အပိုင်း(၅) တစ္ဆေကိုက်တဲ့ အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၅) တစ္ဆေကိုက်တဲ့ အိမ်ကြီး

Share This
          တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                  တစ္ဆေကိုက်တဲ့ အိမ်ကြီး
                       ( ခြံအမှတ် ၆၆ )
                           အပိုင်း ( ၅ )
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                ***



သို့နှင့် ဝိဥာဉ်အောင်ကြီး ပြောပြခဲ့သော လမ်းနာမည်များအား ကျွန်ုပ်သေချာမှတ်သားစေပြီး အပြုံးများဖြင့် ကိုအောင်ကြီးအား နှုတ်ဆတ်ကာ ခြံအပြင်သို့ ထွက်လာခဲ့တော့သည်။

ပြုံးရွှင်စွာဖြင့် ခြံအပြင်သို့ တစ်လှမ်းခြင်းထွက်ခွာသွားသော ကျွန်ုပ်အား ကိုအောင်ကြီးတစ်ယောက် ခြံအတွင်းမှနေ၍ စိုက်ကြည့်နေခဲ့ပြီး ယုံကြည်မှု့အပြည့်ရှိသော ပုံစံဖြင့် လက်မထောင်ပြချေသည်။ ဆိုင်ကယ်အပေါ်သို့ ခွထိုင်လိုက်ပြီး သွားမပေါ်သော အပြုံးဖြင့် ကိုအောင်ကြီးအား ကျွန်ုပ်ပြန်လည်၍ ပြုံးပြနှုတ်ဆတ်ကာ ကိုအောင်ကြီးပြောပြခဲ့သော လမ်းနာမည်အား မေ့မသွားစေရန် သေချာစွာမှတ်သားစေခဲ့ပြီး သူငယ်ချင်းဖြစ်သူများ ရှိနေသည့် ဒေါ်တုတ်ထမင်းဆိုင်လေးဆီသို့ ကျွန်ုပ်ပြန်လည်ရောက်ရှိလာခဲ့ချေသည်။
' ဟာ ထီးလေး … ဘယ်လိုလဲ အဆင်ပြေရဲ့လား '
' အဆင်ပြေတယ် … ဘောပင်နဲ့ စာရွက်တစ်ရွက် ငါ့ကိုအမြန်ပေး '
  ကျွန်ုပ်အားမြင်တွေ့လိုက်သည်နှင့် ဝမ်းသာအားရ မေးမြန်းနေသော သူငဟ်ချင်းများအား စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းတောင်းယူခဲ့ပြီး ကိုအောင်ကြီးပြောပြခဲ့သည့် လမ်းအမည်များအား ထိုစာရွက်အပေါ်တွင် ချရေးစေခဲ့သည်။ စာရွက်ပေါ်တွင် လမ်းအမည်များ ကျွန်ုပ်ရေးသားနေသည်ကို သူငယ်ချင်းဖြစ်သူများဟာ နားမလည်နိုင် ကြောင်တောင်တောင်ဖြစ် ကြည့်နေခဲ့ကြပြီး
' အဲ့ဒါ ဘာတွေလဲ '
' လမ်းနာမည်တွေပဲ …  '
  ထို့နောက် ကျွန်ုပ်ထွက်ခွာသည့်အချိန်မှစတင်၍ အိမ်ကြီးဆီမှ ကြုံတွေ့ခဲ့သည်များအား အကြောင်းစုံရှင်းပြချေခဲ့သည်။ ပရလောကနှင့် အဆက်သွယ်အမြဲရရှိနေသော ကျွန်ုပ်၏ အကြောင်းအား သူငယ်ချင်းဖြစ်သူများဟာ သိရှိထားပြီးဖြစ်သောကြောင့် ယခုအခါ ကျွန်ုပ်၏ပြောစကားများအား အပြည့်အဝယုံကြည် လက်ခံခဲ့ချေသည်။
' ဒါဆို … အဲ့ဒီအိမ်ကြီးမှာရှိနေတဲ့ မိန်းကလေးကို တစ်ယောက်ယောက် ထိန်းချုပ်ထားတာတော့ သေချာနေပြီ … ပြီးတော့ ကိုအောင်ကြီးပြောတဲ့ တစ္ဆေကိုက်နေတဲ့ ဝိဥာဉ်ဆိုတာ ဘာကိုဆိုလိုတာလဲ မသိဘူး '
' အဲ့ဒါတွေ အားလုံးကို ကိုအောင်ကြီးလမ်းညွန်ပေးလိုက်တဲ့ သူ့သူငယ်ချင်း စာရေးဆရာဆီကိုရောက်ရင် အကြောင်းစုံသိရလိမ့်မယ်တဲ့ … '
' ဒါနဲ့ အခုမင်းရေးနေတဲ့ စာတွေကရော ဘာစာတွေလဲ'
' ဒါက လမ်းနာမည်တွေ … စာရေးဆရာရဲ့ အမေက သူတို့ပြောင်းမယ့် နေရာကို ငိုသံကြီးနဲ့ပြောသွားခဲ့တာဆိုတော့ ပီပီသသပြောနိုင်ခဲ့မှာ မဟုတ်ဘူး … အဲ့ဒီတော့ ကြားလိုက်သူရဲ့ နားထဲမှာ တစ်မျိုးကြားသွားနိုင်တယ် … ဒါကြောင့် ကိုအောင်ကြီးဆီကနေ စတုမဟာရစ်လမ်းနဲ့ အနီးစပ်ဆုံး လမ်းနာမည်တွေကို ငါမှတ်လာခဲ့တာပဲ '
' ဟုတ်ပြီ … အခုမင်းရေးထားတဲ့ လမ်းနာမည်တွေက ရှင်းရှင်းလင်းလင်း နာမည်တွေချည်းပဲ … စတုမဟာရစ်ဆိုတဲ့ နာမည်နဲ့တော့ တစ်ခြားစီပဲလေ'
' ကျန်စစ်သားလမ်း … မင်းရဲကျော်စွာလမ်း … စံထူးမောင်လမ်း … အနော်ရထာလမ်း … ရာဇာသရာဇ်လမ်း … မြို့မလမ်း … မြင်းခြံလမ်း … ဆင်တစ်ခေါင်းလမ်း … ထူးမင်းလမ်း … အိမ်သာစည်လမ်း … ဒါလေးပဲလား '
' ဟုတ်တဟ် … အဲ့ဒီရပ်ကွက်မှာရှိတဲ့ လမ်းနာမည်အကုန်ပဲ'
' နည်းလှချည်လား '
' ဒါဆို စတုမဟာရစ်လမ်းနဲ့ နာမည်ချင်းစဉ်တူတဲ့ စာလုံးပေါင်းလမ်းကိုတောင် မတွေ့ဘူး … လမ်းကလေး မင်းစဉ်းစားကြည့်ပါဦး '
' အင်း … စတုမဟာရစ်လမ်း …  ငိုသံကြီးနဲ့ ပြောသွားတာဆိုတော့ အင်း … စတုမဟာရစ်လမ်း ဆင်တမဟာလမ်း မဟုတ်သေးဘူး … ထီးလေးရေးထားတဲ့ လမ်းနာမည်တွေကို ငါမကြည့်တော့ပဲ ငိုသံအမျိုးမျိုးနဲ့ မင်းတို့အားလုံးကို ငါအသံထွက်ပြမယ် … ငါထွက်လိုက်တဲ့ ငိုသံအထွက်နဲ့ အဲ့ဒီမှာမှတ်ထားတဲ့ နာမည်နဲ့တူတာရှိရင် သေချာပြီး အဲ့ဒီလမ်းပဲ '
' ဟုတ်ပြီလမ်းလေ … စတော့'
' စတုမဟာရစ်လမ်း …  စထမာလမ်း … ဆင်မဟာလမ်း … အင်း … မဟုတ်သေးဘူး ငိုတဲ့သူက တစ်ချက်ရှုက်လိုက်ရင် … ဗိုက်သားတွေကဖောင်းလာမယ် … အဲ့ဒီအချိန်မှာ ပြောလိုက်တဲ့ စကားသံမှာ လျှာလိပ်သံတွေပါသွားနိုင်တယ် … ဟုတ်ပြီ … ငါလျှာလိပ်ပြီးပြောကြည့်မယ် … ခပ်စင်စင်လမ်းနာမည်ပါသွားရင်ပြော… ကဲစပြီ စလုမင်းဟာလမ်း … စထူးဟာလမ်း '
' ဟာ … နေဦး နေဦး အခုနပြောလိုက်တာ စထူးဟာလမ်း တွေ့ပြီးကွ … ဒီမှာဒီမှာ ထီးလေးမှတ်ထားတဲ့ အထဲမှာ စံထူးမောင်လမ်းဆိုတာပါတယ် '
' ဟင် ပြစမ်း … ဟာဟုတ်တယ် … ဒါဆို စံထူးမောင်လမ်းပဲဖြစ်ရမယ်… လမ်းလေး မင်းတော်တယ်ကွာ '
' ဒီလိုပဲဖြစ်ရမှာပေါ့ … မင်းတို့အရှေ့က လမ်းခင်းပေးမယ့် မင်းတို့သူငယ်ချင်း လမ်းကလေးပဲ ဒီလောက်တော့ရှိရမှာပေါ့ '
' သိပ်ဟုတ်တာပေါ့ကွာ သိပ်ဟုတ်တာပေါ့ … စံထူးမောင်လမ်းနဲ့ စတုမဟာရစ်လမ်းနဲ့များ မှားပြီးကြားရတယ်လို့ကွာ … '
' ကဲ ငါတို့အတွက် ပထမလမ်းစရပြီ … ဘယ်အချိန်ရှိပြီလဲ '
' ၃ နာရီခွဲတော့မယ် … မင်းရေးထားတဲ့ လမ်းနာမည်တွေက ငါတို့သွားခဲ့တဲ့ မြို့နယ်ထဲမှာပါပဲလား '
' ဟူတ်တယ် … ငါတို့ရောက်ခဲ့တဲ့ ရပ်ကွက်ထဲမှာရှိနေတဲ့ လမ်းနာမည်တွေ …  '
' ဟုတ်ပြီ … ဒါဆိုအချိန်မလင့်ခင် အဲ့ဒီမြို့နယ်ကို ငါတို့သွားကြမယ် … '
' အဲ့ဒီကို ငါတို့ဆိုင်ကယ်အမြန်နှုန်းနဲ့ နှစ်နာရီလောက်မောင်းရမယ် … အခု၃နာရီခွဲဆိုတော့ ၅နာရီခွဲလောက်ဆို အဲ့ဒီက်ုရောက်မယ် … အများဆုံး၆နာရီလောက်မှ စာရေးဆရာကို ရှာတွေ့နိုင်မယ်'
' ဟုတ်တယ် … ဒါဆိုအချိန်မရှိ အခုချက်ချင်းသွားကြမယ် '
' ကဲ … ဒေါ်တုတ်ရေ ကျေးဇူးပဲဗျ …  ဒီမှာထမင်းဖိုးထားခဲ့ပြီ'
' ဟင် … နင်တို့ ညနေစာပါ တစ်ခါတည်းစားကြမယ်ထင်နေတာ အခုသွားကြတော့မလို့လား '
' ဒါနဲ့နေပါဦး … နင်တို့ကို ဒီရပ်ကွက်ထဲမှာ ငါတစ်ခါမှ မတွေ့ဖူးဘူး …  ဘယ်မှာနေကြတာတုန်း '
' အော် …  ကျုပ်တို့က တစ္ဆေကိုက်တဲ့ အိမ်ကြီးရဲ့ အိမ်ပိုင်ရှင်တွေပါ '
' ဟင် ! …  '
' ကဲ ခွင့်ပြုဦးဒေါ်တုတ်ရေ '

ဒေါ်တုတ်ပြောသည့်  ခြံအမှတ် ၆၆အား တစ္ဆေကိုက်တဲ့ အိမ်ကြီးဟု ခေါင်းစဉ်တပ်ခါ သူမ၏ အမေးအား ပြန်လည်ဖြေကြားလိုက်သည်နှင့် ကျွန်ုပ်တို့အား အံ့သြကြီးစွာ စိုက်ကြည့်နေခဲ့သည်။ သို့နှင့် ဒေါ်တုတ်အား လက်ပြနှုတ်ဆတ်ခါ နေမဝင်ခင်အချိန်၌ (… … ) မြို့နယ်သို့ အရောက်သွားရန် ဆိုင်ကယ်ပေါ်သို့ ကိုယ်ဆီတတ်ရောက်စေပြီး ထိုရပ်ကွက်အတွင်းမှ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ထွက်ခွာလာခဲ့ချေတော့သည်။

                                    ***

' ဟော … ကိုဆွေမြင့် ဘယ်ကလှည့်တာတုန်း … လာထိုင် '
' ခင်ဗျားဆီကိုပဲ လာခဲ့တာဗျို့ … '
' ထူးထူးဆန်းဆန်းပါလားဗျ … ဘာကိစ္စများရှိလို့တုန်း '
' ကိစ္စတော့မရှိပါဘူးဗျာ … ခင်ဗျားကို သတိရတာနဲ့ အလည်လာခဲ့တာပဲ …'
' အေးဗျာ … ကျွန်တော်လဲ သားလေး အလုပ်ကိစ္စတွေနဲ့ ရှုတ်နေတာ … အခုတလော ဘယ်မှ မရောက်ဖြစ်ဘူး '
' ရပါတယ်ဗျာ … ရွှေမင်းသားလေးရဲ့ အဖေဆိုတော့ အလုပ်ရှုတ်နေမှာပေါ့ သြော်ဒါနဲ့ … ခင်ဗျား အမျိုးသမီးရော နေကောင်းရဲ့လား '
' ထုံးစံအတိုင်းပဲပေါ့ဗျာ … အိပ်ယာထဲလဲနေတာပဲ '
' ရောက်တုန်းရောက်ခိုက် ညနေစာ စားပြီးပြီးမှပြန် ဟုတ်ပြီလား '
' စိတ်ချဗျို့ စားပြီးမှပြန်မှာ … သြော် ဒါနဲ့ … ခင်ဗျားတို့မိသားစုတွေ ဟိုးတုန်းကနေတဲ့ အိမ်ကြီးမှာ တစ္ဆေအရမ်းခြောက်တာပဲလို့ ပြောနေကြတယ် … ကျုပ်အထင် ဟိုကောင်မပဲဖြစ်ရမယ် '
' ရှုး … တိုးတိုးပြောပါဗျ … ကိုဆွေမြင့်ဘာသတင်းကြားထားလို့လဲ '
' ဒီလိုဗျ … ဟိုတလောက လူငယ်တစ်စု ကျုပ်အိမ်ထဲကို ဖောက်ထွင်းဖို့ အတင်းဝင်လာတယ်လို့ ကျုပ်တပည့်အကြောင်းကြားတာနဲ့ ကျုပ်လဲ ရဲစခန်းကို ချက်ချင်းအကြောင်းကြားပြီး သူတို့တွေကို အချိန်မှီဖမ်းလိုက်နိုင်တယ် … သို့ပေမယ့် သူတို့အားလုံးက တကယ့်ဖောက်ထွင်းရေးသမားတွေ မဟုတ်ကြဘူးဗျ … ခြံနံပါတ်မှားပြီး ရောက်လာကြတာ … '
' အဲ့ဒါနဲ့ ဟိုခြံကြီးနဲ့များ ဘယ်လိုပတ်သတ်နေလို့လဲ '
' ပတ်သတ်တာပေါ့ဗျ …  ကျုပ်ခြံမှတ်က ၉၉ သူတို့သွားမှာက ၆၆ ၊ ၉၉ နဲ့ ၆၆ မှားပြီး ကျုပ်ခြံထဲရောက်လာကြတာ … '
' ဟားဟား … အဲ့ဒီတော့ဘာဖြစ်လဲ …ခြံအမှတ်၆၆ရောက်တော့ သူတို့အားလုံးကို အဲ့ဒီခြံကြီးထဲက တစ္ဆေက ခြောက်လွတ်လိုက်ရောလား '
' မဟုတ်သေးဘူး … အဲ့ဒီ လူငယ်တွေကို ခင်ဗျားက ဘဟ်သူတွေ ထင်လို့လဲ '
' မသိဘူးလေ … '
' လျော့မတွက်နဲ့ ဦးဇော်မျိုးရေ … ဟိုတလောက စီးပွားရေးလုပ်ငန်းရှင် နေသူရှိန်လေးကို ကယ်တင်ပေးခဲ့တဲ့ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး သူတို့ပဲ '
' ဟင် …  အဲ့ဒီကောင်လေးတွေ ဟုတ် … ဟုတ်လား '
' အေး အဲ့ဒါကြောင့်ပြောတာ … ဒီအတိုင်းပစ်မထားနဲ့ … ခင်ဗျားတို့နဲ့ ကျုပ်တို့ရဲ့ လုပ်ရက်က သေးသေးလေးမဟုတ်ဘူး … အားလုံး ကွီခနဲ့ဖြစ်သွားမယ် '
' ကျုပ်လဲ အဲ့ဒီငါးယောက်အကြောင်း ကြားဘူးနေတာ ကြာပြီး … ဘယ်လိုဖြစ်ပြီး ဒီကောင်တွေ အဲ့ဒီခြံကြီးကိုရောက်သွားရတာလဲ … '
' ကျုပ်သိရသလောက်တော့ … ရဲစခန်းမှာ သူတို့ပြောတာ နေသူရှိန်က သူတို့အတွက် လက်ဆောင်ပေးခဲ့တာလို့ သိရတာပဲ … '
' သြော် … ဒီလိုလား … ဟိုကောင်မလေးကို အပျက်ရှင်းပြီးကတည်းက သူရဲ့လည်ချောင်းသွေးကို ကျုပ်ကိုးကွယ်တဲ့ အောက်လမ်းဆရာကြီးဆီပေးပြီး ထိန်းချူပ်ခိုင်းထားတယ် … ပြီးတော့ ကျုပ်တို့ရဲ့ အာဏာစက်ကိုလဲ ဒီသရဲမ ကျော်နိုင်မှာမဟုတ်ပါဘူးဗျာ '
' အဲ့ဒီသရဲကိုတော့ ကျုပ်တို့ထိန်းချုပ်နိုင်ပေမယ့် ဟိုအရူးကိုလဲ သတိထားနေဖို့လိုမယ်နော် … ဒါပေမယ့် အရူးအတွက်ကတော့ ကျုပ်တာဝန်ထား … ကျန်တဲ့အပိုင်းကို ဦးဇော်မျိုးခင်ဗျားဆက်ပြီး တာဝန်ယူ … အခုခင်ဗျားသားလေးရဲ့ အခြေနေကလဲ အရမ်းအောင်မြင်နေပြီ … ကျုပ်လဲ ခင်ဗျားနဲ့ထပ်တူ ပီတိဖြစ်မိပါတယ် … '
' အေးဗျာ … သြော် … ဟိုရဲအုပ်မောင်ဝင်းဆိုတဲ့ သူက ဥပဒေနဲ့ပတ်သတ်ရင် တော်တော်လေး အခွင့်ရေးထားတယ်လို့ ကျုပ်သိရတယ် … ပြီးတော့ အဲ့ဒီရဲနဲ့ ဟိုကောင်ငါးကောင်နဲ့က သိပ်ရင်းနှီးကြတယ်ဆို '
' ဟုတ်တယ်ဗျ … ခြံမှားဝင်တဲ့ ကိစ္စနဲ့ပတ်ပြီး အဲ့ဒီမောင်ဝင်းဆိုတဲ့သူက ကိုယ်တိုင်လာရှင်းပေးသွားတာပဲ ပြီးတော့ စခန်းမှူးအချင်းချင်းတောင် မောင်ဝင်းကိုရှိန်ကြတယ်ဗျ … အဲ့ဒါကြောင့် အစစသတိထားဖို့လိုမယ် '
' ကျေးဇူးပါပဲဗျာ … ကျုပ်တို့ကို တော်ရုံတန်ရုံ အကြောင်းပြချက်နဲ့ ပြသနာလာမရှာနိုင်လောက်ပါဘူး … '
' ဟုတ်တယ် … ဒါပေမယ့် အမှိုက်ကစ ပြဿမီးလောင်ဆိုသလို ဖြစ်မှာဆိုးလို့ ကျုပ်အကြောင်းလာကြားထားတာ '
' ကျေးဇူးတင်ပါတယ်ကိုဆွေမြင့်ရာ … ကျေးဇူးတင်ပါတယ်'
' ရပါတယ်ဗျာ … ကျုပ်တို့တွေက မိတ်ဆွေတွေပဲ မလိုပါ ခင်ဗျားသားလေးရော … '
' ဒီနေ့ အိမ်မှာပဲရှိနေတယ် ရိုက်ကွင်းမသွားဘူး … သြော် … သား … လာပါဦး ဒီမှာ မင်းဦးလေးရောက်နေတယ် '
' ဟားဟား … ငါ့တူကြီးကတော့ လူချောပဲဟေ့ … ဦးဇော်မျိုး ခင်ဗျားသားလေးကို ကျုပ်ပြောထားတွေ ပြောပြလိုက်ဦး … ကြိုတင်ကာကွယ်ထားလို့ရတာပေါ့ '

တတ်သစ်စ နိုင်ငံကျော် ရုပ်ရှင်မင်းသားလေး၏ နေအိမ်ပင်ဖြစ်ချေသည်။ တစ်ချိန်တစ်ခါမှ မိမိတို့အား မကောင်းမှု့များ ကျူးလွန်ထားကြပြီး ယခုအချိန်၌ ရာဇဝဏ်ဘေးမှ ပြေးလွတ်စေရန် နည်းနည်းအမျိုးမျိုးဖြင့် နားစွင့်နေကြပြီး ခြံအမှတ် ၆၆ အိမ်ကြီးဆီသို့ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး ထိုသူများရောက်ရှိနေသည်အား မည်သည့်အတွက်ကြောင့် စိုးရိမ်နေကြသည်မသိ။ တိုးတိတ်စွာ တိုင်ပင်နေကြတော့သည်။

( … … ) မြို့နယ်ဆီသို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ နေ့လည်ခင်းမှ ရောက်ရှိဘူးထားသည်ကြောင့် ယခုတစ်ကြိမ်၌ လွယ်ကူချောမွေ့စွာဖြင့် ဆိုင်ကယ်အမြန်နှုန်းဖြင့် မောင်နှင်လာကြရင်း တစ်နာရီခွဲခန့်အကြာ၌ ထိုမြို့နယ်သို့ ရောက်ရှိလာခဲ့ချေတော့သည်။ ထို့နောက် စံထူးမောင်နာမည်ဖြင့် လမ်းအား ပါးစပ်ပါရွာရောက်ဟူသော စကားပုံအတိုင်း မေးမြန်းကြရာ ထိုလမ်းဆီသို့ လွဟ်ကူစွာ ရောက်ရှိလာကြလေတော့သည်။
i
ကျွန်ုပ်တို့အားလုံး၏ အထင်၌ လမ်းဟူသည်ကြောင့် တစ်လမ်းတည်းသာလျင် ရှိမည်ဟု ယူဆထားပြီး လွယ်ကူလိမ့်မည်ဟု ထင်ထားသောလဲ စံထူးမောင်ဟူသော လမ်း၌ လမ်းခွဲများစွာဖြင့် ရှုတ်ထွေနေလေခဲ့သည်။

' ဟင် … စံထူးမောင်လမ်းဆိုတာ ငါတို့ထင်သလို တစ်လမ်းတည်းမှမဟုတ်တာ … '
' လွယ်တော့လွယ်ပါတယ် … စံထူးမောင်လမ်းရောက်နေမှတော့ သိပ်ပြီးမခတ်တော့ပါဘူး '
' စာရေးဆရာနာမည်ကို မေးကြည့်ရင် ဒီပတ်ဝန်းကျင်မှာ သိနိုင်မလားမသ်ဘူး '
 မောင်းနှင်လာသည့် ဆိုင်ကယ်များအား ထိုးရပ်စက်သက်လိုက်ပြီး စံထူးမောင်ဟူသော လမ်းဆုံ၌ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ တိုငိပင်မိကြသည်။ ထို့နောက် ကိုအောင်ကြီးပြောသည့် စာရေးဆရာနာမည်အား ထိုပတ်ဝန်းကျင်တွင် မေးမြန်းမည်ဟု တွေးထားခဲ့ပြီး လမ်းသွားလမ်းလာများအား အကဲခတ်လိုက်ကြည့်နေမိသည်။ သို့နှင့် တစ်ဦးတည်လျောက်လှမ်းလာသော သူတစ်ယောက်အား တွေ့ရှိလိုက်သည်နှင့် ကျွနိုပ်တစ်ယောက် ခပ်သွက်သွက်ချေလှမ်းများဖြင့် ထိုသူအနားသို့ လှမ်းသွားလိုက်ပြီး

' အစ်ကို … အစ်ကို ကျွန်တော်တစ်ခုလောက် မေးချင်လို့ '
' ဟင် … မေးလေ '
' ဟိုလေ … ဒီစံထူးမောင်ဆိုတဲ့ လမ်းမှာ စာရေးဆရာ ထီးကလေးဆိုတာများ ကြားဘူးလားမသိဘူး '
' ဘယ်လို စာရေးဆရာထီးကလေး … အင်း … ကျုပ်လဲ တစ်ချိန်တစ်ခါတုန်းက အဲ့ဒီစာရေးဆရာရေးတဲ့ တစ္ဆေဇာတ်လမ်းတွေကို သိပ်ကြိုက်ခဲ့တဲ့ သူတစ်ယောက်ပဲဗျ … အခုနောက်ပိုင်း သူ့ဇာတ်လမ်းတွေလဲ မထွက်တော့ဘူး သူ့သတင်းလဲ ဘာမှမကြားရတော့ဘူး … ဒီလမ်းမှာရှိတယ်လို့ ခင်ဗျားတို့သတင်းကြားထားလို့လား '
' ဟုတ်တယ်ဗျ … ဒီစံထူးမောင်လမ်းမှာ နေတယ်လို့ သတင်းကြားထားလို့ '
' ဒါဆိုခင်ဗျားတို့ကြားထားတဲ့ သတင်းကမှားနေပြီ … ကျုပ်က ဒီရပ်ကွက်မှာ ငယ်မွေးခြံပေါက်နေလာတာ အပ်ကျတာကအစသိတယ် ဒီလမ်းမှာတော့ စာရေးဆရာထီးကလေး မရှိဘူး '
' ဗျာ … ဒါဆို ဒီပတ်ဝန်းကိုပဲ အသစ်ပြောင်းလာတဲ့ မိသားစုတွေရှိကြလား'
' ဟာဗျာ … ဒီရပ်ကွက်မှာက အိမ်ငှားတွေနဲ့ အဆောင်နေတဲ့ သူတွေအများကြီးဗျ … နေ့တိုင်းလိုလို အပြောင်းအရွှေ့တွေရှိကြတယ် … ခင်ဗျားမေးသလိုဆို ရှိတယ်လို့ပဲဖြေရတော့မှာပဲ …'
' ဟာ … သွားပါပြီဗျာ … နည်းနည်းစဉ်းစားပေးပါလားအစ်ကို … မိသားစု သုံးယောက်တည်းလေ …  သားမိသားဖ သုံးယောက်တည်း လွန်ခဲ့တဲ့ တစ်နှစ်အတွင်းလောက်တုန်းက ပြောင်းလာတဲ့ မိသားစုကိုများ သိမလားမသိဘူး '
' ဒုက္ခပါပဲဗျာ … မသိဘူးဗျ ကျုပ်ကိုခွင့်ပြုဦး '
' ဟို … ဟိုနေပါဦးဗျာ …  နောက်ဆုံးတစ်ခုလောက်တော့ ဖြေပေးသွားပါဦး '
' ဟာဗျာ … ကဲမေး … '
' ဟိုလေ …  ရူးကြောင်ကြောင်ဖြစ်နေတဲ့ လူငယ်တစ်ယောက် ဟိုဗျာ …  မိသားစုသုံးယောက်တည်းမှာ သားလုပ်တဲ့သူက ကြောင်တောင်တောင်ဖြစ်နေတာမျိုးပေါ့ အဲ့ဒီလိုမိသားစုမျိုးဆိုရင်ရော သိမလား မသိဘူး '
' ရူးကြောင်ကြောင်ဖြစ်နေတဲ့ လူတစ်ယောက် …အင်း … ညနေတိုင်းတော့ ဟိုးဘက်ဒေါင့်ဆုံး အိမ်မှာ ခပ်အေးအေးကောင်လေးတစ်ယောက် ထိုင်ထိုင်နေတာတွေ့တာပဲ … သူ့ကြည့်ရတာ စိတ်မနံ့ဘူးနဲ့ထင်တယ် … အဲ့ဒီအိမ်ကို သွားကြည့်ချင်သွားကြည့်လိုက် ခင်ဗျားမေးတဲ့ သူဟုတ်မဟုတ်တော့ ကျုပ်မပြောတတ်ဘူး '
' ဗျာ … ဟိုးဘက်ဒေါင့်ဆုံးအိမ်နော် … ဟုတ် … ဟုတ်ကဲ့ကျေးဇူးပဲ '

ထိုသူ့အား နည်းနည်းအမျိုးမျိုးဖြင့် ကျွန်ုပ်မေးမြန်းစေပြီး လမ်းဆုံ၌ ကျွန်ုပ်အားရပ်ကြည့်နေကြသော သူငယ်ချင်းဖြစ်သူများဆီသို့ ပြန်လည် အရောက်လှမ်းသွားခဲ့ပြီး၊ ထိုသူညွှန်ပေးခဲ့သည့် ဒေါင့်ဆုံးအိမ်သို့ ဦးတည်မည်ဖြစ်ကြောင်း ပြောဆိုကာ တတ်ကြွသောခြေလှမ်းများဖြင့် ဦးတည်လေတော့သည်။ မကြာမီအချိန်၌ပင် ထိုဒေါင့်ဆုံးအိမ်သို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ အရောက်လှမ်းလာနိုင်ခဲ့ပြီး အိမ်အရှေ့မှ လှမ်းကြည့်လိုက်ရုံနှင့် သေသပ်စွာတည်ဆောက်ထားသော ပျင်ထောင်အိမ်လေးတစ်လုံးဖြစ်ပြီး ညနေဆောင်းအချိန်၌ တိတ်ဆိတ်ငြိမ်သတ်စွာဖြင့် အထီးကျန်ဆန်သည့် ပုံရိပ်များနှင့် လွှမ်းမိုးနေခဲ့သည်။ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ အိမ်အရှေ့မှ အိမ်အတွင်းသို့ အကဲခတ်ကြည့်နေစဉ်အချိန်၌ပင် အိမ်အပေါ်မှ ငေးမှိုင်သော မျက်ဝန်းတစ်စုံနှင့် လူတစ်ယောက်ခြံအတွင်းသို့ ဆင်းရန် ရွယ်နေခဲ့သည်။ ထို့နောက် ခြံအရှေ့တွင် ကျွန်ုပ်တို့အား ထိုသူတွေ့ရှိသွားပြီး ထိတ်လန့်သွားသော အမူယာဖြင့် အိမ်အတွင်းသို့ ပြေးဝင်သွားခဲ့လေတော့သည်။

' ဒီအိမ်ပဲဖြစ်မယ် … ဗျို့ … အိမ်ရှင်တို့ '
' ဟင် … ဟိုတစ်ယောက်က ငါတို့ကိုမြင်မှ အိမ်ထဲပြန်ဝင်သွားရတယ်လို့ … သရဲတွေ့တာကြာနေတာပဲ '
' ဗျို့ … အိမ်ရှင်တို့ … '

ကျွန်ုပ်၏ အိမ်အရှေ့မှနေ၍ အသံပေါ်အော်ခေါ်နေသော အသံကြောင့်ပင် အိမ်အတွင်းမှ အသက်၅၀ အရွယ် ဦးလေးကြီးတစ်ယောက်ထွက်လာပြီး
' ဘယ်သူနဲ့တွေ့ချင်လို့လဲ မောင်ရင်တို့ … '
' ဟိုလေ … ဒါစာရေးဆရာထီးကလေးတို့ အိမ်လားဟင် '
' မဟုတ်ဘူး … '

ပိတ်ထားသည့် ခြံစည်းရိုးတံခါးမှ ကျွန်ုပ်၏အမေးအား ဘုစပ်စပ်လေသံဖြင့် ခေါင်းအားလျင်မြန်စွာ ခါရမ်းစေပြီး ထိုလူကြီး အိမ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
' ဦးလေး … ဦးလေး ခဏလေးပါဗျာ … ခဏလေးပါ '
' ဘာတုန်း … မောင်ရင်တို့က ဘယ်သူတွေလဲ ဘယ်ကလဲ ဘာလုပ်ဖို့ ထီးကလေးဆိုတာကို လာရှာရတာလဲ'
' ကျွန်တော်တို့က (      ) မြို့နယ်ကပါ … အရေးကြီးကိစ္စတစ်ခုနဲ့ စာရေးဆရာထီးကလေးကို လာရှာရတာပါ … '
' မောင်ရင်တို့ရှာတဲ့ စာရေးဆရာထီးကလေးဆိုတာ ဒီအိမ်မှာနေတယ်လို့ ဘယ်သူပြောလဲ မောင်ရင်တို့အိမ်မှားနေပြီ '
' ဗျာ … ဦးလေး … လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်တုန်းက ဦးလေးတို့မိသားစု(        ) လမ်းမှာနေခဲ့တာမဟုတ်လား … ဒီစံထူးမောင်လမ်းဆိုတာကို ဦးလေးတို့ပြောင်းလာတာ တစ်နှစ်မပြည့်သေးပါဘူး … ကျွန်တော်တို့ကိုယုံပါ ကျွန်တော်တို့က စာရေးဆရာထီးကလေးရဲ့ အခက်ခဲတွေက်ု ကူညီချင်လို့ ရောက်လာကြတဲ့ သူတွေပါ '
ပိတ်ထားသည့် ခြံတံခါးကိုပင် ကျွန်ုပ်တို့အား ဖွင့်ဟပေးခြင်းမရှိ။ ခြံအတွင်းမှနေ၍ 'ဘူး'တစ်လုံကိုသာ ထိုလူကြီးဆောင်ထားခဲ့သည်။ ထို့နောက် ကျွန်ုပ်၏ပြောစကားများအဆုံး၌ ထိုလူကြီးတွေဝေသွားခဲ့ပြီး။

' မောင်ရင်တို့က လူကောင်းတွေပါနော် … သားလေးကို ဒုက္ခပေးမယ့် သူတွေမဟုတ်လောက်ပါဘူးနော် '
' ဟာဗျာ … ဦးလေးရာ ကျွန်တော်တို့က လူကောင်းတွေပါ ဒါဆို ဦးလေးသားက စာရေးဆရာထီးကလေးပေါ့နော် ဟုတ် … ဟုတ်လားဟင် '
' ဦးကိုမမေးခင် … ဦးသားလေးနဲ့ အရင်လိုက်တွေ့ပါ '
' ကျေးဇူးတင်ပါတယ် ဦးလေးရာ … ကျွန်တော်တို့က ဆရာထီးကလေးကို ဒုက္ခပေးမယ့်သူတွေမဟုတ်ပါဘူး '

အချိန်ကား မှောင်ရီစပျိုးအချိန်သို့ ရောက်ရှိနေလေခဲ့ပြီး ။ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများအား ခြံတံခါးဖွင့်ဟပေးကာ အိမ်အတွင်းသို့ ခေါ်ဆောင်စေခဲ့သည်။ အိမ်အပေါ်သို့ ရောက်လာသည်နှင့် အသက် ၄၅ နှစ်အရွယ် အဒေါ်ကြီးတစ်ယောက်မှ ကျွန်ုပ်တို့အား နေရာအသီးသီးပေးကာ ထိုင်ခိုင်းစေပြီး။
' မိန်းမ … သားလေးကို တွေ့ချင်လို့တဲ့ '
' ဘယ်သူတွေလဲ … သူ့သူငယ်ချင်းတွေလား '
' အဲ့ဒါတော့ ငါလဲမသိဘူး … သားလေးအခုဖြစ်နေတဲ့ ပြသနာတွေကို ဖြေရှင်းပေးမယ့်သူတွေလို့ ပြောတာပဲ '
' အဲ့ဒါတော့ ဟုတ်ပါပြီ သားလေးက တွေ့ပါမလား '
' အေးဟ … ငါသွားပြောကြည့်ပါဦး '
' သားလေး … အိမ်ရှေ့မှာ မင်းသူငယ်ချင်းတွေ ရောက်နေကြတယ် … ငါ့သားကို တွေ့ချင်လို့တဲ့ '

မျက်နှာပြင်တစ်ခုလုံး၌ အလွမ်းဓာတ်များ ဆိုးမိုးနေလေသလား။ နောက်ဖေး လေဟာပြင်လေး၌ တစ်ဦးတည်းထိုင်နေသော သားဖြစ်သူအား ဝမ်းနည်းသော လေသံဖြင့် ဖခင်ဖြစ်သူမှ စကားများပြောဆိုလိုက်ဲ့သည်။
' ဟင် … သားရဲ့ ဧည့်သည်တွေ ဟုတ်လား အဖေ '
' ဟုတ်တယ် သားရဲ့ … သားကိုတွေ့ချင်လို့တဲ့ '
' ဘယ်သူတွေပါလိမ့် … '
' အဖေလဲ မသိဘူး … ကောင်လေးတွေကြည့်ရတာ လူကောင်းလေးတွေ ဖြစ်မှာပါ '
' ဘာ … လူကောင်းတွေ … သားကြောက်တယ် သားကြောက်တယ် … လူကောင်းတွေကို သားကြောက်တယ် … မတွေ့ဘူး မတွေ့ဘူး '
' သားလေး … စိတ်ငြိမ်ငြိမ်ထားပါဦး … သား '
' အဖေ … သားကြောက်တယ် … '

လူကောင်းဟူသော ဂုဏ်ပုဒ်အား ကြားလိုက်ရသည်နှင့် စိတ်မနံ့သည့် သားဖြစ်သူမှာ ရုတ်တရက် စိတ်လှုပ်ရှားစေခဲ့ပြီး ကြောက်စရာကောင်းသည့် အရာကိုပင် ကြားနေရသည့်အလား ဖခင်ဖြစ်သူ၏ ရင်ဝယ်အတွင်းသို့ ကလေးတစ်ယောက်သဖွယ် ပြေးဝင်ပုန်းခိုလေတော့သည်။ ဖခင်ဖြစ်သူမှာ သားဖြစ်သူ၏ိံဦးခေါင်းအား ပွတ်သပ်နေခဲ့ပြီး ဝဲလျက်မျက်ရည်များ ဆီးကျနေလေခဲ့သည်။ ထို့နောက် သားဖြစ်သူ၏ စိတ်အား တည်ငြိမ်အောင် ဖော်ဆောင်ပေးခဲ့ပြီး လူငယ်ငါးဦး ရှိနေသည့် အိမ်ရှေ့ဆီသို့ ချော့မော့ခေါ်ဆောင်လာခဲ့လေသည်။

ဘာရယ်ကြောင့်မှန်းမသိ။ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများအား နေရာပေးထိုင်းခိုင်းစေပြီး အိမ်အရှေ့သို့ မည်သူတစ်ဦးတစ်ယောက်မှ ထွက်မလာပဲ အချိန်ကြာမြင့်စွာဖြင့် စောင့်ဆိုင်းနေခဲ့ရသည်။ ခဏအကြာ၌ ကျွန်ုပ်တို့အားလုံးဆီသို့ လူကြီးနှင့် လူရွယ်ကောင်လေးတစ်ယောက် ရောက်ရှိလာပြီး

' ဦးလေး … ဆရာထီးကလေးဆိုတာ '
သူငယ်ချင်းဖြစ်သူ တန်ခိုး၏ိံ အမေးအား ထိုလူကြီး နှုတ်မှပြန်လည်၍ အဖြေမပေး။ ခေါင်းလေးသာ အသာငြိမ့်ပြလိုက်သည်။ ထို့နောက် ထိုသူဟာ ကျွန်ုပ်နှင့် သူငယ်ချင်းများဆီသို့ ခွေးကျားလေးချီဆောင်လာပေးသော ဓာတ်ပုံထဲမှ လူနှင့် တစ်ယောက်တည်းပင် ဖြစ်နေချေခဲ့သည်။
' သား … သူတို့ကိုသိလား '
ဖခင်ဖြစ်သူ၏ အမေးစကားကြောင့်ပင် ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူများ၏ မျက်နှာအား တစ်ဦးချင်း သေချာစွာလိုက်ကြည့်စေခဲ့ပြီး။
' ဟာ … မင်း … မင်းတို့ပဲ '
' ဟင် … ဆရာက ကျုပ်တို့ကို သိနေတယ်ပေါ့ ဟုတ်လား '
' မသိပါဘူး … '
' ဟာဗျာ … ဆရာကလဲ နောက်တယ်နော် '
' မင်းတို့ကို ငါရင်းရင်းနှီးနှီးသိနေသလို ခံစားရတယ် … မင်းတို့က ဘယ်သူတွေလဲ '
' ကျုပ်တို့က ဆရာထီးကလေးရဲ့ ကြုံတွေ့နေရတဲ့ ပြသနာတွေက်ု ဖြေရှင်းပေးမယ် လူငယ်ငါးဦးပါ '
' ဟုတ်ပါတယ်ဆရာ … ဆရာထီးကလေး ရေးတဲ့ ဇာတ်လမ်းတွေကို ကျွန်တော်တို့က အားပေးတဲ့သူတွေပါ '
' ငါရေးတဲ့ ဇာတ်လမ်းတွေ ဟုတ်လား . '

ကျွန်ုပ်တို့၏ပြောစကားအဆုံး၌ပင် စာရေးဆရာမှာ အရှေ့စူးစူးသို့ မျှော်ငေးကြည့်သော မျက်ဝန်းတစ်စုံနှင့် သူ၏လက်နှစ်ဖတ်အား စူးစိုက်စွာကြည့်လိုက်ပြီး မျက်ဝန်းမှ မျက်ရည်များ စီးကျလာခဲ့လေသည်။
' ငါ့လက်တွေ ငါ့လက်တွေ ငါ့လက်တွေစာရေးလို့မရတော့ဘူး … ဟုတ်တယ် … သိပ်ရက်စက်တဲ့ သူတွေကွာ … ငါ့လက်တွေက ဇာတ်လေးတွေက်ု ရေးခဲ့တယ် ငါ့လက်တွေက ဇာတ်ကောင်တွေကို အသက်သွင်းခဲ့တယ် '
' အခုတော့ … အခုတော့ ငါ့ဘဝကြီးစုတ်ပျက်သပ်သွားပြီ '
' သားလေး … စိတ်ငြိမ်ငြိမ်ထားပါဦး '
' ဦးလေး … ဆရာ့လက်တွေက ဘာဖြစ်သွားရတာလဲ '
' ဦးလေးလဲ အကြောင်းစုံမသိပါဘူး လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်တုန်းက သားလေးလုပ်ကြံခံရပြီး ဆေးရုံမှာ တစ်လတိတိမေ့မျောနေခဲ့တယ် ပြန်ကောင်းလာတော့ သူ့လက်တွေ အကြောသေတဲ့ ရောဂါရလာတယ် … ပြီးတော့ မှတ်ဥာဏ်ကလဲ ပုံမှန်မဟုတ်တော့ဘူး '
' ဗျာ … ဘယ်လိုဖြစ်ရတာလဲဗျာ '

' ဦးလေးတို့လင်မယားနှစ်ယောက်လဲ ဘာမှကိုမသိခဲ့ရဘူး … သားလေးကိုမေးတော့လဲ ဘာမှအဖြေမပေးဘူး … အခုလိုနဲ့နေလာတာ တစ်နှစ်ကျော်နေခဲ့ပြီ … '
' ဆရာ … စိတ်ငြိမ်ငြိမ်ထားပါ … ဆရာ့လက်တွေ ပြန်ကောင်းလာအောင် ကျုပ်တို့ငါးယောက် ပြန်ကုပေးပါ့မယ် … ဇာတ်လမ်းတွေ ဆက်ရေးနိုင်အောင်လဲ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးမှာပါ '
' မင်းတို့က ဘယ်သူတွေလဲ …  ဘယ်သူပြောလို့ စာရေးဆရာထီးကလေးဆိုတာ ငါမှန်းသိနေရတာလဲ '
' ဆရာ … ခြံအမှတ် ၆၆ ကိုသိလားဟင် '
' ဘာ … ခြံအမှတ် ၆၆ ဟုတ်လား '
' ဟုတ်ပါတယ် … '
' မသိဘူး ငါမသိဘူး ငါမသိဘူး '
' သားလေး သားလေး '
' မောင်ရင်တို့ မင်းတို့ဘာတွေ လျောက်မေးနေကြတာလဲ…'
' ကျွန်တော်တို့တောင်းပန်ပါတယ် ဦးလေး… '
' သားလေးရဟ် စိတ်ငြိမ်ငြိမ်လေးထားပါဦး … '

ဘာရယ်ကြောင့်မှန်းမသိ။ ကျွန်ုပ်တို့၏ အမေးစကားများဟာ စာရေးဆရာ၏ နှလုံးအိမ်အား ဆွဲကိုင်နိုင်ခဲ့လေသလား။ ကျွန်ုပ်၏ အမေးစကားတိုင်း၌ စိတ်လှုပ်ရှားစေခဲ့ပြီး အသိစိတ်များ လွတ်သွားစေခဲ့သည်။
စာရေးဆရာ၏ စိတ်မှာ အမြဲတစေ လွတ်နေခြင်းမဟုတ် အတိတ်မှသူ၏ နာကျင်ခဲ့သော အရာများနှင့်တိုက်ဆိုင်သည့် အကြောင်းရာတွေ့မှသာလျင် စိတ်အား မထိန်းချုပ်နိုင်တော့ပဲ အသိစိတ်များ လွတ်သွာ့ခြင်းပင်ဖြစ်သည်။ ပုံမှန်စိတ်အနေအထားသို့ ပြန်လည်ရောက်ရှိလာခဲ့သည်နှင့် သူ၏နှုတ်မှ စကားသံတစ်ချို့ ထွက်ပေါ်လာခဲ့ချေသည်။

' ခြံအမှတ် ၆၆ … ခြံအမှတ် ၆၆ '
' ဟုတ်ပြီဆရာ … ခြံအမှတ် ၆၆ သိလားဆရာ '
' သိတယ် … သိပ်သိတာပေါ့ … ငါဒီမှာရှိနေတယ်ဆိုတာ မင်းတို့ဘယ်လိုသိခဲ့လဲ ပြီးတော့ ငါက စာရေးဆရာဆိုတာကို ဘယ်လိုသိလဲ '
' ကျုပ်တို့က ခြံအမှတ် ၆၆ရဲ့အိမ်ပိုင်ရှင်တွေပါ …  အဲ့ဒီခြံကြီးထဲမှာ မကျွတ်လွတ်နိုင်သေးတဲ့ သနားစရာကောင်းတဲ့ ပရလောကသားတွေ ရှိနေတယ်ဆရာ … အဲ့ဒါကြောင့် သူတို့ကျွတ်လွတ်ဖို့ ကျုပ်တို့ကြိုးစားရင်း တဆင့်ဆင့်မေးမြန်းရာကနေ ဆရာရှိနေတဲ့ နေရာကို ရောက်လာခဲ့တာပါ … အဲ့ဒီခြံကြီူအကြောင်း ဆရာအသိဆုံးလို့ ကျုပ်တို့သိခဲ့ရပါတယ် … ဒါကြောင့် ပြောပြပေးပါဆရာ '
' ကေ … ကေ '
ကျွန်ုပ်၏စကားအဆုံး၌ တစ်ဦးတစ်ယောက်၏ အမည်ဟုဆိုရမလား။ ကေဟုသော စကားသံ ထွက်ပေါ်လာခဲ့ချေသည်။ ထို့နောက် သက်ပြင်းတစ်ချက်အား ထိုသူ ခပ်ပြင်းပြင်းချလိုက်ပြီး
' မပြောဘူးကွာ … မပြောဘူး '
' ဆရာပြောပါဗျာ … ဆရာပြောပြမှ ကျုပ်တို့အကူညီပေးလို့ရမှာပါ … ဆရာ့သူငယ်ချင်း ကိုအောင်ကြီးဆိုတာကို ဆရာသိလား '
' အောင်ကြီး … အောင်ကြီး ဟင် … သိပ်သိတာပေါ့ သူဘယ်မှာလဲ သူဘယ်မှာလဲ '
' ကိုအောင်ကြီးသေသွားပြီး '
' ဘာ … အောင်ကြီးသေသွားပြီ ဟုတ်လား … ဟာကွာ '
' ဟုတ်တယ် ဆရာ … ကိုအောင်ကြီးတို့ရဲ့ ဝိဥာဉ်တွေမကျွတ်လွတ်နိုင်သေးဘူး အဲ့ဒီအိမ်ကြီးထဲမှာ ရှိနေသေးတယ် … ကိုအောင်ကြီးရဲ့ဝိဥာဉ်က ဒီအိမ်ကြီးအကြောင်း စာရေးဆရာထီးကလေးက အသိဆုံးလို့ပြောတယ် … သူလမ်းညွှန်ပေးတာနဲ့ ကျုပ်တို့အားလုံး ဆရာ့ဆီရောက်လာခဲ့တာပါ အဲ့ဒါကြောင့် ကျုပ်တို့ကို အိမ်ကြီးအကြောင်းပြောပြပေးပါ… ကျုပ်တို့ကိုမှ ဆရာမပြောရင် ဆရာဘယ်သူ့ကိုပြောမှာလဲ … ကျုပ်တို့ငါးယောက်က ဆရာကိုယ်တိုင်အသတ်သွင်းခဲ့တဲ့ ဆရာ့ဇာတ်လမ်းတွေအထဲက ဇာတ်လိုက်ငါးယောက်လေ '
' ဟင် … ဘာပြောတယ် … ငါအသတ်သွင်းခဲ့တဲ့ ဇာတ်လိုက်ငါးယောက် ဟုတ်လား '
' ဟုတ်တယ်ဆရာ … ကျုပ်ကထီးကလေးပဲ ဒီမှာ တန်ခိုး လမ်းကလေး မျှားကလေး ငါးကလေးဆိုတဲ့ ဆရာ့ရဲ့ထာဝရဇာတ်ကောင်တွေလေ  '
' ဟင် … ဝိဥာဉ်ဦးလေး … ငါ့ရဲ့ ထာဝရဇာတ်ကောင်ငါးကောင် ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး … ပြီးတော့ ငါ့ချစ်သူ ကေသဇင်စိုး … ဟုတ်တယ် … ဟုတ်တယ် '
' ဝိဥာဉ်ဦးလေးပြောခဲ့တယ် … ဝိဥာဉ်ဦးလေးက ငါရဲ့လက်ဦးဆရာတစ်ဆူပဲ … သူပြောခဲ့တဲ့ ဆုံးမစကားတွေ သူပေးခဲ့တဲ့ ဇာတ်လမ်းကုန်ကြမ်းတွေ … ငါ့ရဲ့ ဇာတ်ကောင်ငါးကောင် ဟုတ်ပြီ မင်းတို့ကို ငါပြောပြမယ် ငါပြောပြမယ် '
' ဟာဆရာ … ကျေးဇူးတင်လိုက်တာဗျာ … ကျေးဇူးတင်လိုက်တာ စာရေးဆရာထီးကလေးရဲ့ ဇာတ်လိုက်ငါးယောက်က ဆရာ့ကို အကူညီပြန်ပေးမှာပါ ကျုပ်တို့ဝမ်းသာလိုက်တာဗျာ '

လွန်စွာမှပင် ဝမ်းသာခဲ့ရပြီလေ။ အပြင်းအထန် ခြံအမှတ်၆၆နှင့်ပတ်သတ်ပြီး ငြင်းဆိုနေခဲ့သော စာရေးဆရာထီးကလေး၏ နှုတ်မှ သူ၏ဇာတ်ကောင်ငါးကောင်ဖြစ်သော ကျွန်ုပ်ထီးကလေးနှင့်အတူ လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးတို့အား တစ္ဆေကိုက်နေသည့်အိမ်ကြီး (တစ္ဆေကိုက်တဲ့ အိမ်ကြီး) အကြောင်း ပြောပြတော့မည်ဟု မာန်ပါပါဖြင့် ကြုံးဝါးပြောဆိုလိုက်တော့သည်။

                                        ***
            ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                            ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
                    စာရေးသူ - ထီးကလေး
               (ရင်နှင့် ရင်း၍ ရေးသားသည်။ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages