အပိုင်း(၆)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
စိတ်ဖိဆီးမှု့တွေ ကင်းသွားပြီး ။စိတ်ထဲကနေ ငါးကလေးအိပ်နေတာကို နောက်နေမိတော့တယ်။ ။
အခန်းရဲ့ ပြတင်းပေါက်လေးကို ဖွင့်လိုက်တယ်။ နွေညနေခင်းရဲ့လောက အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ သိပ်ကို သာယာလိုက်တာ ။ အောက်ဘက်ကို ကြည့်လိုက်ရင် ပန်းပင်လေးတွေကို မြင်နေရတယ်။
``ဒေါက်……ဒေါက်……´´
ဟင် ဘယ်သူ တံခါးခေါက်နေတာလဲ
``ဘယ်သူလဲ ……ဘယ်သူလဲလို့´´
ကျွန်တော့မေးခွန်းကို ပြန်မဖြေပဲ တံခါးသာဆက်ခေါက်နေလျက် မထူးဘူး တံခါးကို ကျွန်တော် ဖွင့်လိုက်တယ်။
``ဟာ လမ်းလေး မင်းကလဲကွာ မေးနေတာကို ပြန်မဖြေဘူး´´
``ဟားဟား မင်းကလဲ
အိမ်မှာ တို့တွေပဲ ရှိတာ ငါတို့တွေ မဟုတ်လို့ ဘယ်သူတွေ ဖြစ်ရမှာလဲ ´´
``ဒါတော့ ဒါပေါ့ကွ အခု ဘာဖြစ်လို့လဲ´´
``ဘာမှ မဖြစ်ပါဘူးကွ မင်းတို့နှစ်ယောက် အိပ်နေတုန်း ထင်လို့ ငါလာစတာ´´
``ငါက အိပ်ကို မအိပ်ရသေးတာ ဟိုမှာကြည့် ငါးကလေးကတော့ အိပ်နေတာ သိုးလို့´´
``ဒါဆို မင်းနဲ့ငါ နှစ်ယောက်တည်းပြောစရာရှိတယ် အောက်ထပ်ကို စင်းရအောင်´´
``အမယ် ကြီးကြီးကျယ်ကျယ် ဘာပြောမှာမ်ု့လဲ´´
``လာပါ အောက်မှာ အေးဆေးပြောရအောင်´´
လမ်းကလေးခေါ်ရာသို့ ကျွန်တော် လိုက်ပါလာခဲ့ပြီ။
``ကဲ ထိုင်ပါဦး ဘာများအရေးကြီးပြောစရာရှိလို့လဲ´´
``ထီးလေး မင်းကို ငါ နောက်နေတာ မဟုတ်ဘူးနော် ညက ငါတကယ် အဲ့တံခါးကို ဖွင့်လို့မရခဲ့တာ သော့တန်းလန်းနဲ့လဲ မဟုတ်ဘူး အထဲမှာ တစ်ယောက်ယောက် ရှိနေပြီး လော့ချထားတဲ့အတိုင်း´´
``လမ်းလေးရာ မင်းတွေ့တိုင်းအပဲလေ အခုကျတော့ တံခါးက သော့တန်းလန်းနဲ့ပဲ´´
``ဟုတ်တယ် ထီးလေး ငါလဲ အဲ့ဒါကိုပဲ စဉ်းစားမရတာ တို့လာတဲ့ရည်ရွယ်ချက်ကလဲ ဒီအိမ်ကြီးမှာ သရဲခြောက်တယ်ဆိုလို့ ဟုတ်မဟုတ် သိချင်လို့ရောက်လာခဲ့တာ မျှားကလေးပြောသလိုမျိုး တကယ်ခြောက်နေတာများလား´´
``မဟုတ်လောက်ပါဘူးကွာ တို့တွေ အခုရောက်နေတာ နှစ်ရက်ပြည့်တော့မဟ် ဘာထူးခြားမှု့ရှိလို့လဲ ´´
မသေချာသေးတဲ့ဖြစ်ရပ်တွေကို လမ်းကလေးမသိစေချင်သေးတာကြောင့် ကျွန်တော် ကြုံတွေ့ထားသမျှ လျှိုက်ဝှက်ထားချေပြီ။
``ဘာပဲ ဖြစ်ဖြစ် ထီးလေး ငါတို့ သတိရှိရှိနေတာ အကောင်းဆုံးပဲ …အော် ဒါနဲ့မင်းလည်ပင်းက ကျူတ်ဆွဲကြိုးက အရင်မတွေ့ပါဘူး ဘယ်ကရတာလဲ´´
လမ်းလေး ကျွန်တော့လည်ပင်းက ကျူတ်ကိုတွေ့သွားခဲ့ပြီ။
``ငါ့အဖေ ပေးလိုက်တာပဲကွာ အန္တရယ်ကင်းတယ်တဲ့´´
``အော် ကောင်းတယ်ကွာ အထဲမှာ ဘာတွေလဲ´´
``ဟင် ဒါတော့ ငါလဲ မသိဘူး´´
ကျွန်တောတို့ နှစ်ယောက် စကားပြောစဉ်
``ဟာ ဟေ့ယောင်တွေ မင်းတို့နစ်ယောက်တည်း ဘာတိုင်ပင်နေကြတာလဲ ´´
အပေါ်ထပ်မှနေ၍ ငါးကလေးနဲ့တန်ခိုးက လှမ်းမေးလိုက်လေသည်။
``မင်းတို့နိုးရင် ရေးမိုးချိုးပြီး အောက်စင်းလာခဲ့ကြလေ …မျှားလေးတို့ပါ တစ်ခါတည်း ခေါ်လာခဲ့ဦး´´
အချိန်ကား ညနေ ၅ နာရီ နီးပါး ။တန်ခိုးတို့အုပ်စု စားသောက်ဖွယ်ရာတွေနှင့် အတူ ခြံထဲကို ရောက်လာခဲ့တယ်။
``ဟဲ့ ထီးလေး တို့တွေဒီကိုရောက်လာတဲ့ရည်ရွယ်ချက် နင်မေ့နေပြီလား´´
``မမေ့ပါဘူးဟ တို့အပန်းဖြေခရီးထွက်လာကြတာလေ´´
``ဟာ ကြည့် လာနောက်မနေနဲ့ ´´
``မှတ်မိပါတယ်ဟ နင်တို့ သိတဲ့အတိုင်းပဲလေ ဒီလောက်ကောင်းတဲ့အိမ်ကြီးမှာ အခုထိ ဘာထူးခြားမှု့တွေ ရှိလာလို့လဲ´´
``ဟုတ်တယ်နော် မမ သူဇာတို့ ရောက်နေတာ ကြာပြီ အခုထိ ကျွတ် ကျွတ် ဆိုတာတောင် မကြားရဘူး´´
ကျွန်တော် သူဇာ့ မျက်နှာကို လှမ်းကြည့်မိလိုက်တယ် ။ပြောနေတဲ့ပုံက သူဘာမှ မသိတာ ကျိန်းသေနေတဲ့ပုံစံ
``တို့တွေ အခု ဦးတင်အောင်နေတဲ့အိမ်ဘက် လမ်းလျောက်ရအောင် ´´
``ကောင်းသားပဲ မျှားလေးရ တို့ ဟိုနေ့က အိမ်ကြီးအကြောင်းမေးထားတာ မဆုံးသေးဘူး ထပ်မေးရဦးမယ်´´
ကျွန်တော်တို့အားလုံး ထိုင်ရာမှ ထမလို့ လုပ်စဉ်
``ဟေးးးးတူမရီးတို့ လူစုံတပ်စုံပါလား ထမင်းရော စားပီးကြပြီလား´´
ဦးတင်အောင်ရဲ့ ခြံထောင့်မှ စကားပြောလိုက်သံကို ကြားတော့
``ဟာ ဦးလေး အတော်ပဲ လာ ထိုင်ပါဦး မနေ့က အကြောင်းလေး ဆက်ပြောပြပါဦး´´
လွတ်နေတဲ့ခုံမှာ ဦးလေးတင်အောင် ဝင်ထိုက်လိုက်တယ်။ ဦးတင်အောင် ထိုင်လိုက်ခြင်း ချက်ချင်းမှာပဲ ကျွန်တော့လည်ပင်းက ဆွဲကြိုးကိုတွေ့သွားခဲ့တယ်။
``မောင်ထီးလေး မင်းလည်ပင်းက ဆွဲကြိုးကျူတ်က ဝင်းနေတာပဲနော် ဘာနဲ့လုပ်ထားတာလဲ ပလက်တီနမ်နဲ့လား´´
``မဟုတ်ပါဘူး ဦးလေးရ ရိုးရိုး စတီးနဲ့ပါ´´
``အော် အေးအေး ဒါနဲ့မောင်တန်ခိုးက ဘာမေးမလို့´´
``ဟိုဟာလေ ဟိုနေ့က ဦးလေးပြောပြနေတဲ့ဒီအိမ်ကြီးအကြောင်း ဆက်ပြောပြပါဦးလို့´´
ဦးတင်အောင် သက်ပြင်းတစ်ချက် ချလိုက်တယ် မျှားကလေးရဲ့မျက်နှာကိုလဲ လှမ်းကြည့်လိုက်သေး ပြီးတော့
``သမီးလေး ဆရာကြီး နေကောင်းရဲ့လား မမကြီးရော ´´
လေသံလေးက ဝမ်းနည်းဆိုနစ်နေသော အသံမျိုး၊ တစ်ခုခုကိုလဲ ပြန်လည်တမ်းတနေမိသလို
``ဟုတ် ဦးလေးတင် ကောင်းပါတယ်´´
``အေးကွယ် ဆရာနဲ့ဦးလေးမဆုံဖြစ်တာ နှစ်ပေါင်း နှစ်ဆယ်ကျော်နေပြီ တစ်ခါခါလေ ဦးလေးဆရာ့ကို သိပ်လွမ်းတာပဲ ´´
``ဟာဗျာ ဦးလေးကလဲ လာလည်ပေါ့ဗျ ´´
ငါးကလေးက ဝင်ပြောလိုက်တယ် ။ဦးတင်အောင်ရဲ့မျက်နှာမှာတော့ ဝမ်းနည်းဆို့နစ်မှု့များဖြစ်ပေါ်လာသည်ကို ကျွန်တော်တို့ အားလုံးရိပ်စားမိခဲ့ပြီ။
``လာချင်တာပေါ့ ငါ့တူရယ် ဒါပေမယ့် ဒီအိမ်ပိုင်ရှင် ဦးထင်ခက ဦးလေးကို ခြံထဲကနေဘယ်မှ မသွားရဘူးလို့ သူမသေခင် အချိန်ပိုင်းလေးမှာ ဦးလေးကို အမိနိ့ပေးခဲ့တယ် ´´
တန်ခိုးက
``ဟာ ဦးလေးကလဲ အခုသူလဲရှိတော့တာမှ မဟုတ်ပဲ လာပေါ့´´
``မဟုတ်သေးဘူး တူကြီးရ ဦးလေးတို့က သစ္စာဆိုထားကြသူတွေပဲ ဒါကြောင့် ဦးထင်ခမရှိတော့ပေမယ့် သူ့သစ္စာတရားကို ဦးလေးလိုက်နာနေရဦးမှာပဲ´´
``အော် ဒါနဲ့ဦးလေး သမီးဖေဖေမသိအောင် အိမ်တံခါးသော့ကို ခိုးယူလာတယ် ဒီရောက်တော့ တံခါးသော့လဲမဟုတ်ဘူး အဲ့သော့က ဘယ်နေရာမှာ သုံးတာလဲ ဦးလေးသိလား´´
လမ်းကလေးက
``နေပါဦး မျှားလေး နင်က အဲ့သော့ကို ဘာလို့ ဒီအိမ်သော့လို့ထင်ရတာလဲ´´
``ငါ့ဖေဖေ သူဖိုထိုးတဲ့အခန်းထဲမှာ တစ်ယောက်တည်း ဖိုထိုးနေရင် အဲ့သော့ကိုသူ အမြဲတမ်းကြည့်တတ်တယ် ´´
``တခါတုန်းကဆို ငါစာမေးပွဲအောင်လို့ ဖေဖေရှိတဲ့ဖိုခန်းထဲကို ငါသွားတယ်လေ ဖေဖေငါ့ကိုနောက်ကျော ပေးထားလို့မမြင်ဘူး သူ့အဲ့သော့ကိုကြည့်ပြီး မီးဖိုထဲကို ထည့်မလို့လုပ်လိုက် ပြန်ကြည့်လိုက်နဲ့တစ်ခုခုကို ဝေခွဲမရဘူးဖြစ်နေတယ်´´
``အဲ့ဒါနဲ့နင်ဒီအိမ်သော့လို့ထင်တာနဲ့ဘာဆိုင်လို့လဲ´´
``ဆိုင်တာပေါ့ ထီးလေးရ သော့တွေအားလုံးကို ဖေဖေက ဒီအတိုင်းထားတာ ဝှက်မထားဘူး ဒီသော့တစ်ချောင်းကျမှ သူ့မှာ ထားစရာနေရာ မရှိဘူး ဟိုဝှက် ဒီဝှက်နဲ့ ပြီးတော့ ငါဒီအိမ်ကြီးအကြောင်းမေးတိုင်း ဖေဖေက ဘယ်တော့မှဖြေဘူး စကားတွေလွဲပစ်တယ် ငါအတင်းမေးမှ သူဖြေတာက အဲ့အိမ်သော့ပျောက်နေတယ်တဲ့ ဖေဖေဆီမှာ မရှိဘူးတဲ့ မသိချင်ပါနဲ့သမီးရယ် မကောင်းပါဘူး အဲ့အိမ်ကြီးက သရဲခြောက်တယ်တဲ့ ဒါမျိုးပဲ အမြဲပြောလို့ အားလုံးကို ငါဆက်စပ်ကြည့်ပြီး ဒီသော့ပဲ ဖြစ်မဟ်ထင်လို့ ယူလာတာ ဒါပေမယ့် ဒီအိမ်သော့လဲ မဟုတ်ဘူး´´
``အော်´´
မျှားကလေး သေချာပြောပြတော့မှ သော့မှားယူလာတဲ့အကြောင်းကို ကျွန်တော်တို့ သိသိကျကျ သိလိုက်ရပြီ။ မျှားကလေး စကားဆုံးတော့ သူ့ရဲ့ကြည့်တွေက ဦးတင်အောင်ဆီမှာ
``အဲ့ဒါ ဦးလေးများသိမလားလို့ ဒီအိမ်ကြီးနဲ့များ ပတ်သတ်နေမလားဆိုတာ သိချင်တာ´´
ဦးတင်အောင်က
``ဟိုနေ့က သမီးလေးပြတဲ့သော့လား´´
``ဟုတ် ဦးလေး အဲ့သော့ကိုမြင်ဘူးလား´´
``အင်းးးးးးဦးလေး အဲ့သော့ကို မြင်ဖူးတာမှ ဦးလေးဒီအိမ်ကြီးကို စရောက်တဲ့နေ့ကစပြီး ဦးထင်ခ မဆုံးပါးချိန်အထိ ဦးလေးအဲ့သော့ကို မြင်ဘူးတာပေါ့ ´´
``ဟုတ် ဦးလေး ဆက်ပြောပါဦး ဘယ်လိုမြင်ဘူးတာလဲ´´
``ဒီလို သမီးရဲ့ ဦးထင်ခက သမီးလေးအခုပြောတဲ့သော့ကို သူ့ခါးကြားက တစ်ခါမှ ချတာ မတွေ့ဖူးဘူး ဘဟ်အချိန်မဆို သူ့ခါးထဲမှာ အဲ့သော့ကို အမြဲချိတ်ထားတယ် ပိုက်ဆံသေတ္တာသော့တွေကိုတော့ မယ်မယ်ကြီးဆီမှာထားတယ်လေ အဲ့သော့ကို ဘာလို့သူခါးကမချလဲဆိုတာ သမီးလေးဖေဖေ ဆရာပြောပြလို့တစ်ခါကြားဘူးတယ်´´
``ဟုတ် ဦးလေး ပြောပြပါဦါ်´´
``ဒီလိုသမီရဲ့ဆရာပြောတာတော့ အဲ့သော့က သူ့မွေးစားအဖေ ဦးထင်ခ အသတ်ထက် ပိုပြီးတန်ဖိုးရှိတယ်တဲ့
ပြီးတော့…………´´
ဦးတင်အောင် စကားမဆုံးခင်
``အား ဘယ်လိုဖြစ်တာလဲဟ´´
တန်ခိုးရုတ်တရက် ထအော်လိုက်တာကို ကြားလိုက်ရတယ်။
``ဟာ တန်ခိုးဘာဖြစ်တာလဲ´´
``ငါ ……ငါ့…ငါ့လက်က ဆစ်ခနဲ ကိုက်သွားတယ် တစ်ကိုဟ်လုံးကို တုန်ခါသွားတာပ်ဲကွာ´´
တန်ခိုးသူ့လက်ကိုကိုင်ပြတယ် လက်ကတော့ အယောင်မရှိပါဘူး ။
``အော်ကွာ မင်းလက်က အကင်းမသေ သေးတော့လဲ တစ်ချက်ချက် သွေးလေလျောက်တော့ နာတာ နေမှာပေါ့ ´´
``အေးကွ တော်တော်လေးကို ကျင်စပ်သွားတယ်´´
``ကဲ ကဲ ငါတူတို့မှောင်နေပြီ ဦးလေးလဲ ပြန်အနားယူတော့မယ် ငါ့တူတို့လဲ ထမင်းစားလိုက်ကြဦး နောက်မှ ဦးလေး ဆက်ပြောပြမယ် ဟုတ်ပလား´´
``ဟုတ် ဦးလေး သမီးတ်ု့နဲ့ ထမင်းတူတူလာစားပါလား´´
``နေပါ့စေ သမီးလေးရယ် ဦးလေးက တစ်ယောက်တည်းနေ တစ်ယောက်တည်းစားတာ နေသားကျနေတော့ တစ်ယောက်တည်းပဲ စားပါရစေနော် ဘဟ်လိုမှ မထင်ပါနဲ့´´
``ဟုတ်ကဲ့ဦးလေး ဒါပေမယ့် သမီးတို့ပြန်မယ့် နေ့ရောက်ရင် ဦးလေး သမီးတို့နဲ့တစ်နေ့လုံးအဖော် လုပ်ပေးရမယ် ပြီးတော့ ထမင်းလဲ အတူတူ စားရမယ်နော် ´´
``စားမှာပေါ့ သမီးရ ကဲ အခုတော့ ဦးလေးကိုခွင့်ပြုဦး´´
ဦးတင်အောင် ကျွန်တော်တို့ကို နှုတ်ဆတ်ထွက်ခွာသွားချေပြီ။
ကျွန်တော်တို့လဲ တန်ခိုးလက်ကိုပဲ ဂရုစိုက်ကျန်နေခဲ့တော့သည်။
``တန်ခိုး မင်းလက် သတ်သာရဲ့လား´´
``အေးကွ အခုတော့ ဘာမှ မဖြစ်တော့ဘူး´´
``ကဲ လာဟေ့ တို့တွေ
ွ ညစာစားကြရအောင်´´
ညနေဆောင်းရဲ့လေပြေလေးတွေက အေးလိုက်တာ။ ပန်းရနံ့လေးတွေက သင်းသင်း နွေရဲ့လေပြေလေးတွေ တစ်ချက်တိုက်ခတ်လိုက်ရင် ရင်ထဲကို အေးလို့ဥသြငှက်လေးတွေကလဲ သီချင်းတွေဆို သာယာလိုက်တဲ့ညခင်းလေးပါ။
ထမင်းဝိုင်းမှာ စကားပြောဖြစ်ကြတယ်။
``ကဲ ထီးလေးရေ တို့ပါလာတဲ့ ထမင်းတွေလဲ နက်ဖြန်ဆို မလောက်တော့ဘူး ´´
``မျှားလေးရေ ဒီချက်ရေး ပြုတ်ရေးကိုတော့ နင်တို့ ညီမနှစ်ယောက် တာဝန်ယူလိုက်တော့ ဘယ်လိုလဲ ဖြစ်မလား´´
``ဖြစ်ပါတယ်ဟ ´´
``သူဇာက မနက်စောစော နိုးတတ်တယ် အစ်ကိုထီးလေး သူဇာ တာဝန်ယူပါ့မယ်´´
``ကောင်းတာပေါ့ သူဇာရဲ့ အော် ဒါနဲ့မနေ့ညက သူဇာတို့ ညီမနှစ်ယာက် တစ်ရေးနိုး စကားပြောဖြစ်ကြသေးလား´´
သူဇာက မျက်မှောင် တစ်ချက်ကျုတ်ပြီး
``ဟင့်အင်း မပြောဖြစ်ပါဘူး ရောက်ရောက်ချင်းနေက ခရီးပန်းတာနဲ့ သူဇာ တစ်ခါတည်းအိပ်ပျော်သွားတာ မနက်မှ တစ်ရေးနိုးပဲ´´
ကျွန်တော့ရင်ထဲ ဖျန်းကနဲဖြစ်သွားခဲ့တာကိုတော့ ဘယ်သူတွေ သိနိုင်မှာလဲ
``ဘာလို့မေးတာလဲ အစ်ကိုထီး´´
``အော် ……ဟို …´´
ကျွန်တော် ဖြေရခတ်နေပြီ။ လမ်းကလေးက ကျွန်တော့ကို မချိပြုံး ပြုံးပြလိုက်တယ်။ လမ်းကလေး ပြောချင်တဲ့ အပြုံးအဓိပ္ပာယ်ကတော့ သူဇာနဲ့ကျွန်တော် စကားပြောတိုင်း မပွင့်မလင်း စွန့်အ နေသည်ကို တစ်မျိုးထင်နေပုံရတယ်။
``ဘာမှ ဟုတ်ပါဘူး သူဇာရ ´´
``ထီးလေးရေ ငါ့ညီမအကြောင်းငါသိဆုံး သူက အိပ်ရင် အပေါ့အလေးတောင် ထသွားတတ်တဲ့သူ မဟုတ်ဘူး´´
``အေးပါ အေးပါ ငါက ချက်ရေးပြုတ်ရေးမှာ အားကိုလို့ရအောင် မေးကြည့်တာ´´
လမ်းကလေးကတော့ တစ်မျိုးထင်နေတာ သေချာနေပြီ။ ရှင်းပြဖို့ကလဲ ခတ် ။ ကျွန်တော် သိထားတဲ့ မသေချာသေးတဲ့ဖြစ်ရပ်တွေကိုတော့ သေချာအောင် စုံစမ်းပြီးမှ ဒီကိစ္စကို ရှင်းပြရတော့မှာပဲလို့ တွေးပြီး ဖြေသိမ့်နေလိုက်တော့သည်။
*****************************
စားသောက်ပြီးတော့ အိုက်စပ်စပ်လေးဖြစ်တာကြောင့် ခြံထဲမှာ ကျွန်တော်တို့တွေ ထိုင်ဖြစ်တယ် အချိန်ကား ည ၇ နာရီ
``ထီးလေးရယ် ငါနေ့ခင်းက အဖြစ်ပျက်ကိုပဲ ခံပြင်းလို့မဆုံးဘူး´´
``ဘယ်အဖြစ်ပျက်တုန်း´´
``လူ ငါးယောက်တည်း သွားတာကို ခုနှစ်ယောက်ဆိုပြီး အတင်းငြင်းတဲ့ ကစားကွင်းက လူကိုလေ´´
ကျွန်တော် နောက်ကျော မလုံတော့ပါ ။ လောကမှာ သိတဲ့သူက ပိုခံစားရတယ်ဆိုတာ တကယ်ပါလား။ သူတို့တွေက မသိသေးတော့ ကြောက်စိတ် ကင်းမဲ့စွာ ပြန်ပြောနေလျက်
``နင်ကတော်ပါသေးတယ်ဟာ ငါ့ကိုများ ကောင်မလေးကို ခေါ်သွားဦးလေတဲ့ ဟားဟား …… တကယ်သာ ငါ့မှာချစ်သူရှိနေရင် အခုချိန် ငါနဲ့အတူ ပါလာမှာပဲလို့ တွေးမိသေးတယ် ´´
တန်ခိုးကလဲ ရီလျက်ပြန်ပြောပြနေသေး
``ကဲ ဒီည ဘယ်သူတွေ နောက်ကျမှ အိပ်အလှည့်လဲ ´´
``သိဘူး´´
``ဘာ မသိတာလဲ ငါးလေး မင်းနဲ့တန်ခိုးနဲ့နော်´´
``သိပါတယ်ကွ ငါက စတာပါ´´
``လမ်းကလေး မင်းနဲ့ငါ အပေါ်ထပ်မှာ ဘီယာဘူးတွေ သွားယူရအောင် လိုက်ခဲ့ပါလား´´
``ဟာကွာ မင်းနောက်ကျမှ အိပ်ရမှာနော် သောက်လို့မဖြစ်ဘူးထင်တယ်။´´
``မင်းကလဲ ငါ့တာဝန် ငါသိပါတယ် ငါမူးအောင် မသောက်ပါဘူး တစ်ဘူးလောက်ပါပဲ´´
``ဟာ မလိုက်ဘူး မင်းကို အားပေးအားမြောက် ပြုတယ်ဆိုပြီး ငါ့ကို ဝိုင်းဆူနေကြလိမ့်မယ် မလိုက်ဘူး ကိုယ်ဟာကိုယ် သွားယူ´´
လမ်းကလေးကို တန်ခိုး အဖော်ခေါ်မရတာနဲ့
``ငါသိပါတယ်ကွာ မင်းသရဲကြောက်လို့မလိုက်ရဲတာ မဟုတ်လား …ငကြောက်´´
``အောင်မာ ဘာကြောက်စရာရှိလို့လဲ လူသေလို့ သရဲဖြစ်တာ မင်းသာ အပေါ်ထပ်ကို တတ်ရမှာကြောက်လို့ ငါ့ကို အဖော်ခေါ်တာ´´
``ဟာဟ လုံးဝ မကြောက်တတ်တာ ငါ့ဟာငါ သွားယူမယ် မလိုက်ရင်နေ´´
ပြောပြောဆိုဆိုဖြင့် တန်ခိုးထိုင်ခုံမှ ထသွားခဲ့တယ်။ အိမ်လှေကားထပ်ပေါ် လေချွန်ပြီး သာသာယာယာလေး တတ်သွားတယ် ။ ပြီးတော့ အခန်းထဲဝင်ပြီး ဘီယာဘူးတွေ ထားတဲ့နေရာမှ ဘီယာတစ်ဘူးကောက်ကိုင်လိုက်စဉ်
``တောက်……ဂျက်´´
တံခါးသော့တံကို လက်နဲ့ပုတ်လိုက်တဲ့အသံမျိုးကြားတော့ ``ဟေ့ယောင် လမ်းလေး လာမခြောက်နဲ့ကွာ လာ ဝင်ခဲ့ မင်းသောက်ချင်ရင် ဟိုကောင်တွေ မသိအောင် ဒီမှာပဲ မော့သွားလိုက်´´
အခန်းထဲမှ စကားလှမ်းပြောနေလျက်
``ဟေ့ယောင် ဝင်ခဲ့လေ ……ဟာ …ဒီကောင်ကွာ´´
စိတ်မရှည်တတ်တဲ့ တန်ခိုးက ခေါ်မရတာနဲ့ အခန်းပြင် ထွက်ကြည့်လိုက်တယ်။
``ဟင်´´
``ဘယ်သူမှ မရှိပါလား´´
ပိုသေချာအောင် အပေါ်ထပ် ဝရမ်တာကနေ လမ်းကလေးရှိတဲ့နေရာကို လှမ်းကြည့်လိုက်တော့ လမ်းကလေးတစ်ယောက့် မျှားကလေးတို့နဲ့ စကားပြောပြီး ရီးမောနေတာကို တွေ့လိုက်ရပြီ။
တန်ခိုး စဉ်းစားမရ ဘီယာဘူး နှစ်ဘူး ကိုင်လာပြီး အောက်ထပ်ကို တွေဝေသော အတွေးများနဲ့ တစ်လှမ်းချင်း ဆင်းလာခဲ့ပြီ။
အိမ်အပေါက်ဝ ရောက်တော့
``ဟာ …ဟေ့ယောင် မင်းကလဲ အခန်းထဲမှာပဲ ချနေတာလား ဘာလုပ်နေတာလဲ ကြာလိုက်တာ´´
လမ်းလေးက လှမ်းမေးလိုက်တယ်
ဘာမှ ပြန်မဖြေပဲ ခုံမှာ ဝင်ထိုင်လိုက်တယ်။
``တန်ခိုး ဘာဖြစ်နေတာလဲ´´
``အခုန ထသွားတာ အကောင်း ဘာလဲ နင့်ဘီယာဘူးတွေ ကုန်သွားလို့လား´´
တန်ခိုး ပြန်မဖြေ တော်တော်လေး ကြာမှ
``မဟုတ်ပါဘူးဟ ငါဒီည နောက်ကျမှ အိပ်ရမှာလေ ဒါကြောင့် စိတ်ငြိမ်အောင် ကျင့်နေတာ´
``ဖြစ်ရတယ် တို့က မင်းများသရဲ ဝင်ပူနေတာလားလို့´´
လမ်းကလေးရဲ့ စကားကြောင့် တန်ခိုး ကျွန်တော့မျက်နှာကို လှမ်းကြည့်လိုက်တယ်။ သေချာနေပါပြီ ဒါဆို တန်ခိုး တစ်ခုခုကို သိနေပြီဆိုတာ
``တန်ခိုး……သားရီး ငါလဲ ဒီည မင်းနဲ့အတူတူ နောက်ကျမှ အိပ်မယ်´´
ကျွန်တော် တန်ခိုးကို အားပေးသောအသံနဲ့ မာန်ပါပါဖြင့် ပြောလိုက်တယ်။
``ရပါတယ် ထီးလေးရာ မနေ့ညကလဲ မင်းပင်ပန်းနေပါပြီ ရပါတယ် ငါးလေးနဲ့ပဲ ငါနောက်ကျမှ အိပ်ပါ့မယ် နောက်ညတွေလဲ မင်းကိုပဲ အားကိုရဦးမှာ ဒီညတော့ တို့နှစ်ယောက်ပဲ နောက်ကျမှ အိပ်လိုက်ပါ့မယ်´´
``အေးအေး တန်ခိုး မင်းအများကြီး မသောက်နဲ့နော် ´´
``အေးပါ ထီးလေးရ အခုကစပြီး ငါအများကြီးမသောက်တော့ဘူးလို့ မင်းတို့အားလုံးကို ဂတိပေးပါတယ်။ ´´
အချိန်ကား ၉နာရီ ကျော်လာခဲ့ပြီ
မျှားကလေးတို့ ညီမနှစ်ယောက်လဲ အိပ်ချင်လာပြီ ဆိုတာကြောင့် အိပ်ခန်းလိုက်ပို့ပေးပြီး ကျွန်တော် ပြန်စင်းလာခဲ့တယ်။
ခြံထဲမှာ တန်ခိုး ငါးလေး လမ်းလေး တို့နဲ့အတူ ကျွန်တော် ထီးလေး
``လမ်းလေး မင်းကို ငါမေးမယ်နော် မင်းအမှန်တိုင်းဖြေပေး မိန်းကလေးတွေ မရှိတုန်း မေးမလို့´´
``ဟာ…ဟာ…တန်ခိုး မင်းမဟုတ်တာတွေတော့ လာမမေးနဲ့နော် ငါရှက်တယ်´
နောက်တောက်တောက် လေသံဖြင့် လမ်းလေးက ပြန်ပြောလိုက်တယ်
``မနောက်နဲ့လမ်းလေးရ ငါအတည်မေးမှာ´´
``ကဲ မေးပါဦး ဘာများမေးမလို့လဲ´´
``အခုန ငါအပေါ်တတ်သွားတုန်းက မင်းလိုက်လာသေးလား´´
``ဟင် မလိုက်ပါဘူးကွ´´
``အလိမ်နဲ့နော်´´
``အော်ကွာ မင်းကလဲ မယုံရင် ထီးလေးနဲ့ငါးလေးကိုသာ မေးကြည့် မင်းထသွားတည်းက ငါဒီကောင်တွေနဲ့အတူ ထိုင်ရာကတောင် ထတာ မဟုတ်ဘူး´´
တန်ခိုးက ကျွန်တော့ မျက်နှာကို ကြည့်လိုက်ပြီး
``ဟုတ်လား ထီးလေး´´
``ဟူတ်တယ်ကွ ´´
တန်ခိုး မျက်မှောင်ကျုတ်ပြီး စဉ်းစားနေသောဟန်ဖြင့်
``ဒါဆို…………ဒါဆို ´´
တန်ခိုး တစ်ခုခုကို ပြောမလို့ရွယ်လိုက်စဉ်မှာပဲ ကျွန်တော်ဟန့်တားလိုက်တယ်။
``တန်ခိုး´´
တန်ခိုး ကျွန်တော့မျက်နှာကို လှမ်းကြည့်လိုက်တော့ မျက်လုံးနဲ့ဆက်မပြောဖို့ ကျွန်တော် တားလိုက်ရတယ်။
ဒါနဲ့တန်ခိုးဆက်မပြောတော့ပဲ
``အော် ထီးလေး မင်းအိပ်ချင်နေပြီပေါ့ သွားအိပ်ကြတော့လေ ငါကတော့ ၁၂ ကျော်လောက်မှ အိပ်မယ် ´´
တန်ခိုးရဲ့စကားနဲ့အမူယာကို သိပ်အလေးမထားမိတဲ့ လမ်းကလေးနဲ့ငါးလေးကတော့
``တတာ့ ငါးလေးရေ မင်းတော့ တန်ခိုးကို အဖော်ဆက်လုပ်ပေးလိုက်ဦး ငါနဲ့ထီးလေးကတော့ သွားအိပ်တော့မယ်´´
လမ်းကလေးက ပြောပြီး ထလိုက်တယ် ပြီးတော့
``ဟင် ထီးလေး လာလေ မင်းမအိပ်သေးဘူးလား´´
``အော်အေး……အိပ်မှာပေါ့ကွ´´
ကျွန်တော် တန်ခိုးနဲ့ငါလေးကို နှုတ်ဆတ်လိုက်ပြီး လမ်းလေးနဲ့အတူ အိမ်ပေါ်တတ်သွားချေပြီ။
®®®®®®®®®®®®®®®®®®
လမ်းကလေးကတော့ ခန်းထဲဝင်သွားခဲ့ပြီ။ ကျွန်တော်လဲ လမ်းကလေးမြင်အောင် ဟန်ပြ အခန်းထဲဝင်ချင်ယောင်ဆောင်ပြီး ပြန်ထွက်လိုက်တယ်။ အပေါ်ထပ် ဝရမ်တာကနေ တန်ခိုးရှိရာသို့ ကျွန်တော် ကြည့်လိုက်တယ်။ တန်ခိုးက ဘီယာကိုမော့သောက်နေပြီး ။သူ့ဘေးက ငါးလေးကတော့ စာအုပ်ကို စိတ်ဝင်တစား ဖတ်နေလျက်
ကျွန်တော် ငါးမိနစ်လောက် ကြည့်ပြီး ငိုက်လာတာနဲ့ အခန်းထဲဝင်ပြီး အိပ်ပျော်သွားခဲ့တယ်။ ထီးလေးတစ်ယေက်ကတော့ နေ့ခင်းကမအိပ်ထားသည့် အရှိန်ကြောင့် နှစ်ခြိုက်စွာ အိပ်မောကျနေလေတော့သည်။
*****************************
အချိန်ကား ညဥ့်နက်လာချေပြီ။
``တန်ခိုး ငါအိပ်ချင်လာပြီ´´
``ဒါဆို ငါလဲ အိပ်တော့မယ် ဘယ်ချိန်ရှိပြီလဲ ´´`
``၁၂ ကျော်နေပြီ´´
``အချိန် ဘယ်နည်းတော့မလဲ ဒီလောက်ဆို ဟိုကောင်တွေလဲ အိပ်မောကျနေရောပေါ့ ငါတို့လဲ အိပ်တော့မယ် ´´
နှစ်ယောက်သား အိမ်ပေါ်ထပ်ကို အတူ တိတ်လာခဲ့တယ်။ ငါးကလေးကတော့ ထီးလေးနဲ့အတူ အိပ်သည်မို့ ထီးလေးရှိတဲ့ထောင့်ဆုံးခန်းကို ဝင်သွားချေပြီ။ တန်ခိုးလဲ အခနိးထဲဝင်ပြီး ။ကုတင်ပေါ် လှဲလိုက်တယ်။ နောက်
``မဖြစ်သေးပါဘူး ဒီည ထီးလေးနည်းနည်းပင်ပန်းသွားတယ် ငါပဲ ရှိတာ ငါအိပ်လို့မဖြစ်သေးပါဘူး´´
တစ်ယောက်တည်း ရည်ရွက်ရင်း အခန်းတံခါးဖွင့်ကာ ဝရမ်တာလေးမှ အိမ်အောက် ကိုကြည့်မိလိုက်တယ်။
``ဟင်……အရမ်းလှတဲ့ မိန်းကလေးပါလား´´
စိတ်ထဲကရည်ရွတ်ရင်း မြန်မာဆန်ဆန် နဲ့မိနိးကလေးတစ်ယောက်ကို တန်ခိုးတွေ့လိုက်ရတယ်။ အချိနိကြာကြာ မိန်းကလေးလှုပ်ရှားနေတာကို သူလိုက်ကြည့်နေမိတယ်
``ဟင် ………မဟုတ်သေးပါဘူး´´
အချိန်ကြာမှ အသိဝင်လာပြီး
``ဘယ်က မိန်းကလေးလဲ´´
မျက်လုံးကို ပွတ်သပ်ပြီး ပြန်ကြည့်တော့ ခြံထောင်က စံပယ်ပန်းရုံကိုသာ တွေ့လိုက်ပြီ။
``ဟင် …စံပယ်ရုံကြီးပါလား ငါမူးနေတာလား မနေ့ကလောက်တောင် မသောက်ထားပါဘူး ငါမမူးပါဘူး ငါသေချာမြင်တာရော ဟူတ်ရဲ့လား ငါ့စိတ်ထဲက ချစ်သူလိုချင်လို့ ငါမြင်မိ မြင်ရာတွေ မြင်နေတာများလား´´
တစ်ယောက်တည်း အတွေးများဖြင့် စဉ်းစားမရပဲ မနက်မှ အားလုံးနဲ့တိုင်ပင်ပြီး ထူးခြားတာတွေကို ကြုံနေရပြီးဖြစ်ကြောင်း တစ်ခြား သူတွေရော ကြုံနေရလားဆိုတာ မေးတော့မည်ဟူ တွေးကာ တန်ခိုးတစ်ယောက် အတွေးများစွာဖြင့်သာ အိပ်အခန်းထဲ ဝင်သွားပါလေတော့သည်။
*********-*********-******-**
အပိုင်း (၇)တွင် ဆက်လက်ဖတ်ရှု့ပေပါရန်။
Post Top Ad
Responsive Ads Here
အပိုင်း(၆) နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Share This
Tags
# ၀၁.နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Share This
About Unknown
၀၁.နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Labels:
၀၁.နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment