အပိုင်း(၃) နှစ်တစ်ရကျိန်စာသင့်အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၃) နှစ်တစ်ရကျိန်စာသင့်အိမ်ကြီး

Share This

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
      အပိုင်း(၃)
စာရေးသူ -ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)




တဖြည်းဖြည်း အမှောင်ထုက အုပ်စိုးလာခဲ့ပြီ တစ်ဖွဲ့လုံးရဲ့ မျက်နှာမှာလဲ အပျော်စိတ်လေးတွေက ပျောက်ကွယ်လုနီးပါ
``ထီးလေး ငါ့အပြစ်ပါကွာ ငါ  ကားကို သေချာ မစစ်ခဲ့မိတာ ငါ့အမှားပါကွာ ငါ့ကို မင်းတို့ ခွင့်လွတ်ပေးကြပါ´´
``ဟာကွာ တန်ခိုးမင်းကလဲ မင်းမမှားပါဘူးကွ ငါမှားတာပါ ကားကို မောင်းပြီး ငါ ဂရုစိုက်ဖို့မေ့နေခဲ့တာ´´
``ထီးလေး တန်ခိုး မင်းတို့မမှားပါဘူးကွာ ငါကအသုံးမကျတာပါ ကားတွေကြားမှာ မွေးလာပြီး ကားလေး ဆီပိတ်နေတာတောင် ငါမလုပ်တတ်ခဲ့ဘူး ငါ့ကို ခွင့်လွတ်ပေးပါ´´
``ကဲပါဟယ် နင်တို့ဘဟ်သူမှ မမှားပါဘူး ဒါက ဖြစ်တတ်တာပဲ ခရီးရှည်ဆိုတော့ ဒါမျိုးဖြစ်တတ်တာပဲဟာ နင်တို့ဘယ်သူမှ မမှားဘူး ´´
``အေးပါ မျှားလေးရာ ဘာပဲဖြစ်ဖြစ်တို့အကူညီ တစ်ခုခုတော့ရမှ ဖြစ်မယ် ´´
``ကဲ မှောင်လဲမှောင်နေပြီ ကားပေါ်ပြန်တတ် ညနေစာ စားပီးတစ်ခုခုကြံကြတာပေါ့လေ´´

ညနေစာစားပြီး နာရီ ကြည့်မိတော့ ၇ နှာရီ ၂၀ အမှောင်ထုက ကြီးထက်ကြီးလာပြီ။ဆောင်းတွင်း အငွေ့သတ်လေးက လက်ကျန်ရှိသေးတော့ နေ့ဘက်ပူပြင်းသလောက် ညဘက်မှ အေးစိမ့်စိမ့်လေးတော့ ကျန်နေသေး။

အထီးကျန်ဆန်နေတဲ့အဝေးပြေးလမ်းကြီးမှာ ကျွန်တော်တို့ကားလေးတစ်စီးသာ ထင်ထင်ရှားရှား တည်ရှိနေ

သူငယ်ချင်းတွေကတော့ ခရီးပင်ပန်းမှု့ကြောင့် တစ်ချို့တစ်လေက ငိုက်နေခဲ့ပြီ
ကျွန်တော် ကားတံခါးကို ဖွင့် ခြေလှမ်းလေး ချမလို့အလုပ်
``ထီးလေး ဘယ်သွားမို့လဲ´´
တန်ခိုးရဲ့ မေးခွန်းကို ကြားလိုက်ရပြီ
``ပတ်ဝန်းကျင်အခြနေလေး လေ့လာမလို့ကွ´´
``ငါလဲ လိုက်မယ်´´
``လာလေ´´
တန်ခိုးနဲ့အတူ ကျွန်တော် ကားပတ်ဝန်းကျင်ကို လျောက်ကြည့်နေတော့သည်။
``တန်ခိုးရေ ပတ်ဝန်းကျင် အခြေနေကတော့ တွေ့တဲ့အတိုင်းပဲ ငြိမ်သတ်နေတာပဲ ကားအသွားလာလဲ ပျက်တယ်´´
``အေးကွ မျှားကလေးပြောသလို မနက်ထိတော့ မြို့တတ်လာမယ့် ရွာသားတွေကိုပဲ မျှော်နေရတော့မှာပေါ့´´
ကျွန်တော်တို့နှစ်ယောက် စကားလက်ဆုံကြနေစဉ်
``ထီးလေးရေ ငါးလေးနဲ့မျှားလေးတို့ညီမနှစ်ယောက်ကတော့ အိပ်နေကြပြီ မင်းတို့ရော မအိပ်သေးဘူးလား´´
``အိပ်မှာပေါ့ကွ ပတ်ဝန်းကျင် အခြေနေလေ့လာနေတာ´´
``ဒါဆို ငါလဲ မင်းတို့နဲ့အတူ ဒီမှာ ရှိနေပေးမဟ်´´
``အေးကောင်းတာပေါ့ လမ်းကလေးရာ´´

၃ယောက်သားစကားတစ်ပြောပြောနဲ့နေလာလိုက်တာ
အချိန်ကား ၁၁ နှာရီ ၃၀
ကျွန်တော် ဘေးကို ကြည့်လိုက်တော့ တန်ခိုးတစ်ယောက်က ဇာတ်ကျိုးပြီး အိပ်ငိုက်နေခဲ့ပြီ ။တန်ခိုးအိပ်ငိုက်နေတာကို စနောက်မလို့ မတ်တပ်ရပ် ကားကို မှီထားတဲ့ လမ်းကလေးကို မော့ကြည့်လိုက်တော့ သူက ငိုက်ပြီး ပါးစပ်က သရေတောင် ကျနေသေး။

တော်တော်အားကိုးရတဲ့ကောင်တွေ သူတို့လဲ ခရီးတစ်လျောက်လုံးပင်ပန်းနေကြပြီလေ
သူတို့နှစ်ယောက်ကို ကျွန်တော် ကားထဲ ဝင်အိပ်ဖို့ပြောပြီး အပြင်မှာ ကျွန်တော်ထီးကလေး တစ်ယောက်တည်း ဆက်စောင့်နေလိုက်တယ်။
၁၂ နှာရီ ၁၀ မိနစ်လောက်ကျတော့
``နင်တို့ အဲ့ဒီ့ကို မသွားရင် ကောင်းလိမ့်မယ်နော် ´´
ကားပြတင်းပေါက်ကနေ အသံတစ်ခုထွက်ပေါ်လာတာကို ကြားတော့ ကျွန်တော် ကြည့်လိုက်မိတယ်

``အော် သူဇာက အိပ်ရင်ယောင်တတ်တာပဲ ကြည့်စမ်းပါဦး ကလေးကျနေတာပဲ အိပ်မောကျလို့´´

သူဇာရဲ့ယောင်သံပါပဲလေ။
ကျွန်တော် တစ်ယောက်တည်း ကားပတ်ဝန်းကျင်မှာ ရှိနေခဲ့ပြီး။ထိုအချိန် မျှားကလေး တစ်ရေးနိုးလာပြီး ကျွန်တော့ဆီရောက်လာခဲ့တယ်ီ
``ထီးကလေး နင်အိပ်သေးဘူးလား´´
``အိပ်ခါနီး ဘေးပတ်ဝန်းကျင်တွေကို လိုက်ကြည့်နေတာဟေ့´´
``ရော့ ဒါလေး နင် ယူထားလိုက်´´
မျှားကလေး လက်လှမ်းပေးရာသို့ ကျွန်တော် ကြည့်လိုက်တော့
``နင်ပဲ ယူထားလေဟာ နင်က အိမ်ပိုင်ရှင်ပဲ´´
``ရော့ပါ နင်ပဲ ယူထားပေးပါ ငါ့ဆီမှာဆို မိတ်ကပ်ဘူးထုတ်တာနဲ့ပိုက်ဆံအိပ်ထုတ်တာနဲ့သော့ပါပျောက်နေမှာဆိုးလို့´´
``ကဲ ဒါဆိုလဲ ပေးပေး´´
ကျွန်တော် မျှားကလေးဆီက သော့ကိုယူထားလိုက်တော့သည်။တစ်ခါကလိုတော့ လက်မှာ ဘာခံစားမှု့မှမရှိပါ ။
ကျွနိတော့ကို သော့ပေးထားပီး မျှားကလေးကတော့ ကားပေါ်တတ် ပြန်အိပ်လေတော့တယ်

 ကျွန်တော်လဲ အိပ်ချင်လာတာနဲ့ ကားထဲ ပြန်ဝင်ပြီး သော့ကို ကျောပိုးအိတ်ထဲ ထည့်ထားလိုက်တယ် ။အရှေ့စူးစူးမှာ မြင်နေရတာက သစ်ပုတ်ပင်ကြီး အပေါ်က ဗျိုင်းအဖြူလေးတွေ တိတ်ဆိတ်လိုက်တာနော် ။
*****************************

``ဟေ့ ထီးလေး ထတော့ဟ´´
``ဟင် ……ဝါးးးးဟာ မိုးတောင် စင်စင်လေးနေပြီကို ´´
``မျှားလေး အကူညီရပီလား´´
``ဟက်အေး အခုထိတော့ ဘာမှ မတွေ့ရသေးဘူး´´
တန်ခိုးက စိတ်မရှည်သော လေသံများနှင့်
``ဟာကွာ ကြာပါတယ်ကွာ ထီးလေးမင်း မျက်နှာ ဆင်းသစ် ငါကားကို ပြန်စက်နှိုးကြည့်မယ်´´
ကျွန်တော်လဲ ရေသန့်ဘူးနဲ့ကားအောက် မျက်နှာ ဆင်းသတ်နေစဉ်
ကားစက်နှိုးသံကို ကြားလိုက်ရတော့သည်။
``````ဟေးးးးး´´´´´´´
တစ်ဖွဲ့လုံးရဲ့ပျော်သံတွေကို
ကြားလိုက်ရတယ်
``ထီးလေးရေ ပြန်ကောင်းသွားပြီဟ´´
``ပျော်လိုက်တာ´´
``ကဲ အားလုံးပြန်တတ် ခရီးဆက်ကြမယ် ´´
ကားက ပြန်ကောင်းလာခဲ့ချေပြီ
``ကြည့်စမ်းပါဦး အခုကျတော့လဲ  ညကသူပျက်တာ မဟုတ်တဲ့အတိုင်းပဲ သွက်နေတာပဲ´´
မောင်းလာလိုက်တာ သစ်ပုတ်ပင်ကြီးကို ကျော်လာခဲ့ပြီ ။တော်တော်နှစ်ကြာနေခဲ့ပြီ ဖြစ်တဲ့အပင်အိုကြီးမှာ သမိုင်းကြောင်းတွေတော့ ရှိခဲ့ကြမှာပဲလို့ ကျွန်တော် တွေးမိတယ်
``ဟိုးမှာ တွေ့လား အခုမြင်နေရတဲ့ သချိင်္ုင်းအဟောင်း အဲ့ဒီ့ကို ကျော်ပီးရင် လယ်ကွင်း၎ ခုဖျက်ရမယ် ပြီးရင် အိမ်ကြီးကို ငါတို့လှမ်းမြင် ရတော့မယ်´´
``မိုက်တယ်ဟေ့ အဲ့ရောက်ရင်တော့ အေးဆေးအနားယူလိုက်တော့မယ်´´

သချိုင်္င်းဟောင်းကြီးကိုတော့ တစ်ဖြည်းဖြည်းကျော်လာနိုင်ခဲ့ပြီ လယ်ကွင်း ၂ ခုကျော်ကျော်လောက်ကို ဖျက်ပီးနောက် ကားက တွန့်ဆုတ် တွန့်ဆုတ် ပြန်ပြန်ဖြစ်နေခဲ့တယ်

``ထီးလေး မောင်းရတာ အဆင်ပြေရဲ့လား ကားက ပျက်ချင်နေပြန်ပြီနဲ့ထင်တယ် ´´
``ပျက်တော့မပျက်လိုက်ပါနဲ့ဟယ် ရှေ့နားဆို အိမ်ကြီးဆီ ရောက်တော့မယ်ဟ´´

ကားကို ကျွန်တော် ထိန်းမောင်းလာခဲ့ရပြီ
``ထီးလေး ဘယ်ဘက်ကို ချိုးလိုက် နည်းနည်းလေးဆက်မောင်း ဟိုးမှာတွေ့လား´´
မျှားလေး လက်ညိုးညွှန်ရာဆီ ကျွန်တော် ကြည့်လိုက်တော့ အုပ်အနီရောင်တွေနဲ့အိမ်ကြီးကို လှမ်းတွေ့လိုက်ရသည်။
``ဟာ ရောက်ပြီဟေ့ အားလုံးပဲ ဟိုမှာ တွေ့လား ´´
```ဟေးးးးးးးမိုက်တယ်ကွ ´´
အဝေးကနေ လှမ်းမြင်နိုင်တဲ့ အိမ်ကြီး အိမ်ကောင်းတစ်ခုပါပဲ
လမ်းကြမ်းတာကြောင့် ကားမှာ တစ်ရွှေ့ရွှေ့မောင်းနှင်လာခဲ့တာ အိမ်ကြီးရဲ့ခြံရှေ့သို့ရောက်လာခဲ့ပြီ။   ။
*****************************

``ကဲ ဆင်းကြဟေ့ ရောက်ပြီ´´
``ဟာ မိုက်တယ်နော် အိမ်ကြီးက အကြီးကြီးပဲ ရှေးဆန်တယ်´´
``ဟင် မျှားကလေး ခြံတံခါးက ပိတ်ထားတယ်လေ ဘယ်လိုဖွင့်မှာလဲ´´
``ဟို သော့…´´
``ဟာ ကြည့်ပါဦး ဒီသော့ဂလောက်နဲ့ဘာဆိုင်လို့လဲ ´´
ခြံတံခါးကို အထဲမှ သော့ခတ်ထားသည်။
ကျွန်တော်တို့လဲ ဘယ်လို ဖွင့်ရမှန်းမသိ တစ်ဖွဲ့လုံး ခြံထဲကို တစ်စေ့တစ်စောင့် လိုက်ကြည့်နေစဉ်
`` ဟာ တူမရီး´´
ခြံထောင့်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်
``ဟုတ် ဦးလေး ……ဦးလေးက ဘဟ်သူလဲ´´
``ငါ့တူမရီးက ဦးလေးကို ဘယ်မှတ်မိပါ့မလဲ ဦးတင်အောင်လေ တူမရီးခပ်ငယ်ငယ်က ဆရာနဲ့တစ်ခါပါလာတယ် တူမရီး ၃ နှစ်အရွယ်လောက်တုန်းကပေါ့
့ ကြည့်ပါဦး ငယ်ရုပ်က မပျောက်ဘူး ပိုချောလာတယ် ´´
ဦးလေးက မျှားကလေး ငယ်ငယ်တုန်းက တွေ့ဖူးကြောင်း မျှားကလေးရဲ့အဖေက သူ့ဆရာဖြစ်ကြောင်းသိလိုက်ရသည်။

``လာလာ ခြံထဲဝင် သူငယ်ချင်းတွေလဲ ပါလာတာပဲ လာမယ်ဆိုလဲ တူမရီးရယ် ဖုန်းတွေ ဘာတွေ ကြိုဆက်မှပေါ့ ဦးလေး လာကြိုမှာပေါ့ လာလာ ´´

ပြောပြောဆိုဆိုနှင့် ကျွန်တော်တို့ကို ခြံတံခါး သော့ဖွင့်ပြီး ဝင်ခိုင်းလိုက်တယ် အိပ်တွေ ကိုယ်ဆီနဲ့ခြံထဲဝင်လာခဲ့ပြီ ခြံထဲရောက်ရောက်ခြင်းပဲ တန်ခိုးက
``ထီးလေး လုပ်ပါဦးကွာ ငါ့လက် အရမ်းကိုက်နေပြီး လုပ်ပါဦး အားးး´´
ရုတ်တရက် တန်ခိုး လက်က ကိုက်ခဲလာပါတော့တယ်
``ပေးပေး မင်းအိတ်တွေ ပေး´´
``လုပ်ကြပါဦးဟာ ငါ့လက်ကတော်တော်လေး ကိုက်နေပြီ´´
``ဦးလေး လုပ်ပါဦး ကျွန်တော့လက် အရမ်းကိုက်နေပြီ ´´
``ပြစမ်း ပြစမ်း ငါတူရီး လက်´´
ဦးတင်အောင်က တန်ခိုးရဲ့လက်ကို သေချာကြည့်ပြီး
``လာလာ အိမ်ထဲမှာ ငန်းဆေးရှိတယ် လိမ်းလိုက်ရင်း သတ်သာသွားလိမ့်မယ်´´
ခြံက တော်တော်လေးကျယ်ဝန်းလှတယ် အိမ်ထဲရောက်ဖို့တောင် ၅မိနစ်လောက် လျောက်နေခဲ့ရပြီ ။
``တန်ခိုး မင်းလက်က တော်တော်လေး ကိုက်နေလား´´
``ဟုတ်တယ် လမ်းလေးရ အိမ်ထဲရောက်ခါနီးလေး ပိုကိုက်လာလေ ဖြစ်သလိုပဲ ´´
``လာပါ တူရီးရာ အိမ်ထဲရောက်လို့ ဆေးလိမ်းလိုက်တာနဲ့ မင်းလက် ချက်ချင်းသတ်သာသွားလိမ့်မယ် ´´
တစ်ခြံလုံး ပန်းတွေချည်းပါပဲ ပန်းခြံလိုမျိုး အလှပန်းတွေ စိုက်ထားတာ တွေ့ရတယ်
အိမ်ရှေ့ တံခါးဝရောက်လာတော့ အပြင်ကနေ တံခါး သော့ခတ်ထားတာ တွေ့လိုက်ရတယ် မျှားကလေးက

``ထီးလေး သော့ပေး တံခါးဖွင့်ရအောင် ´´
ကျွန်တော့ဆီက သော့တောင်းတာနဲ့ကျွန်တော် နောက်ကျောမှာ ပိုးထားတဲ့အိတ်ထဲကနေ သော့ယူမလို့ဖွင့်လိုက်တော့
``ဟာ´´
``ဘာဖြစ်တာလဲ သော့ ပျောက်တာလား´´
``မဟုတ်ဘူး ဒီမှာကြည့်စမ်း´´
``ဟင် ´´
ကျွန်တော့ ကျောပိုးအိတ် အပေါ်ဘက်သော့ထည့်ထားတဲ့ အိတ်တစ်ခုလုံး မီးကျွမ်းထားသလို မီးကွင်းကြီးဖြစ်နေခဲ့ပြီ
``ထီးလေးရာ မင်းအိတ်မရှိလဲ ငါ့ဆီက ငှားပေါ့ကွ ငါပေးမှာပေါ့ အခုတော့ အဆုတ်ကြီးယူလာရတယ်လို့ ´´
``ငါ အစုတ်ယူလာတာ မဟုတ်ဘူး လမ်းကလေးရ အသစ်စက်စက် ပဲရှိသေးတာ ´´
``ဒါနဲ့ အိမ်သော့ရော´´
``သော့ ကဒီမှာ သော့ရယ် ငါ့အဖေပေးလိုက်တဲ့ လက်ဖွဲ့ရယ် အပေါ်အိတ်ထဲမှာပဲ အတူတူထည့်ထားတာ ´´
``ပေးပေး သော့ပေး´´
သူငဟ်ချင်းတွေကတော့ ကျွန်တော့ အိတ်ကို နဂိုတည်းက မီးကျွမ်းတယ်ပဲ ထင်ပြီး သိပ်ဂရု မစိုက်ကြဘူး တကယ်တော့ ကျွန်ောတ့အိတ်ဟာ အသစ်စက်စက်
``လုပ်ပါဟ တံခါးမြန်မြန်ဖွင့်ပါ ငါလက်ကတော်တော်လေး ကိုက်နေပြီ´´
``ဟင် ဒါ တံခါးသော့မှ မဟုတ်ပဲ တံခါးသော့နဲ့က တစ်ခြားဆီပဲ´´
``ဦးလေးကို ပြစမ်း တူမရီ´´
``ဒီမှာ ဦးလေး´´
``ဟာ ဒါ ဒီတံခါးသော့ မဟုတ်ဘူး
ဒီသော့က ဆရာတစ်ခါပြလို့ ဦးလေးမြင်ဖူးတဟ် ဘယ်မှာ သုံးတာလဲတော့ မသိဘူး´´
``ဟာ ဒါဆို ဘာနဲ့ဖွင့်ရမှာလဲ ´´
``နေဦး နေဦး ဦးလေးမှာ သော့တစ်ချောင်းတော့ အပိုရှိမယ် ထင်တယ် ခဏနော် ဦးလေး သွားယူလိုက်ဦးမယ် ´´
``မြန်မြန်လာပါဦးလေးရယ် ကျွန်တော် လက်က တော်တော်လေး ကိုက်နေလို့´´
ဦးတင်အောင်က ပြောပြီး ခြံထောင့်ကို အပြေးထွက်သွားခဲ့တယ် ။ကျွန်တော်တို့လဲ တန်ခိုးလက်ကိုပဲ ဝိုင်းပြီးစိတ်ပူနေမိပြီ
ခဏကြာတော့ ဦးတင်အောင် ပြန်ရောက်လာခဲ့တယ်
``ဒီသော့ ဖြစ်မယ် ဦးလေးဖွင့်ကြည့်လိုက်မယ် ဆရာဆီမှာ သော့က တစ်ချောင်း ဦးဆီမှာက တစ်ချောင်း ပဲရှိကြတာ ´´
သော့က မဖွင့်တာ နှစ် လ ဘဟ်လောက်ရှိမလဲ မသိ သော့အုံထဲကို ဦးတင်အောင် အတင်းထိုးထည့်ဖွင့်နေရတော့သည်။
``ဟော ရပြီ´´
တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုက်နက် ပေါ်လစ်အရောင် လွမ်းမိုးနေသော နံရံများကို စတွေ့လိုက်ရတယ်
မဖွင့်တာ ကြာပြီ ဖြစ်တဲ့အိမ်ထဲမှ လင်းနို့များက တစ်ဖျတ်ဖျတ် ပျံထွက်ကုန်ပြီ
®®®®®®®®®®®®®®®®®®

ကျွန်တော်တို့လဲ ဦးတင်အောင် ဦးတည်ရာသို့ အိမိကြီးထဲ လိုက်ပါလာခဲ့လေသည်။

ရှေးဟောင်းဧည့်ခန်းဆောင် တစ်ခုထဲ ဦးတင်အောင် ဝင်သွားပြီ
ခဏအကြာ ပြန်ထွက်လာတော့

``ကဲလာ ငါ့တူရီး ဦးလေး ဆေးလိမ်းပေးမယ် ´´
ပုလင်းသေးသေးလေးထဲကနေ ဆေးအရှည်တွေကို ဦးတင်အောင်က သူ့လက်ဖဝါးထဲ ထည့်ပြီး တန်ခိုးရဲ့လက်ကို သုတ်လိမ်းပေးလိုက်လေသည်။
``ဟာ ဦးလေး ကျေးဇူးပဲ
ဟာ မယုံနိုင်စရာပဲထီးလေး ငါ့လက် အရောင်ရော အကိုက်ခဲရော ဘာမှ မရှိတော့ပါလား´´
``အေးကွယ့် ဒါက ငန်းဆေးလို့ခေါ်တယ် ငါ့တူမရီး အဖေ တစ်ခါက ငါ့တူရီးလိုပဲ ဖြစ်ခဲ့ဘူးတယ်လေ ဒီဆေးကို မယ်မယ်ကြီးက လိမ်းပေးလိုက်တာ ချက်ချင်းသတ်သာသွားတာပဲ´´

မျှားကလေးက
် ``မယ်မယ် ဆိုတာ ဘယ်သူလဲ ဦးလေး တင်အောင် ´´
``မဟ်မယ် ဆိုတာ ငါ့တူမရီး အဖေရဲ့ မွေးစား အမေဆိုပါတော့ သမီးလေးတို့ ညီမနှစ်ယောက်ရဲ့ ဖွားအေ ပေါ့လေ´´
`````အော် ´´´´´
``ကဲပါ ခရီး ပင်ပန်းလာကြတယ် မဟုတ်လား နားလိုက်ကြဦး နောက်မှပဲ ဦးလေး မင်းတ်ု့ကို ရှေးဖြစ်နောက်ဟောင်းလေးတွေ ပြောပြမယ် ဟုတ်ပြီးလား´´
``ဟုတ်ကဲ့ ဦးလေး´´
``ဒါနဲ့ဦးလေးက ဒီခြံထဲမှာပဲ နေတာလား´´
``အေးပေါ့ကွယ့် ဟ်ုးဘက်က ခြံထောင့် တဲလေးမှာပဲ နေတယ် နောက်အားမှ လျောက်လာကြပေါ့´´
``ကဲကဲ အခုတော့ အားလုံး နားဖို့ ကိုယ်ဖာသာ စီစဉ်တော့ ဦးလေး ပန်းပင်လေးတွေ ရေလောင်းရဦးမယ် ´´

ဦးတင်အောင် အိမ်ကြီးထဲကနေ ထွက်သွားခဲ့တယ်။ ကျွန်တော်တို့တစ်ဖွဲ့လုံးလဲ အိမ်ကျယ်ကြီးဆီ လိုက်ကြည့်ပြီးမှ ကိုယ့်နေရာ ကိုယ်ယူဖို့ အိမ်အပေါ်ထပ် အရင် တတ်လာကြတော့သည်။  ။

**************************့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages