အပိုင်း(၇)တစ္ဆေကိုက်တဲ့ အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၇)တစ္ဆေကိုက်တဲ့ အိမ်ကြီး

Share This
         တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                  တစ္ဆေကိုက်တဲ့ အိမ်ကြီး
                       ( ခြံအမှတ် ၆၆ )
                           အပိုင်း ( ၇ )
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                 

             **
    ဗျာ မဟုတ်ပါဘူး ဦးလေးလူမှားနေတာ ကျုပ်က ဒီကျောင်းမှာနေတာ ကြာပြီ ကျုပ်လုပ်စရာလေးတွေ ရှိလို့ ခွင့်ပြုဦး

အဲ့လူကြီးကို နှုတ်ဆတ်ပြီး ကျွန်တော်လှည့်ထွက်လာခဲ့တယ်။ အနောက်ကနေ ကျွန်တော့ကို အဆက်မပျက်လိုက်ခေါ်တယ်။ ကျွန်တော်လဲ ဦးလေးစိတ်ကြောင့် စိတ်မကောင်းဖြစ်နေတာနဲ့ သူ့ကို ဆက်မခေါ်ဖို့ပြောပြီး ကျောင်းပေါ်တတ်လာခဲ့တယ်။ မနက် ၉နာရီလောက်ကျတော့ ကျောင်းပေါ်မှာ အလှူအတွက် တရားနာရေစက်ချတော့မယ်။ အခုချိန်ထိ ဦးလေးတစ်ယောက် သာဓုခေါ်ဖို့ရောက်မလာသေးဘူး။ ဘုန်းကြီးတိုင်ပေးတဲ့ နောက်လိုက်ဆိုနေရင်း ရေစက်ချခါနီးကျတော့ ဦးလေးကိုတွေ့လိုက်ရတယ်။ သူ့တစ်ကိုယ်လုံး တောက်ပသန့်ရှင်းနေတာပဲ။ မြင်နေကြ သူ့ရဲ့အပြုံးက ဒီနေ့ပိုပြီး ကျက်သရေရှိနေလိုပါပဲ။ ကျွန်တော့ဘေးနားကို ရောက်လာတယ်။ သွားမပေါ်တဲ့အပြုံးနဲ့ပဲ နောက်ဆုံးအကြိမ်ဖြစ်မယ် ကျွန်တော့ကို ပြုံးပြတယ်။ ဘာရယ်ကြောင့်မှန်းမသိ။ ကျွန်တောသတိမထားမိ ။ကျွန်တော်ရဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်တွေ ဆီးကျလာခဲ့ပြီလေ။ သန့်ရှင်းနေတဲ့ ဦးလေးကို ကျွန်တော်နာမည်ခေါ်ပြီး အမျှပေးတယ်။ ကျွန်တော့ကို ပြုံးပြုံးကြီးစိုက်ကြည့်နေပြန်တယ်ဗျာ။
     တူကြီး ဦးလေးသွားတော့မယ် မင်းကိုနှုတ်ဆတ်ခဲ့တယ်နော် ငါ့တူကြီးအောင်မြင်မှာပါ

ဘယ်လိုမှ မခံစားနိုင်တော့ဘူး ကျွန်တော်ငိုချလိုက်မိတယ်။
    ဦးလေး ဦးလေးကို ကျုပ်အမြဲတမ်း သတိရနေမှာပါ ဦးလေးကောင်းရာမွန်ရာဘဝကို ရောက်ပါစေ ဦးလေးကို ကျုပ်သိပ်ချစ်တယ် ကျုပ်အမြဲတမ်း ဦးလေးကို တမ်းတနေမိမှာပါ အမျှပေးပါတယ် ဦးလေးရယ်

ကျွန်တော့အရှေ့က ဦးလေးပျောက်ကွယ်သွားခဲ့ပြီး။ ဘေးမှာရှိတဲ့ တိုင်လုံးကြီးကို ကျွနိတော်စကားတွေပြောရင်း ငိုနေမိတာကို ဘေးက တရားနားပရိတ်သတ်တွေက ကြောင်တောင်တောင်ကြည့်နေခဲ့တယ်။ မျက်ရည်တွေကိုသုတ်လိုက်တယ်။ သူတို့အမြင်မှာ ကျွန်တော်ဟာ အရူးကြီးတစ်ယောက်ပါပဲ။ သို့ပေမယ့် ကျောင်းထိုင်ဘုန်းကြီးကတော့ ကျွန်တော့ကို ရိပ်စားမိပြီး အလှူပွဲသိမ်းတဲ့ ညနေ ကျောင်းပေါ်ကိုခေါ်ြ့ပီး မေးမြန်းခဲ့တယ်လေ။

 ဒါနဲ့ ဘဝခြားနေတဲ့ ဦးလေးအပေါ်ထားခဲ့မိတဲ့ ကျွန်တော့နဲ့ ဦးလေးရဲ့ သံယော်ဇဉ်အကြောင်း ဘုန်းကြီးလဲ သိသွားခဲ့တယ်။ ဘုန်းဘုန်းနဲ့ ကျွန်တော် စကားပြောနေတုန်း ကျောင်းပေါ်ကို လူတစ်စုတတ်လာတယ်။

     သား မင်းကလဲကွာ ရှာလိုက်ရတာ နေရာကိုစုံနေတာပဲ မင်းအမေလဲ တော်တော်လေး မင်းအတွက်စိတ်ပူနေတယ် တော်သေးပေါ့ အခုဖေဖေ့တပည့် တစ်ယောက် ပြောလို့ မင်းဒီမှာရှိနေတာဆိုတာ သိလိုက်ရတာ

သူက ဘယ်သူလဲ ကျွန်တော့ကို တွေ့တွေ့ချင်း စကားတွေပြောပြီး ဘုန်းဘုန်းကို ဦးချကန်တော့လိုက်တယ်။

      ဟေး  ဒကာက ဘယ်သူတုန်းကွယ့်
      တင်ပါ့ဘုရား ဒီကလေးရဲ့အဖေပါ
       ဟေး
     တင်ပါ့ဘုရား တပည့်တို့လင်မယားနှစ်ယောက်ကို စိတ်ကောက်ပြီး အိမ်ပေါ်ကနေ ဆင်းသွားခဲ့တာပါ ။ အစတုန်းက သူ့အဒေါ်လင်မယားနှစ်ယောက်အိမ်ကို ရောက်နေတယ်ဆိုလို့ တပည့်တော်တို့ စိတ်ချနေခဲ့တာပါ နောက် အဲ့ဒီအိမ်ပေါ်ကနေ သူ့အဒေါ်ယောက်ျားနဲ့ ပြသနာဖြစ်ပြီး ဆင်းသွားပြန်ပြီးလို့ကြားတော့ နေရာအနံ့မှာ လိုက်ရှာခဲ့ပါတယ် မနက်ကမှ တပည့်တော်ရဲ့ တပည့်တစ်ယောက်က သားလေးဒီကျောင်းကို ရောက်နေတယ်လို့ သတင်းပေးတာနဲ့ တပည့်တော်တို့ လိုက်လာရတာပါ
       ဟေ ဒကားလေး ဒီဒကာကြီးပြောတာ အမှန်တွေပဲလား
     တင် တင်ပါ့ဘုရား အရှင်ဘုရားကို တပည့်တော် လိမ်လည်ခဲ့ခြင်းမဟုတ်ရပါဘူး။ တပည့်တော်က စာရေးဆရာတစ်ယောက် ဖြစ်ချင်တာပါ။ စာကိုလဲ ရင်နဲ့ရင်းပြီး ရေးချင်သူတစ်ယောက်ပါ။ ဒါကြောင့် အဒေါ့်ကို တပည့်တော်ရဲ့ အမေနေရာထားပြီး ဘုန်းဘုန်းကျောင်းမှာ ဒီလိုဘဝရဲ့အနစ်သာရကိုသိချင်တာနဲ့ ဟန်ဆောင်နေခဲ့ရတာပါ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ အထိနေချင်လို့ တပည့်တော်ရဲ့ ဘဝအမှန်ကို ဖုံးကွယ်ထားခဲ့ရတာပါအရှင်ဘုရား တပည့်တော်ကို ဗွေမယူပါနဲ့ဘုရား
    ဖြစ်မှဖြစ်ရလေ ဒကားလေးရာ ဒီဒကာလေးက လိမ်မာပါတယ် သူဖြစ်ချင်တဲ့ စာရေးဆရာဖြစ်အောင် ဒကာကြီးတို့နည်းနည်းလေး ဝိုင်းဝန်းကူညီပေးလိုက်ကြပါ ဘုန်းကြီး ဒီဒကာလေးကိုကြည့်ရတာ တစ်ချိန်ချိန်မှာ အောင်မြင်ကျော်ကြားလာမယ့် လက္ခဏာတွေတွေ့တယ် ဒီတော့ ဒကားကြီးတို့ သူ့ဝါသနာကို လိုက်လျောပေးဖို့ ဘုန်းကြီးမေတ္တာရပ်ခံပါတယ်
       တင်ပါ့ဘုရား တပည့်တော်က သားလေးကို စီးပွားရေး လုပ်စေချင်တာပါ စာရေးဆရာအလုပ်ကို သဘောမကျဘူးလို့ ပြောလို့ သားလေးက တပည့်တော်တို့ကို စိတ်ကောက်ပြီး အိမ်ပေါ်ကဆင်းသွားခဲ့တာပါ အခုသူဝါသနာပါတဲ့ အလုပ်ကို တပည့်တော်ခွင့်ပြုပေးလိုက်ပါ့မယ် သားလေးကို စောင့်ရှောက်ပေးထားတဲ့ ဘုန်းဘုန်းကိုလဲ တပည့်တော် ကျေးဇူးတင်လှပါတယ်
   အေးကွယ် သတ္တဝါတွေ ကျန်းမာချမ်းသာပါစေ

ဟုတ်တယ်။ အဲ့ဒါ ကျွန်တော့်အဖေ ။ ကျွန်တော်ပြောခဲ့ပါတယ်။ အမေနဲ့ အဖေကို ဘဝတစ်ခုကို ခဏလေး အလည်သွားချင်တယ်လို့။ အခု မနက်က ကျွန်တော့ကိုအတင်းလိုက်ခေါ်နေတဲ့ ဦးလေးက အဖေ့တပည့်တစ်ယောက် သူသတင်းပေးလို့ အဖေက ကျောင်းမှာလာပြန်ခေါ်နေပြီ။ အခုချက်ချင်းပဲ ပြန်လိုက်ခဲ့ဖို့ ခေါ်တယ်။ ဒါနဲ့ ဘုန်းဘုန်းကို ဦးချနှုတ်ဆတ်ပြီး ဝိဥာဉ်ဦးလေးနဲ့ အတူတူနေခဲ့တဲ့ အဆောင်လေးကို ကျွန်တစ်ယောက်တည်း လျောက်သွားခဲ့တယ်။

  စိတ်ထဲမှာ တစ်ခုခုကိုလွမ်းနေတယ်။ သေချာတယ်။ ဦးလေးနဲ့ဆုံခဲ့တဲ့ နေ့ရက်လေးတွေ ပြောခဲ့ဘူးတဲ့ ဦးလေးရဲ့စကားသံတွေ ကျွန်တော်ပြန်မြင်ယောင်ရင်း မျက်ရည်ဝဲလာမိတယ်။ ကျွန်တော်ပြန်တော့မယ့် အခုလိုအချိန်မျိုးမှာ ဦးလေးနဲ့ တစ်ကြိမ်လောက် ပြန်ဆုံချင်မိတယ်။ သို့ပေမယ့် ဦးလေးကျွန်တော့ဆီကို ပြန်မလာတော့ဘူးဆိုတာ သိနေခဲ့တယ်။ အဆောင်ကိုကြည့်နေရင်း မျက်ရည်တွေကျနေတဲ့ ကျွန်တော့ကိုတော့ အဖေက နားမလည်နိုင်ဘူး။ ကျောင်းထိုင်ဘုန်းကြီးကတော့ ခေါင်းလေးတစ်ငြိမ့်ငြိမ့် လုပ်နေပြီး ကျွန်တော့အကြောင်းကို သိထားတော့ ဘုန်းဘုန်းကတော့ ကောင်းကောင်းကြီးနားလည်နေခဲ့တယ်။ ဒါနဲ့ပဲ ကျွန်တော် အိမ်ပြန်ရောက်လာခဲ့တယ်။

ဦးလေးပေးလိုက်တဲ့ စကားကုန်ကြမ်းတွေ ဦးလေးပေးလိုက်တဲ့ ဘဝအတွေ့ကြုံတွေ ကိုယ်ကိုတိုင် ရှာတွေ့ခဲ့တဲ့ အတွေ့ကြုံတွေ ပေါင်းစပ်ရင်း အဖေအမေရဲ့ပံ့ပိုးမှု့နဲ့ နာမည်ရလာတဲ့ စာရေးဆရာတစ်ယောက် ဘဝကို ကျွန်တော်အချိန်တိုအတွင်း ရောက်ရှိလာခဲ့ပြီလေ။ တစ္ဆေဇာတ်လမ်းတွေ ကြိုက်တဲ့ ပိရိသာတ်တွေကြားမှာ လူငယ်စာရေးဆရာလေးတစ်ယောက် အဖြစ် ကျွန်တော်ရပ်တည်လာနိုင်ခဲ့ပြီး။

ဒီနေ့က ကျောင်းဖွင့်ပြီး ကျောင်းကို နာမည်ကြီးစာရေးဆရာလေး အဖြစ်နဲ့ ကျွန်တော်မတတ်ချင်ဘူး။ ကျွန်တော်ဟာ ဒဂုံတက္ကသိုလ်ရဲ့ ကျောင်းသားလေးတစ်ယောက်ပါ။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတော့ စိတ်ဖိစီးမှု့တွေလဲ သိပ်မရှိဘူး။ ကျောင်းဖွင့်တဲ့ ရက်ဆိုတော့ ကားဂိတ်ကို ကျွန်ောတ်တစ်ယောက်တည်း ထွက်လာခဲ့တယ်။ ဘတ်စ်ကားရပ်စောင့်နေရင်း လူတွေရဲ့ အနေထိုင် အပြောဆိုတွေကို ကျွန်တော့လေ့လာနေမိတယ်။

        ဟေ့ နင်ထီးကလေးမဟုတ်လား
ဒီအသံကို တစ်ချိန်တုန်းက ကျွန်တော်ရင်းရင်းနှီးနှီး ကြားခဲ့ဘူးတဲ့ အသံပိုင်ရှင်။ အချိန်တော်တော်ကြာကြာလေးလဲ နားထောင်ခဲ့ဘူးတဲ့ အသံပိုင်ရှင်ပါပဲ။ နာမည်ခေါ်တဲ့ အသံကြားတော့ အသံလာတဲ့ ဘက်ကို ကျွန်တော်လှည့်ကြည့်မိလိုက်တယ်။ သို့ပေမယ့် သူမကို ကျွန်တော်သေချာမမှတ်မိဘူး။ ကြောင့်တောင်တောင်ကြည့်နေမိရင်း

       ဟုတ်ကဲ့ ခင်ဗျားက
    ဟင် ဘာခင်ဗျားကလဲ နင်မမှတ်မိချင်ယောင်ဆောင်နေတာလား သေချာကြည့်စမ်းပါဦး
       ရင်းရင်းနှီးနှီးတွေ့ဘူးသလိုပဲ
    ဘာရင်းရင်းနှီးနှီးတွေ့ဘူတာလဲ နင်ပဲတစ်ချိန်တုန်းက ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ အချစ်လေး အသဲလေး အူလေး နှလုံးလေး လို့ ခေါ်ခဲ့တဲ့ ဖြူဖြူထွေးလေ
     ဟင် နင် နင်က ဖြူဖြူထွေးဟုတ်လား
   အောင်မာ နင့်ဇာတ်လမ်းတွေအထဲမှာတောင် ငါ့ကိုမမေ့နိုင်လို့ ဖြူ ဆိုပြီး ထည့်ထည့်ရေးထားတာ ငါမသိဘူးများမှတ်နေလား
     ဟာ ဟုတ်ပါရဲ့ဖြူရာ နင်ဘယ်လိုဖြစ်ပြီး ဒီလိုပုံပေါက်သွားရတာတုန်း
     မှတ်မိပြီမဟုတ်လား အေးဟ ငါလဲနင်နဲ့ လမ်းခွဲပြီးကတည်းက အိမ်ထောင်ကျသွားခဲ့တာ အခုအဝေးက လှမ်းတွေ့လိုက်တာ နင်ဖြစ်မယ်ဆိုတာ ထင်သားပဲ နင့်ဇာတ်လမ်းတွေထဲမှာ ဖြူလို့ထည့်ရေးထားတုန်းက နင့်ဆီကိုပြေးလာချင်မိပေမယ့် မဖြစ်နိုင်တော့ဘူးလေ ငါ ကလေးတစ်ယောက်တောင် ရနေပြီ နင်အခုဘယ်သွားမလို့လဲ ငါ့ကားနဲ့လိုက်ခဲ့လေ
       နေပါစေဟာ ကျေးဇူးပါပဲ ငါကျောင်းသွားမလို့ ကားစောင့်နေတာ မသင့်တော်ပါဘူး နင့်အမျိုးသားမြင်သွားရင် ကဲသွားသွား ငါလဲကားလာနေပြီ သွားတော့မယ်

ဟုတ်ပါရဲ့ဗျာ ။ ခင်ဗျားတို့ မှတ်မိကြသေးလား မသိဘူး။ 'ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း' ဆ်ုတဲ့ ဇာတ်လမ်းထဲမှာ ကျွန်တော်ထည့်သုံးထားတဲ့ ဝိဥာဉ်မောင်ကျော်ရဲ့ မိန်းမ ဖြူဖြူသျှင်းလေ ။ ပြီးတော့ ဇာတ်လမ်းအတိုရေးရင်ပဲဖြစ်ဖြစ် အရှည်ရေးရင်ပဲဖြစ်ဖြစ် မင်းသမီးနေရာမှာ သူမ နာမည်လေးဖြူဆိုတဲ့ နာမည်လေးကို ကျွန်တော်သတိတရ ထည့်သုံနေကြ။ ကျွန်တော်နဲ့ချစ်နေတုန်းက ဖြူဖြူသွယ်သွယ်လေး အရမ်းလဲချောတယ်။ ပိန်ပိန်သေးသေးလေး ဖြစ်နေလို့ လေတိုက်ရင်တောင် လဲကျမှာစိုးရတဲ့ ကျွန်တော့ချစ်သူဟောင်းကို တကယ်ပါပဲဗျာ ကျွန်တော်မမှတ်မိဘူး။

 အခုသူမပုံစံက မျက်နှာပြဲပြဲ လူကဝဝ ဗိုက်ကခပ်ရွှဲရွှဲ အသံက နည်းနည်းလူကြီးဆန်လာတယ်။ အဒေါ်ကြီးလို ပုံစံဖြစ်လာတယ်။ အောင်မလေး အောင်မလေး တော်သေးတာပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကသာ သူနဲ့ ကျွန်တော် ညားခဲ့လို့ရှိရင် အခုလောက်ဆို ကျွန်တော်ဖြင့် ဒီလိုဝက်ပုတ်ကြီးကို နေ့တိုင်းထိုင်ကြည့်နေရမှာ။ စိတ်ထဲမှာတွေးမိလိုက်တယ်။ တော်သေးတာပေါ့။ သူမက အိမ်ထောင်ကျလို့ ကလေးတစ်ယောက်တောင်ရနေခဲ့ပြီ။ ကျွန်တော့ကို အခုချိန်ထိ မှတ်မိနေသေးတယ်။သြော် တစ်ချိန်က သိပ်ချစ်ခဲ့ရတဲ့ ဖြူရယ်။ ထားလိုက်ပါတော့။ ကားလာတာနဲ့ ဘတ်စ်ကားပေါ်တတ်ပြီး ဒဂုံကျောင်းထဲကို အရောက်လာခဲ့တယ်။ ထိုင်နေကြ ကန်သင်းမှာ ငယ်ပေါင်းသူငယ်ချင်း အောင်ကြီး စောင့်နေမယ်ဆိုတာ ကျွန်တော်သိတာနဲ့ အဲ့ဒီဆိုင်လေးကို သီချင်းလေး တစ်ငြိမ့်ငြိမ့်လုပ်ပြီး ဝင်လာခဲ့တယ်။

ဟုတ်တာပေါ့။ ကျွန်တော်ဝင်လာတာကို သူငယ်ချင်းအောင်ကြီး စိုက်ကြည့်နေတယ်။ ပြီးတော့ပြောသေးတယ်။
     ဘာလဲ တော်တော်မြူးနေတဲ့ပုံစံပဲ
    မမြူးပါဘူးကွာ ဒီအတိုင်းပါပဲ
     ဟုတ်ပါပြီ ဒါနဲ့ စာရေးဆရာထီးကလေး
    ရှုး … တိုးတိုး ဟာကွာ ငါ့ကို စာရေးဆရာထီးကလေးလို့ ဘယ်သူမှ မသိစေချင်သေးဘူး တိုးတိုးပြောပါကွ
       အေးပါ မင်းကိုမေးရဦးမယ် မင်းရည်းစားရနေပြီလား
        ရွှေပါးစပ်လေး ရွှေချထားချင်လိုက်တာ မင်းပြောတဲ့အတိုင်းဖြစ်ပါစေ
     ငါအကောင်းမေးနေတာ မင်းရည်းစား တကယ်ရနေပြီလား
     မရသေးပါဘူး တကယ်မရတာ မင်းဘာသတင်းကြားထားလို့လဲ
    မင်းပြောတာ တကယ်ပဲလား ငါဟိုဘက် ကန်သင်းကိုခဏဝင်တုန်းက ကောင်မလေးတစ်ယောက်နဲ့ သူ့သူငယ်ချင်းတွေ ပြောနေတာ ကြားခဲ့လို့ ဘာတဲ့ ဟိုစာရေးဆရာ ထီးကလေးနဲ့ သူနဲ့က ကြိုက်နေတာတဲ့
      ဘာ မင်းပြောတာ တကယ်ပဲလား ဘယ်ကောင်မလေးလဲ ဘယ်သူလဲ ဘယ်မှာလဲ
      ဟာကွာ ဘာလို့ အဲ့ဒီလောက်ထိ ယောက်ယပ်ခတ်သွားရတာလဲ
    မခတ်လို့မရဘူး မြန်မြန်ပြောစမ်းပါ ဘယ်ဆိုင်လဲ အခုချိန်မှာ ငါအစွမ်းကုန်ကြိုးစားနေတဲ့ အချိန် အောင်မြင်ခါစမှာ မဟုတ်တဲ့ အကြောင်းတွေနဲ့ တပုတ်လေလွင့်အဖြစ်မခံနိုင်ဘူး
     ဟာ သွားပြီး ပြောမိတာ ငါမှားပြီးနဲ့ထင်တယ်
    မင်းမမှားပါဘူး မြန်မြန်ပြောစမ်းပါ ငါသူနဲ့သွားတွေ့မှ ဖြစ်မယ်
      ငါပြောတာလို့တော့ မပြောနဲ့နော် ဟိုဘက်ကန်သင်းက ဒေါင့်ဆုံးဝိုင်းမှာ အခုဖုန်းပြောနေတဲ့ တစ်ယောက်ပဲ
    တွေ့မယ်

ဘယ်လိုပြောရမလဲဗျာ။ ကျွန်တော် သိပ်စိတ်ဆိုးမိတယ်။ စာရေးဆရာထီးကလေးဆိုတဲ့ သူကိုတောင် အဲ့ဒီကောင်မလေး ကောင်းကောင်းမြင်ဘူးမှာ မဟုတ်ဘူး။ ဒါကို တပုတ်လေလွှင့် သူနဲ့ ကျွန်တော်က ချစ်သူတွေလို့ လိုက်ပြောနေတယ်။ ဒီဘက် ကန်တင်းကနေ အောင်ကြီး လမ်းညွန်ပေးလိုက်တော့ ဝိုးတိုးဝါးတာမြင်နေရတဲ့ အဲ့ဒီမိန်းကလေးရှိနေတဲ့ ဆိုင်ဘက်ကို ကျွန်တော်ကူးသွားလိုက်တယ်။ သူကရယ်ရယ်မောမောနဲ့ ဖုန်းပြောနေတယ်။ အဲ့ဒါနဲ့ သူမထိုင်နေတဲ့ စားပွဲဝိုင်းအရှေ့မှာ ဘယ်သူလဲလို့ မေးလာအောင် ကျွန်တော် ရပ်နေခဲ့တယ်။ ဒါပေမယ့် သူမက ကျွန်တော့်ကို ဂရုမစိုက်ဘူး အလုပ်တော်တော်လေး ရှုတ်နေတဲ့ပုံစံပဲ။

ဒါနဲ့ ကျွန်တော် စာပွဲခုံးလေးကို လက်နဲ့ခေါက်လိုက်တယ်။ အဲ့ဒီခါကျတော့ မတ်တပ်ရပ်နေတဲ့ ကျွန်တော့ကို သူမော့ကြည့်လိုက်တယ်။ ပြီးတော့ လက်ကလေးကာပြတယ်။ ခဏနေဦးပေါ့။ ဒါနဲ့ ကျွန်တော်စိတ်မရှညိတော့ဘူး။ သူအရှေ့ခုံမှာ စိတ်ဆိုဆိုးနဲ့ ဝင်ထိုင်လိုက်တယ်။ သူမ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ အရမ်းလှတဲ့ မိန်းကလေးတစ်ဦးပါပဲ။ သူမရဲ့ မျက်လုံး ။ သူမရဲ့မျက်ခုံး။ သူမရဲ့နှုတ်ခမ်း။ သူမရဲ့ပြောပုံဆိုပုံလေးတွေကို ကျွန်တော်သေချာစိုက်ကြည့်မိရင်း စိတ်ထဲမှာဖြစ်နေတဲ့ ဒေါသတွေ တစ်ဝက်လျော့လာခဲ့တယ်။ သူမလဲဖုန်းပြောလို့ ပြီးတော့
       ဘာလဲ ဒီတစ်ယောက်လဲ မော်ဒယ်သင်တန်းတတ်ချင်လို့လား အင်း ကြည့်ရတာ မင်းသားတော့ မဖြစ်နိုင်ဘူး ဇာတ်ပို့နေရာလောက်တော့ ဖြစ်နိုင်တယ်
      ခင်ဗျား ဘာတွေလျောက်ပြောနေတာလဲ ဘာမော်ဒယ်မှ မလုပ်ဘူး။ ခင်ဗျားကို တစ်ခုမေးမလို့
   မေးပေါ့
   စာရေးဆရာထီးကလေးက ခင်ဗျား ချစ်သူဆို ဟုတ်လား
    အင်းလေ ဘာဖြစ်လို့လဲ ဒီတစ်မနက်လုံး အဲ့ဒီမေးခွန်းတွေကို ဖြေရှင်းနေရတာနဲ့ အချိန်ကုန်နေတယ်
     ဘာပြောတယ် ထီးကလေးကို ခင်ဗျားက သေချာတွေ့ဘူးလို့လား
       ချစ်သူတွေပါဆို တွေ့ဘူးတာပေါ့
    ခင်ဗျားက လူလိမ်ပဲ စာရေးဆရာထီးကလေးဆိုတာ ကျုပ်ပဲ
    ဟင် ဟားဟား ရှင်က စာရေးဆရာ ထီးကလေးဟုတ်လား အဲ့ဒါတွေ အွန်လိုင်းပေါ်မှာ သွားပြော ကျွန်မချစ်သူထီးကလေးကို အခုဖုန်းဆက်ပြီး ခေါ်လိုက်လို့ ရှင်အယောင်ဆောင်မှု့နဲ့ ထောင်ထဲဝင်နေရမယ်နော်
    ဘာ ဘာပြောတယ်

သူမကို စိတ်ဆိုးဆိုးနဲ့ ကျွန်တောပြောပစ်မယ်လို့ စိတ်ကူးလာခဲ့ပေမယ့် သူမရဲ့ အကြည့်တွေအောက်မှာ ကျွန်တော် အရှုံးပေးလိုက်ရတယ်။ သူမကို ကျွန်တော် မြင်မြင်ချင်း ချစ်နေမိပြီလေ။ သူမလို မိန်းမချောလေးတစ်ယောက်က မမြင်ဘူးတဲ့ လူတစ်ယောက်ကို စွတ်စွတ်စွဲစွဲ သူမနဲ့ ချစ်သူ့ဖြစ်နေပါတယ်လို့ ပြောပုံအရ ဒီကောင်မလေး ကြွားတတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ ကျွန်တော်ရိပ်စားမိခဲ့တယ်။ သူမရဲ့ နှုတ်ခမ်းပါးပါးလေးနဲ့ ကျွန်တော့ကို ရန်တွေနေတာကြည့်ပြီး ကျွန်တော်စိတ်တွေ ပြေပျော့သွားခဲ့ပြီး။ သူမနာမည်က ကေသဇင်စိုး ။ မော်ဒယ်မင်းသမီးလေးတစ်ယောက်။ စိတ်ကောင်းရှိသလို လူပေါင်းလဲဆန့်တယ်။ မကောင်းတဲ့ အကျင့်ဆိုလို့ အခုလိုအကြွားသန်တာလေး တစ်ခုပါပဲ။

 သူမနဲ့ ကျွန်တော်အဲ့ဒီအချိန်ကစပြီး ခင်မင်သွားကြတယ်။ စိတ်တိုပြီး ကျွန်တော့ကို စတွေ့ခဲ့တော့ သူမက ကျွန်တော့ကို ဦးစိတ်တိုလို့ခေါ်တယ်။ ကျွန်တော်နဲ့ ခင်နေတဲ့ ကာလတစ်လျောက်လုံး သူမ သူငဟ်ချင်းတွေဆီက ဖုန်းဝင်လာခဲ့ရင်တောင် သူ့ချစ်သူ စာရေးဆရာထီးကလေး ဆက်တာလို့ပြောတယ်။ တကယ်တော့ ထီးကလေးဆိုတာ သူမဘေးနားမှာ တစ်ချိန်လုံး ရှိနေခဲ့တာကို တကယ်ပါပဲဗျာ။ သူမကိုယ်တိုင်မသိခဲ့ဘူး။
       
အချိန်တွေကြာလာတော့ သူမနဲ့ ကျွန်တော် တော်တော်လေး ရင်းနှီးလာတယ်။ တစ်ယောက်နဲ့တစ်ယာက် အရမ်းလဲ ခင်လာကြတယ်။ အဲ့ဒီနေ့က သူမနဲ့ကျွန်တော် သူမ သူငယ်ချင်းတွေ မလာသေးခင်အချိန် ကန်တင်းမှာ စကားပြောဖြစ်တယ်
  ကေက ကေ့ချစ်သူထီးကလေးကို တော်တော်ချစ်တာပဲလား
  ဟင် ချစ်တယ် သူ့ကိုအရမ်းလဲလေးစားတယ်
   ကေ ကေနဲ့တကဟ်ပဲ သူကချစ်သူတွေလား

သူမကို ကျွန်တော်မေးလိုက်တယ်။ သူမ ရှက်သွားသလားမသိ။ ဘေးဘယ်ညာကို လိုက်ကြည့်နေတယ်။ ရှက်တာတော့ မဟုတ်ဘူး။ သူမကြွားထားတာတွေ ဘေးက ကြားကုန်မှာဆိုးလို့ ပတ်ဝန်းကျင်ကို အကဲခတ်နေတာ။ ပြီးတော့ ရုတ်တရက် ကျွန်တော့ဘေးက ခုံမှာလာထိုင်လိုက်ပြီး ။
      အဲ့ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဦးစိတ်တိုကို ကေအကူညီတောင်းစရာရှိတယ်
     ဟင် ပြောပါဦး ဘာကူညီရမှာလဲ
    ဒီလို ပြောရမှာလဲ ရှက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးစိတ်တိုကို ကေအရမ်းခင်တယ်။ ဒါကြောင့် ဦးစိတ်တိုကိုပြောပြမယ်။ တကယ်တော့ စာရေးဆရာထီးကလေးဆိုတာ ကေတိတ်တိတ်လေး ချစ်နေရတဲ့ သူတစ်ယောက်ပါ။ ကေ့ချစ်သူမဟုတ်ပါဘူး။ သူ့ကိုလဲ ကေ သေချာမတွေ့ဘူးပါဘူး။
      ဟင် ဒါဆိုဘာလို့ သူနဲ့ချစ်သူတွေပါလို့ ညာပြောရတာလဲ
     ကေ အမေ့ကိုကြွားချင်လို့ အမေက စာရေးဆရာထီးကလေးရေးတဲ့ ဇာတ်လမ်းတွေကို သိပ်ကြိုက်တယ်လေ ပြီးတော့ ကေ့သူငယ်ချင်းတွေ သိပ်ကြိုက်တဲ့ စာရေးဆရာက ကေ့ချစ်သူဆိုပြီး ကြွားချင်တာနဲ့လျောက်ပြောလိုက်တာ
    ဟင်

ကိုင်း ဘာတတ်နိုင်သေးလဲ။ အခုတော့ သူမကိုယ်တိုင် ကျွန်တော့ကိုပြောပြနေခဲ့ပြီး။ ကျွန်တော်က အစတည်းက သိပြီးသားဆိုတော့ သူမလိမ်ခဲ့တာကို အခုချိန်မှာ ဘယ်လိုမှခံစားရတော့ဘူး။ သူမကတော့ ကျွန်ောတ့ကို ရှက်နေသလိုပါပဲ ။
  ဦးစိတ်တို ကေ့ကို အထင်သေးသွားပြီးလား
   မသေးပါဘူးဗျာ ကျွန်တော်က ကေနဲ့များ တကယ့်ချစ်သူတွေဖြစ်နေတာလားလို့ ကေ့ကို အထင်မသေးပါဘူး ကျွန်တော့ကို အခုလိုပြောပြတာပဲ ကျွန်တော်ကျေးဇူးတင်လှပါပြီ ကဲပြောပါဦး အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်က ဘဟ်လို ကူညီပေးရမှာလဲ
   ဒီလို လာမယ့် တနင်္ဂနွေနေ့က ကေ့မွေးနေ့လေ အဲ့ဒါမေမေက ကေ့ချစ်သူ စာရေးဆရာထီးကလေးကို အိမ်ခေါ်လာခဲ့ရမယ်လို့ပြောတယ် အဲ့ဒါဘယ်လိုလုပ်ရမလဲ စိတ်ညစ်နေတာ ဦးစိတ်တိုကူညီပေးပါနော်
      ဟင် ကျွန်တောကဘယ်လိုကူညီရမှာလဲ
    ဒီလိုလေ ဦးစိတ်တိုက ကေ့ချစ်သူ စာရေးဆရာထီးကလေးပုံစံမျိုးနဲ့ ဟန်ဆောင်ပေးပါလားလို့
      ဟင် ဟာဗျာ ဟိုတကယ့်စာရေးဆရာသိသွားမှ အယောင်ဆောင်မှု့နဲ့ ကျုပ်ထောင်ထဲဝင်နေရပါဦးမယ်
        အဲ့လိုမဖြစ်စေရပါဘူး ကေတာဝန်ယူပါတယ် လုပ်ပါဦးစိတ်တိုရယ် ကေ့ကိုတစ်ခါတည်း ကူညီပေးပါနော် နော်လို့ ကူညီမယ်မဟုတ်လားဟင်

ကလေးတစ်ယောက်လိုပါပဲ။ ကျွန်တော့ကိုနွဲ့ဆိုးဆိုးပြီး စာရေးဆရာထီးကလေး အယောင်ဆောင် ခိုင်းနေတယ်။ အဲ့ဒီအချိန်တွေ ကျွန်တော်ရယ်နေမိတယ်ဗျ။ သူမကတော့ ရှက်ကိုးရှက်ကန်းဖြစ်နေတဟ်။ နောက်တော့ ကျွန်တော်လဲ သူမကို ခေါင်းလေးအသာငြိမ့်ပြီး ပြောလိုက်တယ်
    ကေ့ကို ကျွန်တော်ကူညီပေးပါ့မယ်
    ဟင် ဦးစိတ်တို တကယ်ပြောတာနော် ဝမ်းသာလိုက်တာဦးစိတ်တိုရာ တကယ်ကူညီပေးပါနော်

ကျွန်တော်ကူညီမယ်လို့ ပြောလိုက်တော့ သူမရဲ့ မျက်နှာလေးမှာ အပြုံးပန်းလေးတွေ ဝေဆာလာခဲ့တယ်။ သူမက ကျွန်တော့ကို သိပ်ခင်နေတယ်လေ။ ကျွန်တော်ကိုအခုချိန်ထိ ထီးကလေးဆိုတာ သူမ မသိခဲ့ဘူး။ သူမဘဝအကြောင်းတွေ ပြောပြတယ်။ သူမမှာ အဖေမရှိတော့ဘူး ။ အမေနဲ့နေတယ်။ အမေက အရွယ်ကောင်းဆိုတော့ နောက်အိမ်ထောင် ထပ်ပြုထားတယ်။ သူမ ပထွေးမှာ သားတစ်ယောက်ပါလာတယ်။ ပထွေးက သူမရဲ့ ဖခင်အရင်းလို ကောင်းရှာတယ်လို့ ကျွန်တော့ကို ခဏခဏပြောဘူးတယ်။ သူမ ပထွေးရဲ့သားက မော်ဒယ်မင်းသားတစ်ယောက် ။ အောင်မြင်ခါနီး ဆဲဆဲဖြစ်တဲ့ မင်းသားတစ်ယောက်လို့ သိရတယ်။ သူမအဖေက သူမကို အမွေတွေ အကုန်လွဲပေးခဲ့တယ်။ သူမ အမေတောင် မပိုင်ဘူး။ ရှေ့နေက သူမအသတ် ၂၅ နှစ်ပြည့်တာနဲ့ အမွေတွေလွဲပေးမယ်လို့ ပြောတယ်။

လာမယ့် တနင်္ဂနွေနေ့က သူမရဲ့ ၂၄ နှစ်ပြည့်မွေးနေ့ ကျွန်တော့ကို သူမရဲ့ချစ်သူ စာရေးဆရာထီးကလေးပုံစံ ဟန်ဆောင်ခိုင်းတယ်။ ကျွန်တော့်အတွက်ကတော့ ခတ်ခဲမယ့်အလုပ်မဟုတ်ဘူးလေ။ ကျွန်တော်က ထီးကလေးပဲ။ ဒီလိုနဲ့ သူမပြောတဲ့ မွေးနေ့ရက်ကိုရောက်လာခဲ့ပြီ။ သူမက သိပ်စိုးရိမ်နေတယ်။ ထီးကလေးနဲ့ မတူမှာဆိုးလို့။ မွေးနေ့က ညနေပိုင်း။ ကျွန်တော်ရေမိုးချိုးပြီး အိမ်ကို ပြောလိုက်တယ်။ မင်းသမီးလေးတစ်ယောက်ရဲ့ မွေးနေ့ကိုသွားမယ်ဆိုပြီး။ အဖေက ကျွန်တော့ကိုပြောတယ်။
   ရော့သား
   ဒါဘာလဲအဖေ
   ဒါက အဖေ့တပည့်တစ်ယောက် နိုင်ငံခြားကနေ ပို့လိုက်တဲ့ အကောင်းစားရေမွှေး မင်းနည်းနည်းစွတ်သွားလိုက်
    ဟာ အဖေကလဲ မစွတ်ချင်ပါဘူး အခုဝတ်ထားတဲ့ အကျီအဖြူကိုတောင် လဲရင်ကောင်းမလား စဉ်းစားနေတာ ဟိုရောက်လို့ သားတစ်ယောက်တည်း လန်းနေရင် နေတတ်မှာမဟုတ်ဘူး ရှက်စရာကြီး
    ဟင် မင်းသွားမယ့်နေရာက မင်းသမီးလေး မွေးနေ့ဆို အခုလို အဖြူလေးနဲ့မှ သပ်သပ်ရက်ရက်ရှိတာပေါ့ငါ့သားရ ဝတ်သွား ရော့ ဒါလေးပါစွတ်သွား

ဟုတ်တယ်ဗျ။ သူက မော်ဒယ်မင်းသမီး ဒါပေမယ့် မွေးနေ့ပွဲကို သွားရမှာ။ ကျွန်တော်အခု တစ်ကိုယ်လုံကို မှန်ကြည့်လိုက်တယ်။ ကျွန်တော် တော်တော်လန်းပြီး စမတ်ကျနေတယ်။ မနေတတ်ဘူးဗျ။ ဟိုရောက်လို့ ကျွန်တော်တစ်ယောက်တည်း လန်းနေရင် နေတတ်မှာမဟုတ်ဘူး။ အကျီပြန်လဲဖို့လုပ်တုန်း အဖေတားတာနဲ့ လဲမနေတော့ဘူး။ ဒီအတိုင်းလေးပဲ ထွက်လာခဲ့တယ်။

သူမပြောတဲ့ ရပ်ကွက်က ကျွန်တော်နာမည်ပဲ ကြားဘူးတယ်။ တစ်ခါမှ မရောက်ဖူးဘူး ။ မခတ်ပါဘူး။ ရပ်ကွက်ထဲရောက်တာနဲ့ လူရှုတ်နေတဲ့အိမ် ဒါမှမဟုတ်ရင် အလှမီးလေးတွေ ဝေဆာနေအောင် ထွန်းထားတဲ့အိမ် အဲ့ဒီအိမ်ဟာ ကေတို့အိမ်ပဲလို့ ကျွန်တော်တွေးရင် လျောက်လာခဲ့တယ်။ စိတ်ငြိမ်ရပ်ကွက်တစ်ခု။ တစ်လမ်းလုံး ရှင်းလင်းတိတ်ဆိတ်နေတာပဲ ခြံထဲက မီးအရောင်လေးတွေ အပြင်ကို ဟန်နေတဲ့ အိမ်တစ်လုံး ကျွန်တော်အဝေးက လှမ်းတွေ့လိုက်ရတယ်။ အဲ့ဒီအိမ်ရှေ့ကို ဦးတည်ပြီး လျောက်လာခဲ့တယ်။ အထဲကို လှမ်းကြည့်လိုက်တော့ လူလတ်ပိုင်း ကျွန်တော်တို့အရွယ်တွေချည်းပဲ တွေ့လိုက်ရတယ်။ အိမ်ရှေ့ကနေ ကျွန်တော်ကြည့်ပြီး အိမ်ပြန်ချင်စိတ်တွေ ပေါက်လာတယ်။ အထဲမှာ ပိုက်ဆံရှိ သူဌေးသားသမီးတွေချည်းပဲ အားလုံးကလဲ မီးရောင်အောက်မှာ တောက်ပနေကြတယ်။

ကျွန်တော်တစ်ယောက်တည်း စုတ်ပြတ်သွားသလို ခံစားလိုက်ရတယ်။ အရမ်းလန်းနေပြီ ပြန်လဲမယ်လို့ တွေးခဲ့တဲ့ ကျွန်တော်ရဲ့ အကျီအဖြူလေးဟာ အင်မတန်မှ ညစ်ညမ်းမွဲတေနေတဲ့ အကျီလေးတစ်ထည်အဖြစ်ကို ရောက်သွားခဲ့တယ်။ အထဲမဝင်ချင်တော့ဘူးဗျာ။ ကေ့ချစ်သူက စုတ်စုတ်ပြတ်ပြတ်နဲ့ဆို ကေသိက္ခာကျရမယ်။ ကျွန်တော် ပြန်လှည့်မလို့ လုပ်တုန်း
     ဟာ ဦးစိတ်တို ကေမျှော်နေတာကြာပြီ လာအထဲဝင် မြန်မြန်
   ဟင် ကေ ကျွန်တော်
    လာပါ ပိပိရိရိကူညီပေးနော် ကေက သူငယ်ချင်းတွေကို အပျက်သက်ကြွားထားတာ

သူမက ကျွန်တော့ရဲ့ အဝတ်စားတွေကို အာရုံထဲမှာမရှိဘူး။ သူမျှော်နေတာ ကျွန်တော့ကိုပဲဆိုတာ သိလိုက်ရတယ်။ အားတင်းလိုက်တယ်။ ငါဟာ ပိုက်ဆံမရှိပေမယ့် စာရေးဆရာဆိုတဲ့ ဂုဏ်ပုဒ်သေးသေးလေးတော့ ရှိတာပဲ ။ ဘာမှ အားငယ်နေစရာမလိုပါဘူး။ လက်ဆွဲခေါ်သွားတဲ့ ကေ့ရဲ့အနောက်ကို ကျွန်တော်ပါသွားခဲ့တယ်။
    အဟမ်း အဟမ်း ဒါငါ့ချစ်သူ စာရေးဆရာထီးကလေးပဲ

ပျော်ရွှင်နေကြတဲ့ သူမ သူငယ်ချင်းတွေနဲ့ ကျွန်တော့ကို မိတ်ဆတ်ပေးတယ်။ အားလုံး ငြိမ်ကျသွားပြီး အကြည့်ပေါင်းစုံက ကျွန်တော့မျက်နှာဆ်ီမှာ

     ဟင် စာရေးဆရာထီးကလေးက ငယ်ငယ်လေးရှိသေးတာပဲ ညီမတို့က အသက်ကြီးကြီးထင်လို့ ဟုတ်ကဲ့အစ်ကို တွေ့ရတာ ဝမ်းသာပါတယ်
    ထီးကလေး အခုဘာဇာတ်လမ်းတွေ ရေးနေလဲ

သူမ သူငယ်ချင်းတစ်ယောက်က ကျွန်တော့ကို အခုဘာဇာတ်လမ်းတွေ ရေးနေလဲဆိုတာ မေးတော့ ကေတစ်ယောက် နည်းနည်းလေးစိုးရိမ်သွားတယ် ။ ကျွန်တော်မဖြေနိုင်မှာဆိုးတယ်။ အလိမ်တွေပေါ်မှာလဲ သူမ စိုးရိမ်နေတယ်။ ကျွန်တော့ကိုမေးတဲ့ သူမ သူငယ်ချင်းကောင်လေးကို ကျွန်တော်ပြုံးပြပြီး
       ကျွန်တော်အခု တစ္ဆေကိုက်တဲ့ အိမ်ကြီး ဇာတ်လမ်းကို အကောင်းဆုံးဖြစ်အောင် ပုံဖော်နေတယ်ဗျ
        ဟ ကြိုက်တယ်ဗျာ အစ်ကို့ဇာတ်လမ်းတွေကို အွန်လိုင်းပေါ်မှာတွေ့လဲ ညီကတော့ မလွတ်စတမ်းအားပေးနေတယ် ဆက်ပြီးကြိုးစားနော်အစ်ကို ကျွန်တော်တို့ သူငယ်ချင်းတွေက အစ်ကိုထီးကလေးရေးတဲ့ ဇာတ်လမ်းတွေကို အားပေးနေတယ် အရမ်းကြိုက်ကြတာ
    ဟုတ်တယ်အစ်ကို ညီမတို့ အမြဲတမ်းအားပေးနေတယ်နော် အစ်ကိုထီးကလေး ဇာတ်လမ်းပိုင်းတွေကို မျှော်ရတာ ချစ်သူကိုတောင် အဲ့ဒီလောက်ထိ မမျှော်ခဲ့ရဖူးဘူး ဟား ဟား
 
ကျွန်တော့အဖြေကြောင့် ကေတစ်ယောက် သတ်ပြင်းချနိုင်ခဲ့တယ်။ မေးခွန်းတွေကတော့ ဝိုင်းမေးကြတာပဲဗျာ။ အစုံပဲ ။ကျွန်တော်ကိုယ်တိုင် အသက်သွင်းခဲ့တဲ့ ဇာတ်လမ်းတွေဆိုတော့ အားလုံးကို ပိုင်ပိုင်နိုင်နိုင်သိနေခဲ့တာပေါ့။ ထစ်ထစ်ငေါ့ငေါ့မရှိပဲ အားလုံးဖြေနိုင်နေတာကို ကေကတော့ တော်တော်လေး အံ့သြနေပုံပဲ ။ အဝေးကနေ ကျွန်တော့ကို လက်မထောင်ပြတယ်။ သိပ်ပြီး ဟန်ဆောင်ကောင်းတယ်ပေါ့။

     ကိုထီးလေး ဇာတ်လမ်းထဲမှာ အမြဲပါတဲ့ လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးတို့ရော

အဲ့ဒီမေးခွန်းကို ကေ့ သူငယ်ချင်းတစ်ယောက်က ကျွန်ောတ့ကို ရုတ်တရက်မေးလိုက်တယ် ။ အဲ့ဒီမေးခွန်းကြောင့် သူမရဲ့မျက်နှာမှာ စိုးရိမ်စိတ်တွေ အကြီးကြီးဖြစ်ပေါ်လာတာကို ကျွန်တော်တွေ့လိုက်ရတယ်။ မေးတဲ့ လူငယ်လေးကို ကျွန်တော် ပြုံးပြုံးကြီး ဖြေပေးနိုင်ခဲ့တယ်။

      ကျွန်တော့ရဲ့ ဆံပင်ငါးချောင်းဟာ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးပါ
         ဟင် ဒါဆို သူတို့တွေက အပြင်မှာ တကယ်မရှိဘူးပေါ့ဟုတ်လား
        အဲ့ဒီမေးခွန်းက်ုတော့ ကျွန်တော် မဖြေသေးဘူးခင်ဗျ

ကျွန်တော့ကိုမေးတဲ့ မေးခွန်းပေါင်းစုံကို ထစ်ထစ်ငေါ့ငေါ့မရှိပဲ ကျွန်တော်အားလုံးဖြေဆ်ုနိုင်ခဲ့တယ်။ ကေကတော့ ကျွန်တော့ကို သိပ်ပြီး ဟန်ဆောင်ကောင်းတဲ့သူလို့ ထင်နေတယ်လေ။ သူမတကယ်မသိဘူး။ ကျွန်တော်ဟာ သူမ တိတ်တခိုးရင်ခုန်နေခဲ့ရတဲ့ စာရေးဆရာထီးကလေးဆိုတာ ။ ဒီလိုနဲ့ မွေးနေ့ပွဲပြီးတော့ သူမ သူငယ်ချင်းတွေ ကိုယ်ဆီပြန်ကုန်ကြပြီး။ ကျွန်တော်နဲ့ကေ နှစ်ယောက်တည်း သူမတို့ခြံထဲက ခုံလေးမှာ ထိုင်ဖြစ်တယ် ။ သူမက ကျွန်တော့မျက်နှာကို သေချာမကြည့်ရဲ့ဘူးလေ။ ကျွန်တော့ကို သူမရှက်နေတယ်။ ပြီးတော့ ပြောသေး

   ဦးစိတ်တိုက မင်းသားတွေထက် သရုပ်ဆောင်ပိုကောင်းတယ် ကေ ရုပ်ရှင်မင်းသမီးဖြစ်ရင် ဦးစိတ်ကို မင်းသားအဖြစ်ထားမယ်သိလား

သူမ စကားကြောင့် ကျွန်တော်ပြုံးမိခဲ့တယ်။ တကယ်တော့ ကျွန်တော်ဟာ သူမကို စတွေ့တဲ့အချိန်တည်းက ရင်ခုန်ပြီး ချစ်မိနေခဲ့ရသူပါ။ အဲ့ဒီညမှာပဲ သူမကို ကျွန်တော်ချစ်ခွင့်ပန်ခဲ့တယ်။ သူမကလဲ ကျွန်တော့ကို သူငယ်ချင်းထက် ပိုပြီးခင်နေမိတော့ အဲ့ဒီ ညလေးမှာပဲ ကျွန်တော်နဲ့ ကေဟာ သိပ်ချစ်တဲ့ ချစ်သူတွေဘဝကို ရောက်ခဲ့ကြပြီလေ ။

သူမကပြောတယ် ။ သူမ အဖေပေးခဲ့တဲ့ အမွေတွေထဲက ဘာမှ မယူတော့ပဲ ကျွန်တော်နဲ့တူတူနေတဲ့ အချိန်ကျရင် နေဖို့အတွက် (       ) မြို့နယ်ထဲက ခြံအမှတ် ၆၆ ဆိုတဲ့ အိမ်ကြီးတစ်လုံးကိုပဲ သူမ အမေဆီက တောင်းမယ်။ ကျန်တဲ့ အမွေအားလုံးကိုတော့ သူမအမေကိုပဲ အပ်လိုက်တော့လို့ ကျွန်တော့ကိုပြောတယ်။ ဘာပဲဖြစ်ဖြစ် သူမ သဘောပဲလေ။ ကျွန်တော်ချစ်တာ သူမရဲ့ အဖြူရောင် နှလုံးသားလေးကိုပါ။

                                       ***
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                          ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
                    စာရေးသူ - ထီးကလေး
               (ရင်နှင့် ရင်း၍ ရေးသားသည်။ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages