တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
တစ္ဆေကိုက်တဲ့ အိမ်ကြီး
( ခြံအမှတ် ၆၆ )
အပိုင်း ( ၄ )
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
***
ထိုသူပေးခဲ့သည့် လိပ်စာအတိုင်း ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ သွားရောက်မည်ဖြစ်သည်။ သို့နှင့် အိမ်ကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်လာစေပြီး အိမ်အလည်တိုင်မှ ချိတ်ဆွဲထားသော ဓာတ်ပုံကြီးအား ထပ်မံကြည့်မိလိုက်လေသည်။ ထိုတစ်ကြိမ်၌ ဖြစ်ပေါ်နေသော မိန်းကလေး၏ ပုံစံအား ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများတွေ့ရှိလိုက်ရပြီး အံ့သြကြီးစွာဖြင့်
' ဟာ … ဟင် … ကြည့် … ကြည့်ကြစမ်းပါဦး '
ကျွနိုပ်တို့ အားလုံး၏ နှုတ်မှ အာမေဋိတ် စကားအသံများ ကိုယ်ဆီထွက်ပေါ်လာခဲ့ကြတော့သည်။
' ဟင် … ဒီတစ်ခါ မျက်ရည်တွေဝဲနေပြီး အပြုံးလေးက ကျက်သရေရှိလိုက်တာ '
' စိတ်ချပါ မိန်းကလေး ခင်ဗျားရဲ့အကြောင်းကို ကျုပ်တို့အားလုံး သိရတာနဲ့ ခင်ဗျားကို ကျုပ်တို့ အစွမ်းကုန်ကူညီပေးမှာပါ '
' အငိုမျက်လုံး အပြုံးမျက်နှာဆိုတာ ဒီလိုမျက်နှာလေးကို ပြောတာပဲဖြစ်မယ် … မိန်းကလေး စိတ်ချပါ ကျုပ်တို့ အစွမ်းကုန်ကူညီပေးမှာပါ'
ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ မြင်တွေ့လိုက်ရသည်က မိန်းကလေး၏ ဓာတ်ပုံမှာ မျက်ရည်များဝဲနေခဲ့ပြီး အစွမ်းကုန်ပြုံးထားသည်ဟု ထင်မှတ်ရလောက်အောင် ကျက်သရေရှိလှသော အပြုံးလေးအား မိန်းကလေး၏ မျက်နှာပြင်ပေါ်၌ မြင်တွေ့လိုက်ရလေသည်။ သူမ၏ မျက်လုံးများဟာ အသက်ဝင်နေသည့်အလား အရှေ့စူးစူးသို့မျှော်ကြည့်နေခဲ့ပြီး ကျေနပ်ပီတိဖြစ်နေသည့် ပုံရိမ်များဟာ ကျွန်ုပ်တို့အား အကူညီတောင်းနေသည့်အလား မြင်တွေ့နေခဲ့ရသည်။
မိုးစင်စင်လင်းချေခဲ့ပြီ။ လိုအပ်မည်ထင်သည့် အသုံးဆောင်ပစ္စည်းလေးများအား ယူဆောင်နေခဲ့စဉ် ကျွန်ုပ်၏ိံနားအတွင်း၌ မိန်းကလေးတစ်ဦး၏ ရှိုက်ငိုနေသောသံအား ကြားလိုက်ရပြန်သည်။ ထိုအသံကြောင့် ကျွန်ုပ်တစ်ယောက် လုပ်လက်စအလုပ်လေးများ ရပ်တန့်သွားစေခဲ့ပြီး ။ ဘေးတွင်ရှိသော သူငဟ်ချင်းများအား ရုတ်တရက်လှည့်ကြည့်လိုက်မိသည်။ သို့ပေမယ့် သူငယ်ချင်းများဟာ ကျွန်ုပ်ကြားနေရသည့် အသံအား မကြားရလေသလား။ မိမိတို့၏ လိုအပ်သော အရာလေးများသာ ပြင်ဆင်နေလေခဲ့သည်။ အနားတွင်ရှိသော သူငယ်ချင်းများအား ကျွန်ုပ်
' တန်ခိုး … မျှားလေး … လမ်းလေး … ငါးလေး … ငါ့စိတ်ထဲမှာ တစ်ခုခုသိနေတယ် အိမ်အပေါ်ထပ်ကို ငါခဏတတ်ကြည့်ဦးမယ် … မင်းတို့အားလုံး ဒီမှာပဲစောင့်နေကြ '
' ဘာလုပ်မလို့လဲထီးလေး … ကိုအောင်ကြီးပြောတဲ့ မြို့နယ်က ရပ်ကွက်ကို ငါတို့လဲမသိဘူး … ရှာရဦးမှာနော် … နေမြင့်လို့မဖြစ်ဘူး … ဘာသွားလုပ်မလို့လဲ '
' အေးပါ ငါသိပါတယ် … ငါ့အနောက်ကို ဘယ်သူမှ လိုက်မလာကြနဲ့နော် '
' ထီးလေး … မင်းတစ်ခုခုသိလိုက်လို့လား '
' အေး … ကဲ … ငါ့အတွက်ဘာမှ မဆိုးရိမ်နဲ့ မင်းတို့အားလုံး ဒီမှာပဲ ခဏစောင့်နေကြ '
ကျွန်ုပ်အား စိတ်မချချေ။ သို့ပေမယ့် သူငယ်ချင်းလေးယောက် မကြားနိုင်သည့် ထိုရှိုက်သံအား ကျွန်ုပ်တစ်ယောက်တည်းသာလျင် ကြားနေရသောကြောင့် ကျွနိုပ်တစ်ဦးတည်းသာလျင် လိုအပ်မည်ဟု ထင်၍ သူငယ်ချင်းများအား အောက်ထပ်တွင် နေရစ်စေပြီး လျင်မြန်သော ခြေလှမ်းများဖြင့် အိမ်အပေါ်ထပ်သို့ ကျွန်ုပ်တတ်ရောက်လာလေခဲ့သည်။
မိုးလင်းခါစ၏ သာယာပုံလေးမှာ ထိုအိမ်ကြီးဆီသို့ ရောင်ပြန်ဟပ်နေလေသလား။ နေမင်းကြီး၏ အလင်းရောင်ဖြင့် တစ်အိမ်လုံးဟာ ဝင်းဝါနေလေခဲ့သည်။ အိမ်ကြီး၏ အပေါ်ထပ်ရောက်သည့်တိုင်အောင် ကြားနေရသည့် ထိုရှိုက်သံဟာ ပျောက်ကွယ်သွားခြင်းမရှိသေးချေ။ ထိုသို့ငိုရှိုက်နေသော အသံဟာ ကြောက်စရာကောင်းလှသည့် အသံမျိုးပင်မဟုတ်။ အလွမ်းအဆွေး သီချင်းသံစဉ်တစ်ပုဒ်ကိုသာ ညည်းထွားနေခဲ့ပြီး ရှိုက်ငင်စွာငိုကြွေးနေခဲ့ခြင်းဖြစ်သည်။ အပေါ်ထပ်သို့ ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးအား ကျွန်ုပ်လှည့်ပတ်ကြည့်လိုက်သည်။ ထူးခြားမှု့တစ်ခုမျှ မတွေ့ရပဲ ညည်းထွားသံကိုသာ ကြားနေခဲ့ရသည်။
(' သံစဉ်တေးကလေးတွေ ရင်ထဲရှိသမျှ ဖွင့်ဆိုမယ် … တစ်နယ်ဆီဝေး ကမ္ဘာကြီးခြားသလို တို့နှစ်ယောက်မှာ ')
' မင်းဘယ်မှာလဲ … '
ထိုတစ်ကြိမ် ကျွန်ုပ်ကြားလိုက်ရသည်က အသံပိပိသသဖြင့် သီးချင်းစာသားအား ငိုသံဖြင့် သီဆိုနေခဲ့ပြီး ထိုစာသား မဆုံခင်အချိန်၌ပင် မည်သူဖြစ်သည်အား ကျွန်ုပ်မေးလိုက်လေသည်။ ထိုအခါ ပိတ်ထားသည့် အိပ်ခန်းတံခါးပွင့်လစ်လာပြီး ကျွန်ုပ်အား နောက်ကျောပေးထားသည့် မိန်းကလေးတစ်ဦးအား တွေ့ရှိလိုက်ရသည်။
' မင်းဘယ်သူလဲ … ဒီအိမ်ကြီးမှာရှိနေတဲ့ တစ္ဆေဆိုတာလား'
ကျွန်ုပ်မေးလိုက်သည့် အမေးစကားအား သူမပြန်လည်၍ အဖြေမပေး ။ ရှိုက်ငင်စွာ ငိုကြွေးနေလေခဲ့သည်။ ထို့နောက်
' ကျွန်မက မတရားအသတ်ခံခဲ့ရတာပါ'
' ဘာ … မင်းက မတရားအသတ်ခံခဲ့ရတာ ဟုတ်လား '
' ဟုတ်ပါတယ် … '
' ဘယ်သူတွေက သတ်ခဲ့တာလဲ '
သူမဟာ မတရားအသတ်ခံရသည်ဟု ပြောဆိုခဲ့ပြီး မည်သို့ပင် အသက်ခံရသည်အား သူမ ပြန်လည်၍ မဖြေပေးတော့ချေ။ ထို့နောက် နှုတ်မှ
' ကျွန်မ မပြောပါရစေနဲ့ … လူကောင်းတွေကို ကျွန်မအရမ်းမုန်းတယ် ကျွန်မအကြောင်း ပြောလိုက်ရင် နှစ်ဘဝတိတိ ကျွန်မသေရလိမ့်မယ် … ရှင်တို့ကျွန်မကို ကူညီပေးပါ '
' ဟုတ်ပါပြီ … ဒါဆို သီချင်းသံတွေ ညည်းညည်းနေတာ မင်းလား … ပြီးတော့ ကူညီပေးဖို့ ငါတို့အားလုံး ဒီအိမ်ကြီးကို ရောက်လာခဲ့ကြတာပဲ … လူကောင်းတွေ မုန်းရတဲ့အကြောင်းနဲ့ မင်းဘဝအကြောင်း ငါ့ကိုပြောပြနိုင်မလား '
' ကျွန် … ကျွန်မ မပြောပါရစေနဲ့ ကူညီပေးပါ … ကျွန်မကိုကူညီပေးပါ … ကျွန်မကို ခေါ်နေပြီ ကျွန်မသွားရတော့မယ် … အား … '
သူမ၏ ဘဝအကြောင်းအား ပြောပြချင်ခဲ့သော်လည်း တစ်စုံတစ်ခုအား စိုးရိမ်နေခဲ့သည့်အလား တုန်လှုပ်နေသော အမူဖြင့် တစ်စုံတစ်ယောက်၏ိံ ချုပ်ကိုင်ခြင်းအား ခံထားရသည့် အခြေနေမျိုးပင် ဖြစ်ချေကာ ပူလောင်သော အရာတစ်ခုဖြင့် ထိမိလိုက်သည့်အလား အားဟု အသံထွက်ပေါ်ကာ ကျွန်ုပ်၏အရှေ့မှ ပျောက်ကွယ်သွားလေတော့သည်။
' မိန်းကလေး … မိန်းကလေး … '
သက်ပြင်းတစ်ချက်အား ကျွန်ုပ်ခပ်ပြင်းပြင်းချလိုက်မိသည်။ ဦးခေါင်းအား ငိုက်စိုက်ပြီး သူငယ်ချင်းများရှိနေသည့် အိမ်ကြီး၏ အောက်ထပ်ဆီသို့ ပြန်လည်ဆင်းလာချေသည်။
' ဘာဖြစ်လို့လဲထီးလေး … မျက်နှာလဲမကောင်းပါလား '
အောက်ထပ်လှေကားအရင်းမှ အပေါ်ထပ်ဆီသို့ မျော်ငေးကြည့်နေသော သူငယ်ချင်းများကမူ မျက်နှာမကောင်းစွာဖြင့် ပြန်လည်ဆင်းလာသော ကျွန်ုပ်အား မေးခွန်းများ ဝန်းမေးလေတော့သည်။ သို့ပေမယ့် သူတို့၏အမေးများအား ကျွနိုပ်ပြန်လည်၍ အဖြေမပေး ခေါင်းသာ အသာခါပြလိုက်သည်။
' မင်းကြည့်ရတာ တစ်ခုခုဖြစ်နေပါတယ် '
' ဖြစ်တော့ဖြစ်နေတယ်ကွ … ငါအခု ဓာတ်ပုံထဲက မိန်းကလေးနဲ့ အပေါ်ထပ်မှာတွေ့ခဲ့တယ် '
' ဟင် … ဓာတ်ပုံထဲက မိန်းကလေးနဲ့ အပေါ်ထပ်မှာ တွေ့ခဲ့တယ် ဟုတ်လား '
'အေး … သူ့ကိုအကူညီပေးပါလို့ ငါ့ကိုပြောတယ် … သူက မတရားအသတ်ခံခဲ့ရတာ သူ့အကြောင်းကိုမေးတော့ ပြောပြလိုက်ရင် သူနှစ်ဘဝသေရလိမ့်မယ်တဲ့ … ပြီးတော့ တစ်ဦးတစ်ယောက်က သူ့ကို ချုပ်ကိုင်ထားပုံလဲရတယ် '
' ဒါဆို မင်းနဲ့ စကားတွေပြောဖြစ်လိုက်တယ်ပေါ့ '
' အေးကွ … ငါ့ကိုက အဲ့ဒီပရလောကနဲ့ အကျိုးပေးတာပဲ '
' ကိုအောင်ကြီးပြောတဲ့ တစ္ဆေဆိုတာ မင်းအခုတွေ့ခဲ့တဲ့ မိန်းကလေးများလား '
' သေချာတော့ ပြောလို့မရသေးဘူး ငါမေးတာတွေကို သူတစ်ခုမှမဖြေဘူး … ကဲ … ငါတို့အခု ကိုအောင်ကြီးပေးတဲ့ လိပ်စာအတိုင်း စာရေးဆရာထီးကလေးဆီ သွားကြမယ် သူဆီရောက်မှ အကြောင်းစုံမေးကြည့်ကြတာပေါ့ … မင်းတို့ အားလုံးအဆင်သင့်ဖြစ်ပြီးလား '
' ဖြစ်ပြီ … အဆင့်သင့်ပဲ '
' ကဲ … လာသွားကြမယ် '
ကိုအောင်ကြီးပြောသော ထိုအိမ်ကြီးမှ တစ္ဆေဆိုသည်မှာ ကျွန်ုပ်အားအကူညီတောင်းသော မိန်းကလေးများပင်ဖြစ်နေမလား။ ထိုတစ္ဆေကိုက်နေသော အိမ်ကြီးအကြောင်းအား ကိုအောင်ကြီးထက် သေချာစွာသိရှိထားသည်ဆိုသော စာရေးဆရာထံသို့ ကျွန်ုပ်နှင့်သူငယ်ချင်းများ အကြောင်းဆုံးမေမြန်းရန် စတင်ထွက်ခွာလာခဲ့ချေတော့သည်။
ထိုစာရေးဆရာနေထိုင်သည့် မြို့နယ်ဟာ ကျွန်ုပ်တို့နှင့် သိပ်မဝေးလှ ဆိုင်ကယ်အမြန်နှုန်းဖြင့် ထိုမြို့နယ်အတွင်းသို့ ၂နာရီခန့်အကြာ မောင်းနှင်ခဲ့ရသည်။ ထို့နောက် ( ) ရပ်ကွက်အတွင်းသို့ ဝင်ရန် တစ်ဆင့်ဆင့်မေးမြန်းလာခဲ့ရင်း ကိုအောင်ကြီး ညွှန်းပေးလိုက်သည့် အိမ်လိပ်စာအတိုင်း ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ရောက်ရှိလာခဲ့လေသည်။
' ကိုအောင်ကြီးပြောတဲ့ လိပ်စာအတိုင်းဆို ဒီရပ်ကွက်ပဲကွ… '
' ရပ်ကွက်ကတော့ ဟုတ်ပါပြီ လမ်းကရော … သေချာရဲ့လား '
' ဟုတ်တယ် လမ်းကလဲ ဒီလမ်းပဲ '
' နေဦး … အရှေ့မှာ လူတစ်ယောက်လာနေတယ် … ငါမေးကြည့်လိုက်ဦးမယ် '
' ဟို ဟိုလေ… အစ်ကို ဒီရပ်ကွက်ထဲမှာလေ … စာရေးဆရာ ထီးကလေးဆိုတာများ ရှိလားမသိဘူး '
' ဟင် … စာရေးဆရာ ထီးကလေး … အင်း … နေဦးဗျ … စာရေးဆရာထီးကလေးတော့ မသိဘူး … ဟိုဘက် လေးခြံမြောက်မှာတော့ ကောင်လေးတစ်ယောက်ရှိတယ် … သူနာမည်က ထီးကလေးပဲ '
' သြော် … ဟုတ်ကဲ့ … ကျေးဇူးပဲဗျ … ကျုပ်တို့ကိုခွင့်ပြုဦး'
' ဟင် … နေ … နေကြဦးဗျ … အခုတော့ သူတို့မိသားစုတွေ ပြောင်းသွားကြပြီ … '
' ဟင် … ဗျာ … ခင်ဗျားပြောတဲ့ ထီးကလေးက အိမ်ပြောင်းသွားပြီဟုတ်လား '
' ဟုတ်တယ် … အရင်တုန်းက နေတယ် … အခုတော့ ပြောင်းသွားကြတာ … ၁နှစ်ကျော်လောက်ရှိပြီ '
' ဘယ်ကိုပြောင်းသွားတာလဲဆိုတာ အစ်ကိုသိလားဟင်'
' သူ့အဖေနဲ့ ကျုပ်နဲ့က ဂုဏ်းတော်တူ ပညာညီအစ်ကိုတွေဆိုတော့ ရင်းနှီးကြတယ် … သူတို့ပြောင်းမယ့်နေရာ ကျုပ်ကိုတော့ ပြောသွားတာပဲ … '
' ဟာ … လုပ် … လုပ်ပါဦးအစ်ကိုကြီး … ကျုပ်တို့သူ့ကို အရေးကြီးကိစ္စတစ်ခုနဲ့ တွေ့မှဖြစ်မှာမို့လို့ပါ '
' အဲ့ဒါမှ ဂွက်ကျတာပဲ … ကျုပ်လဲ သေချာမမှတ်မိဘူးဗျ … သူ့သားက ရူးကြောင်ကြောင်ဖြစ်နေတော့ သူ့မိဘတွေလဲ တစ်နေ့တစ်နေ့ စိတ်ဆင်းရဲ ကိုဟ်ဆင်းရဲဖြစ်ပြီး မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရတာ ကျုပ်ကို သူ့အမေ ငိုသံကြီးနဲ့ ပြောသွားတာတော့ … ဘာတဲ့ … စတုမဟာရစ်လမ်းဆိုလား … အဲ့ဒီလိုပြောသွားတာပဲ '
' ဟင် … စတုမဟာရစ်လမ်း … ဒါဆို ဒီရပ်ကွက်ထဲမှာ အဲ့ဒီနာမည်နဲ့ လမ်းရှိလားဟင် '
' ကျုပ်က ဒီရပ်ကွက်မှာ ငယ်မွေးခြံပေါက်ဗျ … သူတို့ပြောတဲ့ လမ်းနာမည်တော့ ကျုပ်တစ်ခါမှ မကြားဖူးဘူး '
' ဟင် … ဒါ … ဒါဆို ဘယ်နေရာမှာပါလိမ့် '
' ကဲ … ကျုပ်လဲ သွားစရာရှိသေးတယ် … ခွင့်ပြုကြဦး '
' ဟုတ် … ဟုတ်ကဲ့ … ကျေးဇူးပါပဲဗျာ '
ကျွန်ုပ်နှင့် လမ်းကလေးအပါဝင် မျှားကလေးနှင့်အတူ ငါးကလေး တန်ခိုး မျက်လုံးခြင်းဆုံမိချေပြီ ။ ကိုအောင်ကြီး လမ်းညွန်းပေးလိုက်သည့် လိပ်စာဟာ အမှန်ဖြစ်ပြီး အလာကောင်းပေမယ့် အခါနှောင်သွားခဲ့ပြီဟု ဆိုရမလား စာရေးဆရာ ထီးကလေးတစ်ယောက် အိမ်ပြောင်းသွားခဲ့ချေပြီ ။ သက်ပြင်းတစ်ချက်အား ကျွန်ုပ်တစ်ယောက် ခပ်ပြင်းပြင်းချလိုက်မိသည်။
' ဘာဆက်လုပ်ကြမလဲ … '
' အဲ့ဒီလူပြောတဲ့ စတုမဟာရစ်လမ်းကို ဘယ်မှာသွားရှာမလဲ … '
' စတုမဟာရစ်လမ်း … စတုမဟာရစ်လမ်း အဲ့ဒီလမ်းနာမည်နဲ့ ရပ်ကွက် အဲ့ဒီရပ်ကွက်ရဲ့ မြိုနယ် … မဖြစ်သေးဘူး အဲ့ဒီလိုရှာလို့လဲ လွယ်မှာမဟုတ်ဘူး '
' ထီးလေး … မျှားလေး ဘာလိုလုပ်ကြမလဲ … '
' အဲ့ဒီလူပြောသွားတဲ့ စတုမဟာရစ်လမ်းကို ငါတို့ဒီအတိုင်းလိုက်ရှာနေလို့ကတော့ ဘယ်လိုမှလွယ်မှာ မဟုတ်ဘူး … အဲ့ဒီတော့ ကိုအောင်ကြီးဆီကို တစ်ခေါက်ပြန်ပြီး … အကျိုးအကြောင်းလေးပြောပြလိုက်ရင် သူတစ်ခုခုများ ကူညီနိုင်မလားလို့ ငါတွေးမိတယ် '
' ဟုတ်တယ်ကွ … ငါးကလေးပြောသလို လုပ်လိုက်တာ ပိုအဆင်ပြေမယ်ထင်တယ် '
' အေးလေ … အဲ့ဒီအတိုင်းပဲ လုပ်ရတော့မှာပေါ့ '
မည်သို့မှပင် ကြံရာမရတော့ချေ။ သို့နှင့် လာရာလမ်းအတိုင်း ဆိုင်ကယ်အမြန်နှုန်းဖြင့် အိမ်ကြီးတည်ရှိရာ မြို့နယ်အတွင်းသို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ပြန်လည်၍ ရောက်ရှိလာလေခဲ့သည်။ အချိန်ကား မွန်းလွဲ ၁ နာရီ ၃၀ ခန့်ရှိနေခဲ့ပြီး။ ဒေါ်တုတ် (ရှယ်ထမင်းဆိုင်)လေး ၌ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ဝင်ရောက်စားသောက်ရင်း ကိုအောင်ကြီးနေထိုင်ရာ နေအိမ်ဆီသို့ လမ်းညွှန်းပြသခိုင်းမည်ဟု တွေးထားကာ ဆိုင်လေးအတွင်းသို့ ဝင်ရောက်လာခဲ့ချေတော့သည်။
လွတ်နေသည့် ခုံတန်းရှည်၌ ကျွန်ုပ်တို့အားလုံး မောဟိုက်စွာဖြင့် ဝင်ရောက်နေယူလိုက်ပြီး။ ခဏအကြာမှာပင် ကျွန်ုပ်တို့၏ အနားသို့ စားပွဲထိုးကောင်လေး တစ်ယောက်ရောက်ရှိလာလေသည်။ လိုအပ်သည်များအား မှာယူစေပြီး ထမင်းပွဲများရောက်ရှိလာသည်နှင့် ထိုင်နေသည့်ခုံမှ ကျွန်ုပ်ထလိုက်ပြီး ဒေါ်တုတ်ရှိနေရာဆီသို့ ဦးတည်လှမ်းသွားလိုက်သည်။
' ဘာလိုအပ်လို့လဲ ကောင်လေး '
' ဘာမှမလိုအပ်ပါဘူး … ကျုပ်သိချင်တာလေး တစ်ခုလောက်မေးချင်လို့ '
' မေးလေ … ဒီရပ်ကွက်မှာ ဒေါ်တုတ်မသိတာ ဘာမှမရှိဘူး မေးစမ်းပါ … ငါ့ကိုအဲ့ဒီလိုမေးမယ့် သူတွေကို တစ်နေ့တစ်နေ့မျှော်နေရတာ အမောပဲ … ကဲမေး '
' ဟုတ် … ဟိုလေ … ဒီရပ်ကွက်မှာနေတဲ့ ကိုအောင်ကြီးဆိုတဲ့သူကို သိလားမသိဘူး '
' ဘာ … အောင်ကြီး … အောင်ကြီးဆိုတာ ဟိုအိမ်ကြီးမှာ သေသွားတဲ့ အောင်မြတ်သူကို ပြောတာလား '
' မဟုတ်ဘူး အဒေါ် … သူပုံစံက ဆံပင်ခပ်တိုတို မျက်နှာကခပ်တည်တည်နဲ့ အမှတ်တမဲ့ကြည့်လိုက်ရင် သူ့ကိုသူ ရဲလိုလို ဘာလိုလိုနဲ့တစ်ယောက် '
' သေချာတာပေါ့ … အဲ့ဒါ အောင်မြတ်သူပဲ … သူ့ကိုတစ်ရပ်ကွက်လုံးက အောင်ကြီးလို့ခေါ်ကြတယ် '
' ဟုတ် … ဟုတ်တယ်အဒေါ် သူက သူနေတဲ့ နေရာကို ဒေါ်တုတ်ကိုမေးလိုက်တာနဲ့ သိတယ်လို့ပြောလို့ ကျုပ်လာမေးရတာပါ … သူဘယ်မှာနေတာလဲဟင် '
' သူနေတဲ့နေရာက ဟိုးဘက်ကလမ်းက တစ္ဆေကိုက်တဲ့ အိမ်ကြီးမှာပဲ '
' ဗျာ … အဒေါ်ဘာကိုပြောတာလဲ မသိဘူး '
' ကောင်လေး နင်ငါကြောက်တတ်မှန်းသိလို့ တမင်သတ်သတ် လာနောက်နေတာတော့ မဟုတ်လောက်ပါဘူးနော် … နင်ပြောတဲ့ အောင်ကြီးဆိုတာ လွန်ခဲ့တဲ့ ၆ လကျော်လောက်တုန်းက တစ္ဆေကိုက်တဲ့ အိမ်ကြီး အရှေ့မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားလို့ သေတာကြာပြီ … ဟိုတလောက ညနေဆောင်း ငါဆိုင်သိမ်းပြီးတော့ အဲ့ဒီလမ်းဘက်မှာ အကြွေးသွားတောင်းစရာရှိတာနဲ့ ခြံအမှတ် ၆၆အရှေ့ကို ကြောက်ကြောက်နဲ့ ဖြတ်လျောက်ခဲ့ရတယ်၊ အဲ့ဒီခြံအမှတ် ၆၆ အရှေ့မှာ သေသွားတဲ့ အောင်ကြီးက ငါ့ကို ပြုံးသလိုလို ရယ်သလိုလိုလုပ်ပြီး ခြောက်လွတ်လိုက်လို့ ငါတောင်လန့်ဖျား ဖျားရင်း တစ်ပတ်လောက် ဆိုင်ပိတ်လိုက်ရတယ် … အမလေး ပြောရင်းကျက်သီးတောင် ထတယ် '
' ဗျာ … ဟာဗျာ … မဟုတ်တာ … မနက် အဲ့ … ဒါဆို အောင်ကြီးဆိုတဲ့ သူက သေသွားတာကြာပြီပေါ့ဟုတ်လား '
' အေးကြာပြီ … လာနောက်နေတယ် မေးမယ်ဆိုလို့ ဘယ်သူ့အကြောင်းများ စပ်စပ်စုစုမေးမလဲထင်တယ် သရဲကြောင်းလာမေးနေတယ် '
' ဟုတ် … ဟုတ်ကဲ့အဒေါ် ကျေးဇူးတင်ပါတယ် '
ကျွန်ုပ်၏လက်အား ညနေဆောင်းအချိန်၌ ထိုသူ ရုတ်တရက် လှမ်းဆွဲခဲ့ဘူးသည်။ ထိုအရာတင်မက ယနေ့မနက်၌ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများအား စကားများလာရောက်ပြောဆိုခဲ့သော အောင်ကြီးဆိုသူမှာ ခြံအမှတ် ၆၆ အရှေ့၌ မိမိကိုယ်ကို အဆုံးစီရင်ကာ သေဆုံးသွားသည့်သူဟု ဒေါ်တုတ်ဆီမှ ကျွန်ုပ်သိရှိလိုက်ရလေသည်။ သူငယ်ချင်းများရှိရာသို့ အတွေးများစွာဖြင့် ကျွန်ုပ်လျောက်လှမ်းသွားရင်း မျက်နှာမကောင်းလှသည့် ကျွန်ုပ်အား မေးခွန်းများဖြင့် စီးကြိုမေးမြန်းလေတော့သည်။ အတင်းပြောတတ်သည့် ဒေါ်တုတ်ဆီမှ သိရှိခဲ့ရသော ကိုအောင်ကြီးအကြောင်းအား သူငယ်ချင်းဖြစ်များကို မချွင်းမချန် ကျွန်ုပ်ပြန်လည်ပြောပြလိုက်လေတော့သည်။
' ဟင် … ဟုတ်ပါ့မလား မနက်ကတောင် ငါတို့ကိုစကားတွေ ပြောခဲ့သေးတာပဲ … '
' ဒေါ်တုတ် လူမှားပြီးပြောတာ မဖြစ်နိုင်ဘူးလား '
' မဖြစ်နိုင်ဘူးကွ … ဒေါ်တုတ်ကို ငါသေသေချာချာ မေးကြည့်ပြီးပြီ ငါတို့ဆီရောက်လာတဲ့ အောင်ကြီးဆိုတာ ဒေါ်တုတ်ပြောတဲ့ အောင်ကြီးပဲ '
' ဒါဆို သူပြောတဲ့ အကြောင်းတွေကရော တကယ်ဟုတ်ပါ့မလား … ပြီးတော့ စာရေးဆရာ ထီးကလေးဆိုတာကရော တကယ်ရှိပါ့မလား '
' ဟုတ်တယ် အဲ့ဒါမှ ခတ်တာပဲ … ဟိုလူပြောတဲ့ ရူးကြောင်ကြောင်ဖြစ်ပြီး အိမ်ပြောင်းသွားတဲ့ ထီးကလေးဆိုတာတော့ တကယ်ရှိနိုင်တယ် … သို့ပေမယ့် စာရေးဆရာထီးကလေးဆိုတာ ဟုတ်မဟုတ်တော့ ငါတို့မသိနိုင်ဘူး '
' အခုဘယ်လို ဆက်လုပ်ကြမလဲ … အိမ်ကြီးမှာ အခြေနေပြန်ကြည့်ကြရင် မကောင်းဘူးလား '
' တန်ခိုး မင်းဘဟ်လိုသဘောရလဲ '
' ငါ့အထင် ဒေါ်တုတ်ပြောပုံအရ အောင်ကြီးဆိုတဲ့ သူကလဲ ခြံအမှတ် ၆၆ မှာပဲရှိနေပုံရတယ် … ပြီးတော့ တစ်ခြားသူတွေကို ခြောက်လန့်တယ် ငါတို့ကိုကြတော့ လူအတိုင်းဆက်ဆံခဲ့တယ် … အိမ်ကြီးဆီပြန်ပြီး ကိုအောင်ကြီးကို သွားပြန်မေးကြည့်မယ်ဆိုရင် တစ်ခုခုများသိနိုင်မလားလို့ ထင်မိတယ် '
' နေဦး … ငါတို့အားလုံး ခြံကြီးဆီသွားဖို့ မလိုလောက်ဘူး … ပရလောကနဲ့ ဆက်ဆက်မှု့ရှိနေတဲ့ ထီးကလေးတစ်ယောက်တည်းကိုပဲ သွားစေချင်တယ် '
' ထီးလေးဘယ်လိုလဲ '
' မျှားကလေးပြောတာကို ဘာသဘောကျတယ် '
' ဟုတ်တယ် … ဒီတော့ မင်းတို့အားလုံး ဒီဆိုင်ကနေပဲ စောင့်နေကြ … ငါသွားမယ် '
' ထီးလေး ဖြစ်ပါ့မလား အန္တရယ်တစ်ခုခု မင်းကြို့ပုနေဦးမယ် '
' ငါတို့က သူတို့တွေကို အနှောက်ယှက်ပေးမယ့် သူတွေမှ မဟုတ်တာ အကူညီပေးမယ့်သူတွေပဲ … သူတို့နားလည်နိုင်မယ်လို့ ငါယုံကြည်တယ် … ငါ့အတွက် ဘာမှမစိုးရိမ်ကြနဲ့ … သိပ်မကြာဘူး ငါပြန်လာခဲ့မယ် '
' ထီးလေး … စိတ်ချမယ်နော် … အစစအရာရာ ဂရုစိုက်ပါ'
ကျွန်ုပ်အား စိုးရိမ်ပူပန်မှု့များနှင့် အမှာစကားများ ခြွေနေသော သူငယ်ချင်းဖြစ်သူများအား သွားမပေါ်သည့် အပြုံးဖြင့် ကျွန်ုပ်ပြုံးပြစေပြီး ထိုင်နေသည့်ခုံမှ ထခါ ခြံအမှတ် ၆၆သို့ ဦးတည်မည့် ခြေလှမ်းများနှင့် ဒေါ်တုတ်ထမင်းဆိုင်လေး အတွင်းမှ ထွက်လာချေခဲ့သည်။
ရပ်ထားသည့် ဆိုင်ကယ်အား သော့ဖွင့် လစ်ဘာဆွဲစေပြီး မနှေးမမြန် အရှိန်လေးဖြင့် ခြံအမှတ် ၆၆အရှေ့သို့ ကျွန်ုပ်မောင်းနှင်လာခဲ့သည်။ ၁၀ မိနစ်ခန့်အကြာ မောင်းနှင်လာပြီးသည့်နောက် ခြံအမှတ် ၆၆အရှေ့သို့ ရောက်ရှိလာစေပြီး ဆိုင်ကယ်အား ရပ်တန့်ကာ ဆောင်းထားသည့် ဦးထုတ်အား ချွတ်လိုက်ပြီး ခြံအရှေ့မှနေ၍ အိမ်ကြီးအတွင်းသို့ ကျွန်ုပ်ငေးမောကြည့်ရှု့လိုက်သည်။ ယခုဟာ နေ့လည်ခင်းအချိန်ဖြစ်ချေပြီး ယခုအချိန်၌ပင်လျင် အိမ်ကြီးအတွင်းသို့ ငေးမောကြည့်မိလိုက်သည့်ကျွန်ုပ် ဆို့နစ်စွာဖြင့် သက်ပြင်းချမိခဲ့သည်။ ထို့နောက် ဆိုင်ကယ်အား ခြံရှေ့တွင်ရပ်ထားစေပြီး ခြံတံခါးအား လွယ်ကူစွာဖြင့်ဖွင့်စေကာ ခြံကြီးအတွင်းသို့ ခြေလှမ်းစတင်လှမ်းလိုက်လေသည် ။
မည်မျှပင် ထူးဆန်းခဲ့သော ထူးဆန်းမှု့များနှင့် ကျွန်ုပ်ကြုံတွေ့ခဲ့စေကာမူ ကြောက်စိတ်မရှိပါဟု ကျွန်ုပ်၏စိတ်အား သတ်မှတ်ထားခဲ့သော်လည်း သွေးသားဟာ ခြောက်လန့်နေသလား။ ကျက်သီးများထနေသည်ကို ကျွန်ုပ်သတိထားမိလိုက်ချေသည်။ နောက်ကျောဖြင့်မလုံ ဘေးပတ်ပတ်လည်အား ကျွနုပ်လိုက်ကြည့်စေခဲ့သည်။ အားတင်ကာ တည်ကြည်သောစိတ်အား နှလုံးသွင်းစေပြီး အိမ်မကြီးတံခါးဆီသို့ကျွန်ုပ်အရောက်လှမ်းမည် ဖြစ်သည်။ ခြံတံခါးဝမှ အိမ်မကြီးတံခါးဆီသို့ ပုံမှန်ခြေလှမ်း ၁၅လှမ်းမျှခန့်လျောက်လှမ်းရသည်။ အိမ်ကြီးတံခါးဆီသို့ ရောက်လုနီးပါးဖြစ်သည့် ကျွန်ုပ်၏ခြေလှမ်း ၁၀လှမ်းမြောက်ခန့်၌ နှစ်ကြိမ်တိုင်တိုင်ကြားခဲ့ရဘူးသော အသံဆိုးကြီး ယခုသုံးကြိမ်မြောက် ထပ်မံကြားလိုက်ရလေသည်။
' ကိုအောင်ကြီး ! … '
ထိုနာမည်အား ကျွန်ပ်တစ်ယောက် ခေါ်မည်ဟု စိတ်ကူးထားခြင်းမရှိ ။ ထိုအသံဆိုးကြီး ရုတ်တရက်ကြားလိုက်ရသည်ကြောင့် ကိုအောင်ကြီးနာမည်အား တမ်းတအော်ခေါ်လိုက်မိသည်။ ကျွန်ုပ်၏အနောက်၌ တစ်စုံတစ်ယောက် လိုက်ပါနေလေသလား စိတ်အတွင်း၌ခံစားနေရပြီ။ ရုတ်တရက် အနောက်ပြန်လှည့်ကြည့်လျုက်လျင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရချေ။
' တောက် ! .… ကျုပ်ကိုခြောက်လန့်ဖို့ မကြိုးစားနဲ့ ကျုပ်ကခင်ဗျားတို့ကို ရန်ပြုမဲ့သူမဟုတ်ဘူး … ကိုအောင်ကြီး ခင်ဗျားရှိနေရင် ထွက်ခဲ့ပါ ခင်ဗျားပြောတဲ့ စာရေးဆရာ ထီးကလေးဆိုတဲ့သူ အိမ်ပြောင်းသွားပြီလို့ ကျူပ်တို့သိခဲ့ရတယ် … ပြီးတော့ ခင်ဗျားဘာလဲဆိုတာကိုလဲ ကျုပ်တို့အားလုံး ဒေါ်တုတ်ဆီကနေ သိခဲ့ရပြီပြီး … အဲ့ဒီတော့ ကိုအောင်ကြီး ခင်ဗျားရှိနေရင် ကျုပ်ကိုလမ်းညွှန်းပေးပါဦး '
မည်သို့ပင်ဆိုစေကာမူ ကိုအောင်ကြီး၏ အရိပ်အယောင်အား မတွေ့ရချေ။ ဇွဲမလျော့ ကြောက်စိတ်များဟာ ပြေပျော့နေလေခဲ့ပြီ။ အိမ်မကြီးတံခါးအား ခပ်ပြင်းပြင်း တွန်းဖွင့်လိုက်ချေသည်။ ဦးစွာမြင်တွေ့လိုက်သည်က အိမ်အလည်တိုင်၌ ချိတ်ဆွဲထားသည့် မိန်းကလေး၏ ဓာတ်ပုံပင်ဖြစ်ချေသည်။ မနက်အချိန်မှ ကျွနိုပ်နှင့်အတူ သူငယ်ချင်းများ မြင်တွေ့ခဲ့ရသော ပုံစံတိုင်းသာလျင် မိန်းကလေး၏ ပီတိအပြုံးမျက်နှာမှာ ပြောင်းလဲနေခြင်းမရှိသေးချေ။ ထိုပုံရှေ့သို့ ကျွန်ုပ်လျောက်လှမ်းလာပြီး
' မိန်းကလေး … ကျုပ်တို့ဘယ်လို ကူညီရမလဲ ပြောပါဗျာပြောပါ … ကျုပ်တို့အသက်စွန့်ပြီး ခင်ဗျားတို့ကို ဒီလိုဘဝကနေ ကယ်တင်ပေးသွားပါ့မယ် … ပြောပါဗျာ '
အပြုံးမျက်နှာဖြင့် ဓာတ်ပုံအတွင်းမှ မိန်းကလေးအား စိတ်ညစ်နေသည့် လေသံဖြင့် ပဲ့တင်ထပ်နေသော အသံနှင့်အတူ ကျွနိုပ်ပြောလိုက်ချေသည်။ သက်ပြင်းအားချစေပြီး ဦးခေါင်းအား ငိုက်စိုက်လိုက်သည်။ ထိုဓာတ်ပုံအား ပြန်လည်ကြည့်မိလိုက်သည်နင့် မိန်းကလေး၏ ရုပ်ပုံမှာ ဝမ်းနည်းလွန်းသည့် မျက်ရည်များ ကျဆင်းနေလေခဲ့ပြီး။
' ဟင် … မိန်းကလေး ခင်ဗျားဘာဖြစ်လို့ ငိုနေရတာလဲ ကျုပ်ကိုကိုယ်ထင်ပြပြီး … ခင်ဗျားကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ သူတွေအကြောင်းပြောပြပါလားဗျာ … ကျုပ်မိတ်ဆွေ ရဲအုပ်ကြီးနဲ့ပေါင်းပြီး ခင်ဗျားကိုယ်စား ကျုပ်တို့လက်စားချေပေးပါ့မယ် '
' ကျွန်မကို ကယ်ပါ '
ကျွန်ုပ်၏စကားအဆုံးပင်ဖြစ်ချေသည်။ မိန်းကလေး၏ ကယ်ပါဟူသော ငိုကြွေးသံအား ကြားလိုက်ရသည်ကြောင့် သူမ၏ဓာတ်ပုံအာ ကျွန်ုပ်မော့ကြည့်မိလိုက်သည်။
' ကျုပ်တို့ကယ်မှာပါ … ကယ်ပေးဖို့ ကျုပ်တို့ရောက်လာကြတာပဲ ပြောပါ … ဘယ်လိုကယ်ပေးရမှာလဲ '
ငိုကြွေးသံသာ ကြားနေရသည်။ ဓာတ်ပုံအတွင်းမှ ။ ကယ်ပါဟုသော စကားသံသာ ကြားနေရသည်။ ထိုမျှလွဲ၍ မည်သည့်အကြောင်းရာတစ်ခုမှ ထပ်မံ၍ မကြားရချေ။ ငိုကြွေးသံများ ဆူညံစွာကြားနေခဲ့ရပြီး ယခု ရုတ်တရက်အချိန်၌ တည်ငြိမ်သွားခဲ့ပြန်သည်။ ထို့နောက် ထပ်မံကြားလိုက်ရသည်က
' ကျွန်မပြောရင် နှစ်ဘဝတိတိ ကျွန်မသေလိမ့်မယ် … ကျွန်မချစ်သူ … ဟုတ်တယ် … သူ့ဆီသွားပြီး ကျွန်မအကြောင်းမေးကြည့်ပါ … သူသိနေပါတယ် '
' ဟုတ်ပြီ … ဆက်ပြောမိန်းကလေး … ခင်ဗျားချစ်သူက ဘယ်သူလဲ ဘယ်မှာရှိနေလဲ '
' ကျွန်မချစ်သူက … အား … မလုပ်ပါနဲ့ ကျွန်မပူလို့ပါ ကယ်ပါဦး … ကယ်ပါဦး '
ပြောလက်စ စကားပင်လျင် မဆုံးချေ။ သူမ၏ ချစ်သူသာလျင် ဖြစ်ကြောင်းကုန်စဉ်အားလုံးအား သိရှိထားသည်ဟု ဆိုခဲ့သည်။သူမ၏ချစ်သူဟာ မည်သူဖြစ်ပြီး မည်သည့်နေရာဆီသို့ သွားရမည်အား အလောတကြီး ကျွန်ုပ်မေးလိုက်စဉ်အချိန်မှာပင် တစ်ဦးတစ်ယောက်၏ ညင်းပန်းနှိပ်စက်မှု့ဒဏ်အား ခံလိုက်ရပြီး အပ်ကွဲသံများနှင့် မိန်းကလေး၏ စကားသံများ ပျောက်ကွယ်သွားခဲ့ချေတော့သည်။
' မိန်းကလေး မိန်းကလေး ပြောသွားဦးလေ … ဟေ့ ဟာ '
အိမ်ကြီးပတ်ပတ်လည်အား ချာချာလည်အောင် လှည့်ပတ်ရင်း မိန်းကလေးအား အော်ခေါ်နေခဲ့သော်လည်း သူမ၏အသံအား လုံးဝမကြားရတော့ချေ။ မချချင်သည့် သက်ပြင်းများ ကျွန်ုပ်ချလိုက်ပြီး သူမ၏ ဓာတ်ပုံအား ပြန်လည်ကြည့်မိလိုက်ပြန်သည်။ ထိုတစ်ကြိမ် ဓာတ်ပုံအတွင်းမှ မိန်းကလေး၏ ပုံစံအား ကျွန်ုပ်မြင်တွေ့လိုက်ရသည်က နာကျင်လွန်းသော ဝေဒနာအား ခံစားနေရပြီး တစ်ဦးတစ်ယောက်၏ိံ ချုပ်ကိုင်မှု့အောက်၌ ကျရောက်နေခဲ့သည့်အဖြစ်အား ထင်ရှားစွာသိရှိခဲ့ရချေသည်။
' မိန်းကလေးရယ် … '
နှုတ်မှတမ်းတရင်း အိမ်မကြီးတံခါးအား ပြန်လည်ပိတ်စေကာ ခြံထဲသို့ တစ်လှမ်းချင်းလျောက်လှမ်းလာရင်း
' ဟေ့ … ကောင်လေး … '
' ဟင် … ကို … ကိုအောင်ကြီး . '
ကျွနိုပ်၏အနောက်မှ အသံပေးခေါ်လိုက်သူဟာ ကိုအောင်ကြီးပင်ဖြစ်ချေသည်။ ထိုသူဟာ သေဆုံးသွားခဲ့ပြီဆိုသည်အား ကျွနိုပ်သိရှိထားသော်လည်း သူ့အား ကြောက်လန့်ခြင်းမရှိ ကျွန်ုပ်၏ နှုတ်မှ ဝမ်းသားအားရအော်ခေါ်လိုက်မိသည်။
' ခင်ဗျားကို အခုကျုပ်လာရှာတာ … ပြီးတော့ ဒေါ်တုတ်ဆီကနေ ကျုပ်သိခဲ့ရတာ … ခင်ဗျားက ဒီအိမ်ကြီးအရှေ့မှာ ကိုယ့်ကိုကိုယ်အဆုံး စီရင်ပြီးသေသွားခဲ့တာဆို … အဲ့ဒါဟုတ်လား '
' ဟုတ်တယ် … ငါ့အကြောင်းကို ငါမပြောချင်လို့ ငါခြောက်လန့်ခဲ့ဘူးတဲ့ ဒေါ်တုတ်ဆီမှာ ငါ့အကြောင်းမင်းတိုကို မေးခိုင်းခဲ့တာပဲ … '
' ဒါဆို ခင်ဗျားက … '
' ဟုတ်တယ် … ငါကလဲ ဒီအိမ်ကြီးမှာ အချုပ်နှောင်ခံထားရတဲ့ တစ္ဆေကိုက်နေတဲ့ ဝိဥာဉ်တစ်ဦးပဲ '
' ဘာ … ဘယ်လို တစ္ဆေကိုက်နေတဲ့ ဝိဥာဉ် '
' ဟုတ်တယ် … အဲ့ဒီအကြောင်းတွေ မင်းတို့သိစေချင်လို့ ငါ့သူငယ်ချင်း စာရေးဆရာဆီလွတ်ခဲ့တာပဲ … '
' ကျုပ်တို့လဲ ခင်ဗျားပေးလိုက်တဲ့ လိပ်စာအတိုင်း သွားခဲ့တာပဲ … ဒါပေမယ့် ခင်ဗျားသူငယ်ချင်း စာရေးဆရာထီးကလေး ဟုတ်မဟုတ်တော့ မသိဘူး … အဲ့ဒီရပ်ကွက်ထဲက ထီးကလေးဆိုတဲ့ မိသားတစ်စုကတော့ အိမ်ပြောင်းသွားကြပြီတဲ့ '
' ဟင် … အဲ့ဒီရပ်ကွက်ထဲမှာ ထီးကလေးဆိုလို့ ငါ့သူငယ်ချင်းတစ်ယောက်တည်းရှိတာ … သူပဲဖြစ်ရမယ် … ဘယ်ကိုပြောင်းသွားကြလဲ သိလား '
' ဟင် … ဟာဗျာ … ကျုပ်တို့မသိလို့ ဒီအိမ်ကြီးမှာ ခင်ဗျားကိုလာပြန်မေးတာ ကျုပ်တို့လဲမသိဘူး … အဲ့ဒီရပ်ကွက်ထဲက လူတစ်ယောက်ပြောတာတော့ … သူ့အမေက ငိုသံကြီးနဲ့ သူတို့ပြောငိးတဲ့ ရပ်ကွက်ကို ပြောသွားတယ်တဲ့ ဘာတဲ့ … စတုမဟာရစ်လမ်းဆိုလား '
' ဟင် … စတုမဟာရစ်လမ်း … ဟူုတ်လား '
'ဟုတ်တယ် အဲ့ဒီရပ်ကွက်ထဲက လမ်းနာမည်တွေ ခင်ဗျားသိလား '
' သိပ်သိတာပေါ့ကွာ … ထီးကလေးနဲ့ငါက တစ်နေ့ကုန် ရပ်ကွက်တစ်ကာ လှည့်နေတဲ့သူတွေကွ ဒါပေမယ့် အဲ့ဒီစတူမဟာရစ်လမ်းဆိုတာတော့ ငါလဲမကြားဖူးဘူး ငိုသံနဲ့ပြောသွားတာဆိုတော့ ကြားလိုက်တဲ့သူက လမ်းနာမည်ကို တစ်လွဲမှတ်သွားတာ ဖြစ်နိုင်တယ် ဒီတော့… ကိုင်း အဲ့ဒီလမ်းနာမည်နဲ့ နီးစပ်တဲ့ နာမည်တွေ ငါပြောပြမယ် မင်းသေချာမှတ်ပြီး နီးစပ်တဲ့ လမ်းမှာလိုက်ရှာကြည့်'
' ဟုတ်ပြီ … အနီးစပ်ဆုံး အဲ့ဒီလိုလုပ်မှရတော့မယ် '
သို့နှင့် ဝိဥာဉ်အောင်ကြီး ပြောပြခဲ့သော လမ်းနာမည်အား ကျွန်ုပ်သေချာမှတ်သားစေပြီး အပြုါံ်များဖြင့် ကိုအောင်ကြီးအား နှုတ်ဆတ်ကာ ခြံအပြင်သို့ ထွက်လာခဲ့တော့သည်။
****--************************************
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့် ရင်း၍ ရေးသားသည်။ )









No comments:
Post a Comment