အပိုင်း(၁) တစ္ဆေတို့၏ စာမျက်နှာ - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁) တစ္ဆေတို့၏ စာမျက်နှာ

Share This

အပိုင်း(၁) တစ္ဆေတို့၏ စာမျက်နှာ

တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                     လိုက်သူများနှင့် 
             တစ္ဆေတို့၏ စာမျက်နှာ 

စာရေးသူ -ထီးကလေး



တိတ်ဆိတ်နေတဲ့ညဥ့်နက်သန်းခေါင်းယံအချိန် နန်းဆောင်တော်အတွင်းမှ မိဘုရားငယ်နှင့် အတူ သားတော်လေး အိပ်ဆက်နေခဲ့ပြီး။ အထိမ်းတော်များနှင့် မိဘုရားငယ်၏ ကိုယ်ရံတော်တို့စောင့်ကျပ်နေကြတော့သည်။ထိုသို့ တိတ်ဆိတ်လျက်ရှိသော ညဥ့်နက်နက်မှာ
``ခွပ်…ခွပ်…´´
မြင်းခွာသံများက အဝေးမှ လှမ်း၍ပင် ကြားနိုင်နေတော့ အထိမ်းတော်ကြီးမယ်ဥမ္မာက
``ကိုယ်ရံတော်ကြီး …ရဲမတ်တွေ လာနေကြပြီနဲ့ထင်တယ်…မိဘုရားလေးကို ရှင်ခေါ်ပြီး အနောက်နန်းဆောင်ကနေ လွတ်ရာကိုပြေးပါတော့…´´
``ကျုပ် မပြေးဘူး…မယ်ဥမ္မာ မိဘုရားလေးအတွက် ကျုပ် အသတ်ကို ပေးပြီးသား…ရဲမတ်တွေကို ကျုပ်ရင်ဆိုင်ပြီး မိဘုရားလေးနဲ့ သားတော်လေးကို အသက်ထက်ဆုံး ကာကွယ်ပေးမယ်…´´
``အိုး…ရဲမတ် အင်အားက တောင့်တင်းလွန်းပါတယ်…ကိုယ်ရံတေတ်ကြီး…ကျွန်ပ်ပြောတဲ့အတိုင်းသာ လုပ်ပါ…သားတော်လေးနဲ့မိဘုရားကိုသာ ရှင် လွတ်ရာကိုခေါ်ပြေးသွားပါ…´`
ထိုသို့ပြောနေကြစဉ်မှာပဲ မြင်းခွာသံတွေဟာ တစ်ဖြည်းဖြည်းနည်းကပ်လာတော့တယ်။ ကိုယ်ရံတော် တပ်မူးကလဲ အိပ်နေတဲ့မိဘုရားလေးနဲ့သားတော်လေးကို 
``မိဘုရားလေး…ရဲမတ်တွေ လိုက်လာကြပြီ…ထီးဘုရားကြီးက ကျွန်ုပ်တို့ကို သက်မိန့်ချလိုက်ပြီးနဲ့ထင်ပါတယ်…ကျွန်ုပ်တို့ လွတ်ရာကိုသာ ရှောင်တိမ်းပါမယ်…မိဘုရား…´´
``အလို…ဆင်ခြင်တုန် တရားကင်းလှတဲ့မင်းပါလား…ဒင်းတို့ကို ငါရင်ဆိုင်နိုင်ပေမယ့် သားတော်လေးကို အထိခိုက်မခံနိုင်ဘူး…ဒီတော့ ငါတို့လွတ်ရာမှာ ခဏတိမ်းရှောင်နေမှဖြစ်မယ်…´´
``အမိန့်တော် အတိုင်းပါ မိဘုရားလေး…အကျွန်ုပ်နောက်ကနေသာ မိဘုရားလေး ထပ်ချက်မကွာ လိုက်လာခဲ့ပါတော့…´´
မြင်းခွာသံတွေဟာ နန်းဆောင်အရှေ့သို့ရောက်လာတော့သည်။ နန်းဆောင်တစ်ခုလုံးကို မြင်းတပ်ဖြင့် ဝန်းရံလိုက် ပြီးနောက်စစ်သူကြီးက 
``ထီးဘုရားကြီး အမိန့်တော်ပါတယ် …မိဘုရားလေးနှင့်အတူ နန်းဆောင်အတွင်းမှ သူအားလုံး နာခံစေ…´´
အာဏာစက်ပြင်းလှတဲ့ လေသံဖြင့် စစ်သူကြီးမင်း နန်းဆောင်းအရှေ့မှ အော်ပြောကာ မြင်းပေါ်မှ ဆင်း၍အမိန့်စာအား ဖြီလိုက်ပြီး
``မိဘုရားငယ်သည်…ဘုရင့်အမိန့်အား မနာခံပဲ…သားတော်လေးအား မွေးဖွားသည့် အတွက် မိဘုရားလေးနှင့် အတူ ၎င်း၏အခြွေရံများအား ၎င်းနန်းဆောင်အတွင်း၌ မီးလောင်းတိုက်သွင်းပြီး သေစေရမည်…ထီးဘုရားကြီး…အမိန့်´´
အမိန့်စာကို သိမ်းလိုက်ပြီး မီးတုတ်ကိုင်ဆောင်ထားသော ရဲမတ်အားလုံးကို နန်းဆောင်အတွင်းသို့ မီးရှို့ရန် အမိန့်ပေးလိုက်လေတော့သည်။ မိဘုရားငယ်လေးဟာ ၇ရက်သားမျှ ရှိသေးသည့် သားတော်လေးကို ရင်ဝယ်ပိုက်ခါ အနောက်နန်းဆောင် သို့အထိမ်းတော်ငယ် တစ်ယောက် နှင့် ကိုယ်ရံတော်ကြီး အပါအဝင် အနောက်ဘက် နန်းဆောင် လမ်းအတိုင်း ထွက်ပြေးပုန်းရှောင်နေလေတော့သည်။ 
နန်းဆောင်ကြီးဟာ မီးလောင်မှု့ကြောင့် ငုတ်တွေသာ ကျန်မှ စစ်သူကြီးမင်းအပါဝင် ရဲမတ်အပေါင်းတို့ ပြာဖြစ်နေသော နန်းဆောင်အတွင်းသို့ဝင်လာပြီး
``မှန်လှပါ…စစ်သူကြီးမင်း…မိဘုရားငယ်နှင့်သားတော်လေး အပါအဝင် ကိုယ်ရံတော်နှင့် အထိမ်းငယ်တစ်ဦး၏အလောင်းအား မီးလောင်တိုက်တွင် ရှာမတွေ့ပါ…´´
``ဘာ!…ဒါဆို ထွက်ပြေးတိမ်းရှောင်သွားကြပြီး…ရဲမတ်တို့ အနောက်နန်းဆောင် အတိုင်း မြစ်ကမ်းနံဘေးအထိ ရှာကြပါ…တွေ့သည်နှင့် တစ်ပြိုင်နက် ဒင်းတို့၏ဦးခေါင်းအား မင်းကြီးထံ အပ်နှံရမည်…အမြန်ဆုံး လိုက်ကြပါ…´´
စစ်သူကြီးရဲ့အမိန့်ကြောင့် မြင်းတပ် ဗိုလ်ပါတို့ အနောက်နန်းဆောင်လမ်းအတိုင်း ဒုန်းဆိုင်းလိုက်ကြတော့သည်။

မီးနေထားသည်မှာ မကြာသေးသည့် မိဘုရားငယ်လေးအဖို့ မပြေးနိုင်တော့ပဲ ကျောက်ဆောင်ပေး ကပ်လိုက်ပြီး
``ကိုယ်ရံတော်ကြီး သားတော်လေးကို ခေါ်ပြီး …လွတ်ရာကိုပြေးပါတော့ …ကျွန်ုပ် အနောက်က ရဲမတ်တွေကို လမ်းလွဲခေါ်ဆောင်သွားလိုက်မယ်…´´
``ဟာ…မိဘုရား ဒီလိုမလုပ်သင့်ပါ အကျွန်ပ် ခုခံကာကွယ်ပေးပါ့မယ်…မိဘုရားနဲ့သားတော်လေး အထိမ်းတော်တို့သာ လွတ်ရာကို ပြေးပါလော့…´´
``မရတော့ဘူး…ကိုယ်ရံတော်ကြီး …´´
မိဘုရားငယ်လေးဟာ အလွန်မောဟိုက်ပြီး ဆက်မပြေးနိုင်တော့ပဲ သားတော်လေးကို ကိုယ်ရံတော်ကြီး လက်ထဲသို့ အတင်းထည့်ပေးလိုက်ပြီး
``ငါ အမိန့်ပေးနေတာ ကိုယ်ရံတော်ကြီး သင်ဟာ ကျွန်ုပ်ဒုက္ခနှင့်တွေ့နေတာကြောင့် ကျွန်ပ်အမိန့်ကို မနာခံချင်တော့ဘူးလား…´´
``မ…မဟုတ်ရပါ မိဘုရားလေ…´´
``ဒါဆို ငါ့အမိန့် သင်နှင့်အထိမ်းတော်ငယ် သားတော်လေးကို လွတ်ရာသာ ခေါ်ဆောင်သွားပါတော့ သားတော်လေး ဝတ်ရုံတော်မှာ ကြေးပုရပိုက်တစ်ခု ထည့်ထားတယ်…သားတော်လေး ကြီးလာခဲ့ရင် အဲ့ကြေးပုရိပိုက်ထဲက အတိုင်း ကျင့်ခိုင်းပါ …သားတော်လေးဟာ…တစ်ချိန်ချိန်မှာ …ပဉ္စမမြောက် လူစွန်းကောင်း ဖြစ်လာလိမ့်မယ် …အခုတော့ လွတ်ရာကိုသာ ပြေးကြတော့…´´
``အမိန့်တော်အတိုင်းပါ …´´
သားတော်လေးကို ရင်ဝယ်ပိုက်ခါ ကိုယ်ရံတော်ကြီးနှင့်အတူ အထိမ်းတော်ငယ်တို့ မိဘုရားလေးနှင့် လမ်းခွဲပြေးလေတော့သည်။ စမ်းချောင်းနံဘေး ဂူပေါက်ကြီးတစ်ခုအတွင်းသို့ ဝင်သွားကြပြီး 
``အထိမ်းတော်…သားတော်လေးကို စောင့်ရှောက်ထားပါ …ကျုပ် မိဘုရားအနောက်ကို ပြန်လိုက်သွားမယ်…နောက်မှ ပြန်လာခဲ့ပါ့မယ်.…´´
``စိတ်ချပါ ကိုယ်ရံတော်ကြီး ကျွန်ုပ် မင်းသားလေးကို အသက်နဲ့လဲပြီး ကာကွယ်သွားမှာပါ…´´

ကိုယ်ရံတော်ကြီး ထွက်သွားလိုက်တာ မိုးလင်းတဲ့အထိ ပြန်ရောက်မလာတော့ချေ။ 
အထိမ်းတော်ဟာ…ဘုရင့်သားတော် လေးကို ရင်ဝယ်ပိုက်ပြီး ဂူအတွင်းမှ ဖြည်းညင်းစွာ ထွက်လာခဲ့တယ်။ ဂူဝအရောက်မှာတော့ အပြင်ကို သူမ ချောင်းကြည့်လိုက်တယ်။ ဂူကြီးရှိရာသို့ မြင်းတပ်ဖြင့် ဦးဆောင်လာသော စစ်သူကြီးမင်းကို တွေ့တော့
``ဟာ…ဒုက္ခပါပဲ…ထွက်ပေါက်က ဘယ်မှာရှိဦးမလဲ…ဒုက္ခပါပဲ…မိဘုရားလေးနဲ့ ကိုယ်ရံတော်ကြီးကို သူတို့တွေ သုဉ်သင်လိုက်ကြပြီလား…ငါဘာဆက်လုပ်ရမလဲ…´´
ကြံရာ မရဖြစ်နေစဉ်မှာ ချီထားတဲ့ မင်းသားလေးဟာ ရုတ်တရက် ငိုလိုက်တော့တယ်။ ကလေးငိုသံကြားတာကြောင့် ရဲမတ်အပေါင်းတို့ ဂူပတ်ဝန်းကျင်ကို လူအင်အား များစွာဖြင့် မြေလှန်ရှာကြတော့သည်။

****************************
``ဟင်…နင့်စာက ဒီလောက်ထိပဲလား´´
``မသိဘူး…ငါလဲ…စတိုခန်းထဲက ထူးထူးခြားခြားတွေ့တာနဲ့တစ်ခါတည်း နင်တို့လေးယောက်ဆီ ဖုန်းဆက်ပြီး တူတူလေ့လာမလို့ခေါ်လိုက်တာပဲ´´
``ဒါကို မင်းဘယ်က ရလာတာလဲ´´
``ငါ့အဖေ ပစ္စည်းအဟောင်းတွေ သိမ်းတဲ့ စတိုခန်းထဲက ရတာ…´´
``ဒီစာကို ကြည့်ရတာ …နှစ်တော်တော်လေး ကြာနေပြီ…လက်နဲ့ရေးခဲ့တဲ့စာတော့ မဖြစ်နိုင်ဘူး…စာလုံးတွေတောင် ပျက်တဲ့နေရာက ပျက်နေပြီ…´´
``ဇာတ်လမ်းလေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်…နောက်ဘာတွေ ဆက်ဖြစ်ကြသေးလဲ…ငါသိချင်တယ်…´``စာရွက်က အနောက်စာမျက်နှာတွေ ပြုတ်နေတယ်…အရေးအသားကလဲ ရှေးဆန်တယ်…ဒါနဲ့နေပါဦး မင်းစတိုခန်း ဘယ်လိုနေရာလောက်က တွေ့တာလဲ´´
``ကျွန်းသေတ္တာလေးထဲက…ဘာများရှိမလဲဆိုပြီး …ဖွင့်ကြည့်လိုက်တာ…ဒီစာကို တွေ့တာပဲ…´´
``ဒါဆို မင်းအဖေ သေသေချာချာ သိမ်းထားတာပဲ ဖြစ်ရမယ်…´´
``ဟုတ်မယ်…ဟိုနေ့က သူဘုရားခန်းရှင်းနေတယ်…ဘုရားကိုလဲ ရေသတ်ပယ်တယ်…ဘုရားစင်လဲ ရေဆေးနေတာ တွေ့တယ်…ငါ့အထင်  ဒီစာကို မလိုအပ်တဲ့ပစ္စည်းတွေနဲ့ရောပြီး ဒီအခန်းထဲ ထည့်မိတာပဲ ဖြစ်မယ်…´´
``ဒါဆို ငါတို့အားလုံး ဦးဆီသွားမေးကြမလား…´´
``ဟာကွာ…သူ့ပစ္စည်း မသိအောင်ယူတယ်ဆိုပြီးငါ့ကို ဆူနေပါဦးမယ်…မမေးချင်ဘူး…ဒီအတိုင်းပဲ…သူ့နေရာသူ ပြနိထားလိုက်တာ ကောင်းပါတယ်…´´
``မင်းကလဲကွာ…ငါတို့အကြောင်းလဲ ဦးသိနေတာပဲ…ဒါက သာမာန် ရိုးရိုး ဝတ္တုပိုဒ်ဖြစ်မှာပါ…လုပ်ပါကွာ…ထီးလေး ငါတို့မေးပါရစေ……´´
``ဟုတ်ပါတယ်ကွာ…နောက်ပိုင်း မင်းသားလေးက ဘယ်ပျောက်သွားတာလဲ…စစ်သူကြီးမင်းလက်ထဲ ရောက်သွားတာလား……´´
``ငါလဲ သိချင်တယ်…ခွင့်ပြုပါနော် …ထီးလေး ငါတို့မေးပါရစေ…´´
``ဟူး…´´
``နင်တို့လေးယောက်စလုံးတောင်းဆိုနေတော့လဲ …ငါမပြောတော့ပါဘူး…မေးပေါ့ဟာ…´´
``တ…တကယ်နော်…ကျေးဇူးပါပဲ သူငယ်ချင်းရာ…ဇာတ်သိမ်းလေး သိရရင် ကျေနပ်လှပါပြီ…´´
``ကဲ…လာကြ…အချိန်ရှိခိုက် …ထီးလေးတို့ အိမ်ချီတတ်လိုက်ကြရအောင်…´´

*****************************
စတိုခန်းထဲမှ ထူးဆန်းသည့် စာအုပ်တစ်အုပ်ကိုထီးလေးက သူတို့အားလုံးဆုံနေကြ ဆိုင်လေးမှာ ဖတ်ဖြစ်လိုက်ကြတယ်။ စာရွက်တွေဟာ ဝါနေလျက် မှင်အရောင်မှာ အနီ စာလုံးတွေဟာလဲ ရှေးအရေးအသား စလုံးပုံစံမျိုး သို့ပေမယ့် ထိုစာအုပ်ဟာ အနောက်စာရွက်တွေ ပါမလာပဲ…တစ်ဝက် တစ်ပျက်ဖြစ်နေတော့ နောက်အပိုင်းတွေကို မေးရန် စာအုပ်ပိုင်ရှင် ဖြစ်သည့် ထီးလေး အဖေဆီသို့ အားလုံး ရောက်လာကြတော့သည်။ ငါးယောက်သားလျောက်လာကြရင်း ထီးလေး အိမ်ရှေ့သို့အရောက် စာအုပ်ကိုင်ထားသော ထီးလေး 
``အမလေး…´´
``ဟားဟား.…မြေပြောင်ကြီးမှာတောင် ချော်လဲရတယ်လို့ ထီးလေးရာ…ကဲထ…ဘာဖြစ်သွားသေးလဲ…´´
``ဘာမှတော့ မဖြစ်ဘူး…စဉ်းစားစရာပဲ…အနောက်ကနေ တစ်ယောက်ယောက် ငါ့ကို စောင့်တွနိးလိုက်သလိုပဲ…´´
``ဟား…ဟား…မင်းအနောက်မှာ လမ်းပဲရှိတာပါကွာ…ဘယ်သူက တွန်းမှာလဲ´´
``ဟာ…တန်ခိုး…ငါမတွနိးပါဘူး…´´
``မင်းကို ပြောတာ မဟုတ်ပါဘူး …ထီးလေး အနောက်မှာ ဘယ်သူမှ မရှိဘူး လမ်းမကြီးပဲ ရှိတယ်ပြောတာ…´´
ငါးယောက်လုံး ထီးလေးတို့ အိမ်ကြီးထဲသို့ ရောက်လာကြတော့တယ်
``ဟဲ့…သား မနက်တည်းက ဘယ်တွေ လျောက်သွားနေတာလဲ…အော်…မောင်တန်ခိုးတို့လဲ ပါလာတာပဲ…´´
``ဟုတ်တယ်…မေမေရေ ဖေဖေ့ကို မေးစရာရှိလို့ဆိုပြီးလိုက်လာကြတာ…´´
``ကဲ…ထိုင်ကြဦး အန်တီ သွားခေါ်ပေးမယ်…အပေါ်မှာ တရားထိုင်နေလို့…´´
ဧည့်ခန်းမှာ အားလုံး နေရာယူ ထိုင်လိုက်ကြတော့တယ်။ စာအုပ်ကို အရှေ့စားပွဲပေါ် ဖြည်းညင်းစွာပဲ ချထားလိုက်တယ်။ 
``ဟူး…ဦးလေး ပြောပြပါ့မလား…´´
``ဒါတော့ မသိဘူးလေ…တို့အတင်းမေးကြတာပေါ့…´´
``ဟင်…စာရွက်တွေက သူ့အလိုလို လှန်နေပါလား…လေလဲ …မတိုက်ဘူး…ကြည့်စမ်းပါဦး´
``လေတိုက်လို့နေမှာပါ…တစ်ခုခုနဲ့ ဖိထားလိုက်…´´
စာပွဲအပေါ်မှာ ရှိသည့် ပန်းအိုးဖြင့် စာအုပ်ကို ဖိထားလိုက်ပြီး ပြောလက်စ စကားတွေ ပြန်ပြောနေကြတုန်း အိမ်အပေါ်ထပ်မှ ထီးလေး အဖေဆင်းလာပြီး
``ဦးလာပြီဟေ့…ဦးသားတို့မေးစရာရှိလို့…´
``ဟေး!…ဘာများ မေးမလို့လဲ…´´
ထီးလေး အဖေ အမေးကို တန်ခိုး ပြန်မဖြေသေးခင် ပန်းအိုးဖြင့် ဖိထားသည့် စာအုပ်ကို မျက်စိရောက်သွားခဲ့တယ်။ စာအုပ်ဖိထားသည့် ပန်းအိုးမှာ အလိုလို စားပွဲအပေါ်မှ လိမ့်ကျသွားတော့တယ်။ ပန်းအိုး ကျသွားတာကြောင့် ထီးလေး အဖေမှာ စားပွဲအပေါ်ကို ကြည့်မိလိုက်တော့
``ဟင်¡…စာ…စာအုပ်က …ဒီ…ဒီကို ဘယ်လို ရောက်နေတာလဲ…´´
စိတ်လှုပ်ရှားစွာ ပြောပြီး ထီးလေး မျက်နှာကို ကြည့်လိုက်တယ်
``သား…စတိုခန်းထဲက တွေ့လို့…´´
``ဟင်…မဖြစ်နိုင်တာပဲ…ဒီစာအုပ်ကို ဘုရားခန်း ဘီရိုထဲမှာ ငါသေချာ ထည့်ထားခဲ့တာ…နှစ်မနည်းတော့ဘူး…ထီးလေး မင်းယူသွားတာလား…´´
``ဗျာ!…သား…သားတကယ် စတိုခန်းထဲက တွေ့ခဲ့တာပါ…´´
``ဒါဆို မင်းတို့အားလုံး ဒီစာအုပ်ကို ဖတ်လိုက်ပြီလား…´´
``ဟုတ်…´´
``ဟာ…ဒုက္ခပဲ…မင်းတိုကတော့ ဒုက္ခရောက်ကြတော့မှာပဲ…ဒါ…ဒါ ကျိန်စာသင့်ထားတဲ့သွေးလက်ရေး စာအုပ် မင်း…မင်းတို့တော့ ဒုက္ခရောက်တော့မှာပဲ…´´
ဘယ်အချိန်မဆို တည်ငြိမ်နေသော ထီးလေး ဖခင်မှာ ထိုစာအုပ်ကို တွေ့သည့်နှင့်တစ်ပြိုင် စိတ်လှုပ်ရှားနေသည်ကို တွေ့လိုက်ရတော့ အားလုံး  အံ့သြတကြီး ကြည့်နေမိတော့သည်။ 
``ဘယ်လို ဦးလေး…ကျိန်စာသင့်ထားတဲ့ စာအုပ်ဟုတ်လား…စာရွက်တွေ အဆုံးထိမပါဘူးလေ…´´
``ဟုတ်တယ်…၁၉၉၂ ဧပြီလ ၆ ရက်နေ့မှာ ဒီအိမ်ကြီးကို ဦးတို့လင်မယားနှစ်ယောက် စပြောင်းလာခဲ့တယ်…ထီးကလေး ကိုယ်ဝန်ကြီးနဲ့ပေါ့ ဒီအိမ်စပြောင်း ကတည်းက အမဲသားဟင်း ချက်ရင် လင်မယားနှစ်ယောက် တူတူအိပ်လို့မရဘူး…တစ်ခုမဟုတ် တစ်ခု ပြသနာဖြစ်ပြီး လင်မယားချင်း မတည့်ကြတော့ဘူး…စကားများကြပြီး ကုတင်အပေါ်မှာ နှစ်ယောက်တူတူအိပ်နေရင်လဲ…အခန်းတံခါးကို လာလာခေါက်တယ် ထွက်ကြည့်ရင် ဘယ်သူမှလဲ မရှိဘူး…အဲ့တုန်းက အမည်းသားဟင်းချက်လို့ဆိုတာ ဦးတို့လင် မယားနှစ်ယောက်စလုံး မရိပ်မိခဲ့ကြဘူး…သုံး လေး ရက်လောက် အဲ့ဟင်းပဲ ချက်ရင် ဘယ်သူမှ အိမ်အပေါ်ထပ်မှာ ဝုန်းဒိုင်းကျဲပြီး သောင်းကျန်နေခဲ့တယ်။ ဦးတို့ဘုန်းကြီး ပင့် အလှူအတန်းလုပ်တာလဲ ခဏခဏ အထက်ဆရာတွေနဲ့အိမ်ရှင်းတော့လဲ လုံးဝမရပဲ ပိုပိုဆိုးလာတယ်…တစ်ညမှာ ခေါင်းမှီးခြုံ မိန်းမတစ်ယောက် ဦးစာဖတ်ခန်းထဲကို ရောက်လာပြီး သူက ဘာသာခြားနေတဲ့ ဟိန္နူအမျိုးသမီးပါ။  အမဲသားဟင်း အနံ့ရတာနဲ့ သူ့နှလုံး အိမ်ကို ကိုင်ဆွဲထားသလို ခံစားရတယ်လို့ပြောတယ်။ သူမကြိုက်ဘူး။ ဒါကြောင့် သူနှောက်ယှက်တာလို့သိခဲ့ရတယ်။ ပြီးတော့ သူက အိမ်နောက်ဖေး ကုက္ကိုပင်မှာ နေတယ်။ စာအုပ်တစ်အုပ်ကို သူစောင့်နေရတာကြောင့် သူမကျွတ်မလွတ်နိုင်ဘူး…အဲ့စာအုပ်ကို ဦးဆီ အပ်ခဲ့ချင်တယ်လို့သူက ပြောတယ်။ သူပြောနေတာကို ဦးအဲ့တုန်းက ဘာမှပြန်မပြောနိုင်ပဲ ကြောင်ကြောင်တောင်ဖြစ်နေခဲ့တယ်။ အဲ့စာအုပ်အကြောင်းသိတဲ့သူတွေဟာ…အဲ့စာအုပ်ကို သူ့အစား စောင့်ပေးရမယ်လို့လဲပြောတယ်။ ဦးကို အဲ့စာအုပ်ထဲက စာတွေ မဖတ်ပါနဲ့ကတိတောင်းလို့ ဦးခေါင်းငြိမ့်ပြလိုက်တယ်…မဖတ်ဘူးဆိုလို့ စာအုပ်မြှုပ်ထားတဲ့ နေရာ ကုက္ကိုပင်ကြီးအောက်မှာ တူးပြီး သိမ်းထားပေးပါလို့မှာခဲ့တယ်။ ဖတ်တဲ့သူတွေက စာအုပ်အထဲက အတိုင်း ကျိနိစာရဲ့စိုးမိုးမှု့ကို ခံရလိမ့်မယ်တဲ့…´´
``ဗျာ!…ဦး…ဒါ…ဒါဆို…´´
``ဟုတ်ပါ့မလား ဖေဖေ တကယ်ဖြစ်နိုင်လို့လား…´´
``ဦးဆီမှာ အဲ့စာအုပ်ရှိနေခဲ့တာ မင်းတို့သူငယ်ချင်း ထီးကလေး တစ်သက်ရှိနေခဲ့ပြီ …ဘာတွေ ရေးထားသလဲဆိုတာ ဦး အခုချိန်ထိ မသိဘူး… တကယ်ယုံတယ်…ဘာဖြစ်လို့လဲဆို ဦးဘဝမှာ အဲ့ဒီအဖြစ်အပျက်ဟာ ဘယ်တော့မှ မမေ့နိုင်လို့ပဲ…အိပ်မက်လဲ မဟုတ်…ဝိဥာဉ်
ကိုယ်တိုင်က ဦးကို ပြောပြခဲ့တာ…စာအုပ်တူးပြီး သိမ်းထားပေးဖို့ပြောနေတုန်း မင်းတို့အန်တီ တစ်ရေးနိုးထလာတာနဲ့ ဦးရှေ့ကနေ ချက်ချင်းသူ ပျောက်သွားခဲ့တယ်။ မနက် သူပြောပြတဲ့နေရာမှာ ဦးလေး သွားတူးကြည့်တော့ တကယ်ပဲ အဲ့စာအုပ်ကို ကျွန်းသေတ္တာလေးနဲ့သေချာထည့်ထားတာကို တွေ့လိုက်တော့ ဦး ကျက်သီးထမိခဲ့တယ်…ဘာတွေ ရေးထားသလဲ သိချင်ပေမယ့် ဦးလေး စိတ်ကို ချုပ်ထိန်းပြီး နေလာခဲ့တာ အခုဆို ၂၃နှစ်တောင် ရှိနေခဲ့ပြီ…´´
``ဗျာ!…´´
``ဟုတ်တယ်…ဒါနဲ့မင်းတို့မေးစရာရှိတယ်ဆိုတာ ဘာလဲ…´´
``အဲ့စာအုပ် အကြောင်းပဲ…ဦး´´
``အဲ့စာအုပ်မှာ အနောက်စာမျက်နှာတွေ မပါလို့ ဦးသိမလား လာမေးတာ…´´
``ဟင်!…စာမျက်နှာတွေ အပြည့်မပါဘူး…ဟုတ်လား…´´
``ဟုတ်…အဲ့ထဲက မင်းသားလေးက တစ်ချိန်ချိန်မှာ ပဉ္စမမြောက် လူစွမ်းကောင်း ဖြစ်လာလိမ့်မယ်လို့ရေးထားတယ်…´´
``မင်းတို့…ဒါဆို စာရွက်ပါသလောက်ထိ ဖတ်လိုက်ကြပြီလား…´´
``ဟုတ်…´´
``ဟာ…ဒုက္ခပါပဲ…ဦးလေး သိတဲ့အတိုင်း တကယ်ဖြစ်လာရင် အားလုံး ဒုက္ခတော့ များကုန်တော့မယ်…´´
``စိတ်မပူပါနဲ့…ဦးရာ…သမီးတို့ သေတွင်းအမျိုးမျိုးကနေ ပြန်ထွက်လာနိုင်ခဲ့သေးတာပဲ…ဒီစာအုပ်လေး ဖတ်ရုံနဲ့ဒီလိုဖြစ်မယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် သမီးတော့ မယုံသေးဘူး…´´
ပြုံးရွင်စွာ မျှားကလေးက ပြောလိုက်ပြီး စားပွဲအပေါ်က စာအုပ်ကို ယူရန် လက်ဖြင့်ရွယ်လိုက်စဉ် 
``အား!…´´
``ဟင်…အမလေး…´´
ဧည့်ခန်း ထုတ်တန်းအပေါ်မှ ပိုက်လုံးတစ်လုံးက မျှားကလေး ခေါင်းပေါ်သို့ လိမ့်ကျသွားတော့သည်။
``ဟာ…မျှားလေး…ဘာဖြစ်သွားလဲ´´
``အား…ရတယ်…ရတယ်…ခေါင်းတော့ ဖုသွားတယ်ဟ…´´
``ဒီအပေါ်မှာ ပိုက်လုံး တစ်ခါမှ တင်မထားပါဘူး…ထီးလေး သား မင်းတင်ထားသေးလား…´´
``ဟင့်အင်း…အဖေ သားမတင်ပါဘူး´
``ဒါဆို မင်းအမေပဲ ဖြစ်မှာပေါ့…မျှားလေးသမီး ရရဲ့လား´´
``ဟုတ်…ဟုတ်ကဲ့…´´
``တော်သေးတာပေါ့ မျှားလေးရာ ရေပိုက်လုံးဖြစ်နေလို့…နင်ကံကောင်းသွားတယ်…´´
မျှားလေးကို အာရုံစိုက်နေကြစဉ်
``ကိုမြင့်ရေ…လုပ်ပါဘူး…လာကြပါဦး´´
 ထိန့်လန့်စွာ အိမ်အပ်ါထပ်မှ ထီးလေးအမေက သူ့ယောက်ျားနာမည်ကို ကြောက်ရွံ့သော အသံဖြင့် လှမ်းခေါ်လိုက်တော့ အောက်ထပ်မှ ကျွန်တော်တို့ အားလုံး အိမ်အပေါ်ထပ်ကို အပြေးတတ်ရန် ရွယ်လိုက်တော့သည်။        ။

*****************************
အပိုင်း(၂)ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages