အပိုင်း(၆) သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၆) သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ

Share This

(၆)
သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
တစ္ဆေဇာတ်လမ်းအရှည် ကြိုက်သူများ အတွက် သီးသန့်ရေးသားထားသော

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
               သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
   
စာရေးသူ -ထီးကလေး၊




`ဟင်.…ဝိဥာဉ် ဘူးခွံတွေက အများကြီးပါလား…ဘယ်ဘူးက ဦးလေး ဘူးခွံပါလိမ့်…´
ဘူးခွံခြောက်လေး အမြောက်အများကို ကျွန်ုပ်တွေ့လိုက်ရပြီး မည်သည့် ဘူးခွံက ဝိဥာဉ်ဦးလေး ဘူးခွံမှန်း မသ် ဖြစ်နေခဲ့တော့သည်။

ရွာပြင် သင်္ချိုင်းသို့ရောက်သည်နှင့် ရွာလူကြီးနှင့်အတူ ဆရာမြတို့ ဦးလွန်းတင်အုတ်အူဘေးတွင် လူများဝိုင်းအုံနေသည်ကို တွေ့လိုက်ရတော့သည်။
`ဘယ်လိုဖြစ်တာလဲ…´
`မသိဘူး…ကျုပ်ထင်းခွေပြန်လာရင်းနဲ့မျက်နှာဖုံးစွတ်လူတစ်ယောက်နဲ့ကိုကိုကြီးတပည့်တွေ သင်္ချိုင်းမှာ ချေရှုတ်နေတာ တွေ့လို့ ချောင်းကြည့်နေခဲ့တာ…ပြီးတော့မှ သူတို့တွေ ဆရာကြီး ဦးလွန်းတင်ဂူကို ဖောက်နေမှန်းသိလို့ကျုပ်ရွာထဲက လူတွေကို လိုက်ပြောခဲ့တာ…ကျုပ်တို့ဝိုင်းတားဖို့သင်္ချိုင်းကိုရောက်တော့ ဂူထဲမှာ အလောင်းမရှိတော့ဘူး…´
`ဘယ်လို မျက်နှာဖုံးစွတ်လူနဲ့ကိုကိုကြီး တပည့်တွေ ဟုတ်လား…´
`ဟုတ်တယ်…ကျုပ်လဲ သူတို့ဂူဖောက်နေတာကို သွားမတားရဲဘူး ကျုပ်သွားတားလိုက်ရင် သူတို့က ကျုပ်ကိုသတ်မှာ…´
`ဒီကောင်တွေ ဘာလုပ်ဖို့အလောင်းကို ခိုးသွားရတာလဲ…ဆရာမြ နည်းနည်းလောက် အကဲခတ်ကြည့်ပါဦး´
မျက်မှောင်ကျုတ်ကာ ဂူပေါက်အပွင့်ကို ဆရာမြကြည့်လိုက်ပြီး
`အွန်း…ဒီအလောင်းက မှော်ဝင်နေတာပဲ…ဒါဘယ်သူ့အလောင်းလဲ ရွာသူကြီး…´
`ကျုပ်ပြောတဲ့ပယောဂါဆရာကြီး ဦးလွန်းတင်အလောင်းဆိုတာ ဒီအလောင်းပဲ ဆရာမြ…သူသေတော့ ရွာပြင်မှာ သုံးရက်တိတိထားခဲ့တာတောင် အေးခဲ မာတောင့်မသွားဘူး ပျော့ပျောင်းနေတာနဲ့ထူးဆန်းလို့ကျုပ် ဂူသွင်းခိုင်းလိုက်တာ ဆရာမြပြောတဲ့ မှော်ဝင်တယ်ဆိုတာ ဘာကိုပြောတာတုန်း…´
`ဒီအလောင်း မှော်ဝင်နေပါတယ်ဆိုတာ ကျုပ်ထက် အတိအကျပြောနိုင်မယ့် သူရှိတယ်…့ ဒီရွာပြင်သင်္ချိုင်းကို စောင့်တဲ့သုဘရာဇာကြီးပဲ…သူဒီအကြောင်းတွေကို ကောင်းကောင်းသိလိမ့်မယ်…သူ့ကိုပဲ ကျုပ်တို့သွားမေးကြတာပေါ့…´
`ဒီလောက် အုတ်ဂူတစ်ခုလုံး အဖောက်ခံနေရကို သုဘရာဇာကြီးမသိဘူးလား…ကဲ…ကဲ…ရွာသူ ရွာသားအပေါင်းတို့ကျုပ်တို့အားလုံး ဒီကိစ္စကို ဖြေရှင်းထားလိုက်မယ်…ခင်ဗျားတို့ကိုယ်အိမ်ကိုယ်ပြန်ပြီး စိတ်ချ လက်ချသာနေကြတော့ ခင်ဗျားတို့ အန္တရယ်မဖြစ်စေရဘူးလို့…တာဝန်ယူတယ်…ဟုတ်ပြီးလား..´
`ရွာကို မထိခိုက်ရင် ပြီးတာပဲဗျို့…´
`လူကြီး ဒီဂူဖောက်သွားတဲ့ကောင်တွေကို ဖမ်းပေးပါ…´
`စိတ်ချပါ အားလုံး ကျုပ်တာဝန်ထား ခင်ဗျားတို့သာ စိတ်ချ လက်ချ ပြန်ကြတော့…´

မှော်ဝင်နေသော ဦးလွန်းတင်အလောင်းအား လွတ်လွတ်လပ်လပ် မေးမြန်းနိုင်ရန်အတွက် ရွာသူရွာသားများအား ပထုတ်လိုက်ပြီး
`ဒီသင်္ချိုင်းကို ဘယ်သူ စောင့်တာလဲ…´
`ဒီသင်္ချိုင်းကို စောင့်တဲ့အဘိုးကြီးက ကျုပ်တို့လူပျိုဘဝတည်းက အစောင့်ဗျ တစ်ခါမှ ဒီလိုဖြစ်ရပ်မျိုးတွေ မဖြစ်ခဲ့ဘူး…အခု သုဘရာဇာကြီးကရော…သင်္ချိုင်းမှာ မရှိဘဲ ဘယ်ပျောက်နေရတာလဲ ဒီကိစ္စကို သူမသိဘူးလား…´
`လာပါလူကြီးရာ…ကျုပ်တို့သူ့ကိုရှာပြီး ဒီအလောင်းကြောင်း မြန်မြန်မေးမှ ရမယ်…နောက်ကျသွားရင် ဂူဖောက်တဲ့သူတွေ မှော်ပညာတွေ ရသွားနိုင်တယ်.…´

သင်္ချိုင်းတစ်ခုလုံး အနံ့သုဘရာဇာရာကြီးကို ရှာကြသောလည်း မတွေ့ခဲ့ချေ။ အားလုံး စိတ်ပျက်စွာဖြင့် သင်္ချိုင်းဇရပ်မှာ ထိုင်ချလိုက်တော့သည်။ထိုအစဉ်မှာပဲ
`ဟ်ု…ဟိုမှာ…အဘမြ…´
`ဟင်…သုဘရာဇာကြီး ဘယ်လိုဖြစ်ရတာလဲ…´
ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူများနှင့် ရွာသူကြီး တို့မြင်တွေ့လိုက်ရသည့်က သုဘရာဇာကြီး ဓားဒဏ်ရာ အချက်ပေါင်းများစွာနှင့်အတူ မြေပြင်ပေါ်မှ သွေးများဖြင့်  အုတ်ဂူများကြားမှ အားလုံးဆီသို့တစ်ရွှေ့ရွှေ့လာနေသည်ကို တွေ့လိုက်ရတော့သည်။သို့နှင့် ရွာသူကြီးတို့အပြေးသွားလိုက်ပြီး ဓားဒဏ်ရာများဖြင့် လဲကျနေသည့် သုဘရာဇာကြီးကို ပွေ့လိုက်ခါ
`ဘယ်…ဘယ်လိုဖြစ်ရတာလဲဗျာ…´
ရွသူကြီးမေးနေသည့် မေးခွန်းများကို သုဘရာဇာကြီး ပြန်မဖြေနိုင်ပဲ  'ကိုထွန်ရှိန်…ခင်ဗျား…ကိုထွန်းရှိန်ဟုတ်ပါတယ်နော်…´
ရုတ်တရက် ဆရာမြက လှဲကျနေသည့် သုဘရာဇာကြီးကိုမေးလိုက်တော့
`မြ…မြသိန်း…´
`ဟာ…ထွန်းရှိန်…မင်း…မင်း ဘယ်လိုဖြစ်ရတာလဲကွာ…´
`ငါ…ငါ့ကိုအသာထား…မှော်ဝင်နေတဲ့အလောင်းကို မြန်မြန်တွေ့အောင်ရှာ…သူတို့ငါ့ကို ဓားတွေနဲ့ဝိုင်းခုတ်ပြီး…ဂူကိုဖျောက်သွားကြတယ်…´
`ထွန်းရှိန် မင်းအားတင်းထားပါဦး…အဖြစ်ဆိုးလိုက်တာကွာ…ဒီအဖြစ်မျိုးနဲ့မှ ပြန်ဆုံရတယ်လို့´
သွေးများဖြင့် လဲကျနေသည့် သုဘရာဇာကြီးကို ဆရာမြပွေ့ဖတ် ပြောနေပုံက သူတို့နှစ်ဦးဟာ တစ်ချိန်တစ်ခါက အတော်လေး ရင်းရင်းနှီးနှီးရှိခဲ့ဘူးပုံရသည်။
`အဲ့ဒီအလောင်း မှော်ဝင်နေတယ်ဆိုတာ မင်းအရင် စသိခဲ့တာလား…ဘယ်လို သိခဲ့တာလဲ…ထွန်းရှိန်…မင်းဖြေနိုင်သေးရဲ့လား…´
`ဟုတ်တယ် မြသိန်း…အခုလာမယ့် လကွယ်ည မဖဲဝါကို တောင်းပန်ဖို့အတွက် ငါသင်္ချိုင်းကို စည်းချနေတုန်း…လွန်းတင်အုတ်ဂူက အရောင်တွေ ထွက်လာတယ်.…ငါလဲ အဲ့ဒီ့နေ့ကပဲ မှော်ဝင်နေတာ သိလိုက်ရတယ်…မဖဲဝါကို နိုင်မယ့် နည်းရလို့ဂျိုးဖြူကုန်းရွာ ကပ်ဘေးအတွက် ဝမ်းသာနေခဲ့တာ…ကိုကိုကြီး ဆိုတဲ့သူက တကယ်မသေပဲ…ဒီအလောင်းကို ငါ့ဆီကနေ အတင်းလုတယ်.…ငါမပေးတော့ ငါ့ကို သူ့လူတွေနဲ့ဝိုင်းသတ်တော့တာပဲ…´
`တောက်!…ရက်စက်လိုက်တာကွာ…´
`ဟင်…ဒါ…ဒါဆို ကိုကိုကြီးက မသေဘူးပေါ့ ဟုတ်လား သုဘရာဇာကြီး…ဟုတ်လား… ကျုပ်မေးနေတာ ဖြေပါဦး…´
`မေးမနေနဲ့လူကြီး ကျုပ်သူငဟ်ချင်း သေသွားပြီး…အဖြစ်ဆိုးလိုက်တာ ထွန်းရှိန်ရာ…အဖြစ်ဆိုးလိုက်တာကွာ…´
`ကျုပ်လဲ စိတ်မကောင်းပါဘူး ဆရာမြရာ…ဟိုမျက်နှာဖုံးစွတ်နဲ့သူက ကိုကိုကြီးပဲ ဖြစ်ရမယ် ဒါနဲ့ဆရာမြနဲ့သုဘရာဇာကြီးက အသိတွေလား…´
`အသိမိတ်ဆွေတင် ဘယ်ကမလဲဗျာ…ကျုပ်တို့က ဆရာတူ ပညာညီအစ်ကိုတွေ …တစ်နေ့ထွန်းရှိန် ပယောဂါကုရင်း သူ့လူနာ သူ့ကြောင့် သေခဲ့ရတယ်.…အဲ့ဒါကြောင့် ကျုပ်တို့ရဲ့ဆရာကြီးက ထွန်းရှိန်ကို သင်္ချိုင်းမှာ အနှစ်၃၀တိတိ နေရမယ်လို့အပြစ်ဒဏ်ပေးခဲ့တယ်လေ…အဲ့ချိန်ကစပြီး ကျုပ်တို့နှစ်ယောက် မတွေ့ဖြစ်တော့တာ အခုချိန်ထိပါပဲ ပြန်ဆုံရတော့လဲ အဖြစ်ဆိုးပါတယ် ဘဟ်တတ်နိုင်ပါ့မလဲ မှော်ဝင်အလောင်းကို ကိုကိုကြီးဆိုတဲ့သူ ရသွားလို့မဖြစ်ဘူး သူ့နောက်ကို မြန်မြန်လိုက်ဖို့လိုမယ် ကိုကိုကြီးက ခင်ဗျားတို့ရွာကပဲလား…´
`ဟိုတစ်လောကပဲ ကိုကိုကြီး မီးလောင်ပြီးသေပြီဆိုလို့ ကျုပ်တို့မြေမြှုပ် သင်္ဂျိုးပေးလိုက်တယ်…အခု ဒီကောင်က မသေသေးပဲ…မှော်ဝင်အလောင်းကို ဖောက်သွားတာပဲ´
`ဟင်!…ဒါဆို …ဘယ်လိုကြမလဲ…သူ့ကို ဘယ်မှာရှာမလဲ…မှော်ဝင်အလောင်းထဲက ဓာတ်လုံးတွေ သူသာရသွားရင် ခင်ဗျားတို့စောမြို့ပျက်စီးသွားလိမ့်မယ်´
`ဟာ…ဒီကောင်က အဲ့အကြောင်းတွေ နားလည်တယ် ဆရာမြ…ဘယ်လို လုပ်ကြမလဲ…လကွယ်ညကလဲ သန်းဘက်ခါ အရမ်းနီးနေပြီ ဒုက္ခပါပဲဗျာ ပြသနာတစ်ခုက မပြီးသေးဘူး ကျုပ်လဲ ဘာလုပ်ရမှန်းကို မသိတော့ဘူး…´
`စိတ်အေးအေးထားပါလူကြီး…မဖဲဝါကိစ္စက်ုတော့ ကျုပ် ဖြေရှင်းပေးပါ့မယ် မှော်ဝင်အလောင်းထဲက ဓာတ်လုံးတွေနဲ့အောက်လမ်းပညာတွေ ပေါင်းစပ်လိုက်လို့ကတော့ ကျုပ်လဲ မနိုင်ဘူး…´
`အားကိုပါတယ်ဆရာမြရယ်…ကျုပ်တို့အားကိုပါတယ်ဗျာ…´
`ဒါနဲ့…ဟိုကလေးတစ်ယောက်ရော ပါမလာဘူးလား…မောင်ရင်တို့မင်းတို့သူငယ်ချင်းတစ်ယောက်ရော…´
`ဟင်!…အခုမှ သတိထားမိတယ်…ငါးလေး …ထီးလေး မပါလားဘူးလား'.
`ငါလဲ မသိဘူးလေ လောလောနဲ့မင်းတို့နဲ့အတူ ပြေးလာခဲ့တာ…သူပါလာတယ်ပဲထင်နေတာ…´
` ဟာ…အဘမြ ကယ်ပါဦးဗျာ…ကျုပ်သူငယ်ချင်း အခုမှ ရောဂါသတ်သာရုံရှိသေးတာ လုပ်ပါဦး…ကယ်ပါဦး…´
`ကျုပ်အိမ်မှာပဲ…ကျန်နေခဲ့တာလား´
`မဟုတ်လောက်ဘူး…အစ်ကိုထီးလေး သမီးတို့နဲ့ပြေးလိုက်လာတာ တွေ့လိုက်တယ်…´
`ဟာ…ဒီကလေးတော့ ဒုက္ခပါပဲ လာလာ…လူကြီးအိမ်မှာပဲ ရှိလိမ့်မယ်.…ကျုပ်တို့မြန်မြန်ပြန်မှ ဖြစ်မယ် …မဟုတ်ရင် သူ ဒုက္ခရောက်လိမ့်မယ်.´

စိုးရိပ်ကြီးစွာဖြင့် ဆရာမြတို့နှင့်အတူ လိုက်ပါမလာသည့် ထီးကလေးအား ရွာလူကြီးအိမ်တွင် ရှိနေမည် အထင်ဖြင့် အပြေးလှမ်းလာနေတော့သည်။
`ဘယ်ဘူးခွံက ဝိဥာဉ်ဦးလေးပါလိမ့်…ဟာ သိပြီး…ဘူးခွံအသစ်ပဲ ဖြစ်ရမယ်…´
အတွေးပေါက်ပြီး ဘူးခွံအသစ်တစ်ခုကို ကောက်ယူလိုက်ခါ
`ငါမှား ဖွင့်လိုက်မိရင် ဘာဖြစ်သွားနိုင်လဲ မဖွင့်တော့ပါဘူး…မဖြစ်သေးပါဘူး…ဝိဥာဉ်ဦးလေးက သဘောကောင်းတဲ့သရဲတစ်ကောင်ပဲ ငါမကယ်ရင် ဆရာမြလက်ချက်ကြောင့် သူဒုက္ခရောက်သွားလိမ့်မယ်…ဒီဘူးပဲ ဖြစ်ရမယ်…´
တွေးလိုက်ပြီး ဘူးသီးခွံအခြောက်လေးများထဲမှ လက်နေသော ဘူးခွံတစ်ခုအား ကောက်ယူလိုက်ပြီး ပိတ်ထားသည့် အဆို့အား ဖွင့်လိုက်တော့သည်။ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအပေါက်သေးသေးလေးအတွင်းမှ မီးခိုးအငွေ့များ ပေါ်ထွက်လာခါ ပဲ့တင်ထပ်နေသော ရယ်သံတို့နှင့်အတူ အခိုးငွေ့များက ထီးကလေး၏အနားတစ်ဝိုက်တွင် လှည့်ပတ်နေတော့သည်။ ဘာလုပ်ရမှန်းမသိတော့ပဲ လှည့်ပတ်နေသည့် အခိုးငွေ့ကြားမှာ လက်ဖြင့် ယပ်နေလျက်။ ထိုနောက် မီးခိုးအငွေ့လေးများ တစ်ဖြည်းဖြည်း ကွယ်ပျောက်သွားပြီး လူတစ်ယောက် သဏ္ဍန်သို့ဖြစ်ပေါ်လာတော့သည်။
`ဟင်!…ဟာ…သွားပြီး မှားသွားပြီ…´
သူဖွင့်လိုက်သည့် ဘူးခွင့်မှာ ဝိဥာဉ်ဦးလေးအား ချုပ်ထားသည့် ဘူးခွံမဟုတ်ဘဲ တစ်ခြားတစ္ဆေတစ်ကောင်၏ ဘူးခွံဖြစ်နေတော့သည်။ လူတစ်ယောက် ပုံသဏ္ဍန်သို့အခိုးငွေ့များဖြစ် ဖြစ်ပေါ်လာပြီး မတ်တပ်ရပ်ခါ ကြောင်တောင်တောင် ကြည့်နေမိသော ထီးကလေးအား ကြမ်းပြင်နှင့် ချေထောက်လွတ်နေလျက် ခန္ဓာကိုယ် တစ်ခုလုံး အလိုလိုလေထဲမြှောက်တတ်နေခဲ့တော့သည်။ မိမိချေထောက် ကြမ်းပြင်နှင့် သုံးပေအကွာခန့်လွတ်နေသည်ကို သတိထားမိလိုက်သည့် အချိန်မှာပဲ ချေပစ်လက်ပစ် ပြုတ်ကျသွားပြီး
`အား!…ဘယ်…ဘယ်လိုဖြစ်တာလဲ…´
ရည်ရွတ်ခါ မတ်တပ်ပြန်ရပ်လိုက်တော့တယ်။ ထိုအခါမှာပဲ အိမ်ခေါင်တိုင်သစ်သားဟာ သူ၏ ခေါင်းပေါ်သို့ပြုတ်ကျလာရာ သတိထား တိမ်းရှောင်လိုက်ပြီး အိမ်အောက်ပြေး အဆင်းမှာပဲ တံခါးဟာ ပိတ်သွားခဲ့တယ်။ ပိတ်သွားသည့် တံခါးကို ကျောဖြင့်ကပ်လိုက်ပြီး
`ကျုပ်တောင်းပန်ပါတယ်…ကျုပ်ဘူးမှားဖွင့်မိလိုက်တာပါ…မရည်ရွယ်ပါဘူး…´
ထိုသို့ပြောနေစဉ်မှာပဲ ဘေးတွင် ထောင်ထားသည့် သစ်သားချောင်းကြီးတစ်ချောင်း ယိုင်လဲလာရာ အမှတ်တမဲ့လက်ဖြင့်ခံလိုက်တော့
`အား…ဟာသွားပြီး နာရီကွဲပြီ´
ဝိဥာဉ်ဦးလေးပေးခဲ့သည့် သူ့အားမြင်နိုင် တွေ့နိုင်သော အရာဖြစ်သည့် နာရီဟာ သစ်သားလဲကျလာသည့်အတွက် မတော်တဆ မှန်ကွဲသွားလေတော့သည်။ ထိုနောက် မိန်းမကြီး တစ်ဦး၏ရယ်မောသံများ ထွက်ပေါ်လာခဲ့ပြီ
`ကျုပ်က ခင်ဗျားကို အချုပ်ထဲက ကယ်ပေးခဲ့တဲ့သူနော်…ကျုပ်ကို ရန်ပြုနေတာလား…ခင်ဗျားဘဟ်မှာလဲ´
ရယ်မောသံတို့သာ ကြားနေရပြီး အကောင်ထည်ကို မတွေ့ရ။သူပြောနေစဉ်မှာပဲ တစ်အိမ်လုံး လေပြင်းမှာ တိုက်ခတ်လာပြီး ရယ်မောသံတို့ကို ကြားနေခဲ့ရတယ်။ မတတ်နိုင်သည့်အဆုံးမှာပဲ မိမိလည်ပင်းတွင် ဆွဲထားသည့် ကျူတ်လက်ဖွဲ့ဖြင့် ကာကွယ်ရန် အင်္ကျီချွတ်လိုက်စဉ်မှာပဲ ထီးကလေးဆီ ဦးတည်လာနေသည့် သစ်သားအချွန်မှာ ပြုတ်ကျသွားခဲ့ပြီး အရာအားလုံး ငြိမ်သတ်သွားခဲ့တော့သည်။ထိုနောက် ထွက်ပေါ်လာသည့် စကားသံတစ်ခွန်းက
`ဟင်!…ကျူတ်ဆွဲကြိုး ပိုင်ရှင်ကောင်လေး…´
`လာလေ ဘာလို့ငြိမ်သွားတာလဲ…လာလေ…´
`ကောင်လေး…ငါက ကိုအောင်တင် မိန်းမ သန်းသန်းကြည်ပါ မင်းလည်ပင်းက ကျူတ်ကိုတွေ့လို့မှတ်မိသွားတာပဲ…´
`ခင်ဗျား ဘယ်သူလဲ…ဘယ်က သန်းသန်းကြည်လဲ ကျုပ်မသိဘူး လာလေ ခင်ဗျား ဘယ်မှာလဲ…´
`မင်းတို့ (တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
နှစ်၁၀၀ ကျိန်စာ သင့်အိမ်ကြီး) တုန်းက အပြန်လမ်းမှာ ဆုံခဲ့ရတဲ့သူပါ…´
`ဟင်!ခင်…ခင်ဗျားက ဦးလေး တင်အောင်ရဲ့မိန်းမဆိုတာလား ခင်ဗျားကို ကျုပ်မမြင်ရဘူး…ဘယ်မှာလဲ´
`ဟုတ်တယ် …မင်းငါ့ကို မမြင်နိုင်ဘူး…တော်သေးတာပေါ့ မင်းကိုသတ်မိတော့မလို့…´
`ခင်ဗျားက ဘယ်လိုလုပ် ဒီဘူးထဲကို ရောက်နေရတာလဲ…ဒီဘူးထဲမှာ ရှိတဲ့တစ္ဆေတွေက အရမ်းဆိုးလို့ ဆရာမြဖမ်းချုပ်ထားတာ…´
`ဟုတ်တယ်…မင်းတို့နဲ့ဆုံပြီး နှစ်တစ်ရာသစ်ပင်ကြီး အချုပ်ကနေ ငါလွတ်မြောက်ခဲ့ရတယ်…ဒါပေမယ့် ပုဏ္ဍက ဆရာက ငါ့ကို ပြန်ဖမ်းချူပ်ပြီး ခိုင်းစားနေခဲ့တာ အဲ့မြို့ကသူတွေက ခိုင်းတာလုပ်နေရတဲ့ငါ့ကို ဆရာတွေ ခေါ်ပြီးနှိပ်နင်းခဲ့ပေမယ့် မနိုင်ခဲ့ဘူး…အခု ဘူးပိုင်ရှင် ဆရာမြနဲ့ဆုံပြီးတော့မှ ငါရှုံးနိမ့်သွားလို့ ငါ့ကို ဘူးထဲထည့်သွားခဲ့တာ ကြာလှပြီ…´
`ခင်ဗျား ကျုပ်ကို ဘာလို့ သတ်ချင်ရတာလဲ…´
`မင်းဝိဥာဉ်ကို နှုတ်ပြီး မင်းခန္ဓာကိုယ်ကို ငါယူမလို့ပဲ…အခုတော့ မင်းက ငါ့ကို ကဟ်တင်ပေးခဲ့ဘူးတဲ့သူဆိုတော့…´
မမြင်ရပဲ အသံသာကြားနေရသည့် ထိုမိန်းမကြီး ပြောလို့မဆုံးခင်မှာပဲ
`မောင်ထီးလေးရေ…ဟေးကောင်လေး´
ခြံဝိုင်းအတွင်းမှ ရွာလူကြီးနှင့် သူငယ်ချင်းများ၏ ခေါ်သံကိုကြားလိုက်ရတော့သည်။ အားလုံး အိမ်တံခါးတွန်းဖွင့်လိုက်ချိန်မှာပဲ ဆရာမြကို တွေ့သည်နှင့် ဒေါ်သန်းသန်းကြည်မှာ အခိုးအငွေ့လေးများဖြစ်ကာ ထွက်ပြေးပျောက်ကွယ်သွားလေတော့သည်။ အိမ်ပေါ်မှ အဖြစ်အပျက်များကို ဆရာမြတွေ့သွားပြီး
`ဟာ…လွတ်ကုန်ပြီ တစ္ဆေတွေကို မင်းလွတ်ပေးလိုက်ပြီလား'.
`မ…မလွတ်…မလွတ်ပါဘူး အဘ…´
`ဒီမှာ ဘူးခွံတွေ အားလုံးထွက်နေတယ်လေ…´
ပြောပြောဆိုဆိုဖြင့် မိမိလွယ်အိတ်အတွင်းမှ တစ္ဆေဘူးခွံများအား ရည်တွက်စစ်ဆေးလိုက်ပြီး
`ဟာ…သွားပြီး…ပုဏ္ဍကတစ္ဆေလွတ်သွားပြီ မင်းဘာလုပ်လိုက်တာလဲ…အားလုံး ဒုက္ခတွေများကုန်တော့မှာပဲ´
`ကျွန်…ကျွန်တော် ဟိုနေ့က ဦးလေးဖမ်းချုပ်ထားတဲ့ဝိဥာဉ်ဦးလေးကို ပြန်လွတ်ပေးမလို့´
`ဘာ!…မင်းတော့ ကံကောင်းလို့ဒီဘူးခွံထဲက ထွက်နိုင်တဲ့တစ္ဆေတွေက အပြင်မှာ ရှိတုန်းကထက် အဆပေါင်းများစွာ ဆိုးသွန်းသွားလိမ့်မယ်…အခု အရမ်းဆိုးတဲ့ ပုဏ္ဍက တစ္ဆေလွတ်သွားပြီ…ဒုက္ခပါပဲ…ခင်ဝါနဲ့ပေါင်းမိလို့ကတော့ သွားပြီး…ဘယ်မှ ကယ်နိုင်မှာ မဟုတ်တော့ဘူး…´
`ထီလေး…သူငဟ်ချင်း မငိးဘာဖြစ်သွားသေးလဲ…´
`ဘာမှတော့ မဖြစ်ဘူး နာရီတော့ မှန်ကွဲသွားပြီ…´
`တော်သေးတာပေါ့…´
`ဒါနဲ့ ကိုကိုကြီးဆိုတဲ့သူ မသေဘူး…မျှားကလေး ဦးလေး ဦးလွန်းတင်ရဲ့အလောင်းကို ဂူဖောက်ယူသွားကြတယ်…´
`ဟင်!…ဦးလေးပြောသလိုပါပဲလား´
`ဘယ်က ဦးလေးတုန်း…´
လမ်းကလေး အမေးကို ပြန်မဖြေသေးပဲ ဘူးခွံများအား လွတ်အိတ်ထဲ ထည့်နေသော ဆရာမြဆီသွားပြီ
`အဘ…အဘဖမ်းချုပ်ထားတဲ့  ဝိဥာဉ်ဦးလေးက သဘောကောင်းတဲ့တစ္ဆေပါ သူ့ကို လွတ်ပေးလိုက်ပါ မချုပ်ထားပါနဲ့´
`နောက်ကျသွားပြီ ကောင်လေး…ဒီဘူးထဲက ပြန်ထုတ်ပေးလိုက်တာနဲ့ မင်းနဲ့အရင်တွေ့နေကြ ဝိဥာဉ် တစ္ဆေမဟုတ်တော့ဘူး…ပုံပြောင်းပြီး စိတ်ရိုင်းတွေ ဝင်သွားလိမ့်မယ်…´
`ဗျာ…ဟုတ်ပါ့မလား ဦးလေးက ကျုပ်ကို မှတ်မိနိုင်မှာပါ သူက ကျုပ်ကို ခင်တယ်´
`ဟုတ်တယ်…ဒါပေမယ့် ဘူးထဲက ထွက်လာတာနဲ့မင်းကိုလဲ မမှတ်မိနိုင်တော့ဘူး…ဘာဘဲဖြစ်ဖြစ် မင်းလက်လျော့လိုက်ပါတော့ သန်းဘက်ခါဆို လကွယ်ညရောက်ပြီ…အန္တရယ်တွေ အားလုံးကလဲ ငါတို့နားမှာ ဝိုင်းနေပြီ…မှော်ဝင်အလောင်းကိုလဲ အခုလောက်ဆို ယူသွားတဲ့သူအသုံးချပြီးနေလောက်ပြီ အနီးစပ်ဆုံး မဖဲဝါကို နှိင်နှင်းနိုင်ဖို့နည်းလမ်းပဲ အရင်ရှာကြရမယ်…သူကအနီးကပ် ရန်သူပဲ…´
မည်သည့်စကားမှ မပြောတော့ပဲ သက်ပြင်းတစ်ချက်သာ ချလိုက်တော့သည်။ သို့ပေမယ့် ကျွန်ုပ်လက်မလျော့နိုင်သေး။ ဝိဥာဉ်ဦးလေးကို အပြင်ထုတ်ပေးနိုင်ဖို့သာ အချိန်ပြည့်တွေးနေမိတော့သည်။

ခင်ဝါ့ ဖခင်ဦးမောင်မောင်ဟာ မှိုင်တွေ ငေးငိုင်နေသည့် သမီးလေးကို ပျော်ရွှင်စေချင်သ်ာလည်း သူ့ပျော်ရွှင်နိုင်ဖို့အတွက် ရွာမှ လူတစ်ယောက် သေပေးရမည်ဆိုတာကို သိနေခဲ့တော့ ဆရာမြရှိရာ ရွာလူကြီးအိမ်သို့ မနက်ရောက်လာခဲ့လေသည်။ ဦးမောင်မောင်ကို မြင်တွေ့လိုက်သည်နှင့် တုန်လှုပ်ခြောက်ခြားနေသော လေသံဖြင့် ရွာလူကြီးက
`ကို…ကိုမောင် ဘာကိစ္စရှိလို့လဲ…´
`ကျုပ်ကို မြင်ကြတာနဲ့တစ်ရွာလုံးက ဒီအတိုင်းချည်းပဲ ဖြစ်နေကြပါလား ကျုပ်တကယ် စိတ်မကောင်းဖြစ်မိတဟ်…ကျုပ်လာရင်း ကိစ္စက မနက်ဖြန်ဆို လကွယ်ညရောက်ပြီ တစ်ရွာလုံး အတွက်သင်္ချိုင်းမှာ မဖဲဝါတောင်းပန်ဖို့ရှိတယ်လေ ဒါကြောင့် ကျုပ်လဲ ပါဝင်ပြီး မှားတာရှိရင် တောင်းပန်ချင်လို့လာပြောတာပါ´
`ခင်…ခင်ဗျား သမီးလေးကို တစ်ရွာလုံးက မဖဲဝါ ဝင်စားတယ်လို့ပြောနေကြတယ်လေ…´
`ဟာဗျာ…မဟုတ်တာ ကျုပ်သမီးလေးက ဘယ်သူမှ မဝင်စားပါဘူး´
`ကိုမောင်မောင် ခင်ဗျား ငြင်းမနေပါနဲ့ကျုပ်တို့အားလုံး သိပြီးသားပါ သူ့ကို ခင်ဗျား ကာကွယ်ပေးနေရင် တစ်နေ့ခင်ဗျား ဒုက္ခရောက်လိမ့်မယ်…ကျုပ်က ဆရာမြပဲ…´
`ဟင်…သုဘရာဇာကြီး ပြောတဲ့ဆရာမြဆိုတာလား…ဒါဆို ကျုပ် မငြင်းတော့ပါဘူးဗျာ…ကျုပ်မိန်းမ မသေခင်က ပြောသွားခဲ့တယ် သမီးလေးကို ဝင်စားနေတဲ့မဖဲဝါကို နိမ်နင်းနိုင်ဖို့နည်းလမ်း ကျုပ်သိတယ်…´
`ခင်ဗျား တကယ်ပြောနေတာလား…ကျုပ်တို့ကိုပြောပါ တစ်ရွာလုံးအတွက် အရမ်းအရေးကြီးတဲ့အချိန်ကို ရောက်နေခဲ့ပြီ…´
`ကျုပ် ဒါကြောင့်လဲ ပြောပြတာပါ ကျုပ်မိန်းမ မြနှစ်က သူဆုတောင်းမှားခဲ့တဲ့အတွက် သေတဲ့အထိယူကြုံးမရ ဖြစ်ခဲ့ရပါတယ်…သူပြောခဲ့တယ် သမီးလေး မွေးတုန်းက အချင်း ချက်ကြိုးကို သင်္ချိုင်းမှာ ပြန်မြှုပ်လိုက်ရင် ဝင်စားနေတဲ့မဖဲဝါကို နိုင်လိမ့်မယ်တဲ့´
`သိပ်ဟုတ်တာပေါ့ ဒါပေမယ့် ခင်ဗျား သမီးလေး အတွက် အသက်ရှင်ဖို့က ၁၀ရာခိုင်နှုန်းလောက်ပဲ ရှိလိမ့်မယ် ကိုမောင်မောင်…´
`ဒါကြောင့်လဲ ကျုပ် လျိုဝှက်ထားခဲ့တာပါ အခုတော့ ကျုပ် အသက်လဲကြီးပြီး သမီးကိုချစ်တဲ့အတ္တစိတ်တွေကိုလဲ လျော့လိုက်ပါပြီ…´
`စိတ်ချပါ ကိုမောင်ရယ် အခုလို ပြောပြတာပဲ ကျုပ်တို့ခင်ဗျားကို ကျေးဇူးတင်လှပါပြီ အတတ်နိုင်ဆုံး ခင်ဗျားသမီးလေး အသက်ကို ကာကွယ်ပေးပါ့မယ်…´
`ကျုပ်မိန်းမ သမီးလေး အချင်းထားခဲ့တဲ့နေရာကို မနေ့ကမှ သိခဲ့ရတယ်…အခု အချင်းကို ဆရာမြလက်ထပ် အပ်ဖို့ကျုပ်ပြန်ယူမယ်…´
`တစ်ခါတည်း မပါလာဘူးလား…´
`စိတ်မရှိပါနဲ့ သုဘရာဇာကြီးပြောတဲ့ ဆရာမြ…ဟုတ် မဟုတ် သိချင်တာကြောင့် လာစမ်းသပ်တာမို့ကျုပ်မယူလာမိဘူး´
`သုဘရာဇာကြီးက ကျုပ်အကြောင်း ခင်ဗျားတို့ကို ပြောပြလို့လား…´
`ကိုကိုကြီးအလောင်းကို လူငယ်ခေါင်းဆောင်နဲ့ကျုပ် အတူသင်္ဂျိုးဖို့သင်္ချိုင်းကိုလိုက်သွားခဲ့တယ်…အဲ့မှာ သုဘရာဇာကြီးက ကျူပ်ကိုမြင်လိုက်တာနဲ့မြနှစ် ယောက်ျားလားလို့မေးပြီး မဖဲဝါကို နိုင်ဖို့ကျုပ်တစ်ယောက်တည်းရှိတယ်ပြောတယ်…ပြီးတော့ ဆရာမြရွာကို ရောက်လာမယ့် အချိန်ကို စောင့်ခိုင်းခဲ့တယ်လေ´
`သိပ်တော်တဲ့ ကိုထွန်းရှိန်ပါပဲဗျာ…´
`အချိန်သိပ်မရှိဘူး…ကျုပ် အချင်းပြန်ယူပြီး ဒီကိုပြန်လာခဲ့မယ်…´
ပြောပြောဆိုဆိုဖြင့် အချင်းယူရန် ဦးမောင်မောင် ရွာလူကြီး အိမ်ပေါ်မှ အပြေးဆင်းသွားခဲ့သည်။ ခြံဝန်းထဲ ရောက်တာနှင့် တစ်ပြိုင်နက် ကြားလိုက်ရသည့် အသံက
`အား…´
ဦးမောင်မောင် အော်သံကြားလိုက်သည်ကြောင့် အိမ်ပေါ်မှ ကျွန်ုပ်တို့အားလုံး ပြေးဆင်းသွားပြီ
`ကိုမောင် …ဘာဖြစ်တာလဲ…´
`ကျုပ်…ကျုပ်ခြေထောက် ပိုး…ပိုးထိသွားပြီ…´
တစ်ကိုယ်လုံး ပြာနမ်းသွားလျက် မြေပေါ်သို့လဲကျသွားလေတော့သည်။ လဲကျနေသည့် ဦးမောင်မောင်ကို ဆရာမြ တစ်ချက်ကြည့်လိုက်ပြီး
`ဦးမောင်မောင် အသက်မရှိတော့ဘူး´

****************************
(Facebook မှ စာလုံးရေခွင့်ပြုသလောက် အပိုင်း (၆)အား တင်ပေးလိုက်ပါသည်ခင်ဗျာ။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages