စကားနောက် တရားပါ - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

စာမပေါ်သူများ အတွက် ဦးစားပေးရေးသားလိုက်သော
    စကားနောက် တရားပါ
ငယ်ငယ်တုန်းက မေမေ ပုံပြင်ပြောရင်
    ပုံပြင်ထဲက မင်းသားလေးကို သနားရင်း ကျွန်တော် အိပ်ပျော်ခဲ့တယ်…
    အခု ကျွန်တော့ ချစ်သူ သူက ပုံပြင်ပြောတော့
ကျွန်တော်ကိုယ်တိုင်ပါပဲဗျာ…
     ပုံပြင်ထဲကို ရောက်သွားခဲ့တယ်။…
ညည အိပ်မပျော်တော့ဘူး…
    သူပြောတဲ့ပုံပြင် ကျွန်တော် မေမေ့ကို
ပြန်ပြောပြတော့…
     မေမေငိုတယ်…
     ပုံပြင်ထဲက
မင်းသားလေးကို သနားလို့တဲ့…


ဆယ်တန်းအောင် ဘွဲ့ရ သို့ပေမယ့် အလုပ်က လက်မဲ့ကျွန်တော့ အချိန်တွေကို အပေါင်းသင်းတွေနဲ့ကုန်ဆုံးနေစေခဲ့ပြီ။ တစ်နေ့တစ်နေ့လက်ဘက်ရည်ဆိုင်လေး ထိုင်လိုက် ဘောလုံးပွဲလေး ကြည့်လိုက်ဖြင့် အချိန်တွေ ကုန်နေခဲ့ပါပြီ။ မနက်မိုးလင်းတာနဲ့ အိမ်မှာ မရှိတော့ဘူး။ ညဆို ညဥ့်နက်မှ ပြန်လာတတ်တဲ့ ကျွန်တော့ကို အဖေလုပ်သူက ငြိုပြင်လာချေပြီ။ အလုပ် လုပ်ဖို့ပြောတယ်။ သို့ပေမယ့် အလုပ်ဆိုတာကို ကျွန်တော် စိတ်မစားခဲ့ဘူး။ နေတိုင်းလိုလို ဒီလိုဖြစ်နေတဲ့ ကျွန်တော့ကို အိမ်က မိဘတွေက ခြေငြိမ်အောင်ဆိုပြီး မိန်းမ ပေးစားရန် စီစဉ်ကြတော့တယ်။ ကျွန်တော် မိန်းမ မလိုချင်သေးဘူး။ ကျွန်တော် သူငယ်ချင်းတွေနဲ့ အတူပျော်ချင်သေးတယ်။ ကျွန်တော် အတင်းငြင်းတယ်။ မိဘတွေနဲ့ အတိုက်ခံလိုက်တယ်။ နောက်ဆုံး အိမ်ပေါ်က ဆင်းတဲ့အထိပါပဲ။ အိမ်ပေါ်က ဆင်းပြီး ကျွန်တော် လူမွဲဘဝရောက်နေမှ ကောင်မလေးတစ်ယောက်ကို စပြီး ရင်ခုန်လာမိတယ်။ ကျွန်တော့ လက်ထဲမှာ ပိုက်ဆံဆိုတာ အမြဲရှိနေခဲ့သူတစ်ယောက်က အခု တစ်ပြားမှ မရှိလောက်အောင် မွဲတေနေခဲ့ပြီး။ ကျွန်တော့ ကောင်မလေးက ကျွန်တော် အိမ်ငှားနေတဲ့လမ်းထိပ်ဈေးဆိုင်က မိန်းကလေးပါ။ နေ့တိုင်း အကျွေးဝယ်ရာကနေ ရင်းနှီးလာခဲ့တယ်။ နောက် အရမ်းချစ်တဲ့ချစ်သူတွေ အဖြစ်ရောက်လာခဲ့တော့တယ်။ဒါပေမယ့်လေ ကျွန်တော့မှာ သူ့ကို ဘာမှ မဖြည့်ဆည်းပေးနိုင်ဘူး။ မပြည့်စုံတဲ့ကျွန်တော့ ချစ်သူကောင်မလေးက ကျွန်တော့ကို အမြဲအားပေးခဲ့တယ်။
      ဆည်းဆာရဲ့ရှက်သွေးဖျာခြင်းမှာ
သူက အချစ်ကိုသနားခါးလို
     လိမ်းထားတယ်…ခရေပွင့်တွေ
တစ်ဝဲလည်လည် ကြွေကျနေတဲ့
     ညနေများ
ကျွန်တော်တို့နှစ်ယောက်လဲ
    ခရေပင်ကြီးရဲ့အပွင့်လေး နှစ်ပွင့်
ကျွန်တော် ဆိုတဲ့သီချင်းက သစ္စာ
    သူဆိုတဲ့သီချင်းက ချစ်တာ ပတာန
သီချင်းတစ်ပိုဒ်နဲ့ လွှင့်မျောကြ
    တိမ်တိုက် အမှတ် (၉)ပေါ်မှာ
ကျွန်တော်နဲ့ပဲနေချင်တယ်
   ကျွန်တော်နဲ့ခွဲရရင် သူသေလိမ့်မယ်
ကျွန်တော့ကို ဘယ်တော့မှ အားမငယ်ရဘူး
    စိတ်ချပါ ဖြူရယ်
ဖြူပြောတဲ့စကားက
   ကိုယ့်တရား၊ ကိုယ့်ဓားပါ။
သူ့ကို ကျွန်တော် သိပ်ချစ်ခဲ့တယ်။ သူ့မိဘတွေကလဲ ကျွန်တော် ဘယ်ကမှန်းမသိပါဘူး။ ဒါပေမယ့် ကျွန်တော့ကို သဘောကျတယ်။
တစ်နေ့
သူနဲ့ကျွန်တော် ည၈နာရီလောက် အပြင်ကနေပြန်လာတယ်။ ချစ်သူကို အိမ်ပြန်ပို့ပြီး ကျွန်တော်ငှားနေတဲ့အိမ်လေးကို ပြန်လာခဲ့တယ်။ မှောင်ရိပ်တစ်နေရာ ရောက်တော့ ခြေသံကြားတာနဲ့ ကျွန်တောလှည့်ကြည့်လိုက်တယ်။ လူတစ်ယောက် ကျွန်တော့ ဇာတ်ပိုးကို ရိုက်လိုက်တယ်။ ခေါင်းတစ်ခုလုံး မူးဝေပြီး သတိလစ်သွားခဲ့တယ်။ ကျွန်တော် သတိပြန်ရလာတော့ အိပ်ခန်ထဲက ကုတင်းပေါ်ရောက်နေခဲ့ပြီ။ ဘေးကိုကြည့်လိုက်တော့ ဖေဖေရယ် မေမေရယ် ကိုတွေ့လိုက်တယ်။ သား သတိရလာပြီလား…တဲ့ကျွန်တော် ဘယ်လို ပြန်ရောက်လာတာလဲ မေးတော့။ ကျွန်တော် သတိလစ်နေခဲ့တာ ၄ရက်တောင် ရှိနေပြီဆိုတာ သိလိုက်ရတယ်။ ကျွန်တော့ကို အိမ်ပြန်ရောက်လာအောင် ပညာပေးပြီး ခေါ်ခဲ့တယ်ဆိုတာ ကျွန်တော် ရိပ်မိခဲ့တယ်။ သတိရလာချင်းချင်း ချစ်သူဆီ အပြေးသွားမလို့လုပ်ပါသေးတယ်ဗျာ…။ဒါပေမယ့် ခေါင်းတစ်ခုလုံး အုံခဲပြီး ဘယ်လိုမှ ထမရဘူး…။ခဏလေး အားမွေးထားလိုက်တယ်။ နေပြန်ကောင်းလာတာနဲ့ ကျွန်တော်သူဆီသွားမယ်။ သူနဲ့ဘဝတစ်ခု တည်ဆောက်မဟ်လို့ တွေးပြီး အိပ်ယာထဲမှာ အားမွေးနေခဲ့တယ်။ နောက် သုံးရက်အကြာမှာ ကျွန်တော် နေပြန်ကောင်းလာခဲ့တယ်။ ဘယ်ရမလဲ မိဘတွေ မသိခင် ချစ်သူ ရှိရာကို ကျွန်တော် အပြေးသွားခဲ့တယ်။
ကျွန်တော် အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့လေသလား။ ချစ်သူ အိမ်မှာ သော့ခတ်ထားတာကို တွေ့လိုက်ရတယ်။ ရင်ထဲမှာ ဆို့နစ်သွားတယ်။ မျှော်လင့်ချက်တွေ အားလုံး ပျက်စီးခဲ့ချေပြီ။ ပတ်ဝန်းကျင်ကလဲ ဘယ်ပျောင်းသွားလဲ ဆိုတာ မသိဘူးဆိုတော့ ကျွန်တော် ဘလုပ်ရမလဲ …ကျွန်တော် ဘာဆက်လုပ်ရမလဲ။ မိဘအိမ်ပြန်ပဲ ခေါင်းငိုက်စိုက်ပြီး ပြန်လာခဲ့တဟ်။ ကျွန်တော့ ကောင်မလေး အခုလို ပြောင်းသွားတာ ဖေဖ မေမေတို့ရဲ့ပယောဂါ မကင်းဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောမနေတော့ပဲ…သူတို့ပေးစားတဲ့မိန်းကလေးနဲ့ပဲ လက်ထပ်လိုက်တော့တယ်။ မိန်းကလေးက ကျွန်တော့အပေါ် တော်တော်လေး ချစ်ရှာပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်တော် နည်းနည်းလေးမှ ပြန်ချစ်လို့မရဘူး။ ကျွန်တော်ချစ်တာ ကျွန်တော်ချစ်သူ အမြဲတမ်း သူ့ကိုပဲ သတိရနေခဲ့တာ…။

ညဥ့်နက်မှ အရက်မူးပြီး ပြန်ပြန်လာတတ်တဲ့ကျွန်တော့ကို သူက အမြဲစောင့်နေတတ်တယ်။ ထမင်းတူတူ စားချင်တယ်တဲ့။ ကျွန်တော် ညဘက်အိမ်ပြန်လာရင် ၁၂ ကျော်နေပြီ။ ကျွန်တော် တစ်ခါတည်း အိပ်ပစ်လိုက်တယ်။ သူနဲ့လဲ ထမင်းတူတူမစားချင်ဘူး။ အိမ်ထောင်သက်တမ်း ၆လောက်လမှာ ကျွန်တော့တို့အိမ်ထောင်ရေးဟာ အဆင်မပြေဖြစ်လာခဲ့တယ်။ အပြင်က မိန်းကလေးတွေနဲ့ရှုတ်ပါတယ်ဆိုတဲ့သတင်းကို သူ့နားထဲ ရောက်သွားခဲ့တယ်။
ကျွန်တော် ရှုတ်မိခဲ့ပါတယ်။ ဒါပေမယ့်
် အချိန်တွေ ကြာလာတာနဲ့အမျှ သူ့ကို သံယော်ဇဥ်ဖြစ်မိလာတာတော့ အမှန်ပါ။ ဒါကြောင့် အဲ့ချိန်ကစပြီး ကျွန်တော် မရှုတ်တော့ဘူး။ ဒါပေမယ့် မာနတရားကြောင့် ကျွန်တော် သံယော်ဇဉ်ဖြစ်နေတာ သူ့ကို မပြောဘူး။ စိတ်ထဲမှာပဲထားတယ်။ အဲ့နေ့ မနက်မှာ ကျွန်တော့ကို သူပြောစရာရှိတယ်တဲ့။ ကျွန်တော်ကို ကွာရှင်းမယ်။ လက်မှတ်ထိုးပေးပါတဲ့။ ကျွန်တော်သူကို တစ်ချက်ကြည့်လိုက်တယ်။ သူ့မျက်နှာမှာ လွမ်းဆွေး ကြေကွဲမှု့တွေဖြစ်နေတာကို ကျွန်တော် အကဲခတ်မိတဟ်။ ဘာကြောင့် ကွာရှင်းချင်တာလဲ မေးတော့ ကျွန်တော့ကို သူ သည်းမခံနိုင်တော့ဘူးတဲ့။ကျွန်တော် အပြင်မှာ ရှုတ်တယ်။ သူ့ကိုကျတော့ လူရာမသွင်းဘူး။ အဲ့ဒီအတွက် လက်မှတ်ထိုးခိုင်းခဲ့တယ်။ ကျွန်တော် သူကို ချစ်နေမိပြီလေ ။မနာလိုသူ ပတ်ဝန်းကျင်ရဲ့ သွေးထိုးမှု့ကြောင့်  ကျွန်တော်မဟုတ်တဲ့ ကိစ္စတွေပါ သူစွတ်ဆွဲတယ်။ ကျွန်တော် သူ့ကို မဟူတ်ပါဘူးလို့အကြိမ်ကြိမ်ရှင်းပြခဲ့တယ်။ ဒါပေမယ့် သူနားမလည်ဘူး။ တကယ်လို ကျွန်တော်သာ သူ့ကို အခုစိတ်ထဲမှာ ရှိမနေရင် ဒီကိစ္စတွေကို ရှင်းပြနေစရာတောင် မလိုပါဘူး။ ဒါကိုသူက ငိုပြီး မဟုတ်တာတွေပါ ထည့်ပြောလာတော့ ကျွန်တော် ဒေါသဖြစ်မိပြီ။
     ဟုတ်တယ်ဟာ ငါရှုတ်တယ်ဟာ
     ရှင်တော်တော် သစ္စာမရှိတဲ့သူ မိန်းမတစ်ယောက်ကို ယူထားပြီး ရှိတယ်လို့တောင် မထင်ဘူး။ ရှင်အခုထွက်သွား ကျမရှင့်က အခုချက်ချင်း ထွက်သွား
အဲ့လိုပြောတော့ ကျွန်တော် အရမ်းစိတ်ဆိုးတယ်။ ကျွန်တော် မလုပ်တဲ့ ကိစ္စတစ်ခု အတင်းစွတ်စွဲတော့
      အေး ရတယ် ငါလဲ မင်းနဲ့မနေချင်တာနဲ့အတော်ပဲ ငါဆင်းမယ် မင်းဆီကို ငါတစ်သက်လုံး ဘယ်တော့မှ ပြန်မလာဘူး
      သွား သွား ဘယ်တော့မှ ပြန်မလာနဲ့ သစ္စာမရှိတဲ့ယောက်ျား သွား အခုဆင်းသွား ကျမ ဆီကို နောက် ဘယ်တော့မှ ပြန်မလာနဲ့
      စိတ်ချ ငါ ဘယ်တော့မှ ပြန်မလာဘူး
ကျွန်တော် စိတ်ဆိုးပြီး ဆိုက်ကယ်ကို လီဘာ အကုန်တင် ဒေါသဖြစ်ပြီး မောင်းထွက်သွားခဲ့တယ်။ ကျွန်တော် ထိုင်နေကြ မြို့ပြင်က ဘီယာဆိုင်မှာ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး ခေါ်လိုက်တယ်။ မကြာပါဘူး နာရီပိုင်းအတွင်းမှာပဲ သူရောက်လာတယ်။ ကျွန်တော့ ဖြစ်ပျက်ခဲ့သမျှ အားလုံး သူ့ကို ရင်ဖွင့်လိုက်တော့တယ်။ သူငယ်ချင်းက ပြောပါတယ်။ ကျွန်တော် သံယော်ဇဉ်ဖြစ်ပြီး တကဟ်ချစ်မိနေတာကို ဖွင့်ပြောပြခိုင်းတယ်။ကျွန်တော့အပေါ်မှာ ကျွန်တော့မိန်းမ ဘယ်လောက်ထိ သည်းခံခွင့်လွတ်ပေးတယ် ဆိုတာ သူပြောပြမှ ကျွန်တော် သိလိုက်ရတယ်ဗျာ…။ဟုတ်ပြီ ဒါဆို ကျွန်တော် ပြန်တာနဲ့သူ့ကို ချစ်တဲ့အကြောင်းပြောပြပြီး သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို သူ့အတွက် ကျွန်တော် ဖန်တီးမယ်။ ဒီလိုတွေးလိုက်တော့ အခုန ဂရုဏာ ဒေါသတွေ ပျောက်သွားသလိုပါပဲ ။စိတ်ထဲပေါ့ပါးသွားတယ်။ သူငဟ်ချင်းနဲ့ တစ်နေ့လုံးအမူး အဲ့ဆိုင်လေးမှာ နှစ်ယောက်တည်း သောက်ခဲ့တယ်။ ည၈ နာရီလောက်မှ သူငယ်ချင်းပြန်သွားတယ်။ သူပြန်ပြီး ခဏမှာ ကျွန်တော်လဲ လက်ကျန်လေးဖြတ်ပြီး ဆိုင်ထဲက ထွက်လာခဲ့တယ်။ ကျွန်တော့ မိန်းမအခုဆို စိတ်နည်းနည်းပြေရောပေါ့ ။ကျွန်တော် သူ့ကို Messaging လေးပို့အရင်ပို့လိုက်တယ်
         မင်းကို ချစ်တယ်…
ကျွန်တော် မမျှော်လင့်ထားဘူး ။သူဘက်က reply ပြန်လာတယ်။
        နောက်နေတာလား…
မျက်စိကို ပွတ်ကြည့်လိုက်တယ်။ သူ့ဘက်က messaging မှဟုတ်ရဲ့လား။သိပ်သေချာတာပေါ့။သူပါ
       မနောက်ပါဘူး မင်းကို ကိုယ်တကယ်
       ချစ်မိနေတာပါ။
ထပ်ပို့လိုက်တယ်။ သူ့ဘက်လဲ ချက်ချင်းဆိုသလို စာပြန်လာခဲ့တယ်။
       တကယ်ပြောတာလား ကို ညီမ
       ဝမ်းသာလိုက်တာ…
       အစ်ကို အခု ဘယ်မှာလဲ
       အိမ်ပြန်လာခဲ့တော့လေ…
ကျွန်တော် ဆိုငိကယ်မောင်းနေရင်း သူ့ဆီက စာလေးတွေကို ဖတ်ပြီးပြုံးနေမိတယ်။ ဆိုင်ကယ်မောင်းနေတာကြောင့် စာပြန်ပို့မရသေးဘူး။ စာပြန်ပို့ချင်တာကြောင့် ကျွန်တော် အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ဆိုင်ကယ်ကို ထိုးရပ်ပစ်လိုက်တယ်။ နာရီကြည့်လိုက် ၉ နာရီကျော်နေပြီ။ ကျွန်တော် ဒီနေ့အိမ်ပြန်လာတာ အစောဆုံးပါပဲ။ သူ့ဆီ စာပြန်မယ်။Messaging မှာ စာရေးနေခဲ့တယ်။ကျွန်တော် ပို့ခါနီ အချိန် အနောက်ကနေ ကြီးမားတဲ့အရာတစ်ခုက ပြေးစောင့်လိုက်တယ်။ ဆိုင်ကယ်ရော လူရော ချိုင့်ထဲထိုးကျသွားခဲ့တယ်။နာကျင်လိုက်တာ ။မြေပြင်ပေါ် မလဲခင်မှာ ကျွန်တော် အခုရေးထားတဲ့ Messaging လေး သူ့ဆီရောက်အောင် ပို့ချင်တယ်။ အိုး…အိမ်ကို အမြန်ပြေးပြီး သူ့ကို ဖတ်ထားလိုက်တာပဲ ကောင်းပါတယ်။ကျွန်တော်အိမ်ကို အမြန်ပြေးလာခဲ့တယ်။ ခြံရှေ့မှာ ကျွန်တော့ကို တွေ့လိုက်တာကြောင့် အိမ်အကူ ကောင်မဆင်းလာခဲ့တယ်။ တံခါးဖွင့်ပြီး ဟိုကြည့်ဒီကြည့်လုပ်ပြီး အထဲ ပြန်ဝင်သွားတယ်။ ကျွန်တော့ကို ဂရုမစိုက်တဲ့အထာနဲ့။ ထားလိုက်ပါလေ။ ကျွန်တော့ မိန်းမ ကျွန်တော့ကို မျှော်နေတဲ့ ခြံထဲက ဒါန်းလေးဆီ ကျွန်တော်သွားတယ်။ အနောက်က ပတ်ဝင်လာတာကြောင့် သူ့ကျွန်တော့ကို မတွေ့နိုင်ဘူး။  ဒါန်းအပေါ်က သူ့ကို ကျွန်တော် အနောက်ကနေ သိုင်းဖတ်လိုက်တယ်။ အရှေ့ကို ကျွန်တော် ထိုးကျသွားတယ်။ငါဘာဖြစ်တာလဲ…။ကျွန်တော့သူ့ကို စကားပြောလိုက်တယ်
    ကိုယ်ဒီမှာလေ…
သူ အနံ့တစ်ခုကို ရှုရှိုက်လိုက်သလို လုပ်ပြီး အိမ်ထဲကို ဝင်သွားတယ်။ ပြီးတော့ ကျွန်တော့ ဖုန်းကိုလဲ သူခေါ်နေတယ်။ အကြိမ်ပေါင်းများစွာ သူဖုန်းခေါ်မရတာကြောင့် ကျွန်တော ပို့ထားတဲ့Messaging လေးကို ပြန်ကြည့်ပြီး သူငိုနေတာ တွေ့လိုက်ရတယ်။ ကျွန်တော် ဘာဖြစ်တာလဲ သူ့အနားကနေ အိမ်ပေါ်တတ်ကို ပြေးတတ်လိုက်တယ်။သူက တွေ့သလိုလိုနဲ့ ကျွန်တော်တတ်သွားတဲ့လှေကားကို တစ်ချက်ကြည့်ပြီး အပေါက်ဝလေးမှာ ကျွန်တော့ကို ပြန်မျှော်နေတယ်။ လုပ်ပါဦး အိမ်အဖော်ကောင်မလေးကိုလဲ ကျွန်တော်စကားတွေ ပြောတယ် ။ဒါပေမယ် သူကအရင်လို မဟုတ်ဘူး။ ကျွန်တော်ပြောတာတွေ သူမကြားဘူး။ သူလုပ်သူ လုပ်နေတယ်။ ၁၀နာရီထိုးတော့ ကျွန်တော့ ခြံရှေ့ကနေ လူတစ်စုက ကျွန်တော် မြို့အဝင်မှာ ကုန်ကားနဲ့တိုက်မိလို့ပွဲခြင်းပြီး သေပြီးတဲ့။ဟာ…ငါသေပြီ။ ဟုတ်ပါ့မလား။ ငါမသေသေးပါဘူး။သူ့ကို ငါအရမ်းချစ်ပါတယ်ဆိုတဲ့ စကားလေး ပြောချင်သေးတယ်။ ကိုယ်ဒီမှာလေ။ ကိုယ့်ခေါ်နေတာ ကြည့်ပါဦး။ ငါအပြင်မှာ မရှုတ်တော့ပါဘူး။ မင်းကိုငါ ပျော်ရွှင်စရာ မိသားစုဘဝလေး ဖန်တီးပေးမှာပါ။ ငါ့ကိုစိတ်မဆိုးပါနဲ့။ငါ မင်းကို တကယ်ချစ်မိသွားတာပါ။
သူမကြားနိုင်တော့ဘူး။ အခင်းဖြစ်တဲ့နေရာကို မိဘတွေနဲ့သူလိုက်လာခဲ့ပါတယ်။ ကျနော်လဲ သူ့အနားမှာ ရှိနေခဲ့တယ်။ ကျွန်တော် အရမ်းဝမ်းနည်းတာပဲဗျာ…
နောက် အခင်းဖြစ်တဲ့ လမ်းဘေးမှာ ကျနေတဲ့ ကျွန်တော့ဖုန်းကို သူယူကြည့်လိုက်တော့ မပို့ဖြစ်လိုက်ရတဲ့ Messaging လေးကို သူဖတ်နေပြီး မူးမေ့သွားတဲ့အထိပါ
      မိန်းမ ကိုယ်ပြန်လာပြီနော်
      ကိုယ်တို့ထမင်းတူတူ စားမယ်
     မင်းကို အရမ်း ချစ်တယ်…
*****************************
စာရေးသူ-ထီးကလေး
(ဇာတ်လမ်းဖွဲ့ရေးသားရန် ခွင့်ပြုသော တစ်ယောက်သော သူအား ကျေးဇူးတင်နေလျက်ပါ။)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages