♠အပိုင်း ၁၂ ၀ိဥာဉ်နှင့်ပျောက်ဆုံးနေသော သူလောင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

♠အပိုင်း ၁၂ ၀ိဥာဉ်နှင့်ပျောက်ဆုံးနေသော သူလောင်း

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် 
          ဝိဥာဉ်နှင့် 
ပျောက်ဆုံးနေသော သူ၏ 
             အလောင်း 
                     အပိုင်း (၁၂)
စာရေးသူ-ထီးကလေး၊



`ဒါဆို ငါ့ကို ခွင့်ပြုဦး … မင်းတို့ကြောင့် ခွေးသတ်တဲ့ အမှု့ကနေ လိမ်လည်မှု့လောက်ပဲ ဖြစ်တော့တယ် … ငါ့အစ်ကို မေးရင်တော့ သတ်ပြီးပြီလို့ လိမ်ပြောလိုက်တော့မယ် … ကဲ ခွင့်ပြုကြဦး !
ထိုလူကြီး၏ ပြောဆိုချက်အရ ထိုခွေးလေးဟာ ဝိဥာဉ်မောင်ကျော်၏ လူတစ်ယောက်ကဲ့သို့ အားကိုးအားထား ပြုရသော သိတတ်လှသည့် သူ၏ ခွေးလေးဟု ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ကောင်းစွာ သဘောပေါက်ချေတော့သည်။
ကျွန်ုပ်တို့အား ခွင့်တောင်းလျက် ထိုလူကြီး ခွေးလေးအား ပေးကာ လာရာလမ်းအတိုင်း ထွက်ခွာသွားချေတော့သည်။ ခွေးလေးဟာ အင်မတန်မှ နာကျည်မှု့ဒဏ်ကို ခံစားနေရပြီ မျက်လုံးကလေးမှေးခါ ကျွန်ုပ်တို့၏ အသံကိုနားစွင့်နေလေသလား ငြိမ်သတ်စွာနှင့် ကျွန်ုပ်၏ လက်အတွင်း၌ ရှိနေခဲ့သည်။
`ဒါဆို… ဒီကောင်ကြီးက … မင်းပြောတဲ့ ခွေးလေးတိုးပွားဆိုတာလား' .
` အတိကျတော့ မသိသေးဘူး … ဒီလူကြီးပြောပုံအရဆို ခွေလေးတိုးပွားဖြစ်လောက်တယ်' .
` ဘာပဲဖြစ်ဖြစ် ငါတို့အသက်တစ်ချောင်းကို ကယ်တင်လိုက်ရတာပဲလေ'
` မျှားလေး … ဒီခွေးလေးကို နင်ဘယ်လိုမြင်လဲ' .
` ငါ့အထင်ပြောရရင် ခြံအမှတ် B- 12က ခွေးလေးဆိုတော့ … မောင်ကျော်ရဲ့ ခွေးလေးပဲ ဖြစ်ဖို့များတယ်… အဲ့ဒါဆိုရင် ဖြူဖြူသျှင်းက ဒီခွေးကို သိပ်ဂရုစိုက်မှာ သေချာတယ် … ဘာဖြစ်လို့ အခုလို ဒဏ်ရာလာပြီး … သတ်ခိုင်းတဲ့ အထိဖြစ်ရတာလဲဆိုတာတော့ ငါလဲ မပြောတတ်ဘူး'
` နောက်မှ ပြောကြ … မဟုတ်ရင် ခွေးလေး သေသွားလိမ့်မယ်… အခုလည်း သွေးထွက်လွန်နေပြီ … ဆေးခန်းအမြန်ပို့မှ ဖြစ်မယ် …´
` ဒါဆို ငါတို့ အိမ်ကို အမြန်ပြန်မယ် … ညနေလောက်မှ ဒီရပ်ကွက်ကို တစ်ခေါက်ပြန်လာကြမယ် … တကယ်လို့  ဒီခွေးလေးသာ ခွေးလေးတိုးပွားဖြစ်နေရင်တော့ ငါတို့အတွက် အကောင်းဆုံး သက်သေတစ်ခု ထပ်ရတာပဲ '
သို့နှင့် ခြံအမှတ် B-12 သို့ ဦးတည်သွားမည့် ကျွန်ုပ်တို့၏ ခြေလှမ်းများ ရပ်တန့်သွားပြီး သွေးထွက်လွန်ကာ အသက်မျှမျှရှုနေသေးသည့် ထိုခွေးလေးအား အမြန်ဆုံး ဆေးခန်းသို့ပို့ဆောင်ရန် တိုင်ပင်မိတော့သည်။
ခြံကြီးအတွင်း၌ ချုပ်ထားသည့် ဝိဥာဉ်မောင်ကျော် လွတ်မြောက်သွားခြင်းနှင့် ပတ်သတ်၍ ဦးခိုင်ခံ့တင်တစ်ယောက်မှာတော့ စိုးရိမ်ကြီးစွာ ဖြစ်နေခဲ့သည်။ မိမိအား လက်စားပြန်ချေခံရမည်ကို စိုးရိမ်လျက်
` ဆရာကြီး … ဟိုသရဲကို ဖမ်းခိုင်းထားတာ … အဆင်ပြေနိုင်ပါ့မလား' .
` ဘာမှ ပူမနေပါနဲ့ … သူ့ကိုနိုင်တဲ့ သရဲနဲ့ ကျုပ်ဖမ်းခိုင်းထားပါတယ် … မကြာခင်မှာ သူ့ကို ပြန်မိလာလိမ့်မယ် … ဟိုခွေးကြောင့် ဒီသရဲလွတ်သွားရတာ … မဟုတ်ရင် ကျုပ်မှော်ပညာနဲ့ ဖျောက်ထားတဲ့ အရာကို ဘယ်သူမှ တွေ့နိုင်မှာ မဟုတ်ဘူး … ´
`တောက်! … ဒါကြောင့် ကျုပ်ဒေါသထွက်နေတာပေါ့ အလကား ခွေးစုတ် … သြော် … ဒါနဲ့ … အဲ့ဒီခွေးကို အပျက်ရှင်းပြီးပြီလာ'
` ညတည်းက ကျုပ် အပျက်ရှင်းပြီးပါပြီဗျ … စိတ်ချ'
` အေး … အဲ့ဒီခွေးက တော်တော်လည်တယ် … လူတစ်ယောက်လိုပဲ … အခု ခွေးကတော့ ရှင်းသွားပြီး …ကျန်နေသေးတာက ဟိုကောင်မောင်ကျော်နဲ့ ရထားတဲ့ ကလေးတစ်ယောက်ပဲ ကျန်တော့တယ် …'
` ဟင် ဦးခိုင်ခံ့တင် … ခင်ဗျားက လူမမယ်ကလေးလေးကိုပါ ဒုက္ခပေးဦးမလို့လား'
` ဟုတ်တယ် … ဒုက္ခပေးမှာ မဟုတ်ပါဘူး … ကျုပ်သမီးလေးအနားကနေ အပြီးအပိုင်မောင်းထုတ်ချင်တာ …'
` ဒါတော့ ကျုပ်မကူညီနိုင်ဘူး … ကျုပ်က အပြစ်မဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကိုတော့ အလကားသတ်သတ် ဒုက္ခမပေးဘူး … ´
`လိမ်မာစမ်းပါ … ဆရာကြီးရာ … ခင်ဗျားတောင်းထားတဲ့ ကန်တော့ကြေးတွေထက် ပြသနာအားလုံး ပြီးသွားရင် ကျုပ်ပိုပေးမှာပါ'
` ဒါတော့ ဒါပေါ့ … ဒါပေမယ့် '
'တော်တော့ ဆရာကြီး ဆက်မပြောနဲ့တော့ အဲ့ဒီကလေးလေးကို ဘယ်လို ပုံစံမျိုးနဲ့ … ကျုပ်သမီးနားကနေ ပျောက်သွားအောင် လုပ်မလဲဆိုတာကိုပဲ အကြံပေး … ´
ရက်စက်မှု့ကြီးစွာ ဦးခိုင်ခံ့တင်ကား ဖြူဖြူသျှင်းနှင့် အတူ ရှိနေသည့် ၇လနီးပါးမျှ ရှိသေးသော သမီးလေးအား သမီးဖြစ်သူဖြူဖြူသျှင်း၏ အနားမှ အပြီးအပိုင်ပျောက်သွားစေရန် အကူညီတောင်းနေတော့သည်။ ဦးခိုင်ခံ့တင်၏ စကားအား မှော်ဆရာကြီး ငြင်းပယ်ခဲ့သော်လည်း မည်သို့မှ ငြင်းပယ်၍မရသည်ကြောင့် ခေါင်းငြိမ့်ခါ လက်ခံလိုက်တော့သည်။
` ခင်ဗျားအကူညီတောင်းလို့ ကျုပ်ကူညီလိုက်မယ် … ဒါပေမယ့် အဲ့ဒီကလေးလေးကိုတော့ ကျုပ်အသေမသတ်ပေးနိုင်ဘူး … ´
`လုပ်ဗျာ … ကျုပ်သမီးအနားက ပျောက်သွားရင်ပဲ ကျေနပ်တယ် … ကျုပ်သမီးမှာ အဲ့ဒီကလေးမရှိတော့မှ သူ့ကို ကျုပ်ထက်ချမ်းသာတဲ့ သူတစ်ယောက်နဲ့ အမြန်ဆုံးပေးစားလို့ရမှာ … ´
` သိပ်လည်း အကြံကြီးပါပေတယ်ဗျာ … ´
` ဟား ဟား ဟား ဟား … ဟား …'

ဦးခိုင်ခံ့တင်ကား လောဘ အတင်မတန်ကြီးသည်။ မိမိတစ်ဘို့တည်းသာ ကြည့်တတ်ပြီး ကိုယ်ချင်းစာစိတ် မရှိသူပိပိ လူမမယ်အရွယ် သမီးလေးကိုပါ ဒုက္ခပေးရန် ကြံစည်နေတော့သည်။ စိတ်ပျက်စွာဖြင့် ဝိဥာဉ်မောင်ကျော်တစ်ယောက်မှာတော့ မိမိအား ဖမ်းစီးစေမည့် သရဲမကြီး ဝင်းမြအား ရှောင်တိမ်းလျက် ပုန်းအောင်းနေလေခဲ့ရသည်။
`ဟူး … ဒီတစ်ခါ ငါ့ကို ပြန်မိသွားရင်တော့ သူတို့တွေလက်ထဲက ဘယ်နည်းနဲ့မှ ငါပြန်လွတ်လာမှာ မဟုတ်တော့ဘူး … ဘယ်လိုလုပ်ရမလဲ … ဝိဥာဉ်ဦးလေးကြီးကိုလဲ အခုချိနိထိ ဘယ်မှာမှ ရှာလို့မတွေ့ဘူး … ဟိုကယ်တင်ရှင်လေးတွေဆီကို သွားလို့မရတော့ဘူး အမလေးနော် ဒီဘဝကြီးက ငါကျွတ်ချင်ပြီ …  ဦးလေးရေ … ကျုပ်ကို ကယ်ပါဦးဗျာ … ကျုပ်ကိုကူညီပါဦး …´
 မိမိအား စိတ်ကောင်းရှိစွာ သွန်သင်ဆုံးမခဲ့သည့် ဝိဥာဉ်ဦးကြီးအား တမ်းတလျက် အော်ဟစ်နေခဲ့သည်က ပဲ့တင်ထပ်လျက် နက်ရှိုင်းလှသည်။ ပုန်းအောင်းနေရာ အဆောက်အဦး အပျက်ကြီး၏ ရှေးဦးစွာ ရှိနေခဲ့သော ဝိဥာဉ်များကမူ မိမိအား ကြောက်ရွံ့နေသကဲ့သို့ အသံအားကြားသည်နှင့် ကိုယ်ဆီ ပုန်းရှောင်နေကုန်ကြတော့သည်။
` ဟေ့လူတွေ … အဲ့ … မဟုတ်ပါဘူး… ဟေ့သရဲတွေ ကျုပ်က ဘဝတူချင်း အနိုင်မကျင့်တတ်ပါဘူးဗျ … ဒါက ခင်ဗျားတို့ရဲ့ နေရာပါ ကျုပ်ကို မကြောက်ပါနဲ့ ခင်ဗျားတို့ရဲ့ နေရာကိုလဲ ကျုပ်မလုပါဘူး ဒီမှာ ခဏလေးနားနေတာပါ … ´
 ပတ်ဝန်းကျင်၏ အခြေနေကြောင့်သာ စိတ်ရိုင်းများဝင်လာတတ်သည့် ဝိဥာဉ်မောင်ကျော်တစ်ယောက်မှာတော့ ရှေးဦးစွာ နေထိုင်ကြသည့် ဝိဥာဉ်များအား ပြောလိုက်လေသည်။ ထိုနောက် မိမိရှိရာဆီသို့ ဝိဥာဉ်ကောင်လေးတစ်ယောက်ကား ကြောက်ရွံ့နေသော ခြေလှမ်းတို့ဖြင့် လှမ်းလာပြီး
` အ … အစ်ကိုကြီးက … ကျုပ်တို့တွေကို ရန်မပြုဘူးဆိုတာ တကယ်ပြောတာလား'
' အေးပေါ့ကွ … မင်းတို့ ရန်ပြုဖို့မပြောနဲ့ ငါ့ကို ရန်ပြုနေတဲ့ သူကိုတောင် မနည်းပုန်းရှောင်နေရတာ …'
' ဟင်!… အစ်ကိုကြီးက ကြောက်ရမဲ့သူ ရှိသေးတယ်ပေါ့ …'
'ဟင် … မင်းတို့က ဘာဖြစ်လို့ အဲ့ဒီလို ငါ့ကိုမေးရတာလဲ'
' အစ်ကိုကြီးက ကျုပ်တို့အမြင်မှာ သိပ်ကြောက်စရာကောင်းနေတယ် … '
'ဟေ .… '
' ဟုတ်တယ် … အခုန အစ်ကိုကြီး အော်သံကို ကြားလိုက်တည်းက ကျုပ်တို့ထက်ပိုပြီး ကြောက်စရာကောင်းနေပြီ '
' ဟုတ်လို့လား … ဘာပဲဖြစ်ဖြစ် မင်းတို့ကို ငါရန်မပြုပါဘူးကွာ … ငါလဲ ဒီလိုဘဝကနေ တတ်လာရတာပဲ … '
' ကျေးဇူးတင်ပါတယ်ဗျာ … ကျုပ်တို့မှာ နေစရာနေရာမရှိလို့ ဒီမှာပဲ ခိုကပ်ပြီးနေနေရတာ ဒါနဲ့ အခုန အစ်ကိုကြီး ပြောတဲ့ … ဝိဥာဉ်ဦးလေးဆိုတာ … ဘဟ်သူလဲ ကျုပ်တို့သိတဲ့ သူများဖြစ်နေမလားလို့ '
' ဟေး!… လုပ်စမ်းပါဦး … ပြောစမ်းပါဦး …´
' ကျုပ်တို့သိတဲ့ ဝိဥာဉ်ဦးလေး ပုံစံက ဝိဥာဉ်နဲ့ မတူ လူအတိုင်းပဲ … အကျီအဖြူရောင်လေးနဲ့… စိတ်ကောင်းရှိတဲ့ ဝိဥာဉ်တစ်ယောက်လေ…'
'ဟုတ်ပြီ … ငါပြောတာလဲ သူပဲ  … သူနေတဲ့ နေရာကို မင်းတို့သိလား … ပြောစမ်းပါကွ… မြန်မြန် အရေးကြီးလို့ …´
` သူပြောတာတော့ နေရာ အတည်တကျမရှိဘူး အခုလောလောဆယ်တော့ ဟိုဘက်ရပ်ကွက်က မြေကွက်အလွတ်တစ်ခုမှာ နေတယ်လို့ ပြောသွားတာပဲ '
' ဟင် … ဟုတ်ပြီ … ဒါဆို ငါ့ကို ခွင့်ပြုဦး ကျေးဇူးပဲ'
 ထိုဝိဥာဉ်ကောင်လေး၏ ပြောစကားအဆုံးတွင် ဝိဥာဉ်မောင်ကျော်မှာ လျင်မြန်စွာဖြင့် လမ်းညွန်ပေးလိုက်သည့် ရပ်ကွက်အတွင်းသို့ ဦးတည်ရောက်ရှိသွားခဲ့သည်။ ညွှန်ပေးလိုက်သည့် မြေကွက်အလွတ်ကြီးဆီသို့ ကြောင်တောင်တောင်ဖြင့် မောင်ကျော် ရောက်ရှိသွားပြီး ပတ်ဝန်းကျင်အား လေ့လာနေစဉ်
' ဟေ့ကောင်လေး … '
ထိုအသံကား မိမိစိတ်ထဲတွင် အမြဲဆွဲနေခဲ့သည့် အသံ။ ခေါ်လိုက်သည့် လေသံလေးက နွေးထွေးစွာဖြင့် အသံလာရာဆီသို့ မောင်ကျော် လျင်မြန်စွာလှည့်ကြည့်လိုက်ပြီး
' ဟင် … ဦးလေး … ဝိဥာဉ်ဦးလေး '
' ဟား ဟား … ကောင်လေး … မတွေ့တာကြာလို့လား မသိဘူး … မင်းတောင် သိပ်ကြောက်စရာကောင်းတဲ့ တစ္ဆေတစ်ကောင်နီးပါး ဖြစ်နေပါလား …'
' ဗျာ … ကျုပ်က ကြောက်စရာကောင်းတဲ့ တစ္ဆေတစ်ကောင် နီးပါးဖြစ်နေတယ် … ဟုတ်လားဦးလေး '.
` ဟုတ်တယ် … မင်းဒီကို မျက်စိလည်ပြီး ရောက်လာတာတော့ မဖြစ်နိုင်ဘူး ငါ့ကို လာရှာတာ မဟုတ်လား '
'သိပ်ဟုတ်တာပေါ့ဗျာ … ဦးလေးကို အခုလို ပြန်တွေ့ရတာ ကျုပ်တကယ့်ကို ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျမိပါတယ် … ကျုပ်ကို အကူညီပေးပါဦး… အခုဆို ဟိုအိမ်ပျက်ကြီးမှာ နေတဲ့ သရဲမကြီးက ကျုပ်ကို လိုက်ဖမ်းနေတယ် … ကျုပ်ကိုဖမ်းပြီး မှော်ဆရာကြီး လက်ထဲကို အပ်မှာ ကျုပ်အခုတောင် မနည်းလွတ်အောင် ပြေးလာရတာ … ´
'ဟင် ပြောစမ်းပါဦး မင်းအကြောင်လေ … ငါကူညီလို့ရရင် ကူညီမယ် … ဝင်းမြကို အောက်လမ်းဆရာတစ်ယောက် ခိုင်းစားနေတယ်လို့တော့ ငါသိထားတာပဲ … ပြောပါဦး ငါနဲ့ မတွေ့ဖြစ်တဲ့ ကြားမှာ မင်းဘာတွေ ဖြစ်ခဲ့သလဲ … ´
` ဒီလိုဗျ … ´
ဝိဥာဉ်ဦလေးကြီးအား တွေ့လိုက်သည်နှင့် မောင်ကျော်မှာ ဝမ်းသာအားရဖြစ်လျက် မိမိ၏ အကြောင်းအား ဒုတိအယကြိမ်မြောက် ထပ်မံပြောဆိုလေတော့သည်။
' အင်း… မင်းအဖြစ်ကလဲ ဆိုးပြီးရင်း ဆိုးလေပါလား ဒါဆို အခုထိ မင်းမိန်းမကို မင်းသေသွားတဲ့ အကြောင်း မပြောရသေးဘူးပေါ့'
'ဘယ်လိုလုပ် ပြောရဦးမှာလဲဗျာ … ဦးလေးပြောတဲ့ လူဆီကိုလဲ ကျုပ်သွားပြီး အကူညီတောင်းခဲ့ပြီးပြီ သူလည်း ကျုပ်ကိုကူညီရင်း အခု အချုပ်ထဲရောက်နေတယ် … အဲ့ဒါကြောင့် သရဲမကြီးရန်ကိုလည်း ကြောက်ရသေးတယ် ဦးလေးကို နေရာအနံ့လိုက်ရှာရင် အခုလို တွေ့တာပဲ … ကျုပ်မိန်းကို တွေ့ခဲ့ပေမယ့် ကျုပ်အသံကိုမှ သူမကြားနိုင်တာ ဘဟ်လိုလုပ်ရှင်းပြနိုင်မှာလဲ ပြီးတော့ ကျုပ်ကို သူအထင်လွဲနေတယ် ကျုပ်အကြောင်းကို ကျုပ်မိန်းမသိသွားရင်ပဲ ကျေနပ်လှပါပြီ မှော်ဆရာကြီးရဲ့ လက်ထဲရောက်မယ်ဆိုလဲ ရောက်ပါစေတော့ဗျာ … '
' အင်း … မင်းကို အကူညီတစ်ခုတော့ ငါပေးနိုင်မယ် … ဒီညနေ မင်းမိန်းမရှိနေတဲ့ အိမ်ကိုပြန်သွား … ပြီးရင် သူအရှေ့တည့်တည့်မှာ မင်းကိုယ်ထင်ပြလို့ရအောင် ငါကူညီလိုက်မယ် '
' ဟင် … ဦး … ဦးလေးတကယ်ပြောနေတာလား'
' အေး … ဒါပေမယ့် တစ်ခုတော့ရှိတယ် အဲ့ဒီအိမ်ထဲကို မင်းဝင်နေကြအတိုင်း အလွယ်တကူတော့ ဝင်လို့ရမှာ မဟုတ်ဘူး … ဟိုပယောဂါဆရာကြီးက စည်းချထားမှာ သေချာတယ် ဒီတော့ ခွေးတိုးပေါက်ရှိတဲ့ ခြံအပေါက်ကနေပဲ မင်းဝင်နိုင်လိမ့်မယ် အဲ့ဒါဆို မင်းမိန်းမကို မင်းအကြောင်းတွေ မင်းကိုယ်တိုင်ပဲ ရှင်းပြနိုင်ပြီပေါ့ '.
' ဦးလေး … တကယ်ပြောတာနော် … ကျေးဇူးပါပဲဗျာ '
' ရော့ … ဒီကြိုးလေးကို မင်းလည်ပင်းမှာ ဆွဲထားလိုက် အဲ့ဒီကြိုးလေးက ငါ့ဝိဥာဉ်သက်တမ်းနဲ့ ယဉ်ပြီး အကောင်ထည်ပြနိုင်အောင် စီရင်ထားတာ ဒါလေးကို မင်းဆောင်ထားတာနဲ့ ကိုယ်ထင်ပြချင်တဲ့ သူကို ကိုယ်ထင်ပြလို့ရပြီ …'
' ကျေးဇူးပါပဲဗျာဦးလေးရာ … ဒါဆို ညနေဆောင်းတော့မယ် ကျုပ်ဦးလေးပြောတဲ့ အတိုင်း လုပ်မယ် ကျုပ်ကို ခွင့်ပြုဦး '
' အေးပါ ကောင်လေးရာ မင်းကံကောင်းမှာပါ နောက်တစ်ကြိမ် မင်းနဲ့ငါ ထပ်ဆုံချင်သေးတယ် '
  သိုနှင့် ဝိဥာဉ်ဦကြီးအား မောင်ကျော်တစ်ယာက် လှိုက်လှဲစွာ ပြောဆိုလျက် ဝဲကျနေသည့် မျက်ရည်များနှင့် ထိုနေရာမှ နှုတ်ဆတ်ပျောက်ကွယ်သွားချေတော့သည်။
' ဆရာကြီး ဟိုကလေးမလေးကို ဘယ်လို ကျုပ်သမီးအနားက ပျောက်အောင်လုပ်မှာလဲ … ဒီအတိုင်းလုယူလို့တော့ ရမှာမဟုတ်ဘူးနော် အဲ့ဒီကလေးကို ကျုပ်သမီးက အထိခံတာမဟုတ်ဘူး ကလေးကို သူ့ဘာသူ စိတ်ကုန်သွားအောင်ပဲ လုပ်မှ ရလိမ့်မယ်  …´
'ကျုပ်သိပါတယ်ဗျာ … အခု ကျုပ်စီစဉ်နေတာ ခင်ဗျားက ခင်ဗျားသမီးကို အတိတ်က ဖြစ်ရပ်တွေ အားလုံးမေ့ပြီး အရင် အပျိုစင်စစ်ဘဝကလို ဖြစ်စေချင်တာ မဟုတ်လား … ဒီတော့ ကျုပ်မှော်ပညာနဲ့ လုပ်ပေးမယ် ´
`ဟင် … ဘယ်လိုလုပ်မှာလဲ … ကျုပ်သမီးလေးကိုတော့ မထိခိုက်စေနဲ့နော်.'
'လုံးဝ မထိခိုက်ဘူး … ကျုပ်လုပ်မှာက မောင်ကျော်နဲ့ ပတ်သတ်ပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူမေ့သွားအောင်ပဲ စိတ်ကို မှော်ပညာနဲ့ ထိန်းချုပ်မယ် ´
' ဟာ … သိပ်ကောင်းတယ်ဗျာ … ဒါကြောင့်လဲ ကျုပ်ဖြင့် ဆရာကြီးကို အားကိုနေရတာပေါ့ ဘယ်တော့ အကောင်အထည်ဖော်မလဲ '
' အခုပဲ …'
သို့နှင့် မှော်ဆရာကြီးဟာ မိမိ၏ တတ်မြောက်ထားသော မှော်ပညာဖြင့် ဖြူဖြူသျှင်း၏ အတိတ်ကြောင်းအား မေ့ပျောက်သွားစေရန် စတင်ပြုလုပ် နေလေတော့သည်။ ဝိဥာဉ်ဦးလေးကြီး ပေးလိုက်သည့် လက်ဖွဲ့ကြိုးလေးအား မောင်ကျော်တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်လျက် ထိုခြံကြီးဆီသို့ ပတ်ဝန်းကျင်အား အကဲခတ်လျက် ရောက်ရှိလာလေတော့သည်။ ခြံထဲသို့ မိမိဝင်နေသည့်အတိုင်း ဝင်၍ မရသည်ကို သိရှိထားသောကြောင့် ခြံအပေါက်ရှိရာသို့ ဦ်းစွာသိရှိထားသည့် မောင်ကျော်တစ်ယောက် ခြံကြီးအတွင်းသို့ ကောင်းစွာ ဝင်ရောက်လာနိုင်ခဲ့သည်။ မိန်းမဖြစ်သူ ဖြူဖြူသျှင်းရှိနေသည့် အိပ်ခန်းဆီသို့ စိတ်မှန်းလိုက်ရုံနှင့် မောင်ကျော်ရောက်ရှိလာနိုင်တေတ့သည်။ အိပ်ခန်းအတွင်းသို့ ရောက်သည်နှင့် ကုတင်းပေါ်၌ သမီးလေးအား သီချင်းဆိုလျက် သိပ့်နေသော မိန်းမဖြစ်သူအား တွေ့လိုက်လေသည်။ ထိုနောက် ဝိဥာဉ်ဦးလေးကြီးပြောသည့်အတိုင်း လက်ဖွဲ့လေးအား မိမိ၏ လည်ပင်း၌ ဆွဲလိုက်ပြီး
`ဖြူ …´ ကြေကွဲဝမ်းနည်းစရာ ကောင်းလှသည့် အသံတို့ဖြင့် မိန်းမဖြစ်သူ ဖြူဖြူသျှင်းအား လှိုက်လှဲစွာခေါ်လိုက်လေသည်။ မိမိ၏ အသက်နှင့် ထပ်တူပြု မှတ်သားမိနေသော ဖြူဖြူသျှင်းကား ထိုသို့ခေါ်လိုက်သော မောင်ကျော်၏ စကားသံကို မှတ်မိသွားလျက် ကုတင်းအပေါ်မှ လူးလဲထခါ ဘေးပတ်ပတ်လည်အား သူမလိုက်ကြည့်နေလေတော့သည်။
'ဖြူ … ငါဒီမှာ '
 သူမ၏ ကုတင်းခြေရင်းမှ ဖြူဖွေးသန့်ရှင်းသော အဝတ်စားတို့ကို ဝတ်ဆင်ထားသည့် ကာလကြာမြင့်စွာ ကွဲခွာနေသော ယောကျာ်းဖြစ်သူ မောင်ကျော်အား တွေ့လိုက်ရလေသည်။ မောင်ကျော့်အား သူမ မြင်လျင်မြင်ချင်း အံ့အားသင့်နေလျက် မည်သည့်စကားမှ ပြန်၍မပြောနိုင် နှုတ်မှ စွန့်အလျက် မျက်ရည်များ ကျလာနေတော့သည်။
' ဖြူ … မငိုပါနဲ့ … ငါမင်းကို ထားသွားတာမဟုတ်ပါဘူး ငါမင်းကို အရမ်းချစ်တယ် မင်းကို ငါဘယ်လိုလုပ် ထားခဲ့ရက်မှာလဲဖြူရယ်… ငါလေ မင်းနဲ့ သမီးလေးအနားမှာ အမြဲတမ်းရှိနေခဲ့တာပါကွာ … ငါ့သေသွားတာ တစ်နှစ်တောင် ပြည့်တော့မယ် ငါ့ကို မင်းအထင်လွဲနေလို့ မင်းသိအောင်ရှငိးပြချင်လို့ ငါအမျိုးမျိုးကြိုးစားနေခဲ့တာပါ … ငါ့ကို အထင်မလွဲပါနဲ့နော်'
ရှိုက်ငင်စွာ ငိုလျက်ပြောနေသော မောင်ကျော်၏ ပြောစကားများအား ဖြူဖြူသျှင်းတစ်ယောက် မျက်ရည်များကျနေလျက် မည်သည့်စကားမှ ပြန်မပြောနိုင်ပဲ ကြောင်တောင်တောင်သာ ကြည့်နေခဲ့တော့သည်။ ထိုအချိန်၌ သူမ၏ အိပ်ခန်းတံခါးအား အပြင်မှ တစ်စုံတစ်ယောက် လာရောက်ခေါက်သော အသံအား ကြားလိုက်ရသည်။
' ဖြူ ငါ့ကို ဖမ်းမယ့်သူတွေလာနေပြီ ငါသွားတော့မယ် နောက်မှ မင်းဆီကို ငါပြန်ခဲ့ပါ့မယ်'
' အစ်ကို …'
သူမ၏ ခေါ်သံအား မောင်ကျော်တစ်ယောက် မကြားလိုက် လျင်မြန်စွာဖြင့် သူ၏ အရှေ့မှ ပျောက်ကွယ်သွားချေတော့သည်။ တံခါးခေါက်သံနှင့်အတူ လော့မချထားသည့် အိပ်ခန်းအတွင်းသို့ ဦးခိုင်ခံ့တင်နှင့် မှော်ဆရာကြီး လွယ်ကူစွာ ရောက်ရှိလာပြီး ဖခင်ဖြစ်သူအား ဖြူဖြူသျှင်းတစ်ယောက် လှည့်ကြည့်မည်အလုပ် အသင့်ပါလာသည့် ခွက်ကလေးထည့်မှ ရေတစ်ချို့ ဖြူဖြူသျှင်း၏ မျက်နှာအား ပက်ဖျနိးလိုက်လေတော့သည်။ သူမ၏ မျက်နှာပြင်အပေါ်သို့ မှော်ဆရာကြီး၏ ပက်ဖျန်းလိုက်သော ရေတစ်ချို့ ထိရောက်သွားသည်နှင့် ဖြူဖြူသျှင်းမှာ ကြမ်းပြင်အပေါ်သို့ လဲကျသွားခဲ့သည်။
' ကဲ … ရပြီ… ခင်ဗျားသမီး သတိပြန်ရလာရင် အရင် အတိတ်ကအကြောင်းအားလုံးကို  သူလုံးဝမေ့သွားပြီ '
' သိပ်တော်တာပဲ ဆရာကြီးရာ … ကျုပ်ဘဝကို ခင်ဗျားပိုင်သွားပါပြီ … '
' ကဲ အချိန်မရှိဘူး … ကျုပ်ပြောသလိုပဲလုပ် ဒီကလေးကို တစ်ခြားတစ်နေရာမှာ သွားပစ်လိုက် အသေတော့မသတ်နဲ့'
'စိတ်ချပါ ဆရာကြီးပြောတဲ့ အတိုင်းပဲ လုပ်ပါ့မယ်'

အလွန်တရာမှ ရက်စက်လှသည့် လူသားတွေလား ပြုံးရွှင်လျက် ခြေ လက်ကလေးများ ကာယားကာ ဆော့ကစားနေသော ကုတင်အပေါ်၌ ရှိနေသည့် သမီးလေးအား ဦးခိုင်ခံ့တင်၏ တပည့်တစ်ယောက် ကြမ်းတမ်းစွာဖြင့် အိပ်ခန်းအပြင်သို့ ခေါ်ဆောင်သွားလေတော့သည်။ ထိုလူကြီးအား ဦးခိုင်ခံ့ တိုးတိတ်စွာ ပြောဆိုလျက် သမီးလေးအား ထိုခြံကြီးနှင့် ဝေးရာဆီသို့ စွန့်ပစ်ခိုင်းလိုက်တော့သည်။
သွေးထွက်လွနိနေသည့် ခွေးလေးတိုးပွားအား တိရစ္ဆာန်ဆေးကုခန်းသို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ လိုက်လံပို့ဆောင်ပေးခဲ့ပြီး ခဏအကြာမှာပဲ ခွေးလေးအား ပွေ့ချီထားလျက် ဆရာမအခန်းအတွင်းမှ ထွက်လာခဲ့သည်။ ထို့နောက် ခွေးပိုင်ရှင်ဖြစ်သည့် ကျွန်ုပ်၏ လက်အတွင်းသို့ မှိုင်းထိုင်းနေသည့် ခွေးလေးအား လက်ဆင့်ကမ်းပေးလိုက်ပြီး ဆရာဝန်မကား သူမ၏ ခေါင်းအား ခါလျက်
' ရှင်တို့ ခွေးလေးကို ဆေးခန်းပို့တာ နောက်ကျသွားတယ် သူရထားတဲ့ ဒဏ်ရာက တော်တော်လေးပြင်းတယ် အခု သွေးထွက်လွန်ပြီ ဦးခေါင်းမှာ သွေးခဲနေပြီ ကျွန်မကတော့ လက်လျော့လိုက်ပြီ '
' ဗျာ … ဆရာမ ခွေးလေးကို လက်လျော့လိုက်ပြီးဆိုတော့ '
'ဟုတ်တယ် … ရှင်တို့ခွေးလေးက တော်တော် ခံနိုင်ရည်ရှိတဲ့ ခွေးဖြစ်နေလို့ မဟုတ်ရင် ဦးနှောက်သွေးခဲပြီး သေသွားတာကြာပြီ စိတ်မကောင်းပါဘူး သူအသက်မရှင်နိုင်တော့ဘူး ကျွန်မလဲ အစွမ်းကုန် လုပ်ပေးခဲ့ပါတယ် ဒါပေမယ့် အခုတော့ ကျွန်မလဲ မတတ်နိုင်တော့ဘူး '
'ဗျာ … လုပ်ပါဦးဗျာ … ဆရာမ ဒီကောင်ကြီးကို ကယ်ပေးပါဦး… ကျုပ်တို့ ဒီကောင်ကြီး အသက်ရှင်ဖို့ ဘယ်လိုလုပ်ရမလဲ …'
' အင်း!… နောက်ဆုံးတစ်နည်းတော့ ရှိတယ် ဆေးရုံကိုသွားပြီး ခွဲစိတ်ကြည့်လိုက်မယ်ဆိုရင်တော့ တစ်ခုခုထူးခြားလာနိုင်တယ် … ကဲ စဉ်းစားမနေနဲ့တော့ ခွေးလေးကို မသေစေချင်ရင် အခုပဲ ရှင်တို့အားလုံးကို ဆေးရုံကို အမြန်ဆုံးသွားကြပါ '
   တိရိစ္ဆာန် ဆေးကုခန်းမှ ဆရာဝန်မကား ခွေးလေးရရှိထားသော ဦးခေါင်းမှ ဒဏ်ရာဟာ အလွနိပင် ပြင်းထန်လျက် သွေးထွက်လွန်ခဲ့သည်ကြောင့် ယခုအခါ ဦးခေါင်းတွင် သွေးခဲနေပြီဟု ဆိုလေတော့သည်။ သူမကား ခွေးလေး၏ အသက်ကို မကယ်တင်နိုင်တော့ပဲ လက်လျော့လိုက်ပြီး နီးစပ်ရာ ဆေးရုံသို့သာ လမ်းညွှန်ပေးလိုက်တော့သည်။ ထို့နောက် ကျွနိုပ်နှင့်အတူ သူငယ်ချင်းများ နီးစပ်ရာ ဆေးရုံသို့ ခွေးလေးအားပိုက်လျက် အပြေးရောက်ရှိသွားခါ ဆရာဝန်ကြီးနှင့် ခွေးလေး၏ အကြောင်းအား ပြောလေတော့သည်။
' စိတ်တော့မရှိနဲ့ ညီလေးတို့ ဆရာက တိရိစ္ဆာန်မချစ်တတ်သလို လူတွေကို ခွဲစိတ်ကုသပေးတာ ခွေးကိုတော့ မခွဲစိတ်ပေးဘူး'
' ကူညီပါ ဆရာရယ် ကျွန်တော့တို့အတွက် ဒီခွေးလေးဟာ အရမ်းအရေးကြီးလို့ပါ ဖြစ်နိုင်ရင် ခွေးလေးကို ခွဲစိတ်ပေးပါဗျာ '
' ဒီမှာ ကိုယ့်လူတို့ ကျုပ် စကားအကုန်ပြောပြီးပြီ ခွေးကို လာပြီး ခွဲစိတ်ခိုင်းနေတည်းက ကျုပ်ကို စော်ကားနေသလိုပဲ ခင်ဗျားတို့ သတ်သတ်လာနှောက်ယှက်နေတာလား '
' မဟုတ်ရပါဘူးဗျာ … ခွေးလေးက ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးနေလို့ပါ သူ့ကို ကယ်ပေးပါဆရာရယ်'
'ဟုတ်ပါတယ် ဆရာရယ် … လူလဲ အသက်တစ်ချောင်း ခွေးလဲ အသက်တစ်ချေားင်းပါ အသက်တစ်ချောင်းကို ကယ်ကောင်းပါတယ် '.
' နေပါဦး ဒီခွေးက ခင်ဗျားတို့အတွက် ဘယ်လောက် အရေးပါနေလို့လဲ …'
' သိပ်ကို အရေးပါလို့ပါ … ဒီခွေးလေးသာ အသက်ရှင်မယ်ဆိုရင် ကျွန်တော်တို့ ဘာပဲ လုပ်ပေးရပါ … လုပ်ပေးနိုင်ပါတယ် ကုန်ကုန်ပြောရရင် ကျုပ်အသက်ထက် ဒီခွေးလေးရဲ့ အသက်က ပိုပြီး တန်ဖိုးရှိပါတယ်'
' ဟင် !အဲ့လောက်တောင်လား ''
'ဟုတ်ပါတယ် ဆရာ … အချိန်မရှိဘူး ခွေးလေးကို အမြန်ဆုံး ခွဲစိတ်ပေးပါ '
'လုပ်ပါနော် ဆရာရယ် ကျွန်တော်တို့ အနူးညွှတ်တောင်းဆိုတာပါ … ကူညီပါဆရာရယ်'
' ဟုတ်ပါတယ် ဆရာ ကျွန်တော်တို့ သူငယ်ချင်းတွေ ရှစ်ခိုးပြီးတောင်းဆိုပါတယ် '
'ဟာ … ဟေ့ဟေ့… ထ … ထကြ'
    ခွေးလေးတိုးပွား အသက်ရှင်ဖို့အရေး ကျွန်ုပ်တို့အားလုံးအတွက် လွန်စွာမှ အရေးကြီးသည်ကြောင့် ခွဲစိတ်ဆရာဝန်ကြီးအား ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ရှစ်ခိုးတောင်းပန်လေတော့သည်။ ထိုနောက် ဆရာဝန်ကြီးဟာ ကျွန်ုပ်တို့အားလုံးအား ရှစ်ခိုးမတောင်းပန်ရန် ပြောလျက်
' ခင်ဗျားတို့ ဒီလောက် တောင်ဆိုနေမှတော့ ကျုပ်တတ်နိုင်သလောက် ကြိုးစားပေးပါ့မယ် '
' ဟာ … ကျေးဇူးတင်လိုက်တာ ဆရာရယ် … ကျေးဇူးတင်ပါတယ်ဗျာ …´
သို့နှင့် သတိမေ့မျော်နေသော ခွေးလေးအား ခွဲစိတ်ဆရာဝန်ကြီးမှ ပွေ့ချီသွားလျက် သက်ဆိုင်ရာ ဆရာဝန်များအားခေါ်ဆောင်ကာ ခွဲစိတ်ခန်းအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

********************************---**
ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား ဆက်လက်ဖော်ပြပေးပါမည်။
စာရေးသူ- ထီးကလေး ။
မကြီး Soe San အားအစဉ်လေးစားနေလျက်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages