အပိုင်း (၁၅) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် 
          ဝိဥာဉ်နှင့် 
ပျောက်ဆုံးနေသော သူ၏ 
             အလောင်း 
                     အပိုင်း (၁၅)
စာရေးသူ-ထီးကလေး၊
(ရင်းနှင့် ရင်း၍ ရေးသည်။)


အချိန် ကြာမြင့်စွာ ကွဲကွာနေရသော မိန်းမဖြစ်သူအား တွေ့လိုက်သည်နှင့် ကြေကွဲ ဝမ်းနည်းသော လေသံလေးဖြင့် 
        ' ဖြူ ' 
တစ်ဖတ်လှည့်နေသည့် မိန်းမဖြစ်သူအား ဂရုဏာအသံလေးဖြင့် မောင်ကျော် ခေါ်လိုက်လေတော့သည်။ 
ဝိဥာဉ်မောင်ကျော်အား စိတ်ဆိုးနေသော အမူယာဖြင့် ခေါ်နေသော အသံအား ဖြူဖြူသျှင်းတစ်ယောက် လှည့်မကြည့် 
' ဖြူ … မင်းသိပ်ရက်စက်တယ်ကွာ … ဘာကြောင့် ငါ့သမီးလေးကို စွန့်ပစ်လိုက်ရတာလဲ … ငါမင်းကို ထားသွားတာ မဟုတ်ပါဘူး … မင်းအဖေကြောင့် ငါသေသွားခဲ့ရတာပါဖြူရယ် ငါ့ဘက်ကို လှည့်ကြည့်ပါဦး … ငါ့အကြောင်းမင်းကို ပြောချင်လွန်းလို့ အခတ်အခဲမျိုးစုံကို ငါရင်ဆိုင်နေရတယ် ငါ့အကြောင်းကို မင်းသိသွားတာတောင် ငါ့ကိုစိတ်ဆိုးနေတုန်းပဲလားကွာ … ပြီးတော့ မင်းနဲ့ငါနဲ့ သိပ်ချစ်တဲ့ သမီးလေးကို ဘာကြောင့် ရက်ရက်စက်စက် မင်းစွန့်ပစ်လိုက်ရတာလဲ … ငါပြောနေတာကို မင်းကြားရဲ့လား ' 
တစ်ဖက်လှည့်နေသည့် မိန်းမဖြစ်သူ ဖြူဖြူသျှင်းအား မောင်ကျော်တစ်ယောက် သူ၏ ရင်တွင်းမှ ခံစားချက် စကားများ ပြောနေခဲ့သည်။ သို့ပေမယ့် သွေးအေးစွာဖြင့် ဖြူဖြူသျှင်းတစ်ယောက်မှာတော့ မောင်ကျော်အား ကျောခိုင်းထားချေသည်။ ဝိဥာဉ်ဦးကြီးပေးထားသည့် လည်ဆွဲလေးကြောင့် မိမိ၏ စကားသံများအား မိန်းမဖြစ်သူ ကောင်းစွာ ကြားနေရမည်ကို မောင်ကျော် သိရှိထားသည်။ သို့နှင့် မောင်ကျော်၏ စကားအဆုံး၌ ကျောခိုင်ထားသည့် ဖြူဖြူသျှင်း လှည့်လိုက်ပြီး
' ရှင် … ကျွန်မကို ထားသွားခဲ့တယ်နော် '
' ဟင် … ငါမင်းကို ပြောပြီးပြီပဲ … ငါက သေသွားတာပါလို့ … မင်းကြည့်ရတာ အရင်နဲ့ မတူပါလား … ပြောစမ်းပါဦး ငါ့သမီးလေးကို ဘာကြောင့် ပစ်လိုက်ရတာလဲ '
တိကျခိုင်လုံစွာ မေးမြန်းနေသော မောင်ကျော်၏ အမေးများအား ဖြူဖြူသျှင်းတစ်ယောက် ကြောင်တောင်တောင် ကြည့်နေမိသည်။ 
' ဘာကြည့်နေတာလဲ … ငါမေးတာဖြေဦးလေ … သိပ်အားကိုးရတဲ့ တိုးပွားကြီး တစ်ကောင်လဲ အခုဆို သေသလား ရှင်သလား မသိဘူး … မင်းကွာ ငါ့အကြောင်းကို သိနေတာတောင် ဘာဖြစ်လို့ အခုလိုတွေ ရက်ရက်စက်စက်လုပ်နေရတာလဲ … ငါလေ … မင်းကို သိပ်ချစ် သိလား … '
မောင်ကျော်၏ ပြောစကားများအား ဖြူဖြူသျှင်း စိုက်ကြည့်နေလျက် မည်သည့်စကားမှ ပြန်လည်၍ မတုန့်ပြန်ချေ။ မင်းကို သိပ်ချစ်တယ် ဆိုသည့် ထိုစကားသံအား သူမ တစ်ချိန်တစ်ခါတုန်းက အကြိမ်ကြိမ် အခါခါ ကြားဘူးနေသကဲ့သို့ သူမ၏ ရင်တွင်း၌ ခံစားလိုက်ရသည်။ 
' မင်းနဲ့ ငါနဲ့ ခိုးပြေးတဲ့ညတုန်းကဆို မိုးတွေ အရမ်းရွာနေခဲ့တယ်လေ … ငါ့အပေါ်အကျီင်္လေး မင်းကို ဝတ်ပေးခဲ့တုန်းက မင်းငါ့ကို ပြုံးပြတဲ့ အပြုံးလေးကို အခုထိ အမှတ်တရ ငါသတိရနေတုန်းပါပဲ … ငါ့ကြမ်းတမ်းတဲ့ ညာလက်တစ်ဖက်ကို မင်းကျစ်ကျစ်ပါအောင် ဆုပ်ပြီး ငါနဲ့ပဲ တစ်သက်လုံး အတူနေမယ်လို့ မင်းပြောခဲ့တာ မှတ်မိသေးလား … ရော်ဘာခြံက တဲအစုတ်လေးက တို့နှစ်ယောက်အတွက် အကောင်းဆုံး နန်းတော်လေးဆို … ဖြူရယ် … ငါဘယ်ဘဝရောက်ရောက် မင်းပြောခဲ့တဲ့ စကားတွေကို အမြဲအမှတ်ရနေမှာပါ … ငါ့မှာရှိတဲ့ ပိုက်ဆံနည်းနည်းလေးနဲ့ ငါတို့နှစ်ယောက်ရဲ့ လက်ထပ် လက်စွပ် အဖြစ် စတီးလက်စွပ်လေးကိုတောင် အခုထိ ငါ့အလောင်းမှာ ဝတ်ထားခဲ့တုန်းပါ …်ငါ့ကို မင်းစိတ်နာချင်သလောက် နာပါဖြူရယ် ငါ့သမီးလေးကိုတော့ မစွန့်ပစ်လောက်ဘူးလို့ ငါမင်းကို ယုံကြည်ခဲ့တာ အခုလေ သမီးလေးရဲ့ အစွန့်ပစ်ခံ ဘဝကိုကြည့်ပြီး ငါရင်ဘတ်ကြီးတစ်ခုလုံး ကွဲမတတ်ခံစားရတယ် … ဖြူ… ငါက အခုသေသွားတဲ့ ဝိဥာဉ်တစ်ကောင်ပါ မင်းမှာ ငါ့အတွက် ပြောစရာ စကားတွေ မရှိတော့ဘူးလား ' 
' ငါမင်းကို သိပ်ချစ်တာပါဖြူရယ် … ငါလေ … မင်းတို့ သားအမိနှစ်ယောက် အတွက် ပိုက်ဆံတွေရှာထားခဲ့တယ် … မင်းတို့သားအမိနှစ်ယောက်ကို ငါလူတန်းစေ့ထားချင်လို့ပေါ့ … ငါအခုလို သေသွားလိမ့်မယ်လို့ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး  သမီးလေးရဲ့ပါးကို ငါ…ဆယ်ခါပြည့်အောင်တောင် မနမ်းလိုက်ရဘူး … မင်းကို ငါစကားတွေ အများကြီးပြောစရာရှိတယ် … ဖြူရယ် သမီးလေးကို ပစ်မထားပါနဲ့ ငါရင်တွေ ကွဲတော့မယ် ငါ့အကြောင်းကို မင်းသိနေပြီပဲ … သမီးလေးကို စက်ရုံစောင့်တဲ့ အဘိုးအိုတို့ လင်မယားနှစ်ယောက်ဆီမှာ ငါစိတ်ချ လက်ချထားခဲ့တယ် မင်းပြန်ခေါ်ပေးပါနော် …' 
အချိန်ကြာမြင့်စွာ ကွဲကွာနေရသော မောင်ကျော်တစ်ယောက် မိန်းမဖြစ်သူ ဖြူဖြူသျှင်းအား အတိုးချလျက် စကားများ ပြောနေလေသလား
အတိတ်မေ့နေသည့် မိန်းမဖြစ်သူအား တစ်ချိန်တစ်ခါမှ မိမိတို့၏ ပျော်ရွှင်စရာကောင်းခဲ့သော အတိတ်အကြောင်းလေးများကို ဝိဥာဉ်မောင်ကျော် ညင်းထွားပြောဆိုနေခဲ့သည်။ မောင်ကျော်၏ ပြောစကားများနှင့်အတူ သူ့အား ကြောင်တောင်တောင် စိုက်ကြည့်နေလျက် သူမ၏ မျက်ဝန်းအိမ်ထဲမှ မျက်ရည်များ အလိုလိုစီးကျလာချေသည်။ သူမ သတိမထားမိ။ ဘာရယ်ကြောင့်မှန်းမသိ ထိုမျက်ရည်များ မျက်ဝန်းအိမ်အတွင်းမှ အလိုလို စီးကျနေသည်ကို သုတ်လျက် ရင်တွင်းမှ ရှိုက်သံတစ်ချို့ ပေါ်ထွက်လာခဲ့သည်။ အိပ်ခန်းအတွင်းမှ သူမ၏ အချက်ပေးသံအား ကြားသည်နှင့် ခြံဝန်းအတွင်း၌ ပုန်းခိုခါ ဝိဥာဉ်မောင်ကျော်အား ဖမ်းစီးရန် မှော်ဆရာကြီးမှ အသင့်ပြင်ဆင်ထားခဲ့သည်။ သူမ၏ အချက်ပေးသံအား ကြားသည်နှင့် စတင်ဖမ်းဆီးမည်ဟု ကြံစည်ထားလျက် သူမ၏ အချက်ပေးသံအား မကြားရသေးသည့်အတွက် ဖမ်းစီးရန် စောင့်မျော်နေသော မှော်ဆရာကြီးနှင့် ဖခင်ဖြစ်သူမှာ သမီးဖြစ်သူ ဖြူဖြူသျှင်းအား စိုးရိမ်နေခဲ့လေသည်။ 
     ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ဦးတည်လာကြသည့် ခရေပင် ရိပ်မွန် အိမ်ယာ ရပ်ကွက်အတွင်းသို့ ရောက်ရှိလာခဲ့ချေသည်။ ထိုရပ်ကွက်အတွင်းသို့ ခြေလှမ်းစတင်လိုက်သည်နှင့် တတ်ကြွနေသော စိတ်အနေထားအား မွေးလျက် တည်ကြည်ခိုင်မြဲသော မာန်တို့အား နှလုံးသွင်းထားကာ ဦးခိုင်ခံ့တင်၏ နေအိမ်ရှိရာသို့ သွက်လက်သော ခြေလှမ်းတို့ဖြင့် လှမ်းနေတော့သည်။ ထိုရပ်ကွက်ဟာ စိတ်ငြိမ်ရပ်ကွက်ဖြစ်လျက် ယခုမွန်းတည့်ချိန်အတွင်း၌ပင် တိတ်ဆိတ်ငြိမ်သတ်စွာ ရှိနေခဲ့သည်။ သို့နှင့် ကျွန်ုပ်တို့ ဦးတည်လာသည့် ခြံအမှတ် B-12 သို့ ရောက်ရှိလာချေတော့သည်။ ထိုခြံအနားသို့ မကပ်သေး လမ်းနံဘေးတွင် ရှိနေသည့် အရိပ်ကောင်းလှသော အပင်ကြီး၌ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ စကားပြောဖြစ်ကြသည်။ 
' ငါတို့ ခြံအနောက်ဘက်ကနေ ခြံစည်းရိုးကို ကျော်တတ်သွားမယ် … အဲ့ဒီအခါကျရင် ခြံစောင့်တွေ ရှိမနေဘူး မပြောနိုင်ဘူး … ဒီတော့ ငါတို့အားလုံး သတိထားဖို့တော့ လိုတယ် … ခြံထဲရောက်ပြီဆိုတာနဲ့ အနောက်ဘက်ကနေ အိမ်ကြီးထဲကို ဝင်မယ် … အခုချိန်လောက်ဆို အိမ်မကြီး အနောက်တံခါး ဖွင့်ထားမှာသေချာတယ် … ဒီတော့ အခုမြင်နေရတဲ့ ခြံထောင့်ကနေ ငါအရင် စဝင်မယ် ' 
' ထီးလေး မင်းနောက်မှဝင် … ငါအရင် ဝင်မယ် '
' မဟုတ်ဘူး တန်ခိုး … ငါအရင်ဝင်လိုက်မယ် လမ်းကလေးနဲ့ မျှားကလေး ခြံထဲရောက်မှ ပတ်ဝန်းကျင်အခြေနေကို သေချာအကဲခတ်ပြီး မင်းဝင်လာခဲ့ … ဘာဖြစ်လို့လဲဆို … မောင်ကျော် ပြောပြထားသလောက် အိမ်ရဲ့ ဖွဲ့စည်းပုံကို ငါပဲ သေချာသိနေတယ် … အဲ့ဒီတော့ ငါအရှေ့ကနေ အိမ်မကြီးထဲ ဝင်ပေါက်ကိုလမ်းပြမယ် မင်းတို့ အနောက်ကနေ လိုက်ဝင်လာခဲ့ကြ …'
' ကောင်းပြီ … သူငယ်ချင်း … အရာအားလုံး ဂရုစိုက်နော် …'
သေသပ်စွာ ကာရံထားသည့် ခြံစည်းရိုးပင် ဖြစ်ချေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရှင်းလင်းနေလျက် သစ်ရွက်ခြောက်များ ကြွေကျနေသော အသံတစ်ချို့ကိုပင် ကောင်းစွာ ကြားနေရသည်။ သံဆူးကြိုးများဖြင့် ကာရံထားပြီး အဆူးပါသည့် လျောက်လုံးတို့အား ကျွန်ုပ်ကျော်တတ်လျက် ခြံကြီးအတွင်းသို့ ရောက်ရှိချေခဲ့ပြီ။ ခြံကြီးအတွင်းသို့ ရောက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးဟာ ငြိမ်သတ်လျက် ရှိနေခဲ့သည်။ ထိုနောက် မည်သူတစ်ဦးတစ်ယောက်မှ မတွေ့စေနိုင်ရန် ခြံထဲရှိ ကြီးမားသည့် ပန်းအိုးကြီးအား ကျွန်ုပ်အမှီပြုလျက် မြေ၌ဝပ်နေလိုက်သည်။ ခြံအတွင်းသို့ ကျွန်ုပ်ရောက်ရှိလာပြီးသည်နှင့် မှာထားခဲ့သည့်အတိုင်း အခက်အခဲမျိုးစုံအား ကျော်လွှားလျက် သူငယ်ချင်းဖြစ်သူများ ကျွန်ုပ်နှင့်အတူ ထိုခြံကြီးအတွင်းသို့ ရောက်ရှိနေလေတော့သည်။ လေးယောက်သား ခြံအတွင်းရှိ ကြီးမားလှသည့် ပန်းအိုကြီးအား အကာအကွယ်ထားခါ မြေ၌ ဝပ်နေကြပြီး ခြံအတွင်း ပတ်ဝန်းကျင်အား အကဲခတ်ကြည့်နေမိသည်။ 
' တစ်ခြံလုံး တိတ်ဆိတ်နေပါလား '
' ဟုတ်တယ် …  တစ်ခုခုတော့ ထူးခြားနေတာ သေချာတယ် … '
' မဟုတ်မှ လွဲရော ငါတို့ခြံထဲကို ဝင်မှာသိလို့ ကြိုတင်စောင့်ပြီး ဖမ်ဖို့ လုပ်နေကြတာများလား'
' ဟာကွာ … ငါတို့ကို ဖမ်းချင်မှတော့ အခုပဲ ခြံထဲရောက်နေပြီ လာဖမ်းကြမှာပေါ့ … ဦးခိုင်ခံ့တင် တစ်ခုခု ဆင်ကြံကြံနေပြီ ထင်တယ် '
' ဒီပန်းအိုးတွေကို ငါတို့ အကွာကွယ်ပြုပြီးသွားရင် အိမ်ထဲကလူတွေ ငါတို့ကို မတွေ့နိုင်ဘူး …  ဒီတော့ ဒီလျောက်လမ်းအတိုင်း အိမ်မကြီး အနောက်ဘက်ကို သွားကြမယ် '
မြေ၌ ဝပ်လျက် ကျွန်ုပ်နှင့်အတူ သူငဟ်ချင်းများ တိုင်ပင်ကာ လှပစွာ စိုက်ထားသည့် ပန်းပင်များအား အကာကွယ်ပြုကာ အိမ်မကြီး အနောက်ဘက်ဆီသို့ ဦးတည်လေတော့သည်။ ရင်ခုန်မှု့ကြီးစွာ အိမ်မကြီး၏ အနောက်ဝင်ပေါက်ဟု ဆိုရလေမလား ပွင့်ဟနေသည့် တံခါးပေါက်တစ်ခုအား တွေ့လိုက်ရပြီး ထိုတံခါးအပေါက်နှင့်အတူ ယောက်ယပ်ခတ်စွာ ဖြစ်နေသည့် လူတစ်စုကိုပါ တွေ့လိုက်ရလေသည်။ 
' ဟင် … ဟို … ဟိုမှာကြည့်စမ်း '
သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ အံ့သြတကြီး ညွှန်ပြမှု့ဖြင့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ သူ၏ မျက်လုံးအဆုံးသို့ ကြည့်လိုက်လေရာ
' ဟင် … ကဝေဘုရင် ဦးမျိုးမြင့်ပါလား' 
ထိုခြံကြီးရဲ့ ပိုင်ရှင် ဦးခိုင်ခံ့တင်နှင့်အတူ တစ်ခုခုအား ကြံရွယ်နေလျက် တံခါးအပေါက် အနားတွင် ယောက်ယပ်ခတ်နေသူက 
            တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် 
            ကဝေဘုရင် ယမမင်းရှင် မှ ကျွန်ုပ်တို့နှင့် ဆုံတွေ့ခဲ့ဘူးသောလည်း ရွာတိုင်းနီးပါးမှ သူ့အား ကြောက်နေရသည့် ကဝေဘုရင် ယမမင်းရှင်ခေါ် ဦးမျိုးမြင့်ဖြစ်နေလေသည်။ သူဟာ ကြေးပုရိပိုက်ရှင် ဒုတိယမြောက် စင်္ကြာမင်းသားလေးဟု ခေါ်ရလေမလား ကြေးပုရိပိုက်ထဲမှ ကောင်းသူကယ် မကောင်းဖယ် ပညာတို့အား ဒုတိယအဆင့် အောင်ထားသည့် ဖိုးချစ်အား ရှုံးနိမ့်လျက် စောနယ်မှ ပျောက်ကွယ်သွားခဲ့သော အောက်လှမ်း စုန်း ကဝေ မှော်ပညာရှင်တစ်ဦး ဖြစ်လေသည်။ သူ့အား မြင်လျင်မြင်ချင်း ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ အံ့သြကြီးစွာ ကြည့်နေမိသည်။ မည်သည့်အတွက်ကြောင့် သူ၏ ဇာတိ စောနယ်ကို စွန့်ခွာလျက် တိုက်ဆိုင်စွာဖြင့် ထိုခြံကြီးဆီသို့ ရောက်ရှိနေခဲ့သည်ကို ကျွန်ုပ်နှင့် သူငယ်ချငိးများ မသိခဲ့ချေသည်။ ပုန်းခိုခါ အဝေးမှ ဦးမျိုးမြင့်အား အကဲခတ်ကြည့်မိလေရာ ထိုခြံပိုင်ရှင် ဦးခိုင်ခံ့တာဟာ သူ့အား လွန်စွာ အားကိုးနေခဲ့ပုံရသည်။ 
' ဆရာကြီး … ကျုပ်သမီးလေး ဘာကြောင့် အချက်မပြသေးတာလဲ … ဟိုသရဲက ကျုပ်သမီးလေးကို ဒုက္ခပေးရင် ဘယ်လို လုပ်မတုန်း' 
' မစိုးရိမ်ပါနဲ့ဗျာ … ခင်ဗျားသမီးကို သူဒုက္ခမပေးနိုင်ပါဘူး အခွင့်မသာသေးလို့ အချက်မပြတာနေမှာပါ '
  ဝိဥဉ်မောင်ကျော်အား ဖမ်းစီးရန် ဖြူဖြူသျှင်း၏ အချက်ပေးမှု့ကို စောင့်မျှော်နေကြသည့် ဖခင်ဖြစ်သူမှာတော့ သူမအား စိုးရိမ်နေလေခဲ့သည်။ မောင်ကျော်၏ ပြောစကားများအား ကြားရသည့် ဖြူဖြူသျှင်းဟာ အတိတ်မေ့နေခဲ့သော်လည်း ခံစားချက်များ ရင်ဖွင့်နေသည့် လင်ယောက်ျာ်းဖြစ်သူ ဝိဥာဉ်မောင်ကျော်၏ ပြောစကားတို့၌ မျောပါနေလျက် မျက်ရည်များ ကျနေလေခဲ့သည်။ ထို့နောက် တစ်ချိန်တစ်ခါတုန်းက သူမဟာ ထိုသို့ ခံစားဖူးလျက် မိမိ၏ အမှန်တကယ် အဖြစ်အပျက်များလေးလာဟု ခံစားနေမိသည်။ ထိုသို့ ခံစားနေရသော သူမ၏ အတွင်းစိတ်အား ဖျောက်လျက် 
' ဟင် … ငါဘာလို့ မျက်ရည်တွေ ကျနေရတာလဲ သူ့ကိုကြည့်ရတာ ငါရင်းရင်းနှီးနှီး တွေ့ဘူးနေသလိုပဲ သူပြောတဲ့ စကားတွေကရော ငါတကယ်ပဲ ဖြစ်ခဲ့တာလား … အိုး … ဖေဖေ ပြောထားတာပဲ သူက ဥာဏ်များပြီး ငါ့ကို တွေဝေအောင် လုပ်နေတာပဲ ဖြစ်ရမယ် သူ့စကားထဲမှာ ငါမျောသွားလို့ မဖြစ်ဘူး '
    ခံစားမှု့အား အသိဥာဏ်ဖြင့် ဖြေဖျောက်လျက် သူမ၏ ပါးပြင်ပေါ်မှ စီးကျနေသော မျက်ရည်များအား သုတ်လိုက်သည်။
  ' ဖြူ … မင်းဘာတွေ စဉ်းစားနေတာလဲ … ငါ့သမီးလေးကို ဘာကြောင့် စွန့်ပစ်လိုက်ရတာလဲဟာ … (……)စက်ရုံစောင့် အဘိုးအိုလင်မယားနှစ်ယောက်ဆီမှာ သမီးလေးကို ငါထားခဲ့တယ် မင်းပြန်ခေါ်ပေးပါ …'
  ငြိုးငယ်စွာ ပြောနေသော မောင်ကျော်၏ စကားအဆုံး၌ ဖြူဖြူသျှင်းတစ်ယောက် မည်သည့်စကားမှ ပြန်လည်၍ မတုန့်ပြန်တော့ပဲ သူမရပ်နေသည့် နံရံဘေးမှ ကြိုးစလေးအား ဆွဲချလိုက်လေသည်။ ကြိုးစလေးအား ဆွဲလိုက်သည်နှင့် ဝိဥာဉ်မောင်ကျော် ဝင်လာခဲ့သော ဝင်ပေါက်သို့ မှော်ဆရာကြီး၏ ပိုက်ကွန်တစ်ခု ပိတ်ဆို့လာခဲ့သည်။ ထိုအပေါက်အနားတွင် ရပ်လျက်ရှိနေသော မောင်ကျော်တစ်ယောက်ဟာ ရုတ်တရက် ပြုတ်ကျလာသော သူ၏ ဘေးမှ မှော်ပိုက်ကွန်အာ ကြည့်လိုက်ပြီး အံ့သြတကြီးဖြင့် 
' ဖြူ … မင်းဒါဘာလုပ်တာလဲ ' 
မောင်ကျော်၏ အမေးအား သူမပြန်လည် မတုန့်ပြန် ပြတင်းပေါက်အားလုံးဆီသို့ ကြိုးစလေးများ ဆွဲကျလျက် ထွက်ပေါက်မရှ်စေရန် ပိတ်ဆို့နေခဲ့လေသည်။ ထို့နောက် ထိုအချက်အား စောင့်မျော်နေကြသည့် ခြံကြီးအတွင်းမှ မှော်ဆရာကြီးနှင့်အတူ ဦးခိုင်ခံ့တင်တို့ သူမအိပ်ခန်းဆီသို့ အပြေးတတ်လာလေတော့သည်။ 
' ဖြူ… မင်း… မင်း လုပ်ရက်တယ်… အပေါက်တွေ ပြန်ဖွင့်ပေးပါဖြူရယ် … ဒီတစ်ခါ ငါအဖမ်းခံရရင် ဘယ်တော့မှ ပြန်မလွတ်နိုင်တော့ဘူး … ပြန်ဖွင့်ပေးပါ…' 
 ယောက်ယပ်ခတ်စွာဖြင့် ထွက်ပေါက်အား ရှာနေခဲ့သော်လည်း အပေါက်အားလုံး၌ ပိုက်ကွန်များနှင့် ပိတ်ဆို့နေခဲ့ချေသည်။ ထို့နောက်အိပ်ခန်းဆီသို့ အပြေးတတ်ရောက်လာကြသော မှော်ဆရာကြီးနှင့် ဦးခိုင်ခံ့တင် အိပ်ခန်းတံခါးအား လျင်မြန်စွာ ဆွဲဖွင့်လိုက်ချေပြီး အသင့်ပါလာသည့် ဝိဥာဉ်များအား ဖမ်းစီးနိုင်သော ခြေမန်းကွင်းဖြင့် မောင်ကျော်ထံသို့ ပစ်လိုက်တော့သည်။ 
 ' ဖြူ … ရက်စက်လိုက်တာဖြူရယ် … ရက်စက်လိုက်တာ ငါ့ကို စိတ်နာနေတုန်းပဲကို … ငါမင်းကို နှုတ်ဆတ်ခဲ့ပါတယ် မင်းဆီ ငါဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး' 
   နီးမြန်းနေသော မျက်ဝန်းအိမ်အတွင်းမှ လွမ်းမျက်ရည်များ စီးကျလျက် အခိုးအငွေ့များဖြစ်ခါ ဝိဥာဉ်စဥ့်အိုးအတွင်းသို့ မောင်ကျော်၏ ဝိဥာဉ် အတားအစီးအမျိုးမျိုးနှင့် အချုပ်နှောင်ခံလိုက်ရလေတော့သည်။ သူမ၏ အရှေ့မှ မောင်ကျော်ပျောက်ကွယ်သွားပြီးနောက် ခြုံးပွဲချလျက် ရှိုက်ငင်စွာဖြင့် ဖြူဖြူသျှင်း ငိုချလိုက်မိသည်။ 
' သမီး ဘာဖြစ်လို့ ငိုတာလဲ … သမီးကို သူဒုက္ခမပေးနိုင်တော့ပါဘူး … ဟိုမှာ ဆရာကြီး သူ့ကို ဖမ်းထားလိုက်ပြီလေ … '
ဘာရယ်ကြောင့်မှန်းမသိ သူမသတိမထားမိပဲ ကြေကွဲဝမ်းနည်းစွာ ငိုချလိုက်ပြီး
' သူ့ကို ကြည့်ရတာ သနားစရာကောင်းလိုက်တာ ဖေဖေရယ် … သူ့ပြောပြနေတဲ့ သူ့အကြောင်းက သမီးကိုယ်တိုင် ခံစားခဲ့ဘူးသလိုပဲ … သမီးရင်ထဲမှာ ဆို့နစ်နေခဲ့တယ် … သူ့ကို တစ်ချိန်တစ်ခါတုန်းက ရင်းရင်းနှီးနှီးသိခဲ့ဘူးသလိုပဲ '
သူမ၏ ဝမ်းနည်းပူဆွေးသော စကားသံများအား ဖခင်ဖြစ်သူ ကြားသိလိုက်ပြီး ဟန်အမူယာများ ပျက်လျက် ဖြူဖြူသျှင်းအနားသို့ သွားခါ နှစ်သိမ့်နေလေတော့သည်။ 
  ' ဘာမှ မဟုတ်ပါဘူးသမီးရယ် … ဒီလိုပဲ ဝိဥာဉ်ဆိုတဲ့ ပရလောကသားတွေက ဝမ်းနည်းအောင် ပြောတတ်တယ် … သူတို့စကားထဲ မျောမိရင်တော့ အသက်ကိုပါ နှုတ်ယူသွားရော … ကဲ ဖေဖေ့သမီးလေးက သိပ်တော်ပါပေတယ် … နားလိုက်ဦး ' 
အောင်ပွဲခံသွားသည့် အပြုံးလေလား ဖြူဖြူသျှင်းအား နှစ်သိမ့်ပြောဆ်ုလျက် အိပ်ခန်းအတွင်းမှ ဦးခိုင်ခံ့တင်နှင့် မှော်ဆရာကြီး ထွက်ခွာသွားချေတော့သည်။ 

ခြံကြီးအတွင်းမှ ကဝေဘုရင် ဦးမျိုးမြင့်နှင့် ဦးခိုင်ခံ့တင်တို့အား ကျွန်ုပ်တို့စောင့်ကြည့်နေရင်း အလောတကြီး အပေါက်ဆီမှ အိမ်ကြီးအတွင်းသို့ ပြေးဝင်သွားသည်ကို တွေ့ရှိလိုက်ရသည်။ မည်သည့်အတွက်ကြောင့် ထိုသို့ ရုတ်တရက် ပြေးဝင်သွားခဲ့သည်ကို ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ မသိခဲ့ချေ။ ထို့နောက် ပန်းအိုကြီးများဆီသို့ ခြံစောင့် အလုပ်သမား တစ်ယောက်လေလား။ ပန်းအိုးကြီးများဆီသို့ ရောက်လာပြီး ရွက်ဟောင်းများ ခြွေခြနေခဲ့သည်။ မည်သို့ပင် အကာကွယ်ယူထားပါစေ။ မြေ၌ ဝပ်လျက်ရှိနေသော ကျွန်ုပ်တို့အားလုံးအား ထိုသူမှ တွေ့ရှိသွားခဲ့ချေသည်။ 
' ဟင် … မင်း … မင်းတို့ … ဟေ့ကောင်တွေ လာကြစမ်း ခြံထဲကို လူစိမ်းတွေ ဝင်နေတယ် '

ကျွန်ုပ်တို့အား တွေ့လိုက်သည်နှင့် တစ်ခြံလုံးရှိ လူများအား ထိုလူကြီး အော်ခေါ်လိုက်တော့သည်။ သို့နှင့် မြေပြင်ပေါ်မှ ဝမ်းလျားထိုးလျက် ရှိနေသော ကျွနိုပ်နှင့်အတူ သူငယ်ချင်းများ လျင်မြန်စွာ ထလိုက်ပြီး ထိုသူအား သူငယ်ချင်းဖြစ်သူ တန်ခိုးမှ စတင်တိုက်ခိုက်လိုက်ချေသည်။ ထိုနောက် တစ်ခြံလုံးရှိ လူအမြောက်အများ ရောက်ရှိလာပြီး ကျွနိုပ်တို့နှင့် အပြင်းအထန် တိုက်ခိုက်လေတော့သည်။ ကိုယ်ခံပညာအား ကျွမ်းကျင်စွာ တတ်မြောက်ထားသည့် တန်ခိုးကား ကျွန်ုပ်နှင့်အတူ သူငယ်ချင်း မျှားကလေး လမ်းကလေး တို့အား မိမိ၏ ထိခိုက်ဒဏ်ရာ တစ်ချို့ကို မမှု့ ကျွန်ုပ်တို့အားလုံးအတွက် အရှေ့မှ မားမားမတ်မတ်ရပ်ခါ ကာကွယ်ပေးနေခဲ့လေသည်။ သို့ပေမယ့် လူအင်အားဟာ မျှတမှု့မရှိ ခြံအတွင်းမှ ဆူညံစွာ တိုက်ခိုက်နေသံများကြောင့် အိမ်ကြီး၏ အပေါ်ထပ်ဆီမှ မှော်ဆရာကြီးနှင့်အတူ ဦးခိုင်ခံ့တင် တို့ ရောက်ရှိလာလျက် သူ၏ တပည့်များရဲ့ တိုက်ခိုက်မှု့စွမ်းရည်အား ယုံကြည်မှု့ရှိစွာ ရပ်လျက်ကြည့်နေခဲ့သည်။ သုံးယောက်နှင့် အများဖြစ်လျက် မိန်းကလေးဖြစ်သူ မျှားကလေးကိုပါ ကာကွယ်ပေးနေရသေး ဆက်လက်၍ မတိုက်ခိုက်နိုင်တော့ပဲ ထိုသူများရဲ့ ပြင်းထန်စွာ တိုက်မှု့အောက်တွင် ကျွန်ုပ်တို့အားလုံး အရှုံးပေးလိုက်ရချေတော့သည်။ 
' ဟား … ဟား … ဟား ငါမွေးမှ ငါ့သားလောက်ရှိတဲ့ ချာတိတ်တွေက ငါ့ကို ယဉ်ချင်သေးတယ် … ကဲ … အခုတော့ ဘာတတ်နိုင်သေးလဲ … ဟားဟား'
မိန်းကလေးဖြစ်သူ သူငယ်ချင်းမျှားကလေးအား လူကြီးတစ်ယောက်မှ ချုပ်ကိုင်ထားလျက် ဒဏ်ရာများစွာဖြင့် မြေပြင်ပေါ်၌ လဲကျနေသော ကျွန်ုပ်တို့အား ဟားတိုက်ရယ်မောလျက် ဦးခိုင်ခံ့တင် အောင်ပွဲခံနေခဲ့သည်။ အချုပ်ခံထားရသည့် မျှားကလေးအား ကဝေဘုရင် ဦးမျိုးမြင့်မှ စူးစမ်းစွာ စိုက်ကြည့်လျက် မြေပြင်ပေါ်မှ လဲကျနေသည့် ကျွန်ုပ်တို့ဆီသို့ အကြည့်ဆုံးသွားခါ 
' မင်း … မင်းတို့ပဲ '
' ဟင် … ဒီအရှုတ်ထုတ်တွေကို ဆရာကြီးကသိနေတာလား '
' သိပ်သိတာပေါ့ … ဒီကောင်တွေကြောင့် ကျုပ်စောနယ်ကနေ ခွေးပြေးဝက်ပြေး ပြေးလာရတာ … အခုတော့ ဒီကောင်တွေကို ကျုပ်လက်စားပြန်ချေရမယ် '
' ဟား … ဟား မိတ်ဟောင်းဆွေဟောင်းကြီးတွေပါလား တစ်ခုတော့ရှိတယ်ဆရာကြီး … ဒီကောင်တွေကို ကျုပ်ခြံထဲကနေ အရှင်ထွက် ထွက်သွားတာ မမြင်ချင်ဘူးဗျာ … ´
' စိတ်ချ … ဒီကောင်တွေကို သတ်ပြီး သူတို့ ဝိဥာဉ်ကို ကျုပ်ခိုင်းစားပစ်မယ် … ဟား … ဟား' 

သို့နှင့် ချွန်ထက်လှသည့် ဓားတစ်ချောင်းအား သူ၏ လွယ်အိတ်အတွင်းမှ ထုတ်ယူလျက် မြေပြင်အပေါ်မှ မှောက်လျက်ရှိနေသော သူငယ်ချင်းဖြစ်သူ တန်ခိုးဆီသို့ ဦးတည်သွားလိုက်သည်။ မှောက်လဲနေသည့် တန်ခိုး၏ ဦးခေါင်းအား ဆံပင်မှ ဆွဲမော့လျက် လည်ပင်းအပေါ်သို့ ချွန်ထက်လင်းလက်နေသော သူ၏ ဓါးသွားအား တင်လိုက်လေသည်။ 

' သူဌေး ခြံရှေ့မှာ ရဲအရာရှိတွေ ရောက်နေတယ်'
      တန်ခိုး၏ လည်ပင်းပေါ်သို့ ဓားသွားအား တင်လိုက်ပြီး သူ၏ လက်အား လှုပ်ရှားလိုက်ရုံနှင့် သူငယ်ချင်းဖြစ်သူ တန်ခိုးမှာ အသက်ပျောက်သွားစေနိုင်သည်။ သို့ပေမယ့် အလောတကြီး ဦးခိုင်ခံ့တင်ထံသို့ သူ၏ တပည့်တစ်ယောက် ရောက်ရှိလာပြီး ခြံထဲသို့ ရဲအရာရှိများ ဝင်ခွင့်တောင်းနေကြောင်း လာရောက်ပြောသောကြောင့် လျင်မြန်စွာဖြင့် ဦးမျိုးမြင့်ဟာ သူ၏ လက်ဝယ်အတွင်းမှ ဓားမြှောင်အား သိမ်းဆည်းလိုက်လေသည်။ 
' တောက်! သောက်ရေးထဲ ဒီကောင်တွေက လာပြန်ပြီ … ကဲ … ဆရာကြီး ဒီကောင်တွေကို ရဲလက်ပဲ အပ်လိုက်တော့မယ် … အခုဆိုရင် ဘာမှ ငြင်းလို့ရမှာ မဟုတ်ဘူး … လက်ပူးလက်ကြပ်မိထားတာ '
သို့နှင့် မြေပြင်ပေါ်မှ ကျွန်ုပ်တို့အား ဆွဲထူလျက် လက်ပြန်ချုပ်ခါ အိမ်မကြီးဆီသို့ ခေါ်ဆောင်လာလေတော့သည်။ နာကျင်လှသော ကျွန်ုပ်တို့၏ ခံစားမှု့များကြောင့် အမြင်များ ဝိုးဝါးနေခဲ့သော်လည်း သတိအား လက်ဝယ်ထားရှိခဲ့သည်။ ထို့နောက် ဟန်ဆောင်မှု့ကောင်းစွာ ရဲအရာရှိများအား ဧည့်ခံနေသည့် ဦးခိုင်ခံ့တင်က 
' အဲ့ဒီမှာပဲ ဆရာတို့ … အခုလေးတင်ပဲ ခြံထဲကို စည်းရိုးကျော်ပြီး ဝင်လာကြလို့ ကျွန်တော့တပည့်တွေ ဖမ်းထားတာ '
' ဟင် … မင်းတို့ပဲလား …  '
ဒဏ်ရာများနှင့် ကျွန်ုပ်တို့အား တွေ့လိုက်သည့် ရဲအရာရှိကြီးမှာတော့ အံ့သြကြီးစွာ ပြောလိုက်ောတ့သည်။ 
' ဟုတ်တယ် ကျွန်တော့ ခြံထဲကို ဒီကောင်တွေ ဝင်တာ ဒါနဲ့ဆို ဒုတိယအကြိမ်ရှိနေပြီ … ဒီတစ်ခါ ဒီကောင်တွေ ပိုင်နက်ကျုးကျော်မှု့ ခိုးမှု့ အသေရည်ဖျက်မှု့ … အိုးဗျာ… ဆွဲလို့ရတဲ့ အမှု့ပေါင်းဆုံးနဲ့ တရားစွဲပြီး ထောင်ချပစ်မယ်' 
' ကျုပ်တို့ဒီကိုလာရင်း ကိစ္စကလဲ ဦးခိုင်ခံ့တင်အိမ်ကို ကျုးကျော်ဝင်ခဲ့တဲ့ ကောင်လေး ကိစ္စနဲ့ ပတ်သတ်ပြီး အမှု့ဘဟ်လို ဆက်လုပ်မလဲဆိုတာ သိချင်လို့ ကျုပ်တို့ ကိုယ်တိုင်လာခဲ့တာပဲ '
' အစကတော့ ကလေးတွေပဲဆိုပြီး အဲ့ဒီအချုပ်ထဲက ကောင်လေးကိုပါ အမှု့ကျေအေးပေးမယ် တွေးထားပေမဟ့် အခုတော့ ဒီကောင်လေးတွေ တော်တော်လွန်နေပြီ ဒါကြောင့် အားလုံးကို အမှု့ပြန်ဖွင့်ပြီး တရားစွဲမယ် ဆရာတို့ တာဝန်ရှိတဲ့ အတိုင်း လုပ်ပေးပါ …'
' ကောင်းပြီးလေ … ကျုပ်တို့တာဝန်အရ ဆက်လုပ်ပေးပါ့မယ် … ဒါနဲ့ စကားမစပ် ခင်ဗျားအိမ်က အိမ်အဖော်ကောင်မလေးလည်း မတွေ့တာကြာပြီလို့ ကျုပ်တို့ သတင်းရထားတယ်'
' သြော် … ဟို … ဟိုမိတုန်ကို ပြောတာထင်တယ် အဲ့ဒီကလေးမ သူ့အမေ နေမကောင်းလို့ဆိုပြီး ကျုပ်ဆီမှ ခွင့်တောင်းပြီး ရွာပြန်သွားတယ် '
ဖြူဖြူသျှင်းအယောင်ဆောင်ခဲ့သည့် အိမ်ဖော်ကောင်မလေး မိတုန်အား ဦးခိုင်ခံ့တင်မှ ဖမ်းစီးချုပ်နှောင်းထားခဲ့သည်။ သို့ပေမယ့် ရဲအရာရှိများ၏ အမေးစကားအား ဟန်ဆောင်မှု့ကောင်းစွာ လိမ်လည်လျက် ပြောဆိုလိုက်လေသည်။ 
' ဒါနဲ့ … ဟိုတစ်ခေါက်က ခွေးလေးရော… ဘယ်ရောက်နေတုန်းဗျ '
' ဟာဗျာ … အဲ့ဒီခွေးက လာသမျှ ဧည့်သည်တွေကို ဒုက္ခပေးလို့ … သတ် … ဟို… ဟို ဘေးမဲ့ပစ်လိုက်ပြီ'
' ကဲဆရာတို့ ဒီကောင်လေးတွေကို ကျုပ် စွဲဆိုရသမျှ အမှု့အားလုံးနဲ့ တရားစွဲတယ် ဆရာတို့ တာဝန်ရှိတဲ့အတိုင်း လုပ်ဆောင်ပေးပါ '
' ကောင်းပြီး ဒါဆို ကျုပ်တို့ကို ခွင့်ပြုဦး ' 

ဦးခိုင်ခံ့တင်၏ ခိုင်လုံသော တရားစွဲဆိုမှု့ဖြင့် ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ဒုတိယအကြိမ်မြောက် သူငယ်ချင်းဖြစ်သူ ငါးကလေးရှိနေသည့် အချုပ်ခန်းအတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။ 

***********************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages