အပိုင်း(၂)နှစ်၁၀၀သက်ဝင်မြေးဘွား - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၂)နှစ်၁၀၀သက်ဝင်မြေးဘွား

Share This

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
         သက်ဝင်မြေးဘွား အောက်လမ်း မာယာ
                      အပိုင်း (၂)    
စာရေးသူ-ထီးကလေး ။( ရင်နှင့် ရင်း၍ ရေးသားသည်။)



စောင့်စားမျှော်လင့်နေသည့် မိတ်ဆွေကြီးထံမှ ဖုန်းဖြစ်လျက် ကျွန်ုပ်၏ ခေတ္တသွားရောက်ပေးရမည့် နယ်ကာ စောနယ်ဖြစ်နေလေသည်။ သို့နှင့် ညတွင်းချင်း ထိုစောနယ်သို့ ခရီးထွက်ရန် ပြင်ဆင်ထားလျက် မနက်လင်းသည်နှင့် ကိုမောင်ဝင်း လမ်းညွှန်ပေးလိုက်သော စောနယ်မှ
(      )စက်ရုံဆီသို့ ကျွန်ုပ်ထွက်ခွာသွားချေတော့သည်။

ခရီးက အင်မတန်ကြမ်းလှသည်။ ရောက်ရှိခဲ့ဘူးသော ထိုစောနယ်သို့ ယခုအခါနှင့်ဆိုလျင် သုံးကြိမ်မြောက်ရှိနေခဲ့ချေပြီ။ နှစ်ကြိမ်တိုင်တိုင် ကျွန်ုပ်နှင့် သူငယ်ချင်းဖြစ်သူများ ထိုစောနယ်မှ အသက်အန္တရယ်မျိုးစုံတို့အား ကျော်ဖြတ်ခဲ့ကြဘူးသော်လည်း ယခုသုံးကြိမ်မြောက်၌ ကျွန်ုပ်တစ်ယောက်တည်းပင် ရောက်ရှိလာချေခဲ့ရသည်။ ထိုစောနယ်၏ လူဦးရည်မှာ နည်းနေသေးသော်လည်း အချိန်နှင့်အလိုက် လူအမြောက်အများနှင့် မြို့ပေါ်တွင် စည်းကားနေလျက်ရှိသည်။ ရဲအုပ် ကိုမောင်ဝင်း လမ်းညွှန်းပေးလိုက်သည့် စက်ရုံဆီသို့ ကောင်းမွန်စွာဖြင့် ကျွန်ုပ်ရောက်ရှိလာချေခဲ့သည်။ ထိုစက်ရုံအရှေ့သို့ ရောက်ရှိလာခဲ့သည်နှင့် အုပ်စုဖွဲ့ဝိုင်းရံနေလျက်ရှိကြသော လူအုပ်ကြီးအား ကျွန်ုပ်ဦးစွာ တွေ့ရှိလိုက်ရလေသည်။
ထိုလူအုပ်ကြားအတွင်းသို့ ကျွန်ုပ်တိုးဝင်သွားပြီး
' ငါတို့ သူဌေးအနားယူနေတယ် … ညနေမှလာခဲ့'
' ရှင် … မလုပ်ပါနဲ့ရှင် … ကျွန်မမောင်လေးကို သွေးသွင်းဖို့အတွက် ငွေလိုနေလို့ပါ … ပြီးတော့ ရှင်တို့ အလုပ်ကနေ ဖြစ်ခဲ့တဲ့ ကိစ္စကို ဥပေက္ခာမပြုသင့်ပါဘူး '
' ဒီမှာ … မိန်းကလေး သူ့ဖာသူ အာရုံမစိုက်ပဲ အလုပ်လုပ်လို့ ပြုတ်ကျတာ ငါတို့နဲ့ မဆိုင်ဘူး … လျော်ကြေးလိုချင်ရင် … ညနေမှ လာခဲ့'
မိန်းမပျိုလေးတစ်ဦးဟာ ထိုစက်ရုံအပေါက်စောင့်အား ငိုလျက် ပြောဆိုနေခဲ့သည်ကို တွေ့ရှိလိုက်ရသည်။ ဘာရယ်ကြောင့်မှန်းမသိ။ မိန်းကလေး၏ ပုံစံအား အကျီ အနွမ်းလေးတစ်ထည်ကို ဝတ်ဆင်ထားပြီး စက်ရုံထဲတွင် ရှိနေသော သူဌေးဆိုသူနှင့် တွေ့ခွင့်ရရေး ကြိုးစားနေလေခဲ့သည်။ သိုနှင့် နွမ်းဖတ်လှသော ဝိုင်းအုံကြည့်နေကြသည့် အလုပ်သမားများထဲမှာ တစ်ယောက်အား သိလိုစိတ်ဖြင့် ကျွန်ုပ်မေးမြန်းကြည့်လိုက်သည်။
' ဘာတွေဖြစ်နေကြတာတုန်း နောင်ကြီး'
' သူဌေးမတရားဘူးဗျာ … တိုက်ပေါ်မှာ ဆေးသုတ်နေတဲ့ အလုပ်သမားလေး အောက်ပြုတ်ကျပြီး ဒဏ်ရာ အပြင်းအထန်နဲ့ အခုဆေးရုံတင်ထားရတယ် … သူတို့အလုပ်သမားလေးပဲ … ဒါကို ဒီလူက သူဌေးနဲ့ ပေးမတွေ့ဘူး လုပ်နေတယ် … '
' ဟင် … ကောင်လေးက ဆေးရုံမှာ ဟုတ်လား'
' ဟုတ်တယ် … အခုပြောနေတာ သူ့အစ်မပဲ … '
ထိုစက်ရုံ၏ အလုပ်သမားလေးတစ်ဦးပင် ဖြစ်ချေသည်။ ထိုစက်ရုံ၏ အကြီးအကဲဖြစ်သော သူဌေးဆိုသူဟာ အမြင့်ပေါ်၌ ထိုလူငယ်လေးအား အလုပ်ခိုင်းစေပြီး မတော်တဆ ချေချော်ချကာ ဒဏ်ရာအပြင်းထန်ရရှိထားသည်ကို ဥပေက္ခာပြုလျက် ငွေလိုနေသည့် လူနာအား ဆေးကုသရန်အတွက် အစ်မဖြစ်သူမှ တွေ့ခွင့်တောင်းနေခြင်း ဖြစ်သည်ကို ကျွန်ုပ်သိရှိလိုက်ရသည်။
' ခင်ဗျားတို့ကရော ဒီစက်ရုံရဲ့ အလုပ်သမားတွေ မဟုတ်လား … အားလုံး ဝိုင်းပြောပေးလိုက်ကြပါလား'
' ဟာ … ဘယ်ဖြစ်မလဲ … ကျုပ်တို့ပါ ရောပြီး အလုပ်ဖြူတ်ခံနေရမှာပေါ့ … မတရားပေမယ့်လဲ ဒီတိုင်းပဲ ကြည့်နေရတော့မှာပဲ … မတတ်နိုင်ဘူး ကျုပ်တို့ဒီအလုပ်ပြုတ်ရင် လုပ်စရာ အလုပ်ရှိမှာ မဟုတ်တော့ဘူး … အဲ့ဒါကြောင့် အခုလို မတရားတာတွေ တွေ့နေရင်လဲ ခေါင်းငုံ့ပြီး ကြည့်နေခဲ့ရတာ များပြီး … '
  ညည်းထွားစွာဖြင့် ကျွန်ုပ်၏ အပြောစကားအား ထိုသူပြန်လည်ချေပလိုက်သည်က ရင်နှင့်ဖွယ်။ ဝင်ခွင့်မပေးသည့် စက်ရုံမပေါက်စောင့်အား ထိုမိန်းကလေးမှ အကြိမ်ကြိမ်ငိုယိုလျက် တောင်းပန်နေခဲ့သော်လည်း အပေါက်စောင့်မှာ ကြင်နာမှု့ကင်းမယ့်စွာနှင့် ဥပေက္ခာပြုထားခဲ့သည်။ ထို့နောက် အပေါက်စောင့်၏ ခြေသလုံးအား ထိုမိန်းကလေးမှ ပြေးဖတ်လိုက်ပြီး
' အစ်ကိုကြီးရယ် ကူညီပေးပါ … ကျွန်မမောင်လေး ဆေးကုဖို့အတွက် အရမ်းအရေးကြီးနေလို့ပါ … သူဌေးနဲ့ တွေ့ခွင့်ပေးပါ '
' ဟာခတ်တော့တာပဲ … သွားဟာ '
မိမိ၏ ခြေသလုံးအား ဖတ်လျက်တောင်းပန်နေသော ထိုမိန်းကလေးအား စက်ရုံ အလုပ်သမား အပေါက်စောင့်မှ ကန်ထုတ်လိုက်လေတော့သည်။
' ဟေ့ကောင်တွေ … ဒီကောင်မလေးကို ငါတို့စက်ရုံအရှေ့ကနေ အမြန်ဆုံး ခေါ်သွားကြစမ်းကွာ '
မြေပြင်ပေါ်သို့ လိမ့်ကျသွားခဲ့သော မိန်းကလေးအား ဝိုင်းအုံကြည့်နေသည့် အလုပ်သမားများအား ခေါ်ဆောင်သွားရန် ပြောလိုက်သည်။ သို့ပေမယ့် မည်သည့်အလုပ်သမားများမှ ခေါ်ဆောင်ခြင်းမရှိပဲ မြေပြင်ပေါ်မှ မိန်းကလေးကိုသာ သနားအကြည့်လေးများဖြင့် ကြည့်နေလေခဲ့သည်။ ရက်စက်စွာ ထိုသို့ အပြုမူခံရသော မိန်းကလေးမှာတော့ အမှတ်မရှိ သူမ၏ ဆေးရုံပေါ်သို့ တင်ထားရသော မောင်ဖြစ်သူအတွက်သာ ဆေးကုသရန် ပိုက်ဆံရရေး ထပ်မံတောင်းဆိုနေပြန်သည်။ သို့နှင့် မည်သူတစ်ဦး တစ်ယောက်မှ ခေါ်ဆောင်သွားခြင်းမရှိသည့် မိန်းကလေး၏ အပြုအမူများအား ဒေါသထွက်လျက် ထိုသူ ရိုက်မည်အလုပ်
' ရပ်လိုက်စမ်း … ! '
အပေါက်စောင့်၏ ခြေသလုံးအား မလွတ်တန်းတွယ်လျက်ထားသော မိန်းကလေးအား ရိုက်တော့မည်ဟု လက်အရွယ် ကျွန်ုပ်ထိုနေရာသို့ ဝင်တော့မည်အလုပ် ကျွန်ုပ်နှင့်အထက် ဦးစွာ အသံထွက်ပေါ်လာသည်က ထိုလူအုပ်ကြီး၏အနောက်မှ ဝါးခမောက်အား ငိုက်စိုက်စောင်းထားပြီး လွယ်အိတ်တစ်လုံးအား ဘေးသိုင်းလွယ်ထားသည့် ထိုလူမှ ရပ်ရန်တားလိုက်သည်။ ထိုလူ၏ အသံအား ကြားလိုက်သည်နှင့် စက်ရုံအပေါက်စောင့်မှ
' ဘယ်ကောင်လဲကွ … ငါ့ကိုတားတာ '
မိန်းကလေးအား ရွယ်ထားသည့် လက်ကို သိမ်းလျက် တားလိုက်သည့် လူအား အပေါက်စောင့်မှ ဒေါသတကြီးမေးလိုက်လေသည်။ ထို့နောက် လူအုပ်ကြားထဲမှ စောင်းထားသည့် ခမောက်အား ချွတ်လိုက်ပြီး ထိုအပေါက်စောင့်နားသို့ ဖြေးညင်းသော ခြေလှမ်းတို့ဖြင့် ထိုသူလှမ်းလာနေခဲ့သည်။ လှမ်းလာနေသည့် ထိုလူအား ဝိုင်းအုံနေသည့် အလုပ်သမားတစ်စုဟာ အားကိုရသွားသည့် မျက်နှာထားလေးများဖြင့် ထိုသူ၏ လျောက်လမ်းအား ဖယ်ပေးနေခဲ့သည်။ ထိုလူကား ကျွန်ုပ်တို့၏ ညီအစ်ကိုအရင်းသဖွယ် ခင်မင်အားကိုရသော နယ်တကာ လှည့်နေသည့် အစ်ကိုအောင်ပင်ဖြစ်ချေတော့သည်။
' ဟင် … အစ်ကိုအောင် '
   ဝိဥာဉ်နှင့် ပျောက်ဆုံးနေသော သူ၏ အလောင်း
ထိုဖြစ်ရပ်တွင် ကျွန်ုပ်တို့နှင့်အတူ မှော်ဆရာကြီးအား ဝိုင်းဝန်းဖမ်းစီးပေးခဲ့ပြီးသည့်နောက် အရှေ့သို့ ခရီးဆက်ဦးမည်ဟုဆိုကာ ပျောက်ကွယ်သွားခဲ့သော အစ်ကိုအောင် ကျွန်ပ်ပြန်လည် တွေ့လိုက်ရပြန်သည်။ ရဲတင်းစွာ ထိုအပေါက်စောင့်နားသို့ လှမ်းသွားနေသည့် အစ်ကိုအောင်အား မြင်တွေ့နေလိုက်ရသည်ကြောင့် ထိုနေရာသို့ သွားမည့် ကျွန်ုပ်၏ ခြေလှမ်းများ ခေတ္တရပ်တန့်ထားလိုက်သည်။
' ငါ့ကို တားတာမင်းလား '
' ဟုတ်တယ် … မင်းလူမဟုတ်ဘူးလား … မိန်းကလေးတစ်ယောက်ကို ဒီလိုလုပ်စရာလား'
' အောင်မာ … မင်းက ဘာကောင်မို့လို့ ငါ့ကိုဒီလိုတွေ လာပြောနေရတာလဲ … သေချင်နေပြီနဲ့တူတယ် '
' မင်းကိုပြောမယ် … ဒီမိန်းကလေးကို သူတွေ့ချင်နေတဲ့ သူဌေးနဲ့ တွေ့ခွင့်ပေးလိုက် မဟုတ်ရင် မင်းနာလိမ့်မယ်'
' ဟ … အလာကြီးပါလား မင်းကိုပြောမယ် ငါ့အရှေ့ကနေ ဆယ်စက္ကန့်အတွင်း မင်းထွက်သွား … မဟုတ်ရင် မင်းကို အရေခွံစုတ်ပစ်မယ်'
'ကောင်းပြီ ငါက မင်းကို သုံးစက္ကန့် အချိန်ပေးမယ် မိန်းကလေးကို သူဌေးနဲ့ တွေ့ခွင့်ပေးလိုက် '
' ဟာကွာ … စကားတော်တော်ရှည်တဲ့ကောင် '
'အား … '
မတရားမှု့များအား လက်ပိုက်ကြည့်မနေတတ်သည့် အစ်ကိုအောင်နှင့် ထိုလူ စကားအခြေအတင်ပြောနေရမှ လက်မြန်စွာဖြင့် ထိုလူအား ကိုအောင် ထိုးကြိတ်လိုက်သည်။
' ဟင် … ဟေ့ကောင်တွေ လာကြစမ်း '
အစ်ကိုအောင်၏ ပြောင်မြောက်လှသော လက်သီးချက်ဖြင့် ထိုသူ၏ နှုတ်မှ သွေးများစွာထွက်ပေါ်လာလျက် စက်ရုံအတွင်းရှိ လူမိုက်များအား အားကိုးတကြီး တမ်းတအော်ခေါ်လေတော့သည်။ ထို့နောက် စက်ရုံအတွင်းမှ လူကြီးအမြောက်အများ ထွက်လာပြီး အစ်ကိုအောင့်အား တိုက်ခိုက်တော့မည်ကို ကျွန်ုပ်ကောင်းစွာ သိရှိလိုက်သည်။ အများနှင့် တစ်ယောက်ဆိုလျင် အစ်ကိုတစ်ယောက် မည်သို့မှ ပြန်လည် တုန့်ပြန်နိုင်မည်မဟုတ် သိုနှင့် လက်နတ်အစုံဖြင့် ထိုလူများ စက်ရုံအတွင်းမှ အစ်ကိုအောင် ရပ်နေသည့် နေရာဆီသို့ ရောက်မလာခင်မှာပဲ
' ရပ်လိုက်စမ်း '
လူအုပ်ကြားအတွင်းမှ ရှိနေသည့် ကျွန်ုပ်ရုတ်တရက် ထပ်မံ၍ တားဆီးလိုက်ပြန်သည်။ ကျွန်ုပ်၏ အသံအား ကြားလိုက်သည်နှင့် လျင်မြန်စွာ ပြေးထွက်လာခဲ့သော လူမိုက်များနှင့် အပေါက်စောင့်အပါဝင် အစ်ကိုအောင်ပါ ကျွန်ုပ်အား လှည့်ကြည့်လိုက်လေသည်။
' ဟင် … ကိုထီးကလေး … '
'အစ်ကိုအောင် … ပြန်ဆုံရပြန်ပြီနော် '
ကျွန်ုပ်၏ နာမည်အား အပြုံးမျက်နှာဖြင့် အံ့သြကြီးစွာ ခေါ်လျက် ကြည့်နေမိသော အစ်ကိုအောင်အား ကျွန်ုပ်ပြန်လည် ပြုံးပြလျက်
' မင်တို့ သူဌေးနဲ့ ငါတွေ့ချင်တယ် '
' ခင်ဗျားက … ဘယ်သူလဲ '
' ထီးကလေး …'
' ဟင် … ထီး … ကိုထီးကလေး …'
ထိုင်လျက်သား မြေပြင်ပေါ်သို့ လှဲကျနေသည့် ထိုလူက ကျွန်ုပ်၏ နာမည်အား မေးလိုက်သည်ကြောင့် အပြုံးမျက်နှာအား ပြောင်းလျက် နှုတ်ခမ်းအား စေ့ထားကာ ကျွန်ုပ်ပြန်လည် ဖြေလိုက်လေသည်။ ကျွန်ုပ်၏ အမည်အား ကြားလိုက်သည်နှင့် အစ်က်ုအောင်၏ လက်သီးချက်ဖြင့် မြေပြင်ပေါ်တွင် ထိုင်လျက်ကျနေသော ထိုလူ လျင်မြန်စွာ ထလိုက်ပြီး
' ကိုထီးကလေး … ဟုတ်ကဲ့ … ဝင်ပါ သူဌေးပြောထားတယ် … ဒီကို ထီးကလေးဆိုတဲ့ အစ်ကိုတစ်ယောက် ရောက်လာမယ်လို့ပြောလို့ ကျွန်တောာ်တို့ စောင့်နေတာပါ့ '
' ဟင် … မင်းတို့က ငါ့ကို သိတယ်ပေါ့ '
' ဟုတ် … ဟုတ်ကဲ့ သူဌေးကိုယ်စားလာမယ်ဆိုတာ မန်နေဂျာပြောထားလို့ သိတာပါ … အထဲကို ကြွပါ'
' နေဦး … ဒီကောင်မလေးကိုပါ … အထဲခေါ်မယ်'
' ဟုတ် … ဟုတ်ကဲ့ အစ်ကို သဘောပါပဲ '
စက္ကန့်အတွင်းမှာသာလျင် အပေါက်စောင့်၏ိံ မျက်နှာထား ပြောင်းလဲသွားကာ ကျွန်ုပ်အပါအဝင် မိန်းကလေးနှင့် အစ်ကိုအောင် စက်ရုံအတွင်းသို့ ကောင်းစွာ ဝင်ရောက်လာလေခဲ့တော့သည်။
အပေါက်စောင့် လမ်းပြခေါ်ဆောင်ရာနောက်သို့ ကျွန်ုပ်တို့လိုက်ပါလာရင်း အဆောင်တစ်ခုအရှေ့သို့ ရောက်ရှိလာလေခဲ့သည်။
' ဒေါက် … ဒေါက် '
' ဘယ်သူလဲ … သူဌေးအနားယူနေတယ်ဆိုတာ မသိဘူးလား '
တုန်ရီစွာဖြင့် ပိတ်ထားသည့် အဆောင်တံခါးအား လမ်းပြခေါ်ဆောင်လာသည့် အပေါက်စောင့် အချက်ပေးခေါက်လိုက်လေရာ အဆောင်တွင်းမှ လေသံမာမာဖြင့် ပြန်လည်ဖြေကြားလိုက်သော အသံအား ကြားလိုက်ရလေသည်။
' ဖွင့်စမ်းပါ… မြန်မြန် … သူဌေးအသစ်ရောက်လာလို့'
အဆောင်အတွင်းမှ ပြန်လည်ဖြေကြားလိုက်သော အပေါက်စောင့်အား အပြင်မှ လမ်းပြခဲ့ပေးခဲ့သည့် ထိုသူ ကျွန်ုပ်အား သူဌေးဟု ပညတ်တတ်ကာ ပြန်လည်ပြောဆိုလိုက်လေသည်။ သို့နှင့် ပိတ်ထားသည့် အဆောင်တံခါးဟာ လျင်မြန်စွာပွင့်လာပြီး
' ကိုထီးကလေးတို့ အထဲကိုကြွပါ '
ဖော်ရွေစွာဖြင့် ကြင်နာမှု့ကင်းမဲ့လှသည့် ထိုအပေါက်စောင့် အထဲသို့ ဝင်ခိုင်းစေသည်။ ထိုသူအား ကျွန်ုပ် ပေစောင်းစောင်းအကြည့်ဖြင့် ကြည့်လိုက်ပြီး အဆောင်အတွင်းသို့ ကျွန်ုပ်နှင့်အတူ ကိုအောင်အပါအဝင် မိန်းကလေးပါ ဝင်ရောက်လာလေခဲ့သည်။ အဆောင်တွင်းသို့ရောက်ရှိလာသည်နှင့် ဦးစွာ မြင်တွေ့လိုက်ရသည်က မိမိအရှေ့စားပွဲပေါ်တွင် ခြေနှစ်ဖတ်အား တင်ထားပြီး ဇိမ်ခံနေသည့် စာရေးအဟောင်းအား တွေ့ရှိလိုက်ရလေသည်။ အဆောင်အတွင်းသို့ ကျွန်ုပ်ဝင်ရောက်လာသည်အား ထိုသူ မြင်တွေ့လိုက်သည်ကြောင့်
' ဟင် … ဟို … ဟိုစာရေးအသစ်ဆိုတာလား'
ထိုလူ၏ အမေးအား ပျက်သားလှသည့် လေသံမျိုးဖြင့် ကျွန်ုပ်ပြန်လည်ဖြေလိုက်လေသည်။
' ဟုတ်တယ် … ကျုပ်ပဲ '
ကျွန်ုပ်၏ အဖြေစကားအား ကြားလိုက်ရသည်နှင့် ပြာပြာသလဲဖြစ်သွားခါ ကျွန်ုပ်အား သူ၏ထိုင်ခုံတွင် နေရာပေး ထိုင်ခိုင်းစေသည်။
' ကြွ … ကြွပါခင်ဗျာ … ဒီကိုကြွပါ '
' ခင်ဗျားက ဒီမှာ ဇိမ်ခံနေတယ် … လုပ်ငန်းခွင်ထဲက ကောင်လေးတစ်ယောက် အမြင့်ပေါ်က ပြုတ်ကျပြီး အခုဆေးရုံရောက်နေတယ်ဆိုတာ ခင်ဗျား သိလား'
' သိ … သိပါတယ် '
' ခင်ဗျားတို့ တော်တော်လူစိတ်မရှိကြပါလား … ရှုတ်တယ် ခင်ဗျားတို့အားလုံးကို ဒီနေ့ကစပြီး ကျုပ်အလုပ်ဖြုတ်လိုက်ပြီ … အားလုံး သွားကြတော့'
' ဗျာ … မ … မလုပ်ပါနဲ့ဗျာ … ကျွန်တော်တို့ နောက်တစ်ခါ ဒီလိုမဖြစ်စေရပါဘူး … ခွင့်လွတ်ပေးပါ အလုပ်တော့ မဖြူတ်ပါနဲ့ '
' မရဘူး … သွားကြတော့ '
စာရေးအဆင့်ဖြင့် ကျွန်ုပ်အား သူဌေးလေး နေသူရှိန်မှ စေလွတ်ခဲ့သော်လည်း ကျွန်ုပ်၏အာဏာစက်ကား ခေါင်းပုံဖြတ်သည့် ထိုစာရေးအဟောင်းအား အလုပ်ဖြုတ်စေနိုင်ခဲ့သည်။ ထိုစောနယ်တွင် နေထိုင်ကြသော လူအမြောက်အများဟာ ထိုစက်ရုံ၌ အလုပ်လုပ်စေခဲ့ပြီး သူဌေးလေးပေးသည့် လုပ်အားခများထဲမှ သုံးပုံ တစ်ပုံအား ခေါင်းပုံဖြတ်လျက် ထိုစက်ရုံအကြီးကဲ ဖြစ်သည့် မာန်နေဂျာအဆင့်ရှိ စာရေးကား အနိုင်ကျင့်နေလေခဲ့သည်။
သို့နှင့် တည်ခါစ ထိုစက်ရုံ၌ ကျွန်ုပ်အား သူဌေးလေး စေလွှတ်ခိုင်းစေခဲ့သည့်အတွက် မာန်နေဂျာအဖြစ် ကျွန်ုပ်တာဝန် ထမ်းဆောင်ပေးခဲ့ရသည်။
ကျွန်ုပ်ရောက်ရှိလာသည့်နှင့် စက်ရုံညစောင့် ဦးလေးကြီး၏ တိုင်ကြားချက်များအား သိရှိလိုက်ရသည်။ ထိုလူကြီးမှ ကျွန်ုပ်အား အားကိးုသော အမူယာပေါ်ပေါက်လျက် တူသားရင်းသဖွယ် စက်ရုံ၏ အတွင်းရေးများအား ပြောပြလေတော့သည်။
' အဲ့ဒါပဲ ငါ့တူတို့ရေ … ဦးလေးလဲ အားမတန်လို့ မာန်လျော့နေခဲ့ရတာ … သူဌေးလေးပြောထားတဲ့ စာရေးအသစ်က အစွမ်းအစတွေ အများကြီးရှိတယ်လို့ ပြောတုန်းက ဒီလောက်ထိမထင်ထားဘူး … ငါ့တူကြီးက သိပ်ပျက်သားတယ်'
' သူဌေးလေးအတွက်တော့ သစ္စာခံတစ်ယောက် ပေါ်လာပြန်ပြီးပေါ့လေ … သူဌေးလေးဘေးမှာ အန္တရယ်တွေ မျိုးစုံက ဝိုင်းရံနေကြတာ … '
ကျွန်ုပ်အား ချီးကျူးနေလေခဲ့သလား။ ထိုလူကြီး၏ လေသံများဟာ အထက်တန်းဆန်ဆန် အပြောအဆိုများဖြစ်နေလေသည်။
' နေပါဦး ဒါနဲ့ … အစ်ကိုအောင်က ဘယ်လိုဖြစ်ပြီး ဒီနယ်ကိုရောက်နေရတာလဲ '
' ထုံးစံအတိုင်းပေါ့ဗျာ … ဝိဥာဉ်မောင်ကျော်ကို ခင်ဗျားတို့နဲ့ အတူတူကူညီပေးပြီးကတည်းက ကျုပ်ဆရာကို ရှာပုံတော်ထွက်နေတာပေါ့ … မနေ့ကမှ ဒီနယ်ဘက်ကို ရောက်လာတာပဲ '
' တိုက်တိုက်ဆိုင်ဆိုင်ပါပဲဗျာ … ဒါဆို ကျုပ်ရန်ကုန်ပြန်တာနဲ့ အစ်ကိုအောင်ပါ လိုက်လည်ဦး '
' အေးဗျာ … လိုက်ခဲ့မယ် … ခင်ဗျားက ဘယ်တော့ပြန်မှာလဲ '
' လာမယ့် တပေါင်းလပြည့်နေ့'

***********************************
နှစ်ပေါင်း ၁၀၀ ကျော်မျှ ရှိနေခဲ့ပြီး။ မြေအောက်အတွင်းမှ မှော်သွင်းခြင်း ခံထားရသည့် မြေးအဘွားနှစ်ဦးအဖို့ အသက်ဝင်စေမည့် အချိန်သို့ပင် စိုက်ရောက်လာခဲ့လေသလား ။ မြေအောက်အတွင်း၌ ကျင်းကြပ်စွာ နေထိုင်နေရသော မြေးမလေး၏ စကားသံများဟာ အဖွားအိုအား ညည်းထွားပြောဆိုနေခဲ့သည်။
' ဖွားဖွား … မီးမီး ဒီအထဲမှာ မနေချင်တော့ဘူး အပြင်ထွက်ချင်တယ် '
' အေးပါ မြေးလေးရဲ့ … ဖွားဖွားတို့ ဒီအောက်ကနေ ထွက်ရတော့မှာပါ … ထွက်လို့ရတာနဲ့ ဖွားဖွားမြေးလေးကို မုန့်တွေအများကြီး ဝယ်ကျွေးမယ်'
' ဟင့်အင်း … ဟင့်အင်း … မီးမီး မုန့်မစားချင်ဘူး … လူ့ပြည်ကိုသွားချင်တယ်'
' ဟင် … မြေးလေး လူပြည်ဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ် ကြီးနိုင်ငယ်ညှင်းလုပ်နေကြတာ … မသွားပါနဲ့ မကောင်းဘူး '
' ဟင့်အင်း … မရဘူး … လူပြည်ကိုပဲသွားမယ်'
' မြေးလေးရယ် ဖွားဖွားတို့က မှော်ဝင်အရုပ်တွေ ဖွားဖွားတို့မှာ အစွမ်းတွေရှိတယ် … မသမာသူတွေရဲ့ လက်ထဲ ဖွားဖွားတို့ ရောက်သွားလို့ကတော့ မလွယ်ဘူး … ဖွားဖွားတို့နဲ့ မျိုးတူတဲ့ ဒီမှော်လောကထဲမှာ နေပါကွယ်နော် နောင်ဗုဒ္ဓဘုရားပွင့်လာမှ ဖွားဖွားတို့ လူပြည်ကိုပြန်ကြတာပေါ့'

လွန်ခဲ့သည့် အနှစ်၁၀၀ခန့်မှ အရှင်လတ်လတ် လည်ချောင်းသွေးများ အဖောက်ခံရပြီး သစ်သားပန်းပုရုပ်ဖြင့် မှော်သွင်းခြင်း ခံထားရသော အစွမ်းရှိ မြေအောက် မြေးအဖွားနှစ်ယောက်ပင် ဖြစ်ချေသည်။ ထိုမြေးဖွားနှစ်ဦးသည် နောင်ပွင့်လာမည့် အရိမေတ္တယ ဗုဒ္ဓမြတ်စွာဘုရားအား စောင့်မျှော်နေခဲ့ရပြီ ကျွတ်လွတ်နိုင်မည့်အချိန်ကိုသာ မှော်ဝင်လောကထဲ၌ နေထိုင်နေခဲ့ရသူများ ဖြစ်ပေသည်။ လူ့ပြည်သို့ အလည်သွားချင်ပါသည်ဟု ပူဆာနေခဲ့သော မြေးမလေးအား အဖွားအိုတစ်ယောက် မည်သို့ပင် မသွားရောက်စေရန် တားမြစ်နေခဲ့သော်လည်း မှော်ဝင်လောကအတွင်းတွင် စိတ်ဆင်းရဲကြီးစွာဖြင့် နေထိုင်နေခဲ့သော မြေးမလေးအား အဖွားအိုတစ်ယောက် မကြည့်ရက်တော့ချေ။ သို့နှင့် နေ့ရက်များစွာ မှိုင်တွေနေခဲ့သော မြေးမလေးအား
' မြေးလေးရယ် … မြေးလေးသွားချင်တယ်ဆိုရင် ဖွားဖွားလိုက်ပို့ပေးပါ့မယ်'
မှိုင်တွေနေသည့် မြေးမလေးအား ပျော်ရွှင်စေချင်သောကြောင့် ကလေးမလေး တောင်းဆိုသော စကားအား အဖွားအိုလိုက်လျောလေခဲ့တော့သည်။
' ဟင် … ဖွားဖွား တကယ်ပြောတာနော် '
' တကယ်ပေါ့ … မြေးလေးရဲ့ … တစ်ခုတော့ရှိတယ်နော် … လူပြည်မှာက အန္တရယ်သိပ်များတယ် မြေးလေး ဖွားဖွားပြောတဲ့ စကားကို နားထောင်ရမယ် '
' ဟေး … ဖွားဖွားစကားကို မီးမီးနားထောင်မှာပါ ဖွားဖွား ဘယ်တော့ လိုက်ပို့ပေးမှာလဲ '
' အေးပါ အေးပါ … လာမယ့် တပေါင်းလပြည့်နေ့ကြရင် ဖွားဖွားတို့ နှစ်၁၀၀ မှော်ဝင် ပန်းပုရုပ်ကနေ လူယောင် ဖန်ဆင်းနိုင်ပြီလေ … အဲ့ဒီတော့ လာမယ့် တပေါင်းလပြည့်နေကြရင် လူ့ပြည်ကိုသွားကြမယ်'
' ဟေး … ဒါမှ တို့ဖွားဖွားကွ'
မှော်ဆရာများ၏ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် လူသားစင်စစ်မှ ယခုကဲ့သို့ ပန်းပုရုပ်အသွင်ဖြစ်နေခဲ့သည်။ ယခုအခါပြောဆိုနေကြသည်က လူသားပုံစံမဟုတ် သစ်သားပန်းပုရုပ်များမှ လူသားများ၏ စကားသံများသာ ပေါ်ထွက်နေခဲ့သည်။ မိမိ၏ ချစ်လှစွာသော မြေးမလေး အလိုအား လိုက်လျောလျက် လာမည့် တပေါင်းလပြည့်နေ့တွင် မြေအောက်အတွင်းမှ အလိုအလျောက်ပေါ်ထွက်လာကာ လူပြည့်သို့ သွားမည်ဟု မြေးမလေးအား ပြောဆိုနေလေခဲ့သည်။

***********************************
'သိပ်တော်တာပဲ ကိုမောင်ဝင်းရာ … ခင်ဗျားခေါ်လာပေးတဲ့ အစ်ကိုက သိပ်ပျက်သားတာပဲ … ကိုမောင်ဝင်းကို ကျွန်တော်ဖြင့် ကျေးဇူးတင်မိပါတယ်'
' ရပါတယ် သူဌေးလေးရာ … သူတို့မှာက သူငယ်ချင်းငါးယောက်ရှိတယ် … တစ်ယောက်တစ်မျိုးဆီ ထူးချွန်ကြတယ်ပေါ့လေ … မတရားအမှု့တွေကိုလဲ ကျုပ်နဲ့အတူတူ ပူးပေါင်းပြီး ဖော်ထုတ်ပေးခဲ့ဘူးတယ် … ဒါနဲ့ ထီးကလေး သတင်းတွေကို သူဌေးလေးက ဘယ်လိုလုပ်ကြားတာလဲ '
' ဟား … ဟား ဒါလား … အဲ့ဒီစက်ရုံက ညစောင့်အယောင်ဆောင်ထားတာ ကျွန်တော့ရဲ့ ဦးလေးတော်တယ်ဗျ … ထီးကလေးရဲ့ လုပ်ရည်ကိုင်ရည်ကို သိချင်လို့ သူကိုယ်တိုင်ပဲ ညစောင့် အယောင်ဟန်ဆောင်ပြီး လေ့လာချင်တယ်ဆိုလို့ ခွင့်ပြုထားရတာ … တစ်ခုတော့ရှိတယ် ဟို … တစ်ဖက်သူရဲ့ အပြုအမူတွေကို မယုံကြည်လို့တော့ မဟုတ်ပါဘူး … လုံးဝကို ယုံကြည်ချင်လို့ အခုစမ်းသပ်ရတာပါ'
' သူဌေးရဲ့ ဥာဏ်ပညာကိုတော့ ကျွန်တော်မောင်ဝင်းလေးစားမိပါတယ် … ဒါနဲ့ ထီးကလေးကို ရန်ကုန် ဘယ်တော့ပြန်ခေါ်မှာလဲ '
' သြော် … မကြာတော့ပါဘူး ဦးလေးသတင်းပေးချက်အရ ထီးကလေးဆိုတဲ့ သူက သိပ်ပြီးယုံကြည်အားကိုးရတဲ့ သူတစ်ယောက်တဲ့ … ကျွန်တော့အပေါ်မှာလဲ သစ္စာရှိမှာ သေချာတယ်လို့ ဦးလေး သတင်းပို့ထားတယ် … အဲ့ဒီတော့ လာမည့် တပေါင်းလပြည့်နေကြရင် ရန်ကုန်ကို ပြန်လာဖို့ ပြောထားတယ် '
' ဟုတ်ကဲ့ … ထီးလေးနဲ့ ပတ်သတ်ပြီး အစစအရာရာ ကျွန်တော် တာဝန်ယူပါတယ် သူဌေးလေး ကိုနေသူရှိန် '
' ရဲအုပ်ကိုမောင်ဝင်းကို ကျွန်တော့အဖေ လက်ထက်တည်းက တစ်လေးတစား အားကိုရသူပါဗျာ … ကိုမောင်ဝင်းကို ကျွန်တော် ယုံကြည်ပြီးသားပါ'
' ကျေးဇူးတင်ပါတယ် ဒါဆို ကျွန်တော့ကို ပြန်ခွင့်ပြုပါဦး '
' ကောင်းပါပြီခင်ဗျာ … ကောင်းပါပြီ'

ညစောင့် အလုပ်သမားအယောင်ဖြင့် ထီးကလေး၏ အပြုမူများအား စောင့်ကြည့်နေလျက် သူဌေးလေး နေသူရှိန်ဆီသို့ နေ့စဉ်နှင့်အမျှ သတင်းများပို့ပေးနေခဲ့သည်။ နေသူရှိန်၏ ဖခင် ကွယ်လွန်သွားစဉ်မှ စ၍ ထိုလူကြီးဟာ မိမိ၏ သားအရင်းသဖွယ် သူဌေးလေးအား စောင့်ရှောက်ပေးခဲ့သူဖြစ်သည်။ ယခုအခါ၌ အန္တရယ်များ ဝန်းရံနေသော မိမိ၏ တူတော်သူ သူဌေးလေးအား အန္တရယ်ပေးမည့် လူ ဟုတ် မဟုတ် စမ်းသပ်လျက် ထိုစက်ရုံ၌ ညစောင့်အလုပ်သမားအဖြစ် ထီးကလေးအား အကဲခတ်စောင့်ကြည့်နေခြင်းဖြစ်သည်။ တိကျပျက်သားစွာ ပြုမူလျက် ယုံကြည်အားကိုးရသော ထီးကလေး၏ သတင်းများအား သူဌေးလေးနေသူရှိန်တစ်ယောက် သိရှိလိုက်ရသည့်အတွက် ခေါ်ဆောင်လာပေးသူ ရဲအုပ်ကိုမောင်ဝင်းအား ကျေးဇူးတင်ကြောင်း ပြောဆိုနေလေခဲ့သည်။ သူဌေးလေး နေသူရှိန်နှင့် ရဲအုပ်မောင်ဝင်းတို့ အတန်ကြာစကားများ ပြောဆိုပြီးသည့်နောက်မှာတော့ ကိုမောင်ဝင်းတစ်ယောက် သူဌေးလေးအား နှုတ်ဆတ်လျက် ထွက်ခွာသွားတော့သည်။ ထွက်ခွာသွားသည့် ကိုမောင်ဝင်းအနောက်သို့ သူဌေးလေး ပီတိအပြုံးမျက်နှာလေးဖြင့် ကြည့်နေရင်း မိမိ၏ ဘေးတွင် အမြဲရှိနေသည့် လူယုံနှစ်ယောက် ခေါ်ဆောင်စေပြီး
' ကျွန်တော် ဒီအတိုင်း ထိုင်မနေချင်ဘူးဗျာ '
သူဌေးလေး၏ ပြောစကားအား ကြားလိုက်ရသည့် သစ္စာခံလူယုံနှစ်ယောက်မှာ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိကာ
' ဟုတ်ကဲ့သူဌေးလေး … ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်တို့ သိပါရစေ'
' သြော် … ဒီလိုလေဗျာ ကျုပ်ဒီမှာထိုင်နေတော့ အလုပ်သမားလေးတွေရဲ့ ဘဝကိုလဲ ကျုပ်မသိနိုင်ဘူး … နောက်ပြီး ဆင်းရဲသား လူတန်းစားလေးတွေရဲ့ ဘဝကိုလဲ ကျုပ်မသိနိုင်ဘူး … သူတို့တွေရဲ့ ဘဝလေးတွေကို ကျုပ်သေချာသိချင်တယ် အဲ့ဒီတော့ သူဌေးဆိုတဲ့ ခေါင်းစဉ်ကို ခဏစွန့်ပြီး တောရွာလေးတွေဘက်ကို သာမာန်လူတစ်ယောက်အနေနဲ့ ကျုပ်ခရီးထွက်ချင်တယ်'
'ဗျာ …'
သူဌေးလေးနေသူရှိန်၏ အပြုံးမျက်နှာဖြင့် ပြောဆိုလိုက်သော စကားများအား ကြားလိုက်ရသည့် သစ္စာခံလူယုံနှစ်ယောက် တအံ့တသြ ဖြစ်သွားခါ
' သူဌေးလေး … မဖြစ်နိုင်ဘူးထင်တယ်နော် … သိပ်ကို အန္တရယ်များပါတယ် … သူဌေးကြီးလက်ထက်တည်းက အန္တရယ်မျိုးစုံရှိနေခဲ့တာ … မဖြစ်နိုင်ဘူး ထင်ပါတယ်'
' အိုး … ဘာလို့ မဖြစ်နိုင်ရမှာလဲ … '
' ဟုတ်ပါတယ် သူဌေးလေး ဒီလိုသွားချင်တယ်ဆိုလဲ လူယုံအမြောက်အများနဲ့ သွားသင့်ပါတယ် … '
' အဲ့ဒါကို ကျုပ်မကြိုက်တာပဲ … အချိန်ပြည့် ကျုပ်အနားမှာ လူတွေရှိနေတော့ စိတ်မွန်းကြပ်သလို ခံစားရတယ် … ဘာပဲဖြစ်ဖြစ် ကျုပ်ယုံကြည် အားကိုးရတဲ့ ခင်ဗျားတို့နှစ်ယောက်ပါလာရင်ပဲ ပြည့်စုံလှပါပြီ ကျုပ်ဆန္နက လိုက်လျောပေးကြပါ'
ထိုခရီးစဉ်သို့ မသွားစေရန် နည်းမျိုးစုံဖြင့် တားနေခဲ့သော်လည်း မည်သို့မှ တားမရ။ ဇွတ်သာ သွားမည်ဟု သူဌေးလေး၏ စိတ်ဆန္နပြင်းပြနေလေခဲ့သည်။ သို့နှင့် ကိုယ်ရံတော် လူရုံနှစ်ယောက်မှာ အကြည့်ခြင်းဆုံလျက် သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်လေသည်။
' ဟူး … သူဌေးလေး သဘောပါပဲ '
' ဟာ … ကိုတင်မောင် … ဖြစ်ပါ့မလား ဒါက သိပ်ကို အန္တရယ်များလွန်းတယ်နော် '
' ဖြစ်ပါတယ် ကိုမြင့်ဦး … ကျုပ်တို့နှစ်ယောက် ပါနေပြီပဲ … သူဌေးလေးကို ဘယ်သူက အန္တရယ်ပြုရဲဦးမှာလဲ '
' ဒါဆိုလဲ ဒီလိုလုပ်ရမယ် … ကျန်တဲ့ လူလေးတွေကို သူဌေးလေးအနားကို မကပ်ခိုင်းပဲ ဘေးကနေ သာမာန်လူတွေလိုပဲ မသိမသာ ခေါ်လာမှ ဖြစ်မယ် … အန္တရယ်တစ်ခုခုနဲ့ ရင်ဆိုင်ရရင် ကောက်ရိုးတစ်မျှင်ကလဲ ကျုပ်တို့အတွက် အားပဲလေ '
' ကဲ… ဒါဆို ကျုပ်ဆန္နကို ကိုတင်မောင်နဲ့ ကိုမြင့်ဦး လိုက်လျောတယ်ပေါ့ '
' သူဌေးလေး စိတ်ချမ်းသာအောင် လုပ်ပေးဖို့က ကျုပ်တို့ တာဝန်မို့ လိုက်လျောပေးပါတယ် … ကျန်တဲ့ လူရုံတွေကိုတော့ အခုန ကျုပ်ပြောတဲ့ အတိုင်း ဘေးကနေ မသိမသာပါလာမှ ဖြစ်မယ် '
' ကောင်းပြီး … ကျန်တာတော့ ခင်ဗျားတို့ သဘောပဲ … ကျုပ်ခရီးထွက်ရရင် ပြီးရော တစ်ခုတော့ ကျုပ်ပြောရဦးမယ် အခုခရီးထွက်မည့် အကြောင်းကို ဘယ်သူမှ မသိပါစေနဲ့ '
' ဟုတ်ကဲ့ပါ သူဌေးလေး ဒါနဲ့အဲ့ဒီ ခရီးစဉ်ကို သူဌေးလေးက ဘယ်တော့လောက် ထွက်မယ် စိတ်ကူးထားလဲ '
' လာမည့် တပေါင်းလပြည့်နေ့ ထွက်မယ် '
' ဟုတ်ကဲ့ … ဒါဆို ကျွနိတော်တို့ အားလုံးအသင့်ပြင်ထားလိုက်ပါမယ်'

သာမာန်ဆင်းရဲသား အလုပ်သမားလေးများ၏ ဘဝအား ကိုယ်တိုင်ကြုံဘူးချင်သည်။ စီးပွားပြိုင် လုပ်ငန်းရှင်းများဟာ သူဌေးလေး၏ ဖခင် သူဌေးကြီးလက်ထက်ကတည်းမှ နည်းအမျိုးမျိုးဖြင့် တိုက်ခိုက်နေခဲ့လျက် ယခု သူဌေးလေး လက်ထက်အထိ တိုက်ခိုက်ခြင်းများ ရှိနေခဲ့သည်။ သို့ပေမယ့် သူဌေးလေးမှာတော့ ထိုတိုက်ခိုက်မှု့များအား ဂရုမစိုက် မိမိသွားလိုသည့် ခရီးစဉ်အား စိတ်ဆန္ဒပြင်းပြစွာ သွားစေရန် တောင်းတနေခြင်းကြောင့် လာမည့် တပေါင်းလပြည့်နေ၌ ထိုခရီးစဉ်သို့ သွားရန် စိတ်ချယုံကြည်အားကိုးရသည့် ကိုတင်မောင်နှင့် ကိုမြင့်ဦး လူရုံနှစ်ယောက်မှာတော့ သူဌေးလေး၏ အလိုအား လိုက်လျောခဲ့ရတော့သည်။

***********************************
ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ- ထီးကလေး(ရင်နှင့် ရင်း၍ ရေးသားသည်။)
မကြီး Soe San အား အစဉ်လေးစားနေလျက်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages