အပိုင်း(၉)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
စာရေးသူ -ထီးကလေး၊ လမ်းကလေး၊
မျှားကလေး၊ငါးကလေး၊
တန်ခိုး။
မျှားကလေးက ကျွန်တော့ရှေ့ရောက်လာပြီး
``ထီးကလေး ငါ့ကိုခွင့်လွတ်ပါဟာ …ငါဒီအိမ်ကြီးမှာ ဆက်ပြီး လေ့လာကြည့်ချင်သေးတယ် …´´
လက်တွေ့မကျရင် မည်သည့်အရာကိုမှ မယုံတတ် သူဆိုတော့
``နင့် သဘောပါဟာ ငါတို့က ယောကျာ်းလေးတွေဆိုတော့ ပြသနာသိပ်မရှိဘူး နင်တို့မိန်းကလေးတွေကို စိုးရိမ်မိတာ…´´
``ဒီ့အတွက်တော့ မစိုးရိမ်ပါနဲ့ထီးလေးရယ် ငါ့အကြောင်းလဲ နင်ကောင်းကောင်းသိပါတယ် ငါက နင်တို့လို စိတ်မျိုးပါပဲ´´
``အခု …ဦးတင်အောင်က ဘဟ်ပျောက်နေရတာလဲ …မနက်တည်းက မတွေ့ဘူး…ဘယ်သူ့ကိုမှ လဲ သူဘာမှ ပြောမသွားဘူး…´´
``သူ တစ်နေရာရာကိုသွားတာ ဖြစ်မှာပါ ပြန်လာရင်တော့ ဒီအိမ်ကြီးအကြောင်း သူ့ကို ငါတို့ မဖြစ် ဖြစ်တဲ့နည်းနဲ့ မေးမှ ရမယ် …ငါတို့ မေးတိုင်းအကြောင်း တစ်ခုမဟုတ် တစ်ခုကြောင့် လိုရင်းကို မရောက်ခဲ့ဘူး ဒီတစ်ခါတော့ သူ့ကို သေချာမေးရတော့မဟ်…´´
အံ ကိုကြိတ်ခါ မျှားကလေးက ပြောနေလျက်
``ဒီမှာသော့ ထီးလေး နင်ပဲ ဒီသော့ကို ပြန်ယူထားလိုက် ဒီသော့က ငါတို့အခတ်ခဲ တစ်နေရာမှာ အသုံးဝင်လိမ့်မယ်လို့ ငါယုံကြည်တယ်…´´
မျှားကလေး ပေးတဲ့သော့ကို ကျွန်တော် တတိယ အကြိမ် ယူထားလိုက်ချေပြီ။
``ဟင်…ဒါနဲ့…နင့်လည်ပင်းက ကျုတ်ကို နင် ချွတ်ထားတာလား…´´
မျှားကလေး ပြောတော့မှ ကျွန်တော် လည်ပင်းကို ပြန်စမ်းမိတယ်
``ဟာ…´´
``ငါ မချွတ်ထားဘူး …ဘယ်ရောက်သွားတာလဲ…´´
``မင်း အိပ်ယာထဲမှာ ကျွတ်ကျန်ခဲ့တာဖြစ်မှာပေါ့ ပြန်သွားကြည့်ဦး…´´
တန်ခိုးပြောတာနဲ့ကျွန်တော် အပေါ်ထပ် လှေကားကို အပြေးတတ်သွားခဲ့ချေပြီ။ ။
*****************************
အခန်းတံခါးကို ထီးကလေး ဆွဲဖွင့်လိုက်တယ်။ ကုတင်းပေါ်က စောင်တွေ ခေါင်းအုံးတွေနှင့်အတူ နေရာအနံ့ရှာနေလျက် အောက်ထပ်မှ
မျှားကလေးတို့လဲ အပြေးလိုက်တတ်လာခဲ့တော့သည်။
``တွေ့လား ထီးလေး …´´
ထီးလေး ခေါင်းကို ကုတ်လိုက်တယ်
``မတွေ့ဘူး.´´
``နင် ညက ချွတ်အိပ်လိုက်သေးလား'´´
``မအိပ်ဘူးဟ ငါအခန်းထဲ ဝင်လိုက်တည်းက တစ်ခါတည်း တန်းအိပ်လိုက်တာ …´´
``ဒါဆို နင်ဘယ်မှာ ကျသွားပါလိမ့်´´
``ထားလိုက်ပါဟာ ရပါတယ် ဒီအိမ်ကြီးထဲမှာပဲ ရှိမှာပါ ပြန်တွေ့မှာပါ´´
ကျွန်တော် ဆက်မရှာတော့ပဲ စိတ်လျော့လိုက်တော့သည်။ အိမ်အောက်ထပ်ကို တစ်လှမ်းချင်း ဆင်းလာရင်း တွေးများစွာဖြင့်
``အခုတို့တွေ ဘာဆက်လုပ်ကြမလဲ မျှားလေး ´´
``အိမ်ကြီး အကြောင်းကို ပြောပြပေးမယ့် ဦးလေးတင်အောင်ကိုပဲ ဆက်စောင့်နေလိုက်ကြတာပေါ့´´
ဧည့်ခန်းမှာ အားလုံးထိုင်လိုက်ကြတယ် ထီးကလေးကတော့ တစ်ခုခုကို တွေးတောနေသလို ကိုအောင်ကလဲ သူ့လွယ်အိတ်ထဲမှ ပစ္စည်းတစ်ခုခုကို ထုတ်ခါ ကြည့်နေလျက် မျှားကလေးနဲ့သူဇာကတော့ ခုံမှာသာ အေးဆေးထိုင်နေတော့သည်။ ငါးလေးနဲ့လမ်းလေးကတော့ ရောက်ယပ်ခတ်စွာ လျောက်နေလျက် တန်ခိုးကတော့ ထီးလေးနဲ့အတူ ရှိနေခဲ့စဉ်မှာပဲ ရုတ်တရက် ဦးလေးတင်အောင် ခြံကြီးထဲမှ အိမ်ထဲသို့ ရောက်လာခဲ့တော့သည်။
``ဟာ…ဦးလေး…ဘယ်တွေ လျောက်သွားနေတာလဲ ကျနော်တို့အားလုံး ဦးလေးကို မျှော်နေတာ …´´
ငြိုးငယ်လှသော ဦးတင်အောင်မျက်နှာထားနဲ့
``ငါတူတို့ ဒီအိမ်ကြီးကနေ အမြန်ဆုံး ပြန်သွားတာ ကောင်းမယ်နဲ့တူတယ် ´´
``ရှင်…ဘာဖြစ်လို့လဲ ဦးလေး …´´
…``ဦးလေး မင်းတို့ကို ဒီအိမ်ကြီး အကြောင်းပြောပြမယ် သိပြီးတာနဲ့ မင်းတို့အားလုံး ဒီကနေ အမြန်ဆုံးနည်းနဲ့ ထွက်သွားကြပါ …´´
ဦလေးတင်အောင် တစ်ခုခုကို စိုးရိမ်နေသော အမူယာဖြင့် ပြောနေလျက်
``ကောင်းတာပေါ့ ဦးလေးရ ကျွန်တော်တို့ အားလုံးလဲ ဒီအိမိကြီး အကြောင်း သိချင်နေတာ ´´
``ဦးလေး ပြောပြမယ် မဟုတ်လား…´´
``မင်းတို့ခေတ်လူငယ်တွေ သိပ်ခတ်ပါလား …ပြောပြမယ် ပြီးတာနဲ့ မင်းတို့ အားလုံး ဒီကနေထွက်သွားဖို့ အမြန်ဆုံးပြင်စဉ်ကြတော့ …´´
``စိတ်ချပါ ဦးလေးရ အိမ်ကြီး အကြောင်း သိတာနဲ့ သမီးတို့တွေ ပြန်ကြမှာပါ …´´
``ကောင်းပြီ…ဦးလေး ပြောပြမယ် …´´
``ဒီအိမ်ကြီးက ရှေးအစဉ်အဆက် တည်းက ရှိနေခဲ့တာ နောက်ဆုံးမင်းဆက် အပန်းဖြေတဲ့အိမ်တော်အဖြစ် သတ်မှတ်ထားတဲ့ ဘုရင့်အိမ်တော်ကြီး နှစ်တွေ ကြာလာတာနဲ့ အိမ်ကြီးဟာ မပျက်မစီးပဲ အခုမြင်နေရတဲ့ အတိုင်းပဲ ရှိနေခဲ့တယ် ။ အခု လက်ရှိပိုင်ရှင် ဦးထင်ခတို့ မဝယ်ခင် အချိန်မှာ ဒီအိမ်ကြီးကို သရဲခြောက်တယ်ဆိုပြီး သတင်းတွေ ထွက်လာခဲ့သေးတယ် ။ ဦးထင်ခ ဝယ်ပြီးတဲ့နောက်ပိုင်းကစပြီး တစ္ဆေခြောက်တယ်ဆိုတဲ့ သတင်းလဲ မကြားရတော့ဘူးကွယ့် …´´
``လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လောက်တုန်းက ……
ဦးထင်ခ ဒီအိမ်ကြီးကို တန်ဖိုးနည်းနည်းနဲ့ ဝယ်လိုက်တယ်။ သူတို့ စပြောင်းလာတော့ သမီးလေး အဖေ ဆရာက ၁၅ နှစ်လောက်တော့ ရှိပြီးလားပဲ …ဦးထင်ခက အထက်လမ်းလိုက်စားသလိုလိုနဲ့ အောက်လမ်းပညာကို တစ်ဖက်ကမ်းခတ်အောင် တတ်တဲ့သူတစ်ယောက်ပဲ ဒီအိမ်ကြီးမှာ အစက သရဲခြောက်တယ်ဆိုတာ တကယ့်အမှန်ပါပဲ ဒါပေမယ့် ခြောက်နေတဲ့ တစ္ဆေကို ဦးထင်ခက အမျှမပေးပဲ သူက လွှမ်းမိုးပြီး ထပ်မံမွေးထားလိုက်တယ် ။ သူလိုရာကို စေခိုင်းတယ် ။ မယ်မယ် မြနှင်းဆီကတော့ တင့်တင့်တယ်တယ် ရှိလှတဲ့ မိန်းမတစ်ယောက်ပေါ့ သူတို့ ကလေးမရနိုင်ဘူးဆိုလို့ မိဘမဲ့ဂေဟာက ကလေးလေးတစ်ယောက်ကို မွေးစားထားခဲ့တယ်။ ကလေးလေးဟာ သူတို့ စိတ်ထားမျိုးတွေနဲ့တစ်ခြားစီ ကြီးပြင်းလာခဲ့တယ် ။
သူက ၁၅ နှစ်သားအရွယ်ရောက်လာတော့ သူ့ဖခင် ဦးထင်ခရဲ့လုပ်ရက်တွေကို မကြိုက်ခဲ့ဘူး။
တစ်နေ့…
``လိုက်ဟေ့ လိုက်…လိုက် …´´
``ကယ်ကြပါဦး…ကျွန်တော် မခိုးပါဘူး …ကယ်ကြပါဦး…´´
ဦးလေးကို သူခိုးပါဆိုပြီး ဦးလေး မိထွေးက စွပ်စွဲပြီး သူ့သားတွေနဲ့ ဦးလေးကို ဝိုင်းရိုက်သတ်ပစ်ဖို့ ကြိုးစားတယ်။ မြင်းစီးလာတဲ့သူတစ်ယောက်က ဦးလေးအရှေ့မှာ ဝင်ရပ်လိုက်ပြီး'
``ဟေ့လူတွေ …ရပ်စမ်း…´´
သူကဝင်တားလိုက်တော့ လိုက်လာတဲ့သူတွေ ရပ်သွားခဲ့ပြီး
``ခင်ဗျားက ဘယ်သူလဲ ကျုပ်တို့ကိစ္စ ဝင်မပါနဲ့ ဒီကောင်က သူခိုးမို့လို့ ဝိုင်းလိုက်တာ ခင်ဗျား …ဖယ်စမ်း ခင်ဗျားပါ နာသွားမယ်…´´
ဦးလေးကို သတ်မလို့ လိုက်လာတဲ့သူတွေကို မြင်းပေါ်က လူက ပြန်ပြောလိုက်တယ်
``သူခိုးဆိုလဲ အရေးပိုင်မင်း လက်ထပ်အပ်လိုက်ပါလား …ခင်ဗျားတို့ ကိုယ်ထိလက်ရောက် လုပ်စရာမလိုဘူး …´´
``ဟာ…စကားတော်တော်များတာပဲ ခင်ဗျား ဘယ်ကလဲ ဘယ်သူလဲ…´´
``ကျုပ်က ဦးထင်ခသား …´´
``ဟင်…´´
ဒီလူတွေဟာ ဦးထင်ခလို့ ကြားလိုက်တာနဲ့ တွန့်ဆုတ်သွားခဲ့ကြတယ်။
``ဒါ…ဒါဆို မဟာနွယ် အိမ်ကြီးကပေါ့…´´
``သိပ်ဟုတ်တာပေါ့ …´´
``ဒါဆိုလဲ ဒီသူခိုးကို ခင်ဗျားလက်ထဲပဲ ထည့်လိုက်တော့မယ် ခင်ဗျားပဲ အရေးပိုင်မင်း လက်ထဲ အပ်လိုက်တော့ ကျူပ်တို့ကတော့ သွားပြီ…´´
ဒီလိုပြောပြီး နောက်ကြောင်း လှည့်မကြည့်ပဲ ဦးလေးကို သူနဲ့အပ်ပြီး ပြန်သွားကြတယ်။
``ကျွန်တော်တကယ် သူခိုးမဟုတ်ပါဘူး ဆရာ…ကျုပ်မိထွေးသားတွေက ကျုပ်ကို အပြစ်ရှာပြီး လက်စဖျောက် သတ်ချင်နေကြတာ သူတို့ အဖေ့အမွေတွေကို မတ်ပြီးတော့ ဒါကြောင့်ပါ ဆရာ ကျနော့ကို ယုံပါ ´´
ဦးလေး ခြေသလုံးဖတ်ပြီး အဲ့ဒီလူကို တောင်းပန်နေတော့
``ကိုယ့်ညီ ထပါ ခင်ဗျား သူခိုးမဟုတ်ဘူးဆိုတာ ကျုပ် သိပါတယ် လာ …ကျုပ်အိမ်မှာသာ လိုက်ပြီးနေတော့ …´´
``ဆ…ဆရာ တကယ်ပြောတာလား…´´
ထိုသူဟာ ဦးလေးကို တစ်ချက်ပြုံးပြပြီး သူမြင်းပေါ်ဆွဲတင်ပြီး အိမ်ကြီးကို ခေါ်လာခဲ့တယ်။ အိမ်ကြီးရောက်တော့ သူမိဘတွေနဲ့ ဦးလေးကို သူခေါ်ထားမယ်ဆိုတဲ့အကြောင်း ပြောတယ်။ သူမိဘတွေက ဦးလေးကို မကြည်ပေမယ့် သားကိုချစ်တော့ မငြင်းပဲ ခွင့်ပြုပေးလိုက်တယ်။
``ဒါနဲ့ ခင်ဗျား နာမည်က …´´
``တင်အောင်ပါ ဆရာ…´´
``ဟူတ်ပြီး တင်အောင် အိမ်ကြီး အကြောင်းကိုတော့ မင်းအခုန ကြားလိုက်တဲ့အတိုင်းပဲ နာမည် ကြားတာနဲ့တင် အားလုံးက ရွံကြောက် ကြောက်နေကြတာ …ဒီခြံထဲမှာ မင်းကို မာလီ ခန့်ထားလိုက်မယ် …´´
``ကျေးဇူးကြီးမားလှပါတယ် ဆရာရယ် ဆရာသာ ကျနော့ကို မကယ်ထားရင် ကျနော် ဟိုလူတွေ လက်ချက်ကြောင့် သေနေလောက်ပြီး ကျေးဇူး အရမ်းတင်ပါတယ်…´´
ဆရာက ဦးအပေါ်ကို အရမ်းကောင်းခဲ့တယ်။ တစ်ည ဦးလေး ခြံထောင့်က တဲလေးမှာ အိမ်နေတုန်း ရီသံတွေ ကြားလိုက် ငိုသံတွေ ကြားလိုက်နဲ့ သရဲခြောက်နေသလိုပဲ ဦးလေး ထွက်ကြည့်လိုက်တော့ အိမ်ကြီး ခေါင်းမိုး အပေါ်မှာ မီးလုံးကြီးတွေကို တွေ့လိုက်ရတယ်။ ဒေါ်မြနှင်းဆီရဲ့ စုန်းအတတ်ပညာတွေ ပြနေတာပေါ့ ။
ဦးထင်ခက သချူင်္ိင်းက မြေတွေကို ယူတယ် ပြီးတော့ သူခြံထဲမှာ အစောင့်ဆိုပြီး ထားခဲ့တယ် ။ ပြီးတော့ လပြည့် လကွယ်ဆို အိမ်အပေါ်ထပ်က အခန်းထဲမှာ တစ်ညလုံး ဝိဥာဉ်တွေနဲ့ စကားပြောနေတတ်တယ်လို့ ဆရာကပြောပြဘူးတယ် သူ့ ခါးထဲက သော့က ဝိဥာဉ် အခန်းကို ခတ်ထားတဲ့သော့ ပြီးတော့ မြို့ထဲထိပေါက်တဲ့ မြေအောက်ခန်းသော့ဆိုလားပဲ ပြောတာကြားဘူးတယ်။ နြေအောက်ခန်းတွေထဲမှာ တစ္ဆေတစ်ကောင်ဆီ မွေးထားပြီး သူလိုရာခိုင်းတတ်တဟ်။ တစ်နေ့မှာ ဦးထင်ခညီဆိုတဲ့သူတစ်ယောင် နယ်ကနေ တတ်လာပြီး အိမ်ကြီးကို အမွေတစ်ဝက်ပေးရန် လာတောင်းခဲ့တယ်။ ဦးတင်ခက ပျက်ပျင်သားသား မပေးဘူးပြောတော့ သူက ဘာမှ မပြောတော့ပဲ အမှီးသိမ်းပြီး ငြိမ်ငြိမ်လေးနေခဲ့သလိုနဲ့ ဒီအိမိကြီးကို သူက ပုဏ္ဍက တိုက်တယ်။ ဦးတင်ခ ပညာက ပုဏ္ဍကကို ထိမ်းချုပ်နိုင်တော့ သူ့ညီ လုပ်တာလဲ အပိုပဲဖြစ်နေခဲ့ပြီလေ။ တစ်နေ့ ဦးလေးချစ်သူက ဦးလေးနောက်ကို ခိုးရာ လိုက်လာခဲ့တယ်လေ။ ဆရာကလဲ လက်ခံပေးပါတယ်။ ဒေါ်မြနှင်းဆီနဲ့ဦးထင်ခက ခြံကြီးထဲ သူစိမ်းတွေများလာလို့ သိပ်မကျေနပ်ကြဘူး။ ဒီလိုနဲ့ဦးလေး ဒီအိမိကြီးမှာ နေလာတာ ၂နှစ် ကျော်လာခဲ့တယ်။ ဦးမိန်းမမှာလဲ ကိုယ်ဝန်ရှိလာခဲ့တယ်။ ဆရာက ဦးတို့ လင်မယားနှစ်ယောက်ကို လိုလေသေး မရှိ စောင့်ရှောက်ခဲ့တယ်။ ဦးမိန်းမ ကိုယ်ဝန်အရင့်မာကြီးမှာ ဆရာက မြို့မှာ ကျောင်းသွားတတ်ရမယ်ဆိုပြီး ထွက်သွားလိုက်တာ ၅နှစ်လောက် ကြာသွားတယ် ။ ဦးလေးကို နှင်မထုတ်ဖို့ သူမိဘတွေကို အမြဲပြောတော့ ဆရာမရှိတဲ့နောက်ပိုင်းမှာ ဦးထင်ခက လခ ကလွဲပြီး ပိုက်ဆံဆိုတာကို မပေးခဲ့ဘူး။ ဆရာ ကျောင်းပီးလို့ ပြန်ရောက်လာတော့ ဦးသမီးလေး တော်တော် အရွယ်ရောက်နေခဲ့ပြီလေ။
ဆရာက မြို့မှာ ကျောင်းဆရာ ဖြစ်နေပြီးဖြစ်ကြောင်းကို ဦးလေးသိလိုက်ရတယ်။ ဆရာက သူမြို့ပြောင်းရင် ဦးလေးကို ခေါ်သွားမယ်လို့ပြောတော့ ဦးလေး သိပ်ဝမ်းသာမိတာပါ။ မကြာပါဘူး ၃နှစ်လောက်နေတော့ ဆရာ ခဏဆိုပြီး မြို့ကို ပြန်သွားခဲ့တာ တော်တော်နဲ့ပေါ်မလာခဲ့ဘူး ။
တစ်နေ့မှာ ဦးသမီးလေး တက္ကသိုလ်ဝင်တန်းအောင်တော့ ဆရာ့ဆီမှာ သွားနေမယ်ဆိုပြီ မြို့ကို အကြောင်းကြားထားခဲ့တယ်။ အပျိုပေါက် ဖြစ်လာတဲ့ သမီးလေးက သိပ်လှလာခဲ့တယ်။ ဒေါ်မြနှင်းဆီက ဦးလေးသမီးကို ကျောင်းဆက်ထားပေးမယ်လို့ ပြောတယ် ။ အိမ်ကြီးထဲကို ဦးလေးကိုသာ မဝင်ခိုင်းပေမယ့် သမီးလေးကတော့ ထမင်းချက် ဟင်းချက်အနေနဲ့ အဝင်အထွက် ရှိတယ်။ တစ်နေ့မှာ ဒေါ်မြနှင်းဆီ ခေါ်တယ်ဆိုပြီး ဦးထင်ခတပည့်တစ်ယောက်က သမီးလေကို လာခေါ်သွားခဲ့တယ်။ အိမ်ကြီးအဝထိ သမီးလေးကို သူ့အမေ လိုက်ပို့ပေးခဲ့တယ် ။ဦးလေးကတော့ ခြံထဲမှာ လုပ်စရာလေးတွေရှိလို့ လုပ်နေတာပေါ့။ ဦးသမီးလေး ပြန်ထွက်လာတဲ့အထိကို သူ့အမေ ဦးမိန်းမက အိမ်ရှေ့မှာ စောင့်နေခဲ့တယ်။ သိပ်မကြာခင်မှာပဲ သမီးလေး အိမ်ကြီးထဲက ပြေးထွက်လာပြီး ဦးထင်ခ သူ့ကို အဓမ္မပြုကြောင်းကို ပြောလိုက် အိမ်ကြီးရှေ့မှာ ဖတ်ပြီးငိုနေတဲ့ သားအမိ နှစ်ယောက်စလုံးကို ဦးထင်ခအမိန့်ကြောင့် သူ့တပည့်တွေက ရက်ရက်စက်စက် မသေမချင်း ဓါးနဲ့ခုတ်သတ်ခဲ့တယ်။ ဦးလေးမသိခဲ့ဘူး ။ ညနေစောင်းလို့ ပြန်ရောက်မလာကြသေးတာနဲ့ ဦးလေး လဲ အိမိကြီးအရှေ့မှာ ထိုင်မျှော်နေခဲ့တယ်။ ဦးလေးထိုင်နေတာတွေ့တော့ ဦးထင်ခကခေါ်ပြီး အိုးလေးတစ်လုံးပေးတယ်။ ခြံထောင့်က စံပယ်ပန်းရုံမှာ ဒါလေး လောင်းပေးပါဆိုလို့ ဦးလေး သွားလောင်းပေးလိုက်တယ်။ သူလောင်ခိုင်းလိုက်တဲ့ အိုးလေးထဲမှာက အနီရောင်တွေ တွေ့တော့ ဦးလေးနဲ့အတူပါလာတဲ့ သူတပည့်တစ်ယောက်ကို ဘာတွေလဲလို့ မေးကြည့်လိုက်တော့ ဦးလေးသမီးရဲ့သွေးတွေလို့ပြောတယ်။ ကြောင်တောင်တောင်ဖြစ်ပြီး ဦးလေး နောက်မှ သားအမိနှစ်ယောက်လုံးကို သတ်ပြီး အမေကို အပေါ်ကအိမ်ခန်းတစ်ခုမှာ သွေးလောင်းပြီး မွေးထားကြောင်းနဲ့ သမီးလေးကို အဓမ္မပြု သတ်ပြီး စံပယ်ရုံမှာ သွေးလောင်းပြီးမွေးထားကြောင်းသိလိုက်ရတော့ ဦးလေးရင်ကွဲမတတ်ပါပဲ။ သူတို့တွေအားလုံးက ဦးလေးငိုနေတာကိုကြညိ့ပြီး ဝိုင်းရီကြတယ်။ ဦးလေးလဲ မခံစားနိုင်တော့တာနဲ့ဦးထင်ခကို ဓါးဆွဲ့ပြီး အသေသတ်မလို့ အိမ်ကြီးအပေါ်ကို တတ်သွားခဲ့တယ်။´´
``ဟင် …ဒါဆို …ဦးထင်ခကို ဦးလေးသတ်လို့ သေသွားတာလား…´´
``ဦးလေးကိုတားတဲ့ဦးထင်ခ တပည့်နှစ်ယောက်ကိုတော့ ဦးလေး အသေသတ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဦးထင်ခကိုတော့ ဦးလေး မသတ်နိုင်ခဲ့ဘူး …´´
``ဦးထင်ခ အခန်းရှေ့ရောက်တော့ ဦးလေးကို ဒေါ်မြနှင်းဆီ အပါအဝင် အားလုံးက ဓါးတွေနဲ့ဝိုင်းခုတ်ကြတော့တယ်။…´´
``ဟင်…ဦးလေးဘာမှမဖြစ်ဘူးလား…´´
``ဒေါ်မြနှင်းဆီကိုတော့ ဦးလေးသတ်နိုင်ခဲ့လိုက်တယ်…´´
``နောက်တော့ ဦးထင်ခ ဓါးချက်ကြောင့် ဦးလေးလဲ သေခဲ့ရပြီ…´´
``ဟင်…´´
``ဗျာ…´´
``ရှင်…´´
``ဟင်…´´
``ဟုတ်ပါတယ် ငါ့တူတို့ ဦးလေးက သေပြီးသား ဝိဥာဉ်ပါ ဒါပေမယ့် ဦးလေးကို မကြောက်ကြပါနဲ့ မင်းတို့ကို ဦးလေး ဒုက္ခပေးမယ့်သူ မဟူတ်ပါဘူး…´´
ဦးထင်ခ စကားကြောင့် အားလုံး သွေးပျက်မတတ်
``ဒါ …ဒါဆို …ဦး…ဦးလေးက သရဲပေါ့…´´
``ဦးလေးက ဦးထင်ခ အစောင့်ချထားခံလိုက်ရတဲ့ တစ္ဆေတစ်ကောင်ထဲက အမျှလိုချင်နေတဲ့ တစ္ဆေတစ်ကောင်ပါ့…´´
``ဗျာ…ဟုတ်လို့လား…ဦးလေးကို ကျတော်တို့ မြင်နေရတယ်လေ…´´
``မြင်နိုင်တယ်ဆိုတာ ဦးလေးပြနေလို့ပါ မင်းတို့တွေကို စတွေ့တည်းက မင်းတို့က ဦးလေးကို ကယ်နိုင်မယ့် သူတွေဆိုတာ ဦးလေးသိလိုက်ရတယ်။…´´
``ဒါ…ဒါ ဆို စံပယ်ရုံနားမှာ တွေ့လိုက်တဲ့ မိန်းကလေးက ဦး…ဦး…လေး သမီးပေါ့ …´´
``ဟူတ်တယ် ငါ့တူတို့ ဦးထင်ခရဲ့ ဝိဥာဉ်တွေ မနိုးထခင်မှာ ငါ့တူတို့ ဒီကနေ အမြန်ဆုံး ထွက်သွားကြပါတော့ …´´
ဒီလို
ပြောပြီး အားလုံးရဲ့အရှေ့မှ ဦးတင်အောင် ပျောက်ကွယ်သွားပါတော့သည်။
****************************
အပိုင်း(၁၀)တွင်
ဆက်လက် ဖတ်ရှု့ပေးပါရန်









No comments:
Post a Comment