ဇာတ်သိမ်းပိုင်း ကဝေဘုရင် ယမမင်းရှင် - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဇာတ်သိမ်းပိုင်း ကဝေဘုရင် ယမမင်းရှင်

Share This
တစ္ဆေဇာတ်လမ်းအရှည် ကြိုက်သူများ အတွက် သီးသန့်ရေးသာထားသော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် 
              ကဝေဘုရင် ယမမင်းရှင်✔
                         (၆)
စာရေးသူ -ထီးကလေး🌂။ 
ဇာတ်သိမ်းပိုင်း



ခြံဝတွင်ရှိနေသော မိန်းကလေးကား အိမ်ထဲသို့မရောက်ခင်မှာပဲ အိမ်ပေါ်ရှိ အားလုံးက အံ့သြကြီးစွာ လှမ်မေးလိုက်လေတော့သည်။ အားလုံး၏အမေးကား သူမ စိုက်ကြည့်နေလျက် မည်သည့် စကားမှ ပြန်မပြောပဲ ကြောင်တောင်တောင် မျက်လုံးများဖြင့် သာကြည့်နေတော့သည်။ သေဆုံးသွားပြီဟု သတ်မှတ်ထားသော သူငယ်ချင်းဖြစ်သူ မျှားကလေးအား ပြန်လည်တွေ့လိုက်ရသည်ကြောင့် ဝမ်းသာစွာဖြင့် သူမရပ်နေသည့် ခြံဝသို့ အားလုံး ပြေးဆင်းသွားခါ
`ဝမ်းသာလိုက်တာ မျှားကလေးရာ နင့်ကို ငါတို့အခုလို ပြန်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး ဝမ်းသာလိုက်တာဟာ´
လှိုက်လှဲစွာ ပြောနေကြသော ထီးကလေးတို့အားလုံးအား တစ်ခါမှ မမြင်ဘူးသည့် မျက်လုံးတစ်စုံဖြင့် လိုက်ကြည့်နေပြီးနောက်
`မျှားကလေး …ရှင်…ရှင်တို့လူမှားနေကြပြီနဲ့ထင်တယ် ကျွန်မက မျှားကလေးမဟုတ်ဘူး နှင်းဆီပါ …´
ပြုံးရွှင်စွာ ပြောနေကြသည့် အားလုံးဟာ သူမ အဖြေ စကားကြောင့် ရုတ်တရက် မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး
`ဟင်!…နင်ဘယ်လို ပြောလိုက်တာလဲ´
`ဟုတ်တယ် ရှင်တို့လူမှားနေပြီ ကျွန်မကနှင်းဆီပါ ဒီရွာက ဦးမျိုးမြင့်ရဲ့တစ်ဦးတည်းသော သမီးနှင်းဆီပဲ ရှင်တို့ကို မသိဘူး…ကိုဖိုးချစ် ကျွန်မကို ပြန်ခွင့်ပြုဦး နောက်မှပဲ လာတော့မယ် …´
`ဟဲ့…ဟဲ့ …မျှားကလေး…နေဦးလေး´
ပျက်သားစွာ ပြောလျက် လာရာလမ်းသို့လှည့်ထွက်သွားတော့သည်။ ကျန်နေခဲ့သည့် ထီးကလေးတို့အား လိုက်သွားရန် ရွယ်လိုက်စဉ်မှာပဲ စိတ်အေးအေးထားရန် ကိုအောင်ကား တားလိုက်တော့သည်။ သူငယ်ချင်းဖြစ်သူ မျှားကလေးနှင့် ခွဲမရအောင် တူနေကြောင်းအား ဖိုးချစ်တစ်ယောက်ကို ပြောပြလျက် သူငယ်ချင်းမျှားကလေး ဆိုသည်မှာ သေချာကြောင်း ပြောပြလိုက်သည်။ဖိုးချစ်ကား နှင်းဆီကို စတွေ့ခဲ့သည့်အချိန်၌ မကြာသေးကြောင်း ထိုရွာလေးတွင် သူမကား ငယ်စဉ်ကတည်းမှ နေထိုင်လာသူမဟုတ်ကြောင်း ရှင်းပြပြောဆိုခဲ့တော့သည်။
`ဒါဆို သေချာပြီ…မျှားကလေးမှ မျှားကလေး အစစ်ပဲ…ငါတို့ဘာဆက်ကြမလဲ…´
`ကျုပ်စဉ်းစားမိတာ ပြောရရင် သူ့အဖေဆိုတဲ့ ဦးမျိုးမြင့်ဆီကို သွားပြီး မျှားကလေးရဲ့ရာဇဝင်ကို မေးကြည့်ရင် ပိုကောင်းမယ်နဲ့ထင်တယ်…´
`ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် ဦးမျိုးမြင့်ဆီ ကျုပ်တို့သွားမမေးခင် ရွာထဲက အသက်ကြီးပိုင်းတွေကို အရင်မေးလိုက်တာ ပိုကောင်းမယ်…´
`ဟုတ်တယ် …ဟုတ်တယ် …အဲ့ဒါက ပိုကောင်းလိမ့်မယ်…ကိုဖိုးချစ် ဘယ်လို သဘောရလဲ…´
`ကျုပ်အထင်တော့ ရွာတိုင်းလိုလိုက ဦးမျိုးမြင့်ကို ကြောက်နေရတယ် သူ့အကြောင်းကိုတော့ ဘယ်သူမှ ပြောရဲကြမှာ မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် မေးကြည့်လိုက်တာ ပိုကောင်းပါလိမ့်မယ်´
သို့နှင့် ထိုရွာတွင် နေထိုင်သည့် အသက်ကြီးပိုင်းများအား မေးကြည့်ရာ ထိုမိန်းကလေးကား လွန်ခဲ့သည့် ၄ နှစ်အတွင်းမှ ရွာချောင်းစပ်သို့ ခေါင်းတွင် ဒဏ်ရာရပြီး မျောပါလာကြောင်းသိရှိလိုက်ရသည်။တစ်ပတ်ခန့်အကြာထိ ယောင်တုန်းလေးမှာ ညီဖြစ်သူ ဖိုးချစ်ထံသို့ ပြန်မရောက်လာသေးချေ။ အစ်ကိုဖြစ်သူအား စိတ်ချသောလည်း အနည်းငယ်မျှ စိတ်ပူပန်နေလျက် ပြန်ရောက်လာမည့် အချိန်ကိုသာ မျှော်လင့်နေရင်း မိချောင်းပုရိပိုက် ကျင့်အား နေ့ည မပျက်ကျင့်နေခဲ့တော့သည်။ပထမအဆင့် အောင်မြင်ခဲ့သည့် ဖိုးချစ်မှာ နေမှု့စားမှု့မှအစ တည်ငြိမ်နေလျက် သိသာစွာ ပြောင်လဲ လာခဲ့သည်။ဖိုချစ်၏ နေအိမ်သို့ ရောက်နေခဲ့သည်မှာ ဆယ်ရက်ကျော်မျှ ရှိနေခဲ့ပြီ အစ်ကိုဖြစ်သူ ယောင်တုန်းဟူသော လူအား တစ်ခါမှာ မမြင်မတွေ့ဘူးချေ။
`ကိုအောင် ကျုပ်တို့ရောက်နေတာ ရက်တွေ ကြာနေပြီ မထူးပါဘူးဗျာ ဦးမျိုးမြင့်ဆီကိုပဲ တိုက်ရိုက်သွားမေးလိုက်တာ ကောင်းမယ်ထင်တယ် ကျုပ်သိပ်စိတ်မရှည်တော့ဘူး´
`သွေးအေးအေးထားမှ ဖြစ်မယ် ကိုတန်ခိုး ကျုပ်တို့စိတ်လိုက်မာန်ပါ လုပ်လို့မရဘူး ကိုယ့်လူက သူ့လက်ထဲမှာရှိနေတာ ပြီးတော့ ရွာထဲက လူတွေပြောပုံအရ မျှားကလေးကိုလည်း သူ့ပညာတွေ လက်ဆင့်ကမ်း သင်ပေးထားတယ် ကြားတယ် မျှားကလေးကလဲ သူ့ကိုအဖေအရင်းထင်နေတော့ ကျုပ်တို့ဘာမှ မတတ်နိုင်ဘူးဖြစ်နေတယ် …´
`ဒီလိုလုပ်လို့ရမလား တရားဥပဒေရှိနေတာပဲ ဥပဒေအရ ဖြေရှင်းလိုက်ရင်ရော…´
`အချိန်သိပ်မရတော့ဘူး ကျုပ်တို့နည်း ကျုပ်တို့ဟန်နဲ့ပဲ မဖြစ် ဖြစ်အောင် လုပ်မယ် စိတ်ချပါ ကျုပ် မျှားလေး အတွက် တာဝန်ယူပါတယ်´
`ဒီမှာက မျှားကလေးကို ပြန်တွေ့ရတယ် သူတကယ် မသေဘူး ဒါဆို ဟိုကလေးမလေးကရော ဘဟ်သူလဲ…´
`ကျုပ်အထင်ပြောရရင် ဝိဥာဉ်ကူးတဲ့ သဘောမျိုးဖြစ်နေတာ ထင်တယ်´
`ဘယ်လို ကိုအောင် ဝိဥာဉ်ကူးတယ် ဟုတ်လား.…ဘာကို ပြောတာလဲ´
`အဲ့ဒါကို ရှင်းပြဖို့ခတ်တယ် ဘာပဲဖြစ်ဖြစ် မျှားကလေး အတိတ်ကို သတိရလာတာနဲ့ အားလုံးရှင်းသွားလိမ့်မယ် ´
သို့နှင့် နေ့ည မပျက် ဖိုးချစ်ကားတရားထိုင်နေလျက် စိတ်စပ်သည့် တန်ခိုးဟာ အားလုံး မသိခင်အချိန်မှာပဲ သူငယ်ချင်းမျှားကလေး ရှိနေသည့် ဦးမျိုးမြင့် နေအိမ်သို့ တစ်ကိုယ်တည်း ထွက်သွားချေပြီ။ နေဝင်ချိန်ဖြစ်သည့်အတွက် လယ်သမားများ လုပ်ငန်းခွင်မှ သိမ်းဆည်းလျက် ရွာထဲသို့ဝင်ချိန် ဦးမျိုးမြင့်နေအိမ်သို့ အဆင့်ဆင့်မေးမြန်လျက် ဦးတည်သွားနေတော့သည်။ တစ်နေရာအရောက် ယောင်တုန်းလေးဟာ အမှတ်မထင် ပေါ်လာပြီး ဦးမျိုးမြင့်အိမ်သို့ မသွားရန် တားနေခဲ့သည်။
`မသွားလို့မဖြစ်ဘူးဗျ ကျုပ်တို့သူငဟ်ချင်းနဲ့ ကွဲနေခဲ့တာ ၄နှစ်ကျော်နေပြီ အခုသူ့ကို ပြန်တွေ့ပြီ ကျုပ်သူ့ကို အတိတ်ကြောင်းတွေ ပြန်ပြောပြပြီး ရန်ကုန်ကို ပြန်ခေါ်သွားမယ်…´
`ထင်သလောက် မလွယ်ဘူးနော် နောင်ကြီး ဦးမျိုးမြင့်က အဆင့်မြင့် ပညာသည် တစ်ယောက် ခင်ဗျား သူငယ်ချင်းကိုလဲ သူလွယ်လွယ်နဲ့ ပြန်ထည့်ပေးမှာ မဟုတ်ဘူး ကျုပ်ညီလေး ကျင့်စဉ်တွေ အောင်မြင်တဲ့အထိ စောင့်ပါဦး…´
`ဟင်!…ခင်ဗျား ညီလေးဆိုတာ…´
`နောင်ကြီးတို့အခု တည်းနေတဲ့ အိမ်ကဖိုးချစ်ဆိုတာ ကျုပ်ညီလေးပဲ…´
`ဒါဆို ခင်ဗျားက ဖိုးချစ် အစ်ကို ယောင်တုန်းဆိုတာလား.´
`ဟုတ်တယ်…´
`ဘာလို့ ခင်ဗျား အိမ်ပြန်မလာတာလဲ ခင်ဗျားညီက ခင်ဗျားကို နေ့တိုင်းမျှော်နေတာ ကျုပ်တို့ရောက်နေလို့ ခင်ဗျားပြန်မလာတာလား…´
`မဟုတ်ပါဘူး ကျုပ်အကြောင်းနဲ့ကျုပ် မပြန်တာ ခင်ဗျားသာ အိမ်ကို ပြန်ပါ …ခင်ဗျားအတွက် အန္တရယ် ရှိလို့ ကျုပ်တားနေတာ ´
`အိုး!…ကျုပ် ပြန်ဖို့ရည်ရွယ်ချက်ရှိရင် ဒီရွာထဲကို မဝင်လာဘူး ဦးမျိုးမြင့်အိမ်ကို သွားပြီး မျှားကလေးကို ပြန်ခေါ်မယ်…´
ယောင်တုန်းလေးကား မည်သို့မှ တားမရ ဇွတ်အတင်းသာ တန်ခိုးတစ်ယောက် ထွက်သွားချေတော့သည်။ဦးမျိုးမြင့် ခြံရှေ့သို့ရောက်သည်နှင့်
`ဗျို့..ဦးမျိုးမြင့်…ဦးမျိုးမြင့်ရှိလား…´
တန်ခိုး၏ ခေါ်သံများကို ကြားသည်နှင့် ခြံထောင့်မှ မိန်းမချောလေး တစ်ဦးထွက်လာခါ
`ဘယ်သူနဲ့တွေ့ချင်လို့လဲ…´
`အော်!…ဒီအိမ်ရှင် ဦးမျိုးမြင့်နဲ့ တွေ့ချင်လို့ပါ သူရှိလား…´
သူ၏ အမေးကား ပြန်မဖြေပဲ တန်ခိုးအား ကော်လန်နေသော မျက်တောင်များနှင့် ငြို့ယူ ဆွဲငင်နေလျက် မိန်းကလေးက စိုက်ကြည့်နေလေတော့သည်။မိန်းကလေးအား အာရုံမထားမိပဲ တန်ခိုးတစ်ယောက် အရှေ့တွင် ရပ်နေသည့် မိန်းကလေးကို ကျော်ကာ အိမ်ထဲသို့ လှမ်းကြည့်နေခဲ့သည်။သူ၏ အမေးအား ပြန်မဖြေသေးသော မိန်းကလေးကို ကြည့်မိလိုက်ရာ သူ့အား အပြုံးတို့ဖြင့် ကြည့်နေခဲ့သည်ကို တွေ့လိုက်ရသည်။
`ကျုပ်ကို ဘာလို့ကြည့်နေတာလဲ ကျုပ်မေးတာကို ဖြေပေးဦးလေ ဦးမျိုးမြင့်ရှိလားလို့…´
အကြိမ်ကြိမ်မေးသောလည်း သူမက အပြုံးမပျက် သူ့အား စိုက်ကြည့်နေလျက်ပင် ။မိန်းကလေး မျက်လုံးဖြင့် ဆုံမိသွားသည့် တန်ခိုးတစ်ယောက်ဟာ အိပ်ချင်လာခဲ့လေသလား လက်နှစ်ဖက်ဖြင့် မျက်လုံးတစ်စုံအား ပွတ်သပ်လျက် ဦးမျိုးမြင့် ရှိလာဟုသာ တမ်းတပြောဆိုနေမိတော့သည်။
`တန်ခိုး…´
ဦးမျိုးမြင့်နေအိမ်ရှိ ခြံဝစည်းရိုးကိုင်ခါ အိပ်ငိုက်နေသည့် တန်ခိုးအား အနောက်မှ သူငယ်ချင်းဖြစ်သူ ထီးကလေး ပုခုံးပုတ် ခေါ်လိုက်သည်။
`ဟင်!…´
`မင်းဘာလုပ်နေတာလဲ ထင်တော့ထင်တယ် မင်းဒီကိုပဲ သွားလိမ့်မယ်လို့…´
`ခြံရှေ့မှာ ဘာလုပ်နေတာလဲ ´
`မိန်းကလေးကို မေးနေတာလေ…ဦးမျိုးမြင့်ရှိလားဆိုတာ´
`ဘဟ်မှာတုန်း…မိန်းကလေး…´
သူငယ်ချင်းဖြစ်သူ တန်ခိုး ပျောက်သွားသည့်အတွက် လိုက်ရှာကြရင်း ဦးမျိုးမြင့် နေအိမ်တည်ရှိရာသို့ ရောက်ကြသည်။ ခြံရှေ့သို့ရောက်သည်နှင့် စည်းရိုးကိုကိုင်ကာ ခေါင်းငိုက်စိုက်ပြီး တစ်ယောက်တည်း စကားပြောနေသည့် တန်ခိုးအား တွေ့သဖြင့် ပုခုံးပုတ် ခေါ်လိုက်လေသည်။ တန်ခိုး၏ အမြင်မှာကား မိန်းကလေးနှင့် စကားပြောနေလျက် ခြံထဲသို့ဝင်ခွင့် တောင်းနေခြင်းပင်။ သူငယ်ချင်းဖြစ်သူ ထီးကလေးမေးလိုက်သည်နှင့် မိန်းကလေးဆိုသူအား ပြရန် ကြည့်လိုက်လေရာ အရှေ့၌ ပုဝါအနီစည်းထားသည့် ငှက်ပျောပင်ကိုသာ တွေ့လိုက်ရသည်။
`မဟုတ်သေးဘူးကွ အခုန မိန်းကလေးတစ်ယောက် အခု ဘယ်လိုလုပ် ငှက်ပျောပင်ဖြစ်နေတာလဲ မသိဘူး…´
`တော်သေးတာပေါ့ ကိုတန်ခိုးရာ ကျုပ်တို့ရောက်လာတာ မြန်လို့ ခင်ဗျားတွေ့လိုက်ရတာ ငှက်ပျောကဝေလို့ခေါ်တယ် ခင်ဗျား အငြို့ခံနေရတာပဲ´
`ဟင်!…တောက်!…ခံလိုက်ရသေးတယ်ကွာ ဒီလောက် သတိထားနေရင်းနဲ့´
`ကဲ…ကိုအောင် ကျုပ်တို့ဒီကို ရောက်လက်စနဲ့ မထူးဘူး…ဦးမျိုးမြင့်ဆီ ဝင်မေးလိုက်တာ ကောင်းမယ်…´
`ဖြစ်ပါ့မလား တစ်ခြံလုံးလည်း တိတ်ဆိတ်နေတာပဲ …´
`ခေါ်ကြည့်လိုက်မယ်…´
အားလုံးတိုင်ပင်လျက် ဦးမျိုးမြင့် နာမည်ကား နောက်တစ်ကြိမ် ထပ်ခေါ်လိုက်လေရာ ခြံထောင့်မှ မိန်းမချောလေး တစ်ဦး ထွက်လာပြီး
`ဘယ်သူနဲ့တွေ့ချင်လို့လဲ…´
ရုတ်တရက်ထွက်လာသည့် မိန်းကလေးအားမြင်သည်နှင့် ဘေးတွင် ရှိနေသော ကိုအောင်အား  ထီးကလေးက မျက်စာပစ် အချက်ပြလိုက်လေသည်။နားလည်စွာဖြင့် ကိုအောင်မှာလည်း ခေါင်းငြိမ့်ပြလျက် ထိုအခါ ထီးကလေးကား မြေသို့ဖနောက်စောင့် အမိန့်ပေးလိုက်သည်နှင့် ထိုမိန်းကလေးဟာ နေဝင်ချိန်နှင့်အတူ ခွေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲ သွားပြီး အားလုံး၏ အရှေ့မှ အော်ဟစ် ပြေးထွက်သွားတော့သည်။ မကြာခင်မှာပဲ အိမ်ပေါ်မှ ဦးမျိုးမြင့်ဆင်းလာပြီး
`မောင်ရင်တို့က ဦးကို တွေ့ချင်လို့လား ဘာကိစ္စရှိလို့တုန်း…လာလာ ခြံထဲကို လာခဲ့ကြ…´
ဦးမျိုးမြင့်ကား ရောက်လာပြီး ခြံထဲသို့ဝင်ခွင့်ပေးလိုက်တော့သည်။ တွန့်ဆုတ်ဖြင်း မရှိသော ခြေလှမ်းတို့ဖြင့် ရဲတင်းစွာ ခြံထဲသို့ဝင်လိုက်ပြီး ကွပ်ပျစ်ကလေးတွင် ထိုင်လိုက်ကြသည်။
`ဘာကိစ္စရှိလို့တုန်းကွယ့်…´
ဦးမျိုးမြင့် မေးလိုက်သည်နှင့် မိမိတို့ထိုရွာလေးအား လာရသည့် အကြောင်းရင်းတို့ကို ရှင်းပြလေတော့သည်။
`မောင်ရင်တို့ သူငဟ်ချင်းပါလို့ ဘယ်လို သက်သေပြကြမလဲ…သက်သေမပြနိုင်ပဲနဲ့ ဦးလေး သမီးလေးကိုတော့ မင်းတို့နဲ့ပြန်မထည့်ပေးနိုင်ဘူး…´
`သက်သေပြဖို့တော့ ခတ်သားဗျ ကျုပ်တို့ကလည်း ရန်ကုန်ကနေ လက်တလော လာခဲ့တာဆိုတော့ ဘာမှ သက်သေမပြနိုင်ဘူး ဖြစ်နေတယ် …´
မှောင်ရိပ်ဝင်လာသည့် အချိန်နှင့်အတူ ဦးမျိုးမြင့်၏ ခြံဝန်းကွပ်ပျစ်ကလေး၌ ဝိုင်းဖွဲ့စကားပြောဆိုနေကြစဉ် အိမ်ပေါ်ထပ်မှ နှင်းဆီ ဆင်းလာပြီး
`သမီးပြောတာ သူတို့ပဲ အဖေ …လူမှားပြီး သမီးကို ပြောကြတာပဲ…´
`ဟဲ့…မျှားကလေး နင်ငါတို့ကို မမေ့မှတ်မိဘူးလား…ငါထီးကလေးလေ…နင်သေသွားပြီ ထင်နေတာ နင်က ဒီရွာလေးကို အတိတ်မေ့ပြီး ရောက်လာတာပဲ ငါတို့က နင့်သူငယ်ချင်းတွေပါဟာ…´
ထိုစကားတို့အား သူမ ဘာမှပြန်ပြောခြင်းမရှိ စူးရှ တောက်ပသည့် မျက်လုံးတို့ဖြင့် ကြည့်နေခဲ့သည်။ အတိတ်မေ့နေသူ နှင်းဆီက သူမဟာ မျှားကလေး မဟုတ်ကြောင်း အပြင်းထန်ငြင်းဆန်နေတော့သည်။ မည်သို့မှ အတိတ်ကြောင်းအား မမှတ်မိတော့သည်ကြောင့် အားလုံး စိတ်မကောင်းဖြစ်စွာဖြင့် မျက်လွာလေးများသာ ချလျက်နေတော့သည်။ ငြိမ်သတ်စွာ စ်တ်မကောင်းဖြစ်နေချိန်မှာပဲ ကိုအောင်ကား ဘေးတွင်ရှိနေသော ထီးကလေး၏ ပုခုံးအားကိုင်လိုက်ပြီး
`ကဲပါ ထီးလေးရာ ဘာမှစိတ်မကောင်းဖြစ်မနေပါနဲ့ အမှန်တရားကို နတ်စောင့်ပါတယ် မျှားကလေး ပြန်မှတ်မိလာမှာပါ…´
`မျှားကလေး နင် အတိတ်ကို ပြန်သတိရလာတဲ့အချိန်ထိ ငါတို့ဒီရွာလေးမှာ ရှိနေပါ့မယ် ငါတို့ကို ခွင့်ပြုဦး…´
ဟုဆိုကာ ငါးကလေးထိုင်ရာမှ ထရန်ရွယ်လိုက်လေရာ ထမရပဲ ကွပ်ပျစ်ကြမ်းပြင်နှင့် ဆွဲကပ်ထားသကဲ့သို့ ခံစားလိုက်ရသည်။ ကိုယ်ဆီ ထိုင်ရာမှ ထရန် ရွယ်လိုက်စဉ်မှာပဲ ငါးကလေးနီးတူ အားလုံးထမရ ထရဖြစ်နေတော့သည်။ထီးကလေးကား
`ကဲ…ထကြလေ…တို့ပြန်ကြမယ်…´
ထမရသည်ကြောင့် ထိုင်နေကြသော အားလုံးကား ထီးကလေး၏ အပြောကို ဖြည်းညင်းစွာ ခေါင်းခါပြလျက် ထမရဘူးဟု မျက်ရိပ်မျက်ကဲဖြင့် ပြောနေတော့သည်။
`ဦးမျိုးမြင့် ခင်ဗျား ဒါဘာလုပ်တာလဲ´
`ဘာမှ မလုပ်ပါဘူး ကျွန်မ ရှင်တို့ကို ချစ်လို့ ကျီစယ်တာပါ ထကြလေ…´
`ဟင်!…မျှားကလေး နင်ဘာလုပ်တာလဲ´
`ဟား…ဟား…ဟား´
ဦးမျိုးမြင့် လက်ဆင့်ကမ်း သင်ကြားပေးထားသော ကဝေပညာတို့ဖြင့် အားလုံးအား ထိုင်ရမှ ထမရအောင် ပြုစားထားလေတော့သည်။ထိုအချိန်၌ ခြံအတွင်းသို့ဖိုးချစ်ကား တည်ငြိမ်သော ချေလှမ်းတို့ဖြင့် လျောက်လာပြီး
`ဟင်!…ဖိုးချစ် ငါတို့ကို ကယ်ပါဦး ထမရဘူးဖြစ်နေတယ်…´
ဖိုးချစ်ကို မြင်သည်နှင့် ဦးမျိုးမြင့်ကား တုန့်လှုပ်ခြောက်ခြားလျက်
`မင်…မင်း…ငါ့ခြံထဲကို ဘာလာလုပ်တာလဲ…´
`ဦးမျိုးမြင့် ကျုပ်အခု ဘာလဲဆိုတာ ခင်ဗျား မြင်နေလောက်ပြီ ထင်ပါတယ် သူတို့ကို ပြုစားထာတာ အခုရပ်လိုက်ပါ ကျုပ်မိဘတွေကို ခင်ဗျား သက်ခဲ့ပေမယ့် ကျုပ်ကတော့ ခင်ဗျားကို လက်စားပြန်မချေတော့ပါဘူး ခုနစ်ရက် သားသမီးတွေကို ကယ်တင်ပေးချင်တဲ့ စိတ်သာ ကျုပ်စိတ်ထဲမှာ ရှိတော့တယ်…´
`အောင်မာ မင်းမိဘတွေတောင် ငါ့ကို မယဉ်နိုင်လို့ သေသွားရတာ မင်းက ငါ့ကို အမိန်လာပေးနေတယ်…စမ်းကြည့်လိုက်လေ…´
တည်ငြိမ်စွာ ရပ်နေသည့် ဖိုးချစ်အား စိန်ခေါ်လျက် ထိုင်ရမှ ထမည်အလုပ် ထမရတော့ပဲ ရုံးကန်နေတော့သည်။ဖိုးချစ်ကား မိချောင်းပုရိပိုက်မှ ကျင့်စဉ်တို့အား တတ်မြောက်ထားလျက် ရင့်ကျက်တည်ငြိမ်စွာဖြင့် ဦးမျိုးမြင့်၏ ပညာတို့ကို အိန္နြရေ ရှိရှိအနိုင်ယူခဲ့ချေပြီ။ မိမိကား ကဝေမှော်အဆင့်သာ ရှိပြီး။ ဖိုချစ်တစ်ယောက်မှာတော့ ဝိဇ္ဇာပညာရပ်တို့အား အဆင့်ဆင့် တတ်မြောက်ထားသည့် ထွက်ရပ်မပေါက်သာလျင် ရှိတော့ကြောင်အား ဦးမျိုးမြင့် သိရှိသွားပြီ။ ဆင်ကြံ၍ ဖိုးချစ်အား တောင်းပန်စကားများ ဆိုတော့သည်။
`ငါ ငါတောင်းပန်ပါတယ် မင်းကို ငါ မယဉ်နိုင်ပါဘူး ငါအရှုံးပေးပါ ငါ့ကို ချမ်းသာပေးပါ…´
`ကျုပ် ခင်ဗျားအသက်ကို ချမ်းသာပေးမယ် ဒီမိန်းကလေးရဲ့ အတိတ်မေ့နေတဲ့အကြောင်းကို ခင်ဗျား ပြန်ကုပေးရမယ်…´
`စိတ်ချပါ…မင်းက ပါရမီရှင်လေး တစ်ယောက်ပါ ဖိုးချစ်ရာ မင်းဆီက မိချောင်းပုရိပိုက်ကို လုယူဖို့ ငါအကြိမ်ကြိမ်ကြိုးစားခဲ့ဘူးပါတယ် ဒါပေမယ့် ငါမရခဲ့ဘူး ငါလည်း အသက်ကြီးပါပြီ ငယ်ငယ်က ဆိုးခဲ့မိုက်ခဲ့တာတွေကိုလည်း နောင်တရနေပါပြီ…ငါ့ပညာတွေကိုလည်း ငါစွန့်လွတ်လိုက်တော့မှာပါ…သမီးလေး နှင်းဆီ သမီးက အဘသမီး အရင်းမဟုတ်ဘူးကွယ့် သမီးကို အဘ ချောင်းထဲကနေ မျောလာလို့ ကောက်ယူမွေးစားတာ…သမီးလေးက ဒီသူငဟ်လေးတွေရဲ့ မိတ်ဆွေ သူငယ်ချင်းပဲ…´
`ဟင့်အင်း…အဘက သမီး အဖေပါ…´
`သမီးလေးကို အဘ သမီးအရင်းလေး သဖွယ် စောင့်လျောက်ပေးခဲ့တယ်ဆိုတာ သမီးလေး အသိဆုံးပါ အခုတော့ အဘနဲ့သမီးက ကံကုန်ပြီ´
ဟုဆိုလျက် မျှားကလေး၏ ဦးခေါင်းအား သူ၏လက်ဖြင့် ကိုင်ပြီး နှုတ်မှမည်သူမှ မကြားနိုင်သည့် စကားတစ်ချို့အား ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မျှားကလေးမှာ လဲကျသွားတော့သည်။သူငယ်ချင်းအား စိုးရိမ်တစ်ကြီး ပွေ့ချီလျက် အားလုံး လှုပ်နိုးကြရာ ခဏအတွင်းမှာပဲ သတိလည်လာပြီး အတိတ်ကြောင်းအားလုံးကို ပြန်လည် မှတ်မိလာချေတော့သည်။သတိရသည်နှင့် တစ်ပြိုင်နက် သူမဟာ ဖြစ်ကြောင်းကုန်စဉ်တို့အား စတင်မေးလေတော့သည်။သူမအား ထိုရွာလေးတွင် အတိတ်မေ့ရောက်ရှိနေခဲ့သည်မှာ လေးနှစ်ကျော်မျှရှိပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။ဦးမျိုးမြင့်ဟာ သူမကို သမီးအရင်းသဖွဟ် စောင့်လျောက်ထားပေးလျက် သူ၏ ကဝေပညာတို့ပါ လက်ဆင့်ကမ်း အမွေပေးခဲ့သည်။အတိတ်အား ပြန်သတိရလာသည်နှင့် ထိုပညာတို့သည်လည်း သူမဆီမှ မြူမှုံမျှ မကျန် ပျောက်ကွယ်ကုန်တော့သည်။ မနက်ရောက်သည်နှင့် ပညာများဆုံးရှုံးထားသည့် ကဝေဘုရင် ဦးမျိုးမြင့်ဟာ မိမိနေအိမ်မှ အပြီးအပိုင် ထွက်ခွာ ပျောက်ကွယ်သွားချေတော့သည်။
`ကျေးဇူးအရမ်းတင်ပါတယ် ကိုဖိုးချစ် ခင်ဗျားသာ မကယ်ရင် ကျုပ်တို့တော့ ဘာဖြစ်မလဲ မသိဘူး…´
`ကျေးဇူးတင်စရာ မလိုပါဘူးဗျာ…ကျုပ်က ခုနစ်ရက်သားသမီးတွေကို ကယ်တင်ပေးမယ့် ဆရာတစ်ယောက် ဖြစ်လာပါပြီ…မိချောင်းပုရိပိုက်ထဲက ဒုတိယဆင့်ကို ကျုပ်တတ်မြောက်ထားပြီးပြီး အစ်ကိုကြီးယောင်တုန်းကလည်း လူသားတစ်ယောက်မဟုတ်ဘူးဆိုတာ ကျုပ် နားလည်သွားခဲ့ပါပြီ…သူ့ကိုလည်း ကျုပ် ခြံစောင့်အဖြစ်နဲ့ မထားချင်တော့ပါဘူးလေ…ဒါကြောင့် အစ်ကိုကြီး ကပ်နေတဲ့ ခဲလုံးလေးကို ကျုပ် ချောင်းထဲ မျောပစ်လိုက်ပြီ အစ်ကိုကြီးက ပုဏ္ဍကအမျိုးထဲမှာပါတဲ့ ဖုတ်တစ္ဆေ တစ်မျိုးဆိုတာ ကျုပ်သိခဲ့ရလို့ အင်မတန်ဝမ်းနည်းမိပါတယ်ဗျာ…´
`ကျုပ်တို့လည်း တကဟ်စိတ်မကောင်း ဖြစ်မိပါတယ် ကိုဖိုးချစ်ရာ…ခင်ဗျား မိချောင်းပုရိပိုက်ကျင့်စဉ် အားလုံး တတ်မြောက်တဲ့ အချိန်မှ ကျုပ်တို့ဒီရွာလေးကို နောက်တစ်ခေါက်ပြန်လာခဲ့ပါဦးမယ် အခုတော့ ကျုပ်တို့ရန်ကုန်မှာ ဖြေရှင်းစရာလေးတွေ ရှိသေးလို့ ဒီနေ့ပဲ ကျုပ်တို့ရန်ကုန်ကို ပြန်ရမယ်…´
`ကောင်းပါပြီဗျာ နောက်လည်း ကြုံရင် ကျုပ်ဆီကို ဝင်လည်ခဲ့ပါဦး ကျုပ်ဖိုးချစ်ကတော့ ခင်ဗျားတို့တွေကို အမြဲအမှတ်ရနေမှာပါ…´
`စိတ်ချပါ ခင်ဗျား ဒုတိယမြောက် စင်္ကြာမင်းသားလေး ဖြစ်တဲ့အချိန်လောက်ဆို ကျုပ်တို့ဒီရွာလေးကို ထပ်လာခဲ့ပါဦးမယ်…´
လက်ပြနှုတ်ဆတ်လျက် ရန်ကုန်မှ မျှားကလေး ဝင်စားသည်ဟုဆိုသော ကလေးမလေးဆီသို့ အရောက်ပြန်သွားချေတော့သည်။ရန်ကုန်သို့ရောက်လာသည်နှင့် သမီးဖြစ်သူ မျှားကလေးအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့် သူမ၏ မိဘနှစ်ပါးမှာတော့ ဝမ်းသာလျက် မျက်ရည်များပင် ကျချေတော့သည်။ မျှားကလေး ဝင်စားသည်ဟု ဆိုသော ကလေးမလေးမှာလည်း တစ်ည၌ အပြင်းဖျားလျက် ဆေးရုံပေါ်သို့ရောက်ခါ အသက်ဆုံးရှုံးသွားသည်ဟု သိလိုက်ရတေတ့သည်။မျှားကလေး၏ ထိုရွာသို့ရောက်သွားပုံကိုလည်း သူမက ရှင်ူပြပြောဆိုလျက်
`အဲ့နေ့က ဖေဖေငါ့ကိုဆူလို့ အိမ်ပေါ်ကနေ ငါဆင်းသွားခဲ့တယ် အစကတော့ စောနယ်က ငါ့ဦးလေးဆီ သွားမလို့ပဲ နောက်တော့ ငါတို့သွားခဲ့တဲ့ ဦးမြင့်ထွေးရှိတဲ့ ဝါးခယ်မကို သွားမယ်ဆိုပြီး သဘောင်္လက်မှတ် ဝယ်ခဲ့တယ် သင်္ဘောထွက်ခါနီးတော့ ငါ့ဘေးနားကို ဗိုက်ကြီးသည် လင်မယားနှစ်ယောက် ရောက်လာခဲ့တယ် ယောက်ျားလုပ်သူက သူ့မိန်းမ ဗိုက်ကို ဂရုစိုက်နေတာကို ငါတွေ့ပြီး ပီတိဖြစ် ပြုံးနေမိတယ် မကြာပါဘူး သင်္ဘောထွက်တော့ ဝရမ်တာကနေ ငါပြုတ်ကျသွားခဲ့တယ် နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သွားလဲဆိုတာ ငါမသိတော့ဘူး ငါသိတဲ့အချိန်က နင်တို့ငါ့ဘေးရောက်နေပြီ…´

`ဘယ်လို ဖြစ်ရတာလဲ တော်တော်ထူးဆန်းတယ်နော် အဖေ´
`ထူးဆန်းတာပေါ့ ငါ့သားရဲ့ ဝိဥာဉ်ကူးတဲာလို့ခေါ်တယ်…´
`ဘယ်လို အဖေ ဝိဥာဉ်ကူးတယ် ဟုတ်လား…´
`ဟုတ်တယ်…မျှားကလေးက အဲ့ဒီလင်မယားနှစ်ယောက်ကို နောက်ဆုံးတွေ့လိုက်ရပြီး စိတ်စွဲသွားခဲ့တယ် သူ့ဝိဥာဉ်က အဲ့ဒီလင်မယားနှစ်ယောက်ဆီမှာ ခန္ဓာအသစ်နဲ့ရောက်သွားခဲ့တယ် ဒါကြောင့် ကလေးမလေးက မျှားကလေး ပုံစံအတိုင်း အရာအားလုံးကို သိနေပြီ မျှားကလေးကတော့ တစ်ခြားတစ်နေရာမှာ ဘဝဟောင်းအတိတ်ကိုမေ့ပြီး နှစ်တော်တော်ကြာကြာ ဝိဥာဉ်ပြောင်းပြီး နေခဲ့တာပဲ…´
`ဒါမျိုးဖြစ်ရပ်တွေ အခုချိန်ထိ ရှိသေးတယ်နော်…မယုံနိုင်စရာပဲ နောက်အပတ်ထဲမှာ သား အဲ့စောနယ်ဘက်ကို ခရီးထွက်ချင်တယ် ဖေဖေ…ဘယ်သူ့ကိုမှ ခေါ်မသွားတော့ဘူး ´
`ဟေး…ဘာသွားလုပ်မလို့တုန်း…´
`ဒုတိယမြောက် စင်္ကြာမင်းသားလေးဆီကို သွားမလို့…´
`ဟေး…ဒုတိယမြောက် စင်္ကြာမင်းသားလေး ဟုတ်လား…´
`ဟုတ်တယ် ဖေဖေ…´

ပြီးပါပြီ။

ပဉ္စမမြောက် လက်စားရှင် စာရေးသူ ထီးကလေးး
   သို့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages