(အပိုင်း ၂)
တစ္ဆေတို့၏ စာမျက်နှာ
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
တစ္ဆေတို့၏ စာမျက်နှာ
စာရေးသူ -ထီးကလေး၊
ထိန့်လန့်စွာ အိမ်အပ်ါထပ်မှ ထီးလေးအမေက သူ့ယောက်ျားနာမည်ကို ကြောက်ရွံ့သော အသံဖြင့် လှမ်းခေါ်လိုက်တော့ အောက်ထပ်မှ ကျွန်တော်တို့ အားလုံး အိမ်အပေါ်ထပ်ကို အပြေးတတ်ရန် ရွယ်လိုက်တော့သည်။ ။
****************************
အားလုံး အိမ်အပေါ်ထပ်ကို ရောက်သွားတယ်။ အမေ့ အသံလာသည့် အခန်းထဲသို့ တံခါးကို အတင်းဆွဲဖွင့်လိုက်တယ်။
``အမေ…အမေ…ဘာဖြစ်တာလဲ…´´
``ပိုး…ပိုးဟပ်ကြီး…´´
``ဟာ…မိန်းမရာ…မင်းကလဲ အလန့်တကြား ကလေးတွေလန့်ကုန်ပြီ…´´
``ဘာဖြစ်တာလဲ လို့ အန်တီရယ်…မကြောက်နဲ့တော့မရှိတော့ဘူး…´´
ငယ်စဉ်တည်းက ပိုးဟပ်ဆို အရမ်းကြောက်တတ်သည့် အမေ ပိုးဟပ်တွေ့လို့ အော်လိုက်သည်ကို သိသွားမှပဲ အားလုံး စိတ်အေးစွာ ဖြစ်သွားတော့သည်။
``ကဲကဲ…ထီးလေး …ငါတို့လဲ ပြန်တော့မယ်…ညနေမှ ပြန်ဆုံကြမယ်…´´
``အေး…ထီးလေးရေ …ဇာတ်သိမ်းလဲ မသိချင်တော့ပါဘူး…ဦးပြောသလိုဆို သိပ်မလွယ်ဘူး…´´
``အဲ့ဒါအကြောင်း မဟုတ်ဘူး ထီးလေး အဖေပြောသလို ကျိန်စာတွေ ဘာတွေ သင့်နေမှ ဒုက္ခ…´´
``မင်းတို့ကလဲကွာ…မစိုးရိမ်ပါနဲ့…လောကမှာ အမေးရှိရင် အဖြေရှိတယ်…ခတ်ခဲနက်နဲတဲ့အရာတိုင်းမှာ အဖြေက ကိုယ့်အနီးမှာပဲ ရှိတယ်လို့ ကိုအောင် ပြောခဲ့ဘူးတယ်လေ…မင်းတို့ မှတ်မိကြလား´´
``အေး…ထီးလေး…နင်ပြောမှ နှစ်တစ်ရာ ကျိန်စာသင့် အိမ်ကြီးတုန်းက ကိုအောင်ကို ပြန်သတိရမိတယ်…´´
``ဘာပဲဖြစ်ဖြစ်…ကိုအောင်ပြောခဲ့သလိုပေါ့…ကံမကုန်ရင် ငါတို့သူနဲ့ ပြန်ဆုံကြဦးမှာပေါ့လေ…´´
အိမ်အပေါ်ထပ်လှေကားမှ တန်ခိုးတို့ကို ခြံဝထိလိုက်ပို့ရန် ထီးလေးနှင့်အတူ အားလုံး စကားတစ်ပြောပြောဖြင့် လှေကားမှ စင်းလာတော့တယ်။ အိမ်အဝရောက်တော့ လမ်းလေးက
``တန်ခိုး…ဒီညနေ မင်းလက်ဘက်ရည် တို့အားလုံးကို တိုက်ရမယ့် အလှည့်နော် ငါ့အိမ်ကို အရင်ဝင်လာခဲ့…´´
``အောင်မာ…ဘာလဲ…သူခိုးက လူပြန်ဟစ်လို့ မင်းတိုက်ရမှာကိုများ…လာနောက်နေတယ်…´
ပြုံးရီပြောဆိုနေသော လမ်းလေးကို တန်ခိုးက လက်မောင်းတွန်းလိုက်ချိန်
``ဟာ…အမလေး…့…ဘယ်သူ ပန်းအိုး ပစ်ချလိုက်တာလဲ…တော်သေးလို့ပေါ့´´
အိမ်ဝရမ်တာမှ တင်ထားတဲ့ပန်းအိုး လမ်းကလေးနဲ့တန်ခိုးနှစ်ယောက်ကြားသို့ ပြုတ်ကျလာခဲ့တယ်။ အရှောင်သာမမြန်ရင် လမ်းကလေး ခေါင်းပေါ်သို့ အကျ။
``ဟင်!…လမ်းလေး…ထိသွားလား…´´
``တော်သေးတာပေါ့ကွာ…တန်ခိုး တွန်းလိုက်လို့ …နောက်မို့ဆို ခေါင်းပေါ်ကို တန်းနေတာပဲ…´´
``ဒါ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား…´´
``မျှားလေးရယ်…နင်ကလဲ…ဥပ္ပါတ်ဒဏ်ကြောင့် ဥပ္ပါတ်ရောက်နေပါဦးမယ်…´´
``ဟုတ်ပါတယ်ဟာ…တိုက်ဆိုင်တာ ဖြစ်ပါလိမ့်မယ်…´´
``ငြိမ်လှချည်းလား…ငါးကလေး ဘာစဉ်းစားနေတာလဲ…´´
``ဟင်! …အော…¡ဘာ…ဘာမှ မဟုတ်ပါဘူးကွ…´´
``ကဲ…ဒါဆို မင်းတို့ ပြန်နားလိုက်ကြတော့ ညနေမှ တို့အားလုံး ပြန်ဆုံမယ်…တစ်ခုခုထူးခြားတာနဲ့ငါ့ဆီချက်ချင်း ဖုန်းဆက်…´´
ကျွန်တော် တန်ခိုးတို့ကို ခြံရှေ့ထိ လိုက်ပို့ပေးပြီး အိမ်ထဲ ပြန်ဝင်လာတယ်။ ဧည့်ခန်းခုံမှာ ဝင်ထိုင်လိုက်တယ်။ စားပွဲအပေါ်က စာအုပ်ကို သေချာကြည့်နေမိတယ်။ နားထဲမှာ သီချင်းသံလိုလို ကြားနေရတယ်။ သံစဉ်က အိန္ဒိယ သံစဉ်။ စိတ်တွေ လေးလာတယ်။ နားတစ်ခုလုံး ထုံထိုင်းလာခဲ့တယ်။
``ဟာ!………´´
စိတ်ရှုတ်လာတာကြောင့် အော်ပစ်လိုက်တယ်။ စာအုပ်ကို ကျွန်တော် သေတ္တာလေးထဲ ပြန်ထည့်ပြီး အိမ်အပေါ်ထပ် အိပ်ခန်းစားပွဲအပေါ်မှာ တင်ပြီး ကုတင်းပေါ်မှာ ခြေပစ်လက်ပစ်ပါပဲ လှဲချလိုက်တယ်။
``မင်းသားလေးကို ကယ်ပေးပါ…ပဉ္စမမြောက် မင်းသားလေးကို ကယ်ပေးပါ…´´
``ဟင်!…´´
မျက်လုံးမှိတ်ယုံရှိသေး စကားဝဲဝဲနဲ့မိန်းမတစ်ယောက် လာပြောနေတာကို နားနဲ့ဆက်ဆက်ကြားလိုက်တော့ မျက်လုံးဖွင့်ပြီး ထထိုင်လိုက်တယ်။ ဘေးစားပွဲပေါ်က စာအုပ်ဆီ သတိရလို့ကြည့်မိလိုက်တော့
``ဟင်…သေတ္တာ ပွင့်နေပါလား…´´
ကျွန်းသေတ္တာကို သေချာ ပိတ်ထားခဲ့တာ ။အသံကြားလို့ထကြည့်တော့ သေတ္တာဟာ ပွင့်လျက်။
``ဟင်!…စာရွက်တွေလဲ လှန်နေတယ်…ဟုတ်ပါ့မလား…ငါ အောက်ကနေ ယူလာတာ…သေတ္တာပိတ်ထားတာပါ အခု ပွင့်ရုံတင်မကဘူး စာအုပ်ပါ လှန်နေတယ်ဆိုတော့…ဖေဖေ…ပြောတဲ့အတိုင်း…ဒုက္ခပါပဲ…ဒီတိုငိးသာဆိုရင် ဟိုကောင်တွေပါ ငါ့ကြောင့် ဒုက္ခရောက်တော့မယ်…ငါဘာလုပ်ပေးရပါ့မလဲ…ဘာလုပ်ရမလဲ…´´
ဒီအကြောင်းတွေးလိုက်တိုင်း ခေါင်းတွေ ရှုတ်လာတယ်။ စိတ်တွေ ရှုတ်လာတယ်။
``အိုး…ဘာမှ မဖြစ်လောက်ပါဘူး…ရေချိုးလိုက်ရင် ကောင်းသွားမှာပါ…အိပ်လဲ မအိပ်တော့ဘူး…´´
ကိုယ့်စိတ် ကိုယ်ဖြေပြီး ရေချိုးခန်းထဲကို ဝင်လိုက်တယ်။ မှန်ကို သေချာကြည့်လိုက်ပြီး
``ငါတောင် တော်တော် ပိန်သွားပါလား´
ရေပန်းကို ဖွင့်လိုက်တယ်။ သတိမထားမိပဲ ပါးစပ်ကနေ သံစဉ်တစ်ခု ညင်းနေမိတယ်။ သတိဝင်သွားတော့
``ဟင်…အခုန ငါဆိုနေတာ ဘာသီချင်းပါလိမ့်…ငါနဲ့နော်…ရူးများရူးသွားပြီလား မသိပါဘူး…ဟား…´´
ကိုယ့်ကို ရီချင်လာတယ်။ ရေချိုးပြီး အိမ်ရှေ့အပေါ်ထပ် ဝရမ်တာမှာ ခေါင်းသုတ်နေတုန်း ခြံရှေ့ကို ရုတ်တရက် တန်ခိုးပြေးလာတာ တွေ့တော့
``တန်ခိုး…အသည်းအသန် ဘာဖြစ်လာတာလဲ…ဝင်လာခဲ့လေ…တံခါးစေ့ထားတာ…´´
ကျွန်တော်ခေါ်လိုက်တာကြောင့် တန်ခိုး ကျွန်တော်ရှိနေတဲ့ အိမ်ပေါ်တတ်ကို အပြေးတတ်လာပြီး
``ထီးလေး…´´
``ဟေ့ယောင်…ဘာဖြစ်လာတာလဲ…´´
`ငါ…ငါ့အဖေ…ပွဲရုံ မီးလောင်လို့တဲ့…´´
`ဘာ…ဘယ်လို…´
``ဟုတ်တယ်……အကုန် ကုန်ပြီ အခု …ငါ့အဖေ လိုက်သွားတယ်…မီးက ရှို့မီး…´´
``ဟင်!…ဘယ်သူရှို့တာလဲ…´
`ဒါတော့ မသိသေးဘူး…ငါ့အဖေတော့ အရူးတစ်ပိုင်း ဖြစ်ပြီး…ပွဲရုံမန်နေဂျာ လာခေါ်လို့လိုက်သွားပြီး…ဒုက္ခပါပဲ…ငါ့…ငါ့အဖေ …´´
စိုးရိမ်တစ်ကြီး ပြောပြနေသော တန်ခိုး စကားအသံကြားတော့ ဘုရားခန်းထဲမှ ဖေဖေထွက်လာပြီး
`ဖေဖေ…´
`မပြောနဲ့တော့ ဖေဖေ အကုန်ကြားပြီးပြီ…´
`ဦးလေး…သားအဖေ သူ့ပွဲရုံ မီးလောင်တယ်လဲ ကြားရော …ငိုလိုက် ရီလိုက်ဖြစ်ပြီး…အခု သူ့ပွဲရုံနောက် လိုက်သွားတယ်…ဦး…အဖေ့ကို ကယ်ပါဦး´
``တန်ခိုး…သား…မင်းစိတ်ငြိမ်ငြိမ်လေးထား ဟုတ်ပြီလား…ဦးလဲ လိုက်သွားလိုက်မယ်…သားအဖေ ဘာမှ မဖြစ်စေရဘူး…´
`လုပ်ပါဦး…ဦး…ဖေဖေ ရူးသလို ဖြစ်သွားတာ.…´
ထိုအချိန် အိပ်ခန်းထဲမှ ထီးလေး အမေ ထွက်လာပြီး
`ဘာဖြစ်လို့လဲ…ဖေကြီး´
`မောင်တန်ခိုး အဖေပွဲရုံ မီးလောင်လို့တဲ့´
`ဟင်!…အ…အခုလား…´
`ဟုတ်တယ် …အခု လိုက်သွားရမယ်…သား…မင်းနဲ့တန်ခိုး မင်းအမေကို ကြည့်ထားလိုက် ဖေဖေ လိုက်သွားလိုက်ဦးမယ်´
`အား…မူး…မူးတယ်´
``အဟင်!…မေမေ…´´
အကောင်းတိုင်း စကားပြောနေစဉ်မှ ရုတ်တရက် မေမေ မူးလဲကျသွားတော့တယ်။ မေမေ့ကို ပွေ့ပြီး ဖေဖေနှင့်အတူ ကျွန်တော်နဲ့တန်ခိုးလဲ အိပ်ခန်း ခုတင်ပေါ်မှာ မေမေ့ကို တင်လိုက်ပြီး မိသားစု ဆရာဝန်ဆီ ဖုန်းဆက်နေတုန်း
`ထီးလေးရေ…သား…ထီးလေး´
`ဟင်!…လမ်းလေး အမေပါလား…အန်တီ အိမ်ထဲဝင်ခဲ့လေ…´
အရေးကြီးသုတ်ပြာဖြင့် လမ်းကလေး အမေ အန်တီဝါဝါ အိမ်ထဲရောက်လာခဲ့တယ်။
`ဘာဖြစ်လို့လဲ …အန်တီ´
`မင်းတို့ သူငယ်ချင်းကို လာကြည့်ပါဦး…အန်တီခေါ်တာကို အခန်တံခါး မဖွင့်ပေးဘူးလို့ အော်နေတယ်´
`လမ်းကလေး…သူတစ်ခါမှ သူ့အမေကို ပြန်မအော်ဖူးဘူးလေ…အခု…´
`ဟုတ်တယ်…အဲ့ဒါကြောင့် အန်တီလဲ ဘာများဖြစ်လို့လဲ စိုးရိမ်လို့…အော် မောင်တန်ခိုးလဲ ရှိနေတာကို …လာကြည့်ပါဦး…မင်းတို့သူငယ်ချငိးကို…´
အန်တီဝါဝါနဲ့စကားပြောနေစဉ်မှာပဲ ဆရာ ဝန် ရောက်လာတာကြောင့် ဆေးအိတ်ဆွဲပြီး မေမေရှိတဲ့အခန်းထဲကို လိုက်ပို့ပေးလိုက်ပြီး တန်ခိုးနဲ့နှစ်ယောက် လမ်းကလေးတို့အိမ်ကို အန်တီဝါဝါနဲ့လိုက်သွားခဲ့တယ်။ ဆရာဝန်တွေ့တာကြောင့် အန်တီဝါဝါကမေးတယ်။ မေမေ မူးလဲလို့ဆိုတာကြောင့်
`သားတို့သွားနှင့် အန်တီ မသီတာ(ထီးလေး မိခင်) ကို သွားကြည့်ပြီးမှ လိုက်ခဲ့မယ်´
`ဟုတ်ကဲ့…အန်တီ…ဒါဆို သားတို့အရင် သွားနှင့်မယ်´
လမ်းလေး အိမ်ထဲကို ခက်သွက်သွက်ဝင်သွားခဲ့တယ်။ သူ့အိပ်ခန်းရှေ့တံခါးကိုခေါ့က်လိုက်တယ်။
`ဒေါက်…ဒေါက်´
`ဘယ်သူလဲ…´
`ငါတို့ပါကွ…တံခါးဖွင့်ပါဦး…´
ကျွန်တော်တို့ အသံကြားတာကြောင့် လမ်းလေး တံခါးလာဖွင့်ပေးလိုက်တယ်။ သူ့ပုံစံက မူမမှန် ပြန်သွားတုန်းက မျက်နှာနဲ့တစ်ခြားစီ တစ်ခုခုကို ဒေါသဖြစ်နေသလား
`မင်း…နေမကောင်းဘူးလား´
`ကောင်းတယ်…´
`မင်းအမေ …တံခါးဖွင့်ခိုင်းတာ မင်း မဖွင့်ပေးဘူးဆို ဘာဖြစ်လို့လဲ´
`မင်းတို့အကြောင်းတို့မဟုတ်ဘူး မမေးနဲ့…´
`ဟင်!…´
ကျွန်တော်တို့ကို လမ်းကလေး တစ်ခါမှ ဒီလိုစကားမျိုးတွေ မပြောဖူးဘူး။ တန်ခိုးနဲ့ကျွန်တော် မျက်လုံးချင်းဆုံမိတယ်။ ကုတင်းပေါ်မှာ ထိုင်နေတဲ့ လမ်းလေးကို တန်ခိုးက ပခုံးပုတ်ပြီး
`ဟေ့ယောင်…မင်း ဘာဖြစ်နေတာလဲ…ငါတွန်းလိုက်လို့စိတ်ဆိုးနေတာလား…´
ဒီလိုမေးလိုက်တော့
`ဟင်!…တန်ခိုး…ထီးလေး…´
`မင်း ဘာဖြစ်နေတာလဲ…´
`ငါဘာဖြစ်လို့လဲ…ဘာမှ မဖြစ်ပါဘူး…မင်းတို့ရောက်နေတာ ကြာပြီလား…´
`ဟင်!…´`မင်း…မင်း.…´
စကားဆက်မပြောနိုင်တော့ဘူး။ လမ်းလေး တစ်ခုခုဖြစ်နေတာ သေချာနေပြီ။ ထိုအချိန်မှာ ကျွန်တော့ရဲ့ဖုန်း အသံမြည်လာခဲ့တယ်။နံပါတ်ကြည့်လိုက်ပြီး။
`မျှားလေး…ပြော´
`ငါ့အဖေ…နှလုံးရောဂါ ပြန်ထလာလို့ အခုလေးတင် ဆေးရုံတင်လိုက်ရတယ်…ငါအခု ဆေးရုံရောက်နေတယ်…မေမေနဲ့…´
`ဘာ!…´
`ဟာ…နင်ကလဲ…ဘာဖြစ်တာလဲ…ငါအဲ့ဒါ အကြောင်းကြားတာ …ညနေ ငါမလာနိုင်တော့ဘူး…နင်တို့တွေ ငါ့ကို စောင့်နေမှာဆိုးလို့…ဒါပဲ…ဒါပဲ…နင်တို့အားရင် ဆေးရုံလာခဲ့ကြဦး…ဒါပဲ´
မျှားလေး ဖုန်းချသွားတဲ့အထိ သတိလက်လွတ် နားနဲ့ဖုန်းနဲ့ကပ်နေမိတယ်။
`ဟေ့ယောင်…ထီးလေး…ဘယ်သူဆက်တာလဲ…ဟေ့ယောင်…ဘာကြောင်ကြည့်နေတာလဲ…ဘယ်သူဆက်တာလဲလို့´
`ဟင်…မျှား…မျှားလေး…သူ့အဖေ ရောဂါပြန်ထလို့…ဆေးရုံတင်ထားတယ်တဲ့…´`ဟင်…အခုလေးတင်လား´`အေး…´`ဟာ!…ဒါ…ဒါ…တိုက်ဆိုင်မှု့လား´
``ငါး…ငါးလေးရော…´´
ထိုအချိန်…
`ဒေါက်…ဒေါက်…´`ဘယ်သူလဲ…´
`မေမေပါသားရဲ့…ဝင်ခဲ့မယ်နော်´
`မေမေခေါ်နေတာ အခုန ဘာလို့တံခါးမဖွင့်ပေးဘူး လို့ပြောတာလဲ …သူ့သူငယ်ချင်းတွေလာတော့ ပုံစံကပြောင်းလို့…ထီးလေး သား မင်းအမေ ပြန်သွားကြည့်လိုက်ပါဦး…သက်တော့သက်သာနေပြီ…တန်ခိုး…သားအဖေ သတင်းကြားရတာ …အန်တီ တကယ်စိတ်မကောင်းပါဘူး…´
မျှားလေး အကြောင်းကိုတော့ လူကြီးတွေကို အသိမပေးခဲ့သေးဘူး။ ကျွန်တော်နဲ့အတူ တန်ခိုး အိမ်ကို လိုက်လာတယ်။ နောက် မေမေ သက်သာသွားတာကြောင့် ကျွန်တော် နဲ့ဖေဖေ တန်ခိုး တို့အိမ်ကို လိုက်သွားပြီး အားပေးစကားပြောဖို့အတွက် ခြေဦးလှည့်လိုက်တော့တယ်…
*****************************
ဘယ်အချိန်မဆို ယုံကြည်မှု့အပြည့်နှင့် ရဲ့ဝံ့စွာ ဆုံးဖြတ်ချက် ချတတ်သော မျက်နှာ ပိုင်ရှင်တန်ခိုး တစ်ယောက် အခုခါမှာတော့ ညိုငယ်တဲ့မျက်နှာလေးဖြင့် သူ့အိမ်သို့ ဦးတည် ခေါ်ဆောင်လာခဲ့တော့သည်။ တန်ခိုးတို့အိမ်ထဲရောက်တော့ ဧည့်ခန်းမှာ ထိုင်နေတဲ့တန်ခိုးအဖေ ဦးမြဦးကို တွေ့လိုက်ရတယ်။ တန်ခိုးတို့က အဖေတစ်ခု သားတစ်ခု ဆိုတော့ သူ့အဖေအတွက် တန်ခိုးဘယ်လောက် ခံစားနေရမလဲဆိုတာ ကျွန်တော် ကိုယ်ချင်းစားပါတယ်။ ဖေဖေက ဦးမြဦးဆီသွားပြီး
`ကိုမြဦး…စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ…ခင်ဗျား ပြန်လုပ်ရင် ဖြစ်နိုင်ပါသေးတယ်…စိတ်ဓာတ်မချပါနဲ့ဗျာ…ခင်ဗျားသားလေးက ခင်ဗျားကို အားကိုးပြီး နေနေရတာလေ…အခုလိုဖြစ်နေတော့ ကလေးကလဲ ဘယ်စိတ်ကောင်းပါ့မလဲ…အားတင်းထားပါဦး…´
ဖေဖေ အားပေးစကားပြောတော့ ဦးမြဦး တန်ခိုးကို ကြည့်လိုက်တယ်။ သူ့သားကို ကြည့်ရင်း မျက်ရည်တွေ ကျလာခဲ့တယ်။ သူ့သားခေါင်းကို ပွတ်သပ်နေတော့တယ်။ တန်ခိုးရဲ့မျက်နှာမှာလဲ မကျဘူးတဲ့မျက်ရည်စများနဲ့
`မီးလောင်းသွားပြီး…အားလုံးကုန်ပြီ…ပြာတွေဖြစ်သွားပြီး…ဟား…ဟား…ရီရတယ်ဟေ့…လောင်…လောင်ကြ ဟား…ဟား…ငါ့ပွဲရုံကြီး ပြာဖြစ်သွားပြီ…ဖြစ်သွားပြီ…ဖြစ်ပလိမ့်စေပေါ့…ပြာဖြစ်သွားတော့ ငါသွားတိုက်လို့ရပြီ…ရပြီ…´
`ဦး…ဖေဖေ့ကိုကြည့်ပါဦး…ဖေဖေသတိထားပါဦး…ဖေဖေ…´´
ဦးမြဦးမှာတော့ မျက်ရည်များကျလျက် ပြောနေသည်က အရူးတစ်ယောက်လို။ ခဏကြာတော့ သတိပြန်ဝင်လာတယ်။ မျက်ရည်တွေကျနေတဲ့သူ့သား တန်ခိုးကို မျက်ရည်များ သုတ်ပေးလျက် မငိုဖို့ကိုပြောနေတော့တယ်။ နှစ်နှစ် လလ တည်ထောင်လာတဲ့သူ့ပွဲရုံမီးလောင်မှု့ကြောင့် စိတ်ရောဂါဝေဒနာရှင် တစ်ပိုင်းဖြစ်နေတော့သည်။ တန်ခိုးအဖေအတွက် အားလုံး စိတ်မကောင်းဖြစ်ရုံကလွဲ၍ ဘာမှ မတတ်နိုင်ချေ။ လမ်းကလေးရဲ့ဖြစ်ရပ်၊ တန်ခိုးရဲ့ဖြစ်ရပ်၊ မျှားကလေးရဲ့ဖြစ်ရပ် အားလုံးဟာ တိုက်ဆိုင်မှု့တစ်ခုလေများလား…။ငါးကလေးကတော့ သူ့အစ်မတွေ အလုပ်ပြုတ်ကုန်ပြီဟုသာ သိရတော့တယိ။အိမ်ရှေ့ခြံထဲမှာ ကျွန်တော် တစ်ယောက်တည်း ထိုင်နေခဲ့တယ်။ မျှားကလေး ၊လမ်းကလေး၊ ငါးကလေး၊ တန်ခိုးတို့ရောက်လာကြပြီး ဖြစ်ရပ်အားလုံး တစ်ချိန်တည်းဖြစ်နေသည်ကို သတိပြုမိလာတော့
`ဒါ…တိုက်ဆိုင်မှု့တော့ မဖြစ်နိုင်ဘူး…ငါ့အဖေလဲ နေ့လည် ၂ နာရီလောက်မှာ နှလုံးပြန်အောင့်လာလို့ဆေးရုံတင်လိုက်ရတယ်…တန်ခိုးနဲ့နင်တို့အားလုံးရဲ့ဖြစ်ရပ်တွေကလဲ…တစ်ချိန်တည်းပဲဆိုတော့´
`ဟုတ်တယ်…ထီးကလေး…ငါတို့ရှေ့ဆက်ပြီး ဒီလိုတွေ ဖြစ်နေရင် မိသားစုတွေ အားလုံး ပြိုကွဲကုန်လိမ့်မယ်…ဒီတော့ စာအုပ်နဲ့ပတ်သတ်နေလိမ့်မယ်လို့ငါထင်တယ်´
`ငါလဲ…အဲ့လိုပဲထင်တယ်…ဒီလိုပြောရင် ထီးလေးကို အပြစ်ပုံချသလို ဖြစ်နေမှာဆိုးလို့ ငါမပြောတာ…´
`ဒါဆို ငါတို့ဖတ်လိုက်ရတဲ့…ဇာတ်လမ်းထဲကအတိုင်း မိသားစုတွေ ဖရိုဖရဲ ဖြစ်နေကြတာလား…´
`ဒီလိုတွေးနေလဲ အပိုပဲ…ဒီတော့ စာအုပ်အကြောင်းသိတဲ့ထီးလေးအဖေဆီပဲ သေချာမေးတာ အကောင်းဆုံးပဲ…´
ငါးယောက်စလုံး တိုင်ပင်လိုက်တယ်။ သဘောတူတာနဲ့အဖေ့ဆီကို ကျွန်တော်တို့အားလုံးသွားလိုက်တယ်။ အဖေ့ စာဖတ်ခန်း တံခါးကို အသာခေါက်လိုက်တယ်။ ဝင်ခွင့်ရတာကြောင့်
`သားတို့ရောက်လာကြပြီပဲ…မင်းတို့စာအုပ်နဲ့ပတ်သတ်ပြီး ဒီပြသနာတွေ ကြုံရတာလား မေးမလို့မဟုတ်လား´
`ဗျာ!…ဖေဖေက ကြိုသိနေတာလား´
`သိတာပေါ့…ဟုတ်တယ်…ဒီပြသနာတွေဟာ…မင်းတို့ဖတ်လိုက်တဲ့စာအုပ်ကြောင့် ဖြစ်လာတဲ့ပြသနာတွေပဲ…´
`ဟင်!…ဦး…ဦး…ဒါ…ဒါဆို ဘယ်လိုလုပ်ရမလဲ…ကျိန်စာတကယ်သင့်နေပြီလား…လုပ်ပါဦး…သမီးတို့ဘယ်လို ပြန်ဖြေရမလဲ…´
`ဟုတ်…ဟုတ်တယ်…ဦးလေး…ဦး သိသလောက် ပြောပေးပါ သားတို့ကြောင့် မဆိုင်တဲ့မိသားစုကို ဒုက္ခမရောက်စေချင်ဘူး…´
`ဦး သိသလောက်က မင်းတို့ကို ပြောပြတဲ့အထိပဲ…ဦးထက်ပိုသိတဲ့တစ်ယောက်တော့ ရှိတယ်…´
`ဟာ!…ဦး…ဘယ်…ဘယ်သူလဲ…´
`သူ့နာမည်က ဣစ္ဆာသယ ဦးအောင်ကြီးတဲ့ ယောနယ်ဘက်မှာ နေတယ်…သူက ဦးထက် ဒီစာအုပ်ကြောင်းကို ပိုသိတယ်…´
`ဣစ္ဆာသယ ဦးအောင်ကြီး …ဟုတ်လား…ဖေဖေ…´
`ဟုတ်တယ်…မင်းတို့အားလုံး သူ့ဆီသွားပြီး အကူညီတောင်ကြည့်ရင် အခုပြသနာတွေအားလုံး သူဖြေရှင်းပေးနိုင်လိမ့်မယ်လို့ဦးထင်တယ်…´
`ဖေဖေလဲ…ဆရာ တစ်ယောက်ပဲလေ…ဖေဖေ မဖြေရှင်းပေးနိုင်ဘူးလား…´
`လူ့စည်း ဘီလူးစည်း ဆိုတာ ရှိတယ်သား…ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ…စည်းကျော်ခွင့်မရှိဘူး…မင်းတို့ဖတ်လိုက်တဲ့စာအုပ်ပိုင်ရှင်ဟာ သူ့ခွင့်ပြုချက်မရပဲ ဖတ်မိရင် စည်းကျော်ပြီး ပိုင်ဆိုး ပိုင်နင်းလုပ်ရာကျသွားပြီး ဥပမာ သူများ ပစ္စည်းကို မပေးပဲ ခိုးယူတာမျိုးပေါ့…အဲ့တာကြောင့် သူ့ခွင့်ပြုချက် မရပဲ ဖတ်မိတဲ့သူတွေဟာ သူကျိန်ခဲ့တဲ့အရာမှန်သမျှ အကျိုးသတ်ရောက်မှု့ရှိတယ် …အဲ့ ဒီတော့ မနက်ဖြန် မင်းတို့အားလုံး ယောနယ်က ဦးအောင်ကြီးဆီကိုသွား …ဦးစာရေးပေးလိုက်မယ်…ဦးစာကို သူဖတ်ရတာနဲ့မင်းတို့ကိုသူကူညီပေးနိုင်မယ်လို့…ဦးထင်တယ်…´
`ဖေဖေ့နဲ့သူနဲ့က ရင်းနှီးကြတာလား´
`ရင်းနှီးတာမှ ညီအစ်ကိုတိုင်းပါပဲ…သူနဲ့မတွေ့ဖြစ်တာ အခုဆို ၁၀ နှစ်လောက်ရှိပြီ…မင်းငယ်ငယ်တုန်းကတော့ အိမ်ကိုရောက်လာသေးတယ်…လိပ်စာတွေ ဘာတွေ အတိကျပေးခဲ့တယ် အဲ့နောက်ပိုင်းမှာတော့ သူ့အိမ်ဘက်ကို ရောက်မလာတာ ၁၀ နှစ်နီးပါးလောက် ရှိနေပြီ…ဒါပေမယ့် သူပေးခဲ့တဲ့လိပ်စာမှာ အခုချိန်ထိနေတယ်လို့ကြားတယ်…´
`ဒါဆို သားတို့အခုကြုံနေရတဲ့ပြသနာအားလုံး သူကူညီပေးနိုင်မယ်ပေါ့…ဟုတ်လား…ဖေဖေ…´
`သေချာတော့ ဖေဖေမပြောနိုင်ဘူး…ဒီစာအုပ်အကြောင်းကို ဖေဖေပြောပြတုန်းက သူကောင်းကောင်းသိတယ်လို့ပြောတယ်…အဲ့ဒီတုန်းက ဖေဖေလဲ သိပ်စိတ်မဝင်စားခဲ့ဘူး…မေးလဲ မမေးခဲ့မိဘူး…အဲ့တော့ သူပဲကူညီနိုင်မယ်…ထင်တယ်…´
`ဒါဆို သားတို့အချိန်ဆွဲမနေပဲ…ညနေ သွားမယ် ဖေဖေ…တန်ခိုးအဖေကို ဖေဖေစောင့်ရှောက်ထားပေးပါ…´
`စိတ်ချ.…ကိုမြဦးကို…ဖေဖေစောင့်ရှောက်ထားပေးပါ့မယ်…မင်းတို့အကြောင်းထူးတာနဲ့ ချက်ချင်းအကြောင်းပြန်´
`ဟုတ်…ဦး…စိတ်ချပါ…သားဖေဖေကို သားအကောင်း ပကတိအတိုင်း ပြန်ကောင်းလာအောင် လုပ်ပေးချင်တယ်…ဒီစာအုပ်နဲ့ပတ်သတ်ပြီး ဖြစ်တာဆိုရင် သားအသက်နဲ့လဲပြီး အဖြေရအောင် ရှာခဲ့ပါ့မယ်…´
`မျှားလေး…နင်ရော…ငါတို့နဲ့ယောနယ်ကို လိုက်လို့ဖြစ်ပါ့မလား…´
`ငါ့ကို မေးစရာလိုသေးလို့လား…´
`ဟုတ်ပြီ…လမ်းလေးနဲ့ငါးလေးရော´
`နောက်တစ်ခါ မင်းတို့ငါတို့နှစ်ယောက်ကို လိုက်မှာလားလို့ ဘယ်တော့ မမေးမိစေနဲ့ ငါတို့ငါးယောက်ဟာ…၅ယောက်ပေါင်း တစ်စိတ်ပဲ´
`ဟားဟား…သိပ်ကို ပီတိဖြစ်မိတယ်´
`ဦး…သားတို့ဒီညနေပဲ ယောနယ်ကို သွားဖို့စီစဉ်လိုက်တော့မယ်…´
`အေးကွယ်…ငါ့တူတွေကို ကြည့်ရတာ သိပ်ဝမ်းသာတယ်…အရမ်းညီတယ်…ကံကောင်းပါစေ…´
*****************************
အဖေပေးလိုက်တဲ့ လိပ်စာအတိုင်းပါပဲ ယောနယ်ဆိုတာကို ချောမွေ့စွာ ရောက်လာခဲ့ပြီ။ စာတွေမှာတော့ ခဏ ခဏ ဖတ်ဖူးခဲ့ပါတယ်…။အခုမှ ယောနယ်ဆိုတာကို အားလုံး သေသေချာချာ ဘယ်လိုပုံစံမျိုးဆိုတာ သိလိုက်ရတော့တယ်။ ကားဂိတ်က စင်းစင်းချင်း အေးမြတဲ့လေးညင်းတွေရဲ့တိုက်ခတ်မှု့ကို ခံစားလိုက်ရတယ်။ ပင်ပန်းမှု့တွေ အကုန်ပျောက်ကွယ်သွားသလို။ သာယာလှတဲ့ကျေးရွာလေးပါ။ရွာပြင် ဘေးပတ်ပတ်လည်မှာ အပင်ကြီးများက သက်တန်းရင့်စွာ အိုမင်းနေလျက် ရွက်ခြောက်များ ကြွေနေသည်က နွေရဲ့စရိုက်ကို ဖော်ကြူးနေတော့သည်။ အိတ်ကိုယ်ဆီဖြင့် ငါးယောက်စလုံး လိပ်စာအရ ရွာလေးကို ဦးတည်ပြီး ဝင်လာခဲ့တယ်။ ရွာလမ်းမကြီးမှာ လမ်းဘီးအရာများနှင့် အလည်မှာ မို့မောက်နေလျက် ရွာထဲ ဝင်ဝင်ချင်း ရည်ထမ်းသမားဦးလေးကြီးတစ်ယောက်ကိုတွေ့တာကြောင့်
``ဦးလေး…ဦးလေး…´´
ကျွန်တော်တို့ဘေးမှ ဖြတ်သွားတဲ့ရေထမ်းသမားကြီးကို တားလိုက်တယ်။ သူရပ်လိုက်ပြီး
`ဟေး…´´
``အော်…ဦးလေး…ဒီရွာမှာလေ…ဦးအောင်ကြီးဆိုတာ ရှိလားမသိဘူးခင်ဗျ…´
`ဟာကွာ…ဒီရွာမှာက အောင်ကြီးနာမည်တွေက အများကြီးပဲ …ဘယ်သူ့ကိုမေးတာလဲ´
`ဟို…ဟိုလေ…ဣစ္ဘ္ဆာသယ ဦးအောင်ကြီးဆိုတာ…´
`ဟင်!…´
ကျွန်တော်တို့ပြောလိုက်တဲ့နာမည်ကြောင့် ထိုလူကြီးမှာ တစ်ခုခုကို သတိရသွားဟန်ဖြင့် မျက်မှောင် ကျုတ်လိုက်ပြီး
`ဘယ်လို…ဣစ္ဆာသယ ဦးအောင်ကြီး…ဟုတ်လား´
`ဟုတ်တယ်လေ ဦးကြီး…ဒီရွာမှာ ရှိတယ် မဟုတ်လား…´
`ဟေး…ဟား…ဟား…ကြားတောင် မကြားဖူးဘူး…´
`ဗျာ!…တ…တကယ်ပြောနေတာလား…ဦးလေး…´
`တကယ်ပေါ့ကွ…ကဲ…ခွင့်ပြုဦး…ရေပို့တာ နောက်ကျလို့ ငါထမင်းငတ်နေဦးမယ်…´
အားလုံးရဲ့အရှေ့မှ ထိုလူကြီး နှုတ်ဆတ်ထွက်ခွာသွားချေတော့သည်။ ကျွန်တော်တို့ တစ်ဖွဲ့လုံး ကြောင်တောင်တောင် ။ ဘယ်နေရာကို သွားရမှန်းမသိ။ ဦးအောင်ကြီးဆိုတာလဲ ဒီရွာမှာ နာမည်တောင် မကြားဖူးဘူးဆိုတော့ နောက်ကြောင်းပြန်လှည့် ရမလား ဘာဆက်လုပ်ရမှန်းမသိတော့ပဲ အားလုံး ရွာထိပ်မှာ စိတ်ပျက်စွာ ထိုင်ချလိုက်တော့သည်။
-************-********-*******
အပိုင်း (၃)တွင် ဆက်လက် ဖော်ပြပါမည်။
(စာလုံအရေတွက်ကြောင့် သတ်မှတ်ထားသလောက်ပဲ တင်ပေးနိုင်သည်ကို နားလည်ပေးပါခင်ဗျာ ။ အပိုင်း ပိုင်း ဖြစ်နေလို့ စောင့်ခိုင်းနေရသည်ကိုလဲ အားနာလျက်ပါ။)
Post Top Ad
Responsive Ads Here
အပိုင်း(၂) တစ္ဆေတို့၏ စာမျက်နှာ
Share This
Tags
# ၀၃.တစ္ဆေတို့၏စာမျက်နှာ
Share This
About Unknown
၀၃.တစ္ဆေတို့၏စာမျက်နှာ
Labels:
၀၃.တစ္ဆေတို့၏စာမျက်နှာ
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment