ဖြစ်ရပ်မှန်
စာရေးသူ- ထီးကလေး
သင်္ချိုင်းရွှေ့
စာရေးသူ- ထီးကလေး
သင်္ချိုင်းရွှေ့
ဘကြီး သချိုင်းရွှေ့တယ်ဆိုတာ သားတို့ငယ်ငယ်တုန်းက ကြားဘူးတယ် ပြောပြပါလား
ကြံတောသချိုင်း ရွှေ့တုန်းက ဘကြီး ကိုယ်တွေ့ပဲဟေ့။ ဘကြီး အသတ် ၂၀ကျော်ကျော်လောက်တုန်းက ၃ကားမောင်းတယ်။ အဲ့ဒီ့အချိန်တုန်းက ဒီမြောက်ဥက္ကလာဆိုတာ လယ်ကွင်းတွေပဲ ရှိသေးတာ။ ဝေဘာဂီ ဂိတ်ဟောင်းက ဂိတ်စ ဂိတ်ဆုံးပေါ့။ သရဲအခြောက်ခံရတာလဲ ခဏခဏပဲ။ တစ်ခါတစ်လေ ညဥ့်နက်မှ ကားသိမ်းတဲ့အခါဆို ကားကို တားတယ်။ အရှေ့နားလမ်းကြုံလိုက်ချင်လို့ပါဆိုလို့တင်လာလိုက်တယ်။ သူပြောတဲ့နေရာရောက်လို့ကိုယ်က ရောက်ပြီပြောမလို့အနောက်လှည့်ကြည့်လိုက်ရင် ဒင်းက ပျောက်သွားပါလေရော။ မနက်ကားသမားတွေ ဆုံတယ်။စကားစပ်မိလို့မေးကြည့်ရင် ကားတားဆီးတဲ့သူပြောတဲ့နေရာမှာ လူသေခဲ့တယ်ဆိုတာ သိရတာပဲ။ ဘကြီး ကားစလိုက်တုန်းက အထာမနပ်ဘူး။ လမ်းကြုံလိုက်ချင်ပါတယ် ဆိုလို့ သနားတာနဲ့ခွင့်ပြုလိုက်တယ်။ ပြီးရင် သရဲပဲဖြစ်ဖြစ်နေတော့ တကယ့် လူစင်စစ်က တားဆီးတဲ့အခါကျရင်တောင် သူ့ကို သရဲပဲ ထင်နေတယ်။ တစ်ခါကဆို ကောင်လေးတစ်ယောက် မင်းတို့အရွယ်လောက်ပဲ ရှိဦးမယ် ကမ္ဘာအေးမှတ်တိုင်ကနေ ဝေဘာဂီ လမ်းကြုံလိုက်ချင်ပါတယ်ဆိုလို့ တင်လာတာ။ တစ်လမ်းလုံး သူ့မိသားစုအကြောင်းတွေ ပြောပြလာတာ လူအစစ်တိုင်းပဲ ခြောက်ကွေ့မှတ်တိုင်လဲ ရောက်ရော ကားကွေ့မလို့ ဘတ်မှန်ကြည့်တုန်း ရှိသေးတယ် ဘေးကနေ ချက်ချင်း ပျောက်သွားပါလေရော။ တကယ်တော့ သူတို့က လူတွေကို ဒုက္ခမပေးကြပါဘူး။စွဲလမ်းစိတ်နဲ့တစ်ချို့က သူတို့သေခဲ့တဲ့နေရာမှာပဲ ရှိနေတတ်တယ်။ အရေးခင်းမဖြစ်ခင် အချိန်ပေါ့ ၁၉၈၅ တုန်းက အိမ်က စီးပွားရေးကလဲ မပြေလဲ ဘကြီးမောင်းနေတဲ့ ကားပိုင်ရှင်ကလဲ ကားကို ပြန်သိမ်းသွားတော့ အလုပ်ကလဲ မရှိတော့ဘူး။ ကားသမားဆိုတာ ကားပဲ မောင်းချင်တော့တယ်။ တစ်ခြား အလုပ်တွေ လိုက်လုပ်ရတာလဲ အဆင်မပြေဘူး။ ဒါနဲ့ဘကြီး သူငယ်ချင်း အရှည်ကြီးဆိုတာ ရှိတယ်။သူက ကားOwner တစ်ယောက်နဲ့ရင်းနှီးတယ်တဲ့။ဘကြီးကို ကားပြန်ဆွဲလို့ရအောင် သူပြောပေးမယ်ဆိုပြီး သူ့အသိနဲ့မိတ်ဆတ်ပေးတယ်။အဆင်ပြေတာနဲ့ ဒိုင်နာကားမောင်းရတယ်။ အရင်ဂိတ်က အသိတစ်ယောက်ကို စပယ်ယာခေါ်လိုက်တယ်။ လှိုင်သာယာကနေ မြောက်ဥက္ကလာကို ညနေ ၃နာရီလောက်ကနေ ညပိုင်း ၁၁လောက်ထိ ဆွဲတယ်။ အဲ့ကားက တစ်ခုထူးဆန်းတယ်။ ည၉နာရီလောက်ဆို လူခေါ်လို့မရတော့ဘူး။ ကားဂိတ်တွေမှာ ခရီးသည်တွေ ကားစောင့်နေတာမြင်လို့ စပယ်ယာလေးက ဘယ်သွားမလဲ မေးရင် မြောက်ဥက္ကလာလို့ပြောတယ်။ ဒါပေမယ့် ဘကြီးတို့ ကားကလဲ မြောက်ဥက္ကလာကို ပြန်မှာပဲ ဒါကို မလိုက်ဘူး။ ခရီသည်တွေ မသိမှာ ဆိုးလို့ စပယ်ယော လိပ်ခေါင်းထွက်အောင် အော်ခေါ်နေတာကိုလဲ မကြားသလိုပဲ ။နောက်ဆုံး ကျွန်တော်တို့ကားလဲ မြောက်ဥက္ကလာကိုပြန်မှာပဲ တစ်ခါတည်း လိုက်ခဲ့ပါလားလို့ပြောလဲ ။ရပါတယ် နောက်ကားပဲ စောင့်လိုက်မယ်တဲ့။ ည၉နာရီကျော်ပြီးဆို မမေးနဲ့ကားတစ်စီးလုံးကို ချောင်လို့ တစ်ယောက်နှစ်ယောက်တည်း ခရီသည်ပါတယ်။ ဘကြီးကားနောက် လိုက်တဲ့စပယ်ယာလေးလဲ ကြာတော့ စိတ်ညစ်ပြီး တစ်ခြားကား ပြောင်းလိုက်သွားတယ်။ နောက်စပယ်ယာ အသစ်လေးက ရွှေရင်ကျော်ဂိုဏ်းတတ်ထားတဲ့ဆရာလေး သူက စပယ်ယာ လိုက်ချင်တယ်ဆိုတော့ ဘကြီးလဲ စပယ်ယာမရှိတာနဲ့လိုက်ခိုင်းလိုက်တယ်။ သူ့လဲ ကားလိုက်ရော အရင်လို မဟုတ်တော့ဘူး။ ဘကြီးတို့ ကားမှာ ဘယ်အချိန်ဖြစ်ဖြစ်လူ ပြည့်နေတယ်။အဲ့ဆရာပြောတယ် ကားက သိပ်မသန့်ဘူး။ ထူးဆန်းတာတစ်ခုက ခေါင်းခန်းမှာ ဘကြီးစမောင်းတည်းက တစ်ခါမှ ခရီးသည် မလိုက်ဘူး။ တစ်နေ့ညနေပိုင်း လူတစ်ယောက်က လွယ်အိတ်နဲ့ခေါင်းခန်းအားလားမေးတယ်။ အားတယ်ပေါ့။ ၃လလောက်ရှိနေမှ အဲ့လူတစ်ယောက်ပဲ ဘကြီး ကားခေါင်းခန်းမှာ လာဆီးဘူ့းတယ်။ သူက မေးတယ်။ ဒီကားကို မောင်းတာ ကြာပြီလားတဲ့။ ၃လလောက်ပဲရှိသေးတယ်လို့ပြောတော့ သူက ဒီကားကို ဆက်မမောင်းဖို့ပြောတယ်။ ဘာကြောင့်လဲ မေးတော့လဲ မဖြေဘူး။ ဆက်မမောင်းဖို့ပဲ ပြောနေတယ်။ ဘကြီးလဲ သူ့စကားကို အလေးထားမနေတော့ဘူး။ ခရီးသည် အမျိုးမျိုးနဲ့ကြုံနေရတော့ သိပ်လဲ ဂရုမစိုက်ဘူး။ မှတ်မှတ်ရရ စပယ်ယာလေး အလုပ်နားတယ် ။ ဂိတ်က အလုပ်မရှိတဲ့လူတစ်ယောက်ကို နေ့ကြေးပေးပြီး စပယ်ယာခေါ်လိုက်တယ်။
အဲ့ညက ၁၁နာရီကျော်လောက်ရှိပြီ ဘကြီးတို့ ကားသိမ်းတာနဲ့ စပယ်ယာနဲ့အတူ အရက်ဝင်သောက်ပြီး တူတူပြန်လာတယ်။ ကားသမားတွေက ဘယ်လောက်ပဲ အရက်မူးမူး ကားကိုတော့ နိုင်တယ်။ ဒါပေမယ့် တစ်လမ်းလုံး ကားက တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေတယ်။ ဘကြီးဘေးမှာ ထိုင်နေတဲ့စပယ်ယာက အမူးလွန်ပြီး အိပ်ပျော်နေပြီ။ ကားဒီလိုဖြစ်နေတော့ ဘကြီးလဲ ကားပေါ်ကဆင်းပြီး မူးတာကို ခဏမေ့ မှောင်ရိပ်နည်းနည်းရှိတဲ့နေရာမှာ အပေါ့သွားနေတုန်း ကားစက်နိုးသံကို ကြားလိုက်ရတယ်။ ပေါက်လက်စ သေးတောင် ရပ်သွားတယ်။ ကားအောက် မဆင်းခင်တုန်းက စပယ်ယာ မူးပြီး အိပ်နေတာ အခု သေးပေါက်နေတုန်း ရပ်ထားတဲ့ကားက စက်နိုးသံကြားလိုက်ရတယ်။ ဘာပြောကောင်းမလဲ ကားဆီကို မြန်မြန်ပြေးသွားလိုက်တယ်။ ကားကစက်မသေသေးဘူး ။ စပယ်ယာကောင်ကို ကြည့်လိုက်တော့ အခုနလိုပဲ အိပ်မောကျနေတုန်း။ ဘကြီးလဲ တစ်ကိုယ်လုံး ထူပူသွားတယ်။အခုန ကားအောက်ဆင်းတုန်းက ကားစက်သတ်ခဲ့လား မသတ်ခဲ့လား စဉ်းစားမရတာနဲ့ ကားတံခါးကို ဖွင့်ပြီး ကားပေါ်ကိုတတ် ပြီးတော့ တစ်ခါတည်း မောင်းတော့တာပဲ ။ ညဥ့်နက်နေတော့ လူကလဲရှင်းနေတယ်။ မောင်းနေရင်းနဲ့ ကားက ထိုးရပ်သွားတာနဲ့အောက်စင်းပြီး လိုက်ကြည့်လိုက်တယ်။ကားကလဲ အကောင်းပဲ။ ပြန်တတ်ပြီး စက်ပြန်နှိုးကြည့်တယ်။ မရဘူး ပြန်စင်းပြီး လျောက်ကြည့်တယ်။ ကားဘာဖြစ်မှန်းလဲ မသိဘူး။ စိတ်ညစ်ညစ်နဲ့ ကတ္တရာလမ်းမှာပဲ လူကလဲ မူးနေတော့ ထိုင်ချလိုက်တယ်။ ထိုင်နေတုန်းရှိသေးတယ်။ စက်ဘီကယ်ရီ သမားလေး တစ်ယောက် ဘကြီး နားရောက်လာပြီး။
ဦးလေး ဘာဖြစ်နေတာလဲ ဦးလေးကို ကျနော်တို့ ဂိတ်ကနေ လှမ်းကြည့်နေတာကြာပြီး ကားပေါ်ဆင်းလိုက်တတ်လိုက်နဲ့ ဘာလုပ်နေတာလဲ ကားပျက်နေတာလား
အေး ကားလဲ မပျက်ပါဘူး
မောင်းလာတာအကောင်း ဒီနားရောက်မှ ကားက သူ့အလိုလို ထိုးရပ်သွားလို့
ဟာဗျာ ကျွန်တော်တို့ဂိတ်ကနေ လှမ်းကြည့်နေတာ ကြာလှပြီး ဦးလေးနဲ့ကောင်လေးတစ်ယောက် ကားပေါ်တတ်သွားတည်းက ကားစက်နိုးပြီး အရှေ့နည်းနည်းလေးပဲ ရွေ့ထားတာ တွေ့တယ် ကျနော်တို့က ကားအရှေ့ရွေ့တယ်ထင်လို့ ကြည့်နေတာ တစ်ခါမှ ဒီနားကနေ မောင်းတာ မတွေ့သေးပါဘူး
ဟာ မင်းကလဲ အရက်ဆိုင်ကနေ ပြန်ထွက်ပြီး မောင်းလာတာ ဒီနားရောက်မှ ကားက ရပ်သွားတာ
ဦးလေး တော်တော် ကောင်းနဲ့ပြီးနဲ့တူတယ် ဦးလေးတို့သောက်တဲ့အရက်ဆိုင်က ဘယ်နားကလဲ
မြောက်ဥက္ကလာ အဝိုင်းကြီးမှာလေ ဘာဖြစ်လို့လဲ
ဟား…ဟား…ဦးလေးက လာနောက်နေတယ် သေချာကြည့်ဦး အခုမှ ရုံးမှတ်တိုင်အရှေ့ပဲ ရှိသေးတာလေ

သူပြောတာနဲ့ မျက်စိတွေကို ပွတ်ပြီး ဘေးတွေကို ကြည့်လိုက်တယ်။ ဟုတ်ပါရဲ့အရက်ဆိုင်တောင် ပိတ်သွားပြီး။ အရက်ဆိုင်အရှေ့ကနေ ကျော်ရုံလေးပဲ ရှိသေးတာ။ ဒါပေမယ့် ဘကြီးမောင်းလာတာတော့ တော်တော်လေး ခရီးရောက်နေပြီ ထင်တာ ။လူလဲ ကြောင်တောင်တောင် ဖြစ်သွားတယ်။ အဲ့တုန်းက ကျားစီးစက်ဘီးတွေ ခေတ်ဆိုတော့ စက်ဘီကယ်ရီတွေပဲရှိတာ။ ကယ်ရီသမားတွေ ရောက်ချလာပါလေရော။ အဲ့ဒါနဲ့ စပယ်ယာကို အတင်းနိုးပြီး ကားကို အဲ့ဒီနေရာမှာ ရပ်ထားခဲ့ပြီး ကယ်ရီနဲ့ပြန်လစ်လာရတယ်။ အဲ့တစ်ခါကတော့ တော်တော်လေးကို လန့်သွားတယ်။ မောင်းနေတာတော့ လီဘာလဲ နင်းတယ် စီယာတိုင်လဲ လှည့်နေတာပဲ ကယ်ရီသမားတွေ ပြောမှ သေချာ ကြည့်လိုက်တော့ အရက်အရှေ့ကနေ ကျော်ရုံလေး ရှိသေးတယ်။ အဲ့ဒါနဲ့အဲ့ကားပိုင်ရှင်ကို ကားပြန်အပ်ပြီး သူငယ်ချင်း ဖြစ်သူ အရှည်ကြီးနဲ့ဆုံတော့ ကားကြောင်းမေးကြည့်တယ် ။သူကပြောတယ်။
အဲ့ကားက ခဏ ခဏ တိုက်တယ် တိုက်တဲ့အခါဆိုလဲ အပင်တွေ ပလပ်ဖောင်းတွေကို အရှိန်နဲ့ဝင်စောင့်ပြီး ဒရိုင်ဘာတွေ သုံး လေးယောက်လောက်ရှိပြီ ပွဲချင်းပြီး သေတာပဲ။အဲ့ဒါကို အစက ဘာလို့မပြောတာလဲ။သူလဲ အစက မသိဘူး။ဘကြီး ကားပြန်အပ်လိုက်မှ အရင် သေသွားတဲ့ ဒရိုင်ဘာရဲ့မိန်းမပြောလို့သိရတာ။နောက် ကားဒရိုက်ဘာအိမ်ကို အလည်သွားသလိုနဲ့အဲ့ကားကို လိုက်ကြည့်တယ်။ ကားပိုင်ရှင်ကတော့ပြောတယ်။ တစ်ခါ တစ်ခါ ညဥ့်နက်ရင် ဒီကားကနေ ကားဟွန်းတီးသံတွေ ကြားတယ်။ အရှေ့မီးတွေလဲ လူမရှိပဲ လင်းလင်းလာတယ်။ သူကအဲ့လိုပြောတော့ ခင်ဗျား အစကကျုပ်ကို ဘာလို့မပြောရတာလဲ ကျုပ်ကို သေစေချင်တာလား မေးတော့ ဘကြီးကို သနားလို့အလုပ်မရှ်တာနဲ့ မောင်းချင်တယ်ဆိုလို့ပေးမောင်းလိုက်တာတဲ့လေ။တော်သေးတာပေါ့။သူ့စေတနာက လူကို သေတွင်းထဲ ပို့သလိုပဲ။
ဘကြီး အနောက်က ဒရိုင်ဘာတွေလဲ အဲ့လိုပဲ တစ်မျိုးမဟုတ် တစ်မျိုးဖြစ်ကြတော့ နောက်ဆုံးကားကို ဘုန်းကြီးပင့်ပြီး ပရိတ်တွေရွတ် အမျှတမ်းပေးတယ်။ ဒါပေမယ့်လဲ မရဘူး။ မရတဲ့အဆုံး ဇမ္ဗူအေးဝန်းထဲက ကားသချိုင်း ပို့လိုက်ရတော့တယ်။

ကဲထားပါတော့ အဲ့တာက ဘကြီးတို့မူးနေတာလဲပါတော့ သိပ်မသည်းကွဲဘူး။ အဲ့သချိုင်းရွှေ့တုန်းက ဘကြီးတို့ဂိတ်ကို စစ်တပ်က အရာရှိတစ်ယောက် ရောက်လာတယ်။တစ်ဂိတ်လုံးက ကားတွေကို ငှားမယ်။ ဘာလို့ဖို့လဲဆိုတော့ သချိုင်းပြောင်းမလို့။တစ်ချို့ဒရိုင်ဘာကြတော့ မလိုက်ရဲကြဘူး။ ကားပိုင်ရှင်သိရင်လဲ ခွင့်ပြုချင်မှ ခွင့်ပြုမယ်။ လိုက်ရဲတဲ့ဒရိုင်ဘာတွေကြတော့ လိုက်ကြတယ်။အဲ့ထဲမှာ ဘကြီးလဲ ပါတယ်။ ဘာဖြစ်လို့လဲဆို ကားငှားခပေးတာ ဘကြီးတို့ ဒရိုင်ဘာတွေ တစ်နေ့လုံး ရှာသလောက်ရှိတယ်လေ။ ဘာပြောကောင်းမလဲ လိုက်တာပေါ့။ သချိုင်းအဟောင်းကို အရင်မောင်းသွားတယ်။ အဲ့ရောက်တော့ စစ်တပ်ကို တွေ့တယ်။အရာရှိတွေရော စစ်သားတွေရော ။နောက်ပြီး ပိုင်ရာဆိုင်ရာတွေ အတွက် အုန်းပွဲ ငပျောပွဲတွေနဲ့ စည်ကားလို့။
ဘကြီးတို့ကားတွေ ရောက်လာတော့
ကားတွေ တန်းစီခိုင်းထားတယ်။ ပြီးတော့အရာရှိက သေနတ် တစ်ချက်ဖောက်ပြီး
ကဲ တတ်ကြ တစ်ကောင်မှ မကျန်ခဲ့စေနဲ့နော် ကြားကြလား အားလုံးပဲ စည်းကမ်းနဲ့တတ်ကြ
အဲ့လိုပြောပြီး သေနတ်တစ်ချက်ထပ်ဖောက်တယ်။ ဒရိုင်ဘာတွေက ခေါင်းခန်းမှာပဲ ရှိနေတာ။ အမိန့်ပေးပြီး မကြာဘူး။ တတ်လာတာများ သိသာတယ်။ ကားက အိကျသွားတယ်။ နားထဲမှာလဲ ဆူညံသံတွေလိုပဲ ကြားတယ်။ဥပမာ ဇာတ်ပွဲတစ်ခုက ပွဲပြီးလို့ လူတွေ ရုတ်ရုတ်သည်းသည်း ဖြစ်နေတဲ့အသံမျိုး ဒါပေမယ့် သေချာနားထောင်လိုက်ရင် မကြားရတော့ဘူး။ ပြီးတော့ အရာရှိက ဘကြီးတို့ဒရိုင်ဘာတွေကို သူပြောထားတဲ့ သချိုင်းနေရာသစ်ကို မောင်းလို့ရပြီးဆိုလို့ ကားစက်နိုးတယ်။ လီဘာလဲနင်းလိုက်ရော အောင်မလေး ကားက လာတုန်းကနဲ့တစ်ခြားစီပဲ လေးနစ်နေတာပဲ။ ဘကြီးအရှေ့က ကားတစ်စီးဆို ဘီတွေပါ အိကျနေတယ်။ သာမာန်ကြည့်လိုက်ရင် ကားပေါ်မှာ တစ်ယောက်မှ မရှိဘူး။ ဒါပေမယ့် ကားဘီးတွေ အိကျနေတာကိုတော့ တွေ့ရတယ်။ အဲ့တာနဲ့သချိုင်းအသစ်ကို မောင်းသွားတယ်။ အဲ့နေရာမှာ စစ်တပ်က အရာရှိတစ်ယောက် ကြိုစောင့်နေတယ်။ သူက သေနတ်တစ်ချက်ဖောက်ပြီး အားလုံး ဆင်းနိုင်ပြီ ကိုယ်နေရာ ကိုယ်ယူကြပါလို့ပြောတယ်။ မသိတဲ့သူလာကြည့်လိုက် အဲ့အရာရှိကို အရူးလို့တောင် ထင်ဦးမယ်။ တစ်ယောက်တည်း စကားတွေ ပြောနေသလိုပဲ။ တကယ်တော့ စစ်အမိန့်ပေးနေတာ။ ၁၅မိနစ်လောက်ကြာတယ်။ ပြီးတော့ နောက်တစ်ခေါက် သချိုင်းအဟောင်းကို ပြန်မောင်းပေးရမယ်ဆိုလို့ မောင်းတဲ့အခါကျတော့ အခုနလာတုန်းက မောင်းလာတာနဲ့ တစ်ခြားစီပဲ။ ကားကပေါပါးနေရောပဲ။
အသွားပြန် ကားဆယ်စီးလောက်နဲ့လေးခေါက်လောက် မောင်းရတယ်။ ဒါပေမယ့် သချိုင်းအဟောင်းကို မောင်းသွားရင် ကားက ပေါ့ပါးနေတယ်။ သချိုင်း အသစ်ကို ပြန်မောင်းလာရင် လေးနစ်နေတာတော့ တကယ့်ကို ကားအပေါ်မှာ လူပြည့်ပါလာသလိုပါပဲ။
အဲ့တစ်ခါကတော့ ဘကြီး ကိုယ်တွေ့ပဲဟေ့ ။

No comments:
Post a Comment