စာမပေါ်သူများအတွက် ဦးစားပေးရေးသားထားသည်။
အဆောင်မှာနေသော သရဲသားအမိ
ဖြစ်ရပ်မှန်
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ ရေးသားသည်)
*******
*အိပ်မက်လေလား။
*ဟုတ်ပါတယ်။ဒါပေမယ့် မြင်ရတဲ့ အိပ်မက်ပါ။
*မြင်ရတဲ့အိပ်မက်ဆိုတာ မသိစိတ်နဲ့ သိစိတ်နှစ်ခုကြားမှာ ဖြစ်ပေါ်နေတဲ့ စိတ်အခြေနေကိုဆိုလိုတယ်။
*ပြောမယုံကြုံဘူးမှ သိခဲ့ရ၏။
*ကိုယ်တွေ့ဖြစ်ရပ်မှန် တစ်ခု ဆန်းကြယ်လှ၏။
*****
''ငါ့မောင်ရေ!… နင့်ယောက်ဖတော့ ခရီးထွက်ရဦးမယ်''
''အေးလေ… အဲ့ဒါဘာဖြစ်တာတုန်း… ယောကျာ်းနဲ့ ခဏလေးတောင် မခွဲနိုင်ဘူးလား အရင်လဲထွက်နေကြပဲလေ''
''ဟုတ်တယ်… သူ့ကိုတော့မပြောချင်တော့ဘူး သူဌေးခိုင်းလိုက်တာနဲ့ ဖင်ပေါ့နေတော့ သူဌေးကသူ့ကို ခိုင်းကောင်းတိုင်း စွတ်ခိုင်းနေပြီလေ''
''နေပါဦး ဒါနဲ့အခုတစ်ခေါက် ဘယ်ကိုသွားရမှာတဲ့လဲ''
''မန္တလေးဘက်လို့ပြောတာပဲ စဥ့်ကိုင်နွားနို့စက်ရုံတဲ့… သြော်!…ဒါနဲ့ငါ့မောင် နင်သူနဲ့လိုက်သွားပါလား''
''ဟာ… မလိုက်ချင်ပါဘူး ငါ့အလုပ်နဲ့ငါတောင် အားတာမဟုတ်ဘူး… တော်ကြာ ငါပါသွားလို့ လိုက်ရှုတ်နေသလိုဖြစ်နေပါဦးမယ်''
''မဖြစ်ပါဘူးဟ!… သူဌေးက သူ့ကိုယ်စားနင့်အစ်ကိုကို လွတ်လိုက်တာ!… အကြီးအကဲတစ်ယောက်အနေနဲ့ သွားရမှာ ဘာမှလိုလေသေးမရှိဘူးတဲံ့''
''အေးလေ သားရဲ့… လိုက်သွားပါလား မင်းလဲ စာရေးနေတာဆိုတော့ အပြင်အတွေ့ကြုံလေးဘာလေး နည်းနည်းပါးပါးရတာပေါ့''
''ဒါတော့ဒါပေါ့အမေရ!… ဒါပေမယ့် သူများအလုပ်သွားလုပ်တာကိုး သားလုပ်လိုက်ရှုတ်နေသလို ဖြစ်နေမှာလဲစိုးတယ်''
တစ်မနက် ကျွန်ုပ်၏အစ်မဖြစ်သူသည် သူ၏လင်ယောက်ျားတစ်ယောက် နယ်ဘက်သို့ အလုပ်ကိစ္စတစ်ခုနှင့် ခရီးထွက်ရမည်ဟု ပြောဆိုလေ၏။ ကျွန်ုပ်၏ယောက်ဖဖြစ်သူ ကိုထွန်းထွန်းပိုင်သည်လည်း မကြာမကြာ သူ၏အလုပ်ရှင် သူဌေးစေခိုင်းမှု့ဖြင့် နယ်ဘက်များဆီသို့ ခရီးထွက်ရလေ့ရှိသည်။ သူသည် အလွန်ပင် သူဌေးမှစေခိုင်းလျင် သွက်သွက်လက်လက်ဖြင့် တာဝန်ကျေစွာ အမြဲတစေလုပ်ကိုင်ပေးလေ့ရှိသည်။ ထို့ကြောင့်လဲ အလုပ်ရှင်သူဌေးမှာ သူ့အား လူရုံသဖွယ် သဘောထားစေခါ သူ၏ကိုယ်စား နယ်မှအလုပ်ရုံများဆီသ်ု့ စေခိုင်းနေခြင်းဖြစ်သည်။
ယခုတွင်လည်း မန္တလေးမြို့ဘက်သို့ ခရီးထွက်ရဦးမည်ဟု ထပ်မံကြားသိရပြန်သည်။ ကျွန်ုပ်၏အစ်မဖြစ်သူသည်လည်း သူ၏ခင်ပွန်းသည် သွားရောက်ရမည့် နေရာဆီသို့ အဖော်အဖြင့်လိုက်ပါသွားရန် ပြောဆိုလေသည်။ ကျွန်ုပ်သည်လည်း အတွေးလွန်မိ၏။ ကျွန်ုပ်၏အတွက်နှင့် ယောက်ဖတစ်ယောက် အပိုဖြစ်နေမည်အား စိုးရိမ်မိသည်။ ထို့ကြောင့်လည်း ငြင်းဆိုချေမိ၏။ အမေဖြစ်သူသည်လည်း ထိုမြို့လေးဆီသို့ လိုက်ပါသွားစေရန် ထပ်မံတိုက်တွန်းခဲ့သည်။ သို့သော်လည်း ကျွန်ုပ်တစ်ယောက် တွေးဝေနေမိ၏။ ထိုအချိန် ကိုထွန်းပိုင်တစ်ယောက် နေအိမ်ဆီသို့ပြန်လည်ရောက်ချိန်နှင့် တိုက်ဆိုင်ခါ ကျွန်ုပ်တစ်ယောက်ပြောဆိုနေသော စကားများအား ကြားသိသွားဟန်တူသည်။ ထို့ကြောင့် အိမ်အပေါ်သို့ တတ်ရောက်လာသည်နှင့် ကျွန်ုပ်အား ထိုသို့ပြောဆ်ုလေတော့သည်။
''မဖြစ်ပါဘူးငါ့ညီရာ… မင်းလိုက်မယ်ဆိုရင် အစ်ကို့တွက်အဖော်တောင်ရသေးတယ်… လိုက်မလား''
''အင်း!''
''ဒါဆိုရင်တော့ လိုက်ရင်ကောင်းမလားမသိဘူး''
''ကဲ… ဘာမှစဉ်းစားမနေနဲ့ လိုက်သာလိုက်ခဲ့… ဟိုရောက်ရင်လည်း အစစအရာရာလိုလေသေးမရှိနေရုံပဲ ပြီးတော့ အဲ့ဒီမှာတိတ်တိတ်ဆိတ်ဆိတ်နဲ့ ငါ့ညီစာရေးလို့လဲ အဆင်ပြေတယ် သိပ်မကြာပါဘူး… အများဆုံး သုံးလေးရက်လောက်ပဲနေမှာ''
''ဒါဆိုလိုက်ခဲ့မယ်လေ… ဘယ်သူတွေပါလာဦးမှာလဲ''
''ငါနဲ့အလုပ်က ဦးလေးကြီးတစ်ယောက်နဲ့… မင်းလိုက်မယ်ဆိုရင်တော့ သုံးယောက်ပေါ့… ကဲဒါဆိုမနက်ဖြန် ည၈နာရီအဝေးပြေးကားဂိတ် အရောက်သွားရမယ် ပြင်ဆင်စရာရှိတာ ပြင်ထားပေတော့''
ယောက်ဖဖြစ်သူ၏ လှိုက်လှဲစွာခေါ်ဆိုမှု့များကြောင့် ကျွန်ုပ်သည်လည်း သူ၏အနောက်သို့ အဖော်ဖြင့်လိုက်ပါသွားရန် ပြောဆိုလေခဲ့သည်။ မွေးသမိခင်ကျေးဇူးရှင် အမေသည်လည်း ထိုခရီးအတွက် ကျွန်ုပ်အား လိုအပ်သည်များပြင်ဆင်ပေးခဲ့သည်။ သို့နှင့် ခရီးထွက်မည့်နေ့ရက်သို့ ရောက်ရှိလာခဲ့ပြီး။ ထိုမြို့လေးဆီသို့ အရောက်သွားရန် ကျွန်ုပ်နှင့်ယောက်ဖဖြစ်သူတို့သည်လည်း အဝေးပြေးကားဂိတ်သို့ ထွက်ခွာလာခဲ့လေသည်။ ကားဂိတ်တွင်မူ ကျွန်ုပ်တို့နှင့်အတူလိုက်ပါလာမည့် ဦးလေးတစ်ယောက်သည်လည်း ကားဂိတ်လေးတွင် ကြိုတင်စောင့်မျှော်နေခဲ့လေသည်။
ညကားဖြင့် မန္တလေးမြို့သို့ ထွက်ခွာလာခဲ့ရင်း မနက်မိုးစင်စင်လင်းသည်နှင့် ထိုမြို့လေးဆီသို့ ရောက်ရှိလာခဲ့လေသည်။ မန္တလေးမြို့ဆီသို့ ရောက်ရှိလာသည်နှင့် ကိုထွန်းပိုင်တစ်ယောက် ဦးတည်သွားရောက်မည့် နေရာဆီသို့ စိုက်မြိုက်စွာရောက်ရှိလာပြီဟု ပုံမပေါ်သေးချေ။ ကိုထွန်းပိုင်တစ်ယောက် ဦးတည်ရာအနောက်သို့ ကျွန်ုပ်သည်လည်း အမေးမြန်းများမပြုလုပ်ပဲ လိုက်ပါသွားသေးသည်။ ကားဂိတ်ဆီမှအထွက် ခပ်လှမ်းလှမ်းသို့အရောက် ဆိုင်ကယ် ကယ်ရီဖြင့် ထိုစက်ရုံဆီသို့ဦးတည်ရဦးမည်ဖြစ်ကြောင်း ကိုထွန်းပိုင်မှပြောဆိုလေသည်။ သို့နှင့် ဆိုင်ကယ်သုံးစီးငှားရမ်းခါ ကျွန်ုပ်တို့သည်လည်း ထိုစက်ရုံဆီသ်ု့ ဦးတည်သွားရောက်လေတော့သည်။
တပေါင်လရာသီလေးပင်ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်သွေ့နေခဲ့ပြီး သစ်ပင်များမှ ရွက်ဟောင်းများသည်လည်း အသီးသီးကြွေကျနေခဲ့လေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း သက်တမ်းရင့်အပင်အိုကြီးများအား မြင်တွေ့နေရသေးသည်။ မန္တလေးမြို့ကားဂိတ်မှ ထိုစက်ရုံဆီသို့ ဆိုက်ကယ်ကယ်ရီဖြင့် လေးဆယ့်ငါးမိနစ်ခန့် မောင်းနှင်ခဲ့ရပြီး မကြာမီအချိန်တွင်းမှာပင် ထိုစက်ရုံလေးဆီသို့ စိုက်မြိုက်စွာရောက်ရှိလာခဲ့လေသည်။
စက်ရုံလေး၏တည်ဆောက်ထားပုံမှာ ကြီးကြီးမားမားပုံသဏ္ဍန်မျိုးပင်မဟုတ်။ လုံးချင်းသဘောမျိုးဖြင့်သာ မြင်တွေ့နေရသည်။ နှစ်ထပ်တည်ဆောက်ထားခဲ့၏။ ထိုစက်ရုံလေးတွင်လည်း ညအိပ်ညနေ အလုပ်သမားများ နေထိုင်ဟန်တူသည်။ လူနေဆောင်များလည်း မြင်တွေ့နေရ၏။ကယ်ရီအပေါ်မှ ဆင်းလိုက်ပြီး စက်ရုံလေးအား ငေးမောကြည့်လိုက်သည်နှင့် ထိုစက်ရုံလေး၏ ဘေးနှစ်ဖက်တွင် သက်တမ်းရင့် ကဣိုပင်ကြီးနှစ်ပင်အား ဘယ်ညာတစ်ဖက်ဆီ၌ သက်တမ်းရင့်စွာ ပေါက်ရောက်နေခဲံလေသည်။ အမြင်အားဖြင့် ထိုအပင်ကြီးနှစ်ပင်မှာ ထိုစက်ရုံလေးအား မုဒ်ဦးသဖွယ်တည်ဆောက်ထားသည့်အလား ခိုင်းနှိုင်းမြင်တွေ့နိုင်သည်။
စက်ရုံဆီသို့ရောက်ရှိလာသည်နှင့် ထိုဆေးရုံအတွင်း၌ အကြီးကဲတစ်ယောက်ဟု သတ်မှတ်နိုင်သော အသက်အားဖြင့် ၃၀ဝန်းကျင်ခန့်ရှိ လူကြီးတစ်ယောက် ထွက်ရောက်လာခါ ကိုထွန်းပိုင်အား ခရီးဦးကြိုဆိုလေသည်။ ကိုထွန်းပိုင်သည်လည်း သူ၏ရောက်ရှိလာခဲ့ရသော အကြောင်းရင်းများအား ပြောဆိုပြလျက် ကျွနိုပ်မှာမူ ထိုသူတို့ပြောဆ်ုနေခဲ့သော စကားများအား မည်သည့်စကားတစ်လုံးမှ နားမလည်နိုင်ခဲ့ချေ။
သို့နှင့် ရောက်ရှိလာခဲ့သော ကျွန်ုပ်တို့အား ထိုသူမှာ နေ့လည်စားများကျွေးမွေးလေခဲ့ပြီး အနားယူရန် အပေါ်ထပ် အခန်းလွတ်တစ်ခုတွင် သူ၏တပည့်တစ်ဦးအား နေရာချပေးထားပေးရန် စေခိုင်းလေခဲ့သည်။ ကျွန်ုပ်နှင့်ယောက်ဖဖြစ်သူတို့သည်လည်း ထိုလူငယ်လေးခေါ်ဆောင်ရာ အနောက်သို့ လိုက်ပါသွားခဲ့ရင်း နေရာချထားပေးသော အခန်းအတွင်းသို့ရောက်ရှိလာခဲ့ရသည်။
''ကဲ… ငါ့ညီရေ မင်းတော့ တော်တော်လေးပင်ပန်းနေရောပေါ့ ခဏနားလိုက်ဦး… အစ်ကိုကြီးနဲ့ ဒီကဦးလေးကတော့ နားလို့မဖြစ်သေးဘူး… အောက်မှာ စစ်စရာလေးတွေ သွားစစ်လိုက်ဦးမယ်''
''အင်း!…''
'ဒါဆိုအစ်ကိုကြီးတို့ ခဏဆင်းမယ်နော် အခုပြန်တတ်လာမှာပါ မကြာဘူး''
''ရပါတယ်အစ်ကိုရ… အစ်ကိုတို့လုပ်စရာရှိတာ အေးအေးဆေးဆေးလုပ်ပါ… ကျွန်တော့်ကိုခေါင်းထဲ ထည့်မထားနဲ့''
''အေးပါကွ… မင်းဘာသာမင်း ကြည့်ကျပ်ပြီး နေရာချထားပေတော့ အစ်ကိုကြီးတို့ကတော့ သွားပြီ''
ထိုသို့ပြောဆိုလေပြီး ကိုထွန်းပိုင်နှင့်အဖော်ပါလာသူ ဦးလေးကြီးတို့မှာ အောက်ထပ်ဆီသို့ ပြန်လည်ဆင်းသတ်သွားခဲ့သည်။ ကျွန်ုပ်တစ်ယောက်တည်း အခန်းတွင်း၌ ကျန်ရစ်နေခဲ့၏။ အခန်းတွင်း၌မူ တစ်ယောက်အိပ် ကုတင်းလေးသုံးလုံးရှိနေခဲ့ပြီး ပြတင်းပေါက်နံဘေးတွင် တည်ရှိနေသော ကုတင်းလေး၌ ကျွန်ုပ်တစ်ယောက်နေရာယူရန် ရွေးချယ်စေခဲ့သည်။ ထိုနေရာလေးဟာ လေဝင်လေထွက်ကောင်းမွန်းလှပြီး စာရေးသားရန်အတွက် ကျွန်ုပ်အဖို့အင်မတန်မှ သင့်တော်စေမည်ဖြစ်သည်။ သို့နှင့် လွယ်ထားခဲ့သော အထုတ်ပိုးများအား ကုတင်းလေးအပေါ်သို့ တင်ဆောင်ခါ ပိတ်ထားသည့် ပြတင်းပေါက်တံခါးလေးအား ဖွင့်လိုက်၏
လက်ဆက်လှသည့် တပေါင်းလေများ တိုက်ခိုက်လိုက်သည်က ခရီးပန်းနေခဲ့သော ကျွန်ူပ်အား အမောများစွာပြေပျောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပြတင်းပေါက်မှ ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်နှင့် ထိုစက်ရုံအဆောင်လေး၏ အနောက်ဘက်တွင်မူ သရက်တောတစ်ခုရှိနေခဲ့ပြီး နံဘေးတွင်လည်း သက်တမ်းရင့်အပင်အိုကြီးများနှင့် အင်မတန်မှ အရိပ်ရစေသော ပတ်ဝန်ကျင်နယ်မြေလေးသာ ဖြစ်နေစေသည်။ စက်ရုံဝန်းကြီးမှာလည်း သာသာယာယာရှိလှပြီး အပြစ်ကင်းစွာနှင့် ကလေးငယ်တစ်ဦး ဆော့ကစားနေသည့်မြင်ကွင်းမှာလည်း လက်ရာမြောက်လှသော ပန်းချီကားတစ်ချပ်အား ကြည့်ရှု့နေရသကဲ့သို့ ခံစားစေနိုင်သည်။
လက်ပတ်နာရီအား ကြည့်မိချိန်၌ အချိန်ဟာ နေ့လည်၁၁နာရီကျော်မျှရှိနေပြီဖြစ်သည်။ ကျွန်ုပ်သည်လည်း ခရီးပန်းလာမှုနှင့် ပင်ပန်းနေခါ ကုတင်းလေးအပေါ်၌ပင် လဲလျောင်းရာမှ ခေတ္တမှေးစက်မိသွားသည်။
''သြော်!… ကျွန်တော့်ညီကတော့ တော်တော်လေးပင်ပန်းသွားပြီနဲ့တူတယ်ဦးလေးရေ''
''ခရီးကလည်း ကြမ်းတကိုး''
နံဘေးနား စကားသံတချို့ကြောင့် ကျွန်ုပ်နိုးသွားမိ၏။ နံဘေးနားတွင်မူ ကိုထွန်းပိုင်နှင့်ဦးလေးတို့မှာ ကုတင်းလေးအပေါ်၌ ကိုယ်ဆီနေရာယူခါ လဲလျောင်းနေကြပြီး စကားများစွာပြောဆ်ုနေခြင်းဖြစ်သည်။
''ဟင်. အစ်ကိုကြီးတို့ပြန်ရောက်နေတယ်''
''အင်း!… ငါ့ညီတော်တော်ပင်ပန်းသွားပြီလား''
''မပင်ပန်းပါဘူးဗျာ!… ဒီလောက်ကတော့ အေးဆေးပါ… ဟင်… ညနေ၅နာရီတောင်ခွဲတော့မှာပါလား… အစောကြီးရှိသေးတယ်ထင်တာ''
''မစောတော့ဘူးကွ… ကဲသွား မျက်နှာသွားသစ် ပြီးရင် ညနေစာ စားကြမယ်''
ညနေစာ စားသောက်ပြီးသည်နှင့် အချိန်ဟာ ည၇နာရီနီးပါးမျှ ရှိသွားခဲ့ပြီးဖြစ်သည်။ ကိုထွန်းပိုင်နှင့်ဦးလေးတို့မှာ အောက်ထပ်တွင်သာ ကျန်ရစ်နေခဲ့ပြီး ကျွန်ုပ်သည်လည်း ရေးလက်စဇာတ်လမ်းလေးများ မပြီးပျက်သေးသည်ကြောင့် ကုတင်းလေးအပေါ်တွင် နေရာယူခါ စာရေးမည်ဟု ပြင်ဆင်လိုက်သည်။ ည၉နာရီကျော်ခန့် ကိုထွန်းပိုင်နှင့်ဦးလေးတို့သည်လည်း အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ အခန်းတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် ကိုထွန်းပိုင်မှာ ကျွန်ုပ်၏ရေးပြီးခဲ့သော ဇာတ်လမ်းလေးများ ဖတ်ရှု့နေလျက် ဦးလေးမှာမူ တစ်နေကုန်ပင်ပန်းနေပြီဖြစ်သောကြောင့် အိပ်မောကျနေခဲ့လေပြီ။
၁၁နာရီခွဲခန့်အချိန်၌ ကိုထွန်းပိုင်သည်လည်း အိပ်ငိုက်လာပြီဖြစ်သောကြောင့် ကျွန်ုပ်အား နှုတ်ဆတ်ခါ မနက်စောစောထရဦးမည်ဟု ပြောဆိုကာ လဲလျောင်းသွားလေခဲ့သည်။ ကျွန်ုပ်သည်လည်း ပြတင်းပေါက်မှ ဝင်ရောက်လာသော လေအေးများအား တဝကြီးခံစားခါ ညနက်၁၂ ခွဲအချိန်တွင် စက်ရုံဝန်းအတွင်းမှ တစ်စုံတစ်ခုသော အသံများကြားလိုက်ရသည်။ ပြတင်းပေါက်မှ အသံကြားရာဆီသို့ ကျွန်ုပ်သည်လည်း မျက်မှောင်ကြုတ်လျက် လိုက်ကြည့်နေမိသည်။ တွေ့ရှိလိုက်ရ၏။ ကလေးငယ်လေးတစ်ယောက် တစ်ဦးတစ်ယောက်နှင့် မြူတူးစွာ ဆော့ကစားနေခဲ့သည့်မြင်ကွင်း။ အသက်အားဖြင့် ၄နှစ်ကျော်မျှ ရှိနေလောက်ပြီဖြစ်သည်။
ထိုကလေးလေးအား ကျွန်ုပ်တစ်ယောက် နေ့လည်ခင်းအချိန်ကတည်းမှ မြင်တွေ့ခဲ့ဘူးသည်။ ထိုကဲ့သို့ပင် မြူတူးစွာဆော့ကစားနေခဲ့သည့် မြင်ကွင်း။ ယခုအချိန်မတော် ထိုကလေးလေးတစ်ယောက် ဆော့ကစားနေသည့်မြင်ကွင်းအား ထပ်မံမြင်တွေ့လိုက်ရပြန်သည်။ မည်သူနှင့်ကစားနေခဲ့သနည်း။ ကျွန်ုပ်ကောင်းစွာမမြင်နိုင်ချေ။
သြော်… ဒီစက်ရုံမှာနေတဲ့ မိသားစုတွေထဲကပဲ ဖြစ်မှာပေါ့ မအိပ်ကြသေးတာဖြစ်မယ်… ရာသီဥတုကလဲ ပူတာကို ကဲအချိန်လဲမနည်းတော့ဘူး ငါလဲအိပ်တော့မယ်
ကျွန်ုပ်သည်လည်း တစ်ကိုယ်တည်းစကားများစွာ ပြောဆိုနေမိရင်း စာမူလေးများအား သေချာစွာသိမ်းဆည်းခါ ကုတင်းလေးအပေါ်၌ လဲလျောင်းလိုက်မိသည်။
မိုးလင်းသွားသည်က မြန်လေသလား။ သို့မဟုတ် ပုံမှန်တိုင်းသာလျင် မိုးလင်းမိုးချုပ်ပုံမှန်လေလား။ ကျွန်ုပ်၏စိတ်အတွင်း၌ မိုးလင်းနေသည်က မြန်ဆန်သွားသလို ခံစားနေရသည်။
ဟင်!… ငါဘယ်လိုဖြစ်ပြီ အောက်ကိုရောက်နေရတာလဲ
ဟာ!… ဒီလောက်ထိတောင် လူမှန်းသူမှန်းမသိ အိပ်ပျော်သွားတာပါလား
ပြတင်းပေါက်တံခါးအားလည်း လေများစွာဝင်ရောက်လာနိုင်ရန် ကျွန်ုပ်ဖွင့်ဟထားသည်။ နေမင်းကြီး၏ အလင်းရောင်များ တစွန်းတစ အခန်းတွင်းသို့ဝင်ရောက်နေမှသာ ကျွန်ူပ်တစ်ယောက် နိုးလာစေမိသည်။ နိုးလျင်နိုးခြင်း ကျွန်ုပ်တစ်ယောက် ကုတင်းလေးအပေါ်၌ ရှိမနေခဲ့ပဲ ကုတင်းလေး၏အောက်သို့ ပြုတ်ကျနေခဲ့ရသည်။ စနစ်တကျ လိမ့်ကျသွားခဲ့ခြင်းဟု ဆိုရလေမလား။ ကြမ်းပြင်ပေါ်၌ ခေါင်းအုန်းနှင့်အတူ စောင်လေးသည်လည်း ကျရောက်နေခဲ့သည်။ ကိုယ်လက်အင်္ဂါများအား စမ်းသပ်ကြည့်မိ၏။ ကုတင်းအပေါ်မှ လိမ့်ကျသွားသော်ကြောင့် နာကျင်မှု့များ ရှိနေမလား။
သို့သော် အမြင့်လေးပေမျှရှိသည့် ကုတင်းအပေါ်မှ ကျွန်ုပ်လိမ့်ကျနေခဲ့သော်လည်း မည်သည့်နာကျင်မှု့တစ်ခုမှ ရှိမနေခဲ့ချေ။ ပင်ပန်းမှု့များကြောင့် ထိုကဲ့သို့လိမ့်ကျသွားခဲ့သည်ကိုပင် ကျွန်ုပ်တစ်ယောက်အသိနိုင်ခဲ့ချေဟု သတ်မှတ်စေခါ အိပ်ယာများအား သိမ်းဆည်းနေမိသည်။ ကိုထွန်းပိုင်သည်လည်း မနေ့ညမှ ပြောဆ်ုခဲ့သည့်အတိုင်း ဦးလေးနှင့်အလုပ်ခွင်သို့ မနက်စောစောဝင်ရောက်သွားပုံရသည်။ ထိုသူတို့၏ အိပ်ယာများမှာလည်း သိပ်ရက်စွာသိမ်းဆည်းသွားခဲ့သည်အား မြင်တွေ့နေရသည်။
ကျွန်ုပ်သည်လည်း အိပ်ယာသိမ်း၊ မျက်နှာသစ်ခါ အောက်ထပ်ဆီသို့ လိုက်ပါဆင်းသတ်သွားခဲ့သည်။ ကိုထွန်းပိုင်တစ်ယောက် အလုပ်ခွင်ထဲ၌ မအားမလပ် စာရင်းများစွာရေးသားနေခဲ့ပြီး သူ၏နံဘေးနားတွင် ကျွန်ုပ်တစ်ယောက် ခေတ္တထိုင်နေမိသည်။ သူသည်လည်း ကျွန်ူပ်အား မနက်စာ စားစေရန်ပြောဆိုလေခဲ့ပြီ။ လွတ်လပ်စွာဖြင့် နေထိုင်နေရန် ပြောဆိုလေခဲ့သည်။ ကိုထွန်းပိုင်တစ်ယောက် လုပ်ကိုင်နေခဲ့သော အလုပ်များအား ကျွန်ုပ်တစ်ယောက် နားမလည်နိုင်။ ထို့ကြောင့် သူ့အားနှုတ်ဆတ်စေပြီး အခန်းလေးဆီသို့သာ ပြန်လည်ထွက်ခွာလာခဲ့ချေတော့သည်။
အခန်းအရှေ့သို့အရောက် သေချာစွာပိတ်ထားခဲ့သော အခန်းတံခါးလေးမှာ အနည်းငယ်မျှ ပွင့်ဟနေခဲ့သည်။ အခန်းအတွင်းသို့ မည်သူတစ်ဦးတစ်ယောက် ဝင်ရောက်နေခဲ့သနည်း။ ကျွနိုပ်သည်လည်း အခန်းတံခါးလေးအား အသာဆွဲဖွင့်ခါ အခန်းတွင်းသို့ ဝင်ရောက်လိုက်စေသည်။ အခန်းအတွင်း၌မူ မည်သူတစ်ဦးမှ ရှိမနေခဲ့ချေ။ ကျွန်ုပ်၏ကုတင်းလေးဆီသို့ ငေးမောကြည့်ရှု့မိလိုက်ပြီး။ မြင်တွေ့လိုက်ရသည်က ကျွန်ုပ်၏ဘေးသိုင်းလွယ်အိတ်ကလေးအား တစ်ဦးတစ်ယောက် သို့မဟုတ် ကလေးငယ်လေးတစ်ဦးမှ ဝင်ရောက် ဆော့ကစားသွားခဲ့သော ပုံသဏ္ဍန်မျိုးအားမြင်တွေ့လိုက်ရသည်။
ကုတင်းလေးအနားသို့ ခပ်သုတ်သုတ်လှမ်းသွားခါ အိတ်အတွင်းမှ ပစ္စည်းများအား စစ်ဆေးကြည့်မိသည်။ သို့သော် ကျွန်ုပ်၏ယူဆောင်လာခဲ့သော ပစ္စည်းများထဲမှ မည်သည့်အရာတစ်ခုမှ ပျောက်ရှသွားခြင်းမရှိခဲ့ချေ။ ကိုထွန်းပိုင်နှင့်ဦးလေးတို့၏ ကုတင်းလေးများအပေါ်တွင်မူ မည်သည့်အရာတစ်ခုမှ ခြေရာလက်ရာပျက်နေခြင်းမျိုး မတွေ့ရပဲ ကျွန်ုပ်၏အိတ်တစ်ခုတည်းကိုသာ ဝင်ရောက်ရှာဖွာသွားခြင်းမျိုး ဖြစ်လေသည်။
အဘယ့်ကြောင့် ထိုကဲ့သို့ဖြစ်ရသနည်း။ ကျွန်ုတစ်ယောက်စဉ်းစာမရချေ။ ခိုးသူလည်းမဟုတ်။ ခိုးသူဆိုလျင်လည်း ကျွန်ုပ်၏အိတ်အတွင်းမှ ပိုက်ဆံများအား ယူဆောင်သွားမည်မှာ မလွဲလှချေ။ သို့သော်လည်း မည်သည့်ပစ္စည်းတစ်ခုမှ ပျောက်ရှခြင်းမရှိခဲ့ဘဲ ကုတင်းခေါင်းရင်းတွင် ထားရှိနေခဲ့သော ကျွန်ုပ်၏အိတ်အတွင်းမှ ပစ္စည်းများအား သွန်ချသွားခဲ့ခြင်းမျိုးဖြစ်နေခဲ့သည်။
သို့နှင့် ပစ္စည်းလေးများကိုသာ အိတ်အတွင်းသို့ ပြန်လည်သိမ်းဆည်းစေရင်း အတွေးများစွာနှင့် ရှိနေစေခဲ့သည်။ ရေးလက်စ ဇာတ်လမ်းလေးများအားလည်း လက်စသတ်စေရင်း နေ့လည်ခင်းအချိန်သို့ပင် ရောက်ရှိလာခဲ့လေသည်။ အခန်းတွင်းမှ ခေတ္တထွက်ခွာလာရင်း ဝရမ်တာလေးဆီသို့ ထွက်ခွာစေခဲ့သည်။ ဝရမ်တာလေးမှတဆင့် အောက်ဘက်ပတ်ဝန်ကျင်များဆီသို့ ငေးမောကြည့်ရှု့နေခဲ့ရင်း အောက်ထပ်မှ ကလေးငယ်လေးတစ်ဦး လှေကာအတိုင်း အပြေးတတ်ရောက်လာခဲ့သည်အား မြင်တွေ့လိုက်ရသည်။
ထိုကလေးလေးဟာ ကျွန်ုပ်တစ်ယောက် ယခုနှင့်ဆိုလျင် သုံကြိမ်တိုင်တိုင်မြင်တွေ့ရဘူးဖြစ်သည်။ ထိုကလေးလေး၏ အနောက်မှ ကျီစယ်စွာနှင့် တစ်ဦးတစ်ယောက် လိုက်ပါလာသည့်အတိုင်း ကလေးလေးဟာ အပေါ်ထပ်သို့ အပြေးတတ်ရောက်လာရင်း ကျွန်ုပ်ရှိနေခဲ့သော နေရာနားဆီသို့ ရောက်ရှိလာခါ အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်အား မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။ ထိုကလေးလေးပြေးဝင်သွားခဲ့သော အခန်းဟာ ကျွန်ုပ်တို့နေထိုင်သည့် အိပ်ခန်းပင်ဖြစ်လေသည်။ ကျွန်ုပ်သည်လည်း ကြောင်တောင်တောင် ငေးကြည့်နေမိရာမှ အခန်းတွင်းသို့ ထိုကလေးငယ်လေး ဝင်ရောက်သွားသည်ကြောင့် ကျွန်ုပ်သည်လည်း အခန်းတွင်းသို့ အလျင်မြန်ဝင်ရောက်လိုက်မိသည်။
ဟင်… အခုန ကလေးလေးဘယ်ရောက်သွားပါလိမ့်
အခန်းတွင်းသို့ဝင်ရောက်စေပြီး အခန်းဝမှနေ၍ ထိုကလေးလေးအား လှည့်ပတ်ရှာနေမိသည်။ သို့သော်လည်း ထိုကလေး၏ မည်သည့်အရိပ်တစ်ခုကိုးမှ မတွေ့ခဲ့ရချေ။ အခန်းတွင်းသို့ ရီမောပျော်ရွှင်စွာနှင့် ဝင်ရောက်သွားခဲ့သည်အား ကျွန်ုပ်တစ်ယောက် မျက်စိနဲ့ပင် သေချာစွာတွေ့မြင်လိုက်ရခြင်းဖြစ်သည်။ သို့သော် ယခုအခန်းတွင်း၌ သူ၏အရိပ်ယောင်တစ်ခုမှ မတွေ့ခဲ့ရတော့ပဲ ရှင်းလင်းနေသည့် အခန်းကိုသာ မြင်တွေ့နေရလေသည်။
အမြင်မှားခြင်းလား။ မဟုတ်ပါလေ။ ကျွန်ုပ်တစ်ယောက် ထိုကလေးလေး၏အသံ ထိုကလေးလေး၏ ရယ်မောပျော်ရွှင်စွာ အပြေးဝင်းရောက်သွားသည်အား မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ ထိုအကြောင်းများ ကိုထွန်းပိုင်အား အသိပေးပြောဆ်ုလျင် ကောင်းမည်လား။ သူသည်လည်း ကျွန်ုပ်ပြောဆိုလျင် ယုံကြည်စွာလက်ခံနိုင်မည်လား။ ကျွန်ုပ်အား အမြင်မှားခြင်းလေဟု ပြောဆိုလေမလား။
မည်သို့ပင်ဖြစ်ပါစေ။ ညနေဆောင်းသည်နှင့် ကိုထွန်းပိုင်တစ်ယောက် အခန်းတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မနက်ဖြန်မနက်တွင် ရန်ကုန်သို့ပြန်ကြမည်ဟု အသိပေးပြောဆိုလေခဲ့သည်။ ကျွန်ုပ်သည်လည်း ကိုထွန်းပိုင်၏ိံပြောစကားများအား နားထောင်စေခဲ့ရင်း နေ့လည်ခင်းမှ အဖြစ်ပျက်များ တွေဝေစွာပြောဆိုလေမိသည်။ ထိုအခါ ကိုထွန်းပိုင်မှာ ခပ်ပြုံးပြုံးအမူယာနှင့်
ဟင်… သြော်… အလုပ်သမားအဆောင်မှာနေတဲ့ မိသားစုတွေထဲက ကလေးတစ်ယောက်ယောက်ပဲဖြစ်မှာပေါ့ငါ့ညီရ
မဟုတ်သေးဘူးဗျ… အဲ့ဒီကလေးလေးကို ကျွန်တော်မြင်တာ ဒီအခါနဲ့ဆို သုံးခါရှိသွားပြီ ဒီအဆောင်မှာနေတဲ့ မိသားစုတွေထဲက ကလေးတစ်ယောက်ယောက်ဆိုလည်း အခန်းထဲပြေးဝင်သွားတာနဲ့ အခန်းထဲမှာရှိနေရမှာပေါ့ အခုတော့ အခန်းထဲဝင်သွားတာကျွန်တော်မြင်လိုက်ရပြီး အခန်းထဲဝင်ရှာတော့ အဲ့ဒီ့ကလေးလေးကိုမတွေ့ခဲ့ဘူး အမြင်မှားတာလဲ လုံးဝမဟုတ်ဘူး သေသေချာချာကိုး မျက်စိနဲ့တပ်အပ်မြင်ခဲ့ရတာ
ထားပါငါ့ညီရာ ဘာမှတွေးမနေပါနဲ့ မနက်ဖြန်ပဲပြန်တော့မယ့်ဟာကို
ကျွန်ုပ်အား ထိုသို့နှစ်သိမ့်စကားပြောဆိုစေပြီး ကိုထွန်းပိုင်တစ်ယောက် ဖြေသိမ့်လေခဲ့သည်။ သို့သော် ကျွန်ူပ်၏စိတ်အတွင်း၌ ဘဝမကျနိုင်ချေ။
ည၉နာရီခန့်အချိန်တွင် ကျွန်ုပ်သည်လည်း ရေးလက်စ ဇာတ်လမ်းလေးများ လက်စသပ်ရေးသားနေခဲ့ပြီး ဦးလေးတစ်ယောက်မှာမူ အိပ်မောကျစွာအိပ်ပျော်နေလျက် ကိုထွန်းပိုင်မှာမူ ကျွန်ုပ်အား အဖော်အဖြင့်နေထိုင်ပေးရင်း စာမူလေးများအား ဖတ်ရှု့နေခဲ့လေသည်။ ညနက်အချိန်ရောက်ရှိလာတော့မည့် ည၁၁နာရီခွဲခန့်တွင် အခန်းအပြင်မှ ကလေးငယ်လေးတစ်ဦး ရီမောဆော့ကစားနေခဲ့သည့်အသံအား ကျွနုပ်တစ်ယောက် ကြားသိလိုက်ရသည်။ ကျွန်ုပ်တင်မက ထိုအခါတွင်လည်း နံဘေး၌ရှိနေသော ကိုထွန်းပိုင်သည်လည်း ကြားသိလိုက်ရသည်။ သို့နှင့် ကိုထွန်းပိုင်တစ်ယောက် ရဲတင်းစွာနှင့် ထိုင်နေရာမှ ရုတ်တရက်ထလိုက်ခါ အခန်းတံခါးအား ဆွဲဖွင့်လိုက်စေသည်။
အခန်းတံခါးပွင့်လာသည်နှင့် အပြင်၌ရှိနေသော ကလေးငယ်လေးမှာ အခန်းအတွင်းသို့ အပြေးဝင်ရောက်လာခဲ့သည်အား ကျွန်ုပ်နှင့်ကိုထွန်းပိုင်တို့နှစ်ဦးသား မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။ ကလေးငယ်လေး ပြေးဝင်လာသည်နှင့် ကိုထွန်းပိုင်သည်လည်း အခန်းတံခါးဖွင့်လျက်သား အခန်းဝမှ ထိုကလေးလေးအား ကြောင်တောင်တောင်ငေးကြည့်နေမိသည်။ ကျွန်ုပ်သည်လည်း အခန်းတွင်းသို့ အပြေးဝင်လာသော ထိုကလေးလေးအား စာရေးနေရာမှ ပြူးကြောင်ကြောင် ငေးကြည့်နေမိသည်။
အချိန်ခဏအတွင်း၌ပင် ကြောင်တောင်တောင်ဖြစ်နေခဲ့သော ကျွန်ုပ်နှင့်ကိုထွန်းပိုင်တို့၏ အရှေ့၌ပင် ထိုကလေးလေးမှာ ရုတ်တရက်ပျောက်ကွယ်သွားလေခဲ့သည်။ ကိုထွန်းပိုင်သည်လည်း ပြူးကြောင်ကြောင်ဖြစ်နေရာမှ အသိပြန်လည်ဝင်ရောက်လာခဲ့ရင်း ကျွန်ုပ်အား ထိုသို့ပြောဆ်ုလေတော့သည်။
အခုန … အခုန ကလေးလေးရော
ထစ်ထစ်ငေါ့ငေါ့စကားများနှင့် ကျွန်ုပ်အားထိုသို့ မေးမြန်းစေသည်။ ကျွန်ုပ်သည်လည်း ကိုထွန်းပိုင်အား သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချခါ ထိုသို့ပြန်လည်ပြောဆ်ုခဲ့သည်။
ယုံပြီလားကိုထွန်းပိုင် ကျွန်တော့်အထင် ဒီအဆောင်မှာ မကျွတ်လွတ်နိုင်သေးတဲ့ ပရလောကသားတွေ ရှိနေလိမ့်မယ်လို့ထင်တယ်
ဟင်… မင်းပြောချင်တာက သရဲခြောက်တယ်လို့ပြောချင်တာလား
ခြောက်တယ်ဆိုတာထက် သူတို့အကူညီတောင်းနေတာလို့ ကျွန်တော်ထင်တယ်
ဟာကွာ… ဘာပဲဖြစ်ဖြစ် ငါ့ညီ ငါ့ကုတင်းမှာ မင်းလာအိပ်ပေးပါလား… ငါမအိပ်ရဲဘူး တော်သေးတာပေါ့ မနက်ဖြန်ပြန်ရတော့မှာမို့လို့
ထိုတစ်ည ထူးဆန်းစွာ ကြုံတွေ့လိုက်ရသည်က အမှန်ပင်ဖြစ်သည်။ ညနက်အခ်ျန်မို့ အိပ်ချင်မူးတူ အမြင်မှားခြင်းလား။ တစ်ဦးတည်းဆ်ုလျင် ထင်မြင်နိုင်သေးသည်။ ယခုအခါ ယောက်ဖဖြစ်သူနှင့် ကျွန်ုပ်တို့နှစ်ဦးသား ပြိုင်တူမြင်တွေ့လိုက်ရမှသာ အမြင်မှားခြင်းမဟုတ်။ အမှန်ပင်ဖြစ်နေကြောင်း ကောင်းစွာသိရှိထားစေခဲ့သည်။
ထိုတစ်ညလုံး အသံများနားစွင့်ခါ နားကျောမလုံစွာနှင့်ဖြတ်သန်းစေခဲ့ရင်း မနက်လင်းလာသည်နှင့် ရန်ကုန်သို့ပြန်ကြရန် ပြင်ဆင်လေခဲ့သည်။ သိမ်းဆည်းစရာများအား ကိုယ်ဆီသိမ်းဆည်းစေခဲ့ပြီး အခန်းတွင်းမှ ထွက်ခွာခါ ထိုစက်ရုံလေး၏ မန်နေဂျာဆီသို့ နှုတ်ဆတ်ရန်ဦးတည်သွားလေသည်။
ကိုထွန်းပိုင်နှင့် ဦးလေးတို့အား မန်နေဂျာလူကြီးမှာ နှုတ်ဆတ်စကားများစွာ ပြောဆိုနေခဲ့ပြီး ကျွန်ုပ်မှာမူ ထိုအခန်းနှင့်ပတ်သတ်ပြီး သိချင်စိတ်များ ပြင်းထန်နေခဲ့လေသည်။ သို့နှင့် ထိုသူများ စကားပြီးပျက်သွားသည်နှင့် ကျွန်ုပ်သည်လည်း နေထိုင်ခဲ့ရသော အခန်းအတွင်းမှ အဖြစ်အပျက် တစ်ချို့မန်နေဂျာကြီးအား ပြောဆိုပြလေသည်။
ဟင်… ကိုထွန်းပိုင်တို့နေတဲ့အခန်းက လှေကားရဲ့ ဘယ်ဘက်အခန်းမဟုတ်လား အဲ့ခန်းမှာဖြစ်တာလား
မဟုတ်ဘူးဗျ… ဒီဘက်ခြမ်း… လှေကားရဲ့ ညာဘက်
ဟာ… အဲ့အခန်းမှာလူနေလို့မရဘူး ဘယ်လိုဖြစ်ပြီး ကျွန်တော်နေရာချပေးတဲ့အခန်းမှာ မနေကြတာလဲ
ဟင် ခင်ဗျားတပည့်လေး ကျွန်တော်တို့ကိုနေရာချပေးခဲ့တာ အဲ့ဒီအခန်းပဲလေ
ဟာသွားပါပြီ ကျွန်တော်တောင်းပန်ပါတယ်ဗျာ ကောင်လေးက လူသစ်လေးဆိုတော့ ကိုထွန်းပိုင်တို့ကို အခန်းမှားပ်ို့လိုက်တာဖြစ်မယ် အဲ့ဒီလှေကားညာဘက်ခြမ်းအခန်းမှာ လူနေလို့မရဘူး သရဲအရမ်းခြောက်တာ
ဗျာ… သရဲခြောက်တယ်ဟုတ်လားဦးလေး
ဟုတ်တယ်ဗျ…
ဘဟ်လိုခြောက်တာလဲ ကျွန်တောကုတင်းအပေါ်ကလဲ ဆွဲချခံထားရသလို ဖြစ်ခဲ့ရတယ်
ဟ!… သိပ်ဟုတ်တာပေါ့ဗျာ အဲ့ဒီအခန်းမှာ လူနေလို့ကိုးမရတာ ကျွနိတော်တို့အားလုံးလဲ ကုသိုလ်လုပ် အမျှဝေပေးခဲ့တဲ့ အကြိမ်ပေါင်းလဲမနည်းတော့ဘူး ဒါပေမယ့် မရပါဘူးဗျာ သူတို့တွေရှိနေကြတုန်းပဲ
သူတို့တွေဆိုတာ
ဒီလိုဗျ… လွန်ခဲ့တဲ့၆နှစ်လောက်က ဒီစက်ရုံမှာ သားအမိသားဖ သုံးယောက်နေကြတယ် ခင်ဗျားတို့နေခဲ့တဲ့ အခန်းမှာပေါ့ မိန်းမလုပ်တဲ့သူက သဝန်အရမ်းတိုတယ် ယောကျာ်းလုပ်တဲ့သူက မိန်းမအရမ်းရှုတ်တယ် သူ့ယောကျာ်း နောက်မိန်းမနဲ့ဖောက်ပြန်နေတာကိုးလဲ သိသွားရော မိန်းမလုပ်တဲ့သူက ပွဲကြမ်းတော့တာပဲ သူ့ယောကျာ်းကိုချစ်တဲ့စိတ်နဲ့ ဂရုဏာဒေါသထွက်ပြီး အော်ကြီးဟစ်ကျယ် စကားတွေများကြတယ် ဒါပေမယ့် သူ့ယောကျာ်းက ဟိုမိန်းမကိုအသည်းအသန်ဖြစ်နေပြီ သူတို့သားအမိနှစ်ယောက်ကို ပစ်သွားတော့မှာ ကွာရှင်းခိုင်းတယ် မိန်းမလုပ်တဲ့သူက မကွာရှင်းပေးဘူး အဲ့ဒီတော့ တစ်မနက်မှာပဲ မိန်းမလုပ်တဲ့သူရဲ့ အစားစာထဲကို အဆိပ်ခတ်ထားတယ်။ မိန်းမကလဲ လေးနှစ်သားကလေးလေးက်ု လက်ဆွဲပြီး သားအမိနှစ်ယောက် သူ့ယောကျာ်းချိုချိုသာသာနဲ့ ကျွေးတဲ့မနက်စာကို စားမိလိုက်တယ်။ အဖေလုပ်တဲ့သူက ကလေးလေးကို မထိခိုက်စေချင်ပေမယ့် သူမသိတဲ့အချိန်မှာပဲ အမေလုပ်သူက ကလေးကို အဆိပ်ခတ်ထားတဲ့ အစားစာတွေကျွေးမိခဲ့တယ်။ အဲ့ဒီမှာတင် သားအမိနှစ်ယောက်စလုံး သွေးပွက်ပွက်အန်ပြီး ပွဲချင်းပြီးသေသွားခဲ့ရတာပဲ။
ဟင်… ဒီလိုရက်စက်မှု့မျိုး ရှိနေသေးတယ်ပေါ့ဟုတ်လား
သိပ်ရှိတာပေါ့ဗျာ… သူတို့မိသားစုကို ကျွန်တော်ကိုယ်တိုင်ပဲ နေစရာပေးပြီး အလုပ်ခန့်ထားခဲ့တာ ဒါပေမယ့် မမျော်လင့်တဲ့ဖြစ်ရပ်မျိုးတွေ ဖြစ်လာပြီး အခုလိုသေသွားခဲ့ကြတာ
ဒါဆိုသူ့ယောကျာ်းကရော …
ထောင်ထဲကျနေတယ်…
သြော်!… ဖြစ်မှဖြစ်ရလေဗျာ… ဒါနဲ့ ကျွန်တော်ကုတင်းအပေါ်ကနေ ဆွဲချခံထားရသလိုမျိုး ဖြစ်ခဲ့ဘူးတယ် ဒါပေမယ့် နာကျင်မှု့တော့မရှိဘူးဗျ
ဘယ်ကုတင်းပေါ်ကလဲ
ပြတင်းပေါက်ဘေးက ကျွန်းကုတင်းလေးလေ
ဟ!… ဆွဲချမှာပေါ့ဗျ သူ့ယောကျာ်းအမှတ်တရ ဝယ်ပေးထားတဲ့ ကုတင်းလေးဖြစ်နေလို့ အဲ့ဒီအမျိုးသမီးက သိပ်ကိုတန်ဖိုးထားတာ… သူရှိတုန်းကလဲ အဲ့ဒီကုတင်းလေးကို အမြဲတသသလုပ်နေတာလေ ခင်ဗျားက သူ့ကုတင်းမှာသွားအိပ်တော့ အဲ့ဒီလိုအလုပ်ခံရတာပေါ့… ခင်ဗျားကတော်သေးပါတယ် တချို့အလုပ်သမား အသစ်လေးတွေဆိုရင် အခန်းအပြင်တောင်ရောက်နေအောင် လုပ်ထားတတ်တယ်
တကယ်ပဲဗျာ… အခုမှသိတယ် ကျွန်တော်တို့နဲ့ တစ်ခန်းထဲမှာ သူတို့သားအမိတွေ တချိန်လုံးရှိနေခဲ့တာများလား
ခင်ဗျားတို့ကရော သူတို့အတွက် အမျှပေးကုသိုလ်တွေဘာတွေ မလုပ်ဘူးလား
လုပ်တာပေါ့ဗျာ အခုနပြောသလိုပဲ ခဏခဏ သူတို့အတွက် အလှူတန်းလုပ်ပေးတယ် ဒါပေမယ့် သူတို့သားအမိနှစ်ယောက် သာဓုမခေါ်ကြဘူး။ တစ်ခုခုကို စောင့်မျှော်နေပုံရတယ်ဗျ … … … …
… … … … … … …
နှစ်ကာလကြာမြင့်စွာ ထိုစက်ရုံလေး၌ အလုပ်လုပ်ကိုင်နေသူ မန်နေဂျာဆီမှ အကြောင်းစုံကြားသိလိုက်ရသည်။ ဒါတင်မက ရန်ကုန်သို့ပြန်ရောက်လာခဲ့ပြီး ယောကျာ်ဖဖြစ်သူမှာ သူ၏မိန်းမ ကျွန်ုပ်၏အစ်မအား အဘယ့်ကြောင့် ဖုန်းလေးတစ်ချက်မျှ မဆက်သွယ်ရသနည်းဟု မေးမြန်းလေခဲ့သည်။ ထိုအခါ အစ်မဖြစ်သူမှာ သူ၏ယောကျာ်းကိုထွန်းပိုင်အား အချိန်ပြည့်ဖုန်းခေါ်ဆ်ုနေခဲ့သော်လည်း ဖုန်းအား ကိုင်ဆောင်၍ သူမအားပြန်လည်မပြော။ ကလေးငယ်လေးတစ်ဦး၏ မြူးတူးစွာဆော့ကစားနေခဲ့သော အသံများကိုသာ ဖုန်းအတွင်း၌ ကြားနေခဲ့ရပြီး စိတ်ဆိုးဆိုးဖြင့် ဖုန်းအား အကြိမ်ပေါင်းများစွာ ချပစ်ခဲ့ကြောင်း အစ်မဖြစ်သူမှ ပြောဆိုလေခဲ့သေးသည်။
ပြီးပါပြီ
လုံးဝဖြစ်ရပ်မှန်
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
Post Top Ad
Responsive Ads Here
Home
ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
အဆောင်မှာနေသော သရဲသားအမိ (ဖြစ်ရပ်မှန် ဇာတ်လမ်းတို) စဆုံး
အဆောင်မှာနေသော သရဲသားအမိ (ဖြစ်ရပ်မှန် ဇာတ်လမ်းတို) စဆုံး
Share This
Tags
# ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Share This
About Unknown
ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment