင်းလေးသာ အသာခါပြလိုက်သည်။ ပေါက်စီထည့်ထားသည့် ဘမ်းထဲအားကြည့်လိုက်လေရာ ပေါက်စီ ၃လုံးအား အပူပေးထားသည်ကို တွေ့လိုက်ရသည်။
`ဟိုပေါက်စီတွေက မရောင်းဘူးလား´
ထိုအခါမှာလည်း ခေါင်းလေးသာ ခါပြလျက် ဆိုင်ရှင် ဦးတွကြီးမှ
`ပြည့်စုံ ပေါက်စီတွေ ရှိသေးတယ် ရောင်းလိုက်လေ…´
ဦးတွကြီးပြောနေသည်ကို မကြားသလိုနေလျက် မည်သည့် စကားမှ ပြန်မပြောချေ။ထိုနောက် အဖွားအိုနှင့် ဝင့်ဝါရောက်လာပြီး
`ဟဲ့…ပေါက်စီ ၃လုံးပေး…´
လေသံမာမာဖြင့် အဖွားအိုအား အပူပေးထားသည့် ပေါက်စီတို့ကို အိတ်ဖြင့် ထုပ်ပေးလိုက်လေတော့သည်။
`ဟင်!…အဲ့လူကို ကြည့်ရတာ တစ်မျိုးပဲ ရူးများရူးနေတာလား မသိဘူး စကားလဲ တစ်ခါမှ မပြောဘူး သူ့ကြည့်လိုက်ရင် ငိုင်တိုင်တိုင်နဲ့ ရူးနေတာလား…မသိဘူး´
ဟုဆိုလျက် ကျောင်းဝန်းတစ်ခုလုံး ပြည့်စုံဆိုသူ အလုပ်သမားလေးအား မည်သူမှ နားမလည်ချေ။ နေ့တိုင်းလိုလိုပင် ရောင်းကောင်းလှသော ပေါက်စီတို့အား ညနေဆောင်းအချိန်၌ သီးသန့် တိတ်တခိုးချစ်နေရသူ ဝင့်ဝါတို့ မြေးအဖွား နှစ်ဦးအတွက် အမြဲ ချန်ထားလေ့ရှိသည်။ တစ်ညနေ၌ ပေါက်စီသုံးလုံးအား အပူပေးနွေးထားလျက် မည်သူကိုမှ မရောင်း အဖွားအိုလာဝယ်မည်ကိုသာလျင် ရောင်းချရန် စောင့်ဆိုင်းနေခဲ့သည်။ သို့ပေမယ့် ထိုညနေ၌ သူထင်သလို အဖွားအိုနှင့် ဝင့်ဝါကား ပေါက်စီလာရောက် ဝယ်ယူခြင်းမရှိ မှောင်လာသည့် ညအချိန်ထိ ဆိုင်မသိမ်းသေးပဲ ထိုင်စောင့်နေခဲ့သည်။ ဝင့်ဝါအား တစ်နေ့မတွေ့ရလျင် မနေနိုင်တော့သည့် ပြည့်စုံကား ဝင့်ဝါလာတတ်သည့် ကျောင်းဝန်းအနောက် တောင်ကုန်းလေးဆီသို့ ဦးတည်ခါ ရှိနေမလား မတွေးဖြစ် သွားကြည့်လေတော့သည်။ သို့ပေမယ့် ဝင့်ဝါအား အတွေ့ လွမ်းဆွေးသော စိတ်ဖြင့်သာ မိမိဆိုင်လေးသို့ ပြန်သွားချေတော့သည်။ထိုသို့ ဝင့်ဝါတစ်ယောက် မိမိဆိုင်သို့ ပေါက်စီ လာမဝယ်ခဲ့သည်မှာ သုံရက်တိတိရှိနေချေပြီ။ တစ်ညနေ ကျောင်းပြန်ချိန်၌ ကျောင်းသူ ကျောင်းသားများ ရှုတ်ရုတ်သဲသဲဖြင့် ကျောင်းဝန်းအနောက်ဘက်လမ်းသို့ အပြေးသွားနေသည်ကို ကျွုန်ပ်တို့တွေ့လိုက်သည်နှင့် စူးစမ်းချင်သော စိတ်ဖြင့် ထိုနေရာသို့ လိုက်ပါသွားခဲ့လေတော့သည်။
`အဖွားမသေဘူး…ငါ့အဖွားကို ဘယ်ခေါ်သွားမလို့လဲ…အဖွား ထပါဦး သမီးဆေးသောက်ပါ့မယ် အဖွားတိုက်တဲ့ ဆေးတွေ သမီးသောက်ပါ့မယ် အဖွားထပါဦး…´
အပြင်းဖျားလျက် အဖွားအိုသေဆုံးနေသည်မှာ ၂ရက်ကျော်မျှရှိချေပြီ။ စ်တ်ရောဂါရှင် ဝင့်ဝါအား အိမ်အပြင်သို့ ထွက်သည်ကို ဘေးပတ်ဝန်းကျင်မှ မတွေ့သည်ကြောင့် ဝင်ရောက်ကြည့်ရှု့ရာမှ အဖွားအို သေဆုံးနေသည်ကို သိရှိခဲ့ရသည်။ အသုဘကားနောက်သို့ဖွားအေဖြစ်သူ မသေဘူးဟုဆိုကာ ဝင့်ဝါတစ်ယောက် ငိုယ်ုလျက် ပြေးလိုက်ချေသည်။ ထိုအချိန်၌ ပြည့်စုံရောက်ရှိလာပြီး ဝင့်ဝါအား ဖတ်ထားလျက် နှစ်သိမ့်နေခဲ့တော့သည်။ ထိုနောက် ဝင့်ဝါအား ချစ်မိနေသူ ပြည့်စုံကား ဝင့်ဝါ၏ မျက်ရည်တို့ကိုပင် မတွေ့ချင် ကျောင်းအနောက် တောင်ကုန်းလေးရှိရာသို့ ခေါ်ဆောင်သွားလေ့တော့သည်။ထိုနေရာသို့ရောက်သည်နှင့် ဝါဝင့်ဟာ ဝမ်းနည်းပူဆွေးသော မျက်နှာထားတို့မှ တစ်ဆင့် ပျော်ရွှင်သော မျက်နှာလေးအဖြစ် ကူးပြောင်းသွားတော့သည်။ဆယ်နှစ်ကျော်အချိန်ထိ မည်သူ့ကိုမှ စကားမပြောသည့် ပြည့်စုံဟာ ထိုအချိန်၌ ပျော်ရွှင်နေသည့် ဝင့်ဝါနံဘေးသို့ သွားလျက်
`ညီမလေး…ဘာလို့ အိမ်ကနေ ဒီကို ထွက်ထွက်လာရတာလဲ…နာမည်ရော ဘယ်လိုခေါ်လဲ…´
တိတ်တခိုး စွဲလမ်းစွာ ချစ်နေမိသော ဝင့်ဝါဟာ ပြည့်စုံနေထိုင်ရာ ထိုဆိုင်လေးနှင့် မနီးမဝေး ကျောင်းဝန်းအတွင်းတွင်သာ နေထိုင်သည်ကို ယနေ့မှ ပြည့်စုံသိရှိသွားစေပြီ။ပျော်ရွှင်နေသော ဝင့်ဝါဟာ ပြည့်စုံ၏ အမေးတို့ကို ပြန်မဖြေ ပြည့်စုံ၏ အနားသို့ လျောက်လှမ်းသွားလျက်
`အဖွားက ဝင့်ဝါကို နေ့တိုင်း ဆေးတွေ တိုက်တယ်…အဲ့ဆေးတွေကို ဝင့်ဝါမသောက်ချင်ဘူး…ဒါကြောင့်ဒီမှာ လာထိုင်နေခဲ့တာ…အခု အဖွားက ဝင့်ဝါ ဆေးမသောက်လို့ စိတ်ဆိုးပြီး ဟိုကားကြီးနောက်ကို လိုက်သွားပြီလေ´
အဖွားဖြစ်သူ သေဆုံးသွားသည်ကိုပင် သူမက လက်မခံနိုင် စိတ်ထဲဖြစ်ပေါ်လာသည့် စကားတို့အား ပြည့်စုံကို ပြောပြနေသည်က ကလေးငယ် တစ်ဦ်းပမာ
`ညီမလေး နာမည်က ဝင့်ဝါလား…ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့…ညီမလေးရယ် အဖွားက ပြန်လာမှာပါနော်…အခု တော်တော်မှောင်နေပြီ အစ်ကိုတို့အိမ်ပြန်ကြရအောင်…´
`ဟင့်အင်း…ဟင့်အင်း…မပြန်ချင်ဘူး အိမ်ရောက်ရင် ဆေးတွေ သောက်ရလိမ့်မယ် မပြန်ချင်ဘူး မပြန်ချင်ဘူး…´
ကလေးတစ်ယောက် ပမာဂျစ်တိုက်နေသည်က ပြည့်စုံအတွက် အလွန်တရာမှ ကြီးမားလှသော သံယော်ဇဉ်ကြိုးတစ်ချောင်းပင် ဖြစ်ချေသည်။ ထိုနောက် ဝင့်ဝါအား နည်းနည်းအမျိုးမျိုးဖြင့် ချော့မွေ့ပြောဆိုလျက် အိမ်အပြန်လမ်းသို့ လိုက်ပို့ပေးတော့သည်။ စိတ်ရောဂါဝေဒနာ ခံစားနေရသော ဝင့်ဝါအဖို့ အဖွားဖြစ်သူ သေဆုံးသည်နှင့်တစ်ပြိုင်နက် သူမရောဂါအခြေနေဟာ နဂိုကထက် ပို၍ပင် ဆိုးဝါးလာချေခဲ့သည်။ဂရုဏာအား မူတည်ပြီး ချစ်မိခဲ့သော ဝင့်ဝါအား ပြည့်စုံတစ်ယောက် မထိရက် မကိုင်ရက် ဖြစ်ခါ အိမ်အပြန်လမ်းသို့ ဦးတည် လိုက်ပို့လေတော့သည်။ ဝင်ဝါ၏ အိမ်ရှေ့သို့ ရောက်သည်နှင့် သံကြိုးများဖြင့် အိမ်တံခါးအား ချိတ်ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ တစ်ဇွတ်ထိုးစိတ်ဖြင့် သံကြိုးခတ်ထားသော ထိုတံခါးအား ပြည့်စုံတစ်ယောက် ဆွဲဖွင့်နေခဲ့သည်။ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်ကြောင့် အိမ်ရှေ့အိမ်မှ မိန်းမကြီးတစ်ယောက် ထွက်လာပြီး
`ဟဲ့…ဝင့်ဝါ နင်ဘယ်တွေ လျောက်သွားနေတာလဲ…နင့်အဖွား အကျွေးရှင်တွေ ဒီအိမ်ကို အကြွေးနဲ့ သိမ်းသွားပြီ.…နင့်အဖွား နာရေးကိုလည်း ကူညီမှု့အသင်းတွေရဲ့ ဌာနကို ပြောင်ထားတယ်…´
အချိန်ခဏလေး အတွင်းမှာပဲ ဝင့်ဝါ၏ အခြေနေဟာ အရာအားလုံး ပြောင်းလဲသွားချေသည်။
`ဘာ!…အိမ်ကို အကြွေးနဲ့ သိမ်းသွားပြီ ဟုတ်လား…ဒုက္ခပါပဲ…အစ်မကြီး အိမ်မှာ ဝင့်ဝါကို ခဏထားခဲ့မယ် ကျုပ်ဆိုင်ပြန်ပြီးတော့ စားဖို့သောက်ဖို့ယူပြီး ပြန်လာခဲ့မယ် ခဏထားခဲ့လို့ ဖြစ်မလား´
`သဘောပဲလေ…´
ထိုအိမ်ကား ပြည်တန်ဆာမ တစ်ယောက်၏ နေထိုင်ရာ အိမ်ပင်ဖြစ်ချေသည်။
ဝင့်ဝါအား ထိုအိမ်၌ စိတ်ချစွာ ထားစေခဲ့ပြီး စက်ဘီစုတ်လေးအား အပြေးနင်းလျက် မိမိဆိုင်သို့ ပြန်သွားချေသည်။ မိမိဆိုင်အတွင်း၌ ပြည့်စုံတစ်ယောက် ခေါက်ဆွဲပြုတ်နေစဉ်
`ဟေ့ ဆိုင်ရှင်…´
ဆိုင်အရှေ့မှ ခေါ်သံကြားသည်ကြောင့် အသံလာရာ ဆိုင်အရှေ့သို့ ထွက်သွားပြီး
`ငါ့ကို ခေါက်ဆွဲခြောက်တစ်ထုတ်ပေး´
ညကြီးအချိန်မတော် အရက်မူးနေသည့် လူတစ်ယောက်ကား ခေါက်ဆွဲခြောက်လာဝယ်သည်ကြောင့် ရောင်းချလိုက်ပြီး ပိုက်ဆံလေးအား အိတ်ကပ်အတွင်းသို့ ထည့်လျက် မိမိပြုတ်ထားသော ခေါက်ဆွဲ ကျက်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။ ထိုအမူးသမား ဦးတည်သွားနေသည်က ကျောင်းဝန်းအနောက်ဘက်လမ်း ပြည်တန်ဆာမ နေထိုင်ရာ အိမ်သို့ပင်။ ထိုအိမ်ရှေ့သို့ရောက်သည်နှင့် အလွန်ကျွန်မူးနေသော ထိုလူက
`ဟေ့…အသစ်လေးတွေ မရှိဘူးလား´
`ရှိပါ့ အပေါ်မှာ အသစ်ဆက်ဆက်လေး တစ်ယောက်ရှိတယ် ဈေးကတော့ ကာလပေါက်ဈေးပဲနော်…အမြန်တတ်သွား´
ထိုမိန်းမ လမ်းညွှန်ပေးလိုက်သူက စိတ်ရောဂါဝေဒနာရှင် ဝင့်ဝါဆီသို့ပင်။ ယိုင်တိုင်ကာ အိမ်အတွင်းသို့ ဝင်သွားပြီး ဝင့်ဝါရှိနေသည့် အိပ်ခန်းအတွင်းသို့ ရောက်သွားလျက် မိန်းမပျက်ဟု ထင်ကာ အဓမ္မပြုကျင့်ရန် စတင်ကြံဆတော့သည်။ မိမိပြုတ်ထားသော ခေါက်ဆွဲတို့ကို ချိုင့်ဖြင့် ထည့်လျက် ဝင့်ဝါဆီသို့ ပြုံးရွှင်ကာ အရောက်လှမ်းလာသော ပြည့်စုံတစ်ယောက် ထိုအိမ်ရှေ့သို့ ရောက်ခဲ့ချေပြီ။ ထိုနောက် ပွင့်လပ်နေသော တံခါအတိုင်း ဝင့်ဝါရှိနေသော အခန်းတံခါးသို့ ပြည့်စုံတစ်ယောက် ပြုံးရွှင်သော မျက်နှာထားဖြစ် ဖွင့်ရန်စတင်ရွယ်လိုက်လေတော့သည်။
စာရေးသူ-ထီးကလေး။
✏✏✏✏✏✏✏✏✏✏✏✏
(ဝန်ခံချက် -ဤဇာတ်လမ်း ကျောရိုးသည် တရုတ်နိုင်ငံမှ ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခုအား အခြေခံရေးသားထားသည်။ )
Post Top Ad
Responsive Ads Here
♠အပိုင်း (၃) တစ္ဆေ ကလဲ့စား (ပဉ္စမမြောက်လက်စားရှင် -ဝိဥာဉ်ကလဲ့စား)
Share This
Tags
# ၀၆.ပဉ္စမမြောက်လက်စားရှင်
Share This
About Unknown
၀၆.ပဉ္စမမြောက်လက်စားရှင်
Labels:
၀၆.ပဉ္စမမြောက်လက်စားရှင်
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment