စာမပေါ်သူမျာအတွက် ဦးစားပေး ရေးသားလိုက်သော
ထူးဆန်းစွာ ဖြစ်ပေါ်ခဲ့သော ပရလောကသားတို့၏အစွဲ ဖြစ်ရပ်မှန်
စာရေးသူ-ထီးကလေး
ကျွန်ုပ်၏ဖခင်ဖြစ်သူသည် အလုပ်သမားဘဝမှ ကိုယ်ပိုင်စီးပွားရေး တစ်ခုကို တည်ထောင်ရန် အလုပ်ပေါင်းဆုံလုပ်ရင်း ငွေစုဆောင်းနေလျက် ငွေအမြောက်အများ စုမိသောအခါ ပလပ်(စ်)တစ်စက် (ဘုရားသောက်တော် ရေချမ်းပလပ်(စ်)တစ်ခွက် ပြုလုပ်သောစက်) ၃သုံးအား ဝယ်ယူလျက် မိမိအိမ်တွင် ကိုယ်ပိုင် စီးပွားရေးအဖြစ်ပြုလုပ်ခဲ့သည်။ ရွာမှ အလုပ်သမားများကိုလဲ အိမ်တွင် နေထိုင်စရာပေးကာ နေဘက် အလုပ်သမား ၊ညဘက်အလုပ်သမား ဟူ၍ခွဲထားခဲ့သည်။၁၉၉၃ကာလတွင် ထိုအလုပ်များသာ ခေတ်စားသောကြောင့် ပလပ်(စ်)တစ် လုပ်ငန်းရှင်များ ပေါများလှသည့် အထဲတွင် ကျွုန်ပ်၏ ဖခင်ဖြစ်သူသည်လည်း ပလပ်စ်တစ် လုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နေခဲ့သည်။ ဖခင်ဖြစ်သူသည် ကိုယ်တိုင် အရက်သေစာ မသောက်စားသကဲ့သို့ အခြားသူများ သောက်စားခြင်းကိုလည်း မကြိုက်ချေ။ မိမိအိမ်တွင် ခေါ်ထားသော အလုပ်သမားများအားလည်း အရက်သေစာ သောက်စားခွင့်မပြုခဲ့ချေ။ ထိုစက်ခန်းအတွင်း၌ အဖေကား အထက်လမ်းဆရာပီပီ တောင်းပြုံးမင်းနှစ်ပါး ကိုယ်တော်လေး ကိုယ်တော်ကြီး မင်းနှစ်ပါးအား ၎င်းတို့၏ အင်းကွက်ဖြင့် ထိုပလပ်စ်တစ် စက်များအား အစောင့်ထား အပ်နှံစေခဲ့သည်။ ထိုနတ်တို့ဟာ ကုလားဆက် နတ်များဖြစ်သောကြောင့် ဝက်သားစားခြင်းကို သည်းမခံ ဝက်သားဟင်းစားလျက် ထိုနတ်တို့အား အပ်ထားသော ပလစ်စ်တစ်စက်များအား တတ်ရောက် လုပ် လုပ်ပါက စက်ပေါ်မှ ပြုတ်ကျသည့်အထိ အလုပ်သမားလေးများ ကိုယ်တွေ့ခံစားဘူးခဲ့ကြသည်။ မယုံကြည်သူများကလည်း စမ်းသည့်သဘောဖြင့် အဖေမသိခင် အချိန်၌ ဝက်သားဟင်းစားကာ အလုပ်လုပ်ပါက လုပ်သည့်အချိန်မှစ၍ စက်ပေါ်မှ ပြုတ်ကျခြင်းများအား ကိုယ်တွေ့ခံစားဘူးခဲ့ကြသည်။ ထူးဆန်းသည်က မိုးတွင်း အချိန်ခါ၌ အလုပ်သမားများ ရှားပါးသည့်အချိန်တွင် အိမ်၌ အလုပ်သမားများ မရှိတော့သည့်အခါ ညဘက်၌ ထိုစက်တို့အား တစ်ယောက်ယောက်မှ အလုပ်လုပ်နေဟန် အသံများကြားနေရသည်။ သို့ဖြင့် မနက်ရောက်ပါက အိမ်သို့ အလုပ်လုပ်ရန် လာရောက်သော အလုပ်သမားများ ရှိနေတတ်သည်။ မအူပင်မြို့မှ အိမ်တွင် အလုပ်လုပ်ရန် ခေါ်ထားသော ကိုဝင်းနှောင်သည် အရက်အား အလွန်ပင်ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်လျက် အလုပ်ကိုလည်း နေ့ ညမပျက် လုပ်နိုင်သူတစ်ယောက်ဖြစ်သည်။ ကျွုန်ပ်အားလည်း သူကား အလွန်ချစ်သော ဦးလေးတစ်ယောက်ဟု ယခုအချိန်ခါ ဖခင်၏ ပြောပြမှု့ကြောင့် သိရှိရသည်။ ကိုဝင်းနှောင်ကား တောသားပီပီ နတ်ဆိုသည့် တောင်ပြုံးမင်းနှစ်ပါးအား အယုံကြည်ရှိသူတစ်ယောက်ဖြစ်သည်။ နှစ်လုံးထီ ပေါက်ပါက နတ်စင်ပေါ်တွင် ကပ်ထားသော အချိုရည်အား အသစ်လဲပေးမည်ဟုဆိုကာ ထိုနှစ်လုံးထီအား ထိုးလေ့ရှိသည်။ ထိုသို့နှစ်လုံးထီပေါက်ပါက နတ်စင်ပေါ်တွင် ကပ်ထားသော အချိုရည်ပုလင်းတို့အား အသစ်လဲလည် ကပ်လေ့ရှိသည်။ သူကား ညပိုင်းအချိန်အလုပ် လုပ်လျက် အေးဆေးစွာ အိမ်၌နေတတ်သူ တစ်ဦးဖြစ်သည်။ အပြင်မှ ကိုဝင်းနှောင် ပြန်လာချိန်တိုင်း ကလေးဖြစ်သည့် ကျွုန်ပ်အတွက် သကြားလုံးလေးများ ဝယ်လာလေ့ရှိရာ ကလေးတို့သဘာဝအရ ကိုဝင်းနှောင် ပြန်လာချိန်တိုင်း ကျွုန်ပ်ကား သကြားလုံးလေးများ တမ်းတ မျှော်နေလေ့ရှိခဲ့သည်။ တစ်နေ့ အဖေကား ကိုဝင်နှောင်းအား အရက်မသောက်ရန် ပြောသည့်အခါ ကိုဝင်းနှောင်ဟာ အလွန်ပင်စိတ်ဆိုးလျက် ကျွုန်ပ်၏ဖခင်ဖြစ်သူနှင့် စကားများခါ အိမ်မှ ထွက်သွားခဲ့သည်။ သူကား ညပိုင်းအချိန် အလုပ်သမားဖြစ်သောကြောင့် ညဘက်မှသာ အိမ်သို့ပြန်လာမည်ဟု အဖေကား ယုံကြည်ထားသည်။ သို့နှင့် ည၈ နာရီအချိန်ခန့်တွင် ကိုဝင်းနှောင် အလုပ်စလုပ်သည့် အချိန်ဖြစ်၍ အဖေကား အိမ်သို့ ကိုဝင်းနှောင် တစ်ယောက် ပြန်မလာသေးသောကြောင့် အိမ်အပေါက်ဝ၌ မျှော်နေလေခဲ့သည်။ သူကြိုက်သည့် အရက်အားလည်း မသောက်ရန် မတားတော့ပြီဟု တွေးထားခဲ့တော့သည်။ သို့နှင့် အဖေ့ဘေးတွင် ရှိနေသော ၃နှစ်သားအရွယ် ကျွန်ပ်က
ဦးနှောင် သကြားလုံးပေး
အိမ်အဝကိုကြည့်ကာ ကိုဝင်းနှောင်ပြန်လာချိန်တိုင်း သကြားလုံးတောင်းနေကြ ၃နှစ်သားအရွယ် ကျွုန်ပ်၏ ပါးစပ်မှ မပီတပီစကားလေး ထွက်ပေါ်လာသည်ကြောင့် စိတ်ဆိုးသွာသော ကိုဝင်းနှောင်အား ပြန်လာသည်အထင်နှင့် ခြံဝသို့ အဖေကြည့်လိုက်လေသည်။ သို့ပေမယ့် မည်သူကိုမှ မတွေ့။ ထိုည၌ ကိုဝင်းနှောင် အိမ်သို့ ပြန်လာလျင် လွယ်ကူစေရန် ခြံတံခါးအား ဂျက်မထိုးထားပဲ ထားစေခဲ့သည်။ ထိုနောက် ည ၂နာရီခန့်အချိန်တွင် ကိုဝင်းနှောင် တစ်ယောက် ပြန်ရောက်လေသလား။ အိမ်နောက်ဖေး၌ ရှိနေသော သူအလုပ်လုပ်သည့် စက်မှ အသံများ ထွက်ပေါ်နေလေသည်။ အိမ်ရှေ့ခန်းတွင် အိပ်နေသော အဖေနှင့် အမေကား မိမိတို့ အိပ်မောကျသည့် အချိန်မှ ကိုဝင်းနှောင် တစ်ယောက် အိမ်သို့ပြန်ရောက်လာလျက် အလုပ်လုပ်နေခြင်းဖြစ်သည်ဟု သတိရသွားတော့သည်။ မနက် ၅နာရီအချိန်ခန့်တွင် အိမ်ရှေ့မှ
ဗျို့ ကိုမြင့်သိန်း ကိုမြင့်သိန်း
အိပ်နေသည့် အဖေ့အား ခြံရှေ့မှ လှမ်းအော်ခေါ်နေသည်ကြောင့် လူးလူးလဲလဲ ထလျက်
ဘယ်သူတုန်း
ကျုပ်တို့ပါဗျ
သြော် ရာအိမ်မှူးကြီး ခဏလေး ကျုပ်တံခါးလာဖွင့်ပေးမယ်
ခြံရှေ့မှ အော်ခေါ်နေသည်က ရာအိမ်မှူးနှင့်အတူ ရပ်ကွက်လူကြီးများပင် သို့နှင့် ခြံထဲသို့ဆင်းသွားလျက် ရပ်ကွက်လူကြီးများအား အိမ်ပေါ်သို့ ခေါ်ခါ ခုံ၌ထိုင်ခိုင်းလိုက်ပြီး
စောစောစီးစီ ဘာကိစ္စရှိလို့လဲဗျ
ဒီလို ခင်ဗျားအိမ်မှာ နယ်က အလုပ်လာလုပ်တဲ့ ဝင်းနှောင်ဆိုတဲ့ သူ ကန်ဘောင်ပေါ်မှာ မြွေကိုက်ပြီး သေနေတယ်…
ဗျာ…ဟာဗျာ မဟုတ်တာတွေ ကိုဝင်းနှောင် နောက်ဖေးမှာ အလုပ်လုပ်နေတယ် ခင်ဗျားတ်ု့ လူမှားနေတာများလား
မမှားဘူးဗျို့ ညနေက ကျွန်တော်သူ့ကို တွေ့တယ် ကန်ဘောင်ပေါ်မှာထိုင်ပြီး အရက်သောက်နေတာ ကျွန်တော့တောင် လှမ်းနှုတ်ဆတ်လိုက်သေးတယ် ကျုပ်သိတာပေါ့ အခု ဧည့်စာရင်းလိုက်စစ်ရင်း ကန်ဘောင်ပေါ်မှာ လူတစ်ယောက်လဲနေတာတွေ့လို့ သွားကြည့်ကြတာ ကိုဝင်းနှောင်ကြီး ဖြစ်နေတယ် တစ်ကိုယ်လုံးလဲ ပြာနှမ်းနေတာပဲ မြွေဆိုးကိုက်သွားတာ ထင်တယ်
နေပါဦးဗျာ နေပါဦး ကျုပ် စက်ခန်းထဲ သွားကြည့်ပါရစေဦး
အံသြကြီးစွာ စကားပြောနေရာမှ အဖေ ကမန်းကတန်း နောက်ဖေး စက်ခန်းထဲသို့ သွားရောက် ကြည့်လေရာ ကိုဝင်းနှောင်အား မတွေ့။ သူအလုပ် လုပ်သော စက်အားလည်း သူသိမ်းဆည်းခဲ့သည့် အတိုင်း ခြေရာ လက်ရာ မပျက် ရှိနေခဲ့သည်။ အံ့သြသော မျက်နှာထားတို့ဖြင့် အိမ်ရှေ့သို့ အဖေပြန်ထွက်လာပြီး ဇနီးဖြစ်သူ အမေ့အား
ဟုတ်တယ် မိန်းမ ညက ဝင်းနှောင် ပြန်မလာပါလား ငါတို့ကြားနေရတဲ့ ညကစက်အသံတွေက ဝင်းနှောင် အလုပ်လုပ်နေတာ မဟုတ်ဘူး စိတ်စွဲပြီး သူ့ဝိဥာဉ်က လာလုပ်နေတာ ဖြစ်မယ်
ထိုနောက် ကိုဝင်းနှောင် အလောင်းအား ဆေးစစ်ချက်အရ တစ်နေ့လုံး အရက်အား အလွန်အကျွန်သောက်လျက် ပိုးထိ သေဆုံးခဲ့သည်မှာ ညနေ ၅နာရီ အချိန်ခန့် ကတည်းကသာ ဖြစ်ချေသည်။ထို ည ၈နာရီကျော်အချိန်၌ ကလေးဖြစ်သည့် ကျွန်ုပ်ကား ကိုဝင်းနှောင်၏ ဝိဥာဉ် အိမ်သို့ ပြန်လာသည်ကို မြင်လျက် သကြားလုံးတောင်းခဲ့သည်ဟု အံ့သြစွာ လက်ခံထားချေတော့သည်။ ဆွေမျိုး မရှိသည့် ကိုဝင်းနှောင်အသုဘအား အိမ်၌ ပြုလုပ်ပေးလျက် ရက်လည် ဆွမ်းသွပ်ပေးပြီး တစ်ပတ်ခန့်အကြာတွင် ကိုဝင်နှောင်က အဖေ့အား အိပ်မက်လာပေးခဲ့သည်က
ကျုပ်ကို ရက်လည် ဆွမ်းသွပ်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ အဲ့ညက ကျုပ်ပြန်လာတယ် ကျုပ်မူးနေတော့ ခင်ဗျားတို့ မိသားစုတွေက ကျုပ်ကို ဘယ်သူမှ မခေါ်မပြောတော့ ကျုပ်လည်း စိတ်ဆိုးပြီး နောက်ဖေးမှာ အလုပ် သွားလုပ်နေခဲ့တာ ခင်ဗျား စက်ခန်းထဲက လူနှစ်ယောက်က ကျုပ်စက် ကျုပ်အလုပ်လုပ်တာကို အတင်းမောင်းထုတ်လို့ ရန်တောင်ဖြစ်နေရသေးတယ် ……
****************************
စာရေးသူ-ထီးကလေး
Post Top Ad
Responsive Ads Here
ပရလောကသားတို့၏အစွဲ
Share This
Tags
# ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Share This
About Unknown
ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment