လေချွန်နတ် အမေး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here
ဖြစ်ရပ်မှန်
စာမပေါ်သူများအတွက် ဦးစားပေး ရေးသည်။
       လေချွန်နတ်



   မင်္ဂလာပါ ဆရာမ
          အေး မင်္ဂလာပါကွယ်
       ဟုတ်ဆရာမ သားတို့ဆရာမ မေးတဲ့အချိန် ဓာတ်ပုံ ၊ဗီဒီယို ရိုက်လို့ရမလား
        အွန်း ဓာတ်ပုံ ၊ဗီဒီယို တော့ ဆရာမခွင့်မပြုဘူး။ မင်းတို့ဒီတိုင်းမှတ်ပြီး ဗဟုသုတ လိုချင်ရင်ယူပေါ့။ ဟုတ်ပြီလား။
        ဟုတ် ဆရာမ ဒီနေ့လာမေးမဲ့သူ ချိန်ထားရှိတယ် ဟုတ်
       ရှိတယ် မနေ့တည်းက ဖုန်းဆက်ပြီး ပြောထားတယ်။
     ဟုတ် ဆရာမ သူက ဘယ်လို ပုံစံမျိုးလဲ
      သူက အသက် ၅၇ နှစ်ရွယ့်  သူ့သားသမီးတွေနဲ့သူ့အိမ်ကို စွဲလမ်းပြီး မကျွတ်နိုင်ဘူး ဖြစ်နေတယ် မနက်ဆို သူ့လုပ်နေကြ အလုပ်တွေ ထထပြီး လုပ်နေတဲ့အသံတွေ ကြားနေရတယ်။ ပတ်ဝန်းကျင်မှာလဲ ဒီအဒေါ်ကြီး အရမ်းခြောက်တယ်လို့ ပြောကုန်ကြပြီ ။ဒါကြောင့် သူ့သားသမီးတွေ ဒီနေ့သူ့တို့အမေ ဘာကြောင့် ဒီလို လုပ်နေရတာလဲ မေးမလို့။
        ဟုတ် ဆရာမ ဖြေပေးတာ ကျေးဇူးတင်ပါတယ်။ သားတို့က Facebook မှာ တစ္ဆေ၊ သရဲ၊ Group ဖွဲ့ပြီး သရဲကြောင်းတွေကို တင်တာပါ ။ ဆရာမက သားတို့ကို ဗဟုသုတယူဖို့ ခွင့်ပြုတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။
        ဒီလိုပါပဲကွယ် လူငယ်တွေကတော့ မကြုံဘူးရင် ဘဟ်တော့မှ ယုံကြတာ မဟုတ်ဘူး။ ဆရာမလဲ ငယ်ရာက ကြီးလာတာပဲလေ ဆရာမ ငယ်ငဟ်ကလဲ အခုလို လေချွန်နတ် ဆရာမ ဖြစ်လာလိမ့်မယ်လို့တစ်ခါမှ မတွေးဖူးဘူး။ သရဲ တစ္ဆေဆိုတာကို အယုံကြည်ရှိတာ မဟုတ်ဘူး။ အဲ့ဒါကြောင့် လေ့လာရင်း ဝိဥာဉ်လောကနဲ့အဆက်သွယ်ရတဲ့ဒီ လေချွန်နတ် အမေးအဖြေကို လုပ်နေတာ
လေချွန်နတ် ဆရာမနှင့် အတူ ကျွန်တော် နှင့် တန်ခိုးတို့ စကားပြောနေစဉ် ချိန်းထားသည်ဆိုသော သူများလားမသိ  အစ်မကြီး နှစ်ယောက် ရောက်လာခဲ့တယ်။
         ဟော ရောက်လာကြပြီလား
      ဟုတ်ကဲ့
         ကဲလာ အထဲကို အားလုံး လိုက်ခဲ့
     
လေချွန်နတ် ဆရာမ ခေါ်ရာသို့ အစ်မကြီးနှစ်ယောက်နှင့်အတူ ကျွန်တော်တို့အခန်းထဲ ဝင်လာခဲ့တယ်။ ဘုရားစင်မှာ ပွဲထိုးထားတယ်။ဖယောင်းတိုင် ငါးတိုင်ထွန်းထားပြီး တစ်ခန်းလုံးကို အမွှေးတိုင်းအငွေ့များနှင့် ပြည့်နှပ်နေခဲ့တယ်။ ဆရာမရဲ့အိမ်က သာယာသလောက် လေချွန်နတ် ဟောသည့် အခန်းကတော့ အထီးကျန်ဆန်လှတယ်။ မီးချောငိးမရှိ ဘေးပတ်ပတ်လည် ပိတ်အနီးများဖြင့် ကာထာပြီး မီးလုံး အနီရောင်ကို ထွန်းထားတော့ တစ်ခန်းလုံး ရဲရဲတောက်လျက် ။ စားပွဲတစ်လုံးချထားပြီး ။ ပန်းအိုးတစ်လုံး ရှိနေလျက်။ အစ်မကြီးနှစ်ယောက်ရဲ့ဘေး အနောက်ဘက်ကျကျမှာ ကျွန်တော်တို့နေရာယူ ထိုင်လိုက်တယ်။
ထိုနောက်
         သမီးတို့အမေ နာမည်နဲ့အသက်ကိုပြော
      နာမည်က ဒေါ်ခင်စန်းဌေးပါ အသက်က ၅၇နှစ်
       သူ့ကိုသချို င်္းခဲ့တဲ့သချိုင်းကရော
      ရေဝေး သုသာန်ပါ
       ကဲ ကောင်းပြီး ခဏလေး ထိုင်
   ဆရာမ တစ်ခုတော့ မှာထားချင်တယ် သမီးတို့အမေ ဆရာမခေါ်ရင် လာလိမ့်မယ် သူ့အသံကိုလဲ ကြားရမယ်
ဒါပေမယ့် သမီးတို့ငိုရင်တော့ သူပျောက်သွားလိမ့်မယ် ။ လုံးဝ လုံးဝ ငိုလို့မရဘူးနော်
       ဟုတ် ဟုတ်ကဲ့ဆရာမ
ဘုရားကို ဦးတိုက်လိုက်တယ်။ နောက် ဆရာမက အားလုံး မကြားစေချင်သော စကားဖြစ်မည်နှင့်တူသည်။ နှုတ်မှ ရွတ်ဆိုလိုက်ပြီး
        ကဲ ဒေါ်ခင်စန်းဌေး အသက် ၅၇ နှစ် သချိုင်္းရာ ရေဝေးသုသာန်မှ ပိုင်ရာဆိုင်ရာများ ခွင့်ပြုပါ ။ ရှင့်ကို ကျွန်မခေါ်နေသံကြားရာနှင့် တစ်ပြိုင်နက် ချက်ချင်း ရောက်လာစေရမည်။
ဆရာမ ခဏငြိမ်ကျသွားခဲ့တယ်။ အားလုံးလဲ စိတ်ဝင်တစား တိတ်ဆိတ်ငြိမ်သတ်နေလျက် နောက် မိန်းမကြီးအသံတစ်ခု မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာခဲ့တယ်။
        သမီး ဌေးဌေး
    ဟင် ရှင် ရှင် အမေ
      ညည်းတို့ ငါ့ကို ခေါ်ပြီး ဘာလုပ်မလို့တုန်း
      ဟို ဟို ဟာလေ ဟို အမေ ဘာအလိုမကျလို့ အိမ်မှာပဲရှိနေတာလဲ လို့သိချင်လို့ပါ အမေ
      ဘာအလို မကျရမှာတုန်း ငါ့အိမ်ပဲ ငါနေတာဘာဖြစ်လဲ ညည်းတို့ငါ့ကို ဘုန်းကြီးပင့်ပြီး မောင်းချပြီးပြီလေ။ မောင်းလို့ရလို့လား။ ငါ့အိမ် ငါသွားချင်စိတ် မရှိမချင်း နေလို့ရတယ်။
        ဟင် ဒါ ဒါဆို အိမ်မှာ အမေ အမေရှိတာပေါ့
        ရှိတာပေါ့ ငါ့မြေးလေးကိုလဲ ငါခဏခဏလာတွေ့တယ် နင်တို့လင်မယားနှစ်ယောက် ရန်ဖြစ်တုန်းကလဲ ငါအနားမှာပဲရှိတယ် ခင်မောင်ဝင်းကို ဇာတ်ပိုး ရိုက်လိုက်တာလဲ ငါပဲ
       အ အမေက ဘာ ဘာလို့အဲ့လိုတွေ လိုက်လုပ်နေရတာလဲ ဘာအလိုမကျလို့လဲ ပြောပါ သမီးတို့ လုပ်ပေးပါ့မယ်
       ငါအလိုမကျတာက ငါနဲ့မတည့်တဲ့သူတွေ ငါသေမှ ငါ့အိမ်ရောက်လာကြတာ ငါလုံးဝမကြိုက်ဘူး ပြီးတော့ ခင်မောင်ဝင်း(ဒေါ်ခင်စန်းဌေး၏ သမက် )ဒီကောင်မူးလာရင် ကြမ်းအပေါက်ကနေ သေးပေါက်ကျတယ်။ ငါအရမ်း ရွှံ့တယ်။ ပြီးတော့ ဝက်သားသည် မဆန်းမြင့်ကိုလဲ ငါအကြွေးပေးစရာ ရှိသေးတယ် နင်တို့ပေးပေး
      စိတ် စိတ်ချပါ အမေရယ် အမေက ဘာ ဘာလို့ အခုလို့ဘဝ မကူးသေးရတာလဲ
        ဟေ့ ဟေ့ ငါအချိန်သိပ်မရဘူး ဒီဆရာမခေါ်လို့ ငါလာခဲ့ရတာ နင်တို့အခု ငါ့ကို ခေါ်ရတဲ့အကြောင်းရင်းပဲ မြန်မြန်ပြော
      ဒီ ဒီလိုပါ အမေ မနက်ဆို အမေက အိမ်အဝမှာ ထိုင်ထိုင်နေတယ်လို့ ပတ်ဝန်းကျင်က လူတွေ ပြောလို့
     အေးလေး ဘာဖြစ်လဲ ငါအိမ် ငါထိုင်တာပဲ နတ်ကတောင် ငါ့ကို ကြည်ဖြူသေးတယ် သူတို့က အားယားနေလို့ လိုက်ပြောနေတာ ပြီးတော့ ငါရက်မလည်မချင်း ဖဲသမားတွေရော အမူးသမားတွေရော ငါ့နာမည်ကိုခေါ်ပြီး ဖဲရိုက်တာ ငါလုံးဝ မကြိုက်ဘူး နင်တို့ကလဲ အကောက်ပိုက်ဆံရရင် ပြီးရောဆိုပြီး လွတ်ထားတာပဲ ငါ့ကျတော့ ထမင်းပဲကျွေးတယ် အသတ်ရှိတုန်းက ဆေးလိပ်ကို တစ်နေ့ဆယ်လိပ်လောက် သောက်တတ်တဲ့ငါ့ကို သေလဲသေရော ညမနက်မှ ဆေးလိပ် နှစ်လိပ်တိုက်တယ် အဲ့ဒါကောင်းကြလား မနက်တိုင်း ရုံးသွားတဲ့ မောင်တင်လှိုင် (ဘေးအိမ်မှ)ကိုလဲ ငါနှုတ်ဆတ်တာပဲ
      ဟုတ် ဟုတ်တယ် အမေရဲ့ ဒါ ဒါပေမယ့် အမေနဲ့သမီးတို့က ဘဝခြားနေပြီလေ
        ငါသိပါတယ် နင်တို့မှ သောက်သုံးမကျတာ နင်တို့ငါရက်လည်တဲ့နေ့က အမူးသမား ထွန်းဝင်ကို ငါကပ်နေရတဲ့ခေါင်းပန်းကို ပစ်ခိုင်းလိုက်တယ် မဟုတ်လား
      ဟုတ် ဟုတ်တယ်လေ အမေ
    အေး အဲ့သေချင်းဆိုးက ခေါင်းပန်းကို ခါးပိုက်ထဲ မူးမူးရူးရူးနဲ့ထည့်တယ် နင်တို့ကလဲ ပစ်ခိုင်းလိုက်ပြီး ရပြီးဆိုပြီး မဆိုင်သလို နေတယ် အဲ့သေချင်းဆိုး ငမူးက ခြံရှေ့ရောက်တော့ ပုဆိုးဖြန့်ဝတ်လိုက်တာ ပန်းကျခဲ့တယ်လေ ။ဘယ်မှာကျခဲ့မှန်းလဲ သူမသိဘူး။ ပြီးတော့ ပစ်ပြီးသလိုလို နဲ့နင်တို့ကို အရက်ဖိုးလာတောင်းတာပဲ
         ရှင်
     ဟုတ်တယ် အဲ့ဒါကြောင့် ငါအိမ်မှာပဲ ရှိနေနိုင်တာ
      အမေရယ် အဲ့လို မလုပ်ပါနဲ့ အမေ ဘဝမြန်မြန်ကူးနိုင်ဖို့ သမီးတို့အလှူတမ်းလုပ်ပေးပါ့မယ် အမေ ကောင်းရာ မွန်ရာ ဘဝကို ပြောင်းပါ
      အေးပါဟယ် ငါလဲ သွားတော့မှာပါ အခုန ငါမှာထားတာတွေကို နင်တို့လုပ်ပေး ကြားလား ပြီးတော့ အိမ်ရှေ့ခြံဒေါင့်က ခေါင်းပန်းကို ပြန်ရှာပြီး လွတ်ရာ ကျွတ်ရာမှာ သွားပစ်ပေး ပြီးရင် ငါ့အတွက် အမျှဝေပေး ဒါဆို ငါဘဝကူးလို့ရပြီ
       စိတ် စိတ်ချပါ အမေ အမေကောင်းရာမွန်ရာကိုသာ စိတ်အေးအေးနဲ့သွားပါ
        အေး ငါသွားမယ် ဆရာမ ကျွန်မ သွားမယ်
(အသတ်ရှိစဉ်က ပြောသော အသံနှင့်အတူ နံရံတစ်ခုမှ ထွက်ပေါ်နေသည်။)
စာရေးသူ-ထီးကလေး
     အမှန်တကယ် ဖြစ်ရပ်မှန်
****************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages