အပိုင်း(၉) လူသားစားဆေးရုံ သည်းထိတ်ရင်ဖို - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၉) လူသားစားဆေးရုံ သည်းထိတ်ရင်ဖို

Share This




      တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၉)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **  
               *********************



ကျုရှင်ဆရာကြီးနှင့်ဝကြီးအား ရက်စက်စွာအသေသတ်လျက် လူနာတင်ယဉ်ပေါ်သို့ သယ်ဆောင်ခါ သေလုမျောပါးဖြစ်နေခဲ့သော တန်ခိုးနှင့်အတူ ငါးလေး၊မျှားလေးအားလည်း လူနာတင်ယဉ်ပေါ်သို့တင်ဆောင်လာခဲ့ပြီး စိတ္တဇဆရာဝန်များမှာ ဆေးရုံဆီသို့ ဦးတည်မောင်းနှင်လာခဲ့လေတော့သည်။

ညာလက်မောင်းအဆစ်ပြုတ်သွားခဲ့သော ထီးကလေးနှင့် ဘယ်ခြေထောက်တစ်ချောင်း လွန်စွာထိခိုက်မိနေသော ပန်းအိတို့အား ဆေးရုံရှိဆရာဝန်များမှာ ယခုအချိန်ထိမည်သည့်ကုသမှုတစ်ခုမျှ မပြုလုပ်ပေးသေးချေ။ ယောက်ျားလေးဖြစ်သော ထီးကလေးမှာမူ ဝေဒနာအား ကြိတ်မှိတ် မေ့ဖျောက်ထားနိုင်ခဲ့သော်လည်း မိန်းမမသားဖြစ်သည့် ပန်းအိမှာမူ ညနက်နက်၌ ယခုကဲ့သို့ နာကျင်မှုဒဏ်များအား လွန်စွာခံစားနေခဲ့ရလေ၏။

''အ … အား…ဆရာမ… ကျွန်မခြေထောက် တစ်ချက်လောက်ကြည့်ပေးပါဦး ကျွန်မအရမ်းကိုက်နေလို့ပါ … ဟေ့နပ်စ် … ဟေ့ … ဟာ … ဘယ်လိုနပ်စ်မလဲ ဒီလောက်ပြောနေတာကို ဂရုမစိုက်ပါလား''

ပန်းအိရှိနေသောအခန်းအတွင်းသို့ နပ်စ်မလေးသီရိမေမှာ ပြတင်းပေါက်မှတဆင့် ရပ်ကြည့်နေခဲ့သည်အား ဝေဒနာအားခံစားနေခဲ့ရသော ပန်းအိတစ်ယောက်ရုတ်တရက် မြင်တွေ့သွားခဲ့ပြီး သူမထံ၌ အကူညီတောင်းဆိုမိခဲ့သည်။ သို့သော် နပ်စ်မလေးမှာ သူမအား ပန်းအိမြင်သွားခဲ့သည်ကြောင့် ပြတင်းပေါက်မှလျင်မြန်စွာ တိမ်းရှောင်သွားခဲ့၏။

ထိုအခန်းအတွင်းသို့ မိမိအားပို့ဆောင်ထားခဲ့သည်မှာ တစ်နာရီခန့်ကြာမြင့်နေခဲ့ပြီး မည်သည့်ကုသမှုတစ်ခုမျှ လာရောက်ကုသပေးခြင်းမရှိသေးခဲ့ချေ။ ဘာရယ်ကြောင့်မှန်းမသိ ယခုအခါတွင်လည်း ထိုနပ်စ်မလေးမှာ မိမိအား အဘယ်ကြောင့် ချောင်းမြောင်းပုန်းခိုကြည့်ရှု့နေခဲ့သနည်း။ မိမိမြင်တွေ့လိုက်သည်နှင့် သူမဟာ အလောတကြီး အဘယ်ကြောင့်ပြေးရှောင်သွားခဲ့ရသနည်း။

ဝေဒနာဟာ လွန်စွာနာကျင်နေခဲ့ပြီး ဆက်ဆံရေးကြဲလွန်းလှသော ထိုဆေးရုံရှိဆရာဝန်များအား သူမလွန်စွာဒေါသထွက်မိသည်။ မိမိ၏ဝေဒနာအား အချိန်ကြာကြာအဘယ်ကြောင့် လစ်လျူရှု့ထားရသနည်း။

ဒါတင်မက ယခုနပ်စ်မတစ်ယောက်မှာလည်း မိမိအား မမြင်ကွယ်ရာမှပုန်းအောင်းကြည့်လျက် သူမအားမြင်တွေ့လိုက်သည်ကြောင့် မိမိအကူညီတောင်းဆိုနေခဲ့သော စကားများကိုမူ ဂရုမစိုက်လှည့်ထွက်သွားခဲ့သည်။ ထို့ကြောင့် လွန်စွာနာကျင်နေခဲ့သော ခြေထောက်အား မလျက် အခန်းတံခါးဝဆီသို့ ထွက်ရောက်လာခဲ့လေသည်။

ထို့နောက် သူမ၏နှုတ်ခမ်းချွန်ချွန်လေးအား ဆူလျက်ထားခဲ့ပြီး အခန်းတံခါးသို့လျင်မြန်စွာ ဖွင့်လစ်စေခဲ့သည်။ သို့သော် ရှင်းလင်းနေသည့် ဝရမ်လျောက်လမ်းမကြီးကိုသာ မြင်တွေ့နေရပြီး နပ်စ်မ၏အရိပ်ယောင်ကိုပင် မတွေ့ရတော့ချေ။ ထိုနပ်စ်မလေးသီရိမေမှာ လူသားတစ်ဦးပင် မဟုတ်ဟု ပန်းအိတစ်ယောက် မသိခဲ့သေးချေ။ ထို့ကြောင့် သူမတစ်ယောက် ထိုနပ်စ်မလေးအား လွန်စွာစိတ်ဆိုးမိချေခဲ့သည်။

''တောက် !… တော်တော်ဆက်ဆံရေးကျဲတဲ့ ဆရာဝန်တွေပါလား ခြေထောက်ဒဏ်ရာ ရထားတာသိရဲ့သား တစ်ချက်လေးတောင် လာမကြည့်ဘူး … အား ကျွတ်ကျွတ်''

နှုတ်မှထိုသို့ရည်ရွတ်မိရင်း သူမ၏အခန်းအဝရှေ့မှ လျောက်လှမ်းလာခါ ဘေးအခန်း၌ရှိနေသော သူငယ်ချင်းဖြစ်သူထီးကလေး၏ အခန်းတံခါးအား ခေါက်မည်အလုပ်

''မပန်းအိဆိုတာလားမသိဘူး''
''သြော် … ဟုတ် … ဟုတ်ပါတယ်ရှင့်''
''အောက်မှာ … ရှင့်တို့သူငယ်ချင်းတွေ ရောက်လာကြပါပြီ''
''ထီးလေး ''
''ပန်းအိ… စကားသံတွေကြားလို့ ထွက်ကြည့်တာ ဘာဖြစ်လို့လဲ''
''ကိုထီးကလေးဆိုတာ ရှင်လား''
''ဟုတ်ပါတယ်ဆရာမ ကျွန်တော်ပါပဲ''
''မှောက်သွားတဲ့ ကားကြီးထဲက ရှင်တို့သူငယ်ချင်းတွေ အောက်ထပ်မှာရောက်နေကြပါပြီ''
''ဗျာ … ဟုတ် … ဟုတ်ကဲ့ဆရာမ''
''ကဲလာကြ … ကျွန်မနဲ့လိုက်ခဲ့''

သူငယ်ချင်းဖြစ်သူများအတွက် လွန်စွာစိုးရိမ်နေမိသည်ကြောင့် ပန်းအိတစ်ယောက်သည်လည်း သူငယ်ချင်းဖြစ်သူများ အောက်ထပ်တွင်ရောက်ရှိလာကြပြီဟု သိရှိလိုက်ရသည်နှင့် ကိုက်ခဲနေခဲ့သော ဝေဒနာများတစ်ဝက်ပင်လျင် ပြေပျောက်သွားခဲ့ပြီး နပ်စ်မလေး ဦးတည်ခေါ်ဆောင်ရာအနောက်သို့ လိုက်ပါသွားခဲ့ချေသည်။

ဓာတ်လှေကားအတိုင်း နပ်စ်မလေးဦးတည်ခေါ်ဆောင်ရာ မြေညီထပ်ဆီသို့ ထီးကလေးနှင့်အတူ ပန်းအိနှစ်ဦးသား ရောက်ရှိလာခါ ဓာတ်လှေကား တံခါးပွင့်လစ်လာခဲ့ပြီး ကွေ့အချိုးလေးသို့ ကွေ့ချိုးလိုက်သည်နှင့် လူနာတင် သံကုတင်ပေါ်တွင် တင်ထားခဲ့သော မျှားကလေးအား ဦးစွာမြင်တွေ့လိုက်ရလေသည်။ ထို့နောက် လူနာတင်ယာဉ်ပေါ်၌ တင်ဆောင်ခေါ်ယူလာခဲ့သော လူနာများအား ဝန်ထမ်းများမှာ တစ်ဦးချင်းဆေးရုံအတွင်းသို့ ပို့ဆောင်လေခဲ့သည်။

မျှားကလေးအား ဦးစွာမြင်တွေ့လိုက်ရပြီး သူမအနားသို့သွားခါ မေ့မျောနေခဲ့သည့် မျှားကလေး၏လက်မောင်းအား သူငယ်ချင်းဖြစ်သူထီးကလေးတစ်ယောက် စိုးရိမ်ကြီးစွာ လှုပ်နိုးနေမိ၏။ သို့သော် မျှားကလေးမှာမူ အိပ်မောကျနေခဲ့သော လူတစ်ယောက်အလား နိုးထမလာခဲ့ချေ။ ထို့နောက် ဆေးရုံထဲသို့ထပ်မံရောက်ရှိလာခဲ့သော သူငယ်ချင်းဖြစ်သူများထံသို့ စိုးရိမ်လွန်းလှသော စိတ်များဖြင့် အရောက်သွားချေခဲ့သည်။

ဆေးရုံအတွင်းသို့ မေ့မျောနေခဲ့သော ငါးကလေးတစ်ယောက် ထပ်မံ၍ရောက်ရှိလာခဲ့ချေသည်။ သို့သော် သူသည်လည်း သံကုတင်ပေါ်၌ မေ့မျောနေဆဲပင်။
တည်ကြည်လှသောအနေအထားနှင့် လူနာတင်ယာဉ်ပေါ်မှ လူနာများအား ဆေးရုံအတွင်းသို့ ပို့ဆောင်နေခဲ့သော ဝန်ထမ်းများကို နေရာချပေးရန် လက်ညိုးထိုးခိုင်းနေသော ဆရာဝန်ကြီး၏အနားသို့ ထီးကလေးတစ်ယောက် အလောတကြီးသွားရောက်ခါ

''ဒေါက်တာ … ''
ထိုသို့ခေါ်လိုက်သော ထီးကလေးအား ဆရာဝန်ကြီးမှာ တည်ငြိမ်လှသော အမူယာနှင့် အသာလက်ကာပြလျက်
''စိတ်မကောင်းပါဘူးမောင်ရင် … လူနှစ်ယောက် ဒဏ်ရာအပြင်းအထန်ရပြီး အသက်ကြီးကြီးတစ်ယောက်ကတော့ ကားပေါ်မှာတင် သွေးထွက်လွန်ပြီး ဆုံးသွားရှာပြီ''
''ဗျာ … ဘယ် … ဘယ်သူလဲဒေါက်တာ''
''ဟာ … ဆရာ … ဆရာ ဖြစ်မှဖြစ်ရလေဆရာ … ဆရာ''
''ဒေါက်တာ ဆရာ့ကိုမကယ်နိုင်တော့ဘူးလားဗျာ''
''စိတ်မကောင်းပါဘူး … ဒေါက်တာတို့လဲ အချိန်မှီသွားခဲ့တာပဲ ဒါပေမယ့် ဦးခေါင်းကိုသံတိုင်နဲ့ အပြင်းထန်ရိုက်မိပြီး သွေးထွက်လွန်ဆုံးသွားခဲ့တာ''
''ဟာဗျာ … ဟာ … တန်ခိုး သူငယ်ချင်း''

''အင်း သူလဲ အရမ်းသွေးထွက်လွန်နေပြီး အခုချက်ချင်း အရေးပေါ်အခန်းပို့မှဖြစ်မယ် … ကဲဒေါက်တာရဲမောင် လူနာကိုအရေးပေါ်ခန်းပို့ဖို့ လုပ်ပါ''

တန်ခိုးအား ဆရာဝန်ကြီးမှာ အသေမသတ်ခဲ့ ဆေးရုံ၌ဦးစွာရောက်ရှိနေခဲ့သော လူငယ်များ ရိပ်စားမိမှာစိုးရိမ်မိသည်။ ထို့ကြောင့် သေလုမျောပါးအဖြစ် ဆေးရုံဆီသို့ခေါ်ဆောင်လာခဲ့ပြီး ဆေးရုံရောက်မှာသာလျင် မိမိတို့၏လုပ်ရက်များအား သိရှိသွားခဲ့သည့် တန်ခိုးအား အသေသတ်နှုတ်ပိတ်မည်ဖြစ်သည်။ တန်ခိုးဟာလည်း လဲလျောင်းနေခဲ့သော သံကုတင်အပေါ်သို့ပင် သွေးများစွာစီးကျလောက်အောင် ဦးခေါင်းမှ ဒဏ်ရာဟာ အလွန်ပင်သွေးထွက်လွန်နေခဲ့သည်။

လူနာတင်ယဉ်ပေါ်မှတဆင့် ဆေးရုံအတွင်းသို့ ပို့ဆောင်နေခဲ့သည့် အဝင်အထွက်အပေါက်၌ပင် သံကုတင်အပေါ်၌ရှိနေသော သူငယ်ချင်းဖြစ်သူတန်ခိုးအား ထီးကလေးမှာ လက်ကလေးအား တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့ရင်း လွန်စွာစိတ်မကောင်းဖြစ်ရသည်။ ကျန်ရှိနေသော သူငယ်ချင်းများမှာလည်း တနခိုးကဲ့သို့သော အပြင်းအထန်ဒဏ်ရာများ မရရှိထားသော်လည်း မေ့မျောနေခဲ့သေးသည်။ ထို့ကြောင့် ထီးကလေးတစ်ယောက် အားကိုရာမဲ့လျက် ဒဏ်ရာရရှိသူများထဲများမှ ပန်းအိတစ်ယောက်သာလျင် ယခုအချိန်၌ သူ၏နံဘေးတွင် အကောင်းဆုံးသူတစ်ယောက် အဖြစ်ရှိနေခဲ့လေသည်။

သွေးထွက်လွန်နေခဲ့သော တန်ခိုးအား ဆရာဝန်ကြီးမှာ နံဘေးရှိ ဒေါက်တာရဲမောင်အား မျက်ရိပ်မျက်ကဲဖြင့် အချက်ပြလျက်အရေးပေါ်ခန်းသို့ ပ်ို့ဆောင်ရန်ပြောဆိုလေခဲ့သည်။ ဆရာဝန်ကြီး၏အရိပ်အကဲအား ကောင်းစွာသိရှိထားသော ဒေါက်တာရဲမောင်မှာ တန်ခိုး၏သံကုတင်အား တွန်းမည်အလုပ် သတိလစ်နေသော တန်ခိုး၏လက်ကလေးအား ဆုပ်ကိုင်ထားခဲ့သည့် ထီးကလေးတစ်ယောက် သူငယ်ချင်းဖြစ်သူတန်ခိုးထံမှ တစ်စုံတစ်ခု အချက်ပြသကဲ့သို့ ခံစားသိရှိလိုက်ရလေသည်။

မိမိဆုပ်ကိုင်ထားခဲ့သော တန်ခိုး၏လက်ကလေးမှာ လှုပ်ရှားလာခဲ့ရင်း မိမိကိုင်ထားခဲ့သည့်လက်ကိုပင် ပြန်လည်၍ဆုပ်ကိုင်လိုက်သည်။ ထို့ကြောင့် သံကုတင်းအား တွန်းမည်ရွယ်နေခဲ့သော ဒေါက်တာရဲမောင်အား

''ခ … ခဏလေးဒေါက်တာ … ခဏလေးပါ … တန်ခိုးသူငယ်ချင်း တန်ခိုး''
''အ … အား ''

ထီးကလေးတစ်ယောက်သိရှိ၏ သူငယ်ချင်းဖြစ်သူ တန်ခိုး၏ ခံနိုင်အားကောင်းလှသော အကြောင်းများ ယခုအခါ ပြင်းထန်လွန်းခဲ့သောဒဏ်ရာကြောင့်သာ တန်ခိုး၏နှုတ်မှ 'အား'ဟု ထွက်ပေါ်လာခဲ့ရခြင်းဖြစ်မည်။ လွန်စွာဝမ်းသာသွားမိ၏။ တန်ခိုးတစ်ယောက်ပြန်လည် သတိလည်ခဲ့ပြီး မိမိ၏လက်အား တင်းကြပ်စွာပြန်လည်၍ ဆုပ်ကိုင်ထားခဲ့သည်။
''တန်ခိုး … သူငယ်ချင်း အားတင်းထားနော် မင်းဆေးရုံရောက်နေပြီသိလား သူငယ်ချင်းအားတင်းထား''

သွေးထွက်လွန်ခါ သေဆုံးသွားတော့မည်ဟု ထင်မှတ်ထားခဲ့သော တန်ခိုးတစ်ယောက် ပြန်လည်သတိလည်လာခဲ့သည်။ ထို့ကြောင့်မိမိတို့၏လုပ်ရက်များအား အစဆုံးမြင်တွေ့ထားသည့် တန်ခိုးတစ်ယောက် ထီးကလေးအား ပြောဆိုလိုက်မည်ကို လွန်စွာစိုးရိမ်မိရင်း အသေသတ်နှုတ်ပိတ်ရန် ဒေါက်တာသန်းနိုင်မှာတော့ တန်ခိုး၏အနားသို့သွားမည်အလုပ် သွေးအေးစွာဖြင့် ဆရာဝန်ကြီးမှာ ဒေါက်တာသန်းနိုင်အား အသာဟန့်တားချေခဲ့သည်။ ထို့နောက် လက်ဟန်ဖြင့်အချက်ပြ၍ စာရင်းမှတ်ကောင်ဒါအတွင်းမှ အသင့်စီစဉ်ထားသော ဆေးထိုးအပ်စလင်းအား ယူဆောင်ခိုင်းစေခဲ့သည်။

''သူငယ်ချင်း … သူငယ်ချင်း မင်း … မင်းဘာပြောချင်နေတာလဲ ငါတို့အတွက်စိတ်ချ ငါတို့အားလုံးဆေးရုံရောက်နေပြီ မင်းပြန်ကောင်းသွားမှာပါ တန်ခိုး … အားတင်းထားနော် မင်းကိုဒေါက်တာ ပြန်ကောင်းလာအောင် ကုပေးမှာပါ သူငယ်ချင်း မင်း … မင်းဘာပြောချင်လို့လဲ''
''ထီး … ထီး … ထီးလေး''
''တန်ခိုး … မင်းဘာဖြစ်နေတာလဲ''
''ထီး … ထီး''
''သူငယ်ချင်း သတိထားပါဦး… ဒေါက်တာတို့ … မြန်မြန်လုပ်ပါဗျာ … ကျွန်တော်သူငယ်ချင်း သတိရလာပြီ ကယ်ကြပါဦးဗျာ''

''တော်သေးတာပေါ့ သတိပြန်လည်လာလို့… ဖယ်ဖယ် … မောင်ရင်ခဏဖယ် … ဒေါက်တာဆေးတစ်လုံးထိုးပြီး အရေးပေါ်ခန်းပို့ပေးပါ့မယ်''
''ထီးလေး … မထိုးနဲ့ ငါ့ကိုမထိုးနဲ့''
''တန်ခိုး မင်းကိုဒေါက်တာ ဆေးထိုးပေးမလို့လေ''
''မဟုတ်ဘူး … သူတို့က … အ … အာ … အား''

''ဒေါက်တာ … ကယ်ပါဦးဗျာ''
''မစိုးရိမ်ပါနဲ့ အခုအားလုံးကို ဒေါက်တာတို့အစွမ်းကုန် ကုသပေးသွားမှာပါ … ကဲ … ဒေါက်တာ ဒီလူနာကိုအရေးပေါ်ခန်းပို့ပါ … သတိလစ်နေတဲ့ လူနာတွေကိုတော့ ပထမထပ်အခန်းထဲမှာရှိတဲ့ လူနာတွေနဲ့အတူ နေရာချပေးပြီး ဒေါက်တာသန်းနိုင်ဦးဆောင် စောင့်ရှောက်ပေးထားပါ''
''ဟုတ်ကဲ့ဒေါက်တာ''

ခံနိုင်ရည်အားကောင်းလှသော တန်ခိုးတစ်ယောက် ပြန်လည်သတိလည်လာခဲ့ရင်း ထိုဆေးရုံအတွင်းမှ သူငယ်ချင်းဖြစ်သူများအား အလွတ်ပြေးကြရန် သူတစ်ယောက်ပြောဆိုချင်သေးသည်။ သို့သော် လွန်စွာသွေးအားနည်း၍ မျက်ဖြူပင်လျင် လှန်တတ်နေခဲ့ပြီး ပြောချင်လှသော စကားများအား ပြောဆိုခွင့်မရခဲ့။ မိမိအား နှုတ်ပိတ်ဆေးထိုးတော့မည်ကို တန်ခိုးတစ်ယောက် ကောင်းစွာသိရှိထားပြီး သံကုတင်ပေါ်၌ ရှုံးကန်နေခဲ့သော သူ့အားချုပ်နှောင်၍ ထိုးသွင်းစေနိုင်ခဲ့သည်။

ပြောထွက်လာတော့မည့် စကားများပင်မဆုံးသေး အကြောအတွင်းသို့ ထိုဆေး ထိုးသွင်းခံလိုက်ရသည်ကြောင့် တန်ခိုးတစ်ယောက် ငြိမ်ကျသွားခဲ့ရသည်။ ထို့နောက် ဒေါက်တာရဲမောင်မှာ တန်ခိုး၏သံကုတင်အား ဓာတ်လှေကားအတွင်းသို့ ပို့ဆောင်ခဲ့ပြီး မေ့မျောနေခဲ့သော ငါးကလေးနှင့်မျှားကလေးအားလည်း သူငယ်ချင်းဖြစ်သူ လမ်းကလေးနှင့် တင်ဇာ၊မောင်ကဲ။စာမိတို့ရှိနေသော အခန်းအတွင်းသို့ စုစည်းပေါင်းဆောင်ထားစေခဲ့သည်။

အသက်ခံလိုက်ရသော ဝကြီး၏အလောင်းအား ကားပေါ်တွင်သာ တင်ထားစေခဲ့ပြီး ဆေးရုံအတွင်းသို့ ခေါ်ဆောင်လာခဲ့သော ကျုရှင်ဆရာ၏အလောင်းအား ဆေးရုံရေခဲတိုက်အတွင်းသို့ ပို့ဆောင်ထားစေခဲ့သည်။ ယခုအချိန်၌ ထီးကလေးနှင့်ပန်းအိသာလျင် လူကောင်းများဖြစ်သည်ဟု ဆိုနိုင်နေပြီး ထိုသူနှစ်ဦးသည်လည်း သူငဟ်ချင်းဖြစ်သူများအတွက် အလွန်ပင်စိုးရိမ်ကာ အရေးပေါ်ခန်းဆီသို့ ဒေါက်တာရဲမောင်နှင့်အတူ လိုက်ပါသွားခဲ့ချေသည်။ သူငယ်ချင်းဖြစ်သူ ဝကြီးတစ်ယောက်မှာမူ သူ၏အခန်းအတွင်း၌သာ ရှိနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

ဆရာဝန်များမှာ အရေးပေါ်ခန်းအရှေ့၌ ကြိုတင်ရောက်ရှိနေခဲ့ပြီး ဒေါက်တာရဲမောင်ခေါ်ဆောင်လာခဲ့သော တန်ခိုး၏သံကုတင်ရောက်ရှိလာသည်နှင့် အခန်းအတွင်းသို့ လျင်မြန်စွာပို့ဆောင်စေခဲ့သည်။

''မောင်ရင်တို့နှစ်ယောက် အပြင်မှာခဏစောင့်ပေးပါ''
''ဟုတ် … ဟုတ်ကဲ့ဒေါက်တာ''

ထိုသို့ပြောဆိုခဲ့ပြီး အရေးပေါ်ခန်းဟု နာမည်ထိုးထားသော အခန်းအတွင်းသို့ တန်ခိုအားခေါ်ဆောင်သွားစေခဲ့သည်။ အခန်းတွင်းသို့ရောက်ရှိသည်နှင့် သွေးထွက်လွန်နေခဲ့သော တန်ခိုးအား မည်သည့်ကုသမှုတစ်ခုမျှ မပြုလုပ်ပေးခဲ့ဘဲ ထိုအတိုင်းသာလျင် ပစ်ထားချေခဲ့သည်။

''ဟူး … တော်သေးတာပေါ့ကွာ …စွန်ရဲ … ဒီကောင်တော်တော် အသက်ပြင်းတယ် … သေပြီထင်တာ ပြန်သတိရလာသေးတယ် ရှုတ်ပါတယ်ကွာ အခုတစ်ခါတည်း အပျက်ရှင်းပစ်လိုက်မယ်''
''နေဦး … မလုပ်နဲ့ဦး''
''ဘာဖြစ်လို့လဲ ဒီကောင့်ကိုအပျက်ရှင်းမှ ဖြစ်မယ်နဲ့ထင်တယ်နော် … မိုးလဲလင်းတော့မယ် ဆေးရုံမှာအခုရောက်နေတဲ့ သူတွေအားလုံးကိုရော ငါတို့ဘာဆက်လုပ်ကြမှာလဲ''
''ဒီကောင့်ကို အသုံချပြီး ငါ့မိန်းမအသက်ဆက်ဖို့ လုပ်ရမယ် …တစ်ခြားသူတွေကိုတော့ ဒီမှာတွေ့လား''

''ဟင်…အဲ့ဒါအာရုံကြော ထုံထိုင်းစေတဲ့ ဆေးတစ်မျိုးမဟုတ်လား''
''ဟုတ်တယ် … အခုအကောင်းပကတိရှိနေသေးတဲ့ သူတွေအားလုံးကို ဒီဆေးထိုးပြီး ကြိုးရှည်ရှည်နဲ့ လှန်ထားရမယ် … သူတို့ကိုလိုအပ်တဲ့အချိန်မှ အသုံးချမယ်''
''စွန်ရဲ ဖြစ်ပါ့မလား… တစ်ခါတည်းရှင်းပစ်လိုက်တာ ကောင်းမယ်ထင်တယ်နော်''
''မဟုတ်သေးဘူးကွ လူတွေက အသက်ရှိနေတုန်းပဲ အသုံးဝင်ကြတာ သေသွားရင်ဘာမှသုံးမရတော့ဘူး ပြီးတော့ ငါ့တို့ဆီကိုလည်း တစ်နှစ်လောက်မှ လူပေါင်း၅၀လောက် ရောက်လာကြတာဆိုတော့ တစ်ခြားအချိန်တွေမှာ လူနာတွေရောက်မလာရင် ငါ့အတွက်အခက်ခဲတွေ့လိမ့်မယ် … အဲ့ဒီတော့ သူတို့ကိုအရှင်ထားပြီး လိုအပ်တဲ့အချိန်မှ အသုံးချရမယ်''

''ဟုတ်ပြီး … မင်းဆိုလိုတာငါနားလည်သွားပြီး ဒီဆေးထိုးလိုက်ရင် ကြောင်တောင်တောင်ဖြစ်ပြီး နှစ်ဆယ့်လေးနာရီတိတိ မေ့မျောနေနိုင်တယ် အဲ့ဒီတော့ အခုသက်ရှင်နေသေးတဲ့ သူတွေကို ဆေးထိုးပြီး အိပ်ခိုင်းထားမယ်ဆိုတဲ့ သဘောလား''
''ဟုတ်တယ် … သူတို့ပြန်နှိုးလာရင်လည်း ဒီအချိန်ပဲပြန်ဖြစ်နေလိမ့်မယ်''
''ဒါဆိုသူတို့အားလုံးအတွက် မနက်ဆိုတာဘယ်တော့မှ ရှိလာမှာမဟုတ်တော့ဘူးပေါ့''
''ဒါပေါ့ကွ…ဒါပေါ့''
''ဟားဟားဟား … လုပ်ကွာ … မင်းက ငါတို့အားလုံးရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ လုပ်''

''ဆရာတို့ … ဆေးရုံအရင်ရောက်လာတဲ့ ခပ်ဝဝတစ်ယောက်ကရော … အခုဘယ်မှာလဲ''
''ငါသတ်ပစ်လိုက်ပြီ''
''ဟင် … ''
''ဟုတ်တယ် … သူ့ဆရာကိုမြင်တော့ ငါတို့ဆေးရုံအကြောင်းတွေ သွေးရူးသွေးတမ်းလျောက်ပြောလို့ သူ့ဆရာကိုရော သူ့ကိုရော ငါရိုက်သတ်ပစ်လိုက်ပြီ''
''ခြေရာလက်ရာတွေရော အပြီးရှင်းခဲ့လားဆရာ''
''ရှင်းခဲ့တယ် ကားကြီးထဲမှာရှိနေတဲ့ အထုတ်ပိုးတွေရော ဖုန်းတွေရော အကုန်ရှင်းပစ်ထားတယ်''
''ဒါဆိုရင်တော့ စိတ်ချရပါပြီ''
''ကဲစွန်ရဲ … ဆေးထိုးဖို့အမြန်ဆုံးလုပ်တော့ မျောနေတဲ့ လူငယ်ခြောက်ယောက်ကို ပထမအထပ်အခန်းထဲမှာ ငါသော့ခတ်ထားခဲ့တယ် သူတို့သတိရမှာမဟုတ်သေးဘူး''
''ကောင်းပြီးကောင်းပြီ အခုစီစဉ်လိုက်မယ်''

''အား … ကျွတ်ကျွတ်''
''ပန်းအိ … နင်တော်တော်နာနေလား''
''နာနေတယ်ထီးလေး … ငါတော်တော်ခံစားနေရပြီဟာ … တစ်ကိုယ်လုံးကို ကိုက်ခဲနေတာပဲ''
''ခဏလေးပါဟာ ခဏလေးနော် … ဆရာဝန်တွေ အရေးပေါ်ခန်းက ထွက်လာတဲ့အထိ ခဏလေးစောင့်ပါဟာနော်''
''ရပါတယ်ဟာ…ငါနေနိုင်ပါသေးတယ် ဆရာ့အတွက်တော့ ငါတော်တော်ဝမ်းနည်းမိတယ်…ဒီခရီးကို ငါခေါ်လာလို့ ဆရာအခုလိုဖြစ်ရတာ''
''စိတ်မကောင်းမဖြစ်ပါနဲ့ဟာ… ငါလဲနင်နဲ့ ထပ်တူခံစားရပါတယ် ငါသတိလည်လာတုန်းက ဆရာက ငါ့ဘေးနားမှာ သတိလစ်နေရုံလောက်ပဲဟ… ငါလှုပ်နှိုးခဲ့သေးတယ် ဒါပေမယ့် ဆရာသတိမရတာနဲ့ သတိရလာတဲ့ နင့်ဆီကိုရောက်လာခဲ့တာ …အခုလို ပြင်းပြင်းထန်ထန်ဖြစ်သွားလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး''

''အေးဟာ …ဟင် … အဲ့ဒီနပ်စ်မ … ဟိုမှာတွေ့လား''
''ဟင် …ဘာလဲဟ …ဟိုနပ်စ်မလား တွေ့တယ်လေ … ဘာဖြစ်လို့လဲ''
''ဘာဖြစ်ရမှာတုန်းဟ … ငါနေတဲ့အခန်းကို ချောင်းကြည့်နေတယ်လေ သူ့ကိုလဲမြင်ရော ချက်ချင်းရှောင်ထွက်သွားတယ် … အခုလဲကြည့်ဦး … လှေကားမှာ ငါတို့နှစ်ယောက်ကိုချောင်းနေပြန်ပြီ''
''အေးဟ … သူ့ကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုပဲ ခဏလေး''

''ဟေ့ ဆရာမ … ဟေ့ … ဟာ … ဟေ့''
''ပြေးပြီးမဟုတ်လား''
''အေးဟ … အောက်ဆင်းသွားပြီး''
''ထားလိုက်ပါဟာ ရူးနေတာလားမှမသိတာ… သြော် … ထီးလေး မြေညီထပ်မှာ ငါ အထိုင်ဖုန်းတစ်လုံးတွေ့ခဲ့တယ် …ငါတို့အခုဆေးရုံရောက်နေတဲ့ အကြောင်း နင့်မိဘတွေဆီ အကြောင်းကြားထားလိုက်ပါလား''
''ဟုတ်သားပဲ… ငါလဲခေါင်းတစ်ခုလုံး ထူပူနေတာနဲ့ မေ့နေလိုက်တာ နင်တစ်ယောက်တည်း နေခဲ့လို့ဖြစ်ပါ့မလား''
''ဖြစ်ပါတယ်ဟ … သွားသွား နင်သာမြန်မြန်ပြန်လာခဲ့''

အချိန်ကား မနက်(၂:၃၀)ခန့်ရှိနေပြီဖြစ်သည်။ ကျွန်ုပ်၏လက်တစ်ချောင်းလုံး အေးစက်ထုံကျင်နေခဲ့သော်လည်း နာကျင်မှုများအား ကျွန်ုပ်မေ့ဖျောက်ထားနိုင်သည်။ ကွဲအပ်သွားခဲ့သော ကျွနိုပ်၏လက်ပတ်နာရီအား တစ်ချက်ကြည့်လိုက်ပြီး လှေကားအတိုင်း ကွေ့ကောက်ခါ မြေညီထပ်ဆီသို့ဦးတည်လျက် ပန်းအိအား အရေးပေါ်ခန်းအရှေ့၌ ထားခဲ့ခါ ကျွန်ုပ်ဆင်းရောက်လာခဲ့ချေသည်။

အရေးပေါ်ခန်းဟာ ဒုတိယအထပ်တွင်တည်ရှိနေပြီး ဒုတိယထပ်လှေကားအတိုင်း ကျွနိုပ်ဆင်းလာခဲ့ရင်း ပထမထပ်လှေကား ကွေ့အချိုးသို့အရောက် ကျွန်ုပ်နှင့်ပန်းအိအား ဒုတိယထပ်လှေကားအရင်း၌ ချောင်းမြောင်းကြည့်ရှု့နေခဲ့သော နပ်စ်မလေးနှင့် ထိပ်တိုက်ဆုံတွေ့ခဲ့သည်။ ခြေလှမ်းများခေတ္တရပ်တန့်လျက် သူမအား တစ်ချက်မော့ကြည့်လိုက်ပြီး လှေကားအတိုင်း အောက်သို့ဆင်းမည်အလုပ် ကျွန်ုပ်၏လမ်းအား ပိတ်ဆို့သကဲ့သို့ သူမနှင့်ထိပ်တိုက်ဆုံတွေ့ပြန်ချေသည်။

''ဆရာမ… ကျွန်တော်အောက်ဆင်းမလို့ပါ … ''
ကျွန်ုပ်၏အရှေ့၌ ပိတ်ရပ်နေသကဲ့သို့ဖြစ်နေသည်ကြောင့် ထို့သို့ပြောဆိုလိုက်ရင်း ဘေးတစ်ဖက်မှရှောင်တိမ်းကာ ဆင်းမည်လုပ်သော်လည်း နပ်စ်မလေးမှာ ထပ်မံ၍ ပိတ်ဆို့လိုက်ပြန်သည်။ ပထမတစ်ကြိမ်၌ တိုက်ဆိုင်စွာဖြင့် နှစ်ဦးသား ဆုံတွေ့မိလေသလား။ ထို့ကြောင့် သူမအား ကျွန်ုပ်လမ်းဖယ်ပေးခဲ့သော်လည်း အပေါ်သို့တတ်ရောက်ခြင်းမရှိ။ ထို့ကြောင့် ကျွန်ုပ်မှာမူ အောက်သို့ဆင်းရန် သူမ၏လွတ်ရာဘေးမှ တိမ်းရှောင်သွားမည်လုပ်သော်လည်း သူမဟာ မည်သည့်စကားတစ်လုံးမှ မပြော ကျွန်ုပ်၏ိံလမ်းအား ပိတ်ဆို့နေခဲ့သည်။ထို့ကြောင့် ကျွန်ုပ်တစ်ယောက်မျက်မှောင်ကြုတ်မိရင်း

''ဆရာမ… ကျွန်တော်အောက်ဆင်းမလို့ပါ လမ်းနည်းနည်းလောက်''
''ရှင်တို့အားလုံး ဒီကနေ အမြန်ဆုံးထွက်သွားကြ … ရှင်တို့ကိုသတ်လိမ့်မယ်''
''ဗျာ …''
''ဆရာမ…ဘာပြောတာလဲ''
''ထွက်သွား … ထွက်သွားကြ''

အောက်ထပ်မှ ခြေသံတစ်စုံကြားရ၏။ သေချာသည်မှာ အပေါ်ထပ်ဆီသို့ အလောတကြီး ဆရာဝန်များ တတ်ရောက်လာဟန်တူသည်။ နပ်စ်မလေး၏ အစမရှိသော ပြောစကားအား ကျွန်ုပ်တစ်ယောက်နားမလည်နိုင် သူမအား ကြောင်ကြည့်နေရာမှ အလောတကြီးခြေသံများ ကြားလိုက်ရသည်ကြောင့် လှေကားဘောင်မှ အောက်သို့စိုက်ကြည့်မိလိုက်သည်။ သေချာလေသည်။ နပ်စ်မများနှင့် ဆရာဝန်များ အပေါ်ထပ်ဆီသို့ အလောတကြီးတတ်ရောက်လာခြင်းပင်ဖြစ်သည်။

''ဟင် …ဆရာမ… ဘယ်ရောက်သွားပါလိမ့်''

လှေကားဘောင်မှ အောက်သို့ငုတ်ကြည့်လိုက်သော ကြာချိန်မှာ အများဆုံး စက္ကန့် ၃၀ မျှကြာလိမ့်မည်ဖြစ်သည်။ သို့သော် ထိုစက္ကန့်အချိန်တွင်း မိမိ၏အရှေ့မှ ရုတ်တရက်ပျောက်ကွယ်သွားသော နပ်စ်မလေးအား ထီးကလေးတစ်ယောက် ဘေးဘယ်ညာ လက်လံရှာဖွေနေမိသည်။ သို့သော်သူမ၏အရိပ်ယောင်ကိုပင် မတွေ့ရတော့ချေ။ မျက်မှောင်အားကြုတ်လျက် ခေတ္တမျှတွေဝေသွားခဲ့သည်။

ထို့နောက်မိမိ၏ဦးတည်ရာဆီသိုသာ ဆက်လက်၍လှမ်းမည်အလုပ် အောက်ထပ်မှ ဆရာဝန်များ အပေါ်ထပ်သို့ အလောတကြီးတတ်ရောက်လာသည်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြန်သည်။ အလောတကြီးတတ်ရောက်လာခဲ့သော ဆရာဝန်များအား ဘေးကပ်ပေးလျက် ဆရာဝန်များမှာလည်း သူအား အာရုံမထား မိမိတို့၏ ဦးတည်ရာဆီသို့သာ အပြေးတတ်ရောက်သွားခဲ့ကြချေသည်။ ဆရာဝန်များဟာမည့်သို့သော အရေးပေါ်ကိစ္စဖြစ်ပေါ်လာလျက် အပေါ်ထပ်ဆီသို့ အလောတကြီး တတ်ရောက်သွားကြသနည်း ထီးကလေးတစ်ယောက် မသိရှိခဲ့ချေ။

ထို့နောက် မြေညီထပ်ဆီသို့ ရောက်ရှိလာခဲ့ပြီး စာရင်းမှတ်ကောင်ဒါ စားပွဲဝိုင်းဆီသို့အရောက်လှမ်းမည်အလုပ် အဝင်အထွက်အပေါက်စောင့် မောင်စန်းမြင့်မှာ ထီးကလေးအား မြင်တွေ့လိုက်သည်နှင့် ရန်သူတစ်ဦးတစ်ယောက်အား မြင်တွေ့လိုက်ရသကဲ့သို့ ပြာပြာသလဲ အနားသို့လှမ်းလာခါ လက်တွင်လည်း ကြီးမားလှသော သံတုတ်တစ်ချောင်းအား ကိုင်ဆောင်ထားချေခဲ့သည်။

''ဟေ့လူ … ခင်ဗျားဘယ်လဲ''
''ဟာဗျာ… ခင်ဗျားကလဲ ကျုပ်ကိုတွေ့တာ ခင်ဗျားကိုဒုက္ခပေးမယ့်သူကျနေတာပဲ''
''ဟေ့လူ… ခင်ဗျားစကားမများနဲ့ ကျုပ်မေးတာကိုပဲဖြေ ခင်ဗျားဘယ်သွားမလို့လဲ''
''ကျွန်တော်အိမ်ကို အခုဆေးရုံရောက်နေတဲ့ အကြောင်းဖုန်းဆက်အကြောင်းကြားမလို့ပါ''
''ဘာ!… ဖုန်းဆက်မလို့ဟုတ်လား''
''ဟုတ်တယ်လေဗျ ဘာဖြစ်လို့လဲ''
''ဖုန်းဆက်လို့မရဘူး''
''ဟင်… ဘာဖြစ်လို့တုန်းဗျ''
''ကျုပ်ကိုပြန်မေးမနေနဲ့ သွား… ခင်ဗျားအခန်း ခင်ဗျားပြန်''
''ဟင်!… ''

''အင်း… ဒီလူကြည့်ရတာ ဆေးရုံက ဝန်ထမ်းတော့ဟုတ်မယ်မထင်ဘူး… အထွေထွေရောဂါကုဆေးရုံတစ်ခုဆိုတော့ စိတ်ရောဂါသည်တွေလဲ ရှိနေနိုင်တာပဲ သူ့ကြည့်ရတာလဲ လူကောင်းနဲ့မတူပါလား… အရူးပဲဖြစ်ပါလိမ့်မယ်''

စိတ်ထဲ၌ရည်ရွတ်မိ၏။ နှစ်ပေါင်းများစွာ ထိုဆေးရုံသို့လမ်းမှားရောက်ရှိလာခဲ့သော လူများဟာ ထိုဆေးရုံ၏အကြောင်းများအား သိရှိသွားကြသည်နှင့် သေရမည်ကိုစိုးရိမ်ခါ ထွက်ပြေးလေ့ရှိကြသည်။ ထို့ကြောင့် ဆရာဝန်ကြီးစွန်ရဲနိုင်၏ သစ္စာရှိလှသော အပေါက်စောင့်မောင်စန်းမြင့်ဟာ လက်ယဉ်စွာနှင့် ထွက်ပြေးကြသောသူများအား ရက်စက်စွာသတ်ပစ်ခဲ့ဘူးသည်။ ထို့ကြောင့် သူ၏ဥပတိရုပ်ဟာလည်း အင်မတန်မှခတ်ထန်ကြမ်းတမ်းနေခဲ့ပြီး ထီးကလေး၏စိတ်၌ အရူးတစ်ယောက်သာလျင်ဖြစ်မည်ဟု တွေးတောမိခဲ့၏။

ထို့ကြောင့် ရိုင်းပြစွာဆက်ဆံနေခဲ့သော ထိုသူ့အား ထီးကလေးမှာမူ စိတ်မနံ့သည့်အရူးတစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ထင်မြင်မိရင်း ထိုသူနှင့်ဆက်လက်၍ပြောဆိုမနေတော့ပဲ မိမိ၏ဦးတည်ရာဆီသို့သာ အရောက်လှမ်းရန် ရွယ်လိုက်လေသည်။ တွေဝေစွာစဉ်းစားနေသော ထီးကလေးအား အပေါက်စောင့်မောင်စန်းမြင့်မှာ စူးစိုက်ကြည့်နေခဲ့ပြီး အရှေ့သို့တစ်လှမ်းမျှ လှမ်းရန်ရွယ်လိုက်သော ထီးကလေးအား ပုခုံးမှလှမ်းဆွဲလိုက်ချေသည်။

''အား!… ဟေ့… ဟေ့လူ လွတ်… လွတ်ပါ ကျုပ် ကျုပ်လက်မောင်းအဆစ်ပြုတ်နေတယ် အား!… လွတ်''
''ဟာကွာ… ဒီလောက်ပြောနေတာတောင် မရဘူး''

လက်မောင်းအဆစ်ပြုတ်နေခဲ့သော ထီးကလေး၏ဘယ်ဘက်ပုခုံးအား ကြမ်းတမ်းစွာဆွဲကိုင်လိုက်သည်ကြောင့် ထီးကလေးမှာမူအလွန်ပင် နာကျင်သွားခဲ့ရသည်။ မောင်စန်းမြင့်သည်လည်း မိမိ၏တားဆီးနေခဲ့သော စကားများအား ဂရုမစိုက်သည့်ထိုသူအား အလွန်ပင်ဒေါသထွက်မိသည်။ ထို့ကြောင့် အသင့်ကိုင်ဆောင်ထားခဲ့သော သံချောင်းဖြင့် ရိုက်သတ်တော့မည်ဟု ရွယ်လိုက်စဉ်တွင်
''ဟေ့… စန်းမြင့်ရပ်လိုက်စမ်း!…''

ဒေါက်တာရဲမောင်တစ်ယောက် အရေးပေါ်ခန်းရှေ့တွင် ရှိနေခဲ့သော လူငယ်နှစ်ဦးအနက် ယောကျာ်းလေးတစ်ဦး ပျောက်သွားခဲ့သည်ကြောင့် ဆေးရုံတစ်ခုလုံး လိုက်လံရှာဖွေနေခဲ့ရင်း ထီးကလေးအား မောင်စန်းမြင့်နှင့်အတူ မြေညီထပ်လှေကားအရင်း၌ တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် ဒေါသထွက်လျက် ထီးကလေးအား ရိုက်သတ်တော့မည်ဟု ဟန်ပြင်နေခဲ့သော အပေါက်စောင့်မောင်စန်းမြင့်အား လျင်မြန်စွာတားဆီးချေခဲ့သည်။

''ဘာဖြစ်နေကြတာလဲ''
''လုပ်… လုပ်ပါဦးဒေါက်တာ ကျွန်တော့ကိုဒုက္ခပေးနေတယ်''
''မဟုတ်ဘူးဒေါက်တာ!… ကျုပ်တားနေတာ ဂရုမစိုက်ပဲ ဖုန်းဆက်ဖို့လုပ်နေတယ် အဲ့ဒါကြောင့် ကျုပ်အပျက်ရှင်းပစ်မလို့''
''ဟင်!… ''

မောင်စန်းမြင့်၏ပြောဆိုလိုက်သော စကားသံကြောင့် ဒေါက်တာရဲမောင်မှာ စိုးရိမ်မိသွား၏။ သို့သော် ထီးကလေး၏အမူယာအား အကဲခတ်ကြည့်လိုက်သည်။ ထီးကလေး၏အမူယာမှာ မိမိတို့၏ဆေးရုံအကြောင်းများအား မည်သည့်အရာတစ်ခုမှ သိရှိထားဟန်မတူချေ။ ထို့ကြောင့်မောင်စန်းမြင့်ဆိုသကဲ့သို့ အသေသတ်အပျက်ရှင်းရန်အထိလည်း မလိုအပ်သေးချေ။ သို့နှင့် မောင်စန်းမြင့်အား အဓိပ္ပာယ်စွာဟန်ပြလျက်

''ဟာ… မောင်စန်းမြင့် မင်းကလဲ လိမ်မာပါတယ်နော် သွားသွား ဒါဒေါက်တာ့ဧည့်သည်တစ်ယောက်ပါ မင်းထင်နေတဲ့ ဓားပြမဟုတ်ပါဘူး''

မိမိအားအချက်ပြခါ ထိုသူ့အား အပျက်ရှင်းပစ်ရန်အထိ မလိုအပ်သေးကြောင်း အဓိပ္ပာယ်ရှိစွာပြောဆိုခဲ့သော ဒေါက်တာရဲမောင်၏စကားအား မောင်စန်းမြင့်တစ်ယောက် ကောင်းစွာနားလည်ချေခဲ့သည်။

''ဒေါက်တာမညာရဘူးနော် ကျုပ်ကဓားပြတွေဆို အရမ်းမုန်းတာ ဓားပြဆိုရင် ကျုပ်သတ်ပစ်မှာနော်''
''ဓားပြမဟုတ်ပါဘူး ဒေါက်တာ့ဧည့်သည်ပါ ပေးပေး လက်ထဲကတုတ်ကြီးပေး လိမ်မာတယ်နော်''
''ပြီးရော ရော့'

အကွက်ကျလှသည်။ ထီးကလေး၏အရှေ့၌ မောင်စန်းမြင့်အား အရူးတစ်ယောက်သဖွယ် သဘောထားခါ ပြောဆိုခဲ့ရင်း မောင်းထုတ်စေခဲ့သည်။ ဒေါက်တာရဲမောင်နှင့် မောင်စန်းမြင့်တို့၏ မြင်ကွင်းများအား စိုက်ကြည့်နေမိသော ထီးကလေးမှာလည်း မိမိထင်သကဲ့သို့ မောင်စန်းမြင့်ဟာ အရူးတစ်ယောက်အမှန်တကယ်ပင် ဖြစ်နေသည်ဟု ထင်မှတ်သွားခဲ့သည်။

''ကောင်လေး… ဘာဖြစ်သွားသေးလဲ''
''တော်သေးတာပေါ့ဒေါက်တာရာ ဘာမှတော့မဖြစ်ပါဘူး ဒေါက်တာလာတာမြန်လို့ မဟုတ်ရင် ကျွန်တော့ကို သူတစ်ခုခုလုပ်တော့မှာသေချာတယ်''
''စိတ်မရှိပါနဲ့နော် သူက ဒီနယ်နားမှာနေတာ စိတ်ရောဂါခံစားနေရတာလေ ဒါကြောင့်ဆေးရုံမှာ ဒေါက်တာတို့က စောင့်ရှောက်ပေးထားတာပါ''
''ကျွန်တော်ထင်တယ် သူ့ကြည့်ရတာ သာမာန်သူတစ်ယောက်နဲ့မတူဘူး… သြော်!…ဒေါက်တာ ကျွန်တော့်အိမ်ကို ဖုန်းလေးတစ်ချက်လောက်ဆက်ပါရစေ ကျွန်တော်တို့ကားမှောက်ပြီး ဆေးရုံရောက်နေတယ်ဆိုတဲ့ အကြောင်းလေး အကြောင်းကြားချင်လို့ပါ''
''ဟမ်!… အဲ့… အဲ့ဒါ''
''ဘာဖြစ်လို့လဲဒေါက်တာ အဆင်မပြေလို့လား''
''သြော်!… ပြေ… ပြေပါတယ်''

ထီးကလေး၏ အပြုမူအခြေနေများ ဆိုးရွားလာလျင် လက်ဦးမှုရယူရန် မောင်စန်းမြင့်တစ်ယောက် မမြင်ကွယ်ရာမှ ထီးကလေးနှင့်ဒေါက်တာရဲမောင်အား အကဲခတ်စောင့်ကြည့်နေခဲ့၏။ လက်အတွင်း၌လည်း လူသတ်လက်နတ်တစ်စုံတစ်ခု ကိုင်ဆောင်ထားခဲ့သည်။ မိမိ၏မိဘများထံသို့ ဆေးရုံရောက်ရှိနေခဲ့ကြောင်း အကြောင်းကြားရန်ပြောဆိုနေခဲ့သော ထီးကလေး၏စကားများအား ဒေါက်တာရဲမောင်တစ်ယောက် အချိန်ကြာကြာတွေးတောလျက် အိတ်ကပ်အတွင်းမှ လက်ကိုင်ဖုန်းအား ဖြည်းညင်းစွာထုတ်ယူရင်း ထီးကလေးအား ပေးမည်အလုပ် အပေါ်ထပ်ဆီမှ နပ်စ်မလေးတစ်ဦး အပြေးရောက်ရှိလာခါ

''ဒေါက်…! ဒေါက်တာ ဆရာဝန်ကြီးကတော် အသည်းသန်ဖြစ်နေပြီဒေါက်တာ ဆရာဝန်ကြီးခေါ်ခိုင်းလိုက်လို့ပါ မြန်မြန်လာပါဒေါက်တာ မြန်မြန်လာပါ''
''ဟင်!… ဖြူလေးအသည်းသန်ဖြစ်နေတယ်ဟုတ်လား''
''ဟုတ်!… ဟုတ်တယ်ဒေါက်တာ ဆရာဝန်ကြီးလဲပြာယာခတ်နေပြီ ဒေါက်တာမြန်မြန်လာပါ''

''ကဲမောင်ရင်!… မင်းလဲ အပေါ်ကိုခဏလိုက်ခဲ့''

ပထမထပ်လှေကားအရင်းမှ မိမိနှင့်ဆုံတွေ့ခဲ့ဘူးသော အလောတကြီးအပေါ်ထပ်ဆီသို့ အပြေးတတ်ရောက်လာကြသော ဆရာဝန်များအဖွဲ့မှ နပ်စ်မလေးတစ်ဦးဟာ ဒေါက်တာရဲမောင်အား အလောတကြီး ထိုသို့ပြောဆိုလေခဲ့သည်။ နပ်စ်မလေး၏ ပြောစကားများအား ကြားသိလိုက်ရမှသာလျင် ထိုဆေးရုံ၌ ဆရာဝန်ကြီး၏ဇနီးသည်တစ်ယောက် ရှိနေခဲ့မှန်း ထီးကလေးတစ်ယောက် သိရှိလိုက်ရသည်။

ဒေါက်တာသန်းနိုင်သည်လည်း မိမိ၏ဖုန်းအား အိတ်ကပ်ထဲသို့ပြန်လည်ထည့်သွင်းလျက် ထီးကလေးအား အလွတ်မပေး အပေါ်ထပ်ဆီသို့ ခေါ်ဆောင်လေခဲ့သည်။ ထိုအချိန် ထိုည၌ ဆရာဝန်ကြီး၏ဇနီးသည်ဖြူလေးတစ်ယောက် အမှန်တကယ်ပင်လျင် အမောဖောက်အသည်းသန် ဖြစ်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာဝန်ကြီးစွန်ရဲနိုင်မှာလဲ မိမိ၏ဇနီးသည်တစ်ယောက် အသက်ဆုံးရှုံးရတော့မည်အား လွန်စွာစိုးရိမ်လျက် သူ၏စိတ်အခြေနေများမှာလည်း သာမာန်ထက်ပိုမိုဖောက်ပြန်လာချေခဲ့သည်။

                              *****
* ဆရာဝန်ကြီး၏ ဇနီးသည်ဖြူလေးတစ်ယောက် မည်သည့်အခြေနေသို့ ရောက်ရှိသွားဦးမည်နည်း။
* ဆေးရုံ၌ရောက်ရှိနေခဲ့သော လူငယ်များ၏ နေအိမ်များမှ မိဘဖြစ်သူများ သိရှိသွားကြမည်လား။
* ဝိဥာဉ်မလေး သီရိမေဟာလည်း လူငယ်များအတွက် မည်သို့ပင် အကူပေးနိုင်မည်နည်း။
* အသက်ရှင်လျက် ရှိနေကြသေးသော လူငယ်(၈)ယောက်အနက် အချင်းချင်းမည်သူများမှ သစ္စာဖောက်လုပ်ကြံမည်နည်း။
* မိတ်ဆွေရဲအုပ်မောင်ဝင်းတစ်ယောက် ထိုဆေးရုံသို့ရောက်ရှိလာလျင် ကူညီနိုင်မည်မှာမလွဲချေ။
* အခက်ခဲနှင့်ကြုံတွေ့တိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သည့် မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံ၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

 ………… အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၀)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

ကျွန်ုပ်၏တစ်စုံတစ်ရာသော အခက်လေးများကြောင့်
   ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား
          ဆက်လက်၍ဖော်ပြပေးသွားပါမည်။
      စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)




Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages