အပိုင်း(၁၇) ဇာတ်သိမ်းပိုင်း တစ္ဆေကိုက်တဲ့အိမ်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၇) ဇာတ်သိမ်းပိုင်း တစ္ဆေကိုက်တဲ့အိမ်ကြီး

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                  တစ္ဆေကိုက်တဲ့ အိမ်ကြီး
                       ( ခြံအမှတ် ၆၆ )
                           အပိုင်း ( ၁၇ )
                စာရေးသူ - ထီးကလေး
            (ရင်နှင့်ရင်း၍ရေးသားသည်)
                                **



မိတ်ဆွေအခွင့်ရေး ရဲအုပ်ကိုမောင်ဝင်းအား နှုတ်ဆတ်စကားများပြောဆိုခဲ့ပြီး ကျွန်ုပ်နှင့်အတူ အစ်ကိုအောင်အပါဝင် သူငယ်ချင်းဖြစ်သူများ ခြံအမှတ် ၆၆ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ချေတော့သည်။ ရယ်မောပျော်ရွှင်စွာဖြင့် ခြံအမှတ် ၆၆ တည်ရှိရာ ရပ်ကွက်အနားသို့ နီးကပ်လာခဲ့သည်နှင့် ထိုရပ်ကွက်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေခဲ့ပြီး မီးလောင်နေသည်ဟု စကားသံများ ကြားလိုက်ရချေသည်။ မီးလောင်နေသည့်နေရာသို့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ အရောက်လှမ်းလာခဲ့ပြီး မီးလောင်နေသည့်ခြံဟာ ခြံအမှတ် ၆၆ ပင်ဖြစ်နေချေတော့သည်။

ဟုန်းဟုန်းတောက်လောင်ကျွမ်းနေသော မီးတောက်ကြီးများအား ပတ်ဝန်းကျင်ရှိလူများ ဝိုင်းဝန်းငြိမ်းသတ်နေကြသော်လည်း မီးတောက်ကြီးမှာ ညိမ်းသွားခဲ့ခြင်းမရှိ လောင်မြဲတိုင်းသာ လောင်နေတော့သည်။ မီးသတ်တပ်ဖွဲ့အား အကြောင်းကြားစေခဲ့ပြီး ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ခြံကြီးအတွင်းသို့ ဝင်ရောက်ရန် တိုင်ပင်လိုက်ကြပြီး။
' ဟေ့ … ဟေ့ ကိုယ့်လူတို့ မဝင်ကြပါနဲ့ အန္တရယ်ရှိတယ်'

ပတ်ဝန်းကျင်မှလူများ ကျွန်ုပ်တို့အား စိုးရိမ်စွာဖြင့် တားဆီးနေခဲ့သော်လည်း ဂရုစိုက်မနေပဲ အိမ်ပိုင်ရှင်များဟာ ကျွန်ုပ်တို့ကိုယ်တိုင်ပင်ဖြစ်သောကြောင့် ရဲတင်းစွာကျော်လွား ဝင်ရောက်လာခဲ့လေတော့သည်။
' အစ်ကိုအောင် … အထဲမှာတစ်ခုခုများရှိနေမလား မသိဘူး'
' လမ်းလေး အထဲဝင်မယ် … အားလုံး ဂရုစိုက်ကြ'
အပူရှိန်က ပြင်းထန်လှသည်။ ကျွန်ုပ်တို့အားလုံး၏ ခန္ဓာကိုယ်၌ ပြင်းထန်လှသော မီးအပူများဟန်နေခဲ့သော်လည်း ဂရုစိုက်မနေပဲ အိမ်မကြီးတံခါးအား အရှန်ပြင်းစွာဖြင့် ကန်ဖွင့်လိုက်လေတော့သည်။ အိမ်ကြီးအတွင်း၌ မီးတောက်များ အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းနေခဲ့သော်လည်း ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ ကြားခဲ့ရဘူးသော် သီချင်းသံစဉ်ဟာ အိမ်ကြီးအတွင်းသို့ ရောက်ရှိလာသည်နှင့် အေးဆေးတည်ငြိမ်စွာ ကြားနေခဲ့ရသည်။ လောင်ကျွမ်းနေသော မီးတောက်များကြားမှ ပြိုကျလာသော အိမ်တိုင်များအား ရှောင်တိမ်ခဲ့ပြီး အပေါ်ထပ်ဆီသို့ ကျွန်ုပ်တစ်ယောက် တတ်ရောက်မည်ဖြစ်သည်။
' ထီးလေး … မီးတောက်တွေအရမ်းများနေပြီ ဖြစ်ပါ့မလား '
' ဖြစ်တယ် … ငါ့အတွက်မပူနဲ့ အစ်ကိုအောင် တန်ခိုး မျှားကလေး … ငါးကလေး … အောက်မှာတစ်ခုခုကိုရှာပြီး သိမ်းစရာရှိတာတွေ သိမ်းခဲ့ပေး … ဒါတစ်ယောက်ယောက်ရှို့တဲ့မီး အိမ်ကြီးထဲမှာတစ်ခုခု ရှိနေလိမ့်မယ်လို့ ငါထင်တယ် … '
' လမ်းလေး … မင်းငါနဲ့လိုက်ခဲ့ '
' ကိုထီးလေး ဂရုစိုက်နော် '
' စိတ်ချအစ်ကိုအောင် '

မီးကျွမ်းကာ ပြိုကျလာသည့် သစ်သားတိုင်မျာအား ရှောင်တိမ်ခဲ့ရင်း ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများ လမ်းခွဲကာ လမ်းကလေးနှင့်အတူ မီးဆွဲနေသည့် လှေကားအတိုင်း အပေါ်ထပ်သို့ နှစ်ဦးသားတတ်ရောက်ရန် ရွယ်လိုက်လေသည်။
' ရလား လမ်းလေး … ဖြေးဖြေးချင်းတတ် မီးကျွမ်းနေပြီ '
ပူပြင်းလှသည့် မီးတောက်များဟာ ကျွန်ုပ်တို့အား အရှိန်ပြင်းစွာ ထင်ဟန်နေခဲ့ပြီး ချွေးသီးများမှအစ ခန္ဓာကိုယ်တစ်ခုလုံး ရွဲစိုနေလေခဲ့သည်။ အရှေ့မှဦးဆောင်ကာ အပေါ်ထပ်ဆီသို့ ကျွန်ုပ်တတ်ရောက်နေရင်း ကျွန်ုပ်၏အနောက်မှ သူငယ်ချင်းဖြစ်သူ လမ်းကလေးဟာလည်း ထပ်ကြပ်မကွာလိုက်ပါလာခဲ့သည်။ အိမ်ကြီးဟာ အင်မတန်မှကောင်းမွန်စွာ ကျွန်းသစ်များနှင့် တည်ဆောက်ထားခြင်းကြောင့် မီးတောက်များအား ပိုမိုလောင်ကျွမ်းကောင်းအောင် အကူညီပေးနေခဲ့သလား။ ကျွန်ုပ်နှင့်အတူ လမ်းကလေးတို့ အပေါ်ထပ်လှေကားအတိုင်း တစ်ထစ်ခြင်းတတ်ရောက်ပြီးသည်နှင့် ပြန်လမ်းမရှိ လှေကားထစ်များ မီးလောင်ကျွမ်းကုန်နေပြီး ။ ထိုသို့တတ်ရောက်လာရင်း အရှေ့မှဦးဆောင်နေသော ကျွန်ုပ်ဟာ အပေါ်ထပ်သို့ ကောင်းစွာတတ်ရောက်နိုင်လာခဲ့ပြီး အနောက်မှ တစ်ထစ်ခြင်း ထပ်ကြပ်မကွာ လိုက်ပါလာသော လမ်းကလေးတစ်ယောက်မှာတော့ နောက်ဆုံးကျန်သည့် လှေကားထစ်အား လှမ်းလိုက်သည်နှင့်
' အား အမလေး … ထီးလေး'
' ဟင် … လမ်း … လမ်းလေး ကိုင်ထား '
လမ်းကလေး ခြေလှမ်းလှမ်းလိုက်သည့် လှေကားထစ်မှာ မီးလောင်ပျက်စီးသွားခဲ့ပြီး အပေါ်ထပ်ကြမ်းပြင်ကိုသာ လက်ဖြင့်ကိုင်မိလျက်သား တွဲလောင်းဖြစ်နေခဲ့သည်။ အောက်သို့ ပြုတ်ကျသွားခဲ့လျင် အရှိန်ပြင်းစွာလောင်ကျွမ်းနေသော မီးတောက်ကြီးများအတွင်းသို့ ကျရောက်သွားကာ လမ်းကလေးတစ်ယောက် မီးဆွဲသေဆုံးသွားခဲ့သည်မှာ မလွဲချေ။ ထို့ကြောင့် လမ်းကလေးအား အပေါ်ထပ်မှ ကျွန်ုပ် သူ၏လက်အား ကိုင်ဆွဲထားရင်း မျက်နှာကြပ် ထုတ်တန်းတိုင်များ ပြိုကျလာသည်ကိုလဲ ရှောင်တိမ်နေခဲ့ရသည်။ ထို့နောက် အရှိန်ယူကာ ဆွဲကိုင်ထားသော လမ်းကလေး၏ လက်မှ သူ၏တွဲလောင်းဖြစ်နေသော ခန္ဓာကိုယ်တစ်ခုလုံးအား ကျွန်ုပ်အားကုန်ဆွဲလျက် အပေါ်ထပ်သို့ ဆွဲတင်လိုက်ရသည်။
' ရလား လမ်းလေ … ဘာဖြစ်သွားသေးလဲ '
 ' ခြေထောက်နည်းနည်းနာသွားတယ် … ရတယ် ဘာမှမဖြစ်ဘူး'

ထိုသို့အရှိန်အဟုန်ပြင်းစွာ လောင်းကျွမ်းနေသည့် မီးတောက်များကြားမှ ကြားနေခဲ့ရသည့် သီချင်းသံစဉ်ဟာလည်း ရပ်တန့်သွားမရှိ့ပဲ ကြားမြဲတိုင်းသာ ကြားနေရသည်။ အရဲစွန့်ကာ တွဲလောင်းဖြစ်နေသော လမ်းကလေးအား အပေါ်ထပ်သို့ ကျွန်ုပ်အားကုန်ဆွဲတင်လိုက်ပြီး နှစ်ဦးသား အိမ်ကြီး၏အပေါ်ထပ် ကြမ်းပြင်၌ နောက်ပြန်လဲကျသွားခဲ့သည်။ ထို့နောက် အပေါ်ထပ် ဦးဆုံးအခန်းမှာ ပွင့်လစ်နေခဲ့ပြီး မသည်းမကွဲ စကားသံတစ်ချို့အား ကြားလိုက်ရသည်။
' ကေ … မင်းနဲ့အတူတူ ငါလာနေတော့မယ် … မင်းငါ့ကို စောင့်ကြိုနေပေးပါနော် ငါလေ မင်းကို သိပ်ချစ်တယ်သိလား'
ထိုစကားသံပိုင်ရှင်ဟာ စာရေးဆရာလေး၏ စကားသံပင်ဖြစ်ချေခဲ့ပြီး စာရေးဆရာလေး၏ အသံအား ကျွန်ုပ်တစ်ယောက် ကောင်းစွာကျက်မိသည်။ ထို့ကြောင့် လဲကျနေသည့် ကြမ်းပြင်ပေါ်မှ အပူရှိန်များဟန်နေသော မီးတောက်များကြားမှ အသံကြားရာ အိပ်ခန်းဆီသို့ ကျွန်ုပ်အရောက်လှမ်းမည်ဖြစ်သည်။ ကျွန်ုပ်၏ိံအနောက်မှ လမ်းကလေးဟာလည်း လျင်မြန်စွာထလိုက်ပြီး ပြိုကျလာသည့် သစ်သားတိုင်များအား ရှောင်တိမ်လိုက်ပြီး ထိုအခန်းဆီသို့ ရောက်ရှိလာခဲ့လေသည်။
' ဆရာ … ဆရာ … ကျုပ်တို့လာခဲ့မယ် '
အခန်းအတွင်းရှိ ထိုင်ခုံပေါ်၌ စာရေးဆရာလေးအား ထိုင်လျက်သား ကြိုးဖြင့်တုတ်နှောင်ထားခဲ့ပြီး မီးတောက်များကြားမှ စာရေးဆရာလေးဟာ တုန့်လှုပ်ခြင်းမရှိ တစ်ဦးတစ်ယောက်နှင့် စကားများပြောဆိုနေခဲ့သည်ကို တွေ့ရှိလိုက်ရသည်။ မီးတောက်များနှင့်အခန်းရှေ့မှ ကျွနု်ုပ်တို့အား စာရေးဆရာလေး မြင်တွေ့လိုက်ပြီး
' ဟင် … ဇာတ်ကောင်လေးတွေ … မင်းတို့ဘာလို့ ဝင်လာကြတာလဲ …မြန်မြန်ထွက်သွားကြ အားလုံးမီးလောင်းပြီး သေကုန်လိမ့်မယ် '
' မထွက်ဘူးဆရာ … ဆရာ့ကို လာကယ်တာ '
' သွား … အခန်းထဲကို မဝင်နဲ့ ကြမ်းပြင်တွေ ကျွန်ကျတော့မယ် မလာကြနဲ့ သွား … '

စိုးရိမ်ကြီးစွာ ကျွန်ုပ်တို့အား ပြောဆိုနေသည့် စာရေးဆရာလေး၏ စကားအဆုံး၌ပင် မီးတောက်များရုတ်တရက် ပြင်းထန်စွာတောက်လောင်ခဲ့ပြီး ကြမ်းပြင်ကြီးဟာလည်း အလည်ခေါင်မှ မီးလောင်ပေါက်ထွက်သွားခဲ့သည်။
' ဆရာ … မလှုပ်နဲ့ ငြိမ်ငြိမ်လေးနေ ကျုပ်လာခဲ့မယ်'
' မလာနဲ့ … ငါ့ကိုထားခဲ့ မင်းတို့သွားကြ'
' ဆရာ … ကျုပ်ပြောတာကို နားထောင်… ဆရာသာငြိမ်ငြိမ်လေးနေ မလှုပ်လိုက်နဲ့နော် လှုပ်တာနဲ့ ကျွန်ကျသွားလိမ့်မယ် '

မီးတောက်များဟာ ပိုမိုပြင်းထန်လာခဲ့ပြီး ကျွန်ုပ်၏ိံ ခန္ဓာကိုယ်တစ်ခုလုံး၌လဲ ချွေးစီးများရွဲရွဲစိုနေခဲ့ပြီး။ ကြမ်းပြင်များ မီးလောင်ကျွမ်းကုန်သည်ကြောင့် အခန်းပတ်လည် တန်းများအား လှည့်ပတ်လျောက်သွားရင်း ထိုင်ခုံ၌ ကြိုးတုတ်ခံထားရသည့် စာရေးဆရာလေး၏ အနားသို့ ရောက်လုနီးပါး၌ မီးလောင်နေသည့် ထုတ်တန်းကြီး ကျွန်ုပ်၏အပေါ်သို့ ပြိုကျလာခဲ့တော့သည်။ ရှောင်တိမ်၍မရ ရှောင်လိုက်သည်နှင့် အောက်ထပ်တွင်လောင်ကျွမ်းနေသော မီးတောက်များအတွင်း ကျွန်ုပ်ကျရောက်သွားနိုင်သည်။ ပြိုကျလာသည့် ထုတ်တန်း အမြန်နှုံးအား တွက်ဆလိုက်ရင်း လွတ်နေသည့် ကျွန်ုပ်၏ဘယ်လက်ဖြင့် တွန်းမိလိုက်နိုင်ခဲ့သော်လည်း မီးလောင်နေသည့် ထုတ်တန်းကြီးဟာ ကျွန်ုပ်၏ ဘယ်ခြေထောက်ပေါ်သို့ ကျရောက်သွားကာ ပိနေခဲ့တော့သည်။
' ဟာ … ထီးလေး '
' အား … လမ်းလေး ဆရာ့ကို ကြိုးမြန်မြန်လာဖြေပေးတော့'
' လမ်းလေး ငါ့ဆီမလာနဲ့ …  ထီးလေးခြေထောက်ပေါ်က သစ်တာချောင်းကြီးကို အရင်ဖယ်ပေးလိုက် '

ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသည့် သူငဟ်ချင်းဖြစ်သူ လမ်းကလေးမှာတော့ ကျွန်ုပ်အားစိုးရိမ်ကြီးစွာ ပူပန်သွားလျက် မီးတောက်များအား ကျော်လွှားခဲ့ရင်း ဝတ်ထားသည့် သူ၏ အကျီပါ မီးလောက်ကျွမ်းသွားတော့သည့်။ အကျီအားချွတ်လိုက်ပြီး ရဲရဲတောက်လောင်ကျွမ်းနေသည့် ကျွန်ုပ်၏ခြေထောက်အပေါ်မှ သစ်သားချောင်းကြီးအား အပူခံခါ ဖယ်ရှားပေးနေချိန်၌ ကြမ်းပြင်ဟာလဲ ကျွန်ကျလေတော့မည်။ စာရေးဆရာလေး၏ိံ ထိုခုံမှာလဲ မီးတောက်များအတွင်းသို့ ပြုတ်ကျလုနီးပါး တိမ်စောင်းနေခဲ့ချေပြီး။
' အား … '
လမ်းကလေး၏ လက်နှစ်ဖတ်စလုံး မီးတောက်များအတွင်းသို့ ထိုးဝင်လိုက်ပြီး ကျွန်ုပ်၏ဖြေထောက်အပေါ်မှ မီးတုတ်ကြီးအား အင်အားကုန်ဖယ်ရှားပေးလိုက်သည်။ တဆတ်ဆတ်တုန်ခါနေသော ကျွန်ုပ်၏ိံ ဘယ်ခြောက် လက်နှစ်ဖတ်စလုံး မီးတောက်များ ဟန်ခံထားရသည့် လမ်းကလေး လွန်စွာမှပင် ပင်ပန်းကြီးနေခဲ့သည်။ မီးတောက်၏ လောင်ကျွမ်းမှု့များအား ဥာဏ်ကောင်းလှသည့် စာရေးဆရာလေးမှာ တုတ်နှောင်ထားသည့် သူ၏လက်ပြန်ကြိုးအား အခွင့်ယူခါ မီးတောက်ဖြင့် ဖျက်ထုတ်နိုင်ခဲ့သည်။ ကျွန်ကျခါနီး ကြမ်းပြင်အပေါ်မှ ကျွန်ုပ်တစ်ယောက် ပြန်လည်၍ မထနိုင်။ နာကျင်လွန်းသော အပူဒဏ်အား တဆတ်ဆတ်တုန်ခါလှစွာ ခံစားနေခဲ့ရသည်။

 ထိုအချိန်၌ မီးသတ်ကား၏ အချက်ပေးသံအား ရုတ်တရက်ကြားလိုက်သည်နှင့် ကုန်ခံနေသော ကျွန်ုပ်တို့၏ အားအင်များ ပြန်လည်ရှင်သန်လာခဲ့ပြီး နာကျင်လွန်းသော ဝေဒနာများအား ကြိတ်မှိတ်ဖျောက်ကာ အိမ်ကြီးအတွင်းမှ အပြင်သို့ ထွက်မည်ဖြစ်သည်။ သို့ပေမယ့် လွယ်ကူစွာ ထွက်ရောက်နိုင်တော့မည်မဟုတ် အပူခံခါ မီးတောက်များအတွင်းသို့ ခုန်ချမှသာလျင် အပြင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထိုမီးတောက်များအတွင်းသို့ ခုန်ချလိုက်လျင်လည်း အသက်ဆုံးရှုံးရမည်မှာ ၇၅ ရာခိုင်နှုံးပင်ဖြစ်ချေသည်။

' ဆရာ … ဘယ်လိုလုပ်ကြမလဲ အပြင်ရောက်ဖို့ မလွယ်တော့ဘူး '
' ဟင် … ထီးလေး ဟိုမှာကြည့်စမ်း '
' ဟာ …  ဘာဖြစ်လို့မီးမလောင်ရတာလဲ '

အပြင်သို့ ရောက်ရန် ဘေး၌ရှိသော စာရေးဆရာလေးအား ကျွန်ုပ်တစ်ယောက် အားကိုးတကြီး အကြံဥာဏ်တောင်းလိုက်ချိန်၌ ရုတ်တရုတ် လမ်းကလေး၏ လက်ညိုးညွှန်ပြရာဆီသို့ ကြည့်မိလိုက်လေသည်။ လမ်းကလေး၏ လမ်းညိုးဟာ အိပ်ခန်းအတွင်းရှိ ကုတင်ဆီသို့သာဖြစ်ပြီး မီးလောင်ကျွမ်းခြင်းမရှိသည့် ထိုကုတင်လေးအား တွေ့ရှိလိုက်ရလေသည်။ လောင်ကျွမ်းနေသော မီးတောက်များဟာ ကျွန်ပ်နှင့်လမ်းကလေး စားရေးဆရာလေးတို့ ရပ်နေသည့်ဆီသို့ ရောက်ရှိလာလေခဲ့ပြီး။ သုံးဦးသား အကြည့်ခြင်းဆုံခါ မျက်လုံးစုံမှိတ်ချေပြီး ထိုကုတင်လေးအပေါ်သို့ အရဲစွန့်ကာ တတ်ရောက်လိုက်လေသည်။

နားအတွင်း၌ 'ဝုန်း'ဟူသော ဆူညံသံကြီးကြားလိုက်ရပြီး အပူရှိန်ကလျော့ပါးသွားသလို အေးစက်စက် ရေစက်ကလေးများဟာ ကျွန်ုပ်၏ခန္ဓာကိုယ်ပေါ်သို့ လွှတ်စင့်နေခဲ့သည်။ အရှိန်ဟုန်ပြင်းစွာ တောက်လောင်နေခဲ့သော မီးတောက်ကြီးများ လျော့နည်းသွားစေပြီး ကြမ်းပြင်များမရှိ။ မီးကျွမ်းကာမည်းမှောင်နေသည့် ထုတ်တန်းကြီးများသာ တွေ့ရှိလိုက်ရသည်။

' ဆရာ … ထီးလေ … လမ်းလေ … '
ထိုအသံဟာ သူငယ်ချင်းဖြစ်သူ ငါးကလေး၏ အသံပင်ဖြစ်သည်။ မှိတ်ထားသည့် မျက်လုံးအား စုံဖွင့်လိုက်ပြီး အသံလာရာဆီသို့ လှည့်ပတ်ကြည့်လိုက်ရင်း ကျွန်ုပ်နှင့်အတူ စာရေးဆရာလေးအပါဝင် လမ်းကလေးတို့ဟာ ကုတင်လေးအပေါ်၌ ရှိနေခဲ့ပြီး ငါးကလေး၏အသံဟာ အောက်ဘက်ဆီမှ ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။
' ဟင် … ငါ … ငါတို့ ပြုတ်မကျပါလား '
' ကိုယ့်လူတို့ ငြိမ်ငြိမ်လေးနေပေးပါ အောက်မှာ ငုတ်တွေရှိနေနိုင်တယ် … မီးခဲတွေလဲရှိသေးတယ် ကျုပ်တို့မီးသတ်ရဲဘော်တွေ လာခဲ့ပါ့မယ် အဲ့ဒီမှာပဲငြိမ်ငြိမ်လေးနေပေးပါ'

ရှိန်းတိမ်းတိမ်းကျန်ရှိနေသော အပူများအတွင်း၌ ကျွန်ုပ်တို့အား အော်ဟစ်ပြောဆိုလိုက်သူဟာ မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးပင် ဖြစ်ချေသည်။ မီးကျွမ်းနေသည့် သစ်သားချောင်းများနှင့် ညှပ်နေခဲ့ပြီး ကျွန်ုပ်တို့သုံးဦးသားရှိနေသည့် ကုတင်းလေးဟာ အောက်သို့ ကျွမ်မကျနိုင်ပဲ ရှိနေခဲ့သည်။ အချိန်မှီမီးသတ်ဖွဲ့ရောက်ရှိလာပြီး လောင်ကျွမ်းနေသည့် မီးတောက်များအား အချိန်အတိုတွင်း ငြိမ်းသတ်စေနိုင်ခဲ့သည်။

မျှားကလေး ငါးကလေး တန်ခိုး နှင့်အတူ အစ်ကိုအောင်တို့ဟာ အပြင်သို့ ထွက်နိုင်ချေခဲ့ပြီး ကျွနိုပ်တို့အား စိုးရိမ်ကြီးစွာ အပြင်၌ ယောက်ယပ်ခပ်နေချေခဲ့သည်။ မီးသတ်ရဲဘော်လေးများ ရောက်ရှိလာကာ ကျွန်ပ်တို့အား အောက်စီဂျင်ဘူးများ တပ်ဆင်ပေးသော်လည်း ကျွနိုပ်တို့မှာ အခိုးအငွေ့များ မွန်းကြပ်နေခြင်းမရှိခဲ့ချေ။ သို့နှင့် စုတ်ပျက်သပ်နေသော အဝတ်စားများနှင့် မည်းမှောင်နေသော ကျွနိုပ်တို့၏ ကိုယ်ခန္ဓာအပေါ်မှ အစွန်ထင်များ ထင်ကျန်နေပြီး မထောက်နိုင်သည့် ချေတစ်ဖတ်အား ထောင်နင်းစွာဖြင့် အပြင်သို့ ထွက်လာချေခဲ့သည်။
' ထီးလေး … လမ်းလေး မင်းတို့ဘာမှ မဖြစ်ဘူးနော် ဆရာက အိမ်ကြီးထဲမှာရှိနေခဲ့တာလား '
' ငါတို့ဘာမှ မဖြစ်ပါဘူး အား … ငါချေထောက် … ငါ့ချေထောက်တော့ နည်းနည်းနာသွားတယ် '
' လမ်းလေး မင်းလက်တွေ အဆင်ပြေရဲ့လား '
' ပြေပါတယ်ကွာ ပြေပါတယ် … မင်းမှတ်မိသေးလား နှစ်တစ်ရာ ကျိန်စာသင့်အိမ်ကြီးမှာတုန်းကလဲ မင်းချေထောက်အပေါ်က သစ်သားချောင်းကြီးကို ငါကိုယ်တိုင်ဖယ်ပေးခဲ့တာလေ '
 'သိပ်မှတ်မိတာပေါ့ လမ်းလေးရာ … သိပ်မှတ်မိတာပေါ့ '
' ဆရာ … ဆရာက ဒီအိမ်ကြီးထဲ ဘယ်လိုဖြစ်ပြီးရောက်နေရတာလဲ '
' ဘယ်လိုဖြစ်ရမှာတုန်းကွ … လူယုတ်မာတွေပေါ့ ငါ့ကိုကြိုးတုတ်ပြီး မီးလောင်တိုက်သွင်းခဲ့တာ '
' ဟင် … ဒါဆို အိမ်ကြီးကို မီးရှို့တဲ့သူတွေက … '
' ဦးဇော်မျိုးနဲ့ အောက်လမ်းဆရာကြီးပေါ့ '
' ထင်တယ် ဒီလူယုတ်မာတွေ လက်ချက်ပဲဆိုတာ '
' သူတို့ရော ဘယ်ရောက်သွားကြပြီလဲ '
' အခုချိန်လောက်ဆို ပြေးပြီပေါ့ကွ '

' ဟားဟား… မပြေးနိုင်တော့ပါဘူး မိတ်ဆွေတို့ရာ '
' ဟင် … ကိုမောင်ဝင်း '
' ဟုတ်တယ်ဗျ … ကျုပ်ရဲရန်နိုင်ကိုတော့ ဖမ်းထားပြီးပြီ ခြံအမှတ်၆၆မှာမီးလောင်မှု့ဖြစ်နေတယ်ကြားတာနဲ့ ချက်ချင်းထွက်လာခဲ့တာ ကိုလမ်းလေး အဆင်ပြေရဲ့လား'
' ပြေတယ်ကိုမောင်ဝင်း အေးဆေးပဲ '
'ဟားဟား … ခင်ဗျားတို့ကတော့ သိပ်ကို သတ္တိကောင်းတဲ့ လူငယ်တွေပါပဲဗျာ … ဒါနဲ့ ဒီဘေးက'
' သြော် … အဲ့ဒါ အသက်ခံလိုက်ရတဲ့ ကေသဇင်စိုးရဲ့ချစ်သူ စာရေးဆရာထီးကလေးပေါ့ '
' ဟုတ်ကဲ့ဆရာတွေ့ရတာ ဝမ်းသာပါတယ် '
' ဟုတ်ကဲ့ … ဒါနဲ့ အခုန မပြေးနိုင်တော့ပါဘူးဆိုတာက ဘာကိုပြောတာတုန်းဗျ '
' သြော် … အိမ်ကြီးကို မီးရှို့ပြီး ကားမောင်းထွက်သွားကြတဲ့ ဦးဇော်မျိုးနဲ့ လူတစ်ယောက် ကားဘရိတ်ပေါက်ပြီး ကွင်းပြင်ကြီးမှာ မီးလောင်သေသွားကြပြီ '
' ဟ … ကောင်းလိုက်တာဗျာ … အဲ့ဒါပဲ တန်ပြန်သတ်ရောက်မှု့ဆိုတာ … ဦးတင်ငွေပြောလိုက်တဲ့ အလံနှီရောင်လေး မီးလောင်သွားတော့ အချုပ်ခံထားရတဲ့ ဝိဥာဉ်လဲ လွတ်သွားတာဖြစ်လောက်မယ်'

ကျွန်ုပ်အား အစ်က်ုအောင်တစ်ယောက် တွဲလျက်ထားခဲ့သည်။ အခင်းဖြစ်ပွားရာ မီးလောင်မှု့ဝန်း၌ ကျွန်ုပ်တို့မိတ်ဆွေများအားလုံး နာကျင်မှု့များအား မေ့ဖျောက်ထားခဲ့ပြီး စကားလက်ဆုံကြနေကာ လူယုတ်မာဦးဇော်မျိုး၏ အသေဆိုးသော သတင်းအား ကြားသိလိုက်ရသည်။ ထို့နောက် ကျွန်ုပ်တို့အားလုံးဆီသို့ မီးသတ်အရာရှိတစ်ယောက် ရောက်ရှိလာပြီး

' ကဲ …  ဒဏ်ရာရတဲ့ သူတွေကို ဆေးရုံပို့ရအောင် '
' ကျေးဇူးတင်ပါတယ်ဗျ … ဒီလောက်ကတော့ ကျုပ်တို့အတွက် ဘာမှမပြောစရာမရှိလောက်ပါဘူး'
' စာရေးဆရာလေးကို အိမ်ကြီးထဲကနေ အသက်စွန့်ပြီး ကယ်တင်ပေးခဲ့တဲ့ ခင်ဗျားတို့အားလုံးကို တကယ့်ကိုပဲလေစားမိပါတယ် '
' ရပါတယ်ဗျာ ဒီစာရေးဆရာလေးက ကျုပ်တို့ရဲ့ ဖခင်လို့လဲ ပြောလို့ရတယ် … ဘာဖြစ်လို့လဲဆို ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးဆိုတဲ့ ကျုပ်တို့ငါးယောက်က ဒီစာရေးဆရာလေးရဲ့ ဆံပင်ငါးချောင်းဖြစ်နေလို့ပဲ '
' ဟားဟား သိပ်ကောင်းတဲ့ စကားလေးပဲဗျာ '
' ဗိုလ်ကြီး  … အိမ်ကြီးထဲကနေ မီးလောင်ကျွမ်းမှု့မရှိပဲ အကောင်းအတိုင်း ပစ္စည်းနှစ်ခု တွေ့တယ်'
' ဟေး … ဘာပစ္စည်းတွေတုန်း '
' ဒီမှာ ဗိုလ်ကြီး … ဒီဓာတ်ပုံကြီးနဲ့ ဟိုးမှာတွေ့နေရတဲ့ ကျွန်းကုတင်လေးပါ '
'ဟေး … ထူးဆန်းလှချည်လား
' ဗိုလ်ကြီး … အဲ့ဒီပစ္စည်းနှစ်ခုကို ကျုပ်တို့ဆီပြန်ပေးလို့ရမလား'
' ခင်ဗျားတို့ ပစ္စည်းပဲ ရပါတယ် '

ုခြံအမှတ် ၆၆ တစ္ဆေကိုက်သည့် အိမ်ကြီးဟု အမည်တပ်ခေါ်ကြသော အိမ်ကြီးအတွင်းမှ ဟုန်းဟုန်းတောက် မီးများလောင်းကျွမ်းခဲ့သည်။ သို့သော် မီးသတ်ရဲဘော်လေး၏ တွေ့ရှိချက်များအရ ကျွနိုပ်တို့၏အသက်အား ကယ်တင်ထားပေးခဲ့သော မြေမထိသည့် ကုတင်းနှင့် ၅ပေ၃ပေခန့်ရှိ ကေသဇင်စိုး၏ ဓာတ်ပုံကြီးဟာ ကျွန်ုပ်နှင့်သူငယ်ချင်းများ အိမ်ကြီးဆီသို့ ဦးဆုံးရောက်ရှိလာသည့် အချိန်ကဲ့သို့ပင် အကောင်းအတိုင်းပြန်လည်တွေ့ရှိလိုက်ရသည်။

' သြော် … ကေ … ကေ … မင်းဓာတ်ပုံလေးကို ပြန်ကြည့်မိတော့ ငါလေ … အရင်အချိန်တွေကို လွမ်းလိုက်တာကွာ … အခုချိန်ထိ မင်းကိုသတိရနေတုန်းပါ'
'ကို့ဆီကို ကေအခုချိန် ပြန်လာမယ်ဆိုရင် ငါလေမင်းကို အရင်ကထက် ပိုပြီးဂရုစိုက်မိမှာပါသေချာတယ် … အခုချိန်ထိလဲ မင်းကိုငါဘယ်လိုမှ မေ့ဖျောက်လို့မရသေးဘူး … '
' လွမ်းလိုက်တာကေရယ် … '

ခပ်ပြုံးပြုံးပုံစံဖြင့် ကေသဇင်စိုး၏ ဓာတ်ပုံအား စာရေးဆရာလေးတစ်ယောက် စိုက်ကြည့်နေခဲ့ပြီး ဝဲလျက်မျက်ရည်များနှင့် ကေသဇင်စိုးမကြားနိင်တော့သည့် ချစ်စကားများ ပြောဆိုနေခဲ့သည်။

' ဆရာ … ကျုပ်တို့လဲ ဆရာနဲ့ထပ်တူ ခံစားရပါတယ် '
' စိတ်မကောင်းမဖြစ်ပါနဲ့ ဆရာ '
' အေးပါကွာ … အေးပါ… ငါ့ရဲ့ဆရာ ဝိဥာဉ်ဦးလေးပြောခဲ့တဲ့ ငါ့ဆံပင်ငါးချောင်းဖြစ်တဲ့ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး သူတို့က တစ်ချိန်ချိန်မှာ ငါ့ကို အကူညီပြန်ပေးလိမ့်မယ်ဆိုတာ အခုမှပဲ ငါနားလည်သွားတော့တယ် … '
' ဦးလေးရေ … ဦးလေးပြောခဲ့တဲ့ စကားတွေကို ကျုပ်နားလည်သွားပါပြီ '

' ဒီမီးလောင်ကွင်းကြီးရှင်းလင်းပြီးသွားရင် ကေသဇင်စိုးအတွက် ကျုပ်တို့အလှူတန်းလေး လုပ်ပေးလိုက်ကြတာပေါ့ '
' ကျုပ်တို့ငါးယောက် တိုင်ပင်ထားကြတယ် … ဒီခြံကြီးကိုရောင်းပြီး ကေသဇင်စိုးအတွက် ကောင်းမှု့ကုသိုလ်ပြုလုပ်ပေးမယ် '
' ဒါပေါ့ဗျာ … သူ့ကိုချုပ်နှောင်ထားတဲ့ လူယုတ်မာတွေကို သူကိုယ်တိုင်ပဲ လက်စားပြန်ချေနိုင်ခဲ့ပြီလေ '
 ' ပြီးတော့ ဒ်ီမီးလောင်မသွားတဲ့ ပစ္စည်းတွေကိုလဲ ဘုန်းကြီးကျောင်းမှာ သွားလှူလိုက်ကြတာပေါ့ '
' ဆရာ … ဆရာရဲ့ လက်တွေ ပြန်ကောင်းလာပြီနော် '
' ကောင်းနေတာကြာပြီကွ … လူယုတ်မာတွေရဲ့ ရန်ကိုကြောက်လို့ ဟန်ဆောင်ထားခဲ့ရတာ '
' ဝမ်းသာလိုက်တာ ဆရာရယ် … ဒါဆို ကျုပ်တို့ငါးယောက်ကို ဆရာအသက်ပြန်သွင်းပေးပါဦး'
' ဟားဟား … အဲ့ဒီအတွက်တော့ ဘာမှမပူနဲ့ ဒီတစ်ခါ မင်းတို့ငါးယောက်ကို အဆန်းကြယ်ဆုံး ဖြစ်ရပ်တစ်ခုနဲ့ ထပ်ပြီး မိတ်ဆတ်ပေးမယ် '
' အဆန်းကြယ်ဆုံးဖြစ်ရပ် ဟုတ်လားဆရာ '
' အေး … အဲ့ဒီအခါကျရင် မင်းတို့ငါးယောက်ထဲက တစ်ယောက်မှားတာနဲ့ ငါးယောက်စလုံး သေပေးရလိမ့်မယ် … လုံးဝမှားလို့မဖြစ်ဘူး '
' ဗျာ … '
' ဟုတ်တယ် မင်းတို့နဲ့ မိတ်ဆွေပေးမယ့်သူက သာမန်မဟုတ်ဘူး တရုတ်ပြည်က ဖုတ်ကောင်ပဲ '
' ဟင် … ဘယ်လို … တရုတ်ပြည်က ဖုတ်ကောင် ဟုတ်လားဆရာ '
' ဟုတ်တယ် ဖုတ်ကောင် … '
' ဖုတ်ကောင် … '

                                 ပြီးပါပြီ

                  ကျွန်ုပ်၏ (၉)ပုဒ်မြောက်ဖြစ်သော
              တစ္ဆေ ၊သရဲ ၊ကဝေ ၊စုန်း ၊မှော် ၊သိုက်
                            လိုက်သူများနှင့်
          တစ္ဆေကိုက်တဲ့ အိမ်ကြီး ခြံအမှတ် (၆၆)
  ဇာတ်လမ်းရှည်အား ဇာတ်သိမ်းထားလိုက်ပါသည်ခင်ဗျာ။

ဆက်လက်၍
             တစ္ဆေ ၊သရဲ ၊ကဝေ ၊စုန်း ၊မှော် ၊သိုက်
                             လိုက်သူများနှင့်
                                ဖုတ်ကောင်
                             (၁၀)ပုဒ်မြောက်
    ဇာတ်လမ်းအား ဆက်လက်ဖော်ပြပေးသွားပါမည်။
                  ကျေးဇူးတင်ပါသည်ခင်ဗျာ။
                       စာရေးသူ - ထီးကလေး
                (ရင်နှင့်ရင်း၍ရေးသားသည်။)

တစ္ဆေကိုက်တဲ့ အိမ်ကြီး ခြံအမှတ် (၆၆)
  စ/ဆုံးအား ယခု စာလုံးအမည်းများအား နှိပ်၍ ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီ။

'တစ္ဆေကိုက်တဲအိမ်ကြီး 'ခြံအမှတ်ခြောက်ဆယ့်ခြောက် စာရေးသူ ထီးကလေး
Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages