နှစ်ဘဝ သူငယ်ချင်း - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

စာမပေါ်သူများအတွက် ဦးစားပေး ရေးသားထားသော     
     လုံးဝ ဖြစ်ရပ်မှန်
       နှစ်ဘဝ သူငယ်ချင်း



ဖွင့်ဖြိုးကာစ နယ်မြို့လေးတစ်မြို့တွင် မဖွင့်ဖြိုးခင်က ရမ်းကားမှုများ လက်ကျန်ရှိနေမည် ဆိုသည်မှာ မလွဲချေ။ မြို့ဖြင့် အလှမ်းဝေးလှသည့် ရွာလေးတစ်ရွာအတွင်း လျှပ်စစ်မီး၊ ရေ ၊မီး အဆုံလျင် ရရှိခဲ့ချေပြီ။ ထိုရွာလေးမှာ နေထိုင်သူ ငယ်မွေးခြံပေါက် မွေးကတည်းမှ နေထိုင်လာသူ ဇော်မင်း ခေါ် ဇော်ကြီ ။သူကတော့ အမိဝမ်းတွင်းမှ အပြင်ရောက်ရောက်ချင်း ရွာထိပ်မှာ စွန့်ပစ်ခံခဲ့ရပြီး ဘုန်းကြီးကျောင်းတွင် ကြီးပြင်းလာခဲ့ရတယ်။ ဘုန်းကြီး ပြန်လွန်တော်မူတော့ ရွာထဲမှာ တဲလေးထိုးပြီး တစ်ယောက်တည်း နေထိုင်ခဲ့တယ်။ နောက်တစ်ယောက်က အေးမောင် ။သူကတော့ ထိုရွာလေးကို ခင်တွယ်ပြီး မိဘ ညီအစ်ကို မောင်နှမတွေ မြို့ပြောင်းရွှေ့သွားသည်ကိုတောင် လိုက်မသွားပဲ ထိုရွာလေး၌သာ မိဘအမွေနှစ် အိမ်လေးမှာ နေထိုင်ခဲ့တယ်။ အေးမောင်နဲ့ဇော်မင်းက ငယ်စဉ်ကတည်းမှ ငယ်သူငဟ်ချင်းများ ဖြစ်ကြပြီး ညီအစ်ကိုအရင်း သဖွယ်ချစ်ကြသည့် သူငဟ်ချင်းများပင်။ အရွယ်ရောက်လာတော့ အုပ်ထိမ်းသူ မရှိသည့် သူတို့နှစ်ယောက်က ထိုရွာလေးတွင် ဆိုးချင်သလိုဆိုးနေခဲ့တော့တယ်။ ရွာမှ လူကြီးများကလဲ သူတို့မျက်စိအရှေ့တွင် ကြီးပြင်းလာသည့် ကလေးများဖြစ်၍ နစ်နာထိခိုက်အောင် မလုပ်ပဲ ခြိမ်းခြောက်ရုံလောက်သာ ဆုံးမတတ်သည်။မိုးလင်းကတည်းက ဇော်မင်းနဲ့အေးမောင်ဟာ ထန်းရည်ဆိုင်သို့ ရောက်နှင့်ပြီး ဖဲရိုက် ကြက်တိုက် အလောင်းကစားမျိုးစုံကို လုပ်ကြတယ်။ သို့ပေမယ့် မိမိတို့ရွာ တင်မက တစ်ခြားရွာများကိုလဲ ထိခိုက်နစ်နာအောင် မလုပ်၊ ရွာမှ မိန်းကလေးများကိုလဲ ရှိတယ်လို့တောင် မထင်ပဲ အလောင်းကစား အသောက်အစား အရက်တစ်ခွက်မျှ စိတ်မဝင်စား။
တစ်နေ့အေးမောင်နှင့်ဇော်မင်း ရွာထဲမှာ ထင်းခွေရောင်းပြီး အရက်ဖိုးရှာရန် တောထဲသို့ ထင်းခွေသွားခဲ့ကြတယ်။ ငယ်စဉ်ကတည်းက ယုန်လိုက်နေသည့် သူတို့နှစ်ဦးအတွက် ထိုတောကြီးက ရင်းနှီးပြီးသား မိတ်ဆွေတစ်ဦးပင်။ ထင်လိုက်ခွေရင်း တောနက် တစ်နေရာသို့ရောက်တော့ ဇော်မင်းက
            အေးမောင် ဟိုအပင်ပေါ်မှာ ငှက်သိုက်တွေ့တယ် တို့ပြန်ရင် ထန်းရည်နဲ့မြည်းလို့ရတယ် ငှက်ဥတွေ ငါတတ်နိုက်လိုက်မယ်
       ဖြစ်ပါ့မလား ပြုတ်ကျနေပါဦးမယ်ကွာ
       ဖြစ်ပါတယ်ကွ မင်းသာ အောက်မှာ ငါပစ်ချတဲ့ ဥတွေကို မကွဲအောင်သာဖမ်း အသိုက်က ကြီးတယ် ဥတွေတော့ အများကြီးပဲ နေမှာပဲအေ့
ထိုသို့ပြောကာ ပုဆိုး ကတောင်းကျိုက်ပြီး အပင်ပေါ်သို့တစ်စင့်ခြင်း ဖတ်တတ်သွားတော့တယ်။ အပင်ပေါ်သို့အရောက် အောက်တွင်ရှိနေသော အေးမောင်ကို ငုတ်ကြည့်လိုက်ပြီး စိတ်ညစ်သွားသော လေသံဖြင့်
        အေးမောင်ရေ အသိုက်ကြီးလို့ ဥတွေအများကြီးထင်တာ တစ်လုံးတည်းဟ
        ဒါဆို အမှတ်သား လုပ်ထားခဲ့လေ ဒီကောင်ကြီး ဥပါလိမ့်စေ နောက်နေ့ဥတွေများမှ ငါတို့လာနိုက်ကြတာပေါ့
      မဟုတ်သေးဘူးကွ အသိုက်မှာ ဝတ်ထားတဲ့အရာလဲ တွေ့တယ် ဝတ်ပြီးသား အသိုက်ကွ ဒီဥတစ်လုံးတည်း အကောင်မပေါက်သေးတာ ဖြစ်မယ်
       ဒါဆို တစ်လုံးရလဲ မနည်းဘူးကွ ယူလာခဲ့
       ဟင် အေးမောင် ဥကမာမာကြီးကွ ကျောက်ခဲတုန်းကြီးကြနေတာပဲ ရော့ ငါပစ်ချလိုက်မယ် မိအောင်ဖမ်း
ပြောပြောဆိုဆိုဖြင့် အသိုက်ထဲမှ ငှက်ဥကို နှိုက်ခါ ဇော်မင်း ပစ်ချလိုက်တယ်။ အောက်တွင် ရှိနေသော အေးမောင် လှမ်းဖမ်းလိုက်ပေမယ့် မမိဘဲ ငှက်ဥဟာ မြေပေါ်သို့ချော်ကျသွားခဲ့တယ် ။ အပင်ပေါ်မှ ဇော်မင်းက မြေပြင်အပေါ် ထိုငှက်ဥ ကျသွားသည်ကို မြင်လိုက်သောကြောင့်
    ဟာကွာ ငါပြောပါတယ် မိအောင် ဖမ်းပါဆိုတာ အခု ကွဲပြီ မဟုတ်လား
      မ မကွဲဘူးကွ အောက်မြန်မြန်ဆင်းခဲ့စမ်း ဒီဥက ထူးခြားတယ်
အေးမောင်၏ အပြောကြောင့် အပင်ပေါ်မှ ဆင်းလာပြီး ဇော်မင်းကြည့်လိုက်တယ်
    ဟာ ဟုတ်ပါ့ ဒါ ဒါ ချိုးမန္ဓေပဲကွ
    ဟုတ် ဟုတ်လို့လား အဲ့ဒါဘာအသုံးဝင်လဲ
     ဘဘုန်းကြီး ရှိတုန်းပြောတာကြားဘူးတယ်ကွ မန္ဓေ ချိုးမန္ဓေက ကာယသိဒ္ဓိ ပြီးတယ်
       ဟုတ်လို့လား
        သိပ်ဟုတ်တာပေါ့ကွ မယုံရင် အဲ့မန္ဓေငါ့ကိုပေး ရော့ ထင်းခုတ်ဓားနဲ့မင်းငါ့ကို ခုတ်ကြည့်
       ဟာကွာ မခုတ်ရဲပါဘူး တကယ်ခုတ်လိုက်လို့ မင်းသေသွားရင် ငါထောင်ကျနေဦးမယ်
        ခုတ်ပါဆိုကွာ မင်းမခုတ်ဘူးလား ဒါဆို ဓားပေး ကိုယ်ဟာကို ခုတ်ပြမယ် ကြည့်ထား
       ဟာ ဟေ့ ဟေ့ယောင် ဇော်ရီး မလုပ်ပါနဲ့ကွာ ငါတို့ရွာပြန်မှ ရွာထဲက လူကြီးတွေကို အရင်ပြပြီးမှ စမ်းကြည့်မယ်
       မင်းရူးနေလား ဒီမန္ဓေ ငါတို့ဆီမှာ ရှိတာ ဘယ်သူမှ သိလို့မဖြစ်ဘူးကွ
      ကြာပါတယ်ကွာ ဒီမှာကြည့်
      ဟာ…ဟေ့ယောင် မလုပ်နဲ့
ဘာမှ ပြောမနေတော့ပဲ အေးမောင်းဆီမှ ထင်းခွေဓား ကိုဆွဲယူလိုက်ပြီး မိမိလက်ကို မိမိခုတ်ထည့်လိုက်တော့တယ် ။
      ဟင် မင်း မင်း ဘာ ဘာမှ မဖြစ်ဘူးနော်
      ငါပြောသားပဲ ဒီ မန္ဓေက ကာယသိဒ္ဓိပြီးပါတယ်လို့ ဒီပစ္စည်းက ထိုက်တဲ့သူမှ ရတာကွ အခု မင်းနဲ့ငါနဲ့ထိုက်လို့ရပြီ ရွာထဲက လူတွေ လုံးဝ သိလို့မဖြစ်ဘူးနော်
       အေးပါကွ စိတ်ချပါ တို့ဒီပစ္စည်းကို ဘာဆက်လုပ်မလဲ
       ဒီလောက် အစွမ်းထက်တဲ့ပစ္စည်း မင်းကိုယ်တွေ့ပဲလေ ဒီတော့ ဒီပစ္စည်းကို ဈေးကောင်းပေးဝယ်မယ့် သူရှိရင် တို့ရောင်းကြမယ် မင်းသဘောတူလား
        တူတယ်ကွ လုပ် မင်းသဘောပဲ
နှစ်ယောက်သားတိုင်ပင်ပြီး ရွာထဲပြန်ဝင်လာကြတယ်။ထင်းခွေရောင်းလို့ရတဲ့ပိုက်ဆံလေးနဲ့ထန်းတောမှာ တစ်နေ့ကုန်ခဲ့တယ်။လက်ထဲက ပိုက်ဆံမကုန်မချင်း ရွာလည်က ကြက်ဝိုင်းမှာလဲ ဝင်နွဲလိုက်သေး။ ကြက်ဝိုင်းမှာလဲ လောင်းကြေးရှုံးခဲ့ရတယ်။ ဖဲဝိုင်းရောက်တော့လဲ ဖဲကရှုံး တစ်နေ့လုံး အလောင်းကစားမှန်သမျှ အပွဲပွဲရှုံခဲ့ရတော့ ရွာထိပ် ကောက်ရိုးပုံနားမှာ နှစ်ယောက်တည်းထိုင်နေရင်း
    ညနေ ထန်းရည်ဖိုးတောင် မရှိတော့ဘူး စိတ်ညစ်တယ်ဟေ့ ဘယ်လိုလုပ်ကြမလဲ ငါထင်တာတော့ အဲ့ဥကိုရပြီးတည်းက ဘယ်ကမှ ငွေရပေါက် ရလမ်းမတွေ့တော့ဘူး
       ဟာကွာ မင်းစိတ်ထင်နေတာပါကွ ဒီဥကြောင့် မဟုတ်လောက်ပါဘူး
        ဒါဆိုလဲ တစ်ခုခုကြံဦး ညနေ ထန်းရည်မသောက်ရရင် မင်းရော နေနိုင်လို့လား မထူးဘူး ဒီမှာ တစ်ရေးလောက် အိပ်ပြီးမှ ဆက်စဉ်းစားတော့မယ်
      အိပ်ကွာ ငါလဲ အိပ်မယ် ညနေမှ ထန်းရည်ဖိုး ပိုက်ဆံမရရင် ထုံးစံအတိုင်း အကြွေးပဲ သောက်ရတာပေါ့
စိတ်ပျက်လက်ပျက်ဖြင့် နှစ်သား ကောက်ရိုးပုံဘေးမှာ ကျောခင်းလိုက်တယ်။ထိုအချိန်မှ စပြီး ရွာထဲမှာ ရေပျက်တောက်မှု့တွေ ဖြစ်ကုန်တယ်။ အမြဲတမ်း ရေအားကောင်းနေတဲ့ရွာမှာ ယခု ရေပျေက်တောက်သွားလို့ တစ်ရွာလုံး စိုးရိမ်တစ်ကြီး ဖြစ်ပြီး ရွာလူကြီးထံရောက်သွားကြတယ်။ တစ်ရွာလုံးတိုင်ပင်ပြီး ရေလိုင်းဆုံဖြစ်တဲ့ရွာထိပ်ကို အခြေအနေလာကြည့်ကြစဉ် ထိုနေရာမှာ အိပ်မောကျနေတဲ့အေးမောင်နဲ့ဇော်မင်းကို တွေ့လိုက်ရတယ်
         ဟေ့ယောင်တွေ ထကြစမ်း ရွာထဲမှာ ရေပျက်နေတယ် မင်းတို့အိပ်နေတဲ့နေရာက ရေဘားရှိတဲ့နေရာ ဖယ်ကြစမ်း ကြည့်ရအောင်
အိပ်ချင်မူးမူးဖြင့် နှစ်ယောက်လုံး ထိုနေရာမှ ဖယ်ပေးလိုက်တယ်။ နောက် ရေးဘားကလဲ အကောင်းဖြစ်တာကြောင့် အနီးနားမှာ ရှိသည့် ရွာသားတစ်ယောက်အိမ်မှ ရေပိုက်ကို ဖွင့်ကြည့်လိုက်တော့ နဂိုအတိုင်းပဲ ရေအားကောင်းစွာ ဖြစ်နေခဲ့တယ်။ တစ်ရွာလုံး သတိမထားပဲ အကြောင်းတစ်ခုခုဖြင့် ရေခဏပျက်သွားသည်သာ ထင်လျက်ရှိကြတယ်။
          ခတ်တယ် ခတ်တယ် စည်းစမ်လေးယူပြီး အိပ်တုန်းရှိသေးတယ် ငါတို့အိပ်မိတဲ့နေရာက အဓိက အချက်ဖြစ်နေတယ်
         ဟုတ်ပါ့ကွာ ပြန်အိပ်တာပဲ ကောင်းတယ်
ညည်းထွားပြောဆိုပြီး ထိုနေရာတွင်ပဲ နှစ်ယောက်သား ပြန်အိပ်နေကြတုန်း ရွာလူကြီးနှင့်အတူ ရွာသားများ ထပ်ရောက်လာကြပြီ
       ဟေ့ယောင်တွေ ရေပြန်ပျက်သွားပြန်ပြီ မင်းတို့နောက်နေတာလား
    ဟာဗျာ လူကြီးကလဲ ကျုပ်တို့က ဘာကိုနောက်ရမှာတုန်းဗျ ကိုယ်ဖာသာ အိပ်နေကြတာ
      အေးကွ အခုန ငါတို့ရေပြန်လာလို့ရွာထဲ ပြန်ဝင်လာတယ် အခု ရေပြန်ပျက်သွားလို့ လာပြန်ကြည့်တာ ဒီမှာ အိပ်မနေပါနဲ့ကွာ ကြည့်ရတာ မင်းတို့ ပိုက်ဆံပျက်နေပြီ မဟုတ်လား
        ဒါပေါ့ဗျ ပိုက်ဆံမရှိလို့ ဒီမှာ လာအိပ်နေတာ သူကြီး မုန့်ဖိုးပေးမလို့လား
         ပေးမှာပေါ့ကွ ရော့ ရော့ မင်းတို့အရပ်တကာလှည့်ပြီး မူးမနေကြနဲ့ဦး
       ကျေးဇူးပဲဗျို့သူကြီး သွားပြီ
ငယ်စဉ်ကတည်းက ကလေးတစ်ယောက်ကဲ့သို့
မုန့်ဖိုးပေးနေကြ သူကြီးဟာ သူတို့နှစ်ယောက်အား ထိုနေရာမှ ပိုက်ဆံပေး၍ ထခိုင်းလိုက်လေတော့သည်။သူကြီးပေးလိုက်သော ပိုက်ဆံဖြင့် ဖဲဝိုင်းမှာ အလောင်းကစားလုပ်ရင်း ရှုံးတော့ ရှုံးမဲမည်းခါ အေးမောင်နှင့်ဇော်မင်း တစ်ဝိုင်းလုံးဖြင့် ထိုးကြိတ်ကုန်တော့သည်။ ချိုးမန္ဓေဆောင်ထားသော ဇော်မင်းကို လူတစ်ယောက်က တုတ်ဖြင့် ခေါင်းကို အားကုန်ရိုက်လိုက်တယ်။ သို့ပေမယ့် ဇော်မင်း ဘာမှ မဖြစ်။ဓားဖြင့်ထိုးသော်လဲ မပေါက်။ ထိုအချိန်မှစ၍ ရန်ပွဲတစ်ကာတိုင်းတွင် အေးမောင်နှင့် ဇော်မင်း မပါသည့်ပွဲမရှိပဲ တုတ်ပီး ဓားပီးသည်ဟု နာမည်ကြီးလာတော့သည်။ ရန်ဖြစ်သည် ဆိုသည်ကလည်း သူတို့နှစ်ဦးအား မယုံသူ လူမိုက်များက စမ်းကြသောကြောင့် မခံနိုင်ဖြစ်ခါ ဖြစ်ရခြင်းပင်။ရေလိုင်းပင်မဇုံ၊ မီးလိုင်းပင်မဇုံတို့တွင် သူတို့နှစ်ဦး ရှိနေပါက ရေ မီး ပျက်တောက်မှု့များ ဖြစ်ကုန်ကြတော့သည်။ကာယသိဒ္ဓိ ပြီးသော ချိုးမန္ဓေကြောင့်ဟု မည်သူမှ မရိပ်မိခဲ့ချေ။အရက်ဖိုး မရှိတော့ပါက ရေ မီး ဇုံတို့တွင် သူတို့နှစ်ဦး အိပ်နေပါက ရေ မီ ပျက်တောက်ပြီး ရွာမှ ရွာသူ ရွာသားများက အရက်ဖိုးပေးကာ ထိုနေရာမှ ဖယ်ခိုင်းခဲ့ရတယ်။ ထိုသိဒ္ဓိအစွမ်းဖြင့် မည်သည့် မကောင်းမှုမှ မလုပ် အရက်ဖိုးကိုလဲ လုယက်မတောင်း ထိုနေရာတွင်သာ နှစ်ယောက်သားအိပ်ပြီး အလိုက်တသိဖြင့် ပေးသော ပိုက်ဆံကိုသာ ယူလေ့ရှိတယ်။ချိုးမန္ဓေရပြီးသည့် နောက်ပိုင်း ကိုယ်ပိုင် ချွေးနည်းစာဖြင့် ပိုက်ဆံရှာမရသည်ကြောင့် ကိုယ်ပိုင်အိမ်လေး ရောင်းထားသော အေးမောင်ဆီမှ ဆန် ဆီ အချိန်နှင့်မျှ ဇော်မင်းဟာ ချီးငှားနေခဲ့ရတယ်။ သူငယ်ချင်း ဖြစ်သူအေးမောင်က အပိုင်ပေးသည် ပြောသော်လဲ ဇော်မင်းက ခဏချေးသည်သာ ပြောပြီး မိမိစိတ်ကို မိမိဖြေလေတော့သည်။ တစ်နေ့ထိုရွာလေးမှာ ရွာဦးစေတီတည်ထား ကိုးကွယ်ရန် မြိုကမှာ ဦးဇင်းတစ်ပါးကြွ လာခဲ့တယ်။ ဇော်မင်းနဲ့အေးမောင် အကြောင်းကို ထိုဦးဇင်း သိရတော့ သူတို့နှစ်ဦး ကို ခေါ်ပြီး တရားပြ အကျွတ်တရားရအောင် ဟောပြောခဲ့တယ်။ လိမ်မာပြီးသား သူတို့နှစ်ဦးဟာ ချိုးမန္ဓေပိုင်ဆိုင်ထားကြောင့် ဦးဇင်းကို လျောက်တင်လိုက်တော့
    အဲ့ မန္ဓေက ဓာတ်ကြီး လေးပါးက်ု ပိုင်သလို ကာရသိဒ္ဓိမှာလဲ အင်မတန်အစွမ်းထက်တယ် ဒကာတို့ ဒီပစ္စည်းကို ဘုန်းဘုန်းကို လှူပါ ရွာဘုရားတည်တဲ့အခါ ဘုန်းကြီး ဠာမဏာထည့်ပေးပါ့မယ် ဒကာတို့လဲ မွေးကတည်းက သာသနာ့ဘောင်ကို မဝင်ဘူးသေးသူတွေပဲ ဆိုတာ ဘုန်းကြီး သိရတယ် ဒီတော့ ဒကာတို့လဲ သာသနာ့ဘောင်မှာ ပျော်သလောက် နေပြီး ကုသိုလ်ယူလိုက်ပေါ့
       တင်ပါ့ဘုရား တပည့်တော်တို့လဲ ဒီပစ္စည်းကို လှူဖို့ဆန္ဒရှိပြီးသူတွေပါ တပည့်တော်တို့လှူပါတယ်
ကြည်ဖြူစွာနှင့်ပဲ ဘုရားတည်သော ဘုန်းကြီးကို ချိုးမန္ဓေလှူလိုက်တော့တယ်။ သာသနာ့ဘောင် ဝင်ရန် နှစ်ယောက်သား မြို့မှ လိုအပ်တာတွေ ဝယ်လာပြီး အပြန် ရန်ကြွေး ရန်စ ရှိသူများနှင့် ရွာပြင်မှာ တွေ့ကြတော့ စကားများရန်ဖြစ်ကြတယ်။ ဓားပြီးနေကြသော သူတို့နှစ်ဦးကို အသေသတ်ဖို့ တစ်ဖတ်ရန်ဘက်တွေဟာ ဓားလှံအစုံဖြင့် တိုက်ခိုက်ကြတော့တယ်။ သူတို့နှစ်ဦးမှာ ချိုးမန္ဓေမရှိကြတော့ အေးမောင်ရဲ့လက်မောင်းကို ဓာရှပ်ထိရုံဖြင့် သွေးများ ဖျာထွက်သွားတော့သည်။ ထိုအချက်ကို တစ်ဖက်က သိထားတော့ အသေသတ်ရန် ဓားဖြင့် ဝိုင်းခုတ်ကြတော့ နှစ်ယောက်တည်းမှ တစ်ယောက်သာ သေချင် သေပါလိမ့်စေ ဆိုတဲ့စိတ်ဖြင့် သူငယ်ချင်းအေးမောင်ကို လွတ်ရာ အတင်းပြေးခိုင်းရင်း ဇော်မင်း ဓားချက်ပေါင်းများစွာဖြင့် အသက်သေဆုံးသွားတော့သည်။အေးမောင်ကတော့ ဒဏ်ရာရပြီး လွတ်ရာသို့ပြေးနိုင်ခဲ့တယ်။
လိမ်မာရန် ဆုံးဖြတ်ထားပြီးမှ ဒီလိုဖြစ်ရပ်ကို ကြုံတွေ့လိုက်ရသည့် အေးမောင်အဖို့ နဂိုကထက် အဆပေါင်းများစွာ ဆိုးသွမ်းနေတော့တယ်။ သူငယ်ချင်းဖြစ်သူ ဇော်မင်းကို နေ့ပေါင်းများစွာ လွမ်းဆွတ် တမ်းတနေလျက် ။အမြဲတမ်း အိမ်မက်ထဲမှာ နှစ်ယောက်သား ပျော်ပါးခဲ့ရပုံတွေကို မြင်ယောင်နေရတယ်။အရင် ဆိုးဖော် ဆိုးဘက် ဇော်ရီးမရှိတော့ အေးမောင်တစ်ယောက်တည်း နှစ်ယောက်စာကို အပျက်သတ် သောင်းကြမ်းနေတော့သည်။
         ချကွ …အဖေသားကြီး…ချကွ …
     ကိုအေးမောင် ခင်ဗျားကြက်က ကောင်းလှချည်းလား ဘာကြက်တုန်း
     ဟားဟား ပွဲတိုင်းကျော်ပဲလေ တွေ့တယ် မဟုတ်လား
       ဒါကြောင့်မေးတာပေါ့ဗျ ဒီကောင်ကြီးက ခင်ဗျားကို ပိုက်ဆံရှာပေးတာ တော်တော်များပြီနော် ခင်ဗျား အခုလို ပွဲတိုင်းနိုင်နေတာ ကိုဇော်ရီတစ်ယောက်သာ တွေ့ရင် ဘယ်လိုနေမလဲ မသိဘူး
         ဘယ်တတ်နိုင်ပါ့မလဲကွာ ငါလဲ သတိရတာပေါ့
ကိုယ်ပိုင် တိုက်ကြက်တစ်ကောင် မွေးထားပြီး ကြက်တိုက်စားနေခဲ့တယ်။ ထိုကြက်ကလဲ ပွဲတိုင်း နီးပါး အရှုံးပွဲမရှိ အေးမောင်ကို ပိုက်ဆံရှာပေးခဲ့တယ်။ တစ်နေ့ လောင်းကြေးအကြီးဆုံးပွဲကို တိုက်ဖို့အေးမောင် ရှိသမျှ စည်းစမ်တွေ ပုံအောပြီး တိုက်သည့် ပွဲမှာတော့ သူ့ကြက်ဟာ ရှုံးသွားတော့ အေးမောင် စိတ်ဆိုးဆိုးဖြင့် ကြက်ကို ရိုက်သတ် ချက်စားလိုက်လေတော့သည်။ နှစ်တွေပြောင်းလဲ လာပေမယ့် အေးမောင်ကတော့ မပြောင်းလဲပဲ ထိုရွာလေးမှာသာ သံယော်ဇဉ်ကြီးစွာ နေထိုင်လာခဲ့တာ ယခု အသတ် ၅၀ကျော်အရွယ်ထိပါပဲ
**********-*******-***********
     ဖေဖေ မေမေ သား မန်းကုန်းရွာကို သွားချင်တယ် လိုက်ပို့ပေး
      ဟင် ဘယ်ရွာကိုပြောတာလဲ မန်းကုန်းရွာဆိုတာ ဖေဖေတို့မသိပါဘူး 
      လိုက်ပို့ပေး အဲ့ဒီ့ကို လိုက်ပို့ပေးမှ ထမင်းစားမယ် ကျောင်းတတ်မယ်

၆နှစ်သား အရွယ် ကလေးတစ်ယောက်က မိဘနှစ်ပါးကို ဂျစ်တိုက်နေသည့် စကားကို ကြားရတော့ မိဘတွေ မျက်လုံးပြူးသွားခဲ့တယ်။ မန်းကုန်းရွာဟူသည် သူတို့အသိမရှိ မျိုးရိုးစဉ်ဆက် ရန်ကုန်သူ ရန်ကုန်သားများဖြစ်တော့ ရွာဆိုသည်မှာ အသိမိတ်ဆွေ မရှိ။ သို့ပေမယ့် ဒီကလေးလေးဟာ နေ့စဉ်နဲ့အမျှ မန်းကုန်းရွာလို့သာ ပြောပြောပြီး ဂျစ်တိုက်နေတော့ မိဘနှစ်ပါး အတွေးတစ်ခုပေါက်လာခဲ့တဟ်။ သူတို့၏ချစ်လှစွာသော သားလေးကို မေးကြည့်တယ်
         သား မန်းကုန်းရွာကို ဘာသွားလုပ်မလို့လဲ
       အဲ့ရွာမှာ သားသူငယ်ချင်း အေးမောင်ဆိုတာ ရှိတယ်
ဒီလိုပြောတော့ မိဘနှစ်ပါးဟာ အံ့သြတကြီးဖြစ်ပြီး မေးခွန်းပေါင်းစုံး မေးတယ်။ ကလေးက ပြန်မဖြေပဲ မန်းကုန်းရွာကိုသာ တစ်တွတ်တွတ်ပြောပြီး ဂျစ်တိုက်နေတော့တယ်။ နေ့စဉ်ရက်ဆက်ဖြစ်လာတော့ မေးစမ်းပြီး မန်းကုန်းရွာဆိုတာကို ခေါ်သွားလိုက်တယ်။ ရွာထဲ ရောက်သည်ဆိုတာနဲ့ပဲ ကလေးလေးဟာ မိဘနှစ်ပါးကို လမ်းပြခေါ်ဆောင်နေသကဲ့သို့အရှေ့မှ လျောက်နေခဲ့တယ်။ နှုတ်မှလည်း
      အော် ရွာကြီးတောင် ငါမရှိတော့တာနဲ့ တော်တော်ပြောင်းလဲနေပါလား ဟိုကောင်ကြီး အေးမောင်ရော သေပြီလား မသိဘူး
မပီတပီ စကားလေးဖြင့် လူကြီးဟန်ပြောနေသည့် ကလေးလေးကို မိဘနစ်ပါးက စိုးရိမ်နေလျက် ရှိကြတယ်။ ထိုနောက် ရွာလည် ပိုင်း တဲခြံလေးထဲကို သူက ဦးဆောင်ပြီး ဝင်သွားကာ
       ဟေ့ယောင် အေးမောင် ဟေ့ယောင် အေးမောင်
ထိုသို့ကလေး ခေါ်သံကြားသည်နှင့် တဲလေးထဲမှ အသက်၅၀ အရွဟ် လူကြီးတစ်ယောက် ထွက်လာတယ်
       ဟေး ကလေး ငါ့ကို ခေါ်တာလား
      ဟေ့ယောင် ငါဇော်မင်းလေးကွာ
     ဟင် ဇော် ဇော်မင်းက သေသွားပြီလေ
ကလေးလေးရဲ့မိဘနှစ်ပါးက အေးမောင်ကို အကြောင်းဆုံရှင်းပြလိုက်တော့
     ဟုတ်တယ် အေးမောင် ငါက မင်းသူငယ်ချင်း ဇော်မင်းပဲ
      ဟေး ဒါဆို မင်းကလူဝင်စားနေတာလား
      ဟုတ်တယ် ငါ မင်းဆီမှာ အကြွေးပေးစရာရှိလို့ ကြက်ဘဝနဲ့ မင်းကို အကြွေးဆပ်ခဲ့တယ်လေ မင်းငါ့ကို လောင်းကြေးရှုံးလို့ဆိုပြီး ရိုက်သတ်လိုက်တာ မှတ်မိသေးလား
လွန်ခဲ့သည့် ၁၀နှစ်အတွင်းမှ ဖြစ်ရပ်ကို ထိုကလေးလေးက အတိကျပြောနေတော့ အေးမောင် အံ့သြသွားခဲ့တယ်။ ကလေးလေး စကားပြောနေသည့် ပုံစံကလဲ သူ့သူငယ်ချင်း ဇော်မင်းပုံစံ စကားမပီ တပီပြောနေပေမယ့် ကိုယ်နေဟန်ထား အမူယာကအစ ဇော်မင်း ပုံစံဖြင့် ငယ်စဉ်တောင်ကျေး ကလေးဘဝမှ ဖြစ်ရပ်များကို နှစ်ယောက်သား ပြောဆိုကြရင်း မျက်ရည်များဖြင့် ဝမ်းသာနေကြတော့သည်။
စာရေးသူ -ထီးကလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages