ူတစ္ဆေဇာတ်လမ်းအရှည် ကြိုက်သူများ အတွက် သီးသန့်ရေးသားထားသော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
ကဝေဘုရင် ယမမင်းရှင်✔
(၃)
စာရေးသူ -ထီးကလေး🌂
ကိုအုန်းကျော်နှင့် မမယ်ကြည်တို့ကား ကဝေဆရာ၏ ယုတ်မာကောက်ကျစ်မှု့ဖြင့် မိမိတို့သားလေးအား ရှင်မပြုပေးနိုင်ခဲ့ဘဲ ရွာပြင်တွင် သေဆုံးသွားခဲ့ရသည်။မည်သည့်အတွက်ကြောင့် ရက်စက်စွာ တိုက်မြွေဖြင့် တိုက်သနည်းဟု မည်သူမှ မသိခဲ့ချေ။ကဝေဘုရင်၏ လက်ချက်ကြောင့် သေဆုံးရသည်ဟု မည်သူမှ ဖွင့်မပြောရဲ တိုးတိတ်စွာ နေခဲ့ကြသည်။ဆယ်နှစ်သားအရွယ်ဖိုးချစ်လေးမှာတော့ အားကိုရာမဲ့လျက် စာရင်းငှား ကြွက်နီး၏ အိမ်၌ ခေါ်ထားသော်လည်း ဖိုးချစ်လေးမှာ မပျော်ရွှင်ပဲ မိမိ၏ရွာပြင်တဲလေးမှာသာ မိမိတစ်ယောက်တည်း မြင်တွေ့နိုင်သော ယောင်တုံးလေးနှင့် အတူနေခဲ့သည်။သူကား မွေးသည့်အချိန်မှစလျက်ငိုယိုခြင်းမရှိ အကြောက်အလန့်မရှိ ပြုံးပျော်ရွှင်စွာနေတတ်သည်မှာ ယခု ၁၀သားအရွယ်ထိပါပဲ။ တစ်ရွာလုံးကား ဖိုးချစ်လေးကို ရွာထဲသို့ မဝင်ခိုင်းပဲ ရွာနာသည်ဟုဆိုခါ ဥပေက္ခာပြုထားကြသည်။ ကိုအုန်းကျော်၏ စာရင်းငှားကြွက်နီမှာတော့ ဖိုးချစ်လေးအား နေ့စဉ်နှင့်အမျှ မိမိသားရင်းသဖွယ် စောင့်ရှောက်ပေးလျက့်ရှိသည်။ဖိုးချစ် ဆယ့်ငါးနှစ်သားအရွယ်မှာပဲ စာရင်းငှားကြွက်နီ ကွဟ်လွန်သွားတော့ သူ့အား ယောင်တုံးခြံစောင့်လေးက အစ်ကိုရင်းသဖွဟ် စောင့်ရှောက်ပေးခဲ့သည်။ မည်သူမှ မမြင်တွေ့နိုင်သည့် ယောင်တုံးလေးအား လူစင်စစ်ထင်ကာ အစ်ကိုဟု ထင်မှတ်နေခဲ့သည်မှာ ယခု ၁၈နှစ်သားအရွယ်ထိပါပဲ။၁၈နှစ်သား အရွယ်ရောက်လာသည့် ဖိုးချစ်လေးကား ယောက်ျားပီသလှသည်။ကိုယ်ခန္ဓာဖွံ့ဖြိုးလျက် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဟုဆိုရလောက်အောင် ယောက်ျားပီသစွာ ကြည့်ကောင်းလှခဲ့သည်။ ဖခင်ဖြစ်သူ ကိုအုန်းကျော် ရရှိခဲ့သည့် သေတ္တာလေးအား လူပျိုပေါက်အရွယ်ဖြစ်လာသည့် ဖိုးချစ်ကား ဆက်လက်ထိန်းသိမ်းထားလျက် နေ့စဉ်နှင့်အမျှ ဖခင်၏ဆန္ဒအတိုင်း ဖွင့်ကြည့်ခဲ့သော်လည်း သေတ္တာလေးမှာ ပွင့်မလာခဲ့ချေ။မိမိနေထိုင်ရာ ရွာပြင်တဲရှိရာသို့ညစဉ် မိန်းမချောလေးများ သဏ္ဍန်ဖြင့် ခွေးနက်ကြီးများက ရောက်လာကာ ခြံဝိုင်းအတွင်းသို့ဝင်ရန်ကြိုးစားလျက်ရှိသည်။ထိုအကြောင်းများအား သူမသိခဲ့ ခြံစောင့်ယောင်တုန်းလေးကသာ ပုံစံအမျိုးမျိုးဖြင့် ထိုကဝေခွေးနက်မများကို ခြံအတွင်းသို့မဝင်ရောက်နိုင်ရန် ခြောက်လန့်ခါ တိုက်ခိုက်လေ့ရှိသည်။စဉ်းစားတတ်လာသည့် ဖိုးချစ်ကား အစ်ကိုဖြစ်သူ ယောင်တုန်းအား အများနှင့်မတူ တစ်မူထူးခြားနေခဲ့သည်ကို ရိပ်စားမိလာခဲ့သည်။ဆံပင်ပုံစံ ယောင်တုန်းမှအစ စားသောက်ခြင်းမရှိ အိပ်စက်ခြင်းမရှိ နှလုံးတုန် ရင်ခုန်အကြောက်လန့်ခြင်းမရှိ တည်ကြည်ခိုင်မြဲစွာနေတတ်ပြီး သူအတွက်ဆိုလျင် မိမိအသတ်ပါ စွန့်လွတ်ပေးမည့် ပုံစံအား ဖိုးချစ်တစ်ယောက် သိရှိခဲ့သည်။တစ်နေ့အစ်ကိုဖြစ်သူ ယောင်တုန်းအား အနားသို့ခေါ်လျက် ဖခင်ရရှိခဲ့သော သေတ္တာလေးကို ကိုင်ခါ
`အစ်ကိုကြီး…ဒီသေတ္တာကို ကျုပ် ဟိုးငယ်ငယ်ကလေးဘဝတည်းက ဖွင့်နေတာ အခုထိ မဖွင့်နိုင်ဘူး အစ်ကိုကြီးဖွင့်ကြည့်ပါလား…´
`ဟာ…မင်းဖာသာမင်းဖွင့်ပါ ငါလဲဖွင့်နိုင်မှာ မဟုတ်လောက်ပါဘူး ဖွင့်ဖို့မပြောနဲ့ အဲ့ပစ္စည်းကို မျက်လုံးနဲ့သေချာစိုက်ကြည့်မိရင်တောင် ငါ့မျက်လုံးတွေ ပူလာတယ် မဖွင့်ပါရစေနဲ့ညီလေးရာ…´
မည်သည့်အစွမ်းများ ရှိနေမည်မသိသော ကိုအုန်ကျော်၏သေတ္တာလေးအား ယောင်တုန်းလေး စိုက်ကြည့်လိုက်ရုံနှင့် သူ၏မျက်စိထဲတွင် တောက်ပသော အလင်းများဖျာထွက်လျက် ကြိမ်းစပ်နေလောက်အောင် ခံစားသွားရသည်။သို့ပေမယ့် ကလေးတစ်ယောက်လို့ ပူဆာနေသော ဖိုးချစ်၏ သေတ္တာဖွင့်ခိုင်းသော အပြောတို့ကြောင့် ညီဖြစ်သူအား စိတ်ချမ်းသာစေချင်သော ရည်ရွယ်ချက်ဖြင့် ထိုသေတ္တာလေးအား ဖွင့်ရန် ကိုင်လိုက်စဉ်မှာပဲ
`အား!…………´
နာကျည်သောအသံတို့နှင့်အတူ ခြံပြင်သို့လွှင့်စင်သွားတော့သည်။
`ဟာ…အစ်ကိုကြီး ဘယ်လိုဖြစ်တာလဲ´
ခြံပြင်တွင် လွှင့်စင်သွားသော အစ်ကိုဖြစ်သူ ယောင်တုန်းအား ပွေ့ချီလျက် အိမ်ထဲသို့ပြန်လည်ခေါ်ဆောင်လာပြီး
`ဘယ်လိုဖြစ်ရတာလဲ ´
`ဒီသေတ္တာက ငါဖွင့်ဖို့မပြောနဲ့ကိုင်လိုက်တာတောင် အဝေးကို လွင့်ထွက်သွားတယ် ဒီသေတ္တာက သာမာန်သေတ္တာ မဟုတ်ဘူး´
ရွာပြင်သို့ရောက်လာတတ်သော ရွာသူရွာသားများက ဖိုးချစ်တဲထဲသို့လှမ်းကြည့်မိလျင် သူ့အား အရူးတစ်ယောက်ပါဟု ထင်ရသောလည်း မိမိအမြင်မှာကား အစ်ကိုဖြစ်သူနှင့် နှစ်ယောက် နေထိုင်ခြင်းပင် ဖြစ်သည်။သေတ္တာလေးအား ကိုင်မိသည့်နေမှ စပြီး ယောင်တုန်းလေးဟာ မိမိစွမ်းအင်များ လျော့နည်းသွားသကဲ့သို့ခံစားနေရပြီး နေ့စဉ်နှင့်အမျှ ခြံထောင်၌သာတည်ငြိမ်စွာ တရားထိုင်နေသည်ကို ဖိုးချစ်တစ်ယောက် တွေ့ရသည်။ထိုရွာဘက်သို့မည်သည့်နယ်ကမှန်းမသိသည့် မိန်းကလေးယောက် သတိမေ့မျောလျက် ရေစီးဖြင့် ထိုရွာချောင်းနံဘေးသို့ ရောက်ရှိလာခဲ့သည်။ထိုမိန်းကလေးအားရေထဲမှကယ်တင်လျက် ကဝေဘုရင်မှ ခေါ်ကာ မွေးစားထားခဲ့သည်။ထိုရွာချောင်းနံဘေးတွင် ရေစီးဖြင့် မျှောပါလာခဲ့သော မိန်းကလေးကား ခေါင်းတွင် ဒဏ်ရာရထားပြီ အတိတ်အကြောင်းအားလုံး မေ့မျှောနေလျက်ရှိသည်။ထိုတစ်ရွာလုံးက အားကိုအားထားပြုနေသော ကဝေဘုရင် ဦးမျိုးမြင့်ကသာ ထိုမိန်းကလေးကို ကောက်ယူမွေးစားထားခဲ့သည်။မိန်းကလေး၏အသက်ကား ၂၀ကျော်မျှရှိလျက် ရုပ်ရည်ရူကာ ချောမော ပြေပြစ်လျက်ရှိသည်။ဦးမျိုးမြင့် မွေးစားထားသည့် ရည်ွရွယ်ချက်ကား တစ်ချိန်၌ ထိုမိန်းကလေးအား ကဝေအစွမ်းများ သွင်းလျက် မကောင်းမှု့မျိုးစုံအား စေခိုင်းမည်ဟု ရည်ရွယ်ချက်ဖြင့်သာ မွေးထားခြင်းဖြစ်သည်။မိန်းကလေးက အတိတ်အကြောင်း အားလုံးမေ့မျှောနေလျက် ကဝေဘုရင် ဦးမျိုးမြင့်ကိုသာ ဖခင်အရင်းသဖွယ် ထင်မြင်နေလျက်ရှိသည်။ဖြူဝင်းနေသော အသားရည်တို့ကို ပိုင်ဆိုင်ထားပြီ သာမာန်တောရပ်မှ မဟုတ် မြို့သူတစ်ယောက်သာ ဖြစ်မည်ဟု ယူထားလျက် ဦးမျိုးမြင့်ကလည်း ရည်ရွယ်ချက်ရှိရှိ သမီးအရင်းသဖွယ် စောင့်လျောက်စေခဲ့သည်။တစ်နေ့ထိုမိန်းကလေးအား ဖိုးချစ်နေထိုင်ရာ ရွာပြင်တဲဆီသို့စေလွတ်လျက် လူသူများနှင့် ကင်းဝေးနေသော ဖိုးချစ်က မိန်းကလေးအား မြင်သည်နှင့်
`ဘယ်သူလဲ ဘာလာလုပ်တာလဲ´
ဖိုးချစ်၏ မေးခွန်းတို့ကား ဘူစပ်စပ်ဖြင့် မိန်းကလေးက သူ့အားပြုံးပြုံးပြလိုက်တော့ ဖိုးချစ်၏ မျက်နှာတွင်လည်း အပြုံးပန်းများ စတင်ဖြစ်ပေါ်လာချေတော့သည်။
`ဖိုးချစ်ဆိုတာ ရှင်လား…´
`ဟုတ်တယ်…ဘာကိစ္စလဲ´
`ဘာကိစ္စမှ မရှိပါဘူး အလည်လာတာ´
`မင်းက…ငါ့ဆီကိုအလည်တာ ဟုတ်လား…ဟားဟား ငါကအရူးလေ မင်းက ငါ့ကို လူရာသွင်းလို့လား…´
`ရှင်က မရူးဘူးလို့ကျွန်မအဖေက ပြောတယ်…´
`မင်းအဖေက ဘယ်သူလည်း…ဘယ်ရွာကလည်း…´
`ကျွန်မအဖေက ဟိုဘက်ရွာက ကဝေဘုရင်ဦးမျိုးမြင့် ´
မိန်းကလေး၏ စကားကိုကြားတော့ အစ်ကိုဖြစ်သူယောင်တုန်းမှာ မည်သည့်စကားမှ ဝင်မပြောနိုင်ပဲ ဒေါသများ ပေါက်ကွဲလျက် ညီဖြစ်သူဖိုးချစ်အား မည်သူမှ မကြားနိုင်သည့် ခေါ်သံဖြင့် ခြံထဲမှ အော်ခေါ်လိုက်ရာ
`လာပြီ…အစ်ကိုကြီးရေ…ဘာဖြစ်လို့တုန်း´ဟုဆိုကာ ခြံထဲသို့လျင်မြန်စွာ ပြေးဆင်းသွားခဲ့ပြီး မိန်းကလေးက ဖိုးချစ်အား ကြောင်တောင်တောင်ကြည့်နေလျက် ပြုံးနေမိတော့သည်။ဦးမျိုးမြင့်ကား ထိုမိန်းကလေးနှင့် ဖိုးချစ်အား နီးစပ်အောင်ဖန်းတီးလျက် ကိုအုန်းကျော်ရရှိခဲ့သော သေတ္တာလေးအား ယူခိုင်းလိုက်ခြင်းဖြစ်သည်။ထိုအကြောင်းများကို သိရှိနေခဲ့သော အစ်ကိုဖြစ်သူ ယောင်တုန်းလေးက မနီးစပ်စေချင်သဖြင့် ညီဖြစ်သူအား
`ညီလေး အဲ့ဒီမိန်းကလေးကို မယုံမိစေနဲ့နော် …အစ်ကိုတို့မိဘနှစ်ပါးက စိတ်ကောင်းရှိလွန်းတယ် တစ်ပါးသူကိုလည်း သူတို့လိုစိတ်မျိုးပဲ ထင်ခဲ့မိလို့သေခဲ့ရတာ …အဲ့တုန်းက ငါ့ညီလေးက ငယ်ငယ်လေးပဲရှိသေးတော့ ဘယ်သိနိုင်ပါ့မလဲ…´
`စိတ်ချပါ အစ်ကိုကြီး ကျုပ် အဲ့ဒီမိန်းကလေးကို မယုံပါဘူး…အစ်ကိုကြီး ကျုပ်ကို အားရင် အဖေ အမေကိုလုပ်ကြံခဲ့တဲ့သူအကြောင်း ပြောပြပါလား…´
`အချိန်တန်ရင် အစ်ကိုကြီး ငါ့ညီလေးကို ပြောပြမှာပါ …ကဲ အခုသွားလိုက်ဦး အပေါ်မှာ မိန်းကလေးတစ်ယောက်တည်း ညီးလေး ဂရုစိုက်နော်…´
`အစ်ကိုကြီးလဲ လာလေ တစ်ခါတည်း သူနဲ့စကားပြောကြည့်တာပေါ့…´
`ဟေး!…အမ်!…အော် …သွားပါ ညီလေးပဲသွား အစ်ကို ခြံထဲမှာ လုပ်စရာလေးတွေ ရှိသေးတယ်…´
မိမိအား မည်သူမှ မမြင်နိုင်သည်ကို သိသောကြောင့် ယောင်တုန်းလေးမှာ မမြင်ကွယ်ရာနေရာမှသာ ညီဖြစ်သူအား အရိပ်တစ်ကြည့်ကြည့် စောင့်ရှောက်ပေးနေခဲ့သည်။အတိတ်မေ့နေသော မိန်းကလေးက ဖခင်ဖြစ်သူ ဦးမျိုးမြင့် စေခိုင်းလိုက်သည့်အတိုင်း ဖိုးချစ်အား မာယာအမျိုးမျိုးဖြင့် လှည့်စားပြောဆိုနေခဲ့ပြီးနောက် ထိုမိန်းကလေးက မိမိပြန်တော့မည် ဖြစ်ကြောင်း ဖိုးချစ်အား နှုတ်ဆတ်ပြောဆိုလျက် ထွက်ခွာသွားတော့သည်။မိန်းကလေးတစ်ခွာသွားသည့် အနောက်မှ ဖိုးချစ်ကား အဆက်မပျက်ကြည်နေလျက် မိန်းကလေးအား စွဲလမ်းသွားမိပုံရသည်ကို အစ်ကိုဖြစ်သူ ယောင်တုန်းလေးက ရိပ်စားမိခဲ့ချေပြီ။
ထိုမိန်းကလေး ရွာထဲသို့ဝင်မည့်လမ်းမှာပဲ လူတစ်ယောက်က မိန်းကလေးအား ရင်းရင်းနှီးနှီးနှုတ်ဆတ်လိုက်လေသည်။ထိုသူအား သူမကြောင်တောင်တောင် ကြည့်နေလျက် မည်သည့်စကားမှ ပြန်မပြောနိုင်ချေ။ထိုသူ၏ ပြောဆိုပုံများက မိန်းကလေးနှင့် မောင်နှမအရင်းသဖွယ် ရင်းနှီးနေသောဟန်။သို့ပေမယ့် မိန်းကလေးမှာတော့ ထိုသူအား မမှတ်မိ ကြောင်တောင်တောင်သာ ဖြစ်နေတော့သည်။ထိုနောက် မိန်းကလေးက ထိုသူအား မည်သည့်စကားမှ ပြန်မပြောတော့ပဲ ရှေ့မှ ထွက်သွားခဲ့သည်။မိနိးကလေး အနောက်သို့ဆက်မလိုက်တော့ပဲ ရွာသားတစ်ယောက်ကိုတွေ့သည်နှင့် သူမေးလိုက်ရာ
`အဲ့ဒါ ကဝေဘုရင်ရဲ့ သမီးဗျ…သွားမလုပ်နဲ့ နောင်ကြီးရေ ကဝေဘုရင်ဆို ရွာတိုင်းလိုလိုက ကြောက်နေရတာ အဲ့ဒါသူ့သမီး နောင်ကြီးနဲ့သိလို့လား´
`သိတော့ မသိပါဘူး ကျုပ်အသိတစ်ယောက်နဲ့တော်တော်လေး တူလို့မေးကြည့်တာ´
ကဝေဘုရင်၏ သမီဖြစ်ကြောင်းကို ရွာသားတစ်ဦးဆီမှ ထိုသူသိလိုက်ရပြီးနောက် ခေါင်းကုတ်လျက် အတွေးများစွာဖြင့် ထွက်သွားတော့သည်။
✏✏✏✏✏✏✏✏✏✏✏✏
(တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် နှစ် ၁၀၀ ကျိန်စာသင့် အိမ်ကြီး နှင့်အတူ တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် တစ္ဆေတို့၏စာမျက်နှာ)မှ စုန်းမ ခင်မမ၏လက်ချက်ဖြင့် အားလုံးက သေပြီဟု ထင်ထားသော ကိုအောင်ကို တစ်ယောက်ကား ထီးကလေးအိမ်သို့စိုက်မြိုက်စွာရောက်လာတော့သည်။
အလွန်ပင်ဝမ်းသားလျက် ဝဲမတတ် မျက်ရည်များဖြင့် အစ်ကိုအောင်အား မိမိအိမ်ထဲသို့ခေါ်လာခဲ့သည်။ ဧည့်ခန်း၌ထိုင်စေပြီ မိဘနှစ်ပါးအား ဝမ်းသာအားရ လှမ်းခေါ်အသံပေးလိုက်တော့သည်။
`ကိုအောင်ရယ် ကျွန်တော်တို့အားလုံးက အစ်ကိုအောင့်ကို ခင်မမလက်ချက်ကြောင့် သေပြီ ထင်နေခဲ့တာ အခုလို ပြန်တွေ့ရတာ ကျွန်တော်တင်မကဘူး တန်ခိုးတို့သိရင်လည်း သိပ်ကို ဝမ်းသာကြမှာ´
`ကျုပ်လည်း ကိုယ့်ကိုကိုယ် သေပြီထင်ခဲ့တာ ခင်မမက သိပ်အစွမ်းထက်တယ် ကျုပ်သူ့ကို ဘယ်လိုမှ မယဉ်နိုင်ခဲ့ဘူး ကျုပ်ပညာတွေ သူ့ဆီမှာ ဆုံးရှုံးခဲ့ရတယ် အခု ကျုပ်မှာ ပညာတွေ မရှိတော့ဘူး ဆရာကြီးကို သေသလား ရှင်သလားမသိ ဘယ်မှာမှ ရှာမတွေ့ခဲ့တာ အခုဆို ၈နှစ်နီးပါးရှိနေပြီ…´
`လူဘာမှ မဖြစ်တာဘဲ ကျွန်တော်တို့ဝမ်းသာလှပါပြီဗျာ…´
ထီးကလေး၏ အောက်ထပ်မှ အသံပေးအော်ခေါ်သံကြောင့် အပေါ်ထပ်မှ မိဘနှစ်ပါး ဆင်းလာပြီး
`ဟေး…သား…ဘာပြောစရာရှိလို့လဲ…´
`အော်…ဖေဖေ…ဒါ သားတို့အမြဲပြောနေတဲ့ အစ်ကိုအောင်ကို ဆိုတာလေ သူပဲ ဖေဖေ…´
`ဟေး…ဒါဆို မောင်အောင်ကို ယောနယ်က ခင်မမလက်ချက်နဲ့ မသေခဲ့ဘူးပေါ့ အေးကွယ် မောင်ရင့်အကြောင်းကို သားခဏခဏပြောလို့ နာမည်ကိုတော့ ရင်းနှီးနေပြီသား လူကိုတော့ အခုမှပဲ မြင်ဘူးတော့တယ်…´
`ဟုတ်တယ် ဦးကြီး ခင်မမနဲ့ကျုပ် ရွာပြင် သင်္ချိုင်းမှာ ပညာပြိုင်ခဲ့တယ် မတတ်တခေါက် ကျုပ်ပညာလေးကို ခင်မမအလွယ်တကူ အနိုင်ရခဲ့တယ် ကျုပ်ပညာတွေလဲ သူ့ဆီ အပ်လိုက်ရတယ် ရူးကြောင်ကြောင်ဖြစ်ပြီး ယောနယ်ကနေ ကျုပ် ဘယ်နေရာတွေ ရောက်သွားမှန်း မသိခဲ့ဘူး ကျုပ်လူကောင်းအတိုင်း ပြန်သတိလည်လာတော့ နှစ်တွေတောင် တော်တော်ကြာသွားခဲ့ပြီ …´
`အေးကွယ်…သားတို့သူငယ်ချင်းတွေကို မောင်ရင် အကြိမ်ပေါင်းများစွာ သေတွင်းကနေ ကယ်ခဲ့တာ ဦးလေး ကျေးဇူးတင်ပါတယ်…´
`ရပါတယ် ဦးကြီးရာ…ကျုပ်က တစ်ကောင်ကြွက်ပါ သံယော်ဇဉ်ဖြစ်စရာဆိုတော့ ဒီက ကိုထီးလေးတို့သူငယ်ချင်း အဖွဲ့ကိုပဲ ခင်မင်နေမိတာ…´
`အေးအေး မောင်ရင် ရောက်တုန်းရောက်ခိုက် ဦးတို့ဆီမှာ ပျော်သလောက်နေပေါ့…´
ကိုအောင် ထီးကလေးအိမ်သို့အမှတ်မထင် ရောက်ရှိလာခြင်းကို သူငယ်ချင်းဖြစ်သူများအား အကြောင်းကြားလိုက်ပြီး မကြာခင်မှာပဲ ငါးကလေးနှင့် အတူ တန်ခိုး လမ်းကလေးတို့ရောက်ရှိလာခါ ဝမ်းသာစွာဖြင့် အစ်ကိုအောင်အား ပြေးဖတ်လိုက်မိတော့သည်။အစ်ကိုအောင်ကား( တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် နှစ် ၁၀၀ ကျိန်စာသင့် အိမ်ကြီး နှင့်အတူ တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့် တစ္ဆေတို့၏စာမျက်နှာ)တို့တွင် သူတို့အား သေဘေးအမျိုးမျိုးမှ အသက်စွန့်ကာကွယ်ခဲ့သူ တစ်ဦးဖြစ်သည်။ ယခုလို ထီးကလေးနေအိမ်သို့စိုက်မြိုက်စွာ ရောက်ရှိလာလိမ့်မည်ဟု သူတို့မတွေးမိခဲ့ချေ။ အစ်ကိုအောင် ခင်မမ လက်ချက်ဖြင့် မသေခဲ့ကြောင်းအား သူကိုယ်တိုင်ရှင်းပြပြောဆိုနေလျက်
`အရမ်းဝမ်းသာရပါတယ် အစ်ကိုအောင်ရယ် ကျွန်တော်တို့တကယ့်ကို ဝမ်းနည်း ဝမ်းသာဖြစ်မိပါတယ်…´
`ကျုပ်လဲ ခင်ဗျားတို့သူငယ်ချင်းတွေကို အချိန်ပြည့် သတိရနေခဲ့တာပါ…အော်…ဒါနဲ့အစ်မမျှားလေးရော မတွေ့ပါလား နေရော ကောင်းရဲ့လား…´
သေသွားခဲ့ပြီ ဖြစ်တဲ့သူငယ်ချင်း မျှားလေးအား ကိုအောင်မေးလိုက်တော့ အားလုံးရဲ့မျက်နှာများဟာ ပြုံးပျော်ရွှင်နေရာမှ ငြိုးငယ်သွားကြပြီး
`ကျွန်တော်တို့သူငယ်ချင်း မျှားကလေးက သေသွားပြီ အစ်ကိုအောင်´
`ဘာ!…ဟုတ်…ဟုတ်လို့လား…ဟာဗျာ မဖြစ်နိုင်ပါဘူး…လုံးဝမဖြစ်နိုင်ဘူး မျှားကလေး လုံးဝမသေဘူး…´
`ဟုတ်တယ် အစ်ကိုအောင် သူ့မိဘတွေနဲ့စိတ်ဆိုးပြီး အိမ်ပေါ်ကနေ ဆင်းသွားခဲ့တယ်…ကျွန်တော်တို့လဲ သူ့ကို နေရာတိုင်းမှာ လိုက်ရှာခဲ့ပါတယ် သို့ပေမယ့် ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး´
`ဒါနဲ့ပဲ ခင်ဗျားတို့က သူ့ကို သေပြီလို့စာရင်းသွင်းလိုက်တာလား…´
`မဟုတ်ဘူး အစ်ကိုအောင်…မျှားကလေး သေသွားပြီဆိုတာကို ဘယ်သူ လာပြောပြော ကျွန်တော်တို့ယုံမှာ မဟုတ်ပါဘူး…ကျွန်တော်တို့လဲ မျှားကလေး တစ်ချိန်ချိန်ပြန်လာလိမ့်မယ်လို့ယုံယုံကြည်ကြည် စောင့်မျှော်နေခဲ့ကြတာ ဒါပေမယ့်…´
`ဒါပေမယ့်…ဘာဖြစ်လဲ´
`ဒါပေမယ့်…အခု ကျွန်တောတို့သူငယ်ချင်း မျှားကလေးက သေပြီးတော့ လူဝင်စားတောင် ဖြစ်နေပြီ…´
`ဘာ!…´
ဝမ်းနည်းစွာငိုလျက် ကိုအောင်အား ပြောပြလိုက်တော့သည်။သို့ပေမယ့် အစ်အောင်မှာတော့ မျှားကလေး သေပြီးလူဝင်စားဖြစ်နေသည်ကို မည်သို့မှ မယုံကြည်နိုင်ချေ။မျှားကလေး မသေဘူးဟုသာ ငြင်းဆန်နေလျက်ရှိသည်။သို့နှင့် လူဝင်စားနေသည့် ကလေးမလေးအား သွားရောက် ခေါ်ဆောင်လာပြီး အစ်ကိုအောင်နှင့် ပေးတွေ့လိုက်တော့သည်။အစ်ကိုအောင်အား မြင်လျှင် မြင်ချင်း ထိုကလေးမလေးမှာ ရင်းနှီးလေးစားသော ပုံစံဖြင့်
`အစ်…အစ်ကိုအောင်…´
ဟု အံ့သြကြီးစွာ ခေါ်လိုက်တော့သည်။ထိုအခါ အစ်ကိုအောင်မှာ ထိုကလေးမလေးနှင့် စကားပြောကြည့်ရာ မျှားကလေး ပုံစံနှင့် တစ်ထပ်တည်းသာ ဖြစ်နေတော့သည်။သို့ပေမယ့် သူကား မယုံနိုင်သေးချေ။တစ်ခုခုကို တွေးတောနေသောဟန်ဖြင့် မည်သူ့ကိုမှ စကားပြန်မပြောနိုင်ပဲ ငြိမ်သတ်စွာနေတော့သည်။
`ဒါနဲ့…အစ်ကိုအောင် ဘယ်လိုဖြစ်ပြီ ဒီကို ရောက်လာရတာလဲ ကျွန်တော့အိမ်ကိုရော ဘယ်လိုလုပ်သိလဲ…´
`ကျုပ်လာရင်း ကိစ္စက မျှားကလေးနဲ့ပတ်သတ်နေတယ်…´
`ဘဟ်လို…မျှားကလေးနဲ့ပတ်သတ်နေတယ် ဟုတ်လား…´
`ဟုတ်တယ်…တောရွာတစ်ခုမှာ မျှားကလေးနဲ့တစ်ပုံစံတည်းတူတဲ့ မိန်းကလေးတစ်ယောက်ကို ကျုပ်တွေ့ခဲ့တယ် ပြောရရင် အိုး…မျှားကလေးမှ မျှားကလေး အစစ်ပါ ဒါပေမယ့် သူကျုပ်ကို မမှတ်မိဘူး ကြောင်တောင်တောင်ဖြစ်နေတယ်´
`ဘယ်လို အစ်ကိုအောင် မျှားကလေးနဲ့တူတဲ့မိန်းကလေးတစ်ယောက် ဟုတ်လား…ဟာဗျာ ဟုတ်လို့လား လူတူတာများလား…´
`မဟုတ်ဘူးဗျ…လူတူတာတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ကျုပ်ခင်ဗျားတို့နဲ့အချိန်ကြာကြာ ရင်းရင်းနှီးနှီးနေခဲ့ဘူးတာပဲ ကျုပ်ကောင်းကောင်းသိတာပေါ့ မျှားကလေးမှ မျှားကလေး အစစ် အဲ့မိန်းကလေးကိုတွေ့တော့ မျှားကလေးထင်ပြီး ကျုပ်သွားနှုတ်ဆတ်တယ် ခင်ဗျားတိုသူငယ်ချင်းတွေ အဲ့ဒီရွာရောက်နေတယ် ထင်လို့ကျုပ်လည်း ဝမ်းသာမိတယ် ဒါပေမယ့် မိန်းကလေးက ကျုပ်ကို မသိဘူး မမှတ်မိဘူး ပြီးတော့ ခင်ဗျားတို့လေးယောက်လည်း အဲ့ဒီရွာမှာ မရှိဘူးဆိုတော့ ထူးဆန်းလို့ကိုထီးလေး ပေးခဲ့တဲ့အိမ်လိပ်စာတိုင်း ကျုပ်ရန်ကုန်ကို လာခဲ့တာပဲ ဒါပေမယ့် အခုလူဝင်စားနေတဲ့ကလေးမလေးကလည်း မျှားကလေးအတိုင်းပဲ မျှားကလေး ဝင်စားတာဆိုတော့ ကျုပ်ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး´
`ရုပ်ချင်းတူတာများလား အစ်ကိုအောင်´
`မဖြစ်နိုင်ဘူး အမွှာညီအစ်မတောင် အဲ့လောက်ထိ ရုပ်ချင်း မတူနိုင်ဘူး ပြီးတော့ ခင်ဗျားတို့သူငယ်ချင်းမှာ အမွှာညီအစ်မတွေများ ရှိတယ်ကြားဘူးလား´
`ဟင့်အင်း…တစ်ခါမှမကြားဖူးဘူး ကျုပ်နဲ့လမ်းကလေး မျှားကလေးက ဟိုးငယ်ငယ် ကလေးဘဝတည်းက အတူတူပေါင်းလာကြတဲ့ ငယ်သူချင်းတွေ သူအကြောင်းအားလုံး ကျွန်တော်တို့သိသလို ကျွန်တော်တို့အကြောင်းလဲ သူအားလုံးသိတယ် သူ့မိဘတွေလည်း တစ်ခါမှ မပြောဖူးဘူး…´
`ဘယ်ရွာမှာတွေ့ခဲ့တာလဲ ကိုအောင်´
`စောမြို့အစွန်က ရွာလေးတစ်ရွာပဲ အဲ့ဒီဘက်တွေက သိပ်ခေါင်တယ် ပညာသည်အရမ်းပေါတယ် ကျုပ်ကြားခဲ့တာ အဲ့ဒီရွာမှာ ကဝေဘုရင်ဆိုလား အဲ့ဆရာတစ်ယောက်ရှိတယ် မျှားကလေးနဲ့တူတဲ့မိန်းကလေးက အဲ့ဒီကဝေဘုရင်ရဲ့သမီးတဲ့…´
`ဘယ်လို…ကဝေ ဘုရင် ဟုတ်လား…´
`ဟုတ်တယ်…တစ်ချို့ရွာသားတွေက သူ့ကို ယမမင်းလို့တောင် ခေါ်တယ် ကဝေဆရာတစ်ယောက်ပေါ့…ကျုပ်လဲ ကျုပ်ဆရာကြီးနဲ့မတွေ့ဖြစ်တာ နှစ်တွေကြာနေခဲ့ပြီ ဆရာကြီကို လိုက်ရှာရင်း အဲ့ရွာကို ရောက်သွားခဲ့တာပဲ´
`ဒါဆို …ထီးလေး ငါတို့အဲ့ရွာကို သွာကြည့်ကြမလား မျှားကလေး ဟုတ်မဟုတ်သိရတာပေါ့…ဘယ်လိုလဲ´
`တကယ်လို့မျှားကလေး ဟုတ်ပါပြီပဲ ထားပါတော့ ဒီက မျှားကလေး ဝင်စားတဲ့ကလေးမလေးကရော ဘယ်လိုလဲ…အိုး…ရှုတ်ကုန်ပြီကွာ…ဘာပဲဖြစ်ဖြစ် ငါတို့သွာကြည့်ကြမယ်…´
`ဟုတ်တယ် သွားကြည့်လိုက်တာကောင်းတယ်´
`ငါတော့ ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး မျှားကလေး တကယ်မသေပါစေနဲ့ပဲ ဆုတောင်းရတော့မယ် …´
`ဟုတ်ပြီ…ဒါဆို ခင်ဗျားတို့ကို ကျုပ်လမ်းပြမယ် တစ်ခုတော့ရှိတယ် ဒီက မျှားကလေး ဝင်စားတဲ့ကလေးမလေးနဲ့ မမျှားလေးရဲ့မိဘတွေကိုရော ကျုပ်တို့အခုသွားမယ့်အကြောင်းကို အသိမပေးစေချင်ဘူး´
ကိုအောင်ကား တောရွာတစ်ရွာတွင် မျှားကလေးနှင့် ခွဲမရအောင် ရုပ်ချင်းစင်သည့် မိန်းကလေးတစ်ယောက်ကို တွေ့ရှိခဲ့ကြောင်း ပြောခဲ့သည်။မျှားကလေး၏ မိဘနှစ်ပါးက သူမတစ်ယောက်တည်းကိုသာ ရန်ကုန်မြို့လယ်ခေါင်၌ မွေးဖွားခဲ့ကြောင်း အမွှာညီမ မရှိကြောင်း သိခဲ့ရသည်။သို့ပေမယ့် လေးယောက်သား ယုံရခတ်နေလျက် ကိုအောင်ပြောသည့် စောမြို့အစွန်သို့သွားရန် စီစဉ်ကြတော့သည်။ ။ ။
✏✏✏✏✏✏✏✏✏✏✏✏
အပိုင်း ၄တွင် ဆက်လက်ဖော်ပြပေးပါမည်။
Post Top Ad
Responsive Ads Here
အပိုင်း(၃) ကဝေဘုရင် ယမမင်းရှင်
Share This
Tags
# ၀၅.ကဝေဘုရင် ယမမင်းရှင်
Share This
About Unknown
၀၅.ကဝေဘုရင် ယမမင်းရှင်
Labels:
၀၅.ကဝေဘုရင် ယမမင်းရှင်
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment