အပိုင်း(၁) နှစ်၁၀၀သက်ဝင်မြေးဘွား - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁) နှစ်၁၀၀သက်ဝင်မြေးဘွား

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
         သက်ဝင်မြေးဘွား အောက်လမ်း မာယာ
                      အပိုင်း (၁)    
စာရေးသူ-ထီးကလေး ။( ရင်နှင့် ရင်း၍ ရေးသားသည်။)



  အချိန်ကား ၁၉၁၀ ခုနစ် မြန်မာနိုင်ငံ၏ တိုင်းရေးပြည်ရာ မငြိမ်သတ်သေးသော ကာလဖြစ်သည်။ စစ်ပွဲများစွာ ဖြစ်ပွားနေကြပြီး တောမီလောင် တောကြောင်များ သောင်းကျန်နေသည့် ခေတ်ပျက်ကြီးတစ်ခု ကဲ့သို့ ဥပဒေကင်းမဲ့နေသည့် အချိန်ပင် ဖြစ်ချေတော့သည်။
' ဘွားဘွား … မီးမီးကြောက်တယ် ဒီတံတားအပေါ်မှာ လမ်းမလျောက်ရဲဘူး '
' ဘွားဘွားချီမယ်လေ … လာ '
  ညနေဆည်းဆာ နေဝင်ချိန်ပင် ဖြစ်သည်။ လေးနှစ်အရွယ် မြေးမလေးနှင့် အဘွားအိုတစ်ယောက်ကား ချောင်ကူးတံတားသို့ ကူးဖြတ်လျက် တစ်ဖက်ကမ်းသို့ သွားရောက်ရန် ရွယ်နေလျက်ရှိပြီး သူ၏ မြေးမလေးအား ထိုတံတားပေါ်မှ ချီပွေ့လျက် တစ်ဖတ်ကမ်းသို့ အရောက်လှမ်းလာခဲ့သည်။
' ဒေါ်အုန်း … နေလို့မှကောင်းရဲ့လား '
တစ်ဖက်ကမ်းသို့ ရောက်ရှိလာသော ထိုအဘွားအိုအား ရိရိသဲ့သဲ့လေသံမျိုးဖြင့် လူကြီးတစ်ယောက်မှ မေးနေခဲ့သည်။ ချီထားသည့် မြေးမလေးအား မြေပြင်ပေါ်သို့ ချလိုက်ပြီး
' တင်ငွေ … နင့်လမ်း နင်သွားရင် ကောင်းလိမ့်မယ်နော် ငါ့ကိုရန်မရှာနဲ့'
' အောင်မာ … အဘွားကြီး ဟိုဘက်ရွာကနေ ခင်ဗျား ပညာတွေရှုံးပြီး ထွက်ပြေးလာရတာ မဟုတ်လား … '
ထိုလူကြီး၏ ခနဲ့နေသော စကားများအား အဘွားအို ပြန်မဖြေ မြေးမလေးအား လက်ဆွဲလျက် မိမိဦးတည်မည့် ခရီးကိုသာ အရောက်သွားမည်ဟု တွေးထားကာ သူ၏ခြေလှမ်းများ အရှေ့သို့ပင် ဦးတည်နေတော့သည်။ သို့ပေမယ့် ထိုလူကြီးမှာ အဘွားအို၏ အနောက်သို့ တစ်ခေါက်ခေါက်လိုက်ပါလာပြီး
' ဒေါ်အုန်း … ခင်ဗျားနဲ့ ကျုပ်နဲ့ တစ်ပွဲတစ်လမ်းလောက် အကဲစမ်းလိုက်ကြည့်ချင်တယ်'
 အနောက်မှ ထပ်ကျပ်မကွာ လိုက်ပါလာသော ထိုလူကြီးအား အဘွားအို ဂရုမစိုက် ထိုသို့ ပြောလိုက်သော စကားသံအား ကြားလိုက်သည်နှင့် အရှေ့သို့သာ ဦးတည်နေသော သူ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး
' ငါလူမသတ်ချင်ဘူးနော် တင်ငွေ … နင်ငါ့အနောက် ထပ်လိုက်လာရင် ငါ့အဆိုးမဆိုနဲ့ '
' ဟား ဟား ဟား … ခင်ဗျားလို အောက်လမ်းမကြီးကများ ကျုပ်လို အထက်ဂုဏ်းအုပ်ဆရာတစ်ယောက်ကို ဒီလိုပြောရဲတယ်ပေါ့ ဟုတ်လား '
ထိုသို့ထပ်မံ ပြောလိုက်သော စကားသံအား အဘွားအိုကြားလိုက်ရသည်နှင့် ခြေလှမ်းများ ရပ်တန့်သွားပြီး သူမ၏ မျက်ထောက်များ ရဲလျက် နီးမြန်းလာခဲ့သည်။
' ငါ့ပညာကို မစော်ကားနဲ့ … နင်မသေခင် သိသွားအောင် ငါပြောလိုက်မယ် … နင်တို့ထင်နေတဲ့ အောက်လမ်းပညာသည် မဟုတ်ဘူး ကောင်းသူကယ် မကောင်းသူဖယ်နေတဲ့ ထိပ်တန်း မှော်ပညာပဲ '
' တော်စမ်းပါ အဘွားကြီးရာ … ပြစမ်းပါဦး ခင်ဗျား မှော်ပညာ'
' နင် သိပ်သိချင်ရင် ပြရတာပေါ့'
မာန်ကြီးစွာ ထိုသို့ပြောလျက် လက်ထဲတွင် ကိုင်စောင်ထားသော သူ၏ တောင်းမွှေ့အား ထိုလူကြီးဆီသို့ ဦးတည်ပြလိုက်လေတော့သည်။ ခပ်ပြုံးပြုံး စိုက်ကြည့်နေသည့် ထိုလူကြီးကား ရုတ်တရက် မဲ့သွားခါ
' ဟင် … ငါ … ငါတွေပါလား'
အဘွားအို၏ မှော်ပညာဖြင့် ထိုလူကြီး၏ ကိုယ်ပွားရုပ်များ အမြောက်အများ ဖန်တီးပြလိုက်လေတော့သည်။
' ဟင် … ငါကဘယ်သူလဲ … ဟာ ငါပုံစံတွေနဲ့ လူတွေ ဘယ်လိုဖြစ်ကုန်ရတာလဲ '
' ဟား ဟား ဟား … တင်ငွေ နင့်မှာ အခုဆိုရင် ကိုယ်ပွားနှစ်ယောက်နဲ့ ပျော်ပျော်ကြီးသာ နေခဲ့တော့ နောက်တစ်နာရီကြာတာနဲ့ နင့်ကို အဲ့ဒီကိုယ်ပွားတွေ ဝိုင်းသတ်လို့ သေရလိမ့်မယ်
' ဟင် … ဒေါ်အုန်း … ခင်ဗျား '
ထိုလူကြီး၏ ပုံစံတူ လူသားနှစ်ယောက်အား အဘွားအိုမှ သူ၏ မှော်ပညာအစွမ်းဖြင့် ကိုယ်ပွားများ ဖန်တီးပေးခဲ့လေသည်။ ထိုလူကြီးမှာ ယောက်ယပ်ခတ်လျက် အဘွားအို၏ နာမည်အား တမ်းတကာ ကျန်ရစ်နေခဲ့တော့သည်။ အဘွားအိုပြောခဲ့သည့် တစ်နာရီခန့်အကြာတွင် ကိုယ်ပွား နှစ်ယောက်နှင့် ထိုလူကြီး အသေအကျေ တိုက်ခိုက်ကြပြီး ဦးသူသတ်ကာ အဆုံး၌ ထိုလူကြီး အသတ် ပျောက်ကွယ်သွားရလေတော့သည်။
ထိုအဘွားအိုကား မည်သူ တစ်ဦးတစ်ယောက်ကိုမှ ရန်စတိုက်ခိုက်ခြင်းမရှိ သူ၏ တတ်မြောက်ထားသော မှော်ပညာဖြင့် ကောင်းသူများ ဒုက္ခရောက်နေပါက ကူညီဖေးမပေးကာ မကောင်းသူများအား ဆုံးမပညာပေးခဲ့သော်လည်း သူ့ကား မည်သူမှ အကောင်းမမြင် စုန်းမကြီးဟု ရွာတိုင်းနီးပါးမှ သတ်မှတ်ထားကြသည်။ သို့သော် အဘွားအိုဟာ အပြုံမပျက် မည်သူမှလည်း ဂရုတစိုက်မရှိ သူ၏ မြေးမလေးနှင့်သာ ရွာပြင် သချိုင်္င်းများတွင်သာ နေထိုင်နေခဲ့သည်။
' ဘွားဘွား … မီးမီးဗိုက်ဆာတယ် '
' စားရမှာပေါ့ မြေးလေးရဲ့ … ကဲ … ရော့ '
မြေးမလေးကား မပီသသော စကားသံများနှင့် အဘွားအိုအား ဗိုက်ဆာနေသည်ဟု ပြောသောကြောင့် သူ၏ အစွမ်းထက်လှသော တောင်မွေးဖြင့် စားသောက်ဖွယ်အမျိုးမျိုးအား ဖန်ဆင်းပေးလိုက်လေတော့သည်။ မြေးမလေးမှာ အဘွားအို ဖန်ဆင်းပေးသော စားသောက်ဖွယ်ရာများကို အားပါးတရ စားလျက် ညနက်နက် သန်းခေါင်ယံ၌ မြေးဘွားနှစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားချေတော့သည်။
လင်းကြက်သွန်သံများက အဘွားအို၏ နားထဲတွင် ဂါထာပေါင်းဆုံများ ရွတ်ဆိုနေကြသော အသံများဖြင့် ရောထွေးစွာ ကြားနေခဲ့ရသည်။ ထိုအသံများအား သူ၏ နားထဲတွင် ပူလောင်သော မီးစများနှင့် ထိုးဆွနေသကဲ့သို့ ပူလောင် လွန်းလှသည်။ သို့နှင့် သူ၏ မျက်လုံးတစ်စုံအား လျင်မြန်စွာ ဖွင့်လိုက်ပြီး ဘေးပတ်ဝန်းကျင်အား ကြည့်မိလိုက်လေရာ ဖယောင်းတိုင်မီးများ လှည့်ပတ်စွာ ထွန်းညှိထားပြီး မြေပြင်ပေါ်တွင် ထိုင်ချလျက် နှုတ်မှ ဂါထာများအား ရွတ်ဆိုနေကြသည့် အထက်လမ်း အောက်လမ်း ပညာသည်လူကြီးများအား တွေ့လိုက်ရလေတော့သည်။ ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသော အဘွားအိုမှာ အံ့သြထိတ်လန့်သွားပြီး
' နင်တို့ ဒါဘာလုပ်ကြတာလဲ '
' ခင်ဗျားတို့ မြေးဘွားနှစ်ယောက်ကို အမြစ်ဖြတ်ဖို့ လုပ်နေကြတာပဲ '
အဘွားအို၏ စကားအား ပြန်လည် ဖြေလိုက်သူ၏ လက်ထဲတွင် သစ်သားပန်းပုရုပ် နှစ်ယောက်အား ကိုင်ဆောင်ထားသည့် မှော်ဆရာကြီး တစ်ဦးပင်ဖြစ်ချေတော့သည်။
' အောင်မာ … ငါ့ကိုများ လွယ်လွယ်နဲ့ သတ်လို့ရမယ် ထင်နေလား … စမ်းကြည့်လိုက်လေ '
အဘွားအို၏ မာန်တင်းလိုက်သော စကားသံနှင့်အတူ မီးလုံကြီးများ အလိပ်လိပ်ပြန်တတ်လာလေခဲ့သည်။ သို့ပေမယ့် အဖွားအို၏ မီးလုံကြီးများဟာ ဘေးပတ်ပတ်လည် ထွန်းညှိထားသော ဖယောင်းတိုင်လေးများကိုပင် မငြိမ်းသတ်နိုင်ပဲ ထိုမီးလုံးကြီးများဟာ အဘွားအိုထံသို့ပင် ပြန်လည်၍ တန်ပြန်သတ်ရောက်သွားခဲ့သည်။ မီးလုံးကြီးများ ထိမှန်လျက် အဘွားအို၏ နှုတ်မှ သွေးများ ပွက်ပွက် အန်လာခဲ့တော့သည်။ အဘွားအို၏ အဖြစ်အား မြေးမလေးကြည့်လျက် ငိုယိုနေခဲ့သော်လည်း အဘွားအိုဟာ မြေးမလေး၏ မျက်ရည်များအား သုတ်ပေးလျက် မငိုပါနဲ့ဟု ပြောနေချိန်မှာပဲ အဘွားအို၏ ဦးခေါင်းအား အနောက်မှ ကြီးမားသော အရာဖြင့် ရိုက်လိုက်လေတော့သည်။
ထို့နောက် မြင်ပြင်ပေါ်သို့ အဘွားအို လဲကျသွားချိန်မှာပဲ ထိုလူကြီးများ အနားသို့ ရောက်လာကြပြီး
' ကဲ … ကိစ္စတော့ ပြီးသွားပြီ … '
' ဒီကလေးမလေးကိုရော … ဘယ်လို လုပ်မှာလဲ '
' ဘယ်လိုလုပ်ရမှာလဲ … ငါတို့ စီစဉ်ထားတဲ့ အတိုင်းပဲပေါ့ '
ငိုယိုနေသည့် ကလေးမလေးအား မြေပြင်ပေါ်မှ ကောက်ချီလျက် လဲကျနေသည့် အဘွားအိုအား ဆံပင်မှ ဆွဲကာ လည်ချောင်းသွေများအား ဖောက်ထုတ်လိုက်လေတော့သည်။ အသတ်မျော့မျော့ရှိနေသည့် အဘွားအိုဟာ နာကျင်လွန်းသောကြောင့် ရုံးကန်နေခဲ့သောလည်း ထိုလူကြီးများ၏ အောင်ပွဲခံ ရယ်မောသံများနှင့် ဖုံးလွမ်းနေခဲ့တော့သည်။ ထို့နောက် အဘွား၏ မြေးမလေးအားလည်း ရက်စက်စွာဖြင့် လည်ချောင်းသွေးများ ဖောက်ထုတ်ကာ ကလေးမလေးနှင့် ပုံတူ ပြုလုပ်လာသည့် ပန်းပုရုပ်ပေါ်တွင် ထိုလည်ချောင်းသွေးများ လောင်းချလျက် ပန်းပုရုပ်အား အသက်ဝင်စေရန် အောက်လမ်းပညာဖြစ် စီစဉ်မည်ဖြစ်သည်။ အဘွားအို၏ လည်ချောင်းသွေးများအားလည်း အဘွားအို၏ ပုံတူ ပြုလုပ်ထားသော ပန်းပုရုပ်ပေါ်သို့ လောင်းချကာ ထိုသချိင်္ိုင်းမြေ၌ မြှုပ်ထားခဲ့ကြတော့သည်။
' နောင်တစ်ပတ်အကြာမှ ငါတို့ဆရာတွေ အားလုံး ဒီအရုပ်နှစ်ရုပ်ကို လာတူးကြမယ် အဲ့ဒီအချိန်လောက်ဆိုရင် ငါတို့စီစဉ်တဲ့အတိုင်း မှော်ဝင်မြေးဘွားအဖြစ်နဲ့ တစ်လောကလုံးကို ခိုင်းစာလို့ရပြီ '
' ဘယ်လိုခိုင်းစားမှာတုန်း … ဆရာအုန်း'
' ဒီအရုပ်နှစ်ရုပ်ကို အခုစီစဉ်ထားတဲ့ အတိုင်းဆိုရင် တစ်လောကလုံးရဲ့ မှော်ဘုရင်ဖြစ်လာမှာ ပြီးတော့ ငါတို့ရဲ့ လက်အောက်မှာပဲ အဲ့ဒီမှော်ပညာတွေ ရှိနေလိမ့်မယ် အဲ့ဒါဆိုရင် ငါတို့ကို တစ်လောကလုံး ဘယ်ပညာသည်မှ မယဉ်နိုင်တော့ဘူး '
' ဆရာအုန်းပြောတာကို ကျုပ်တို့ သေချာနားမလည်သေးဘူး'
' အေးပါ နောက်တော့ ခင်ဗျားတို့အားလုံးနားလည် လာပါလိမ့်မယ် တစ်ခုရှိတယ် … ဒီအရုပ်ကို ကျုပ်တို့ နောက်တစ်ပတ်အကြာ ပြန်မတူးနိုင်ခဲ့ရင် နောင်နှစ် ၁၀၀ ဆိုရင် အဲ့ဒီအရုပ်နှစ်ရုပ်က သက်ဝင်လာလိမ့်မယ် '
' ဟင် … စိတ်ဝင်စားဖို့ ကောင်းလှချည်လား'
' ဟုတ်တယ် … ဒါပေမဟ့် တို့တိုင်းပြည်အခြေအနေက သိပ်ကောင်းတာ မဟုတ်တော့ တော်လှံရေးသမားတွေနဲ့ ကျူးကျော်သူတွေ တိုက်ခိုက်တဲ့နေရာက ဒီနေရာမှာ မဖြစ်ဖို့ အရေးကြီးတယ် '
' ဘာဖြစ်လို့တုန်းဗျ '
' နောင်တစ်ပတ် တပေါင်းလပြည့်ကျော် ၂ရက်နေ့ကြရင် သခင်အောင်တို့ တော်လှံရေးစကြမယ်လို့ ကျုပ်သတင်းကြားထားတယ် ဒီနေရာမှာ တိုက်ပွဲဖြစ်နေမယ်ဆိုရင် ကျုပ်တို့လာတူးဖို့ ဘယ်လိုမှ အခွင့်သာမဟုတ်ဘူး'
' ဟင် … ဒါဆို တစ်ခြားနေရာမှာ မြှုပ်ထားရင်ရော '
' မရဘူး … သူတို့ရဲ့ သွေးကျခဲ့တဲ့ နေရာမှာပဲ မြှုပ်မှ ရမှာ '
မှော်ပညာအား တစ်ဖတ်ကမ်းခတ် တတ်မြောက်ထားသော အဘွားအိုအား အထက်လမ်း အောက်လမ်း ပညာသည်အမျိုးမျိုး ပူးပေါင်းလျက် အနိုင်ရအောက် တိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် လည်ချောင်းသွေးများဖြင့် အသင့်ပြုလုပ်လာသည့် အဘွားအို ပုံတူ ပန်းပုရုပ်နှင့် မြေးမလေး ပုံတူ ပန်းရုပ်တို့အား သူတို့၏ လည်ချောင်းသွားများ လောင်းချလျက် မှော်အစီအရင် ပြုထားချေတေတ့သည်။ တစ်ပတ်ခန့်ကြာသည့် အချိန်၌ပင် တော်လှံရေးသမားများနှင့် ကျူးကျော်သူများ အသေအကြေ တိုက်ခိုက်ကြရင်း မြေအနေအထားနှင့် သတ်မှတ်ထားသည့် နေရာများ ပျက်စီးဆုံးရှုံးကာ ထိုသင်္ချိုင်းကုန်းကြီး ကွင်းပြင်သဖွယ် ဖြစ်သွားလျက် အဘွားအိုမြေးဖွား ပန်းပုနှစ်ယောက်အားလည်း မည်သူမှ မတူးယူမိလိုက်တော့်ချေ။

✏✏✏✏✏✏✏✏✏✏✏✏✏✏✏

တိုင်းနှင့်ပြည်နယ် ၁၄ ခု၏ အကြီးအကဲ အလုပ်ရှင်ကြီးပင်ဖြစ်ချေသည်။ သူ၏ နာမည်ကား နေသူရှန်ဖြစ်ပြီး ဖခင်၏ တာဝန်အား ဆက်လုပ်ယူဆောင်လျက် ကုမ္မဏီအမြောက်အများအား ဆက်လက်၍ အုပ်ချုပ်လုပ်ကိုင်နေခဲ့သည့် လူငယ် စီးပွားရေး လုပ်ငန်းရှင်လေးဖြစ်သည်။ အသက်အားဖြင့် ၂၀ မျှရှိပြီး ဥာဏ်ပညာအမျှော်အမြင်နှင့် ပြည့်စုံလှသည့် လူငယ်လေးဖြစ်သည်။ သူ၏ အလုပ်သမားကြီးများဖြစ်သော မန်နေဂျာ အသက်ကြီးကြီး လူကြီးမှ စလျက် သူ့အား အသက်ငယ်သော်လည်း လူတိုင်းလေးစားလျက်ရှိသည်။ လူတိုင်းချစ်ကြသော စိတ်ကောင်းရှိလှသည့် ထိုလူငယ်စီးပွားရေး လုပ်ငန်းရှင်လေးတွင် အတိုက်အခိုက်အမျိုးမျိုးဖြင့် ဝန်းရံနေပြီး လုပ်ကြံသူအမျိုးမျိုးဖြင့် သူ၏ဘေးတွင် ရှိနေခဲ့သည်။ ထို့ကြောင့် ကိုယ်ရံတော်ဟု သတ်မှတ်ရလေမလား လက်ရုံရည် နှလုံးရည်နှင့် ပြည့်စုံသော လူအမြောက်အများအား သူ၏ ဘေးတွင် ခေါ်ဆောင်ထားခဲ့သည်။ ထိုလူငယ်သူဌေးလေးဟာ လူသားချင်း ကိုယ်ချင်းစာလျက် နိမ့်ကျသူများအားလည်း မိမိ၏ လုပ်ငန်းတွင် ခေါ်ဆောင်ထားပြီး နေစရာမှ အစပေးကာ အလုပ်ခန့်ထားလေ့ရှိသည်။ ထိုလူငယ် သူဌေးလေး၏ သတင်းကား ပန်းသတင်းမို့ လေညင်းက ဆောင်ခဲ့လေသလား တစ်တိုင်းပြည်လုံး ထိုလူငယ်လေးအား မမြင်ဘူးခဲ့ပေမယ့် လူတိုင်းကား သူ၏ နေသူရှိန်ဟူသော နာမည်အား ကြားဘူးနေလျက် မမြင်ဘူးခဲ့သော်လည်း နာမည်ကြားရုံနှင့် ရိုသေလေးစားလျက်ရှိကြသည်။

တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေ အပိုင်ရဲစခန်းမှ စခန်းမှူးကြီး ကိုမောင်ဝင်းရှိရာသို့ အလည် သဘောဖြင့် သွားရောက်ခဲ့သည်။ ထိုစခန်းမှူးကြီးဟာ ကျွန်ုပ်နှင့် အသက်အရွယ်အားဖြင့် ကြီးရင့်သော်လည်း ကျွန်ုပ်အား တလေးတစားဆက်ဆံသူ တစ်ဦးဖြစ်သည်။ သူ၏ တာဝန် စားပွဲဝိုင်းအရှေ့သို့ ကျွန်ုပ် အရောက်သွားလိုက်ပြီး
' ဗျို့… ကိုမောင်ဝင်း အလုပ်တွေ ရှုတ်နေတာလား'
' ဟာ … ထီးကလေး ဘယ်ကနေ လှည့်လာတာတုန်း … လာထိုင် '
ကျွန်ုပ်အား လှိုက်လှဲစွာ ခေါ်လျက် သူ၏ စားပွဲဝိုင်းဘေး၌ ခုံအလွတ်တစ်ခု ယူစေပြီး ရင်းနှီးစွာ ထိုင်ခိုင်းစေသည်။
' ဘယ်ကမှ လှည့်လာတာ မဟုတ်ဘူးဗျို့… ခင်ဗျားဆီကိုပဲ အလည်လာခဲ့တာ '
' ကိစ္စရှိလို့လား … '
' ကိစ္စတော့မရှိပါဘူး … ကျွန်တော်လဲ ဘွဲ့ရပြီးတည်းက ဘာအလုပ်မှ မရှိတာနဲ့ အိမ်ကလည်း ငြိုငြင်နေပြီး ကျွန်တော့ကို အလုပ်ရှာခိုင်းနေလို့ စိတ်ညစ်ညစ်နဲ့ ထွက်လာခဲ့တာ'
ကျွနု်ပ်၏ စကားအဆုံး၌ စခန်းမှူးကိုမောင်ဝင်းတစ်ယောက် ငြိမ်သတ်နေလျက် သူ၏ခေါင်းအား ဖြည်းညင်းစွာ ညိမ့်နေခဲ့သည်။
' လာကွာ … တို့လက်ဘက်ရည်ဆိုင် သွားထိုင်ပြီး စကားအေအေးဆေးဆေး ပြောကြရအောင် '
သို့နှင့် သူ၏ အားလပ်သော တာဝန်ချိန်၌ ကျွနိုပ်နှင့်အတူ လမ်းထိပ် ကားဂိတ် ကိုဟန်စိုးရဲ့ ရွှေအိုး လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။ စခန်းမှူးကြီးဟာ အင်မတန်မှ သဘောထားကြီးပြီး စိတ်ရင်းစေတနာအလွန်ကောင်းမွန်သူ တစ်ဦးဖြစ်သည့်အလား သူ့အား ထိုပတ်ဝန်းကျင်မှ လူတိုင်း ချစ်ကြောက်ရိုသေကြသည်။
' ကိုထီးကလေး အလုပ်လုပ်ချင်တယ် ဆိုရင်တော့ ကျုပ်မိတ်ဆွေ လုပ်ငန်းရှင်တစ်ယောက်ရှိတယ် … သူ့ဆ်ီမှာ ကျုပ်ပြောပေးမယ်ဆိုရင် ခင်ဗျားနေရာကောင်းကောင်းနဲ့ အလုပ်ရနိုင်တယ် '
' နေရာကောင်းကောင်းမရရင် နေပါစေဗျာ … ကျုပ်အောက်ခြေကပဲ အရည်အချင်းနဲ့ စတတ်ချင်တယ် တကယ်လို့ ကိုမောင်ဝင်းပြောတဲ့ အလုပ်ရမယ်ဆိုရင်တော့ ကျုပ်လုပ်ချင်မိတယ် '
' သူက လူငယ် စီးပွားရေး လုပ်ငန်းရှင်လေး တစ်ယောက်ပဲ … အသက်ငယ်ငယ်လေး ရှိသေးတယ် … နာမည်ကြားရင် ကိုထီးလေး သိနိုင်မှာပါ သူ့နာမည်က သူဌေးလေး နေသူရှိန်'
' ဗျာ … နေသူရှိန် '
' ဟုတ်တဟ် … သူ့အကြောင်းကိုလဲ ကျုပ်တို့ သာမာန်ပြည်သူတွေ ကြားဘူးနေကြတာပဲ … ကျုပ်ဒုရဲအုပ်ဘဝတည်းက သူ့အဖေနဲ့ ရင်းနှီးခဲ့တာ ကျုပ်ကိုလဲ ကိုနေသူရှိန်က သိတယ်'
' မနေ့ကတောင် ကြေးမှုံသတင်းစာထဲမှာ သူ့ရဲ့ ပရဟိတ အကြောင်း ကျုပ်ဖတ်ဖြစ်လိုက်သေးတယ် တကဟ့်ကို လေးစားစရာကောင်းတဲ့ လူငယ်လေးပါပဲဗျာ '
' ဒါပေါ့ဗျာ … ဒါကြောင့်လဲ သူ့နာမည်ကြားတာနဲ့ ကလေးအဆုံး အသက်အရွယ်အိုမင်းနေတဲ့ လူကြီးတွေကတောင် တလေးတစားရှိကြတာပေါ့ … တစ်ခုရှိတယ် သူ့ဘေးမှာ သူရဲ့ စည်းစိမ်တွေကို မက်ပြီး သူ့ကိုလုပ်ကြံချင်တဲ့ သူတွေရှိနေတယ် … ဒါတင်မကသေးဘူး … အောက်လမ်းပညာသည်တွေနဲ့ ပေါင်းပြီး သူ့ကို လုပ်ကြံတဲ့ သူတွေလဲရှိတယ် '
' ဟင် … ဒါကို ကိုနေသူရှိန်က မသိဘူးလား'
' သူက ခေတ်ပညာတတ် စီးပွားရေး လုပ်ငန်းရှင် ဆိုပေမယ့် အဲ့ဒီ အောက်လမ်း စုန်း ပညာတွေကို ယုံကြည်တယ်ဗျ … ဒါကြောင့် သူ့ဘေးမှာ အဲ့လို အထက်ဂိုဏ်းဆရာတွေနဲ့ လက်ရုံးရည်နဲ့ပြည့်စုံတဲ့ သူတွေရော အများကြီးရှိနေတယ် … ထားလိုက်ပါ ဒါတွေက အရေးမကြီးပါဘူး ကိုထီးလေး တကယ်လို အောက်ချေကနေ စပြီးမှ အလုပ်ဝင်ချင်တယ်ဆိုရင်တော့ ကျုပ်ပြောပေးမယ်လေ အနည်းဆုံးတော့ဗျာ … စရေးလောက်တော့ ရမှာပေါ့ ဘယ်လိုလဲ …'
' ဟား … ဟား … ဘယ်နေရာ ရရ ကျုပ်လုပ်မယ် ကိုမောင်ဝင်းပြောတဲ့ ကိုနေသူရှိန်ရဲ့ အတွင်းရေးတွေကို ကျုပ်သိရတာနဲ့တင် စိတ်ဝင်စားသွားပြီး လုပ်မယ်ဗျာ '
' ကောင်းပြီး ဒါဆို မနက်ဖြန် မနက် စခန်းကိုလာခဲ့ … ကျုပ်နဲ့ ခင်ဗျားနဲ့ ကိုနေသူရှိန်ဆီမှာ အင်တာဗျူးသွားဖြေကြတာပေါ့'
' သိပ်ကောင်းတယ် ကိုမောင်ဝင်းရေ … ကျေးဇူးပါပဲ'
' ဟာဗျာ … သူစိမ်းဆန်တဲ့ စကားတွေ မပြောစမ်းပါနဲ့ … ဝိဥာဉ်မောင်ကျော်ကို ခင်ဗျားတို့ အစွမ်းကုန် ကူညီကြိုးစားပေးလို့ ပျောက်ကွယ်နေတဲ့ အမှု့ကြီးကို ကျုပ်ဖော်ထုတ်ပေးနိုင်ခဲ့တယ်လေ … အဲ့ဒီအတွက် နိုင်ငံတော်ကလဲ ကျုပ်ကို အခွင့်အရေး ရဲအရာရှိတစ်ယောက်အဖြစ် အသိမှတ်ပြုခြင်းခံခဲ့ရတယ် … ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး … ဟား ဟား … ကျုပ်က လေးစားပြီးသားပါဗျ '
ကျွန်ုပ်၏ နာမည် တင်သာမ သူငယ်ချငိးဖြစ်သူများ၏ အမည်ကိုပါ တမ်းတလျက် စခန်းမှူးကိုမောင်ဝင်းတစ်ယောက် ပြုံးရယ်ပြောဆိုလိုက်သည်။ ကိုဟန်စိုးရဲ့ ရွှေအိုး လက်ဖက်ရည်ဆိုင်မှ ကျွန်ုပ်နှင့်အတူ စခန်းမှူးကြီး အိမ်အပြန်လမ်းသို့ လမ်းခွဲကာ သွက်လက်သော ခြေလှမ်းတို့ဖြင့် ကျွန်ုပ်အိမ်အပြန်လမ်းသိ့ ဦးတည်လာခဲ့ချေတော့သည်။

မနက်လင်းသည်နှင့် ကိုမောင်ဝင်းပြောသည့် အတိုင်း အပိုင်းရဲစခန်းသို့ ကျွနိုပ်အရောက်သွားလျက် အလုပ်ဝင်ရန် အင်တာဗျူဆီသို့ ကျွန်ုပ်နှင့် ကိုမောင်ဝင်းတို့ ဦးတည်သွားလေတော့သည်။ သူ၏ ဂျစ်ကားလေးဖြင့် ကျွန်ုပ်အားခေါ်ဆောင်လာရင်း ဆူးလေမှတ်တိုင်ကျော်ကာ ၁၅ လမ်းထိပ်သို့ ရောက်လာခဲ့ချေတော့သည်။
' ကျုပ်တို့ လမ်းထဲတော့ ဝင်လို့ရမှာ မဟုတ်ဘူး … ဒီမှာ ကားထားခဲ့မှ ရမယ် '
ဟုဆိုလျက် ကားတံခါးဖွင့်ကာ ကျွန်ုပ်နှင့်ကိုမောင်ဝင်း ကားအတွင်းမှ ဆင်းလျက် ထိုလမ်မကြီးအတွင်းသို့ ဝင်ရောက်လာလေတော့သည်။
' အလုပ်က ဒီလမ်းထဲမှာပဲလား ကိုမောင်ဝင်း'
' မဟုတ်ဘူးဗျ … ဒီလမ်းထဲမှာက သူဌေးလေး နေသူရှိန်ရဲ့ မာန်နေဂျာနေတာ … ကျုပ်ညက ကိုသူရှိန့်ဆီ ဖုန်းဆက်ထားသေးတယ် … သူဒီမှာပဲ ရှိနေမယ်ဆိုလို့ လာခဲ့တာ '
  အချိန်ကား မနက် ၈ နာရီရှိနေခဲ့ပြီ။ ညီမျှသော ခြေလှမ်းတို့နှင့် ထိုလမ်းအတိုင်း ကျွန်ုပ်နှင့်ကိုမောင်ဝင်း စကားတစ်ပြောပြောနှင့် လျောက်လှမ်းလာကြရင်း တိုက်ခန်းတစ်ခုရှေ့သို့ အရောက်
' ဘယ်သွားကြမှာလဲ '
ကိုယ်ခန္ဓာဖြင့် ထွားကြိုင်းလှသည်။ မျက်နှာထားအား တည်ကြည်လျက် ပိုက်ထားသော သူ၏ ညာလက်အား တားလျက် နှုတ်မှ ပျက်သားစွာ မေးလိုက်သည့် လူသန်ကြီးအား ကိုမောင်ဝင်းမှ
' ရဲအုပ်မောင်ဝင်းပါ … သူဌေးလေးနဲ့ တွေ့ချင်လို့'
ပြန်လည် ဖြေကြားလိုက်သော ကိုမောင်ဝင်း၏ အဖြေအားလည်း လွန်စွာမှပင် တည်ကြည်လျက်
' ခဏစောင့် … ကျုပ်သွားပြောပေးမယ်'
     တိုက်ခန်းအပေါက်ဝတွင် အစောင့်သဘောမျိုးနှင့် အစောင့်ကြပ်များအား ထားစေခဲ့သည်။ ချက်ချင်းသာလျင် တိုက်ခန်းဆီသို့ ကျွန်ုပ်နှင့်ကိုမောင်ဝင်းအား ဝင်ရောက်ခိုင်းခြင်းမရှိ တစ်ဆင့်ခံလူအား သူဌေးလေးဆီသို့ အကြောင်းကြားစေခိုင်လိုက်သည်။ မကြာမီအချိန်၌ပင် လှေကားဆီမှ လူတစ်ယောက် အပြေးဆင်လာပြီး
' ဟုတ်ကဲ့ … စခန်းမှူးကြီး … ဝင်ခဲ့ပါ … '
ကိုမောင်ဝင်းအား ရိုသေလေးစားသော ဟန်ဖြင့် ထိုလူကြီးမှ တိုက်ခန်းအတွင်းသို့ ခေါ်ဆောင်လေခဲ့သည်။ ဆယ့်နှစ်ထစ်မျှ ရှိနေသော လှေကားအတိုင်း ကျွန်ုပ်နှင့်ကိုမောင်ဝင်း တတ်လာခဲ့ရင်း ပိတ်ထားသည့် အခန်းအပေါက်ဝ၌ တည်ကြည်လှသော လူကြီးနှစ်ယောက် စောင့်ကြပ်နေခဲ့သည်။ ကြည်ဖြူစွာနှင့်အပင် ပိတ်ထားသည့် အခန်းတံခါးအား ဖွင့်ဟပေးလျက် အခန်းအတွင်းသို့ လွယ်ကူစွာ ကျွန်ုပ်နှင့်ကိုမောင်ဝငိး ရောက်ရှိလာခဲ့ချေတော့သည်။
ပတ်လည် အကျယ်အဝန်းအားဖြင့် ပေ၂၀ မျှ ရှိနေသည့် ထိုတိုက်ခန်းအတွင်းတွင် စွဲဆောင်မှု့အားကောင်းသော ပန်းချီကာချပ်ကြီးများ ချိတ်စွဲထားပြီး အေးမြသော အဲလ်ကွန်းလေ၏ အထိတွေ့ကာ အပြင်မှအပူဒဏ်အား ခံလာရသော ကျွန်ုပ်နှင်ကိုမောင်ဝင်းအဖို့ သာယာသော ပန်းခင်းကြီးဆီသို့ ရောက်သွားသကဲ့သို့ပင် ခံစားလိုက်လေရတော့သည်။
' ထိုင်ပါ … သူဌေးထွက်လာပါလိမ့်မယ် '
တည်ကြည်လှသည့် လူကြီးများပင် အရှေ့ဆူးဆူးအား စိုက်ကြည့်လျက် ဧည့်ခန်းခုံများ၌ ကျွန်ုပ်တို့အား နေရာပေးထိုင်စေခဲ့သည်။ မကြာမီအချိန်၌ပင် လိုက်ကာလေးအား ဖွင့်ဟပေးလျက် အပြင်သို့ ခန့်ညားလှသည့် လူနှစ်ဦးနှင့် လူငယ်လေးတစ်ယောက် ထွက်လာချေခဲ့သည်။ ထိုလူငယ်လေး ထွက်လာသည်နှင့်ပင် ထိုင်နေသည့် ကိုမောင်ဝင်းမှ ကျွန်ုပ်အား အချက်ပြလက်ကုတ်လျက် ထိုင်နေရာမှ ထိုလိုက်လေသည်။ ကိုမောင်ဝင်းနီးတူ ကျွန်ုပ်သည်လည်း ထိုင်နေရာမှ ထလိုက်ပြီး
' ထိုင် … ထိုင်ကြပါ '
အပြုံးမျက်နှာဖြင့် ဖော်ရွေစွာ ထိုလူငယ်လေးမှ ပြန်လည်ထိုင်ခိုင်းစေခဲ့သည်။
' ကိုမောင်ဝင်း … မတွေ့ဖြစ်တာတောင် ကြာနေပြီ နေရောကောင်းရဲ့လား '
' ဟုတ်ကဲ့ … ကောင်းပါတယ်'
ကိုမောင်ဝင်းအား လူကြီးတစ်ယောက်တစ်ဖွယ် အပြုံးမျက်နှာလေးဖြင့် နှုတ်ဆတ်လိုက်ပြီး လူငယ်လေး၏ အကြည့်တစ်စုံကား ကျွန်ုပ်ဆီသို့ ရောက်လာလေခဲ့သည်။
' အလုပ်ဝင်မယ့် အစ်ကိုဆိုတာလား'
အလွန်ပင် ဖော်ရွေးလှသည့် လူငယ်လေးကား ကျွန်ုပ်အား အစ်ကိုဟု ခေါ်လျက် မျက်နှာထားလေးအား ပြုံးလျက်ရှိနေခဲ့သည်။
' ဟုတ်ကဲ့ခင်ဗျ … ကျွန်တော်ပါပဲ'
' ဟုတ်ကဲ့ အစ်ကို … ကျွန်တော့အခု (     ) စက်ရုံမှာ စာရေးတစ်ယောက်တော့လိုနေတယ် … အဲ့ဒီမှာ ဒီကအစ်ကိုက အလုပ်ဝင်ပေးနိုင်မလား'
ပြောလိုက်သည့် လေသံလေကား တည်ငြိမ်နေလျက် နုနယ်လှသော သူ၏နှုတ်ခမ်းလေးအား စေ့လျက်ထားခဲ့သည်။
 ' ဟုတ်ကဲ့ … '
' ကောင်းပြီ … ရဲအုပ်ကိုမောင်ဝင်းကိုယ်တိုင် ခေါ်လာပေးတာတော့ဆိုတော့ ဘာမှ ပြောစရာလိုမယ် မထင်ပါဘူး … ကျွန်တော် တစ်ခုတော့ပြောပါရစေ … '
' ဟုတ်ကဲ့… သူဌေးပြောပါ '
' ကျွန်တော့ဆီမှာ အလုပ်လုပ်ရင် အဓိက သစ္စာရှိဖို့တော့ လိုတယ်'
တည်ငြိမ်စွာ ပြောလိုက်သော ထိုလူငယ်လေး၏ စကားကြောင့် ကျွန်ုပ်၏ စိတ်ထဲတွင် ထင့်သွားပြီး နှုတ်မှ
' ကျွန်တော်က ခွေးတစ်ကောင်လိုပါပဲ သူဌေး … သခင်အပေါ် သစ္စာရှိမှာပါ '
ကျွန်ုပ်၏ သစ္စာတရားအား မသိရှိသေးသော ထိုလူငယ်သူဌေးလေးအား မာန်ကြီးစွာဖြင့် ကျွန်ုပ်ပြန်ပြောဆို လိုက်လေတော့သည်။ ကျွန်ုပ်၏ အဖြေစကားအား ကြားလိုက်သည့် ထိုလူငယ်လေး စေ့ထားသည့် သူ၏ နှုတ်ခမ်းမှ အပြုံးလေးများ ထွက်ပေါ်လာပြီး
' သိပ်ကောင်းတဲ့ အဖြေလို့ ကျွန်တော် ပြောလိုက်ရင် ဒီက …'
' ကျွန်တော့ နာမည် ထီးကလေးပါ … '
' ဟုတ်ကဲ့ကိုထီးကလေး … သိပ်ကောင်းတဲ့ အဖြေလို့ ပြောလိုက်ရင် ထီးကလေးကို ထိခိုက်မှာဆိုးမိတယ် … သို့ပေမယ့် ကိုထီးလေးအဖြေကို ကျွန်တော်ဖြင့် သိပ်ကြိုက်မိတယ် … ဟုတ်ကဲ့ရပါပြီ … မနက်ဖြန် ကိုမောင်ဝင်းလမ်းညွှန်ပေးတဲ့ နေရာဆီ ဒီက ကိုထီးကလေး အလုပ်စဆင်းနိုင်ပါပြီ'

'ဟုတ်ကဲ့'
  လူငယ်လေး သူဌေးလေး၏ ဘေးတွင် သူ၏ ကိုယ်ရံတော်များဟုဆိုရလေမလား တည်ကြည်ဖြောင့်မတ်လှသည့် လူကြီးနှစ်ယောက်ဟာ သူ၏ဘေးတွင် ထပ်ကြပ်မကွာ ရှိနေခဲ့သည်။ သူဌေးလေးဆီမှ ပြန်ခွင့်တောင်းလျက် ကျွန်ုပ်နှင့် ကိုမောင်ဝင်း တိုက်ခန်းအပေါ်သို့ တတ်ရောက်လာခဲ့သည့်အတိုင်း ပြန်လည်၍ ကောင်းစွာအောက်သို့ ဆင်းလာချေခဲ့သည်။
' တွေ့လား ထီးကလေး … သူဌေးလေးက အရမ်းသဘောကောင်းတယ် '
' ဟုတ်တယ်ဗျ … သူ့ကြည့်ရတာ ရင့်ကျက်တည်ကြည်တယ် … သာမာန်လူငယ်တွေနဲ့ မတူဘူး … ဒါကြောင့်လဲ လူတွေကို သူအုပ်ချုပ်နိုင်ခဲ့တာပေါ့ … သြော် … ဒါနဲ့ကိုမောင်ဝင် … သူဌေးလေးဘေးနားက လူနှစ်ယောက်က ဘာတွေလဲ '
' သြော် … အဲ့ဒါလား သူ့ရဲ့ အယုံကြည်အားထားရဆုံး လူရုံနှစ်ယောက်ပေါ့ … သူတို့တွေက ပြောရရင် တို့နိုင်ငံမှာ ပြိုင်ဘက်ကင်း လက်ရုံရည် နှလုံးရည်နဲ့ မှော်ပညာ အစစပေါ့လေ အဲ့ဒါတွေကို ပြိုင်ဘက်ကင်းတဲ့ သူတွေလို့ ကျူပ်သိထားရတာပဲ … '
' သူတို့ကြည့်ရတာ … သူဌေးလေးကို တော်တော် ဂရုစိုက်ပုံပေါ်တယ်နော် '
' ဒါပေါ့ … သူတို့က တကယ့် သစ္စာခံတွေ… သူဌေးလေးအရှေ့ကနေ အသေခံအသတ်ပေးမဲ့ လူတွေပေါ့ '
ကျွန်ုပ်သိချင်လှသော သူဌေးလေး၏ အကြောင်တို့အား မေးလျက် ရပ်ထားသည့် ဂျစ်ကားဆီသို့ ကျွန်ုပ်နှင့်ကိုမောင်ဝင်း ရောက်ရှိလာချေတော့သည်။ သို့နှင့် လာရာလမ်းအတိုင်း မောင်းနှင်လာကြရင်း အပိုင်ရဲစခန်းရှိရာသို့ ရောက်ရှိလာလေတော့သည်။ ကိုမောင်ဝင်းအား နှုတ်ဆတ်လျက် အိမ်အပြန်လမ်းသို့ ကျွန်ုပ်တစ်ယောက်တည်း ဦးတည်လာလေတော့သည်။
       အချိန်ကား ည ၇ နာရီ ၃၀ ရှိနေခဲ့ပြီ
ကျွန်ုပ်ဆီသို့ သူငယ်ချင်းဖြစ်သူ မျှားကလေး ရောက်ရှိလာပြီး
' ထီးလေး … နင်အလုပ်ရသွားပြီဆို ဟုတ်လား'
သူမ၏ အမေးကား ကျွန်ုပ်ပြန်လည်၍ မဖြေသေး ခပ်ပြုံပြုံးမျက်နှာထားပုံစံဖြင့်
' ဒါပေါ့ဟ … ရသွားပြီ …'
' ဘယ်မှာရတာလဲ '
' ငါပြောလိုက်ရင် … နင်တောင် အံ့သြသွားဦးမယ် '
' ပြောစမ်းပါဟ … ဘယ်မှာရတာလဲ '
' သူဌေးလေး နေသူရှိန်ဆီမှာပဲ '
' ဟင် … သူဌေးလေး နေသူရှိန်ဆီမှာ '
ကျွန်ုပ်၏ အဖြေစကားအား ကြားလိုက်ရသည့် သူငယ်ချင်းဖြစ်သူ မျှားကလေးတစ်ယောက်မှာတေတ့ အံ့သြသွားသည့် ပုံစံမျိုးဖြင့်
' ဟုတ်လို့လား … ဘယ်လိုရသွားတာတုန်း'
' မဟုတ်ပဲနဲ့ ငါကပြောစရာလား … ဒီလို '
သူဌေးလေး နေသူရှိန်အား ကျွန်ုပ်တို့အဖို့ အမည်ကြားဘူးရုံမှလွဲလျက် ယခုလို ကိုယ်တိုင် တွေ့ကြုံလာခဲ့ရသည်ကို အတွင်းသိ ငယ်ပေါင်းဖြစ်သူ သူငယ်ချင်းမျှားကလေးမှပင် မယုံနိုင်ချေ။ သို့နှင့် သူမအား ကျွန်ုပ်နှင့် ကိုမောင်ဝင်းတို့၏ နေ့လည်မှ အဖြစ်အပျက်များအား ပြန်လည်၍ ရှင်းပြပြောဆိုလိုက်တော့သည်။
' ဟင် … သိပြီ … ငါ့အထင် နင်အလုပ်လုပ်ချင်လို့တော့ မဖြစ်နိုင်ဘူး … ကိုမောင်ဝင်းပြောတဲ့ သူဌေးလေးဘေးမှာ ဝိုင်းနေကြတဲ့ အန္တရယ်တွေအထဲက အောက်လမ်းပညာကို နင်ရှင်းချင်လို့မဟုတ်လား'
' ဟားဟား … တော်လှချည်းလား ဒါကြောင့်လဲ ထီးကလေးရဲ့ သူငယ်ချင်းဖြစ်နေတာပေါ့လေ … ဟုတ်တယ်ဟ … ၉၀ ရာခိုင်နှုန်းကတော့ အဲ့ဒါကြောင့်ပဲ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကတော့ သူဌေးလေးဖြစ်နေတဲ့ အခတ်အခဲတွေကို ငါဖြေရှင်းပေးချင်တယ် '
' ဟားဟား … နင်ကလဲ သူ့ဘေးနားမှာမှ လူတွေ တစ်ပုံကြီး … နင်က ဘဟ်လို ဖြေရှင်းပေးချင်တာလဲ '
' နင်တို့မသိနိုင်သေးတဲ့ အကြောင်းတွေ ရှိပါသေးတယ် … သြော် … နင်တို့လေးယောက်ကို ငါတစ်ခုပြောရဦးမယ် … ငါအလုပ် အဆင်ပြေတာနဲ့ နင်တို့ကိုပါ အလုပ်ထဲ ဆွဲထည့်မှာနော်… ဘယ်လိုလဲ'
' ရတယ်လေ … ငါတို့ကလဲ အလုပ်လက်မယ့် ဖြစ်နေတာနဲ့ အတော်ပဲ … နင်ဘယ်နေ့ စဆင်းရမှာလဲ '
' အလုပ်စဆင်းရမှာတော့ မနက်ဖြန်ပဲ … ဒါပေမယ့် ဘယ်နေရာမှာ သွားစင်းရမယ်ဆိုတာတော့ ဒီည ကိုမောင်ဝင်းငါ့ဆီ ဖုန်းဆက်လိမ့်မယ် '
' ကောင်းပြီး … ကောင်းပြီ… သြော် … နင့်ကို ပြောရဦးမယ် … ဝိဥာဉ်မောင်ကျော် အကြောင်းနဲ့ ပတ်သတ်ပြီး ငါတို့ဇာတ်လမ်းရေးထားခဲ့သလို တစ်ချိန်ချိန်မှာ ငါတို့ဇာတ်လမ်းကို ဗီဒီယိုရိုက်ဖြစ်ရင် တည်းဖြတ်အတွက် သီချင်းလေးပါ ဆက်ထားပေးလို့ လာပြောတာ '
' အေးပါဟ … ငါလဲ တွေးထားပြီးသားပါ … ဘာလိုလိုနဲ့ ဖြူဖြူသျှင်းရဲ့သမီးလေးတောင် တော်တော်လေး ကြီးလာပြီးနော် … နောက်အားမှပဲ သွားလည်ကြတာပေါ့ '
' အေးအေး … ဒါဆို ငါ့ကိုခွင့်ပြုဦး … မနက်ကျမှ နင်အလုပ်စစင်းရမယ့် နေရာ ဘယ်နေရာလဲ ပြောဦး'
  သို့နှင့် ကျွန်ုပ်အား လက်ပြနှုတ်ဆတ်လျက် သူငဟ်ချင်းဖြစ်သူ မျှားကလေး ပြန်လည်ထွက်ခွာ သွားချေတော့သည်။ အိပ်ခန်းအတွင်းအား တံခါးဖွင့်ကာ ဝင်ရောက်သွားလျက် မိတ်ဆွေ စခန်းမှူးကြီး ကိုမောင်ဝင်းထံမှ ဝင်လာမည့် ဖုန်းအား စောင့်စားနေရင်း ပြတင်းပေါက်နံဘေးတွင်သာ အဝေးသို့ မျှော်ကြည့်လျက် ကျွန်ုပ်ရပ်လျက်နေခဲ့သညိ။
ထိုအချိန်၌ စားပွဲပေါ်မှ ကျွန်ုပ်၏ ဟန်းဖုန်းသီချင်းသံလေးအား ထွက်ပေါ်လာချေခဲ့သည်။ ထိုအသံကား ကျွန်ုပ်၏ အဝင်ဖုန်းသံ သီချင်းဖြစ်သောကြောင့် မိတ်ဆွေကိုမောင်ဝင်းဆီမှ ဖုန်းဟု ကျွန်ုပ်ကောင်းစွာ သဘောပေါက်ချေခဲ့သညိ။ သို့နှင့်
' ထီးကလေး … မနက်ဖြန် သွားရမယ့်နေရာက … စောနယ်က စက်ရုံတစ်ခုကိုပဲ '
' ဗျာ … စောနယ်က စက်ရုံကို ဟုတ်လားကိုမောင်ဝင်း'
' အေးဗျ … လက်တလော အရေးကြီးတဲ့ အကြောင်းပေါ်လာလို့ သူဌေးလေးက ခင်ဗျားကိုလွတ်ရတာပဲတဲ့ … အဲ့ဒါ ညတွင်းချင်း ခရီးသွားဖို့အတွက် ပြင်ဆင်ထားပေတော့ ထီးကလေးရေ… ဘယ်လိုလဲ သွားနိုင်ပါ့မလား '
' သွားနိုင်ပါတယ်ဗျ မနက်စောစော ထွက်ရမှာပေါ့ … စောနယ် ဘယ်နားက စက်ရုံလဲဗျ '
' (        ) အဲ့ဒီစက်ရုံပဲ ထီးလေးရေ … စာရေးအသစ်လာမယ်လို့ ကိုနေသူရှိန် အဲ့ဒီက မန်နေဂျာကို ဖုန်းဆက်ထားတယ်တဲ့ ခင်ဗျားရောက်သွားတာနဲ့ သူတို့တွေ ကြိုဆိုကြလိမ့်မယ်'
စောင့်စားမျှော်လင့်နေသည့် မိတ်ဆွေကြီးထံမှာ ဖုန်းဖြစ်လျက် ကျွန်ုပ်၏ ခေတ္တသွားရောက်ပေးရမည့် နယ်ကာ စောနယ်ဖြစ်နေလေသည်။ သို့နှင့် ညတွင်းချင်း ထိုစောနယ်သို့ ခရီးထွက်ရန် ပြင်ဆင်ထားလျက် မနက်လင်းသည်နှင့် ကိုမောင်ဝင်း လမ်းညွှန်ပေးလိုက်သော စောနယ်မှ
(      )စက်ရုံဆီသို့ ကျွန်ုပ်ထွက်ခွာသွားချေတော့သည်။

***********************************
ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား
(၁၁.၉.၂၀၁၅)
မြန်မာစံတော်ချိန် မွန်းလွဲ (၃)နာရီအချိန်တွင် ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ -ထီးကလေး ။(ရင်နှင့် ရင်း၍ ရေးသားသည်။)
မကြီး Soe San အား အစဉ်လေးစားနေလျက်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages