♠အပိုင်း(၁၁) ဝိဥာဉ်နှင့် ပျောက်ဆုံးနေသော သူ၏အလောင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

♠အပိုင်း(၁၁) ဝိဥာဉ်နှင့် ပျောက်ဆုံးနေသော သူ၏အလောင်း

Share This

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် 
          ဝိဥာဉ်နှင့် 
ပျောက်ဆုံးနေသော သူ၏ 
             အလောင်း 
                     အပိုင်း (၁၁)
စာရေးသူ-ထီးကလေး၊



ဝိဥာဉ်၊ တစ္ဆေ၊ သရဲများ ထိ၍ မရနိုင်ပဲ ကြောက်နေရသော မှော်ကြိုးအား ခွေးလေးတိုးပွားမှာတော့ လွဟ်ကူစွာပင် ပါးစပ်ဖြင့်ကိုက်လျက် သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော် စေခိုင်းသည့် အတိုင်း လုပ်ဆောင်နိုင်ခဲ့လေသည်။ ထို့နောက် စဥ့်အိုးကြီးအထဲမှ အချုပ်နှောင် ခံထားရသော သခင်ဖြစ်သူကား လွယ်ကူစွာ ထွက်နေစဉ် အချိန်အတွင်းမှာပဲ မှော်ဆရာကြီး၏ ခိုင်းစေမှု့ဖြင့် ဝင်းမြဟူသော တစ္ဆေမကြီး၏ ကြောက်လန့်မှု့ကြောင့် အိပ်ခန်းအတွင်းမှ သမီးလေး အလန့်တကြား ငိုယိုလေတော့သည်။ သမီးလေး၏ ငိုသံအား ကြားလိုက်ရသည့် ခွေးလေးတိုးပွားမှာတော့ မိမိလာရာ အပေါက်အတွင်းမှ အိပ်ခန်းဆီသို့ အပြေးပြန်လည် ဝင်ရောက်ချေတော့သည်။
မှော်ဆရာကြီးနှင့် ဦးခိုင်ခံ့တင်ကား မမြင်ကွယ်ရာမှ ချောင်းကြည့်နေလျက် ခွေးလေးတိုးပွားမှာတော့ ပွင့်ဟနေသည့် အိပ်ခန်းအတွင်းသို့ အပြေးဝင်ရောက်သွားလေတော့သည်။ အိပ်ခန်းအတွင်းသို့ ရောက်သည်နှင့် သံပုခတ်လေးထဲတွင် အိပ်နေသည့် သမီးလေးအား ခွေးလေး၏ အမြင်၌ တစ္ဆေမကြီးကား လုယူနေသော ဟန်ပုံစံအားတွေ့ လိုက်ရသည်ကြောင့် ထိုတစ္ဆေမကြီးအား စတင် တိုက်ခိုက်လေတော့သည်။ သမီးလေးအား စိတ်ချစွာဖြင့် ခွေးလေးနှင့်အတူ ထားခဲ့၍ ရေချိုးခန်းအတွင်းသို့ ဝင်ရောက်နေသော ဖြူဖြူသျှင်းတစ်ယောက် သမီးလေး၏ ငိုသံနှင့် ခွေးလေးတိုးပွား၏ ဆိုးရွားစွာ အူသံများအား ကြားလိုက်ရသည်နှင့် ရေချိုးခန်းအတွင်းမှ လျင်မြန်စွာ ထွက်လာပြီး ပုခတ်အတွင်းမှ သမီးလေးအား ကြည့်မိလေရာ အကျီများစုတ်ပြဲလျက် ခွေးလေး၏ လက်သည်းအရာတို့ဖြင့် သမီးလေး၏ ရင်ဘတ်တွင် တွေ့လိုက်ရတော့သည်။
` ဟာ … တိုးပွာ … နင် … နင်သမီးလေးကို ဘာဖြစ်လို့ ကုတ်ရတာလဲ … ´
ဖြူဖြူသျှင်းမမြင်နိုင်သည့် တစ္ဆေမကြီးက အိပ်နေသည့် သမီးလေးအား လုယူနေခြင်းကြောင့် ခွေးလေးမှာ သူ၏ လက်ဖြင့် ကုတ်လျက်တားနေခဲ့သည်ကို မသိ။ ဖြူဖြူသျှင်း၏ အမြင်၌ စိတ်ရိုင်းဝင်ကာ အိပ်နေသည့် သမီးလေးအား ခွေးလေး ကုတ်ဖဲ့နေသည်ဟု ထင်မြင်သွားလေတော့သည် ။ သခင်ဖြစ်သူ ဖြူဖြူသျှင်း၏ တားဆီးမှု့များအား ခွေးလေးတိုးပွား မကြားလေးသလား သူ၏ အမြင်၌တွေ့နေရသော တစ္ဆေမကြီးကိုသာ ဆက်လက်၍ တိုက်ခိုက်နေလေခဲ့သည်။
`ဟာ … မလုပ်ပါနဲ့ … ဟဲ့ … တိုးပွား … ´
ခွေးလေး၏ ရင်ဘတ်အောက်တွင် ရောက်ရှိနေသော သမီးလေးအား ဖြူဖြူသျှင်းတစ်ယောက် လုယူနေလျက် နှုတ်မှ စိုးရိမ်စိတ်ဖြင့် ခွေးလေးတိုးပွားအား သမီးလေးကို ဆက်လက်၍ မကုတ်စေရန် တားနေတော့သည်။ တားမရသည့် အဆုံးမှာပဲ အနီးရှိ ကြီးမားသော သံတုတ်ဖြင့် ခွေးလေး၏ ဦးခေါင်းအား ရိုက်လိုက်လေတော့သည်။ ပြင်းထန်လှသော ဖြူဖြူသျှင်း၏ ရိုက်ချက်ကြောင့် ခွေးလေး၏ ဦးခေါင်းမှ နီရဲနေသော သွေးစများ စီးကျလာလျက် နာကျင်လွန်းသောကြောင့် သမီးလေးနှင့် အဝေးဆုံးသို့ ခွေးလေးတိုးပွား အော်ဟစ် ပြေးလေတော့သည်။ ထိုအချိန်၌ ခွေးလေး၏ အမြင်မှာလည်း တစ္ဆေမကြီးအား မတွေ့ရတော့ပေ။
` သမီးလေး … သမီးလေး … ´
တစ္ဆေမကြီးနှင့် ခွေးလေးတိုးပွားတို့၏ တိုက်ခိုက်မှု့များကြားတွင် ရှိနေခဲ့သော သမီးလေးကား နုနယ်လှသော လက်မောင်တို့၌ ခွေးလေး၏ လက်သည်းရာများ ထင်ကျန်နေလေတော့သည်။ ထို့နောက် ကြမ်းပြင်အပေါ်မှ သမီးလေးအား ကောက်ယူချီလိုက်ပြီး သူမ၏ ရိုက်ချက်ဖြင့် အလွန်အကျွန်သွေးများ ထွက်နေသော ခွေးလေးတိုးပွားဆီသို့ သူမ၏ အကြည့်တစ်စုံ ရောက်ရှိသွားလေတော့သည်။
` နင် … နင်တကယ့်ကို ရက်စက်ပါလား … ´
မျက်ထောက်အား နီးရဲလျက် လွန်စွာမှာပင် ခွေးလေးတိုးပွားအား နာကျည်းလွန်းသော အကြည့်တို့နှင့် ဖြူဖြူသျှင်းတစ်ယောက် ခတ်ထန်စွာ ပြောလိုက်လေတော့သည်။ ခွေးလေးမှာတော့ သူ၏ စေတနာကို သခင်ဖြစ်သူ ဖြူဖြူသျှင်းတစ်ယောက် နားမလည်လေနိုင်သလား ဖြူဖြူသျှင်းအား ငြိုးငယ်လှသော မျက်လုံးကလေးဖြင့် စိုက်ကြည့်နေလေခဲ့သည်။
`သွား … နင်ငါ့ဆီမှာ မနေနဲ့တော့ … သွား … ´
အိပ်ခန်းတစ်ခုလုံး သမီးလေး၏ ငိုသံများ ဆူညံလျက် ဒေါသကြီးစွာဖြင့် ခွေးလေးအား မောင်းထုတ်နေခဲ့သည်။ ထို့နောက် သူမ၏ ဖခင်ဖြစ်သူ ဦးခိုင်ခံ့တင်ကား ဘာမှ မသိရှိသော ဟန်ဖြင့် အိပ်ခန်းအတွင်းသို့ အပြေးဝင်ရောက်လာပြီး
` သမီး … ကလေးမလေး ငိုလှချည်လား … ဘာဖြစ်ရတာလဲ … ဟင် … လက်မှာလဲ ကုတ်ရာတွေပါလား … ဘာဖြစ်တာလဲ … ´
ဟန်ဆောင်မှု့ကောင်းလွန်းသည့် ဦးခိုင်ခံ့တင်ကား ဘာမှ မသိသော ဟန်ဖြင့် မည်သည့်အခါမှ မောင်ကျာ်နှင့် ရရှိထားသော သမီးလေးကို ဂရုမစိုက်ခဲ့ချေ။ ယခုအခါမှပင် လွန်စွာ စိုးရိမ်နေသော အမူယာဆောင်လျက် မေးနေခဲ့သည်။ သမီးလေးအား ချီထားပြီး ရှိုက်ငင်စွာ ငိုနေခဲ့သော ဖြူဖြူသျှင်းက
` ဖေဖေ… ဖေဖေ ပြောတုန်းက သမီး နားမထောင်ခဲ့ဘူး … ဒီခွေးက စိတ်ရိုင်းတွေဝင်ပြီး သမီးလေးကို ကုတ်လိုက်တာ … ´
`ဟာ … ဒီခွေးက ဟုတ်လား … တော်သေးတာပေါ့ မကိုက်လိုက်တာပဲ … ဖေဖေအစတည်းက သမီးကိုပြောသားပဲ… အခုတော့ သိပြီမဟုတ်လား'
သို့နှင့် သွေးများဖြင့် အခန်းထောင့်လေးတွင် အားငယ်စွာ ကပ်နေသော ခွေးလေးတိုးပွားဆီသို့ ဦးခိုင်ခံ့တင်၏ အကြည့်ကား ရောက်သွားလျက် အနီးရှိသစ်သားချောင်းနှင့် ထပ်မံ၍ ရိုက်နှပ်လေတော့သည်။ ခွေးလေး၏ နာကျင်လွန်းသော အော်သံတို့အား ခြံထဲရှိ ဝိဥာဉ်မောင်ကျော်ကြားနေရသော်လည်း မှော်ဆရာကြီး၏ ရန်ကိုကြောက်နေရသောကြောင့် မိမိ၏ အသံအားမပေးရဲ တိုးတိတ်စွာ ခွေးလေးအတွက် ကြေကွဲနေလေတော့သည်။
` တော်ပါတော့ဖေဖေ … သူ့ကို ရိုက်နေလဲ အပိုပါပဲ … ဒီခွေးကို ဖေဖေတို့ တစ်နေရာမှာ သွားပစ်ပေးပါ'
`စိတ်ချ … ငါ့မြေးလေးကို နာကျည်အောင်လုပ်တဲ့ ခွေးစုတ် မင်းနဲ့ ငါနဲ့ တွေ့ကြသေးတာပေါ့…'
နှုတ်မှ ကြုံးဝါးပြောဆိုလျက် သွေးထွက်လွန်နေသော ခွေးလေး၏ လည်ပတ်ကြိုးမှ ဦးခိုင်ခံ့တင်တစ်ယောက် အတင်ဆွဲခေါ်သွားတော့သည်။ ထို့နောက် ခြံထဲရှိ သူ၏ တပည့်တစ်ယောက်အား တိုးတိတ်စွာ ပြောလိုက်ပြီး ခွေးလေးအား သတ်ခိုင်းလိုက်လေသလား အကြံစီအောင်သွားလျက် ပြုံးနေလေခဲ့သည်။ မှော်စဥ့်အိုးကြီးအတွင်းမှ လွတ်မြောက်လာခဲ့သော သခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော်ကား သွေးများထွက်လျက် နာကျင်စွာ ခံစားနေရသော ခွေးလေး၏ အဖြစ်ကို ကြည့်လျက် နှုတ်မှ
` တိုးပွားကြီး … မင်း … သူတို့လက်ထဲက လွတ်အောင်ပြေး … ငါမင်းကို လာမကယ်ပေးနိုင်တော့ဘူး … ´
ကြေကွဲဝမ်းနည်းစွာ အော်ဟစ်ပြောဆိုလိုက်သော ဝိဥာဉ်မောင်ကျော်၏ နက်ရှိုင်းလှသည့် စကားသံတို့အား မှော်ဆရာကြီးကြားသွားလေသလား အသံထွက်ပေါ်လာရာ ခြံထောင့်ဆီသို့ လျင်မြန်စွာ လှည့်ကြည့်လိုက်ပြီး
` ဟာ … ဟိုသရဲလွတ်သွားပြီး … ´
နှုတ်မှ ရည်ရွတ်ပြောဆိုလိုက်လေသည်။
` ဘာ … ဘာပြောလိုက်တာလဲ ဆရာကြီး …´
`ကျုပ်တို့ ချုပ်ထားတဲ့ သရဲလွတ်သွားပြီ … ´
`ဟင် … ´
မိမိအား ရက်စက်စွာ ချုပ်နှောင်ထားသော မှော်ဆရာကြီးနှင့် ဦးခိုင်ခံ့တင်ရှိနေရာသို့ စိတ်ရိုင်းဝင်လျက် ဝိဥာဉ်မောင်ကျော် လျောက်လှမ်းလာနေစဉ်
` ဝင်းမြရေ … လာစမ်း '
မှော်ဆရာကြီးကား တစ္ဆေမကြီး၏ အမည်အား တမ်းတခေါ်လိုက်လေသည်။
 `ဟင် … ဟို … ဟိုအိမ်ပျက်ကြီးက သရဲမကြီးပါလား … ဒုက္ခပဲ … ပြေးမှ ငါသူ့ကိုမနိုင်ဘူး … ´
ငယ်နိုင်ဟုဆိုရလေမလား မိမိဝိဥာဉ်ဘဝသို့ ကူးပြောင်းလာစဉ်အချိန်မှ စ၍ ထိုသရဲမကြီး၏ မိသားစုနှင့် ဆုံခဲ့ဘူးလျက် ကြောက်ခဲ့ရသောကြောင့် ဝိဥာဉ်မောင်ကျော်မှာ သူမအား တွေ့လိုက်သည်နှင့် ခြံကြီးအတွင်းမှ လျင်မြန်စွာ ထွက်ပြေး ပျောက်ကွယ်သွားလေတော့သည်။
ထိုတစ္ဆေမကြီးအား မှော်ဆရာကြီးမှအနိုင်ယူခါ လိုသလိုခိုင်းစေနေခဲ့သည်မှာ အချိန်ကြာမြင့်စွာရှိနေခဲ့ပြီ ။
` ကျွန်မ … ရောက်ပါပြီ … ´
`အေး … ငါချုပ်ထားတဲ့ သရဲ တစ်ကောင် လွတ်သွားတယ် … အဲ့သရဲကို ရှာပြီငါ့ဆီ အမြန်ဆုံးခေါ်ခဲ့စမ်း … ကြားလား … ´
`စိတ်ချပါ … ဆရာကြီး … ´
အချုပ်အတွင်းမှ လွတ်မြောက်သွားသော ဝိဥာဉ်မောင်ကျော်အား မှော်ဆရာကြီးမှ ပြန်လည် ဖမ်းစီးပေးရန် အမိန့်ပေးပြောဆိုလေသည်။ မှော်ဆရာကြီး၏ ခိုင်းစေမှု့တို့အား အစဉ်အမြဲ အောင်မြင်အောင် လုပ်ဆောင်ပေးခဲ့သည့် ထိုတစ္ဆေမကြီးကား ယုံကြည်မှု့ရှိစွာ ပြောဆိုလျက် မှော်ဆရာကြီးအရှေ့မှ ပျောက်ကွဟ်သွားလေတော့သည်။
` သူဌေး … ဒီခွေးကို ကျုပ်တို့ ဘာလုပ်လိုက်ရမလဲ'
` မေးနေစရာ လိုသေးလို့လား … အပျက်ရှင်းပစ်လိုက်ပေါ့ …'
` ဟုတ်ကဲ့… ဆရာကြီး …´
`နေဦး … ငါ့ခြံနဲ့ ဝေးဝေးမှာ သွားလုပ်ကြ … ဒီခွေးစုတ်ရဲ့ သွေး … ငါ့ခြံထဲမှာ အစွန်းမခံနိုင်ဘူး'
ရက်စက်စွာဖြင့် သွေးများထွက်လျက် မည်သည့်တုန့်ပြန်မှု့များမှ ပြန်လည်၍ မတုန်ပြန်နိုင်သော ခွေးလေးတိုးပွားအား ဦးခိုင်ခံ့တင် သတ်ပစ်စေရန် အမိန့်ပေး ပြောလေတော့သည်။ ခြံကြီးအတွင်းမှ လွတ်မြောက်လာသော ဝိဥာဉ်မောင်ကျော်ကား အားကိုးမဲ့လျက် မည်သည့်ဆီသ်ု့ ဦးတည်သွားရမှန်းမသိ မှော်ဆရာကြီး၏ လက်အတွင်းသို့ ပြန်လည် မရောက်စေရန် မိမိ၏ ဖြစ်ကြောင်များအား ပြန်လည်ပြောဆိုရန် သူ့အား အကူညီပေးနေသော ချာတိတ်လေးဆီသို့ ဦးတည်သွားလေတော့သည်။ မိမိအား အကူညီပေးနေသော ကောင်လေး၏ ခြံရှေ့သို့ စိတ်လွှင့်ရုံနှင့် ရောက်ရှိလာနိုင်ခဲ့သော ဝိဥာဉ်တစ္ဆေဘဝသို့ ကူးပြောင်လာချေခဲ့သည်။ ခြံရှေ့သို့ ရောက်သည်နှင့် လွှန့်ထွက်ခြင်း ခံစားမှု့မျိုး ထပ်မံမခံစားစေရန် သူ၏ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားချေခဲ့သည်။ ထို့နောက် ခြံအတွင်းသို့ ဖြေးညင်းစွာ ခြေလှမ်းစတင်ရွယ်လျက် လှမ်းလိုက်စဉ်မှာပဲ အတားစီးမဲ့စွာဖြင့် ခြံအတွင်းမှ အိမ်မကြီးဆီသို့ လွယ်ကူစွာ ရောက်ရှိသွားနိုင်တော့သည်။
 `ဟင် … ထီးလေအမေ နဲ့ အဖေ … ဘာကြောင့် မအိပ်ကြသေးတာလဲ … ထီးလေးကရော … ဘယ်ပျောက်နေရတာလဲ … ´
မိမိအား ကူညီမှု့နှင့် ပတ်သတ်၍ ဦးခိုင်ခံ့တင်၏ ယုတ်မာမှု့အောက်တွင် ထီးကလေးနှင့်အတူ အပေါင်းအပါ သူငယ်ချင်းများ အချုပ်ကျခံနေရသည်ကို ဝိဥာဉ်မောင်ကျော်မသိ ။ အိမ်ကြီးအတွင်းသို့ ရောက်လာသည်နှင့် မိမိအား အကူညီပေးနေသည့် ကောင်လေး၏ မိဘနှစ်ပါးအား စကားပြောဆိုနေသည်ကို တွေ့လိုက်ရလေသည်။ သို့နှင့် အားကိုးတကြီး ထီးလေး၏ အိပ်ခန်းဆီသို့ ဦးတည်လျက် ဝင်သွားသော်လည်း မတွေ့ခဲ့ရချေ။
`ဟာ … ဒုက္ခပါပဲ … ထီးလေး … ဘယ်ရောက်နေရတာလဲ … ဘယ်ကိုသွားနေတာလဲ … သူမရှိရင် ငါ့ကို ဘယ်သူကယ်မှာလဲ … ထီးလေးရေ … ထီးလေး ´
အားငယ်သော အတွေးများဝင်လျက် နှုတ်မှ တစ်ဆာဆာ ထီးကလေး၏ အမည်ကို တမ်းတနေခဲ့သော်လည်း သူ၏ အရှေ့သို့ ဦးစွာ ပထမကဲ့သို့ပင် ထီးကလေးမှာ ရောက်မလာချေ။ သို့နှင့် စိတ်ပျက်စွာဖြင့် အိပ်ခန်းအတွင်း၌ ထိုင်ချလိုက်ပြီး ထီးကလေး၏ မိဘနှစ်ပါး တိုင်ပင်ပြောဆို နေကြသည့် စကာတို့အားးဝိဥာဉ်မောင်ကျော် တစ်စွန်းတစ်စ ကြားသွားရတော့သည်။
` သားတို့ကို ဘယ်လို … ပြန်ကယ်ရမလဲ … ကိုမြင့် ပြောစမ်းပါဦး … ရှင်ကလဲ အေးတိအေးဆက်လုပ် မနေနဲ့ … ဟိုက ဒိတ်ဒိတ်ကျဲကျဲ သူဌေး သူမကျေနပ်ရင် ကျွန်မသားလေးတော့  … အိုး … မတွေးရဲတော့ပါဘူး …´
` မင်းကလဲကွာ … ယောက်ျားလေးပဲ ထောင်အပြင် တန်းမရှိပါဘူးကွ … ဘာမှ ပူမနေနဲ့ ငါ့သားအကြောင်းကို ငါသိတယ် … သူတို့တွေအားလုံး မရ ရအောင် ကြံစည်ပြီး အချုပ်ထဲကနေ ထွက်လာကြလိမ့်မယ် … ဘာမှ ပူမနေနဲ့'
` မပူလို့ရမလား … ရှင်က အဖေဆိုတော့ ဘယ်ပူပါ့မလဲ … မနက်ဖြန်… အာမခံရမလားဆ်ုတာ စခန်းမှူးကြီးကို သွားပြောကြည့်ရမှာပဲ … ´
ထိုသို့ တစ်စွန်းတစ်စ ပြောဆိုနေသော စကားတို့အား ဝိဥာဉ်မောင်ကျော် ကြားသွားလေတော့သည်။ ထို့နောက် ငြိုးငယ်စိတ်ပျက်စွာ ထိုင်နေသော မောင်ကျော်တစ်ယောက် ဆတ်ခနဲ ထလိုက်ပြီး ထိုလင်မယားနှစ်ယောက်ဆီသို့ လှမ်းသွားလျက်
` မိန်းမ ငါ့နာခေါင်းထဲမှာ အနံ့တစ်ခု ရနေသလိုပဲ'
` ဟင် … ဟုတ်ပါ့ … ပေါင်ဒါအနံ့လိုလို ပန်းအနံ့လိုလိုနဲ့ … ´
ထိုလင်မယားနှစ်ယောက်တည်းမှ ယောကျာ်းဖြစ်သူ ထိုလူကြီးကား အထက်ဂုဏ်းဆရာတစ်ဦးဖြစ်လျက် ဝိဥာဉ်မောင်ကျော်၏ အနံ့သတ်အား ကောင်းစွာ ရရှိသွားချေတော့သည်။
` ဟာ … ဒုက္ခပါပဲ … ငါ့ရှိနေတာ သူတို့ သိသွားပြီ … ကျုပ်က ခင်ဗျားတို့ကို ရန်ပြုမယ့်သူမဟုတ်ပါဘူး … ကျုပ် ကိုထီးကလေးဆီကို လာတာပါ သူဘယ်မှာလဲ … ဘယ်ရောက်နေတာလဲ … ကျုပ်ကို ပြောပါဗျာ … ´
ပတ်ဝန်းကျင်၏ အခြေနေအပေါ်မူတည်လျက် ဝိဥာဉ်မောင်ကျော်မှာ စိတ်အမျိုးမျိုးပြောင်းလဲ နေခဲ့သည်။ မိမိ၏ စကားများအား ထိုလင်မယားနှစ်ယောက် မကြားနိုင်သော်လည်း သတိလက်လွတ်ဖြစ်ခါ ထိုင်နေရာမှ ရုတ်တရက် ထလိုက်သော ထိုလူကြီး၏ အနောက်မှ တစ်ခေါက်ခေါက်လိုက်၍ ညင်းထွားပြောဆိုနေခဲ့လေသည်။ ထိုလူကြီးကား အထက်ဂုဏ်းဆရာဖြစ်သည့်အလား ဘုရားစင်ပေါ်မှ ရေတစ်ချို့ယူခါ အိမ်တစ်အိမ်လုံးအား ပတ်ဖျန်းနေလေတော့သည်။ ထိုရေမန်းများဖြင့် ထိမိလိုက်သော ဝိဥာဉ်မောင်ကျော်မှာ ပူလောင်သော ခံစားမှု့များအား မခံစားနိုင် နှုတ်မှ ညင်းထွားလျက် အိမ်အတွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
` အား … ပူလိုက်တာ … ငါ့နယ်နော် … အနှင်ခံရပြန်ပြီ … ဟူး … ထီးလေး ထီးလေး ဘယ်ပျောက်နေရတာလဲ … သူ့အဖေ အမေပြောပုံအရဆိုရင် ငါ့ကို ကူညီရင်းနဲ့ အချုပ်ခန်းထဲ ရောက်သွားရတာလား … ဟုတ်လောက်မယ် … အချုပ်ထဲ လိုက်ကြည့်လိုက်တာ ပိုကောင်မယ် … ´
အတွေးများစွာ ဝင်လာလျက် မောင်ကျော်တစ်ယောက် အနှင်ထုတ်ခံလိုက်ရသော ခြံအရှေ့မှ ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်
`ဟာ … အောင်မလေး … ဟိုသရဲမကြီး … ´
မိမိအား ပြန်လည် ဖမ်းစီးရန် မှော်ဆရာကြီး စေလွတ်ထားသော ဝင်းမြဟူသော တစ္ဆေမကြီးအား တွေ့လိုက်သည်နှင့် မောင်ကျော်၏ ခြေလှမ်းများ ရပ်တန့်သွားချေတော့သည်။
`ဒီမိန်းမကြီး ငါ့ကို ရှာနေတာပဲ … မဖြစ်ဘူး … မဖြစ်ဘူး ငါတစ်နေရာမှာ ပုန်းနေမှ ဖြစ်တော့မယ် ´
ထိုတစ္ဆေမကြီးအား ကြောက်ရ၏ ။ မိမိရှေ့ဆက်မည့် ခြေလှမ်းတို့ ရပ်တန့်သွားလျက် အဝေးဆုံးသို့ ပုန်းရှောင်ရန် အတွေးများဝင်လာခါ ကူညီသူအား ရှာဖွေးရေး အစီအစဉ်အား ရပ်တန့်လိုက်တော့သည်။

***********************************
ညှိဆို့ဆို့အနံ့နှင့် ခြင်၊ ယင် များ၏ ရန်ကိုကာကွဟ်လျက် အချုပ်ခန်းအတွင်း၌ ကျွန်ုပ်နှင့် သူငဟ်ချင်းများ နေထိုင်မှု့ ဆင်းရဲလှစွာ အိပ်၍ မရ အချုပ်ခန်းနံ့ရံကို မှီထားရင်း အတွေ့ကြုံအသစ်ဟုသာ ဖြေသိမ့်နေလေခဲ့ရသည်။ ညနေဆောင်း ကျော်လွန်လာလျက် ထိုညအထိ ကျွန်ုပ်တို့အား စခန်းမှူးကြီးမှ ခေါ်ဆောင်ခြင်း မပြု။ ထို့ကြောင့် ကြံစည်ထားသော အချုပ်အတွင်းမှ လွန်မြောက်ရေးအား အောင်မြင်စွာ မဖော်ထုတ်နိုင်သေး ။ အချုပ်ခန်းအတွင်းမှာသာ စိတ်ပျက်လျက် အပြုံးများအား ဖော်ဆောင်ထားနေရသည်။ အချုပ်ခံအတွင်း၌ အနစ်နာခံခါ ကျန်ရစ်နေခဲ့မည့် သူငယ်ချင်းဖြစ်သူ ငါးကလေးမှာတော့ ကျွန်ုပ်တို့အား အပြုံးများဖြင့် ဖော်ဆောင်ပြနေလျက် သူ၏ စိတ်အတွင်းမှာောတ့ လွန်စွာမှပင် ငြင်းငွေ့နေခဲ့သည်မှာ မလွဲချေ။ အချုပ်၏ အုတ်နံရံအား မှီထားလျက် အနက်လင်းသည့် အချိန်ထိ စောင့်စားနေရပြီ ကျူးကျော်ဝင်ရောက်သူမှာ သူငယ်ချင်းဖြစ်သူ ငါးကလေးသာလျင် ဖြစ်ပါသည်ဟု ဝင်ခံရန် စောင့်မျှော်နေခဲ့သည်။ ပေတေစွာ အချုပ်ခန်းအတွင်းမှ အဖော်ဖြစ်များသည့် အချုပ်သားများမှာမူ စိတ်ပျက်မှု့မရှိ မြေမြင်တွင်သာ ကျောခင်းလျက် အိပ်မောကျနေသည်က ဟောက်သံများနှင့် ဆူညံ့နေလှသည်။ မှေးခနဲ အိပ်ပျော်သွားလေသလား။
` ကောင်လေးတွေ ခဏထွက် …´
ကြားလိုက်ရသည့်အသံက ပျက်သားစွာ မှေးခနဲ အိပ်ပျော်သွားသည်က မိုးစင်စင်လင်းနေချေပြီ။ ကျွန်ုပ်တို့အား အချုပ်ခန်းအပြင်သို့ ထွက်ရန် လာရောက်ပြောသော လုံထိန်းရဲတစ်ဦးနောက်သို့ လာပါလာရင်း စခန်းမှူးကြီး၏ စာပွဲအရှေ့သို့ ရောက်ရှိလာတော့သည်။
' ကဲ … ဒီနေ့ မင်းတို့အားလုံးကို ရုံတင်မယ် …´
`ဗျာ … စခန်းမှူးကြီး … ကျုပ်တို့မှာ အပြစ်မရှိပါဘူး … ဒီကောင့်ကြောင့် ကျွန်ုပ်တို့ပါ… မဆိုင်ပဲ အချုပ်ထဲ ရောက်နေရတာပါ … ´
စခန်းမှူးကြီး၏ စကားအဆုံး၌ သူငယ်ချင်းဖြစ်သူ ငါးကလေးအား လက်ညိုးညွှန်ကာ ကျွန်ုပ်ပြောလိုက်သော စကားတို့အား သူငယ်ချင်းဖြစ်သူများက ကြောင်တောင်တောင် ကြည့်နေလျက်
` ထီးလေး … မင်းဘယ်လိုပြောလိုက်တာလဲ …´
` ဟုတ်တယ်လေ … ဒီကောင် ငါးကလေး အဲ့ဒီခြံကြီးထဲကို ဝင်တာ… ဝန်မခံပဲ …ကြားထဲက ငါတို့ပါ မဆိုင်ပဲ အချုပ်ထဲ ရောက်ရတယ် … ´
ကျွန်ုပ်၏ ပြောစကားများအား ထိုင်နေသည့် စခန်းမှူးကြီးက ကြည့်နေလျက်
`ဟင်… ဒါဆို မင်းတို့ အထဲက ခြံထဲကို ဝင်ခဲ့တာ ဒီကောင်လေးလား… ´
`ဟုတ် … ဟုတ်ပါတယ် … ကျွန်တော် ဝင်ခဲ့တာပါ ကျွန်တော့ သူငယ်ချင်းတွေနဲ့ မဆိုင်ပါဘူး …'
`ဟာကွာ … အစောကြီးတည်းက ဝင်ခံလိုက်ရင် ပြီးရောကို … ကဲကောင်ပြီး … ခြံထဲဝင်ခဲ့တဲ့ မင်းကို ခြံပိုင်ရှင် ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာ မသိသေးဘူး … သူကျေအေးပေးရင်တော့ မင်းခံဝန်လောက်နဲ့ နေရမယ် … မဟုတ်ရင် ပိုင်နက်ကျူးကျော်မှု့ပဲ … ´

ဟန်ဆောင်ကောင်းစွာ စခန်းမှူးကြီး ယုံစားလောက်မည့် အနေနှင့် ငါးကလေးအား ကျွန်ုပ်စိတ်ဆိုးသော အမူယာဖြင့် ပြောဆိုလိုက်သည်ကို အတန်ကြာမှသာလျင် ဘေး၌ ရှိနေသော သူငယ်ချင်းများ ကောင်းစွာ သဘောပေါက်သွားတော့သည်။
`အေးကွာ … မင်းကြောင့် ငါတို့ပါ အချုပ်ထဲ ရောက်ရတယ် … ကိုယ့်အပြစ်ကို ကိုယ်ဝန်မခံဘူး'
`ငါတောင်းပန်ပါတယ် သူငယ်ချင်းတို့ရာ … ငါ့ကို ခွင့်လွတ်ကြပါ  …´
စခန်းမှူးကြီးအား တစ်ဖတ်လှည့်ဖြင့် ပြန်လည် လိမ်ပြောနေရသည်က အရသာထူးကဲလှသည်။
` ကဲ … ခြံထဲ ဝင်ခဲ့တဲ့ သူကို သိပြီဆိုတော့ ကျွန်တော်တို့သွားလို့ရပြီလား …´
`နေဦး… မင်းတို့ ဒီရက်ပိုင်း ခရီးထွက်ခွင့်မရှိဘူး … နောက်ပြီး … အရေးကြီး ကစ္စတစ်ခုနဲ သွားစရာရှိတယ်ဆိုရင် ငါ့တို့ဆီကို အကြောင်းကြာပြီးမှ သွားရမယ် …´

ဟန်ဆောင်မှု့ကောင်းစွာ သူငယ်ချင်းဖြစ်သူ ငါးကလေးအား အားနာမှု့ကြီးစွာ အချုပ်ခန်းအတွင်း ထားရစ်ခဲ့လျက် ခံဝန်ကတိထိုးကာ ကျွန်ုပ်နှင့်အတူ သူငယ်ချင်း လမ်းကလေး မျှားကလေး တန်ခိုးတို့ စခန်းအတွင်းမှ လွတ်မြောက်လာချေခဲ့သည်။
` ငါးကလေးကို အမြန်ဆုံး အချုပ်ထဲက ပြန်ကယ်ရမယ် … နည်းနည်းလေးမှ နောက်ကျလို့ မဖြစ်ဘူး … ´
`ဟုတ်တယ်… ငါးကလေးကို ထီးလေး ပြောလိုက်တုန်းက ငါသဘောမပေါက်ဘူး … အခုမှ သဘောပေါက်တယ် … အခု ငါတို့ ဘာဆက်လုပ်ကြမလဲ … အိမ်ကိုပြန်ကြမှာလား ´
` မင်းတို့ မိဘတွေ စိတ်ပူနေကြလိမ့်မယ် … မင်းတို့ အိမ်ကို ပြန်တော့ … ´
`ဟင် … ဒါဆို!… မင်းက … ´
` ငါတော့ မပြန်သေဘူး … အဲ့ဒီ အိမ်ကြီးဘက်ကို တစ်ချက်လောက် သွားကြည့်ချင်သေးတယ် ´
`ဖြစ်ပါ့မလား … ´
` ဖြစ်ပါတယ်ကွ … မင်းတို့ပြန်နှင့်ကြတော့ …´
` ငါတို့လဲ … မပြန်ဘူး … မင်းနဲ့ အတူ လိုက်မယ် ´
သူငယ်ချင်းဖြစ်သူများ၏ ကျွန်ုပ်ပေါ်ထားသော ခင်မင်မှု့အား လွန်စွာမှပင် ကျွန်ုပ်သိလိုက်ရချေသည်။ သူတို့အား ကြည့်လိုက်ပြီး ကျွန်ုပ်လွန်စွာ ပြုံးမိလိုက်သည်။ သို့နှင့် ထိုရပ်ကွက်အတွင်းသို့ ကျွန်ုပ်တို့၏ ခြေလှမ်းများ ဦးတည်သွားလေတော့သည်။
ထိုရပ်ကွက်ထိပ်၏ ဆိုင်လေးအတွင်းသို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ဝင်ရောက်ထိုင်လိုက်ပြီး အသင့်ပါလာသည့် ပိုက်ဆံအနည်းလေးနှင့်သာ မနက်စာဝင်ရောက် စားသုံးနေစဉ်
` ဟာ … ဟေ့ကောင် … ဘယ်က ခွေးကြီးခေါ်လာတာလဲ …´
` ငါ့အစ်ကိုပေးလိုက်တာဟေ့ … ပြောရရင် ခွေးရူးပြန်ချင်နေလို့ သတ်ခိုင်းလိုက်တာ …´
`ဟာ … ဒါဆို အန္တရယ်များတယ် … မြန်မြန် သွားရှင်းလိုက်လေ …´
`ဟာကွာ … နေပါဦး … မုန့်လေးတော့ စားပါရစေဦး … ခွေးက ကိုက်ဖို့နေနေသာသာ သူဟာသူတောင် အရိုက်ခံထားရလို့ မလှုပ်နိုင်ဘူး … မုန့်စားပြီးမှ တစ်နေရာမှာ ရှင်းပစ်လိုက်မယ် ´
ထိုဆိုင်အတွင်းမှ ရုပ်ရည် ကြမ်းတမ်းလှသော လူကြီးတစ်ယောက်မှ အသက်မျော့မျော့မျှ ကျန်ရှိနေသေးသော ခွေးလေးတစ်ကောင်အား ခေါ်ဆောင်လာလျက် ဆိုင်ရှင်နှင့် ရင်းနှီးစွာ ပြောဆိုနေသည်ကို ကျွန်ုပ်တို့ကြားလိုက်ရသည်နှင့် မသိမသာ အသာကြည့်မိလိုက်သည်။ ခွေးလေး၏ ဦးခေါင်းတွင် သွေးများစွာ ခြောက်သွေ့နေလျက် ဒဏ်ရာအား ကြီးမားစွာရှိနေသည်ကို တွေ့လိုက်ရသည်။ ခွေးလေးအား ကျွန်ုပ်စိတ်ဝင်တစား ကြည့်နေမိသည်ကို သူငဟ်ချင်းဖြစ်သူများက
` ဘာကြည့်နေတာတုန်း …´
` ဟိုမှာလေ … အဲ့ဒီခွေးလေးကို ကြည့်ရတာ … ငါ့စိတ်ထဲ တစ်မျိုးပဲ သူတို့ပြောသလို ခွေးရူးတော့ဟုတ်မယ် … မထင်ဘူး …´
`အဲ့ဒါဘာဖြစ်လဲ … ခွေးကိုများ စစ်ဆေးရေး ဝင်နေရသေးတယ် …´
`မဟုတ်ဘူးကွ … ငါ့အထင် မောင်ကျော်ပြောတဲ့ ခွေးလေးတိုးပွားများ ဖြစ်နေမလားလို့ …´
`ဟင် … ပေါက်ပေါက်ရှာရှာကွာ… ကြည့်ပါဦး … ဖြစ်နိုင်ပါ့မလား … ခွေးက ပေတေနေတာပဲ …´
`ဘဟ်လိုပုံစံပဲ ဖြစ်ဖြစ်ကွာ … အဲ့ဒီခွေးလေးကို ငါလိုချင်တယ် … သူဆီကနေ တောင်းထားလိုက်မယ် …´
`ဟာကွာ … လုပ်ကွာ …´
အတန်ကြာသည့်အထိ ထိုလူကြီး ဆိုင်အတွင်း၌ ရှိနေခဲ့သည်။ ပေတေနေသည့် ခွေးလေးအား ကြမ်းတမ်းလှစွာ ဆွဲကိုင်လျက် ထိုဆိုင်အတွင်းမှ ထွက်သွားခါ တိတ်ဆိတ်နေသည့် လမ်းအတွင်းသို့ ဦးတည်သွားနေတော့သည်။ ထိုလူကြီးနောက်သို့ ကျွန်ုပ်နှင့်အတူ သူငဟ်ချင်းများ နောက်ယောင်ခံခါ လိုက်လျက် အကင်းပါးလှသည့် ထိုလူကြီးက
` ချာတိတ်တွေ … ဘာလို့ ငါ့အနောက်ကို လိုက်နေရတာလဲ … ´
အရှေ့စူးစူးသိှု့ဦးတည်လျောက်နေသော သူ၏ ခြေလှမ်းများ ရပ်တန့်သွားလျက် အနောက်တွင်ပါလာသော ကျွနိုပ်တို့အား မေးလိုက်လေသည်။
` ဗျာ … ဟို … ဟိုလေ… ဘာမှ မဟုတ်ပါဘူး … ဦးလေးဆီက ခွေးလေးကို ကျွန်တော့ကို ပေးပါလား'
`ဘာလုပ်ဖို့လဲ… ဒီခွေးက ခွေးရူးပြန်နေတာ … မင်းတို့ ဒုက္ခရောက်ကုန်လိမ့်မယ် …´
`ရပါတယ်ဗျာ … ကျုပ်တို့ မကြောက်ပါဘူး … ပေးပါ …´
`လိုချင်ရင်တော့ ပေးလို့ရတယ် … ဒါပေမဟ့် အလကားတော့ မရဘူး …´
`ဟုတ်ပြီဗျာ … ဘယ်လောက်ပေးရမလဲ …´
` တစ်သောင်းပေးရမယ် နောက်ထပ် တစ်သောင်းထပ်ပေးရင် ဒီခွေးရဲ့ ရာဇဝင်ကိုပါ ပြောပြမယ် … ´
`ဗျာ … ဟာဗျာ …ကျွန်တော်တို့က အခုမှ အချုပ်ထဲက ထွက်လာတာ အဲ့လောက် ပိုက်ဆံတော့ မပါဘူးဗျ …´
` ဒါဆိုလဲ ပြီးရောလေ … ခွင့်ပြုဦး …´
`နေ … နေပါဦး ဦးလေး …ပေးပါ့မယ် …´
`ရော့ … ထီးလေး …´
ကျွန်ုပ်၏ စကားအဆုံးတွင် သူငယ်ချင်းဖြစ်သူ မျှားကလေး၏ တစ်ခုခုအား ပေးသော အသံကို ကြားလိုက်ရသည်။
`ဟင် … နင့်လက်စွပ်ပါလား … ဘာလုပ်ဖို့လဲ …´
` ပိုက်ဆံတော့ မပါဘူးလေ … ဒီလက်စွပ်ကို ပေးလိုက် … ´
`ရော့ ဦးလေး … ဒါပေးမယ် ဒီခွေးရဲ့ အကြောင်းကိုပါ ပြောပြရမယ် …´
`သိပ်ရတာပေါ့ကွာ.…´
သူငယ်ချင်းဖြစ်သူ မျှားကလေး၏ ဝတ်ထားသော လက်စွပ်အား ထိုသူကြီးကို အခကြေးငွေဖြင့် ပေးလိုက်တော့သည်။ ထိုနောက် ထိုလူကြီးက
`ဒီခွေးက … ခြံအမှတ် B -12 က ခွေးကွ … ငါ့အစ်ကိုက အဲ့ဒီသူဌေးအိမ်မှာ အလုပ်လုပ်နေတာ ညကမှ ငါ့ဆီရောက်လာပြီး … ဒီခွေးကို သတ်ပေးဖို့ လာပေးသွားတာပဲ… ဘာဖြစ်လို့ သက်ခိုင်းရတာလဲဆိုတာတော့ ငါလဲ မသိဘူး …´
`ဟင် … ဒါ … ဒါ ခြံအမှတ် B-12 က ခွေးလေးပေါ့လေ ဟုတ်လား …´
`အေးလေ… ဘာဖြစ်လို့လဲ… ´
`ဘာ … ဘာမှ မဖြစ်ပါဘူး … ဒီလောက်သိရရင် ကျေနပ်ပြီ …´
`ဒါဆို ငါ့ကို ခွင့်ပြုဦး … မင်းတို့ကြောင့် ခွေးသတ်တဲ့ အမှု့ကနေ လိမ်လည်မှု့လောက်ပဲ ဖြစ်တော့တယ် … ငါ့အစ်ကို မေးရင်တော့ သတ်ပြီးပြီလို့ လိမ်ပြောလိုက်တော့မယ် … ကဲ ခွင့်ပြုဦး !
ထိုလူကြီး၏ ပြောဆိုချက်အရ ထိုခွေးလေးဟာ ဝိဥာဉ်မောင်ကျော်၏ လူတစ်ယောက်ကဲ့သို့ အားကိုးအားထား ပြုရသော သိတတ်လှသည့် သူ၏ ခွေးလေးဟု ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ကောင်းစွာ သဘောပေါက်ချေတော့သည်။

***********************************
ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား ဆက်လက်ဖော်ပြပေးသွားပါမည်ခင်ဗျာ။
စာရေးသူ- ထီးကလေး။
မကြီး Soe San အား အစဉ်လေးစားနေလျက်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages