တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၈)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
*********************
ထိတ်လန့်နေခဲ့သော ဝကြီးအား ဆရာဝန်ကြီးမှာ ခြိမ်းခြောက်စည်းရုံးစေခဲ့ပြီး ဆေးရုံဆီသို့ ထပ်မံရောက်ရှိလာခဲ့သော သူငယ်ချင်းဖြစ်သူများထံသို့ ပုခုံးလေးအားဖတ်လျက် ဓာတ်လှေကားအတိုင်းအောက်သို့ အေးဆေးစွာ ဆင်းသက်လာခဲ့ချေသည်။
ဆေးရုံဝဏ်းကြီးဟာ လွန်စွာကျယ်ဝန်းလှသည်။ ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူ ပန်းအိတို့သည်လည်း ဆေးရုံကား၏အနောက်မှ လိုက်ပါလာခဲ့ရင်း ဆေးဝန်းအတွင်းသ်ို့ရောက်ရှိလာသည်မှသာ ကားနောက်ခန်းမှ ဆင်းလာခဲ့ရသည်။ ကားအပေါ်မှ ဆင်းလိုက်သည်နှင့် ကျွန်ုပ်တို့၏အမြင်၌ ပတ်ဝန်းကျင်အစိမ်းသတ်သတ်ကိုသာ မြင်တွေ့နေသည်ကြောင့် မျက်စိတစ်ဆုံးလိုက်လံ အကဲခတ်နေမိခဲ့သည်။ ဆေးရုံ၏အပေါ်ဆုံးထပ် ဝရမ်တာမှ သူငယ်ချင်းဖြစ်သူ ဝကြီးတစ်ယောက်အားလည်း ကျွန်ုပ်နှင့်ပန်းအိတို့နှစ်ဦးသား မြင်တွေ့လိုက်ရသေးသည်။
ဆေးရုံကြီးဟာ လေးထပ်ရှိသည့် အထူးကုဆေးရုံကြီးတစ်ခုဖြစ်သည့်အလား နှစ်ဆယ့်လေးနာရီမျှ ဖွင့်လစ်နေပုံရသည်။ လွန်စွာနာကျင်နေခဲ့သော ကျွန်ုပ်၏ညာလက် လက်ကောက်ဝတ်မှ လက်ပတ်နာရီအား ကြည့်မိလိုက်သည်နှင့် အချိန်ဟာ ညနက်ချိန်သို့ကျော်လွန်နေခဲ့ပြီး ည(၁:၃၀)အချိန်ပင်သို့ ရောက်ရှိနေလေပြီဖြစ်သည်။
ဆရာဝန်ကြီးဦးဆောင် ဝင်ရောက်သွားသော အနောက်မှ ကျွန်ုပ်နှင့်ပန်းတို့သည်လည်း ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့ရင်း ဆေးရုံအတွင်းသို့ ရောက်ရှိလာခဲ့ချေသည်။
''ကဲ… ခဏထိုင်ကြဦး''
''ဟုတ်ကဲ့ဆရာ၊ ဆရာ …ကားကြီးထဲမှာရှိနေတဲ့ ကျွန်တော့သူငယ်ချင်းတွေအားလုံးကရော''
''အင်း !… ဒေါက်တာသန်းနိုင် ဦးဆောင်ပါလာတဲ့ ကားမှာခေါ်လာပေးလိမ့်မယ်''
''ဟုတ် … ဟုတ်ကဲ့ဆရာ''
''ထီးလေး … ''
''ဝကြီး … ''
စာရင်းမှတ် ကောင်ဒါစားပွဲနှင့် မလှမ်းမကမ်းနေရာဖြစ်ပြီး လိမ္မော်ရောင်ငါးခုံတွဲ ထိုင်ခုံတွင် ဆရာဝန်ကြီးတစ်ယောက် ကျွန်ုပ်တို့အား နေရာချပေးသည်ကြောင့် ခေတ္တထိုင်မည်အလုပ် မြေညီထပ်ကွေ့အချိုး ဓာတ်လှေကားအတွင်းမှ သူငယ်ချင်းဖြစ်သူဝကြီး၏ ခေါ်သံနှင့်အတူ သူ့အား နွေးထွေးစွာဖြင့် ပုခုံးလေးအားဖတ်ထားခဲ့သည့် ခန့်ခန့်ညားညားဆရာဝန်ကြီးတစ်ယောက်ပါ မြင်တွေ့လိုက်ရသည်။ ကျွန်ုပ်အား မြင်တွေ့လိုက်ရသည်နှင့် ဝကြီးမှာ အပြေးရောက်လာခါ အားကိုးရသွားသည့် ဟန်အမူယာနှင့် ကျွန်ုပ်အား သိုင်းဖတ်လိုက်လေသည်။ ဝကြီးနှင့်အတူ လိုက်ပါလာခဲ့သော ဆရာဝန်ကြီးမှာလည်း လူနာဖြစ်သော ဝကြီးအား အင်မတန်မှ ဂရုစိုက်ဟန်ပေါ်သည်။ သူ့အား မျက်လုံးတစ်ဆုံး ကြည့်ရှု့နေခဲ့၏။
''သူငယ်ချင်း… ဝကြီး … မင်းဘာမှ မဖြစ်ဘူးနော်''
''ငါ … ငါဘာမှမဖြစ်ပါဘူး ငါ့ကြောင့် အားလုံးဒုက္ခရောက်ရတာပါ … ငါ့ကြောင့်ပါကွာ''
''မဟုတ်တာပဲ … ဖြစ်တတ်ပါတယ်ကွာ ဘာပဲဖြစ်ဖြစ် မင်းဘာမှမဖြစ်ပဲ အခုလိုပြန်တွေ့နေရတာကိုးပဲ ငါကျေနပ်လှပါပြီ''
''ပန်းအိ … နင်ရော ဘာဖြစ်သွားသေးလဲ''
''ခြေထောက်တော်တော်လေး နာနေတယ်ဟ''
''အေးဟာ … ငါ့တောင်းပန်ပါတယ်''
''ရပါတယ်ဟာ … အခုဆေးရုံရောက်လာကြပြီပဲ ကောင်းသွာ့းမှာပါ''
''ဆရာတို့ရော … မင်းသူငယ်ချင်းတွေရော ထီးလေး''
''အင်း … ဆရာဝန်ကြီးပြောတယ် … နောက်ကားမှာ ပါလာကြလိမ့်မယ်တဲ့''
''ဟင် … မ … မဖြစ် !… ''
သူငယ်ချင်ဖြစ်သူ ထီးကလေးအား သိုင်းဖတ်ထားခဲ့ရင်း ထစ်ထစ်ငေါ့ဖြင့် ပြောဆိုနေခဲ့သော ဝကြီး၏ပြောစကားများပင်မဆုံး ဆရာဝန်ကြီးမှာ အနားသို့ရောက်ရှိလာခဲ့ရင်း လူနာဖြစ်သော ဝကြီးအား အပြုံးမျက်နှာလေးဖြင့် လက်တစ်ဖက်နှင့် သိုင်းဖတ်လိုက်၏။ ထို့နောက် လွတ်နေသော ကျန်လက်တစ်ဖတ်၌ ဓားမြောင်တစ်ချောင်းအား နောက်ကွယ်မှကိုင်တွယ်ထားခဲ့ပြီး ထိုလက်အားနောက်ပစ်ထားသကဲ့သို့ ဟန်မူလျက် ဝကြီး၏ညာဘက်ဝမ်းဗိုက်အား အသာထောက်ခါ မလိုအပ်သော အကြောင်းများ မပြောဆိုရန် ဟန့်တားခဲ့ချေသည်။
သူငယ်ချင်းဖြစ်သူ ထီးကလေးနှင့်ပန်းအိ နှစ်ဦးသားအမြင်မှာတော့ ဆရာဝန်ကြီးဟာ ရင့်ကျက်တည်ကြည်နေခဲ့ပြီး သွေးအေးစွာနှင့် လူနာအား ဂရုစိုက်တတ်လေသည်ဟု ထင်မှတ်နေခဲ့သည်။ ဝကြီးဟာလည်း မိမိအခက်ခဲတွေ့လျက် အကြပ်ကိုင်ခံထားရကြောင်းအား မျက်ရိပ်မျက်ကဲများနှင့် ပြောဆိုနေခဲ့သော်လည်း သူငယ်ချင်းများမှာ သတိမထားမိ။ ပုံမှန်အတိုင်းသာ ထင်မြင်ထားခဲ့ကြသည်။
''မောင်ထူးအောင် … မောင်ရင် အနားယူမှ ဖြစ်မယ်နော်''
''ဗျာ … ''
''မောင်ရင် အနားယူမှဖြစ်မယ်''
''ဟုတ် … ဟုတ်ကဲ့ဆရာ''
ဆေးရုံဆီသို့ မရောက်လာလျင် အလွန်ပင်ကောင်းလှမည်။ မိမိသည်လည်း ထိုဆေးရုံဟာ လူသတ်နေသော ဆေးရုံတစ်ခုဟု မထင်မှတ်ခဲ့သည်ကြောင့် သူငယ်ချင်းဖြစ်သူများ ရှိနေခဲ့သော နေရာဆီသို့ လမ်းညွှန်ပေးခဲ့မိသည်။ ထို့ကြောင့် ယခုအခါ မိမိ၏ဆရာနှင့် သူငယ်ချင်းဖြစ်သူများသည်လည်း ထိုဆေးရုံသို့ ရောက်ရှိလာကြတော့မည်။ ထိုဆေးရုံဆီသို့ ရောက်ရှိလာကြသည်နှင့် စိတ္တဇဆရာဝန်များမှာ စိတ်ရှိတိုင်းသာလျင် ပြုလုပ်ကြတော့မည်မှာ သေချာလှသည်ဟု ဝကြီးတစ်ယောက်သိရှိလိုက်ရသည်။
လွန်စွာတုန်လှုပ်မိရင်း ထိုဆေးရုံဟာ လူသားစားသည့်ဆေးရုံ (ခေါ်) လူသတ်နေသော ဆေးရုံတစ်ခုသာဖြစ်သည်ဟု သူတစ်ယောက် သူငယ်ချင်းဖြစ်သူ ထီးကလေးအား အားကိုးတကြီးပြောလိုက်ချင်သေးသည်။ သို့သော် ဆရာဝန်ကြီးမှာ ဝကြီးအား ဓားဖြင့်အသာထောက်လျက် စကားများဆက်မပြောရန် အဓိပ္ပာယ်ရှိစွာနှင့် ဟန့်တားခဲ့လေသည်။
ယခုချိန်၌ သူတစ်ယောက်မသေချင်သေး။ သေရမည်အား လွန်စွာကြောက်နေခဲ့သော ဝကြီးတစ်ယောက်မှာလဲ ဓားဖြင့်အထောက်ခံလိုက်ရသည်ကြောင့် ပြောလက်စ စကားများကိုအပင် ဆက်၍မပြောတော့ချေ။
''ကဲ …ဆရာမ… ဒီနှစ်ယောက်အတွက် အခန်းတစ်ခုလုပ်ပေးထားပါ''
''ဆရာ … ကျွန်မခြေထောက် အရမ်းနာနေတယ်ဆရာ''
''အင်း … ဟုတ်ပြီ နပ်စ်မလေးနဲ့ အပေါ်ကိုလိုက်သွားလိုက် ပြီးရင် ဆရာလာကြည့်ပေးမယ် … မောင်ရင်ကရော''
''ရတယ်ဆရာ … ကျွန်တော်လက်မောင်းအဆစ်ပြုတ်သွားတယ် … ကျွန်တော့သူငယ်ချင်းကိုပဲ အရင်ကြည့်ပေးလိုက်ပါ''
''ကောင်းပြီကောင်းပြီ ဆရာမ သူတို့နှစ်ယောက်အတွက် ဒုတိယအထပ် ဘယ်ညာ လွတ်နေတဲ့ နှစ်ခန်းမှာ တစ်ယောက်တစ်ခန်းဆီ နေရာချပေးထားလိုက်ပါ''
''ဟုတ်ကဲ့ဒေါက်တာ … လာ ရှင်တို့နှစ်ယောက် ကျွန်မနဲ့လိုက်ခဲ့ပါ''
''ဟုတ်ကဲ့ … သြော် … ဝကြီးမင်းမှာ ဖုန်းပါလာသေးလား''
''မ … မပါလာဘူးထီးလေး … ကား…ကားထဲမှာ ကျန်နေခဲ့တယ်''
''မင်းကိုကြည့်ရတာ တစ်မျိုးပဲ ဘာဖြစ်နေတာလဲဝကြီး'
''ငါ … ငါ''
''မင်းတို့သူငယ်ချင်း မောင်ထူးအောင်က ခေါင်းနည်းနည်းထိသွားတယ် … ပြီးတော့ နည်းနည်းလည်းလန့်သွားပုံပေါ်တယ် ဒါကြောင့်ပါ''
''သြော် … ဟုတ်ကဲ့ဆရာ ကျွန်တော့သူငယ်ချင်းကို သေချာဂရုစိုက်ပေးပါနော်''
'စိတ်ချ … ဟုတ်ပြီလား''
''ဟုတ်ကဲ့ဆရာ … ဒါဆို ကျွန်တော်တို့အပေါ်လိုက်သွားလိုက်ဦးမယ်''
''ထီးလေး !… ''
မူမမှန်သော စကားသံများနှင့် ထိတ်လန့်နေခဲ့သော ဝကြီး၏အမူယာများအား ထီးကလေးတစ်ယောက် အကဲခတ်မိလိုက်သည်။ သို့သော် ဆရာဝန်ကြီးမှာ သွားမသည့်အပြုံး။ ထိုအပြုံးဖြင့်သွေးအေးစွာပြုံးပြလျက် မိမိ၏ဦးခေါင်းအား လက်ဖြင့်ထိုးပြခါ ဝကြီးမှာရူးကြောင်ကြောင်အခြေနေထိ ရောက်ရှိသွားဟန် ပုံစံနှင့်ပြောဆိုခဲ့သည်။ ထို့နောက်မိမိ၏အရှေ့မှ နပ်စ်မလေးခေါ်ဆောင်ရာသို့ လိုက်ပါသွားရန် လှည့်ထွက်သွားသော သူငယ်ချင်းဖြစ်သူ ထီးကလေးအား ဝကြီှးမှာတော့ အရှေ့တစ်လှမ်းတိုး၍ စိုးရိမ်ကြီးလွန်းလှသော မျက်နှာထားလေးဖြင့် တမ်းတခေါ်မိလိုက်သည်။ သူ၏ခေါ်သံကြောင့် အရှေ့သို့ဦးတည်ရန် ရွယ်လျက်ရှိနေသော သူငယ်ချင်းဖြစ်သူ ထီးကလေးမှာလဲ ခြေလှမ်းများရပ်တန့်သွားခဲ့ပြီး
''ဟင် … ဘာဖြစ်လို့တုန်းဝကြီး''
''ဘာ … ဘာမှမဟုတ်တော့ပါဘူး မင်း…မင်းတို့ဂရုစိုက်နော်''
''အေးပါကွ မင်းလဲဂရုစိုက်''
အရှေ့သို့တစ်လှမ်း လှမ်းလိုက်သော ဝကြီးအား ဘေး၌ရှိနေသော ဆရာဝန်ကြီးမှာ သူ၏ပုခုံးအားဆွဲကိုင်လိုက်သည်ကြောင့် ညိုးငယ်လှစွာသော မျက်နှာထားလေးဖြင့် ရင်ထဲ၌ရှိနေသော စကားများအစား ဂရုစိုက်ပါဟူသော စကားများသာပြောဆိုဖြစ်ခဲ့သည်။ ထိုစဉ် ဆေးရုံးဝဏ်းအတွင်းသို့ ဒေါက်တာသန်းနိုင် လိုက်ပါလာခဲ့သော တိမ်းမှောက်နေသည့်ကားကြီးအထဲမှ လူနာများအား ခေါ်ဆောင်လာခဲ့သော ဆေးရုံကားတစ်စီးမှာလည်း ထပ်မံရောက်ရှိလာခဲ့လေသည်။
''ဒေါက်တာ … ''
''ဒေါက်တာသန်းနိုင် … အဆင်ပြေရဲ့လား''
''ဟုတ်ကဲ့ဒေါက်တာ မှောက်နေတဲ့ကားကြီးထဲမှာ လူရှစ်ယောက်ရှိနေပါတယ် အားလုံးကလည်း သတိလစ်နေကြတယ်… နေရာမလောက်လို့ ကားကြီှးမှာ လေးယောက်ကိုအစောင့်တွေနဲ့ ထားခဲ့ရတယ် … အခုလူနာလေးယောက်ပဲ ခေါ်လာခဲ့တယ်ဒေါက်တာ သူတို့အားလုံးလဲ သတိမရသေးကြဘူး''
''လမ်းလေး … မောင်ကဲ … စာမိ … တင်ဇာ … လုပ်ပါဦးဆရာ သူတို့မှာဒဏ်ရာတွေနဲ့ ကယ်ပါဦးဆရာ''
''ဘာမှမစိုးရိပ်ပါနဲ့ အခုဆေးရုံရောက်လာကြပြီပဲ … အခုချက်ချင်း ဒေါက်တာတို့အစွမ်းကုန် ကုသပေးသွားမှာပါ''
''ဒါဆို … ကားထဲမှာ ကျွန်တော့်သူငယ်ချင်းတွေ ကျန်နေသေးတာပေါ့ ဒေါက်တာ မြန်မြန်လုပ်ပါဦးဗျာ … ပြင်းပြင်းထန်ထန်ဒဏ်ရာတွေရပြီး တစ်စုံတစ်ခုဖြစ်သွားမှာ ကျွန်တော်စိုးရိမ်လို့ပါ''
''စိတ်ချ … စိတ်ချ အခုပဲဆရာတို့ ထပ်သွားခေါ်ပေးပါ့မယ်''
''ကျေးဇူးတင်ပါဆရာ … အခုသတိလစ်နေတဲ့ ကျွန်တော့သူငယ်ချင်းတွေကို ကြည့်ပေးကြပါဦး''
''စိတ်အေးအေးထားပါ … ဘာမှမစိုးရိမ်နဲ့ မောင်ရင်တို့နှစ်ယောက်က နပ်စ်မလေးနဲ့အပေါ်ကို လိုက်သွားကြ …ကဲဒေါက်တာရဲမောင် ခင်ဗျားက ပထမထပ်မှာ ဒီလူနာလေးယောက်ကို တစ်ခန်းတည်းမှာ နေရာချထားပေး … ဒေါက်တာသန်းနိုင်က ကျွန်တော်နဲ့ ကားကြီးဆီကိုပြန်သွားကြမယ်''
''ဟုတ်ကဲ့ဒေါက်တာ''
''ကဲလာ … ရှင်တို့နှစ်ယောက် ကျွန်မနဲ့လိုက်ခဲ့ကြ''
လမ်းကလေး ထိုသူဟာ ဦးခေါင်း၌သွေးထွက်ဒဏ်ရာ ရရှိထားခဲ့ပြီး လက်တစ်ချောင်းလုံး၌ ပွန်းရှဒဏ်များနှင့်အတူ လူနာတင်သံကုတင်ပေါ်၌ သတိလစ်မေ့မျောနေခဲ့၏။ စာမိ၊ မောင်ကဲ၊ တင်ဇာ ထိုသူတို့မှာလဲ သွေးထွက်ဒဏ်ရာတစ်ချို့ ရရှိထားခဲ့ပြီး လူနာတင်သံကုတင်ပေါ်၌ သတိလစ် မေ့မျောနေသေးသည်။ ထို့နောက် သံကုတင်များအား ဆေးရုံဝန်ထမ်းများမှ တွန်းယူသွားခဲ့ပြီ ဆရာဝန်ကြီးနေရာချထားပေးရန် ပြောဆိုသော အခန်း၌နေရာချပေးရန် ဘယ်ဘက်ဓာတ်လှေကား တည်ရှိရာဆီသို့ တွန်းယူသွားကြလေတော့သည်။ ထီးကလေးနှင့်ပန်းအိအားလည်း နပ်စ်မလေးခေါ်ဆောင်ရာအနောက်သို့ လိုက်ပါသွားရန် ညာဘက်ဓာတ်လှေကားဆီသို့ ဦးတည်သွားခဲ့ကြသည်။ မေ့မျောနေသော သူငယ်ချင်းများအား ထီးကလေးမှာစိတ်မချ သမင်လည်ပြန်ဖြစ်လျက် နပ်စ်မလေး၏ခေါ်ဆောင်ရာအနောက်သို့သာ တစ်ရွှေ့ရွှေ့လိုက်ပါသွားရလေတော့သည်။
''ဒေါက်တာ ဒီလူငယ်က … ''
''သူလား … သူက ငါတို့လူဖြစ်သွားပြီ … ဟုတ်တယ်မဟုတ်လားကောင်းလေး''
''ဗျာ … ဟုတ် … ဟုတ်ကဲ့ဒေါက်တာ''
''ဘယ်လိုဖြစ်လို့လဲဒေါက်တာ''
''သြော် … ရေခဲတိုက်ထဲက လူသေအလောင်းတွေကို ဒီကောင်လေးစပ်စုရင်းနဲ့ တွေ့သွားတယ် … ကျုပ်တို့ခွဲစိတ်ရင်း လက်လွန်သွားပြီးခေါင်းခွံပျက်စီးသွားတဲ့ မသာကလဲ ကျုပ်တို့ဆေးရုံအကြောင်းတွေ သူ့ကိုပြောပြသွားခဲ့တယ် … သူ့ကိုအသေသတ်ပစ်ဖို့ လုပ်ရင်းနဲ့ သူမသေချင်သေးပါဘူးဆိုလို့ … မသတ်တော့ပဲ ငါတို့လူအဖြစ် နေခိုင်းလိုက်တာပဲ''
''ဟင် … စွန်ရဲ စိတ်ချရပါမလား''
''စိတ်ချရမှာပါ … သစ္စာဖောက်ရင် သူ့သူငယ်ချင်းတွေရော သူ့ကိုရော … အပျက်ရှင်းပစ်လိုက်ကြတာပေါ့''
''ဗျာ … မ … မလုပ်ပါနဲ့ဒေါက်တာ … ကျွန် … ကျွန်တော်မသေချင်သေးလို့ပါ … ကျွန်တော့ချစ်သူကို ခရီးကပြန်ရောက်တာနဲ့ လက်ထပ်မယ်လို့ ကျွန်တော်ကတိပေးခဲ့လို့ပါဆရာ''
''ဟားဟားဟားဟား … မသတ်ပါဘူး မင်းကိုမသတ်ပါဘူး အေး … ဒါပေမယ့် မင်းသူငယ်ချင်းတွေကိုတော့ အပိုစကားတွေမပြောမိစေနဲ့နော်''
''စိတ် … စိတ်ချပါဆရာ … ကျွန် … ကျွန်တော်မပြောပါဘူး''
''ကောင်းပြီလေ … ဒါဆို ကားကြီးထဲက လူနာတွေ ထပ်သွားခေါ်မယ် … လူနာတင်ကား အသင့်ပြင်ထားပါဒေါက်တာသန်းနိုင်''
''အားလုံးအသင့်ပါဒေါက်တာ … ''
''ကဲကောင်းပြီး သွားကြတာပေါ့''
ကြောက်လန့်တုန်ရီနေသော ဝကြီးအား ဆရာဝန်ကြီးမှာ စည်းရုံးသိမ်းသွင်းလျက် တိမ်းမှောက်နေသော ကားကြီးအတွင်းမှ လူနာများအား ထပ်မံခေါ်ဆောင်ရန် ဆေးရုံအတွင်းမှ ထွက်ခွာသွားခဲ့ကြလေသည်။
*****
''အား … ''
အားဟု အသံနှင့်အတူ ကျုရှင်ဆရာကြီးတစ်ယောက် တိမ်းမှောက်နေသော ကားကြီးအတွင်း၌ ပြန်လည်သတိလည်လာခဲ့၏။ ဦးခေါင်းတစ်ခုလုံး အလွန်ပင်နာကျင်၍ မူးနောက်နေပုံရသည်။ သူ၏ဦးခေါင်းအား ခပ်ဆက်ဆက်ရမ်းခါလိုက်ရင်း ကြုံတ်မိထားသည့် မျက်လုံးအိမ်များ အသာဖွင့်လိုက်သည်။ ပတ်ဝန်ကျင်တစ်ခုလုံး မည်းမှောင်နေခဲ့ပြီး ဦးခေါင်းပေါ်မှ သွေးများဟာ မျက်နှာပြင်အပေါ်သို့ စီးကျလာခဲ့သည်။ ဦးခေါင်းကွဲလျက် ဘယ်ဘက် လက်တစ်ဖတ် ခွေခေါက်ခါ ကျိုးသွားခဲ့ရသည်။
''အား … ထီးလေး''
ယခုကဲ့သို့ ဒုက္ခရောက်နေချိန်၌ မိမိ အားကိုအားထားပြုရသော တပည့်ဖြစ်သူထီးကလေး၏အမည်အား တမ်းတခေါ်မိ၏်။ သို့သော် မည်သည့်အသံတစ်စုံမျှ ပြန်လည်၍မကြားရ အမှောင်ထဲ၌ ကိုယ်ဆီသတိလစ်မေ့မျောနေသော လူငယ်များကိုသာ မသည်းမကွဲ ကားအနောက်ခြမ်း၌ မြင်တွေ့လိုက်ရသည်။ မိမိသာလျင် ဦးစွာသတိလည်လာလေသလား၊ တပည့်များမှာ ယခုအချိန်ထိ သတိမရလေသလား။ ထိုသို့ဆိုလျင် တပည့်ဖြစ်သူများအတွက် တစ်စုံတစ်ခုသော အကူညီရရှိရန်အတွက် မိမိလုပ်ဆောင်ပေးရမညှ်ဖြစ်မည်။
ထို့ကြောင့် တိမ်းမှောက်နေသော ကားကြီးအတွင်းမှ အပြင်သို့ထွက်နိုင်ရန်သာ အရေးကြီးလှသည်။ မိမိသိရှိ၏။ မိမိဟာ ကျောင်းသားလူငယ်များ ကားကြီးအတွင်း၌လွတ်လပ်စွာ ပျော်ရွှင်စေနိုင်ရန် ကားအတတ်အဆင်းအပေါက်ခုံ၌ ထိုင်နေပေးခဲ့သည်။ ယခု တိမ်းမှောင်နေသော ကားကြီးအတွင်း၌ မူးနောက်နေသော အာရုံများနှင့် ကားကြီးအတွင်းမှ ထွက်ပေါက်အား လွယ်ကူစွာခန့်မှန်းနိုင်ခဲ့ပြီး အပြင်သို့ လေးဘက်ထောက်ထွက်ရောက်လာခဲ့လေ၏။
မိမိ၏ကားကြီးအကြောင်း မိမိကိုယ်တိုင်သိရှိထားခဲ့ပြီး ယခုကဲ့သို့ တိမ်းမှောက်သွားရခြင်းမှာ တပည့်များထဲမှ တစ်ဦးတစ်ယောက် အမှားပြုလုပ်ခဲ့မိခြင်းကြောင့် ဖြစ်ရသည်ဟု ကျူရှင်ဆရာကြီးကောင်းစွာရိပ်စားမိသည်။ သို့သော် ယခုအချိန်၌ မည်သူ၏အပြစ်ဟု တွေးတောနေခြင်းထက် အကူညီတစ်စုံတစ်ခု လျင်မြန်စွာရရှိရန်သာ လိုအင်သည်ဟု တွေးတောမိရင်း ဝတ်ဆင်ထားသော ခန္ဓာကိုယ်ပေါ်မှ အနွေးထည်အိတ်များအား လက်တစ်ဖြင့် စမ်းနေမိသည်။
မိမိ၏အနွေထည်အိတ်အတွင်းသို့ လက်ကိုင်ဖုန်းထည့်ထားခဲ့မိသည်ကြောင့် ဖုန်းအားစမ်းနေခဲ့ရင်း ညာဘက်အိတ်အတွင်း၌ လက်ကိုင်ဖုန်းစမ်းမိလိုက်လေသည်။ ထို့နောက်လျင်မြန်စွာဖြင့် ဖုန်းအားထုတ်ယူလျက် ပါဝါခလုတ်အား နှိတ်လိုက်ချိန်တွင် လက်ကိုင်ဖုန်း၏မှန်မှာ ကွဲရှနေခဲ့လေတော့သည်။
''ဟာ … သွားပြီ … ဘယ်လိုလုပ်ရမလဲ''
မြင်သာမြင်မကြင်ရလေဟု ဆိုရလေမလား။ လော့ခတ်ထားသည့် ဖုန်းအားမြင်နေခဲ့ရပြီး မုန်မှာကွဲနေခဲ့သည်ကြောင့် မှန်သားပြင်၏မည်သည့်နေရာတစ်ခုမျှ ထိရွှေ့၍မရတော့ချေ။ ကားကြီးအတွင်း၌ တပည့်ဖြစ်သူများ၏ လက်ကိုင်ဖုန်းများရှိနေဦးမည်မှာ သေချာလှသည်။ထို့ကြောင့် ကားကြီးအတွင်းသို့ဝင်ရန် ရွယ်လိုက်ပြီး
''ဟာ မဖြစ်သေးပါဘူး ဒီလောက်မှောင်နေတာကိုး ဖုန်းလိုက်ရှာတာထက် ဒီပတ်ဝန်းကျင်မှာ လူနေအိမ်တွေတော့ရှိမှာပဲ … သူတို့ဆီမှာ အကူညီတစ်ခုခုတောင်းမယ်''
ထိုသို့တွေးမိရင်း ကားကြီးအတွင်းသို့မဝင်ရောက်၊ ကားလမ်းအပေါ်သာ တတ်ရောက်တော့မည်ဟု တွေးတောလျက် လမ်းပေါ်သို့ရောက်စေနိုင်သော လမ်းသာဖြစ်မည်ဟု ခန့်မှန်းခြေနှင့် နာကျင်နေသော ဝေဒနာများအား မေ့ဖျောက်ထားခါ အရှေ့စူးစူးသို့ လျောက်လှမ်းလေတော့သည်။
****
လူနာတင်ယဉ်များ။ သို့သော် ဥသြသံများပိတ်လျက် တိမ်းမှောက်နေသော ကားကြီးရှိရာဆီသို့ ဆရာဝန်ကြီးများထပ်မံရောက်ရှိလာခဲ့လေသည်။
''ဒေါက်တာသန်းနိုင် … ခင်ဗျားပြောတော့ ကားကြီးနားမှာ အစောင့်တွေနဲ့ထားခဲ့တယ်ဆို ဘယ်မှာတုန်း''
''သြော်ကွာ … မင်းကလဲ ဆေးရုံမှာရောက်နေတဲ့ ချာတိတ်လေးတွေ ယုံကြည်အောင်လို့ တမင်သတ်သတ်ပြောတာပေါ့ကွ … ငါတို့ဆေးရုံမှာ စိတ်တူကိုယ်တူဆိုလို့ လူလေး ၁၀ ယောက်လောက်ပဲရှိတာ''
''ဟုတ်ပါပြီ … ဒါဆိုကားကြီးထဲက လူတွေအားလုံး ကားပေါ်တင်ဖို့စီစဉ်''
''ကဲလာဟေ့ … ''
ဒေါက်တာစွန်ရဲနိုင်နှင့်အတူ ဒေါက်တာသန်းနိုင်တို့နှစ်ဦးသား ပြောဆိုနေကြသည်များအား ဝကြီးတစ်ယောက် နားမလည်နိုင် ကြောင်တောင်တောင်ဖြစ်သာ ရှိနေခဲ့၏။ ထို့နောက် ယူနီဖောင်းအပြာရောင်ဝတ်စုံနှင့် ဆေးရုံဝန်ထမ်းနှစ်ဦးအား ညာသံပေး၍ ဒေါက်တာသန်းနိုင်မှာ တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်းသို့ လက်နှိတ်ဓာတ်မီးများ ကိုင်ဆောင်ခါ စတင်ဝင်ရောက်လေတော့သည်။
ကားကြီး၏အပြင်၌ ဒေါက်တာစွန်ရဲနိုင်နှင့် ဝကြီးနှစ်ဦးသားသာ ရှိနေခဲ့ပြီး ဒေါက်တာစွန်ရဲနိုင်မှာတော့ ပတ်ဝန်းကျင်အား မျက်လုံးတစ်ဆုံး လိုက်လံအကဲခတ်နေခဲ့သည်။ ထိုစဉ်တိမ်းမှောက်နေသော ကားကြီးအတွင်းမှ ဒေါက်ဒါသန်းနိုင်၏ အလောတကြီးအော်ပြောလိုက်သော စကားသံအား ကြားလိုက်ရလေ၏။
''ဒေါက်တာစွန်ရဲ … ကားထဲမှာရှိတဲ့ လေးယောက်တည်းက တစ်ယောက်လျော့နေတယ် … အပြင်ထွက်သွားပြီးနဲ့ထင်တယ်''
''ဟင် … ဟာ … သူတို့အထဲက တစ်ယောက်မှ လွတ်သွားလို့မဖြစ်ဘူး … ငါတို့အားလုံး ဒုက္ခရောက်သွားလိမ့်မယ်''
''စိတ်ချစိတ်ချ … ဒီပတ်ဝန်းကျင်မှာ ဘာအကူညီမှ သူတို့မရနိုင်ဘူး … ကားအနားပြန်လာမှာ သေချာတယ်''
''ဟာကွာ … တောက်!… မကြာသင့်ပဲကြာဦးမယ်ကွာ … ဘယ်ခြေရှည်ထွက်သွားလဲ မသိဘူး … ကဲကဲဒါဆို ရှိတဲ့သူတွေကိုပဲ အပြင်ထုတ်ထား… ပြီးတော့ သန်းနိုင်… ကားထဲမှာရှိတဲ့ အိတ်တွေရော လက်ကိုင်ဖုန်းတွေရော အကုန်လုံးအပြင်ထုတ်ခဲ့… ကားထဲမှာ တစ်ခုမှမကျန်နေခဲ့စေနဲ့နော် အားလုံးအစနဖျောက်မှဖြစ်မယ်''
တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်းမှ ကျုရှင်ဆရာကြီးအား မတွေ့လိုက်ရချေ။ ကျုရှင်ဆရာကြီးမှာ တစ်စုံတစ်ခုသော အကူညီရရှိရေးအတွက် ထွက်ရောက်သွားခဲ့ပြီး ကားကြီးအတွင်း၌ ကျန်ရစ်နေခဲ့သော မျှားကလေး၊ ငါးကလေး၊ တန်ခိုးတို့ကိုသာ ကားကြီးအတွင်းမှ အပြင်မြေပြင်ပေါ်သို့ ဒဏ်ရာများစွာနှင့် ထုတ်ယူထားခဲ့လေသည်။ ထို့နောက် ကားကြီးအတွင်း၌ ခရီးဆောင်အိတ်များအပါအဝင် လက်ကိုင်ဖုန်းများအားလည်း နေရာအနံ့ရှာဖွေခဲ့ရင်း လူနာတင်ယဉ်ပေါ်သို့ တင်ဆောင်လေခဲ့သည်။ တိမ်းမှောက်နေခဲ့သော ကားကြီး၏ ကားနံပါတ်အားလည်း ဖြုတ်ယူထားချေသည်။
တန်ခိုး၏ဦးခေါင်းတွင် ဒဏ်ရာရရှိထားခဲ့ပြီး သွေးများစွာထွက်နေခဲ့သည်။ ငါးကလေးမှာမူ မည်သည့်ဒဏ်ရာတစ်ခုမှ မရရှိထားခဲ့ပဲ မေ့မျောနေခဲ့၏။ မျှားကလေးမှာလည်း ပွန်းရှဒဏ်ရာတစ်ချို့ရရှိကထားကာ အားလုံးနည်းတူအတိုင်း မေ့မျောနေခဲ့လေသည်။ သို့သော် ဒဏ်ရာရရှိထားသော ထိုသူတို့ကိုမူ ဆရာဝန်များမှာ အလေးမထား။ မြေပြင်ပေါ်တွင်သာ ပစ်ထားချေခဲ့သည်။ လေးဦးထဲမှ တစ်ဦးပျောက်ဆုံးနေသည်ကြောင့် ဆရာဝန်များမှာ ဆေးရုံဆီသို့ထွက်ခွာ၍ မဖြစ်နိုင်သေးချေ။ ထို့ကြောင့် ပျောက်ဆုံးသွားသော လူတစ်ဦးမှာ မည်သည့်အကူညီတစ်ခုမှ မရရှိလျင် ထိုကားဆီသို့ ပြန်လည်ရောက်ရှိလာမည်မှာ သေချာလှသည်ဟု တွေးမိလျက် ကားကြီးအနားတွင်သာ စိတ်မရှည်စွာဖြင့် စောင့်စားနေခဲ့လေသည်။
မေ့မျောနေခဲ့သော တန်ခိုး၏ မျက်ခမ်းစက်များ လှုပ်ရှားလာခဲ့၏။ လက်ချောင်းကလေးများမှာလည်း တစ်ဆက်ဆက်တုန်ခါလာခဲ့သည်။ ပြန်လည်သတိလည်လုနီးပါး ဖြစ်နေသော တန်ခိုးအား ဆရာဝန်များမှာ အာရုံမထားမိ။ ကားကြီးအတွင်းမှ ထွက်ခွာသွားခဲ့သော သူတစ်ဦးကိုသာ ငေးမောကြည့်ရှု့ စောင့်စားနေခဲ့သည်။
ကျုရှင်ဆရာကြီးမှာလည်း ကားလမ်းအပေါ်ဟု ထင်မှတ်လောက်သော လမ်းအတိုင်းလျောက်လှမ်းသွားမိရင်း အရှေ့၌ အုပ်စိုင်းနေသော သစ်တောကြီးတစ်ခုသာ တွေ့ရှိခဲ့ရသော်ကြောင့် မိမိလမ်းမှားနေခဲ့ပြီဟု ကောင်းစွာသိရှိလိုက်ရသည်။ ထို့ကြောင့် မိမိတပည့်များရှိနေသော ကားကြီးဆီသို့သာ ပြန်လည်လျောက်လှမ်းလာခဲ့ရင်း လူနာတင်ယဉ်အချက်ပြမီးများအား အဝေးမှလှမ်းမြင်လိုက်ရသည်။ အလွန်ပင်ဝမ်းသာမိ၏။ ကံကောင်းလေသလား၊ ထိုလူတင်ယဉ်များမှာ တိမ်းမှောက်သွားခဲ့သော မိမိ၏ကားကြီးအနားမှ ဖြစ်နေခဲ့သည်။
''စွန်ရဲ … ဟိုမှာ အဲ့ဒီလူပဲ ပြန်လာနေပြီ'
''ဒေါက် … ဒေါက်တာတို့ ဟာဗျာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ကျေးဇူးတင်လိုက်တာဗျာ … ကျွန်တော့တပည့်လေးတွေ ကားထဲမှာရှိနေသေးတယ် … ဆေးရုံကိုမြန်မြန်ခေါ်ပေးပါဗျာ''
''ဆရာ … ''
''ဟင် … မောင်ထူးအောင် … မင်း … မင်းဘာမှမဖြစ်ဘူးနော်''
ဖခင်အရင်းသဖွယ် ချစ်၊ကြောက်၊ရိုသေရသော မိမိ၏ဆရာအား မြင်တွေ့လိုက်ရသည်ကြောင့် ဝကြီးမှာ ဆရာဝန်ကြီး၏အနားမှ ကျူရှင်ဆရာကြီး၏အနားသို့ အပြေးသွားရောက်ခဲ့လေသည်။ ဆရာဝန်ကြီးဟာ ဝကြီးတစ်ယောက် မိမိ၏အနားမှ ရုတ်တရက်ပြေးသွားခဲ့သည်ကြောင့် အနောက်မှ ထပ်ကြပ်မကွာလိုက်ပါသွားရင်း ကျူရှင်ဆရာကြီးမမြင်တွေ့နိုင်သည့် အနောက်မှ ဓားဖြင့်ထောက်ထားခဲ့လေသည်။
''ဆရာ … ကျွန်တော်တို့ကိုကယ်ပါဦးဆရာ''
''မောင်ထူးအောင် ဘာမှမစိုးရိမ်နဲ့တော့လေ … လူတင်ယဉ်တွေရောက်လာကြပြီပဲ … ဘာမှမစိုးရိမ်နဲ့တော့နော် … ဒေါက်တာတို့ ကားကြီးထဲမှာ ကျွန်တော်တပည့်လေးတွေ ရှိနေသေးပါတယ်ဗျာ သူတို့ကို အပြင်ထုတ်ပေးပါဦး''
''ခင်ဗျားတပည့်လေးတွေ တစ်ချို့တစ်ဝက် ကျုပ်တို့ဆေးရုံကို ရောက်နေပါပြီ ကားကြီးထဲမှာ ခင်ဗျားနဲ့ ဟိုလူငယ်သုံးယောက်ပဲ ကျန်နေသေးလို့ ကျုပ်တို့ထပ်လာခေါ်တာ''
''ဗျာ … ဟုတ် … ဟုတ်ကဲ့ဒေါက်တာ ကျေးဇူးတင်ပါတယ်''
''ဆရာ … မဟုတ်ဘူးဆရာ ကျွန်တော်တို့ အားလုံးကို … အား''
မိမိခံစားနေရသည့် ယခုကဲ့သို့အခြေနေများအား ဝကြီးတစ်ယောက် ဖခင်အရင်းသဖွယ် အားကိုးရသော ကျူရှင်ဆရာကြီးအား ပြောဆိုမည်အလုပ် ဆရာဝန်ကြီးမှာ ဝကြီး၏နောက်ကျောအား ထောက်ထားသည့် ဓားဦးဖြင့် အနည်းငယ်ထိုးလိုက်သည်။ ဝကြီးအား ခြိမ်းခြောက်လျက် နောက်ကျောမှဓားဖြင့် ချိန်ဆထားသည်များအား သတိပြန်လည် ရရှိလာသော တန်ခိုးတစ်ယောက် မြေပြင်ပေါ်၌လဲကျနေရာမှ ဝိုးတဝါးမြင်တွေ့လိုက်ရသည်။
ခံနိုင်ရည်ရှိထားပြီးသားဖြစ်သည့် တန်ခိုးတစ်ယောက် ထိုအချိန်အတောအတွင်း၌ မြင်တွေ့လိုက်ရသော မြင်ကွင်းများအား နားမလည်နိုင်ခဲ့ချေ။ ဘာရယ်ကြောင့်မှန်းမသိ။ ဆရာဝန်ကြီးဟု သတ်မှတ်နိုင်သော ထိုသူမှာ ဝကြီး၏နောက်ကျောအား အဘယ်ကြောင့် ဓားဖြင့်ထောက်ထားရသနည်း။ သတိပြန်လည်လာခါ မြေပြင်ပေါ်မှ ထမည်ဟု ရွယ်လိုက်သော်လည်း ယခုဖြစ်ပျက်နေခဲ့သော မြင်ကွင်းများအား သူတစ်ယောက်ကောင်းစွာ နားလည်ချင်သေးသည်။
အခြေနေမှာ သာမန်အခြေမျိုးနှင့် မတူ ထို့ကြောင့် ပို၍သေချာစွာသိရှိစေရန် မိမိအားပစ်ချထားသည့် မြေပြင်ပေါ်မှ မသိမသာတရွှေ့ရွှေ့ ထိုသူများအနားသို့ အသာရွှေ့လျားလာခဲ့သည်။
သူတစ်ယောက်ကောင်းစွာသိရှိ၏။ ထိုအချိန်အတောတွင်း၌ မိမိမြင်တွေ့နေရသော သူများဟာ မိမိအား အာရုံထားနေကြမည်မဟုတ်ချေ။ ထို့ကြောင့် မေ့မျောနေဟန်ဆောင်လျက် ထိုသူများပြောဆိုနေခဲ့သော စကားများအား တိုးတိတ်စွာနားစွင့်နေလိုက်သည်။
''ထူးအောင် ဘာဖြစ်တာတုန်း''
''ဆရာ !… ''
''သြော် … ကျုရှင်ဆရာဆိုတာ ခင်ဗျားလား''
''ဟုတ်ပါဒေါက်တာ''
''သြော် !… ခင်ဗျားတပည့်လေးက ခင်ဗျားတို့ကိုစိုးရိမ်လွန်နေတာပါ ဘာမှမဖြစ်ပါဘူး''
''ကဲ … စိုးရိမ်မနေနဲ့တော့ မောင်ထူးအောင် မောင့်ရင့်အမြင်ပဲ ဆရာလဲဘာမှဖြစ်တာမှ မဟုတ်တာ''
''မဟုတ်ဘူးဆရာ … သူတို့က လူသတ်သမားတွေ … ကျွန်တော့တို့အားလုံးကို ဆေးရုံခေါ်ပြီး ရက်ရက်စက်စက် သတ်ကြမှာ''
''ဟင် … ''
''ဟာ … မောင်ထူးအောင် ဘာတွေလျောက်ပြောနေတာလဲ မဟုတ်ပါဘူး ခင်ဗျားတပည့်ခေါင်းနည်းနည်းထိခိုက်မိပြီး အခုလို … ''
''မဟုတ်ဘူးဆရာ … ကျွန်တော့ကို ခြိမ်းခြောက်ထားတယ် ကယ်ပါဦးဆရာ ကဟ်ပါဦး''
''ထူးအောင် ထူးအောင် စိတ်ငြိမ်ငြိမ်ထားပါဦး ဆရာရှိတယ်လေ''
''ဆရာ … ကျွန်တော့်ကို ကယ်ပါဆရာရယ် ကျွန်တော့ကိုကယ်ပါ … ကျွန်တော်မသေချင်သေးဘူးဆရာ … ဒီမှာကြည့်ဆရာ … ကျွနိတော့ကို အနောက်ကနေ ဓားနဲ့ထောက်ထားတယ်''
''ဟင် … ''
ကြောက်စိတ်များ အထွဏ်အထိပ်သို့ ရောက်ရှိခဲ့ရင်း ဆရာဖြစ်သူအား မြင်တွေ့လိုက်သည်နှင့် မည်သည့်အကြောင်းတစ်ခုမှ စဉ်းစားမနေတော့ပဲ သေရမည်အား အလွန်ပင်စိုးရိမ်ကာ သွေးရူးသွေတမ်းစကားများ ပြောဆို၍ မိမိအားဖတ်ထားသော ဆရာဝန်ကြီး၏နံဘေးမှ လျင်မြန်စွာရုန်းထွက်လိုက်လေသည်။
ဝကြီးတစ်ယောက် လျင်မြန်စွာရုန်းထွက်လိုက်သည်နှင့် သူ့၏နောက်ကျောအား ထောက်ထားသော ဓားကြီးမှာ အရှင်းသားထွက်ပေါ်လာခဲ့လေတော့သည်။ သို့မှသာ ကျုရှင်ဆရာကြီးမှာ ဝကြီးပြောဆိုသော စကားများအား ယုံရခတ်နေခဲ့ပြီး တပည့်ဖြစ်သူအား ကြည့်လျက် ဆရာဝန်ကြီးကိုင်ဆောင်ထားခဲ့သော ဓားကြီးအားလည်း ငေးကြည့်နေမိသည်။
စိတ်ရောဂါခံစားနေရသော ဆရာဝန်ကြီးမှာ ဝကြီး၏အပြုမူကြောင့် လွန်စွာဒေါသထွက်မိရင်း အံ့ကိုကြိတ်လျက် ရဲရဲတောက်တောက်မျက်လုံးများနှင့် ကိုင်ဆောင်ထားခဲ့သော ဓားဖြင့်ဝကြီးအား ဝင်ရောက်ထိုးသတ်လေတော့သည်။ အနောက်မှနေ၍ ဝကြီး၏လည်ပင်းအား သိုင်းဖတ်ထားလိုက်ရင်း အချက်ပေါင်းများစွာ ဓားဖြင့်ထိုးလေတော့သည်။ 'ဟာ'ဟူသော စကားသံသာထွက်ပေါ်လာလျက် ကျူရှင်ဆရာကြီးမှာ ကြောင်ကြည့်နေခဲ့မိသည်။ ထို့နောက် ကျူရှင်ဆရာဟာလည်း မိမိ၏လုပ်ရက်များ မြင်တွေ့သွားခဲ့သည်ကြောင့် လူသတ်ဆေးရုံဝန်ထမ်းတစ်ဦးအား အချက်ပြစေခါ နောက်ကျောမှ ကျုရှင်ဆရာ၏ဦးခေါင်းအား သံတုတ်ဖြင့် ရိုက်နှပ်ခိုင်းခဲ့လေသည်။
''အ … ''
''သေ…သေစမ်း…သေကြစမ်း…ဟားဟားဟားဟား''
ကျူရှင်ဆရာမှာလည်း ကွဲနေသည့်ဦးခေါင်းအား ယခုထပ်မံအရိုက်ခံလိုက်ရသည်ကြောင့် နာကျင်မှုဝေဒနာများ လွန်စွာခံစားလိုက်ရပြီး ထိုအနားတွင်သာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရတော့သည်။ သေရမည်အား လွန်စွာကြောက်နေခဲ့သော ဝကြီးသည်လည်း ထိုနေရာ၌သာ ဆရာဝန်ကြီး၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရလေသည်။ ထိုမြင်ကွင်းများအား မေ့မျောဟန်ဆောင်နေခဲ့သော တန်ခိုးတစ်ယောက် အရှင်းသားကြားသိလိုက်ရ၏။
မယုံနိုင်လောက်အောင်ပင် အသက်ကယ်မည်ဟု ထင်မှတ်ထားခဲ့သော ဆရာဝန်များမှာ မိမိ၏အရှေ့မှောက်၌ မိတ်ဆွေများအား ရက်စွာအသေသတ်ပစ်ခဲ့ကြသည်။ ထို့ကြောင့် သူသည်လည်း လွန်စွာဒေါသထွက်မိခါ စဉ်းစားမနေတော့ပဲ မေ့မျောချင်ယောင်ဆောင်နေခဲ့သော မြေပြင်ပေါ်မှ လူးလဲထလိုက်ပြီး ဆရာဝန်ကြီးအား တိုက်ခိုက်မည်လုပ်စဉ်
''အား … အ ''
အမှောင်ကွယ်မှရှိနေသော ဒေါက်တာသန်းနိုင်ဟာ အပြေးရောက်ရှိလာခဲ့ပြီး တန်ခိုးအား သံချောင်းဖြင့် စတင်ရိုက်နှပ်လိုက်လေခဲ့သည်။ လူရည်လည်လွန်းလှသော စိတ္တဇဆရာဝန်များမှာ လစ်ဟာမှုမရှိစေရန် အကွက်ကျကျစီစဉ်ထားခဲ့ပြီး ဒေါက်တာသန်းနိုင်ဟာ အမှောင်ကွယ်တစ်ခုမှ နေလျက် မိမိတို့အား စောင့်ကြည့်နေခဲ့သည်များအား ပြန်လည်သတိလည်လာခဲ့သော တန်ခိုးတစ်ယောက်မသိရှိခဲ့ချေ။
ထို့ကြောင့် ထိုတစ်ချိန်၌ တန်ခိုးတစ်ယောက်မှာတော့ အမှန်တကယ်ပင်လျင် ဒေါက်တာသန်းနိုင်၏ သံတုတ်ဖြင့် ရိုက်နှပ်ခံလိုက်ရသည်ကြောင့် မေ့မျောသွားခဲ့ရလေသည်။ ဒေါက်တာသန်းနိုင်မှာလည်း သူ၏ရိုက်ချက်ဖြင့် လဲကျသွားခဲ့သောတန်ခိုးအား အဆက်မပျက်ထပ်မံရိုက်သတ်ရန် ရွယ်ချိန်၌
''သန်းနိုင် … မလုပ်နဲ့တော့ ''
''စွန်ရဲ … ဒီတစ်ယောက်က လူလည် … သတိရလာတာကို မရချင်ယောင်ဆောင်ပြီး မင်းတို့အခြေအနေကို အကဲခတ်နေတယ် … သူ့ကိုငါစောင့်ကြည့်နေတာ ကြာပြီ မထူးဘူးကွာ တစ်ခါတည်းသတ်ပစ်လိုက်တာ ကောင်းတယ်''
''နေဦး … ဒီမှာလဲ နှစ်ယောက်သေပြီ သူ့ကိုထပ်သတ်လိုက်ရင် ဆေးရုံမှာရောက်နေတဲ့ သူတွေသံသယဖြစ်သွားလိမ့်မယ် … မလုပ်နဲ့တော့ … မင်းမသတ်လည်း သွေးထွက်လွန်ပြီး သူဟာသူသေသွားလိမ့်မယ် … လာလာ … ဒီနှစ်လောင်းကို ကားပေါ်တင် … အဲ့ဒီကောင်တွေပါ ခေါ်ခဲ့ … သူတို့ကို အရှင်လတ်လတ် သွေးထုတ်ရမယ်''
ကျုရှင်ဆရာကြီးနှင့်ဝကြီးအား ရက်စက်စွာအသေသတ်လျက် လူနာတင်ယဉ်ပေါ်သို့ သယ်ဆောင်ခါ သေလုမျောပါးဖြစ်နေခဲ့သော တန်ခိုးနှင့်အတူ ငါးလေး၊မျှားလေးအားလည်း လူနာတင်ယဉ်ပေါ်သို့တင်ဆောင်လာခဲ့ပြီး စိတ္တဇဆရာများမှာ ဆေးရုံဆီသို့ ဦးတည်မောင်းနှင်လာခဲ့လေတော့သည်။
*****
တိမ်းမှောက်နေခဲ့သော ကားကြီးအတွင်းမှ လူငယ်များအားလုံး ဆေးရုံဆီသို့ မေ့မျောစွာဖြင့်ရောက်ရှိလာခဲ့ပြီး ဆက်လက်၍ မည်သို့ပင် သည်းထိတ်ရင်ဖိုဇာတ်ဝင်ခန်းများ ဖြစ်လာကြဦးမည်နည်း။
ထိုဆေးရုံဟာ လူသတ်နေခဲ့သော ဆေးရုံတစ်ခုဟု အားလုံးသိရှိသွားခဲ့လျင် ထိုဆေးရုံရှိဆရာများမှာ ထိုသူများအား အဘယ်သို့ပြုလုပ်ကြမည်နည်း။
ကျဉ်းထဲကျပ်ထဲရောက်နေသည့် မရဏအချိန်ခါမျိုးတွင် မည်သူများမှ အကူညီပေးမည်နည်း။
ဆက်လက်၍မည်သို့ပင် စွန့်စားကြမည်နည်း။
… … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၉)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
**********
Post Top Ad
Responsive Ads Here
အပိုင်း(၈) လူသားစားဆေးရုံ သည်းထိတ်ရင်ဖိုဇာတ်လမ်းရှည်ကြီး
Share This
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment