တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
စာရေးသူ- ထီးကလေး။
တစ်ယောက်တည်း အတွေးများဖြင့် စဉ်းစားမရပဲ မနက်မှ အားလုံးနဲ့တိုင်ပင်ပြီး ထူးခြားတာတွေကို ကြုံနေရပြီးဖြစ်ကြောင်း တစ်ခြား သူတွေရော ကြုံနေရလားဆိုတာ မေးတော့မည်ဟူ တွေးကာ တန်ခိုးတစ်ယောက် အတွေးများစွာဖြင့်သာ အိပ်အခန်းထဲ ဝင်သွားပါလေတော့သည်။
*********-*********-******-**
မနက် ၄ နာရီ ၃၀ အချိန်မှာတော့ သူဇာ တစ်ယောက် ဝီရိယရှိစွာ ထမင်းချက်တာဝန် ကို စတင်ယူပါတော့တယ်။ အသင့်ပါလာတဲ့ ထမင်းပေါင်းအိုကို အိပ်ခန်းထဲမှ မီးထိုးပြီ
အိပ်မပျော်တာကြောင့် ဝရမ်းတာ၌လေညင်းခံရန်ထွက်လာခဲ့ချေပြီ။ လက်ဆတ်လှတဲ့လေတွေကို သူမရှုရှိုက်ရင်း မျက်လုံးတစ်စုံကို မှိတ်လျက် နှုတ်ခမ်းလေးကားပြုံးနေခဲ့သည်။
ထမင်းကျက်ချိန်နီးမှသာ သူမ အိပ်ခန်းထဲသို့ ပြန်ဝင်သွားချေခဲ့ပြီ။
``ဟင် …၅နာရီတောင် ထိုးတော့မှာပါလား…မမတို့အိပ်နေတုန်း အိမ်ကြီးထဲ လိုက်ကြည့်ဦးမှ´
သူမရည်ရွက်ကာ အပေါ်ထပ် ဝရမ်တာမှ ဘယ် ညာ ကြည့် တိုက်ခတ်လျက်ရှိနေတဲ့ လေတွေကို တစ်ဝကြီး ရှု့ရှိုက်လိုက်စဉ်……
``ဟင်……ဘုန်းကြီးတွေပါလား …အတော်ပဲ ဆွမ်းသွားလောင်းဦးမှ´´
အပေါ်ထပ်မှ မြင်လိုက်သည့် မြင်ကွင်းကြောင့် သူဇာ ဆွမ်းလောင်းရန် အိပ်ခန်းထဲမှ ဆွမ်းခူးပြီး အောက်ထပ်သို့ ခပ်သွက်သွက်လေး ပြေးဆင်းသွားခဲ့တယ်။ ခြံပြင်ရောက်ဖို့ ငါးမိနစ်နီးပါး လျောက်ရတဲ့ခြံပြင်ကို သူမခဏအတွင်းရောက်သွားပြီ…
ခြံတံခါးကို ဖွင့်ခါ သဘက်ကလေး ပုခုံးပေါ်တင်ကာ ခြံရဲ့ ဘေး ဘယ် ညာကြည့်လိုက်ပြီ……
``ဟင်…ဦးဇင်းတွေ ဘယ်ရောက်သွားပါလိမ့် …အခုန ငါသေချာတွေ့လိုက်တာ ဦးဇင်း ၃ပါးပါ´´
သူမ စဉ်းစားရင်း
``ငါပဲ မျက်လုံးမှားတာလား´´
စိတ်ထဲကရည်ရွက်ပြီ ခြံထဲသို့ တစ်လှမ်းချင်းပြန်ဝင်လာခဲ့လေသည်။
****************************
သူမ စဉ်းစားမရပဲ ခြံထဲက ခုံလေးမှာ ထိုင်နေခဲ့တယ်။ စားပွဲအပေါ်မှာ ဆွမ်းပန်းကန်တင်ပြီ မျက်မှောင်ကျုတ် တွေးတောနေစဉ်…
``ဟေ့ သူဇာ ´´
အသံလာရာဆီသို့ သူမမော့ကြည့်လိုက်ပြီး
``ဟင်…အစ်ကို ထီးလေး နိုးနေပြီလား´´
``နိုးပြီး…သူဇာရော ထမင်းချက်ပြီးပြီလား´´
``ဟုတ်ကဲ့ အစ်ကိုထီးလေး ပြီးပြီ´´
သူဇာ စားပွဲအပေါ်မှာ တင်ထားတဲ့ ထမင်းပန်းကန်ကို မြင်တာနဲ့ ကျွန်တော် ထီးကလေးက
``သူဇာ ထမင်းပန်ကန်က ဘာလုပ်မလို့လဲ´´
သူဇာက ကျွန်တော့ကို တစ်ချက်လှမ်းကြည့်ပြီး
``အစ်ကိုကို့ သူဇာ ပြောစရာရှိလို့ အပေါ်တတ်လာခဲ့မယ်´´
ထမင်းပန်းကန်လေးကိုင်ကာ ကျွန်တော် ထီးကလေးဆီသို့ သူမရောက်လာပြီ ကြုံတွေ့သမျှ ပြောပြလေတော့သည်။
``သူဇာ ပြောတာ တကယ်ပဲလား´´
``တကယ်ပါ အစ်ကို သူဇာတို့ အခုလှမ်းမြင်နေရတဲ့လမ်းကနေ ဦးဇင်း ၃ ပါးကြွလာလို့ ဒီနားက ဘုန်းကြီးကျောင်း အာရုံဆွမ်းခံကြွတယ်ထင်တာနဲ့ ဆွမ်းသွားလောင်တာ…´´
``ဟုတ်ပြီ သူဇာ ဒါဆို သူဇာ ရေမိုးသွားချိုးလိုက်ဦး မိုးလင်းမှ တို့အားလုံး တစ်ခုခု တိုင်ပင်ကြတာပေါ့´´
``ဟုတ် အစ်ကိုထီးလေး´´
သူဇာ ပြောပြီးလှည့်အထွက် အိပ်ခန်းထဲမှ လမ်းကလေးထွက်လာခဲ့ပြီး။ သူဇာက
``လမ်းလေး နင်နိုးလာပြီလား´´
``နိုးပြီးပေါ့ နင်က ငါလာလို့အခန်းထဲပြန်ဝင်မလို့လား´´
``ရှင်´´
``ဟေ့ယောင် လမ်းလေး မင်းဘာတွေ လျောက်ပြောနေတာလဲ သူဇာ့ကို အားနာစရာကြီး သူဇာ သွားသွား အစ်ကိုလမ်းလေးနဲ့စကားပြောလိုက်ဦးမယ်´´
လမ်းကလေးက ကျွန်တော်နဲ့သူဇာကို အစတည်းကမှ တစ်မျိုးထင်နေခဲ့တာ အခုမြင်ကွင်းကို သူတွေ့သွားတော့ ပိုပြီးထင်မိတာ လမ်းကလေးအမှားမဟုတ်ပါဘူးလေ
``ထီးလေး မင်းနဲ့သူဇာက´´
``ဟာ …ဟေ့ယောင် သူဇာ့ကို ထမင်းချက်ပြီးပြီးလား မေးပြီး စကားပြောနေကြတာပါကွာ မင်းထင်သလို မဟုတ်ပါဘူး´´
လမ်းကလေးက ပြုံးချိချိ မျက်နှာဖြင့် ခေါင်းလေး တစ်ငြိမ့်ငြိမ့်လုပ်ခါ
``အေးလေ ဒါဆိုလဲ ပြီးတာပဲ´´
``မနက်မိုးလင်းတာနဲ့ မင်းတို့အားလုံးကို ငါပြောစရာရှိတယ် လမ်းလေး´´
``ဘာပြောမလို့လဲ´´
``လူစုံမှ ပြောကြတာပေါ့ ´´
``အေးအေ ဒါဆို ငါမျက်နှာ သွားသစ်လိုက်ဦးမယ်…မျက်နှာတောင် မသစ်ရသေးဘူး အပြင်မှာ စကားပြောသံတွေ ကြားလို့ထွက်ကြည့်တာ ´´
လမ်းကလေး အိပ်ခန်းထဲသို့ ပြန်ဝင်သွားချေခဲ့ပြီ။ ကျွန်တော်ကြုံတွေ့ထားသမျှနဲ့သူဇာပြောပြသမျှကို ဆက်စပ်ကြည့်တော့ ဖြစ်ရပ်တွေက ခြားနားလှတယ် ။ ဒါနဲ့ကျွန်တော် စဉ်းစားနေရင်း လည်ပင်းက ကျူတ်ဆွဲကြိုးလေးကို ကိုင်မိတယ်။
``အင်းးးးးအခုဆို တန်ခိုးလဲ တစ်ခုခုကို ကြုံတွေ့ထားသလို သူဇာကလဲ ကြုံနေရပြီ ´´
``ဘာပဲဖြစ်ဖြစ်လေ လာမယ့် ဘေးပြေးတွေ့လိုက်တာ အကောင်းဆုံးပဲပေါ့´´
ရည်ရွက်ရင်း ကျွန်တော် အိမ်အောက်ထပ်ကို ဆင်းသွားခဲ့ပြီ။ သူဇာ ရေးချိုးပြီး ရေချိုးခန်းထဲမှ ထွက်လာကာ အိပ်နေတဲ့မျှားကလေးကို
``မမ မထသေးဘူးလား အပြင်မှာ အစ်ကို ထီးလေးတို့ နိုးနေကြပြီ။´´
မျှားကလေးက အိပ်ချင်မူးတူးလေသံဖြင့်
``အေးအေး ထပြီး ထပြီ ´´
``ဟုတ်မမ ဒါဆို ညီမလေး အောက်မှာ မနက်စာ စားဖို့စောင့်နေမယ်နော် ´´
ပြောပြောဆိုဆိုနှင့် သူဇာတစ်ယောက် အောက်ထပ်ကို ဆင်းသွားခဲ့တယ်။ တစ်ဖက်စောင်းအိပ်နေတဲ မျှားကလေးက သူဇာ့ကုတင်းဘက်ကို တစ်ချက်လှမ်းကြည်ပြီ
``ဟဲ့ကောင်မလေး…မနက်စာစားဖို့ပြင်မယ်ဆို သွားလေ ငါ့ကိုစောင့်မနေနဲ့ ´´
။ ခဏကြာတော့ တံခါးဖွင့်အောက်ဆင်းသွားတဲ့ အသံမကြားတာကြောင့် ပြန်လှည်ကြည့်လိုက်တယ် ။သူမကို ကျောပေး ဆံပေးကို နောက်ကျောကနေ အရှေ့ဘက်ကို လက်နဲ့သပ်ချနေတဲ့ မိန်းမတစ်ယောက်ကို သူမ မကွဲမပြား တွေ့လိုက်ပြီး
``ဟင်…´´
မျက်လုံးတစ်စုံကို ချက်ချင်းပွက်သပ်လိုက်တယ်။
``ဟင် သူဇာလဲ မဟုတ်ပါလား အခုနက ငါသချာတွေ့လိုက်ပါတယ် သူဇာ့ကုတင်းမှာ ဘယ်သူထိုင်နေတာလဲ……ဟာ …ဟုတ်ပီ´´
သူမမျက်နှာမှာ ကြောက်စိတ်မပေါ်ပဲ တစ်ခုခုကို သိရလို့သူကျေနပ်သွားဟန်
*****************************
``အစ်ကိုထီးလေး မနက်စာပြင်ပြီးပြီ လာတော့လေ´´
အားလုံးပြင်စဉ်ပြီးသွားတာကြောင့် မနက်စာ စားရန် ခြံထဲမှ ထီးကလေးကို သူဇာ လှမ်းပြောလိုက်စဉ်
အိမ်ပေါ်ထပ်မှ ငါးလေးနဲ့လမ်းကလေးဆင်းလာပြီး
``ငါတို့ကိုရော မခေါ်ဘူးလား´´
``ဟာလာလေ အခုပဲ လာခေါ်မလို့´´
``နင်က ထီးလေးကို ဦးစားအရမ်းပေးတယ်နော် သူဇာ´´
သူဇာက ပြုံးလိုက်ပြီ
``ပေးရတာပေါ့ဟ အစ်ကိုထီးလေးက ငါတို့ရဲ့ခေါင်းဆောင်တာဝန်ယူထားတာလေ ပြီးတော့ ငါတို့အပေါ်သိပ်ဂရုစိုက်တာ နင်တို့လဲ သိသားပဲ´´
``ဟုတ်ပါတယ် ဟုတ်ပါတယ် နင်ပြောတာ မှန်ပါတယ် ´´
ထိုအချိန် ခြံဝန်းထဲမှ ထီးကလေး သူဇာ့ခေါ်သံကြောင့် အိမ်ထဲဝင်လာခဲ့ပြီး
``ဟာ……မနက်စာက ရှယ်ပဲဟေ့ နန်းကြီးသုတ် ဟိုကောင်တန်ခိုးသိပ်ကြိုက်တာ အော် ငါးလေး မင်းလဲရောက်နေပြီ မျှားလေးနဲ့တန်ခိုးရော´´
``မမ ကတော့ နိုးနေပြီ အစ်ကိုထီလေး အစ်ကိုတန်ခိုးကတော့ ညက ညဥ့်နက်သွားတယ်နဲ့ထင်တယ် အိပ်တုန်းဖြစ်မှာပေါ့´´
``ဒါဆိုလဲ တန်ခိုး အိပ်ပါစေ မျှားကလေးကို သူဇာ သွားခေါ်လိုက်လေ´´
မနက်စာဝိုင်းမှာ ကျွန်တော် ထီးကလေး နဲ့အတူ လမ်းကလေး၊ ငါးကလေးတို့ မျှားကလေးအလာကို စောင့်နေကြတော့သည်။
``မမရေ မမ နိုးနေပြီလား…သူဇာ ဝင်ခဲ့မယ်နော်´´
``အေးအေး ဝင်ခဲ့လေ´´
မျှားကလေးရဲ့ခွင့်ပြုချက်ကြောင့် သူဇာ အခန်းထဲကို ဝင်လာခဲ့တယ်။ အခန်းထဲရောက်တော့ ပြုံးစိစိလုပ်ခါ ခေါင်းဖီးနေတဲ့မျှားကလေးကို တွေတော့
``ဟင် မမ ခေါင်းဖီးနေရင်း ဘာတွေ သဘောကျနေတာလဲ ´´
``ဘာမှ မဟုတ်ပါဘူး သဘောကျလို့ လာလာ အောက်သွားကြမယ်´´
မျှားလေး ဘာမှ ပြန်မပြောပဲ သူဇာ့ကို ပုခုံးဖက်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။
``ဟ ……မျှားလေး နင်ဘာဖြစ်နေတာလဲ ပြုံးစိစိနဲ့´´
``ငါသရဲခြောက်ခံရသလိုပဲ´´
``ဟင်´´
အားလုံးက အံ့သြတစ်ကြီး ``ဟင်´´ဆိုတဲ့ အာမေဋိသာ ပြန်ပြောနိုင်တော့သည်။
*****--*******-**-*-*-*-*******
ဒါနဲ့ကျွန်တော်ထီးကလေးက
``ပြောစမ်းပါဦး ဘယ်လိုအခြောက်ခံရတာလဲ´´
``ဒီလိုဟ´´
မျှားကလေးမှာတော့ သူမ မကွဲမပြား မြင်လိုက်ခဲ့ရသည့် မြင်ကွင်းအား ပြန်ပြောနေတော့သည်။
``ဟူတ်လို့လားဟာ မျှားလေး နင်မနောက်နဲ့နော် ´´
``ငါတကယ်ပြောတာ ဒါကြောင့်ငါသဘောကျနေတာ ´´
``ဟင် ……နင်က မကြောက်ပဲ သေဘာကျနေတယ် ဟုတ်လား ဘာဖြစ်လို့လဲ´´
``ဘာဖြစ်ရမှာလဲ ငါတို့ဒီအိမ်ကြီးဆီ ရောက်လာတဲ့ရည်ရွယ်ချက်က
သရဲ တစ္ဆေ ဆိုတာကို သေချာ တွေ့ဖူးချင်တယ် ပြီးတော့ ဟုတ်မဟုတ်ဆိုတာ သိချင် တယ် ဒါကြောင့်လာခဲ့တာလေ အခု ငါကတော့ နည်းနည်း မြင်လိုက်ရသလိုပဲ´´
မိန်းကလေးဖြစ်တဲ့ မျှားကလေးက ကြောက်စိတ် မရှိပြောနေခဲ့တယ်။
အားလုံးကလဲ သူမစကားကို ယုံရခတ်
``ကဲပါ…စားကြ နန်းကြီးသုတ်တွေပါလား တန်ခိုးအကြိုက်ပဲ ဟင်…ဒါနဲ့သူမနိုးသေးဘူးလားထီးကလေး ´´
``ညက ညဥ့်နက်တယ်နဲ့တူတယ်ဟ အိပ်ပါစေ တို့ပဲ အရင်စားကြတာပေါ့´´
တန်ခိုး အိပ်ယာ မထသေးတာကြောင့် ကျွန်တော်တို့ ၅ယောက် မနက်စာ အရင်
စားနှင့်နေခဲ့တယ်။
``ကဲ……စာလို့သောက်လို့တော့ ပြီးကြပြီ တို့ ခြံထဲမှာ ခဏ ထိုင်ပြီး ဒီနေ့အတွက် အစီစဉ်လေး စွဲလိုက်ကြရအောင်´´
``အေးအေး မျှားကလေး ငါတော့ တန်ခိုးကို သွားနိုးလိုက်ဦးမယ် ´´
မျှားကလေးတို့ကတော့ ခြံထဲကို ဆင်းသွားခဲ့ပြီ ။ ကျွန်တော် ထီးလေးကတော့ တန်ခိုးကို နိုးဖို့် အိပ်အပေါ်သို့ တတ်သွားခဲ့တယ် ။ အခန်းရှေ့ရောက်တော့ ထီးလေး အခန်းတံခါးကို ခေါက်လိုက်တယ်။
အထဲမှ
``ဘယ်သူလဲ …´´
မပီဝိုးတဝါး တန်ခိုးရဲ့အသံကိုကြားတော့
``ငါပါကွ…´´
``ထီးလေး ဝင်ခဲ့လေကွာ´´
ကျွန်တော် အခန်းတံခါးဖွင့်ခါ ဝင်လာခဲ့ပြီ။
``ဟေ့ယောင် ထတော့လေကွာ ငါတို့တောင် မနက်စာ စားပြီးပြီး မင်းညကအိပ်တာ နောက်ကျလို့ မနှိုးတာ ထတော့ တို့တွေ ဒီနေ့ဘာအစီစဉ် လုပ်မလဲ အောက်မှာတိုင်ပင်ကြရအောင်´´
``အေးအေး ထပြီ ထပြီ´´
``ထထ မင်းကြိုက်တဲ့ နန်းကြီးသုတ် အောက်မှာ အုပ်ထားတယ် စားပြီးခြံထဲကို ဆင်းလာခဲ့´´
``အေးအေး ငါမျက်နှာ သစ်လိုက်ဦးမယ်´´
``ဒါဆို ငါတို့ခြံထဲမှာပဲ ရှိမယ်သိလား မင်းစားသောက်ပြီးတာနဲ့ ခြံထဲကို ဆင်းလာခဲ့နော် ´´
တန်ခိုးကို နိုးပြီး ကျွန်တော် ငါးလေးတို့ရှိတဲ့ ခြံထဲကို ဆင်းသွားခဲ့တယ် ။တန်ခိုးတစ်ယောက်ကတော့ မျက်နှာသစ် ချေလက် သန့်စင်ပြီး အောက်ထပ် မနက်စာ စားနေကြ စားပွဲဝိုင်းကို ဦးတည်လာနေခဲ့ပြီ။ စာပွဲဝိုင်းအနားသို့အရောက်…
``ဟင် …ဒီကောင်တွေကွာ နောက်စရာမရှိ ကြံဖန်ပြီးနောက်တယ် ကြည့်ပါဦး ပြောတော့ ငါကြိုက်တဲ့နန်းကြီးသုပ်တဲ့ အခုစားပီးသား ပန်းကန်တွေတောင် သိမ်းမသွားဘူး တကယ့်ကောင်တွေပဲ´´
တန်ခိုးတွေ့လိုက်ရတဲ့မြင်ကွင်းကတော့ စားပွဲအပေါ်မှာ စာပြီးသားပန်းကန်တွေကိုသာ သူတွေ့လိုက်ရတယ် ။ ပြေပြောဆိုဆို ဘေစင်မှာ ပန်းကန်တွေ ဆေးနေရင်း
``ငါ…ညက အကြောင်း ထီးကလေးကို ပြောပြမှ ဖြစ်မယ် သူတို့ကရော ဘာမှ မသိကြဘူးလား အခုဆို ငါတို့ဒီအိမ်ကြီးရောက်လာတာ ၃ရက်မြောက်ပြီ ထူးခြားတာဆိုလို့ ညက အဖြစ်ပျက်ကတော့ တော်တော်လေးထူးဆန်းနေပြီ ……တစ်ခုတော့ရှိတယ် ငါကသောက်တတ်တဲ့သူဆိုတော့ သူတို့ငါ့စကားကိုယုံပါ့မလား……မတတ်နိုငိဘးး ယုံချင်ယုံ မယုံချင်နေ ပြောထားဖို့ကတော့ ငါ့တာဝန်ပဲလေ´´
စ်တ်က ရည်ရွက်ခါ ပန်းကန်းတွေ ဆေးနေလျက် ပန်းကန်အားလုံးဆေးကြောပြီး ထီးကလေးတို့ရှိနေသည့် ခြံထဲသို့ ထွက်လာခဲ့တော့သည်။
``ဟော့ …လာပါပြီ ကိုတန်ခိုးကြီး´´
``တန်ခိုး အသုပ်ကောင်းရဲ့လား ´´
တန်ခိုးက မဲ့ပြုံးပြုံးကာ
``ကောင်းပါ့ တော်တော်လေးကောင်းတယ်´´
``ကောင်းမှပေါ့ အစ်ကို တန်ခိုးရ သူဇာ့လက်ရာလေ ´´
``အော် လက်စသတ်တော့ ညည်းလုပ်တာကို …ငါက လမ်းကလေး လုပ်တယ်ထင်လို့´´
``ဘယ်ကသာ သူဇာ မနက်တည်းက နိုးပြီး အားလုံးစီစဉ်ထားတာ ´´
``လုပ်ထားဦးပေါ့လေ ငါအိပ်ယာထနောက်ကျလို့ ငါခံရတာပဲ´´
တန်ခိုးပြောသော စကားများနှင့် သူဇာ ပြောသော စကားတို့က အလွဲကြီး လွဲနေခဲ့သည်ကို ကျွန်တော်တို့ အားလုံး သတိမထားမိခဲ့ချေ။ တန်ခိုး ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ် ။ အသက်ကို ခပ်ပြင်းပြင်းရှုပြီး
``မင်းတို့အားလုံးကို ငါပြောစရာရှိတယ်´´
``အေးပြောလေ ဘာပြောမလို့လဲ ´´
``ဒီလိုကွ ငါညက အပေါ်ကနေ မအိပ်ချင်တာနဲ့ဝရမ်တာထွက်ပြီး ဟိုးက စံပယ်ပန်းရုံကြီးနားမှာ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်တယ် တော်တော်လေးကို ယဉ်တယ် မြန်မာဆန်ဆန် မိန်းကလေးတစ်ယောက်´´
တန်ခိုးရဲ့စကားကို ကျွန်တော်တို့ အားလုံး စိတ်ဝင်တစား နားထောင်နေခဲ့တယ်။
``ဒါတင်မကသေးဘူး ညက ငါဘီယာဘူး သွားယူတုန်းကလဲ ငါနောက်ကနေ တစ်ယောက်ယောက်လိုက်လာသလိုပဲ ဒါပေမယ့် ငါလှည့်မကြည့်ခဲ့ဘူး လမ်းကလေး ငါ့နောက်ကို လိုက်ပြီး စ နေတာထင်လို့ ငါဘီယာဘူး ထုတ်နေတုန်း တံခါးသောကို လက်နဲ့ဖျက်ရိုက်သွားတဲ့အသံမျိုးကြားရသေးတယ် အဲ့ထိလဲ ငါလမ်းကလေးပဲ ထင်နေခဲ့တာ မသင်ကာလို့ထွက်ကြည့်တော့ လမ်းကလေးက မင်းတို့နဲ့အတူရှိနေခဲ့တယ်´´
``ဟင် …´´
``ဟုတ်တယ် မင်းတို့ရော ဘာမှ မကြုံကြဘူးလား ´´
မျှားကလေးကလဲ မနက်က သူကြုံတွေ့ခဲ့သမျှ ပြန်ပြောလေတော့သည်။
``ဟာ…………ဒါဆို ထီးလေး တစ်ခုခုတော့ထူးနေပြီ…ငါတို့ဘာလုပ်ကြမလဲ …´´
ကျွန်တော်စဉ်းစားလိုက်ပြီး
``ငါတို့တွေ ဒီအိမ်ကြီးဆီ ရောက်လာတဲ့ရည်ရွယ်ချက်ကလဲ မျှားကလေးပြောခဲ့တဲ့အတိုင်းပဲ ဒါကြောင့်ငါတို့ ပြန်ဖို့နဲ့ဆက်ပြီး လေ့လာဖို့ နှစ်ခုပဲရှိတယ် ……ဒီတော့ ဘယ်လမ်းကို ရွေးမလဲ ´´
``ထီးလေး ငါကတော့ မပြန်ချင်သေဘူး ဆက်ပြီး သေချာအောင် လေ့လာချင်သေးတယ် ´´
``လမ်းလေးနဲ့ငါးလေးကရော …´´
``ငါတို့က နှစ်ကိုယ်တစ်စိတ် သူငယ်ချင်းတွေပဲ မင်းတို့လိုပဲပေါ့´´
``သူဇာကရော ……မမက နေချင်သေးတော့လဲ သူဇာက မမသဘောအတိုင်းပါပဲ´´
``တန်ခိုး …မင်းကရော …´´
``ငါက အစတည်းက ဒါတွေ သိပ်အယုံကြည်ရှိတာ မဟုတ်ဘူး ငါလဲ ဆက်ပြီး လေ့လာချင်သေးတယ် ´´
အားလုံးရဲ့ လေသံတွေက ထပ်တူဆိုတော့ ကျွန်တော်တို့အားလုံး ဆက်လေ့လာဖို့သာ စီစဉ်ကြတော့သည်။
``ဒီ ဖြစ်ရပ်တွေကို ငါတို့ဦးတင်အောင်ကို သွားပြောပြရင် မကောင်းဘူးလား ထီးလေး´´
``ကောင်းတာပေါ့ သူဒီမှာနေတာ ကြာပြီ ဒါတွေ သူသိလား သွားမေးရမယ် ´´
ကျွန်တော်တို့အားလုံး ဦးတင်အောင်ဆီ သွားမလို့လုပ်စဉ်မှာပဲ
``ဟေ့ ငါ့တူမရီးတွေ နိုးနေကြပလား´´
``ဟာ …ဦးလေး ´´
ဦးတင်အောင် ခြံထောင့်မှ ထွက်လာခဲ့တယ်။
``မင်းတို့စကားပြောနေတာ ဦးလေးတွေ့တယ် အနှောက်ယှက်ဖြစ်မှာ ဆိုးလို့ ဝင်မလာတာ အခုဘယ်သွားကြမလို့လဲ´´
``ဦးလေးဆီလာမလို့ပဲ´´
``ဟေး……´´
``ဟုတ်တယ် ဦးလေး ဒီမှာ ခဏလာထိုင်ပါဦး ကျွန်တော်တို့ ပြောစရာလေးတွေရှိလို့´´
``အေးအေး လာပါပြီကွယ် ´´
ကျွန်တော်တို့ခေါ်ရာသို့ ဦးလေးတင်အောင် ရောက်လာကာ လွတ်နေသော ခုံ၌ဝင်ထိုင်ပြီ
``ဘာပြောကြမလဲတုန်း ငါ့တူတို့ရဲ့´´
``ဒီလို ဦးလေး´´
မျှားကလေးက လူ၅ယောက်တည်းသွားခဲ့သည်ကို ၇ ယောက်ဟု ပြောကြောင်းနှင့်အတူ တန်ခိုး နဲ့သူဇာတို့ကလဲ သူတို့ အတွေ့ကြုံတွေကို ဦးတင်အောင်အား ပြောပြလိုက်တော့
``ဟင်…ဟုတ်လို့လား ငါ့တူတို့ရဲ့ …ဦးလေးဒီခြံကြီးထဲမှာ တစ်ယောက်တည်းနေလာတာ နှစ် ၂၀ နှစ်ကျော်ပြီ တစ်ခါမှ ဒီလိုမျိုးတွေ မကြုံပါဘူး´´
``ဦးလေးက အိမ်ထဲကိုမှ မရောက်ဖူးတာ သေချာဘယ်လိုလုပ်သိပါ့မလဲ´´
``ငါ့တူရီး မောင်တန်ခိုးပြောတဲ့ မိန်းကလေးဆိုတာလဲ ဦးလေးတစ်ခါမှ မမြင်ဖူးဘူး ပြီးတော့……´´
ဦးတင်အောင် ပြောလက်စ စကားရပ်တန့်သွားခဲ့စဉ်
``ပြီးတော့…ဘာဖြစ်လဲ ဦးလေးဆက်ပြောပါ ´´
``အင်းး………ပြီးတော့ ဒီအိမ်ကြီးမှာ သေခဲ့တဲ့သူတွေကလဲမနည်းဘူး …´´
``ဟင်´´
``ဗျာ ´´
``ရှင်´´
``ဟုတ်တယ် ငါတူတို့ ဒါပေမယ့် ဒီလိုတွေ သေကြတာ လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ဝန်းကျင်တုန်းကပါ …ဒါကို အစွဲပြုပြီး ဒီအနီးနားတစ်ဝိုက်က လူတွေက ဒီအိမ်ကြီးကို သရဲခြောက်တယ်လို့ ပြောကြတယ်လေ …ဦးလေးနေလာတာ နှစ်မနည်းတော့ဘူး ဒါပေမယ့် မောင်ရင်လေးတို့ ပြောသလိုမျိုးတော့ ဦးလေး တကယ်မကြုံဘူးတာ အမှန်ပဲ´´
``ဦးလေး …ဒီအိမ်ကြီးမှာ လူတွေ သေတာ မနည်းဘူးဆိုတော့ ဘယ်လိုတွေ သေကုန်ကြတာလဲ´´
ဦးတင်အောင် အန်ကိုကြိတ်လိုက်တယ် ။တစ်ခုခုကို နာကျည်းမုန်းတီးနေသော အမူယာနှင့်…
``ရက်စက်ယုတ်မာ လိုက်ကြတာ သိပ်ကိုလဲ အကြင်နာတရား ကင်းမဲ့တယ် လူမဆန်ကြဘူး …´´
မာန်ပါပါဖြင့် ဦးတင်အောင် မည်သူ့ကို ရည်ညွှန်းပြီးပြောမှန်း မသိ ပြောနေခဲ့တယ်။
``ဘယ်သူတွေက ရက်စက် ယုတ်မာကြတာလဲ ဦးလေး´´
ဦးတင်အောင် စကားကို ငါးကလေး ဖြတ်မေးလိုက်စဉ်မှာပဲ
``အားးး´´
``ထီးလေး လုပ်ပါဦး ငါ့ လက်ကို တစ်ယောက်ယောက်က ဆွဲညစ်ထားသလိုပဲ လုပ်ကြပါဦး´´
ရုတ်တရက် တန်ခိုးထအော်လိုက်တယ်။
``တန်ခိုး…တန်ခိုး……ဘာဖြစ်တာလဲ´´
``လုပ်ပါဦး ငါ့လက် အရမ်းကိုက်တာပဲ ဦးလေး လုပ်ပါဦး ကျွန်တော့လက်အရမ်းကိုက်နေပြီ´´
``လာလာ အိမ်ထဲက ငန်းဆေးပြန်လိမ်းလိုက် လာကြ …လာကြ´´
ဦးတင်အောင်နဲ့အတူ ကျွန်တော်တို့ အိမိကြီးထဲ ပြန်ဝင်လာချေပြီ။ ဧည့်ခန်းမှာ ဦးတင်အောင် တန်ခိုးနဲ့ကျွန်တောတို့ကို ထိုင်ခိုင်းလိုက်တယ်
``သမီးလေး ဟိုထောင့်က ငန်းဆေး ပုလင်း မည်းမည်းလေး သွားယူခဲ့ပေး´´
သူဇာ့ကို ဦးတင်အောင်စေခိုင်းလိုက်တယ် ။ဦးတင်အောင်ကတော့ တန်ခိုးလက်ကို ကိုင်ထားပြီး ပြာယာခတ်နေလျက် ကျွန်တော်တို့လဲ ဘာလုပ်ရမှန်းမသိတာကြောင့် ဦးတင်အောင် ဦးဆောင်သမျှ အနောက်မှာသာ ကြည့်နေရတော့သည်။
``ဒါလား …ဦးလေး…´´ဧည့်ခန်းထောင့်မှ နေ၍ သူဇာက ပုလင်းအမည်းလေးကိုင်ကာ ဦးတင်အောင်ကို လှမ်းပြလိုက်တယ်။
``အေးအေး ဟုတ်တယ် သမီး …မြန်မြန်လာ´´
ကမန်းကတန်းဖြင့် သူဇာ လာလိုက်စဉ်
``အမလေး…အား…´´
သူဇာ ချော်လဲသွားပါတော့သည်။
``ဟာ ……သူဇာ ´´
မျှားကလေး သူဇာ့ဆီသို့ အပြေးသွားလိုက်ပြီး
``သူဇာ ညီမလေး ဘာဖြစ်သွားသေးလဲ ´´
``သူဇာ …ဘာမှ မဖြစ်ဘူး မမ ပုလင်းတော့ ကွဲသွားပြီး´´
ဦးတင်အောင် ယူခိုင်းလိုက်တဲ့ ဆေးပုလင်းကတော့ သူဇာ ချောလဲတာကြောင့် ကွဲသွားချေပြီ။
``ဟာ……တူမရီး …ဆေးပုလင်းကွဲသွားပြီ…´´
သူဇာ လဲကျရာ နေရာသို ဦးတင်အောင်သွားပြီး သူဇာ့ကို ဆွဲထူခဲ့တယ်။ ကွဲသွားသော ပုလင်းထဲမှ ဆေးကျန်လေးနဲ့တန်ခိုးလက်ကို လိမ်းပေးပြီး ကြမ်းပြင်ပေါ်မှ မှောက်သွားတဲ့ဆေးတွေကိုတော့ နှမျောတသ ကြည့်နေလျက်
``ဟာ…ထီးလေး ငါ့လက် ဘာမှ မဖြစ်တော့ပြန်ဘူး…ထူးဆန်းလိုက်တာ´´
``ဟုတ်တယ် ငါ့တူ…ဒီဆေးကို မယ်မယ်ကြီးတို့မိသားစုက နတ်ဆေးလို့တောင် ခေါ်တာ အခုတော့ ပုလင်းလဲ ကွဲသွားပြီး´´
သူဇာက
``မမ သမီးအပြစ်ပါ သမီး အသုံးမကျလို့ ဆေးပုလင်းကွဲရတာ…´´
ဝမ်းနည်းသော လေသံနှင့်အတူ သူဇာက ပြောနေလျက်
``သူဇာ မမှားပါဘူး ဒါက အလောတကြီးမို့ အခုလို ဖြစ်ကုန်တာပါ ´´
``ဟုတ်ပါတယ် သူဇာရယ် ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့…´´
``ဟူတ်ပါတယ် ငါ့တူမရီးရယ် သမီးလေး မမှားပါဘူး´´
အားလုံးရဲ့နားလည်ဖြေသိမ့်မှု့ကြောင့်သူဇာကိုလဲ မည်သူမှ အပြစ်မတင်တော့ချေ။ ``ကဲ…မောင်တန်ခိုး ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး မင်းလက်က အကင်းမသေးတာ မဟုတ်ပါဘူး ဆေးကသာ နှစ်တွေကြာလို့ အာနိသင်လျော့နေတာ နေမှာ ဒါကြောင့် တစ်ခါတစ်ခါ ပြန်ပြန်ကိုက်တာ နောက်မဖြစ်တော့ပါဘူး´´
``ဟုတ်ကဲ့ ဦးလေး တင်အောင် ကျေးဇူးတင်မိပါတယ်´´
``ကဲ… ဒါဆို ဦးလေးကို ခွင့်ပြုဦး´´
ကျွန်တော်တို့ကို နှုတ်ဆတ်ပြီး ဦးတင်အောင် အိမ်ထဲမှ ထွက်သွားချေပြီ။
မျှားကလေးက ခုံမှာ ထိုင်လိုက်ပြီး
``ငါ ဦးတင်အောင်ကို မသင်ကာဘူး ထီးကလေး ´´
``ဘာဖြစ်လို့လဲဟ´´
``နင်တို့ သတိထားမိလား ငါတို့ ဦးတင်အောင်ဆီ သွားမလို့လုပ်တိုင်း သူ ငါတို့ဆီကို ရောက်ရောက်လာတယ် ´´
``ပြီးတော့ အိမိကြီးအကြောင်းမေးတိုင်း တန်ခိုးလက်က ကိုက်လာတယ် …အိမိကြီးအကြောင်းကို ငါတို့နားထောင်ခွင့်ကို မရဘူး ´´
``ဟုတ်တယ်ဟ ငါလဲ နင်ပြောမှ သတိထားမိတယ်´´
မျှားကလေးရဲ့စကားကို လမ်းကလေးက ထောက်ခံလိုက်တယ်
``တိုက်ဆိုင်တာနေမှာပါ မျှားလေးရာ ဦးတင်အောင်က ရိုးသားမှု့ရှိပါတယ် ´´
``အိုးးးးး………ဘာပဲဖြစ်ဖြစ် ငါ ဦးတင်အောင်ကို မသင်ကာဘူး ဦးတင်အောင် နေတဲ့နေရာကို ငါသွားကြည့်မယ် ´´
ပြောပြီး လှည့်ထွက်မလို့အလုပ် ကျွန်တော်လှမ်းတားလိုက်ချေပြီ။
``နေဦး… မျှားလေး ငါတို့လဲ လိုက်မယ် ´`
မျှားကလေးနဲ့အတူ ကျွန်တော်တို့အားလုံး ဦးတင်အောင်နေထိုင်ရာ အိမ်ထောင့်ဘက်သို့ဦးတည်လာခဲ့တယ်။ထိုအချိန် ဘူးစင်အောက်မှာ မြေသြဇာ ထည့်နေတဲ့ ဦးတင်အောင်ကို တွေ့လိုက်ရတယ်
``ငါ့တူတို့ ဘယ်သွားကြမလို့လဲ´´
မျှားကလေးက လေသံမာမာဖြင့်
``ဦးလေး အိမ်ကိုလာကြည့်တာ´´
``အော်…ငါ့တူမကြီးက ဦးလေးကို မယုံဘူးပဲ ဟိုမှာတွေ့လား ခြံထောင့်က ဆေးအဖြူသုတ်ထားတဲ့တဲလေးက ဦးလေးနေတာပဲ …ကဲလာ အိမ်ထဲထိ လိုက်ပြမယ်´´
ဦးတင်အောင် ခေါ်ရာသို့ ကျွန်တော်တို့အားလုံးလိုက်ပါလာခဲ့ပြီ။ ဦးတင်အောင် တဲလေးထဲ ရောက်တော့
``ကဲ…ဒါဦးလေးနေတဲ့အိမ်ပဲ ဧည့်ခံစရာဆိုလို့ အကြမ်းရည်ပဲရှိတယ် ငါ့တူတို့ရေ ´´
ဦးတင်အောင် တဲလေးထဲရောက်တော့ ကျွန်တော်တို့တွေ လိုက်ကြည့်နေမိတယ်
တန်ခိုးက ခေါင်းရင်းနံရံမှာ ချိတ်ထားတဲ့မိသားစု သုံးယောက်ဓာတ်ပုံကိုတွေ့တော့ ဦးတင်အောင်ကို
``ဒါဘယ်သူတွေလဲ ဦးလေး´´
ဦးတင်အောင် လှမ်းကြည့်လိုက်ပြီး
ဝမ်းနည်း တမ်းတသွားသော နှလုံးသားစကားလေးတစ်ခွန်း ထွက်ပေါ်လာခဲ့တယ်။
``အဲ့ဒါ …ကမ္ဘာပေါ်မှာ ဦးလေးကို အပျော်ရွှင်ရဆုံး နေ့ရက်လေးတွေကို ဖန်တီးပေးသွားတဲ့ ဦးဇနီးနဲ့ဦးချစ်သမီးလေးပေါ့…´´
``ဦးလေးက မိသားစုရှိခဲ့တာလား´´
``သိပ်ရှိခဲ့တာပေါ့ ငါ့တူရယ် ´´
``ဒါဆို သူတို့ကရော ´´
``သူတို့ ဦးလေးကို ခွဲခွာသွားခဲ့တာ ၂၅နှစ်ထောင် ရှိပြီ။´´
ဦးတင်အောင်နဲ့ထပ်တူ ကျွန်တော်တို့လဲ ဝမ်းနည်းလိုက်ရပြီ။
``စိတ်မကောင်းစရာပဲ ဦးလေးရေ သမီး ဦးလေးကို အထင်မှားခဲ့တာအတွက် သမီးကို ခွင့်လွတ်ပါ ´´
``သမီးလေး မမှားပါဘူး ဦးလေးနားလည်ပါတယ် ဦးလေးက သမီးတို့ကို စောင့်ရှောက်ပေးရမယ်လေ သမီးလေးတို့က ဒီအိမိကြီးဆီလာလည်တဲ့အိမ်ပိုင်ရှင်တွေပဲ …ဦးလေးမှာ တာဝန်ရှိပါတယ် ´´
``ဟုတ် …ဦးလေးတင် ကျွန်တော်တို့လဲ စိတ်မကောင်းဖြစ်မိပါတယ် ´´
``ဦးလေးမိသားစု အကြောင်းလေး နောက် ကြုံရင်ပြောပြပေးပါလား´´
စိတ်မကောင်းစရာ အကြောင်းမို့ ဦးလေးတင်အောင်ကို ကျွန်တော်တို့ အတင်းမမေးတော့ပါ။
``ကဲ မျှားလေးနင်လဲ ကျေနပ်တော့ ´´
``အေးပါဟယ် ´´
``ဒါဆို တို့ဦးလေးကို စိတ်ရှုပ်အောင် မလုပ်တော့ပါဘူး လာပြန်နားလိုက်ကြရအောင် ´´
ကျွန်တော်တို့အားလုံး ဦးတင်အောင်ကို နှုတ်ဆတ်ခါ အိမ်ကြီးဆီသို့ ဦးတည်လျောက်လာနေစဉ် အိမ်ရှေ့ခြံတံခါးမှ လူတစ်ယောက် အိမ်ထဲက်ုကြည့်ပြီး
``ဗျို့……အိမ်ရှင်တို့´´
ကျွန်တော်တို့ အားလုံး သွက်သွက်လေး လျောက်သွားလိုက်တယ် ။
တံခါးဆီရောက်တော့ ……
``ဘယ်သူနဲ့တွေ့ချင်လို့လဲခင်ဗျ´´
``ခင်ဗျားတို့က အိမိရှင်တွေလား ´´
``ဆိုပါတော့…´´
``ဒါဆို အတော်ပဲ ကျုပ်ကိုတစ်ရက် နှစ်ရက်လောက် ဒီမှာ တည်းခွင့်ပြုပါလား´´
``ဟင် ဒါတော့ မဖြစ်ဘူးထင်တယ် ´´
``လုပ်ပါဗျာ ကူညီပါ ´´
ကျွန်တော်တို့အားလုံး တစ်ယောက် မျက်မှာ တစ်ယောက် ကြည့်မိလိုက်ပြီး တန်ခိုးက
``ဒါနဲ့…အစ်ကိုက ဘယ်ကလဲ…´´
``ကျုပ်က နယ်ဘက်ကပါ ကျုပ်ဆရာနဲ့ ပယောဂါလိုက်ကုရင်း ဆရာနဲ့လမ်းကွဲပြီး ဒီအိမ်ဘက်ရောက်လာလို့´´
ထိုသူပြောနေပုံက ရိုးသားစွာ
တန်ခိုးက ကျွန်တော့မျက်နှာ လှမ်းကြည့်ပြီ
``ထီးလေး ငါ တံခါးဖွင့်ပေးလိုက်မယ်နော်´´
ကျွန်တော်လဲ တန်ခိုးစကားကို မငြင်းပယ်တော့ပဲ ခေါင်းငြိမ့်ပြလိုက်လေတော့သည်။
``ကဲဗျာ…လာ ခြံထဲမှာ ထိုင်ပြီး အေးဆေးပြောကြတာပေါ့…
ဆက်ပြောပါဦး ခင်ဗျား အကြောင်းခိုင်ခိုင်မာမာ သိရရင် ကျွန်တော်သူငယ်ချင်းတွေနဲ့အတူ ခင်ဗျားကို ဒီမှာ တည်းဖို့စဉ်းစားပေးမယ် ´´
ထိုသူက ရိုးသားစွာ
``ဟာဗျာ ကျုပ်က လူကောင်းပါဗျ ကျုပ်ဆရာနဲ့နယ်တကာလှည့်ပြီး ဆေးလိုက်ကုနေတာ ဆရာက ကျွန်တော့ကို ခရီးသွားရင်း မအိပ်ရဘူးပြောထားတာ နှစ်ခါရှိပြီ ဒီတစ်ခါ သူံးခါဖြစ်သွားတော့ ဆရာက ကျွန်တော့ကို အပြစ်ပေးတဲ့အနေနဲ့မျက်စိမှောက်သွားအောင် အခုလို ထားခဲ့တာပဲ ကျုပ်ပြောတာ အမှန်တွေပါ´
``ဒါနဲ့ ခင်ဗျား နာမည်က …´´
``အောင်ကိုလို့ခေါ်တယ်ဗျ……ကျွန်တော်က ဝါးခယ်မ နယ်ဘက်ကဗျ တစ်ကောင်ကြွက် ကျုပ်ဆရာဆီမှာ တပည့်ခံပြီး ဆရာနဲ့အတူပဲလိုက်နေတာ ´´
အောင့်ကို ပုံစံအကဲခတ်ကြည့်ရသလောက်ကတော့ ပွင့်ပွင့်လင်းလင်းနဲ့ရိုးသားမှု့ရှိမယ့်ဟန်
``ကဲ …ဒါဆို ကောင်းပြီ ကျွန်တော်တို့လဲ အဖော်ရတာပေါ့ ခင်ဗျားကို တည်ခွင်ပြုလိုက်မယ် အော် …မိတ်ဆတ်ပေးရဦးမယ် ´´
ကိုအောင်ကို နဲ့ကျွန်တော် အားလုံးကို မိတ်ဆတ်ပေးလိုက်တယ်။
``ကဲ လမ်းလေး တို့အရှေ့က အခန်းမှာ နေရာ ချထားပေးလိုက်ပါဦး´´
လမ်းကလေးက ကိုအောင်ကိုအား နေရောပေးဖို့ အပေါ်တတ်သွားချေပြီ။
``ထီးလေး…နင်နဲ့တန်ခိုးပြောနေလို့ ငါဘာမှ ဝင်မပြောတာ သူကို လက်ခံလိုက်လို့ဖြစ်ပါ့မလား´´
ကျွန်တော်ထီးကလေးကတော့ ရဲဝင့်ပျက်သားစွာ
°`ငါ တာဝန်ယူတယ် မျှားလေး သူကြောင့် နင်တို့အားလုံး စိတ်အနှောက်ယှက် မဖြစ်စေရပါဘူး´´
``နင် တာဝန်ယူမှတော့ တို့အားလုံး ပြောစရာ မရှိတော့ပါဘူး´´
``ဒါပေမယ် အခုရောက်လာတဲ့ အောင်ကို ကိုတော့ ငါမယုံသေးဘူး စောင့်ကြည့်ရဦးမယ် ´´
``ကဲပါ …မျှားလေးရာ ငါတို့အားလုံးရှိပါတယ်ဟ စိတ်ချ တန်ခိုးနဲ့ထီးလေးနဲ့တာဝန်ယူသလို ငါ ငါးကလေးကလဲ ထပ်ပြီး သူနဲ့ပတ်ငတ်သမျှ တာဝန်ယူတယ်´´
``စကားကောင်းနေလိုက်ကြတာ ဧည့်သည်လဲ ရောက်နေတယ်ဆိုတော့ တို့အားလုံး ထမင်းလက်စုံလေး စားလိုက်ကြရအောင်………´´။
သူဇာပြောလိုက်မှပဲ နေ့လည်စာ စားဖို့အချိန်ကို သတိရလိုက်မိတော့သည်။
****************************
အပိုင်း(၈)တွင်ဆက်လက် ဖတ်ရှု့ပေးပါ
Post Top Ad
Responsive Ads Here
အပိုင်း(၇)နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Share This
Tags
# ၀၁.နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Share This
About Unknown
၀၁.နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Labels:
၀၁.နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment