အပိုင်း၆ - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
          ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
             အလောင်း
                     အပိုင်း (၆)
စာရေးသူ-ထီးကလေး၊ မျှားကလေး။




အိမ်ဖော်ကောင်မလေး၏ ပြောစကားကြောင့် ဦးခိုင်ခံ့တင် တွေဝေငေးငိုင်သွားလေသည်။ ထိုနောက် မိမိထိုးရိုက်နှပ်ခဲ့သော ယောဂီဝတ်စုံဖြင့် လူကြီးပြောခဲ့သည့် စကားတို့အား ပြန်လည်ကြားယောင်လျက် သူ၏ တပည့်များဆီသို့ ဦးခိုင်ခံ့တင်၏ အကြည့်တစ်စုံ လျင်မြန်စွာ ရောက်ရှိသွားလေတော့သည်။
`ကဲကဲ…မိတုန် နင်ကလဲ ကြောင်တောင်တောင်နဲ့ သွားသွား…သွားအိပ်ချည်တော့ ဘာမှလဲ မရှိပဲနဲ့´
 အိမ်အဖော်ကောင်မလေး၏ ပြောစကားတို့အား ဦးခိုင်ခံ့တင် ဖြေဖျောက်ပြောဆိုလျက် မိန်းကလေးအား ထိုနေရာမှာ ထွက်သွားရန် ပြောဆိုလိုက်သည်။ တုန်ရီလျက် ကြောက်လန့်နေသော မိန်းကလေးက ဦးခိုင်ခံ့တင်၏ ပြောဆိုမှု့ကြောင့် ထမင်းစားခန်းမှ လျင်မြန်စွာ ထွက်သွားပြီးနောက် သူ၏ တပည့်များအား ဧည့်ခန်းဆီသို့ ပြန်လည်ခေါ်ဆောင်ခါ အိမ်ဖော် မိန်းကလေးပြောဆိုခဲ့သည့် စကားတို့နှင့်ဆက်လျင်း၍ ယောဂီဝတ်စုံလူကြီး ပြောခဲ့သည့် အကြောင်းတို့အား ပြန်လည်ပြောဆိုနေတော့သည်။
`စိတ်ထဲ ထားမနေပါနဲ့ ဆရာကြီးရာ…တိုက်ဆိုင်တာလဲ ဖြစ်နိုင်ပါတယ် သရဲလောက်ကို စိတ်ထဲထည့်မနေနဲ့ အလကား စိတ်ပင်ပန်းတယ်…´
`အေး…စိတ်ထဲမှာရှိနေလို့ ပြောတာ မဟုတ်ဘူး ငါတို့အိမ်မှာ ဒါမျိုး အဖြစ်အပျက်တစ်ခါမှ မဖြစ်ဖူးဘူး… အခုမှ ဖြစ်လို့ ငါအံ့သြနေတာ…´
`လူဆိုရင်တော့ ကျုပ်တို့ ရှင်းပေးလို့ရတယ် ဆရာကြီး တကယ်လို့ တစ္ဆေဆိုရင်တော့ ကျုပ်တို့လဲ မတတ်နိုင်ဘူး…´
`အေးပါ…သေချာတော့ မသိသေးဘူး ကြိုတွေးထားကြည့်တာ မမှားဘူးပေါ့ကွ…´

ဦးခိုင်ခံ့တင်ကား ကြိုတင်တွေးတောလျက် အိမ်အဖော် ကောင်မလေး၏ ဖြစ်ရပ်နှင့် ယော်ဂီဝတ်စုံလူကြီးတို့၏ အကြောင်းအား ပြန်လည် ပြောဆိုနေခဲ့သည်။ စိတ်ရိုင်းအသွင်သို့ ပြောင်းလဲလာသော ဝိဥာဉ်မောင်ကျော်က ထိုအိမ်ကြီးအတွင်း၌ အချိန်ပြည့်ရှိနေပြီး သူ၏ ဇနီးနှင့် သမီးလေးအပါအဝင် ခွေးလေးတိုးပွားအနားတွင် ရှိနေခဲ့သည်။ မည်သို့ပင် စိတ်ရိုင်းဝင်နေပါသော်လည်း သမီးလေး၏ ရဟ်မောသံတို့အား ကြားလိုက်ရသည်နှင့် မောင်ကျော်မှာ သာမာန်ဝိဥာဉ်စိတ်အဖြစ် ပြန်လည် ပြောင်းလဲလာတတ်သည်။ စိတ်ရိုင်းဝင်နေသည့် အချိန်ဆိုလျင် ဝိဥာဉ်မောင်ကျော်အား ခွေးလေးတိုးပွားပင်လျင် သခင်ဖြစ်သူအား မမှတ်မိ ထိုးဟောင် အူနေတတ်သည်။ ခွေးလေးတိုးပွားနှင့် အချိန်ကြာမြင့်စွာ အတူတကွ နေထိုင်လာသော သခင်ဖြစ်သူ ဖြူဖြူသျှင်းသည်ပင်လျင် ခွေးလေးတိုးပွား၏ ဆွဲငင်စွာ အူတတ်သည့်အသံကိုပင် ယခုအချိန်မှ စတင်ကြားဘူးချေခဲ့သည်။

 တစ်နေ့ မနက်၌ ကျွန်ုပ်၏ နေအိမ်သို့ သူငယ်ချင်းများရောက်ရှိလာပြီး ဝိဥာဉ်မောင်ကျော်၏ အကြောင်းအား စတင်မေးမြန်းလေတော့သည်။ ကျွန်ုပ်နှင့် ဝိဥာဉ်မောင်ကျော် ဆုံခဲ့သမျှ အဖြစ်ပျက်များအား ပြန်လည်ပြောဆိုလျက် လမ်းစပျောက်နေသော မတရားအမှူ့ကြီးအား ဖော်ထုတ်ရန် စိတ်ပြင်းပြနေသော သူငယ်ချင်းဖြစ်သူ တန်ခိုးက
`ဒါဆို…မင်းကို မောင်ကျော်က အဲ့ဒီလိုပြောပြီး ချက်ချင်းပျောက်သွားတာပေါ့…ဟုတ်လား ´
`ဟုတ်တယ်…ဒါပေမယ့် ဘာမှ ပူမနေပါနဲ့ စည်းချအင်းကို ငါပြန်ဖော်ထားလိုက်ပြီ… သူလာချင်တဲ့အချိန်တိုင်း ငါ့ဆီ ပြန်လာလိမ့်မယ်…´
`အေး အဲ့ဒါကောင်းတယ်… သြော်…ဒါနဲ့မင်းပြောသလိုဆို ငါတို့သွားခဲ့တဲ့ အိမ်မှာ ဖြူုဖြူသျှင်းရှိနေတာ သေချာတယ်ဆိုပါတော့ …´
`ဟုတ်တယ်ကွ…ဖြူဖြူသျှင်း အဲ့ဒီအိမ်မှာပဲ ရှိနေတယ်…သူ့ကို အသိအရင်ပေးပြီးမှ မောင့်ကျော့်အလောင်းကို သတ်ဆိုင်ရာကိုအကြောင်းကြားပြီး ပြန်ဖော်ရမယ်…မောင့်ကျော်အကြောင်း သူ့မိန်းမ မသိမချင်း အလောင်းကို ပြန်ဖော်လို့ရမှာ မဟုတ်သေးဘူး…´
`တောက်!…ငါတော့ စိတ်မရှည်တော့ဘူးကွာ… ဖြူဖြူသျှင်းဆီကို ဒီနေ့ထပ်သွားကြရင် မကောင်းဘူးလား…´
`ဟာ…ဘဟ်ဖြစ်မှာလဲ အဲ့ဒီအိမ်က လူတွေ ငါတို့ကို မှတ်မိသွားပြီးလေ…ထပ်သွားမေးရင်လဲ ငါတို့ အပိုပဲဖြစ်လိမ့်မယ်…´
`ဒါဆို ဘယ်လို လုပ်မလဲ…တစ်ခုခုစဉ်းစားကြပါဦး…´
`ခတ်တာက ငါတို့ ငါးယောက်စလုံးကို သူတို့သိသွားကြပြီ…မှတ်မိနေမှာ သေချာတယ်…ဒီတော့ တစ်နည်းနဲ့ အယောင်ဆောင်ပြီး ဖြူဖြူသျှင်းနဲ့ အမြန်ဆုံးတွေ့ခွင့်ရအောင် လုပ်ရမယ်…´
`ဘယ်လို အယောင်ဆောင်မှာတုန်း…မျှားလေး ပြောပါဦး…´
`ဒီလိုလေဟာ…မိန်းကလေးဆိုတော့ ချင် ငံ စပ် အရသာတွေကို ကြိုက်ကြတာ သဘာဝပဲလေ ဒီတော့ နင်တို့ ယောက်ျားလေး လေးယောက်တည်းက တစ်ယောက်ယောက်က ငါတို့လမ်းထိပ် သင်္ဘောသီးသုပ်ရောင်းတဲ့ လှည်းကို အချိန်နဲ့ ငှားပြီး ဈေးသည်အယောင်နဲ့ အဲ့ဒီအိမ်ရှေ့မှာ သွားရောင်းရမယ်… ဖြူဖြူသျှင်းတစ်ယောက် အိမ်အပြင်ကို ထွက်မလာမချင်း အသံအကျယ်ဆုံးနဲ့ ဈေးရောင်းသလို အော်ရောင်းရမယ် ဘယ်လိုလဲ´
`ဟာ…ဖြစ်ပါ့မလား…အဲ့ဒီရပ်ကွက်က သူဌေးတွေချည်းပဲ သီးသန့်နေတဲ့ စိတ်ငြိမ်ရပ်ကွက်ဆိုတော့ ဈေးသည် ဝင်လို့ရပါ့မလား…´
`ရမှာပါဟ…ဈေးမရောင်းရ ဈေးသည်မဝင်ရ ဆိုတဲ့ ဆိုဒ်းပိုဒ်ချိတ်ထားရင်တော့ ငါလဲ မပြောတတ်ဘူး မချိတ်ထားရင်တော့ မျှားလေး ပြောသလို လုပ်လို့ရတယ်…ထီးလေး…မင်းရော ဘယ်လို သဘောရလဲ..´
`ငါ့သဘောက မင်းတို့ သဘောပဲလေ…မျှားလေး ပြောတဲ့ အစီစဉ်ကလဲ ကောင်းတာပဲကို ဒီတော့ ဈေးသည်အဖြစ်နဲ့ ဘယ်သူလုပ်မလဲ…´
`ငါလုပ်မယ်…ငါလုပ်မယ်…´
`ဟာဟုတ်ပြီ…လမ်းလေး မင်းဆိုရင် အဆင်ပြေလောက်မယ် ကျောင်းတုန်းကတည်းက မင်းဈေးသည်လို အသံမျိုးနဲ့ ငါတို့ကို နောက်ဘူးတာ ငါမှတ်မိတယ် ဒီတော့ ဒီတာဝန်ကို မင်းပဲ ယူလိုက်…´
`စိတ်ချ…ငါအကောင်းဆုံး သရုပ်ဆောင်မှု့တွေနဲ့ ဖြူဖြူသျှင်းကို တွေ့ခွင့်ရအောင် ငါလုပ်မယ်…´

သူငယ်ချင်းဖြစ်သူ မျှားကလေး အကြံပေးစီစဉ်သည့် အတိုင်း ကျွန်ုပ်နှင့်အတူ သူငယ်ချင်း လေးယောက်သား ဈေးသည်အသွင်သို့ လမ်းကလေးအား ဟန်ဆောင်ခိုင်းလျက် ထိုရပ်ကွက်အတွင်းသို့ စေလွတ်စေခဲ့သည်။ သူငယ်ချင်းဖြစ်သူ လမ်းကလေးက အကျီအပေါက်ကျောပြဲလေး တစ်ထည်ကို ဝတ်ဆင်ထားပြီး ဝါးခယ်မောက်ကလေးအား ပေတေစွာ စောင်းထားလျက် ဈေးသည် အသွင်ဖြင့် ထိုရပ်ကွက်အတွင်းသို့ ဝင်ရောက်ခါ အကျယ်ဆုံးအသံဖြင့် တွန်းလှည်းသင်္ဘောသီးသုပ်အား စတင်ရောင်းချစေတော့သည်။ ဝိဥာဉ်မောင်ကျော် ပေးခဲ့သည့် အိမ်လိပ်စာ အရှေ့သို့ တွန်းလှည်းတွန်းကာ သူငယ်ချင်းဖြစ်သူ လမ်းကလေး ရောက်ရှိသွားပြီး
`သင်္ဘောသီးတောင်းသုပ် ရမယ်ဗျို့… သဘောင်္သီးသုပ်…မအူပင်မြို့က ကိုမောင်ကျော် ကိုယ်တိုင်လာရောင်းတာနော်… သဘောင်္သီးထောင်း ဖြူဖြူသျှင်းသျှင်းနဲ့ လက်လက်ဆက်ဆက်လေးနော်… သင်္ဘောသီးထောင်း…စားကြဦးမလား မောင်ကျော်ကိုယ်တိုင် လာရောင်းတာနော် သင်္ဘောသီးထောင်း…သင်္ဘောသီးထောင်း…´
ဈေးသည်အသွင်ဖြင့် ဟန်ဆောင်လျက် ထိုအိမ်ကြီးအရှေ့တွင် ကျယ်လောင်စွာ လမ်းကလေး တစ်ယောက် ဖြူဖြူသျှင်း သဘောပေါက်စေရန် အဓိပ္ပာယ်အမျိုးမျိုးဖြင့် အော်ဟစ်ရောင်းနေခဲ့သည်။ အတန်ကြာသည့်အထိ အိမ်ကြီးအတွင်းမှ မည်သည့်လူရိပ် လူယောင်မှမတွေ့ရပဲ ငြိမ်သတ်နေခဲ့သည်။ သို့ပေမယ့် လမ်းကလေးတစ်ယောက်မှာတော့ ဇွဲလျော့သွားခြင်းမရှိ ဖြူဖြူသျှင်း ထွက်လာမည့် အချိန်ထိ အဓိပ္ပာယ်မျိုးစုံနှင့် အိမ်ကြီးအရှေ့တွင် အော်နေခဲ့သည်။
`ဟေ့ကောင်…သွားစမ်း!…´
မိမိရပ်နေသည့် အိမ်ကြီးအတွင်းမှ မိမိအား မောင်းနှင်သံကြားလိုက်ရသည်ကြောင့် အသံထွက်ပေါ်လာရာဆီသို့ လမ်းကလေး တစ်ယောက် သွက်လက်စွာ လှည့်ကြည့်လိုက်လေရာ မိမိတို့အား မောင်းထုတ်လျက် ရန်ပြုခဲ့သော ခြံစောင့် လူသန်ကြီးအား တွေ့လိုက်ရသည်။ သို့ပေမယ့် ဟန်ပျက်သွားခြင်းမရှိသည့် လမ်းကလေးက
`ဗျာ…အစ်ကိုကြီး…သဘောင်္ထောင်းလား… အချိုလား အစပ်လား…ပြော´
လမ်းကလေး၏ ပြောစကားအား ထိုလူကြီး စိုက်ကြည့်နေပြီး
`ဒီအိမ်ရှေ့မှာ ဈေးလာမရောင်းနဲ့ ဈေးရောင်းလို့မရဘူး…တစ်ခြားမှာ သွားရောင်း ငါတို့ သူဌေးအနားယူနေတယ်… သွားသွား…ကောင်လေး တစ်ခြားမှာ သွားရောင်း…´
`ဟာဗျာ…အစ်ကိုကြီးကလဲ မရှိလို့ ဈေးရောင်းစားပါဆိုမှ နေရာပြောင်ခိုင်းနေတယ် မလုပ်ပါနဲ့ဗျာ…ကျွန်တော် ဒီနားလေးမှာ ရောင်းပါရစေ…´
`တောက်!…တော်တော် စကာရှည်တဲ့ကောင် မင်းကို သွားလို့ပြောနေတယ်လေ… မသွားသေးဘူးလား…´
ဒေါသကြီးစွာ ထိုလူသန်ကြီးက လမ်းကလေးအား မောင်ထုတ်လျက် သူငယ်ချင်းဖြစ်သူ လမ်းကလေးမှာတော့ ပေကပ်စွာ စော်ဒက တတ်နေခဲ့သည်။ ထိုလူကြီး ကြမ်းတမ်းစွာ ပြောနေစဉ်မှာပဲ အိမ်ကြီး၏ အပေါ်ထပ် ဝရမ်တာမှ ထိုမြင်ကွင်းကို ကြည့်နေသော ဦးခိုင်ခံ့တင်က
`ဟေ့ကောင်… ထားလိုက်ပါကွ…နေပါစေ ကောင်လေး ရောင်းရောင်း…ဆက်ရောင်ချည်´
`ဗျာ…ဟုတ်ကဲ့ ဦးကြီး ကျေးဇူးပဲ…´
ဦးခိုင်ခံ့တင်၏ ခွင့်ပြုမှု့ကြောင့် လမ်းကလေး အိမ်ကြီးအရှေ့မှမခွာ အဓိပ္ပာယ်မျိုးစုံဖြင့် ဖြူဖြူသျှင်း သိရှိနားလည်စေရန် ဆက်လက်သာ အော်လျက်ရောင်းနေခဲ့သည်။ ဒေါသထွက်နေသည့် ထိုလူသန်ကြီးအား အိမ်အပေါ်ထပ်မှ ဦးခိုင်ခံ့တင်၏ ခေါ်ဆိုမှု့ကြောင့် အိမ်ကြီးအပေါ်သို့ တတ်လာပြီး
`ဆရာကြီး…ဒီကောင့်ကို ဘယ်လိုဆုံးမလိုက်ရမလဲ…´
`မင်းအသာနေစမ်းပါ…ငါလုပ်ပါ့မယ် မလောက်လေး မလောက်စား ချာတိတ်လေးတွေက ငါ့သမီးနဲ့ တွေ့ဖို့ နည်းနည်းအမျိုးမျိုးနဲ့ လုပ်နေကြပါလား… ဒီကောင်လေးတွေ ဘာအကြောင်းနဲ့များ ငါ့သမီးလေးကို သိပ်တွေ့ချင်နေရတာလဲ သူအော်တဲ့ အသံကို ခန့်မှန်းကြည့်ရင် ငါ့သမီးနာမည်ကိုလဲ သူသိနေတယ်…ပြီးတော့ ဟိုအကောင် မောင်ကျော်နာမည်ကိုလည်း သိနေတယ်ဆိုတော့ အဲ့ဒီကောင်နဲ့ ပတ်သတ်တဲ့ လူပဲဖြစ်ရမယ်…ဒီတော့…အောင်ထွန်း…´
`ဟုတ်ကဲ့…ပြောပါဆရာကြီး…´
`မိတုန်ကို ခဏသွားခေါ်ခဲ့ချည်…´
`ဟုတ်ကဲ့ဆရာကြီး…´
   ဦးခိုင်ခံ့တင်ကား အများနှင့် တစ်ကွက်ကြိုတင်မြင်တတ်သူ တစ်ယောက်ဖြစ်သည့်အလား လမ်းကလေး ဈေးသည်အသွင်ဖြင့် ဟန်ဆောင်ဈေးရောင်းပြီး ဖြူဖြူသျှင်းနှင့် တွေ့ခွင့်ရရေးအတွက် ကြိုးစားနေသည်ကို ကောင်းစွာ နားလည်သွားခဲ့တော့သည်။ သမီးဖြစ်သူ ဖြူဖြူသျှင်း၏ အိမ်ခန်းအတွင်းသို့ အသာချောင်းကြည့်လျက် ဖြူဖြူသျှင်းကား သမီးလေးနှင့် ဆော့ကစားနေသည်ကို မြင်တွေ့ခဲ့ရသည်။ ထိုနောက် သူ၏ တပည့်လူသန်ကြီးအား စေခိုင်းလိုက်ပြီး အိမ်အဖော်ကောင်မလေးအား ခေါ်စေခဲ့သည်။ အိမ်ဖော်ကောင်မလေး ရောက်လာသည်နှင့် ဖြူဖြူသျှင်း၏ အဝတ်စားတစ်ချို့အား ဝတ်စေခိုင်းပြီး
`ဘဘကြီး…မိတုန် မမလေး အဝတ်တွေကို ဝတ်ပြီး ဘာလုပ်ရမှာလဲဟင်…´
`စကားမရှည်နဲ့ ငါခိုင်းတဲ့ အတိုင်းလုပ် အောင်မြင်ရင် နင့်ကို လစာတိုးပေးမယ် ညနေကြရင် မုန့်ဖိုးလည်း ပေးဦးမယ်…ကြားလား´
`ဟုတ်…ဟုတ်ကဲ့ဘဘကြီး…´
`အိမ်ရှေ့မှာ ဈေးရောင်နေတဲ့ ဈေးသည်ဆီမှာ ဈေးသွားဝယ်ရမယ် ပြီးရင် နင့်ကို နင့်မမလေး နာမည် ဖြူဖြူသျှင်းလားလို့ မေးရင် ဟုတ်တယ်လို့ပြော…ပြီးရင် သူပြောတာတွေကို သေသေချာချာ နားထောင်လာခဲ့… ကြားရင် ကြောက်မနေနဲ့နော် ငါခိုင်းတဲ့ အတိုင်းလုပ်…အောင်ထွန်း သူကို သေချာရှင်းပြလိုက်ဦး…လွဲကုန်လို့ ဘဟ်လိုမှ မဖြစ်ဘူးနော်…´
`စိတ်ချပါဆရာကြီး…ကျုပ် သေသေချာချာ ရှင်းပြလိုက်ပါ့မယ်…´
ဖြူဖြူသျှင်း၏ ဖြစ်ရပ်တစ်ချို့အား ထိုလူသန်ကြီးမှ လျင့်မြန်စွာ လိုရင်းအကြောင်းရာလေးအား အိမ်အဖော် ကောင်မလေးကို ရှင်းပြနေတော့သည်။ ထိုနောက် အိမ်အဖော် ကောင်မလေးက
`သမီးက ရွာမှာနေကတည်းက သရုပ်ဆောင် မင်းသမီးဖြစ်ချင်ခဲ့တာ သမီးကောင်းကောင်း လုပ်နိုင်မှာပါ ဦးလေးနဲ့ ဘဘကြီး မစိုးရိမ်ပါနဲ့ သမီးသေချာစုံစမ်းခဲ့ပါ့မယ်…´
ဦးခိုင်ခံ့တင်ကား အိမ်ဖော်ကောင်အလေး မိတုန်ကို ဖြူဖြူသျှင်းအသွင်ဖြင့် ဟန်ဆောင်ခိုင်းလျက် အိမ်ကြီးရှေ့တွင် ဈေးအော်ရောင်းနေသော လမ်းကလေးဆီသို့ စေလွတ်စေခဲ့သည်။ ခဏအကြာမှာပဲ ဈေးသည် လမ်းကလေးဆီသို့ အိမ်အဖော်ကောင်မလေး မိတုန် ဈေးဝယ်ရန် ထွက်လာချေခဲ့သည်။ မိတုန်အား မြင်လျင်မြင်ချင်း လမ်းကလေးမှာ ရုတ်တရက် အော်သံများ ရပ်တန့်သွားပြီး ဝမ်းသာအားရဖြစ်ခါ ခြံကြီးအတွင်းသို့ အကဲခတ်ကြည့်လိုက်ပြီး
`မမလေး…သင်္ဘောသီးသုပ်လား…´
လမ်းကလေး၏ အမေးစကားအား ဟန်ဆောင်မှု့ကောင်းလှသည့် အိမ်အဖော်ကောင်မလေးက
`ရှင့်…သင်္ဘောသီးတွေက လက်ဆက်ရဲ့လား…´
`ဟာဗျာ…မအူပင်မြို့က မောင်ကျော်ကိုယ်တိုင် လာရောင်းတာပါဗျ လက်လက်ဆက်ဆက်ပါပဲ´
`ပြီးရော ပြီးရော ဒါဆို ချည်ငံစပ် တစ်ပွဲသုပ်ပေး´
အိုက်တင်ကောင်းစွာ သရုပ်ဆောင်နေသော အိမ်အဖော်ကောင်မလေးအား လမ်းကလေးမှ ဖြူဖြူသျှင်းဟု ထင်လျက် သင်္ဘောသီးထောင်း သုပ်ရန် ဟန်ပြင်နေရင်း
`မမလေး နာမည်က ဖြူဖြူသျှင်းလား´
တိုးတိတ်စွာ မေးလိုက်သော လမ်းကလေး၏ ပြောစကာအား ကြားလိုက်ရသည့် အိမ်အဖော်ကောင်မလေးက
`ကျွန်မ နာမည်ကိုမေးပြီး ဘာလုပ်ဖို့လဲ…´
`ကျုပ်ကို ပြန်မမေးနဲ့ ကျုပ်ပြောတာကို ခင်ဗျားသေချာ နားထောင်…ခင်ဗျား ယောက်ျားမောင်ကျော် ခင်ဗျားအဖေရဲ့ တပည့်တွေ လက်ချက်ကြောင့် သေသွားတာ ခင်ဗျားသိလား…´
`ရှင်…ရှင် ဘာတွေလာပြောနေတာလဲ… ကျွန်မယောက်ျားက မောင်ကကျော်ဆိုတာ မှန်တယ် အခုသူက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာ ရှင်ဘာတွေ လာပြောနေတာလဲ…´
`မဟုတ်ဘူး ဖြူဖြူသျှင်း…ကျုပ်ပြောတာကို ခင်ဗျားယုံ…လွန်ခဲ့တဲ့ ခြောက်လလောက်ကပဲ ခင်ဗျားယောက်ျားသေသွားပြီး ကျုပ်သူငယ်ချင်းဆီမှာ သူသေသွားတဲ့ကြောင်း ခင်ဗျားကို လာပြောခိုင်းလို့ ကျုပ်တို့ လာပြောပေးတာ ခင်ဗျားကို အသိပေးပြီးတာနဲ့ ကျုပ်တို့ သက်ဆိုင်ရာကို အကြောင်းကြားပြီး သူ့အလောင်းကို ပြန်ဖော်မှာ…ခင်ဗျား သမီးလေးနဲ့ ခွေးလေးရော နေကောင်းတယ်မဟုတ်လား… ဒီလောက်ဆို ခင်ဗျားသဘောပေါက်သင့်ပြီ ခင်ဗျားဘေးနားမှာ ခင်ဗျားယောက်ျားရဲ့ ဝိဥာဉ်က အမြဲရှိနေခဲ့တာ ခင်ဗျားသိရဲ့လား… သူသေသွားတာ ခင်ဗျား မသိမချင်း သူဘယ်မှ သွားမှာ မဟုတ်ဘူး…ခင်ဗျားတို့ အိမ်ကြီးထဲမှာပဲ ရှိနေတယ်…ကဲ…ကျုပ်ကတော့ ခင်ဗျားကို အသိပေးပြီးပြီ…ကျန်တာ ဘာဆက်လုပ်ရမလဲဆိုတာ ကျုပ်တို့နဲ့ အမြန်ဆုံး ဆက်သွယ်…ရော့ ဒါကျုပ်တို့ရဲ့ လိပ်စာပဲ…ကျုပ်ကို ခွင့်ပြုဦး ကျုပ်က တကယ့်ဈေးသည်အစစ်မဟုတ်ဘူး ခင်ဗျားနဲ့ အခုလို တွေ့ခွင့်ရဖို့ ဟန်ဆောင်လာခဲ့တာ…အချိန်မရှိဘူး ကျုပ်သွားမယ်…´
ဖြူဖြူသျှင်းအထင်ဖြင့် လမ်းကလေးက အိမ်ဖော် ကောင်မလေးအား အကြောင်းစုံရှင်းပြလျက် အိမ်ကြီးအရှေ့မှ လျင်မြန်စွာ ထွက်ခွာသွားချေတော့သည်။ ထို့နောက် ကျွန်ုပ်တို့နှင့် ဆုံရန်ချိန်းထားသည့် နေရာဆီသို့ သူငယ်ချင်းဖြစ်သူ လမ်းကလေး ပြုံးရွှင်သော မျက်နှာထားဖြင့် ပြန်လည် ရောက်ရှိလာချေသည်။
`ဈေးသည်ကြီး…အစဉ်ပြေခဲ့ပြီးနဲ့တူတယ်… ဟုတ်လား…´
`ဒါပေါ့ကွ…လမ်းကလေးဆိုမှတော့ သူများတွေအတွက် လမ်းဖောက်ပေးရတာ အသေချာပဲလေ…အခုပဲ ဖြူဖြူသျှင်းကို မောင့်ကျော်အကြောင်း အကုန်လုံးရှင်းပြခဲ့ပြီးပြီး…´
`ဟင်!…တ…တကယ်…ပြောစမ်းပါဦး…ဘယ်လိုရှင်းပြခဲ့တာလဲ…´
`ဒီလိုကွ…´
သူငယ်ချင်းဖြစ်သူ လမ်းကလေးကား ဖြူဖြူသျှင်း အယောင်ဆောင်ထားသည့် အိမ်ဖော်ကောင်မလေးနှင့် ဆုံတွေ့ခဲ့သမျှာအကြောင်းတို့အား မချွန်းမချန် အကြောင်းစုံရှင်းပြလေတော့သည်။
****-******************************
`ဟားဟားဟားဟား…ငါထင်တဲ့ အတိုင်းပါပဲလား…မလောက်လေး မလောက်စား ချာတိတ်အစုတ်ပလုတ်လေးတွေက ငါ့လိုလူမျိုးရဲ့ အမှု့ကို ပြန်ဖော်ချင်တယ်ပေါ့လေ… တွေ့ကြသေးတာပေါ့ကွာ… မိတုန် နင်အရမ်းတော်တယ်…နင့်ကို မုန့်ဖိုးကောင်းကောင်းပေးမယ်…အောင်ထွန်း…´
`ကဲ့ကွာ…´
ကြိုတင်စွာ ခန့်မှန်းထားသည့်အတိုင်း မောင်ကျော်၏ အမှု့ဟောင်းအား ပြန်ဖော်မည့် သူများဟု ဦးခိုင်ခံ့တင်တစ်ယောက် ကောင်းစွာ သိရှိသွားစေတော့သည်။ ထိုနောက် အားရရီမောစွာ ပြောလျက် အနီးရှိ လူသန်ကြီးမှ ဦးခိုင်ခံ့တင်၏ ပြောစကာအား ကောင်းစွာ သဘောပေါက်လျက် အိမ်အဖော်ကောင်မလေး၏ ဇာတ်ပိုးအား အားကုန်ရိုက်ချက်လိုက်တော့သည်။ အိမ်အဖော်ကောင်မလေးမှာ လူသန်ကြီး၏ ပြင်းထန်စွာ ရိုက်ချက်ကြောင့် ကြမ်းပြင်အပေါ်တွင် ခွေလျက်လဲကျသွားလေတော့သည်။
`သူတို့ ပြောပုံအရဆို ဟိုကောင့်ဝိဥာဉ်က ငါတို့အိမ်မှာပဲ အမြဲရှိနေတာပေါ့လေ…ဟုတ်ပြီ ဒါဆို ဟိုယောဂီအဖိုးကြီးပြောတဲ့ စကားက မှန်နေပြီ…သူ့ကို အမြန်ဆုံး သွားရှာကြစမ်း ဟေ့ကောင်တွေ…´
`ဟုတ်ကဲ့ဆရာကြီး…ဒီကောင်မလေးကို ဘယ်လိုလုပ်ရမလဲ…´
`သူ့ကို မြေအောက်ခန်းထဲမှာ ချုပ်ထားလိုက်´

ဦးခိုင်ခံ့တင်ကား အဖြစ်ပျက်တစ်ချို့ကို ဆက်စပ်မိလျက် လက်စား ဝိဥာဉ်ရှိနေသည့်ဟု ပြောဆိုခဲ့သော ယောဂီဝတ်စုံလူကြီးအား တပည့်ဖြစ်သူများကို သွားရောက်ရှာခိုင်းလေတော့သည်။ ထို့နောက် ကြေးစားလူသတ်သမား သုံးယောက်အား ဖုန်းဆက်လှမ်းခေါ်လျက် မကြာခင်အချိန်အတွင်းမှာပဲ အိမ်ကြီးဆီသို့ ထိုသူသုံးယောက် လျင်မြန်စွာ ရောက်ရှိလာခဲ့လေသည်။ ဖြူဖြူသျှင်းနှင့် သမီးလေးအနားတွင် အချိန်ပြည့်ရှိနေသော ဝိဥာဉ်မောင်ကျော်က သမီးလေးနှင့် မိန်းမဖြစ်သူတို့ဆော့ကစားလျက် ပျော်ပါးနေသည်ကို ကြည့်လျက် ဝမ်းနည်းစွာ မျက်ရည်များ ကျနေခဲ့သည်။ အိမ်ကြီး၏ အိမ်ထပ်ဆီသို့ လူသတ်သမား သုံးယောက်ရောက်လာသည်နှင့် သာန်မျှ ဝိဥာဉ်စိတ်ရှိနေသော မောင်ကျော်ကား အလိုလိုစိတ်ရိုင်းများ ဝင်လာလျက် ငြို့မှိုင်းသော ဝ်ဥာဉ်တစ်ကောင်အဖြစ်သို့ ပြောင်းလဲခာချေတော့သည်။ အနီးရှိ ခွေးလေးတိုးပွားမှာလဲ ရုတ်တရက် ဆွဲငင်စွာ အူလေတော့သည်။ အူနေသည့် ခွေးလေးအား ဖြူဖြူသျှင်းတစ်ယေက် တားလျက်
`ဟဲ့…တိုးပွား…ဘာဖြစ်လို့ ထထအူနေရတာလဲ…ဒီအတိုင်းဆိုတော့ နင့်ကို ငါ့အခန်းထဲမှာ ထားလို့မဖြစ်တော့ဘူး…တိတ်စမ်း´
ခွေးလေး၏ အမြင်ကို မသိတော့ ဖြူဖြူသျှင်းက တိုးပွားကြီးကိုသာ အပြစ်တင်ပြောဆိုလေတော့သည်။ သခင်ဖြစ်သူ၏ မာန်မှု့ကြောင့် သံကြိုးဖြင့်ချည်ထားသည့် ခွေးလေးမှာ ငြို့မှိုင်းနေသော မောင်ကျောဝ်ဥာဉ်ကို စိုက်ကြည့်လျက် ငြိမ်သတ်သွားခဲ့သည်။

ဧည့်ခန်းအတွင်းသို့ ဝိဥာဉ်မောင်ကျော် ရောက်သွားပြီး စကားလက်ဆုံကြနေသည့် လူသတ်သမား သုံးယောက်နှင့် ဦးခိုင်ခံ့တင်တို့၏ ပြောစကားများအား နားထောင်နေခဲ့သည်။
`အော်…ဒီချာတိတ်လေးတွေက ဒီလိုလား…စိတ်အေးအေးထားပါ ဆရာကြီး ဘာမှ မပူပါနဲ့ ကျွန်တော်တို့ အလောင်းမြှုတ်ခဲ့တဲ့ နေရာကိုသွားပြီး သူတို့ထက်အရင် အလောင်းကို ပြန်ဖော်ပြီး နေရာရွေ့ထားလိုက်မယ်… ဒါဆို သက်သေလဲ မရှိတော့ဘူး…ပြီးတော့ ဒီချာတိတ်တွေ ဒီထက်ပိုဆိုးလာမယ်ဆိုရင် သူတို့ကိုပါ အပျက်ရှင်းပစ်လိုက်ကြတာပေါ့…´
`ဒီကိစ္စက မင်းတို့ တာဝန်…အခု ငါ့အိမ်မှာ အဲ့ဒီကောင်ရဲ့ ဝိဥာဉ်ကအချိန်တိုင်းရှိနေတာ ဟိုတစ်နေ့ညတည်းက မိတုန်တွေ့ခဲ့တာ ဖြစ်မယ်…ဒီတော့…ဒီသရဲကို ငါရှင်းရဦးမယ်'.…´
စကားလက်ဆုံကြလျက် တိုင်ပင်ပြောဆိုနေကြသော စကားများအား မောင်ကျော်တစ်ယောက် ကောင်စွာ ကြားလျက် မိမိအား အကူညီပေးနေသော ကျွန်ုပ်တို့အား အသိပေးပြောပြရန် တွေးမိလျက် အိပ်ခန်းအတွင်းသို့ လျင်မြန်စွာ ပြန်လည် တတ်ရောက်သွားခါ သမီးလေးအား စိုက်ကြည့်ပြုံးပြလျက် နှုတ်ဆတ်နေခဲ့သည်။ ဦးခိုင်ခံ့တင်ရှာခိုင်းလိုက်သည့် ယောဂီဝတ်စုံလူကြီးနှင့် သူ၏တပည့်များ ပြန်လည်ရောက်ရှိလာပြီး
`ဟားဟားဟား…ကျုပ်ပြောတုန်းက ခင်ဗျားလက်မခံခဲ့ဘူး မဟုတ်လား…အခုချိန်ထိ ခင်ဗျားအိမ်မှာ အဲ့ဒီ လက်စားဝိဥာဉ်ရှိတုန်းပဲ…´
`ကျုပ် မှားပါတယ်ဗျာ…အဲ့ဒီ ဝိဥာဉ်ကို ဆရာကြီး ကူညီပြီး ရှင်းပေးပါ…´
`ဟားဟားဟား…ရှင်းပေးဖို့က လွယ်ပါတယ်…ဒါပေမယ့် ကျုပ်အတွက် တိုက်တစ်လုံးနဲ့ ကားတစ်စီးပေးရမယ်…´
`ဘာ!…တိုက်တစ်လုံးနဲ့ ကားတစ်စီး ဟုတ်လား… မဖြစ်နိုင်တာတွေ မတောင်းဆိုစမ်းပါနဲ့ဗျာ…´
`ဒါဆို ခင်ဗျားတို့ သဘောပဲလေ ဒီဝိဥာဉ်ကအချိန်ကြာလာရင် သူ့ကို သတ်ခဲ့တဲ့ သူတွေနဲ့ ခိုင်းစေတဲ့ သူတွေရဲ့ အသက်ကိုပါ ရန်ရှာမှာ ကျုပ်ပြောတာကို မယုံရင် စောင့်ကြည့်နေလိုက် ကျုပ်တောင်းဆိုတဲ့ ကန်တော့ကြေးမရရင်တော့ ကျုပ်မကူညီနိုင်ဘူး ကျုပ်ကို ခွင့်ပြုဦး…´

မာန်ကြီးစွာပြောလျက် ယောဂီဝတ်စုံနှင့် ထိုလူကြီး လှည့်ထွက်သွားမည်အလုပ်
`နေဦး…ပေးမယ်ဗျာ…လုပ်ပေး…´
`ဒီလို ပါးစပ်နဲ့ လွယ်လွယ်ပေးလို့ရမလား…စာချုပ်နဲ့ ကျုပ်လက်ထဲကို ထည့်ပေးရမယ်…ဘယ်လိုလဲ…´
`ပေးပါ့မယ်ဗျာ…လုပ်ပါ…´
ထိုလူကြီးတောင်းဆိုသည့် ကန်တော့ကြေးအား ဦးခိုင်ခံ့တင် သဘောတူစွာ လက်ခံလျက် ဝိဥာဉ်မောင်ကျော်အား ရှင်းထုတ်ရန် ထိုလူကြီး စတင်ပြုလုပ်လေတော့သည်။

**-********************************
ကျန်ရှိနေသေးသော ဇာတ်လမ်းအား ၁၁.၈.၂၀၁၅ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီအချိန်တွင် ဆက်လက် ဖော်ပြပေးပါမည်။
စာရေးသူ-ထီးကလေး၊ မျှားကလေး။
မကြီး Soe San အား အစဉ်လေးစားနေလျက်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages