တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
အလောင်း
အပိုင်း (၁၄)
စာရေးသူ-ထီးကလေး၊
ခွေးလေးတိုးပွား လမ်းပြခေါ်ဆောင်သွားသည့် အနောက်သို့ ကျွန်ုပ်လိုက်ပါသွားချေခဲ့သည်။ မည်သည့် နေရာဆီသို့ ကျွန်ုပ်အား လမ်းပြမည်ကိုမသိ ။ နာကျည်လွန်းသော သူ၏ ခွဲစိတ်ဒဏ်ရာကို ကြိတ်မှိတ်လျက် အရှေ့မှ ဦးဆောင်ကာ အပြေးသွားလေတော့သည်။
မှောင်မိုက်ခါ လမ်းနံဘေးတွင်အစွန့်ပစ်ခံထားရသည့် သမီးလေးအား ဝိဥာဉ်မောင်ကျော် တွေ့ရှိလိုက်ပြီး လွန်စွာ အံ့သြနေလျက်
' ဒါ ဒါ… ငါ့သမီးလေးမှ ဟုတ်ရဲ့လား … ဘာကြောင့် ဒီလမ်းဘေးကို ရောက်နေရတာလဲ … '
မိန်းမဖြစ်သူ ဖြူဖြူသျှင်းဟာ သမီးလေးအား လွန်စွာမှ ချစ်မြတ်နိုးလျက် ကိုယ်နှင့်မကွာ ထိမ်းသိမ်းနေသည်ကို ဝိဥာဉ်မောင်ကျော် ကောင်းစွာ သိရှိထားသောလည်း ယခုအခါ၌ သမီးလေးဟာ အစွန့်ပစ်ခံထားရပြီး လမ်းဘေးသို့ ရောက်နေရသည်ကို မောင်ကျော်တစ်ယောက် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်ကြောင့် ယုံရခတ်နေခဲ့သည်။
'သမီး … သမီး … ဖေဖေ့သမီးလေး … ဖေဖေ သမီးကို မခေါ်နိုင်ဘူး … ဖေဖေ သမီးကို မချီနိုင်ဘူးသမီးရယ် … သမီးလေး ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ရတာလဲ … ဖြူ မင်းငါ့သမီးလေးကို စွန့်ပစ်ရက်တယ်ကွာ မင်းသိပ်ရက်စက်တယ် သမီးရယ် မငိုပါနဲ့တော့ ဖေဖေ့ရင်တွေ ကွဲတော့မယ် သမီးလေးရယ် သမီးလေးကို ဖေဖေအလင်းရောင်ဆီ်ကို ခေါ်မသွားပေးနိုင်ဘူး သမီးလေးမငိုပါနဲ့တော့ကွယ် … '
အစွန့်ပစ်ခံထားရသည့် သမီးလေးအား မောင်ကျော်ရင်နာနာဖြင့် ကြည့်နေရတော့သည်။ ဝမ်းနည်းကြေကွဲလျက် လမ်းဘေးက သမီးလေးကို အကြိမ်ကြိမ် ပွေ့ချီနေခဲ့သော်လည်း သူ၏ လက်ဝယ်အတွင်းသို့ သမီးလေးမှာ ရောက်ရှိမလာခဲ့ချေ။ နူးညံ့လှသည့် သမီးလေးရဲ့ ခန္ဓာကိုဟ်အသားရည်ပေါ်၌ နီးမြန်းနေပြီး မြေပြင်ရဲ့ အပူငွေ့များက ဟတ်နေခဲ့သလား ခန္ဓာကိုယ်တစ်ခုလုံး ရဲရဲတောက်နီးမြန်းနေခဲ့သည်။
အကောင်းဆုံး မွေ့ရာပေါ်၌ အိပ်စက်လာခဲ့သည့် သမီးလေးဟာ ထိုသို့ မြေပြင်မှ ဒဏ်များကို မခံစားနိုင် အော်ဟစ်ခါ ငိုနေခဲ့တော့သည်။ သမီးလေး၏ ငိုသံတစ်ချက်ကြားတိုင်း ဝိဥာဉ်ဘဝသို့ ရောက်နေရှိသည့် ဖခင်ဖြစ်သူ မောင်ကျော်၏ နှလုံးသားတစ်စုံဟာ ကွဲမတတ် ခံစားနေခဲ့ရချေသည်။လမ်းဘေး၌ စွန့်ပစ်ခံထားရသည့် သမီးလေးကို မြေပြင်ပေါ်မှ ပွေ့ချီနေသော်လည်း သမီးအား ထိမရသည့် မိမိ၏ လက်များအား နာကျင်စွာ မြေပြင်သို့ အကြိမ်ကြိမ်ထိုးနေခဲ့တော့သည်။
' သမီးလေးရယ် နင့်မေမေက သိပ်ရက်စက်တာပဲဟာ … မငိုပါနဲ့တော့သမီးလေးရယ် ဖေဖေသမီးလေးကို အလင်းရောင်တွေဆီ ခေါ်သွားပေးပါ့မယ် … '
သမီးလေးအား လုံးဝ ချီမရသည်ကို မောင်ကျော်သိနေခဲ့သော်လည်း ဇွဲမလျော့ အကြိမ်ကြိမ်သာလျင် မြေပြင်ပေါ်မှ သမီးအား မျက်ရည်များရွဲဆိုလျက် ချီနေလေခဲ့သည်။ သို့ပေမယ့် မိမိသာလျင် အရှိန်လွန်ခါ အရှေ့သို့ ရောက်သွားပြီး လက်အတွင်းသို့ မြေပြင်အပေါ်မှ သမီးလေးပါမလာ။
' အား … သမီးလေးရယ် ဖေဖေချီလို့မရဘူး သမီးလေး … သမီးလေးရယ် အဖြစ်ဆိုးလိုက်တာ လာကြပါဦး … ကျုပ်သမီးလေးကို တစ်ယောက်ယောက် လာခေါ်ကြပါဦး … ကယ်ကြပါဦးဗျာ ကျုပ်ရင်တွေ ကွဲတော့မယ် … သမီးလေးရယ် မငိုပါနဲ့တော့ '
ဇွဲလျော့ခဲ့ချေပြီ။ ဝမ်းနည်းကြေကွဲလျက် မြေပြင်အပေါ်သို့ မောင်ကျော် ထိုင်ချလိုက်လေပြီ။
'မှောင်နေတာပဲတော်!…ဒီအချိန်ကြီး ရောက်လာမယ်မထင်လို့ ညကားဆီးမိတာ … ကိုအုန်းတင် ကျုပ်တို့ ဒီနားမှာ ခဏနားမှဖြစ်မယ်…'
' အေးဟယ် … မယ်မြရယ် ညကားဆီးပြီး မနက်လင်းမှ ရောက်မယ်ထင်တာ ကားလမ်းတွေက ကောင်းသွားတော့ မြန်မြန်ရောက်လာတာ ဘယ်တတ်နိုင်မလဲ ငါ့မလဲ မျက်လုံးက သိပ်ကောင်းတာမဟုတ်ဘူး … ဒီနားမှာပဲ ခဏနားပြီးမှ စက်ရုံကို ပြန်ကြတာပေါ့'
အလင်းရောင်ဆီမှ မိမိတို့သားအဖ နှစ်ယောက်ရှိနေသည့် အမှောင်ထုအတွင်းသို့ ကျော်ဖြတ်၍ လိုရာခရီးသို့ သွားကြမည်ထင်သည့် အဘိုးအို လင်မယားနှစ်ယောက်၏ စကားသံများအား ဝမ်းနည်းကြေကွဲစွာဖြင့် မြေပြင်ပေါ်၌ ထိုင်လျက်နေသော ဝိဥာဉ်မောင်ကျော် ကြားသွားခဲ့သည်။ အဘိုးအိုလင်မယားနှစ်ယောက်ဟာ မိမိတို့သားအဖ နှစ်ယောက်ရှိနေသည့် အမှောင်ထုအား မျက်လုံးမကောင်းဘူးဟုဆိုကာ အလင်းရောင်ရှိနေသည့် နေရာလေးမှာသာ နှစ်ယောက်သား ထိုင်ချလိုက်သည်ကို တွေ့ရှိလိုက်ရသည်။ ထိုအဘိုးအို လင်မယားနှစ်ယောက်အား မြင်လိုက်သည်နှင့် ဝိဥာဉ်မောင်ကျော်မှာ လွန်စွာပင် ဝမ်းသာသွားလျက်
' သမီးလေး … ဖေဖေတို့ကို ကယ်မယ့်သူတွေ ရှိနေပြီ … သမီးလေးအသံကြားရင် သူတို့လာကြမယ် ထင်တယ် ဝမ်းသာလိုက်တာ သမီးလေးရယ် … ဖေဖေ သမီးလေးကို မငိုဖို့ မတားတော့ပါဘူး သူတို့ကြားအောင် ဆက်ပြီး ငိုပါတော့သမီးလေးရယ်'
မိမိ၏ မျက်ဝန်းထဲမှ ကျဆင်းနေသည့် မျက်ရည်များအား သုတ်လျက် အငိုမျက်လုံး အပြုံးမျက်နှာလေးဖြင့် မြေပြင်အပေါ်မှ သမီးလေအား ဆက်လက်၍ ငိုခိုင်းနေခဲ့သည်။ ဝိဥာဉ်ဖေဖေ၏ အပြောကြောင့်လား မြေပြင်ပေါ်မှ သမီးလေးဟာ နဂိုကထက် ကျယ်လောင်စွာ ငိုလေတော့သည်။
'ဟဲ့ … မယ်မြ ငါ့နားထဲ ကလေးငိုသံကြားသလိုပဲ နင်ရော …'
' ဟုတ်တယ် ကျုပ်နားထဲလဲ ကြားနေတယ်'
' ဟေး … တကယ့် ကလေးငိုနေတာမှ ဟုတ်ရဲ့လား… '
' တော်ကလဲတော် … ဟုတ်ဟုတ် မဟုတ်ဟုတ် အရှေ့မနားကို ကျုပ်တို့ နည်းနည်းသွား ကြည့်ရအောင် တကယ်လို့ ကလေးလေးသာဆိုရင် ကျုပ်တို့အတွက် ဘုရားကပေးတာပဲ'
အစွန်ပစ်ခံ မြေပြင်ပေါ်မှ သမီးလေး၏ ငိုသံအား ထိုအဘိုးအို လင်မယားနှစ်ယောက် အသံသဲ့သဲ့ ကြားလိုက်ရသည်နှင့် မပီပြင်ဝိုးတဝါး အမှောင်ထုအတွင်းသို့ လှမ်းလာချေတော့သည်။
' ကယ်ပါဦးဗျာ … ကျုပ်သမီးလေးကို ကယ်ပါဦး သမီးလေး အရမ်းနာကျင်နေပြီ… ကျုပ်မကြည့်ရက်တော့ဘူးဗျာ … ဒီမှာ ကျုပ်သမီးလေး ရှိနေတယ် အဘိုးတို့လင်မယားနှစ်ယောက် တွေ့ပါစေဗျာ'
အမှောင်ထုအတွင်းသို့ လှမ်းလာနေသော အဘိုးအိုတို့ ဇနီးမောင်နံအား ဘေးမှကပ်လျက် ဝိဥာဉ်မောင်ကျော် သမီးလေးရှိနေသည့် နေရာသို့ လမ်းပြခေါ်ဆောင်နေခဲ့လေသလား အလောတကြီး မကြားနိုင်သည့် မိမိ၏ စကားများ ပြောနေခဲ့သည်။ အသက်ရွယ်အား လိုက်လျက် အမြင်များ မကြည်လင်တော့သည့် အဘိုးအိုဇနီးမောင်နှံဟာ အမှောင်ထုအတွင်းသို့ ရောက်လာခဲ့သည်နှင့် အစွန့်ပစ်ခံ သမီးလေး၏ ငိုသံအား ပိုမိုကြားနေရတော့သည်။
' ဟင် … ကိုအုန်းတင် … ဟိုမှာကြည့်စမ်း!'
အသံကြားရာဆီသို့ လိုက်လံရှာဖွေးနေရင်း အဘွားအို၏ မျက်လုံးတစ်စုံကား လမ်းဘေး၌ရှိနေသည့် သမီးလေးအား တွေ့လိုက်ရတော့သည်။
' ဟယ် … တကယ့် ကလေးလေးပါလား… ဘယ်လို မိဘမျိုးက စွန့်ပစ်သွားပါလိမ့်နော် ရက်စက်လိုက်ကြတာ …'
' ဟုတ်ပါ့တော် … ဖယ်ဖယ်… ကျုပ်ချီလိုက်မယ် '
အစွန့်ပစ်ခံ သမီးလေးအား မြေပြင်ပေါ်မှ အဘွားအို ကောက်ယူပွေ့ချီလိုက်သည်။ ထို့နောက် အလင်းရောင် ရှိနေရာသို့ အပြုံးမျက်နှာလေးများဖြင့် ခေါ်ဆောင်လာပြီး
' ဟယ် … ကြည့်ပါဦး ဖြူဖြူဖွေးဖွေး ချစ်စရာကြီး မိန်းကလေးတော်ရေ '
' ဟုတ်ပါ့ မယ်မြရယ် ချစ်စရာကောင်းလိုက်တာနော် ငါတို့လင်မယားနှစ်ယောက် ကလေးလိုချင်ခဲ့တာ အခုလို အသတ်ကြီးမှပဲ ဒီလိုချစ်စရာ ကောင်းတဲ့ ကလေးလေးကောက်ရတော့တယ် '
' ကျုပ်တို့ ဒီကလေးမလးကို ခေါ်သွားလို့ဖြစ်ပါ့မလား'
' ဖြစ်ပါတယ်ဟ … ဘယ်သူယူယူ စွန့်ပစ်ထားတာပဲ ပြသနာမဖြစ်လောက်ပါဘူး…'
' ကျုပ်တော့ ဒီကလေးလေးကို မြင်မြင်ချင်း အရမ်းချစ်မိတယ် တော်ရေ'
ညာတာမှု့ကင်းမဲ့စွာ အစွန့်ပစ်ခံထားရသည့် သမီးလေးအား မြေပြင်ပေါ်မှ နွေးထွေးစွာ ကောက်ယူပွေ့ချီလျက် အဘိုအိုးတို့ ဇနီးမောင်နံကား ယုယစွာ ထွေးပိုက်ထားခဲ့သည်။ ထိုမြင်ကွင်းအား ဖခင်ဖြစ်သူ ဝိဥာဉ်မောင်ကျော် စိုက်ကြည့်နေရင်း မျက်ဝန်းမှ မျက်ရည်များ စီးကျလာနေခဲ့သည်။ ထိုအဘိုးအိုလင်မယား နှစ်ယောက်ဟာ လုပ်ငန်းစက်ရုံကြီး တစ်ခု၏ စက်ရုံစောင့် အလုပ်သမားများဖြစ်ကြပြီး မိမိတို့၏ နယ်သို့အလည်တစ်ခေါက် ပြန်ရာမှ မနက်လင်းခင် အချိန်မတိုင်ခင် ရန်ကုန်သို့ ပြန်ရောက်လာချေခဲ့သည်။ ထို့နောက် ယခုကဲ့သို့ အစွန့်ပစ်ခံသမီးလေးနှင့် ဆုံတွေ့ခဲ့ပြီး ကလေးသိပ်လိုချင်နေသည့် အဘိုးအိုတို့ လင်မယားဟာ သမီးလေးအား ကောက်ယူမွေးစားရန် ဆုံးဖြတ်လိုက်ချေတော့သည်။
' သမီးလေး အဘိုးတို့နဲ့ ကောင်းကောင်းနေနော် ဒီအဘိုးအိုတို့ လင်မယားနှစ်ယောက်က သမီးလေးကို သိပ်ချစ်မှာပါ … ပြသနာတွေ အားလုံးပြီးသွားရင် သမီးလေးကို သိပ်ရက်စက်တဲ့ သမီးလေးအမေနဲ့ ပေးမတွေ့တော့ဘူး ဒီအဘိုးအိုတို့ လင်မယားနဲ့ပဲ သမီးလေးကို နွေးနွေးထွေထွေး ထားခဲ့ပါ့မယ် … သမီးလေးရယ် ဆင်းရဲချင် ဆင်းရဲပါစေ ငါ့သမီးလေးကို အခုလိုမျိုး နွေးနွေးထွေထွေး ယုယပေးရင်ပဲ တမန်လွန်ဘဝကနေ ဖေဖေ ကျေနပ်လှပါပြီ… '
လမ်းဘေး ပလောင်းဖောင်းပေါ်၌ ထိုင်ကာ သမီးလေးအား ချီထားလျက် မြူးတူးပြနေသည့် အဘွားဘိုဘေးသို့ ဝိဥာဉ်မောင်ကျော် သွားလျက် မကြားနိုင်သည့် မိမိ၏ စကားများ သမီးလေးအား ငိုလျက် ပြောနေတော့သည်။ ယုယကြင်နာစွာ ထွေးပိုက်ထားသော အဘွားအို၏ လက်အတွင်း၌ သမီးလေး၏ အပြုံးများအား ဝိဥာဉ်ဖေဖေ စိုက်ကြည့်နေပြီး စိတ်ချစွာ ထားခဲ့ဦးမည်ဟု တွေးနေခဲ့တော့သည်။
' ဖြူရယ် မင်းသိပ်ရက်စက်တာပဲကွာ ငါ့ကို စိတ်ဆိုးတာနဲ့ပဲ သမီးလေးကို ဘာလို့ အခုလိုမျိုး လမ်းဘေးမှာ ပစ်လိုက်ရတာလဲ ငါမင်းကို သိပ်ချစ်တာပါဖြူရယ် … သမီးလေးကို ဘာကြောင့် စွန့်ပစ်လိုက်ရတာလဲ ငါနားမလည်နိုင်ဘူး … မင်းတို့ ဂုဏ်ကြီးရှင်တွေက ဒီလိုမျိုးပဲလားကွာ … အိုး … တွေးမနေတော့ဘူး မင်းကို ငါကိုယ်တိုင် အခုပဲ သေချာသွားမေးမယ် မင်းရဲ့အကြောင်းပြချက်ကို သိရရင် သမီးလေးကို ဒီအဘိုးအိုတို့နဲ့ပဲ ထားလိုက်ပြီး ငါလဲ ဒီဘဝကနေ ကျွတ်လွတ်တော့မယ် …သမီးလေး … ဒီမှာ ခဏနေခဲ့ဦးနော် သိပ်ရက်စက်တဲ့ သမီးမေမေဆီ ဖေဖေသွားတွေ့ဦးမယ် … ဖေဖေပြန်လာခဲ့ပါ့မယ် သမီးလေးရယ် '
' အဘိုးအိုတို့ လင်မယားနှစ်ယောက်ကို ကျုပ်ကျေးဇူးအရမ်းတင်ပါတယ်ဗျာ တစ်ချိန်ချိန်မှာ အဘိုးတို့လင်မယားနှစ်ယောက်ကို ကျုပ်ပြန်ကူညီခွင့် ရချင်တယ် … အခုတော့ ကျုပ်သမီးလေးကို ခဏစောင့်ရှောက်ပေးထားပါ '
အဘိုးအိုတို့နှင့်အတူ ထိုင်နေရင်း အတွေးများစွာ ဝင်လျက် မည်သူမှ မကြားနိုင်သည့် သူ၏ အမှာစကားများခြွေကာ မိန်းမဖြစ်သူ ဖြူဖြူသျှင်းထံသို့ စိတ်နာစွာဖြင့် ထွက်ခွာသွားချေတော့သည်။
ခွေးလေးတိုးပွား၏ လမ်းပြခေါ်ဆောင်ရာသို့ ကျွန်ူပ်အပြေးလိုက်ပါလာရင်း ခရေပင်ရိပ်မွန် အိမ်ယာ ရပ်ကွက်သို့ ကျော်လွန်လာချေခဲ့ပြီ။ သို့ပေမယ့် ခွေးလေး၏ လမ်းပြနေသော ချေလှမ်းများက ရပ်တန့်မသွားသေး။ အရှေ့စူးစူးသို့သာ ဆက်လက်၍ သွားနေတော့သည်။ ထို့နောက် အလင်းရောင် ပျောက်လျက် အမှောင်ထုက အုပ်စိုးနေသော နေရာတစ်ခုသို့ ရောက်သည်နှင့် ခွေးလေး၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားချေတော့သည်။ ကျွန်ုပ်အား လည်ပြန်လှည့်ကြည့်လျက် ခွေးလေးခေါ်နေတာလား သူ၏ အနားသို့ ကျွန်ုပ်သွားလိုက်ပြီး
' ဘာတုန်းကွ … တိုးပွား … ဘာဖြစ်လို့ ငါ့ကို ဒီနေရာခေါ်လာရတာလဲ … '
လူတစ်ယောက်အလား ကျွန်ုပ်ပြောလိုက်သည့် စကားတို့အား ခွေးလေး ဂရုမစိုက် လမ်းနံဘေးသို့ ဆင်းသွားကာ မြက်ခင်းတစ်ချို့ လဲနေသည့် နေရာအနားတွင် လှည့်ပတ်လျက် တစ်အူအူဟု အော်နေခဲ့သည်။ လှည့်ပတ်လျက် ဟန်ပျက်စွာဖြစ်နေသည့် ခွေးလေးအနားသို့ ကျွန်ုပ်အပြေးသွားလိုက်ပြီး
' ဘာဖြစ်နေတာလဲ … ဟင် … အခင်လေးပါလား … ဒါတစ်ယောက်ယောက် ထိုင်သွားတာလား … မဟုတ်သေးဘူး … ဟင်… ကလေးလေးကိုများ ပစ်ထားသွားတဲ့ နေရာများလား …´
အသာကျစွာ လဲနေသည့် မြက်ခင်းတစ်ချို့က လူကြီးတစ်ယောက် ထိုင်ချထားသည့် နေရာကဲ့သို့ပင် အသားကျလျက် မြက်ခင်းများ လဲလျောင်းနေခဲ့သည်။ စဉ်းစားမရ ကျွန်ုပ်တစ်ယောက်တည်း အတွေးများစွာ ဝင်လျက် ခွေးလေးအား အမေးစကားများဖြင့် စတင်မေးလေတော့သည်။
' တိုးပွာ … ဒါမင်းသခင်ရဲ့ သမီးလေးကို ပစ်သွားတဲ့ နေရာလား ငါမေးတာကို တစ်ခုခုနဲ့ ငါနားလည်အောင် ပြောစမ်းကွာ …'
စိတ်မရှည်တော့သော လေသံမျိုးဖြင့် ခွေးလေးအား ကျွန်ုပ်ငေါက်လိုက်မိသည်။ သို့နှင့် ခွေးလေးဟာ ထိုအသားကျစွာ လဲလျောင်နေသည့် မြက်ခင်းပြင်သို့ အနံ့ခံပြလျက် ယောက်ယပ်ခတ်စွာ အသံများပေးနေလေတော့သည်။
' သေချာပြီ … ဒါ ကလေးမလေးကို ပစ်သွားတာပဲ ဖြစ်ရမယ် … ဟာကွာ … ရက်စက်လိုက်တာ… ကလေးကို ဘယ်သူတွေ ကောက်သွားကြပြီလဲ …'
ကျွန်ုပ်ကောင်းစွာ သဘောပေါက်ချေခဲ့ပြီ။ မွေးစချိန်မှ ယနေ့အချိန်ထိ လူသားတစ်ယောက်ကဲ့သို့ သမီးလေးအား ထိမ်းကျောင်းပေးနေခဲ့သည့် ခွေးလေး၏ အပြုမူများအား ကြည့်လိုက်သည်နှင့် ကျွန်ုပ်ကောင်းစွာ သဘောပေါက်ချေတော့သည်။ မိမိ၏ သွေးသားဖြစ်သော အစွန့်ပစ်ခံသမီးလေးနှင့် ဝိဥာဉ်ဘဝသို့ ရောက်ရှိနေသော ဖခင်ဖြစ်သူတို့၏ စိတ်ချင်းသာလျင် ဆက်သွယ်နေခြင်းမဟုတ် ထိုသို့ ရပ်ကွက် ခြားနားစွာ ဝေးကွာလှသည့် သမီးလေး၏ ငိုသံတစ်ချို့အား အဝေးမှ ခွေးလေးတိုးပွားကြားနေရသည်က စိတ်ချင်းဆက်နေကြသည်ဟု ထင်ပေါ်နေလှသည်။
ယောက်ယပ်ခက်နေသည့် ခွေးလေးဟာ ခွဲစိတ်ထားသော ဦးခေါင်းမှ ဒဏ်ရာ နာကျင်လာလေသလား ပါးစပ်မှ အော်နေသည့် အသံတစ်ချို့ တိတ်ဆိတ်သွားလျက် မြေပြင်ပေါ်၌ ဝပ်ချလိုက်သည်။ တုတ်တုတ်မှ မလှုပ် ငြိမ်သတ်နေသည်ကြောင့် ခေွးလေးအနားသို့ ကျွန်ုပ်သွားလိုက်ပြီး သူ့အားကြည့်လိုက်လေရာ နာကျင်ကိုက်ခဲမှု့ဒဏ်ကြောင့် မလှုပ်နိုင်တော့ပဲ ထိုနေရာလေးမှာသာ ငြိမ်သတ်သွားတော့သည်။ ငြိမ်သတ်နေသည့် ခွေးလေးအား ကျွန်ုပ်ကောက်ချီလျက် အိမ်အပြန်လမ်းသို့သာ အစွန့်ပစ်ခံလိုက်ရသည့် ဝိဥာဉ်မောင်ကျော်၏ သမီးလေးအကြောင်းကိုသာ တွေးနေလေတော့သည်။
အမှောင်ထုအား ထိုးဖောက်လျက် အလင်းရောင်လေးအား စတင်ထွက်ပေါ်လာချေသည်။ ခရေပင် ရိပ်မွန် အိမိယာရပ်ကွက်အတွင်းရှိ သူဌေးကြီး ဦးခိုင်ခံ့တင်၏ ခြံအတွင်းသို့ တစ္ဆေမကြီး ဝင်းမြ ဝင်ရောက်လာလျက် မိမိအား ခိုင်းစေထားသော မှော်ဆရာကြီးထံသို့ ရောက်ရှိလာခဲ့သည်။
' ဘယ်လိုလဲ… ဝင်မြ … ဟိုသရဲကို ဖမ်းခဲ့လား'
' ကျွန်မကို ခွငိ့လွတ်ပါဆရာကြီး ဆရာကြီးပေးတဲ့ အပြစ်ဒဏ်ကို ခံယူဖို့ ကျွန်မပြန်ရောက်လာတာပါ'
' ဘာကိုပြောတာလဲ … ရှင်းအောင်ပြောစမ်းဟာ'
' ဟိုသရဲက ကျွန်မထက် အစွမ်းထက်နေပြီ သူ့ကို ကျွန်မ မနိုင်တော့ဘူး အဲ့ဒါကြောင့် သူ့ကို မဖမ်းနိုင်တော့ပါဘူး '
' ဘာ… ဘာပြောတယ် … နင့်ထက် အစွမ်းထက်နေပြီ ဟုတ်လား …'
' ဟုတ်ပါတယ် သူ့ကို အလွယ်တကူ ဖမ်းနိုင်မယ် ထင်ခဲ့ပေမယ့် … ကျွန်မ သူ့ကိုရှုံးခဲ့ပါတယ် သူကို ကျွန်မ မနိုင်တော့ဘူး'
' သြော် … သူက နင့်ထက်တောင် သာနေပြီပေါ့လေ … တွေ့မယ် တွေ့မယ် … လှိုင်းကြီး လှေအောက်ပါပဲ … နင့်ကို အပြစ်ပေးမယ် သက်ညာတဲ့ အနေနဲ့ ဒီရပ်ကွက်မှာ နင့်ကို နိုင်တဲ့သူ ပေါ်နေပြီဆိုတော့ တစ်ခြားတစ်နေရာကိုသာ နင်တို့ မိသားစု ပြောင်းပေတော့ မဟုတ်ရင် လက်စားဝိဥာဉ်က နင်တို့ကိုပါ ဒုက္ခပေးလိမ့်မယ် …'
' ကျေးဇူးတင်ပါတယ်ဆရာကြီး ကျွန်မကို ခွင့်ပြုပါဦး'
မိမိခိုင်းစေခဲ့သမျှ အောင်မြင်အောင် ပြုလုပ်ပေးနိုင်ခဲ့သည့် တစ္ဆေမကြီးဟာ ယခုအခါ၌ ဝိဥာဉ်မောင်ကျော်အား သူမ မနိုင်တော့ဘူးဟု ဆိုလျက် မှော်ဆရာကြီးအား လာရောက်ပြောလေတော့သည်။ ထို့နောက် ဦးခိုင်ခံ့တင် အိပ်ယာမှ နိုးလာပြီး မှော်ဆရာကြီးနှင့် အပြန်အလှန် ထိုအကြောင်းအား ဆွေးနွေးကြတော့သည်။
'ဒါဆို … ကျုပ်တို့ ဘယ်လိုလုပ်မလဲ ဆရာကြီး'
'ဝင်းမြတောင် ဒီသရဲကို မနိုင်ဘူးဆိုတော့ ကျုပ်မှာ ရှိနေတဲ့ တစ်ခြားအစေခံ တစ္ဆေတွေလဲ သူ့ကို နိုင်မှာ မဟုတ်ဘူး … သူ့ကိုမဖမ်းပဲ ထားလိုက်မယ်ဆိုရင်လဲ ဝိဥာဉ်သက်တမ်း ရင့်လာတာနဲ့အမျှ ကျုပ်တို့ကို အန္တရယ်ပေးနိုင်တယ် … ဒီတော့ သူ့ကို ထောင်ဖမ်းမှ ဖြစ်လိမ့်မယ် '
' ဟင် … ဘယ်လို ထောင်ဖမ်းမှာလဲ'
' ညတုန်းက ခင်ဗျားသမီးဆီ သူလာသွားတယ်နော် ဒါပေမယ့် သူ့မိန်းမ ကျုပ်မှော်ကြောင့် အတိတ်မေ့နေတာကို သူသိဦးမှာ မဟုတ်ဘူး … ဒီတော့ အခွင့်သာရင် သာသလို သူပြန်ရောက်လာဦးမှာပဲ … '
' သြော် … ကျုပ်သဘောပေါက်ပြီ… ဒါဆို ကျုပ်သမီးလေးကို အတိတ်မမေ့တဲ့ ပုံစံလုပ်ခိုင်းပြီး သူရောက်လာမှ ဖမ်းလိုက်မယ်ဆိုတဲ့ သဘောလား'
' သိပ်ဟုတ်တာပေါ့ဗျာ … အဲ့ဒီလိုလုပ်လိုက်ရင် ကွိခနဲ သူ့ကို အလွယ်တကူ ဖမ်းမိပြီပေါ့ … ဟားဟားဟား … ဟားဟားဟား'
အကြံစည်ကောင်းစွာ မှော်ဆရာကြီးနှင့် ဦးခိုင်ခံ့တင်ဟာ သမီးဖြစ်သူ ဖြူဖြူသျှင်းနှင့် ဝိဥာဉ်မောင်ကျော်အား ထောင်ဖမ်းရန် ကြံစည်ကြတော့သည်။ ဖြူဖြူသျှင်းအား တစ်ဖက်လှည့်ဖြင့် ဝိဥာဉ်မောင်ကျော်အား စိတ်နာစေရန် လိမ်လည်ပြောဆိုလျက် မိမိတို့အကြံစည်အား ပြောပြလေတော့သည်။
' ဘဟ်လို… သမီးက အဲ့ဒီသရဲရဲ့ မိန်းမအဖြစ်နဲ့ နေပေရမယ် ဟုတ်လား '
' ဟုတ်တယ်သမီး … အဲ့ဒီလိုမှ မလုပ်ရင် သမီးလေးကို သူသတ်ပစ်လိမ့်မယ် … '
' ဟုတ်တယ်သမီးရေ … ဘာမှ မစိုးရိမ်နဲ့ သမီးလေးကို သူအန္တရဟ် မပြုနိုင်ဘူး… သမီးဆီကို သူရောက်လာပြီး ပြောချင်တာတွေ ပြောနေလိမ့်မယ် သမီးလေး နားထောင်ပေလိုက်ရုံပဲ ပြီးရင် သူ့ဝင်ပေါက်ကို ဦးကြီးတို့ပိတ်ပြီး သူ့ကို ဖမ်းလိုက်မယ် … အဲ့ဒါဆိုရင် အနှောက်ယှက်ပေးနေတဲ့ ဒီသရဲကို ကမ္ဘာအပေါ်ကနေ မောင်းထုတ်လို့ရပြီပေါ့ … ဟား'
' ဟုတ် ဟုတ်ကဲ့ …'
မောင်ကျော်နှင့် ပတ်သတ်သမျှ အတိတ်ကြောင်းအားလုံးအား မေ့မျောနေသည့် ဖြူဖြူသျှင်းဟာ ဝိဥာဉ်မောင်ကျော်အား ထောင်ဖမ်းမည့် အစီစဉ်အား သဘောတူစွာ လက်ခံလိုက်ချေတော့သည်။ သို့နှင့် မိန်းမဖြစ်သူ ဖြူဖြူသျှင်းထံသို့ ဝိဥာဉ်မောင်ကျော် ရောက်လာမည့်အချိန်အား ကြိုတင်အစီအစဉ်များ ပြုလုပ်ထားလျက် ဖမ်းစည်းရန် အသင့်စောင့်မျှော်နေလေတော့သည်။
ခွေးလေးတိုးပွားနှင့် ကျွန်ုပ်၏ ထူးဆန်းစွာ ဖြစ်ပွားခဲ့သော အဖြစ်ပျက်များအား မနက်လင်းသည်နှင့် သူငယ်ချင်းဖြစ်သူများအား ပြန်လည်ပြောပြချေတော့သည်။
' ဟင် … ဒါဆို ကလေးလေးကိုပါ ပစ်လိုက်ကြတာပေါ့ … ဖြူဖြူသျှင်းကရော မသိဘူးလား … '
' ဒါတော့ ငါလဲ မသိသေးဘူး … တစ်ခုခုလွဲနေတာတော့ သေချာနေပြီ မောင်ကျော်လဲ ငါ့ဆီကို တစ်ခါမှ ထပ်ရောက်မလာဘူး … ဘယ်လိုတွေ ဖြစ်ကုန်ပြီလဲ မသိဘူး … '
' အခု ခွေးလေးရော … သတ်သာရဲ့လား'
' သတ်သာနေတယ် … သူ့ကြည့်ရတာ စိတ်မကောင်းဖြစ်နေသလိုပဲ … '
' မိုက်ရိုင်းလိုက်တဲ့ သူဌေးတွေကွာ … အပြစ်မရှိတဲ့ ကလေးလေးကိုတောင် အလွတ်မပေးဘူး … သူ့အမေ ဖြူဖြူသျှင်းကရော ဘယ်ရောက်နေလဲ ဘာတွေလုပ်နေလဲ … တောက် ! ထီးလေး … ငါတော့ စိတ်သိပ်မရှည်တော့ဘူး '
' နေဦးတန်ခိုး… မင်းစိတ်လိုက်မာန်ပါ မဆုံးဖြတ်နဲ့ဦး ကလေးလေးကို ပစ်လိုက်တယ်ဆိုတာ ငါလဲ သေချာတော့ မသိသေးဘူး … ခွေးလေးရဲ့ အမူယာကို ကြည့်ပြီး ခန့်မှန်းထားတာ … '
' ငါတို့ကြားမှာ တစ်ခုခုလွဲနေတာတော့ သေချာပြီနေနော် … စခန်းမှူးကြီး အဲ့ဒီခြံထဲကို ဝင်ရှာတုန်းက ဖြူဖြူသျှင်းကို မတွေ့ခဲ့ဘူးတဲ့ … ကလေးလဲ မတွေ့ဘူးဆိုတော့ ဘယ်လို စဉ်းစားရမှန်းမသိတော့ဘူး … ငါးကလေးကိုလဲ နောက် ၅ရက်ဆို တရားရုံတင်တော့မယ်တဲ့ … '
' ဟုတ်တယ် … အဲ့ဒီ အမှူ့ကို အခုရက်ပိုင်းအတွင်း အမြန်ဆုံး ဖော်နိုင်မှ ငါးကလေးလဲ အချုပ်ထဲက လွတ်မယ် မဟုတ်ရင် ငါးကလေးအတွက်တော့ မစဉ်းစားရဲဘူး'
' ဟာကွာ …ကြာပါတယ်ကွာ … အဲ့ဒီခြံထဲကို ခိုးဝင်ပြီး စခန်းမှူးကြီးပြောသလို ဖြူဖြူသျှင်း ရှိ မရှိ သွားကြည့်လိုက်တာ ကောင်းတယ် '
' ဖြစ်ပါ့မလား … တန်ခိုး … '
' ဟုတ်တယ် … တန်ခိုး ပြောသလို လုပ်မှ ရတော့မယ် '
' မျှားလေးကပါ တန်ခိုးဘက်ကဆိုတော့ … ကဲ … လမ်းကလေး ငါတို့လဲ သူတို့အကြံတိုင်း ဆုံးဖြတ်လိုက်တာ ကောင်းမယ် '
' လက်ရုံးရည်နဲ့ ပြည့်စုံတဲ့ တန်ခိုးက ပြောတာကို ပျက်သားတဲ့ မျှားကလေးကထောက်ခံတယ် နှလုံးရည်နဲ့ ပြည့်စုံတဲ့ ထီးကလေးက အားပေးနေတယ်ဆိုတော့ ငါဆိုတဲ့ လမ်းကလေးက မင်းတို့အတွက် လမ်းခင်းပေးရုံပဲပေါ့ … ကောင်းပြီ ဒါဆို ဘယ်တော့ စမလဲ'
' ညဘက်ဆိုရင် ခြံကို ပိုပြီး ဦးခိုင်ခံ့တင် လုံခြုံရေးတွေ ချထားနိုင်တယ် … အခုလို နေ့ဘက်ဆိုရင်တော့ သူတို့ နည်းနည်း အလစ်ပေးနေမှာ သေချာတယ် … ဒီတော့ အခုချိန်က အကောင်းဆုံးပဲ အခုပဲ စလိုက်မယ် …'
' ကောင်းတယ် … ထီးကလေးပြောတာ မှန်တယ် … တို့အားလုံး ဖြစ်သမျှ အကြောင်းအကောင်းလို့ပဲ ယူဆလိုက်ကြတာပေါ့'
' ဟား … ဟား … ဟား … ဟား'
ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ၏ ရယ်မောလိုက်သော အသံများဟာ ခြံတစ်ခုလုံး ပဲ့တင်ထပ်သွားလေသလား ဖြစ်သမျှအကြောင်း အကောင်းဟုတွေးလျက် ခရေပင်ရိပ်မွန် အိမ်ယာ ရပ်ကွက်မှ ဦးခိုင်ခံတင်၏ ခြံအတွင်းသို့ ဝင်ရောက်ရန် သဘောတူစွာ ဆုံးဖြတ်လိုက်ကြတော့သည်။ သို့နှင့် အားလုံး ထိုင်ရာမှ ထလျက် ထိုရပ်ကွက်အတွင်းသို့ သွားရန် ကျွန်ုပ်တို့၏ ခြေလှမ်းများ စတင်ဦးတည်လေတော့သည်။
သမီးလေးအား အဘိုးအိုလင်မယားနှစ်ယောက်နှင့် စိတ်ချစွာ ထားခဲ့လျက် ပြိုင်ဘက်မရှိတော့သော ဝိဥာဉ်မောင်ကျော်ကား မိန်းမဖြစ်သူ ဖြူဖြူသျှင်းထံသို့ သမီးလေးအား စွန့်ပစ်ရသည့် အကြောင်းအရင်းများ မေးမြန်းရန် တွေးထားလျက် ခြံကြီးဆီသို့ ကပ်လှမ်းလာခဲ့သည်။ ခြံကြီးအနားသို့ ဝိဥာဉ်မောင်ကျော် ရောက်လာသည်နှင့် အရင်နှင့် မတူသော ပတ်ဝန်းကျင်အား တွေ့ရှိလိုက်ရသည်။
' ဟင် … တစ်ခြံလုံး တိတ်ဆိတ်နေပါလား … အရင်နေ့တွေနဲ့လဲ မတူဘူး … ထူးခြားနေသလိုပဲ … အိုး … ငါ့စိတ်ထင်နေလို့ နေမှာပါ … ဖြူ့ဆီကို သွားပြီး သမီးလေး အကြောင်းကို မေးရမယ် '
ထူးခြားစွာ ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်အား မောင်ကျော် တစ်ယောက် သတိထားမိသော်လည်း သူ၏ စိတ်ဟာ မိန်းမဖြစ်သူ ဖြူဖြူသျှင်းထံသို့ သွားရောက်ရန်သာ စိတ်အားထက်သန်နေခဲ့သည်။ ထို့နောက် မိမိဝင်ရောက်နေသည့်အတိုင်း စည်းချစည်းနှင့် လစ်ဟာနေသည့် ခွေးတိုးခြံပေါက်မှ ခြံကြီးအတွင်းသို့ ရောက်ရှိလာခါ ဖြူဖြူသျှင်း၏ အိပ်ခန်းအတွင်းသို့ ရောက်ရှိလာလေတော့သည်။ အတိတ်အား မေ့မျောနေသည့် ဖြူဖြူသျှင်းတစ်ယောက်မှာတော့ ဝိဥာဉ်မောင်ကျော်အား ဖမ်းစီးရန်အတွက် မှော်ဆရာကြီးနှင့် ဖခင်ဖြစ်သူတို့၏ အကြံစီအတိုင်း ဟန်ဆောင်မှု့ကောင်းစွာ ဝိဥာဉ်မောင်ကျော်အား စောင့်မျှော်နေလေခဲ့သည်။ ထို့နောက် ခြံကြီးအတွင်းသို့ အတားစီးမဲ့စွာ ဝင်ရောက်လာနိုင်သော မောင်ကျော်ဟာ ဟန်ဆောင်မှု့ကောင်းစွာ အသင့်စောင့်မျှော်နေသည့် ဖြူဖြူသျှင်းအား တွေ့လိုက်ရလေသည်။အချိန် ကြာမြင့်စွာ ကွဲကွာနေရသော မိန်းမဖြစ်သူအား တွေ့လိုက်သည်နှင့် ကြေကွဲ ဝမ်းနည်းသော လေသံလေးဖြင့်
' ဖြူ '
တစ်ဖတ်လှည့်နေသည့် မိန်းမဖြစ်သူအား ဂရုဏာအသံလေးဖြင့် မောင်ကျော် ခေါ်လိုက်လေတော့သည်။
***********************************
Post Top Ad
Responsive Ads Here
အပိုင်း(၁၄) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း
Share This
Tags
# ၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Share This
About Unknown
၀၇.ဝိဥာဉ်နှင့်ပျောက်ဆုံးနေသောအလောင်း
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment