သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ
စာရေးသူ - ထီးကလေး
(၂)
အရွယ်ရောက်လာသည့် ခင်ဝါဟာ ရုပ်စင်း အင်္ဂါမှာ အင်မတန်ချောမော ပြေပျစ်လှသည်။မိဘနှစ်ပါး ပြောင်းရွှေ့သွားသည့် ရွာလေးမှာ သူမအား တစ်ရွာလုံးတွင် အချောဆုံး အလှဆုံးဟု သတ်မှတ်ထားကာ မြင်သူတိုင်းက မျက်စိကျနေလောက်အောင် စွဲမက်ဖွယ်ကောင်းသည့် မိန်းကလေး တစ်ဦးပင် ဖြစ်လာတော့သည်။ ပြောင်းလာခါစ ဖြစ်သော ခင်ဝါတို့၏အတွင်းရေး မိသားစုအကြောင်းကိုတော့ တစ်ရွာလုံး မသိသေး။ ရွာကာလသားများကလဲ ခင်ဝါအား ပိုးပန်းကြ သို့သော် သူမဟာ မည်သူ့ကိုမှ အလေးနက်မထား ၄နှစ်သမီးအရွယ်မှ စပြီး မိဘနှစ်ပါးအား ဖေဖေ မေမေ ခေါ်ကာ နင် နဲ့ ငါ ဟု အသုံးနှုန်းကို သုံးနေခဲ့သည်မှာ ယခု အသက် ၂၀ ဝန်းကျင်အထိပါပဲ။ သူမ မိဘနှစ်ပါး ပြောင်းရွှေ့ခဲ့သည့် ရွာအသစ်မှာလည်း အပြင်ပန်း၌ အေးချမ်းသလိုနှင့် မမြင်နိုင်သည့် မှော် အတတ်ပညာများနှင့် အတူ စုန်း၊ ကဝေ၊ အောက်လမ်း အတတ်ပညာများလဲ ထိုရွာလေးတွင် တိုးတိတ်စွာ ရှိနေခဲ့တယ်။ ထိုရွာလေးတင်မက စောနယ် တစ်နယ်လုံး ဖိန့်ဖိန့်တုန်အောင် ကြောက်နေရသည့် ဦးလွန်းတင် ဆိုသော အောက်လမ်းဆရာကြီးကလဲ တစ်နယ်လုံးရှိ သင်္ချိုင်းများတွင် သုဘရာဇာများက တစ်ခါခါ တွေ့တွေ့နေရသည်ဟု ဆိုကြတယ်။ ဦးလွန်းတင်ဟာ စောနယ်၏ နာမည်ကြီး ဆေးဆရာတစ်ယောက်ဖြစ်ပြီး ရွာမှ အမှတ်မထင် ပျောက်သွားကာ အရှင်ထွက် ထွက်သည်ဟု အများကသတ်မှတ်ထားခဲ့သည်။ ခင်ဝါတို့မိသားစု ဒီရွာကို ပြောင်းလာသည့် နေ့မှစ၍ ထိုရွာလေးတွင် လူအသေပျောက်များလာပြီး တစ်ရွာလုံးက ရွာအား ကပ်ဘေးတစ်ခု စိုက်ရောက်နေသည်ဟု ထင်မှတ်ခါ နည်းနည်းအမျိုးမျိုးဖြင့် ကာကွယ်နေခဲ့ကြသည်။ တစ်ညမှာတော့ မီးမဖွားနိုင်ပဲ အသတ်ပါသေဆုံး သွားသည့် မီးနေသည် အလောင်းအား တူးဖော်ရန် အရက်မူးကာ လူသုံးယောက် သင်္ချိုင်းကုန်းကို ဦးတည်နေခဲ့တယ်။ ထိုသူသုံးယောက်မှာ ငွေပေးခိုင်းသောကြောင့် မကြောက်မရွှံ့ သင်္ချိုင်းတွင် အလောင်းအား တူးဖော်ရန် အရက်အလွန်ကျွန်သောက်ပြီး လာခဲ့တော့သည်။
`ဘယ်နေရာမှာ မြှုပ်ထားတာလဲ´
`ဟာကွာ…တိုးတိုးပြောစမ်းပါကွ…သုဘရာဇာကြီး သိသွားမှ အားလုံး ဒုက္ခရောက်ကုန်မယ်…ဘယ်နေရာလဲ ဆိုတာတော့ ငါလဲ မသိဘူး…မြေပုံအသစ်ပဲ နေမှာပေါ့…´
`မြေပုံအသစ်တွေက ၄ပုံတောင်…ဘဟ်မြေပုံလဲ…´
`ဟုတ်ပါ့…အဲ့ဒါမှ ဒုက္ခပဲ…ဘဟ်အပုံက မီးနေသည်ကို မြှုပ်ထားတဲ့ မြေပုံမှန်းလဲ မသိဘူး…´
`ဟာကွာ…ကြာပါတယ်ကွာ…မထူးဘူး…ခေါင်ပန်း လှန်လို့ကျတဲ့ မြေပုံပဲ တူးလိုက်ကွာ…အဓိက လက်ဖျံရိုး ရရင် ပြီးတာပဲ မဟုတ်လား´
`ဖြစ်ပါ့မလားကွ…´
`ဘာလို့ မဖြစ်ကမှာလဲ ငါတို့အလုပ်က အလောင်းကို တူးပြီး လက်ဖျံရိုး ယူပေးဖို့ပဲ…မီးနေသည် လက်ဖျံရိုး ဟုတ်တာ မဟုတ်တာ သူလဲ သိမှာ မဟုတ်ဘူး…အဲ့ဒီတော့ သုံးပုံမြောက်က မြေပုံကို ကြာတယ် တူးကွာ…´
`ဟေ့ယောင်တွေ ငါကြက်သီးတွေ ထနေတယ်…ဖြစ်ပါ့မလား…ငါကြောက်လာသလိုပဲ…´
`ဟာကွာ…ယောက်ျားမဟုတ်တဲ့အတိုင်းပဲ တူးမှာသာ တူးစမ်းပါ…ငါတို့ ကြောက်ပြီး လှည့်ပြန်သွားမယ်ဆိုလဲ…ပိုက်ဆံပြန်ပေးစရာ မရှိတော့ဘူး…ကုန်ပြီ…ကိုကိုကြီး အကြောင်းလဲ မင်းတို့သိတဲ့အတိုင်း သူခိုင်းတာ မအောင်မြင်ရင် ငါတို့ကို သတ်မှာ …တူးကွာ…အချိန်သိပ်မရှိဘူး…´
ကိုကိုကြီးဆိုသည်မှာ ထိုရွာလေး၏ ပညာတစ်ဦးဖြစ်ပြီး အနေထိုင်ပိရိ သူတစ်ယောက်ဖြစ်သည်။
ပေါက်တူးကိုယ်ဆီကိုင်ကာ မီးနေသည်အား မြှုပ်ထားသည့်ဟုထင်သော မြေပုံကို စတင်တူးဖော်နေတော့တယ်။ အချိန်ကြာကြာတူးပြီးသည့်နောက် မြေအောက်မှ အခေါင်းကို အပေါ်ဆွဲတင်လိုက်တယ်။ထိုနောက် ခေါင်းပိတ်ကို ဖွင့်လိုက်ပြီး အခေါင်းထဲမှ အလောင်းအား အပြင်ဘက်သို့ ထုတ်လိုက်လေတော့တယ်။ မနက်ကမှ မြှုပ်ထားသည့် အလောင်ဟာ လက်ဆက်နေတုန်းပါပဲ။ ခေါင်းပြင်အလောင်း ရောက်တော့ မူးမူးနဲ့အလောင်းကို ကြည့်လိုက်ပြီ
`ဟင်!…ယောက်ျားကြီးပါလား…ငါတို့တော့ မှားပြီ…´
`ဘယ်လို လုပ်ကြမလဲ…´
`ကြာပါတယ်ကွာ…အဲ့လက်ဖျံကိုပဲ ဖြတ်လိုက်မဟ်.…´
`ဟေ့ကောင် ဖြစ်ပါ့မလား…ယောက်ျားလက်နဲ့မိန်းမလက်က ဘဟ်လိုလုပ်တူမှာလဲ…´
`ဖြတ်မှာသား ဖြတ်စမ်းပါကွာ အလောင်းမြေထိပြီး ပွနေတာလို့ ပြောလိုက်တာပေါ့…´
ထိုသို့ပြောပြီး အလောင်း၏လက်ဖျံကို ပေါက်တူးဖြင့် ခုတ်ဖြတ်လိုက်တယ်။
`ရပြီ…ရပြီ…ဟာ…ဟိုးမှာကြည့်စမ်း ညကြီး အချိန်မတော် ဘယ်က မိန်းကလေးတစ်ယောက်ပါလိမ့်…´
သူတို့အထဲမှ တစ်ယောက်ညွှန်ပြလိုက်သော နေရာကို ကြည့်လိုက်တော့ ဖြူဝင်းနေသည့် အသားပိုင်ရှင်ဖြစ်ကာ ထမီယဉ်လျားထားသည်ကို သုံးယောက်စလုံး မျက်စိပွတ်သပ်ကြည့်လိုက်ပြီ
`ဟင်!…အဲ့…အဲ့ဒါ ငါတို့ရွာကို ပြောင်းလာတာ မကြာသေးတဲ့ ကောင်မလေးမဟုတ်လား…´
`ဟာကွာ…ဘယ်သူပဲဖြစ်ဖြစ် ငါတို့လဲ မိန်းမတွေနဲ့ မထိမတွေ့ရတာ ကြာပြီ သွားလိုက်ရအောင်…´
`ဟုတ်တယ်ကွ သူလဲ ငါတို့လိုပဲ အကြောင်းတစ်ခုခုရှိလို့ ဒီကို ရောက်လာတာပဲ ဖြစ်ရမယ်…ပြောနေတာကြာတယ်ကွာ…လာ…အားရပါရကြီး သွားပျော်လိုက်ကြရအောင်…´
လွန်ကျွန်စွာ မူးနေသည့် ထိုသူသုံးယောက်ဟာ သာမာန်မျှ စဉ်းစားစဉ်ချင်စိတ်ဖြင့် သူတို့တွေ့နေရသည့် မိန်းမဆီသို့ လုပ်လက်စ အလုပ်များ မေ့ထားလိုက်ပြီး ရမ္မက်စိတ်ဖြင့် အရောက်သွားနေတော့တယ်။ထိုမိန်းမဟာ ခါးကို ထောက်ထားလျက် သင်္ချိုင်းနောက်ဘက်သို့ မျက်နှာမူထားခဲ့တယ်။ ထိုသူ သုံးယောက် သူမအနားသို့ ရောက်သွားပြီး
`မိန်း…မိန်းကလေး…´
ခေါ်သံကို လှည့်မကြည့်တော့ သူတို့အထဲမှ တစ်ယောက်က သူမအား နောက်ကျောမှ လက်မောင်းကို ကိုင်ကာ အရှေ့ဆွဲလှည့်လိုက်တယ်။
`ဟင်!…´
အာမေဋိအသံ ထွက်ပေါ်လာကာ ထိုသူသုံးယောက်စလုံး မြေပြင်ပေါ်သို့ဖင်ထိုင်ရက် နောက်ပြန်လှဲကျသွားခဲ့ပြီး ကျင်ငယ်များ ပါလျက် မည်သည့်စကားမှ ပြန်မပြောနိုင်ပဲ ကြောင်တောင်တောင် ဖြစ်သွားခဲ့တယ်။ ထိုသူသုံးယောက် မြင်တွေ့လိုက်ရသည့် မျက်နှာဟာ မျက်လုံး မျက်ခုံး နှာတံ ပါးစမ် မပါပဲ ပြောင်ချောနေသည့် မျက်နှာတစ်ခု ။
`ဟား…ဟား…ဟား…ပီယဆေး ဖော်ချင်တဲ့ကောင်တွေ နင်တို့သုံးကောင်စလုံး ဒီသင်္ချိုင်းမှာ ငါအပိုင်စားပေးခဲ့မယ် ငါမရှိတုန်း နင်တို့ငါ့အစား ဒီသင်္ချိုင်းမှာပဲ နေပေးရမယ်…´
ထိုသို့ပြောကာ ထိုသူသုံးယောက်အရှေ့မှ ပျောက်ကွယ်သွားခဲ့တယ်။ မနက်မိုးလင်းတော့ ထိုသူသုံးယောက် ရွာထဲအဝင်လမ်းမှာပဲ မြွေကိုက်သေဆုံးနေသည်ကို တစ်ရွာလုံး တွေ့လိုက်ရတော့တယ်။ ထိုနေ့၌ ရွာရှိ ခင်ဝါ၏မျက်နှာမှာ ပြုံးပျော်ရွှင် ရယ်မောနေသည်ကို မိဘနှစ်ပါးတွေ့မြင်ရတယ်။ ထိုအချိန်မှာပဲ နှစ်အတန်ကြာ ပျောက်ကွယ်နေခဲ့သည့် အောက်လမ်းဆရာကြီး ဦးလွန်းတင် အမှတ်မထင် ထိုရွာလေးသို့ ပြန်ရောက်လာခဲ့တော့သည်။ တစ်ချိန်က ဆိုးသွမ်းခဲ့သော ဦးလွန်းတင်ကို တစ်ရွာလုံး သူပြန်ရောက်လာ၍ ကြောက်နေကြသော်လဲ ရွာသူ ရွာသားများထင်သလို တစ်ချိန်က အောက်လမ်း ဆရာကြီး ဦးလွန်းတင် မဟုတ်တော့ပဲ ယောဂီဝတ်ဆုံဖြင့် တောင်မွှေးတစ်ချောင်းကိုင်ခါ အေးဆေးတည်ငြိမ်သော ပဂ္ဂိုလ်တစ်ယောက် အဖြစ် ပြောင်းလဲ လာခဲ့တော့တယ်။ ထိုရွာလေးကိုပြန်ရောက်လာခဲ့ရသည့် အကြောင်းအား ရွာလူကြီးကို ပြောပြခဲ့တယ်။
`ကျုပ်ကို မရွံပါနဲ့တော့ လူကြီး ကျုပ်က အရင်ဆိုးသွမ်းခဲ့မိတာတွေအားလုံးကို နောင်တရပြီး အခု ခုနစ်ရက် သားသမီးတွေကို တစ်ဖန် ပြန်လည်ကယ်တင်ပေးချင်တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ။ ဒီရွာနီးခြောက်စပ်တွေ အားလုံးလဲ ကျုပ် တတ်နိုင်သလောက် လူတွေကို ကယ်တင်ပေးခဲ့ပြီးပါပြီ အခု ဒီရွာမှာ ကပ်ဘေး တစ်ခုစိုက်နေတာကို ကျုပ်သိရလို့ လာရခြင်းပါ…´
`ဟုတ်…ဟုတ်တယ်ဗျ ကျုပ်တို့ရွာမှာ တစ်ခါမှ ဒီလို ဆက်တိုက်လူသေတာ မဖြစ်ဖူးဘူး…မနက်ကပဲ ရွာထိပ်မှာ သုံးလောင်းပြိုင် ပိုးထိပြီး သေသွားပြန်ပြီ…ကိုလွန်းတင် ဒီကပ်ဘေးကို ကယ်တင်နိုင်ရင် ကယ်တင်ပေးပါ…´
`စိတ်ချပါ…ကျုပ် အားလုံး အတွက် ကူညီဖို့ရောက်လာတာပဲ ကူညီမှာပေါ့…´
သို့နှင့် ဦးလွန်းတင်ဟာ ထိုရွာလေး၏ ရွာဦးဘုရားမှာ နေထိုင်ခဲ့ပြီး တရားအမြဲထိုင်နေသည်ကို ရွာသားများက တွေ့တော့ သူ့အား အရင်လို မဟုတ်တော့ဘူးဆိုကာ တစ်ရွာလုံး ရွာအတွက် အားကိုးထားကြတော့သည်။ တစ်မနက်မှာပဲ ဦးလွန်းတင် တရားထိုင်နေသည်ကို မတွေ့တော့ ရွာလူကြီးနှင့်အတူ ရွာရှိလူများ ဘုးရားအပေါ်တတ်ရှာကြရာ့ ဦးလွန်းတင်တစ်ယောက် သွေးအိုင်ထဲတွင် သေဆုံးနေသည်ကို တွေ့လိုက်ရတော့သည်။ အလောင်းမှာ ဒဏ်ရာမတွေ့ပဲ သွေးပွက်ပွက်အန်ကာ သေဆုံးသွားခြင်းပင်ဖြစ်သည်။ ဘေးမှာလဲ သူမသေဆုံးခင် သွေးဖြင့်ရေးပေးခဲ့သည့် စာသုံးလုံးကို ရွာသူ ရွာသားများ ဖတ်ကြည့်လိုက်တော့
`မ ဖဲ ဝါ´
ထိုစာကို တွေ့လိုက်ပြီး တစ်ရွာလုံး သွေးပျက်မတတ် ထိတ်လန့်ကြောက်ရွှံ့ကုန်ကြပြီး။ ဦးလွန်းတင်ရဲ့သတင်းအား ဘေးပတ်ဝန်းကျင် ရွာနီးခြောက်စပ်တွင် စုံးစမ်းကြည့်တော့ သူဟာ အောက်လမ်းပညာသည် တော်တော်များနှင့် ပယောဂါ တော်တော်များကို ကုသပေးနိုင်ခဲ့သော ဆရာတစ်ဆူဟု သိလိုက်ရတော့သည်။ ထိုသူကတောင် ထိုရွာလေးမှာ သွေးပွက်ပွက်အန်သေခဲ့ရပြီး သွေးဖြင့်ရေးခဲ့သည့် စာလုံးအရ မဖဲဝါဖြင့် ထိတ်တိုက်တွေ့ကာ သေဆုံးသွားရသည်ဟု ကောက်ချက်ချက်ကာ တစ်ရွာလုံး အားကိုးရာ မဲ့နေကြတော့တယ်။
*****************************
ကျွန်ုပ်တို့၅ယောက်နှင့်အတူ အိမ်ပိုင်ရှင်ခြံတံခါးဖွင့်ပြီနောက် အိမ်မကြီးတံခါးကို ထပ်ဖွင့်လိုက်တယ်။
`ကျွိ…ကျွိ…´
တံခါးရဲ့ပါတ်တာများက အသံ ဆွဲဆွဲငင်ငင် ထွက်ပေါ်လာခဲ့တယ်။ ထိုနောက် အပေါက်ဝမှ မီးခလုတ်ကို အိမ်ပိုင်ရှင် အစ်ကိုကြီးဖွင့်လိုက်ပြီး ကျွန်ုပ်တို့နှင့်အတူ အိမ်မကြီးထဲသို့ ခြေစနင်းလိုက်တော့သည်။ အိမ်ထဲမှာတော့ မည်သည့် အတွင်းပစ္စည်းမှ မရှိဘဲ သန့်ရှင်းနေသည်ကို အားလုံးမြင်လိုက်ရတယ်။ အိမ်ထဲဝင်လိုက်သည် ဆိုရင်ပဲ အမွှေးနံ့သတ်တစ်ခုက အားလုံးရဲ့နှာခေါင်းထဲမှာ။
`ကိုကြီး…ရေမွှေးတွေ ဖျမ်းထားတာလား´
`ဟမ်…အမ်…အေးလေ ဘာဖြစ်လို့လဲ´
`အော်…ဘာမှ မဖြစ်ပါဘူး…မွှေးနေလို့´
`မင်းတို့ တစ်အိမ်လုံးကို လိုက်ကြည့်လိုက်ဦး…ကြိုက်တယ်ဆိုရင်…နှစ်ဦးနှစ်ဖက် ဒီမှာ စာချုပ် ချုပ်မယ်…´
`ကောင်းပြီး…ကျွန်တော်တို့ လိုက်ကြည့်လိုက်ဦးမယ်…´
ဆယ်ပေ ပေလေးဆယ် ဆောက်ထားသည့် ထိုအိမ်မှာ အိပ်ခန်း သုံးခန်း၊ နောက်ဖေးမီးချောင် ဧည့်ခန်း အားလုံး သတ်သတ်ရက်ရက် တွေ့ရတယ်။ အခန်းအားလုံးကို လိုက်စစ်ကြည့်တယ်။ တစ်ခန်းကို ၇ပေကျော်ကျော်မျှ ကျယ်ဝန်းပြီး ။ကျန်တစ်ခန်းက ၁၀ပေအခန်း နှစ်ယောက်အိပ်ခန်းဖြစ်ပုံရတယ်။ မီးဖိုချောင်မှာ သူ့နေရာသူ ပစ္စည်းထားဖို့ စနစ်တကျ လုပ်ထားတယ်။ ကျွန်ုပ်တို့အားလုံး လိုက်ကြည့်ပြီးတော့ ဘာမှ ပြောစရာမရှိလောက်အောင် အိမ်ကို နှစ်သတ်သွားကြတယ်။
`ကဲ…ဘယ်လိုတုန်း.…ကြိုက်ကြလား´
`ကြိုက်တယ်ဗျို့…ငွေကို တစ်ဝက်အရင်ချေမယ် ဖြစ်မလား အစ်ကိုကြီး…´
`ဟာကွာ…တစ်ခါတည်း ချေလိုက်ပါလား´
`မတတ်နိုင်သေးလို့ပေါ့ဗျ…အိမ်ကိုလဲ ကြိုက်တယ်…ကျန်တဲ့ငွေတစ်ဝက်ကို ဒီလကုန်မှ ချေမယ် ရမလား…´
`ဟူး…လုပ်ကွာ အဓိက အိမ်ရောင်းထွက်ဖို့ အရေးကြီးတယ်…´
ကျွန်ုပ်တို့စကားပြောနေစဉ်မှာပဲ အိမ်အနောက်မှ ကျယ်လောင်သော အရာတစ်ခု ကျသည့်အသံကို ကြားလိုက်ရတယ်။ အိမ်ရှင် အစ်ကိုကြီးက ကျွန်ုပ်တို့အားလုံးရဲ့မျက်နှာကို ကြည့်လိုက်ပြီး အိမ်ဝယ်ပါ့မလား ဟူသည့်စိုးရိမ်စိတ်နှင့်အတူ ကျွန်ုပ်တို့အားလုံးကို တစ်စုံတစ်ခု ထိခိုက်မှာ စိုးရိမ်နေသော အမူယာဖြစ်
`သွာ…သွားကြည့်ကြမလား´
`ဟုတ်တယ်လေဗျ…သွားကြည့်ရမှာပေါ့…ဘာပြုတ်ကျလဲမှ မသိတာ…´
ပြောပြောဆိုဆို ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူ လမ်းကလေးတို့နှစ်ယောက် အသံကြားရာ နောက်ဖေးဘက်သို့ ဝင်သွားလိုက်တယ်။
`အော်…ကြောင် ခုန်ချတာပဲ…´
`နေဦးကွ…စဉ်းစားစရာပဲ ကြောင် ခုန်ကျတဲ့နေရာက မြေအမာ ကြားရတဲ့အသံက တော်တော်ကျယ်တယ်…´
`လာပါကွာ…အာရုံထဲ ထားမနေနဲ့အလကား ဒီလောက်လေးနဲ့…´
သိုနှင့် ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူ လမ်းလေးအား စကားလမ်းကြောင်းလွဲကာ အိမ်အရှေ့သို့ပြန်ထွက်လာခဲ့တဟ်။ စိုးရိမ်နေသော အိမ်ရှင် အစ်ကိုကြီးက
`ဘာ…ဘာ…ဘာဖြစ်တာလဲ…´
`အလကားပါဗျာ…ဘာမှ မဖြစ်ဘူး…ကဲ ကျွန်တော်တို့ပြောတဲ့အတိုင်း သဘောတူတယ်ဆိုရင်တော့ စာချုပ် ချုပ်လိုက်တော့မယ်…´
`တူ…တူပါတယ်ကွာ…´
ငွေတစ်ဝက်ချေပေးလိုက်တော့ အိမ်ပိုင်ရှင် အစ်ကိုကြီး ချက်ချင်းပါပဲ ထိုအိမ်ထဲမှ ခပ်သွက်သွက် ထွက်သွားခဲ့တဟ်။ အိမ်ထဲမှာတော့ ကျွန်ုပ်တို့ သူငယ်ချင်း ငါးယောက်တည်းသာ
`ကဲ…တန်ခိုးရေ…ငါးလေးကတော့ ဆယ်သိန်းပေးပြီးပြီ…ငါ တို့ပဲ ကျန်တော့တယ်…´
`ရပါတယ်ကွာ…အေးဆေးမှ ဖြည်းဖြည်းချင်းပေးပါကွ…အခု အိမ်အတွက် လိုအပ်တဲ့အသုံးဆောင်တွေကို မင်းတို့အိမ်မှာ ပိုနေတဲ့ ပစ္စည်းတွေယူပြီး နေရာချမယ်…´
`အိမ်ကတော့ ရှယ်ပဲ ဆယ်ပေဆိုပေမယ့် တော်တော်လေးတော့ ကျယ်သား…´
`ဒါပေါ့ကွ…ဒါကြောင့် ဒီလောက်ဈေးရတာ ငါလက်လွတ်မခံတာပေါ့…´
`မျှားလေး…နင် ဘာလို ငြိမ်နေတာလဲ…´
`ဟမ်…အော်…ငါ့စိတ်ထဲမှာ ငါ့တို့အနား တစ်ယောက်ယောက် ရောက်နေသလို ခံစားရတယ်…´
`ဟင်…ဟား…ဟား…ဘာဖြစ်လဲ ရောက်ပါလိမ့်စေပေါ့…´
`နင်ကလဲဟာ…စိတ်ထင်တာ နေမှာပါ…အဓိက ငါတို့ ဒီအိမ်မှာ သရဲခြောက်တယ်ဆိုတာကို စိတ်ထဲမေ့ထားလိုက် ပေါ့သွားလိမ့်မယ် …´`ကဲကောင်းပြီး…တစ်ခုတော့ ရှိတယ်…ငါဒီအိမ်ကို ရှယ်ယာပါပြီး ဝယ်ထားတယ်ဆိုတာ ငါမိဘတွေ မသိသေးဘူးနော်…´`ဟုတ်တယ် …မျှားလေးပြောသလိုပဲ…ငါအိမ်ကလဲ မသိသေးဘူး…မင်းကို ပေးတဲ့ ဆယ်သိန်းကလဲ ငါဘက်ထားတာ…ဟီ´
`သိတော့ရော ဘာဖြစ်လဲဟ ငါတို့က မဟုတ်တာ လုပ်ကြတာမှ မဟုတ်တာ…´
`ကဲကဲ…စကားများမနေနဲ့တော့ အိမ်အတွက် လိုအပ်တာတွေ စီစဉ်ကြမယ်…´
သို့နှင့် မိဘတွေ အလစ် ကျွန်ပ်တို့အိမ်မှ ပိုနေသော ထိုင်ခုန် စားပွဲ မီးဖိုချောင်သုံး ပစ္စည်းများကို ထိုအိမ်လေးတွင် ပို့ထားလိုက်ကြတော့သည်။ တစ်အိမ်လုံးအား ရေဆေးလိုက်ပြီး ဗဟုသုတ ရှိသလောက် အိမ်တတ်လေး စုပေါင်းလုပ်ခဲ့တယ်။ တစ်ညမှာတော့ အလုပ်ကိစ္စဖြင့် တန်ခိုး အဖေ ခရီးထွက်သွားသည်ကြောင့် မိမိအိမ်ကို သော့ခတ်ကာ ဝယ်ထားသည့် အိမ်လေးမှာ တစ်ခိုးတစ်ယောက် လာအိပ်ခဲ့တယ်။ သူကား အရှေ့မှအတွေ့ကြုံ ရင့်ကျက်ပြီးသား ဖြစ်သူ ပီပီ သာမာန် ကိစ္စလောက်ကို စိတ်ထဲတွင် မထား သီချင်းလေး တစ်အေးအေးဖြင့် ထိုအိမ်လေးတွင် ဇိမ်ကျနေခဲ့တယ်။ ည ၈နာရီ အချိန်မှာပဲ အိမ်ရှေ့ခန်းတွင် ဗီဒီယိုကြည့်နေသည့် တန်ခိုး တစ်ယောက် အိမ်ခန်းတစ်ခန်းမှ စကားပြောသံကြားတာကြောင့် အသံကြားရာ အခန်းဆီသို့ ဖြည်းညင်းသော ခြေလှမ်းများဖြင့် လျောက်သွားခဲ့တယ်။ ပိတ်ထားသည့် အခန်းကို နားဖြင့်အသာကပ်နားထောင်လိုက်တော့ မသည်းမကွဲ မိသားစုတွေ တိုင်ပင်စကားပြောနေသည့် အသံမျိုးကို ကြားလိုက်ရတော့သည်။ သို့နှင့် ပိတ်ထားသော တံခါးကို တွန်းဖွင့်လိုက်တယ်။ အထဲတွင် မည်သူမှ မရှိ ။စိတ်ထဲတွေဝေသွားသလို တံခါးအား ပြန်ပိတ်လိုက်ပြီး အိမ်ရှေ့ခန်းသို့ပြန်ထွက်ရန် ခြေလှမ်း လှမ်းလိုက်ချိန်မှာပဲ စကားသံများကို ပြန်ကြားလိုက်ရတော့ တုန့်ခနဲ ရပ်တန့်သွားကာ
`ဘယ်သူလဲ…တောက်…ငါ့ကို စိတ်ဆိုးအောင် လာမလုပ်နဲ့နော်…သတ္တိရှိရင်ကိုယ်ထင်ပြစမ်းကွာ…ငါအိမ်ရှေ့ရောက်လို့ စကားသံတွေ ထပ်ကြားရရင်တော့ ငါ့အကြောင်း ကောင်းကောင်းသိမယ်´
လူကြမ်း နတ်မနိုင်ဟူသည့် ဆိုရိုးစကားတိုင်း သူကြမ်းလိုက်တော့ စကားသံများ ရပ်တန့်သွားခဲ့တော့တယ်။ ကျိန်းမောင်းကာ အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့စဉ် အနောက်မှ ခြေသံသဲ့သဲ့ကြား၍ နောက်ပြန်လှည့်ကြည့်လိုက်တယ်။သို့ပေမယ့် ဘာမှ မရှိ ။ အိမ်ရှေ့ခန်းမှာ ပြန်ထိုင်နေစဉ်မှာပဲ တန်ခိုးရှိရာသို့ ဘီယာဘူးအခွံတစ်ခု လိမ့်လာခဲ့တယ်။ ထိုဘူးအား သူကောက်ကိုင်လိုက်ပြီး လာရာဆီကို ကြည့်လိုက်တော့ နံရံသာရှိ၏။ ခေါင်းလေး တစ်ဆက်ဆက် ညိမ့်နေလျက် ထိုဘူးဖြင့် လာရာဆီ နံရံကိုပစ်ပေါက်လိုက်တော့ နံရံမှ တစ်ဆင့် ကန်ထွက်လာပြီး ဘူးခွံဇောင်းဖြင့် သူ့ခေါင်းသို့ ထိသွားခဲ့တော့သည်။ မိမိအသားနာသွားသည်ကြောင့်
`တောက်…ဘာကောင်လဲ…ထွက်ခဲ့စမ်…နှစ်ခါပြန်သေအောင် သတ်ပစ်မယ်…သရဲလောက်ကများ ထွက်ခဲ့စမ်း ပြောနေတယ်နော်…´
ထိုအချိန်မှာ နောက်ထပ် ဘူးခွံတစ်ခု သူအနောက်ဘက်မှ ထပ်လိမ့်လာခဲ့တော့သည်။ကျက်သီးများ တစ်ဖျန်းဖျန်းထလျက် နှုတ်မှ မည်သည့်စကားမှန်း မသိအောင် ယောင်ရမ်း ပြောနေတော့သည်။ နောက်ဆုံး ထိုအိမ်အား တံခါးပြန်ပိတ်ခဲ့ပြီး ။မိမိအိမ်ကိုသာ ပြန်အိပ်လိုက်ရတော့သည်။
`ဟား…ဟား…ဟုတ်လို့ကွာ…ဟာသတွေသိပ်ပြောတတ်တာပဲ…မင်းလူရွှင်တော် လုပ်စာပါလား…ဟား´
`ဟေ့ယောင်တွေ ငါတကယ်ပြောနေတာ…မယုံရင် မင်းတို့သွားအိပ်ကြည့်ပါလား…´
`မင်းပြောတော့ အရှေ့မှာ ကြုံခဲ့ရတာတွေ ပြောပြလိုက်လို့ ငါတို့ကိုတောင် သရဲက ပြန်ကြောက်သွားဦးမယ်ဆို…ဟား…´
`နင်တို့ကလဲ…နောက်မနေပါနဲ့တော့ ငါတို့လူကြီးတွေနဲ့တိုင်ပင်ပြီး တစ်ခုခု လုပ်ကြရင် မကောင်းဘူးလား…´
`ဟာ…ဘယ်ဖြစ်မှာတုန်း…ငါလဲ တစ်ညလောက်တော့ အိပ်ကြည့်ချင်သေးတယ်…´
`ကောင်းတယ် အိပ် အိပ်…ပရလောကသားတွေရဲ့ အသိပေး ခြောက်လှန့်ပုံတွေက တစ်ခါတစ်မျိုး မရိုးနိုင်ဘူးဆိုတာ သိပ်မှန်တာပဲ…´
`ဒါဆို ဒီည ငါရယ် ထီးကလေးရယ် သွားအိမ်မယ်…´
`ငါးလေး…ဖြစ်ပါ့မလား…နှစ် ၁၀၀ ကျိန်စာသင့် အိမ်ကြီးမှာတုန်းက နင့်ကို လိပ်ပြာသန့်လို့ဆိုပြီး ဒေါ်မြနှင်းဆီ ဝင်ပူးတာ မှတ်မိသေးလား…´
`အဲ့ဒါက သူ့ပိုင်နက်မို့ပါဟာ…အခုအိမ်က ငါတို့ဝယ်ထားလိုက်တဲ့ ငါတို့ပိုင်တဲ့ အိမ်ပဲ…´
`ဟုတ်တယ်.…ဒီည ငါနဲ့ငါးလေးနဲ့သွားအိပ်မယ် ငါ့အိမ်ကိုတော့ တန်ခိုးအိမ်မှာ သွားအိမ်မယ်လို့ ပြောထားလိုက်မယ်…ကဲ.…တန်ခိုး…သော့ပေး…´
သို့နှင့် တန်ခိုးဆီမှ ထိုအိမ်သော့ကို ကျွန်ပ်တောင်းထားလိုက်ပြီး အားလုံး ကိုယ်ဆီ လမ်းခွဲပြန်လာခဲ့ကြတော့တယ်။ ကျွန်ုပ်ခြံရှေ့အရောက် ထိုအိမ်ကို သွားချင်စိတ် ဖြစ်ပေါ်လာတာကြောင့် ခြံထဲမဝင်တော့ပဲ အပျင်းပြေလမ်းလျောက်ရင်းနှင့်အတူ ထိုအိမ်တည်ရှိရာ ဘက်သို့ဦးတည် လျောက်လာခဲ့တယ်။ တည်ထားသည်မှာ မကြာသေးသည့် ရပ်ကွက်လမ်းတစ်လျောက် လူအပျက်တောက်ရှိသည်မှာ ညဘက်ချိန်ခါတင်မက ယခု နေ့လည်ဘက်တွင်တောင် လူအသွားလာ သိပ်မရှိချေ။ ကျွန်ုပ်လျောက်နေစဉ်မှာပဲ အနောက်မှ ခြေသံတစ်စုံ ကြားသောကြောင့် လည်ပြန်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက် ဖရိုဖရဲ ဆံနွယ်များဖြင့် ကျွန်ုပ်သွားရာ လမ်းအတိုင်း လျောက်နေခဲ့တယ်။ ခြေလှမ်းများ ရပ်တန့်လိုက်တယ်။ အနောက်ပြန်ကြည့်လိုက်တော့ သူမလဲပဲ ရပ်တန့်လျက် အရှေ့ဆက်လျောက်လိုက်တော့ သူမဟာလဲ ရှက်ရှက်ဖြင့် မလုံမလဲ ဆက်လျောက်နေခဲ့တယ်။ သေချာပါပြီ ထိုမိန်းကလေး ကျွန်ုပ်အနောက်ကို လိုက်နေသည်ဆိုတာ ထိုကြောင့် လျောက်နေသည့် ခြေလှမ်းများ ရပ်တန့်လိုက်ပြီး
`ဒီမယ်…မိန်းကလေး…မင်းငါ့နောက်ကို ဘာကြောင့် လိုက်နေရတာလဲ…´
`ရှင်…ကျွန်…ကျွန်မ မလိုက်ပါဘူး…´
`မင်းငါ့ကို လိမ်ဖို့မကြိုးစားနဲ့ငါမေးတာကိုပဲ မင်းအမှန်တိုင်းဖြေ…´
`ကျွန်…ကျွန်မ…မ…မလိုက်ပါဘူး…´
`ကောင်းပြီ…ဒါဆို မင်းအရှေ့က သွား´
ထိုသို့ပြောလိုက်စဉ်မှာပဲ မိန်းကလေးဟာ ဖိနပ်မပါသော ခြေလှမ်းတို့ဖြင့် ကျွန်ုပ်အရှေ့မှ ဖြတ်လျောက်ပြီး အရှေ့အရောက်မှာပဲ
`အစ်…အစ်ကို…ကျွန်…ကျွန်မကို ကူညီပါ…´
`ဟင်!…မင်း…မင်း ဒါမျိုးတွေ လာမလုပ်နဲ့ဒီခေတ်မှာ ဒါမျိုးလုပ်ရက်တွေက ရိုးနေပြီ…မင်းငါ့ကို ဘာထင်နေလဲ…ရဲစခန်းပို့လိုက်ရမလား…´
`ဒါဆိုလဲ…ကျွန်မကို ရဲစခန်းသာ ပို့ပေးပါတော့ အစ်ကိုရယ်.…ကျွန်မ တကယ် ဒုက္ခရောက်နေလို့ အကူညီတောင်းတာပါ…´
`မင်းက ဒုက္ခရောက်နေလို့ဟုတ်လား…ပြောစမ်းပါဦး …မင်းဒုက္ခ…´
`အစ်ကို့ကို ကြည့်ရတာ အခွင့်ရေးယူတတ်မယ့်သူ မဟုတ်ဘူးဆိုတာ ညီမသိပါတယ်…ဒီလိုပါ ကျွန်မနာမည်က ကေသီဖြူပါ…မိဘတွေ ဆုံးပါးသွားတာ ကြာခဲ့ပါပြီ…အစ်မကြီးနဲ့အတူတူ အခုရပ်ကွက်အသစ်လေးကိုပြောင်းလာတာ မကြာသေးပါဘူး…အစ်မယောက်ျား ကျွန်မ ခဲအိုက ကျွန်မကို အဓ္ဓမကြံဖို့ကြိုးစားတာနဲ့သူ့ကို ရိုက်ပြီး ကျွန်မ အိမ်ကနေ ထွက်ပြေးလာခဲ့တာပါ…´
`မင်းပြောတာ အမှန်ပဲလား…တောက် !…မိုက်ရိုင်းလိုက်တာ မင်း အစ်မက မရှိဘူးလား…´´
`အစ်မက ဘဏ်တစ်ခုက အရေးပါတဲ့ မန်နေဂျာပါ မနက်ကမှ အလုပ်ကိစ္စနဲ့ နယ်ဘက်ကို ခရီးထွက်သွားခဲ့တယ်…´
`ဟုတ်ပြီးလေ…မင်းနေတဲ့ရပ်ကွက်ကိုပြော ငါစုံးစမ်းကြည့်လို့ မင်းပြောသလို ဟုတ်တယ်ဆိုရင် မင်းကို ငါကူညီပေးနိုင်တယ်…´
`အစ်…အစ်ကို …တ…တကယ်ပြောတာလားဟင်…ဟုတ်…စုံစမ်းကြည့်ပါ …ကျွန်မနေတာ####### ကပါ…စုံစမ်းကြည့်ပါ…ကျွန်မ လိမ်မပြောပါဘူး…´`ကောင်းပြီ…ဒါဆို ငါ့သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး မင်းကို တစ်ခုခု စီစဉ်ပေးမယ်…အခု ငါနဲ့လိုက်ခဲ့´`ရှင်…´
`အော်…ငါ့သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး လှမ်းခေါ်မလို့ အခု ဟိုးမှာတွေ့လား…အဲ့ဒါ ငါတို့ဝယ်ထားတာ မကြာသေးဘူး…အဲ့ အိမ်…´
`ဟင်!…အဲ့အိမ်မှာ ညီမတို့ပြောင်းလာခါစက ညဘက်ဆို မိသားစုလေးယောက်ကို အမြဲတွေ့တယ်…´
`ဟုတ်တယ်…အခုတော့ ငါတို့သူတို့ဆီကနေ ပြန်ဝယ်ထားတာ မကြာသေးဘူး…ကဲလာပါ…မင်းကို ရှင်းပြနေရတာနဲ့ အချိန်ကုန်နေပြီ…´
`အဲ့အိမ်ထဲကို ညီမက လိုက်ခဲ့ရမှာလား…´
`အေးလေ…ဘာလဲ မင်းက ငါ့ကို မယုံဘူးလား…ရတယ်လေ …ဒါဆိုလဲ မင်းသဘောပဲပေါ့…´
`နေ…နေဦး…အစ်ကို ညီမလိုက်ပါ့မယ်´
အားကိုးရာ မဲ့နေသော မိန်းကလေးက သူ့ဘဝတစ်ခုလုံး ကျွန်ုပ်အား ပုံအပ်လိုက်သော မျက်နှာထားမျိုးဖြင့် ကျွန်ုပ်နှင့်အတူ ထိုအိမ်ထဲသို့ လိုက်ပါလာခဲ့တော့သည်။ အိမ်ထဲရောက်လာတော့ သူမအား နေရာပေးထိုင်လိုက်ပြီး ကျွန်ုပ်၏သူငယ်ချင်းများ ထံသို့ ဖုန်းဆက်ပြီး အားလုံးကို ထိုအိမ်တည်ရှိရာသို့ အမြန်ဆုံး လာခဲ့ကြရန် အကြောင်းကြားလိုက်တော့သည်။
`ကဲ…ဘာမှ မဆိုးရိမ်နဲ့တော့ မကြာခင် ငါ့သူငယ်ချင်းတွေ ရောက်လာကြလိမ့်မယ် မိန်းကလေး တစ်ယောက်လဲပါတယ်…´
`ဟုတ်…ဟုတ်ကဲ့…´
`နေဦး…တစ်ခုတော့ရှိတယ်…ငါ့သူငယ်ချင်းတွေက မင်းကို လက်မခံထားဘူးဆိုရင်တော့ ငါလဲ မတတ်နိုင်ဘူး…ဒီတော့ မင်း ဒီအိမ်ပေါ်ရောက်နေတာကို သူတို့မသိစေချင်သေးဘူး…မင်း အခန်းတစ်ခုတည်းမှာ ခဏရှောင်နေပေး…´
`ရှင်…ညီ…ညီမက…အ…အခန်းထဲဝင်နေရမှာလား…´
`ရော့…ဒီမှာ…ဓား…မင်းအပေါ် ငါတစ်ခုခုမကောင်း ကြံရင် ဒီဓားနဲ့ တစ်ခါ ထိုးပစ်လိုက်ရော့…ယူထားလိုက်…´
ထိုင်ခုံပေါ်မှာ ကြောက်ရွှံ့တုန်ရီစွာ ထိုင်နေသော မိန်းကလေးအား ကျွန်ပ်ပြောလိုက်တော့ ဓားကိုကောက်ယူပြီး နီးစပ်ရာ အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။ထိုစဉ် အရေးတကြီး ကျွန်ုပ်၏ သူငယ်ချင်းများ ရောက်လာခါ
`ဘာ…ဘာဖြစ်လို့…ငထီး…´
`ဟာကွာ…ဖြည်းဖြည်းပေါ့…ဘယ်လိုဖြစ်လာကြတာတုန်း…´
`ဘယ်လိုဖြစ်ရမှာတုန်း…အရေးကြီးလို့ မြန်မြန်လာပါဆိုတော့ မင်းများ တစ်ခုခုဖြစ်သလားလို့ စိုးရိမ်လိုပေါ့ကွ…ဘာအကြောင်းရှိလို့လဲ…´
မိန်းကလေးနှင့် ပတ်သတ်သမျှ ဖြစ်ကြောင်း ကုန်စဉ်အားလုံးအား ကျွန်ုပ်၏သူငယ်ချင်းများကို ပြောပြလိုက်တော့
`သူပြောတာတွေက သေချာလို့လား…´
`ဟုတ်ပါ့မလား…တော်ကြာ မြွေပွေး ခါးပိုက်ပိုက်မိနေဦးမယ်နော် ငထီး…´
`ဟုတ်တယ်…ဒါကြောင့် လမ်းလေး မင်းက သူပြောတဲ့ ရပ်ကွက်ကို အခုပဲ စုံစမ်းပေး…သူပြောတာတွေက အမှန်ပဲဆို မင်းတို့သဘောကရော…´
`အမှန်ပဲ ဆိုရင်တော့ သူ့အစ်မပြန်လာတဲ့အထိတော့ ငါတို့ကူညီပေးထားလိုက်
`အမှန်ပဲ ဆိုရင်တော့ သူ့အစ်မပြန်လာတဲ့အထိတော့ ငါတို့ကူညီပေးထားလိုက်တာပေါ့…ဒါနဲ့အဲ့မိန်းကလေးကရော အခု ဘယ်မှာလဲ…´
`အိပ်ခန်းထဲမှာ…´`ဟင်!…´
သူငယ်ချင်း ဖြစ်သူ လမ်းကလေးအား သူမပြောသည့် လိပ်စာအတိုင်း စုံစမ်းကြည့်တော့ အမှန်တကယ်ပါပဲ မိန်းကလေးပြောသည့် အတိုင်းဖြစ်နေခဲ့တယ်။
`ဟုတ်တယ်…မိန်းကလေး…မင်းပြောတာတွေ အမှန်ပဲ ဒီတော့ မင်းကို တို့တွေ ကူညီပေးထားမယ်…´
`ကျေး…ကျေးဇူးတင်ပါတယ် အစ်ကိုတို့အစ်မတို့ရယ်…´
`ဒါဆို ဘယ်မှာထားမလဲ ဒီကောင်မလေးကို…´
`ဒီအိမ်မှာပဲ ထားမှာလား…´
`ဒီအိမ်မှာ အခုလောလောဆယ် ထားလို့ဘယ်ဖြစ်ဦးမှာလဲ…ဒီမှာ ပြသနာနည်းနည်းရှိနေသေးတယ်…´
`ဟုတ်တယ်…ဒီတော့ မျှားကလေး နင်က မိန်းကလေးချင်းဆိုတော့ နင့်အိမ်မှာ နင့်မိဘတွေကို အကြောင်းတစ်ခုပြပြီး ခဏခေါ်ထားလိုက်ဟာ…ဒီအိမ်မှာ အားလုံး အဆင်ပြေသွားပြီးဆိုမှ သူကို ဒီမှာပဲ ခဏနေခိုင်းလိုက်တာပေါ့…နင်ခေါ်ထားလို့ ဖြစ်ပါ့မလား…´
`ဖြစ်ပါတယ်ဟ…အဖော်တောင် ရသေးတယ်…နင်နဲ့ထီးလေးသာ ဒီည ဒီအိမ်နဲ့ပတ်သတ်ပြီး အဖြေတစ်ခုကို ရအောင်သာ မြန်မြန်ရှာ…´
ကြည်ဖြူစွာနှင့်ပဲ ကျွန်ုပ်၏သူငယ်ချင်းများ အားလုံး ထိုမိန်းကလေးအား လက်ခံထားလိုက်ချေပြီ။ ထိုည ကျွန်ုပ်နှင့်ငါးလေး ထိုအိမ်နှင့် ပတ်သတ်ပြီး အဖြေတစ်ခုအမြန်ဆုံးရရန် စောင့်အိပ်ကြရမည်။ညရောက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သတ်နေလျက် မအိပ်ချင်သေးသည်ကြောင့် အပျင်းပြေ စာအုပ်ဖတ်ရင်း ထိုင်ခုံတွင် အိပ်ငိုက်နေလျက်။ကျွန်ုပ်၏သူငယ်ချင်း ဖြစ်သူ ငါးကလေးကလဲ ကျွန်ုပ်နည်းတူ အနီးရှိ ခုံလေးတွင် ထိုင်ကာ ငိုက်မျဉ်းနေခဲ့တယ်။အချိန်မှာ နံနက် တစ်နာရီခန့်။ အိမ်ထဲရှိ ကျွန်ုပ်တို့ထိုင်နေသော စားပွဲမှနေ၍ မှန်တံခါးကို အတိုင်းသားလှမ်းမြင်နေရတယ်။ ထိုသို့ အိပ်ငိုက်နေစဉ်တွင် တံခါးအပြင်ဘက်တွင် အမျိုးသမီးတစ်ဦး လာရပ်သည်ကို လှမ်းတွေ့ရတယ်။ ထိုအမျိုးသမီးသည် ခေါင်းပေါ်တွင် ပုဆိုးဖြင့် ထုပ်ထားသော အဝတ်ထုပ်တစ်ခုကို ရွက်၍ အခါလည်သားခန့်ရှိ ကလေးငယ်တစ်ဦးကို ခါးထစ်ခွင်ချီထားကာ အနီပွင့်ပါသော လုံချည်ကို ဝတ်ဆင်ထားသည်ကိုလဲ ရှင်းရှင်းလင်းလင်း လှမ်းမြင်နေရပါသည်။ ထိုမိန်းမက
`အစ်ကို…အစ်ကို တံခါးဖွင့်ပါဦး…ကျွန်မ အိမ်ထဲဝင်ချင်လို့ပါ…´
ဟု လှမ်းအော်လိုက်ချိန်တွင် ကျွန်ုပ် ဆတ်ခနဲ လန့်နိုးသွားခဲ့တယ်။ အပေါက်သို့လှမ်းကြည့်လိုက်ရာ မည်သူမျှမှ ရှိမနေတော့ပဲ တကယ်ဖြစ်နေသလို မြင်ရသော အိပ်မက် မက်နေခြင်းသာ ဖြစ်ကြောင်းသတိထားလိုက်မိတော့တယ်။ သို့သော် ထူးဆန်းသည်မှာ ကျွန်ုပ်အနီးတွင် ထိုင်ငိုက်နေသော ငါးကလေးပါအလားတူ မြင်ရ ကြားလိုက်ရသောကြောင့်ပင်။ ငါးကလေးရော ကျွန်ုပ်ရော တံခါးအဝသို့ ကြည့်လိုက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ဖြင့် ကြောင်နေမိတယ်။ ငါးကလေးက ပြူးပြူးပျာပျာဖြင့်
`ထီးလေး မင်းရော ကြားလိုက်လား လုံချည်အနီပွင့် ဝတ်ထားတဲ့ ကလေးအမေလေ…တံခါးဖွင့်ပါဦးတဲ့ သရဲခြောက်တာလား မသိဘူး…´
ကြောက်ရွှံ့စိတ်မဖြစ်ပေါ်စေချင်တာကြောင့် သူငယ်ချင်း ဖြစ်သူ ငါးကလေးကို
`မဟုတ်ပါဘူး…မင်းစိတ်ထင်နေလို့ပါ…ကဲလာပါကွာ…အချိန်လဲ မနည်းတော့ဘူး…တို့နှစ်ယောက် အိပ်ကြမယ်…´
အမှန်တကယ်တော့ ကျွန်ုပ်လဲ မြင်လိုက်ကြားလိုက်ရသည်။ သို့ဖြစ် ထိပ်ဆုံးအိပ်ခန်း၌ နှစ်ယောက်သား ဝင်အိပ်လိုက်တယ်။ ကျွန်ုပ် မှေးမှေးဖြင့်အိပ်မောကျသွားခဲ့သည်လား ယောက်ျားကြီးတစ်ယောက် အိပ်ခန်းထဲသို့ ရောက်လာပြီး
`ကောင်လေး…ငါ့တို့ကို ကူညီပါဦး…´
`ဟင်!…ခင်ဗျားက ဘယ်သူလဲ…ဘာလို့ ကျုပ်တို့အခန်းထဲရောက်လာရတာလဲ´
`ငါက ဒီအိမ်ရှင်ပိုင်ရှင်ပါ…သူများလုပ်ကြံခံရပြီး ငါတို့မိသားစုတွေ ကားမောက်သေဆုံးသွားခဲ့ရတာ…ငါ့လုံးဝ မကျေနပ်ဘူး…သူ့ကို လက်စားပြန်ချေ ချင်တယ်…ငါ့မှာ သားနှစ်ယောက်ရှိတယ်…တစ်ယောက်က ငါးနှစ်သား နောက်တစ်ယောက်က နို့တောင် မပျက်သေးပါဘူး…အခုနလဲ ငါ့မိန်းမ မင်းတို့ဆီ လာပြီး အကူညီလာတောင်းပါသေးတယ်…မနေ့ကလဲ ကောင်လေးတစ်ယောက်ကို ငါတို့အကူညီတောင်းခဲ့ပါသေးတယ်…သူက ငါတို့ကို ဆဲဆို ကျိန်းမောင်းပြီး ပြန်သွားခဲ့တယ်…ငါ့ဒီဘဝကနေ အငြိုးကြီးပြီ မကျွတ်မလွတ်နိုင်သေးဘူး ဖြစ်နေတယ် ငါလက်စားချေချင်သေးတယ် မင်းကူညီပေးပါ…´
`ဟာဗျာ ကျုပ်က ဘယ်လို ကူညီပေးရမှာတုန်း…´
`ငါ့မိန်းမနဲ့ကလေးတွေက မနက်ဖြန်ဆို ကျွတ်ပြီ ငါကတော့ မကျွတ်ချင်သေးဘူး ငါတို့ကို သတ်တဲ့လူသတ် တရားခံကို ဖော်ထုတ်ချင်သေးတယ် ဒါကြောင့် မင်းကူညီမှ ဖြစ်မှာ…´
` ပြောလေ…ကျုပ်ဘယ်လို ကူညီရမှာလဲ ခင်ဗျားကရော ဘယ်လို သေသွားရတာလဲ´
`ငါ့အမျိုးတွေ ရှိတဲ့ စောနယ်ဘက်ကို အလည်သွားတာ ကားဘရိတ်ပေါက်ပြီး ကားတစ်စီးလုံး ချောက်ထဲကျပြီး သေခဲ့ရတယ် အဲ့လူသတ် တရားခံကို ငါမသိဘူးဖြစ်နေတယ်…ပြီးတော့ ဒီအိမ်ရဲ့ မျက်နှာကျပ်အပေါ်မှာ ငါသိပ်မြတ်နိုးတဲ့လက်ပတ်နာရီလေး တစ်လုံးရှိတယ်…အဲ့နာရီလေးကို မင်းပတ်ထားတာနဲ့ ငါ့ကို မြင်နိုင်တွေ့နိုင်လိမ့်မယ်…စောနယ်က ငါ့တူ ကိုကိုကြီးဆိုတာရှိတယ် ငါ့သူ့ဆီကိုသွားချင်တယ် သို့ပေမယ့် ဘာကြောင့်မှန်းမသိ ငါသွားလို့မရဘူး ဒါကြောင့် လက်ပတ်နာရီ ပတ်ထားတဲ့မင်းက ငါ့ကို မြင်ရလိမ့်မယ် ငါပြောချင်တဲ့စကားတွေ ငါ့တူကို မင်းက တစ်ဆင့်ပြန်ပြောပြပေး…´
`စောနယ်…ဟုတ်လား…´
`ဟုတ်တယ်…ငါသွားတော့မယ် မနက်ရောက်ရင် လက်ပတ်နာရီလေး ပတ်လိုက်တာနဲ့ မင်းငါ့ကို မြင်နိုင်ပြီ အခု ငါ့ကို ခွင့်ပြုဦး…´
`နေ…နေဦးလေ…ဟေ့…ဟေ့လူ…´
`ဟေ့…ဟေ့ယောင်…ငထီး ဘာဖြစ်တာလဲ´
ကျွန်ုပ်၏ဘေးမှ ငါးကလေး အတင်းလှုပ်ခါနိုးမှ ကျွန်ုပ်နိုးသွားခဲ့တယ်။
`ဟင်!…ငါ…ငါ အိပ်မက်နေတာ…´
`ဟာကွာ…လန့်လိုက်တာ…ပြန်အိပ်…ပြန်အိပ် အစောကြီးရှိသေးတယ်…´
ကျွနု်ပ်တကယ်ပဲ အိပ်မက် မက်နေခဲ့သည်လား ပြန်အိပ်မပျော်နိုင်ပဲ ထိုသူပြောသည့် လက်ပတ်နာရီလေးအား သွားယူရန် ရွယ်လိုက်စဉ်မှာပဲ
`မဖြစ်သေးပါဘူး…မနက်ကျမှ အားလုံးနဲ့ တိုင်ပင်ပြီး တစ်ခုခုလုပ်တော့မယ်…´
သို့နှင့် မနက်အချိန်မှာပဲ ထိုအိမ်သို့ ကေသီဖြူနှင့်အတူ သူငဟ်ချငိးဖြစ်သူ မျှားကလေး မနက်စောစော ရောက်လာခဲ့တယ်။
`ထီးလေးရေ …ဖြူ့ကိုတော့ ဒီမှာပဲနေခင်းဘက် ထားလိုက်မယ်.…မနက်စောစောစီးစီးငါ့အိမ်က ငါ့ကို ဆူနေပြီ…ဖြူ ညီမလေး ဒီမှာပဲ အစ်မသူငယ်ချင်းတွေနဲ့ စိတ်ချလက်ချ နေခဲ့နော်…ကဲ…ထီးလေး ငါပြန်လိုက်ဦးမယ်…နေ့ခင်းမှ တန်ခိုးတို့နဲ့ပြန်လာခဲ့မယ်…´
`ဟဲ့…ဟဲ့…နေဦး ငါပြောစရာရှိသေးတယ်…´
`နောက်မှ ပြော…အခု အိမ်မှာ ငါအရိပ်ယောင်ပြလိုက်ဦးမယ် .…သွားပြီဟေ့…´
တားမရ ဆီးမရ သူမပြန်သွားတော့သည်။ မကြာခင်မှာပဲ တန်ခိုးနှင့် လမ်းကလေး ရောက်သည်ကြောင့် ကျွန်ုပ်နှင့် ငါးကလေး ညက ကြုံတွေ့ခဲ့ရသည်နှင့်အတူ ကျွန်ုပ်အား အကူညီလာတောင်းသူ ယောက်ျားကြီးအကြောင်းပါ ပြောပြလိုက်တော့သည်။ သို့ပေမယ့် လက်ပတ်နာရီနှင့် ပတ်သတ်သော အကြောင်းအာ်း လျှိုဝျက်ထားခဲ့တယ်။
`စောနယ်…ဟုတ်လား…´
`ဟုတ်တယ်…စောနယ်တို့ယောနယ်တို့ဆိုတာ အောက်လမ်းပညာတွေ ထွက်တဲ့နယ်တစ်ခုပဲ…ယောနယ်နဲ့သိပ်မကွာဘူးလို့ ငါ့ဖေဖေပြောဘူးတယ်…´
`ဒါဆို မင်းက သူ့ကို ကူညီပေးမှာလား´
`မတရားသေခဲ့ရတာဆိုတော့ ငါ ကူညီပေးချင်တယ်…´
`ဒါဆို ဟိုညက တန်ခိုးကို သူတို့အကူညီတောင်းခဲ့တာပဲ…မင်းက သွားကြမ်းလိုက်တာ သနားပါတယ်´
`ငါလဲ မသိလို့ပါ…ဒါဆို ငါတို့ဘယ်နေ့စပြီး အဲ့ဒီစောနယ်ကို သွားမလဲ…´
`နောက်တစ်ပတ်လောက်တော့ သွားမယ်လို့ စီစဉ်ထားတယ်…´
`ဒါဆို ဒီ…ဒီမိန်းကလေးကိုရော…´
`ဘာဖြစ်လဲ ငါတို့နဲ့အတူတူခေါ်သွားလိုက်တာပေါ့…လိုက်မယ် မဟုတ်လား ကေသီဖြူ´
`အစ်ကိုတို့ကို ညီမယုံသွားပါပြီ အားလဲ ကိုးမိတယ်…ညီမလိုက်ပါရစေ…´
`ဟုတ်ပြီ…ဒါဆို မင်းတို့ငါတို့ခရီထွက်ကောင်းအောင်လို့ အိမ်မှာ အခု မိဘတွေကို ပြန်ဖားလိုက်ကြရအောင်…´
`ငါတော့ ဒီမှာ ခဏနေဦးမယ်…နေ့လည် မင်းတို့လာဦးမယ် မဟုတ်လား…အဲ့ကျမှပဲ ငါပြန်မယ်…´
`မင်းသဘောပဲ…´
သို့နှင့် ထိုအိမ်၌ ကျွန်ုပ်နှင့်အတူ ကေသီဖြူ နှစ်ယောက်တည်းသာ ကျန်နေခဲ့တော့သည်။ သူငယ်ချင်းတွေ ပြန်သွားကြတော့ ထိုသူပြောသည့် နာရီအား သူပြောသည့် အိမ်မျက်နှာကျပ်အပေါ်တွင် တွေ့ရှိခဲ့ပြီး ကျွန်ုပ် လက်တွင် ဝတ်လိုက်တော့သည်။ သို့ပေမယ့် ထိုသူပြောသလို သူ့အား အရိမ်ယောင်တောင် မမြင်ရ။ ခဏအကြာမှာပဲ အိမ်ဘေးမြေလွတ်၌ ပုဆိုးအကွက် အင်္ကျီးအဖြူလေးဖြင့် ညက လူကို တွေ့လိုက်ရတယ်။ အံ့သြတသသနှင့် ထိုသူအနားသို့ကျွန်ုပ်ရောက်သွားကာ
`ည…ညကလူ.…ဟုတ်…ဟုတ်ပါတယ်နော်…´
`မင်းငါ့ကို မြင်ရပြီ မဟုတ်လား…ငါအချိန်ပြည့် ဒီအိမ်မှာပဲ ရှိနေခဲ့တာ…မင်းငါ့ကို ကူညီပေးမယ် မဟူတ်လား…´
`စိတ်ချပါဗျာ…ကျုပ်နဲ့အတူ သူငယ်ချင်းတွေကလဲ ခင်ဗျား မတရားသေရတာကို ဝိုင်းပြီး ကူညီပေးလိမ့်မယ်…´
`ကျေးဇူးတင်ပါတယ်ကွာ…ငါလဲ မင်းတို့ကို ပြန်ကူညီခွင့်ရချင်ပါတယ်´
အိမ်ဘေးတွင် ကျွန်ုပ်တစ်ယောက်တည်း စကားပြောနေသည်ဟု ကေသီဖြူထင်လျက် ကျွန်ုပ်အား ပြတင်းပေါက်မှ ကြောင်တောင်တောင် ကြည့်နေတော့သည်။ ထိုအချိန် ကျွန်ုပ်၏ ဖုန်းအသံမြည်လာသည်ကြောင့် နံပါတ်ကြည့် ဖုန်းကိုင်လိုက်ပြီး
`တန်ခိုး…ပြော…´
`ထီးလေး…မျှားလေး သူ့အိမ်နဲ့စိတ်ဆိုးပြီး အိမ်ကနေ ဆင်းသွားပြီးတဲ့…´
`ဟင်!…ဘယ်…ဘယ်ကိုဆင်းသွားတာတုန်း…´
`ဒါတော့ မသိဘူး…မင်းအိမ်ကိုပြန်လာခဲ့ ငါတို့နဲ့မျှားလေး မိဘတွေကို သွားမေးကြမယ်.´
`အေးအေး…အခုပြန်လာခဲ့မယ်…´
`ကဲ…ကျုပ်သူငဟ်ချင်း အိမ်ပေါ်က ဆင်းသွားလို့တဲ့ ကျုပ် အိမ်ခဏပြန်လိုက်ဦးမယ်…နောက်မှ ခင်ဗျားနဲ့ ဆက်ပြောကြတာပေါ့…´
ထိုသူအားကျွန်ုပ်နှုတ်ဆတ်ပြီး ကေသီဖြူကို လက်တွဲကာ ကျွန်ုပ်အိမ်မှ တစ်ဆင့် သူငယ်ချင်းဖြစ်သူ မျှားကလေးအိမ်သို့ ဖြစ်ကြောင်းမေးရန် ထွက်လာခဲ့တော့သည်။မျှားလေး အိမ်ထဲရောက်တော့ သူမအမေက ငိုနေလျက်
`အန်တီ…မျှားလေး အိမ်ပေါ်က ဆင်းသွားလို့ဆို…´
`ဟုတ်တယ်…မောင်ထီးလေရေ သမီးလေးကို မနက်က ဦးဆူလိုက်မိတယ် မင်းတို့ချည်းပဲ အိမ်ဝယ်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီ…´
`ဘဟ်ကို ဆင်းသွားတာတုန်း ဦးလေး´
`ဦးလေးလဲ မသိဘူး…လုပ်ပါဦး သားတို့ရယ် မင်းသူငဟ်ချင်းကို ဝိုင်းရှာပေးကြပါဦး…သူ့ဖုန်းလဲ ပိတ်ထားတယ်´
`စိတ်…စိတ်ချပါ သူဘယ်တွေကို သွားတတ်လဲ…´
`သူ သွားတတ်တာက မင်းတို့ဆီကလွဲပြီး ဘယ်မှ မသွားဘူး´
`အန်တီ ထင်တာတော့ သူ့ဦးလေးရှိတဲ့ နယ်ဘက်ကို သွားလား မသိဘူး´
`ဘဟ်နယ်လဲ အန်တီ ကျွန်တော်တို့ လိုက်ခေါ်မယ်.…´
`စောနယ်…´
`ဗျာ…စော…စောနယ်…´
`စောနယ်မှာ ဦးလေး ညီဝမ်းကွဲ လွန်းတင်ဆိုတာ ရှိတယ်…သမီးလေးကို သိပ်ချစ်တာ…သူအဲ့ဒီ့ကိုပဲ သွားတာ ဖြစ်ရမယ်…´
`ဟာ…ဟုတ်ပြီ ကျွန်တော်တို့တွေလဲ စောနယ်ကို သွားဖို့ရှိတယ်…စိတ်ချ ကျွန်တော်တို့သူငယ်ချင်းတွေ မျှားလေးကို ရှာလာပေးပါ့မယ်…´
`ကျေးဇူးတင်ပါတယ်…သမီးလေးတစ်ယောက်တည်းရှိတာ…တစ်ခုခုဖြစ်ရင် အန်တီတို့ ရင်ကျိုးရချည်ရဲ့…´
`စိတ်ချပါ အန်နီနဲ့ဦး ဒီညနေပဲ …ကျွန်တ်ာတို့ စောနယ်ကို အရောက်သွားလိုက်ပါ့မယ်…´
***--*************--*--******--
Post Top Ad
Responsive Ads Here
အပိုင်း(၂) သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ
Share This
Tags
# ၀၄.သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ
Share This
About Unknown
၀၄.သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ
Labels:
၀၄.သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment