တမန်လွန်ဘဝ - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here
စာမပေါ်သူများအတွက် ဦးစားပေး ရေးသားလိုက်သော
              တမန်လွန်ဘဝဖြစ်ရပ်မှန်
စာရေးသူ-ထီးကလေး
#(ရင်နှင့်ရင်း၍ရေးသည်။)
 



     အထက်တန်းကျောင်းသား ဘဝမှသည် တက္ကသိုလ်မှ ဘွဲ့ရသည့်အထိ ကျွန်ုပ်၏ ကျောင်းနေဘက် ငဟ်သူငယ်ချင်း ဖြူဆိုသည့် မိန်းကလေးတစ်ယောက်နှင့် သူငယ်ချင်းအဆင့်မှ ချစ်သူဘဝသို့ ရောက်ရှိလာခဲ့ကြတော့သည်။ သူမကား တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး လိမ္မာရေးကြားရှိသည့် မိန်းကလေး တစ်ဦးဖြစ်သကဲ့အေးဆေးတည်ငြိမ်လှသည့် မိန်းကလေးတစ်ဦးလည်း ဖြစ်သည်။ကျွန်ုပ်ကား မိသာစု လေးယောက်ရှိခဲ့ပြီး အစ်မကတော့ အိမ်ထောင်ကွဲဖြစ်သည်။တစ်နေ့လုံးနေလို့ မိသားစုများ စကားပြောဖြစ်ကြသည်ဟူ၍မရှိ ကိုယ်ဖာသာ အေးဆေးတတ်နေကြသည်။ ကျွန်ုပ်နှင့် သူမချစ်သူတွေ ဖြစ်လာခဲ့ကြတာ ယခုနှစ်နဲ့ဆို ၂နှစ်တိတိရှိခဲ့ပါပြီ။ကျောင်းပြီးတာနဲ့ သူမက အသံလွန်ဌာန တစ်ခုမှာ အလုပ်ရခဲ့တယ်။ ကျွန်ုပ်ကတော့ မိဘပိုက်ဆံ ထိုင်ဖြုတ်နေသည့် လူတစ်ယောက်အဖြစ် နေလာခဲ့သည်မှာ ယခု အသက်၂၀ကျော်ထိပါပဲ။
         သူမကား အေးဆေးတည်ငြိမ် ရင့်ကျက်လျက် ကျွန်ုပ်ကတော့ သူမနဲ့ခြားနားစွာ လူငယ်တို့သဘာဝအရ အသောက်အစား အပျော်အပါးလေးများဖြစ် တစ်နေ့တစ်နေ့အချိန်ကုန်နေခဲ့သည်။
ရှုတ်ရှုတ်ပွေပွေ လုပ်ခြင်းများကို သူမ မကြိုက် သူမကိုယ်တိုင်ကလဲ ရှုတ်ပွေခြင်းမရှိ တစ်ယောက်တည်း အမြဲနေတတ်တယ်။
သူမနှင့် ကျွန်ုပ် ချစ်ကြိုက်နေကြသည်ကိုလည်း နှစ်ဖက်မိဘများက သိတော့ သဘောတူခဲ့ပါတယ်။
သူမှ နေထိုင်ရာ လမ်းနှင့် ကျွန်ုပ်နေထိုင်ရာလမ်းဟာ ကြားတွင် တစ်လမ်းမျှသာ ခြားတယ်။
သူမအိမ်အား ကျွန်ုပ်အဝင်အထွက်ရှိသလို ကျွန်ုပ်အိမ်အားလည်း သူမ တံခါးမရှိ ဓားမရှိ ဝင်ထွက်လေ့ရှိသည်။သူမနှင့် တနင်္ဂနွေအပတ်တိုင်း အပြင်မှာ နှစ်ယောက်တည်း ဆုံဖြစ်တယ်။ သူမနှင့်တွေ့တိုင်း လေလွှင့်နေတဲ့ ကျွန်တော့်ကို အမြဲ သွန်သင် ဆုံးမ တရားချနေလိုက်တာများ အိမ်က ကျွန်တော့ မွေးသမိခင် ကျေးဇူးရှင်အတိုင်းပါပဲ။
          တနင်္ဂနွေနေ့တစ်ရက်တည်း သူမနှင့် ဆုံရသည်ကို ကျွန်ုပ်စိတ်ထဲတွင် မကျေနပ်နိုင်။ ညဘက် သူမနေထိုင်ရာ လမ်းအတွင်းသို့ ကျွန်ုပ်တစ်ယောက်တည်း သွားခါ အိမ်ရှေ့၌ သီချင်းဆို ဂီတာတီ လုပ်ခြင်းများ လုပ်လေ့ရှိသည်။ဒါကို သူမ မကြိုက် ကျွန်ုပ်အား ဒီလိုမလုပ်ရန် ပြောတယ်။ လူကြီးဆန်သည့် သူမအား ကလေးဆန်ဆန်ဖြင့် ချွဲနွဲ့လိုက်သည်ကြောင့် ကျွန်ုပ်အား သူမ မတားတော့ပဲ ခွင့်ပြုခဲ့တော့သည်။ သို့ပေမယ့် ထိုအလမ်းတွင်း၌ နေထိုင်သည့် သူမအား ပိုးပန်းနေသော ရွယ်တူ ယောက်ျားလေးများက ကျွန်ုပ်အား ကြည့်မရ။ တစ်ညမှာပဲ ထိုလမ်းအတွင်းရှိ သူမအား ပိုးပန်းနေသော ကောင်လေးများက ကျွန်ုပ်အား ရန်ပြုသောကြောင့် မခံနိုင်ဖြစ်ကာ ရပ်ကွက်ရုံး ရောက်ရသည့်အထိ ဖြစ်ကုန်တော့သည်။ကျွန်ုပ်လက်ချက်ကြောင့် ထိုလမ်းမှ လူတစ်ယောက် ခေါင်းကွဲသွားခဲ့ရတယ်။ ထိုသူက ကျွန်ုပ်အား အငြိုထားစောင့်ကြည့်လျက်။ ထိုနေ့မှစပြီး သူမ လမ်းထဲသို့ ညဘက်တွေ မသွားတော့ပါ။ကျွန်ုပ်ဟာ တစ်လမ်းလုံးတွင် မည်သူနဲ့မှ အပေါင်းသင်းမလုပ်ပဲ လမ်းထဲရှိ ထွေးမောင်ဆိုသူ တစ်ယောက်တည်းအား ခင်ခင်မင်မင်ဖြင့် အပေါင်းသင်းလုပ်ခဲ့တယ်။
        ကျွန်ုပ်၏်နေအိမ်သို့ အိမ်ရှေ့အိမ်မှ ၁၇ နှစ်အရွယ် စိတ်ကစားနေသော မိန်းကလေးတစ်ယောက်က မနက်တိုင်း အိမ်ကို လာပြီး အမေ့အား မီးဖိုချောင် အလုပ်များ ဝိုင်းလုပ်ပေးတတ်တယ်။ သူ့အိမ်၌ ခိုင်းမရဘူးဆိုသော ထိုမိန်းကလေးက အမေ့အား ဝိုင်းကူလုပ်ပေးနေသည်ကို အဖေ့အား ဘာကြောင့်လဲဟု မေးကြည့်သည့်အခါ ထိုမိန်းကလေးက စိတ်ကစားပြီး ကျွန်ုပ်အား ချစ်ကြိုက်နေသည်ဟု ပြောခဲ့သည်။ သို့ပေမယ့် ကျွန်ုပ်အမြင်မှာတော့ ထိုမိန်းကလေးကို သာမာန်ကိုယ့်ညီမလေး တစ်ယောက်ကဲ့သို့ပင်။အချိန်တွေ ကြာလာသည်နှင့်အမျှ ထိုကလေးမလေးနှင့် နီးစပ်ကာ ဘေးပတ်ဝန်းကျင်မှ ကျွုန်ပ်တို့နှစ်ယောက်အား ချစ်ကြိုက်နေပါသည်ဟု တဘုတ်လေလွှင့် စကားများကြားလာရတော့သည်။
         ထိုသတင်းများအားလဲ ကျွန်ုပ်ချစ်သူ ဖြူ့ထံသို့ရောက်သွားခဲ့တော့တယ်။ သို့ပေမယ့် ဖြူက သူ့မျက်စိနှင့် မမြင် မတွေ့လျင် မည်သည့်အရာကိုမှ မယုံကြည်တတ်သူ ပီပီ ထိုတဘုတ်လေလွှင့် စကားများကို သူမလက်မခံ။ကျွန်ုပ်သည်လည်း ထိုအကြောင်းအရာများ အမှန်တကယ်မဟုတ်ကြောင်း ရှင်းပြခဲ့တော့ သူမယုံယုံကြည်ကြည် လက်ခံပေးခဲ့ပါတယ်။
            ကျွန်ုပ်အပေါင်းသင်းမိတ်ဆွေများကလဲ ဖြူ့အပေါ်ကို ဘယ်တော့မှ သစ္စာမဖောက်ရဘူးဟု ပြောလေ့ရှိတယ်။ထိုအချိန်မှ စပြီး အိမ်ရှေ့အိမ်မှ ကလေးမလေးနှင့် ရောရောထွေးထွေး မနေတော့ပဲ ခပ်ကင်းကင်းသာ နေထိုင်ခဲ့တော့သည်။

        ၁၁.၁၅.၂၀၀၉ တနင်္ဂနွေနေ့တွင် သူမှ အလုပ်နားသောကြောင့် ကျွန်ုပ်တို့နှစ်ယောက် စေ့စပ်ကြောင်းလမ်းဖို့အရေး တိုင်ပင်ကြရန် ကျွန်တောနှင့် သူမ တွေ့နေကြ နေရာလေးမှာ နှစ်သားချိန်းဆိုထားခဲ့တယ်။ အလုပ်မရှိသူ ပီပီ ကျွန်ုပ်ကား ချိန်းဆိုထားသည့် နေရာလေးသို့ ချိန်းထားသည့်ထက် အစောဆုံးရောက်နေခဲ့တယ်။ သူမ အလာကိုမျှော်ရင်း ကန်ဘောင်အပေါ်က ထိုင်ခုံလေးမှာ ကျွန်ုပ်ထိုင်နေခဲ့တော့တယ်။ ကျွန်ုပ်ထိုင်နေသည့် ခုံဘေးသို့ မိန်းကလေးတစ်ဦး ဘာမှမပြောပဲ ဝင်ထိုင်လိုက်ပြီး
         ကို  ဘယ်သူ့ကို မျှော်နေတာလဲ
ဒီလိုမေးတော့ သူမမျက်နှာကို ကြည့်လိုက်ပြီး ကျွန်ုပ်ဘာမှ ပြန်မပြော ထိုင်ရာမှ ထလိုက်ရာ သူမက ကျွန်ုပ်၏လက်အား လှမ်းဆွဲလိုက်ပြီး
        ကို ဘယ်လဲ
        ခင်ဗျားဘာလုပ်တာလဲ ခင်ဗျားကို ကျုပ်မသိဘူး လက်ကို အခုလွတ်
        မလွတ်ပါဘူး ဘာလို့လွတ်ရမှာလဲ
        ဟာကွာ မင်းကို ပြောနေတယ်နော် ငါ့လက်ကို အခုလွတ်
ထိုနေရာက လူအသွားအလာပျက်ပြီး သမီးရည်းစားအတွဲများသာ ချိန်းတွေ့ကြသော နေရာဖြစ်သည်။ မည်သို့ပင် သူမအား ကျွန်ုပ်လက်ကို လွတ်ဖို့ပြောနေပေမယ့်လည်း သူမက မလွတ် ဒါနဲ့ဆွဲထားသည့် သူမလက်ကို ကျွန်ုပ်ဆွဲခါလိုက်တယ်။ နာရီကိုကြည့်လိုက်တော့ ဖြူနဲ့ချိန်းထားသည့် အချိန်ရောက်နေခဲ့ပြီ။ ထိုမြင်ကွင်းကို ချစ်သူဖြူ မြင်သွားလျှင် ကျွန်တော့အား အထင်လွဲသွားမှာ သေချာတယ်။ဒါကြောင့် ထိုင်ခုံမှထပြီး တစ်ခြားနေရာအား ကျွန်တော် လျောက်သွားလိုက်စဉ် အခုန မိန်းကလေးက အနောက်မှ ကျွန်ုပ်၏ခါးကို ပြေးဖတ်လိုက်တယ်။ အရှေ့စူးစူးမှာ တစ်ယောက်တည်း လျောက်လာသူက ချစ်သူဖြူ ။အရှေ့ဆက်လျောက်မရအောင် ကျွန်ုပ်၏ခါးကို တင်းကျပ်စွာ ဖတ်ထားခဲ့တော့သည်။ ဖြူ့လာသည်ကို တွေ့နေတာကြောင့် ကျွုန်ုပ်အား ဖတ်ထားသည့် သူမလက်ကို အတင်းဖယ်ရှားနေသောလည်း မရ ။
         ဖြူ့ရဲ့ခြေလှမ်းများက ကျွန်တော့တို့အနားရောက်လာပြီး မှဲ့ပြုံး ပြုံးကာ သူမပြောလိုက်သည့် စကားက
     လမ်းလည်ခေါင်ကြီးမှာ ဘယ်သူတွေများလဲ မှတ်တယ် ရှင်တို့ကို
     မဟုတ်ဘူး ဖြူ ကိုယ်ရှင်းပြမယ်
ဖြူရောက်လာခါမှ ကျွန်တော့ခါးကို အတင်းဖတ်ထားသည့် ထိုမိန်းကလေးက လွတ်လိုက်ပြီး
       ကိုကို အဲ့ဒါ ဘယ်က မိန်းမလဲ
       ဟင် ဘာ မင်းဘာတွေ လျောက်ပြောနေတာလဲ မင်းပါးစပ်ကို ပိတ်ထားစမ်း
      ဘာလို့ပိတ်ရမှာလဲ ညီမမေးတာပဲဖြေ
      ဘာ မင်း မင်း
အကွက်ကျကျ သူမက ကျွန်တော့အား သူ့ချစ်သူပုံစံဖြင့် ပြောကာ စိတ်ဆိုးသွားသော အမူယာဖြင့် ထွက်သွားခဲ့တယ်။ မျက်ရည်များ ကျနေသည့် ဖြူက
       စိတ်ဆိုးသွားပြီး လိုက်ချော့လိုက်ဦး
       မဟုတ်ဘူးဖြူ ငါရှင်းပြတာ မင်းခဏလောက် နားထောင်ပေးပါ
       နင် ဘာမှလာရှင်းပြမနေနဲ့ သူများတွေ ပြောတုန်းက ငါမယုံမိတာ ငါ့အမှား အခုတော့ ငါ့မျက်စိနဲ့ကို တပ်အပ်မြင်လိုက်ရပြီ နင့်လို့ သစ္စာမရှိတဲ့ကောင်နဲ့ ငါမပတ်သတ်ချင်ဘူး နင်နဲ့ငါပျက်ပြီ
        မဟုတ်သေးဘူး ဖြူ မင်းအထင်မှားနေပြီ ငါရှင်းပြတာ ခဏလေးဖြစ်ဖြစ်နားထောင်ပါဦး
        နင်လို သစ္စာမရှိတဲ့သူရဲ့အသံကို ငါမကြားချင်ဘူး သွား
နာကျည်းနေသော ဖြူ့အကြည့်များကို ရှင်းပြဖို့ကြိုးစားခဲ့မယ့် သူမက လက်မခံ ကျွန်တော့အား စောင့်တွန်းပြီး သူမအရှေ့မှ ထွက်သွားတော့သည်။ ကျွန်တော် ပြေးလိုက်ပြီး တောင်းပန်းဖို့ကြိုးစားပါတယ်။ သို့ပေမယ် သူမဟာ လက်မခံပဲ နာကျည်းစွာနဲ့ဆက်လိုက်မလာဖို့ပြောခဲ့တယ်။ ဘယ်တတ်နိုင်ပါ့မလဲ နောက်မှ သွေးအေးတဲ့အချိန်မှပဲ အေးဆေးရှင်းပြတော့မယ်ဟု တွေးပြီး ထိုခုံးလေးမှာပဲ ကျွန်ုပ်စိတ်ပျက်စွာ ထိုင်လိုက်စဉ် အနောက်မှ အုပ်စုဖွဲ့ရယ်မောသံကြားတာကြောင့်ကြည့်လိုက်မိတော့သည်။ ဖြူ့ကို ပိုးပန်းနေသော လူတစ်စုနှင့်အတူ ရန်ဖြစ်ရင်း ကျွန်တော် ခေါင်းရိုက်ကွဲခဲ့မိသူတို့ ကျွန်ုပ်အနားရောက်လာပြီး
       ဘာတတ်နိုင်သေးလဲ မင်းကောင်မလေး အထင်လွဲသွားပြီး ဟားဟား
       အော် မင်းတို့က ဒီလိုဖြစ်အောင် ငါ့ကို သတ်သတ်အကွက်ကျကျ လုပ်ကြံတာပေါ့ ဟုတ်လား
       ဟုတ်တယ် ဒါပေမယ့် မင်းကောင်မလေးကို မင်းရှင်းပြခွင့်မရတော့ဘူး မင်းငါ့ခေါင်းကို ခွဲထားတာ မှတ်မိသေးလား
       သိပ်မှတ်မိတာပေါ့ ဘာလဲ နောက်တစ်ခေါက် ထပ်ခွဲခံခြင်းလို့လား
         ဒီတစ်ခါတော့ မင်းခေါင်းကို ငါတို့အစပ်စပ်ခွဲဖို့လာတာ
ဟုပြောပြီး ကျွန်ုပ်အား စတင်တိုက်ခိုက်တော့သည်။အုပ်စုဖွဲ့ပြီး ကျွန်တော်တစ်ယောက်တည်းကို ဝိုင်းထိုးကြယုံသာမက တုတ်တွေဖြစ်လဲ အချက်ပေါင်းများစွာ ဝိုင်ရိုက်ကြတော့ ထိုနေရာမှာပဲ ကျွန်တော် မူးမေ့လဲကျသွားခဲ့တော့သည်။
         ကျွန်တော်ပြန်နိုးလာခဲ့တယ်။ နာရီကြည့်လိုက်တော့ ညနေ ၄ နာရီကျော်နေပြီ ။တစ်ကိုယ်လုံးကို ပေါ့ပါးလို့ နေ့လည်က အကြောင်းတွေ ပြန်တွေးလိုက်တိုင်း ခေါင်းတစ်ခုလုံး ထုံထိုင်းလာခဲ့တယ်။ ကျွန်တော်အိပ်မက် မက်ခဲ့တာလား။ ဘာမှ စဉ်းစားမရခဲ့ဘူး။ နိုးလာခဲ့တဲ့ မြတ်ခင်းအပေါ်ကနေ ထပြီး အိမ်အပြန်လမ်းကို လျောက်လာခဲ့တယ်။ ရပ်ကွက်ထဲရောက်တော့ ထိုင်နေကြ လက်ဘက်ရည်ဆိုင်လေးမှာ ဝင်ထိုင်လိုက်တယ်။ အရင်က ဆိုင်အဝရောက်တာနဲ့ စာပွဲထိုးလေးက ကျွန်တော် သောက်တတ်တဲ့လက်ဘက်ရည်ကို တစ်ခါးတည်းပြောစရာမလိုအောင် မှာပြီးသား အခု ဆိုင်ထဲဝင်ထိုင်နေတာ တော်တော်ကြာနေခဲ့ပြီ ။ဘာသောက်မလဲလို့ စားပွဲထိုးတစ်ယောက်မှ လာမမေးဘူး။လာမမေးရင် နေကွာ ။စိတ်ဆိုးပြီး ဆိုင်ထဲကပြန်ထွက်လာခဲ့တယ်။ဆိုင်အဝမှာ တစ်ခါမှ မမြင်ဘူးတဲ့ လူဝဝကြီး တစ်ယောက်က ကျွန်တော့ကို လိုက်ကြည့်နေတယ်။ ကြည့်ကြည့်ပေါ့ ဘာဖြစ်လဲ ။စိတ်ဆိုးဆိုးနဲ့ ထိုင်ခုံတွေတောင် ခြေထောက်နဲ့ကန်ပြီး ဆိုင်ထဲကနေ ထွက်လာခဲ့တယ်။အိမ်ပြန်ပြီး ရေမိုးချိုးပြီးမှ ဖြူ့အိမ်ကို သွားပြီး သူ့မိဘတွေကို အကြောင်းစုံရှင်းပြမယ်လို့ တွေးပြီး ကျွန်တော် အိမ်ပြန်လာခဲ့တယ်။ အိမ်ရှေ့ရောက်တော့လဲ ဘယ်က ယောက်ျားကြီးလဲမသိ အိမ်ရှေ့တန်ံလျားမှာ လက်ပိုက်ပြီးမိန့်မိန်ကြီး ထိုင်နေတယ်။ လမ်းသွား လမ်းလာ တစ်ယောက် ထိုင်နေတာပဲ ဖြစ်မယ်။ အိမ်ထဲရောက်တော့ ကိုယ့်အခန်းထဲ ကိုယ်ဝင်ပြီး ခုတင်းပေါ်မှာ လှဲချလိုက်တယ်။ မျက်လုံး မှိတ်ထားတုန်းရှိသေးတယ်။ အိမ်ရှေ့က အမေ ငိုနေသံကို ကြားလိုက်ရတော့ သွားပြီး ငါ့အကြောင်းတွေ မေမေသိသွားပြီနဲ့ထင်တယ် ငါ့ကြောင့် မေမေငိုနေတာလား မသိဘူး ဖြူ့ကိုသား သစ္စာဖောက်တာမဟုတ်ဘူးနော် မေမေ စိတ်ထဲကနေ ရည်ရွတ်ပြီး အိပ်ခန်းထဲပြန်ဝင်လိုက်တယ်။ နောက်မှပဲ ဖြူအထင်မှာသွားတဲ့အကြောင်း မေမေ့ကိုရှင်းပြလိုက်တော့မယ်။
          အိပ်ပျော်သွားလေ သလားမသိ နိုးလာတော့ အိမ်မှာ လူတွေစည်ကားနေတာပဲ ဖေဖေနဲ့မေမေ့ကို မတွေ့ဘူး။ သူတို့တစ်ခုခု လုပ်နေတာပဲ ဖြစ်မှာပေါ့ ။အိပ်ခန်းထဲက ထွက်ပြီး ဖြူရဲ့အိမ်ဘက် သွားရန် ကျွန်တော်ထွက်လာခဲ့တယ်။ အိမ်လာလည်တဲ့ လမ်းက လူတွေကို ကျွန်တော် အပြုံးလေးနဲ့နှုတ်ဆတ်တယ်။ သူတို့က ကျွန်တော့ကို လူရာမသွင်း မထင်မဲ့မြင်လုပ်ပြီး မသိချင်ယောင် ဆောင်နေတယ်။ နေပေါ့ ။ကျွန်တောကလဲ ဒါတွေ ဂရုစိုက်နေတဲ့ကောင်မှ မဟုတ်တာ။ကိုယ်ဖာသာပဲ အိမ်ထဲကနေ လမ်းမကို ထွက်လာခဲ့တယ်။ လမ်းအလည်က သူငဟ်ချင်း ထွေးမောင်အိမ်ရှေ့ဖြတ်လျောက်တာနဲ့ ဒီကောင် အိမ်အပေါက်ဝမှာ မှိုင်တွေ့နေတာ တွေ့လိုက်ရတယ်။ အရင်ကလိုပဲ အိမ်ရှေ့ကနေ လှမ်းနှုတ်ဆတ်လိုက်တယ်။ သူမကြားဘူး ဘာတွေများ တွေးနေတာလဲ မသိ။ဖြူ့အပေါ် သစ္စာဖောက်တယ်ထင်လို့များ ကျွန်တော်နှုတ်ဆတ်တာကို စိတ်ဆိုးပြီး ပြန်မပြောဘူးထင်တယ်။ရပါတယ် နောက်မှပဲ ဒီကောင်ကြီးကို ရှင်းပြတော့မယ်။ ညမှောင်ရီပျိုးစ အချိန်ဖြူတို့လမ်းထိပ်က အုတ်ခုံလေးမှာ ထိုင်ပြီးနည်းနည်းမှောင်မှ သူ့အိမ်ကို သွားမယ်။ တော်ကြာ အလင်းရောင်က ဒေါသစိတ်ကို ဖြစ်ပေါ်စေတယ်ဆိုတာ ကျွန်တော်သိထားတယ်လေ။ အုတ်ခုံမှာ ထိုင်နေတုန်း ယောက်ျားကြီးတစ်ယောက် ဘေးနားရောက်လာပြီး
        ကောင်လေး ဘယ်သွားမလို့လဲ
       ဘဟ်မှ မသွားပါဘူး ဒီလမ်းထဲက ကျွန်တော့ ကောင်မလေးအိမ် သွားမလို့ ဦးကရော ဒီလမ်းထဲကလား
        မဟုတ်ဘူး ငါက တစ်ခြားနေရာက မင်းကိုတွေ့လို့ လာနှုတ်ဆတ်တာ
        ဦးက ကျွန်တော့ကို သိလို့လား
        သိတော့ မသိဘူးပေါ့ ဒါပေမယ့် ငါတို့က ဘဝတူတွေဆိုတော့ အပေါင်းသင်းလုပ်လို့ရတာပေါ့
        ဟားဟား ဒါဆို ဦးမိန်းမက ဦးကိုပစ်သွားလို့လား ကျွန်တော့ကောင်မလေးက ကျွန်တော့ကို အထင်အကြီးကြီးမှားသွားလို့ အခုသွားရှင်းပြမလို့ဗျ
         မင်းက သွားရှင်းပြမလို့ ဟူတ်လား
        ဟုတ်တယ်လေ ဘာဖြစ်လို့လဲ
        မင်းကြည့်ရတာ ဒီဘဝကို ရောက်နေတာ မသိသေးဘူးနဲ့ထင်တယ်
        ဘာကိုပြောတာလဲ
        ဟုတ်တယ် ဒါဆို သေချာပြီ မင်းကိုယ်မင်း မသိသေးပဲကို မင်းက သေသွားပြီ
         ဘာ ကျွန် ကျွန်တော်က သေသွားပြီး ဟုတ် ဟုတ်လား ဟာဗျာ ခင်ဗျားကလဲ လာနောက်နေတယ် ကျုပ်သေသွားရင် ခင်ဗျားနဲ့ကျုပ် ဒီလို စကားပြောလို့ရလို့လား လာမနောက်နဲ့
      ငါနောက်နေတာ မဟုတ်ဘူး ငါကလဲ ဟိုဘက် ရပ်ကွက်မှာ နေတာ ငါသေတာ တစ်လတောင် မပြည့်သေးဘူး
      ဘာ ခင် ခင်ဗျားကသေသွားပြီ ဟူတ် ဟုတ်လား ကျုပ် ကျုပ်ကို လာမနောက်နဲ့နော်
        မင်းကို ဘာလို့နောက်ရမှာလဲ မင်းသေသွားလို့ငါနဲ့အခုလို စကားပြောနေနိုင်တာ မင်းမယုံရင် ဟိုအရှေးက လူတစ်ယောက်အရှေ့မှာ မင်းမတ်တပ်သွားရပ်ကြည့်ပါလား မင်ကို သူတို့မတွေ့ရဘူး
      ခင် ခင်ဗျား တကယ်ပြောနေတာလား ကျုပ် မယုံဘူး အဲ့ဒီလူကျုပ်ကို ဘာလို့မတွေ့ရမှာလဲ ကြည့်နေ ကျုပ် ခင်ဗျားပြောတဲ့အတိုင်း သူ့အရှေ့သွားရပ်ပြမယ်
ဒီလူက ကျွန်တော့ကို သေသွားပြီးတဲ့ ဘာလို့သေရမှာလဲ သူပြောတဲ့အတိုင်း အရှေ့မှာ ထိုင်နေတဲ့လူတစ်ယောက်အရှေ့ ကျွန်တော် မတ်တပ်ရပ်လိုက်တယ် ။တကယ်ပါပဲ သူ့အရှေ့မှာ လူတစ်ယောက်လုံး မတ်ရပ်နေတာကို မမြင်တဲ့အတိုင်း ကျွန်တော့ကို ဘာမှ မပြောဘဲ လှည့်ထွက်သွားခဲ့တယ်။ အုတ်ခုံမှာ ထိုင်နေတဲ့လူကြီးက အနောက်ကနေ ရယ်နေတယ်။ ကျွန်တော် မယုံနိုင်ပါဘူး။ ဘာလို့ငါသေရမှာလဲ။ ငါမသေသေးဘူး။ ငါဘာဖြစ်တာလဲ။
       ဟေ့လူ ကျုပ် ကျုပ်က တကဟ်သေသွားတာလား
        ဟုတ်တယ် အခုချိန်မှာ မင်းမယုံနိုင်သေးဘူးဆိုတာ ငါသိပါတယ် ငါတုန်းကလဲ ယူကြုံးမရခံစားခဲ့ရတယ် မင်းကိုလဲ ငါကိုယ်ချင်းစာလို့ မင်းသေသွားတဲ့အကြောင်းကိုပြောပြတာ
       မ မ မဖြစ်နိုင်ဘူး ကျုပ်က ဘာလို့သေရမှာလဲ ခင်ဗျား ကျုပ်အရှေ့က အခုထွက်သွား ကျုပ်မသေဘူး ကျုပ်ကို လာမပြောနဲ့ ခင်ဗျား ကျုပ်အရှေ့က အခုထွက်သွားနော်
       ကောင်းပါပြီကွာ သွားဆိုလဲ ငါသွားပါ့မယ် နောက်မှ မင်းအကြောင်း မင်းသိမှ ငါနဲ့ပြန်ဆုံကြတာပေါ့
       အိုး မလိုဘူး ခင်ဗျားက အရူး ထွက်သွား
ကျွန်တော် ထိုသူကြီးကို အရှေ့ကနေ မောင်းထုတ်လိုက်တယ်။ ငါမသေဘူး။ ငါမသေချင်သေးဘူး။လမ်းထိပ် အုတ်ခုံကနေ ဖြူ့အိမ်ရှေ့ဆီ ကျွန်တော် အပြေးသွားလိုက်တယ်။သူမ ခြံထဲမှာ တစ်ယောက်တည်း ငြိုးငယ်လှသည့် မျက်နှာထားဖြင့် လမ်းလျောက်နေခဲ့တယ်။ကျွန်တော်သိတယ် သူမကို ကျွန်တော် သစ္စာဖောက်တာ မဟုတ်ပါဘူးလို့ ကျွန်တော်ကိုယ်တိုင် လာရှင်းပြသည်ကို သူမမျှော်နေခဲ့တာ။ခြံထဲကို အရင်ကလိုပဲ ဝင်ရန်အလုပ် လူသန်ကြီးတစ်ယောက်က ကျွန်တော့ ရင်ဘတ်ကို စောင့်တွန်းပြီး
      မင်း ဝင်လို့မရဘူး
      ခင်ဗျားက ဘယ်သူလဲ ဒီအိမ်မှာ တစ်ခါမှ မတွေ့ဘူးဘူး ကျုပ်ဝင်တာ ဘာဖြစ်လဲ
       မင်းက ဝိဥာဉ်ပဲ နေဦး ဝင်ဝင် မင်းသေတာ ခုနစ်ရက် မပြည့်သေးတော့ ငါဝင်ခွင့်ပေးလိုက်မယ်
လူသန်ကြီးပြောသည့် စကားများကို ကျွန်တော် နားမလည်နိုင် သူဝင်ခွင့်ပေးသည်ကြောင့် ဖြူရှိတဲ့အနားကို သွားလိုက်ပြီး
        ဖြူ
သူမနာမည်လေးကို တစ်လုံးတည်း ခေါ်လိုက်တာနှင့် တပြိုင်နက် ကျွန်ုပ်ရှိရာဘက်သို့ သူမလှည့်လိုက်ပြီး အနံ့တစ်ခုရသလို ခံစားသွားတယ်။
       ဖြူ ငါ နင့်ကို သစ္စာဖောက်တာ မဟုတ်ပါဘူးဟာ ငါပြောတာကို နင်ယုံပါနော် ဖြူ ငါ့ကို စိတ်ဆိုးနေတုန်းပဲလား ငါတကယ် အဲ့မိန်းမနဲ့ ဘယ်လိုမှ မပတ်သတ်ပါဘူးဟာ ငါကလေ နင့်တစ်ယောက်တည်းကိုပဲ တစ်ဘဝလုံး အတွက် ချစ်ခဲ့တာပါဟာ နင့်ကိုကြိုက်နေတဲ့ ကောင်တွေဝိုင်းပြီး ငါ့ကို အကွက်ကျကျ လုပ်ကြံခဲ့ကြတာဟ ငါပြောနေတာတွေကို နင်ကြားရဲ့လား ငါ့ကို စိတ်မဆိုးပါနဲ့တော့နော်
ကျွန်ုပ်အကြိမ်ကြိမ် သူမကို စကားတွေ ပြောနေခဲ့တယ်။ သို့ပေမယ့် သူမက ကျွန်တော်ရှိရာဘက်သို့ မျက်နှာမူပြီး အနံ့သတ်တစ်ခုကို သေသေချာချာ အနံခံနေပုံပဲ။အထင်မလွဲဖို့ စကားတွေ ပြောနေခဲ့တယ်။သူမ မကြားချင်ယောင်ဆောင်ပြီး ကျွန်တော့ကို အဖတ်မလုပ်ဘူး။ မကြာပါဘူး သူမအိမ်ရှေ့ကနေ ထွေးမောင်အသံကို ကြားလိုက်ရတယ်။
       ဖြူရေ ငါဝင်ခဲ့မယ်နော်
       အော် ထွေးမောင် လာလေ
သူမခွင့်ပြုလိုက်ပြီး ထွေးမောင်အနောက်မှာ ကျွန်တော်ပါလာမလား ဆိုသည့် အကြည့်တို့နှင့်
         နင် တစ်ယောက်တည်းလား နင့်သူငယ်ချင်းရော
သူမအမေးကြောင့် ထွေးမောင် ဝမ်းနည်းသွားခါ မျက်ရည်များကျလာခဲ့ပြီး
       နင့် ချစ်သူ ထီးကလေး သေပြီ
       ဘာ နင်နောက်နေတာလား
      ဒါနောက်စရာ ကိစ္စမှ မဟုတ်တာ ရန်ဖြစ်ပြီး သူများတွေ ဝိုင်းရိုက်လ်ု့ သွေးလွန်းပြီး ဆုံးသွားတာတဲ့
ထွေးမောင်အဖြေကြောင့် ဖြူ လဲကျသွားခဲ့တယ်။
        ထွေးမောင် ငါ ငါ ဒီမှာလေ ဟေ့ယောင် ငါမသေပါဘူး ငါမင်းအရှေ့မှာ ရပ်နေတယ်လေ ထွေးမောင် ဟေ့ယောင် ထွေးမောင်
ကျွန်တော် တကယ်ပဲ သေသွားပြီးလား။ကျွန်တော့ ခေါ်သံတွေကို ဘယ်သူမှ အရေးမစိုက် အဖတ်မလုပ်ကြတော့ဘူး။တကယ်သေသွားတာလား လှဲကျသွားသည့် ဖြူ့ကို သူမိဘတွေ ပွေ့ချီးပြီး အိမ်ထဲ ခေါ်သွားခဲ့ပြီ။ ကျွန်တော်မိဘတွေဆီ ပြန်မေးကြည့်မယ် အိမ်သွားမလို့အလုပ် ဘယ်လို အိမ်ကို ရောက်သွားမှန်းမသိဘူး။အိမ်ရောက်တော့ အဖေ အမေ အစ်မ ယောက်ဖတို့အဆုံအလင် ပူဆွေးဝမ်းနည်းနေသည့် မျက်နှာများကို တွေ့လိုက်ရတယ်။
     မေမေ သားသေသွားပြီဆို ဟုတ်လားဟင် ဖေဖေ သားဒီမှာလေ မကြီး ငါဒီမှာလေဟာ ငါခေါ်နေတာကို ကြည့်ပါဦး ယောက်ဖ ကိုကြီး ကျွန်တော်ဒီမှာလေ မေမေရယ် ကျွန်တော်ကသေသွားပြီ ဟုတ်လားဟင် သားခေါ်နေတာကို မေမေမသိတော့ဘူးလား မငိုပါနဲ့မေမေရယ် မေမေ့သားက မေမေ့ဘေးမှာပဲ ရှိနေတယ်လေ ဖေဖေ သားအရင်ကလို မဆိုးချင်တော့ဘူး သားလိမ်မာတော့မယ် ဖေဖေ မေမေ စကားကိုလဲ သားနားထောင်ပါ့မယ် သားမသေချင်သေးဘူး မကြီး နင်ဘာလို့ငိုနေတာလဲ ငါဒီမှာလေ ငါခေါ်နေတာကို ကြည့်ပါဦး
တကယ်ပါပဲဗျာ ဘယ်သူမှ မကြားနိုင်တော့ဘူး ကျွန်တော့ ခေါ်သံတွေနဲ့စကားတွေကို ဘယ်သူမှ မကြားနိုင်တော့ဘူး။ အရမ်း ဝမ်းနည်းမိတယ်ဗျာ။ လူတွေစည်းကားနေတဲ့ အိမ်မှာ ကျွန်တော့ကို ဘယ်သူမှ မမြင်ကြဘူး။ မေမေ ထိုင်ရာကနေ ထလိုက်ပြီး ခေါင်းရင်း ကျွန်တော့ဓာတ်ပုံလေး ရှိရာဆီသွားပြီး
        သားလေး မေမေ့သားလေး အဖြစ်ဆိုးလှချည်းရဲ့လား သားရယ် မေမေတို့ကို ခွဲသွားပြီးလား
      မေမေ သားဒီမှာလေ သားရှိပါတယ် မေမေရယ် မငိုနဲ့လေ သားမေမေ့ စကားတွေကို နားထောင်ပါ့မယ် သားလိမ်လိမ်မာမာနေပါ့မယ် သာပြောနေတာလေး ပြန်ပြောပါဦး မေမေရယ်နော်
မေမေမကြားနိုင်မှန်း သိလည်း ကျွန်တော် မေမေ့ကို စကားတွေ ပြောနေမိတုန်းပါပဲ။မကြာခင်မှာပဲ အိမ်ကို ဖြူနှင့်အတူ သူ့မိဘတွေ လိုက်ပါလာခဲ့တယ်။ ကျွန်တော့ကို လူတစ်စုက ဝိုင်းရိုက်ကြပြီး အဲ့နေရာမှာပဲ သွေးလွန်ပြီး သေခဲ့ရတယ်တဲ့။ဟာဗျာ ကျွန်တော် တကယ်သေသွားတာလား။မဟုတ်ပါဘူး  မယုံနိုင်ဘူး။ စိတ်တွေ အရမ်းမွန်းကျပ်လာတယ်ဗျာ။ အရင်ကလိုမျိုး အချိန်ဆိုတာ ကျွန်တော့ဆီမှာ မရှိတော့ဘူး။ မိုးလင်း မိုးချုပ်ဆိုတာပဲ သိနေတော့တယ်။အိပ်ပျော်သွားလေသလား။နိုးလာတော့ ကျွန်တော့ဘေးမှာ ဟိုနေ့ကလူကြီး တစ်ယောက်တည်းထိုင်နေခဲ့တယ်။သူနဲ့လွတ်လပ်နဲ့နေရာမှာ နှစ်ယောက်တည်း စကားပြောချင်တာကြောင့် စိတ်ကူးလိုက်တုန်း လွတ်လပ်သည့်အဲ့နေရာကို လျှပ်တပျက်ဆိုသလို ရောက်သွားခဲ့တယ်။ထိုသူကြီးက
           မင်းအကြောင်း မင်းသိပြီလား
        ကျုပ် မယုံနိုင်သေးဘူးဗျာ ကျုပ် အိပ်မက်မက်နေတာပဲ ဖြစ်ပါစေ ဟုတ်ပါတယ် ကျုပ် အိပ်မက်မက်နေတာပါ ကျုပ်မသေချင်သေးဘူး
           ငါကိုယ်ချင်းစာပါတယ် ကောင်လေးရာ ငါတုန်းကလဲ မင်းလိုပဲ ခံစားခဲ့ရတာ နောက်တော့လဲ နေသားကျသွားမှာပေါ့ မနက်ဖြန်ဆို မင်းကို အသုဘချမယ့်နေပဲ
         ဟုတ် ဟုတ်လို့လားဗျာ ကျုပ် မသေပါဘူးဆိုနေ ကျုပ်မသေချင်သေးဘူး ကျုပ်ဘယ်လို လုပ်ရမလဲ လူကြီး ကျုပ်မသေချင်သေးဘူး
မြန်လေသလား။ ကျွန်ုပ်နားထဲမှာ ကြေးစည် ထုသံကိုကြားလိုက်ရတယ် ။ဘေးက လူကြီးလဲ ပျောက်ကွယ်သွားပြီ။ ကြေးစည်သံကြားရာဆီသို့ကျွန်တော် ရောက်သွားခဲ့တယ်။ထွေးမောင်နဲ့ လူငယ်တစ်ယောက် ကြေးစည်ကို ထမ်းလျက်။ လမ်းထိပ်မှာလဲ ကားတွေ တန်းစီနေလို့ပါလား။ဖေဖေ မေမေ ဖြူ အစ်မနဲ့ ယောက်ဖက ကားတစ်စီးအပေါ်ကို တတ်သွားကြပြီ။သူတို့တတ်တဲ့ကားပေါ် ကျွန်တော်လည်း လိုက်တတ်လိုက်တယ်။ ဒါပေမယ့် သူတို့အားလုံး ငိုကြွေးနေပြီး ဘေးက လိုက်ပါလာသည့် ကျွန်တော့ကို မမြင်နိုင်။ကားတွေ ဘယ်ကို ဦးတည်နေတာလဲ သ်လိုက်ရသည်က ရေဝေးသုသာန်သို့ပင်။
         အားလုံး ခန်းမတစ်ခုဆီကို အသီးသီဝင်သွားကြပြီး ဖေဖေနဲ့မေမေ အစ်မတို့က သံကုတင်းပေါ်တင်ထားသည့် အခေါင်းကြီဘေးသို့သွားခါ အလွန်ကျွန်ငိုကြွေးလိုက်ကြတာ ။ကျွန်ုပ်ထိုအခေါင်းထဲက လူကိုကြည့်လိုက်တော့ ကျွန်တော့၏မျက်နှာနှင့် တစ်ထပ်တည်း။ဒါ ကျွန်တောမဖြစ်နိုင်ဘူး။ဒါတစ်ခြားတစ်ယောက်ပါ ဖေဖေနဲ့မေမေရယ် သားက ဒီမှာလေ ။ဖြူ ဘာလို့ငိုနေရတာလဲ ငါက ဒီမှာလေ အဲ့ဒါ ငါမှ မဟုတ်တာ မငိုပါနဲ့တော့ ဖြူရယ် ငါကနင့်အနားမှာ ရှိနေပါတယ်။ ဘာလို့ငိုနေကြတာလဲ မကြီး နင့်မောင်ငါက နင်တို့ဘေးမှာလေ မငိုပါနဲ့ဟာ ။နင်တို့ငိုတော့ ငါလည်းငိုချင်တာပေါ့ ။မငိုကြပါနဲ့ ငိုသံတွေကို ငါမကြားချင်တော့ဘူး ။ထွေးမောင် သူငယ်ချင်း ငါဒီမှာပါကွာ မင်းလဲ ငါ့ကိုစကားပြောပါဦး ။မင်းကြည့်နေတဲ့အခေါင်းထဲက လူက ငါမှမဟုတ်တာ ငါကဒီမှာ။
          ရက်စက်လိုက်တဲ့ ကံကြမ္မာဗျာ။ကျုပ်မသေပါဘူး။ဒီလိုလိုက်ရှင်းပြနေခဲ့တာ ခြောက်ရက်တိတိရှိနေခဲ့ပြီ။ တစ်မနက်အစောကြီး ကျွန်တော့နာမည်ကို ခေါ်ကာ ဘုန်းကြီးတွေနဲ့အတူ လမ်းသူလမ်းသား အဖေ အမေ အစ်မ ယောက်ဖ ချစ်သူ သူငယ်ချင်းတို့အမျှပေးနေခဲ့တယ်။ ကျွန်ုပ်သိလိုက်ပါပြီ ဒါဟာ ရက်လည်ဆွမ်းသွပ်ဘဲဆိုတာ။ ဟုတ်တာပေါ့လေ။ အဲ့နေ့တစ်နေ့လုံး ကျွန်တော့်မိသားစုနဲ့ချစ်သူဘေးမှာပဲ ရှိနေခဲ့တယ်။ ည၁၂ ထိုးတဲ့အထိ။ ၁၂ကျော်တော့ လူသန်မည်းမည်းကြီးနှစ်ယောက်က ကျွန်တော့ကို ဘယ်တစ်ယောက် ညာတစ်ယောက် အတင်းဆွဲခေါ်ပါတော့တယ် ။မလိုက်ဘူး။ငါဒီမှာပဲနေမယ်။ငါကို လာမခေါ်နဲ့ငါမလိုက်ဘူးနော်။ မင်းမလိုက်လို့မရဘူး။မင်းအချိန်စေ့ပြီ ငါတို့နဲ့လက်ခဲ့ရမယ်။ သူတို့နှစ်ယောက်ကို ကျွန်တော် မယဉ်နိုင်ဘူးဗျာ။သူတို့ဆွဲခေါ်ရာ အနောက်ကို လိုက်ပါနေရတယ်။မရသည့်မဆုံး ထိုလူသန်ကြီး နှစ်ယောက်ကို သနားခံ တောင်းဆိုလိုက်တယ်။
              ခဏလေးပါဗျာ ခဏလေး ကျုပ် ခင်ဗျားတို့နဲ့လိုက်ခဲ့ပါ့မယ် ဒါပေမယ့် ကျုပ်ကို အချိန်လေး နည်းနည်းလောက်ပဲ ပေးပါ။ ကျုပ်မိသားစုနဲ့ကျုပ်ချစ်သူ သူငယ်ချင်းတွေကို ကျုပ်နှုတ်ချင်လို့ပါ ။
ဖေဖေ သားအရင်က ဖေဖေ့ စကားနားမထောင်ပဲ ဆိုးခဲ့မိုက်ခဲ့မိတာတွေကို ဖေဖေခွင့်လွတ်ပေးပါနော်။မေမေ သားကို သူတို့ခေါ်နေကြပြီ။ သားသွားရတော့မယ် မေမေ နေကောင်းအောင် နေပါနော်။ အစ်မကြီး ငါသွားတော့မယ် ယောက်ဖကြီးနဲ့ ချစ်ချစ်ခင်ခင် တစ်သက်လုံးနေပါနော် ။ဖေဖေနဲ့မေမေကိုလဲ နင်တို့လင်မယား စောင့်ရှောက်ပေးပါ။ငါကတော့ မစောင့်ရှောက်ပေးနိုင်တော့ဘူးဟာ။ငါ့ကို ခွင့်ပြုပါ။ အားလုံးကို ငါနှုတ်ဆတ်ခဲ့ပါတယ်။နှုတ်ဆတ်ပြီး ထိုလူသန်ကြီးနှစ်ယောက် ခေါ်ဆောင်ရာသို့ ကျွန်ုပ်လိုက်ပါလာရင်း ထွေးမောင် အိမ်ရှေ့အရောက်မှာ အခ်ျန်မရတာနဲ့ သူ့အိမ်ခေါင်မိုးအပေါ်ကို ဂဲနဲ့ပစ်ပြီး ကျွန်တော် သွားပြီးဆိုတဲ့အကြောင်းလေး နှုတ်ဆတ်ခဲ့တော့ ထွေးမောင် အိမ်ထဲကနေ ထွက်လာပြီး ဟိုကြည့်ဒီကြည့် လုပ်နေခဲ့တယ်။ ကျွန်တော့ကို သူမမြင်နိုင်ဘူးလေ။
ချစ်သူ အိမ်ရှေ့မှာလဲ အကြိမ်ကြိမ်အခါခါ ဂဲနဲ့ပစ် နှုတ်ဆတ်ခဲ့တယ်။ ဖြူငိုနေတယ်။ဂဲသံတွေကိုပဲ သူကြားနေရတယ်လေ။ကျွန်တော့ကို မမြင်နိုင်ဘူး ။ငါသွားတော့မယ် ဖြူရေ ငါနှုတ်ဆတ်တာပါ။ ငါ့နင့်အပေါ်ကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူးဆိုတာ နင်ယုံကြည့်ပေးရင်ပဲ တမန်လွန်ဘဝကနေ ငါကျေနပ်နိုင်ပါပြီ……

*****************************

စာရေးသူ -ထီကလေး
(ရင်နှင့်ရင်း၍ရေးသည်။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages