အပိုင်း(၅) တစ္ဆေတို့၏ စာမျက်နှာတစ္ဆေ၊
သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်တစ္ဆေတို့၏ စာမျက်နှာ အပိုင်း(၅)
စာရေးသူ -ထီးကလေး။
ထီလေး နှင့် တန်ခိုးကား မိုးမလင်းခင် အချိန် မှာ နှစ်ယောက်လုံး နိုးနေခဲ့ချေပြီ။ ဘေးမှ ကိုအောင်ကို ကြည့်မိလိုက်တော့ တရားထိုင်နေသည်ကို တွေ့လိုက်ရတယ်။ တစ်ညလုံး မအိပ်ပဲ ထိုင်နေပုံရသည်။ကိုအောင်ကို တရားထိုင်ပြီးတော့`ကိုထီးလေးတို့နိုးနေကြပြီလား´`နိုးပြီး ကိုအောင်ရေ …နေမပွင့်ခင် ကျွန်တော်တို့ဘာကြိုတင် ကြံစဉ်ထားရင် ကောင်းမလဲ´`ဟုတ်တယ် ကိုအောင် အော် ဒါနဲ့ ကိုအောင် တစ်ညလုံး မအိပ်ပဲ တရားထိုင်နေတာလား…´`ဟုတ်ပါ့ဗျာ…ခဏတော့ အိပ်လိုကိပါတယ်…သက်လုံကောင်းထားမှ ဖြစ်မယ်…တကယ်လို့များ ကျွန်တော် နေဝင်လို့ပြန်မရောက်ဖြစ်ခဲ့ရင်…ခင်ဗျားတို့နဲ့ဘယ်တော့မှ ပြန်ဆုံနိုင်မှာမဟုတ်တော့ဘူး…´`ဟာဗျာ…ကိုအောင်ကလဲ ကိုအောင် နိုင်လာလိမ့်မယ်လို့ကျွန်တော် ယုံကြည်တယ်…ဒါပေမယ့် ကိုအောင်ရယ် ကျွန်တော်တို့တွေ ဒုက္ခဖြစ်နေစဉ်က ကိုအောင် အကူညီပေးခဲ့ပေမယ့် အခု ကိုအောင့်ကို ကျွန်တော်တို့ဘာမှ ပြန်မကူညီတာ သိပ်ဝမ်းနည်းမိတယ်…´`ရပါတယ်ဗျာ…တစ်ချိန်ချိန် ခင်ဗျားတို့ရဲ့အကူညီကို ကျုပ်လိုလာဦးမှာပါ…ကဲ မိုးလင်းတော့မယ်…ကျုပ်ခဏ လမ်းလျောက်ဦးမယ်…´`ကောင်းပါပြီ ကိုအောင်´မိုးစင်စင်လင်းတော့ ကိုအောင်နဲ့ထီးလေးတို့တစ်ဖွဲ့လုံး ရွာထိပ်ထိ ကိုအောင့်ကို လိုက်ပို့ပေးကြတယ်။ ရွာထိပ်ရောက်တော့`ရပြီ…ခင်ဗျားတို့ဒီကနေ ပြန်ပြီး ဘုန်းကြီးကျောင်းမှာပဲ ပြန်စောင့်နေပါ…ကျုပ် နေမဝင်အခင်အချိန် ကျောင်းကို အရောက်ပြန်လာခဲ့ပါ့မယ်´`ဟုတ်ကဲ့ ကိုအောင် ဂရုစိုက်ပါ…´`စိတ်ချပါဗျာ…ကဲအားလုံး ကျုပ်သွားတော့မယ်…´`ကိုအောင် ကျွန်မတို့ညနေစာတူတူစားဖို့စောင့်နေမယ်နော် ´`ကောင်းပြီးဗျို့ …´ရွာပြင် သချိုင်းရှိရာသို့ အားလုံးကို ကိုအောင် လက်ပြနှုတ်ဆတ်ထွက်ခွာသွားခဲ့တော့တယ်။`ထီးလေး…ငါ ကိုအောင့်ကို စိတ်မချဘူးကွာ…ငါအနောက်က လိုက်သွားလိုက်မယ်…´`မဖြစ်ဘူး ထင်တယ်နော် တန်ခိုး…ခင်မမက ကိုအောင်အထက်လမ်း ဆရာမှန်း သူဘယ်လိုလုပ်သိနေလဲ…ပြီးတော့ ကိုအောင်က ဆရာတစ်ယောက်ဆိုတာ တို့ငါးယောက်ပဲ သိတာလေ…ဘုန်းဘုန်းတောင် သိတာ မဟုတ်ဘူး…ဒီအချက်တွေကို တွက်ကြည့်ရင် ကိုအောင့် နောက်ကို မင်း လိုက်လာတာလဲ သူကြိုသိနေနိုင်တယ်…ငါတို့ကြောင့် ကိုအောင် အခတ်တွေ့နေပါ့မယ်…တို့ကျောင်းကနေပဲ ပြန်မျှော်နေလိုက်ကြတာပေါ့ …´အားလုံး ရွာထိပ်မှ ဘုန်းကြီးကျောင်းကို ပြန်လျောက်လာခဲ့တယ်။ ကျောင်းရောက်ခါနီး သစ်ပင်ကြီး အနောက်မှ အရူးကြီးထွက်လာပြီး`ပါရမီရှင်လေ…´`အမေလေး…ဟာ…ဦးကြီးရာ လန့်လိုက်တာဗျာ…´`ငယ်ကျွန်ကြီးတွေလဲ ပါလာတာပဲ…ပါရမီရှင်လေး…ငါကိုယ်တော် ရှင်မြတ်ရဲ့အတွင်းရေး စကားတွေကို ပြောလိုက်သေးလား…´`မပြောပါဘူးဗျ…´`အေးအေး…အချိန်မတန်သေးဘူးကွဲ့ သရဲတွေ သိလို့မဖြစ်ဘူး…ကြားလား…´`ဟုတ်ကဲ့ပါဗျ ကျုပ်မပြောပါဘူး´`အမလေး…ထီးလေးရယ် အရူးနဲ့များ စကားပြောနေရတယ်လို့ နင်ပါရူးသွားဦးမယ်…´`တိတ်စမ်း…ဘယ်သူက ပါရမီရှင်လေးကိုအရူးလို့ပြောတာလဲ…´`အဲ့…မှားလို့ပြောဘူး…´`မပြောနဲ့…ဒါက ဆဋ္ဌမအာရုံနဲ့လူစွမ်းကောင်းလေး…ဟား…ဟား…ဆဋ္ဌမအားရုံနဲ့လူစွမ်းကောင်လေး…ငါကိုယ်တော်ရှင်မြတ်နန်းတော်ကို ပြန်ကြွချီတော် မူမယ်…´`ဟုတ်…ဟုတ်…ဟုတ်ကဲ့မြန်မြန်ကြွ မြန်မြန်ကြွ…´`တိတ်စမ်း ငယ်ကျွန်ကြီးတွေဝင်မပြောနဲ့ ပါရမီရှင်လေး သင် ပျင်းနေရင် ငါ့နန်းတော်ကို လာလည်ဦး…အသင့်ကို ငါနတ်သုတ်ဒါတွေ ကျွေးမယ်…အခု ငါပြန်ကြွမယ်…´အရူးယောင်ဆောင်ထားသည့် လူကြီးမှာ အားလုံးရဲ့အရှေ့မှ အရူးတစ်ယောက် သဖွယ် ခုန်ပေါက်ထွက်သွားချေတော့သည်။ ဘုန်းကြီးကျောင်းသို့ပြန်ရောက်တော့ ဘုန်းကြီး တရားထိုင်နေတာကို တွေ့လိုက်ရတယ်။ ရေထမ်းသမားဦးကြီးကိုတော့ မတွေ့။ မိမိတို့တည်ခိုရာ တဲလေးသို့ဦးတည်ပြီး လျောက်လာခဲ့ကြတယ်။`ကိုအောင် အဆင်မှ ပြေပါ့မလား…´`ပြေမှာပါဟာ…ကိုအောင်လဲ သာမာန်သူတစ်ယောက်မှ မဟုတ်တာ …သူ ခင်မမကို မနိုင်ရင်တောင် မရှုံးလောက်ပါဘူး…´`နင်ပြောတာ သိပ်မှန်တယ်…မျှားလေး ငါလဲ ကိုအောင့်ကို ယုံကြည်တယ်…´`ငါလဲ ယုံတယ်…´`ဘာပဲဖြစ်ဖြစ် ဘုန်းဘုန်းတရားထိုင်ပြီးတာနဲ့ အကျိုးအကြောင်းလေးတော့ မေးပြီး ကိုအောင့် တစ်ခုခုမဖြစ်အောင် တို့လုပ်ပေးနိုင်တဲ့ဘက်က လုပ်ပေးမှ ဖြစ်မယ်…´`ဟုတ်တယ်…ရေထမ်းသမားဦးကြီးကို မတွေ့ပါလား…´`အလုပ်သွားလုပ်နေပြီ နေမှာပေါ့…´`သူ့ကြည့်ရတာ တစ်ကိုယ်ကောင်းဆန်တယ်နော်…ကိုအောင့်ကို အားမပေးတဲ့အပြင်စိတ်ဓာတ်ကျစရာ စကားတွေတောင် ပြောလိုက်သေးတယ်…´`ဒီလိုလဲ ဟုတ်မယ် မထင်ဘူးဟ…တောသားကြီးတွေက စိတ်ရင်းကောင်းပေမယ့်…အပြောဆိုးတော့ သူ့ပြောစကားက ရည်ရွယ်ချက် တစ်ခုကို ညွှန်ပြနေတာပဲ ဖြစ်ရမယ်…´`တို့ရွာထဲ လျောက်ကြဦးမလား…ရွာထဲကနေ ကိုအောင်နဲ့ ခင်မမ သတင်းကို နည်းနည်း နားစွန့်ကြည့်ကြတာပေါ့…´`ဟုတ်တယ် …အဲ့အကြံမဆိုးဘူး…´`ဒါဆို မင်းတို့ လေးယောက်ပဲ သွားကြပါလား…ငါ …ငါ ကိုအောင့်အတွက် တစ်ခုခု လုပ်ပေးမလို့…´`ဟင်!…ဒါဆို နင်က မလိုက်ဘူးလား…´`အေး…ငါ လုပ်စရာ တစ်ခု ရှိတယ်…´`လာပါဟာ…လိုက်ခဲ့ပါ…´`မင်းလုပ်စရာ ရှိတဲ့ဟာက ဘာလဲ ထီးလေး…´`ငါ…ငါ အခု မင်းတို့ကို ပြောမပြနိုင်သေးတာ…ငါ့ကို နားလည်ပေးပါလား…´`ဘာကိစ္စမို့လဲ…ငါတို့ကိုတောငိ အသိမပေးရအောင်…´`ငါ့ကို ခွင့်လွတ်ပါ…မင်းတို့အားလုံးက ငါ့ရဲ့အချစ်ဆုံးညီကိုတွေပါ နောက်မှ အားလုံးကို ငါရှင်းပြမယ်…´`ဟူတ်ပါပြီကွာ…ရပါတယ် …ထီးလေး ဂရုစိုက်…ငါတို့လေးယောက် ရွာထဲ သတင်းနည်းနည်း နားစွန့်လိုက်ဦးမယ်…´`မင်းတို့လဲ သတိနဲ့သွားပါ…အဓိက တန်ခိုးပဲ…မင်းစိတ်လိုက်မာန်ပါ မလုပ်မိစေနဲ့နော်…´`စိတ်ချပါကွာ…ငါဒီတစ်ခါ ဘာပဲဖြစ်ဖြစ် ဥပေက္ခာပြုတတ်အောင်နေပါတော့မယ်…ငါ့ကြောင့် ဘယ်တော့မှ အားလုံး ဒုက္ခမရောက်စေရဘူး…´`ကဲကဲ ဒါဆို သွားကြမယ် မဟုတ်လား…သွားကြတော့ နေမြင့်နေပြီ…´တန်ခိုးတို့လေးယောက်တော့ ထွက်သွားချေပြီ။ထီလေး တစ်ယောက် ညနေက အရူးကြီး နေတဲ့ အပင်ကြီးဆီ သွားလိုက်တယ် ။ ဘေးပတ်ပတ်လည်ကိုသူ လိုက်ကြည့်လိုက်တယ်။ သို့ပေမယ့် အရူးကြီးကို မတွေ့။အသံကျယ်ကျယ်ဖြင့် အော်ခေါ်နေခဲ့တယ်။ သို့ပေမယ့် ပြန်ထူးသံကို မကြား ။ နောက်ဆုံး ရှာမတွေ့တာကြောင့် အပင်အောက်မှာ ထိုင်ချလိုက်စဉ်`ဟေး…ကောင်လေး…´အသံလာရာဆီသို့ ကြည့်လိုက်တော့ အပင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ အရူးကြီးကို တွေ့လိုက်ရတယ်။`ဟာ…ဦးကြီး ကျုပ်ခေါ်နေတာ မကြားဘူးလား…အဲ့မှာ ဘာလုပ်နေတာလဲ…´`ဟား…ဟား…ပုန်းနေတာ…မင်းလို လိုက်ရှာတဲ့သူတောင် ငါ့ကို မတွေ့ဘူးဆိုတော့မရှာတဲ့သူတွေဆိုပိုဆိုးရောပေါ့…´`ဦးကြီး ဆိုလိုတဲ့စကားက…´`အော်…အတတ်နိုင်ဆုံး လူတွေ ငါ့ကို မရိပ်မိအောင် နေရမယ်လို့ပြောတာပါကွ…´`ဒါနဲ့…မင်းငါ့ဆီကိုလာတယ်ဆိုတော့ အကြောင်းရှိလို့လား…´`သိပ်ရှိတာပေါ့…ဦးကြီးပြောတဲ့ ကျိန်စာသင့် မှော်ဝင် စာအုပ် ကျုပ်ဆီမှာ ရှိတယ်…´`ဟေး…ဟုတ်…ဟုတ်လို့လား…´`သိပ်ဟုတ်တာပေါ့ဗျာ…အဲ့စာအုပ် ဖတ်ပြီး ကျွန်တော်တို့ သူငဟ်ချင်း ငါးယောက်လုံးရဲ့မိသားစုတွေ တစ်ပြိုင်တည်း စာအုပ်ထဲက အတိုင်းတွေ ဖြစ်ကုန်ကြတယ်…အဖေပြောတာတော့ အဲ့စာအုပ်က ကျိန်စာအတိုက်ခံရထားရတာ ဇာတ်လမ်းထဲက အတိုင်း ဖြစ်လိမ့်မယ် ဒါပေမယ့် ကျွန်တော်တို့ဖတ်လိုက်ရတဲ့ အထိက ဇာတ်လမ်းအစလေးပဲရှိနေသေးတယ် …နောက်ဘာတွေ ဖြစ်လာမလဲ ကျွန်တော်တို့ မသိသေးဘူး…အဲ့ဒါကြောင့် ကျွန်တော့အဖေက ဒီရွာက ဣစ္ဆာသယ ဦးအောင်ကြီးဆိုသူကို ရှာခိုင်းလို့ဒီကိုရောက်လာကြတာ…´`ဟေး…ဒါ…ဒါဆို မင်း…မင်းတို့စာအုပ်ကို ဖတ်လိုက်ပြီပေါ့ဟုတ်လား…´` ဟုတ်တယ်…´`ဟာ…သွားပါပြီကွာ…မင်းတို့အဲ့မှော်ဝင်နေတဲ့စာအုပ်ထဲက ဇာတ်လမ်းအတိုင်းဖြစ်တော့မယ် ၁၄ ရက်အတွင်း ကျိန်စာကို ဖြေလို့ရရင် ဖြေ …ဖြေလို့မရရင် မင်းတို့အသေဆိုးတွေနဲ့ ကြုံရလိမ့်မဟ်…´`ဟုတ်ပါ့မလား…ဦးကြီး…´`သိပ်ဟုတ်တာပေါ့…အဲ့ဇာတ်လမ်းက ငါတို့မြန်မာလူမျိုးတွေရဲ့ရာဇဝင် မဟုတ်ဘူး…တိုင်းတပါးက ဖြစ်ရပ်မှန် ရာဇဝင် ´`ဟင်!…တိုင်းတပါးက ရာဇဝင် ဟုတ်လား ဦးကြီး …မဟုတ်မှ လွဲရော ဒါဆို အန္ဒိယကလား…´`သိပ်ဟုတ်တာပေါ့…အိန္နိယက မိဘုရားကိုယ်တိုင် သွေးနဲ့ရေးခဲ့တဲ့ ဇာတ်လမ်းပဲ…´`အိန္နိယ ဇာတ်လမ်းလဲ ပြောတယ်…ကျွန်တော်တို့ဖတ်ရတာက ရှေးအရေးသား ဗမာစလုံးတွေ…´`ဒါက ဒီလို…အဲ့ရာဇဝင်မှော်ဝင်စာအုပ်ကို နှစ်နိုင်ငံချစ်ကြည်ရေး သံအမတ်ကြီးက အိန္နိယကနေ ဖတ်ဖို့ဝယ်လာခဲ့တယ်…ဒါပေမယ့် အချိန်မရတာနဲ့သူမဖတ်ဖြစ်ခဲ့ဘူး…ကျိန်စာသင့်နေတယ်ဆိုလို့ သံအမတ်ကလဲ မယုံတာနဲ့ဖတ်မယ်ဆိုပြီး ဝယ်လာခဲ့တယ်…သူအချိန်မရတာကြောင့် စာမဖတ်ဖြစ်ဘူး…တစ်နေ့အေးအေးဆေးဆေး သူနားပြီး ဒီအိန္နယ ရာဇဝင်ကို သူဖတ်တယ်…ဖတ်ပြီးတဲ့နောက်ပိုင်း၁၄ရက်အတွင်းမှာ သူ့မိသားစု တစ်ခုလုံး သေကွဲ ကွဲခဲ့ရတယ်…သူလဲသွက်သွက်ခါအောင်ရူးပြီး လမ်းဘေးမှာ သေသွားခဲ့ရတယ်…အဲ့ချိန်အတောအတွင်းမှာ စာအုပ်က ပျောက်နေခဲ့တယ်…နှစ်တော်တော်ကြာလာမှ မှော်ဝင်စာအုပ်ကို နာမည်ကြီး မြန်မာနိုင်က စာရေးဆရာကြီးဆီမှာ ရှိနေတယ်လို့ သတင်းတွေ ထွက်လာခဲ့တယ်…စာရေးဆရာကြီးဟာ တစ်ယောက်တည်း နေတာမိသားစု မရှိဘူး…ဒီစာအုပ်ကို ဖတ်ပြီးသူတိုင်းတစ်သက်လုံး မေ့မရအောင် ရင်ထဲဆွဲနေခဲ့တယ်…ဒါကို စာရေးဆရာကြီးက မြန်မာလို ဘာသာပြန် ရေးနေစဉ် ကာလမှာပဲ သူသေဆုံးခဲ့ရတယ်…´`ဒါကြောင့် …ဇာတ်လမ်းက တစ်ဝက်တစ်ပျက် ဖြစ်နေရတာပေါ့လေ…ဟုတ်လား…´`မဟုတ်ဘူး…ဇာတ်သိမ်းပိုင်း ရေးနေတဲ့ကာလလေးပါ ဒါပေမယ့် အိန္နိယလိုပဲ ဇာတ်သိမ်းမှာ ရေးခဲ့တယ်…မြန်မာလို ဘာသာ မပြန်လိုက်နိုင်ဘူး…ဒါကြောင့် ဇာတ်သိမ်းကို အိန္နိယစာ မတတ်သူတိုင်း မသိကြဘူး…သိတဲ့သူတွေကလဲ ပြန်ပြောခွင့် မရကြပဲ ဘေးဆိုး အမျိုးနဲ့နဲ့သေခဲ့ကြတယ်…´`ဘာကြောင့် ဒီစာအုပ်ကို ကျိန်စာတိုက်ရတာလဲ…ဘယ်သူကရော ကျိန်စာတိုက်တာလဲ…´`အဲ့ဒါတော့ ငါလဲ မသိဘူး…မင်းတို့ရှာနေတဲ့ ဣစ္ဆာသယ ဦးအောင်ကြီးပဲ သိတယ်…´`ဒါဆို ဦးလေး ပြောပုံအရ ကျုပ်တို့က ၁၄အတွင်း ကျိန်စာကို မဖြေပေးနိုင်ခဲ့ရင်…´`ဇာတ်လမ်းအထဲကတိုင်း မင်းတို့တွေ ကိုယ်တိုင် ခံစားရလိမ့်မယ်…´`ဟာ…ဟုတ်…ဟုတ်ပါ့မလား…ဦးကြီး …တ…တကယ် ဖြစ်နိုင်လို့လား…´`မယုံရင် စောင့်ကြည့်ပေါ့မင်းတို့ဘယ်ထိ ဖတ်လိုက်ရလဲ…´`ဂူထဲကနေ အထိမ်းတော်ငယ်က သားတော်လေးကို ချီပြီးထွက်လာတုန်း သားတော်လေးငိုသံကြားလို့ စစ်သူကြီးမင်းက ဂူပတ်ဝန်းကျင်ကို မြေလှန်ရှာကြတယ်ဆိုတဲ့အထိ…´`ဟေး…ဒါဆို မင်းတို့သတိထား…ငါကြားဘူးတာတော့မိဘုရားငယ်လေးရဲ့ကိုယ်ရံတော် တပ်မူးကြီးကို အရှင်ဖမ်းမိပြီးအနိုပ်စက်ခံရတယ်လို့တော့ ကြားဘူးတယ်…ဒီရက်ပိုင်းအတွင်း မင်းတို့ အဲ့လို အဖြစ်ပျက်မျိုးနဲ့ကြုံလာရင်တော့ဦးအောင်ကြီးကိုသာ မြန်မြန်ရှာပေတော့…အော်…ဒါနဲ့…ရော့…´`အဲ့ဒါဘာကြီးတုန်းဗျ အရူးယောင်ဆောင်ပြီး ကိုင်ထားတဲ့ဦးကြီး တုတ်ကို ကျုပ်က ဘာလုပ်ရမှာတုန်း…´`ဟုတ်တယ် ဒါက ငါ ကိုယ်နဲ့မကွာ ဆောင်ထားတဲ့ တုတ်ပဲ…ဒါပေမယ့်ဒါက ကိုးသချိုင်း ကြိမ် …´`ဘာ…ဘယ်လို…ကိုးသချိုင်းကြိမ် ဟုတ်လား…´`အေး…ဟုတ်တယ်…ဒါက ငါယောနယ်မှာ ဆရာလုပ်နေတုန်းကသုဘရာဇာတစ်ယောက်စီက ရထားတာ…မင်းလိုအပ်လိမ့်မယ်လို့ငါထင်တယ်…ရော့…ဒါကို မင်းပဲ ယူထားလိုက်တော့…ငါတော့ ရွာတကာလှည့်ပြီးကိုအောင်ကြီးကိုဝိုင်းရှာပေးမယ်…အကယ်၍မင်းငါ့ကို တွေ့ချင်တယ်ဆိုရင် မနက်ဖြန် မနက်မှ ဒီနေရာကို လာခဲ့…အခုတော့ ငါ့ကို ခွင့်ပြုဦး…´အရူးကြီး အမြဲကိုင်ဆောင်ထားသော တုတ်တစ်ချောင်းကား ကိုးသချိုင်းကျိန်ဟုဆိုကာ ထီးလေးကို ပေးပြီး ခုန်ပေါက် ထွက်သွားလေတော့သည်။ထိုကျိန်တုတ်ကိုသေချာကိုင်ဆောင်လာပြီး တဲလေးဆီသို့ပြန်လာခဲ့တယ်…။တဲလေးထဲမှာ ထိုင်နေစဉ် တန်ခိုးတို့အဖွဲ့ပြန်ရောက်လာပြီး`ထီးလေးရေ…ရွာထဲမှာလဲ တိတ်ဆိတ်နေတာပဲ…ဘာသတင်းမှ မကြားလာဘူး…´`တစ်ခုတော့ ကြားလာရတယ်…ဟိုလေ ကာကာဆိုင်က ဆိုင်ရှင် ဆုံးပြီတဲ့…´`ဟင်!…မနေ့ကတောင် အကောင်း ဘယ်လို ဖြစ်ရတာလဲ…´`သွေးအန်ပြီး သေတယ်လို့ကြားတာပဲ…´`နေပါဦး…မင်းလက်ထဲက တုတ်က ဘာလုပ်ဖို့လဲ…´`မင်းတို့ကို မပြောပြတဲ့အကြောင်း ငါ့အခုမှ ပြောပြမယ်…ဒီလို…*******************---******အရူးယောင်ဆောင်ထားသော ဦးကြီး အကြောင်းကို တန်ခိုးတို့သိလိုက်ရတော့`ဟင်…ဒါဆို ငါတို့၁၄ရက်အတွင်း ဦးအောင်ကြီးကိုရှာမတွေ့သေးရင် ဘယ်လိုလုပ်ကြမလဲ…´`ငါလဲ အဲ့ဒါပဲ စဉ်းစားနေတာ…ဒီအကြောင်းတွေကို ကိုအောင်နဲ့တိုင်ပင်ရမယ်…ကိုအောင်ပြန်လာမှ ငါတို့ဘာဆက်လုပ်ရမလဲ စဉ်းစားကြတာပေါ့…´`ကိုအောင် ဘေးကင်းကင်းနဲ့ပြန်လာနိုင်ပါစေ…´`နေဆောင်းတော့မယ်…ငါတို့ ကိုအောင့်ကို ရွာထိပ်မှာ သွားကြိုကြမယ်…´`ကောင်းပြီ အားလုံး သွားကြိုကြတာပေါ့…´အချိန်ကား ညနေဆောင်း အားလုံး ကိုအောင့်ကို ရွာထိပ်မှာ စောင့်ကြိုရန် ပြင်ဆင်ကြတော့သည်။ နောက် ရွာထိပ်ကို ရောက်တော့ နေဝင်လုနီးပါး`ကြာလှချည်လား…ဒီအချိန်လောက်ဆိုပြန်လာသင့်နေပြီ…´`ဘုရား…ဘုရား…ကိုအောင် တစ်ခုခုများ ဖြစ်နေပြီလား…´`ဟာ…နိမိတ်မရှိတာတွေ မတွေးစမ်းပါနဲ့´`ငါရွာပြင် သချိုင်းကို လိုက်သွားမယ် …မင်းတို့ဒီမှာပဲ နေခဲ့ကြ…´`ဘယ်ဖြစ်မလဲ…အားလုံး လိုက်သွားကြမယ်…´အပြေးလွား ရွာပြင် သချိုင်းဝန်းသို့ရောက်တော့`ဟင်!…ဒီမှာကြည့်စမ်း …´`ဟာ…လင်းနို့တွေသေနေတာ မဟုတ်လား…´`အိုး…အများကြီးပဲ …´`ဒါ…ဒါ ဘာတွေ ဖြစ်တာလဲ…´`ကိုအောင်ရော…ဘယ်မှာလဲ…´`အရိပ်ယောင်တောင် မတွေ့ပါလား…´`ကိုအောင် တစ်ခုခု ဖြစ်သွားတာလား´`မဖြစ်ဘူး…ခင်မမအိမ်ကို လိုက်သွားမှ ရမယ်…´`နေဦး…တန်ခိုး…ဘုန်းဘုန်းကို အရင် လျောက်ပြီးမှ ငါတို့ဆက်လုပ်ကြမယ်…´`လာလာ…အခု ကျောင်းပြန်မယ်…မှောင်တော့မယ်…´ငါးယောက်စလုံး ရွာပြင် သချိုင်းမှ ဘုန်းကြီးကျောင်းသို့ အပြေးလာခဲ့တော့သည်။ ကျောင်းပေါ်ကို အပြေးတတ်သွားပြီး။*****************************`ဘုန်းဘုန်း …ဘုရား ကယ်ပါဦး…ကိုအောင် ပြန်မလာတော့ဘူး…ခင်မမ တစ်ခုခုလုပ်လိုက်ပြီးလား…မသိဘူး…လုပ်ပါဦး…´`ဟေး…ဒကာလေး…ပြန်မလာဘူး…ဟုတ်လား…´`တင်ပါ့ဘုရား…သချိုင်းမှာလဲ…လင်းနိုး အသေကောင်တွေ အများကြီးကို တွေ့ခဲ့ပါတယ်…ကိုအောင့်ကိုတော့ အရိပ်ယောင်တောင်မတွေ့ခဲ့ရပါဘူး…´`တပည့်တော်တို့ ဘာဆက်လုပ်ရပါ့မလဲ…´`ဦးကြီး…ဘုန်းဘုန်း ပြောပါဦး…´ဦးဇင်းနှင့်အတူရေထမ်းသမားကြီးတို့ ခေါင်းငိုက်စိုက်လိုက်ပြီး`သွားပြီ…မင်းတို့တွေ့ခဲ့တဲ့လင်းနို့တွေ ဆိုတာ ခင်မမရဲ့သရဲရှစ်ကောင် မှော်ပညာပဲ…သူကိုယ်ပွားတွေ လုပ်ပြီး မောင်အောင့် ကို တစ်ခုခုလုပ်ပစ်လိုက်ပြီ…´`ဗျာ!…ဒါ…ဒါဆို ကိုအောင် သေပြီးလား´`ဒါတော့ မပြောတတ်ဘူး…´`လုပ်ပါဦးဗျာ…ကိုအောင့်အတွက် တစ်ခုခုလုပ်ပေးကြပါဦး…´`စိတ်ချပါ ဘာမှ မပူနဲ့ မင်းတို့သူငယ်ချင ရူးပြီး မင်းတို့ဆီ ပြန်ရောက်လာရင်တော့ ပြန်ဆုံခွင့်ရှိသေးတယ်လို အောင့်မေ့လိုက်ပေါ့…´`ဗျာ…ဖြစ်မှ ဖြစ်ရလေ ကိုအောင်ရယ်´`ဟာဗျာ…ကျုပ် ခင်မမဆီကို လိုက်သွားမယ်…ကျုပ်လုံးဝ မကျေနပ်ဘူး…ကျုပ်လိုက်သွားမယ်…´`တန်ခိုး…မင်းစိတ်ကို ထိန်းစမ်း…စိတ်လိုက်မာန်ပါလုပ်လို့ မရဘူး…ဒီအချိန်မှာ သွေးအေးအေးနဲ့ စဉ်းစားမှ ရမယ်…´`ဟာကွာ…ငါ…ငါ…လုံးဝ မကျေနပ်ဘူး´`ဘယ်တတ်နိုင်ပါ့မလဲ …ဒကာ စိတ်အေးအေး ထားပါ´`တန်ခိုး မောင်ရင် စိတ်အေးအေးထားပါ…မနက်မှ ဦးကြီး ခင်မမအိမ်ကနေ သတင်းယူလာခဲ့ပါ့မယ်…အဲ့ဒီကျမှ တစ်ခုခု လုပ်ကြတာပေါ့…´`ဟုတ်တယ်…တန်ခိုး…ငါတို့အေးဆေးစဉ်းစားပြီးမှ လုပ်မှရမယ်…မင်းစိတ်ကို ငြိမ်ငြိမ်ထား…´`အေးပါ…ထီးလေးရာငါ ကိုအောင့်ကို ဘာမှ မလုပ်ပေးနိုင်တာရင်နာလွန်းလို့ပါ´`ငါတို့လဲ ဒီအတိုင်းပါပဲ…အခု မိုးချုပ်နေပြီ မနက်မှ ဦးကြီးပြောသလိုလုပ်လိုက်တာ ပိုကောင်းမယ်…´`အေးပါကွာ…ငါ စိတ်မလောတော့ပါဘူး…´တန်ခိုးငြိမ်သွားခဲ့တယ်။ ဒါပေမယ့် မည်သူမှ မရိပ်မိလိုက်သည့် အချက်က အားလုံး အိပ်မောကျချိန်ကို သူစောင့်နေသည် ဆိုတာကို ။ တဲလေးမှာ ထီးလေးတို့ အားလုံး အိပ်နေခဲ့တယ်။ တစ်ယောက်ချင်းကို သေသေချာချာ ကြည့်ပြီး စိတ်ထဲမှ`သူငယ်ချင်းတို့မင်းတို့တွေက ငါ့အသက်ထက် ချစ်ရတဲ့ သူငယ်ချင်းတွေပါ…ငါအခု မင်းတို့ကို မပြောပဲ ငါသဘောနဲ့ငါလုပ်လိုက်တာ မင်းတို့ငါ့ကို ခွင့်လွတ်ပါ…ကိုအောင့်အတွက် ခင်မမကို ငါအခု လက်စားချေမယ်…ထီးလေး မင်းက ငါတို့ရဲ့ခေါင်းဆောင် ပီသပါပေတယ်…ငါသွားတော့မယ်…´စိတ်ထဲမှ ရည်ရွတ်ပြီး တဲအောက်မှ ပေါက်တူး တစ်ချောင်းကို ကိုင်ကာ ရွာအလည်ရှိ ခင်မမနေအိမ်သို့ဦးတည်သွားတော့သည်။****************************တစ်ရွာလုံး တိတ်ဆိတ်လျက် ခွေးတစ်ကောက်မျှမတွေ့ရ ။တန်ခိုးရဲ့မျက်နှာမှာတော့ ဒေါသစိတ်များဖြင့် ပေါက်တူးကို ထမ်းခါ ခင်မမအိမ်ရှေ့သို့အရောက် ခြံတံခါးကို ခြေဖြင့် ကန်ထုတ်လိုက်တယ်။ ခင်မမ အိမ်ထဲကို ဝင်လိုက်ချင်းမှာပဲ သူ့တစ်ကိုယ်လုံ ကျက်သည်းများ ထသွားလျက်။ သို့ပေမယ့် ဂရုမစိုက် နောက် လူသုံးယောက်ထွက်လာပြီး တန်ခိုးနှင့် တိုက်ခိုက်လေရာ ထိုသူသုံးယောက်မှာ အထိနာပြီး မြေပြင်ပေါ်လဲကျနေတုန်း`ဟား…ဟား…ဟား…ဟား´ခြံအတွင်းမှ မိန်းမရီသံတစ်ခုပဲ့တင်ထပ်စွာ ထွက်ပေါ်လာခဲ့တယ်။ထိုမိန်းမကား ခင်မမ`နင် ရောက်လာပြီလား…ဟိုတစ်ယောက်ကိုတော့ မြေဖုတ်ဘီလူးစာ ကျွေးလိုက်ပြီး …နင့်ကိုတော့ ငါ့ ငါးကန်စောင့်တဲ့သရဲအဖြစ် မွေးထားမယ်…ဟား…ဟား´`ဟေ့…စုန်းမ…တိတ်စမ်း…နင်ပဲ ငါ့ကို ပြုစားလို့ရမလား…ငါပဲ နင့်ကို အသေသတ်မလား ကြည့်ကြသေးတာပေါ့…´ပြောဆိုပြီး လက်ထဲရှိ ပေါက်တူးကို ခင်မမဆီသို့ ပစ်လိုက်တယ်။ ခင်မမကား သူဆီရောက်မလာခင်လက်ဖြင့်တားလက်ရူံနှင့် ပေါက်တူးဟာ တန်ခိုးဘက်သို့ ပြန်လှည့်လာခဲ့တယ်။ ရှောင်လိုက်တော့ပေါက်တူးနှင့် တန်ခိုး သီသီလေး လွဲသွားလျက်`ဟား…ဟား…ဟား…´ထိုအချိန် အိမ်ထဲမှ လက်မရွှံ့လှမင်းထွက်လာပြီး`ဒီကောင်တော့ သေတော့မှာပဲ…ကိုယ့်သေတွင်း ကိုယ်လာတူးနေတယ်…´စိတ်ထဲ၌ရည်ရွတ်ပြီး ခင်မမ အနားသို့သွားခါ`မမကြီး ဒီလို မလောက်လေး မလောက်စား ကောင်ကို မမကြီး ပညာတွေနဲ့အပန်းပင်းမခံပါနဲ့ ကျုပ် ဆုံးမလိုက်ပါ့မယ်…´`ဟား…ဟား…ဟား…လှမင်း…သူ့လည်ချာင်း သွေးကို ငါသောက်ချင်တယ်…´`စိတ်ချပါ မမကြီး သူ့လည်ချောင်းသွေးကို ကျုပ်ကိုတိုင် ဖောက်ထုတ်ပေးပါ့မယ်…´´လှမင်း တန်ခိုးအနားသို့တစ်လှမ်းချင်း လျောက်လာပြီး ခင်မမ မကြားလောက်သော အသံဖြင့်`ဟေ့ယောင် …မင်း …ဦးနှောက်မရှိဘူးလား…ဒီကိုလာရင် မင်းသေလိမ့်မယ်…မင်းအခုချိန် ပြန်ပြေးလဲ မမှီတော့ဘူး…မင်းငါ့ကို ဒူထောက်ပြီး တောင်းပန်သလို လုပ်လိုက် …ဟေ့ယောင် မင်းကို ငါ မတိုက်ခိုကိဘူး…ငါပြောသလို လုပ်…´ထိုသို့ပြောနေသည်ကို တန်ခိုးက သဘောမပေါက် လှမင်းနှင့် တိုက်ခိုက်ရန်သာရွယ်နေတော့သည်။`မင်းအပိုတွေ ပြောမနေနဲ့လာလေ…မင်းပဲ သက်နိုင်မလား…ငါပဲ သက်နိုင်မလား…စမ်းကြည့်ကြတာပေါ့…´`ဟေ့ယောင်…ငါပြောသလို လုပ် မင်းငါ့ကိုနိုင်လဲ ခင်မမက မင်းကို သတ်လိမ့်မယ်…´တိုက်ခိုက်ရန် ရွယ်နေသလိုဖြင့်လှမင်းက တန်ခိုးအား ပြောနေစဉ် ခင်မမက`လှမင်း…လုပ်လေ…ဘာတွေ စဉ်းစားနေတာလဲ…´`ဟုတ်ကဲ့…မမလေး…´´လှမင်းက စတင်တိုက်ခိုက်တော့တယ်။ အထာမနပ်သည့် တန်ခိုးက လှမင်းနှင့် အပြိုင်ဆိုင် တိုက်ခိုက်တော့ လှမင်း တန်ခိုးရဲ့တိုက်ကွက်တွေကို မနိုင်ပဲ မြေပေါ်လဲကျသွားတယ်။ ပြန်တိုက်ခိုက်ကြတော့ တန်ခိုး အထိနာပြီး မြေပေါ်လဲကျနေတုန်း လှမင်းက လည်ပင်းကို လက်ဖြင့် အနောက်မှ သိုင်း၍`ဟေ့ယောင်…ငါပြောသလို လုပ် မင်းကို ငါက ကယ်မယ့်ကောင်…´´`မင်း…ဘာမှ လာမပြောနဲ့ ငါ့ကို သတ်ချင် သတ်ပလိုက်…´`ဒီကောင် …တယ်ခတ်ပါလား…ကဲ့ကွာ´ပြောမရသည့်အဆုံးဇာတ်ပိုးကို ရိုက်ချလိုက်တေတ့ တန်ခိုးမြေပေါ်သို့သတိလစ် လဲကျသွားတော့သည်။`ဟား…ဟား…ဟား…ဟား…လှမင်း လှမင်း နင်တော်တယ်…ဒါကြောင့်ငါကလဲ အားကိုနေရတာပေါ့…အခု သူ့လည်ချောင်းသွေးကို နင်ကို တစ်ဝက်တိုက်မယ် …သောက်မယ် မဟူတ်လား…ဟား…ဟား´`သောက်မှာပေါ့ မမကြီးရ…အဲ့…နေဦး…မမကြီး ပညာ အဆင့်တတ်ဖို့က လူသားတွေရဲ့လည်ချောင်းတွေ ကိုသောက်ရမှာဆိုတော့ ဒီကောင့်ကို အခု မသတ်သေးပဲ…အရင်ချုပ်ထားလိုက်…မနက် ဒီကောင့်လူတွေ လိုက်လာမှာ သေချာတယ် အဲ့ခါကျမှ သူ့အဖွဲ့ကလူတွေကိုပါ တစ်ခါတည်းသတ်ပြီး သောက်ပါလား…´`ဟား…ဟား…နင့်အကြံ မဆိုးဘူး…ဒီကောင့်ကို မြေအောက်ခန်းထဲမှာ ချုပ်ထားလိုက်…´`ဟုတ်ကဲ့…မမကြီး…´လှမင်းရဲ့ စကားကို လက်ခံစွာနဲ့ပဲ တန်ခိုးကို ဖမ်းချုပ်ထားခဲ့ချေပြီ။မနက် အားလုံးနိုးလာတော့ တန်ခိုးကို ရှာကြတော့တယ်။`လုပ်ပြန်ပြီ ဒီကောင် ရွာပျောက်ကြီးတုန်းကလို လျောက်သွားပြန်ပြီလား မသိဘူး…´`ဘုန်းကြီးကလဲ မိန့်လိုက်တယ်…မနက်မိုးမလင်းခင်တည်းက သူထွက်လာတာ မတွေ့ဘူးတဲ့´`ဒုက္ခပါပဲ…ဘယ်များ သွားတာပါလိမ့်…´`ညက မောင်ရင်တို့နဲ့အတူတူ အိပ်တယ် မဟုတ်လား…´`အတူတူ အိပ်တာပဲ ဦးကြီးရ …´`ဒါဆို ဦးကြီး ခင်မမအိမ်ဘက်ကိ အခု သွားပြီး စုံစမ်းခဲ့မယ်…အကြောင်းထူးရင်မောင်ရင်တို့ဆီ ပြန်လာခဲ့မယ်…ဟုတ်ပြီလား…မင်းတို့စိတ်အေးအေးထားကြ…´ထိုစဉ် အရူးယောင်ဆောင်ထားသော လူကြီး ထီးလေးတို့ဆီ ပြေးလာကာ``ဟေး…ကောင်လေးတွေ…´`ဟာ…ဦးကြီး အတော်ပဲ လာပါဦး…´`မင်းတို့တော့ မှော်ဝင် စာအုပ်ထဲက အတိုင်းဖြစ်ပြီ မင်းတို့သူငယ်ချင်းကို ခင်မမ နိပ်စက်နေပြီ…´`ဟင်…ကိုဥာဏ်လင်း ခင်ဗျားက မရူးဘူးလား…´`ကျုပ်လဲ ခင်မမရန်ကို ကြောက်လို့ရူးချင်ယောင်ဆောင်ထားတာ…´`ဦးကြီး ကျုပ်တို့ သူငယ်ချင်းကို ခင်မမနိပ်စက်နေတယ်ဆိုတာ ကျိန်းသေလား…´`သိပ်ကျိန်းသေတာပေါ့…သူ့မြေအောက်ခန်းနားက လူသံကြားလို့ငါရူးချင်ယောင်ဆောင်ပြီး သွားချောင်းကြည့်ခဲ့တာ…မင်းတို့သူငယ်ချင်းကို တွေ့တာပဲ´`လုပ်ပါဦး…ဦးကြီး…ကယ်ပါဦး…´`ဒါနဲ့…ကိုဥာဏ်လင်း ခင်ဗျား အခုန ပြောလိုက်တဲ့စာအုပ်ဆိုတာ ဘာလဲ'…´`ဘာဖြစ်ရမတုန်းဗျ မှော်ဝင်နေတဲ့ စာအုပ်ကိုပြောတာလေ…´`ဘာ !…မှော်ဝင်နေတဲ့စာအုပ်ဟုတ်လား…´`ပြစမ်း…ပြစမ်း…ငါ့ကို ပြစမ်း…´အလောတကြီး တောင်းသောကြောင့် တဲထဲအပြေးဝင်ခါ ထီးလေး ရေထမ်းသမားကြီးလက်ထဲသို့ ထိုစာအုပ်ပေးလိုက်တော့`ဟာ!…မှော်ဝင် စာအုပ်ပြန်ရပြီ…´`ခင်ဗျားက ဘာလုပ်မလို့တုန်း…´`ဘာလုပ်ကမတုန်းဗျ…ခင်မမကို နိုင်မယ့် နည်းရသလို ကျုပ် မှာသင့်နေတဲ့ကျိန်စာတွေလဲ ဖြေနိုင်ပြီ ´`ခင်ဗျားက ဘယ်သူလဲ…´`ကျုပ်က…ဣစ္ဆာသယ အောင်ကြီးပဲ´`ဟင်!…´`တ…တကယ်!…´****************************အပိုင်း(၆) တွင် ဆက်လက် ဖတ်ရှု့ပါရန
Post Top Ad
Responsive Ads Here
အပိုင်း ၅ တစ္ဆေတို့၏ စာမျက်နှာ
Share This
Tags
# ၀၃.တစ္ဆေတို့၏စာမျက်နှာ
Share This
About Unknown
၀၃.တစ္ဆေတို့၏စာမျက်နှာ
Labels:
၀၃.တစ္ဆေတို့၏စာမျက်နှာ
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment