အပိုင်း(၄) နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၄) နှစ်၁၀၀ကျိန်စာသင့်အိမ်ကြီး

Share This

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး
      အပိုင်း (၄)
စာရေးသူ -ထီးကလေး၊




အိမ်ကြီးလှေကားတွေက ပြောင်တင်းလို့ သက်ရက်လှသည်။ ကျွန်တော်တို့ခြောက်ယောက် တစ်ဖြည်းဖြည်းချင်းတတ်လာခဲ့တယ် ။လှေကားက နှစ်ဖက်ခွဲတတ်ရတယ် ။တန်ခိုးနဲ့မျှားကလေး လမ်းကလေးက ညာဘက် ခြမ်းကိုလမ်းခွဲသွားခဲ့တယ် ။ကျွန်တော်နဲ့သူဇာ ငါးကလေးကတော့ ဘဟ်ဘက်ခြမ်းကို ဦးတည်နေခဲ့တယ်။
``ထီးလေး အခန်းတွေက အများကြီးပဲနော် တည်းခိုခန်းတောင် ဖွင့်စားလို့ရတယ် ´´
``အေးအေးနောက်မှ မျှားလေးအဖေဆီက မင်းပြန်ဝယ်ပြီး ဖွင့်စား´´
``အစ်ကို ထီးလေး သူဇာတို့ဘယ်ခန်းမှာ နေရမှာလဲ ´´
``တို့အားလုံးတိုင်ပင်ပြီးမှ စီစဉ်ကြမယ်လေ´´
``ဟုတ်´´
အခန်းအားလုံးက အခန်းသော့ တပ်ထားတယ် ။အလွယ်တကူ ဖွင့်ရုံပါပဲ။ ``မျှားလေးရေ တန်ခိုး ဟေ့ကောင် လမ်းကလေး ဒီကိုလာကြဦးဟ မင်းတို့ကလဲ ခွဲခြားခွဲခြားလုပ်နေပြီ´´
ငါးကလေး အော်ခေါ်လိုက်တဲ့အသံက ပဲ့တင်ထပ်လို့
``လာပါပြီကွ ငါတို့လဲ လိုက်ကြည့်နေတာ´´
``ထီးလေး တို့တွေ ဘယ်လိုနေကြမလဲ တစ်ယောက်တစ်ခန်းနေကြမလား နှစ်ယောက်တစ်ခန်းနေကြမလား´´
တန်ခိုးက ကျွန်တော့ကို မေးလိုက်တယ် မျှားလေးက
``ဒီလိုလုပ်လေ ငါနဲ့သူဇာနဲ့က ဒီအလယ်ခန်းမှာနေမယ် ထီးလေးနဲ့ငါးကလေးက ဟိုဘက်ထောင့်က အခန်းမှာနေလိုက် တန်ခိုး ……နင်နဲ့လမ်းကလေးက ဒီအခန်းမှာနေလေ ဖြစ်မလား´´
``ဖြစ်ပါတယ်ဟ နင်တို့ညီမနှစ်ယောက်က အလယ်ခန်းမှာ ဆိုတော့ ပိုကောင်းတယ်´´
``ကဲ ကဲ ကိုယ့်နေရာ ကိုယ်ယူဟေ့´´
သတ်မှတ်ထားတဲ့အခန်းတွေမှာ ကိုယ်ဆီ နေရာယူဖို့ ဝင်ကုန်ကြပြီ
အခန်းထဲရောက်လာတော့ ငါးကလေးက
``ထီးလေး ကြည့်စမ်းပါဦး ကုတင်နဲ့အိပ်ယာခင်းတွေ ရှိနေတယ် ။ပြီးတော့ အားလုံးကလဲ လူနေတဲ့အတိုင်းပဲ သတ်သတ်ရပ်ရပ် တစ်ခန်းမှာ ဆယ်ယောက်လောက်တောင် နေလို့ရတယ် အကျယ်ကြီးပဲနော် ´´
``ဒီအိပ်ယာခင်းတွေကို သိမ်းပြီး တို့ပါလာတဲ့ဟာတွေပဲ ခင်းအိပ်လိုက်မယ်လေ တော်ကြာ သူများဟာတွေနဲ့မကောင်းပါဘူး ´´
``အေးလေ မင်းပြောသလိုပဲ လုပ်လိုက်မယ်´´
အချိန်က နေ့ခင်း ၁ နာရီ ခွဲခါနီးပါ ။ ရှေးဟောင်းအိမ်ကြီးလို့ပြောစရာ မလိုအောင် အေးချမ်းလှသည်။ တိတ်ဆိတ်မှု့က ကြီးဆိုးလျက်
ကျွန်တော်လဲ ညက အိပ်ရေးပျက်ထားတာကြောင့် ကုတင်ပေါ်ခဏလှဲနေရင်း မှေးမှေးနဲ့အိပ်ပျော်သွားချေပြီ။

ကျွန်တော် အိပ်ယာ ပြန်နိုးလာတော့ ညနေတောင် စောင်းတော့မယ် အချိန်က ၄ နာရီ
``ဟင် ငါတော်တော် အိပ်ပျော်သွားပါလား ဟိုကောင်တွေ ဘယ်ရောက်နေလဲ မသိဘူး´´
ကျွန်တော့ဘေးကုတင်က ငါးကလေးကို မတွေ့တော့ ကျွန်တော်
``ငါးလေး ´´
``ဟေး ထီးလေး မင်းနိုးလာပြီလား ငါရေချိုးခန်းထဲမှာ ဟိုကောင်တွေလဲ ရေမိုးချိုးနေကြတယ်တဲ့ ´´
``အေးအေး မင်းပီးရင် ငါလဲ ချိုးမယ် မြန်မြန်လုပ် ´´
ငါးကလေးက ရေချိုးခန်းထဲမှကနေ
``မမိုက်ပါဘူး ထီးကလေးရာ ရေပန်းလဲ မရှိဘူး ကိုယ်ဟာကိုယ် ခပ်ချိုးနေရတယ် ´´
``အမယ် သူများအိမ်လာပြီး ရေပန်းလိုချင်သေးတယ် မင်းရေချိုးရတာပဲ ကံကောင်းတယ် မှတ် စကားများမနေနဲ့ မြန်မြန်ချိုး ´´
``အေးပါဟ ´´
ကျွန်တော်တို့အားလုံး ရေမိုးချိုးပြီး အောက်ထပ်မှာ ဆုံကြတယ်
``မျှားလေး နင်တို့ညီမနှစ်ယောက် နေရတာ အဆင်ပြေရဲ့လား ´´
``ပြေပါတယ်ဟ အေးရာ အေးကြောင်းပဲ ငါ့မှာ ဒီလောက်ကောင်းတဲ့အိမ်ကြီးရှိတာ အစတည်းကသိရင် ငါဒီမှာပဲ ပြောင်းနေတာ ကြာပြီ´´
``ဟုတ်ပါပြီ နင်ယောကျားရမှ ဒီမှာပြောင်းနေ ဟုတ်ပလာ´´
``ယောက်ျားမယူဘူး တန်ခိုးရေ အပျိုကြီးလုပ်မှာ အော်ဒါနဲ့ နင်တို့နှစ်ယောက်ရော နေရတာ အဆင်ပြေရဲ့လား ´´
``ပြေပါ့ ငလမ်းက အိပ်တာ ဟောက်တောင် နေတယ် ´´
``အမယ် ငါ့ပြောနေသေး မင်းလဲ ဟောက်တာပါပဲ´´
``လာဟေ့ တို့ခြံထဲသွားရအောင် ကားပေါ်က ခေါက်ခုံတွေ သွားချကြမယ်´´
ကျွန်တော်တို့ ကားရှိရာကို သွားကြပြီ ။ကားပေါ်က အသင့်ပါတဲ့ခေါက်ခုံတွေကို နေလို့ထိုင်လို့ ကောင်းမယ့် ခြံတစ်နေရာမှာ ခင်းလိုက်တယ် ။လေပြေလေးတွေက တစ်ဖြူးဖြူး
``အော် …တို့ဦးတင်အောင်တို့အိမ်ဘက်လျောက်ကြည့်ရင် မကောင်းဘူးလား´´
``ကောင်းတာပေါ့ဟ ´´
``လာ သွားကြမယ်´´
ကျွန်တော်တို့ပြောနေစဉ် အိမ်ဘေးမှ ဦးတင်အောင်ထွက်ခါ
``ဟ ငါ့တူရီတို့ ဦးလေးဆီလာမလို့ပြောနေကြတာပဲ ´´
``မင်းတို့ညနေစာ အတွက်ရော ´´
``ဒါတော့မပူနဲ့ဦးလေးရေ ကျွန်တော်တို့ရိက္ခာအပြည့်ပါတယ် ´´
``ဦးလေးရောက်လာပြီဆိုတော့ ထိုင်ဦးဗျ ကျွန်တော့တို့ကို ဒီအိမ်ကြီးနဲ့ပတ်သတ်ပြီး ဦးလေးသိသလောက် ပြောပြပါလား´´
``ဟုတ်တယ် ဦးလေးတင် ပြောပြပါနော် အဖေက ဒီလောက်ကောင်းတဲ့အိမ်ကြီးကို ပစ်ထားပြီး သမီးကိုပြောတယ် သရဲခြောက်တယ်တဲ့ အဲ့တာ ဟုတ်လား ဦးလေး´´
ဦးတင်အောင်က ခပ်ပြုံးပြုံး
``သရဲခြောက်တယ်ဆိုတော့လဲ ဆရာပြောသလို သရဲခြောက်တယ်ပေါ့လေ´´
``ဟင် ဦးလေး စကားက ဘယ်လိုကြီးတုန်း´´
``သမီးလေး မျှားကလေးအဖေနဲ့ဦးလေးတို့က ဆရာတပည့်တွေပေါ့ ။ ဆရာက သိပ်ကို စိတ်ကောင်း စေတနာကောင်းရှိတဲ့သူတော်တစ်ယောက်ပါ ဦးလေးကိုလဲ သားသမီးအရင်းတစ်ယောက်လို ချစ်ရှာတယ် ဆရာသာ ဦးလေးကို အခုလို ဒီအိမ်ကြီးမှာ နေခွင့်မပေးထားရင် ဦးလေး အခုအချိန်လောက်ဆို လမ်းဘေးမှာသေတာကြာပြီပေါ့ ။ဦးလေးက ဆရာ့ကို ကိုဟ့်အဖေ တစ်ယောက်လို သဘောထားတယ် ဆရာနဲ့ဦးလေးက အသတ်ခြင်းသိပ်မကွာဘူးလေ။ ဒါပေမယ့်ဆရာ့ မွေးစားအမေ မယ်မယ်ကြီး ဒေါ်မြနှင်းဆီက သိပ်ကို မာနကြီးတယ် ။သူက ဒီမြို့လေးရဲ့မျက်နှာဖုံးဆိုလဲ မမှားနိုင်ဘူးပေါ့။ ဒေါ်မြနှင်းဆီ အမျိုးသားက အထက်လမ်းလို အောက်လမ်းလိုလိုတွေ လိုက်စားတယ် ။ဒါကို မယ်မယ်ကြီးကလဲ အားပေးအားမြောက်လုပ်တယ်လေ ´´
ဦးတင်အောင်က အဝေးကို မျှော်ကြည့်နေနဲ့မျက်ဝန်းနှင့်အတူ ကျွန်တောတို့ကို သူ့ရဲ့ငယ်ဘဝအကြောင်း ပန်လည်တမ်းတ ပြောနေရှာတယ်
ကျွန်တော်တို့ကလဲ ဦးတင်အောင်ရဲ့စကားတွေကို စိတ်ဝင်တစား နားထောသ်နေလျက်ပေါ့
``ဟုတ် ဦးလေးတင်အောင် ဖေဖေက ဒီကို တစ်ခါခါ ရောက်လာတတ်လား´´
``ဆရာ ဒီကိုရောက်မလာတာဆို နှစ်ပေါင်းနှစ်ဆယ် ပြည့်တော့မယ်´´
``ရှင် …ဦးလေး ဒါဆိုဖေဖေက ဦးလေးကို  အခု ပစ်ထားတာလား ရန်ကုန်ကို ခေါ်မထားပဲ´´
``အဲ့လိုမဟူတ်ပါဘူး တူမရီးရဲ့ဦးလေးက ဒီခြံကြီးကို သံယော်ဇဉ်ရှိလွန်းလို့ နေခဲ့တာ´´
````ဒါနဲ့ဆက်ပြောပါဦး ဦးလေး´´
``ဒေါ်မြနှင်းဆီ အမျိုးသားက အောက်လမ်းလိုလို အထက်လမ်းလိုလိုဆိုတာ ကို´´
``ဟုတ်တယ် တူရီးရေ ဦးထင်ခလို့ခေါ်တယ် သူက သိပ်ကိုခတ်ထန်တယ် အရမ်းလဲ ရက်စက်တယ် ဦးလေးကို ဆရာက ဒီအိမ်ပေါ်ကိုခေါ်လာရင် သူတို့လင်မယားနှစ်ယောက်က မကြိုက်ဘူး မောင်းထုတ်ကြတယ် ဦးလေးကို အိမ်ထဲမလာရဘူးလို့ပြောတယ် ဆရာက ဦးလေးကို အဲ့လို မပြောဖို့သူမိဘတွေကိုပြောတယ်လေ ။ဦးလေးလဲ မယ်မယ်ကြီးတို့ဦးထင်ခတို့မရှိမှ ဆရာခေါ်လို့အိမ်ထဲဝင်ရဲတယ် ။မှတ်မှတ်ရရ ဦးလေးအိမ်ထဲကို ရောက်ဖူးတာဆိုလို့ ၄ ၅ ခေါက်လောက်ပဲရှိမယ် ။ လကွယ်ညတိုင်း ဦးထင်ခက အခန်းတစ်ခန်းထဲမှာ အဓိဌာန်ဝင်တယ်ဆိုလား တစ်ညလုံး ရှိနေတတ်တယ် ။အဲ့ချိန်ဆို ဦးလေးနေတဲ့ခြံထောင်က တဲလေးမှာတောင် ဒီအိမ်ကြီးထဲက အော်သံလိုလို ငိုသံလိုလိုတွေအမြဲကြားရတယ် ။ဦးလေး စရောက်ခါစက အရမ်ကြောက်တာပေါ့။ နောက်တော့လဲ တစ်ဖြည်းဖြည်းရင်းနှီးလာသလို ကြောက်စိတ်တွေလဲ မရှိတော့ဘူးပေါ့လေ။ ´´
မျှားကလေးက ပြောမဆုံးသေးတဲ့ ဦးတင်အောင်ရဲ့ စကားကို ဖျက်ပြောလိုက်တယ်
``အဲ့အခန်းက ဘယ်ခန်းလဲ ဦးလေး´´
``ဟင်…ဒါတော့ ဦးလေးလဲ အသိကျမသိဘူးကွယ့် အိမ်ထဲမှာက အခန်းတွေ များသလို မြေအောက်ခန်းတွေလဲ အများကြီး ဦးထင်ခက လုပ်ထားတယ် ။ ဆရာပြောတာ ကြားဘူးတာတော့ အဲ့ဒီ့မြေအောက်ခန်းတွေထဲက တစ်ခန်းကဆိုလား အဲ့ခန်းကနေ တည့်တည့်ထွက်သွားရင် မြို့ထဲကို တန်းရောက်တယ်လို့ဆရာပြောလို့ဦးလေးသိရတယ်´´
``ဟာ ဒါဆို ဒီအိမ်ကြီးက တော်တော့်ကိုထူးဆန်းပြီး ပဟေဠိလဲဆန်တာပဲနော်´´
``ဟုတ်တယ် ငါ့တူရေ ပဟေဠိဆန်တာက ဦးထင်ခတို့အတွက်တော့ ကောင်းတာပေါ့လေ ဒါပေမယ့် ပရ……´´
ဦးထင်ခက ပြောလက်စ စကား ပရ ဆိုတဲ့နေရာမှာ ရပ်ပြီး မျက်စိမျက်နှာပျက်
``ဦးလေး ဆက်ပြောလေ ပရ ဆိုတာ ပရလောကကိုပြောတာလား´´
ဦးတင်အောင် မဖြေပဲ
``ပရ ……ပရ အင်းးးးဟို ´´
``ပြောပါဦးလေးရ သမီးတို့က မကြောက်တတ်ပါဘူး အားလုံးကလဲ ပရလောကဆိုတာ အပြည့်ဝလက်ခံ ယုံကြည်ချင်လို့ဒီအိမိကြီးဆီရောက်လာကြတာပါ´´
ဦးတင်အောင် ဆက်မပြောတော့ပဲ
``ထားပါတော့ ငါ့တူတို့ရေ မှောင်လဲ မှောင်လာပြီး ဦးလေးလဲ ခြံထဲမှာ အလုပ်လေးတွေရှိသေးတယ် နောက်မှ ဆက်ပြောပြပါ့မယ်နော် ´´
လူကြီးက အလုပ်ရှိသေးတယ်ပြောတော့လဲ ကျွန်တော်တို့ လူငယ်တွေက နားလည်ပေးစွာ ခွင့်ပြုလိုက်ရတယ်
``ဦးလေး မနက်ဖြန် တကယ်ပြောပြရမယ်နော် ´´
``စိတ်ချ စိတ်ချ ဦးလေးပြောပြပါ့မယ်´´

ပြောပြောဆိုဆိုနှင့် ဦးတင်အောက် ထိုင်ရာမှ ထပြီး အိမ်ဒေါင့်ထဲ ပြန်သွားခဲ့ချေပြီ။
ကျွန်တော်တို့လဲ ညနေစာစားဖို့ အိမ်ကြီးထဲကို ပြန်ဝင်ခဲ့ကြပြီ။

           *******************
``ကဲ အားလုံပဲ ညစာ စားကြမယ်ဟေ့´´
``ဟဲ့ လမ်းလေး အဲ့ဒီလို့အော်မပြောကောင်းဘူး ဟဲ့´´
``သူဇာ နင်ကလဲဟယ် ကြောက်တတ်လိုက်တာ ငါက နင်တို့ကိုပြောတာပါ´´
``ကဲ ကဲ လာ စားဖို့သောက်ဖို့ပြင်ကြရအောင် ´´
``တို့ကြီးပဲ စားမှာလား ဦးလေးတင်အောင်ပါ တစ်ခါတည်းခေါ်လေ ´´
``ဟုတ်ပါ့ နေနေ ငါသွားခေါ်လိုက်မယ်´´
ဦးတင်အောင်ကို ကျွန်တော်တို့နဲ ညနေစာ အတူတူစားဖို့ မျှားကလေး သွားခေါ်ရင်း အိမ်အပြင်ကို ထွက်သွားခဲ့တယ် ။
``ဦးလေး ……ဦးလေး ´´
``ဟာ ဘယ်ပျောက်သွားပါလိမ့်နော် ´´
မျှားကလေး ခဏအကြာမှာတော့ အိမ်ထဲပြန်ရောက်လာခဲ့တယ်
``မျှားလေး ဦးလေးပါလာပြီးလား´´
``မတွေ့ပါဘူးဟယ် အပြင်ထွက်သွားတာလား မသိဘူး´´
``ဟာ နင်ကလဲ သူ့အိမ်ပြန်သွားတာနေမှာပေါ့ ´´
``သူ့အိမ်ရောက်ခဲ့သေးလား´´
``ဟက်အေး အိမ်ကိုသွား မကြည့်ခဲ့ဘူး´´
``လာပါဟာ နင်ထမင်းလာစား ဒီနေ့မကြုံတော့လဲ နောက်နေ့မှပေါ့ ´´
ကျွန်တော်တို့အားလုံး ထမင်းလက်ဆုံ စားကြတယ်။
``စားပီးရင်တော့ ခြံထဲမှာ အေးဆေး ဘီယာလေးနဲ့အပန်းဖြေရမယ်ဟေ့´´
``လုပ်ပီ အရက်သမားကတော့´´
``ဟာ နင်တို့ကလဲ ငါတို့က ပျော်ပွဲစားထွက်လာတာလေ ဒါလေးနည်းနည်းပါမှ ပိုမိုက်မှာပေါ့ဟ´´
တန်ခိုးကတော့ သူ့စီစဉ်နဲ့သူတော့ ဟုတ်နေပြီ။ အားလုံးထမင်းစားပြီးတော့
``အပြင်ကိုလာကြပါလားဟ လေတိုက်တာများ လက်ဆတ်ပြီးအေးနေတာပဲ´´
``လာလာ ခုံတွေ ချ ´´
``ဦးတင်အောင်ကို သွားခေါ်ပါလား တို့ညနေက အကြောင်းလေး ပြန်မေးရအောင် ´´
``ဟာ နောက်နေ့မှ မေးပါလမ်းလေးရာ လူကြီး စောစောနားပါစေ ´´
``အေးအေး´´
တန်ခိုးကတော့ အသင့်ပါလာတဲ့ ဘီယာဘူးတွေ တစ်ဘူးပြီး တစ်ဘူး သောက်နေလျက်
``ဟာ ဒါနဲ့မေ့နေလိုက်တာ အိမ်တွေကို ဖုန်းဆက်ကြဦးလေ တော်ကြာ စိတ်ပူနေဦးမယ် ´´
``ငါတို့ညီမနှစ်ယောက်ကတော့ ရောက်ရောက်ချင်း ရောက်ကြောင်း အသိပေးပြီးပြီ  လိုင်းတွေကလဲ မိ တစ်ချက် မမိ တစ်ချက်နဲ့ပါဟာ ညဆိုရင်တော့ မိမလားမသိဘူး ထီးလေးဆက်ကြည့်ပါလား´´
မျှားလေးပြောတာနဲ့ကျွန်တော် ဘောင်းဘီအိတ်ထဲက ဖုန်းထုတ်ပြီး ဖုန်းတိုင်တွေကြည့်လိုက်တော့
``ဟင် ကြည့်ပါဦး တစ်တိုင်မှ မရှိဘူး
မနက်မှပဲ ဆက်လိုက်တော့မယ်ဟာ ငါ့အိမ်က ငါ့ကို စိတ်ချပြီးသားပါဟ နင်တို့လို မဟုတ်ဘူး´´
``အောင်မာ ´´
``မသာကာ ငါ့စိတ်မချလို့ ဖုန်းဆက်မရရင်လဲ နင်အိမ်ကို ဖုန်းဆက်မေးမယ်ဟာ နင်အိမ်က ပြောမယ် မျှားလေးကတော့ ဆက်တယ် အေးဆေးပါပဲ ဘာညာပေါ့ ဟုတ်တယ် ဟုတ်´´
``အဲ့ဒါလဲ ဟုတ်သားပဲ´´
``တန်ခိုး မင်းတော့ ကောင်းနေပြီပေါ့´´
``ဘာပြောကောင်းမလဲ လမ်းလေးရာ ရှယ်ပဲပေါ့ မင်းသောက်ဦးမလား ´´
``တော်ပီ ငါကဒီတစ်ဘူးတောင် ကုန်အောင် မနည်းသောက်ရဦးမယ်´´
``ဟေ့ကောင် ငါးလေး မင်းက ငါနဲ့အိပ်တာနော် အုပ်အော်ဆွဲမယ်တော့ မကြံနဲ့´´
``အေးပါကွာ ဘီယာလောက်နဲ့ ဆွဲစရာလားကွ ငထီးရ´´
ကျွန်တော်တို့အားလုံး ခြံထဲမှာ လေညင်းခံခဲ့တာ ၂ နာရီလောက်တော့ ကြာနေခဲ့ပြီ ။အချိန်ကား ည ၉နာရီ ကျော်လောက်ရှိကြပြီ
``မမ သူဇာ အိပ်ချင်ပြီ သွားအိပ်တော့မယ် ´´
``လာလာ ငါလဲ အိပ်မှာပေါ့ ´´
``ထီးလေး ငါလဲ အနားယူလိုက်တော့မယ် ´´
``အေးအေး မနက်ကျရင် စောစောထကြနော် good night´´
``ထီးလေး ငါလဲသွားအိပ်တော့မယ် ´´
တန်ခိုးက အာလေး လျှာလေး အသံနဲ့ ကျွန်တော့ကို ပြောတယ်။
``အေးအေး လမ်းလေး မင်းပါလိုက်သွားတော့လေ ´´
``အေးအေး ထီးလေး ဒီညတော့ မင်းနည်းနည်းနောက်ကျမှ အိပ်နော် ´´
``အေးပါ တန်ခိုးရ စိတ်ချပါ ´´
``အေးထီးလေးရာ နောက်ညကျရင် ငါနောက်ကျမှ ပြန်အိပ်မယ် မင်းနဲ့ငါ တစ်လှည့်စီပေါ့´´
ပြောပြောဆိုဆိုနှင့် ခြေလှမ်းမှန်မှန် တန်ခိုး အပေါ်တတ်ကို တတ်သွားခဲ့ပြီ။သူ့နဲ့အတူအိပ်တဲ့ လမ်းကလေးကပါ ။
``ဟာ တံခါးက ဖွင့်မရပါလား´´
``တန်ခိုး ငါတို့ အခန်းက ဒီခန်းဟုတ်ပါတယ်နော် ´´
``ဖယ် စမ်း အား ဟုတ်ပါဘူးဟ ငလမ်းရ မင်းမူးနေတာလား ငါတောင် သိတယ် အဲ့ဒါ အခန်းလွတ်ကြီး ဟို မှာ မီးရောင်ထွက်နေတဲ့အခန်းက မျှားကလေးတို့ညီမနှစ်ယောက် အခန်း အဲ့ဒီဘေးခန်းက တို့အခန်း´´
``ဟုတ်ပါရဲ့ ငမူးကတောင် မှတ်မိသေး´´
``ဘာငမူးလဲ လာ ကြောင်တောင်တောင်နဲ့´´

ခြံထဲမှာ ကျွန်တော်နဲ့အတူ ငါးကလေးအတူရှိနေခဲ့တယ် ။
၁၀ နာရီ ခွဲလောက်ကျတော့
``ထီးလေး ငါအိပ်ချင်နေပြီ ´´
``အေးအေး သွားအိပ်တော့လေ ´´
``အေးကွာ   ဝါးးးး နေ့ခင်းက သိပ်မအိပ်ဖြစ်ဘူးဟ စိတ်ထဲလွတ်လပ်နေတာနဲ့ အိပ်မရဘူး´´
``အေးအေး သွားသွား´´
ငါးကလေး လဲ အိပ်ချင်လာပြီပေါ့ ကျွန်တော်ကတော့ နေ့လည်က အိပ်ထားတဲ့အရှိန်နဲ့အတူ ငါက ခေါင်းဆောင်ပါလားဆ်ုတဲ့ စိတ်က အိပ်ချင်စိတ်ကို လွမ်းမိုးထားနိုင်ခဲ့ပြီ။
ကျွန်တော်တစ်ယောက်တည်း ခြံထဲမှာ စာအုပ်ဖတ်နေလိုက်တယ် ။အချိန်နည်းနည်း ကြာတော့ လေအေးတွေ တိုက်ခတ်မှု့ကြောင့် အေးစိမ့်စိမ့်ဖြစ်လာခဲ့တယ်။ အိမ်ရဲ့ အောက်ဝရမ်တာလေးမှာပဲ ခုံလေးချပြီ ထိုင်နေခဲ့ပြီ။ ဒီလိုနဲ့ပဲ ညဥ့်နက်လာချေပြီ။ ကျွန်တော်နာရီ ကြည့်မိတော့ ၁၁ နာရီ ၃၀ ခဏ လမ်းလျောက်လိုက်တယ် ။ လေတွေကလဲ အေးလိုက်တာ ။ ကျွန်တော် ဝရမ်တာက ခုံမှ ပြန်ထိုင်လိုက်တယ် ။ဘေးနားက စာအုပ်လေးကို ကောက်ကိုင်လိုက်တယ်။ စာရွက် နှစ်ရွက်လောက် ကျော်ပြီးတဲ့နောက်
``ရှက် ……ရှက် ´´
အသံကြားတာကြောင့် ကျွန်တော် အိမ်ထဲလှမ်းကြည့်လိုက်တော့
``အော် သူဇာပဲ ´´
စိတ်ထဲက ရည်ရွတ်ပြီ
``ဟာ သူဇာ လာထိုင်လေ ´´
ကျွန်တော် သူဇာ့ကို နေရာပေးထိုင်ခိုင်းလိုက်တယ် ။
သူဇာကတော့ အဝေးကိုမျှော်ကြည်နေတဲ့မျက်ဝန်းတစ်စုံကလွဲလို့ စကားတစ်ခွန်းမှ မပြော ၅ မိနစ်နီးပါး
``သူဇာ အိပ်မပျော်ဘူးလား စောစောက သူဇာပဲ အရင် အိပ်ချင်လာပြီးတော့ ´´
``ဟုတ်တယ် ´´
ခပ်ထန်မာကျောလှသော လေသံနဲ့သူဇာက ကျွန်တော့ကို ပြန်ပြောလိုက်တယ် ။သူဇာ့ လေသံကြောင့် ကျွန်တော် သူဇာ့ မျက်နှာကို လှမ်းကြည့်မိလိုက်တယ် ။
``ဘာလို့ အိပ်မပျော်ရတာလဲ သူဇာ ´´
``ပျော်လွန်းလို့ကို
            အိပ်မရတာ´´
သူ့ဇာ့လေသံက ပျက်သားစွာ
``ဟုတ်တယ် ငါသိပ်ပျော်တာပဲ´´
သိမ့်မွေးလှတဲ့သူဇာက ငါဆိုတဲ့အသုံးနှုန်းကို သုံးပြီး
``အစ်ကိုတို့လဲ ပျော်တာပေါ့ သူဇာရဲ့ ´´
``မဟူတ်ဘူး ငါက နင်တို့ပျော်သလို ပျော်တာ မဟုတ်ဘူး ´´
``ဒါဆို သူဇာက ဘယ်လိုပျော်တာလဲ ´´
``မသိဘူး ပျော်တာပဲ သိတယ်´´
လေသံကပျက် ၊ မျက်နှာထားက ခပ်မာမာ ၊ မျက်ဝန်းတစ်စုံက အရှေ့စူးစူး၊
နှုတ်ခမ်းက စေ့ထားတယ်။ ခြေနှစ်ဖတ်ကို ချိတ်ထားပြီး တွဲလောင်းချ လွဲနေလျက် ဒီလိုတွေ ပြောပြီး ထိုင်ရာကနေ ထသွားခဲ့တယ်။
``အော် ငါ့နဲ့နော် ယောင်တဲ့သူကိုမှ လျောက်မေးနေရတယ်လို့´´
သူဇာ အိပ်ပေါ်ထပ် ပြန်တတ်သွားတာကို ကြည့်ရင်း ကျွန်တော် ရည်ရွတ်မိတယ်။
``နှစ်ခါ ရှိပြီ ဒီကောင်မလေး ထထ ယောင်တာဆို မျှားလေးတောင် သိရဲ့လား မသိဘူး သူ့ညီမ ယောင်တတ်တာ´´
``အေးပေါ့လေ လူတစ်ကိုယ် စိတ်တစ်မျိုးဆီပေါ့´´
ကျွန်တော် စိတ်ထဲက ရည်ရွတ်ရင်း နာရီ ကြည့်လိုက်တော့ ၁၂ နာရီ ၄၅
``ဝါးးးးးးငါလဲ အိပ်တော့မယ် မနက်ကျမှ သူဇာ ယောင်တတ်တာကို ပြောပြရဦးမယ် ´´
ကျွန်တော် စာအုပ်လေးကိုင်ပြီး အိမ်ပေါ်ထပ် ပြန်တတ်လာခဲ့ပြီ တိတ်ဆတ်လှတဲ့ ညာဥ့်နက်ထဲမှာ ``တောက်……တောက်တောက်´´ဟူသော နာရီလက်တံလေးများရဲ့အသံကို ထင်ရှားစွာ ကြားနေခဲ့ရပြီ ။အိပ်ခန်းတံခါးလေးကို
အသာဆွဲဖွင့်လိုက်တယ် ။ အိပ်မောကျနေတဲ့ ငါးလေးကိုတွေ့လိုက်ရတယ် ။
``မဖြစ်သေးပါဘူး တန်ခိုးဒီည နည်းနည်းကောင်းသွားတယ် ငါသွားကြည့်ဦးမှ ´´
တန်ခိုးတို့ အိပ်ခန်း သွားကြည့်တော့လဲ နှစ်ယောက်သား အိပ်မောကျနေတာက အပြစ်ကင်းစင်လှတဲ့ ကလေးငယ်တွေလိုပဲ။ တန်ခိုးတို့ အိပ်ခန်းက ပြန်လှည့်ထွက်ပြီး မျှားကလေးတို့ညီမနှစ်ယောက်ခန်းကို
ဖွင့်မလို အလုပ် …………

*****************************ိ
မျှားကလေးတို့ ညီမနှစ်ယောက်အခန်းကို ကျွန်တော်ဖွင့်ကြည့်မလို့ အလုပ်
``မဖြစ်သေးပါဘူး သူတို့က မိန်းကလေးတွေ ငါဖွင့်ကြည့်လို့တော်ကြာ နိုးသွားမှ ချောင်းတယ် ထင်ပြီး ဒုက္ခရောက်နေမယ်´´
ကျွန်တော် ရည်ရွတ်ပြီး ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်ခဲ့ချေပြီ။
အချိန်က ၁ နာရီ
ကျွန်တော် အိပ်ယာပေါ် လှဲလိုက်တယ် ။နည်းနည်းလေးအေးတာကြောင့် ကိုယ်ပေါ်ကို စောင်လေး ခြုံလိုက်တယ်။ မှေးမှေးဖြစ်လာခဲ့ပြီ။
ထိုအချိန်
``ဟင် စကားပြောသံပါလား ဟိုညီမနှစ်ယောက် အပေါ့လေးသွားပြီး စကားပြောနေကြတာ ဖြစ်မယ် ´´
``ငါသွားမေးရင် ကောင်းမလား အော် ထားလိုက်ပါလေ ´´
ကျွန်တော်တွေးမိပြီး အိပ်မလိုသာ ပြင်တော့သည်။ စကားပြောနေသော အသံက ရပ်သွားလိုက် တိုးသွားလိုက် ရီလိုက် စနောက်လိုက်နဲ့ကျီစယ်နေသော ဟန်များသာ……………
ကျွန်တော် အိပ်ဖို့သာ ပြင်တော့တယ် ။ မနက်မှ သူဇာ ယောင်တတ်လားဆိုတာ မေးမယ်။ ဘာကြောင့် ညနက်မှ စကားတွေ ထပြောကြသလဲဆိုတာ မေးတော့မည်ဟု တွေးကာ ကျွန်တော် စိတ်ချ လက်ချ အိပ်ပျော်သွားခဲ့လေတော့သည်။ ……

*****************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages