စာမူအားဦးဆုံးရေးခဲ့စဉ်မှ
စတင်ရေးဖွဲ့ခဲ့သော
စတင်ရေးဖွဲ့ခဲ့သော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
အပိုင်း (၅)
စာရေးသူ- ထီးကလေး။
(ရင်နှင့်ရင်း၍ ရေးသားသည်။)
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
အပိုင်း (၅)
စာရေးသူ- ထီးကလေး။
(ရင်နှင့်ရင်း၍ ရေးသားသည်။)
``ဟာ ငါးလေး မင်းနိုးနေပြီလား´´
``အေး မင်းလဲ ထပြီး မျက်နှာတွေ ဘာတွေ သစ်လိုက်ဦး ပြီးရင် အောက်စင်းပြီး မနက်စာစားရအောင်´´
``ဟိုကောင်တွေရော ´´
``အောက်ထပ်ရောက်နေပြီ ငါက မင်းမနိုးသေးလို့စောင့်ပေးနေတာ´´
``အေးအေး ငါးလေးရေ ကျေးဇူး´´
ကျွန်တော် ရေချိုးခန်းထဲ ဝင်ပြီး ရေချိုး မျက်နှာသစ်ပြီးတော့ ငါးလေးနဲ့အတူ အောက်ထပ်စင်းသွားခဲ့တယ်။
``ဟာ နင်တို့နှစ်ယောက်ကလဲကြာလိုက်တာ လာလာ ဒီမှာအားလုံးပြင်ပြီးပြီ´´
``အေးပါဟ လာပါပြီ အားလုံးဝိုင်းစားလိုက်ကြတာပေါ့´´
စာပွဲဝိုင်းမှာ ကျွန်တောနဲ့ငါလေး ဝင်ထိုင်လိုက်တယ် ပြီးတော့ ကျွန်တော် သူဇာ့ မျက်နှာကို လှမ်းကြည့်လိုက်တယ် ။ မျက်နှာလေးက တည်ငြိမ်အေးချမ်းလို့ ညက တွေ့လိုက်ရတဲ့မျက်နှာထားနဲ့တစ်ခြားဆီပါပဲ ။
ကျွန်တော် သူဇာ့ကို ကြည့်ပြီး တွေးနေမိပြီ
``ဟေ့ယောင် ထီးလေး စားလေ ဘာတွေ ကြောင်ကြည့်နေတာလဲ´´
``အော်……အေး…ဘာ…ဘာမှ မဟုတ်ပါဘူးကွ´´
သူဇာက ကျွန်တော့ကို မုန့်စားနေရင်း
``အစ်ကို ထီးကလေး ဒီမှာ ကိတ်မုန့်တွေရှိတယ်လေ ရော့ ´´
လေသံကလဲ ညနဲ့ တစ်ခြားစီ
ကျွန်တော်စိတ်ထဲ ရည်ရွတ်မိတယ်။
``အင်းးးးးယောင်တတ်တဲ့သူတွေက အသံရော မျက်နှာထားရော ပြောင်းသွားတတ်လား မသိဘူး ကြည့်စမ်းပါဦး ညက သူမဟုတ်တဲ့အတိုင်းပဲ ´´

သူဇာယောင်တတ်လားဆိုတာ မေးမလို့အလုပ်
``ဟို ……ဟိုလေ…သူ……သူဇာ ´´
``ပြောလေ အစ်ကို ထီးကလေး´´
``ဟို ……ငါ့…ငါ့ညီမ……´´
ကျွန်တော် ဒီအချိန်ပိုင်းလေးမှာ အသိစိတ်က တွေးမိလိုက်တယ်။

***အင်းးးးးးး လူအများကြီးကြားမှာ ငါမေးလိုက်ရင် သူဇာ ရှက်သွားမလား ခပ်နောက်နောက်ကောင် လမ်းကလေးက စမှာသေချာတယ် ငါ မမေးတော့ပါဘူး***
ကျွန်တော်တွေးနေတုန်း တန်ခိုးက
``ဟေ့ယောင် ထီးလေး မင်း ဒီနေ့ဘယ်လိုဖြစ်နေတာလဲ နေမကောင်းဘူးလား ´´
``ဟင် ဟာ ကောင်းပါတယ်ကွ ´´
``မင်းကြည့်ရတာ ကြောင်တောင်တောင်နဲ့ ဘာလဲ အိပ်ရေးမဝလို့လား´´
``ဘယ်ကသာကွာ ဝပါတယ်ကွ မုန့်တွေထည့်စားဖို့ ပြောမလို့ပါကွ´´
``ဒါများ ပြောစရာတောင် မလိုပါဘူးကွ စားနေတာပဲ စားစား မင်းလဲစား ´´
``အေးအေး´´
ကျွန်တော် သူဇာ့ကို မေးသင့် မမေးသင့် စဉ်းစားနေမိတာ
``ဟဲ့ ထီးကလေး တို့အားလုံး မနက်စာစားပီးရင် ဒီမြို့ထဲ လျောက်လည်ရအောင် နင်လိုက်မှာလား´´
``ငါ မလိုက်တော့ဘူးဟာ အိမ်ပဲစောင့်နေလိုက်တော့မယ် ´´
``ဟာကွာ မင်းကလဲ လိုက်ခဲ့ပါလား ´´
``ထားလိုက်ပါ လမ်းကလေးရာ ဒီကောင်ကြီး နေမကောင်းလို့ ဖြစ်ပါလိမိ့မယ်´´
``ငါနေကောင်းပါတယ်ကွ အိမ်မှာပဲ ဦးလေးတင်အောင်နဲ့စကားပြောချင်လို့´´
``အေးပါဟယ် တို့လဲ မကြာပါဘူး ´´
``အစ်ကိုထီးလေး နေမကောင်းရင် ခဏနားနေလိုက်ဦးလေ သူဇာ့ အိတ်ထဲမှာ ဆေးတွေ ပါတယ် ယူပေးမယ်နော် ´´
``ကျေးဇူးပဲ သူဇာရေ´´
``အော်…ဒါနဲ့ ဦးလေးတင်အောင်ကို မတွေ့ပါလား ´´
``ရှိမှာပေါ့ဟ ခြံထဲမှာ သူ့ပန်းပင်တွေ ပြုစုနေမှာပေါ့´´
``နင်ဘာလုပ်မလို့လဲ မျှားလေး သွားခေါ်ပေးရမလား´´
``နေ…နေပါဟာ ငါက ထီးလေးတစ်ယောက်တည်း အိမ်မှာ ပျင်းနေမှာဆိုးလို့ မေးကြည့်တာ´´
``ကဲ စားကြ စားကြ နေမြင့်တော့မယ်´´
သူတို့အားလုံး စားသောက်ပြီးတော့ ကျွန်တော့ကို လက်ပြနှုတ်ဆတ် ထွက်ခွာသွားခဲ့တယ်။ ကျွန်တော်တစ်ယောက်တည်း အိမ်အောက် ဝရမ်တာလေးမှာ ညက အကြာင်းကို ဘယ်လိုမှ စဉ်းစားမရ
``ဟာာာာာာ ရှုတ်ပါတယ်ကွာ ဦးလေးတင်အောင်ကို ဒီအိမ်ကြီးအကြောင်း သွားမေးရမယ်´´
ကျွန်တော် တွေးမိပြီး ထစဉ်
``ဟေးးးးတူရီး မင်းတစ်ယောက်တည်းလား´´
``အော်…ဟုတ် ဦးလေး……အခုပဲ ဦးလေးဆီ ကျွန်တော်မေးစရာလေးရှိလို့ လာမလို့´´
``ပြောပါဦး ငါ့တူရီက ဘာများမေးမလို့တုန်း´´
ကျွန်တော့ကို ဦးတင်အောင်က အိမ်ပေါ်မတတ်ပဲ အောက်ကနေ လှမ်းပြောနေတော့
``ဦးလေး ဒီလာပါလား ´´
``အေးအေး ဦးလေးက ခွင့်ပြုချက်မရပဲ အိမ်ကြီးပေါ်မတတ်တာ အကျင့်ပါနေလို့ ငါ့တူရီရ ´´
``ကဲ မေးပါဦး ဘာမေးမလို့တုန်း´´
ဦးတင်အောင်က လွတ်နေတဲ့ခုံမှာ မထိုင်ပဲ ကျွန်တော့ အရှေ့မှာ လက်နှစ်ဖက် အနှောက်ပစ်ပြီးပြောနေတယ်
``ဟာဗျာ ဦးလေးကလဲ ဒီမှာထိုငိပါ´´
``အေးအေး တူရီးကျေးဇူးပဲ´´
``ဒီလို ဦးလေးရ အိပ်ရင်းနဲ့လမ်းထလျောက်တတ်တာမျိုးကို ဦးလေးသိပြီးသားဖြစ်မှာပါနော် ဟုတ်´´
``အင်းးးးးဒါက လူတစ်ရာမှာ တစ်ယောက်ဖြစ်တတ်တဲ့ အယောင်မျိုးပေါ့´´
``ဟူတ် ဦးလေး ဒါနဲ့ပတ်သတ်ပြီး ကျွန်တော့ကို ဦးလေး သိသလောက်ပြောပြပေးပါလား ကျွန်တောလဲ ဗဟုသုတ ရတာပေါ့လေ ´´
ဦးတင်အောင် အရှေ့ဘက်ကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်
``အဲ့ဒီလိုယောင်ရင် ညဘက် လမ်းထလျောက်တယ် သူက အင်္ဂလိပ်လိုတော့ ဦးလေးလဲ မတတ်ဘူး မြန်မာ အယူဆကတော့ အိပ်မောကျအချိန် တစ်နည်းအားဖြင့် အဲ့အချိန်က အဲ့လိုယောင်တတ်တဲ့သူက ခဏသေသွားတယ်´´
``ဟုတ် ဦးလေး´´
``ဒါပေမယ့် ဘေးလူက သူ့ကိုမြင်ရင် သူကတော့ အိပ်မောကျနေတာပဲပေါ့ တကယ်တမ်းကျတော့ သူဝိဥာဉ်ကို တစ်ယောက်ယောက်က ထိန်းချုပ်နိုင်တဲ့ အချိန်ကောင်းပဲလေ´´
``ဟုတ် ဦးလေး အဲ့လို ယောင်လာပြီဆိုရင် အသံတို့ မျက်နှာတို့ ပြောင်းသွားတာမျိုး ရှိလား´´
``ဦးလေး သမီးရှိတုန်းကလဲ အဲ့လို ယောင်တတ်တဲ့ရောဂါမျိုးရှိခဲ့ဘူးတာပေါ့ သူလဲ ညည လမ်းထလျောက်တယ် ဒါပေမယ့် မျက်လုံးလေးက မှေးမှေးလေးဖြစ်နေတယ် အသံကတော့ နဂိုအသံ ဒါမှမဟုတ်ရင် အိပ်ချင်မူးတူး အသံမျိုးလောက်တော့ဖြစ်တယ် ရုပ်ကတော့ မပြောင်းလဲပါဘူး´´
``````````ဗျာ´´´´´´´´
ဦးတင်အောင် စကားကြောင့် ကျွန်တော့စကားတွေ စွန့်အ သွားချေပြီ။
ဦးတင်အောင် ပြောတာ အမှန်ပဲလား ဒါဆိုရင် ညက သူဇာ ဘာဖြစ်သွားတာလဲ
``ငါ့တူရီး ဘာတွေ တွေးနေတာတုန်း´´
``ဗျာ……အော် ဦးလေးပြောတာကို တွေးနေတာပါ´´
``နေပါဦး ဒါနဲ့ငါ့တူက ဘာလို့ဒီအကြောင်းမေးရတာလဲ´´
``ဘာမှ မဟုတ်ပါဘူး ဦးလေးရ ကျွန်တော်သိချင်လို့မေးကြည့်တာပါ´´
``အေးအေး ဦးလေးလဲ ခြံထဲမှာ လုပ်စရာလေးတွေ ရှိလို့ သွားဦးမယ် ´´
``ဟုတ်ကဲ့´´
ဦးလေးတင်အောင် ကျွန်တော့ကို နှုတ်ဆတ်ပြီး ခြံထဲစင်းသွားခဲ့တယ်။ ကျွန်တော် ဘယ်လိုမှ စဉ်းစားမရ ။ဒါဆိုသူဇာညက ယောင်တာ မဟုတ်ဘူးပေါ့ ။ညကတင်မက ကားပျက်တုန်းကလဲ အိမ်ကြီးကို မသွားဖို့ လေသံမာမာနဲ့ပြောခဲ့သေးတယ်။
``ဟာာာ ဦးတင်အောင် ပြောသွားတာ ဟူတ်ချင်မှလဲ ဟုတ်မှာပါလေ တစ်ယောက်နဲ့တစ်ယောက် တူပါ့မလား´´
ကျွန်တော်တစ်ယောက်တည်း ဝေခွဲမရ။ကျွန်တော် အိမ်ထဲပြန်ဝင်လာခဲ့တယ်။ လှေကား အပေါ်ကိုမျှော်ကြည့်လိုက်တယ် ။ ကျယ်ဝန်းလှတဲ့ အိမ်ကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်း ရှိနေတာက လွမ်းမောစရာ။အိမ်ရောက်တည်းက အပေါ်ထပ်တောင် နံ့အောင်လိုက်မကြည့်ရသေးတာနဲ့ အပေါ်ထပ်မတတ်ခင် အောက် လှေကား ညာဘက်ခြမ်းကို ကျွန်တော် ဦးတည်ပြီး လျောက်လာခဲ့တယ် အလင်းရောင်က မရှိသလောက် အခန်းအားလုံးက သော့တန်းလန်းနဲ့ ။ ဆက်လျောက်သွားလိုက်တယ်။ တောင်ဘက်ကို ဦးတည်ထားတဲ့နောက်ဖေးဘက်က နွေရဲ့လေပြေလေးတစ်ချက် ကျွန်တော့ကို တိုက်ခတ်သွားတယ်။ လေနဲ့အတူ အမွှေးအနံ့လေးတစ်ခုပါ ပါလာခဲ့တယ်။ တံခါးအားလုံးက ကျွန်းတွေချည်ပါပဲ ။ကျွန်တော် ရှေ့ဆက်လျောက်လာခဲ့တယ်။်နောက်ဘက်က လာတဲ့ အလင်ရောင်လေးကို မြင်နေရပြီ
``ဂျလောက် ……ဂျစ် ´´
ရှေ့ဦးတည်သွားတော့ အနောက်မှာ ကျန်ခဲ့တဲ့တံခါးတစ်ချက်က သူ့အလိုလို ပွင့်သွားတယ်။
``ဟ လေတိုက်လို့လား ´´
စိတ်ထဲရည်ရွက်ရင်း ပွင့်နေတဲ့တံခါးလေးကို ပြန်ပိတ်လိုက်တယ် ။ ပိုပြီးစူးစမ်းချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့ပြီ။

တံခါးပြန်ပိတ်ပြီး အလင်းရောင် ထင်ထင်ရှားရှားတွေ့ရမယ့် နေရာထိ ကျွန်တော် ဦးတည်လာနေခဲ့တယ်။
ထို့အချိန်
``အမလေးဗျ ………´´
နောက်ဖေးအပေါက်မှ ဦးတင်အောင် ဝါးခနဲ ပေါ်လာတာကြောင့် ကျွန်တော် အနောက်ကို ဖင်ထိုင်ရက် လဲကျသွားခဲ့တယ်
``ဟာ ဦးလေးရာ လန့်လိုက်တာဗျာ ကျွန်တောတကယ့်ကို လန့်သွားတယ် ဦးလေးက အနောက်ဘက်မှာ
ဘာလုပ်နေတာလဲ ´´
``ဟာကွာ ငါ့တူရီးကလဲ ယောကျားမဟူတ်တဲ့တိုင်းပဲ ´´
``ယောကျားတော့ ယောကျားပေါ့ဗျ ရုတ်တရက်ဆိုတော့ လန့်သွားတာ´´
``ဦးလေးက ဒီနေ့နောက်ဖေးက ဘူးစင်ကို ပြန်ဆောက်နေတာ ခြေသံ သဲ့သဲ့ကြားလို့ ဝင်ကြည့်လိုက်တာ မင်းဖြစ်နေတာပဲ´´
``ဟာ တော်သေးတာပေါ့ဗျာ ရင်ထဲကိုအေးပြီး လန့်သွားတာ အသတ်ရှုတောင် မဝတော့ဘူး´´
``ကဲ ထ ထ သွား အိမ်ရှေ့မှာသွားနေဦး ဘယ်သူမှလဲ မရှိဘူး တံခါးကြီးဖွင့်ထားပြီးတော့ မင်းသူငယ်ချင်တွေ ပြန်လာခါနီးနေပြီ´´
ကျွန်တော် အိမ်ရှေ့ကို ပြန်လျောက်လာခဲ့တယ်။ အချိန်ကား နေ့လည် ၁၁ နာရီ ထိုး
``ဟိုကောင်တွေကလဲ ကြာလိုက်တာ ထမင်းစားချိန်တောင် ရောက်နေပြီ´´
``မလာသေးတော့လဲ ငါတစ်ယောက်ပဲ အိမ်ကြီးကို ဆက်လေ့လာရတာပေါ့´´
ပြောပြောဆိုဆိုဖြင့် ကျွန်တော် လှေကားရင်း အောက်ဆုံးထစ်မှာ ငုတ်တုတ်ထိုင်လိုက်တယ်။
အိမ်အပေါ်ထပ် အခန်းတစ်ခန်းမှ အသံတစ်ခုကြားလိုက်ရပြန်တယ်။ ဒါနဲ့ကျွန်တော် လှေကားပေါ်ခပ်သွက်သွက်လေး တတ်လာခဲ့တယ်။အသံကြားလိုက်ရတဲ့နေရာကို လှမ်းကြည့်လိုက်ောာ့ အခန်းလွတ် တစ်ခန်း တံခါးက မသိမသာလေး ပွင့်နေတယ်။ ဆက်လျောက်သွားလိုက်တယ်။ ကျွန်တော် တံခါးကို ဖွင့်မလို့အလုပ်

************-***---***********
``ထီးလေးရေ ထီးလေး ´´
ငါးကလေးရဲ့အသံ တန်ခိုးတို့အုပ်စုက ကျွန်တော့နာမည်ကို လှမ်းခေါ်လိုက်တယ်။
လှေကားပေါ်ကနေ ကျွန်တော်ကြည့်လိုက်ပြီး။
``ငါဒီမှာကွ´´
``ဘာလုပ်နေတာလဲ ရော့ ရော့ မင်းအတွက်လိုအပ်မယ် ထင်တဲ့ဟာတွေ ငါဝယ်လာခဲ့တယ်´´
ကျွန်တော် အောက်ထပ်ကို ပြန်စင်းသွားခဲ့ပြီ။
``ဘာတွေလဲကွ´´
``ကြည့်ပေါ့ကွ အစုံပဲ ´´
``မျှားလေး နင် တို့ မြို့နံ့သွားပြီးလား´´
မျှာလေးက သက်ပြင်းတစ်ချက် ချပြီ
``ဟွန်းးးး´´
``မနံ့ပါဘူးဟယ် ဒီမြို့က လူတွေက ကြောင်တောင်တောင်တွေနဲ့ဈေးဝယ်လို့လဲ မကောင်ဘူး´´
``ဘာဖြစ်လို့လဲဟ´´
``ဘာဖြစ်ရမတုန်း ငါတို့သွားတာ ငါးယောက်တည်းလေ မြို့ကစားကွင်းထဲ ခဏလေ့လာမလို့ဝင်တာ အပေါက်စောင့်က ငါးယောက်ပါလို့ပြောတာကို ခုနှစ်ယောက်ဆိုပြီး ဝင်ကြေးတောင်းတယ် ကြည့်စမ်း ဘယ်လောက်ခံပြင်းဖို့ကောင်းလိုက်သလဲ´´
``အေးလေ နင်တို့နဲ့နောက်ဝင်လာတဲ့သူတွေနဲ့ရောနေလို့ဖြစ်မှာပေါ့ဟ´´
မျှားကလေးက သက်ပြင်းထပ်ချလိုက်တယ်
``တန်ခိုးရေ ထပ်ပြောပြလိုက်ပါဦး´´
``ဟုတ်တယ် ထီးလေးရေ ရေသန့်ဘူးဝင်ဝယ်တာ ငါတစ်ယောက်တည်း အာ့တာကို ဆိုင်က ဆိုင်ရှင်မိန်းမက ငါ့ချစ်သူအတွက် လက်ဆောင်ဆိုပြီး အသည်းသကြားလုံးပေးတယ်လေ ´´

ငါက
``အန်တီက လာနောက်နေတယ် အဲ့ဒါ ကျွန်တော်တို့သယ်ရင်းတွေဗျ မောင်နှမတွေလို ချစ်ကြတဲ့သူငယ်ချင်းတွေ ဘယ်ကသာ ချစ်သူဟူတ်ရမှာလဲ´´

``အော်……အန်တီ မသိလို့နော် ဆော်ရီး´´
ဒီလိုပြောပြီ ငါဝယ်လို့ပြီးလို့ပြန်ထွက်တော့ ဘာထပ်ပြောတယ် ထင်လဲ
``ဟဲ့ ………ကောင်လေး ကောင်မလေးကို ခေါ်သွားဦးလေ နင်ကလဲဟယ် တစ်ကိုယ်ကောင်းဆန်တယ် သူတစ်ယောက်တည်း ခပ်တည်တည်နဲ့ထွက်သွားတယ်´´
တဲ့ကွ
တန်ခိုးရဲ့စကားကြောင့် ကျွန်တော်
``ဟင် ……ဟုတ်……ဟုတ်လို့လား´´
တန်ခိုးက
``မင်းကို နောက်ရမှာလား တကယ့်ကို စိတ်အနှောက်ယှက် ဖြစ်ရတယ် ဘယ်လို လူတွေမှန်းလဲ မသိဘူး ကြောင်တောင်တောင်တွေနဲ့´´

လမ်းကလေးက ဝင်ပြီး
``ဒါတင်မကသေးဘူး ငထီးရေ တို့ အအေးဆိုင် ဝင်ထိုင်တော့လဲ အအေး ခုနှစ်ခွက် လာချပေးတယ် ရှိတာဖြင့် လူလေး ငါးယောက်ကို ´´
``ဟုတ်တယ် အစ်ကိုထီးလေး ရန်ကုန်ကလို မဟုတ်ဘူး ပြောရဆိုရလဲ လက်ပေါက်ကက်တယ်´´

ကျွန်တော်တစ်ခုခုကို သံသယ ဖြစ်မိပြီ
``အေးပေါ့လေ သူတို့က စ နောက်တတ်လို့နေမှာပါ ကဲလာပါ မင်းတို့လဲ ပင်ပန်းလာပြီ ခြံထဲမှာ ခဏသွားထိုင်ရအောင် ´´

ကျွန်တော် တစ်ဖြည်းဖြည်း သံသယဖြစ်နေခဲ့ပြီ။ အားလုံး စိုးရိမ်မှာကြောင့် စကားလမ်းကြောင်းလွှဲပြီး ခြံထဲက ခုံတွေဆီ ကျွန်တော် ဦးဆောင်ခေါ်လာခဲ့ရတော့သည်။
*****************************
ခြံထဲမှာ ထိုင်နေစဉ်
```®®®®´´
ကျွန်တော့ဆီ ဖုန်းဝင်လာတာနဲ့ကိုင်လိုက်တယ် ။
``ဟလို အမေ ´´
``အေးသား မင်းကလဲ ရောက်တာတောင် ဖုန်းမဆက်ဘူး ´´
``ဒီမှာ လိုင်းမမိလို့ပါ မေမေရ´´
``ဟင် ပုသိမ် ချောင်းသာနဲ့ရန်ကုန်ကို လိုင်းကမမိဘူးလား´´
``ဟုတ်တယ် မေမေရေ ဒီမှာ တိုင်တွေ အသစ်လဲနေတာ တွေ့တယ် ´´
``အေးအေး ဘယ်တော့ ပြန်လာမလဲ ´´
``မေမေကလဲ မနေ့ကမှ ရောက်တာ ပြန်လာခိုင်းနေပြီလား´´
``ဟင် …နင်တို့သွားတာ ဒီနေ့နဲ့ဆို ၃ ရက်တောင် ရှိနေပြီလေ´´
``အန်……ဟုတ်တယ် မေမေရေ လမ်းမှာ ကားပျက်သွားလို့ ´´
``အေးအေး ပြန်လာမယ့်နေ့ဖုန်းဆက်ဦး´´
မေမေနဲ့ဖုန်းပြောရတာ အော်ပြောနေရသည်။ လိုင်းကတစ်ချက်ချက် ချသွားတာကြောင့်
``ကဲ တို့တွေ ထမင်းစားပြီး တစ်ရေးလောက် အိပ်မယ် ညကျမှ ဒီမှာ တို့ အပျော်တမ်း ကစားဖို့ ငါကြံထားတယ်´´
``အေးအေး လာကြ ထမင်းစားကြမယ်´´
``ကျွန်တော်တို့ ထမင်းစားပြီးတော့ နေ့လည် ၁၂ နာရီခွဲနေပြီ။ အားလုံးစားသောက်ပြီ ကိုယ့်အခန်း ကိုယ်ပြန်ရန် အပေါ်ထပ်တတ်လာကြတယ်။
တန်ခိုးက
``ထီးလေးရယ် ညက နည်းနည်းမူးနေတဲ့ငါက အခန်းမမှားပဲ ဒီကောင် လမ်းကလေးက အခန်းမှားပြီး တံခါးသွားဖွင့်နေသေး ´´
``အေးကွ ငါလဲ မျက်စိမှောက်သွားတာ´´
လှေကားတတ်နေရင်း စကားပြောဖြစ်တယ်။
``ဟင် အခုမှ သတိရတယ် ထီးလေး မနေ့က ငါ အခန်းမှားဖွင့်တဲ့အခန်းက ဖွင့်လို့မရဘူးကွ အထဲကနေ လော့ချထားတယ်နဲ့တူတယ်´´
``ဟူတ်လို့လား အခန်းအားလုံး သော့တန်းလန်းကြီးတွေနဲ့လေ´´
တဖြည်းဖြည်း အိမ်ပေါ်တတ်ကိုရောက်လာတော့ မျှားကလေးတို့ညီမနှစ်ယောက်က ကိုယ့်အခန်းကိုယ့် အရင်ဝင်သွားကြပြီ ကျွန်တော်နဲ့အတူ တန်ခိုး လမ်းကလေး ငါးကလေးသာ အနောက်မှာ
``ဒီမှာ……ဒီမှာ ဒီအခန်းပဲ´´
လမ်းကလေးညွှန်ပြရာ အခန်းကိုကြည့်လိုက်တော့ တံခါးက သော့တန်းလန်းနဲ့ပါပဲ
``ဟင် မင်းပြောတော့ ဖွင့်လို့မရဘူးဆို အခုကျတော့ သော့တန်းလန်းနဲ့´´
``ဟုတ်ပါ့ လမ်းကလေးရာ မင်းလာနောက်မနေနဲ့ ´´
´`ငါမနောက်ဘူး ငါးလေးရ ငါတကယ်ဖွင့်လို့မရတာ´´
``ဟေ့ယောင် လမ်းလေး မူးနေတာက ငါနော် ´´
ကျွန်တော် ပိုပြီး မသင်ကာဖြစ်မိပြီ ။သူတို့အနှောက်ယှက်ဖြစ်မှာ စိုးတာကြောင့်
``ကဲပါကွာ လာကြပါ မင်းတို့နှစ်ယောက် အိပ်ချင်းမူးတူးနဲ့မှားတာပါ လာလာ ကိုယ့်အခန်းထဲ ကိုယ်ဝင်ပြီး နားလိုက်ကြဦး ညနေမှ ခြံထဲမှာ ပြန်ဆုံကြမယ်´´
လမ်းကလေးက မျက်စိ မျက်နှာပျက်ပြီး
``ထီးလေး မဟူတ်သေးဘူးနော်´´
``လာပါကွာ နောက်မှ အေးဆေးပြောကြတာပေါ့´´
``လာလာ ငလမ်း လူနောက်´´
ပြောပြောဆိုဆိုနှင့် တန်ခိုးတို့ အခန်းထဲ ဝင်သွားကြပြီ။
ကျွန်တော်နဲ့အတူ ငါးကလေးကလဲ အခန်းထဲဝင်ပြီး ခုတင်အပေါ်မှာ ခြေပစ်လက်ပစ် လှဲလိုက်တယ်။ ထမင်းစားပြီး ဗိုက်လေးသွားလား မသိ ငါးကလေးကတော့ အိပ်ပျော်နေခဲ့ပြီ။

ကျွန်တော် အိပ်မပျော်နိုင်ပဲ တွေးနေမိတယ်
``အင်းးးးးဒါဆို အိမ်ကြီးမှာတော့ တစ်ခုခုထူးခြားနေတာ သေချာနေပြီ ငါဘာလုပ်သင့်သလဲ ဟိုကောင်တွေကို ပြောလို့တော့ မဖြစ်သေးဘူး ´´
`` ဟာ……ဟုတ်ပီ ဖေဖေပေးလိုက်တဲ့ လက်ဖွဲ့………´´

အဖေပြောတာတော့ လူချစ်လူခင်ပေါများစေတယ်တဲ့ ဘာပဲဖြစ်ဖြစ်လေ အခုချိန်မှာ ကျွန်တော် ဦးဆုံးသတိရမိတာကတော့ ဖေဖေပေးလိုက်တဲ့ ကျူတ်ဆွဲကြိုး လက်ဖွဲ့ကလေးကိုပါ ။ မီးကျွမ်းသလိုဖြစ်သွားတဲ့ ကျောပိုးအိတ် အပေါ်အိတ်ကို ဖွင့်ပြီး ကျွန်တော် လက်ဖွဲ့လေးကို ထုတ်လိုက်တယ်။
သော့ကတော့ မျှားကလေးဆီကို ပြန်ပေးထားခဲ့တယ်။ သူတို့နှစ်ခု ရောထည့်ထားတာကြောင့် ကျွန်တော့ကျောပိုးအိတ် မီးကျွမ်းသွားသလား ဆိုတာ အခုမှ ကျွန်တော်ဆက်ဆက်မိလာပြီ။
ရေနစ်သူအတွက် ကောက်ရိုးတစ်မှင်ကလဲ အသုံးဝင်တာပဲလို့တွေးပြီး အဖေပေးထားတဲ့ ကျူတ်ဆွဲကြိုးလေးကို လညိပင်းမှာ ဆွဲလိုက်ချေပြီ။
စိတ်ထဲမှာ အားကိုးတစ်ခု ရသွားသလို ခံစားမိတယ် ။ လုံခြုံသွားသလိုလဲ ခံစားခဲ့ရတယ်။ အခုန စိုးရိမိစိတ်တွေ ပျောက်ကွယ်သွားသလို ဖြစ်နေခဲ့တယ်။ နာရီကြည့်မိတော့ ၃ နာရီ ကျော်နေပြီး ။အိပ်မပျော်တာနဲ့ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်လိုက်တယ်။

``အိပ်……အိပ် ငါးလေးရေ ဒီည မင်းနဲ့တန်ခိုး နောက်ကျမှ အိပ်ရမယ့် အလှည့် အိပ်ထားကွ´´
စိတ်ဖိဆီးမှု့တွေ ကင်းသွားပြီး ။စိတ်ထဲကနေ ငါးကလေးအိပ်နေတာကို နောက်နေမိတော့တယ်။ ။
*****************************

No comments:
Post a Comment