အပိုင်း(၃) သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၃) သင်္ချိုင်းထဲမှ မှော်ဝင်အုတ်ဂူ

Share This
(၃)
သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
တစ္ဆေဇာတ်လမ်းအရှည် ကြိုက်သူများ အတွက် သီးသန့်ရေးသားထားသော

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
               သင်္ချိုင်းထဲမှ မှော်ဝင် အုတ်ဂူ
 
စာရေးသူ -ထီးကလေး၊



`ဟဲ့…ဟဲ့…နေဦး ငါပြောစရာရှိသေးတယ်…´
`နောက်မှ ပြော…အခု အိမ်မှာ ငါအရိပ်ယောင်ပြလိုက်ဦးမယ် .…သွားပြီဟေ့…´
တားမရ ဆီးမရ သူမပြန်သွားတော့သည်။ မကြာခင်မှာပဲ တန်ခိုးနှင့် လမ်းကလေး ရောက်လာသည်ကြောင့် ကျွန်ုပ်နှင့် ငါးကလေး ညက ကြုံတွေ့ခဲ့ရသည်နှင့်အတူ ကျွန်ုပ်အား အကူညီလာတောင်းသည့် မိသားစုအကြောင်းပါ ပြောပြလိုက်တော့သည်။ သို့ပေမယ့် လက်ပတ်နာရီနှင့် ပတ်သတ်သော အကြောင်းအား လျှိုဝျက်ထားခဲ့တယ်။
`စောနယ်…ဟုတ်လား…´
`ဟုတ်တယ်…စောနယ်တို့ယောနယ်တို့ဆိုတာ အောက်လမ်းပညာတွေ ထွက်တဲ့နယ်တစ်ခုပဲ…ယောနယ်နဲ့သိပ်မကွာဘူးလို့ ငါ့ဖေဖေပြောဘူးတယ်…´
`ဒါဆို မင်းက သူတို့ကို ကူညီပေးမှာလား´
`မတရားသေခဲ့ရတာဆိုတော့ ငါ ကူညီပေးချင်တယ်…´
`ဒါဆို ဟိုညက တန်ခိုးကို သူတို့အကူညီတောင်းခဲ့တာပဲ…မင်းက သွားကြမ်းလိုက်တာ သနားပါတယ်´
`ငါလဲ မသိလို့ပါ…ဒါဆို ငါတို့ဘယ်နေ့စပြီး အဲ့ဒီစောနယ်ကို သွားမလဲ…´
`နောက်တစ်ပတ်လောက်တော့ သွားမယ်လို့ စီစဉ်ထားတယ်…´
`ဒါဆို ဒီ…ဒီမိန်းကလေးကိုရော…´
`ဘာဖြစ်လဲ ငါတို့နဲ့အတူတူခေါ်သွားလိုက်တာပေါ့…လိုက်မယ် မဟုတ်လား ကေသီဖြူ´
`အစ်ကိုတို့ကို ညီမယုံသွားပါပြီ အားလဲ ကိုးမိတယ်…ညီမလိုက်ပါရစေ…´
`ဟုတ်ပြီ…ဒါဆို ငါတို့ခရီထွက်ကောင်းအောင်လို့ အိမ်မှာ အခု မိဘတွေကို ပြန်ဖားလိုက်ကြရအောင်…´
`ငါတော့ ဒီမှာ ခဏနေဦးမယ်…နေ့လည် မင်းတို့လာဦးမယ် မဟုတ်လား…အဲ့ကျမှပဲ ငါပြန်မယ်…´
`မင်းသဘောပဲ…´

သို့နှင့် ထိုအိမ်၌ ကျွန်ုပ်နှင့်အတူ ကေသီဖြူ နှစ်ယောက်တည်းသာ ကျန်နေခဲ့တော့သည်။ သူငယ်ချင်းတွေ ပြန်သွားကြတော့ ထိုသူပြောသည့် နာရီအား သူပြောသည့် အိမ်မျက်နှာကျပ်အပေါ်တွင် တွေ့ရှိခဲ့ပြီး ကျွန်ုပ် လက်တွင် ဝတ်လိုက်တော့သည်။ သို့ပေမယ့် ထိုသူပြောသလို သူ့အား အရိမ်ယောင်တောင် မမြင်ရ။ ခဏအကြာမှာပဲ အိမ်ဘေးမြေလွတ်၌ ပုဆိုးအကွက် အင်္ကျီးအဖြူလေးဖြင့် ညက လူကို တွေ့လိုက်ရတယ်။ အံ့သြတသသနှင့် ထိုသူအနားသို့ကျွန်ုပ်ရောက်သွားကာ
`ည…ညကလူ.…ဟုတ် …ဟုတ်ပါတယ်နော်…´
`မင်းငါ့ကို မြင်ရပြီ မဟုတ်လား…ငါအချိန်ပြည့် ဒီအိမ်မှာပဲ ရှိနေခဲ့တာ…မင်းငါ့ကို ကူညီပေးမယ် မဟူတ်လား…´
`စိတ်ချပါဗျာ…ကျုပ်နဲ့အတူ သူငယ်ချင်းတွေကလဲ ခင်ဗျား မတရားသေရတာကို ဝိုင်းပြီး ကူညီပေးလိမ့်မယ်…´
`ကျေးဇူးတင်ပါတယ်ကွာ…ငါလဲ မင်းတို့ကို ပြန်ကူညီခွင့်ရချင်ပါတယ်´
အိမ်ဘေးတွင် ကျွန်ုပ်တစ်ယောက်တည်း စကားပြောနေသည်ဟု ကေသီဖြူထင်လျက် ကျွန်ုပ်အား ပြတင်းပေါက်မှ ကြောင်တောင်တောင် ကြည့်နေတော့သည်။ ထိုအချိန် ကျွန်ုပ်၏ ဖုန်းအသံမြည်လာသည်ကြောင့် နံပါတ်ကြည့် ဖုန်းကိုင်လိုက်ပြီး
`တန်ခိုး…ပြော…´
`ထီးလေး…မျှားလေး သူ့အိမ်နဲ့စိတ်ဆိုးပြီး အိမ်ကနေ ဆင်းသွားပြီးတဲ့…´
`ဟင်!…ဘယ်…ဘယ်ကိုဆင်းသွားတာတုန်း…´
`ဒါတော့ မသိဘူး…မင်းအိမ်ကိုပြန်လာခဲ့ ငါတို့နဲ့အတူ မျှားလေး မိဘတွေကို သွားမေးကြမယ်.´
`အေးအေး…အခုပြန်လာခဲ့မယ်…´
`ကဲ…ကျုပ်သူငဟ်ချင်း အိမ်ပေါ်က ဆင်းသွားလို့တဲ့ ကျုပ် အိမ်ခဏပြန်လိုက်ဦးမယ်…နောက်မှ ခင်ဗျားနဲ့ ဆက်ပြောကြတာပေါ့…´

ထိုသူအားကျွန်ုပ်နှုတ်ဆတ်ပြီး ကေသီဖြူကို လက်ဆွဲကာ ကျွန်ုပ်အိမ်မှ တစ်ဆင့် သူငယ်ချင်းဖြစ်သူ မျှားကလေးအိမ်သို့ထွက်လာခဲ့တော့သည်။မျှားလေး အိမ်ထဲရောက်တော့ သူမအမေက ငိုနေလျက်
`အန်တီ…မျှားလေး အိမ်ပေါ်က ဆင်းသွားလို့ဆို…´
`ဟုတ်တယ်…မောင်ထီးလေရေ သမီးလေးကို မနက်က ဦးဆူလိုက်မိတယ် မင်းတို့ချည်းပဲ အိမ်ဝယ်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီ…´
`ဘဟ်ကို ဆင်းသွားတာတုန်း ဦးလေး´
`ဦးလေးလဲ မသိဘူး…လုပ်ပါဦး သားတို့ရယ် မင်းသူငဟ်ချင်းကို ဝိုင်းရှာပေးကြပါဦး…သူ့ဖုန်းလဲ ပိတ်ထားတယ်´
`စိတ်…စိတ်ချပါ ကျွန်တော်တို့ဝိုင်းရှာပေးပါ့မယ် သူဘယ်တွေကို သွားတတ်လဲ…´
`သူ သွားတတ်တာက မင်းတို့ဆီကလွဲပြီး ဘယ်မှ မသွားဘူး´
`အန်တီ ထင်တာတော့ သူ့ဦးလေးရှိတဲ့ နယ်ဘက်ကို သွားလား မသိဘူး´
`ဘဟ်နယ်လဲ အန်တီ ကျွန်တော်တို့ လိုက်ခေါ်မယ်.…´
`စောနယ်…´
`ဗျာ…စော…စောနယ်…´
`စောနယ်မှာ ဦးလေး ညီဝမ်းကွဲ လွန်းတင်ဆိုတာ ရှိတယ်…သမီးလေးကို သိပ်ချစ်တာ…သူအဲ့ဒီ့ကိုပဲ သွားတာ ဖြစ်ရမယ်…´
`ဟာ…ဟုတ်ပြီ ကျွန်တော်တို့တွေလဲ စောနယ်ကို သွားဖို့ရှိတယ်…စိတ်ချ ကျွန်တော်တို့သူငယ်ချင်းတွေ မျှားလေးကို ရှာလာပေးပါ့မယ်…´
`ကျေးဇူးတင်ပါတယ် သားတို့ရယ်…သမီးလေးတစ်ယောက်တည်းရှိတာ…တစ်ခုခုဖြစ်ရင် အန်တီတို့ ရင်ကျိုးရချည်ရဲ့…´
`စိတ်ချပါ အန်နီနဲ့ဦး ဒီညနေပဲ …ကျွန်တ်ာတို့ စောနယ်ကို အရောက်သွားလိုက်ပါ့မယ်…´

ခရီထွက်ဖို့အတွက် အားလုံးပြင်စဉ်နေကြတော့တယ်။ ကေသီဖြူကိုတော့ မျှားကလေးရဲ့အဝတ်စားတစ်ချို့ ခရီးဆောင်အိတ်ဖြင့် ထည့်ပေးထားပြီး ကျွန်ုပ်တို့ဝယ်ထားသည့် အိမ်မှာပဲ မိဘတွေ မသိအောင် နေခိုင်းထားတယ်။ထိုအိမ်၌ရှိသော မကျွတ်မလွတ်သေးသည့် လူကြီးကလဲ သူ့အား ကူညီပေးမည့် ကျွန်ုပ်တို့အားလုံးကို ခြောက်လန့်ခြင်းမရှိ။ ခရီအတွက် လိုသည့် အသုံးဆောင်များ ကေသီဖြူကို ထိုအိမ်၌ သွားပေးရန် ကျွန်ုပ်တစ်ယောက်တည်း ထွက်လာခဲ့တယ်။ ထိုအိမ်ရှေ့အရောက်မှာပဲ ဝိဥာဉ် ဦးလေးကြီး ခြံထဲ၌ တွေဝေ ငေးငိုင်နေသည်ကို ကျွန်ုပ်တွေ့လိုက်ရတော့
`ဗျို့…ဦးလေး…ဘာတွေ တွေးနေတာတုန်း…´
ထိုဝိဥာဉ်အား မည်သူမှ မမြင်နိုင်ပေမယ့်
ကျွန်ုပ်၏အမြင်မှာတော့ သာမာန် လူသားတစ်ယောက်သကဲ့သို့ပင် ခြံထဲမဝင် အပြင်မှ လှမ်းနှုတ်ဆတ်လိုက်တယ်။ ကျွန်ုပ်အသံကြားသည်ကြောင့် ကေသီဖြူ အိမ်ထဲမှ ပြေးထွက်လာခဲ့ပြီး ကြောင်တောင်တောင်မျက်လုံးများဖြင့် ကျွန်ုပ်အား ကြည့်နေလျက်။
`ဘာမှ မတွေးပါဘူးကွာ…မင်းတို့စိတ်ပြောင်းပြီး ငါ့ကို မကူညီမှာပဲ စိုးရိမ်နေတာ…´
`အဲ့အတွက်တော့ ဘာမှ ပူမနေနဲ့ကျုပ်သူငယ်ချင်း ဟိုကောင်မလေးလေ အခု သူ့အိမ်ကနေ စိတ်ဆိုးပြီး သူ့ဦးလေးရှိတဲ့ စောနယ်ကိုသွားတယ်တဲ့…အဲ့ဒါ ကျုပ်တို့ဒီနေညပဲ စောနယ်ကို သွားရမယ်…´
`ဟေး…ဒါဆို မင်းတို့တစ်ချက်ခုတ် နှစ်ချက်ပျက် အနေနဲ့ငါ့ကိုပါ တစ်ခါတည်း ခေါ်သွားပေးပါနော်´
`စိတ်ချပါဗျာ…ကျုပ်တို့ခေါ်သွားပေးပါ့မယ်…´
`ဒါပေမယ့် ကယ်တင်ရှင်လေး တစ်ခုတော့ ငါပြောပါရစေ…မင်းငါ့ကို မြင်ရတဲ့အကြောင်း ဘယ်သူကိုမှ မပြောပါနဲ့အုံး…မင်း ငါ့နာရီလေး ပတ်ထားသ၍ ငါ့အသံကိုလဲ မင်းကြားနိုင်တယ် ငါ့ကိုလဲ မြင်နိုင်လိမ့်မယ် ဘယ်သူ့ကိုမှ အသိပေးလို့မဖြစ်ဘူး…´
`စိတ်ချပါဗျာ…ကျုပ်သူငယ်ချင်း အရင်းခေါက်ခေါက်တွေကိုတောင် မပြောထားဘူး…´

ထိုဝိဥာဉ် ဦးလေးနှင့် ခြံရှေ့မှာ စကားပြောနေသည်ကို ကေသီဖြူ လှမ်းကြည့်နေရင်း
`အစ်ကို…ဘယ်သူနဲ့ပြောနေတာလဲ…´
`ဟမ်…အော်…ဟင့်အင်း…မင်းသားလုပ်မလို့ တစ်ယောက်တည်း အိုက်တင်ကြည့်နေတာ…´
ရှုတ်နောက်နောက် စကားနှင့် သူ့အမေးကို ပြန်ဖြေပြီး ကျွန်ုပ်အိမ်ထဲဝင်ကာ ညနေ ၅နာရီ ခရီးစထွက်မည် ဖြစ်ကြောင့် ကေသီဖြူကို ပြောပြလိုက်တော့သည်။

*****************************

ဦးလွန်းတင်၏ သေဆုံးသွားသော ရုပ်အလောင်းအား ထိုရွာ၏ ဓလေ့အရ သုံးရက်တိတိ မြေမြှုပ်မသင်္ဂျိုးသေးပဲ ထားခဲ့တယ်။ သုံးရက်တိတိ ဦးလွန်းတင်အလောင်းဟာ အေးခဲမာတောင့်သွားခြင်းမရှိဘဲ သက်ရှင်စဉ်ကအတိုင်း ပျော့ပျောင်းနေခဲ့သည်။ ထိုရွာမှ ဖိုထိုးသော ဓာတ်ဆရာ ကိုကိုကြီးက ဦးလွန်းတင်ဟာ မှော်ဝင် နေသည်ဟု ပြောဆိုသောကြောင့် တစ်ရွာလုံး အံ့သြတစ်သသဖြစ်နေလျက်။ ထိုအလောင်းအား မည်သို့ဆက်လုပ်ရမည်ကို မသိချေ။ ဦးလွန်းတင် မြေချမည့် သုံးရက်မြောက်နေ့အထိ မြေမချသေးပဲ ရွာပြင်တွင် စင်ထိုးကာ အစောင့်များချထားခဲ့တယ်။ ထိုရွာပြင် ဦးလွန်းတင် အလောင်းရှိရာသို့ ရေချိုးမည့်ဟန်အသွင်ဖြစ် ခင်ဝါအိမ်မှ ထမီယဉ်လျားကာ ထွက်လာခဲ့တဟ်။ ထိုနောက် ရွာပြင် အလောင်းရှိရာသို့ သူမရောက်သွားပြီး
`နင်တို့ မသာကို မြေမချသေးဘူးလား…ဆက်ထားမယ်ဆိုရင် နင်တို့တစ်ရွာလုံး မသာပေါ်ကုန်တော့မဟ်…´
ထမီယဉ်လျား ခါးကိုထောက်လျက် ပြောလိုက်သည်က မာန်ပါပါ ။အလောင်းအားစောင့်ကျပ်နေသော ရွာသားများကပင် ခင်ဝါ့အား ကြောင်တောင်တောင် မျက်လုံးများဖြင့် ကြည့်နေမိတော့သည်။ ထိုနောက် ကြမ်းတမ်းသော ခြေလှမ်းတို့ဖြင့် သူမရွာထဲ ပြန်ဝင်သွားခဲ့တော့ ကြောင်တောင်တောင်ဖြစ်ခါ ကျန်နေခဲ့သော အလောင်းစောင့်သူများက သတိဝင်လာပြီး
`အမလေး…ရုပ်ကလေးက လှသလောက် ပြောသွားတဲ့ပုံစံက ရှေးဆန်ဆန်နဲ့ကြမ်းတမ်းပြီး ကြောက်ဖို့ကောင်းလိုက်တာ…´
`ဟုတ်ပါ့…ထမီးကြီး ယဉ်လျားထားတာ ငါ့အဘိုးပြောပြတဲ့သင်္ချိုင်းစောင့် မဖဲဝါ ပုံစံအတိုင်းပဲ…´
`အလကားပါကွာ…ဒီကောင်မလေး ကြည့်ရတာ ဘယ်သူ့ကိုမှလဲ အဖတ်မလုပ်ဘူး…စိတ်မှ ကောင်းရဲ့လား မသိဘူး…´
အလောင်းစောင့် ရွာလူငဟ်များ ပြောရင်းရယ်မောနေလျက်။ နေ့လည်ခင်း ဓာတ်ဆရာ ကိုကိုကြီးနှင့်အတူ ရွာလူကြီးတို့ ဦးလွန်းတင်အလောင်းရှိရာ ရွာပြန်ဘက်သို့ အလောင်းအား မြေချရန် တိုင်ပင်ပြီး ထွက်လာခဲ့တေတ့သည်။
`ဟင်!…ဒါ…ဒါဘယ်လို…ဘယ်လိုဖြစ်တာလဲ…´
ကိုကိုကြီးနှင့် ရွာလူကြီး မြင်တွေ့လိုက်ရသည်က အလောင်းအား စောင့်ကျပ်နေသော ရွာသား ၃ယောက် သေနေခြင်းကိုပင်။ ထိုအချိန် နီးစပ်ရာ လယ်မှ စာရင်းငှားလေး တစ်ဦး သူတို့နှစ်ယောက် ရှိရာသို့ ပြေးထွက်လာပြီး
`လူ…လူကြီး…ဘာဖြစ်နေကြတာတုန်း´
`ဟိုမှာကြည့်လေ…´
`ဟင်!…ဘယ်…ဘယ်လိုဖြစ်တာလဲ…´
`ငါတို့လဲ အလောင်းသင်္ဂျိုးဖို့ထွက်လာကြတာ ဒီရောက်တော့ သူတို့တွေပါ သေနေကြတယ်…ဒါ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး…´
`အခုန …ကျုပ်လယ်တဲ အထဲကနေ လှမ်းတွေ့လိုက်တယ်…မိန်းမတစ်ယောက် ထမီးယဉ်လျားကြီးနဲ့လာပြီး…သူတို့တွေကို လက်ညှိုးငေါင်ငေါက်ထိုးပြီး ဘာတွေ ပြောသွားလဲ မသိဘူး…´
`ဘာ…ဘယ်လို…မိန်းမတစ်ယောက် ထမီ ယဉ်လျားနဲ့ဟုတ်လား…´
`ဟုတ်တယ်…´
`ဒါ…ဒါဆို…ဦးလွန်းတင် ရေးသွားတဲ့ မဖဲဝါဆိုတာများလား…´
`ဗျာ!…မ…မဖဲဝါ…ဟုတ်လား…လူကြီး…ဟို…ဟိုသင်္ချိုင်းစောင့် မဖဲဝါကိုပြောတာလား…´
`ငါလဲ…သေချာ မသိဘူး…ရွာထဲကလူတွေကို ခေါ်ပြီး ဒီအလောင်းတွေ သင်္ဂျိုးလိုက်တော့…သင်္ချိုင်းစောင့် သုဘရာဇာကြီးကိုပဲ အားကိုးရတော့မှာပဲ ဘုရား…ဘုရား…တို့ရွာလေးကတော့ ကပ်ကြီးစိုက်နေပြီ…တစ်ရွာလုံး အတွက် အန္တရယ် သိပ်ရှိတယ်…´
ထိုနောက် ရွာရှိ ငယ်ကြီး လူငယ် ကလေးတို့ကြောက်ရွှံ့တကြီးဖြစ်ကုန်ကြပြီး။ ထိုအထဲတွင် ခင်ဝါ၏ မိဘနှစ်ပါလဲ အပါအဝင် သို့ပေမယ့် ခင်ဝါကတော့ ရယ်မောပြုံးရွှင်နေလျက်။ ရွာပြင် သင်္ချိုင်းသို့ အလောင်းများ မြေမြှုပ်သင်္ဂျိုးကြသောလည်း ဦးလွန်းတင်၏ ရုပ်အလောင်းအား ထူးဆန်းသည်ကြောင့် ရွာလူကြီးက ဂူသွင်း သင်္ဂျိုးလိုက်ပြီ်း။ရွာသား အားလုံး စုပေါင်းကာ သင်္ချိုင်းအစောင့်ကြီးဆီသို့ ဦးတည်သွားကာ
`သုဘရာဇာကြီး…ကျုပ်တို့ရွာ ကပ်ဘေးစိုက်နေလို့ ခင်ဗျား ကူညီနိုင်မယ်ဆို ကူညီပေးပါ…´
`ဟား…ဟား…မင်းတို့ရွာက လွန်းတင်တောင် ကပ်ဘေးမှာ သေသွားရတယ်…မင်းတို့ရွာမှာ မဖဲဝါ ဝင်စားတဲ့ကလေးတစ်ယောက်ယောက်တော့ ရှိနေပြီ…´
`ဗျာ!…ဘယ်…ဘယ်လို…´
`ဟုတ်တယ်…မဖဲဝါ ဝင်စားတဲ့သူရှိနေပြီ လွန်ခဲ့တဲ့အနှစ်၂၀တုန်းက ငါ့သင်္ချိုင်းထဲမှာ အမျိုးသမီးတစ်ယောက် ငိုယိုပြီး ကလေးတစ်ယောက် အမြန်ရပါစေဆိုပြီး ဆုတောင်းနေတာ ကြားလိုက်ရတယ်…အဲ့အချိန်က ငါကလဲ လူငယ်စိတ်ဆိုတော့ သူဆုတောင်းနေတာကို မတားမိလိုက်ဘူး…အခုအသတ်ရလာမှ မဖဲဝါဝင်စားတဲ့ရွာဆို တစ်ရွာလုံး သေဘေးစိုက်ကြရတယ်ဆိုတာ သိလာတယ်…´
`လုပ်…လုပ်ပါဦးဗျာ…ကျုပ်…ကျုပ်တို့ အဲ့ဒါဘယ်လို လုပ်ရမလဲ…သုဘရာဇာကြီး အကြံပေးပါအုံးဗျာ…အခုဆို ကျုပ်တို့ရွာမှာ အလောင်းပြိုင် သေဆုံးတာတွေ မနည်းတော့ဘူး…´
`မင်းတို့ရွာမှာ လူထူးလူဆန်း သာမာန်လူတွေနဲ့မတူတဲ့လူမျိုးကိုတွေ့မိသေးလား…´
`လူထူးလူဆန်း…ဆိုလို့ကျုပ်တို့ရွာမှာ ဦးလွန်းတင် တစ်ယောက်တည်းပဲရှိတာ သူလဲ သေပြီ…´
ထူပူနေသော ရွာလူကြီးအား ဘေးမှ ရွာသားတစ်ယောက်က
`ဟို…ဟို…ရှိတယ်လေ လူကြီးရဲ့ရွာကို ပြောင်းလာတာ မကြာသေးတဲ့ မိသားစု သုံးယောက်ထဲက ဟိုမိန်းကလေးတစ်ယောက်လေ…´
`ဟင်!…အော်…ဟုတ်…ဟုတ်တယ် ရှိတယ်…သူ့ကိုကြည့်လိုက်ရင် သာမာန်လူတွေနဲ့မတူဘူး…အမြဲငေးမှိုင်နေတာ တွေ့ရတယ်…အဲ့ဒါ မဖဲဝါဝင်စားတဲ့မိန်းကလေးလား…´
`ဒါတော့ ငါလဲ သေချာမသိဘူး…အကယ်၍ သူသာ မဖဲဝါ ဝင်စားတဲ့မိန်းကလေးဆို မင်းတို့သူ့ကို ဘာမှ သွားမလုပ်ကြနဲ့ အားလုံး မသာပေါ်ကုန်လိမ့်မယ်…မင်းတို့လုပ်ကမှာ တစ်ခုတည်းပဲ ဒီလကွယ်ည ၁၂နာရီတိတိမှာ မဖဲဝါကို သင်္ချိုင်းမှာလာပြီး ခေါ်ရမယ်…ပြီးရင် သူကြိုက်တတ်တဲ့ပစ္စည်း အစားအစာတစ်ခုပေးပြီး အမှားလုပ်မိရင် ခွင့်လွတ်ပါလို့ တောင်းပန်ရမယ်…´
`ဒီလကွယ်ည ၁၂နာရီ…ဟုတ်လား…ရတယ်ဗျာ တောင်းပန်ဆိုလဲ တောင်းပန်လိုက်မယ် ရွာသူ ရွာသားတွေ အန္တရယ် မဖြစ်ရင်ပြီးရော…´
`ကောင်းပြီ…မင်းတို့မေ့နေကြတယ်ဆိုရင်တော့ မင်းတို့တစ်ရွာလုံး အားလုံး ငါ့သင်္ချိုင်းကို မသာအဖြစ်နဲ့ရောက်လာကြလိမ့်မယ်…´
`ဟုတ်…ဟုတ်ကဲ့…စိတ်ချ မမေ့ပါဘူး´

ယခု အချိန်ခါဟာ တပေါင်းလပြည့်ကျော်ခါစ အချိန်သာရှိသေး၍ လကွယ်ည မရောက်မချင်း မည်သူတွေ ဘာဖြစ်လာမလဲဆိုတာ မည်သူမှ ကြိုမသိ ခင့်ဝါရဲ့မိဘနှစ်ပါးဟာလည်း တစ်နေ့တစ်နေ့ သူတို့သမီးလေးကို သံသရစိတ်ဝင်နေတော့သည်။ မိခင်ဖြစ်သူ ဒေါ်မြနှစ်ဟာ သူမဆုတောင်းမှားခဲ့သည်ကို ယူကြုံးမရ နောင်တကြီးစွာရလျက် လိပ်ပြာမယုံဖြစ်ကာ မည်သို့ပင် ရွာအတွက် ကူညီပေးရမည်ကို သူမနေ့စဉ်နှင့်အမျှ တွေးရင်း စိတ်ဆင်းရဲ ပူဆွေးနေရတော့သည်။ တစ်နေ့တစ်ခြား ဝင့်ဝါဟာ သူမကိုယ်ပေါ် အင်္ကျီမကပ်သကဲ့သို့ ထမီးသာ ယဉ်လျားထားသည်ကို မိဘနှစ်ပါးတွေ့နေရတော့သည်။

****************************

ရန်ကုန်မြို့မှအထွက် အဝေးပြေးလမ်းမကြီကို ကျော်ဖြတ်ခါ စောမြို့ထဲ မနက်မိုးလင်ပြီးဆိုသည်နှင့် တစ်ပြိုင်နက် ဝင်လာခဲ့တယ်။ ကျွန်ုပ်တို့နှင့်အတူ ဝိဥာဉ်ဦးလေးကြီးပါ ကျွန်ုပ်ဘေးတွင် လိုက်ပါလာခဲ့သည်ကို ကျွန်ုပ်၏သူငယ်ချင်းများ မသိ။ စောမြို့နယ်ဟာ အလွန်ခေါင်လျက် လူဦးရေဟာလည်း နည်းပုံရသည်။ မြို့ထဲရောက်ရောက်ချင်း ဆိုင်တစ်ဆိုင်မှာ မနက်စာစားရန် ကားကိုရပ်ပြီး အားလုံး ထိုတဲဆိုင်လေးသို့ဝင်လာခဲ့တယ်။
`ကဲ…စောမြို့တော့ ရောက်လာကြပြီ မျှားလေး အဖေပေးလိုက်တဲ့ လိပ်စာကို ငါတို့လဲ မသိဘူး…ဘယ်လို လုပ်မလဲ…´
`ဒါက လွယ်ပါတယ်…ဒီမြို့ကသူ တစ်ယောက်ယောက်ကို မေးလိုက်ရင်ရတာပဲ…´

သို့နှင့် စားစရာများ လာချပေးသော ဆိုင်ရှင်အန်တီကြီးအား လိပ်စာထဲမှ ရွာအမည်ကို မေးလိုက်တော့
`အဲ့ရွာက တော်တော်ခေါင်တယ်…မောင်ရင်တို့ အခုနေသွားမယ်ဆို နေ့လည်လောက်မှ ရွာထဲကို ရောက်ကြလိမ့်မယ်…ပြီးတော့…´
`ပြီးတော့ ဘာဖြစ်လဲ ကြီးတော်…´
`ပြီးတော့ အဲ့ဒီရွာက ပညာသည် စုန်း အောက်လမ်းပညာတွေ အရမ်းပေါတယ် ဒါပေမယ့် အခုတော့ ကြီးတော်လဲ မသိဘူး…´

ပြောပြောဆိုဆိုဖြင့် အန်တီကြီး ကျွန်ုပ်တို့အနားမှ ထွက်သွားခဲ့တယ်။ ကျွန်ုပ်တို့အားလုံးပေါင်း ငါးယောက် အစားအစာကို ခြောက်ယောက်စာ မှာလိုက်သည်ကြောင့် သူငယ်ချင်းများက မေးကြတော့ အကြောင်းအမျိုးမျိုးပြကာ တစ်ယောက်စာအား ကျွန်ုပ်ဘေးမှ ဝိဥာဉ်ဦးလေးကြီးကို မျက်ရိပ်မျက်ကဲဖြင့် စားရန် ပြောလိုက်တော့သည်။ သို့ပေမယ့် သူက ကျွန်ုပ်အား
`ငါတို့ပရလောကသားတွေက အစားအစာ စားကြတဲ့သူတွေရှိသလို မစားတဲ့ဝိဥာဉ်တွေလဲ ရှိတယ်…ငါအခုရောက်နေတဲ့ဘဝက အစားအစာကို မစားဘူး…ပြီးတော့ ဆာလဲမဆာဘူးလေ…ဒီတော့ ငါမစားချင်ဘူး…´
`ဒါဆိုလဲ…ပြီးရော…´
ဝိဥာဉ် ဦးလေး ပြောနေသည်က လူတစ်ယောက်ကဲ့သို့ပင် ဖြစ်သောကြောင့် ကျွန်ုပ်နှုတ်မှ ယောင်ရမ်းကာ စကားထွက်သွားတော့
`ဟင်!…ဘာပြောတာလဲ…ငထီး´
`ဟင်!…ဘာ…ဘာမှ မပြောပါဘူး´
`မင်း ပြောလိုက်ပါတယ်…ဘာတဲ့ ပြီးရောဆိုလား…´
`အမ်…အော်…စားပြီးရင် ပြီးရောလို့ပြောတာ…´
`အစ်ကို့ကြည့်ရတာ နေမကောင်းဘူးနဲ့ထင်တယ်…´
`ကောင်းပါတယ် ဖြူရဲ့အစ်ကို ဘာမှ မဖြစ်ပါဘူး…´
ကျွန်ုပ်ဘေး၌ရှိနေသော ဝိဥာဉ်ဦးလေးကြီးက ရယ်မောလျက်
`မင်းက သတိမှ မထားဘဲ…ငါက ဘေးနားကပြောမယ်…မင်းက အသာလေး မသိချင်ယောင် ဆောင်ပြီး နားထောင် ငါ့ကို စကားပြန်မပြောနဲ့ မင်းနဲ့ငါ နှစ်ယောက်တည်းကြမှ မင်းငါ့ကို စကားပြန်ပြောပေါ့…´
ဒီတစ်ခါမှာတော့ အိုက်တင်ကောင်းစွာဖြင့် ကျွန်ုပ် ဘေးမှ ဝိဥာဉ်ဦးကြီးအား မသိမသာ ခေါင်းလေး ငြိမ့်ပြလိုက်တော့သည်။ အားလုံး စားသောက်ပြီးသည်ကြောင့် အေးဆေးလှသည့် ဆိုင်လေးမှာ ရှေ့ခရီး မဆက်သေးပဲ ထိုင်နေစဉ် ဆိုင်ထဲသို့ ပုဆိုးအကွက်ကျဲ အနွမ်းလေးနှင့် လည်ကုတုံး အင်္ကျီအဖြူ၊ လွယ်အိတ်တစ်လုံးဖြင့် အသတ် ၆၀ကျော်မျှ လူကြီးတစ်ယောက် ဝင်လာခဲ့တယ်။ သူကား ဆိုင်ရှင် အန်တီကြီးနဲ့ ရင်းနှီးပြီးသား သူတစ်ယောက် ဖြစ်ဟန်တူသည်။ဆိုင်ရှင် မိန်းကြီးနာမည်ကို ခေါ်လိုက်ပြီး
`မယ်နု နင့်ဆိုင်ထဲကို ငါစဝင်လာကတည်းက အနံ့သတ် တစ်ခုရနေတယ်…´
`ဟုတ်လား…ဆရာမြ ဒါဆို ဆိုင်လေး နည်းနည်းရှင်းပေးသွားပါဦး…´

ထိုသူနှစ်ယောက် ရင်းရင်းနီးနှီးပြောနေပြီးနောက် ဆရာမြဆိုသူ ထိုလူကြီးက ဆိုင်အတွင်းရှိ ဘုရားရေချမ်းခွက် တစ်ခုကိုယူလိုက်ပြီး နှုတ်မှ မန်းမှုတ်ကာ တစ်ဆိုင်လုံး အနံ့လိုက်ပတ်ပါလေတော့သည်။ထိုအခါ ကျွန်ပ်ဘေးရှိ ဝိဥာဉ်ဦးလေးကြီးမှာ
`ကောင်လေး…ငါကို အဲ့လူ မောင်းထုတ်နေပြီ အပြင်မှာပဲ ငါစောင့်နေမယ်…အား …ငါပူနေပြီ…ဆိုင်အပြင်မှာစောင့် နေမယ် မင်းတို့မြနိမြန်လာခဲ့ကြ…´
ဟုဆိုကာ ကျွန်ုပ်ဘေးမှ ပျောက်ကွယ်သွားပြီး ဆိုင်ပြင်ဘက်တွင် ငုတ်တုတ်လေး ထိုင်နေသည်ကို တွေ့လိုက်ရတယ်။ထိုလူကြီး ကျွန်ုပ်တို့အနား ရောက်လာပြီး
`ကလေးတို့က ဒီရွာက မဟုတ်ဘူး ထင်တယ်…ဘယ်သွားကြမလို့တုန်း…´
`ဟုတ်ကဲ့…အဘ ကျုပ်က ဂျိုးဖြူကုန်း ရွာကို သွားမလို့ပါ…´
`ဟေး…အဘလဲ အဲ့ရွာကို သွားမလို့ကွ အဲ့ရွာမှာ သေဘေးတစ်ခု စိုက်နေတယ်လို့ အိပ်မက်မက်လို့´
`ဗျာ!…သေဘေး…ဟုတ်လား…အဘ…´
`အေးကွယ် …´
`ဒါဆို ကျုပ်တို့နဲ့လိုက်ခဲ့ပါလား…ကျုပ်တို့လဲ အဖော်ရတာပေါ့…´
သူငယ်ချင်း ဖြစ်သူ ငါးကလေးက ထိုလူကြီးအား တစ်ခါတည်းလိုက်ပါလာရန် ပြောလိုက်စဉ် ဆိုင်အပြင်ဘက်မှာ ရှိနေသည့် ဝိဥာဉ်ဦးလေးက ကျွန်ုပ်အား
`ကောင်လေး…သူ့ကို ငါကြောက်ရတယ်…မင်းတို့သူ့ကို ခေါ်လာရင် ငါလိုက်လို့မရတော့ဘူး…ငါတောင်းပန်ပါတယ်…သူ့ကို မခေါ်ပါနဲ့…´
ဟု စိုးရိမ်တစ်ကြီး အော်ပြောနေတော့တယ်။
`ဟေ့ယောင်…ထီးလေး…လမ်းမကြီးကို ဘာတွေ ကြောင်ကြည့်နေတာလဲ…´
`ဟင်!…ဘာ…ဘာမ မဟုတ်ပါဘူး…အဘ သူဖာသာသူ လွတ်လွတ်လပ်လပ် သွားပါစေ…ငါတို့လူငယ်တွေကြားမှာ နေရခတ်နေပါဦးမယ်…´
`ဟာကွာ…လူကြီးတစ်ယောက်ပါတော့ ကောင်းတာပေါ့ကွ…လိုက်ပါစေ…´
`မင်း…မင်းတို့မသိပါဘူး…အဘ သူဖာသူပဲ သွားပါစေ…´
`ရပါတယ်ကွာ…အဘလဲ အခုလောလောဆယ် အဲ့ရွာကို ဒီနေ့မသွားသေးပါဘူး…လပြည့်ကျော် ၁၂ရက်မှ သွားမှာ…ဒါပေမယ့် မင်းတို့လဲ သတိ ဝီရိယနဲ့သွားကြ…မင်းတို့အနားမှာ မကောင်းတာတွေ ရှိလာမှာဆိုးလို့…´
`ဘာ…ဘာမှ…မ…မရှိပါဘူး…´
`ဟေ့ယောင် ငထီး ဘာတွေ ဖြစ်နေတာတုန်း…ဘကြီးပြောတာ ရှိတယ်လို့ ပြောတာမှ မဟုတ်တာ …ရှိလာမှာဆိုးတယ်လို့ပြောတာ…ဒီကောင်…နေမှကောင်းရဲ့လား မသိဘူး…တစ်လမ်းလုံးလဲ တစ်ယောက်တည်း စကားတွေ ပြောလို့ပြော…´
`ဟာကွာ…ငါ…နေ…နေကောင်းပါတယ်ကွ…´
`ကဲကဲ…မင်းတို့လဲ ခရီးဆက်ရဦးမယ် မဟူတ်လား…သွားကြတော့ တော်ကြာနေမြင့်နေမယ်…ဂျိုးဖြူကုန်းရွာ ရောက်မှ အဘတို့ ဆုံကြတာပေါ့…´

သို့နှင့် ခရီးဆက်ကြရန် ထိုဆိုင်လေးအတွင်းမှ အားလုံး ထွက်လာခဲ့တော့သည်။

*****************************
Facebook မှာ စာလုံအရေအတွက် ခွင့်ပြုသလောက် အတွဲ(၃)အားဖော်ပြလိုက်ပါသည်။့်  ကျန်ရှိနေသော အဆက်အား အပိုင်း ၄ တွင်ဆက်လက် ဖော်ပြပေးပါမည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages