စာမပေါ်သူများအတွက် ဦးစားပေးရေးသားလိုက်သော
ပြန်လည်တမ်းတ ငယ်ဘဝ
စာရေးသူ-ထီးကလေး
မိဘတွေက မွေးလာတည်းက လိုလေးသေးမရှိ ကျွန်တော့ကို ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ နွေမှာ အေး ဆောင်းမှာနွေးအောင် နေထိုင်မှုမှ အစ စားသောက် နေထိုင်မှုတို့၌ အထက်တန်း၏ တစ်ဘက်လွန်အောင် အထက်တန်းကျကျ ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ ထိုသို့ အထက်တန်းကျကျ မျက်နှာပန်းလှလှနေထိုင်သူ ကျွန်တော်က သာမာန် ဆင်းရဲနွမ်းပါးသော ဖြူဖြူထွေးဟူသည့် မိန်းကလေးကို စွဲစွဲလမ်းလမ်း ချစ်မိခဲ့လေတော့တယ်။ အထက်တန်းကျောင်းသား ဘဝမှ ချစ်သူဘဝ စခဲ့သော ကျွန်တော်နှင့် ဖြူဖြူတို့မှာ တက္ကသိုလ်မှ ဘွဲ့ရသည့်နှစ်တွင် နှစ်ဖက်မိဘများကို ဖွင့်ဟ၍ လက်ထပ်ရန် စီစဉ်တိုင်ပင်ခဲ့တယ်။ ကျွန်တော်ရဲ့မိဘတွေက တစ်ဖက်မိန်းကလေးရဲ့အခြေအနေကို သိရချိန်မှာ ငယ်ထိပ်မိုးကြိုး ပစ်ခံရသည့်နှယ် ထိတ်ထိတ်ပျာပျာ မျက်ကလဲဆန်ပျာ ဖြစ်သွားကြရတယ်။ ပိုးလိုမွေး၍ ရွှေလိုဥထားခဲ့ရသော တစ်ဦးတည်းသောသား ကျွန်တော့ကို ဖြူဖြူထွေးကဲ့သို့ ဆင်းရဲနွမ်းပါးသော မိန်းကလေးတစ်ယောက်နှင့် ဘယ်လိုမှ သဘော မတူနိုင်ခဲ့ပေ။ ဒီအကြောင်းကို သားဖြစ်သူ ကျွန်တော့ကို ဒဲ့တိုး မပြောပဲ သူတို့အယူအဆကို ချပြပြီး ခိုင်မာစွာ ငြင်းဆိုခဲ့တယ်။ ကျွန်တော့ရဲ့မိဘနှစ်ပါး အကြောင်းပြချက်က မငြင်းသာအောင် ခိုင်မာနေခဲ့ပါတယ်။ကျွန်တော်က တစ်ဦးတည်းသော သားကြီး ဖြစ်နေပြီး ကျွန်တော့ ချစ်သူ ဖြူဖြူထွေးမှာ ညီအစ်မသုံးယောက် မွေးချင်းထဲတွင် အငယ်ဆုံး အထွေးဆုံး သမီးဖြစ်နေတော့ အကြီးဆုံး နှင့် အငယ်ဆုံး မပေါင်းဆုံကောင်း အိမ်ထောင် မပြုကောင်း ဒုက္ခရောက်တတ်သည်။ အခက်အခဲ အကျပ်တည်းပေါင်းစုံနှင့် ကြုံတ်တတ်သည် ဟူ၍ပင် ငြင်းဆိုနေတော့တယ်။
ချစ်သူရဲ့မိဘနှစ်ပါးက မိဘတို့၏မေတ္တာ သဘောအရ သားသမီးတိုင်းကို ဆင်စီးပြီး မြင်ရံချင်သည် ဖြစ်ရာ အခု ဓနဂုဏ် နှင့်ပြည့်စုံပြီး တစ်ဦးတည်းသော သားလည်းဖြစ်သည့် ကျွန်တော်က သူတို့သမီးလေးကို လိုချငိသည်ဆိုသော အခါ အဘယ်မှာပင် ဝမ်းမမြောက်ဘဲ ရှိပါမည်နည်း။ သို့သော် ချစ်သူ၏မိဘများမှာ လူတို့၏သဘောသဘာဝ တရားသဘောကို နောကျေအောင် မသိသော်လည်း အတော်အသင့် သိနားလည်သူများပီပီ မိမိဘက်နှင့် နှိုင်းယှဉ်ချိန်ဆ၍ မဖြစ်နိုင်ဟု မှတ်ချက်ပြုထားပြီး ဖြစ်တော့သည်။ ဒါပေမယ့် ကျွန်တော်ကတော့ မိဘနှစ်ပါးရဲ့အတွင်းသဘောကို နောကျေပြီးသားဖြစ်တော့ ချစ်သူမှာ ဂုဏ်ဓနပကာသန မပြည့်စုံ၍ မခိုင်လုံသော အကြောင်းပြချက်နှင့် ငြင်းဆန်လိုက်သည်ကို သဘောပေါက်နားလည်ခဲ့ပြီး မစားနိုင် မအိပ်နိုင် ပူဆွေး ငေးမှိုင်နေခဲ့ရလေတယ်။
ဂုဏ်ငွေဓန ပကာသနသည် ချစ်ခြင်းကို တံတိုင်းခြားနိုင်လေသလား ။ ချစ်ရသူရဲ့ချစ်စရာမျက်နှာလေးနှင့် အတူ သနားစရာစဖွဟ် မျက်နှာလေးကိုသာ ပြန်မြင်ယောင်ပြီး လွမ်းနေခဲ့ရတယ်။
ကျွန်တော်နှင့် အတူ ချစ်သူဖြစ်တဲ့ဖြူဖြူမှာလဲ မိဘနှစ်ပါးကို မျက်နှာပျက် အရှက်မရစေရန် ဣနြေ္နဆည်နေရသော်လည်း ရင်ထဲက အပူ ဘယ်သူလာလို့ ငြိမ်းပါ့မယ် ဆိုသကဲ့သို့ပင် ပူဆွေး ဒုက္ခကို တမြည့်မြည့် ခံစားနေရပါလေတယ်။
ချစ်သူရဲ့မိဘနှစ်ပါးမှာလဲ မိဘစကား မြေဝယ်မလွှား နားထောင်နေသော်လဲ ရင်ထဲမှာ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ဆိုသလို ချစ်သောသူနှင့် ကွေကင်းရခြင်းသည် ဒုက္ခမည်၏ ဟူ၍ မချိသော နှလုံးမှာ မပြုံးသာအောင် ခံစားနေရသည်ကို နားလည်ပြီး သနားသော်လည်း ကောက်ညှင်းက မစေးဘဲ ဆန်ကြမ်းက စေး နေသည့် အဖြစ် သားယောကျာ်းလေး ဘက်က ငြင်းဆန်လွှတ် သည့်အဖြစ် လွမ်စရာကို သနားစရာနှင့်တွေး၍ ဖြေဖျောက်နေကြရလေတယ်။
တစ်နေ့
ဖြူဖြူနဲ့ကျွန်တော် နှစ်ဖက်မိဘတွေကို လွန်ဆန်ပြီး နှစ်ယောက်တည်း ချိန်တွေ့ဖြစ်ကြတယ်။ ကျွန်တော့ကို တွေ့တွေ့ချင်းပဲ ဖြူက ပြေးဖတ်ပြီး ငိုနေရှာတယ်။ ကျွန်တောနဲ့ မခွာနိုင်ဘူး။ တစ်တွတ်တွတ်ပြောရင်း ငိုနေခဲ့တယ်။ ဖြူရယ် မောင်လဲ ဖြူလို့ပါပဲ။ ပြောနေရင်း မျက်ဝန်းထဲက မျက်ရည်တွေ အလိုလို ကျလာခဲ့တယ်။ မငိုပါဘူး။ ကျွန်တော်ငိုရင် ဖြူဖြူပိုဆိုးလိမ့်မယ်။ စိတ်ကို ထိန်းလိုက်တယ်။ အပင်ကြီးအောက်မှာ ထိုင်ရင်း ဖြူက ပုခုံးလေးကို မှီထားခဲ့တယ်။ မတွေ့ဖြစ်တာကြာလို့လား။ ဖြုစကားတွေ ပြောနေလိုက်တာ ကလေးလေးတစ်ယောက်လိုပါပဲ။ ကျွန်တော့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။ မောင် ဖြူ့ကို ဘယ်တော့မှ ထားမသွားရဘူးနော်။ ဖြူရယ်။ မောင်တို့တွေ ချစ်ကံဆိုးလိုက်တာ။ ဟိုးမှာကြည့်စမ်း သူများ ချစ်သူတွေ ပျော်နေလိုက်ကြတာနော်။ ရင်တွင်းစကား တိုးတိုးလေး ပြောလိုက်မိတယ်။ ဖြူထပ်ငိုနေခဲ့တယ်။မျက်ကွင်းမှာလဲ ငြိုမည်းနေပြီ။ အရင်ကထက်လဲ ပိုပိန်လာတယ်။ ဖြူ ကျန်းမာရေး ဂရုစိုက်ပါ။ ဖြူ့ကို မောင် ဘယ်တော့မှ ထားမသွားဘူး။ အဲ့နေ့ကလေ ရင်ထဲမှာ ဆို့နစ်လို့ ငိုလို့မရပဲ မျက်လုံးတွေ အစ်လာခဲ့တယ်။ တစ်နေ့ကုန်ပါပဲ။ မတွေ့ရတဲ့နေ့တွေကို အတိုးချပြီး လျောက်လည်ခဲ့တယ်။ ဘုရားသွားတယ်။ ချစ်သူနှစ်ဦး ပေါင်းဖတ်နိုင်ဖို့ဆုတောင်းပြီး နှစ်ယောက်လုံး သစ္စာဆိုခဲ့ကြတယ်။
မောင် ဖြူ့အပေါ်မှာ သစ္စာရှိပါ။ မောင်နဲ့ မပေါင်းရတော့ရင် ဒီဘဝ တစ်သက်လုံး အိမ်ထောင်မပြုပဲ အပျိုကြီးဘဝနဲ့အရိုးထုတ်မှာ မောင်ကလဲ ဖြူကလွဲရင် ဘယ်မိနိးကလေးကိုမှ စိတ်နဲ့တောင် မပြစ်မှားပါနဲ့ ။စိတ်ချပါဖြူ။ မောင်လေ ဖြူကလွဲပြီး ဘယ်မိန်းကလေးကိုမှ စိတ်နဲ့တောင် မပြစ်မှားဘူးလို့ သစ္စာဆိုပါရစေ ။
နှစ်ယောက်လုံး ဘုရားမှာ သစ္စာဆိုခဲ့တယ်။ ဖြူက ကျွန်တော့်ရင်ခွင်ထဲ မှီထားရင် မျက်နှာကို မော့ကြည့်လိုက်တယ်။ မောင့်ကို သိပ်ချစ်တာပဲ။ရင်ဘတ်ထဲမှာ ဆို့နစ်သွားတယ်။ အသက်ကို ခပ်ပြင်းပြင်းလေး ရှု့ရှိုက်လိုက်တယ်။သူမရဲ့နဖူးလေးကို အချစ်တစ်ရာ စကားလုံးနဲ့ညီမျှတဲ့ အနမ်းတစ်ချက် နမ်းရှိုက်လိုက်တယ်။ ဒီနေ့တွေ့ပြီးရင် ဘယ်တော့မှ ထပ်တွေ့ရမှန်းမသိတော့တဲ့ မသေချာတဲ့အတွေးတွေကို မုန်းမိတယ်။ လူကြီးတွေ သိလို့မဖြစ်ဘူး။ အခုလို ခိုးတွေ့တာ သူတို့သိသွားရင် ကျွနိတော်တို့နှစ်ယောက် ကမ္ဘာခြားသွားလိမ့်မယ်။ အချိန်တွေကလဲ မြန်လိုက်တာ ။ ညနေဆောင်းခါနီး ဖြူကငိုတယ်။ မောင့်အနားကနေ ဘဟ်မှ မသွားချင်ဘူး။ဖြူရယ် အခုပြန်လိုကိပါဦး ။ဒီလပြည့်ညကျရင် ဘာပဲဖြစ်ဖြစ်ဖြူရယ် ဖြူ့ကို မောင်လာခိုးမယ်။မောင်တို့နှစ်ယောက် ဘဝတစ်ခု အတူတူတည်ဆောက်ကြမယ်။
အငိုမျက်လုံးများနှင့် ဖြုပြုံးပြီး ပြောနေလျက်။ တကယ်ပြောတာလား။ ဖြူစောင့်နေမယ် ။ဝမ်းသာလိုက်တာ။ ဖြူ့ကိုချော့ပြီး ပြန်မယ့် ကားဂိတ်ထိလိုက်ပို့ပေးလိုက်တယ်။ဘတ်စ်ကားပေါ်တတ်သွားတဲ့ဖြူတစ်ယောက် လူအုပ်ခြားမှ ခေါင်းလေး တိုးထွက်ပြီး ကားဂိတ်မှာ ကျန်နေခဲ့တဲ့ ကျွန်တော့ကို ပြုံးပြ လက်ပြနှုတ်ဆတ်နေခဲ့တယ်။ စိတ်မထိနိးနိုင်ဘူး။ ဖြူထွက်သွားတော့ ကားမှတ်တိုင်မှာပဲ မျက်နှာတစ်ဖတ်လှည့်ပြီး ငိုလိုက်မိတယ်။
အိမ်ပြန်ရောက်တော့လဲ တစ်မှိုင်မှိုင် တစ်ထွေထွေ ။ လွမ်းလိုက်တာ ဖြူရယ်။ အိမ်က မိဘနှစ်ပါးကတော့ သူတို့အသိတစ်ယောက်ရဲ့သမီးနဲ့အမြန်ဆုံး အိမ်ထောင်ချပေးရန် စီစဉ်နေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီလပြည့်တာနဲ့ဖြူ့ကိုခိုးပြေးမယ်ဆိုတဲ့ အတွေးများစွာနှင့် လွမ်းရက်တွေကို ကျော်ဖြတ်နေရတယ်။ ဖြူနဲ့မတွေ့ရတာ ငါးရက်တောင် ရှိနေခဲ့ပြီ။ ခြံထဲ ဒါန်းလေးမှာ တစ်ယောက်တည်း ထိုင်နေခဲ့တယ်။ အလောတကြီး သူငယ်ချင်းတစ်ယောက် ခြံထဲဝင်လာပြီး ကျွန်တော် ရှိနေတဲ့ ဒါန်းလေးဆီ ရောက်လာခဲ့တယ်။ဖြူဆုံးပြီ။ ဘာ။ ဖြူဆုံးပြီ ဟုတ်လား။ ဟုတ်ရဲ့လား။ ဟုတ်ပါ့မလား။ မဖြစ်နိုင်ဘူး။ ဘာလို့ဖြူကသေရမှာလဲ ။လုံးဝ မဖြစ်နိုင်ဘူး ။ဟုတ်ပါရဲ့ ဖြူဆုံးသွားပြီးတဲ့။ ဘယ်သူတွေရဲ့ စကားလဲဗျာ။ ကျွန်တော် မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းဖြူ့ဆီရောက်သွားပြီး ရုတ်တရက် နှလုံး ရပ်တန့်သွားခဲ့ပြီ။ မဖြစ်နိုင်ဘူး။ ဖြူတို့နေတဲ့ရပ်ကွက်ထဲကို ဖိနပ်မပါ ကျွန်တော် အပြေးသွားလိုက်တယ်။ သူတို့ငှားနေဲ့အိမ်ရှေ့မှာ အသုဘ မဏ္ဍပ်ထိုးသွားတဲ့မြင်ကွင်းက ဖြူတကဟ်သေသွားတာကို သက်သေပြနေခဲ့ပြီ။ သူတို့အိမ်ထဲကို အပြေးဝင်လိုက်တယ်။ အိမ်ထဲက သူတွေ ဝိုင်းဆွဲထားပြီး ပေးမဝင်ခဲ့ဘူး။ အိမ်အပေါ်မှ သူအစ်မကြီးတွေ ငိုပြီးဆင်းလာခဲ့တယ်။
နင် ဘာလာလုပ်တာလဲ အခု ထွက်သွားစမ်း နင့်ကြောင့် ငါ့ညီမသေရတာ အခုထွက်သွား
မကြီး ကျွန်တော် ရှင်းပြပါရစေဦး မကြီးတို့ထင်သလို မဟုတ်ပါဘူး

လုံးဝရှင်းပြမရအောင်ပဲ ကျွန်တော့ကို နာကျည်းနေသော မျက်ဝန်းများနှင့် အတင်းမောင်းထုတ်နေတော့တယ်။ ကျွန်တော် အရမ်းငိုမိတယ်ဗျာ။ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ကြားထဲကနေ အိမ်အပေါ်မှာ ဖြူထိုင်နေမလား။ ကျွန်တော့အသံကြားလို့ ဖြူပြေးထွက်လာမလား။ လှမ်းကြည့်နေမိတယ်။သို့ပေမယ့် ဖြူ့ရဲ့ပြုံးရွှင်နေသော တစ်ပိုင်းပျက်ပုံလေးကသာ ကျွန်တော့ကို ကြိုဆိုနေတော့သည်။ မူးမေ့သွားခဲ့တယ်။ ဘာကိုမှ မသိ။ သတိရလာတော့ ချစ်သူနာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်တယ်။ ဘေးမှာ ဆရာဝန်နှင့်အတူ မိဘနှစ်ပါး။ ဖြူသေပြီတဲ့ဖေဖေ မေမေ။ မိဘတွေမျက်နှာမှာ ခံစားမှု့နှစ်မျိုး တွေ့လိုက်တယ်။ သူတို့သိပ်ချစ်တဲ့တစ်ဦးတည်းသော သားကျွန်တော် ခံစားနေရသည်ကို စိတ်မကောင်းသော ခံစားချက်နှင့်အတူ ဖြူသေသွားတော့ သံယော်ဇဉ် တစ်ခုပျက်သွားလို့ ပီတိဖြစ်နေတဲ့ပုံ။ ရက်စက်လိုက်တာဗျာ။ အသုဘချမယ့် နေ့မှာ ဖြူ့အသိုင်းအဝိုင်းကို သူငယ်ချင်းရဲ့ အနူးအညွှန့်တောင်းဆိုမှု့ကြောင့် ဖြူ့အလောင်းနားကို ကျွန်တော် ကပ်ခွင့်ရခဲ့တယ်။ ခန်းမ ၂ ။ တစ်ကိုယ်လုံး အားတွေ ကုန်ခန်းနေတယ်။ တစ်လှမ်းချင်း ဖြူအိပ်စက်နေတဲ့အခေါင်းမှန်ဘောင်ဆီရောက်တော့ သူသိပ်ကြိုက်တဲ့ နှင်းဆီပန်းတွေ ကြားမှာ ဖြူတစ်ယောက် အိပ်မောကျစွာ အိပ်စက်နေခဲ့ပြီ ။ဘယ်တော့မှ သူပြန်မနိုးတော့ဘူး။ မျက်ရည်တွေ ကျလာခဲ့တယ်။
ဖြူ မောင့်ကို ဘယ်တော့မှ ထားမသွားဘူးဆို ။မောင်နဲ့ပဲ အတူတူနေမယ်လေ။ ဖြူရယ် ထကြည့်ပါဦးလား။ မောင်ခေါ်နေတယ်လေ။ အိပ်ပါစေ ဖြူပင်ပန်းနေရောပေါ့။ ဖြူထင်သလို ဖြူ့အပေါ် မောင် သစ္စာမဖောက်ပါဘူး ။ ဖြူ့ကို လပြည့်ညကျရင် လာခိုးမယ်လေ။ မောင်တို့နှစ်ယောက် ဘဝတစ်ခု အတူတူတည်ဆောက်ကြမယ်။ ဖြူမကြားနိုင်တော့ဘူးလား။ မောင့်ကို သိပ်ချစ်တာပဲဆို ။မောင် သီချင်းဆိုပြမယ်နော်။ ဖြူက လက်ခုပ်တီးပါဦး။

ဖြူအလောင်းကို ကြည့်ရင်း တစ်ယောက်တည်း စကားတွေ ပြေနေမိတယ်။ ဖြူကတော့ အိပ်မောကျနေတဲ့အတိုင်းလေးပါပဲလား။သူသိပ်ကြိုက်တဲ့နှင်းဆီပန်းလေးတွေ ကြားမှာ ထာဝရ အိပ်မောကျနေခဲ့ပြီ။ ကျွန်တော့ အသံတွေကို သူမ မကြားနိုင်တော့ဘူး။ ခေါ်သံတွေက အလကား။မှန်ဘောင်လေးကို အသာဖွင့်လိုက်တယ်။ နောက်ဆုံးနမ်းလိုက်ရတဲ့ ဖြူ့ရဲ့နံဖူးပြင်လေးကို ဒုတိယအကြိမ် ထပ်နမ်းလိုက်မိတယ်။ဖြူရယ် မောင့်ကို ထားသွားပြီနော်။ မျက်လုံးလေး ဖွင့်ကြည့်ပါဦးလား။ မောင့် ကြောင့် ဒီလိုဖြစ်ရတာပါ ဖြူရယ်။ မောင့်ကို ခွင့်မလွတ်ပါနဲ့။ဖြူ ကို သိပ်ချစ်တာပဲ ဖြူသိရဲ့လား။ ဖြူနဲ့အတူတူနေပြီး ဘဝတစ်ခုတည်ဆောက်ကြမယ်လေ။ ဖြူ့ကို ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ငါက အလကားကောင်ပါ ဖြူရယ်။ တမလွန်မှာ အေးအေးချမ်းချမ်းနေပါတော့လေ။ ငါ့ကို လက်ကလေးပြပြီး နှုတ်ဆတ်ပါဦးလား ။ ငါ့ရင်ခွင်ထဲမှာ မင်းလာနေပါဦး။မင်းကို ငါချစ်လို့မဝသေးဘူး။ ငါ့ကိုထားသွားပြီလား။ လူတွေဆုံနေခဲ့ပြီ။ဖြူ့ကိုခေါ်သွားကြတော့မယ်။ နေပါဦးဗျာ ။နေပါဦး။ ဖြူ့ကို ကျွန်တော် စကားလေးတွေ နောက်ဆုံးပြောပါရစေဦး။ဖြူ စိတ်ချပါ မောင် ဖြူပြန်မလာနိုင်တော့ပေမယ့် ဖြူ့ကို မောင်မျှော်နေဦးမှာပါ။
ပြောလို့မဝနိုငိပါဘူး။ ခန်းမအချိန်ပြည့်တာကြောင့် တာဝန်ရှိသူတွေ ဖြူ့အလောင်းကုတင်းကို လာတွန်းကြပြီ။ ဖြူ့ကိုထပ်နမ်းမိလိုက်တယ်။ သူ့ရဲ့အငွေ့သတ်လေးတွေက အရင်တိုင်းပါပဲ ။လတ်လတ်ဆတ်ဆတ် ရှိနေတုန်း။ တွန်းလှည်းသွားရာနောက်ကို လိုက်နေမိတော့တယ်။ မီးသဂျိုးခန်းရှေ့မှာ တာဝန်ရှိသူတွေက နောက်ဆုံးအကြိမ် ရုပ်အလောင်းလေးထပ်ပြတယ်။
ကြည်လို့မဝနိုငိပါဘူး ဖြူရယ်။ မင်းကို တစ်သတ်လုံး ငါထပ်မတွေ့ရတော့ဘူး။ မင်းအပြုံးတွေ မင်းရဲ့စကားသံတွေ ငါနောက်ထပ် ဘယ်တော့မှ မကြားရတော့ဘူး။မင်းကို သစ္စာရှိရှိနဲ့ တစ်သတ်လုံး ငါမျှော်နေဦးမှာပါ။
သဂျို င်္းအခန်းထဲ ဖြူတစ်ယာက်တည်းပါသွားခဲ့တယ်။ နှလုံးသားရဲ့ပြင်းထန်လွန်းတဲ့ရိုက်ချက်တွေက ဦးနှောက်ကို မူးမေ့သွားစေခဲ့တယ်။ တိုက်ဆိုက်လွန်းလိုက်တာ ခိုးပြေးမယ်ဆိုတဲ့ လပြည့်ညက ဖြူ့ရဲ့ရက်လည်ညပါပဲ။ တစ်ညလုံး ဖြူ့ရဲ့အရိပ်ယောင်လေးတွေကို မျှော်လင့်တကြီး စောင့်မျှော်နေခဲ့မိတယ်။ ရက်လည်ညလေးမှာသာ ဖြူ့ကိုတွေ့လိုက်ရင် ပြေးဖတ်မိမှာ မလွဲချေ။ သို့ပေမယ့် ဘာကိုမှ မတွေ့ခဲ့ရပဲ ။တိတ်ဆိတ်နေတဲ့ညတစ်ညအဖြစ် ကုန်ဆုံးစေခဲ့တော့တယ်။

နေ့ရက်တွေလဲ ကြာနေခဲ့ပြီ။ ပျောက်သောသူ ရှာရင်တွေ့ သေသောသူ ကြာရင်မေ့တဲ့ ဘယ်လိုမှ မမေ့နိုင်တဲ့ ဖြစ်ရပ်လေးကို အချိန်က ကုစားခဲ့ချေပြီ။ မေမေနဲဖေဖေကလဲ မိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်ချပေးရန် ဇွတ်စီစဉ်နေတာ ဆယ်ရက်လောက်ပဲ လိုတော့တဲ့အချိန် ။
တစ်နေ့မနက်စောစော ကျွန်တော်ရယ် ဖေဖေရယ် မေမေရယ် မနက်စာလက်ဖက်ရည် မုန့်သုံးဆောင်နေစဉ်မှာပဲ အိမ်မှာ ထမင်းချက် အဝတ်လျော် ဈေးသွား အကူခေါ်ထားတဲ့ ကလေးမလေးက ကျွန်တော့ကို ဆွဲဖတ်ပြီး
မောင် ဖြူ့အပေါ် သစ္စာမဖောက်နဲ့နော် ။ဖြူ့အပေါ် သစ္စာဖောက်လို့ကတော့ သတ်ပစ်မှာပဲ
ပြောတော့ တစ်အိမ်လုံး မျက်လုံးပြူး မျက်ဆန်ပျာ ဖြစ်သွားကြတယ်။ အဖေနဲ့အမေကလဲ မျက်စိပျက် မျက်နှာပျက် ။ ဒီကလေးမလေးက ကျွန်တော်တို့မျက်နှာကို စေ့စေ့တောင် ကြည့်ရဲတာ မဟုတ်ပါဘူး။ မေမေက
ဟဲ့ ကလေးမ ဘာတွေ ပြောနေတာလဲ
ဆိုပြီး ဦးခေါင်းထိပ်က ဆံပင်ကို ဆတ်ခနဲ ဆွဲလိုက်မှ ဒီကလေးမလေးဟာ ပုံလဲကျသွားတော့တယ်။သတိမေ့သလို ဖြစ်သွားတယ်။ကလေးမလေးနဲ့သူ့အမေနဲ့ အိမ်မှာ ခေါ်ထားတာဆိုတော့ သူ့အမေက ပွေ့ပြီး သမီးဘာဖြစ်တာလဲ ဘာဖြစ်တာလဲ လှုပ်ခါနိုးလိုက်မှ မျက်လုံးပွင့် သတိလည်လာခါ
ဘာမှ မဖြစ်ပါဘူး ဘဘကြီးနဲ့ကြီးကြီးတို့ကို မုန့်ပန်းကန် ချပေးမလို့ပါ
ဒီလိုပြောလိုက်တယ်။ အခုနဖြစ်ပျက်ခဲ့တာတွေ သူဘာမှ သိဟန်မတူ။ဒီလိုနဲ့ မင်္ဂလာပွဲ ကျင်းပဖို့သုံးရက်လောက် အလို နှစ်ဖက်မိဘ အစုံအညီ စကားပြောနေတုန်းမှာပဲ ကလေးမလေးဟာ အသားလီးဓားယူလာပြီး
ဒီမင်္ဂလာပွဲ ဖျက်ရင်ဖျက် မဖျက်ရင် အကုန်လုံးကို ဓားနဲ့ခုတ်သတ်မယ်
ဟုဆိုခါ ဝန်းဒိုင်းကြဲတော့တယ်။အရပ်တည်းက အိမ်မှာ ဝေယျာဝစ္စ အကူညီလာလုပ်ပေးနေတဲ့ အထက်ဂိုဏ်းဆရာ ကိုရွှေအိုးက
ဟဲ့နင်ဘယ်သူလဲ ။ဆရာမေးနေတယ်။မှန်မှန်ဖြေစမ်း။ ဆရာ့ကို မကြောက်ပါနဲ့ ဘာဘာညာညာ သူ့ပညာနဲ့သူမေးတော့
ကျွန်မက မောင့်ရဲ့ချစ်သူဖြူဖြူထွေးပါ။ မောင်ဆိုတာ ဟောဟိုက ကို………ပဲဆရာ။မောင်မပါပဲ ကျွန်မ ဘယ်မှ မသွားနိုင်ဘူး။
အားလုံးလဲ ပါးစပ်အဟောင်းသားနဲ့အံ့အားသင့် ဝိုင်းကြည့်နေမိကြတယ်။အထက်ဂိုဏ်းတတ်ထားတဲ့ကိုရွေအိုးက
သမီး မသွားချင်လို့မရဘူးလေ။ ဘဝချင်းတွေ ခြားနေပြီကွယ့်။ သမီးကို ဆရာ ဘာလုပ်ပေးရမလဲ။ ဘယ်လိုကူညီပေးရမလဲ ။
ကိုရွှေအိုး ဒီလိုမေးတော့
မောင် ကိုယ်တိုင် သမီးကို လက်ဖက်ရည်တိုက် မုန့်ကျွေးပါ။သမီးနောက်ဆုံး အနေနဲ့ ဟိုးအရင်ကလိုပဲ မောင်ခွန့်ကျွေးတာ စားချင်ပါတယ်။
ဖြူရယ်
ကျွန်တော် ထိုင်နေရာကနေ အဲ့ကလေးမလေးဆီ အပြေးသွားလိုက်တယ်။ လက်ဖတ်ရည် နဲ့ကိတ်မုန့်ကို ဟိုးအရင်က နှစ်ယောက်တည်း ချိန်တွေ့ကြရင် ခွန့်ကျွေးနေကြအတိုင်း ခွန့်ကျွေးလိုက်တော့ ကလေးမလေးက ပြုံးပြုံးရွှင်ရွှင် စာသောက်ပြီးတဲ့နောက် ကျွန်တော့လည်ပင်းကို အရင်တုန်းကလိုပဲ သိုင်းဖတ်ပြီး
ကျေးဇူးတင်ပါတယ် မောင်ရယ် ။ဖြူ့ကို မေ့လိုက်ပါတော့။မောင်က အရင်တုန်းက အတိုင်းပါပဲ။မောင့်ကို သိပ်ချစ်တယ်။ ဖြူသွားတော့မယ် မောင်။
ဒီလိုပြောပြီး တရှိုက်ရှိုက် ငိုပါလေတော့တယ်။ ခဏအကြာမှ ဝါး ဆိုပြီး ကလေးမလေး သတိလည်လာတယ်။ သတိလည်တယ် ဆိုရင်ပဲ ကလေးမလေးဟာ ဘာမှကို မသိသလို။
ဘဘကြီး သမီး ဘာလုပ်ပေးရမလဲ သမီး မီးဖိုခန်းမှာပဲ နေပါ့မယ် ကြီးကြီးတို့ အစ်ကိုလေးတို့ ခိုင်းစရာရှိရင် ခေါ်ပါ
ဟူဆိုခါ ပုံမှန်အတိုင်းပြောဆို ထွက်သွားခဲ့တော့တယ်။

ပြန်လည် တမ်းတပေးပါသော
ဦးဇော်မင်းထွန်း၏ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို စာစီပြုရေးခြယ်တင်ပြလိုက်ပါသည်။
ဦးဇော်မင်းထွန်း၏ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို စာစီပြုရေးခြယ်တင်ပြလိုက်ပါသည်။
စာရေးသူ-ထီးကလေး

No comments:
Post a Comment