တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
အလောင်း
အပိုင်း (၁၀)
စာရေးသူ-ထီးကလေး၊
ရဲဘော်တစ်ဦး၏ အဖြေစကားကြောင့် စခန်းမှူးကြီး အံ့အားသင့်သွားလျက် ဦးခိုင်ခံ့တင်အား ကြည့်မိလိုက်သည်။ ထိုအချိန်၌ အိမ်ကြီး၏ အပေါ်ထပ်ဆီမှ ခွေးလေးတိုးပွာကား စခန်းမှူးကြီးရှိနေသည့် ဧည့်ခန်းဆီသို့ အပြေးဝင်ရောက်လာလေပြီ။ အပြေးဝင်လာသည့် ခွေးလေးတိုးပွားအား စခန်းမှူးကြီး ကြည့်နေစဉ်မှာပဲ သူ၏ ဘောင်းဘီအား ကိုက်လျက် တစ်နေရာသို့ လမ်းပြလေမလား ဆွဲခေါ်နေသကဲ့သို့ ကိုက်ချီနေခဲ့လေသည်။
` ဟင် … လုပ် … လုပ်ပါဦး … ´
မိမိ၏ ဘောင်းဘီအား ကိုက်ဆွဲနေသည့် ခွေးလေးတိုးပွားကို ငုတ်ကြည့်လျက် ရဲအရာရှိကြီမှာ ကြောက်လန့်တကြား အကူညီတောင်းနေခဲ့သည်။
` ဟာ … ဘယ်လိုဖြစ်ပြီး … ရောက်လာရတာလဲ … ဟေ့ကောင်တွေ … လာကြစမ်း … ´
ဦခိုင်ခံ့တင်၏ ခေါ်ဆိုမှု့ဖြင့် သူ၏ တပည့်တစ်ယောက် ရောက်ရှိလာပြီ ရဲအရာကြီး၏ ဘောင်းဘီအား ကိုက်ချီနေသည့် ခွေးလေးအား မညာမတာ ရိုက်လျက် မောင်းထုတ်လေတော့သည်။ သို့ပေမယ့် ခွေးလေးဟာ ကိုက်ချီနေသည်ကို မလွတ် မညာမတာ ရိုက်နှပ်မှု့အောက်တွင် ငြိမ်ခံနေခဲ့သည်။ ရိုက်ချက်များ ပြင်းထန်လာသည်ကြောင့် မိမိ၏ အသားအား ထိရောက်အောင် မကိုက် အပေါ်ယံ ဘောင်းဘီိကိုသာ ကိုက်နေသည့် ခွေးလေးအား ဆက်မရိုက်ရန် ရဲအရာရှိကြီးမှ တားလိုက်ပြီ်း
` ဟိုး … နေဦး … မရိုက်ပါနဲ့တော့… ဒီကောင်ကြီးကြည့်ရတာ သာမာန် တိရိစ္ဆာန်တွေနဲ့ မတူဘူး … တစ်ခုခုကို ပြောချင်နေသလိုပဲ … ´
` ဟာကွာ … ဒီလောက် ကြိုးချည်ထားတောင် ဘယ်လိုဖြစ်ပြီး ဒီအခန်းထဲ ရောက်လာရတာလဲ…´
`ဟင် … ဒီကောင်ကြီးကို ကြိုးချည်ထားတာ ဟုတ်လား … လည်ပင်းမှာလဲ … ဒဏ်ရာနဲ့ အတင်းရုံးထွက်လာတာ ဖြစ်မယ် … သာမာန် တိရိစ္ဆာန်တွေနဲ့လဲ … မတူဘူး … ´
`ဒီခွေးက … အလကားပါ … အရမ်းဆိုးလို့ ကြိုးချည်ထားရတာ … ´
ရဲအရာရှိကြီး၏ တားမြစ်မှုဖြင့် ခွေးလေးအား ညာမှု့ကင်းမဲ့စွာ ရိုက်နှပ်နေသော ထိုလူကြီး ရပ်တန့်သွားချေခဲ့သည်။ ထို့နောက် ခွေးလေးအား ငုတ်ကြည့်မိလိုက်သည်နှင့် ခွေးလေးတိုးပွား၏ လည်ပင်းနှင့် နားရွက်တစ်ဖတ်တွင် သွေးများဆို့နေသော ဒဏ်ရာအား တွေ့လိုက်ရတော့သည်။ ခွေးလေး၏ ခေါင်းအား ပွတ်သပ်လျက် ရဲအရာရှိကြီးမှ
` ဟေ့ကောင် … ဘာလို့ ငါ့ဘောင်းဘီကို လာဆွဲနေရတာလဲ … ဘာလုပ်မလို့လဲ …´
စခန်းမှူးကြီးက ခွေးလေးအား ငုတ်ကြည့်ပြောဆိုလိုက်သည်နှင့် ခွေးလေးမှိာထိုင်နေသည့် စခန်းမှူးကြီး၏ ဘောင်းဘီအား ပြန်လည်ကိုက်လျက် ဆွဲနေပြန်တော့သည်။
` ဟေ့ကောင်တွေ … လာကြစမ်း … ဒီခွေးကို တစ်နေရာ ခေါ်သွားစမ်းကွာ … ဒီမှာ စကားကောင်းကောင်းလို့မရဘူး … အိမ်နောက်ဖေးမှာ ကြိုးချည်ထားလိုက် …´
သိတတ်လွန်းသည့် ခွေးလေး၏ အကြောင်းအား သိရှိထားသော ဦးခိုင်ခံ့တင်တစ်ယောက်မှာတော့
မည်သည့်အတွက်ကြောင့် ခွေးလေးဟာ စခန်းမှူးကြီး၏ ဘောင်းဘီအား လာရောက်ကိုက်နေရသည့်ကို ကောင်းစွာ သဘောပေါက်သွားခဲ့သည်။ သိုနှင့် စခန်းမှူးကြီး ရိပ်စားမိမှာ ဆိုးသောကြောင့်
ရဲအရာရှိကြီး၏ ဘေးမှ ခွေးလေးအား ခေါ်ဆောင်သွားရန် ပြောလိုက်လေသည်။ သို့ပေမယ့် မည်သူကိုမှ ခွေးလေးဟာ သူ၏ အနားသို့ အကပ်မခံ မာန်ဖီလျက် ခြောက်နေခဲ့သည်။ ထို့နောက် လူသုံးယောက်မှ ခွေးလေးအား ဝိုင်းချူပ်ဖမ်းဆီလျက် အိမ်ကြီး၏ နောက်ဖေးဆီသို့ ခေါ်ဆောင်သွားတော့သည်။
` မလုပ်ကြပါနဲ့ဗျာ … ဒီကောင်ကြီး တစ်ခုခုဖြစ်နေလို့ နေမှာပါ … ကျုပ်ကိုများ တစ်နေရာရာ ခေါ်နေသလိုပဲ … ကျုပ်သူခေါ်ရာကို လိုက်သွားကြည့်ချင်တယ် … ကျုပ်ကို ခွင့်ပြုပါလား…´
` ဟာဗျာ … ဘာမဟုတ်တဲ့ ခွေးနောက်ကို လိုက်ပြီး ဘာလုပ်မှာလဲ … အလကား အချိန်ကုန်ပါတယ် … ကဲ … အခု ဆရာတို့ လာရင်းကိစ္စပြီးပြီ မဟုတ်လား … ဒါဆို ကျုပ်အနားယူလိုက်ဦးမယ် … ဟေ့ယောင်တွေ ရဲအရာရှိကြီးတွေ ပြန်တော့မယ် ခြံဝထိလိုက်ပို့ပေးလိုက်ကြဦး …´
`မ … မဟုတ်သေး … ကျုပ်က်ု ဒီကောင်ကြီးနဲ့ ခဏလောက် တွေ့ခွင့်ပေးပါလား … ကျုပ်တောင်းဆိုတာပါ … ´
`ကဲ … စခန်းမှူးကြီး … အလုပ်မဟုတ်တာတွေ မတောင်းဆိုပါနဲ့ဗျာ … ခင်ဗျားမှာလဲ တာဝန်တွေနဲ့ မဟုတ်လား … ကျုပ်လဲ အနားယူလိုက်ပါဦးမယ် … ခင်ဗျားတို့ လာရင်းအကြောင်း ကိစ္စပြီးရင် ပြန်ပါတော့လို့ ကျုပ်က ပြန်တောင်းဆိုပါရစေ … ´
စခန်းမှူးကြီး၏ တောင်းဆိုမှု့အား လက်မခံ ဦးခိုင်ခံ့တင်တစ်ယောက်မှာတော့ ထိုင်နေသည့် ဧည့်ခန်းအတွင်းမှ အနားယူဦးမည်ဟုဆိုကာ လျောင်ထွက်သွားချေတော့သည်။
သို့နှင့် စခနိးမှူးကြီးမှာ ခွေးလေးတိုးပွားအား သံယော်ဇဉ်မပျက်နိုင် တသသလိုက်ကြည့်နေရင်း ခြံအတွင်းမှ ထွက်ခွာသွားရချေတော့သည်။
`ဟိုခွေးစုတ်ဘယ်မှာလဲ … ´
`နောက်ဖေးမှာ သံကြိုးနဲ့ ချီထားလိုက်ပြီ ဆရာကြီး…´
`တောက်… ! ဒီခွေးကိုတော့ အပျက်ရှင်းဖြစ်မှ ဖြစ်တော့မယ် မဟုတ်ရင် ဒီခွေးကြောင့် ငါတို့အားလုံး ဒုက္ခရောက်လိမ့်မယ် … ဒါနဲ့ ပယောဂါဆရာကြီးရော … ´
`ကျုပ်… ဒီမှာ ရှိပါတယ် … ဘယ်လိုလဲ … ကျုပ်ပညာအစွမ်းကို သိပြီ မဟုတ်လား … ´
`သိပါပြီဗျာ … သိပါပြီ… သိပ်စွမ်းတဲ့ မှော်ပညာပါပဲဗျာ … ဒါနဲ့ ကျုပ်သမီးလေးရော …´
` ခင်ဗျားသမီးက သူ့အခန်းထဲမှာ အိပ်မောကျနေပြီ … သူ့အသားမထိမချင်း နိုးမှာမဟုတ်သေးဘူး … ´
`တော်တော်ထူးဆန်းတဲ့ မှော်ပညာပါပဲဗျာ … ကျုပ်ဖြင့် စိုးရိမ်လိုက်ရတာ … ဘယ်လိုဖြစ်ပြီ ဒီရဲတွေ ကျုပ်သမီး အခန်းကိုရှာမတွေ့ရတာလဲ…´
`ဟားဟား … မှော်ပညာလေဗျာ … ဒီလောက်အခန်းလေး မပြောနဲ့ ခင်ဗျားတစ်အိမ်လုံးကိုတောင် မှော်ပညာနဲ့ ကိုယ်ယောင်ဖျောက်ထားလို့ရတယ် …´
`ဟင် … ဟုတ် … ဟုတ်ကဲ့ … ကျေးဇူးပါပဲဗျာ … အားကိုးပါတယ် … ဆရာကြီးရာ … အားကိုးပါတယ် … ဒါနဲ့ …ဟိုခွေးစုတ်ကို ကျုပ်သမီးလေး သူ့အခန်းထဲမှာ ကြိုးနဲ့ချီထားတာ ဘဟ်လိုဖြစ်ပြီ လွတ်လာရတာလဲ…´
` ကျုပ်ပညာက ကံနိမ့်တဲ့ တိရိစ္ဆာန်တွေကို မစိုးမိုးနိုင်ဘူး … ခင်ဗျားသမီးနဲ့ ကလေးလေးကို အိပ်ငွေ့ချပြီး … ရဲတွေမမြင်အောင် အိပ်ခန်းကို ဖျောက်ထားနိုင်ခဲ့ပေမယ့် ဒီခွေးကိုတော့ ကျုပ် အိပ်ငွေ့မချနိုင်ဘူး … ဒါကြောင့် ဒီကောင်အတင် ရုံးထွက်ပြီးလာတာ ဖြစ်မယ်… တော်တော် အသိဥာဏ်ရှိတဲ့ ခွေးပါလား … ´
`ဆရာကြီးက ချီးကျူးနေတယ် … ကျုပ်တော့ အဲ့ဒီခွေးကို အခုပဲ အပျက်ရှင်းချင်နေပြီ … ´
` ဟိုး … နေဦး … အဲ့လို လုပ်လိုက်ရင် ခင်ဗျားသမီးနဲ့ ပြသနာတတ်သွားမှာပေါ့ … ဒီတော့ အဲ့ဒီခွေးကို ခင်ဗျားသမီး ကိုယ်တိုင် စိတ်နာပြီး ဘေးမဲ့ လွှတ်သွားချင်စိတ် ပေါက်အောင် ကျုပ်လုပ်ပေးမယ် …´
`ယုံပါတယ် … ဆရာကြီးရာ … ကျုပ်သမီးက အဲ့ဒီခွေးကို နည်းနည်းလေးမှ အထိခံတာ မဟုတ်လို့ ကျုပ်လဲ အမြင်ကတ်ကတ်နဲ့ ကြည့်နေတာ ကြာပြီ'.
` စိတ်ချပါ … ကျုပ်လုပ်ပေးပါ့မယ် …´
ချာတိတ်ငါးယောက်၏ သတင်းပေးမှု့အရ ရဲအရာရှိကြီးကား ဦးခိုင်ခံ့တင်၏ နေအိမ်သို့ တာဝန်အရ စစ်ဆေးရှာဖွေရာတွင် မမြင်တွေ့စေနိုင်ရန် မှော်ဆရာကြီးမှ ဖြူဖြူသျှင်းနှင့် သမီးလေးအား အိပ်ငွေ့ချလျက် သူမ၏ အိပ်ခန်းအား ရှာဖွေးရေး ရဲအရာရှိများ မတွေ့နိုင်ရန် မိမိ၏ မှော်ပညာအား အသုံးချလျက် ဖုန်းကွဟ်ပေးထားခဲ့သည်။ သို့ပေမယ့် သူ၏ မှော်ပညာကား ကံနိမ်သည့် ခွေးလေးတိုးပွားကိုတော့ မလွှမ်းမိုးနိုင်ချေ။ အိပ်ငွေ့ချခံထားရသည့် ဖြူဖြူသျှင်းနှင့် သမီးလေးအား ကြည့်လျက် သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်၏ မတရားမှု့အား ဖော်ထုတ်ပေးနိုင်မည့် ရဲအရာရှိများ ရှိနေရာ ဧည့်ခန်းဆီသို့ သူ့၏အသားအား အနာခံလျက် ချီထားသည့် သံကြိုးအတွင်းမှာ လွတ်မြောက်အောင် ခွေးလေး ရုံးထွက်လာနိုင်ခဲ့သော်လည်း စကားမပြောတတ်သည့် ခွေးလေးအဖို့ ဘာမှ မတတ်နိုင် ဦးခိုင်ခံ့တင်၏ လှည့်ကွက်အောက်တွင်သာ မျောပါသွားခဲ့ရချေသည်။
ထို့နောက် အိပ်မောကျနေသည့် သမီးဖြစ်သူ ဖြူုဖြူသျှင်း၏ အိပ်ခန်းအတွင်းသို့ ဦးခိုင်ခံ့ဝင်ရောက်သွားပြီး
` သမီး … သမီး … ´
ဦးခိုင်ခံ့တင်၏ လှုပ်နိုးမှု့ကြောင့်အိပ်မောကျနေသည့် ဖြူဖြူသျှင်းတစ်ယောက် နိုးသွားပြီး
` ရှင် … ဖေဖေ … ဘာဖြစ်လို့လဲဟင် … ´
`အောက်ထပ်မှာ … ဖေဖေ … ဧည့်သည်တွေနဲ့ စကားပြောနေတာကို ဟိုခွေးစုတ်လွတ်လာပြီး ဖေဖေ့ဧည့်သည်တွေကို လိုက်ကိုက်နေလို့ … ´
`ရှင် … တိုးပွာ … ´
`တိုးပွာ …အခုတိုးပွားရော ဖေဖေ…´
ဖခင်ဖြစ်သူ ဦးခိုင်ခံ့တင်၏ လိမ်လည်ပြောဆိုသော စကားတို့အား ကြားလိုက်ရသည်နှင့် ဖြူဖြူသျှင်းမှာ မိမိချည်ထားသည့် တိုင်ဆီသို့ လှည့်ကြည့်လျက် ခွေးလေးတိုးပွားအား အသည်းသန်မေးမြန်းလေတော့သည်။
`အိမ်နောက်ဖေးမှာ ချည်ထားလိုက်ပြီ … ´
`ဟင် … တိုးပွားက ဘာဖြစ်လို့ ကိုက်ရမှာလဲ … ဒီကောင်တစ်ခါမှ ဒီလိုမဖြစ်ဘူးပါဘူး … ´
`သမီး … ညည်းလဲ သတိထားပြီးနေနော် … အဲ့ဒီခွေးအခုတလော စိတ်ရိုင်းတွေ ဝင်နေတယ် … ကြာရင် သမီးရဲ့ ကလေးကိုပါ … ရန်ပြုလာနိုင်တယ် … ´
`အိုး … တိုးပွားကြီးက သမီးလေးကို ငယ်ငယ်လေးတည်းက လူတစ်ယောက်လိုပဲ ထိမ်းလာခဲ့တာ … ဖေဖေတို့ တိုးပွားကြီးကို ဘာမှ မလုပ်ပါနဲ့နော် … ´
`အေးပါ … ငါ့သမီးလေးကြောင့် ဒီခွေးကို ဖေဖေကြည့်နေတာ ကြာပြီ … ´
`အခု … တိုးပွားကြီးကို သမီးဆီခေါ်လာပေးပါ ဖေဖေ…´
မှော်ဆရာကြီး အကြံပေးသည့်အတိုင်း ဦးခိုင်ခံ့တင်တစ်ယောက်မှာတော့ သမီးဖြစ်သူ ဖြူဖြူသျှင်းအား တစ်ဖတ်လှည့်ဖြစ် လိမ်လည်ပြောဆိုနေခဲ့သည်။ ခွေလေးတိုးပွား၏ သိတတ်မှု့များအား မောင်ကျော်နှင့် အတူတကွ နေထိုင်လာစဉ်မှ သိရှိထားသော ဖြူဖြူသျှင်းမှာတော့ စိတ်ရိုင်းဝင်နေသည်ဟူသော ခွေးလေးအား မယုံကြည်နိုင်ချေ။ ထို့နောက် သူမအိပ်ခန်းဆီသို့ ခွေးလေးတိုးပွား ပြန်ရောက်လာချေပြီ
`တိုးပွာ … သားလေး … နင်ဘာလို့ အဲ့ဒီလို လျောက်လုပ်နေရတာလဲ … နင့်ကို ဖေဖေတို့ ကြာရင် သတ်ပစ်ကြလိမ့်မယ် … နင်မကြိုက်ရင်လဲ နင့်ကို ငါကြိုးနဲ့ မချည်ထားတော့ပါဘူး … မဆိုးရဘူးနော် … ´
ဖြူဖြူသျှင်း၏ ပြောဆိုမှု့များအား ခွေးလေးတိုးပွား စိုက်ကြည့်နေလျက် ငြိုးငယ်လေသော မျက်နှာလေးဖြင့် မှိုင်နေခဲ့သည်။ လူသားများ၏ အမြင်အား ဖုံးကွယ်ထားနိုင်သည့် မှော်စွမ်းအား ကံနိမ့်လွန်းသည့် ခွေးလေးတိုးပွား၏ အမြင်ကိုတော့ ဖုံးကွယ်၍မရ ဝိဥာဉ်မောင်ကျော်အား ချုပ်ထားသည့် စဥ့်အိုးကြီးကို ခွေးလေးတိုးပွားမြင်တွေ့နေခဲ့ရသည်။
ဦးခိုင်ခံ့တင်၏ ရက်စက်မှု့များအား ကျွန်ုပ်၏ တိကျလှသော တရားစွဲမှု့ဖြင့် ရဲအရာရှိများ သူ၏ နေအိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးရန် သွားလျက် စခန်းဆီသို့ ပြန်လာမည့်အချိန်အား ကျွန်ပ်နှင့်အတူ သူငယ်ချင်း လေးယောက်အပါဝင် စောင့်မျှော်နေခဲ့ကြသည်။ အတန်ကြာသည့်အထိ အချုပ်ခန်းသံတိုင်များကြားမှ စခန်းမှူးကြီး ပြန်အလာကို စောင့်စားနေပြီးနောက် မကြာမီအချိန်အတွင်းမှာပဲ သူ၏တာဝန် စားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ချေသည်။
` ဟာ … စခန်းမှူးကြီး … ပြန်လာပြီး … ´
`သူ့ကြည့်ရတာ မျက်နှာလဲ မကောင်းပါလား … ´
` ပင်ပန်းလာလို့နေမှာပါ … ´
`ငါပြောတဲ့ အတိုင်းတွေ့ခဲ့ရဲ့လား မသိဘူး …´
အချုပ်ခန်းသံတိုင်များကြားမှ ကျွန်ုပ်နှင့် သူငယ်ချင်းများ စားပွဲဝိုင်းအတွင်း မျက်နှာမကောင်းစွာ ဝင်ရောက်ထိုင်နေသော စခန်းမှူးကြီးအား ကြည့်လျက် တစ်ယောက်တစ်မျိုး ဝေဖန်နေမိတော့သည်။ ထို့နောက် စခန်းမှူးကြီး၏ စားပွဲဘေးမှ ရဲအရာရှိတစ်ယောက်က အချုပ်ခန်းဆီသို့ ဦးတည်လာပြီး
` ကောင်လေးတွေ … ခဏထွက် …´
ထိုသူမှ ကျွန်ုပ်တို့အား မာန်ပါလှစွာ ပြောလိုက်လေသည်။ ထို့နောက် စခန်းမှူးကြီး၏ စားပွဲဆီသို့ ကျွန်ုပ်တို့အား ခေါ်ဆောင်သွားပြီး စားပွဲဝိုင်းဆီသို့ ရောက်သည်နှင့် ကျွန်ုပ်ကား သိချင်စိတ်ဖြင့်
` စခန်းမှူးကြီး … ကျွန်တော်ပြောတာတွေ အားလုံး အမှန်ပဲ … မဟုတ်လား … ဖြူဖြူသျှင်းကို သူ့ယောက်ျားအကြောင်း ပြောပြခဲ့ရဲ့လား… ´
` တိတ်စမ်း!… ´
ကျွန်ုပ်၏ သိချင်စိတ်ပြင်းပြနေသော စကားတို့အား စခန်းမှူးကြီးမှ ခပ်ပြင်းပြင်း ဟန့်တားလိုက်လေသည်။
` မင်းတို့ အားလုံးကို ဝတ္တရားနှောက်ယှက်မှု့ အသေရည်ဖျက်မှု့နဲ့ အားလုံးကို တရားဆွဲပစ်မယ် … ဆရာကြီး … အမျိုးသမီး အချုပ်ခန်းထဲက မိန်းကလေးတစ်ယောက်ကိုပါ … ခေါ်ပေးပါ … ´
စခန်းမှူးကြီး၏ ပြောစကားများအား ကျွန်ုပ်နှင့် သူငယ်ချင်းများ နားမလည်နိုင်။ အမျိုးသမီးအချုပ်ခန်းဆီမှ မျှားကလေးပါ ကျွန်ုပ်တို့လေးယောက် ရှိနေရာသို့ရောက်ရှိလာလေသည်။
` မင်းတို့အားလုံးက သူများခြံထဲလဲ ကျုးကျော်ဝင်တယ် … အိမ်ရှင်ကိုပါ … လူသတ် အလောင်းဖျောက် တရာခံဆိုပြီး … တရားစွဲတယ် … ငါတို့အားလုံးကို အလုပ်ရှုတ်အောင် ဝတ္တရားနှောက်ယှက်တယ် … ´
`ဗျာ … ! စခန်းမှူးကြီး … ဘာကို ဆိုလိုတာလဲ …´
`ဘာကိုဆိုလို့ရမလဲ … မင်းပြောတော့ အဲ့ဒီအိမ်ပိုင်ရှင် ဦးခိုင်ခံ့တင်မှာ သူ့သမီး ဖြူဖြူသျှင်းဆိုတာ ရှိတယ်ဆို … ´
`ဟုတ်တယ်လေ … အဲ့ဒီအမျိုးသမီးက မတရားအသတ်ခံရတဲ့ မောင်ကျော်ရဲ့ ဇနီးပဲ …´
`တိတ်စမ်း…! အပိုတွေ လျောက်ပြောမနေနဲ့ … ဦးခိုင်ခံ့တင်ရဲ့ သမီးနာမည်က ရတနာလေး … ပြီးတော့ နိုင်ငံခြားမှာ ပညာတော်သင်သွားနေတာ … သူပြောတာကို မယုံလို့ … ငါတို့ကိုယ်တိုင် တစ်အိမ်လုံး အနံ့ စစ်လာခဲ့တာ … မင်းတို့ပြောတဲ့ ဖြူဖြူသျှင်းဆိုတာမပြောနဲ့ မိန်းကလေး အသုံးအဆောင် ပစ္စည်းတောင် တစ်ခုမှ မတွေ့ရဘူး …´
`ဗျာ …! ´
စခန်းမှူးကြီး၏ ပြောစကားများအား ကြားလိုက်ရသည်နှင့် လွန်စွာမှပင် ကျွန်ုပ်အံ့အားသင့်လျက် အတန်ကြာသည့်အထိ မည်သည့်စကားမှ ပြန်လည်မပြောနိုင် ။ ထိုနောက်
` စခန်းမှူးကြီး … တ … တကယ်ပြောနေတာလား … ကျွန်တော်ပြောတဲ့ မိန်းကလေးကို မတွေ့ခဲ့ဘူးလား … ´
`တိတ်စမ်း …! မင်းတို့ကို ဝတ္တရားနှောက်ယှက်မှု့နဲ့ တရားမစွဲချင်လို့ ငါသည်းခံပေးနေတာနော် … မင်းပြောတဲ့ … အခုအကြောင်းသာ ဦးခိုင်ခံ့တင် သိသွားရင် အသေရည်ဖျက်မှု့နဲ့ … ထပ်ပြီးအမှု့တိုးနေလိမ့်မယ် … အဲ့ဒီအကြောင်း ထပ်မပြောနဲ့တော့ … ´
ကျွန်ုပ်၏ အမေးကား ပြန်လည်ဖြေလိုက်သည့် စခန်းမှူးကြီးကပင် လွန်စွာမှ ဒေါသထွက်လျက် ကျွန်ုပ်အား ထိုအကြောင်းဆက်မပြောရန် ဟန့်တားစေခဲ့သည်။
` ကဲ … မင်းတို့မှာ တစ်ခါမှ ပြစ်မှု့ကျုးလွန်ဘူးတာ မရှိဘူးဆိုတော့ သတ်ညာတဲ့အနေနဲ့ မင်းတို့တည်းက အိမ်ထဲ ကျုးကျော်ဝင်တဲ့သူကိုပဲ ငါတို့သိချင်တယ် … ကျန်တဲ့ မဆိုင်တဲ့ လူတွေကိုတော့ ခံဝန်ကတိထိုးပြီး လွတ်ပေးမယ် … ကဲ… ပြော … ဘဟ်သူဝင်တာလဲ …´
စခန်းမှူးကြီးကား ကျွန်ုပ်၏ စကားများအား ဟန့်တားလျက် ခြံကြီးအတွင်းသို့ ကျုးကျော်ဝင်ရောက်သောသူကိုသာ မေးလေတော့သည်။ သူငယ်ချင်းဖြစ်သူများကား ကျွန်ုပ်၏ မျက်နှာအား ကြည့်လျက်
`တစ်ခုခုတော့ … မှားနေပြန်ပြီ … ´
သူငယ်ချင်းများ၏ အယုံကြည်ကင်းမယ့် သွားမည်လား ထိုအကြည့်များအား ကျွနိုပ်မခံစားနိုင် နှုတ်မှ ရည်ရွတ်မိလိုက်သည်။
`ဟာ … ငါမေးနေတယ်လေ … အဲ့ဒီခြံကြီးထဲကို ဘယ်သူဝင်တာလဲ … ဘာလုပ်ဖို့ ဝင်တာလဲ … ဖြေကြလေကွာ … ´
စခန်းမှူးကြီး၏ အဖြေအား ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ပြန်မဖြေ ဖြူဖြူသျှင်းအကြောင်းကိုသာ တွေးနေမိတော့သည်။ ထိုနောက်
` စခန်းမှူးကြီးကို ကျွန်တော်တို့ ပြောခဲ့ပြီးပြီပဲ … မဝင်ပါဘူးလို့ … တကဟ့်တရားခံ အစစ်က အဲ့ဒီအိမ်ပိုင်ရှင် သူဌေးဦးခိုင်ခံ့တင်ပဲ … သူကမှ လူသတ်တရားခံ … ´
` ကောင်းပြီ … မင်းတို့ ဘယ်သူမှ ဝင်မခံဘူးပေါ့ ဟုတ်လား … ရတယ်… ဒါဆို မင်းတို့အားလုံးကို တရားရုံးတင်မယ် … ကဲ … ရဲဘော် သူတို့ကို အချုပ်ထဲ ပြန်ထည့်ထားလိုက် … ´
` နေ… နေပါဦး … စခန်းမှူးကြီး … ကျွန်တော် ပြောတာကို ယုံပါ … အဲ့ဒီအိမ်မှာ … မတရားအမှု့တွေနဲ့ ပြည့်နေတာ … ကျွန်တော်ပြောတာကို ယုံပါ … အဲ့ဒီခြံထဲမှာ အသတ်ခံရတဲ့ … မောင်ကျော်ရဲ့ မိန်းမနဲ့သမီးလေး အပါအဝင် ခွေးလေးတစ်ကောင်လဲ … ရှိနေပါတယ်… ကျွန်တော်ပြောတာကို ယုံပေးပါ'
ကျွန်ုပ်၏ ပြောစကားများအား စခန်းမှူးကြီးမှ နားမထောင် ခေါင်းအားခါရမ်းလျက် အချုပ်ခန်းအတွင်းသို့ အတင်းသာလျင် ပြန်လည်ပို့ဆောင်စေတော့သည်။ ကျွန်ုပ်၏ ခွေးလေးဟူသော စကားသံအား ထိုစခန်းမှူးကြီး တစ်စွန်းတစ်စ ကြားလိုက်ရလေသလား ။တစ်ခုခုအား တွေဝေသွားသကဲ့သို့ ဖြစ်သွားချေသည်။
` ဟာ … ဘယ်လို လုပ်ကြမလဲ … ထီးလေး … ဖြူဖြူသျှင်းကို မတွေ့ခဲ့ဘူးတဲ့ … ´
`ထီးလေး … မင်းပြောတဲ့ … မောင်ကျော့်အကြောင်းက တကယ်ရော … ဟုတ်ရဲ့လား … ´
` ဟုတ်ရဲ့လား … ထီးလေး … တကယ်မှ ဟုတ်ရဲ့လားကွာ …´
`ပြောပါဦွး … မင်းကို တကယ် မောင်ကျော်ဆိုတဲ့ ဝိဥာဉ်က သူ့အကြောင်း ပြောပြတယ်ဆိုတာ ဟုတ်ရဲ့လား … အဲ့ဒီအိမ်ကြီးမှာ ဖြူဖြူသျှင်းဆိုတာရော … တကယ် ရှိရဲ့လား ´
အချုပ်ခန်း၏ သံတိုင်များအတွင်းမှ သူငယ်ချင်းဖြစ်သူများ၏ ကျွန်ုပ်အား ယုံကြည်မှု ကင်းမယ့်သွားကြလေသလား နည်းနည်းအမျိုးဖြင့် မယုံသင်္ကာ မေးခွန်များ မေးကြလေတော့သည်။
` မင်းတို့မှ … ငါ့ကို မယုံကြည်တော့ရင် ဘယ်သူတွေက ငါပြောတာကို ယုံကြတော့မှာလဲ … ငါမင်းတို့ကို တကယ်ပြောနေတာ … မောင်ကျော် ပြောပြတဲ့ သူ့အကြောင်းကိုလဲ ငါယုံတယ် … ပြီးတော့ အဲ့ဒီအိမ်မှာ ဖြူဖြူသျှင်းနဲ့ ခွေးလေးရှိနေတာကိုလဲ ငါကိုယ်တိုင် တွေ့ခဲ့တယ် … အခု စခန်းမှူးကြီးပြောတော့ … မရှိဘူးဆိုတော့ ဒါတစ်ခုခုမှား လွဲနေတာတော့ သေချာနေပြီ …´
` မင်းပြောတာကို ငါတို့ယုံလို့လဲ … ဒီအချိန်ထိ မင်းနဲ့အတူ လိုက်ပြီး ကူညီနေတာပေါ့ … ဒါပေမယ့် ပိုသေချာအောင် မေးကြည့်တာပါ… စိတ်မဆိုးပါနဲ့ … ထီးလေးရာ …´
` ငါစိတ်မဆိုးပါဘူး … မင်းတို့ကို အားနာနေမိတာ´
` ဘာပဲဖြစ်ဖြစ်… ငါတော့ ဒီအဖြစ်ဆိုးကြီးကို မရ ရအောင် ပြန်ဖော်မယ် …´
`အေး… ထီးလေး … ပြန်ဖော်တာက နောက်မှ အခု ငါတို့ ငါးယောက်စလုံး အချုပ်တည်းရောက်နေတာက ဘယ်လိုလုပ်မလဲ… ပြီးတော့ ငါတို့တွေ အပြင်မှာ ရှိနေမှ ပြန်ဖော်ပေးနိုင်မှာလေ …´
`ဟုတ်တယ် … စခန်းမှူးကြီးမေးတာက ခြံထဲကို ဝင်ခဲ့တဲ့သူတစ်ယောက်တည်းကိုပဲ … မေးခဲ့တာ … ဒီတော့ ငါဝင်တယ်လို့ပြောပြီး နေခဲ့မယ် … ကျန်တဲ့ မင်းတို့လေးယောက်က အပြင်ကနေ အဲ့ဒီအမှူ့ကြီးကို အမြန်ဆုံးပေါ်အောင် လုပ်ပေး…´
` ဟာကွာ … မင်းနေခဲ့လို့ ဘယ်ဖြစ်မှာလဲ … မောင်ကျော်က မင်းတစ်ယောက်တည်းကိုပဲ ကိုယ်ထင်ပြနေတာ … မင်းမရှိရင် သူလာမှာ မဟုတ်တော့ဘူး … ပြီးတော့ ဖြစ်ကြောင်းကုန်စင်ကို မင်းကအသိဆုံးပဲ … မင်းနေခဲ့လို့ ဘဟ်လိုမှ မဖြစ်ဘူး … ငါဝင်တယ်ပြောပြီး နေခဲ့လိုက်မယ် … မင်းတို့အားလုံး ထွက်ကြ …´
` ဟာ … တန်ခိုး … မင်းမရှိလို့ မဖြစ်ဘူး … ညကလို အသတ်ကိုရန်ရှာခံရရင် … မင်းရှိနေမှ ဖြစ်မှာ … ဒီတော့ ထီးလေးရော … မင်းရော … မရှိလို့မဖြစ်ဘူး … မင်းတို့ အားလုံးသွားကြ ငါပဲကျန်နေခဲ့လိုက်မယ်.…´
` မဟုတ်သေးဘူး … လမ်းလေး … မင်းက ဖြူဖြူသျှင်းအယောင်ဆောင်နေတဲ့ မိနိးကလေးကို သိထားတယ် … ဒီတော့ မင်းနေခဲ့လို့လဲ … မဖြစ်ဘူး … ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ငါးကလေးဆိုတဲ့ ငါက ဘာမှ ထိထိရောက်ရောက် မပါဝင်မကူညီရသေးဘူး … ငါပဲ ကျန်နေခဲ့လိုက်မယ် … မင်းတို့အားလုံး သွားကြပါ..´
` ငါးကလေး … ´
` တော်တော့ … မင်းတို့ အားလုံး ဘာမှ ဆက်မပြောနဲ့တော့ … ငါပြောသလိုလုပ် … မင်းတို့သာ အဲ့ဒီကိစ္စကို အမြန်ဆုံးဖော် ဒါမှ ငါလဲ အချုပ်ခန်းထဲကနေ အမြန်ဆုံးလွတ်မှာ … ´
အချုပ်ခန်းဆီမှ အားလုံးတိုင်ပင်လျက် ထိုခြံကြီးထဲသို့ မည်သူမှ ကျုးကျော်ဝင်ရောက်ခဲ့ခြင်း မရှိခဲ့သော်လည်း ဝိဥာဉ်မောင်ကျော်၏ အမှု့အား ပေါ်ပေါက်ရေးအတွက် သူငယ်ချင်းဖြစ်သူ ငါးကလေးမှ အနစ်နာခံခါ ကျန်ရစ်နေခဲ့မည်ဟု ပြောဆ်ုလေတော့သည်။
အချိန်ကား ညနေဆောင်းနေခဲ့ပြီ ။ မှော်ဆရာကြီး၏ ပညာအစွမ်းအား ဂုဏ်ယူလျက် ခြံကြီးအတွင်း၌ အောင်ပွဲခံနေသော ဦးခိုင်ခံ့တင်က
` ဆရာကြီး … ဟိုခွေးကို ဘယ်လို ရှင်းမှာတုန်း … မြန်မြန်ရှင်းမှ ဖြစ်မယ်ဗျ … မဟုတ်ရင် … ဒီခွေးကြောင့် ကျုပ်တို့ အစီအစဉ်တွေ အားလုံးပျက်စီးကုန်လိမ့်မယ် … ´
`ကျုပ် သိပါတယ်ဗျာ … အခု နေဝင်ချိန်ကို စောင့်နေတာ … ရပြီ… ကျုပ်လုပ်မယ် …´
သိတတ်လွန်းသည့် ခွေးလေးအား အပျက်ရှင်းမည်ဟုဆိုကာ မှော်ဆရာကြီးမှ သူ၏ ပညာအစွမ်းထက်စေမည့် နေဝင်ဆည်းဆာ အချိနိသို့ စောင့်မျှော်နေလေခဲ့သည်။ ထို့နောက် နှုတ်မှအသံမထွက်သည့် ဂါထာတစ်ချို့အား ရွတ်ဆိုလိုက်ပြီး
` ဝင်းမြ … နင်ရောက်လာပြီလား … ´
` ဟုတ်ကဲ့ … ဆရာကြီး … ကျွန်မ ဘာအကူညီပေးရမလဲ … ´
` အေး … ငါပြောတာကို သေချာနားထောင် … ဒီအိမ်ကြီးရဲ့ ညာဘက်အပေါ်ဒေါင့် အခန်းထဲမှာ သားအမိနှစ်ယောက်နဲ့ ခွေးတစ်ကောင်ရှိတယ် … နင်က အဲ့ဒီခွေးကို ကိုယ်ထင်ပြပြီး … အခန်းထဲမှာ ရှိနေတဲ့ ကလေးကို လွှမ်းမိုးတဲ့ အသွင်သဏ္ဍန်လုပ်ပြရမယ် … အခန်းထဲမှာ ရှိနေတဲ့ ခွေးက နင့်ကိုမြင်တာနဲ့ သောင်းကျန်းမှာ သေချာတယ် … အဲ့ဒီအခါကျရင် ခွေးက အခန်းထဲမှာ ရှိနေတဲ့ ကလေးကို ကိုက်ဖဲ့အနာတရဖြစ်အောင် ညည်းလုပ်ပေးရမယ် … ဘယ်လိုလဲ လုပ်နိုင်ရဲ့လား ´
` စိတ်ချပါဆရာကြီး … ကျွန်မ လုပ်နိုင်ပါတယ် ´
` ကောင်းပြီး … ´
ညနေစောင်းအချိန်၌ မှော်ဆရာကြီးဟာ ခြံထောင့်တစ်နေရာအား ကြည့်လျက် လူတစ်ယောက်နှင့် အပြန်အလှန် စကားပြောဆိုနေသည့်အလား ပြောဆိုနေခဲ့သည်ကို ဦးခိုင်ခံ့တင်နှင့် သူ၏ တပည့်တပန်းများ ကြောင်တောင်တောင် ကြည့်နေမိသည်။ ဝင်းမြဆိုသည့် မိန်းမကြီးကား လမ်းထိပ်အိမ်အပျက်ကြီး၌ ကလေးများနှင့် အတူတကွနေထိုင် ကျက်စားနေသော တစ္ဆေတစ်ကောင်ဖြစ်လျက် ဝိဥာဉ်မောင်ကျော်နှင့်လည်း ဆုံခဲ့ဘူးသည့် သက်တန်းရင့် ဝိဥာဉ်တစ္ဆေပင်ဖြစ်ချေသည်။
သို့နှင့် ထိုမိန်းမကြီးအား ခိုင်းစေလိုသော အကြောင်းရာများအား ပြောဆိုလျက် မှော်ဆရာကြီးနှင့်အတူ ဦးခိုင်ခံ့တသ်အပါအဝင် ဖြူဖြူသျှင်းနှင့် သမီးလေးရှိနေသည့် အိပ်ခန်းဆီသို့ ဦးတည်သွားလေတော့သည်။
` တိုးပွားရေ … တိုးပွာ … ငါ့ကို လာကယ်ပါဦး… ´
နရိုင်းသွင်းချိန်ဟု ခေါ်လေသလား ညနေဆောင်းအချိန်၌ အချုပ်ခံထားရသော စဥ့်အိုကြီးအတွင်းမှ ဝိဥာဉ်မောင်ကျော်၏ နက်ရှိုင်းလှသော ခေါ်သံတို့အား ခွေးလေးတိုးပွားတစ်ကောင် အိပ်ခန်းအတွင်းမှ ကြားသွားရလေသည်။ သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်၏ နက်ရှိုင်းလှသော အသံတို့အား ကြားလိုက်ရသည်နှင့် အိပ်ခန်းအတွင်းရှိ ခွေးလေးတိုးပွားမှာ မိမိထွက်နိုင်မည့် ပေါက်အား ယောက်ယပ်ခတ်စွာ ရှာနေလေခဲ့သည်။ သို့နှင့် ဖွင့်ထားသည့် ပြတင်းမှ အပေါ်သို့ အဆင့်ဆင့်တတ်ခါ အောက်သို့ မျှော်ငေးကြည့်လိုက်ပြီး အသံလာရာဆီသို့ လိုက်လံရှာနေခဲ့သည်။ ပြတင်းပေါက်အပေါ်သို့ ရောက်သွားသည့်နှင့် အောက်သို့ဆင်းရန် ယောက်ယပ်ခတ်စွာ ကြည့်လျက် ၁၅ပေမျှ အမြင့်ရှိသော အောက်သို့ မဆင်းချေတော့ပဲ အိပ်ခန်းတံခါးဆီသို့ သူ၏ လက်ကလေးဖြင့် ကုတ်ဖဲ့နေလေတော့သည်။ လော့ချထားခြင်း မရှိသည့် အိပ်ခန်းတံခါးဟာ ခွေးလေး၏ ကုတ်ဖဲ့ခြင်းကြောင့် အလွဟ်တကူသာလျင် ဖွင့်လပ်သွားလျက် သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်၏ အသံကြားရာဆီသို့ အပြေးထွက်လေတော့သည်။အိမ်ကြီး၏ နောက်ဖေးပေါက်မှ တဆင့် အပြင်အပေါက်သို့ ခွေးလေးတိုးပွား ရောက်ရှိသွားနိုင်တော့သည်။ ထို့နောက် လူသားများ မမြင်တွေ့နိုင်ရန် မှော်ပညာဖြင့် ပြုလုပ်ထားသော စဥ့်အိုးကြီးဆီသို့ ရောက်သွားလျက် သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်အား ကျဉ်းကျပ်စွာ နေထိုင်နေရသည်ကို တွေ့လိုက်ရသည်။ စဥ့်အိုးအတွင်းရှိ သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်က ခွေးလေးအား မြင်သည်နှင့် ဝမ်းသာအားရဖြစ်ခါ
` သားကြီး … မင်း … ငါ့ကို ကယ်ပါဦးကွာ … ဒီအိုးအပေါ်က … ကြိုးအနီကို ပါးစပ်နဲ့ ကိုက်ပြီး ဖယ်လိုက် …´
သခင်ဖြစ်သူ၏ ပြောစကားအား ခွေးလေး စိုက်ကြည့်နေလျက် စဥ့်အိုးကြီးဘေးတွင် ယောက်ယပ်ခပ်စွာ လှည့်ပတ်နေလေတော့သည်။
` လုပ် … သားကြီး … မြန်မြန်ဖယ် … မင်းကို တွေ့သွားရင် … ငါဒီက လွတ်နိုင်မှာ မဟုတ်တော့ဘူး … မြန်မြန်ဖယ်ပေး … ´
ဝိဥာဉ်မောင်ကျော်၏ ပြောစကားအား နားလည်လေသလား ။ စဥ့်အိုးကြီးအပေါ်တွင် ချည်ထားသော မှော်ကြိုးစအား ကိုက်ချီလေတော့သည်။
`လုပ် … မြန်မြန်လုပ် … အေးအေး … ရပြီ … ငါ … ငါလွတ်ပြီ … ´
ဝိဥာဉ်၊ တစ္ဆေ၊ သရဲများ ထိ၍ မရနိုင်ပဲ ကြောက်နေရသော မှော်ကြိုးအား ခွေးလေးတိုးပွားမှာတော့ လွဟ်ကူစွာပင် ပါးစပ်ဖြင့်ကိုက်လျက် သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော် စေခိုင်းသည့် အတိုင်း လုပ်ဆောင်နိုင်ခဲ့လေသည်။ ထို့နောက် စဥ့်အိုးကြီးအထဲမှ အချုပ်နှောင် ခံထားရသော သခင်ဖြစ်သူကား လွယ်ကူစွာ ထွက်နေစဉ် အချိန်အတွင်းမှာပဲ မှော်ဆရာကြီး၏ ခိုင်းစေမှု့ဖြင့် ဝင်းမြဟူသော တစ္ဆေမကြီး၏ ကြောက်လန့်မှု့ကြောင့် အိပ်ခန်းအတွင်းမှ သမီးလေး အလန့်တကြား ငိုယိုလေတော့သည်။ သမီးလေး၏ ငိုသံအား ကြားလိုက်ရသည့် ခွေးလေးတိုးပွားမှာတော့ မိမိလာရာ အပေါက်အတွင်းမှ အိပ်ခန်းဆီသို့ အပြေးပြန်လည် ဝင်ရောက်ချေတော့သည်။
ိ***********************************
။
Post Top Ad
Responsive Ads Here
♠အပိုင်း(၁၀)ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း
Share This
Tags
# ၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Share This
About Unknown
၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment