အပိုင်း(၂) နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၂) နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး

Share This


တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်  
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
        အပိုင်း (၂)
စာရေးသူ -ထီးကလေး၊ 
(ရင်နှင့်ရင်း၍ ရေးသားသည်)



မနက်ဖြန်ဆို အလွတ်လပ်ဆုံး ခရီးစဉ်ကို ပေါ့ပေါ့ပါးပါး သူငယ်ချင်းတွေနဲ့သွားရတော့မယ် ။ပျော်တဲ့စိတ်နဲ့အတူ ကျနော် အိပ်မပျော်နိုင် ကျန်တဲ့သူငယ်ချင်းများလဲ ဖုန်းဆက်ကြည့်တော့ ဒီအတိုင်းပါပဲ ကျွန်တော်ကြိုတင် တွေးတော ပျော်နေမိပြီ 
ဒီလိုနဲ့ပဲ ည ၂နာရီလောက်မှာ ကျနော် အိပ်ပျော်သွားခဲ့တယ်။
``!!#$$%&==%(&=@=%=´´
ဖုန်းမည်သံကြားလို့ ဖုန်းနံပါတ် အိပ်ချင်မူးနဲ့ကြည့်လိုက်တော့ 
``အေး မျှားလေးပြော နင်ရောက်နေပြီလား´´
``ငါ့အဖေ အခုလေးတင်ပဲ နှလုံးအောင့်လို့ ဆေးရုံတင်လိုက်ပြီ ငါအခု ဆေးရုံကနေ နင်တို့ဆီ အကြောင်းကြားနေတာ´´
``ဟင် ဦး……ဦး ဘာဖြစ်တာလဲ´´
``မသိဘူးဟ အိပ်နေရင်း အောင့်တယ် အောင့်တယ် ပြောလို့ ဆေးရုံတင်ထားတယ် ´´
``အေးအေး ငါအခုပဲ လာခဲ့မယ် ´´
ပြောပြီး ကျွန်တော် နာရီ ကြည့်လိုက်တော့ မနက် ၅ နာရီ ၃၀ ကျွန်တော် မြန်မြန်လေး မျက်နှာသစ်လိုက်တယ် သူငယ်ချင်းတွေ အားလုံးခေါ်ပြီး ဆေရုံကို လိုက်သွားခဲ့ပြီ

ဆေးရုံရောက်တော့ ကုတင်ပေါ်မှာ မျှားကလေးရဲ့ အဖေကို တွေ့လိုက်ရတယ် ဘေးမှာ မျှားလေးနဲ့အတူ သူ့မေမေ
``လာလာ သားတို့ ထိုင်ကြ´´
``ဦး သတ်သာရဲ့လား အန်တီ´´
``ဆရာဝန်ကြီးကတော့ ပြောတယ် သားရေ အခုတော့ စိုးရိမ်စရာ မရှိတော့ပါဘူးတဲ့ ရုတ်တရက် နှလုံးလေဟပ်သွားတာ´´

``တော်သေးတာပေါ့´´
``သားတို့သမီးတို့ ဒီနေ့ ခရီးထွက်မယ် မဟူတ်လား ပြင်ဆင်ကြတော့လေ ´´
``ဟုတ် အန်တီ ကျွန်တော်တို့ မုန့်သွားစားမလို့ဦးလဲ သတ်သာနေပြီဆိုတော့ မျှားလေးကို ခဏခေါ်သွားမယ်နော်´´
``အေးအေး ´´
ဆိုင်တစ်ဆိုင်မှာ ကျွန်တောတို့ ၅ယောက်ထိုင်ဖြစ်ကြတယ် ။တန်ခိုးက
``မျှားလေး နင့်အဖေ နေမကောင်းဘူးဆိုတော့ တို့ ဒီနေ့အစီအစဉ်ကို ရွှေ့လိုက်မလား´´
``ဟုတ်တယ် တန်ခိုး မင်းပြောတာ ကောင်းတယ်´´
လမ်းကလေးနဲ့ ငါးလေးက ထောက်ခံလိုက်တယ် ကျွန်တော်က
``ဟုတ်တယ် မျှားလေး မနက်ဖြန်မှပဲ တို့သွားကြတာပေါ့လေ ဦးကလဲ အခုမှ နေကောင်းခါစဆိုတော့ ´´
``အေးပါဟယ် နင်တို့သဘောပါ ငါ့ကြောင့် အစီစဉ် ရွှေ့လိုက်ရတာ နင်တို့ကိုလဲ အားနာမိတယ်´´
``ဘယ်ဟုတ်ပါ့မလဲဟာ တို့တွေက မောင်နှမတွေလို ချစ်ကြတဲ့သူငဟ်ချင်းတွေပဲ´´
ကျွန်တော်ရဲ့ စကားအဆုံးမှာတေတ့ အစနောက်သန်တဲ့လမ်းကလေးက

``ဟုတ်တာပေါ့ တန်ခိုးရ မင်းအရေးကလဲ ငါ့အရေးပဲ မင်းပြသနာကလဲ ငါ့ပြသနာပဲ မင်းမိဘလဲ ငါ့မိဘပဲလေ အော် ကျန်သေးတယ် မင်းကောင်မလေးလဲ ငါ့ကောင်မလေးပဲနော်´´
လမ်းကလေးရဲ့ စကားကြောင့် ငြိမ်သတ်နေတဲ့ ကျနော်တို့ဝိုင်းလေး ရယ်သံလေးတွေ ထွက်ပေါ်လာပါတော့တယ်။
အားလုံးစားသောက်ပြီး ဆေးရုံခဏဝင်တယ် ပြီးတော့ ကိုယ်ဆီ လမ်းခွဲ အိမ်ပြန်ခဲ့ကြပြီ

နေ့လည် လမ်းကလေး ကျွန်တော့ဆီ ရောက်လာပြီး 
``ထီးလေး ဟိုအိမ်ကြီးကိုသွားတာတော့ ဟုတ်ပါပြီ တကယ် သရဲခြောက်တယ်ဆိုရင် တို့တွေ ဘာလုပ်ကြမလဲ´´
``တစ္ဆေတစ်ကောင်ရဲ့မျက်နှာကို တို့တွေ မြင်ဘူးသွားတာပေါ့ လမ်းကလေးရာ´´
``ဟုတ်တယ်နော် ငါတို့တွေ့ဖူးနေတဲ့သရဲပုံတွေထဲ ကလိုမျိုး ရုပ်ဟူတ် မဟူတ် တို့တွေ သေချာသိနိုင်မှာ´´

`>>>>>>><<<<<<<´´

ဖုန်းသံမည်လာတော့
``ငါးလေးပြော မင်းအခုဘယ်မှာလဲ´´
``အေး တို့တွေ ဆုံနေကြဆိုင်ကို ညနေ၅နာရီလောက် တို့တွေဆုံရအောင်လို့ ခရီးအတွက် ပြင်ဆင်ချိန် နည်းနည်းပိုရတာပေါ့´´
``အေးအေး ငါတို့လာခဲ့မယိ´´
နွေရာသီရဲ့ညနေဆည်းဆာလေးက သာယာလိုက်တာ ကျွန်တော်တို့ဆုံနေကြဆိုင်လေးမှာ ဆုံဖြစ်တော့ 
မျှားလေး အဖေ သတ်သာသွားကြောင့် သိခဲ့ရပြီ ပြီးတော့ မျှားလေးက 
``တို့အခုသွားမယ့် နေရာက လွတ်လပ်တယ် ဒါပေမယ့် တို့တွေဆီမှာ ခေါင်းဆောင်ဦးတည်မယ့်သူတစ်ယောက်တော့ လိုတယ် ´´
မျှားလေးရဲ့စကားကို ငြင်းပယ်သူမရှိ

``ဒီတော့ တန်ခိုး နင် ခေါင်းဆောင်မလား´´
``ဟက်အေး ငါ တာဝန်မယူချင်လို့မဟုတ်ပါဘူး ခေါင်းဆောင် တာဝန်ကို ငါယူပါ့မယ် သို့ပေမယ့် ခေါင်းဆောင်တော့ မလုပ်ချင်ဘူး ´´
``ဒါဆို လမ်းကလေး နင်ရော´´
``ငါ့မမေးနဲ့အကောင်းဆုံးက တို့သွားမယ့် ခရီးက နင်ပြောပုံအရ တစ္ဆေခြောက်တယ် ဒီတော့ အထက်ဂိုဏ်းနဲ့ပတ်သတ်နေတဲ့ ထီးကလေးကို ခေါင်းဆောင် ပေးလိုက်မယ် အားလုံးသဘောတူလား´´
``ထီးကလေးဆို ဘာပြောစရာရှိမှာလဲ သူဦးတည်ရာကိုပဲ တို့တွေအားလုံး လိုက်ကြမယ် ဒါဆို တို့တွေ အားလုံး ၅ကိုယ် ၁စိတ် ဖြစ်ပြီးပေါ့´´
ငါးကလေးနဲ့အတူ 
အားလုံးက ကျွန်တော် မငြင်းနိုင်လောက်အောင် ဝိုင်းပြောတော့သည်။
``ကဲ ဒါဆို တို့တွေအတွက် ရက္ခာတွေ ပြည့်စုံပြီးနော် လိုအပ်မယ့် ပစ္စည်း အစားသောက်တွေ အဝတ်စားတွေလဲ အဆင်သင့်လုပ်ပီးပီ ဆိုတော့ တို့တွေ မနက် ၅နာရီ တန်ခိုးတို့အိမ်မှာ ဆုံကြမယ် ´´

``တန်ခိုး မင်းကားကို စစ်ထားရဲ့လား´´
``ငါးလေးရာ စစ်စရာမလိုအောင် ကောင်းပြီးသားကွ ငါ့ယောက်ဖ လက်ထွက်´´

စကားမစပ် မျှားကလေးက 

``ငါ့ညီမ ဝမ်းကွဲလဲ မနက်က အဖေအကြောင်းကြားပြီး ရောက်နေတယ်ဟ သူ့ပါ ငါခေါ်မှာနော် ဟိုရောက် ရင် မိန်းကလေးဆိုလို့ ငါတစ်ယောက်တည်းဖြစ်နေမှာ ´´
``အေးအေး ကောင်းတဟ် မျှားလေး နင်လဲ အဖော်ရတာပေါ့´´
``ဒီလိုလုပ်ပါလား လမ်းကလေး´´
``မင်းညီလေးလဲ လိုက်ချင် ခေါ်လာခဲ့ပါလား တို့တွေ လူများတော့ ပျော်စရာ ပိုကောင်းတာပေါ့´´
``ဒါဆို ငါ့အစ်မပါ ခေါ်လိုက်မယ်လေ´´
``ခေါ်ခဲ့လေ ငါးလေးရ မင်းအစ်မ မဖြူဆိုတာ တို့နဲ့ ငယ်တည်းက သူငယ်ချင်းပေါင်းနေကြတာ ဘာပြောစရာ ရှိမှာလဲ ခေါ်ခဲ့´´
``ငါ့ညီတော့ မခေါ်တော့ဘူးကွာ ဒီကောင်က ချီးထုတ်´´
``ကဲ ကောင်းပြီး ဒါဆို တို့တွေ အားလုံးပေါင်း မိန်းကလေး ၃ ယောက် ယောကျားလေး ၄ ယောက် အရမ်းပျော်ဖို့ကောင်းမယ့် ခရီးစဉ်ပဲဟေ့´´

အားလုံးကြိုတင် ရင်ခုန်ခြင်းများနဲ့ အတူ မနက်ဖြန် မြန်မြန်ရောက်အောင် ဒီည စောစော အိပ်လိုက်တော့မယ် 

***************-*************
မနက် ၄နာရီ ကျွန်တော် နိုးနေခဲ့ပြီ ရေချိုး မျက်နှာသစ်ပြီးတော့ ၄ နာရီ ၃၀ ဖေဖေနဲ့မေမေကို နှုတ်ဆတ်ပြီး တန်ခိုးအိမ်သို့ ကျွန်တော် ဦးတည်မည်အလုပ်
အဖေနဲ့အမေက 
``သား အစစ အရာရာ ဂရုစိုက်နော် ချောင်းသာဆိုပြီး သွားချင်တဲ့နေရာတွေလဲ လျောက်သွားမနေနဲ့ဦး ဟိုရောက်လဲ ဖုန်းဆက်ဦး ´´
``ဟုတ် စိတ်ချပါမေမေရ သားကလေးမဟုတ်တော့ပါဘူး ´´
``အေးပါ ရော့ သား မင်းအတွက် လက်ဖွဲ့ ´´
``ဒါက ဘယ်နေရာမှာ အသုံးဝင်လဲ ဖေဖေ ´´
``အဓိဂကတော့ လူချစ်လူငယ်ပေါတယ် ဒီလောက်ပါပဲ သွားပါ ´´
``ဟုတ် ဖေဖေ ကျေးဇူးပါ´´
အဖေက လက်ဖွဲ့တစ်ခုပေးတယ်။ ကျွန်တော် ကျောပိုးအိပ်ထဲ ထည့်လိုက်ပြီး ခေါင်းရင်းအိမ်က လမ်းကလေးကို ဝင်ခေါ်ခါ တန်ခိုးအိမ်သို့ ခြေဦးတည်ခဲ့ပြီ 

``ဟော့ ဟိုမှာ လာပါပြီတော် ငထီးနဲ့ငလမ်း´´
``မင်းတို့ ဝီရိယ ကောင်းလှချည်းလား´´
``ကောင်းပါ့ကွာ ငါးကလေးဆို ငါ့ဆီ မနက် ၄နာရီထဲကရောက်နေတာ ´´
``အော် ဒါနဲ့ဒါ ငါ့ညီမ ဝမ်းကွဲ သူဇာဝင်းလို့ခေါ်တယ်´´
``သူဇာရေ သူက ထီးကလေး တို့အဖွဲ့ရဲ့ခေါင်းဆောင်ပေါ့ သူက လမ်းကလေး သူက တန်ခိုး သူက ငါးကလေး ဒီအစ်မက ငါးကလေးရဲ့ အစ်မ မဖြူတဲ့သူက တို့လိုပဲ ´´
``ဟုတ်ကဲ့ရှင့် တွေ့ရတာ ဝမ်းသာပါတယ် ´´
သိပ့်မွှေးလှတဲ့ မျှားကလေးရဲ့ ညီမပါ ကျွန်တောတို့ခရီးစဉ်မှာ အတူ ပျော်ပျော်ပါးပါး လိုက်ပါလာချေပြီ။

ကျွန်တော်တို့ ရန်ကုန်ကနေ ထွက်လာတော့ မိုးတောင် စင်စင်လင်းနေပြီ ဆိုင်တစ်ဆိုင်မှာ မနက်စာ အတူတူ စားဖြစ်တယ် 
``မျှားလေး အိမ်သော့က နင့်ဆီမှာနော်´´
``ဟုတ်တယ်လေ ဒီမှာ ´´
``ပြီးရော တော်ကြာ အိမ်သော့မပါပဲ ဖြစ်နေမှာဆိုးလို့´´
``¥¥¥¥¥¥¥¥®®®®®®´´
ငါးကလေးအစ်မရဲ့ ဖုန်းမြည်သံ 
``ခဏနော် အစ်မ ဖုန်းပြောလိုက်ဦးမယ် ´´``ပြောပြော မဖြူရေ ´´
မဖြူ ဖုန်းပြောပြီး ကျွန်တောတို့ဆီ ပြန်လာတော့
``ကလေးတို့ရေ အစ်မ မန်နေဂျာက အရေးကြီးလို့ အလုပ်ကို မြန်မြန်လာပါတဲ့´´
``ဟာဗျာ အစ်မ ခွင့်တိုင်ထားတယ် မဟုတ်လား´´
``ဟူတ်တယ် ငါ့မောင်ရေ မတတ်နိုင်ဘူး အစ်မတော့ မင်းတို့ချောင်းသာနဲ့ဂွမ်းပီ ပြန်ဒိုးရတော့မယ်´´
``အစ်မက ဘာနဲ့ပြန်မို့လဲ ´´
``ကျနော် ပြန်လိုက်ပို့ပေးမယ်လေ´´
``ရပါတယ်ဟယ် အစ်မ အဝေးပြေးကား တစ်စီးစီး တားစီးသွားမယ် တော်ကြာ ကလေတွေကို မကူညီနိုင်တဲ့အပြင် ဒုက္ခပေးမိနေဦးမယ် ´´
မဖြူပြန်မယ်ဆိုတာကိုတော့ တားမရနိုင်တော့ပါ ခရီးစဉ်ကိုလဲ အပျက်မခံနိုင်တာကြောင့် အဝေးပြေးကားပဲ တာစီးတော့မယ်ဆိုတဲ့ မဖြူရဲ့ အပြောကို ကျွန်တော်တို့ ဥပေက္ခာပြုထားလိုက်တော့သည်။

 ****************************
``ကဲ အားလုံးပဲ စားသောက်ပြီး ခရီးဆက်ကြမယ် ငါးလေး မဖြူကို တို့ ပြန်လိုက်မပို့ပေးနိုင်တာ မင်းနားလည်ပေးပါနော် ´´
``ဟာ ထီးကလေး မင်းကလဲ မဟုတ်တာ ငါ့အစ်မကြောင့် မင်းတို့စိတ်အနှောက် ယှက်သွားမှာကို ငါက တောင်းပန်ရမှာ ထားလိုက် သူ့အတွက် သူကအေးဆေးတို့ပဲ ခရီးဆက်ကြရအောင်´´
တစ်ဖွဲ့လုံးနားလည်မှု့ယူပြီးနောက် လိုရာခရီးသို့ ဆက်ကြပြီ တန်ခိုးက 
``ထီးလေး ငါ ကားဆက်မမောင်းနိုင်တော့ဘူးကွ လက်က ပြန်ကိုက်လာပြန်ပြီ´´
``မင်း အယောင်က မကျသေးပဲကို ကဲ ဖယ် ငါမောင်းမယ်´´
မောင်းလက်စ ကားကို ရပ်ပြီး ကျနော် မောင်းပါတော့သည်။ လမ်းတစ်လျောက်လုံး မျှားကလေးညွှန်ရာသို့ ကျွန်တော် မောင်းနှင်လာခဲ့တယ် ။ 
``မမ ညီမလေးတို့က ချောင်းသာဆို အခု အစ်ကိုထီးလေးမောင်းနေတဲ့လမ်းကျောနဲ့ တစ်ခြားဆီပဲလေ´´
သူဇာက မျှားကလေးကိုမေးလိုက်တော့
``ချောင်းသာသွားမှာ မဟုတ်ဘူး သူဇာရ တို့ငယ်ငယ်ကြားဘူးတဲ့ မြို့လယ်က ခြံကြီးမှာ သွားအနားယူမလို့ ´´

``အော် ဟုတ်တယ် ဖိုးဖိုးရှိတုန်းကဆို အဲ့ခြံကြီးက သာယာတဲ့အကြောင်း ခဏခဏပြောတာ ကြားဘူးတယ်´´
``ဟင် မျှားကလေး´´
တန်ခိုးက မျှားကလေးနာမည်ကို တမ်းတလိုက်သည်။ မျှားကလေးပြောတော့ တစ္ဆေ ခြောက်တယ် ။သူဇာပြောတော့ သာယာတဲ့အကြောင်း 

ဘာပဲ ဖြစ်ဖြစ်လေ ဟိုရောက်ရင်တော့ တိတိကျကျ သိရမှာပေါ့ 
ကျွန်တော့တို့ခရီနှင်လာတာ နေ့လည်စာစားချိန်တောင် ရောက်လာခဲ့ပြီ နေ့လည်စာကို ဆိုင်တစ်ဆိုင်မှာစားပြီး မဆုံးသေးတဲ့ ခရီးကို ဆက်မောင်းနေရသူက ကျွန်တော် ထီးကလေးပေါ့ 

``မျှားလေး ရောက်ဖို့တော်တော်လိုသေးလား´´
``သိပ်မလိုတော့သလိုပဲ´´
``ဟင် ဘာကြီးတုန်းဟ နင်သေချာမသိဘူးလား´´
``သိတော့ သိတယ်ဟ ငါငယ်ငယ်ကရောက်ဖူးတဲ့ပတ်ဝန်းကျင်နဲ့အခု ပတ်ဝန်းကျင်နဲ့ နည်းနည်းပြောင်းလဲ နေသလားလို့ ´´
ကျွန်တော်လဲ မောင်းလက်စကားကို ထိုးရပ်ပစ်လိုက်တယ်။
``ကား ဘာဖြစ်တာလဲ´´
အားလုံးက မေးကြတော့သည်။
``ကား ဘာမှ မဖြစ်ဘူး ဖြစ်တာက ငါ 
 အပေါ့သွားချင်လို့´´
``ဟာ သွားသွား´´
ပေ၁၀၀ လမ်းမရဲ့ ပတ်ဝန်းကျင်က အထီးကျန်ဆန်လှသော်လဲ တစ်နည်းအားဖြင့် လွတ်လပ်မှု့တွေ စုစည်းထားတဲ့နေရာလို့ဆိုရင် မလွဲနိုင်ချေ။

ကျွန်တော် အပေါ့သွားပြီး ကားရှိရာသို့ပြန်လာပြီး လိုရာ ခရီးသို့ ဆက်လာတာ နေ့လည် ၃ နာရီ ၃၀ 

``ဟာ မှတ်မိပြီ မှတ်မိပြီ သိပ်မလိုတော့ဘူး အရှေ့နားဆို မြို့ထဲ ရောက်ပြီ´´
``သေချာတယ်နော် မျှားကလေး´´
လမ်းကလေးက မယုံသော လေသံဖြင့် မေးလိုက်တယ် 
``သေချာပါတယ်ဟ ဒီသစ်ပုတ်နားမှာ ဒေါ်လေး ကားပျက်ခဲ့တာ ငါမှတ်မိတယ် ´´
နှစ်အတန်ကြာနေပြီ ဖြစ်တဲ့ သစ်ပုတ်ပင်ကြီးကို အဝေးမှ လှမ်းမြင်နေရသည့်က လွမ်းမောစဖွယ် 

``ဟုတ်တယ် ထီးလေးမောင်း အာ့သစ်ပုတ်ပင် ကျော်တာနဲ့ သချိင်္ု င်္င်းတစ်ခုရှိတယ် အာ့နေရာကျော်သွားရင် အိမ်ကြီးဆီရောက်ဖို့ လယ်ကွက် ၄ခုဖြတ်ရမယ် အာ့တာဆိုရောက်ပြီ´´

တစ်ဖွဲ့လုံးပြုံးပျော်ရွှင်နေသော လေသံများဖြင့် 
``ပျော်လိုက်တာကွာ မြို့ပြနဲ့ဝေးလာတာနဲ့အမျှ လေတွေကို လတ်ဆတ်နေတာပဲ အေးနေတာမှ မိုက်ရော´´
ပေ၁၀၀လမ်းမ ဘေးပတ်ဝန်းကျင်တွေမှာတော့ လယ်ကွင်းတွေသာ တွေ့ရသည်။ သစ်ပုတ်ပင်ကြီးကို နီးနီးလေးသာထင်ရပေမယ့် တကယ်တမ်းကျတော့ တော်တော်လေးကို မောင်းနေရတယ်။ 
တဖြည်းဖြည်းမောင်းလာတာ ညနေ ၅နာရီ နေရောင်လေး က ပူနွေးနွေး 
 ``ဟ ကားဘာဖြစ်တာလဲ ´´
``ဟင် တန်ခိုး ကားစက်ရပ်သွားပြီကွ ´´
``ဘာမှ မပူနဲ့ ကားပွဲစားသား ငါးကလေးပါတယ် ´´
ငါးကလေးကတော့ ကားအကြောင်းရင်းနှီးပြီးသားသူမို့ ကျွန်တော်တို့ နည်းနည်းစိတ်အေးရပြီ
ကားပေါ်က အားလုံးစင်းပြီး 
``ဖြစ်ပြီပေါ့ မင်းတို့က လူပဲ ရေသောက်တယ် ကားမှ ရေမသောက်တာ အခုဆီပိတ်ပြီ´´
``အာ့တာ ဘယ်လို လုပ်ရမလဲ ´´
``ငါက ပြသနာပဲသိတာ အဖြေမသိဘူး´´
``ဟာ သွားပြီး ရောက်ခါနီးနေမှ ဟိုးမှာ တွေ့လား ပြပြလေးမြင်နေရတဲ့ သင်္ချိုင်းအဟောင်းကျော်တာနဲ့ အိမ်ကြီးဆီ ရောက်တော့မှာ ´´
``အခု ဘယ်လို လုပ်ကြမလဲ ´´
``ငါလဲ မသိတော့ဘူး ´´
``လုပ်ကြပါဦး တစ်ခုခုကြံကြပါဦး´´
``ဟေ့ယောင် ငါးလေး လုပ်ကြည့်ပါဦး´´
``ငါမလုပ်တတ်ဘူး ဆီပိတ်တာတောင် ငါ့အဖေနဲ့တစ်ခါပဲ သူပြောလို့ သိနေတာ ဘယ်လို လုပ်ကမလဲ ငါမသိဘူး တကယ်ပြောတာပါကွာ´´
``ဘာမှ ပြောမနေကြနဲ့တော့ ဒီနားမှာပဲ အကူညီ တောင်းရတော့မယ် ´´
``လုပ်ပါဦးဟ မှောင်တော့မယ် ´´
``ဘာမှ မပူပါနဲ့ ဒီနားက ရွာတွေက မနက်ဆို ထော်လာဂျီနဲ့ မြိုးတတ်ပြီး ဟင်းသီးဟင်းရွက် သွားရောင်းကြတယ် အဆင်မပြေရင်တော့ မနက်ထိစောင့်ရမှာပဲ ´´
``ဟင် မမ ဒါဆို သူဇာတို့က ဒီည လမ်းပေါ်မှာ အိပ်ရတော့မှာပေါ့´´
``မတတ်နိုင်ဘူး သူဇာရေ ဒီလိုပဲ စခန်းသွားရတော့မယ် ´´
``ဖုန်းတွေလဲ ဆက်မရဘူး လိုင်းကိုပျောက်နေတာပဲ´´
``အေးပါဟာ မထူးပါဘူး ဒီလိုပဲ အကူညီရအောင် ဆက်စောင့်နေလိုက်ကြတာပေါ့´´

တစ်ယောက်တစ်ပေါက်နဲ့ပြောလာလိုက်ကြတာ မှောင်ရီပျိုးစချိန်တောင် ရောက်လာပြီ အခုထိ ခွေးတစ်ကောင် ကြောင် တစ်မြှီးတောင် အကူညီ ရှာမရ 
မထူးပါဘူး မျှားကလေးပြောသလို မနက်ကျရင်တော့ အကူညီရမှာပဲလို့ တစ်ဖွဲ့လုံးတွေးပြီး မနက်ဖြန် မြန်မြန်ရောက်အောင်ပဲ မျှော်နေလိုက်တော့သည်။။။
®®®®®®®®®®®®®®®®®®

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages