အပိုင်း ၄ တစ္ဆေတို့၏ စာမျက်နှာ - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း ၄ တစ္ဆေတို့၏ စာမျက်နှာ

Share This
အပိုင်း(၄)
တစ္ဆေတို့၏ စာမျက်နှာ

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                     လိုက်သူများနှင့်
             တစ္ဆေတို့၏ စာမျက်နှာ

စာရေးသူ -ထီးကလေး၊

ဘုန်းကြီး အပါဝင် ကျွန်တော်တို့အားလုံးရဲ့ရှာနေသူက တစ်ယောက်တည်းပင် ။ အားလုံး ဘာပြောရမှန်း မသိတော့ပဲ ငြိမ်ကျသွားခဲ့လေတော့သည်။

*****************************



ကျေးရွာ သဘာဝအလှ မနက်ခင်းလေးဟာ မြို့ပြနှင့်တော့ တစ်ခြားစီ ကျေးငှက်များရဲ့ သီကြူးနေကြသည်ကလဲ ကဗျာဆန်နေလှသည်။ကိုအောင် အရင်နိုးနေပြီး တရားထိုင်နေသည်ကို တွေ့လိုက်ရတယ်။ အားလုံးတစ်ယောက်ချင်း နိုးလာပြီး ငါးလေးက
`ထီးလေး …ငါအိမ်ကို ဖုန်းဆက်ဦးမယ်´
`အေး ဆက်လေ…´
`ဆက်မနေနဲ့ငါးလေး ငါမနေ့ညနေတည်းက ဆက်နေတာ ဆက်လို့မရဘူး…´
`ဟုတ်တယ်…ဒီဘက်က ကွင်းပြင်တွေချည်း မင်းတို့တွေ့တဲ့အတိုင်းပဲလေ တို့လာတုန်းက ကားပေါ်ကနေ ကြည့်တာ ဘယ်မှာ ဖုန်းတိုင်တွေ ထောင်ထားတာ ရှိလို့လဲ…´
`တိုးတိုးပြောကြစမ်းပါဟ …ဟိုမှာ ကိုအောင် တရားထိုင်နေတယ်…ဘုရား မသိ တရား မသိတဲ့ကောင်တွေရဲ့…´
`အောင်မာ ငါတို့များပြောသေး မင်းကရော´
`တူတူပဲလို့…´
`နောက်မနေကြပါနဲ့ ဦးအောင်ကြီကို ဘယ်မှာ ရှာမလဲသာ စဉ်းစား´
`ဟုတ်တယ်…အခုလောက်ဆို ငါ့အဖေ သက်မှ သက်သာရဲ့လား မသိဘူး´
`ဖုန်းဆက်လို့ကလဲ မရတော့ ခက်နေတယ်´
`ငါတို့ကိုအောင် တရားထိုင်ပြီးတာနဲ့ ရွာထဲ တစ်ချက်လောက် လျောက်ကြည့်ရအောင်…´
`ဟာ…ဖြစ်ပါ့မလား…´
`ဖြစ်ပါတယ်ဟ…ဦးဇင်းကို အရင် လျောက်ပြီးမှ လည်ကြတာပေါ့ ´
`အော် ကိုအောင် တရားထိုင်ရတာ အဆင်ပြေရဲ့လား…´
`ပြေပါတယ်ဗျ အရှေ့မှာ ဘုရားစင် မရှိပေမယ့် နှလုံးသားထဲမှာ ဘုရားရှိနေတာပဲလေ…ပြေပါတယ်…´
`သိပ်ကောင်းလိုက်တဲ့စကားပါပဲ…´
`ဒါနဲ့ ခင်ဗျားတို့ဘာတွေ တိုင်ပင်နေကြတာတုန်း´
`ရွာထဲ ခဏလိုက်ကြည့်ရင် ကောင်းမလား တိုင်ပင်နေကြတာ…´
`ကိုအောင် သဘောကရော…´
`ကျုပ် သဘောကလဲ ခင်ဗျား တို့သဘောပါပဲဗျာ…´

အားလုံးတိုင်ပင်လိုက်ကြပြီး ဦးဇင်းကို လျောက်ဖို့ ကျောင်းနားကပ်လာတော့
`ဘုန်းကြီး ရှင့်ကျောင်းမှာ လူစိမ်းတွေ ရောက်နေတယ်ဆို…´
`ဟုတ်ပါတယ် ဒကာမလေး…´
`ဘယ်ကဟာတွေလဲ…´
`သူတို့က ရန်ကုန်က ဦးဇင်းတူလေးရဲ့ သူငယ်ချင်းတွေပါ ဒီရွာမှာ သာယာတယ်ဆိုလို့ အလည်လိုက်လာကြတာ…´
`ရှင့် လူတွေကို လူတာဝန်ယူပါ…တစ်ခုခု စပ်စုသလိုလို လေ့လာသလိုလို လုပ်ရင် ကျွန်မအကြောင်းကို ရှင်သိတယ်နော်´
`သိ…သိပါတယ် ဒကာမလေး…´
`ကောင်းပြီ ဒါဆို ဦးတွကြီး ရှင့်ဆီပြန်လာရင် ကျမဆီလွှတ်လိုက်ဦး´
`ကောင်းပါပြီ…´
`ဒါဆို ကျမ သွားမယ်…´

ခတ်ထန်လှတဲ့ မိန်းမအသံ ဘုန်းကြီးကိုများ ရှင်နဲ့ကျွန်မလို့ပြောနေလျက်။ အားလုံး ကျောင်းအနောက်မှာ ခိုးပြီး နားထောင်နေခဲ့တယ်။ ဒီမိန်းမ ပြန်သွားတော့မှ ဦးဇင်းကျောင်းပေါ်တတ်သွားပြီး
`ဘုန်းဘုန်း ဘုရား အခုန မိန်းမက တော်တော်လေး ရိုင်းပြပါလား ဘုရား ဘယ်ကပါလိမ့်…´
`ဘယ်သူရှိရမတုန်း ဒကာတိုရယ် ဟိုခင်မမပေါ့…ဒကာတို့လဲ သူပြောသွားတာ ကြားပြီးလောက်ရောပေါ့…´
`တင်ပါ့ဘုရား…ကြားလိုက်ရပါတယ်…´
`ကဲကဲ ကောင်းပြီး ဒါဆို ဘုန်းကြီး တရားထိုင်လိုက်ဦးမယ်…မနက်စောစော ဘုန်းကြီးဆီ ဒကာတို့ ရောက်လာတယ်ဆိုတော့ ဘာများ လျောက်မလို့တုန်း…´
`တင်ပါ့ ဘုရား တပည့်တော်တို့ ရွာထဲ လိုက်ကြည့်မလို့ပါ ဘုရား…´
`ဟေး…သတိနဲ့သွားကြနော် အခုန ပြောသွားတာတွေ ကြားကြတယ်မဟုတ်လား…အဲ့မိန်းမကို ဘုန်းကြီးလဲ မယဉ်နိုင်ဘူး…ဒကာတို့ကိုယ်နဲ့မဆိုင်တာတွေ သွားပြီး ဝင်မပါကြနဲ့နော် ကြားလား…´
`စိတ်ချပါ ဘုရား…တပည့်တော်တို့ ဘုန်းဘုန်းစကားကို နားထောင်ပါ့မယ်´
`ကောင်းပြီ ကောင်ပြီ ရွာတောင်းပိုင်းမှာ ကာကာဆိုင် တစ်ဆိုင်ရှိတယ် အဲ့မှာ ဒကာတို့ရန်ကုန်ကလိုပဲ လက်ဘက်ရည် ကော်ဖီရတယ် ´
`တင်ပါ့ဘုရား…ပြောပြပေးတာ ကျေးဇူးတင်ပါတယ်…တပည့်တော်တို့ကို ခွင့်ပြုပါဦး…´

အားလုံး ဦးဇင်းကို နှုတ်ဆတ်ကန်တော့ပြီး ရွာတောင်းပိုင်းသို့ ဦးတည်နေတော့သည်။ တစ်ခြံနှင့် တစ်ခြံဝေးကွာလှတယ်။ လူဦးရေကလဲ နည်းမယ့် ယောနယ်က ရွာလေးပါ။ ဦးဇင်းညွှန်ပေးလိုက်သော ကာကာဆိုင်လေးကို အဝေးမှလှမ်းမြင်လိုက်ရတော့  ကော်ဖီ ကြိုက်တတ်တဲ့ထီးလေးတို့အားလုံးတို့အတွက် အကြိုက်ပေါ့။ ကာကာဆိုင်လေးကို ဝင်လာခဲ့တယ်။ဆိုင်ထဲမှာ ရွာသား ၃ ၄ဝိုင်းတော့ ရှိနေခဲ့တယ်။ အားလုံး လွတ်နေသော ဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။ ကိုယ်စီ လိုအပ်တာတွေ မှာပြီး သောက်နေစဉ်
`ထီးလေး…ဟို ဦးလေးကြီးက ရေထမ်းသမား ဦးကြီး မဟုတ်လား´
`မျက်နှာမှာလဲ ယောင်ကိုင်းနေတယ် မနေ့က ဝိုင်းရိုက်တာ ခံထားရတာပဲ´
`သူက ဒီဆိုင်မှာလဲ စားပွဲထိုး လုပ်တာပဲလား မသိဘူး…´
`ဟေ့ဟေ့ နင်တို့ကို ဦးဇင်းဘာမှာလိုက်သလဲ ကိုယ်နဲ့ မဆိုင်တာတွေ မစပ်စုပါနဲ့လို့ မှာလိုက်တယ်နော်…´
`ဟုတ်တယ် ဟုတ်တယ် ဦးဇင်း စကားကို နားထောင်မှ ဖြစ်မယ် ´

ဘာမှ ဆက်မပြောတော့ပဲ ရေထန်းသမား ဦးလေးကြီးကို မသိချင်ယောင် မျက်ကွယ်ပြုပြီး သာယာလှတဲ့ဒီဆိုင်လေးမှာ စိတ်ကြည်နူးစွာ ထိုင်နေတုန်း အာကောင်းမောင်းသန် လူတစ်စု ဆိုင်ထဲ ဝင်လာတယ်။ နောက် ကော်ဖီ မှာလိုက်တယ်။ လူက လေးယောက် ကော်ဖီ လေးခွက်မှာလိုက်တော့ စားပွဲထိုး ရေထမ်းသမား ဦးကြီး သူတို့မှာတာတွေ လာချပေးခဲ့တယ်။ ထိုအစဉ် ကော်ဖီ တစ်ခွက်မှာ ကံမကောင်းစွာနဲ့ပဲ ထိုသူတစ်ယောက်ပေါ်သို့ ဖိတ်ကျသွားတော့
`အား …ပူလိုက်တာ…´
`ဟာ…ဦး…ဦးလေး …မတော်တဆ ဖြစ်သွားလို့ပါ …တောင်း …တောင်းပန်ပါတယ်…´
`ဒီအဖိုးကြီး…ကဲကွာ…´
ခြေတုန် လက်တုနိဖြင့် ကော်ဖီလာချပေးသော ရေထမ်းသမားဦးကြီးကို ဒီလူက စောင့်တွန်းလိုက်တော့ ဦးလေးကြီး လဲကျသွားတယ်။ နောက် ပြန်ထခိုင်းလိုက်ပြီး ဦးလေးကြီးကို ဝိုင်းထိုးကြတော့ တန်ခိုးတစ်ယောက် ထိုင်ရာမှ ထိုင်မည် အလုပ် ထီးလေး ပုခုံးကို ဖိချလိုက်ပြီး မသွားဖို့တားလိုက်တယ်။ ဒီလောက် ထိုးနေသည်ကို မကျေနပ်နိုင်ပဲ ကော်ဖီဖိတ်ကမလား မေးခါ ဦးလေးကြီးလက်ကို ခြေထောက်ဖြင့် တတ်နင်းပြီး ဝိုင်းရီနေကြတော့ တန်ခိုးကို ဘယ်သူမှ တားမရတော့ပဲ ဦးလေးကြီးကို အနိုင်ကျင့်နေသော လူတစ်အုပ်ကို တန်ခိုး စတင် တိုက်ခိုက်ပါတော့တယ်။ ခလာတေး ခန်းဝင် ခန်းထွက် အောင်ထားသည့် တန်ခိုး အဖို့ ထိုသူလေးယောက်ကို မတိုက်ခိုက်ပဲ ရှောင်တိမ်းနေရုံဖြင့် ထိုလူတွေ တော်တော်လေး အထိနာနေတော့သည်။ တန်ခိုးကို မနိုင်တော့ ဆိုင်ထဲမှ ထိုလူလေးယောက် ခွေးပြေး ဝက်ပြေး ထွက်ပြေးသွားချေပြီး။ လဲကျနေသော ဦးလေးကြီးကို တန်ခိုး ဆွဲထူးလိုက်တယ်။နောက် အားလုံး ရှိရာသို့ သူကြည့်လိုက်ပြီး။ ခေါင်းငိုက်စိုက်ရောက်လာကာ
`ထီးလေး…ငါ…ငါမှားသွားလား´
နှုတ်ခမ်းကို စေ့လိုက်တယ်။ တန်ခိုးမျက်နှာကို သေချာကြည့်ပြီး ထီးလေးက
`မင်းမှားတယ်…ဒါပေမယ့် မင်းမှန်တယ်´
`ဟင်…´
`ဟုတ်တယ် သည်းမခံတာ မင်းမှားတယ်…သို့ပေမယ့် မင်းလုပ်ရက်က မှန်တယ်…´
သူတို့ပြောနေကြချိန် ဆိုင်ထဲသို့ပေပေတေတေ အသက် ၅၀ခန့်ရှိသည့် အရူးကြီး တစ်ယောက် ဝင်လာခါ
`သေကုန်ပြီ…အားလုံး သေကုန်ပြီ…ဟေး…သတ်ကြ…´
ခုန်ပေါက်ပြောဆိုပြီး ဆိုင်ထဲသို့အရောက် ထီးလေးတို့အားလုံးကို လှည့်ပတ်ကြည့်ပြီး
`မင်းတို့အားလုံးလဲ …သေတော့မယ်…သရဲတွေ…မင်းတို့ကို သရဲတွေ ကိုက်တော့မယ်…စုန်းတွေ…ပြုစားတော့မယ်…သေပြီ…သေပြီ…မင်းတို့တွေ သေပြီ…ဟား…ဟား…´

အားလုံးကို ဝိုင်းပတ်ပြီး ထိုအရူးကြီးက ပြောနေတော့ ပုန်းနေတဲ့ဆိုင်ရှင် ထွက်လာပြီး ထိုလူကြီးကို ဆိုင်ထဲမှ မောင်းထုတ်လိုက်တော့သည်။နောက် ထီးလေးတို့ဆီလာပြီး
`ခင်ဗျားတို့ ဒီရွာက မဟုတ်ဘူးနဲ့ထင်တယ်…ခင်ဗျားတို့တော့ အားလုံး ဒုက္ခရောက်ကုန်တော့မှာပါပဲ…အဲ့ကောင်တွေကို တစ်ရွာလုံးက မော်ကြည့်ရဲတာမဟုတ်ဘူး…အဲ့တာ ခင်မမဘေးက ခွေးတွေ …ခင်ဗျားတို့ ဒီရွာကနေ အမြန်ဆုံးထွက်သွားကြတော့…´
`ဟုတ်…ဟုတ်ကဲ့…´

ရေထမ်းသမားကြီးကို ခေါ်ပြီး ဆိုင်အပြင်သို့ ထွက်လာလိုက်တယ်။
`ဦးလေးက ဘယ်မှာ နေတာလဲ…ကျုပ်တို့ ဘယ်လိုက်ပို့ပေးရမလဲ…´
`ငါ့တူကြီးတို့ကို ဦးလေး ကျေးဇူးတင်ပါတယ်…ငါ့ကြောင့် မင်းတို့ ဒုက္ခရောက်ကြတော့မယ်…သူ့ကောင်တွေ အထိနာလို့ ခင်မမက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး…မင်းတို့ဒီရွာကနေ အခုချက်ချင်းထွက်သွားပါတော့…´
`ထွက်သွားလို့ မဖြစ်သေးဘူး ဦးကြီး ကျွန်တော်တို့ရှာနေတဲ့လူကို မတွေ့မချင်း ဒီရွာကနေ တစ်ဖဝါးမှ မခွာနိုင်ဘူး…´
`တယ်ခတ်ပါလား…ခင်မမကို ငါ့ဦးဇင်းတောင် မယဉ်နိုင်ဘူး…မင်းတို့ထွက်သွားပါတော့…´
`ဦးဇင်းဆိုတာ ဒီရွာက အရှင် ဇောတိကဆိုတဲ့ ဘုန်းဘုန်းကို ပြောတာလား…´
`အေး…ဟုတ်တယ် မင်းတို့က သိလို့လား…´
`ကျမတို့က အခု အဲ့ဘုန်းဘုန် ကျောင်းမှာ တည်နေတာ …´
`ဟင်…လာကြ လာကြ ဒါဆို အခု ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ဘုန်းကြီကို လျောက်ပြီး ဘာဆက်လုပ်ရမလဲ…မေးပြီး လုပ်သင့် လုပ်ထိုက်တာကို လုပ်မှ ဖြစ်မယ်…´

ဘုန်းကြီးကျောင်းတည်ရှိရာ ရွာအစွန်ကို အားလုံး အမြန်မြန်ပြန်လာခဲ့တယ်။ ဖြစ်ပျက်ခဲ့သမျှ အားလုံး ဘုန်းကြီးကို လျောက်တင်လိုက်တော့
`ဒကာတို့ကို ဦးဇင်း မှာလိုက်ရဲ့သားနဲ့အခုတော့ ဖြစ်ပြီ…ခင်မမသိသွားရင် မင်းတို့ဒီကနေ အရှင်ထွက် ထွက်ရမှာ မဟုတ်ဘူး…´
`ဦးကြီးကို အနိုင်ကျင့်နေတာ ကျွန်တော် မကြည့်ရက်တော့လို့ ဆုံးမလိုက်တာ…သွားပါပြီ အခုတော့ အားလုံး ကျွန်တော့ကြောင့် ဒုက္ခရောက်တော့မှာလား…မဖြစ်ဘူး…ထီးလေး ကိုအောင် မင်းတို့တွေ ဒီရွာကနေ အမြန်ဆုံးထွက်သွားတော့ ငါလုပ်တဲ့ပြသနာ ငါရှင်းမယ်…ငါပဲ ဖြစ်သမျှ ခံမယ်…မင်းတို့ကို အထိခိုက်မခံနိုင်ဘူး မင်းတို့သွားကြတော့…´
`မသွားဘူး ကိုတန်ခိုး…ထီးလေးနဲ့ကိုတန်ခိုးတို့သွားကြပါ ကျုပ် နေခဲ့မယ် ခင်မမကို ကျုပ်ရင်ဆိုင်မယ်…´
`ဟာ…ဘယ်ဖြစ်ပါ့မလဲ…ဒါဆို ဘယ်သူမှ မသွားဘူး…အားလုံး တူတူ ဖြစ်သမျှ ရင်ဆိုင်ကြတာပေါ့…´
`ဒကာတို့ ကံကောင်းပါစေလို့ဘုန်းကြီးဆုတောင်းပေးပါတယ်…ကဲ …အားလုံး အခု ကျောင်းပေါ်မှာ တတ်နေကြ…´

မှန်းစမရနိုင်သော အန္တရယ်ကြောင့် အားလုံး ဘုန်းကြီးကျောင်းထဲ ဝင်နေလိုက်တယ်။
`ကိုအောင် ကျွန်တော့်တို့တွေ့လိုက်တဲ့ အရူးကြီးက ဣစ္ဆာသယ ဦးအောင်ကြီးများ ဖြစ်နေမလား…´
`ကျုပ်လဲ သိပ်မသင်ကာဘူး…ဘုန်းဘုန်းကို မေးကြည့်လိုက်မယ်…´
`ဟုတ်တယ် အစ်ကို ဘုန်းဘုန်း သိလောက်မလား မသိဘူး…´

ကျောင်းဝန်းအတွင်းမှ ရေထမ်းသမားကြီးနှင့် အတူ ဘုန်းဘုန်းတို့လျောက်ယပ်ခတ်စွာ လျောက်နေလျက် ။ ခဏအကြာမှာ စိုးရိမ်ပူပန်နေသော မျက်နှာထားတို့ဖြင့် ကျောင်းပေါ်ပြန်တတ်လာပြီ
`ဒကာတို့ရေ ခင်မမမသိသေးတာလား သိရဲ့နဲ့မလာတာလား ဦးဇင်းတော့ မမှန်းတတ်တော့ဘူး…´
`ဟုတ်တယ်…ကောင်လေးတို့ မင်းတို့ဦးလေးကို ဝင်ကူညီတာတော့ ကျေးဇူးတင်မိတယ်…´
`ရပါတယ် ဦးကြီ…ကျွန်တော်တို့က မတရားတာ မြင်ရင် ကြည့်မနေတတ်လို့´
`အော် ဒါနဲ့ဦးကြီး ကာကာဆိုင်မှာ တွေ့လိုက်ရတဲ့ အရူးကြီးကို သိလား…´
`သိတယ်လေ…ရွာလည်မှာနေတာ နာမည်က ဥာဏ်လင်းတဲ့ အစကတော့ ဒီယောနယ်က နာမည်ကြီး အထက်လမ်းဆရာလို့ပဲ…ခင်မမနဲ့ပညာပြိုင်ရင်း ရှုံးပြီး ရူးသွားတာ…´
`မင်းတို့က ဘာလုပ်မလို့လဲ…´
`အော်…ဟို…ဟို ကျွနိတော်တို့ရှာနေတဲ့ ဣစ္ဆာသယ ဦးအောင်ကြီးများ ဖြစ်နေမလားလို့…´
`ဒါနဲ့ ဦးကြီးက ရေထမ်းမရောင်းတော့ဘူး…´
`ငါက အလုပ်ပေါင်းဆုံ လုပ်တာ ရေထမ်းရောင်းပြီးရင် ရွာထဲက အိမ်တွေမှာ တောက်တိုမရလိုက်လုပ်ပြီး…အသက်မွေးနေတာပဲ…´
`ဦးကြီးကလဲ ဣစ္ဆာသယ ဦးအောင်ကြီကိုရှာနေတာပဲလား´
`ဟေး…ဟား…ဟား…ငါက သူ့ကို ရှာပြီး ဘာလုပ်ရမှာတုန်းကွ…မင်းတို့လဲ သူကို ရှာနေတာဆို ဒီရွာမှာ အချိန်ကုန်ခံ မနေနဲ့တော့ ပြန်ကြတော့ သူက အလကားပါကွာ စုန်းမ ခင်မမကိုတောင် မနိုင်လို့ရူးပြီး သေသလား ရှင်သလား မသိဖြစ်နေတာ…မင်းတို့အားကိုးပြီး ရှာမနေနဲ့တော့ အလကား သောက်သုံးမကျတဲ့လူကြီး…´
`အဲ့လိုတော့ မပြောပါနဲ့ဗျာ သူက ကျုပ်ဆရာထက် ပညာ အရမ်းတော်တယ်လို့ ဆရာက ကျုပ်ကို ပြောဘူးတယ်..´
`ဟေး…ဟုတ်လား…ဟား…ဟား…ဒါနဲ့ ရွာထိပ်မှာ တွေ့တုန်းက မင်းမပါပါဘူး…မင်းတို့က တူတူလာကြတာပဲလား…´
`မဟုတ်ဘူး…ကျုပ်တို့က မိတ်ဆွေအရင်းကြီးတွေ ဒီရွာရောက်မှ ပြန်ဆုံကြတာ…ပြီးတော့ ရည်ရွယ်ချက်ခြင်းကလဲ အတူတူပဲ ဖြစ်နေတယ်…´
`ဒါဆို မင်းကလဲ…´
`ဟုတ်တယ်…ကျုပ်လဲ ဣစ္ဆာသယ ဦးအောင်ကြီးကို လာရှာတာပဲ…´
`ဟေး…ဟား…ဟား…´´

ကိုအောင် ပြောနေသည်ကို ထိုလူကြီးက ဟားတိုက်ခါ ရီနေလျက် ။ ထိုအချိန် ခြံရှေ့မှ လူတစ်ယောက်ရောက်လာပြီး

`ဘုန်းကြီး…ဗျို့…ဘုန်းကြီး…´
`ဘယ်သူလဲ…´
`ကျုပ် လှမင်းပဲ…´
`ဟေး…ဝင်ခဲ့လေ မောင်လှမင်း…ဘာကိစ္စရှိလို့တုန်း…´
`ကိစ္စကတော့ ဒီရွာကို ရောက်လာတဲ့ သူစိမ်းတွေ အထဲမှာ ပညာသည် တစ်ယောက်ပါတယ်လို့ မမလေးက ပြောတယ်…အထက်လမ်းဆရာဆိုလားပဲ…အဲ့ဒါ ဘယ်သူလဲ…´
`ကျုပ်ပဲ…´

ထိုင်ရာမှ ကိုအောင် ထလိုက်ပြီး
`ခင်ဗျားလား…ဒါဆို နားထောင် မမလေးက မနက်ဖြန် နေထွက်တာနဲ့ရွာပြင်က သချိင်္ုင်းမှာ ခင်ဗျားနဲ့ ပညာပြိုင်မယ်…´
`ဟေ့လူ…ခင်ဗျား မမလေးကို ပြန်ပြောလိုက် ကျုပ်တို့ပညာက ပြိုင်ဖို့မဟုတ်ဘူး ခုနစ်ရက် သားသမီးတွေကို ကယ်တင်တဲ့ပညာ´
`ခင်ဗျား ဘာမှ အပိုတွေ ပြောမနေနဲ့…ကျုပ်ပြောတဲ့အတိုင်းလုပ် ဒါပဲ မနက်ဖြန် မနက် ခင်ဗျား ရွာပြင်က သချိုင်းကို အဖော်မပါပဲ တစ်ယောက်တည်း လာခဲ့ရမယ် ခင်ဗျား မလာရင် ခင်ဗျားတို့အားလုံး ဒုက္ခရောက်လိမ့်မယ်…ဒါပဲ ကျုပ်ပြန်မယ်…´

မျက်နှာထားကို တည်ထားလျက် လေသံက မာမာ ရှမ်းဘောင်းဘီ အရှည်ကို ဝတ်ထားပြီး ခါးမှာ ဓားတစ်ချောင်းထိုးထားသူက ရွာရောက်ရောက်ခြင်း အားလုံးကို ရိုင်းပြစွာ ဆက်ဆံလိုက်သော လက်မရွှံ့လှမြင့်က ကိုအောင့်ကို ပြောပြီး ကျောင်းပေါ်မှ ဆင်းသွားခဲ့တယ်။
`တောက်!…ရိုင်းလိုက်တဲ့ကောင်´
`ဒကာ စိတ်ကို ထိန်းပါ…ခင်မမအကြောင်း ဒကာမသိသေးပါဘူး…သူက ပြောရင် ပြောတဲ့အတိုငိးလုပ်တာ ဒကာသာ အကယ်၍ သူချိန်းတဲ့နေရာကို မသွားရင် ဘုန်းကြီးတို့အားလုံး ဒုက္ခရောက်ကြတော့မယ်.…´
`ဟင်…ဒါ…ဒါဆို ကိုအောင် ဘယ်လို လုပ်မလဲ…´
`မတတ်နိုင်ဘူး…မမျှားလေး သူက ဘယ်လောက် အစွမ်းထက်လို့ ဘုန်းဘုန်း အပါအဝင် တစ်ရွာလုံးက ဒီလောက် ကြောက်နေရတာလဲ… ကျုပ်သွားမယ်´
`ဖြစိပါ့မလား…အစ်ကိုအောင် ဖြစ်ပါ့မလား…´
`စိတ်ချပါ…ဆရာ့ဆီက ပညာတွေ အကုန်မရထားပေမယ့် ကိုယ်ခံလေးနဲ့တော့ ကာနိုင်မှာပါ…´
``ဟား…ဟား…´
ရုတ်တရက် ရေထမ်းသမားကြီးက ရီလိုက်တယ်
`ယောနယ်က နာမည်ကြီး ဆရာကြီး ဣစ္ဆာသယ ဦးအောင်ကြီးတောင် မနိုင်ခဲ့ဘူးနော် ကောင်လေး မင်းဖြစ်ပါ့မလား…´
`ဘယ်တတ်နိုင်မလဲဗျာ…ကျုပ်မှ မသွားရင် အားလုံး အတွက် အန္တရယ် ရှိတယ်ဆိုတာ ခင်ဗျားတို့အသိဆုံးပဲ…´
`အေးကွ…ငါတစ်ခုတော့ မှာချင်တယ်…ခင်မမက စုန်း ကဝေ အောက်လမ်း အပါအဝင် သူ့အဖေရဲ့သရဲရှစ်ကောင် ကြမ်းပါအောင်ထားတော့ သိပ်မယာများတယ်…မင်းတော်တော်လေးကို ဂရုစိုက်မှ ရမယ်…´
`ကျုပ် တစ်သက်သက်မှာ တစ်ခါမှ သရဲရှစ်ကောင် ကြမ်းဆိုတာ မကြားဖူးဘူး…အဲ့ဒါက ဘယ်လို ပညာမျိုးလဲ…´
`အေး…သရဲရှစ်ကောင် ကြမ်းဆိုတာ မင်းတစ်ယောက်တည်းကိုပဲ ကိုးသိန်း ကိုးသောင်း ကိုးရာ ကိုးဆယ် လောက် ပွားပစ်လိုက်လို့ရတယ်…´
`ဘယ်လို ပွားတာတုန်း …´
`မင်းနဲ့တစ်ပုံစံတည်း ပွားတာကို ပြောတာ ´
`ဟင် …ဒါဆိုဦးကြီး ကျွန်တော်တို့ကြုံခဲ့ရတဲ့
(တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                     လိုက်သူများနှင့်
            ရွာပျောက်ကြီး ရှာပုံတော်)
  တုန်းက သွေးမှော်ပညာလိုပဲလား…´
`သွေးမှော်ပညာကမှ သွေးရမှ တိုက်လို့ရတာ အခု သရဲရှစ်ကောင်ပညာက အမိန့်ပေးလိုက်တာနဲ့တင် ပွားပြီးပဲ…´
`ကိုအောင်…မသွားပါနဲ့လားဗျာ…ကျွန်တော်တို့စိုးရိမ်လို့ပါ…မသွားပါနဲ့လား…´
`ကျုပ်ကို စိတ်ချပါ ကိုထီးလေးတို့ ကျုပ် ခင်မမကို မနိုင် နိုင်အောင် တိုက်ပြီး ကိုထီးလေးတို့ဆီ နေမဝင်ပြန်လာခဲ့မယ်…ပြီးတော့မှ ခင်ဗျားတို့ကျိန်စာအတွက် ဦးအောင်ကြီးကို အားလုံး ဝိုင်းရှာကြတာပေါ့…´

နေဆောင်းနေခဲ့ပြီ မနက်ဖြန်အတွက် အားလုံး စိတ်ပူနေကြတယ်။ကိုအောင်ကတော့ အေးဆေး တည်ငြိမ်စွာ တရားသာ ထိုင်နေတော့တယ်။ တဲအောက်ကို ထီးလေး တစ်ယောက်တည်း ဆင်းလာခဲ့တယ်။ ကိုအောင့်အတွက် စိုးရိမ်ပူပန်မှု့များကလွဲလို့သူဘာမှ မတတ်နိုင်ချေ။  ရွာကို ရောက်လာတာ အခုဆို ၂ရက်ပြည့်တော့မယ်။ဖုန်းကလဲ ဆက်မရတာကြောင့် ရန်ကုန်က မိသားစု အခြေနေတွေနဲ့အားလုံး အဆက်သွယ် ပျက်နေခဲ့တယ်။ စိတ်ညစ်ညစ်ဖြင့် တဲနှင့် မနီး မဝေး အပင်ကြီးတစ်ပင်အောက်မှာ သူထိုင်ချလိုက်တယ်။ ဝင်လုနီးပါး ဖြစ်နေတဲ့နေမင်းကြီးကို မော့ကြည့်နေစဉ် ရုတ်တရက်

`ဝါးးးးးးးး……´
`အောင်မလေးဗျ…´
`ဟား…ဟား…ကောင်လေး မင်းကြောက်သွားတယ် မဟုတ်လား…ငါက လူပါကွ…သရဲမဟုတ်ပါဘူး…မင်းကို ကိုက်မစားပါဘူး…ဟား…ဟား…´

ကာကာဆိုင်မှာ ဆုံခဲ့ရသည့် အရူးကြီး ထီးလေးထိုင်နေသည့် အပင်ကြီးအောက်သို့ ရုတ်တရက် ရောက်လာခဲ့တယ်။
`ဟာဗျာ…ခင်ဗျားကလဲ လန့်လိုက်တာ…ဘာလုပ်မလို့ ကျုပ်ဆီကိုလာတာလဲ…´
`မင်းဆီကို လာတာ မဟုတ်ဘူး…မင်းက ငါ့ဆီကို လာတာ…´
`ဗျာ!…´
`ဟုတ်တယ်…ဒါက ငါ့နန်းတော် ငါစက်တော်ခေါ်တဲ့ နန်းတော်မှာ မင်းက လာထိုင်နေတာ…´

စိတ်ညစ်ညစ်ဖြင့် ထီးလေး ခေါင်းကုတ်လိုက်ပြီး ။ စိတ်ထဲမှ
      စိတ်ညစ်ပါတယ်ဆို ဒီအရူးက တစ်မျိုး
`မင်းစိတ်ထဲမှာ ငါ့ကို အရူးလို့ထင်နေတယ် မဟုတ်လား…´
`ဟင်…ကျုပ် …ကျုပ်စိတ်ထဲကဟာကို ခင်ဗျားက သိနိုင်လို့လား…´
`ရှုးတိုးတိုး…မင်းတစ်ယောက်တည်းကိုပဲ ငါပြောပြမယ်…မင်းဘယ်သူ့ကိုမှ အခု ငါပြောတဲ့အကြောင်းတွေကို လျောက်မပြောနဲ့ကြားလား…ဟိုနေ့က မင်းတို့ကာကာဆိုင်မှာ ရန်ဖြစ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး မင်းတို့အားလုံးကို ခင်မမ ဒုက္ခပေးမယ်လို့ ငါသိခဲ့ရတယ် သူဒုက္ခပေးရင် မင်းတို့သေတာတောင် မင်းတို့ဝိဥာဉ်ကို သူအလွတ်ပေးမှာ မဟုတ်ဘူး မင်းတို့သူ့ရန်ကို ကာကွယ်နိုင်မှ ဖြစ်လိမ့်မယ်  ငါကအရူးမဟုတ်ဘူး ရူးချင်ယောင် ဆောင်ထားတာ…ခင်မမရန်ကို ကာကွယ်ထားတာ တကယ်တော့ ခင်မမကို ဒီယောနယ်မှာ ယဉ်နိုင်သူ မပေါ်သေးဘူး…င့ါကိုလဲ ပညာပြိုင်မလို့စိန်ခေါ်ခဲ့တယ် ။ ဒါပေမယ့် သူ့ကို ငါမနိုင်ခဲ့ဘူး…ငါ့ပညာတွေ သူ့ကိုအပ်လိုက်ရတော့ ငါခဏရူးသွားခဲ့တယ်…နောက်တော့ငါပြန်ကောင်းလာတယ်…ပြန်ကောင်းလာရင် ခင်မမက ငါ့ကို သက်ပြီး ငါ့သွေးကိုသောက်မယ်…ပြီးရင် ငါ့ဝိဥာဉ်ကို သူအသုံးချမယ်ဆိုတာ ငါသိနေတယ်…အဲ့ဒါကြောင့် ဒီလိုပုံစံနေပြီး ရူးချင်ယောင်ဆောင် ခင်မမကို နိုင်မယ့် နည်းလမ်းရှာနေခဲ့တာ နှစ်တွေ ကြာနေခဲ့ပြီ…´
`ခင်…ခင်ဗျား…တ…တကယ် ပြောနေတာလား…´
`မင်းက နောင်တစ်ချိန်မှာ ဆဋ္ဌမအာရုံနဲ့လူစွမ်းကောင်း တစ်ယောက် ဖြစ်လာလိမ့်မယ့် မင်းလက္ခာဏာကို ငါတွေ့နေရတယ်…အဲ့တာကြောင့် မင်းကို ငါပြောပြတာ…´
`ဟင်…ကျုပ်က နှောင် တစ်ချိန်မှာ ဆဋ္ဌမအာရုံနဲ့လူစွမ်းကောင်း ဟုတ်လား…´
`ဟုတ်တယ်…ငါလဲ သမထကျင့်ပြီး အောင်နိုင်ခဲ့တဲ့လူတစ်ယောက်ပဲ…မင်းပါရမီကို ငါမြင်နိုင်တယ်…ဒါပေမယ့် ထားပါ နောင်တစ်ချိန်မှာ ဖြစ်လာမယ့် အရာကို ထားပြီး အခု ခင်မမကို နိုင်မယ့် နည်းလမ်း ငါတို့ပူးပေါင်းပြီး ရှာမှ ရမယ်…´
`ဒါနဲ့…ကျုပ် တစ်ခုမေးမယ်…ခင်ဗျား အမှန်တိုင်းဖြေပေး…´`မေးလေ …´
`ခင်ဗျားက ဣစ္ဆာသယ ဦးအောင်ကြီးလား´
`ဟေး…မဟုတ်ဘူး…ငါလဲ ကိုအောင်ကြီးကို တိတ်တဆိတ်ရှာနေတာပဲ သူ့ပညာနဲ့ငါ့ပညာ ပေါင်းလိုက်ရင် သရဲရှစ်ကောင် အောက်လမ်းပညာကို ယဉ်နိုင်လိမ့်မယ်…ကိုအောင်ကြီး ပျောက်မသွားခင် ငါသိလိုက်ရတာက ဣစ္ဆာသယ ဦးအောင်ကြီးဟာ ကျိန်စာသင့် မှော်ဝင်စာအုပ်ကို ဖတ်ပြီး ဘဝပျက်ခဲ့ရတာ…´
`ဘာ!…ဘယ်လို…ကျိန်စာသင့် မှော်ဝင်စာအုပ် ဟုတ်လား…´
`အေး…ဟုတ်တယ်…အဲ့စာအုပ်ကို ပြန်တွေ့မှ သူလဲ ကျိန်စာပြန်ဖြေနိုင်မှာ ဒါပေမယ့် အဲ့စာအုပ်ကို သူ့လူရုံတပည့်တစ်ယောက်က ခိုးသွားလို့ အစန ပျောက်သွားခဲ့တယ်…ကိုအောင်ကြီး တကယ်ဆို မရှုံးဘူး ခင်မမကို သူနိုင်တယ်…ဒါပေမယ့် မှော်ဝင်စာအုပ် ဖတ်ထားတဲ့အချိန်နဲ့တိုက်ဆိုင်နေတော့ သူလဲ ခင်မမနဲ့ပြိုင်တာ ရှုံးပြီး ရွာကနေ ပျောက်သွားခဲ့တယ်…အခုချိန်ထိ သူ့သတင်းကို မကြားတော့ဘူး…သေသလား…ရှင်သလားလဲ မသိဘူး…´
`ဟာ…ဟုတ်…ဟုတ်ပြီး …ကျွန်တော်မှာလဲ …ကျိန်စာ…´

စာအုပ်အကြောင်း ထီးလေး ပြောမည် အလုပ်မှာတော့
`ထီးလေးရေ…ဟေး…ထီးလေး…´
တန်ခိုးတို့အုပ်စု ထီးလေးကို မတွေ့သည်ကြောင့် လိုက်ရှာခါ အောခေါ်နေသံ ကြားတာကြောင့် ပြောလက်စ စကားကို ရပ်လိုက်ပြီး
`ဟေး…ငါဒီမှာ…´
`ဟာ…အဲ့မှာ ဘာလုပ်နေတာလဲ…မှောင်နေပြီ အခုပြန်လာခဲ့တော့…´
`နေ…နေဦး…ဒီ…ဒီမှာ…´
`ဟာ…ငါတို့လာခဲ့မယ်…´
`ဟင်…ဒီအရူးကြီးနဲ့ နင်ဘာလုပ်နေတာလဲ…´
`ဒီ…ဦး…ဦးကြီးက…´
ဦးကြီ မရူးကြောင်း ထီးလေး ပြောမည် အလုပ်မှာပဲ ဦးကြီးက
`ငါနန်းတော်ကို လာလည်ကြတာလား…ဟေး…ငယ်ကျွန်ကြီးတို့လာကြစမ်း ငါစက်တော်ခေါ်မယ်…ပါရမီရှင်လေး…ငါအမိန့်တော်တွေကို ဘယ်သူကိုမှ ပြန်မပြောနဲ့ကြားလား…ဟား…ဟား…အချိန်မတန်သေးဘူး…အခု စက်တော်ခေါ်တော့မယ်…ငယ်ကျွန်ကြီးတို့လာကြစမ်း…´
`လာပါဟာ…အရူးကြီး သူဖာသာနေပါစေ…လာပြန်လိုက်ခဲ့တော့ ကိုအောင်နဲ့တို့တွေ တိုင်ပင်စရာရှိသေးတယ်…´
`ပါရမီရှင်လေး…ငါကိုယ်တော်ရှင်မြတ် မိန့်ထားတာတွေကို မပြောမိစေနဲ့နော် ကြားလား…ငယ်ကျွန်းကြီးတွေ မသိစေနဲ့…´
`လာပါဟာ စိတ်ညစ်ကတည်း ဒီရူးကတစ်မျိုး…´
မျှားကလေးတို့်ခေါ်ရာသို့ ကြောင်တောင်တောင်ဖြစ် ထီးလေး ပြန်ပါသွားခဲ့တယ်။ ဘုန်းကြီးကျောင်းပေါ်ရောက်တော့ ဦးဇင်းနှင့်အတူ ရေထမ်းသမား ဦးကြီး ကိုအောင်တို့ စကားပြောနေသည်ကိုတွေ့လိုက်ရတယ်။
`ကိုထီး…ဘယ်တွေ လျောက်သွားနေတာတုန်း ခင်ဗျားကို လိုက်ရှာနေတာ…´
`အဲ့…ဟိုး…ဟို…ဟိုအနောက်မှာ လေညင်းခံနေတာ …ကျွန်တော့ကို ပြောစရာ ရှိလို့လား…´
`ရှိတယ်ဗျ…ကျုပ်မနက်ဖြန် နေမဝင်ခင် ပြန်လာခဲ့မယ်…ကျုပ်ပြန်ရောက်လာမှပဲ ပျောက်နေတဲ့ဦးအောင်ကြီးကို ခင်ဗျားတို့သူငယ်ချင်းတွေနဲ့ဆက်ရှာကြတာပေါ့ …´
`ကျွန်တော်တို့စိတ်ချပါရစေ အစ်ကိုအောင် ခင်မမကို ကိုအောင် ယဉ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်…ကိုယ်အောင်က လူကောင်းပါ နတ်ကောင်း နတ်မြတ်တွေ စောင့်လျောက်ပါလိမ့်မယ်…´
`စိတ်ချပါ ကိုထီး…ကိုထီးလေးတို့လဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ…´´
``ကိုအောင် အကယ်၍များ အဲ့ဒီ့ ခင်မမဆိုတဲ့မိန်းမကို မနိုင်ခဲ့ရင် ဘာဖြစ်နိုင်လဲဟင်…ဦးကြီး…´
`အွန်း…အရှေ့ကသူတွေအတိုင်းပဲ ဖြစ်လိမ့်မယ်ထင်တယ်…´
`ဟင်!…´
`ဗျာ…ကို…ကိုအောင် ပြန်ဆုံတာဖြစ် မကြာသေးဘူးဗျာ…ကိုအောင် ကျွန်တောတို့စိတ်ချပါရစေ …´
`စိတ်ချပါဗျာ…ကျုပ်နဲ့ခင်ဗျားတို့အားလုံးက ကံရှိနေသေးလို့အခုလို မထင်မှတ်ပဲ ပြန်ဆုံကြတာလေ…ကျုပ်အတွက် စိတ်ချ ဟုတ်ပြီလား…အခုတော့ အိပ်လိုက်ကြတော့ မနက်ဖြန် နေမဝင်ခင် ကျုပ် ခင်ဗျားတို့ဆီကို အရောက်ပြန်လာခဲ့မယ်…ကျုပ်တို့ညနေစာ တူတူ စားကြတာပေါ့ဗျာ…´

*****************************
အပိုင်း (၅)တွင် ဆက်လက် ဖတ်ရှု့ပါရန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages