အပိုင်း(၁) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁) ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း

Share This
တစ္ဆေဇာတ်လမ်းရှည် ကြိုက်သူများအတွက် သီးသန့်ရေးသားထားသော

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
          ဝိဥာဉ်နှင့်
ပျောက်ဆုံးနေသော သူ၏
             အလောင်း
                     အပိုင်း (၁)
စာရေးသူ-ထီးကလေး



အချိန်ကား ညနေဆည်းဆာ နေဝင်လုနီးပါး ကောင်းကင်တစ်ခုလုံး နီးရဲလျက် တိမ်စိုင်များက တောက်ပနေသည်က မြို့ပြပေ၁၀၀ လမ်းပေါ်တွင် လျောက်လမ်းနေကြသော လူတို့၏ အသားရောင်များမှာ ဝင်းဝါလျက် ထိုအထဲတွင် ပေ၁၀၀ လမ်းမအတိုင်း ခေါင်းငိုက်စိုက်လျက် လျောက်လှမ်းလာသော လူငယ်လေး တစ်ယောက်ကား လမ်းနံဘေးတွင် တည်ရှိနေသော ကြီးမားလှသည့် ညောင်ပင်ကြီးတစ်ပင်၏ အောက်သို့ ဝင်လျက်
`ဟူး…ဒီမှာ ခဏနားဦးမှပဲ…မိုးလဲ ချုပ်တော့မယ် ဘယ်သွားလို့ ဘယ်လာရမှန်းကို မသိဘူး သွားစရာ နေရာကလဲ ရှားလိုက်တာနော်…စိတ်ညစ်ပါတယ်…´
ညည်းထွားလျက် တစ်ယောက်တည်း ပြောဆိုခါ အပင်ကြီး၏ အမြစ်ပေါ်တွင် ထိုင်မည်အလုပ်
`အောင်မာ…အရာရာ အစစ ငါ့နေရာကို မင်းကလုချင်တာလား သွားစမ်း ငါ့နေရာက အခုချက်ချင်း ထွက်သွားစမ်း´
ပဲ့တင်ထပ်နေသည့် အသံကြီးတို့ဖြင့် အပင်အောက်တွင် ရှိနေသော လူငယ်လေးအား ဒေါသတကြီး အော်ပြောလျက် အသံလာရာဆီသို့ ထိုလူငယ်လေး မော့ကြည့်လိုက်ပြီး ကြောက်မက်ဖွယ် အသံကြီးတို့နှင့် ပြောနေသော ထိုလူကြီးအား တုန့်လှုပ်ခြောက်ခြားမှု့ မရှိ အပင်ကြီး၏ ကိုင်းပေါ်တွင် ထိုင်နေသော ထိုလူကြီးအား မော့ကြည့်လျက်
`ဟာဗျာ…မဟုတ်ပါဘူး ဒီမှာ ခဏလေး နားနေတာပါ ပြီးရင် ကျုပ်သွားမှာပါ…´
`အိုး…မလိုချင်ဘူး…အခုချက်ချင်း ထွက်သွား…ငါ့နေရာက အခုချက်ချင်းသွား…သွား…မသွားသေးဘူးလား…´
`ဟာ!…အောင်မလေးဗျ…မ…မလုပ်ပါနဲ့…ကျုပ်…ကျုပ်…သွားပါ့မယ်…´
အပင်ကြီးအောက်တွင် ပေကပ်စွာ ရှိနေသော လူငယ်လေးအား ထိုလူကြီးမှ နှင်ထုတ်လျက် သူ၏ ဝါရင့် ဝိဥာဉ်အစွမ်းများနှင့် လူငယ်လေးထက် အဆပေါင်းများစွာ ကြီးမားသော ခန္ဓာကိုယ်အဖြစ် ဖန်းဆင်းပြလိုက်လေရာ လူငယ်လေးမှာ ကြောက်လန့်တုန့်လှုပ်လျက် အပင်ကြီးအောက်မှ ထွက်ကာ ပေ၁၀၀ လမ်းမအပေါ်သို့ အပြေးပြန်တတ် လာလေတော့သည်။
`ငါ့နဲ့နော် တစ်လမ်းလုံး အခြောက်လန့်ခံလာရတာ အခုချိန်ထိပါပဲလား…ဒီသရဲကြီး ကြည့်ရတာ တော်တော် သက်တမ်းရင့်နေပုံရတယ်…တော်သေးတာပေါ့ ငါ့ကို ဒုက္ခမပေးတာပဲ ကျေးဇူးတင်ရဦးမယ်…´
ညည်းထွား တွေးတောလျက် ပေ၁၀၀လမ်းမကြီးအတိုင်း လျောက်လာရင်း မှောင်ရီပျိုးစ အချိန်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် အမှောင်ရိပ်သန်းကာ လူပျက်သည့် လမ်းအတွင်းသို့ ဝင်ရောက်လာပြီး ဟောင်းနွမ်းပျက်စီးနေသော အိမ်ကြီးတစ်လုံးအား တွေ့လိုက်ရသည်။
`ဟာ…အတော်ပဲ ဒီအိမ်ကြီး ကြည့်ရတာ လူရှိမယ့်ပုံတော့ မပေါ်ဘူး ဒီမှာ ခဏနားပြီးမှ ငါရှေ့ခရီးဆက်ရမယ် ´
အကြံပေါက်လျက် သစ်ပင်ခြုံနွယ်များ နွယ်တတ်ခါ ဟောင်းနွမ်းနေသော ထိုခြံဝိုင်းအတွင်းသို့ ဝင်ရောက်လာလေသည်။ ထို့နောက် ကျိုးပဲ့ပျက်စီးနေသည့် အိမ်မကြီး တံခါးဆီမှ အိမ်အတွင်းသို့ ဝင်ရောက်လာပြီး စုတ်ပျက်ပေါက်ပြဲနေသော ဆိုဖါခုံပေါ်သို့ ချေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ထိုနောက် အိမ်ကြီး၏ အပေါ်ထပ်မှ စကားသံတစ်ချို့အား ကြားလိုက်ရသည်ကြောင့် ဂရုတစိုက်နားထောင်ကြည့်လေရာ
`စားကြ…သောက်ကြ အစာများများရတုန်း ဝအောင်သာ စားကြ တစ်ခါတစ်ခါ အစားရှာရတာ လွယ်တာမဟုတ်ဘူး အခုတောင် လမ်းထိပ်အိမ်က ဝက်စာပုံးအိမ်ရှေ့ချထားတုန်း ငါ့ထက်ကြီးတဲ့ အကောင်တွေ မမြင်ခင် ငါနှိုက်လာခဲ့တာပဲ…´
`ရှင့်မလဲတော်…ကျုပ်တို့ သားအမိတွေ အတွက် အနိုင်ကျင့်ခံရ…အထုအရိုက်ခံရနဲ့ တော်တော်လေး ပင်ပန်းနေပါပြီ…ကြာတော့ ရှင့်ကိုတောာင် အားနာနေမိတယ်´
`မလိုပါဘူးဟာ…နင်တို့ သားအမိတွေ အခုလို ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာကိုပဲ ငါကျေနပ်လှပါပြီ´
အိမ်ကြီး၏ အောက်ထပ်တွင် ရှိနေသော လူငယ်လေးကား ထိုသို့ ထူးဆန်းသည့် စကားများသံများကို ကြားလိုက်သည်နှင့် တအံ့တသြဖြစ်ခါ ထိုင်နေရာမှ ထလျက် ကျိုးပဲ့နေသော လှေကားတို့ဆီမှ အိမ်ကြီး၏ အပေါ်ထပ်သို့ တတ်လာခဲ့လေသည်။ ထို့နောက် အသံလာရာ အခန်းသို့ ဖြေးညင်းသော ခြေလှမ်းတို့ဖြင့် မမြင်ကွယ်ယာမှ ချောင်းကြည့်လိုက်ပြီး
`ဟာ…သွားပါပြီ…ငါ့ထက်ဦးတဲ့ အကောင်တွေရှိနေပါလား ဒုက္ခပါပဲ သူတို့တွေ ငါ့ကိုတွေ့သွားရင် မောင်းထုတ်ကြမှာ သေချာတယ် မတတ်နိုင်ဘူး…ဒီမှာပဲ သူတို့မတွေ့အောင် ပုန်းပြီး ခဏနားနေမှ့ ဖြစ်မယ်…နေပါဦး…ဒါနဲ့ သူတို့တွေကြတော့ ထမင်းကျန်တွေ စားနေကြတယ် ငါကျတော့ ဘာဖြစ်လို့ ဗိုက်မဆာရတာလဲ…ဟာ…မသိဘူးကွာ စိတ်တွေကို ရှုတ်နေတာပဲ ဘာပဲဖြစ်ဖြစ် သူတို့မတွေ့အောင် ပုန်းနေမှ ဖြစ်မယ် ´
ထိုလူငယ်လေး ချောင်းကြည့်လိုက်လေရာ အိမ်ကြီး၏အပေါ်ထပ် ပျက်စီးနေသော အခန်းထဲတွင် မိသားတစ်စု ရယ်မောပျော်ရွှင်စွာ လူတို့၏ အကြွင်းအကျန် ထမင်းများအား အားပါးတရ စားနေကြသည်ကို တွေ့လိုက်ရသည်။ ထိုအခန်းအတွင်းသို့ လူငယ်လေး ချောင်းကြည့်နေစဉ် အချိန်မှာပဲ အိမ်ကြီး၏ အောက်ထပ်သို့ လူတစ်စု ပြေးဝင်လာသော အသံများအား ကြားလိုက်ရသည်ကြောင့် အခန်းထဲရှိ မိသားစု အပြေးထွက်လာလေရာ လူငယ်လေးမှာ မမြင်ကွယ်ယာသို့ ပုန်းအောင်းလိုက်ပြီး သူတို့အား အကဲခတ်ကြည့်နေလျက်
`တော်သေးတာပေါ့ကွာ…အဘွားကြီး အခန်းထဲ ဝင်လာတာ ငါ့မြင်လိုက်လို့ မဟုတ်ရင် ငါတို့အားလုံးတော့ ကွီခနဲ မိပြီ…´
`ဟုတ်ပါ့…သြော်ဒါနဲ့ ပစ္စည်းတွေရော ပါလာရဲ့လား…´
`ပါပါတယ်ကွ…ဘီဒိုထဲက ပိုက်ဆံတွေရော ရွှေတွေရော အကုန်ပါတယ် …´
`ဟားဟား ငါတို့တော့ ပြေလည်ပြီပေါ့ ငါတို့အလုပ်က လူခြေတိတ် ညဥ့်နက်တဲ့အထိ စောင့်နေရမယ့် ခေတ်မဟုတ်တော့ဘူးကွ ဒီလို မှောင်ရီပျိုးချိန်က အသင့်တော်ဆုံးပဲ…ဒါနဲ့ ဒီည ငါတို့ ဒီရပ်ကွက်က ထွက်မှာလား´
`ဟာကွာ…ဘယ်လိုလုပ် ထွက်လို့ရဦးမှာလဲ အခုတောင် ခွေးပြေးဝက်ပြေး ပြေးလာရတာ အခုလောက်ဆို အပြင်မှာ မင်းပထွေး ရဲတွေ ခြေချင်းလိမ်နေလောက်ပြီ ဒီညတော့ ဒီအိမ်ပျက်ကြီးမှာပဲ ခဏနေပြီ မနက်မလင်းခင် စောစော ထွက်ကြတာပေါ့…´
`ဟင်…ဒီအိမ်ကြီးမှာ ဒီညနေမယ် ဟုတ်လား…´
`အေးလေ…ဒီမှာ မနေလို့ မင်းက ရဲစခန်းသွားနေမလို့လား…´
`ကြည့်လုပ်ဦးနော် ဟေ့ကောင်တွေ ဒီရပ်ကွက်မှာ ငါစုံးစမ်းလို့ရသလောက်တော့ ဒီအိမ်ကြီးက သရဲအရမ်းခြောက်တာတဲ့ ညနေဆောင်းတာနဲ့ ဒီအိမ်ကြီးအနားကို ဘယ်သူမှ မလာရဲကြဘူး…´
`တော်စမ်းပါကွာ အပိုတွေ တစ်ဆိတ်ကို တစ်အိပ်လုပ်ပြောနေကြတာ ငါကတော့ မယုံလည်း မယုံဘူး မကြောက်လည်း မကြောက်ဘူး´
`ဟုတ်တယ် မင်းကြောက်ရင် မင်းဒီမှာ မနေနဲ့ သရဲခြောက်လို့ ဘာမှ မဖြစ်ဘူး ဒီကနေ ထွက်သွားမှ ငါတို့အားလုံး ထောင်နန်းစံရမှာ နားလည်လား …´
`အေးပါကွ…ငါလည်း စိုးရိမ်လို့ပြောတာပါ မကြောက်ပါဘူး´
အိမ်ကြီးအတွင်းသို့ အပြေးဝင်လာကြသော ထိုလူသုံးယောက်မှာ သူခိုးများဖြစ်လျက် လမ်းထိပ်အိမ်မှ ခိုးယူလာကြသော ခိုးရာပါ ပစ္စည်းတို့အား ထုတ်ကြည့်လျက် ပီတိဖြစ်နေကြသည်။ ထိုအဖြစ်ပျက်များအား အပေါ်ထပ်မှ မိသားတစ်စု စောင့်ကြည့်အကဲခတ်နေလျက် ထိုနောက်
`ကဲ…မဝင်းမြရေ ငါတို့လဲ မပျော်ရတာ ကြာပြီ အခုတော့ စိုက်စိုက်မြိုက်မြိုက် ငါတို့ နေရာကိုရောက်လာကြပြီ ဟားဟား ပညာကောင်းကောင်းပေးလိုက်ကြရအောင် …´
`ဟုတ်ပါ့ သားတို့ သမီးတို့ရေ အမေတို့ သားအမိတွေလဲ ပျင်းနေတာနဲ့ အတော်ပဲ စလိုက်ကြရအောင်…´
အတိုင်အဖောက်ညီစွာ ပြောဆိုလျက် ထိုသူခိုးသုံးယောက်အား စနောက် ခြောက်လန့်ရန် တိုင်ပင်ကြပြီးနောက် ယောက်ျားဖြစ်သူမှ အိမ်ကြီးအောက်ထပ်သို့ ရုတ်တရက် ဆင်းသွားပြီး ကျိုးပဲ့နေသော ခုံပေါ်တွင် ထိုင်နေသော လူတစ်ယောက်အား အနောက်မှ ရိုက်လိုက်လေတော့သည်။ ထိုသူကား ဘေးနားရှိ အဖော်ဖြစ်သော လူတစ်ယောက်ကို သူ့အား မည်သည့်အတွက်ကြောင့် ရိုက်ရသနည်းဟု မေးလျက် သုံးယောက်သား အချင်းချင်း ရန်ဖြစ်ကုန်တော့သည်။ ထိုသူ သုံးယောက် အချင်းချင်းရန်ဖြစ်နေသည်ကို ကြည့်လျက် ပျော်ရွှင်စွာနှင့် ထိုမိသားစုက ရယ်မောနေကြတော့သည်။ ထိုနောက် ၃နှစ်သားအရွယ် ကလေးလေးမှ ထိုသူသုံးယောက်ရှေ့တွင် ရုတ်တရက် ပြေးလျောက်ပြလိုက်လေရာ ထိုသူသုံးယောက်မှာ သရဲခြောက်နေပြီဟုဆိုလျက် အချင်းချင်း ပူးကပ်ခါ ကြောက်လန့်နေကြတော့သည်။ ထိုအဖြစ်ပျက်များကို မြင်နေရသည့် မိသားစုက ဟားတိုက်ရယ်မော ပျော်ရွှင်စွာဖြင့် မိန်းမဖြစ်သူမှာလဲ မိမိဆံပင်အား ဖားလျားချလျက် ခေါင်တိုင်ပေါ်မှ အတတ်အဆင်း လုပ်ပြလေရာ အိမ်ကြီးထဲရှိ သူခိုးသုံးယောက် နှုတ်မှ သရဲဟု တလျက် အိမ်ကြီးအတွင်းမှ အပြေးထွက်ပြေးကုန်ကြတော့သည်။ ခြံပြင်သို့ ရောက်သည်နှင့် ထိုလူသုံးယောက်အား မြေလှန်ရှာနေကြသော ရဲအရာရှိများမှ သူတို့အားမြင်သည်နှင့် ဖမ်းစီးသွားကြတော့သည်။
`အင်း!…ဒီလိုကြတော့လည်း ဒီသရဲတွေက သူခိုးတွေကို ရဲလက်အပ်ပေးသလိုပါပဲလား…ဘယ်ဆိုးလို့လဲ စိတ်ကောင်းရှိကြသားပဲ´
အဖြစ်ပျက်များအားလုံးအား မမြင်ကွယ်ယာမှ ပုန်းခိုးကြည့်နေသော လူငယ်လေးက တွေးတောလျက် ခေါင်းလေးအား တစ်ဆတ်ဆတ် ငြိမ့်နေမိခဲ့သည်။ ရဲဖမ်းသွားသော သူခိုးတို့အား ထိုမိသားစုမှ ခြံဝိုင်းအတွင်းတွင် ကြည့်နေပြီးနောက် အိမ်ကြီးအတွင်းသို့ ပြန်လည်ဝင်ရောက်လာချိန်တွင်
`ကိုတင်အုန်း…ကျုပ်သူစိမ်းအနံ့ရနေသလိုပဲ…ရှင်ရော…´
`အေးဟ…ငါလည်း အခုနတည်းက အနံ့သဲ့သဲ့တော့ ရနေသား ဟိုလူတွေကို စချင်လို့သာ မပြောသေးတာ ငါလဲ သူစိမ်းအနံ့ရနေတယ်…´
အိမ်ကြီး၏ အပေါက်ဝတွင် ပြောဆိုနေသော စကားတို့အား ပုန်းခိုနေသည့် လူငယ်လေးကြားသည်နှင့် သူ၏အနံ့အား ထိုမိသားစုရရှိသွားပြီးဆိုသည်ကို ကောင်းစွာနားလည်၍ အလန့်တကြား ပုန်းအောင်းနေပြန်သည်။ ထိုနောက် ယောက်ျားဖြစ်သူမှ အနံ့ရနေသည့် အကြောင်းအား အိမ်ကြီးအတွင်းတွင် တစ္ဆေတစ်ကောင်ဝင်ရောက်နေသည်ကို သိရှိပြီး
`သူစိမ်း…မင်းထွက်လာရမလား…ငါတို့ မင်းကို ဆုံးမရမလား…ပုန်းနေရင် မြန်မြန်ထွက်လာနော် အခုနထက် ဆိုးသွားမယ်…ထွက်လာစမ်း…´
ထိုသူ၏ အမိန့်သာပါပါပြောနေသော စကားသံတို့အား ကြားလိုက်ရသည့် လူငယ်လေးမှာ တုန့်လှုပ်လျက် ပုန်းနေသည့် နေရာမှ မျက်နှာထားငယ်စွာဖြင့် ထွက်လာလေခဲ့သည်။
`ကျုပ်…ကျုပ်လာပါပြီ…´
`အောင်မာ…ငါတို့ပိုင်နက်ထဲကို ဒင်းက ကျုးကျော်လာရဲတယ်ပေါ့ ဟုတ်လား…မင်းမှာ ဘာအကြံတွေရှိလဲ ပြောစမ်း´
`ကျုပ်…ကျုပ်မှာ ဘာအကြံမှ မရှိပါဘူးဗျာ…ကျုပ် ဒီအိမ်ကြီးမှာ ခဏဝင်နားရုံလေးပါ ပြီးရင် ကျုပ်သွားမှာပါ…´
`ဟဲ့ကောင်လေး…နင့်ကြည့်ရတာ ဒီဘဝရောက်လာတာ မကြာသေးဘူးနဲ့ထင်တယ် ငါတို့နေရာကို နင်လုချင်နေတာလား…ပြော´
`မ…မဟုတ်ရပါဘူးဗျာ…ကျုပ်က သေသွားတာ မကြာသေးပါဘူး အခုလဲ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူး…ခြေဦးတည့်ရာ လျောက်လာရင်း ဒီအိမ်ကြီးကိုတွေ့လို့ ခဏဝင်နားတာပါ…´
`ကောင်းပြီလေ…ငါတို့ပိုင်နက်မှာ ခဏဝင်နားတယ်ဆိုတာ မရှိဘူး ဒီတော့ ငါတို့ပိုင်နက်ထဲကနေ မင်းအခုချက်ချင်းထွက်သွားပါ မဟုတ်ရင် ငါ့အဆိုးမဆိုးနဲ့…´
`ဟုတ်…ဟုတ်ကဲ့…ကျုပ်…ကျုပ်ထွက်သွားပါ့မယ်´
ြိခိမ်းခြောက်ပြောဆိုသော စကားတို့အား ကြောက်ရွှံ့လျက် လူငယ်လေးမှာ ထိုအိမ်ကြီးအတွင်းမှ အပြေးထွက်လာခဲ့တော့သည်။ မှောင်မည်းနေသည့် လမ်းအတိုင်း စ်တ်ပျက်စွာဖြစ် လျောာက်လှမ်းနေရင်း
`ဒီလောက် အစွမ်းရှိတဲ့ သရဲကြီးကိုတောင် နိုင်တဲ့သူ ရှိသေးပါလား အမလေးလေး…ငါ့အဖြစ်က ဆိုးလိုက်တာ တစ်ချိန်လုံး အနှင်ထုတ်ခံရ အခြောက်လန့်ခံရနဲ့ ဘယ်သွားလို့ ဘယ်လာရမှန်းလဲ မသိတော့ဘူး မထူးပါဘူး ငါ့စိတ်ရှိတဲ့ နေရာက်ုပဲ သွားတာကောင်းတယ်…´
မှောင်မည်းနေသည့် လမ်းအတိုင်း လျောက်လှမ်းလာရင် မနက်အလင်းရောင်လေးအား ထွက်ပေါ်လာခဲ့သည့် အချိန်သို့ပင် ရောက်ရှိလာတော့သည်။ မနက်လင်းသည်နှင့် လူငယ်လေးမှာ ကားမှတ်တိုင်ရှိ ကွမ်းယာဆိုင် အဟောင်းလေးတွင် ထိုင်လျက် လူသားတို့၏ လှုပ်ရှားနေသော ဟန်အမူယာတို့အား ကြည့်နေစဉ် `ဟေ့…ကောင်လေး…´
ထိုင်မှိုင်နေသည့် သူ့အား ပုဆိုးအကွက်ကျဲလေး ဝတ်ထားပြီး အင်္ကျီအဖြူ လည်ကုတုံးလေးအား သပ်ယပ်စွာ ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်မှ ရုတ်တရက် ပုခုံးပုတ် ခေါ်လိုက်လေသည်။ ထိုလူကြီးအား လူငယ်လေး အံ့သြတကြီး ကြည့်လျက်
`ဟင်…ဦး…ဦးလေးက ကျုပ်ကို မြင်ရတယ် ဟုတ်လား…ဦးလေးက လူမဟုတ်ဘူးလား…´
လူငယ်လေး၏ အမေးစကားတို့အား ထိုလူကြီးမှ ပြန်မဖြေ သူ့အား ပြုံပြလိုက်ပြီး
`လာပါ…ဒီမှာ လူအနံ့တွေ နံ့တယ် တစ်နေရာကိုသွားရအောင်…´
`ဟာ…ဘယ် ဘယ်ကိုသွားမှာလဲ…အောင်မလေး´
လူငယ်လေး၏ ပုခုံးအား ကိုင်လျက် ပုတ်လိုက်သည့်အချိန်မှာပဲ ထိုင်နေသည့် ကားမှတ်တိုင်မှ ထိုလူကြီးနှင့်အတူ လူရှင်းသည့် ရထားလမ်း နံဘေးသို့ ရောက်ရှိသွားတော့သည်။
`ဟင်!…ဦးလေးက တော်တော်စွမ်းတာပဲ ဦးလေးက ပယောဂါဆရာလားဟင်!…´
`ဘယ်ကသာကွာ ငါကလဲ မင်းလို ဝိဥာဉ်ပဲကွ…´
`ဟင်!…ဦးလေးကလဲ ကျွန်တော့လို ဝိဥာဉ်ပဲ ဟုတ်လား!…ဟာဗျာ…ဟုတ်ရဲ့လား ကားမှတ်တိုင်ကို ဦးလေးလျောက်လာတာ ကျုပ်တွေ့တယ် ဦးလေးကို လူပဲ ထင်လို့ ကျုပ်ဂရုမစိုက်တာ…ဘာဖြစ်လို့ ဦးလေးက တစ်ခြားဝိဥာဉ်တွေနဲ့ မတူရတာလဲ…´
`ဟားဟား…ငါဒီဘဝနဲ့နေလာတာ နှစ်မနည်းတော့ဘူးကွ အနည်းဆုံး အနှစ် ၂၀ကျော်လောက်ရှိပြီ ဝိဥာဉ်ဆိုတဲ့ အမျိုးနွယ်က သက်တမ်းရင့်လာလေလေ လူနဲ့ တူလာလေပဲကွ ဥပမာပြောရရင် လူတွေနဲ့အနီးကပ်နေတဲ့ တိရိစ္ဆာန်တွေက လူစကားနားလည်လာသလိုပဲပေါ့ ပြီးတော့ ငါ့သက်တမ်းအရ ဒီမြို့က ဝိဥာဉ်တော်တော်များများ ငါ့ကို ကြောက်ရတယ်´
`ဒါဆို ဟိုဘက်ရပ်ကွက်က အိမ်အပျက်ကြီးမှာနေတဲ့ မိသားစုကရော ဦးလေးကို ကြောက်ရတာပဲလား…´
`ဘယ်ရပ်ကွက်ကတုန်းကွ…သြော်သိပြီ…ဝင်းမြတို့ မိသားစုပဲ…သူတို့ သားအမိတွေက အဲ့ဒီအိမ်ပျက်ကြီးမှာ နေလာတာ ကြာလှပြီကွ သိပ်မကြာခင်ကပဲ သူတို့ လူဘဝတုန်းက မိတ်ဆွေတစ်ယောက်သေလို့ သူတို့နဲ့ဆုံပြီး တူတူနေတယ်လို့ သိရတာပဲ…ဘာဖြစ်လို့ မင်းက သူတို့ အကြောင်းမေးရတာလဲ…မဟုတ်မှ လွဲရော မင်းနဲ့ ဆုံခဲ့ပြီနဲ့ ထင်တယ်…ဟုတ်လား…´
`ဟုတ်တယ်ဗျ…ကျုပ်ခဏဝင်နားတာကို သူတို့က အတင်းမောင်းလွတ်တယ်…ပြီးတော့ ကျုပ်သိချင်တာ သူတို့ကြတော့ ထမင်းကျန်တွေ စားကြတယ်…ကျုပ်ကြတော့ ဘာဖြစ်လို့ မအိပ်ချင်ရတာလဲ ပြီးတော့ ဘာဖြစ်လို့ ဗိုက်မဆာရတာလဲ အဲ့ဒါကို သိချင်တာဗျ…´
`မင်းက ဝိဥာဉ် သက်တမ်းတိုမယ့် အမျိုးစားကွ ဒါကြောင့်မင်းမှာ ဗိုက်ဆာတာလဲ မရှိဘူး အိပ်လဲ မအိပ်ချင်ဘူး…မင်းတွေ့ခဲ့တဲ့ ဝိဥာဉ်တွေအားလုံးက သူတို့နေရာကို လုမှာ အရမ်းဆိုးကြတာ သူတို့က သက်တမ်းကြာကြာနေရမယ့် ဝိဥာဉ်တွေ ဖြစ်နေတော့ နေရာအလုခံရမှာ သိပ်စိုးရိမ်ကြတာ  ဒါကြောင့် မင်းကို မောင်းထုတ်ကြတာပဲ…
`သြော်…ဒါကြောင့်ကို ဒါနဲ့ ဦးလေးက ဘာလို့ ဘဝမကူးသေးပဲ နှစ်အကြာကြီး ဒီဘဝနဲ့ နေရတာလဲ´
`မကူးနိုင်သေးပါဘူးကွာ ငါ့အထက်က နတ်ကောင်း နတ်မြတ်တွေက ဝိဥာဉ်တစ်ချို့တွေကို အကူညီပေး ကယ်တင်ခိုင်းထားတာ ဒါကြောင့် အကူညီလိုနေတဲ့ ဝိဥာဉ်တွေမှန်သမျှ ငါလိုက်ကူညီပေးနေရတယ် ပြီးတော့ အကူညီလိုနေနဲ့ ဝိဥာဉ်အနားကို သူတို့မပြောပဲနဲ့ ငါရောက်သွားနိုင်တယ်´
`ဒါဆို ကျွန်တော့ဆီလာတာ ဦးလေးက ကျွန်တော့ကို ကယ်တင်မလို့ ဆိုပါတော့ ဟုတ်လား…´
`ဒါပေါ့ကွ…မင်းနာမည်နဲ့ မင်းအကြောင်းလေး ငါ့ကိုပြောပြဦး…´
`ကျုပ် နာမည်က မောင်ကျော်လို့ခေါ်တယ် ကျုပ်သိပ်ချစ်ရတဲ့ မိန်းမနဲ့ သမီးလေးတစ်ယောက်ရှိတယ် သမီးလေး မွေးပြီး မကြာခင်မှာပဲ ကျုပ်မတရား အသက်ခံခဲ့ရတာ အဲ့လူတွေကို ကျုပ် မကျေနပ်ဘူး သူတို့အားလုံးကို ကျုပ် လက်စားပြန်ချေချင်တယ်…´
`ဟေး!…ပြောစမ်းပါဦးကွ…မင်းအကြောင်း ပြည့်ပြည့်စုံစုံ သိချင်တယ်…´
လူငယ်လေး၏ အမြင်တွင် တွေ့နေကြ ဝိဥာဉ်များနင့် မတူသည့် ထိုဝိဥာဉ်ဦးလေးကြီးနှင့် စကားလက်ဆုံကြလျက် မိမိ၏ မတရားသေခဲ့ရသော အကြောင်းတို့အား မချွန်းမချန် ပြောပြလေတော့သည်။
**********************************

တစ်နေ့သ၌ ကျွုန်ပ်၏နေအိမ်သို့ သူငယ်ချင်းများဖြစ်သည့် လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး တို့ရောက်ရှိလာခဲ့ကြသည်။ ခြံတည်း၌် တစ်ယောက်တည်း ထိုင်နေသော ကျွုန်ပ်အား တွေ့သည်ကြောင့်
`ဟေ့…ထီးလေး…ဘာတွေ တွေးနေတာတုန်း…´
ကျွန်ုပ်၏ နာမည်နှင့်အတူ မေးခွန်းစကားအား ကြားလိုက်ရသည်ကြောင့် အသံလာရာခြံဝ ဆီသို့ ကြည့်လိုက်ပြီး
`ဟေး…ဟာ…လာကြလေကွာ လူစုံတပ်စုံပါလား´
ခြံဝိုင်းအတွင်းမှ ကျွုန်ပ်ထိုင်နေသည့် ခုံရှိရာသို့ အားလုံး လျောက်လာကြရင်း အနီးရှိ လွတ်နေသည့် ခုံများအတွင်းသို့ ကိုယ်ဆီ ဝင်ထိုင်လိုက်ကြသည်။ ထို့နောက်
`မင်း စောနယ်ဘက်ကို သွားမလို့ဆို ဟုတ်လား´
`အေးကွ…ကဝေဘုရင် ယမမင်းရှင်ကို နိုင်ခဲ့တဲ့ ဖိုးချစ်ဆီ အလည်သွားမလို့ စိတ်ကူးနေတာ´
`ငါတို့လဲ လိုက်မယ်လေ…ငါလဲ ဘဝင်သိပ်မကျဘူး တစ်ရွာလုံး ကြောက်နေရတဲ့ ကဝေဘုရင် ဦးမျိုးမြင့်က ကြမ်းနဲ့ဖင် ကပ်နေတာလေးနဲ့ ဖိုးချစ်ကို ဘာလို့ အရှုံးပေးရတာလဲ အဲ့တာကို သိပ်ဘဝင်မကျဘူး…´
`နင်တို့ကလဲဟာ…ငါအတိတ်မေ့နေတဲ့ တစ်ချိန်လုံး ဦးမျိုးမြင့်က ငါ့အပေါ် သမီးအရင်းလေးလို စောင့်လျောက်ပေးခဲ့တာကိုပဲကြည့် ဆက်ပြိုင်လဲ မနိုင်မယ့်တူတူ အရှုံးပေးလိုက်တာ ဖြစ်မှာပေါ့…´
`ဒါဆို မနက်မိုးလေးတာနဲ့ သူဘယ်ကို ပျောက်သွားရတာလဲ…´
`အေး…ဒါကို ငါလဲ သိချင်နေတာ အဲ့ဒါကြောင့် မနက်ဖြန် စောနယ်ကိုခရီးထွက်မယ့် အကြောင်း မင်းတို့ကို လာပြောမလို့ပဲ…ဒီတစ်ခေါက်တော့ ငါတစ်ယောက်တည်း သွားမယ်…´
`ဖြစ်ပါ့မလား…ထီးကလေး…ငါလိုက်ခဲ့မယ်လေ´
`စိတ်ချပါ တန်ကြီးရ ဒီတစ်ခါသွားမှာ ဘာပြသနာမှ မရှိဘူးလေ အလည်သတ်သတ်ပဲဆ်ုတော့ ငါတစ်ယောက်တည်း သွားမယ်´
`ကောင်းပြီ ထီးကလေး ဒါဆို ငါတို့ မနက်ဖြန် မနက် မင်းကို ကားဂိတ်လိုက်ပို့ပေးမယ်…ဟိုရောက်လို့ ဖုန်းလိုင်းမိရင် ချက်ချင်းဖုန်းဆက် ကြားလား လိုအပ်ရင် ငါတို့ပါ လိုက်လာခဲ့မယ်…´
`အေး…သူငယ်ချင်းတို့…´
သူငယ်ချင်းများနှင့်အတူ ကျွုန်ပ်စကားလက်ဆုံကြလျက် ခြံဝိုင်းအတွင်းတွင် အချိန်ကြာကြာထိုင်ပြီးသည့်နောက် မှောင်ရီပျိုးစအချိန်တွင် ကျွုန်ပ်အား လက်ပြနှုတ်ဆတ်လျက် သူငယ်ချင်းများ ထွက်ခွာသွားကြတော့သည်။

***********************************
အတန်ကြာ လူငယ်လေး၏ ဖြစ်ရပ်အကြောင်းတို့အား ကြားပြီးသည့် ထိုလူကြီးမှာ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလျက်
`အင်း…မင်းအကြောင်းကြားရတာတော့ စိတ်မကောင်းစရာပဲကွ ဒါတော့ ငါမကူညီနိုင်တာ ဝမ်းနည်းမိတယ်…´
`ဟင်!…ဦးလေးပဲ ကျုပ်အကူညီလိုနေလို့ ရောက်လာတာဆို ကျုပ်ကို ကူညီပေးပါ ကျုပ် သမီးလေးနဲ့ ကျုပ်တွေ့ချင်တယ် ကျုပ်မိန်းမက အခုချိန်ထိ ကျုပ်သေသွားမှန်း မသိရှာသေးဘူး…ဦးလေး ကူညီပေးပါ ကျုပ်ကို မတရားသတ်ခဲ့တဲ့ သူတွေကို ရဲလက်အပ်ချင်တယ် အိုး…ဗျာ…ဖြစ်နိုင်ရင် သူတို့အားလုံးကို ကျုပ်လက်နဲ့ အသေပြန်သတ်ချင်တယ်…´
`မင်းပြောပုံအရ မင်းကိစ္စကို ငါမကူညီနိုင်ဘူး ဒါပေမယ့် ကူညီပေးနိုင်မယ့် သူတော့ရှိတယ်…´
`ဘယ်…ဘယ်သူလဲ ဦးလေး…ဦးလေးသိလား…ပြောပါဗျာ…မြန်မြန်ပြောပါ ကျုပ်သိချင်လှပြီ…´
`သူက မွေးရာပါ ဆဠမအာရုံပါတဲ့ ပါရမီရှင်တစ်ယောက်ပဲ အဲ့ဒီလူကို မင်းတွေ့မှ အကူညီတောင်း သူပဲ မင်းကို ကူညီနိုင်လိမ့်မယ်…´
`ဘာ…ဘယ်လို…မွေးရာပါ ဆဠမအာရုံ ဟုတ်လား အဲ့ဒီလူက ဘယ်သူလဲ သူ့ကို ဘယ်မှာ ရှာရမလဲ…´
`သူ့ကို ရှာဖို့က လွယ်ပါတယ် မင်းစိတ်ထဲပေါ်လာတဲ့ နေရာကိုသာ သွားလိုက် သူ့ကိုတွေ့လိမ့်မယ်…အဲ့ဒါ ငါတို့ ဝိဥာဉ်တွေရဲ့ စိတ်စွမ်းအင်ပဲ…´
`ဟုတ်ပြီ ဦးလေး ပြောတဲ့အတိုင်း ကျုပ်လုပ်မယ်…ဘာဖြစ်လို့ ဦးလေးက ကျုပ်ကို ဒီကိစ္စမကူညီနိုင်တာလဲ…´
`ငါကူညီနိုင်တာက အယူမှားပြီး သာဓုမခေါ်နိုင်သေးတဲ့ ဝိဥာဉ်တွေကို အမြင်မှန်ပြပြီး သာဓုခေါ်နိုင်အောင် လုပ်ပေးတာ…မင်းစိတ်က လက်စားချေချင်စိတ် မေ့နေပေမယ့် မင်းအစွဲမှာ လက်စားချေပြီးမှ ဘဝကူးနိုင်မယ့် ပုံရိပ်တွေ ပေါ်နေတယ် ဒီတော့ ငါပြောတဲ့ မွေးရာပါ ဆဠမအာရုံရှိတဲ့ ပါရမီရှင်ကိုသာ မင်း မြန်မြန်သွားရှာပေတော့…´
လူငယ်လေးအား အကြံပေးပြောပြလျက် ထိုလူကြီး ပျောက်ကွယ်သွားချေတော့သည်။ ပျောက်ကွယ်သွားသည့် လူကြီးအား နှုတ်မှ တမ်းတအော်ခေါ်နေရင်း မိမိအတွေးစိတ်တွင် တစ်နေရာအား သွားချင် လာချင်စိတ်ဖြစ်ပေါ်လာမည့် အချိန်ကိုသာ လူငယ်လေး တမ်းတစောင့်မျှော်နေခဲ့တော့သည်။
သူငယ်ချင်းများ ပြန်သွားပြီး ဖြစ်သောကြောင့် ခြံဝိုင်းအတွင်းမှ အိမ်အပေါ်သို့ ကျွုန်ပ်တတ်လာပြီး အခန်းအတွင်းသို့ဝင်လျက် ကုတင်းအပေါ်သို့ လဲကျလိုက်တော့သည်။
`ဒေါက်…ဒေါက်…´
`ဘယ်သူလဲ…´`မေမေပါသားရဲ့…´
`ဝင်ခဲ့လေ မေမေ …´`မနက်ဖြန် မနက်စောစော သားခရီးသွားမယ်မဟုတ်လား ဒီည စောစောအိပ်လိုက်တော့ မေမေ လိုအပ်တာတွေ စီစဉ်ပေးထားပြီးပြီ အထုတ်ပိုးလဲ စီစဉ်ပြီးပြီ…´
`ဟုတ်ကဲ့…မေမေ…သားအခုအိပ်တော့မယ်…´
မေမေက ကျွုန်ပ်အား ခရီးထွက်ရန် အထုပ်အပိုးများ စီစဉ်ပေးပြီးကြောင်း ပြောလျက် အခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။ မေမေထွက်သွား ချိန်အတောအတွင်းမှာပဲ ကျွန်ုပ်၏ အခန်းတံခါးမှ အချက်ပေး တံခါးခေါက်သံအား ထပ်မံကြားလိုက်ရပြန်သည်။
`ဘယ်သူလဲ…မေမေလား…ဖေဖေလား…´
မည်သို့ပင် အခန်းအတွင်းမှ အကြိမ်ကြိမ်မေးနေသော်လည်း တံခါးခေါက်နေသော အသံတို့က ရပ်တန့်သွားခြင်းမရှိ သို့နှင့် အခန်းတံခါးအား ကျွန်ုပ်ဆွဲဖွင့်လိုက်ပြီး
`ဟင်!…ခင်ဗျား ဘယ်သူလဲ ဘယ်လိုလုပ် ကျုပ်အိမ်ထဲ ရောက်နေတာလဲ…´
`ကျွန်တော့ကို မောင်းမထုတ်ပါနဲ့ဗျာ…ဒီခြံနဲ့ အိမ်ထဲဝင်လို့ရဖို့ ကျွန်တော် အဆင့်ဆင့် ခွင့်တောင်းပြီး ခင်ဗျားဆီလာခဲ့ရတာပါ ကျွန်တော့်ကို ခင်ဗျားတစ်ယောက်ပဲ ကူညီနိုင်မယ့် ကိစ္စရှိနေလို့ ခင်ဗျားဆီမှာ ကျွန်တော် အကူညီလာတောင်းရတာပါ ကျွန်တော့ကို နှင်မထုတ်ပါနဲ့…´
`ခင်ဗျားက လူကောင်းလား လူဆိုးလား…ဘာကိစ္စလဲ ပြော ကျုပ်ကူညီနိုင်ရင် ကူညီမယ်…´
`ကျုပ်နာမည်က မောင်ကျော်ပါ ကျုပ်ကို သူဌေးလူတစ်စုက မတရားသတ်လို့ သေခဲ့ရတဲ့ ဝိဥာဉ်တစ်ကောင်ပါ…´
`ဘာ…ခင်…ခင်ဗျားက ဝိဥာဉ် ဟုတ်လား…´
`ဟုတ်ပါတယ်ဗျာ…ကျုပ်အကြောင်း ခင်ဗျားကို ပြောပြပါ့မယ်…ကျုပ် ခင်ဗျားကို ရန်မပြုပါဘူး ´
ထိုဝိဥာဉ်ရဲ့ အသနားခံ တောင်းဆိုမှု့ကြောင့် ကျွန်ုပ်၏ အိပ်ခန်းအတွင်းသို့ ဝင်ရောက်ခေါ်စေခဲ့သည်။ အခန်းအတွင်းရောက်သည်နှင့် ထိုဝိဥာဉ်၏ မျက်နှာပေါ်တွင် လွမ်းဆွေးမှု့တစ်ချို့အား လွှမ်းမိုးသွားလေသလား…သူ၏ အဖြစ်ပျက်တို့အား ပြောမည် အလုပ် ပိတ်ထားသည့် အခန်းတံခါးအား လာရောက် ခေါက်သော အသံကိုပင် ကြားလိုက်ရပြန်သည်။
 `သား…မင်း မအိပ်သေးဘူးလား အိပ်တော့လေ မနက် အစောကြီး သွားရဦးမယ် မဟုတ်လား´
အခန်းအပြင်မှ ကျွန်ုပ်အား စကားပြောလျက် အခန်းအတွင်းသို့ အဖေဝင်ရောက်လာချိန်မှာပဲ ကျွန်ူပ်အနားတွင် ရှိနေသော ဝိဥာဉ်ကောင်လေး ရုတ်တရက် ပျောက်ကွယ်သွားချေတော့သည်။
`ဘယ်သူနဲ့ စကားပြောနေတာလဲ…မင်းအခန်းက စကားပြောသံကြားလို့ လာမေးတာ အိပ်တော့လေ…´
`ဟုတ်အဖေ သားအိပ်တော့မှာပါ ဖုန်းပြောနေလို့´
အခန်းတံခါးလေးအား ဟဖွင့်လျက် ကျွုန်ပ်အား ပြောပြီး တံခါးပြန်ပိတ်ခါ အဖေထွက်သွားတော့သည်။ ထိုနောက် မောင်ကျော်ဟု ခေါ်တွင်သော ဝိဥာဉ်ကောင်လေးအား ကျွန်ုပ်တစ်ညလုံး တမ်းတလျက် မအိပ်နိုင်ပဲ သူ၏ မတရားအသတ်ခံရသည်ဟူသော အကြောင်းတို့အား သိချင်လျက် မေးမြန်းရန် စောင့်မျှော်နေခဲ့တော့သည်။

**********************************
စာရေးသူ-ထီးကလေး။(ရင်နှင့် ရင်း၍ ရေးသည်။)
မကြီး Soe San အား အစဉ်လေးစားလျက်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages