သရဲဆိုတာ ချိုနဲ့လား
အချိန်ကား ၂၀၀၀ပြည့်နှစ်
အမေက ညီလေးကိုယ်ဝန်ကြီးနှင့် နှင်းဆီ(၃)လမ်းမှာနေတယ်။ အဲ့ဒီအိမ်က အဖေ အမေတို့နဲ့ အကျိုးပေးတယ်လို့ဆိုရမလား။ ပိုက်ဆံ ရှာရတာ တော်တော်လေး အဆင်ပြေတယ်။ အမေ့လက်မှာ လက်ကောက်အပြည့် အဖေကလဲ တစ်နေ့တစ်နေ့အမေ့ကို ပြန်အပ်တဲ့ပိုက်ဆံက သုံးမကုန်နိုင်လောက်အောင် ဖြစ်နေမလား။ စီးပွားရေး တော်တော်လေးကို အဆင်ပြေတယ်။ ဆိုးတာက ဘေးပတ်ဝန်းကျင်နဲ့ မသင့်မြတ်ဘူး။ တစ်လမ်းလုံးနဲ့တစ်အိမ်ပေါ့။ အမေ ၅နှစ်သမီးတည်းက နေလာတဲ့ရပ်ကွက် အဖေနဲ့အိမ်ထောင်ကျတဲ့အထိလဲ အဲ့ရပ်ကွက်မှာပဲ နေတုန်း။ အိမ်ဒေါင့် ခြံစည်းရိုးက ကျွင်းမှာ ငန်းမြွေကြီးတစ်ကောင် ရှိတယ်။ အဝါကျား မြွေဘုရင်ပေါ့ ။ ဒီမြွေရှိနေရင် ကျန်တဲ့မြွေဆိုးတွေ မလာဘူး။။ လပြည့်လကွယ်ဆိုမှ ကျွင်းထဲက ထွက်လာတယ်။ စစတွေ့ချင်း အဖေ အမေတို့က လူတွေကို အန္တရယ်ပြုမှာ စိုးရိပ်ကြတယ်။ အိပ်နေချိန်တွေ အိမ်ပေါ်တတ်ပြီး အိမ်သားတွေကို ဒုက္ခပေးမှာ ဆိုးနေခဲ့တယ်။သို့ပေမယ့် ဒီမြွေကြီးဟာ အိမ်သားတွေနဲ့ပတ်ဝန်းကျင်ကိုလဲ ဒုက္ခမပေးဘူး။ နှစ်တော်တော်ကြာကြာ အဖေ အမေ တို့နဲ့မြွေကြီးဟာ ရင်းနှီး လာတယ်ပဲ ပြောရမလား။ လပြည့် လကွယ်တင် မကဘူး ။ ကြားရက်တွေဆိုလဲ ကျွင်းအဝမှာ တွေ့တွေ့လာရတယ်။ အယူသီးသလား မသိ။ ဒီမြွေကြီး ကျွင်းထဲ ထွက်လာတဲ့နေ့ဆို အရင်နေ့တွေထက် ဝင်ငွေ ပိုကောင်းလာတယ် ပိုက်ဆံပေးမယ့် သူက အိမ်တိုင်ရာရောက် လာပေးတဲ့အထိပါပဲ။လာဒ် ပိုရွှင်လာတယ် ။ဒါပေမယ့်
တစ်လမ်းလုံးနဲ့ မသင့်မြတ်တော့ အဖေကလဲကြာတော့ စိတ်ပျက်လာတယ်။ မိသားစုပြေပြေလည်လည်ဖြစ်နေတော့ အပေါင်းသင်းကဝိုင်းလို့ပေါ့။ မနာလိုသူတွေကလဲ အိမ်ကို မကျေနပ်ဘူး။ ဒီတော့ အဖေက ဒီလမ်းမှာ မနေချင်တော့ဘူး။ တစ်ခြားရပ်ကွက်ကို ပြောင်းမယ်လို့ အမေ့ကို ပြောတယ်။ တစ်သက်လုံး အဖေ့စကားနားထောင်နေတဲ့ အမေက သဘောတူလိုက်တယ်။ အဖေတို့အိမ်ပြောင်းမယ့် နေ့မှာ အဲ့ငန်းမြွေကြီးက ခြံစည်းရိုး တန်းပေါ်ကို တတ်နေခဲ့တယ်။ လမ်းကသူတွေ မြင်ရင် မြွေဆိုးကြီး ဆိုပြီး သက်ပစ်မှာဆိုးလို့ ခြံစည်းရိုးပေါ်က မောင်းထုတ်တယ်။ ဒါပေမယ့် မြွေကြီက မသွားပဲ ပေကပ်နေခဲ့တယ်။ နောက်ဆုံးမောင်းလို့မရတာနဲ့ မမောင်းတော့ဘူး ဒီတိုင်းပဲ ထားလိုက်တော့တယ်။ တော်ကြာ စိတ်ဆိုးပြီး အိမ်သားတွေကို ရန်ပြုမှာလဲ စိုးရိမ်တော့ သူထိုက်နဲ့သူကံဆိုပြီး ဥပေက္ခာပြုထားလိုက်တယ်။ ပြောင်းရွှေ့ဖို့ပစ္စည်းတွေ ကားပေါ်တင်မဟ့် ချိန်ကျတော့ ခြံစည်းရိုးပေါ်က မြွေကြီး မရှိတော့ဘူး။ လူများလို့ထင်ပါရဲ့ဒီကောင်ကြီး ပုန်းနေပြီ။ မိသားစုကိုလဲ အန္တရယ် မပြုဘူး။ ဒါကြောင့်အဖေက မြွေကြီးကို တွေ့တိုင်း မေတ္တာပို့ပေးတယ်။ ပစ္စည်းတွေနဲ့ ကားကို အရှေ့က အရင် ပျောင်းမယ့် နေရာကို သွားခိုင်းလိုက်တယ်။ အဖေကို ကျွန်တော့ကို ချီထားတယ်။ အမေက အစ်မကြီးကို လက်လေးဆွဲပြီး အိမ်အပေါ်က ဆင်းမယ် အလုပ် အိမ်အပေါက်ဝမှာ ဒီငန်းမြွေကြီးက ဆင်းလို့မရအောင် ကန့်လန်ခံထားတယ်။ရုတ်တရက် ကျွန်တော့ကို ချီထားတဲ့အဖေ လန့်သွားတယ်။ မြွေကြီးကို အဖေက ဖယ်ပေးဖို့ပါးစပ်ကနေ ပြောနေခဲ့တဟ်။ တခြားသူတွေ သူ့ကို တွေ့ရင် အန္တရယ် ပေးမှာကိုလဲ စိုးရိမ်နေရတယ်။ ကျွန်တော်တို့မိသားစု လေးယောက် ဗိုက်ထဲက ကျွန်တော့ညီလေး ပါရင် အားလုံးပေါင်း ငါးယောက် အိမ်ပေါ်က မဆင်နိုင်သေးပဲ မြွေကြီးကို အရင်မောင်းနေရတယ်။ တော်တော်လေး ကြာတော့ အမေက ရေရည် ငွေရည်နဲ့ပတ်တယ်။ အမေကြောက်ကြောက်နဲ့ ရွှေရည် ငွေရည်ပတ်တာ မြွေကြီးနဲ့ တစ်ခြားစီပဲ။ အဖေက ဒီလောက် ရင်းနှီးနေတဲ့ မြွေကြီး အန္တရဟ် ပြုမယ်ဆိုလဲ အသေခံလိုက်မဟ် ဆိုပြီး အမေ့ဆီက ရွှေရည် ငွေရည်ကို ယူပြီး အနီးကပ် မြွေကြီးကို လောင်းပေးလိုက်တယ်။ ရေလောင်းတာကိုလဲ တုတ်တုတ်မှ မလုပ်ပဲ ငြိမ်နေခဲ့တဟ်။ ခဏကြာတော့ မြွေကြီးလဲ အိမ်အောက်ပြန်ဆင်းပြီး ပျောက်သွားခဲ့တယ်။တကယ်တော့ ဒီအိမ်ကနေ ကျွန်တော်တို့မိသားစုပြောင်းရွှေ့မှာကို သူမလိုလားဘူးနဲ့ထင်ပါရဲ့။ အပိတ်ဝကနေတားလို့။ မတတ်နိုင်ဘူးလေ ပတ်ဝန်းကျင်နဲ့မသင့်မြတ်တဲ့လမ်းမှာ မနေချင်တော့ဘူး။

တစ်ခြားရပ်ကွက်ကို ကျွန်တော်တို့မိသားစုတွေ ပြောင်းလာတော့ ကျွန်တော်အသတ် ၇ နှစ်ရှိပြီ။ မြောက်ဥက္ကလာပ တည်ထားတာ မကြာသေးတော့ အိမ်တွေကလဲ ကျဲတယ်။ အဖေဝယ်လိုက်တဲ့အိမ်က ခြံအကျယ်ကြီးမှာ ပျင်ထောင်အိမ်သေးသေးလေးက အလယ်မှာ တစ်လုံးတည်း။နောက်မှ အိမ်ပြန်ဆောက်မယ်လေ။ လောလောဆယ်တော့ ဒီမှာ ခဏနေတာပေါ့။ အိမ်က လမ်းဒေါင့်ကွက် ။ အဲ့အိမ်ကို စရောက်တဲ့နေတည်းက အမေနဲ့အဖေ နားလည်မှု့တွေ အမျိုးမျိုးလွဲတယ်။တစ်ခါမှ အဖေ့စကားဆို မငြင်းတတ်တဲ့အမေက ကန့်လန့်တွေပြောတယ်။အမေစကားပြောတဲ့အခါဆိုလဲ အဖေကန့်လန့်ပြောတယ်။ တစ်ယောက်နဲ့တစ်ယောက် လင်မယားတွေ မျက်နှာချင်းဆိုင်မရဘူး။အဖေ့ရဲ့ညီဝမ်းကွဲ သူက နတ်ကတော် လုပ်စားတယ်။ သရဲတော့ အသေကြောက် ။ကြောက်မှာပေါ့ ။ခဏခဏ အခြောက်ခံရတယ်။ဒါကြောင့်လဲ လန့်တယ်။ အိမ်အသစ်ဆိုတော့ သူလာလည်တယ်။အိမ်မှာ ညအိမ်တယ်။ မနက် ဦးလေးကပြောတယ်။ ကိုမြင့်သိန်း ခင်ဗျား အိမ်မှာ သရဲခြောက်တယ်တဲ့။ အဖေက ရီတယ်။ နဂိုတည်းက သရဲကြောက်တတ်တဲ့သူဆိုတာ အဖေက သိထားတယ်လေ။ သူပြောတာကိုလဲ မယုံဘူး။ တစ်ညပဲ အိပ်တယ် ။နောက်နေ့ကြတော့ အဲ့စကားပြောပြီး ညနေဆောင်းပြီးဆိုတာနဲ့သူ့အိမ်သူပြန်တာပဲ။ ခြောက်တယ်ပြောတဲ့နေရာက အိမ်အခန်းလေး။ အိမ်က သေးသေးလေး အခန်းစည်းလေးပဲရှိတယ်။ မိသားစုတွေကတော့ အိမ်အရှေ့ခန်းလေးမှာ အိပ်ကြတယ်။ မိသားစုတွေ စပြောင်းလာတည်းက တစ်အိမ်လုံးကို ရေဆေးတာပဲ။ ဒါပေမယ့် အဲ့ခန်းကို ပိုဆေးတယ်။ သေးဆော်နံလို့။ ညဘက်ဆို အဲ့အခန်းက ထွက်လာတဲ့သေးအနံက နေမရဘူး ။အရမ်းနံတာ။ လူကြီးသေးအနံဆိုတော့ ဘယ်လိုပြောရမလဲ။အနံခံဘူးတဲ့သူတွေ သိမှာပေါ့။ အိမ်တတ်လုပ်တယ်။ ဘုန်ကြီးပင့် တရားနာ ရေစက်ချ အလှူလုပ်တယ်။ အလှူလုပ်တဲ့ညမှာပဲ အဖေ့ညီ ဝမ်းကွဲ လာအိပ်တယ်။ သူ့ကို အဲ့အခန်းထဲမှာ အိပ်ခိုင်းတယ်။တရားနာပြီးသွားပြီပဲ အေးဆေးပေါ့။ သူအိပ်တယ်။ ညသန်းခေါင်လောက်ကျတော့ သူအိပ်ရှေ့ကို အသံကျယ်ကြီး အော်ပြီး ပြေးထွက်လာတယ်။ လုပ်ပါဦး ကျွန်တော့ ကို အဖွားကြီးတစ်ယောက်လာနိုးနေတယ်။ အဖေနိုးသွားတယ်။ တစ်မိသားစုလုံးနိုးသွားတယ်။ သူ့ကြည့်လိုက်တော့ ယောက်ျားကြီး တန်မဲ့ချောတွေထွက်လို့။ဘယ်လိုလာနိုးတာလဲ မေးတော့ သူအိပ်နေတယ် အဘွားကြီးတစ်ယောက်က ထထ ဒါငါ့နေရာလို့ပြောပြီး နိုးတယ်။ အဖေရီတယ်။ သူ့ကို အိမ်ရှေ့မှာပဲ အဲ့ညက ပြန်အိပ်ခိုင်းပေမယ့်။ ဘာပြောကောင်းမလဲ ညတွင်းချင်း သူအိမ် သူပြန်လစ်ရော။ အဖေက အလုပ်သွားတယ်။ ကလေးတွေနဲ့အမေပဲ ကျန်နေခဲ့တယ်။ နေ့ခင်းမှာဆိုလဲ အခန်းထဲကနေ ရေသန့်ဘူး အခွံတွေ ပြုတ်ကျလိုက်။ ကြမ်းတွေကို ချိုးပစ်သံကြားရတယ်။ သွားကြည့် ဘယ်သူမှ မရှိဘူး။ ရက်တွေ ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာတယ်။ နေ့ခင်းဘက်တွေပါ သေးအနံရလာတယ်။ ပတ်ဝန်းကျင်မှာလဲ အစတည်းက ဒီခြံမှာ သရဲခြောက်တယ်လို့ပြောကြတယ်။ အဖေမသိဘူး။ ယုံလဲ မယုံဘူး။ ဝယ်တယ်။ ကလေးလေးဖြစ်တဲ့ခုနှစ်သားကျွန်တောက တစ်ခါခါ အဘွားကြီးတစ်ယောက် အခန်းထဲမှာ ထိုင်နေတာ တွေ့တယ် မေမေလို့ပြောတယ်။ အစ်မကတော့ ကျွန်တော့ထက် ကြီးတယ်။ လူကြီးစကားတွေ ကြားပြီး သူက သရဲကြောက်တတ်နေပြီ။ ကလေးဖြစ်တဲ့ကျွန်တောကတော့ ဘာမှ မသိဘူး။ နေ့စဉ် ရက်ဆက် လင်မယားတွေ စကားများတယ်။ တူတူမအိပ်ကြဘူး။ ခွဲအိပ်ကြတယ်။ တူတူအိပ်နေရင်းနဲ့ရန်ဖြစ်ချင် ဖြစ်နေကြတာ။ သေးနံတွေကလဲ နေ့တိုင်းလိုလို ရလာတော့ မဖြစ်တော့ဘူး ။တစ်ခုခုလုပ်မှ ရတော့မယ်လို့ အိမ်ထောင်ဦးစီးဖြစ်တဲ့အဖေက တွေးမိပြီး ဘုန်းကြီးပင့် တရားနာ ထပ်လုပ်တယ်။ ဒါပေမယ့်လဲ ဒီအနံတွေက အရမ်းကအတိုင်းပဲ ရနေတုန်းပဲ ။ နောက် အဖေ ယုံကြည် အားကိုးတဲ့ အဖေ့အထက်လမ်း ဆရာ အိမ်ရောက်လာတော့ အိမ်မှာ ဖြစ်နေတာတွေကို ပြောပြလိုက်တော့ သူကပြောတယ်။ အနှောက်ယှက်ရှိနေတယ်။ သူဖြစ်ချင်တဲ့ ဆန္ဒကို မေးပြီး ဖြစ်ချင်တာတွေ လုပ်ပေးလိုက် ဒါဆို တစ်မျိုး ထူးခြားလာလိမ့်မယ်။ ဘယ်လို မေးရမှာတုန်း။သရဲကြောက်တတ်တဲ့ နတ်ကတော် ဦးလေးကို အဖေခေါ်လိုက်တယ်။ သူအိမ်ရောက်လာခဲ့တယ်။ အဖေ့ဆရာကိုတွေ့တော့ သူရဲ့ဆရာဆိုလဲ မမှားဘူး။ အိမ်ထဲ သူစဝင်လာတယ်။ ဘုရားကို ကန်တော့လိုက်တယ်။
ကန်တော်နေတာ တော်တော်နဲ့ခေါင်းပြန်မမော့ဘူး။ အဖေက သူ့နာမည်ခေါ်လိုက်မှ ခေါင်းမော့သွားတယ်။ ဒါပေမယ့် ဦးလေး မဟုတ်ဘူး။အဖေ့ဆရာက ဦးလေးကို ဝင်ကပ်လာတဲ့ သရဲကိုပြောလိုက်တယ် ။
မင်းရောက်လာပြီလား ဘာလို့ ဒီမိသားစုကို အခုလို နှောက်ယှက်နေရတာလဲ
ဒါ ကျမအိမ် ကျမသဘောမပဲ ကျမယောကျားက သူတို့တွေကို ရောင်းလိုက်တာ အဲ့ဒါကြောင့် ဒီမှာပဲ ကျမ ဆက်နေတာ
မင်းဒီလို လုပ်လို့မရဘူးလေ လွတ်ရာ ကျွတ်ရာကို မင်းသွားရမယ်
မသွားနိုင်ဘူး ဒါကျမ အိမ် ဒီမှာပဲ နေမှာ ဘုန်းကြီးလဲ ကျမကို မောင်းထုတ်လို့မရဘူး ဆရာလဲ ကျမကို နှင်လို့မရဘူး ကျမ အိမ်မို့ကျမနေနိုင်တယ်
ဒါဆို ဒီမိသားစု လင်မယားနှစ်ယောက် မျက်နှာချင်းဆိုင်မရအောင် မင်းပဲ လုပ်နေတာလား ဘာကြောင့်လဲ
ကျမ ဒီအခန်းမှာပဲနေတယ်။ ကျမယောက်ျားက သစ္စာမရှိဘူး ဖောက်ပြန်တယ် ကျမ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲရတယ် နောက်ဆုံး ချီးမနိုင် သေးမနိုင် ဖြစ်ပြီး ဘယ်သူမှ မသိပဲ အခန်းထဲမှာပဲ သေခဲ့ရတဟ် ဒါကြောင့် ကျမအရှေ့မှာ လင်မယားတွေ ချစ်နေကြတာ မြင်ရင် မနာလိုဘူး ဒါကြောင့် နှောက်ယှက်တာ
မင်းကို ငါနှင်လို့ရမယ့် နည်းရှိတယ် ဆိုတာ မင်းသိလား
မသိဘူး နှင်လဲ မသွားဘူး
ဟုတ်ပြီ ဒါဆို မင်းအိမ်မဟုတ်ပဲ မင်းနေလို့ရမလား
မရဘူး
ဒါဆို ငါ ဒီမိသားစုကို အိမ်အသစ်ပြန်ဆောက်ခိုင်းလိုက်မယ် ဒါဆို မင်းနဲ့မဆိုင်တော့ဘူး ဟုတ်တယ်ဟုတ်
ဒါဆို ကျမက ဘယ်မှာ သွားနေရမလဲ
မင်းအတွက် ကောင်းမှု့ကုသိုလ်လုပ်ပေးမယ် မင်းသာဓုခေါ်
အိမ်အသစ်မဆောက်မခြင်း ကျမ ဒီမှာပဲ နေမှာ
နေ တစ်ခုတော့ မင်းကို သတိပေးမဟ် ကောင်းကောင်းနေ အနှောက်ယှက် မပေးနဲ့ ကြားလား ခေါင်းငြိမ့်မနေနဲ့ ပါးစပ်က ပြော
ဆရာ အမျှပေးပါ

အဲ့လိုသိလိုက်ရတော့ ချက်ချင်း လက်သမားခေါ် အိမ်ကို ချက်ချင်ဖျက်ခဲ့တယ်။ မိသားစုတွေကတော့ ဦးလေး အိမ်မှာ ခဏပြောင်းနေခဲ့တယ်။ နောက် အိမ်ဆောက်ပြီးတဲ့နေ့ကစပြီး ဘာအနံ ဘာအသံမှ မကြားရတော့ဘူး။ အဲ့ချိန်ကစပြီး အခုချိန်ထိ အိမ်မှာ မိသားစု ချစ်ချစ်ခင် နေနိုင်ခဲ့တယ်။ ရှေးလူကြီး ပြောဆိုချက်အရ အစွဲဖြင့် ကပ်နေခြင်း။
စာရေးသူ-ထီးကလေး

No comments:
Post a Comment