အပိုင်း(၆) တစ္ဆေတို့၏ စာမျက်နှာ - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၆) တစ္ဆေတို့၏ စာမျက်နှာ

Share This
အပိုင်း(၆) တစ္ဆေတို့၏ စာမျက်နှာ

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
        တစ္ဆေတို့၏ စာမျက်နှာ အပိုင်း(၆)
     
စာရေးသူ -ထီးကလေး၊

`ဟာ!…မှော်ဝင် စာအုပ်ပြန်ရပြီ…´
`ခင်ဗျားက ဘာလုပ်မလို့တုန်း…´
`ဘာလုပ်ကမတုန်းဗျ…ခင်မမကို နိုင်မယ့် နည်းရသလို ကျုပ် မှာသင့်နေတဲ့ကျိန်စာတွေလဲ ဖြေနိုင်ပြီ ´
`ခင်ဗျားက ဘယ်သူလဲ…´
`ကျုပ်က…ဣစ္ဆာသယ အောင်ကြီးပဲ´
`ဟင်!…´
`တ…တကယ်!…´
<<<<<<<<<<<<Previous



****************************
`ဦး…ဦးကြီး…တ…တကယ်ပြောနေတာလား…´
`ဟုတ်တယ်…မင်းတို့ရှာနေတဲ့အောင်ကြီးဆိုတာ ငါပဲ…´
`ဝမ်း…ဝမ်းသာလိုက်တာ ဦးကြီးရာ…´
`အစတည်းက ပြောရင် ဒီလို ပြသနာတွေ ဖြစ်လာမှာ မဟုတ်ဘူးဗျာ…ကိုအောင်ကြီးကို ကျုပ်လဲ ရှာနေတဲ့သူတစ်ယောက်ပဲ…´
`ဒကာက တကယ် အောင်ကြီး ဟုတ်ပါတယ်နော်…ဣစ္ဆာသယ အောင်ကြီးပါနော်´
`မှန်ပါ့ဘုရား တပည့်တော် ဦးဇင်းကို ညာခဲ့မိတဲ့အတွက် ခွင့်လွတ်ပေးပါ…´
`ဒီမှော်ဝင် စာအုပ်နဲ့ခင်ဗျား ကျိန်စာတွေကို ဘယ်လို ဖြေမှာလဲ…´
`ကျိန်စာတွေ ပြေရင် ခင်မမကို ဦးကြီးနိုင်ပြီးပေါ့…ဟုတ်လား…´
`သိပ်ဟုတ်တာပေါ့…ဒါပေမယ့် တစ်ချို့တစ်ဝက်ပဲ ပြေနိုင်မှာ …ခင်မမဆီမှာ မြေပုံအညွှန်းတမ်းတစ်ခုရှိတယ်…အဲ့ဒီမြေပုံအညွှန်းတိုင်း ပဉ္စမမြောက်မင်းသားလေးကို ကယ်တင်ပေးရမယ်…အဲ့ဒါမှ ဇာတ်လမ်းအဆုံးထိ ဖတ်မိထားတဲ့ ဦးကြီးက အားလုံး ကျိန်စာတွေ ပြေနိုင်မှာ´
`ကျွန်…ကျွန်တော်မှာ ရှိနေတဲ့ ကျိန်စာတွေရော…ပြေပြီးလား…´
`ဟုတ်တယ်…အခု မောင်တန်ခိုးကို သွားကယ်ရမယ်.…အချိန်သိပ်မရှိဘူး…ခင်မမ ဒုက္ခပေးလိမ့်မယ်…´
`ကျေး…ကျေးဇူးတင်ပါတယ်…လုပ် .…လုပ်ပါဦ…´

ရေထမ်းသမားဦးတွကြီးက သူ့ကိုယ်သူ ဣစ္ဘ္ဆာသယ ဦးအောင်ကြီးဖြစ်ကြောင်း ဝန်ခံခဲ့ချေပြီ။ ဘုန်းကြီးဆီက မီးခြစ်တောင်းပြီး စာအုပ်ရဲ့ စာမျက်နှာ နံပါတ်တစ်အား မီးယောင် ပြလိုက်တော့
`ဟင်…´
`စာ…စာတွေ ပေါ်လာပြီ…´
`ဟုတ်တယ်…ဒီစာတွေက ရှေ့ခတ် မွန်စာတွေပဲ…´
`ဒကာ ဖတ်တတ်လား…´
`တပည့်တော် ဖတ်တတ်တယ်…ဒါပေမယ့် နောက်ပိုင်းမှာ အိန္နိယအရေးသားတွေနဲ့ ရေးထားတာ နောက်ပိုင်းတော့ အခတ်တွေ့နိုင်တယ်…´
`ဟင်…အရင် မြန်မာစာတွေ မဟုတ်တော့ပါလား…မွန်စာတွေ ပြောင်းကုန်ပြီ…´
`အဲ့တာ…တို့မှာသင့်နေတဲ့ပထမစာမျက်နှာ ကျိန်စာပြေပြီပဲ…တစ်နည်းအားဖြင့် တန်ပြန်လိုက်တာ မင်းတို့စာအုပ်ကို ဖတ်ပြီးတာနဲ့ သူဖာသာသူ စာမျက်နှာတွေ လှန်သွားတုန်းက စာမျက်နှာကို မှတ်ထားလိုက်သေးလား´
`မှတ်မထားမိလိုက်ဘူး…´
`ဟုတ်တယ်…ဦးကြီး လေလဲ မတိုက်ပဲ စာအုပ် သူဘာသာသူ လှန်သွားလို့ ကျွန်တော်တို့ပြန်ပိတ်လိုက်တယ်…မှတ်မထားမိလိုက်ဘူး…´
`အဲ့ဒါ ပဉ္စမမြောက် မင်းသားလေးရှိတဲ့နေရာကို ညွှန်ပြပေးတဲ့အမှတ်သားပဲ…ကျုပ်တုန်းကလဲ မှတ်မထားမိလိုက်ဘူး…´
`ဟုတ်တယ်…ဦးကြီး ကျွန်တော်တို့ငါးယောက်လုံး ရှိနေတုန်းက သူဖာသူ စာမျက်နှာတွေ တစ်ခါလှန်တယ်…နောက် ကျွန်တော့ အိပ်ခန်းထဲမှာ ထားတုန်းကလဲ တစ်ခါလှန်ခဲ့တယ်…ဒါပေမယ့် အမှတ်တမှတ်ဆိုတော့ မမှတ်ထားမိလိုက်ဘူး…´
`ဘာပဲဖြစ်ဖြစ် ငါတို့ ခင်မမဆီက ကြမ်းစာမြေပုံကို ရအောင်ယူရမယ်…ဒါမှ အားလုံးကျိန်စာပြေလိမ့်မယ်…´

ထိုစဉ် မျှားကလေး ဖုန်းမှ ရုတ်တရက် ဖုန်းသံမြည်လာခဲ့တယ်။ သူမ ဖုန်းနံပါတ်ကို ကြည့်လိုက်တယ်။
`ဟယ်…ဟယ်လိုအမေ…ဒီ…ဒီဘက်မှာ လိုင်းမမိလို့ မဆက်ဖြစ်တာ…´
`သမီးကို ဝမ်းသာစရာ သတင်းပြောရဦးမယ်…သမီးအဖေကြီး နေကောင်းလို့အခုလေးတင်ပဲ ဆရာဝန်ကြီး ဆေးရုံက ဆင်းခိုင်းလိုက်ပြီ…´
`ဟင်…တ…တကယ်လား အမေ´
`အေးပေါ့…သမီးရဲ့…´
`ဝမ်းသာလိုက်တာ မေမေရယ်…ဒါဆို သမီးတို့ဒီမှာ လုပ်စရာလေးတွေ ရှိနေလို့ သမီး နောက်မှ ပြန်ဆက်လိုကိပါ့မယ်…´
`ဘယ်သူလဲ မျှားလေး…´
`ငါ့အမေ ငါ့အဖေ အခုလေးတင်ပဲ ရောဂါ သတ်သာလို့ ဆေးရုံက ဆင်းလာပြီတဲ့…´
`ဒါ…ဒါ ဦးအောင်ကြီး ပြောသလို ပထမ တစ်ဆင့်တော့ ကျိန်စာပြောတာထင်တယ်…´

ဒီအချိန်မှာပဲ ထီးလေးရဲ့ဖုန်းကလဲ အသံမြည်လာခဲ့တယ်။
`သား…မင်းကို ဝမ်းသာစရာ ပြောမလို့ ဆက်နေတာ မနက်တည်းက အခုမှ လိုင်းမိတော့တယ်…´
`ဟုတ် ဖေဖေ ပြောလေ…´
`မင်းသူငယ်ချင်း တန်ခိုးရဲ့အဖေ ပုံမှန်ပြန်ကောင်းလာပြီ…သူ့ပွဲရုံကိုမီးရှို့တဲ့ပြိုင်ဘက်သူဌေးကလဲ သူ့ကိုသနားပြီး တန်ဖိုးအတိုင်း အခုလေးတင် ဖေဖေတို့အိမ်မှာ ငွေတွေ လာလွှဲပေးသွားတယ်…မင်းအမေလဲ အခုန အိပ်ယာထဲ လှဲနေတာ အခု သက်သာလို့တဲ့လမ်းထလျောက်နေတယ်…´
`ဟင်…ဝမ်းသာလိုက်တာ ဖေဖေရာ…ဒါဆို သားတို့အမြန်ဆုံး ပြန်လာခဲ့ပါ့မယ် …´
`နင်ဖေလား ထီးလေး…ဘာတဲ့လဲ…´
`တန်ခိုးအဖေ နေပြန်ကောင်းသွားပြီ သူ့ပွဲရုံ မီးရှို့တဲ့သူကလဲ ပျက်စီးသွားတဲ့တန်ဖိုးအတိုင်း ငွေတွေ ပြန်လျော်ပေးသွားတယ်တဲ့…´
`ဟေး…ဟိုကောင်ကြီး သိရင် သိပ်ဝမ်းသာမှာပဲ…ဦးလေးတို့ ကျွန်တော့်သူငယ်ချင်းကို ကယ်ပေးပါဦး…´
`စိတ်အေးအေးထားပါ စိတ်ချ ခင်မမကိုအခု အပျက်ရှင်းမယ်…´
`ကဲ …ကောင်းပြီ ဒါဆို အခုပဲ ခင်မမဆီကို သွားကြမယ်…´
`နေဦး ဒကာ ဦးဇင်းမှာဓားတစ်ချောင်း ရှိတယ်…အဲ့ဓားနဲ့ သရဲရှစ်ကောင် မှော်ပညာကို နိုင်လိမ့်မယ်ထင်တယ်…´
`တင်ပါ့ ဘုရား…ဦးဇင်း ယူလာခဲ့ပါ´
`ကောင်လေး…မင်းကို ဦးလေးပေးထားတဲ့ ကိုးသချိုင်း ကျိန်လုံးပါ ယူလာခဲ့…´
`ဟုတ်…ဟုတ်ကဲ့…ဦးလေး…´

လက်နက် အပြည့်စုံနှင့် ခင်မမအိမ်တည်ရှိရာ ရွာအလည်ပိုင်းသို့ ဣစ္ဆာသယ ဦးအောင်ကြီး ဦးဆောင်ခါ အားလုံး ချီတတ်လာကြတယ်။ ခင်မမ အိမ်မှ အချုပ်ခံထားရတဲ့ တန်ခိုးတစ်ယောက်မှာတော့ ကြိုးဖြင့် ဇောက်ထိုး ဆွဲထားပြီး လူသန်ကြီး သုံးယောက်က ထိုးကြိတ်နေလျက်။ ထိုအချိန် သူတို့အနားသို့ လှမင်းရောက်သွားပြီး။
`ဟေ့ယောင်တွေ…ရပ်စမ်း´
လှမင်းကိုကြောက်ရသည့် လူသန်ကြီးသုံးယောက်က အသံကြားတာနှင့် ထိုးကြိတ်နေတာ ရပ်တန့်သွားခဲ့တယ်။ ဇောက်ထိုး ဆွဲထားသည့် တန်ခိုးအနားသို့ သူရောက်သွားပြီး။ အိမ်အပေါ်ကို တစ်ချက်ကြည့်မိလိုက်တော့ ပြတင်းပေါက်မှ တန်ခိုးအား နိပ်စက်နေသည်ကို ကြည့်ပြီး အားရနေသော ခင်မမကို တွေ့သောကြောင့်
`ကဲ့ကွာ…ငါ့မမကြီးကို အာခံချင်ဦး…မှတ်ပီးလား…ကဲကွာ…´
တန်ခိုးကို ထိုးပါလေတော့သည်။ တကယ်တော့ လူသန်ကြီး သုံးယောက်ရဲ့လက်ချက်ကြောင့် တန်ခိုးသေမှာဆိုး၍ လှမင်းက ဟန်ဆောင်ထိုးနေသည်ကို တန်ခိုး သဘောမပေါက်ပဲ
`ဟေ့ယောင် လှမင်း…မင်းသတ္တိရှိရင် ငါ့ကို ကြိုးဖြေပေးလိုက်…´
`အောင်မာ…သဘောမပေါက်တဲ့ကောင် ကဲ့ကွာ…´
`အား…´
`လှမင်း…နင်ပျော့နေသလိုပဲ ခပ်ပြင်းပြင်းလေး လုပ်စမ်း…´
`ဟုတ်ကဲ့…မမကြီး…ကဲ့ကွာ…´

ပြတင်းပေါက်မှ ကြည့်နေရာမှ ရုတ်တရက် လွှားခနဲ လှမင်းအနားသို့ ခင်မမရောက်လာခဲ့တယ်။ လက်ညိုးထောင်လိုက်ရုံနှင့် သူမလက်သည်းဟာ ဓားတစ်ချောင်း သဏ္ဍန်သို့ပြောင်းသွားပြီး။ တန်ခိုး၏ လည်ပင်းကို လှီးမည်အလုပ် ဦးအောင်ကြီးတို့ရောက်လာခါ ဦးဇင်းက ဓားဖြင့် ခင်မမကို ပစ်လိုက်တယ်။ ဦးဇင်းရဲပေါက်လိုက်သော ဓားချက်ဟာ ခင်မမဆီသို့ ဦးတည် စိုက်သွားခဲ့တယ်။သို့သော် ခင်မမ အစစ်မဟူတ်ပဲ သူမပွားထားသော ကိုယ်ပွားသာ ဖြစ်လေတော့သည်။
`ဟား…ဟား…ငါက ဒီမှာ …ဘယ်သူများလဲ မှတ်တယ်…ဘုန်းကြီး အစုတ်ပလုတ်နဲ့အရူးဥာဏ်လင်းတို့ပါလား…နင်တို့က ငါ့ကို မှော်ဝင်ဓားနဲ့ပစ်တယ်ပေါ့ ဟုတ်လား…အတော်ပဲ ဒီနေ့တော့ နင့်တို့ ဝိဥာဉ်တွေကပါ ထုတ်ပစ်မယ်…ဟား…ဟား…´
ထိုအစဉ် ပုန်းကွယ်နေရာမှ ဦးအောင်ကြီး ထွက်လာပြီး
`သူတို့ချည်းပဲ မဟုတ်ဘူး…ငါလဲပါတယ်´
အသံလာရာဆီသို့ ခင်မမ လှည့်ကြည့်လိုက်ပြီး
`အော်…တွကြီး နင်ရေထမ်းမရောင်းဘူးလား…´
`ငါတွကြီး မဟုတ်တော့ဘူး…အခု ယောနယ်က ဣစ္ဆာသယ အောင်ကြီး ပြန်ဖြစ်သွားပြီး ´
`ဘာ…ဣစ္ဆာသယ ဦးအောင်ကြီး ဟုတ်လား …ဟား…ဟား…နင့်ကို သနားလို့အသေ မသတ်တာနော် အောင်ကြီး…ဒီတစ်ခါတော့ နင့်ကို အရှင်မထားဘူး…´
`စမ်းကြည့်လိုက်လေ…´
ဦးဥာဏ်လင်းက သူ၏ကိုးသချိုင်းကျိန်လုံးဖြင့် စည်းဝိုင်း ဝိုင်းလျက် ဦးအောင်ကြီးဟာ မြေပြင်ပေါ် ထိုင်ချကာ မျက်လုံးတစ်စုံကို မှိတ်ထားပြီး ဘုန်းကြီးမှာတော့ သူ့ကိုယ်ပေါ်က သင်္ကန်းကို ချွတ်ခါ အရှေ့မှ ကာလိုက်ပြီး ခင်မမပညာကို ကာကွယ်ရန် ပြင်ထားလိုက်တော့တယ်။ အားလုံးရဲ့အရှေ့မှ ခင်မမ ပျောက်သွားတယ်။နောက် စည်းဝိုင်းအတွင်းသို့ မဝင်ပဲ စည်းဝိုင်းဘေးသို့ ရုတ်တရက်ပေါ်လာခါ ဟား တိုက်ရီနေတော့သည်။ ဦးအောင်ကြီး၏ ခန္ဓာကိုယ်မှ ပျောက်ကွယ်နေသော ဆေးစက်တို့ဟာ ထင်ရှားစွာ ပြန်ပေါ်လာတော့တယ်။ ထိုနောက် ခင်မမ မျက်လုံးဖြင့် စိုက်ကြည့်လိုက်လေရာ စည်းဝိုင်းဘေး ပတ်ပတ်လည် မီးတောက်များ ပေါ်ထွက်လာခဲ့တယ်။ ဦးအောင်ကြီး နှုတ်မှ ရွတ်ဆိုမှု့ကြောင့် မီးတောက်များဟာ ငြိမ်းသွားခဲ့တယ်။ ဘေးပတ်ဝန်းကျင်မှ ကြီးမားလှသော ပစ္စည်းများဖြင့် အားလုံးဆီသို့ ပစ်ခွင်းသော်လဲ စည်းဝိုင်းအတွင်းသို့ မထိုးဖောက်နိုင်။ဦးဥာဏ်လင်း ထီးလေးတို့ကို ကြည့်လိုက်ပြီး
`ကောင်းလေးတို့ ဒီစည်းဝိုင်းထဲက ဘယ်လိုနည်းနဲ့မှ မထွက်နဲ့နော် ´
`ဟုတ် …ဟုတ်ကဲ့…ဦးကြီး…´
ထိုစဉ် ခင်မမ အသံနက်ဖြင့် ဟားတိုက်ရီကာ
`ပညာနဲ့ နင်တို့စည်းဝိုင်းထဲ ဝင်မရရင် …လူနဲ့ဝိုင်းခိုင်းတာပေါ့…ဟေ့ကောင်တွေ အဲ့ကောင်တွေ စည်းကို သွားဖျက်လိုက်ကြစမ်း…´
ခင်မမ၏အမိန့်ပေးစကားကြောင့် လူသန်ကြီး သုံးယောက်မှာ စည်းဝိုင်းအနားသို့ တစ်လှမ်းချင်း ကပ်လာခဲ့တယ်။ ထိုစဉ် ခင်မမဘေးမှ လှမင်းက
`ဟေ့ယောင်တွေ နေဦး ငါ့မမကြီးကို စော်ကားချင်တဲ့ကောင်တွေကို ငါကိုယ်တိုင် ဒုက္ခပေးမယ်…အဲ့စည်းဝိုင်းကို ငါကိုယ်တိုင် ဖျက်မယ်…´
လှမင်း၏စကားကြောင့် ထိုလူ ၃ယောက် ရပ်တန့်နောက်ဆုတ်သွားခဲ့လေတော့သည်။တစ်ခုခုကို စဉ်းစားပြီး အချိန်ဆွဲခါ တစ်လှမ်းချင်း စည်းဝိုင်းရှိရာသို့လှမင်းလျောက်လာခဲ့တယ်။ ထိုနောက် ဦးအောင်ကြီးကို မျက်လုံးဖြင့် သူဘာလုပ်ရမည်ကို မေးနေလျက် ဦးဥာဏ်လင်းက ပစ်ချထားသော ကိုးသချိုင်း ကျိန်လုံးအား မျက်ရိပ်မျက်ကဲဖြင့် ပြလိုက်လေတော့သည်။ ကိုးသချိုင်းကျိန်ကို အသာကောက်လိုက်ပြီး နှုတ်မှ
`မင်းတို့က မလောက်လေး မလောက်စား ပညာလေးတွေနဲ့ ငါတို့ရဲ့မှော်ဘုရင်မကို ယဉ်ချင်သေးတယ်…ဟုတ်လား…ကဲ့ကွာ…မင်းတို့စည်းကို ဖျက်တယ်ကွာ…ကဲ့ကွာ…´
စည်းဝိုင်းကို ဖျက်သလိုနှင့် အပေါ်မှ စည်းကို ကျိန်လုံးဖြင့် ထပ်ဝိုင်းလေးလိုက်တော့သည်။ဇောက်ထိုးဆွဲထားသော တန်ခိုးအနားသို့ခင်မမရောက်သွားပြီး
`ပညာထပ်တိုးရမယ်…နင့်လည်ချောင်းသွေးကို ဖျောက်ပစ်မယ်…´
ထိုသို့ပြောပြီး လက်ညိုးမှ ဓားအသွင် ပြောင်းနေချိန် သူငယ်ချင်းအတွက် စိုးရိမ်ပူပန်စိတ်များဖြင့် စည်းဝိုင်းအတွင်းမှ လမ်းကလေး ပြေးထွက်သွားပြီး ခင်မမကို စောင့်တွန်းလိုက်တော့သည်။ လှဲကျသွားသော ခင်မမမှာ အငွေ့လေးဖြင့် ပျောက်ကွဟ်သွားပြီး ခင်မမအစ်ဟာ အိမ်ခေါင်းမိုးအပေါ်၌ ဦးရည်ပြားကို ချွတ်ခါ သန်းရှာနေသည်ကို တွေ့လိုက်ရတယ်။
`ဟား…ဟား…သိပ်ချစ်တတ် ခင်တတ်သူတွေကို အရူးလုပ်ကတာ သိပ်လွယ်ပါလား…ငါက ဒီမှာ…´
ခေါင်းမိုးအပေါ်မှ လွှားခနဲ ခင်မမ ခုန်ဆင်းလာပြီး လမ်းကလေးအား သူမ၏မှော်စွမ်းရည်ဖြင့် ပြုစားလိုက်တော့သည်။ ထိုနောက် လမ်းကလေးမှာ ပင်ကိုယ်စိတ် ပျောက်ပြီး ဦးအောင်ကြီးတို့ရှိရာသို့ မျက်ထောက်နီနီဖြင့် ဦးတည်လျောက်လာခဲ့တယ်။ သို့ပေမယ့် စည်းဝိုင်းအတွင်းသို့ ဝင်မရ ဝိုင်းကို လှည့်ပတ်နေတော့သည်။ သူငယ်ချင်း လမ်းကလေးအား ရုတ်တရက် မြင်လိုက်ရသည့် ငါးကလေး စည်းဝိုင်းအတွင်းမှ ထွက်သွားပြီး
`လမ်းလေး…မင်း…မင်းဘာဖြစ်တာလဲ´
`ဟေ့ယောင် …ငါလေး…စည်းထဲ ပြန်ဝင်လာခဲ့…လမ်းလေးကို ခင်မမ ထိန်းချုပ်ထားတယ်…´
ထီးလေးနှင့် မျှားလေး အော်ပြောနေသည်ကို ငါးလေး မကြားပဲ လမ်းလေး၏ လက်ကို ဆွဲလိုက်စဉ်မှာပဲ ပင်ကိုယ်စိတ်မဟုတ်သည့် လမ်းလေးက ငါးလေး လက်ကို စောင့်ဆွဲလိုက်ပြီး ခင်မမဆီသို့ အရှိန်ဖြင့် တွန်းပို့လိုက်လေတော့သည်။ ခင်မမက ငါးလေး၏ ရင်ဘတ်ကို ဆွဲကိုင်ပြီး မျက်လုံးခြင်း ယဉ်ကြည့်ခါ ပြုစားမလို့လုပ်စဉ်မှာပဲ လှမင်းကြားထဲသို့ ဝင်လိုက်ပြီး
`မမကြီး ခဏနေဦး ဒီကောင့်ကို ကျုပ်လက်နဲ့ဆုံးမဦးမယ်…ကဲ့ကွာ…´
ခင်မမ ထိန်းချုပ်ခြင်း ခံရမည်ကို စိုးရိမ်၍ လှမင်း ကြားထဲမှ ဝင်တားခါ ငါးလေးအား ထိုးဟန်ဆောင်ပြီး ထိုးနေစဉ် ထီးကလေး အပြေးသွားပြီး အနီးရှိ တုတ်ဖြင့် လှမင်း၏ခေါင်းကို ရိုက်လိုက်တော့ အထိနာပြီး မြေပေါ်သို့လဲကျသွားတော့သည်။ ငါးလေး လက်ကို အတင်းဆွဲပြီး စည်းဝိုင်းထဲသို့ အပြေးသွားချိန်မှာတော့ အနောက်မှ ခင်မမ မှော်ပညာဖြင့် နှစ်ယောက်စလုံးကို ထိန်းချုပ်လိုက်လေရာ ခင်မမဆီသို့ တရွတ်တိုက်နှစ်ယောက်လုံးပြန်ပါသွားတော့သည်။ ထို့နောက် မှော်သွင်းရန် မျက်လုံးချင်း ယဉ်ကြည့်နေစဉ်မှာပဲ  ဦးအောင်ကြီး အော်ပြောလိုက်တယ်။
`ကောင်လေးတွေ သူနဲ့မျက်လုံးချင်း ယဉ်မကြည့်နဲ့မျက်လုံးကို မှိတ်ထားလိုက်…´
ဦးအောင်ကြီး၏ အော်ပြောသံကြောင့် နှစ်ဦးစလုံး မျက်စိဇုံမှိတ်လိုက်တော့တယ်။ နှစ်ယောက်လုံး မျက်လုံးမှိတ်လိုက်တော့ ခင်မမအကြံပျက်သွားပြီး နှစ်ယောက်စလုံးကို စောင့်တွန်းပစ်လိုက်ပြီး
`အဲ့မှာနေဦး…နောက်မှ နင်တို့ကို ဖြည်းဖြည်းချင်း သတ်မယ်…´ဟုဆိုကာ ဦးအောင်ကြီးတို့ဆီသို့တစ်လှမ်းချင်း လျောက်လာခဲ့တယ်။ စည်းဝိုင်းဖျက်ထားသည် ထင်၍ ခင်မမ မှော်စွမ်းအင်အား အပြည့်ဝသုံးခါ ဦးအောင်ကြီးကို လှမ်းအဆွဲ စည်းဝိုင်းထဲရောက်သွားပြီး တန်ပြန်ကာ အထိနာပြီး ဆယ်ပေအခန့်ဇောက်ထိုးဆွဲထားသော တန်ခိုးအနသို့ လွှင့်စင်သွားလေတော့သည်။ ပါးစပ်မှ သွေးများ အန်ကာ တော်တော်နှင့် မထိုင်နိုင်။ ထိုအချိန် ဦးဥာဏ်လင်းက ကျိန်ဖြင့်ရိုက်ရန် ခင်မမအနားသို့ ကပ်လာစဉ်မှာပဲ ခင်မမကိုယ်ပွားတွေ အမြောက်အများထွက်ပေါ်လာခဲ့တော့သည်။                  သို့ထိုးလိုက်တော့သည်။
`အား…´
`ဟာ…ကိုဥာဏ်……´
`သေစမ်း…အစတည်းက ငါအသေမသတ်မိတာ အခုသေစမ်း…သေစမ်း…´
သူမလက်ဖြင့် သုံးချက် ထိုးလိုက်ပြီးနောက် ဦးဥာဏ်မှာ သွေးများဖြင့် မြေပေါ်သို့လဲကျသွားတော့သည်။
`ဟာ…မမကြီး…ကျုပ်သတ်မှာပေါ့…´
`လှမင်း…ငါ့က အစစ် ငါ့အနားကို လာစမ်း…´
ခင်မမများကြားမှ ခင်မမ အစစ်အားသိသွားသော လက်မရွှံ့လှမင်းအပြေးသွားလိုက်တယ်။ထို့နောက် ဇောက်ထိုး တွဲလောင်းဆွဲထားသော တန်ခိုးအား လက်ညို ညွှန်ပြ၍
`သူ့လည်ချောင်းသွေးကို အခုဖျောက်ထုတ်လိုက်စမ်း ငါ့စွမ်းအင်တွေ လျော့နေပြီ…´
`ဟုတ်…ဟုတ်ကဲ့…´
ဦးဇင်း၏ ဓားကို ကိုင်ခါ လှမင်း တန်ခိုးလည်ပင်းအပေါ်တင်လိုက်စဉ် ခင်မမအရှေ့လှည့်သွားပြီး ကိုယ်ပွားများကြားမှ ဦးအောင်ကြီးဆီသို့အသွား
`ကဲ့ကွာ…လူတွေကို ဒုက္ခပေးနေတဲ့ လူယုတ်မာ မိန်းမသေပေတော့ …´
ဓားဖြင့် တန်ခိုးအား ထိုးမည် ဟန်ပြ၍ အနောက်ဘက်လှည့်သွားသော ခင်မမ နောက်ကျောသို့ လှမင်းဓားဖြင့်ပြေးထိုးလိုက်လေတော့သည်။ထိုနောက် တစ်ပြိုင်နက် စည်းဝိုင်းအတွင်းမှ ဘုန်းကြီးအပြေးထွက်လာပြီး ဓားထိုးခံထားရသော ခင်မမအား သူ၏အသင့် ချွတ်ထားသော သင်္ကန်းဖြင့် အုပ်လိုက်တော့သည်။ ထိုအချိန်မှာပင် ခင်မမ၏ ဖန်ဆင်းထားသော ကိုယ်ပွားများမှာ ပျောက်ကွယ်သွားပြီး ခင်မမအစစ်သာလျင် ဓားချက်ဖြင့် မြေပြင်အပေါ်မှာ လဲကျနေတော့သည်။ ဓားချက် နောက် သင်္ကန်းဖြင့် အုပ်ထားသော ခင်မမကို မြေပြင်မှ ကိုးသချိုင်း ကျိန်လုံးကို ကောက်ယူပြီး အားလုံး အငြိုးတစ်ကြီး ဝိုင်းရိုက်လေရာ ခင်မမမှာ အစွမ်းများ ကွယ်ပျောက်သွားပြီး အိုမင်ရင့်ရော်သော အဘွားအိုတစ်ယောက် အသွင်သို့ ကူးပြောင်းကာ အသတ်ဆုံးရှုံးသွားလေးတော့သည်။
`ဟား…ဟား…မချစ်တတ် မခင်တတ်တဲ့သူတွေကိုမှ ဒုက္ခပေးရတာ ပိုတောင်လွယ်သေးတယ်…ခင်မမ…´
အငြိုးတကြီးဖြင့် သေနေသော ခင်မမအား လှမင်းပြောလိုက်ပြီး ဦးအောင်ကြီးအနားသို့ ခေါင်းငိုက်စိုက်လျောက်လှမ်းသွားကာ
`ဆရာကြီး…ကျုပ် ဆရာကြီး အပေါ်မှာ ရိုင်းပြမှု့တွေ ရှိခဲ့ပါတယ်…ကျုပ်ကို အပြစ်ပေးပါ…´
ဟုဆိုပြီ မြေပြင်၌ ဣစ္ဆာသယ ဦးအောင်ကြီးအား ရှစ်ခိုးကန်တော့လေတော့သည်။
`ဟာကွာ…ထပါ…မင်းကြောင့် ဒီစုန်းမ ခင်မမကို အပျက်ရှင်းနိုင်ခဲ့တာ…မင်းအရမ်းတော်တာပဲ…လက်မရွှံ့လှမင်း…မင်းကိုဗွေယူ စရာမရှိပါဘူး…အပြစ်လဲ ပေးစရာ မလိုပါဘူး…´
`ကျေးဇူးကြီးလှပါတယ်…ဆရာကြီး…ဒါပေမယ့် ကျုပ် ဦးဥာဏ်လင်းကိုတော့ အကာကွယ် မပေးလိုက်နိုင်ဘူး…ကျုပ်ကို ခွင့်လွတ်ပါ…ဦးဥာဏ် ´
`ငါလဲ စိတ်မကောင်းပါဘူး…သူ့ကို ကောင်းကောင်း သဂျို င်္ပေးလိုက်တာပေါ့…ကိုဥာဏ်လင်း ခင်ဗျားကို မကာကွယ်ပေးနိုင်ခဲ့တာ ကျုပ်ကို ခွင်လွတ်ပေးပါ´
ဦးအောင်ကြီးနှင့် လက်မရွှံ့လှမင်းတို့နှစ်ယောက်သား ရင်းရင်းနှီးနှီးပြောကြသည်ကို ထီးလေးနဲ့မျှားလေး ကြောင်တောင်တောင် ကြည့်နေရင်း ဦးအောင်ကြီး အနားသို့ကပ်လာခါ
`ဦး…ဦးကြီး…လှ…လှမင်းက လူဆိုးမဟုတ်ဘူးလား…ခင်မမ လူပဲလေ သူကိုပါ သတ်လေ…´
ထိုသို့ပြောချိန်မှာ လက်မရွှံ့လှမင်းက ရီလိုက်ပြီး
`ဘယ်ကသာဗျာ…ကျုပ်က ဣစ္ဆာသယ ဆရာ ဦးအောင်ကြီးရဲ့သားတပည့် တစ်ယောက်ဗျ…ကျုပ်မိသားစုကို သတ်သွားတဲ့ခင်မမကို လက်စားချေချင်လို့ဆရာကြီးအကြံပေးတဲ့အတိုင်း ခင်မမအနားမှာ အနီးကပ်နေလို့ရအောင် ဟန်ဆောင်ထားတာ…´
`ဗျာ…´
`ဟူတ်တယ်…ဒကာလေး…ဘုန်းကြီး ဒကာလေးတို့ကို အစတည်းက ပြောသားပဲ လက်မရွှံ့လှမင်းက လိမ်မာတဲ့လူငဟ်လေးတစ်ယောက်ပါလို့…ကဲ…အခုတော့ တွေ့ပြီ မဟုတ်လား…´
`ဟင်…ဒါ…ဒါဆို ကိုလှမင်းကို ကျုပ်လူမှားပြီး ခေါင်းကိုရိုက်မိလိုက်ပြီပေါ့…ကျုပ်…ကျုပ်တောင်းပန်ပါတယ်ဗျာ…ကျုပ်က ခင်မမဘက်က လူထင်ပြီး ကျုပ်သူငယ်ချင်း ငါးလေးကို သတ်မယ်ထင်လို့ ရိုက်လိုက်မိတာပါဗျာ…´
`ဟာဗျာ…ရပါတယ်ဗျာ တောင်းပန်စရာ မလိုပါဘူး…ခင်ဗျားလက်သံက တယ်ပြင်းတာကို…´
လှမင်းက သဘောထားကြီးစွာ ပြောနေသည်ကို ထီးလေး လေးစားနေမိတော့သည်။
`ဟိုမှာ…ခင်ဗျား သူငယ်ချင်းတွေကို သွားကြည့်လိုက်ဦး သူတို့ဘာမှ မဖြစ်လောက်ပါဘူး…ပွန်းရုံ ပဲ့ရုံလောက်ပဲ ရှိမှာ…အဲ့…ဒါပေမယ့် ဟိုမှာ ကိုတန်ခိုးကြီးတစ်ယောက်တော့ တော်တော် အထိနာထားတယ်…´

မြေပေါ်မှ လဲကျနေသော ငါးလေး လမ်းလေးနှင့် တန်ခိုးတို့သုံးယောက်ကို ဦးအောင်ကြီးတို့အားလုံး သတိရအောင် လုပ်ရင်း အကြောင်းဆုံ ရှင်းပြလိုက်တော့
`ဟင်…ကို…ကိုလှမင်း ကျုပ် …ကျုပ် သဘောမပေါက်ပဲ …ကိုလှမင်းကို ပြန်တိုက်ခိုက်မိလိုက်ပါတယ်ဗျာ…ကျုပ် …ကျုပ် သဘောပေါက်မလွယ်တာကို ကိုလှမင်း ခွင့်လွတ်ပေးပါဗျာ…´
`ဟာဗျာ…ကိုတန်ခိုးရာ…ခင်ဗျား ရွာကို စရောက်ပြီး ကျုပ်ကို ကန့်လန့်ပြောတည်းက ကိုထီးလေတို့အတွက် အရမ်းအားကိုးရမယ့် သူငယ်ချင်းတစ်ယောက်ဆိုတာ ကျုပ်သိလိုက်ရတယ်ဗျ…ရပါတယ်ဗျ ကျုပ်ကတောင် တောင်းပန်းရဦးမယ်…မိန်းမယုတ် ယုံအောင် ကိုတန်ခိုးကို နာကျင်အောင် လုပ်မိလို့လေ…´
`ဟာ…တောင်း…တောင်းပန်စရာ မလိုပါဘူး…ခင်ဗျားကြောင့် ဒီမိန်းမကို အနိုင်ရလိုက်တာပဲ…´
`ကိုလှမင်းက တကယ့်ကို သရုပ်ဆောင် ကောင်းလွန်းတယ်နော်…တိုက်ခိုက်နေတဲ့အချိန်တုန်းက ကျမလက်ထဲမှာသာ ဓားရှိနေရင် ကိုလှမင်းကို ထိုးမိမှာ…´
`အောင်မလေး…တော်သေးတာပေါ့…သရုပ်ဆောင် ကောင်းတာလဲ မပြောနဲ့လေဗျာ…ကျုပ်က ငယ်ငယ်တုန်းက ဓာတ်ရှင်(ရုပ်ရှင်) မင်းသား ဖြစ်ချင်ခဲ့တာ…ခင်ဗျားတို့ငါးယောက် ရွာကို စရောက်တည်းက ကျုပ်ဆရာနဲ့ ဘုန်းဘုန်းပြောပြထားလို့ ခင်ဗျားအကြောင်းတွေ အားလုံးသိပြီးပြီး´
`ဒီလိုကျတော့လဲ လက်မရွှံ့လှမင်းက ခင်ဖို့ကောင်းသားဗျ…´
`ဟာ…ဒါနဲ့…ကိုလှမင်း…ကျုပ်…ကျုပ်တို့ မိတ်ဆွေ ကိုအောင်ကို ခင်မမ သတ်လိုက်ပြီလား…ကိုလှမင်းသိလား…ကိုအောင် ဘယ်ရောက်သွားတာလဲ…ကိုလှမင်းသိရင် ကူညီပါ…´
`ဒီလိုဗျ…အဲ့နေ့က ခင်မမခိုင်းလို့ကျုပ် ဟိုဘက်ရွာကို မနက်တည်းက သွားလိုက်ရတယ်…သူနဲ့ခင်ဗျားတို့မိတ်ဆွေ ပညာပြိုင်တော့မယ်ဆိုတာ ကျုပ်သိလို့ ကူညီချင်ပေမယ့် ခင်မမခိုင်းလိုက်တဲ့ကိစ္စက တစ်နေကုန်လုပ်ရမယ့် ကိစ္စ ကျုပ်မသွားပဲ နေလိုက်မယ်ဆိုရင် သူ့လူမဟုတ်ဘူးဆိုတာ ပေါ်လွင်သွားမယ့် အချက်မို့ ကျုပ် ဟိုဘက်ရွာကို သွားလိုက်ရတယ်…အမှီပြန်လာပေမယ့် ရွာပြန်ရောက်တော့ ညမိုးချုပ်နေခဲ့ပြီ…ကျုပ်မမှီလိုက်ဘူး…ခင်မမ ခင်ဗျားတို့မိတ်ဆွေကို ဘာလုပ်လိုက်သလဲ ကျုပ် တကယ်မသိဘူး…´
`ဗျာ!…ကိုအောင်က ကျုပ်တို့သူငယ်ချင်းတွေ အပေါ်အကူညီ ပေးခဲ့ဘူးတယ်…ဒါပေမယ်ဗျာ သူ့အလှည့်ကျတော့ ကျုပ်တို့ဘာမှ ပြန်မကူညီပေးနိုင်ခဲ့တာ ကျွန်တော်တို့ ငါးယောက်စလုံး လိပ်ပြာမလုံသလိုပဲ ခံစားရတယ်…´
`ဘယ်တတ်နိုင်ပါ့မလဲ…ခင်ဗျားတို့မိတ်ဆွေ မိန်းမယုတ်ခင်မမ လက်ချက်ကြောင့် မသေသေးဘူးဆိုရင် တစ်ချိန်ချိန်တော့ ပြန်ဆုံကြဦးမှာပေါ့…ကျုပ်လဲ စိတ်မကောင်းပါဘူး…´

ငြိုးငယ်သော မျက်နှာထားဖြင့် လက်မရွှံ့လှမင်း ပြောနေလျက် ။ထိုအချိန်
`အော့…အား…´
`ဆ…ဆရာကြီး…ဘာ…ဘာဖြစ်တာလဲ…ဘာ…ဖြစ်လို့လဲ…´
ဣစ္ဆာသယ ဦးအောင်ကြီးမှာ ရုတ်တရက် သွေးများ အန်ပါလေတော့သည်။
`ငါ…ငါ့မှာ မှော်ဝင် ကျိန်စာတွေ ရှိနေသေးတယ်…မနက်ဖြန် နေဝင်လို့မှ မဖြေပေးနိုင်ရင် ကမ္ဘာအပေါ်ကနေ အပြီးအပိုင်း ပျောက်ကွယ်သွားရတော့မယ်…´
`ဒကာ…ဒကာအောင်ကြီး…သတိထားပါဦး…ဘုန်းကြီးတို့နဲ့အခုမှ ပြန်ဆုံရတုန်းရှိသေးတယ်…အားလုံးဝိုင်းပြီး…ဒကာအောင်ကြီးရဲ့ကျိန်စာပြေဖို့ကူညီမှာပေါ့…´
`ဟုတ်…ဟုတ်ပါတယ်…ဦးကြီးရာ…ကျုပ်တို့တွေလဲ အားလုံး တတ်နိုင်တဲ့ဘက်က ဝိုင်းကူမှာပါ…´
`ကျေး…ကျေးဇူးတင်ပါတယ် ကောင်လေးတို့ရာ…´
`လှမင်း…´
`ဗျာ…ဆရာကြီး…´
`ခင်မမ ရဲ့ မြေပုံအညွှန်းထားတဲ့ နေရာ မင်းသိလား…´
`သိ…သိတယ်…ဆရာကြီး…´
`အေး…အဲ့ဒါ ငါ့ကိုပေးစမ်း…´
လှမင်း အိမ်ပေါ်ကိုအပြေးတတ်သွားတယ်။ခဏအကြာ ခင်မမအိပ်ခန်းမှ ပြန်ထွက်လာပြီး ဝါးကျည်တောက်လေးတစ်ခုအား ဦးအောင်ကြီးကို ပြလိုက်ပြီး
`ဒါလား …ဆရာကြီး…´
လှမင်းပြရာ ဝါးကျည်တောက်လေးကို ဦးအောင်ကြီး ယူကာ ခေါက်ချလိုက်စဉ် နှစ်ကြာနေပြီ ဖြစ်တဲ့ ပေစာရွက် အလိပ်တစ်ခု ထွက်ချလာခဲ့တယ်။
`ခင်မမ ကျုပ်ကိုပြောဘူးတယ်…ဒီအညွှန်းတိုင်း သွားမယ်ဆို…ပဉ္စမမြောက် မှော်စွမ်အားတစ်ခုကို ရနိုင်တယ်…ပြီးတော့ တစ်လောကလုံးကို သူထိန်းချုပ်မယ်လို့ကြိမ်းဝါးပြောဘူးတယ်…´
`ဒါက…လွန်ခဲ့တဲ့အနှစ် ၂၀၀ ဝန်းကျင်က နိုင်ငံကျော် စာရေးဆရာကြီး ရေးခဲ့တဲ့ပေစာပဲ…´
`အထဲမှာ ဘာတွေ ရေးထားလဲ…ဦးကြီး…´
`ဒါတော့ မသိဘူး…အခုဖွင်ဖတ်မယ်´
ပြောဆိုကာ ပေစာအလိပ်အား ဦးအောင်ကြီး ဖြီလိုက်တယ်။
`ဟင်…စာတွေကလဲ…ဗမာစာလဲ မဟုတ်ပါလား…´
`အေးကွ…ဒါရှေးခေတ် မွန်စာနဲ့ဗျူစာတွေပဲ…´
`ဦးကြီး ဖတ်တတ်လား…´
`အားလုံးကို ဖတ်ပြမယ်…နားထောင်…´

တစ်ပေခွဲခန့်ရှိသည့် စာလိပ်ကိုဖြီခါ ဦးအောင်ကြီး အားလုံးကြားအောင် ဖတ်နေတော့သည်။

ကျွန်ုပ်သည် ကျိန်စာသင့်ထားသော မှော်ဝင် နိုင်ငံခြားရာဇဝင်ကို ဖတ်မိခဲ့ပါသည်။ ထိုကြောင့် ၎င်းကျိန်စာကြောင့် ကျွန်ပ်၏အသက်နှင့် ဘဝအား ပျက်စီးတော့ပါမည် ။ ဤကျိန်စာများကို ပြေပျောက်စေရန် အလိုငှာ အနောက်ရိုးမတောကြီးအတွင်းမှ ကျွန်ုပ်သွားစဉ်က ကျွန်ုပ်ရေးသား ထွင်းထားသော စာညွှန်းများအတိုင်း သွားကာ ပဉ္စမမြောက် လူစွမ်ကောင်းဖြစ်လာမည့် မင်းသားလေးအား ကယ်တင်ပြီး လွတ်ရာသို့ ပြေးရာတွင် အိန္နိယနယ်နိမိတ်အတွင်းမှ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ရောက်ရှိခါပုန်းအောင်း ခိုနေခဲ့သော အထိမ်းငယ်လေးရှိသည့် အနောက်ရိုးမတော ဂူမှ ပဉ္စမမြောက် မင်းသားလေး၏ ကျောက်ဖြစ်နေသော ရုပ်ကြွင်းအား ထိုဂူ၌ရှာပြီး ပင်လယ်အတွင်းသို့မျောပေးခြင်းဖြင့် သင်၌ သင့်နေသော ကျိန်စာများ ပြေပျောက်ခါ အသက်ရာကျော် ရှည်စေသတည်း ။

`ဦးကြီး ဖတ်ပြတဲ့စာကို ကျုပ်တို့ သိပ်မရှင်းဘူး…ဦးကြီးရော ရှင်းရှင်းလင်းလင်း သိရဲ့လား…´
`သူဆိုလိုတဲ့အဓိပ္ပာယ်က မင်းသားလေးကို ကာကွယ်ရင်း အထိမ်းငယ်က နှစ်နိုင်ငံနယ်မိတ်စပ်ကို ရောက်လာခဲ့တယ်…နောက် မြန်မာနိုင်ငံ နယ်စပ်က ရိုးမတောထဲမှာရှိတဲ့ ဂူထဲမှာ ပုန်းအောင်းနေရင်း အထိမ်းတော်ငယ် အသက်ဆုံးခဲ့ရတယ်။ မင်းသားလေးကတော့ အသက်သေသွားပေမယ့် သူခန္ဓာကိုယ်ဟာ ကျောက်ဖြစ်နေခဲ့တယ်…ဒီစာကိုရေးခဲ့သူက ကျိန်စာဖြေဖို့သွားပေမယ့် ကျိန်စာရဲ့ခွင့်ပြုထားတဲ့ရက် ကျော်လွန်သွားလို့ ဒီစာလေးပဲ ရေးသွားနိုင်ခဲ့တယ်…နောက် မှော်ဝင်စာအုပ် ပြန်ပေါ်လာပြီး ဖတ်မိတဲ့လူတွေ ကျိန်စာသင့်တဲ့အခါ ကျိန်စာဖြေချင်ရင် ဖြေလို့ရအောင် သေတမ်းစာ ရေးပေးခဲ့တာပဲ ကျောက်ဖြစ်နေတဲ့ မင်းသားလေးရဲ့ရုပ်အလောင်းကို သတ်မှတ်ချိန်အတွင်း ပင်လယ်ထဲ မျောပေးနိုင်ရင် ကျိန်စာတွေ ပြေလိမ့်မယ်တဲ့…´
`ဒါဆို…ဆရာကြီး ကျုပ်တို့ဘယ်ချိန်သွားကြမလဲ…´
`ဒကာ…နေဝင်တော့မယ်…မနက်ဖြန် နေမဝင်ခင် ဂူကိုတွေ့မှ ဖြစ်မယ်…ဒီတော့ ညတွင်းချင်းပဲ အနောက်ရိုးမတောထဲ ဝင်မယ်…´
`ဟုတ်တယ်…ဦးကြီး အချိန် သိပ်မရှိဘူး…ကျုပ်တို့အခုပဲ သွားကြမယ်…´
`ကောင်းပြီး…ဒါဆို လှမင်း လိုအပ်တာတွေ ပြင်ထားလိုက်တော့…´
`ဟုတ်ကဲ့…ဆရာကြီး…´

အနောက်ရိုးမတောတွင် မည်သည့် အန္တရယ်များ ရှိနေနိုင်မည်ဆိုတာကို မည်သူမှ ကြိုမသိနိုင်ခဲ့ချေ။ အားလုံး ခင်မမနှင့် တိုက်ခိုက်ထားသော ဒဏ်ရာများကို မေ့ထားပြီး အနောက်ရိုးမတောထဲသို့ဝင်ရန်သာ ပြင်ဆင်ကြေတော့သည်။               ။

****************************
ဇာတ်သိမ်းပိုင်းတွင် ဆက်လက် ဖတ်ရှု့ပါရန် ။    ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages