တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
(အပိုင်း ၁) new version
စာရေးသူ -ထီးကလေး၊
(ရင်နှင့် ရင်း၍ ရေးသည်။)
``ဟေ့ ထီးလေး ´´
ကျွန်ုပ်၏နာမည်ကို ရုတ်တရက် အဝေးမှ လှမ်းခေါ်လိုက်တယ်။ အသံလာရာဆီသို့ ကျွန်ုပ်လှမ်းကြည့်လိုက်တော့
``မျှားလေး လာလေဟာ ´´
မျှားလေးနဲ့ကျွန်ုပ်ဟာငယ်ပေါင်းတွေပေါ့ ။တစ်ယောက်ကျန်နေသေးတယ် ။သူက
``အမယ် မင်းတို့နှစ်ယောက် တိတ်တိတ်လေးဘာတွေ တိုင်ပင်နေကြတာလဲ ပြောစမ်းပါဦး´´
ခေါင်းရင်းခြံဘက်အပေါ်နားက အသံတစ်ခု ထွက်ပေါ်လာတာနဲ့ ကျွန်ုပ်နဲ့မျှားကလေး လှမ်းကြည့်မိလိုက်တယ်
``ဟဲ့သေနာကောင် လမ်းကလေး နင်ပြုတ်ကျ သေချင်လို့လား ´´
သူက လမ်းကလေး ကျွန်ုပ်တို့က အိမ်နီးနားချင်း သိပ်ခင်ကြနဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဖြစ်သလို ငယ်ငယ်လေးထဲက ကျောင်းအတူတူတတ်လာတာ အခု နောက်ဆုံးနှစ်အထိပါပဲ ။ လမ်းကလေးက ကျွန်ုပ်နဲ့ ခြေရင်း ခေါင်းရင်း မျှားကလေးကတော့ လမ်းထိပ်နားဘက် နည်းနည်းလှမ်းတယ်။
``ငါ ထီးလေးဆီလာမို့ဟ ငါ့အဖေက အိမ်စောင့်ဆိုပြီး ခြံတံခါးပိတ်ခဲ့တယ် ဒါကြောင့် ငါ ခြံစည်းရိုး ကျော်တတ်လာတာ´´
``ဒါနဲ့နေပါဦး မျှားလေး နင်ကရော´´
``အော် ငါတို့စာမေးပွဲဖြေပြီးသွားရင် အပန်းဖြေခရီးထွက်ရင် ကောင်းမလားလို့ နင်တို့နဲ့လာတိုင်ပင်တာ´´
``ဟာ အဲ့အကြံ မဆိုးဘူး ထီးကလေး မင်းဘယ်လိုသဘောရလဲ ´´
ရွှန်းရွှန်းဝေတဲ့ မျက်လုံးတစ်စုံနှင့်အတူ ငြိမ်သတ်နေတဲ့ ထီးကလေးကို သူငယ်ချင်းဖြစ်သူ လမ်းကလေးက လှမ်းမေးလိုက်တယ် ။
``ကောင်းတာပေါ့ကွ ငါလဲ ခရီးထွက်ချင်နေတာ အခုအစီအစဉ်က အရမ်းမိုက်တယ် ဒါနဲ့နေပါဦး ဘယ်ကိုသွားမှာလဲ´´
``ချောင်းသာတ်ု့ ငွေဆောင်တို့ဘက် သွားရင် ကောင်းမလားလို့´´
သူငယ်ချင်းမဖြစ်သူ မျှားကလေး စကားအဆုံး၌ လမ်းကလေးက မျက်မှောင် ကျုတ်လိုက်ပြီ
``ဟာ နင်ကလဲ တစ်ခါလဲ ချောင်းသာ တစ်ခါလဲ ငွေဆောင်နဲ့ရိုးနေပြီး အဲ့ဒီံသွားချင်ဘူး´´
``အေးပါဟ ငါလဲ စကားအဖြစ်ပြောတာ ထီးလေး နင်ရော ဘယ်သွားချင်လဲ ´´
``တန်ခိုးနဲ့တို့အားလုံး တိုင်ပင်မယ်လေ တော်ကြာ ဒီကောင်ကြီးက သူကို မတိုင်ပင်ပဲ လုပ်လို့ စိတ်ဆိုးနေဦးမယ်´´
``အေးဟုတ်သားပဲ ဒါဆ်ုလဲ တို့နက်ဖြန် ကန်သင်း ရောက်မှ တိုင်ပင်ကြတာပေါ့´
ဒီကောင်တွေက ဒီအတိုင်းပဲ အားရင် ကျွန်တော့်ဆီ လာပြီး ရှိတာအကုန်လုံး စားသောက်ပြီးမှ ပြန်လေ့ရှ်တယ် ။ ကျွန်တော့ကိုတော့ သိပ်ခင်ကြတယ်။
သူငယ်ချင်း၅ယောက်မှာ တန်ခိုးက အသတ်ကြီးဆုံး တစ်ဇွတ်ထိုးသမား သို့ပေမယ့် ကျွန်တော့တို့အတွက်ဆို သူက အမြဲအနစ်နာခံပေးတယ်။ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ပေးတယ်ပေါ့လေ။ နောက်တစ်ယောက်က ငါးကလေး သူကအသတ်ငယ်ဆုံး အစ်မ ညီမတွေနဲ့ပဲ သူကကြီးပြင်းလာရတော့ မိန်းမလျာစိတ် နည်းနည်းပေါက်နေပြီ။
ဒီလိုနဲ့ နောက်နေ့ မနက်ကျောင်းမှာ ဆုံးဖြစ်ကြပြီး
ကျွန်ုပ်တို့ မနေ့ကပြောဖြစ်သမျှ တန်ခိုးနဲ့ငါးကလေး ကိုပြန်ပြောပြတော့
``အေးဟ ငါလဲ မင်းတို့ကို ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်သေးတာ ငါလဲ စိတ်ဝင်စားတယ် ။ ဒီလိုလုပ်လေး တို့ ၅ယောက် facebook ပေါ်မှာ တစ္ဆေ သရဲ Group ထောင်ထားတယ် မဟုတ်လား´´
``အေးလေ အဲ့ဒါနဲ့ငါတို့ကိစ္စနဲ့ဘာဆိုင်လို့လဲ´´
``ဆိုင်တာပေါ့ကွ ငါးကလေးရ ငါတို့ တစ္ဆေ သရဲ ကဝေ စုန်း မှော် သိုက် လိုက်သူများနှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းများဆိုပြီး နာမည်ပေးထားတယ် ။ ငါတို့ တကယ့် တစ္ဆေ အစစ်ကို လိုက်ပြီး တကယ့် အစစ် တစ္ဆေပုံတွေပဲ Facebook ပေါ်ရှာတင်မယ် ပြီးတော့´´
'``ဘာလဲ ငါကလဲ အဲ့ဒါတွေ ယုံကြည်မရှိတော့ သေချာသိချင်တယ် လို့ပြောဦးမလို့လား´´
``ဟုတ်ပါ့ ´´
သူငယ်ချင်းဖြစ်သူ တန်ခိုးဟာ အလွန်ခေါင်းမာပြီး ဘာမဆို လက်တွေ့ကျကျမှ လက်ခံယုံကြည်တဲ့ သူတစ်ယောက်ဖြစ်ပြီး တစ္ဆေသရဲဆိုသည်ကို လုံးဝ အယုံကြည်မရှိသူ တစ်ယောက်လဲ ဖြစ်သည်။ တန်ခိုးပြောမည့် စကားအား သူငယ်ချင်း ဖြစ်သူ လမ်းကလေး ကြိုတင်သိနှင့်နေလျက် ဦးစွာ ပြောလိုက်သည်။ ထိုအချိန် မျှားကလေးကား တစ်ခုခုကို သတိရသလိုနှင့်
``ဟာ ဒါဆို ငါ့အဖေ ပြောဖူးတဲ့ ငါ့တို့အမွေဆိုင် အိမ်ကြီးရှိတယ် ´´
မျှားကလေး ပြောလိုက်သော စကာစအား ကျွန်ုပ်နှင့်အတူ လမ်းကလေး၊ ငါးကလေး၊ တန်ခိုးတို့ ငြိမ်သတ်စွာ စိတ်ဝင်တစားဖြစ်ခါ
``ပြောပါဦးဟ မျှးကလေးရ စိတ်ဝင်စားလာပြီ´´
``ဟုတ်တယ် ငါ့အဖေ ပြောတယ် အဲ့ဒီအိမ်ကြီးမှာ သရဲခြောက်တယ်တဲ့ အရမ်းသောင်းကြမ်းတာပဲတဲ့´´
မျှားကလေး၏ အဆုံး၌ လှောင်သဖွယ်အပြုံးနှင့် တန်ခိုးက
``တော်လိုက်တော့ မျှားကလေး နင့်အဖေနဲ့အမေ နင့်ကို အဲဒီအိမ်သွားမှာဆိုးလို့ ပြီးတော့ အမွေဆိုင်အိမ်ဆိုတော့ သိတယ်မဟူတ်လား ပြသနာလေးဘာလေး နည်းနည်းပါးပါးရှိတယ် ဒါကြောင့်ပါဟာ´´
``ငါလဲ အဲ့လိုပဲ ထင်တာဟ တန်ခိုးရ
ဒါကြောင့် ငါလဲ အဲ့ဒီအိမ်ကို သွားပြီး လေ့လာချင်တာ ကြာပေါ့ ´´
``ကဲ ဒါဆို ကောင်းပြီ ငါတို့ အဲ့ဒီအိမ်ကို စာမေးပွဲပြီးတာနဲ့ လေ့လာရေး ထွက်ကြမယ် ဘယ်လိုလဲ ´´
သုံးယောက်သား အတိုင်ဖောက်ညီစွာ ပြောနေသော ကျွန်ုပ်တို့၏ စကားအဆုံး၌ သူငယ်ချင်းဖြစ်သူ ငါးကလေးက
``ဟူတ်မှလဲ လုပ်ပါအေ နင်တို့ဟာက တကယ်ဆို ခြောက်စရာကြီး´´
``တကယ်ဆိုလဲ သူတ်ု့က လူကို ဒုက္ခမပေးနိုင်ဘူးလို့ငါကြားဘူးတယ် ´´
``ငါကတော့ ကိုယ်တွေ့မဟုတ်ရင် ဘာမှ အယုံအကြည်မရှိဘူး´´
``ငါတို့က ခေတ်လူငယ်တွေပဲ ဘာမှ မသိပဲ စွတ်ကြောက်နေရင် အပိုပဲ သေချာ သရဲရှိ မရှိ အရင် လေ့လာပြီးမှ လက်ခံသင့် မခံသင့် ဆုံးဖြတ်မယ် ဒါပဲ ´´
``ကဲ ကဲ မျှားကလေး နင်က အဲ့အိမ်အတွက် တာဝန်ယူ
ူ ပြီးတော့ နင့်မိဘတွေကို အဲ့ဒီအိမ်ကို သွားမယ် ဆိုတာကို မပြောမိစေနဲ့ ထုံးစံအတိုင်း တို့အပန်းဖြေခရီး ချောင်းသာလို့ပဲ ပြောထားမှ ဖြစ်မဟ် ´´
``အေးပါဟ ဒါပေမယ့် အဲ့ဒီအိမ်သော့ က ငါ့ဖေဘယ်မှာ ဝှက်ထားလဲ ငါမသိဘူး ´´
မျှားကလေး၏ စကားကား မသေချာသည့် ပုံစံဖြစ်ပေါ်နေလျက် ကျွန်ုပ်တို့လေးယောက် သံပြိုင်ထွက်လာသည်က
``ဟာ ! နင်ကလဲ ´´
``ဒါပေမယ့် မပူပါနဲ့ ငါရအောင် ရှာမှာပေါ့ဟ´´
``ကဲ ကဲ အတန်းတတ်ရဦးမယ် မဟုတ်လား သွားကြရအောင်´´
မျှားလေးကတော့ ပြောတာပဲ သရဲခြောက်တယ်တဲ့ ဘယ်လို ခြောက်တာလဲ တကယ်ရော ဟုတ်ရဲ့လား မယုံပါဘူး သရဲကတော့ မခြောက်ဘူး မဟူတ်ဘူး ခြောက်တယ် သို့ပေမယ့် အဲ့အိမ်မှာက တကယ်ရော ခြောက်တာဟုတ်ပါ့မလား လူကြီးတွေက အကြာင်းတစ်ခုခုကြောင့် လိမ်ထားတာလား ဝေခွဲမရ ။
စာမေးပွဲ နောက်ဆုံးနေ့မှာတော့
``ဟေ့ယောင် ထီးလေး ကြည့်စမ်းပါ ငါ့ကား ဘယ်လိုလဲ လန်းရဲ့လား ´´
`` ဟင် မင်းကားကလဲ လိုင်းကားဆွဲမလို့လား ´´
``ငတုံးရဲ့ တို့ခရီးထွက်ရင် ဒီလို ကားမျိုးမှ ဖြစ်မှာပေါ့ဟ တကူးတက ငါ့ယောက်ဖဆီက ငါ့ကားအသစ်ဆက်ဆက်လေး ခဏပေပြီး သူ့ကားကြီးဆွဲလာတာ´´
တန်ခိုး မောင်းလာတဲ့ ကားက မိသားစုကားလေး တော်တော်တော့ ဟောင်းနေပြီ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကို စဖို့တော့ အချိန်နီးကပ်လာပြီ ဆိုပါတော့
စာမေးပွဲပြီးတော့ ကျွန်တော်တို့ ၅ယောက် ဆုံဖြစ်ပြန်တယ်
``မျှားကလေး နင်အိမ်သော့ ရှာလို့ရလား´´
``မျှားကလေးပါဟ ပစ်ရင် ပစ်သလောက်သွားတယ် ဒီမှာတွေ့လား´´
မျှားကလေး ထုတ်ပြလိုက်တဲ့ သော့က အခုချိန် ကြည့်ချင်တယ်ဆိုရင် ရှေးဟောင်းပြတိုက် တစ်ခုခုမှာ သွားကြည့်မှပဲ တွေ့နိုင်မယ့် သော့ပုံစံမျိုး
``ဘာကြီးတုန်းဟ နင်ဟာက သော့မှ ဟုတ်ရဲ့လား ´´
``သေချာလို့လားဟာ မျှားကလေး´´
``သေချာတာပေါ့ ငါ့အဖေ ဖိုထိုးတဲ့အခန်းထဲမှာ သေချာကိုဝှက်ထားတာ ဒါမှ ဒါပဲ´´
တန်ခိုးက ``ပြစမ်း ´´
``ဟုတ်လို့လား တန်ခိုးကြည့်စမ်းပါဦး မင်းက ရှေ့မှီ နောက်မှီ ကောင်ဆိုတော့ ´´
``ငါလဲ သေချာမသိဘူးကွ ဒီသော့က ဂမ္ဘီရတော်တော်ဆန်တယ် သော့ခေါင်းမှာ ဘီလူးရုပ် သော့ဖင်ဘက်မှာ နဂါးရုပ် ငါတို့မြင်ဖူးနေကြ သော့ပုံစံလဲ မဟုတ်ဘူး ´´
``ဘာပဲ ဖြစ်ဖြစ် တန်ခိုး အိမ်ကြီးဆီ ရောက်ရင်တော့ သော့ခလောက်နဲ့ယဉ်ပြီး ဖွင့်ကြည့်ရမှာပဲ ´´
စကားကို ဖြတ်ပြောလိုက်သူက ငါးကလေး
``ဟေ့ နင်တို့နော် ငါကကြောက်တတ်တယ် ´´
``ဟာကွာ မင်းကလဲ ယောက်ျားမဟူတ်တဲ့အတိုင်းပဲ ´´
၅ယောက်သား စကားကောင်းနေလိုက်တာ ညနေ၅နာရီတောင် ကျော်သွားခဲ့ပြီ
ခရီးထွက်မယ့် ရက်ကလဲ တစ်ဖြည်းဖြည်းနီးကပ်လာခဲ့ပြီ
တစ်နေ့ ညနေမှာ သော့ပိုင်ရှင် မျှားကလေး ကျွန်တော့အိမ်သို့ရောက်လာခဲ့တယ်
``ထီးကလေး´´
``မျှားလေး လာလေဟာ´´
``ငါဒီသော့ကို ခိုးထားတဲ့နောက်ပိုင်းမှာ ငါအိပ်မက်တွေ မကောင်းဘူးဟ´´
``ဘယ်လို မကောင်းတာလဲ´´
``ဒီလိုဟ မိသားစု ၃ယောက်ကို ဓားနဲ့ရက်ရက်စက်စက် ထိုးသတ်တယ် ပြီးတော့ အော်သံတွေကိုလဲ ငါ အပြင်မှာ ကြားနေရသလိုပဲ အိပ်မက်ထဲမှာ ကြားနေရတယ် အဲ့ဒီလိုမက်တိုင်း ဘယ်နေရာလဲတော့ မသိဘူး ငါ့စိတ်ထဲမှာ လူတွေ အများကြီးရှိတဲ့နေရာထဲကို ရောက်နေသလိုပဲ အဲ့ဒီ လိုလူတွေကလဲ တကယ့်လူအစစ်တွေလိုလဲ မဟူတ်ဘူး တစ်ခုခု ထူးခြားနေတယ် ´´
'``ဟုတ်ပါ့မလား´´
``နင်မယုံလဲနေပါ ဒါက နင်မှ မဟူတ်ပါဘူး ဘယ်သူမှ ယုံနိုင်မဲ့ အိပ်မက်မျိုးမှ မဟူတ်တာ အော် ဒါနဲ့ နင့်အဖေက အထက်လမ်းလိုက်နေတာမဟုတ်လား ဒီသော့လေးကို ပြကြည့်ပါလား´´
`` ဟာ နင်ကလဲ သော့ကို ပြလိုက်လို့ တို့အစီအစဉ်တွေ သိကုန်မှ ဟူတ်ပါ့ဖြစ်နေမယ်´´
``ဒါလဲ ဟုတ်တာပဲ ´´
``ခဏပြစမ်း ငါ ကိုင်ကြည့်မယ်´´
ကျွန်တော်က အထက်ဂိုဏ်း ဆေးတတ်ထားတယ်။ ဘာတွေထူးခြားသလဲတော့ မသိ ဆေးစက်လေးတွေက စေတီပုံ လေးတွေ ဆိုတော့ သဘောကျလို့ အဖေ့ကို ထိုးခိုင်းထားတာ ကျွန်တော်မျှားကလေးဆီက သော့ကို လှမ်းယူလိုက်တယ်
ကျွန်တော့လက်ထဲ ဖျင်းကလဲ ဖြစ်သွားပြီး
``ဟာ နင်ကလဲ သော့လေးတောင် အောက်ကျအောင် ယူရတယ်လို့ ရော့´´
ကျွန်တော့လက် ဖျင်းကနဲ့ဖြစ်သွားတာကို မျှားကလေးကမသိ ကျွန်တော့ကိုသာ အပြစ်ပြောတော့သည်။
ကျွန်တော် မျှားကလေးပြန်ကောက်ပေးတဲ့သော့ကို ယူပြီး သေချာ ကြည့်တယ်
သော့က ထူးခြားတယ် သော့တံတစ်ချောင်းလုံးမှာလဲ စာတွေ ရေးထားသလိုပဲ နှစ်အတော်ကြာပြီနဲ့တူတယ် သံချေးတွေတောင် တတ်နေခဲ့ပြီ
``ဟဲ့ ဘာတွေ တွေးနေတာလဲ ´´
``ဟမ် အော် သော့က ထူးခြားတယ်ဟ ငါတွေးကြည့်နေတာ ဒါနဲ့နေပါဦး ခြံကဘယ်နားမှာ ရှိတာလဲ နင်ရော လမ်းသိပါ့မလား ´´
``ခြံက …………မြို့အလယ် တည်တည့်ပဲ ငါသွားတတ်တယ် ငယ်ငယ်က ငါ့ဒေါ်လေးနဲ့ တစ်ခေါက် အိမ်အရောင်းဝ
်လုပ်မလို့ဆိုပြီ ခေါ်သွားလို့ ခြံရှေ့ထိတော့ ရောက်ဘူးတယ် နင်ကလဲဟာ ဘာတွေ ပူနေတာလဲ ပါးစပ်ပါရင် ရွာရောက်ပါတယ်´´
``ရွာရောက်တော့ ရွာလည်မှာ ဆိုးတာဟ´´
နှစ်ယောက်သား စကားပြောကြရင်း ည၇နာရီထိုးတော့ ကျနော့ကို မျှားကလေးနှုတ်ဆတ်ပြီး အိမ်ပြန်ခဲ့ချေပြီ
ကျွန်တော် တစ်ညလုံး စဉ်းစားမရ အိပ်လို့လဲ မပျော် သော့ကိုသာ မျက်စိထဲပြန်မြင်နေပြီး လက်ဖျင်းကနဲဖြစ်သွားတာကို ပြန်တမ်းတနေမိတယ်
``ဟေ့ယောင် ထီးကလေး ဟေ့ယောင် ထတော့ ´´
``ဟင် ၈ နာရီပဲရှိသေးတယ် ´´
ကျတော့အိပ်ခန်းကို လာနှိုးသူက လမ်းကလေး
``ဦးနဲ့အန်တီ ငါ့ကိုသွားနှိုးဆိုလို့ငါလာနှိုးတာ ထတော့ နက်ဖြန် တို့ခရီးထွက်ဖို့လိုအပ်တာတွေ သွားဝယ်ရောက်အောင် ´´
``အေးအေး ငါ မျက်နှာသစ် နေတုန်း မင်း ဟိုသုံးကောင်ဆီ ဖုန်းဆက်ထားလိုက်´´
ကျွန်တော့မျက်နှာသစ်ပြီးတော့ အောက်ထပ်စင်းလာခဲ့တယ်
``ဟင် တန်ခိုး မင်းလက်က ဘာဖြစ်တာလဲ´´
``မသိပါဘူးကွာ ငါ့ဦးလေးပြောတာတော့ ပင့်ကူးရှက်လို့ ယောင်နေတာလို့ပြောတာပဲ ´´
``အမယ်လေး ဖြစ်ရတယ် တန်ခိုရယ် ´´
``မင်းကားမောင်းနိုင်မှာ မဟုတ်ဘူး ငါပဲ မောင်းမယ် လာအခု တို့ပလာဇာ သွားပြီး လိုအပ်တာတွေ ဝယ်ရမယ်´´
ပလာဇာ ရောက်တော့ ငါးကလေးက သူ့အိမ်မှာမရှိတဲ့အတိုင်းပဲ တရားစာအုပ် ပရိတ်စာအုပ်တွေ ဝယ်လို့ တန်ခိုးကတော့ နည်းနည်းသောက်တတ်တော့ ဘီယာတွေဝယ်တယ် လမ်းကလေးကတော့ အစားအသောက်သမား
မျှားကလေးကတော့ အထွေထွေ လိုအပ်တာတွေ ဝယ်တယ် ။ ကျနော်လဲ စားဖို့သောက်ဖို့ပဲ လိုအပ်တာတွေ ဝယ်စုပြီး လူစုခွဲ အိမ်ပြန်ကြပြီး။
မနက်ဖြန်က ကျွန်တော်တို့လေ့လာရေး ခရီးစဉ် ထွက်ကြတော့မည်လေ ………
***************************
Post Top Ad
Responsive Ads Here
အပိုင်း(၁)နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Share This
Tags
# ၀၁.နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Share This
About Unknown
၀၁.နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Labels:
၀၁.နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment