အပိုင်း(၈) နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၈) နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး

Share This


အပိုင်း(၈)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး



   
``စကားကောင်းနေလိုက်ကြတာ ဧည့်သည်လဲ ရောက်နေတယ်ဆိုတော့ တို့အားလုံး ထမင်းလက်စုံလေး စားလိုက်ကြရအောင်………´´။
သူဇာပြောလိုက်မှပဲ နေ့လည်စာ စားဖို့အချိန်ကို သတိရလိုက်မိတော့သည်။

****************************
သူဇာနဲ့မျှားကလေးက ကျွန်တော်တို့အားလုံး အတွက် ညနေ့လယ်စာ ပြင်ပေးနေလျက် ကျွန်တော်တို့ယောက်ျားလေးတွေကတော့ စားဖို့သာရွယ်နေတော့သည်။ မကြာခင်မှာပဲ ကိုအောင်ကိုနဲ့လမ်းကလေး အိမ်ပေါ်ထပ်က ဆင်းလာခဲ့တယ်။

``လာဟေ့ ကိုအောင် ထမင်းဝိုင်းစားလိုက်ကြရအောင်´´
``ဟာဗျာ…အားနားစရာကြီး´´
``လာပါဗျ ဒီအိမ်ကြီးမှာ ကျွန်တော်တို့သူငယ်ချင်းတွေပဲ ရှိကြတာ အခု ကိုအောင်ကို ရောက်လာတော့ ကျွန်တော်တို့အတွက်လဲ အဖော်ရတာပေါ့´´
``ကျေးဇူးပါဗျာ …ကျုပ်ကို ခင်ဗျားတို့ ဒီမှာ တည်းခွင့်ပေးတဲ့အတွက်ရော အခုလို ရင်းရင်းနှီးနှီးရှိတဲ့အတွက်ရော ကျုပ်တကယ်ဝမ်းသာမိပါတယ်´´
``ကျုပ် ဘဝမှာ မိသားစုဆိုတာကို အရမ်းလိုချင်ခဲ့တာ ကျွန်တော့အဖေ အမေ ဘယ်သူမှန်းတောင် မသိခဲ့ရပါဘူး ကျုပ်ကို အခုလို ကူညီထားတဲ့ ကိုထီးလေးတို့ သူငယ်ချင်းအားလုံးကို ကျုပ် ပြန်ကူညီခွင့်ရချင်တယ် ´´
``ကျွန်တော်တို့က ရန်ကုန်ကဗျ အခုအိမ်ကြီးက မျှားကလေးရဲ့အိမ်လေ ကျွန်တော်တို့ နောက်ဆုံးနှစ်  စာမေးပွဲပြီးလို့ အပန်းဖြေခရီထွက်လာကြတာ ´´
``ကျုပ်က စာမတတ်ဘူးဗျ ကျောင်းလဲ မနေဖူးဘူး ကိုထီးလေးတို့က ပညာတတ်လေးတွေဆိုတော့ ကျွန်တော့ ဘဝမှာ အခုမှပဲ ပညာတတ်လူတွေနဲ့အတူတူနေခွင့်ရဖူးတာ အရမ်းကို ဝမ်းသားမိပါတယ်ဗျာ´´
``ဟုတ်ကဲ့ကိုအောင်ရေ …ဟင်းတွေ အေးကုန်တော့မယ် စားလိုက်ကြဦး´´

သူ့ဘဝအကြောင်းပြောပြနေတဲ့အောင်ကိုက သနားစရာ ကျွန်တော်တို့ အားလုံးထမင်းစားပီးတော့
``မျှားလေး နင်တို့ ဒီနေ့ဘယ်သွားဖို့ရှိသေးလဲ´´
``ဟက်အေး …ဒီနေ့တော့မသွားတော့ဘူး ဧည့်သည်လဲ ရောက်နေတယ်ဆိုတော့ ´´
``ဟာဗျာ ကျုပ်ကို ဧည့်သည်လို့ မသတ်မှတ်ပါနဲ့လား…ကျုပ်ကို ခင်ဗျားတို့ရဲ့ သူငယ်ချင်းအဖြစ်သတ်မှတ်ပေးပါ´´
``ဟုတ်ကဲ့ ကိုအောင် ´´
``ထီးလေး ငါ ဦးတင်အောင်ကြီး အိမ်ဘက်ကို လျောက်ဦးမယ် ဘယ်သူလိုက်မလဲ´´
``ငါကတော့ ဗိုက်လေးနေတယ် တန်ခိုးရေ မလိုက်တော့ဘူး´´
``အေးအေး ငါဦးတင်အောင် အိမ်ဘက်မှာရှိမယ်သိလား အလုပ်ရှိရင် လှမ်းခေါ်လိုက်နော် ´´
ထီးကလေးတို့အဖွဲ့ကိုပြောပြီး တန်ခိုးဦးတင်အောင်အိမ်ဘက်ကို ထွက်သွားခဲ့တယ်။

ခြံကြီး နောက်ဖေးထောင့်မှာ ဦးတင်အောင် အပင်စိုက်ရန် မြေတူးနေတာကို တန်ခိုးလှမ်းတွေ့လိုက်တော့
``ဗျို့…ဦးလေး ကျွန်တော် လာခဲ့မယ်နော်´´
``အော်…ငါ့တူရီး လာလေကွာ´´
တန်ခိုး ဦးတင်အောင် အနားသို့ ရောက်သွားခဲ့တယ်။
``ခြံထဲမှာ အပင်တွေလဲ အများကြီးပဲလေ ဦးလေး အခု ဘာပင်စိုက်မလို့လဲ ´´
``အပင်စိုက်မလို့မဟုတ်ဘူး ငါ့တူရေ ဟိုမှာလေ ဟိုအပင်ကို နေရာပြောင်းမလို့ ´´
ဦးတင်အောင် မေးငေါ့ ပြရာသို့ တန်ခိုးလှမ်းကြည့်မိလိုက်တယ်
``ဟင်…ဦးလေး အပင်မြှစ်က တော်တော်ထူးဆန်းပါလား ´´
``ဟုတ်တယ် ငါ့တူရဲ့ ဒါဘီလူးဂမုန်းလို့ခေါ်တယ် ´´
``ဘီလူး ဂမုန်း…´´
``ဟုတ်တယ် ဒီမှာကြည့်လေ သူ့အမြစ်က ဘီလူးပုံစံနဲ့တူလို့ သူ့ကို ဘီလူး ဂမုန်းလို့ခေါ်တာ´´
``ကျွန်တော ကြားတော့ ကြားဖူးတယ် ဦးလေးရ အခုမှပဲ မြင်ဘူးတော့တယ် …
ဒါနဲ့ အဲ့ဒီ့ ဂမုန်းက ဘာအသုံးဝင်လဲ ဦးလေး´´
``သူ့ကို အောက်လမ်းဆရာတွေက ခြံအစောင့်ထားတဲ့ နေရာမှာ သုံးကြတယ်ကွဲ့……ဒီခေတ်မှာတော့ ဒါမျိုးတွေ မရှိကြတော့ပါဘူး´´
 ဦးတင်အောင် လေသံက ခပ်လေးလေး
``ဒါကို  ဦးလေးက ဘယ်ကရလာတာလဲ´´
``ဦးလေး ရလာတာ မဟုတ်ဘူးကွယ့် ဒီအိမ်ပိုင်ရှင် ဦးထင်ခ စိုက်ထားခဲ့တဲ့ အပင်ပေါ့ ´´
``ဟင် …ဒါဆို ဦးလေး ဒီအပင်က နှစ် မနည်းတော့ဘူးပေါ့´´
``အေးပေါ့ ငါ့တူရယ် နှစ်ပေါင်း၄၀ နီးပါးလောက်တော့ ရှိရောပေါ့´´
``ဒီလောက်နှစ်ကြာနေတာတောင် ဒီဂမုန်းက ရှင်တုန်းနော် ´´
``ဦးလေး သိသလောက်တော့ သူက နှစ် ၁၀၀ နီးပါးလောက်ထိ ရေမထိ နေမထိ နေနိုင်တယ်ကွယ့်…သူက တော်နက်ကြီးတွေ အထဲမှာပဲ ပေါက်လေ့ရှိတယ် ´´
တန်ခိုးနဲ့ဦးတင်အောင် စကားပြောနေစဉ်မှာပဲ
``တန်ခိုးရေ…တန်ခိုး´´
``ဟေး…လာကြလေကွာ ငါဒီမှာ´´
ထီးကလေးတို့ အဖွဲ့ရောက်လာကြပြီ။ ထီးလေးတို့နဲ့အတူ အောင်ကိုပါ ပါလာတာကို ဦးတင်အောင်တွေ့တော့
``ဦးလေးကို ခွင့်ပြုကြဦး……´´
ရုတ်တရက် ဦးတင်အောင် လှည့်ထွက်ရန်အလုပ်မှာ မျှားကလေးက လှမ်းတားလိုက်တယ်
``နေပါဦး……ဦးလေးရဲ့ သမီးတို့သူငဟ်ချင်းတစ်ယောက်နဲ့ မိတ်ဆတ်ပေးချင်လို့…´´
ဦးတင်အောင်က ပေါက်တူးလေးကို မြေပေါ်ထောက်ခါ ခေါင်းငုတ်ထားပြီး
``အေးအေး တူမရီ…´´
``ဒီမှာလေ ကိုအောင်ကို ညီမတို့ ပြောတဲ့ ဦးလေးတင်အောင်ဆိုတာ…´´
``ဟုတ်ကဲ့…ဦးလေး ကျုပ်နာမည် အောင်ကိုပါ ´´
``ဟင် …ဦးလေး ခေါင်းမော့ပါ ဘာလို့ ခေါင်းငုတ်ထားတာလဲ…´´
``အော်…အင်း…မောင်အောင်ကိုက ရန်ကုန်ကပဲလား ´´
အောင်ကို ရောက်လာခဲ့တဲ့ အကြောင်းကို ထီးကလေးက ရှင်းပြလိုက်တော့
``အေးကွယ် ဖြစ်ရလေ…ဒီအိမ်ကြီးက မြို့လည်ခေါင်ဆိုပေမယ့် ကြားညှပ်နေတာ မြို့နဲ့လဲ နည်းနည်းလေး ဝေးတယ် …မောင်အောင်ကို မျက်စိလည်လဲ လည်ချင်စရာပဲလေ…´´
``အော်…ဒါနဲ့…ဦးလေး ဒီနေ့သမီးတို့အားလုံးကို အိမ်ကြီးအနံ့လိုက်ပြရမယ် ပြီးတော့ အိမ်ကြီးမှာ မြေအောက်ခန်းတွေ ရှိတယ်ဆိုတာ ဦးလေးပြောလို့ ကြားဘူးတာပဲရှိတယ် တစ်ခါမှ မတွေ့သေးဘူး အဲ့တော့ ဦးလေး ဒီနေ့လိုက်ပြပေးရမယ် …´´
``အိမ်ကြီး အနံ့မသွားချင်ပါနဲ့ငါ့တူမရီရယ် ဝင်္ကာပါလိုပဲ ရှုတ်ထွေးနေတာ တော်ကြာ လူငယ်တွေဆိုတော့ စူးစမ်းချင်စိတ်နဲ့ မြေအောက်ခန်းတွေထဲ ဝင်မိလို့ ပြန်မထွက်တတ်ရင် ဦးလေးလဲ မကယ်နိုင်ဘူး…မသွားချင်ပါနဲ့နော် ´´
မျှားကလေးက ကလေးလေး တစ်ယောက်ပမာ ဦးတင်အောင်ကို ဂျစ်တိုက်ပါလေတော့သည်။
``မရဘူး …မရဘူး …ဦးလေး …´´
``ဒါကို ငြင်းမယ်ဆိုရင်တော့ သမီးအိမ်ပြန်ရောက်ရင် ဦးလေးတင်အောင်က တာဝန်မကျေဘူးလို့ ဖေဖေနဲ့ ပြန်တိုင်မှာနော် ´´
``ဟာ …တူမကြီးကလဲ ကလေးလေးကြနေတာပဲ ဆရာန့တေဲာ့ပြန်မတိုင်ပါနဲ့ သမီးလေတို့အားလုံး သိချင်တယ်ဆိုရင် ဦးလေး လိုက်ပြပေးပါ့မယ် ဟုတ်ပီလား´´
``ဟေးးး ဒါမှ တို့ဦးလေးကွ´´
ကလေးတစ်ယောက်လို့နွဲ့နေတဲ့မျှားကလေးကို ဦးလေးတင်အောင် ခေါင်းလေးပွတ်ခါ ပြောလိုက်တယ်။
``ကဲ…လာကြ…´´
``အော် …ငါ့တူတို့ တစ်ခုတော့ ဦးလေးတောင်းဆိုမဟ် အိမ်ကြီးထဲ ရောက်ရင် လူစုမကွဲအောင် နေကြရမယ်ုပီးတော့ ဦးလေးသွားတဲ့ဘက်ကိုပဲ အားလုံးလိုက်ရမယ် ´´
``ဟုတ်ကဲ့ ဦးလေး စိတ်ချပါ´´
အချိန်ကား ညနေ ၃ နာရီ ဦးတင်အောင်နဲ့အတူ ကျွန်တော်တို့အားလုံး လှေကား ညာဘက်လမ်းကို ဦးတည်ပြီး ဝင်သွားခဲ့တယ်။ ဧည့်ခန်းကို ကျော်သွားခဲ့ချေပြီ
``ဟင်…ဦးလေး  ဒီမှာ ရှေးတုန်းက အထိုင်ဖုန်းတစ်လုံးပါလား´´
``ဟုတ်တယ်ကွယ့် နှစ်တော့တော်တော်လေးကြာနေခဲ့ပြီ ´´
``အခုဆက်လို့ရသေးလား…ဦးလေး´´
``အရင်တုန်းကတော့ ရတယ် အခုတော့ မရလောက်တော့ဘူး´´
``လှေကားရဲ့ ညာဘက်ဒီအခန်းက ဧည့်သည်လာရင် တည်းတဲ့အခန်းပေါ့ …အရှေ့အခန်း ၃ခန်းက ဦးထင်ခ တပည့်တွေနေခဲ့တဲ့အခန်းပဲ …´´
``ဦးလေး မြေအောက်ခန်းတွေ ဆိုတာ ဘယ်နားမှာလဲ …ဘယ်လို သွားရမှာလဲ´´
``မြေအောက်ခန်းတွေက အများကြီးရှိတယ် ငါ့တူရဲ့ ဦးလေးသိတာဆိုလို့ မြေအောက်ခန်း နှစ်ခုတည်းသိတယ် …´´
ကြီးမားလှတဲ့ အိမ်ကြီးမှာ အခန်းတွေက များသလို အထဲရောက်လာလေလေ ပိုမှောင်လာလေပါပဲ
``ဦးလေး… ဒီအနောက်ဘက်တွေမှာကြတော့ မီးမရှိဘူးလား´´
``အရင်ကတော့ ရှိတယ်ကွယ့် နောက်တော့ လူမနေတာနဲ့ မီးတွေ အကုန်လုံးပိတ်ထားခဲ့တာ နှစ်တွေ ကြာလာတော့လဲ အကုန်ပျက်စီးကုန်ပြီပေါ့လေ´´
``ဟုတ်တယ်နော် ဦးလေး နေရောင်ရှိနေတာတောင် အလင်းက သိပ်မကွဲပြားဘူး ´´

``ဦးလေး သိတဲ့ မြေအောက်ခန်းတွေကို ပြပါလား´´
``လာကြ လာကြ …´´
ဦးတင်အောင် ခေါ်ရာသို့ ကျွန်တော်တို့ လိုက်ပါလာခဲ့ချေပြီ။ အသဲမကွဲ အခန်းတစ်ခန်းရှေ့ရောက်တော့
``ဒီအခန်းက မြေအောက်အခန်းပဲ ကွယ့် ငါ့တူတို့ ´´
ဦးတင်အောင် တံခါးကို ဖွင့်လိုက်တယ် ။
မဖွင့်တာကြာပြီးဖြစ်တဲ့အခန်းထဲမှ ဖုံတွေ တစ်ထောင်းထောင်းထခါ
``ဟင် ဦးလေး …ဟိုးမှာ အလင်းရောင်လေး တစ်ခုက ဘာလဲဟင်´´
``အော် …အဲ့ဒါ နေရောင်လေ ဒီကနေ တည့်တည့်လျောက်သွားမယ်ဆိုရင် ဦးလေးနေတဲ့ ခြံအနောက်ဘက်ကို တန်းရောက်တယ် …ဒီအခန်းက အနောက်ဘက် နေဝင်တဲ့အချိန်ဆို ဒေါ်မြနှင်းဆီ ရှိစဉ်က အိမ်ကြီးထဲကနေ ဘူးစင်ဘက်ကို ရေလာလာလောင်းတတ်တယ်´´
``ဟင် သူက အပြင်ကနေ မလာပဲ တစ်ကူးတစ်က ဒီအခန်းထဲကနေ လာတာလား´´
``မဟူတ်ဘူး ငါ့တူရ သူတို့မှာလဲ အကြောင်းတစ်ခုခုတော့ရှိမှာပေါ့ ဦးလေးလဲ သေချာမသိဘူး´´
``နောက်တစ်ခန်းကရော ဦးလေး…´´
``နောက်တစ်ခန်းက အပေါ်ထပ်မှာ´´
``ဦးလေး ပြောတဲ့ မြေအောက်ခန်းကနေ ထွက်သွားရင် မြို့ထဲကို တန်းရောက်တယ်ဆိုတာ ဘယ်ခန်းလဲ ´´
``အခုပြောတဲ့ အပေါ်က အခန်းပဲ မောင် တန်ခိုးရေ…´´
အောင်ကိုက
``သိပ်ကို လျှိုဝှက်မှု့တွေ ရှိနေတဲ့ အိမိကြီးပါလား´´
``ဟုတ်တယ်ကွယ့် ဦးထင်ခ လက်ထက်တုန်းကဆို အိမ်ကြီးကနေ ၃ လ ၄ လလောက် တစ်ခါခါ ထွက်မလာတတ်ဘူး …သူက အပေါ်ထပ် မြေအောက်ခန်းကနေ မြို့ကို ထွက်ထွက်သွားတာ နောက်မှ ဦးလေးလဲ သမီး အဖေ ဆရာပြောလို့သိတာ´´

``ဒါနဲ့ဦးလေး ဦးထင်ခ တစ်ညလုံး အဓိဌာန်ဝင်တယ်ဆိုတဲ့အခန်းကရော ´´
``အဲ့အခန်းက သော့မရှိဘူးကွယ့် ဘယ်အခန်းလဲတော့ ဦးလေးလဲ မသိဘူး အဲ့အခန်းအကြောင်းကို သမီးအဖေက တစ်ခါမှ မပြောဖူးဘူး စကားစပ်မိလို့သူပြောမိလာရင်တောင် တောက်ခေါက်ပြီး စကားကို ဖျက်ပစ်တတ်တယ် ´´ံ
``ဦးထင်ခက အောက်လမ်းပညာတတ်တာလား ဦးလေး´´
``ဟင်…နှစ်တွေကြာခဲ့ပါပြီ ငါတူတို့ရယ် ဦးလေး ဒီအကြောင်းတွေ ပြန်မပြောချင်တော့ပါဘူး အခုချိန်မှာ သူသာ ဦးလေးကို ဒီခြံကြီးထဲမှာ မထားခဲ့ရင် ဦးလေး နေစရာရှိမှာ မဟုတ်ဘူး ဦးလေးရဲ့ကျေးဇူးရှင်ကို ဦးလေး သေချာမသိပဲ မပြောချင်ဘူး ဒါကိုတော့ ဦးလေးကို နားလည်ပေးပါ ´´

မြေအောက်အခန်းမှာ ဦးလေးတင်အောင်က သေချာပြောပြနေလျက်
``ငါတူရီးတို့ရေ နေတောင် ဝင်နေပြီလားမသိဘူး ပြန်ထွက်ကြရအောင် ´´
``တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်နော် ဦးလေး´´
``ဒါပေါ့ …လာပါ အခုတော့ ဒီညာဘက် တစ်ခြမ်းတည်းနဲ့တင် အချိန်ကုန်သွားတာပဲ ကြည့်တော့ နောက်နေ့မှ ဦးလေး ထပ်ပြီး လိုက်ပြပေးမယ် ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြတော့ ဟုတ်ပြီလား´´
``ဟူတ်ကဲ့ပါ ဦးလေး ကျေးဇူးအရမ်းတင်ပါတယ်´´
``မလိုပါဘူးကွယ် သမီးလေးက ဆရာ့သမီး ဒီအိမ်ပိုင်ရှင်ပဲ လိုက်ပြပေးရမှာက ဦးလေးတာဝန်ပဲ´´

ဦးတင်အောင်နဲ့အတူ ကျွန်တော်တို့ အားလုံး အိမ်ရှေ့သို့ ပြန်ထွက်လိုက်ခဲ့တော့သည်။ အိမ်ရှေ့ရောက်တော့ နေမင်းကြီးက ဝင်လုနီးပါ ညနေဆည်းဆာအချိန်ကိုတောင် ရောက်လာခဲ့ပါတော့သည်။

*****************************
``ကဲ…တွေ့လား ကိုအောင် ဒီအိမ်ကြီးမှာ ဘယ်လောက်များ လျှိုဝှက်ချက်တွေ ရှိနေတယ်ဆိုတာ ´´
``ဟုတ်ပါ့ ကိုထီးရာ ကျွန်တော်လဲ ဒီလောက် ကျယ်ပြန့်လှတဲ့အိမ်ကြီးကို အခုမှပဲ ကိုယ်တွေ့ကြုံရတော့တယ် ´´
``အိမ်ရှေ့ကကြည့်တော့သာ အိမ်က တော်ယုံတန်ယုံလောက်ထင်ရတာ အိမ်ထဲမှာတော့ အခန်းတွေနဲ့ …အိုး… ရှုတ်နေတာပဲနော်´´
``ဒါကြောင့် ကျွန်တော်တို့သိချင်တာလဲ မပြောနဲ့လေ …ကဲ…ကိုအောင်ရေ ရေမိုးချိုး စားသောက်ပြီး ကျွန်တော်တို့ လုပ်စရာရှိတာတွေ လုပ်လိုက်ကြရအောင် ´´

ကိုအောင်ကိုတော့ ကျွန်တောတို့ ကြုံတွေ့ထားသမျှ ဖြစ်ရပ်တွေကို မပြောပြခဲ့သေးပါ။ ဧည့်သည် ဖြစ်တာကြောင့် စိတ်အနှောက်ယှက် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ အရှေ့ခန်းမှာ အောင်ကိုကိုတည်ခွင့်ပြုထားခဲ့တယ်။ ကိုယ်ဆီ အခန်းထဲဝင်ခါ ရေ မိုးချိုးပြီးကြတော့
အားလုံး အောက်မှာ ပြန်ဆုံကြတယ်။ ည၇နာရီတောင် ကျော်နေပြီ။
အားလုံးစားသောက်ပြီးတော့
``မျှားလေး နင်တို့ညီမနှစ်ယောက် ဒီည အိပ်ရဲ ရဲ့လား´´
``ဟာ…ငါက မကြောက်တတ်ပါဘူး သူဇာ့ကိုပဲ စိုးရိမ်တာ ´´
``ဟာ… မမ ကလဲ မမတစ်ယောက်လုံး ရှိနေတာ သူဇာ မကြောက်ပါဘူး ´´
``ထီးလေး. ဒီည မင်းနဲ့ကိုအောင်နဲ့နောက်ကျမှ အိပ်လိုက်ကြနော် ´´
``အေးပါကွ အခု တို့အားလုံး မနက်ဖြန်အတွက် အစီစဉ်လေးတစ်ခုလောက်တော့ ကြိုစွဲထားရမယ်´´
ကျွန်တော်တို့ပြောနေသော စကားတွေကိုတော့ ဧည့်သည်ဖြစ်တဲ့ ကိုအောင်တစ်ယောက်ကတော့ ဘာမှနားမလည် ကြောင်တောင်တောင်သာဖြစ်နေတော့သည်။
``အော်…ဒါနဲ့ကိုထီး လည်ပင်းက ကျုတ်က ဘာတုန်းဗျ ´´
``ဒါလား…ကျွန်တော့ အဖေ ပေးထားတာဗျ လူချစ်လူခင်ပေါတယ်လို့တော့ ပြောတာပဲ´´
``ဒါဆို ကျွန်တော ခဏစမ်းကြည့်လို့ရမလား ´´
``ရပါတယ်ဗျ …´´
ပြောပြောဆိုဆိုဖြစ် ထီးလေး သူ့လည်ပင်းက ဆွဲကြိုးကို အောင့်ကို လက်ထဲ ပေးလိုက်တယ်။ အောင်ကိုက ဆွဲကြိုးကို လက်ဝါးအပေါ်တင်ပြီ မျက်စိကို အသာမှိတ်ထားလျက် သုံးမိနစ်လောက်ကြာတော့
``မဆိုးဘူး ကိုထီး…ဆက်ပြီးဆောင်ထားပါ ´´
``ဘာမဆိုးတာလဲ ကိုအောင်ရ ပြောပါဗျ ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်´´
``အော် …မဆိုးပါဘူးဆိုတာက ခင်ဗျားအဖေက အထက်လမ်းဆရာလား ´´
``ဟုတ်တယ်ဗျ ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးက´´
``အော်…ကျွန်တော့ဆရာကြီးက ရွှေရင်ကျော်လေ ဆရာကြီးလဲ ကျွန်တော့ကို ပညာအမွေတော့ နည်းနည်းပေထားတယ်ဗျ ကျွန်တော် အသုံးမကျလို့သာ အခုလို့ မျက်စိလည်ပြီး ဒီရောက်လာရတာ´´

``ကိုထီး ရဲ့ကျုတ်က အစောင့်ရှောက်ရှိပါတယ်လို့တော့ ကျွန်တော် ပြောပါရစေ ကိုထီးတို့က ခေတ်ပညာတတ် လူငယ်တွေဆိုတော့ ကျုပ်ပြောတဲ့အခုစကားတွေကို ရီချင် ရီကြမှာပေါ့ …ဒါပေမယ့် ကျနော်က တောသား တောဘက်တွေမှာ အောက်လမ်း အထက်လမ်းတွေကပေါတော့ ဒီပညာတွေကို တတ်ချင်တယ်လေ ဒါကြောင့် ကျုပ်ဆရာဆီက သင်ထားတာ ကိုထီး ကျုတ်ထဲမှာ သိမ်ဝင် သပိတ်လိုအစွမ်းထက်တဲ့ အရာမျိုးတစ်ခုပါတယ် သူ့ကို အဓိပ္ပာယ်ဖွင့်ရင်တော့ မမြင်ရတဲ့ပရလောကသားတွေကို ရင်ဆိုင် မြင်နိုင်တယ် သိနိုင်တယ်ဆိုပါတော့လေ´´
ပြောရင်း အောင်ကို တစ်ခုခုကို တွေးမိပြီး မျက်မှောင် ကျုတ်ခါ
``ကျုပ် …ပွင့်ပွင့်လင်းလင်းတစ်ခုလောက်တော့ ပြောချင်တယ် …ဖြစ်ပါ့မလား´´
``ပြောပါဗျ …ရပါတယ် ´´
``ကျွန်တော် ဒီအိမ်ကြီးကို စဝင်လိုက်တည်းက စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ် …ပြီးတော့´´
``ပြီးတော့ ဘာဖြစ်လဲ ကိုအောင် ဆက်ပြောပါဗျ…
``ပြီးတော့ ကျွန်တော် ဦးလေးတင်အောင်ကိုလဲ ကြည့်ရတာ တစ်မျိုးပဲ တစ်ခုခုထူးခြားနေသလို´´
ကျွန်တော်တို့အားလုံး ပြုံးကာ
``ဒါတော့…ကိုအောင်ရေ ကျွန်တော်တို့အားလုံးလဲ အစက ဦးလေးကို အထင်လွဲမိသေးတယ်ဗျ သူက လူရိုးလူအေးတစ်ယောက်ပါဗျ ´´
``ဟုတ်တယ် ကိုအောင်ရ ဒါနဲ့ ကိုအောင်က ဦးလေးကို ဘဟ်လိုမြင်လို့လဲ …´´
``ကျွန်တော် အမြင်ပြောရရင် ဦးလေးက……´´
``ဆက်ပြောပါဗျ …ဘယ်လို မြင်လို့လဲ´
``ကျွန်တော် မပြောတတ်တော့ဘူးဗျာ´´
ကိုအောင်တစ်ယောက် မျက်စိမျက်နှာ ပျက်ခါ စကားကို ဆက်မပြောတော့ပဲ အဆုံးသတ်လိုက်ပါတော့တယ်။
တန်ခိုးက
``ကျွန်တော် ဒီအိမ်ကြီးကို စဝင်လိုက်တည်းက ကျွန်တော့လက်က အရမ်းကိုက်တာ ဘယ်လိုမှ နေလို့မရဘူး´´
``ဟုတ်တယ် အစ်ကိုအောင် ဒီအိမ်ကြီးမှာ ရှိတဲ့ ငန်းဆေးဆိုတာ လိမ်းလိုက်မှ ချက်ချင်းသက်သာသွားတာ
မယုံနိုင်စရာပဲဗျာ´´
``ပြစမ်းပါဦး ခင်ဗျားလက်က…´´
တန်ခိုးလက်ကို လှမ်းကိုင်လိုက်တယ်။
``အော် …ဒင်းက ခိုကောင်းတုန်းကို ´´
ဒီလိုပြောပြီး တန်ခိုး လက်ခုံကို သူ့လက်နဲ့ ရိုက်လိုက်တယ်။
``ရော့……´´
``အမလေး…´´
``ဘာက ခိုနေတာလဲ ကိုအောင်´´
``ဘာမှ မဟုတ်ပါဘူး …´´
ကိုအောင်က တစ်ခုခုကို လျှိုဝှက်လိုက်သလို
``ကဲ …မိုးလဲ ချုပ်နေပြီ ခြံထဲမှာ သိပ်နေလို့ မကောင်း အိမ်ထဲဝင်ကြမယ်´´
အိမ်ထဲရောက်လာတော့
``အစ်ကို ထီးလေး ဟိုမှာ ဖုန်းတစ်လုံးရှိတယ်နော် ပြန်ရင် ယူသွားလို့ရမလား´´
``ဟာ…သူဇာကလဲ ဘာလုပ်မလို့တုန်း´´
``အော် …ရှေးဟောင်းဖုန်းဆိုတော့ သိမ်းထားချင်လို့´´
``ဒါဆို နင့်အစ်မကိုသာ မေးတော့´´
``သူဇာ လိုချင်ရင် ပြန်ရင်ယူပေါ့´´
``တကဟ်နော် …မမ ´´
ကျွန်တော်တို့အားလုံး ဧည့်ခန်းမှာ ထိုင်ပြီး စကားပြောနေစဉ်
``ကလောက်…ကလောက်´´
``ဟ…ဘယ်က လိမ့်လာတဲ့ ဂေါ်လီပါလိမ်´့
ကျွန်တော့တို့ရှိရာသို့ ဖန်ဂေါ်လီတစ်လုံး လိမ့်လာခဲ့တယ်။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိပြီး။
``ဝုန်းးးးးး………´´
အိမ်အပေါ်တတ်မှ အသံကျယ်ကြီးကြားတော့ ကျွန်တော် အရှေ့မှ ဦးဆောင် ပြေးတတ်သွားချေပြီ။ ကျွန်တော့ အနောက်မှ အားလုံးလဲ အိမ်အပေါ်တတ်သို့ လိုက်ပါလာပြီ။
အပေါ်ရောက်တော့ အသံကြားရာဆီသို့ ကြည့်မိလိုက်တယ် ။
``ညောင်……ညောင်…´´
ကြောင်နက်တစ်ကောင်ကိုသာ တွေ့လိုက်ပြီး ကြောင်နက်ကြီး ကျောဘက်မှာ ဒဏ်ရာကြီးကြီးမားမားတစ်ခုကို တွေ့လိုက်ရတယ်။
``ဟာ …ဘယ်က ကြောင်ကြီးလဲ ကျောမှာလဲ ဒဏ်ရာကြီးနဲ့ ´´
အားလုံး ကြည့်နေစဉ်မှာပဲ ကြောင်ကြီးဟာ နာကျင်မှု့ဒဏ်ရာကြောင့် ကြမ်းပြင်အပေါ်ကို လဲကျသွားပါတော့သည်။
``ဟာ… လဲသွားပြီး´´
ဖြေးဖြေးချင်းလျောက်ခါ ကြောင်ကြီးအနားသို့ ရောက်သွားပြီ
ကျွန်တော် သေချာကြည့်လိုက်တယ် မျှားကလေးက
``ထီးလေး သေသွားပြီးလား´´
``ဒါက ဘယ်ကကြောင်လဲ ဒဏ်ရာကြီးနဲ့ဘယ်သူ ရိုက်လိုက်တာလဲ ´´
ကျွန်တော် ကြောင်ကြီးကို ကိုင်မလို့အလုပ်
``နေဦး…ကိုထီး´´
ကိုအောင်ကိုက လှမ်းတားလိုက်တယ်။
``ကျွန်တော်ကြည့်မယ် …´´
သူတစ်ခုခုကို တွေးမိလိုက်တယ်
``ဘာမှ မဟုတ်ပါဘူး မစိုးရိမ်ကြနဲ့ ကြောင်နှစ်ကောင် ကိုက်ကြတာဖြစ်မယ် ဒဏ်ရာ ရသွားတဲ့ကြောင်က ပြေးမိပြေးရာ ပြေးရင်း ဒီအိမ်ရောက်လာပြီး အခုသေသွားတာပါ ´´
``အော်…ကြောင်တွေ ကြောင်တွေ အသေကို ကိုက်သတ်ပစ်ကြပါလား´´
``ကဲ…လာလာ တို့အောက်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ ယူပြီး အိပ်တာပဲ ကောင်းပါတယ် မနက်ကျမှ ဒီကြောင်ကြီးကို တနေရာမှာ မြုံလိုက်ကြတာပေါ့´´
အားလုံးအောက်ပြန်စင်းလာခဲ့ကြပြီ
``ဟင်…ထီးလေး အခုန တို့တွေ့လိုက်တာ ဖန်လုံးလေးပါ အခုကြည့်စမ်း´´
လမ်းကလေးပြရာကို ကြည့်လိုက်တော့ ကျောက်စလစ်ခဲလေးကို တွေ့လိုက်ရတယ် ။
``ဟယ် ဟုတ်ပါ့ ထီးလေးကြည့်စမ်း´´

ကျွန်တော့တို့ဆီလိမ့်လာတဲ့ဂေါ်လီလုံးကို အားလုံးတွေ့လိုက်ရပါတယ် ။ဒါပေမယ့် အခုပြန်တွေ့လိုက်ရတော့ ကျောက်စလစ်ခဲကိုသာ

``ဟာ …တို့မျက်စိမှားတာ နေမှာပါဟ ´´
``မဖြစ်နိုင်ဘူးနော် ထီးကလေး ငါတို့ တစ်ခုခုတော့ လွဲနေပြီ´´
``ထားလိုက်ပါ …အချိန်တန်ရင် အဖြေအားလုံး သိရမှာပေါ့´´
မျှားကလေးက ပြောလိုက်တယ်။
``ကဲ ဒါဆို တို့ဒီည ဘဟ်လို လုပ်ကြမလဲ ´´
``မတတ်နိုင်ဘူးဟေ့ တို့အားလုံး သတိ ဝီရိယနဲ့တော့ အိပ်ရမှာပေါ့ ´´
``ကဲ…လာ နင်တို့ မိန်းကလေးတွေ အရင်သွားအိပ်ကြတော့ ငါတို့ အိပ်ခန်းလိုက်ပို့ပေးမယ် ´´
သူဇာတို့ညီမနှစ်ယောက်ကို အိပ်ခန်းသို့ လိုက်ပို့ပေးခဲ့ပြီး ကျနော်တို့ ၅ယောက် အောက်ပြန်ဆင်းလာကြတော့သည်။

*****************************

အောက်ရောက်တော့ ဧည့်ခန်းခုံမှာ ကျွန်တော် ခြေပစ် လက်ပစ် ထိုင်ချလိုက်တယ်။ တန်ခိုးကတော့ မထိုင်နိုင် ယောက်ယပ်ခတ်ခါ လျောက်နေတော့သည်။
``ငါ…လုံးဝ မကျေနပ်ဘူး´´
``ဘာဖြစ်လို့လဲ တန်ခိုးရ´´
``ဘာဖြစ်ရမှာတုန်း အခုတစ်ခုပြီး တစ်ခု ဒီလိုတွေဖြစ်နေတာ အဖြေကိုရှာမရဘူး´´
``မင်း စိတ်ကို မလောပါနဲ့တန်ခိုးရယ် ငါတို့ အခုတစ်ဖြည်းဖြည်းချင်း ထူးဆန်းတာတွေ ကြုံလာရပြီပဲ´´
``ဒါပေမယ့် ငါက အကောင်လိုက်ကို ထင်ထင်ရှားရှား တွေ့ချင်တာ အခု ဟိုနားက ချွတ်ချွတ် ဒီနားက ချွတ်ချွတ် လုပ်နေတာကို ငါမကျေနပ်တာ ´´
``တန်ခိုး မင်းကို ငါတစ်ခု ပြောမယ် မင်းက စိတ်လိုက်မာန်ပါလုပ်တတ်တယ် ဒီတော့ ငါတ်ု့အားလုံး စိတ်လိုက်မာန်ပါ လုပ်တော့မယ်ဆိုရင် တစ်ကနေ တစ်ဆယ်ထိ ရည်ပြီးမှ လုပ်စရာရှိတာကို ဆက်လုပ်ကြမယ်´´
``စိတ်ချပါ ထီးလေးရ မင်းစကားဆို ငါအမြဲနားထောင်ပါတယ် အခုငါဒေါသဖြစ်တာက မမြင်ရတာကို ဒေါသဖြစ်နေတာ သတ္တိရှိရင် အကောင်လိုက်ပြပေါ့ကွ…´´
``စိတ်လျော့လိုက်ပါ တန်ခိုးရာ ငါတို့ ချွတ်ချွတ် အသံလောက်ကလွဲပြီး ဒီထက်ဘာတွေ ထူးဆန်းလာမလဲလို့ စောင့်ကြည့်ရသေးတာပေါ့…´´
``ကဲ…ဒါဆို လမ်းနဲ့ငါးလေး မင်းတို့ သွားအိပ်ကြတော့လေ မနက် စောစောထကြ…´´
``တန်ခိုး မင်းရော …မအိပ်သေးဘူးလား…´´

``အော်…အေး …ဒါဆို ငါလဲ သွားအိပ်တော့မယ် …မင်းနဲ့ကိုအောင်ကို နောက်ကျမှ အိပ်ကြနော် ဒီည မင်းတို့အလှည့် ´´

ပြောပြောဆိုဆိုဖြင့် တန်ခိုး လမ်းကလေးကို ပုခုံးဖတ်ခါ အိမ်အပေါ်တတ်သို့ တတ်သွားပါလေတော့သည်။
ကျွန်တော်နဲ့ ကိုအောင်ကိုကတော့ စကားပြောလျက် ဧည့်ခန်းထဲတွင်သာ ကျန်နေခဲ့ပြီ။    ။

*****************************

``ငါးလေး …ထီးလေး က အောက်မှာဆ်ုတော့ မင်းတစ်ယောက်တည်း အိပ်ရဲလား…´´
``အမှန်တိုင်းပြောရရင် …မင်းတို့နဲ့ ငါလာအိပ်မယ်ကွာ …ထီးကလေး သူဖာသာသူ တစ်ယောက်တည်း ဒီည အိပ်လိမ့်မယ် ´´
``ငါတို့ ဒီကိုရောက်လာတည်းက ဘာသရဲ တစ္ဆေမှလဲ မတွေ့ရသေးဘူး အခုဆို ၃ညမြောက်ပြီ…´´
``ဟိုနေ့က မင်းတွေ့လိုက်တဲ့မိန်းကလေးက တစ္ဆေမလေးဖြစ်နေရင် ဘဟ်လိုလုပ်မလဲ …´´
``ဟာ…သူက တစ္ဆေပဲထား ငါတွေ့ချင်တာ အဲ့လို တစ္ဆေမဟုတ်ဘူးကွ လူတွေကို ခြိမ်းခြောက်သလိုလို အကူညီတောင်းသလိုလို လုပ်နေတဲ့တစ္ဆေမျိုးကိုပြောတာ …´´
``ဒါဆို တန်ခိုး ထီးလေးတို့က အောက်မှာ အိမ်ပေါ်ကို တတ်လာဦးမှာ မဟုတ်ဘူး …ငါတို့ ဒီအိမ်ကြီးအပေါ်ထပ်က မြေအောက်ခန်းဆ်ုတာကို ရှာမလား…´´
``ဟာ …လမ်းကလေးရာ တွေ့တော့ရေ မင်းက ဘာလုပ်မလို့လဲ …´´
``ဘာလုပ်ရမှတုန်းက ဒီလောက်ထူးခြား လျှိုဝှက်နေတဲ့ အိမ်ကြီးမှာ ငါတို့ အဖြေတစ်ခုလောက်တော့ ရအောင် ရှာရမယ်လေ …´´
``ကဲ…တန်ခိုး မင်းဘဟ်လို သဘောရလဲ…´´
``မင်းတို့နှစ်ယောက်နဲ့ထပ်တူပေါ့´´
``ကဲ…လာ ဓာတ်မီးယူလာခဲ့ ´´

ထီးကလေးတို့ မသိခင် အချိန်မှာ တန်ခိုးတို့ ၃ယောက် အိမ်ကြီးကို လေ့လာရန် ပြင်ဆင်ကြတော့သည်။
အခန်းတွေက မျက်နှာချင်း အားလုံးက သော့တန်းလန်း သူတို့ တစ်ခန်းချင်းစီ ဖွင့်ကြည့်တော့ မှောင်မဲနေသည်ကို သာ တွေ့ရသည်။ မီးထိုးကြည့်တော့လဲ ကျယ်ဝန်းလှတဲ့အခန်းနံရံတွေကိုသာ တွေ့ရတယ်။
``တွေ့လား…ဘာသရဲမှ မရှိဘူး အလကား ငါတို့ ကိုယ့်စိတ်ကိုယ်ပြန်ခြောက်နေကြတာ …´´
``ဟားးး…ဟားးး…´´
``ဟင် …ဘယ်သူရီတာလဲ …လမ်းလေး မင်းရီတာလား…´´
``ဟာကွာ …ငါမရီပါဘူး ငါလဲ ရီသံကြားလိုက်တယ်´´
``ငါးလေး မင်းရော ကြားလိုက်လား …´´
``အေး ငါလဲကြားတယ်´´
ယောကျားတစ်ယောက်ရဲ့ရယ်မောသံကို သူတို့ ၃ယောက်ကြားလိုက်ရတော့သည်။
``ဒါဆို …တစ္ဆေလား…´´
``ဟေ့ …တစ္ဆေ …ဆိုတဲ့အကောင် ထွက်ခဲ့စမ်း …မင်းကို မတွေ့ဘူးလို့ …မင်းကို ဓာတ်ပုံရိုက်ချင်လို့ပါကွာ …ထွက်ခဲ့စမ်းပါ …´´
``ဟုတ်တယ် ဟေ့ယောင် ငါနဲ့ဓာတ်ပုံတစ်ပုံလောက် အမှတ်တရ ရိုက်ရအောင် ထွက်ခဲ့စမ်းပါ…´´
နောက်ပြောင်သော လေသံများနှင့် တန်ခိုးနဲ့လမ်းကလေးက  ပြောနေလျက်
 ငါးကလေးကို လှည့်ကြည့်လိုက်ပြီး
``ဟေ့ယောင် ငါးလေး ဘာတွေ ကြောင်ကြည့်နေတာလဲ…မင်းကြောက်လို့လား…ငါပြောနေတာ ကြားလား…´´
ငါးကလေးက မျက်တောင်မခတ် မျက်လုံးအနက်က အပေါ်တတ်ပြီး သူအရှေ့က နံရံမှာ ကြောင်တောင်တောင်
``မင်းတို့…အားလုံး ဒီကနေ အမြန် ထွက်သွားစမ်း …ထွက်သွားကြစမ်း…´´

တိတ်ဆိတ်နေတဲ့ညထဲမှာ ငါးကလေးအသံ မဟုတ်တဲ့ အသံနက်ကြီးက ပဲ့တင်ထပ်စွာ ထွက်ပေါ်လာတော့သည်။ တန်ခိုး မျက်လုံးပြူးပြီး ကြောင်ကြည့်နေမိစဉ်မှာပဲ
``ဟေ့ယောင် …တန်ခိုး…လာ ထီးကလေးကို သွားခေါ်ရမယ် ´´
``ဟင်…ငါး…ငါး…ငါးလေးကိုရော …´´
``လာ… ဒီအတိုင်းခဏထားခဲ့…´´
တန်ခိုးလက်ကို အတင်းဆွဲခါ လမ်းကလေး အိမ်အောက်ထပ် လှေကားကို ပြေးအဆင်း
``ဟေ့ယောင်တွေ ဘာဖြစ်ကြတာလဲ´´
ထိုအသံကိုကြားလိုက်ရတဲ့ထီးကလေးနဲ့ အောင်ကိုတို့ အိမ်အပေါ်ထပ်ကို တတ်အလာ
``ငါး…ငါး…ငါးလေး ဟို…ဟိုမှာ…´´
လမ်းကလေးက ထိတ်လန့်မှု့ကြောင့် လိုရင်းသို့မရောက်ပဲ ထစ်ငေါ့နေလျက်
``ကိုတန်ခိုး…ကိုငါးလေးရော…ဘယ်မှာလဲ ဘာဖြစ်တာလဲ…ပြောပါဦး…´´
စကားပြန်မပြောနိုင်ပဲ အရှေ့စူးစူးကိုသာ လက်ညှိုးထိုးပြလျက် လမ်းကလေး ညွှန်ပြရာသို့ ထီးကလေးကြည့်လိုက်တော့ ကြမ်းပြင်ပေါ် လဲကျနေတဲ့ငါးကလေးကို တွေ့လိုက်ရတော့သည်။
``ဟာ…ငါးလေး…´
ထီးလေး လဲကျနေတဲ့ငါးလေးဆီသို့ အပြေးသွားလိုက်တယ်။ လဲကျနေတဲ့ငါးလေးကို ထီးလေးပွေ့ထူလိုက်ပြီး
``ငါးလေး…ငါးလေး…ငါးလေး…´´
ခန္ဓာကိုယ်ကို လှုပ်နှိုးလျက်
``ဟင်…ထီးလေး …ငါ … ငါဘာဖြစ်တာလဲ…´´
``မင်းတို့ကွာ …ငါ့စကားကို နားမထောင်ကြဘူး…´´
``ထီးလေး …ငါမှားပါတယ်ကွာ …ငါနောက်တစ်ခါ မင်းမသိပဲ ဘာမှ မလုပ်တော့ပါဘူး…´´
၃ယောက်သား ထီးလေးကို ဝိုင်းတောင်းပန်ကြတော့သည်။
သူတို့လဲ ဖြစ်စဉ်အားလုံပြန်ပြောပြလိုက်တော့ အောင်ကိုက
``ခင်ဗျားတို့ပြောပုံအရဆို ဒီအိမ်ကြီးမှာ
အနှောက်ယှက်တော့ရှိနေတာ သေချာပြီ သေးလားကြီးလားဆိုတာတော့ ကျုပ်မပြောတတ်ဘူး ဟို အစ်မတွေရော နိုးသွားသေးလား…´´
``နှိုးမသွားဘူးထင်တယ် ကိုအောင် နှိုးရင်တော့ မျှားကလေးက ထလာမှာ သေချာတယ် …´´
``ကောင်းတယ် မိန်းကလေးတွေကို အသိမပေးသေးတာ ကောင်းတယ် သူတို့အားမငယ်ပဲ ရှိနေမှ ဒီအိမ်ကြီးကို ခင်ဗျားတို့ရည်ရွယ်ချက်အတိုင်း အဖြေတွေ ပေါ်လာမှာ …´´
``ကိုထီးလေး ပထမညက ကြုံခဲ့ရတဲ့သူဇာ့ ပြောစကားအရ ခင်ဗျားတို့ ဒီအိမ်ကြီးကို ရောက်လာလို့ ပျော်တဲ့သူ ရှိသလို ခင်ဗျားတို့ကို ဒီမှာ ရှိမနေစေချင်တဲ့သူလဲရှိနေတယ်´´
``ဒုတိယညမှာ ကိုတန်ခိုးကြုံခဲ့ရတာက မိန်းကလေးတစ်ယောက် သူကလဲ သတ်သတ် တစ်ယောက် ဖြစ်နိုင်တယ်…´´
``ကိုအောင် ဒါဆို …´´
``ကိုထီးလေး စိတ်အေးအေးထားပါ ကျွန်တောရှိနေပါ အစ်ကိုတို့ ဒုက္ခမရောက်စေရပါဘူး စိတ်ချပါ …´´
``မနက်ရောက်တာနဲ့ ဦးတင်အောင်ကို ဒီအိမ်ကြီးအကြောင်းသေချာမေးရမယ် ပြီးတော့ ကျွန်တော်တို့အားလုံး အမြန်ဆုံးပြန်ဖို့စီစဉ်ကြရမယ် …ကျွန်တော်တို့ ပြန်ရင် ကိုအောင်က ဘယ်လိုလုပ်မလဲ …´´
``ခင်ဗျားတို့နဲ့ မြို့အထိ လမ်းကြုံတော့ လိုက်ပါရစေ…´´

*****************************

မနက်ဖြန် မြန်မြန်ရောက်အောင်ပဲ ဒီည အခုပဲ အိပ်လိုက်ကြတော့သည်။

##မနက် ၅ နာရီ ၄၀

``ဒေါက်…ဒေါက်……´´
အောင်ကို့အိပ်ခန်းသို့ တံခါးခေါက်သံကြားတာကြောင့်
``ဘယ်သူလဲ…´´
``ထတော့…´´
``အော် …ဟုတ်ကဲ့ အစ်ကို ကျုပ်ညက သိပ်အိပ်မပျော်နဲ့အိပ်ယာထ နောက်ကျနေခဲ့တာ ကျုပ်က တောသားဗျ အစောကြီး အိပ်ယာ ထတတ်တာ နောက်နေ့နောက်မကျစေရဘူးဗျို့ …´´
တောသားပီပီ လေကျောရှည်စွာ အောင်ကိုက ပြန်ပြောနေလျက်
``ဟင်…မိုးတောင် ဝေလီ ဝေလင်းလေးရှိသေးတာပဲ ဘယ်သူက ငါ့လာနိုးပါလိမ့်…´´
လေသံမာမာ ဟန်ပါပါဖြင့် ယောကျားအသံတစ်ခုက အောင့်ကို ကိုနိုးသွားပါလေတော့သည်။

******************-*----*******

``ဟင်…မထူးပါဘူး နိုးလက်စနဲ့ ဘုရားရှစ်ခိုးဦးမှ …
အောင်ကို ဘုရားရှစ်ခိုးရန် စောင့်ဆောင့်ထိုင်လိုက်စဉ်မှာပဲ
``ဒေါက် …ဒေါက်…ဟီးဟီး ဟားး…ဟားးး……တောက်တောက်´´
ရီမောသံတွေနဲ့အတူ စကားပြောဆိုနေသော အသံများကိုပါ အောင်ကို တစ်ယောက် ကြားလိုက်ရတော့
``ဟ…ဘယ်သူတွေတုန်း …´´
သူအခန်းပြင်ကို ထွက်ကြည့်လိုက်တယ်။ ဘေး ဘယ် ညာ ကြည့်လိုက်တယ် ။ အသံတွေကြားနေရာဆီသို့ သူတစ်ဖြည်းဖြည်းလျောက်သွားလိုက်တယ်။ အခန်းတစ်ခန်းရှေ့ရောက်တော့ သူနားနဲ့ကပ်ပီး နားထောင်နေလျက်
``*$=@-%*=(#-@**%()@=-%)´´
မကွဲမပြားအသံများကိုသာ သူကြားနေရတော့သည်။
``ဟင်…ထီးလေးပြောတော့ တံခါးတွေ အားလုံး သော့တန်းလန်းနဲ့ဆို …အခု ဒီတံခါးက သော့ခတ်ထားပါလား…´´
သူအတွေးများဖြစ်သာ နောက်ဆုံ့း
``အထဲက ဘယ်သူတွေလဲ …တံခါးဖွင့်ပေးစမ်း ဘယ်သူတွေလဲ ´´
သူပြောနေသော်လဲ အထဲက စကားပြောသံတွေက ရပ်မသွား
သူကြံရာ မရပဲ ထီးကလေးဆီ အပြေးသွားပြီး တံခါးသွားခေါက်ပါလေတော့သည်။
``ကိုထီးလေး …ကိုထီးလေး´´
``ကိုအောင်လား … ဝင်ခဲ့လေ တံခါးလော့ချမထားဘူး´´
ထီးလေးရဲ့ခွင့်ပြုချက်ကြောင့် အောင်ကို အိပ်ခန်းထဲ ဝင်လာခဲ့တော့သည်။
သူကြားခဲ့သမျှ ထီးကလေးကို ပြောပြလိုက်တော့
``လာ…ကိုအောင် ပြန်သွားကြည့်မယ်´´
အောင်ကိုဦတည်ရာသို့ ထီးကလေး လိုက်ပါ လာလေတော့သည်။
``ဒီအခန်းပဲ ကိုထီး´´
``ဟင် …ကိုအောင် ခင်ဗျားပြောတော့ သော့မရှိဘူးဆို ဒီမှာသော့တန်းလန်းနဲ့ အထဲမှာလဲ ဘာအသံမှ မကြားရတော့ပါလား´´
`´ဟာ………ဟုတ်ပါရဲ့ ကိုထီး ကျနော် ပြောတာ ယုံပါ ကျုပ်တကယ် ကြားခဲ့ရတာ´´
``ကိုအောင့်ကို အစတည်းက ကျွန်တော်ယုံပြီးသားပါ ဒါဆို ကိုအောင် ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ…´´
``ကျွန်တော်တော့ မပြောတတ်တော့ဘူး ကိုထီးလေး …ကျွန်တော်တောင် ရူးချင်သွားတယ်…´´
``ကိုအောင့်ကို လာနိုးသွားတာက အသံခပ်မာမာနဲ့ ယောကျားအသံနော် ဟူတ်လား…´´
``ဟုတ်တယ် ကိုထီး ကျွန်တော်က ကိုထီးသူငယ်ချင်းတွေထဲကတစ်ယောက်ယောက်ထင်လို့ စကားတောင် ပြန်ပြောလိုက်သေးတယ် ´´
``ဟုတ်ပီ ဒါဆို ကျွန်တော် အကြံရပြီ…´´
``ဘာအကြံရတာလဲ ကိုထီး …´´
``နောက်မှ အားလုံးကို ပြောပြမယ် ကိုအောင်ရေ …မိုးတောင် စင်စင်လင်းနေပြီ ဒီလောက်ဆို သူဇာနဲ့မျှားကလေးတို့ နိုးနေလောက်ပြီ…´´
မိုးစင်စင်လင်းသွားခဲ့ပြီ ။

တစ်နေ့လုံး ဦးတင်အောင်ကို တစ်ခြံလုံးမှာ ရှာမတွေ့ခဲ့ ကျွန်တော်တို့လဲ ဦးတင်အောင် ဘယ်ပျောက်သွားမှန်း မသိတာကြောင့် သူ့ကိုသာ တစ်နေ့လုံးမျော်နေလိုက်တာ အခုဆို ညနေ ၃ နာရီတောင် ထိုးလာခဲ့ပြီ ။
``ကဲ… မျှားကလေး တို့ မနက်ဖြန် ပြန်ရအောင် …´´
``ဟင်… ထီးလေး ငါတို့ ရောက်တာ ဒီနေ့မှ ၄ ရက်တည်းရှိသေးတာလေ ပြန်ချင်သေးဘူး'…´´
``မျှားလေး အိမ်ကြီးမှာ သရဲတကယ်ခြောက်တယ်´´
``ဟားဟား…ခြောက်ပလိမ့်စေပေါ့ဟ ငါတို့က သရဲခြောက်တယ်ဆိုလို့လာကြတာလေ နင်မေ့နေပြီလား…´´
``ငါမမေ့ပါဘူး ဒါပေမယ့် ငါတို့ အိမ်ပြန်ကြတာပဲ ကောင်းမယ်နော် ´´
``ဟုတ်ပါတယ် မျှားကလေးရယ် ပြန်ကြရအောင်နော် ´´
``ဟုတ်တယ် မျှားလေး ငါတော့ ဆက်မနေရဲတော့ဘူး…´´
``ငါးလေး နင်တို့ပြန်ချင် ပြန်ကြတော့ ငါကတော့ မပြန်ချင်သေးဘူး…´´
``…မျှားလေးရဟ် တစ်ခါမှ ထီးကလေးပြောရင် နင်မငြင်းခဲ့ပါဘူး အခု ဘယ်လိုဖြစ်တာလဲ …´´
``ဟုတ်တယ် လမ်းကလေး အခု ငါဘာမှ မမြင်ရ မတွေ့ရသေးပဲ အိမ်မပြန်ချင်သေးဘူး…ငါ့ကို နင်တို့အားလုံး ခွင့်လွတ်ပေးပါ …´´
``ဟာ မျှားကလေးရယ် ငါတို့လဲ နင်မပါရင်မပြန်သေးပါဘူး …´´
မျှားကလေးက ကျွန်တော့ရှေ့ရောက်လာပြီး
``ထီးကလေး ငါ့ကိုခွင့်လွတ်ပါဟာ …ငါဒီအိမ်ကြီးမှာ ဆက်ပြီး လေ့လာကြည့်ချင်သေးတယ် …´´
``နင့် သဘောပါဟာ ငါတို့က ယောကျာ်းလေးတွေဆိုတော့ ပြသနာသိပ်မရှိဘူး နင်တို့မိန်းကလေးတွေကို စိုးရိမ်မိတာ…´´
``ဒီ့အတွက်တော့ မစိုးရိမ်ပါနဲ့ထီးလေးရယ် ငါ့အကြောင်းလဲ နင်ကောင်းကောင်းသိပါတယ် ငါက နင်တို့လို စိတ်မျိုးပါပဲ´´
``အခု …ဦးတင်အောင်က ဘဟ်ပျောက်နေရတာလဲ …မနက်တည်းက မတွေ့ဘူး…ဘယ်သူ့ကိုမှ လဲ သူဘာမှ ပြောမသွားဘူး…´´
``သူ တစ်နေရာရာကိုသွားတာ ဖြစ်မှာပါ ဖြစ်လာရင်တော့ ဒီအိမ်ကြီးအကြောင်း သူ့ကို ငါတို့ မဖြစ် ဖြစ်တဲ့နည်းနဲ့ မေးမှ ရမယ် …ငါတို့ မေးတိုင်းအကြောင်း တစ်ခုမဟုတ် တစ်ခုကြောင့် လိုရင်းကို မရောက်ခဲ့ဘူး ဒီတစ်ခါတော့ သူ့ကို သေချာမေးရတော့မဟ်…´´
အံ ကိုကြိတ်ခါ မျှားကလေးက ပြောနေလျက်
``ဒီမှာသော့ ထီးလေး နင်ပဲ ဒီသော့ကို ပြန်ယူထားလိုက် ဒီသော့က ငါတို့အခတ်ခဲ တစ်နေရာမှာ အသုံးဝင်လိမ့်မယ်လို့ ငါယုံကြည်တယ်…´´
မျှားကလေး ပေးတဲ့သော့ကို ကျွန်တော် တတိယ အကြိမ် ယူထားလိုက်ချေပြီ။
``ဟင်…ဒါနဲ့…နင့်လည်ပင်းက ကျုတ်ကို နင် ချွတ်ထားတာလား…´´
မျှားကလေး ပြောတော့မှ ကျွန်တော် လည်ပင်းကို ပြန်စမ်းမိတယ်
``ဟာ…´´
``ငါ မချွတ်ထားဘူး …ဘယ်ရောက်သွားတာလဲ…´´
``မင်း အိပ်ယာထဲမှာ ကျွတ်ကျန်ခဲ့တာဖြစ်မှာပေါ့ ပြန်သွားကြည့်ဦး…´´
တန်ခိုးပြောတာနဲ့ကျွန်တော် အပေါ်ထပ် လှေကားကို အပြေးတတ်သွားခဲ့ချေပြီ။   ။

*****************************



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages