အပိုင်း (၄) ရွာပျောက်ကြီး ရှာပုံတော်
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ရွာပျောက်ကြီး ရှာပုံတော်
စာရေးသူ -ထီးကလေး၊ လမ်းကလေး၊
မျှားကလေး၊ငါးကလေး၊
တန်ခိုး။
`အေးဗျာ ကျေးဇူးပဲ ကျွန်တော်လဲ ရွာဆိုင်းပုဒ် တွေတာနဲ့မှတ်မိပြီး ဆက်လိုက်ဦးမယ်ဗျို့…´´
ပြန်အော်ပြောကာ ရွာထဲသို့ဝင်ရန် ခြေဦးစတင်ပြင်လိုက်ပါတော့သည်။ ။
****************************-
ကျွဲကျောင်းသားလေး ညွှန်ပြပေးလိုက်သည့် လမ်းအတိုင်းပဲ ကျွန်တော် ထီးကလေး လျောက်လားခဲ့တော့တယ်။ မရောက်တာ ကြာပြီးဖြစ်တဲ့ ရွာဝင်လမ်းမှာတော့ အစစ ပြောင်းလဲနေခဲ့ပြီ ။ လမ်းချိုးလေးကို ကွေ့လိုက်တယ်။
``မှတ်မိပြီ ချောင်းလေးကို ကျော်ပြီးတာနဲ့ ရွာထဲရောက်ပြီပဲ…´´
လမ်းကွေးလေးကို ချိုးပြီး သတိရစွာဖြင့် သူလျောက်လာတော့သည်။ အချိန်ကား ၅ နာရီ ထိုးခါနီးပါး ဘေးပတ်ပတ်လည်က လယ်များ ရိတ်သိမ်းထားတော့ ရိုးပျက်များက ခြောက်သွေ့လို့ ညနေဆောင်းရဲ့အလှဟာ အလွန်သာယာလှတယ်။
``ဟင်…ချောင်းတော့ရောက်ပြီး…တံတားက ဘာလို့မရှိတော့တာလဲ…လှေကြုံစောင့်နေရင်တော့ မိုးချုပ်သွားတာတောင် ရောက်မယ် မထင်ဘူး…ဒုက္ခပါပဲ…´´
ပေ၂၀မျှ ကျယ်ဝန်းတဲ့ချောင်းရိုးနံဘေးမှာ ထီးလေးတစ်ယောက် ယောက်ယပ်ခတ်စွာ ဖြစ်နေလျက်
``ဟေး…ကောင်လေး…ဘာဖြစ်နေတာတုန်း …နင့်ကြည့်ရတာ ဒီရွာက မဟုတ်ဘူး ထင်တယ်…´´
အသံလာရာဆီသို့ ကြည့်လိုက်မိတော့
``ဟာ…အတော်ပဲ …အဒေါ်ကြီး ကျွန်တော် ဟိုဘက်ကမ်းကူးမလို့ လှေကြုံစောင့်နေတာ ဒီချိန် လှေကြုံလာတတ်လားဟင်…´´
``လှေကြုံတော့ ဒီအချိန်မလာတတ်ဘူး ဟိုး အရှေ့ကို နည်းနည်းလျောက်သွားလိုက် အဲ့မှာ ဝါးတံတား တစ်ခုတော့ ရှိတယ်´´
``ဟိုးဘက်ကို ဆက်လျောက်ရမှာလား…အဒေါ်ကြီး…တော်တော်လေး ဝေးသေးလား…´´
``သိပ်မဝေးတော့ပါဘူး…တစ်လှန်ကျော်ကျော်လောက်တော့ လျောက်ရမယ်´´
``ဟုတ်ကဲ့…အဒေါ်ကြီး ကျွန်တော် ဆက်လျောက်လိုက်ဦးမယ်…´´
အရှေ့ကို ချောင်းရိုးတိုင်းဆက်လျောက်သွားလိုက်တယ်။ သုံးမိနစ်ကျော်မျှ လျောက်ပြီးတော့
``ဟင်…´´
သူတွေ့လိုက်ရတာက ဝါးတံတားအခုံးတစ်ခု ချောင်းထဲကနေ ကျက်ခြေခတ် ခတ်ထားပြီး အလည်မှာ ဝါးလုံးတစ်လုံးတည်းသာ
``ဟာ…ဒီတံတားကို ငါဘယ်လို ကူးရပါ့မလား…ဝါးလုံးကလဲ မည်းနေပြီ ဆွေးနေတာလားမသိဘူး…ဒုက္ခပါပဲ မိုးကလဲ ချုပ်တော့မယ် မကူးရင်လဲ ဒီချောင်းရိုးမှာ ညအိပ်ရမယ်နဲ့ထင်တယ် ဟာကွာ…ဘာပဲဖြစ်ဖြစ် ကူးမယ်…´´
ဆုံးဖြတ်ချက် ချလိုက်ပြီး ချောင်းရိုးကနေ ဝါးတံတားလေး အစကို သူစလှမ်းလိုက်တယ်။ စိတ်ထဲမှာတော့ မချိမရဲ စိတ်တင်းလိုက်တယ်
``ငါ ရောက်အောင် ကူးရမယ်…´´
နှုတ်မှထွက်ပြီး ကိုယ့်ကိုကိုယ် အားပေးသော ဟန်ဖြင့် ဝါးတံတားအပေါ်ရောက်လာတော့တယ်။ တံတားရဲ့သုံးပုံ တစ်ပုံလောက်အရောက်မှာ တံတားလက်ကိုင် ဝါးလုံးနှစ်လုံး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ယိမ်းယိုင်နေတဲ့ ဝါးတံတား အလည် ရောက်လာခဲ့ပြီး
``အမလေး…´´
အလည်မှာချီထားတဲ့ နှီးကြိုးဟာ ဖျက်ထွက်သွားတယ်။ လက်ကိုင်တန်းကို အမိအရ ဖမ်းဆွဲလိုက်တယ် ။မျက်လုံးတစ်စုံကိုမှိတ်ပြီး အသတ်ခပ်ပြင်းပြင်း ရှုရှိုက်လိုက်တယ် ။တစ်လှမ်းချင်းဆက်လှမ်းလာပြီး အောက်ကိုကြည့်မိလိုက်တော့ စီးဆင်းနေတဲ့ချောင်းရေအနှောက်တွေက မူးနောက်စရာကောင်းလောက်အောင် စီးနေလျက် ။တစ်လှမ်းချင်း လှမ်းလာလိုက်တာ ကမ်းရိုးအနီးရောက်တော့
``ဂျွတ်…´´
``အမလေး…ဟာ…လုပ်ကြပါဦး…´´
ဝါးတံတားလေးဟာ ထီးလေး နင်းလိုက်သည်နှင့်တစ်ပြိုင်နက် ကြိုးသွားပါတော့တယ်။ လက်ကိုင် ဝါးလုံးတန်းတစ်ခုကို မိမိရရ သူဆုပ်ကိုင်ထားတယ်။ မျက်နှာတစ်ခုလုံး နီရဲနေလျက် နှုတ်မှ ကယ်ကြပါဦးသာ တနေတော့သည်။
****-**-**********************
``ဟာ…ကောင်လေး…ကိုင်ထား…ကိုင်ထား…မလွှတ်လိုက်နဲ့နော်…´´
``ဟာ…အစ်ကိုကြီး ကျွန်တော့်ကို ကယ်ပါဦးဗျာ…ကျွန်…ကျွန်တော်…ပြုတ်ငျတော့မယ်…ကယ်ပါဦး…ရေ…ရေ ကြောက်တယ်…´´
``အေးအေး…အစ်ကိုလာမယ်…မင်းမလွှတ်လိုက်နဲ့နော် …ရေစီးအရမ်းသန်နေတယ်…ကိုင်ထားဦး…´´
ပေါက်တူးတစ်လက် ၊ခေါင်းအပေါ်မှာ ခမောက်တစ်လုံး၊ တစ်ကိုယ်လုံးမှာလဲ ရွှံ့တွေကပေနေလျက် ချောင်းထဲပြုတ်ကျခါနီး ဖြစ်နေတဲ့ထီးလေးဆီကို သူ့ပစ္စည်းအားလုံးမြေပေါ်ကို ပစ်ချပြီး အပြေးလာတော့သည်။
``ညီးလေး…ကိုင်ထား…အဲ့ကျိုးနေတဲ့အစကိုမနင်းနဲ့ ဒီဘက်ကမ်းကို စိုက်နေတဲ့ ဝါးအကျိုးစကိုနင်း ကိုင်ထားတဲ့လက်ကို မလွှတ်နဲ့ဦး…´´
ထိုသူပြောတဲ့အတိုင်း တုန်ရီနေတဲ့ထီးကလေး ကြောက်စိတ်များစွာဖြင့် ပြုလုပ်နေလျက်
``အေး…ဟုတ်ပြီ…ဟုတ်ပြီ…အဲ့အစကိုနင်း လက်ကို နည်းနည်းချင်း ရွှေ့လာ…အေးရပြီ…ခုန်လိုက်တော့…´´
``အား…´´
ကမ်းစပ်မှာ စိုက်နေတဲ့ဝါးကျိုးကို နင်းလိုက်တော့ ကိုင်ထားတဲ့လက်က လျော့သွားတယ်။ ထိုသူပြောတဲ့အတိုင်း သူကမ်းကို ခုန်လိုက်တော့ ဝါးစနဲ့ချေထောက် ခြစ်မိပြီ ပွန်းသွားပါလေတော့သည်။
``အား…´´
``ဘာဖြစ်သွားသေးလဲ ညီ…´´
``ခြေတောက်တော့ ပွန်းသွားတယ်ဗျ…ရပါတယ် ချောင်းထဲပြုတ်မကျတာပဲ ကံကောင်းတယ် ရေလဲ မကူးတတ်ဘူး ရေလဲကြောက်တယ် အစ်ကိုကြီးကို ကျေးဇူးအရမ်းတင်ပါတယ်ဗျာ…´´
``ရပါတယ်ကွာ…ဒါနဲ့မင်းကဘယ်ကတုန်း…´´
``ကျွန်တော်က ရန်ကုန်ကဗျ…ဦးလေးဆီကို ကိစ္စတစ်ခုနဲ့အလည်လာတာ…´´
``ဒီရွာကပဲလား…´´
``ဟုတ်'…´´
``ဘယ်အိမ်သွားမှာတုန်း…မင်းဦးလေးနာမည်ကရော…´´
``ရွာရောက်ပြီးဆိုတော့ ကျွန်တော် အိမိကိုတော့ သွားတတ်ပြီဗျ…ဦးလေးနာမည်က ဦးမြင့်ထွေးလေ သိလား…အစ်ကိုကြီး´´
``သိပ်သိတာပေါ့…ငါ့ညီရယ် …အော် မင်းက ကိုမြင့်ထွေး တူကို အစ်ကိုနဲ့ကိုမြင့်ထွေးကလဲ သိပါတယ် …´´
``ဒါဆို ကျွန်တောနဲ့ဦးလေးအိမ် တစ်ခါလိုက်လည်ပါလား ကိုကြီး …´´
``ဟာ…မ…မလိုက်တော့ပါ…ညီရာ…´´
``ကိုကြီး အလုပ်လေးတွေရှ်လို့ သွားတော့မယ်နော်…အိမ်ကိုသွားတတ်နေပြီ မဟုတ်လား…´´
``သွားတတ်ပြီကိုကြီး…´´
``အေးအေး…ဒါဆို ကိုကြီးခွင်ပြုဦး…နောက်မှ ကိုမြင့်ထွေးဆီကို ကိုကြီးလာခဲ့ဦးမယ်လို့ ပြောလိုက်သိလား…´´
``ဟုတ်ကဲ့ကိုကြီး…အော် ကိုကြီး မေ့နေလိုက်တာ ကိုကြီး နာမည် ဘယ်လိုခေါ်လဲ…´´´
``လှမြင့်လို့ခေါ်တယ် ညီရေ…မင်းဦးလေး ကောင်းကောင်းသိတာပေါ့…ကိုကြီးသွားတော့မယ် …မင်းလဲသွားတော့ မှောင်လာတော့မယ်…´´
ထီးလေးအရှေ့မှ နှုတ်ဆတ်ပြီး လှမြင့်ဆိုသူ ထွက်ခွာသွားတော့သည်။ ပေါက်တူးထမ်းပြီး ခမောက်ကိုစောင်း ပေတေနေတဲ့ရှမ်းဘောင်ဘီ အပွကိုဝတ်ထားပြီး ကန်စင်းရိုးများအတိုင်း လျောက်နေတော့တယ်။ လှမြင့်ကို ထီးလေးငေးကြည့်ရင်း
``တော်သေးတာပေါ့…ကိုလှမြင့် ကယ်လို့ ´´
အချိန်ကား ၅ နာရီ ၃၀ လောက်ဆိုတော့ ဦးမြင့်ထွေးအိမ်ကို ထီးလေး ခပ်မြန်မြန်လျောက်သွားခဲ့တယ်။ ကုက္ကိုပင်ကြီး သုံးပင်အကျော်မှာတော့
``ဗျို့…ဦးလေး…´´
``ဗျို့…ဦးလေး ဦးမြင့်ထွေး…´´
ဦးမြင့်ထွေးခြံဝိုင်းအရှေ့မှာ ထီးလေး အဆက်မပျက်ခေါ်နေတော့ အိမ်ထဲမှ အသတ် ၅၀အရွယ် လူကြီးတစ်ယောက် ထွက်လာပြီ
``ဟေး…ဘယ်သူတုန်း…´´
``ဟာ…ဦးလေးကလဲ…ကျွန်တော် ငထီးလေဗျ…´´
``ဟာ…တူရီး…ငထီး…ဘယ်လိုဖြစ်တာတုန်း ရုတ်တရက်ကြီး အဝတ်တစ်ထည် ကိုယ်တစ်ခုတည်းနဲ့ အိမ်ပေါ်ကဆင်းလာတာလား…´´
``ဟာဗျာ…ဦးလေးကတော့ လုပ်ပြီ…အမေ လေဖျမ်းနေလို့ ဦးလေးဆီမှာ အဖေက စံပါးကြီး သည်းခြေယူခိုင်းလိုက်တာ…´´
``ဟေး…အစ်မ လေဖျန်းသွားလို့ ဟုတ်လား…ဘယ်လိုဖြစ်တာတုန်း…´´
``ဟာ…ဦးလေးကလဲ…အိမ်ထဲခေါ်ပါဦးဗျ …နောက်မှ ပြောပြမဟ်…´´
``အေးဟုတ်သားပဲ…မင်းလာလည်တာနဲ့ ဝမ်းသာပြီး မေ့သွားတယ် …လာ…လာ လက်ဖက်ရည်သောက်ပြီး အမောလေးဖြေဦး…´´
ဖော်ရွေးစွာပဲ ဦးလေးမြင့်ထွေးက ကျွန်တော့ကို ဆက်ဆံခဲ့တယ်။ အိမ်ထဲခေါ်ပြီး ကျွန်တော့ကို လက်ဖက်ရည် တိုက်မယ်တဲ့။ ကျွန်တော့စိတ်ထဲ ပေါ့သွားတယ်။ နဂိုတည်းကမှ လက်ဘက်ရည် ကော်ဖီကြိုက်တဲ့ ကျွန်တော်က ငတ်နေတာနဲ့ ဦးလေးနောက်ဖေးဝင်သွားလို့ နှုတ်ခမ်းသပ်ပြီး စောင့်နေတာပေါ့။ မကြာပါဘူး ဦးလေး ပြန်ထွက်လာတယ်။
``ရော့…တူရီရေ…လက်ဘက်ရည်လေးသောက်… ပြီးမှ တို့တူရီးတွေ စကားဆက်ပြောကြတာပေါ့…´´
ဦးလေးက ကျွန်တော့ကို အဖုံးနဲ့အုပ်ထားတဲ့ခွက်လေး လှမ်းပေးတာနဲ့ လျှာပေါ်မှာ တစ်ခုခုလိုနေတဲ့ကျွန်တော့အတွက် အကောင်းဆုံး လက်ဘက်ရည်တစ်ခွက်ဆိုပြီး မော့ချလိုက်တယ်။
``ထွီး…´´
``ဟ…တူရီး…ဘာလို့ထွေးလိုက်တာတုန်း…´´
``ဟာဗျာ…ဦးလေးကလဲ…လက်ဘက်ရည်ဆိုလို့ ကျွန်တော့မှာ ကော်ဖီမစ်ထင်လို့ အားရပါးရမော့ချလိုက်တာ…ထွီး…ခါးလိုက်တာဗျာ…ရေနွေးကြမ်းတွေ…´´
``ဟာ…ဟုတ်တယ်လေကွ…တို့ရွာမှာ ရေနွေးကြမ်းကို လက်ဘက်ရည်လို့ပဲ ခေါ်တာ…ဟား…ဖြစ်မှ ဖြစ်ရလေ ငါ့တူရာ…ကဲ…မင်းလက်ဘက်ရည်ကြိုက်တတ်ရင် ဦးလေး မြို့တတ်တဲ့သူရှိရင် မှာလိုက်မယ်ကွ…အခုတော့ ခရီးပန်းလာတယ်မဟုတ်လား…´´
``ပန်းတာမှ ဦးလေးရေ ပန်းပန်း ပန်းနဲ့တောင် အော်ချင်တယ်…´´
``အေးဟ…ဆက်ပါဦး…အစ်မကြီးလေဖျန်းသွားတယ်ဆိုတာ…´´
``ဟုတ်တယ် ဦးလေးရေ အဲ့တာကြောင့် ဦးလေး အစ်ကို ကျွန်တော့အဖေက ဦးလေးဆီမှာ စပါးကြီးသည်းခြေလာယူခိုင်းလိုက်တာ´``အယ်…အဲ့တာမှ သောက်ကျိုးနဲရော မနက်ကပဲ ဦးလေး သည်းခြေတစ်ထုတ် ဟိုဘက်ရွာကိုပေးလိုက်သေးတယ် လောလောဆယ်တော့ မရှိတော့ဘူး…ဒါပေမယ့် သုံး လေး ရက်နေရင် ဦးလေး တောထဲသွားမယ် အဲ့ကျမှ ရှာခဲ့မယ်…မင်းလဲ ရောက်တုန်းရောခိုက် တစ်ပတ်နှစ်ပတ်လောက် နေဦးပေါ့ကွ…´
``ဒါတော့ စိတ်ချ ဦးလေးရေ…နေဦးမှာ…ကျနော်သူငယ်ချင်းတွေလဲ လိုက်လာကြမှာနော် ဦးလေး…´´
``ဟေး…ဟုတ်လား…ဘယ်သူတွေတုန်း…´´
``ဟိုကောင်ကြီး တန်ခိုးတို့မျှားကလေးတို့အုပ်စုတွေလေ…´´
``ဟ…ကောင်းတာပေါ့ဟ…ငါလဲ ပျင်းနေတာနဲ့အတော်ပဲ…ကဲ…ကဲ…အခုတော့ ငါ့တူရီး ခရီးပန်းလာပြီ အရှေ့စည်ပိုင်းမှာ ရေရှိတယ် ရေချိုးလိုက်ဦး…ဦးလေး ထမင်းခူးထားလိုက်မယ်…´´
``ဘာ…ဟင်းချက်လဲ…ဦးလေး…ကျွန်တော် ဗိုက်ဆာလာတာနော်…´´
``မနက်က မိလာတဲ့ယုန်သားချက်ထားတယ်ကွ…ဂျင်းနဲ့မလာလေးနဲ့…´´
``ဟ…ရှယ်ပဲဗျာ…ရေအရင်သွားချိုးလိုက်မယ်…ပြီးရင်တော့ ဆွဲပြီ…´´
****----**************-****-*-*
ဦးလေးခပ်ထားတဲ့စည်ပိုင်းထဲက ရေတစ်ဝက်နီးပါးလောက် ကျွန်တော် အဝချိုးပစ်လိုက်တယ်။ နောက် ဦးလေးပုဆိုး အကြမ်းတစ်ထည်တောင်းပြီး ဝတ်လိုက်တယ်။ ဦးလေးက စားပွဲမှာ ထမင်းခူးရင်း စောင့်နေလျက်
``ဦးလေး…ဒီဘက်တွေ မီးမပေးသေးဘူး…´´
``တိုင်တွေတော့ ထောင်ထားတာ တွေ့တာပဲ…တူရီးရေ မီးတော့မလင်းသေးဘူး…ဒါနဲ့နေပါဦး…ငါ့ဆီမှာ တစ်ပတ် နှစ်ပတ် နေမယ်လဲ ပြောသေးတယ်…ပြီးတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုတည်းနဲ့ဘယ်လိုဖြစ်လာတာတုန်း…´´
``ဒါက ဒီလို ဦးလေးရေ…ထမင်းစားရင်းပြောပြမယ် …´´
ကျွန်တော် ဖြစ်ကြောင်းအားလုံး ထမင်းစားရင်း ဦးလေးကို ပြောပြလိုက်တယ်။
``ဟေး…ဖြစ်မှ ဖြစ်ရလေကွာ…´´
``ဟုတ်တယ် ဦးလေးရေ…ဖုန်းလဲ ဆက်မရတော့ဘူး…ဟိုကောင်တွေ လာမှ အိမ်ကို ဖုန်းဆက်လိုက်တော့မယ်…အခုတော့ ကျွန်တော်လဲ ဗိုက်လေးပြီး အိပ်ချင်နေပြီ ´´``အေးအေး…လာလာ…ဦးလေး အိပ်ယာခင်းပေးမယ် …စားပြီး ခဏလှဲနေလိုက်…´´
ကျွန်တော့်ကို ဦးလေးက အိမ်ရှေ့ဘုရားစင်အရှေ့မှာ ဖျာလေးခင်ပေးတယ်။ ထမင်းစားပြီးတာနဲ့ခဏမှေးလိုက်တာ အိပ်ပျော်သွားပါတော့တယ်။
*****************************
``ဝါး…အား…အိပ်လို့ကောင်းလိုက်တာ…ဟင်…ရှစ်နာရီတောင် ထိုးနေပြီး ဦလေးရော…´´
အိပ်ယာနိုးတာနဲ့ဦးလေးကို ကျွန်တော် အိမ်ဝိုင်းမှာ လိုက်ရှာလိုက်တယ်။ မတွေ့တာနဲ့
``ဦးလေးရေ…ဦးလေး…´´
``ဟေး…တူရီး…ဦးလေး အိမ်နောက်ဘက်မှကွ…ဒီကိုလာခဲ့…´´
အသံလာရာဆီသို့ ကျွန်တော် ဦးတည်ပြီး လျောက်သွားလိုက်တယ်။ အိမ်အနောက်ဘက်ရောက်တော့ ကွမ်းခြံထဲမှာ ဦးလေး ကွမ်းရွက်ခူးနေတာကို တွေ့လိုက်ရတယ်။
``ဦးလေး…ကျွန်တော် ဝင်ခဲ့လို့ရမလား…´´
``အေး…လာခဲ့လေ…ဖိနပ်တော့ချွတ်ခဲ့ကွ…´´
``အား……´´
``ဘာဖြစ်တာတုန်း…ခြေထောက်စူးလို့လား…´´
``မဟုတ်ဘူး ဦးလေရေ…မနေ့က ဝါးတံတားကျိုးပြီး ကြောက်အားလန့်အား ကမ်းကို ခုန်ကူးလိုက်တာ ခြေထောက် ပွန်းသွားလို့အခု မနက်တင်းပြီးရောင်နေတယ်လေ အခုနာလာလို့…´´
``ဟေး…ဘယ်က ဝါးတံတားတုန်း…´´
``ဟာဗျာ…ဦးလေးကလဲ ကိုယ့်ရွာမှာ တံတားဘယ်နှခုရှိမှန်းတောင် မသိဘူးလား…ဟိုးဘက်မှာ ဦးလေးအိမ်နဲ့တော့ နည်းနည်းလှမ်းတယ်…´´
``ဟေး…အဲ့ဘက်မှာ ဘာတံတားမှ မရှိပါဘူး…အရင်ကရှိတယ် အခု ကျိုးပြီး ချောင်းထဲမျောသွားတာကြာပြီ ငုတ်တွေပဲရှိတော့တယ်…ဘယ်သူမှလဲ…ပြန်ပြီး မထိုးကြတော့ဘူး…´´
``ဗျာ…´´
``ဟုတ်တယ် …တူရီး …´´
``ဟုတ်လို့လား ဦးလေးရာ…ကျွန်တော် တံတားကျိုးကျသွားတာ…တွဲလောင်းဖြစ်နေတုန်း ကိုကြီးတစ်ယောက် လာကူလို့ ကျွန်တော် ချောင်းထဲ ပြုတ်မကျတာ…အဲ့အကိုကြီးက ဦးလေးကိုတောင် သိတယ်ပြောတယ်…နေပါဦး…နာမည်က…အော်…ကိုလှမြင့်တဲ့…´´
``ဟင်…လှမြင့် ဟုတ်လား…´´
ထီးလေးပြောစကားကြောင့် ဦးမြင့်ထွေး စဉ်းစား တွေဝေသွားတော့သည်။နောက်
``အော်…လှမြင့်…လှမြင့်…´´
နှုတ်မှ ကိုလှမြင့် နာမည်ကို တမ်းတလျက် ``ဟူတ်တယ် …ဦးလေး သူ့ကိုသိလား´
``သိပ်သိတာပေါ့ကွာ…သိပ်ကို စိတ်ကောင်း စေတနာကောင်းရှိတဲ့ လူငယ်လေးပေါ့…´´
``ကျွန်တော်လဲ ဦးလေးဆီ တစ်ခါတည်းလိုက်လလည်ဖို့ ခေါ်သေးတယ်…သူက မလိုက်လို့…´´
ကျွန်တော့ ပြောစကားကြောင့် ဦးမြင့်ထွေး အရှေ့စူးစူးကို မျှော်ကြည့်နေရာမှ ကျွန်တော့မျက်ကို စက်ခနဲ လှမ်းကြည့်လိုက်တယ်။
``ဘာဖြစ်လို့လဲ…ဦးလေး…´´
``ဟင်…ဘာ…ဘာမှ မဖြစ်ပါဘူး…ကဲ လာ မနက်စာ ကောက်ညင်းပေါင်းနဲ့ငရံခြောက်ဖုတ်ထားတယ်…တို့တူရီးသွားစားလိုက်ကြရအောင်…´´
*****************************
``အော်…ဒါနဲ့ ဦးလေး ကျနော် ဝါးခယ်မမြို့ပေါ်မှာ ဆိုငိကယ် ကယ်ရီငှားတုန်းက ရွာနာမည်ကြားတာနဲ့ကို မလိုက်ကြဘူးဗျ…ဘာဖြစ်လို့လဲ…´´
``ဟင်…အော်…ငါ့တူရာ…သူတို့မအားလို့နေမှာပါကွ…ဒီရွာမှာက သရဲ တစ္ဆေခြောက်သလိုလို ကျိန်စာသင့်ထားသလိုလိုတွေ လူတွေက လျောက်ပြောနေကြတယ်လေ…ညနေဆောင်းပြီးဆိုတာနဲ့ သေပြီးသား ဝိဥာဉ်တွေကို တွေ့တယ်လို့လဲ ပြောကြတယ်…ထူးဆန်းတာတစ်ခုက အဲ့လိုပြောတဲ့သူတွေက ရွာခံသူတွေ မဟုတ်ဘူး…တစ်ခြားရွာက သူတွေ ရွာခံတွေကတော့ ဦးလေး အပါဝင် တစ်ခါမှ မတွေ့ဖူးဘူး…ဒါကလဲ ရွာကို မကျေနပ်တဲ့သူတစ်ချိုက လုပ်ကြံပြောကြတာပေါ့လေ…နောက်ကြားသေးတယ်…ရွာပျောက်ကြီးဆိုတာ…အဲ့ဒီရွာက တစ်ရွာလုံး တစ်ချိန်တည်းမှာပဲ သေကုန်ကြတာ ပြောရရင်တော့ ကပ်ရောဂါတစ်ခုကြောင့်ပေါ့ ´´
``တစ်ရွာလုံးဆိုတော့ ဦးလေး ကျက်ကုန်းရွာပေါ့…ဟုတ်လား…´´
``ကျက်ကုန်းလိုမျိုးလဲ မဟုတ်ဘူး သူတို့က လူတွေကိုလဲ ခြောက်တာ လန့်တာလဲ မရှိဘူး…တစ်ချို့တွေပြောကြတာတော့ အဲ့ရွာက ရှေးဟောင်းဘုရား ဠာပဏာတွေကို တူးရင်း အားလုံး မြွေကိုက်ခံရပြီးသေ ကုန်ကြတာလို့လဲ ကြားတယ်…´´
``အဲ့ရွာက ဘယ်နားလောက်မှာလဲ…´´
``ဒါတော့ ဦးလေးလဲ သေချာ မသိဘူး…သိတဲ့သူဆိုလို့ တို့ရွာမှာ နှစ်ယောက်ပဲရှိတယ်…တစ်ယောက်က ဝက်ကုန်း ဘတုတ်…နောက်တစ်ယောက်က…´´
``နောက်တစ်ယောက်က ဘယ်သူလဲ…ဦးလေး ဆက်ပြောပါဗျ…´´
``နောက်တစ်ယောက်က မင်းကို အကူညီပေးခဲ့တဲ့ လှမြင့်ပေါ့…ဒါပေမယ့် ဘတုတ်လဲ အခု ရူးကြောင် ကြောင် ဖြစ်နေတယ်…လှမြင့်ကတော့……´´
``ကိုလှမြင့်ကတော့ ဘာဖြစ်လဲ …ဦးလေး……´´
``လှမြင့်ကတော့…´´
`´
ဦးလေးပြောလို့မဆုံးခင်မှာပဲ
`ကိုမြင့်ထွေးရေ…ကျုပ်တို့မြို့တတ်မလို့ ဘာမှာဦးမလဲဗျို့…´
``ဟာ…မောင်ကျိုင် အတော်ပဲ…ရန်ကုန်က ငါ့တူရီး ရောက်နေတယ်ကွ…မြို့က ကော်ဖီမစ် ငါးတွဲလောက်ဝယ်ခဲ့ဟေ့…ပြန်လာမှ စံပါးနဲ့လာလဲချည်…´´
``ဒါပဲလား…ဒါဆို ကျုပ်တို့ကိုခွင့်ပြုဦး…´´
``လူသုံးယောက် ဦးလေးနဲ့ရင်းနှီးစကားပြောနေသည်ကို တွေ့လိုက်ရတယ်…
``ကဲ တူရီရေ …ဦးလေး ဦးကွမ်းခူးလိုက်ဦးမယ်…နေ့လည်မှ စကားဆက်ပြောကြတာပေါ့ အခုတော့ အလုပ်လုပ်လိုက်ဦးမယ်…မင်းအပေါ်မှာပဲနေ…´´
``ဒါဆို ဦးလေး ကျွန်တော် အိမ်ပေါ်မှာပဲ စာအုပ်ဖတ်ရင်းရှိနေမယ်…´´
``အေးအေး…ကောင်းပြီ…´´
ထီးလေး အိမ်ပေါ်တတ်သွားပြီး စာအုပ်တစ်အုပ်ကို ကိုင်ကာ ကုလားထိုင်ပေါ်တွင် စာဖတ်ရင်း အိပ်ပျော်သွားတော့သည်။
``ဟေ့ယောင်…မင်း ဘယ်သူလဲ…´´
``ဟင်…မင်း…မင်း…မင်းသူလဲ…´´
``အဲ့တာ ငါ့က မေးရမှာ မင်း…မင်း ´´
အိပ်နေသည့် ထီးလေးကို လာနိုးသူက နောက်ထပ် ထီးလေး တစ်ယောက်
``ဟာ…ဦးလေးရေ…လုပ်ပါဦး လုပ်ပါဦး…´´
``လုပ်ပါဦး…မင်း…မင်းမအော်နဲ့လေ…ငါက အစစ် မင်း…မင်းဘယ်သူလဲ…´´
``မင်း…အဲ့ဒါ …ငါမေးရမှာ…´´
``မင်း…မင်းဘယ်ကလဲ…´´
ထီးလေးနှစ်ယောက် အငြင်းခုန်ဖြစ်နေစဉ်မှာပဲ
``ငထီးရေ…မင်းသူငယ်ချင်းတွေ လာပြီဟေ့…´´
ဦးမြင့်ထွေးရဲ့ စကားသံကြောင့် ထီးလေးနှစ်ယောက် အိမ်အပေါ်မှာ ပြေးဆင်းကာ နှစ်ယောက်စလုံးရဲ့ နှုတ်မှ စကားသံတွေက
``တန်ခိုး…လမ်းလေး…မျှားလေး…ငါးလေး…´´
``ဟင်…ထီး…ထီးလေး…ဘယ်…ဘယ်သူက ထီးလေးလဲ…´´
``မျှားလေး …ငါ…ငါက ထီးလေးအစစ်ပါ…´´
``ဟေ့ကောင် …သရဲ…မင်း…မင်းကသရဲလေ…မဟုတ်ဘူး…မျှားလေး ငါက ထီးလေးပါ ဒီမှာကြည့် ငါ့နှုတ်ခမ်း မှဲ့…´´
``ငါ့ နှုတ်ခမ်းမှာလဲ…မှဲ့…´´
``မင်း…မင်း…´´
ဦးမြင့်ထွေးနှင့် အတူ လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးတို့အားလုံး ဘာစကားမှ ပြန်မပြောနိုင်တော့ပဲ ထီးလေးနှစ်ယောက်ကို ကြောင်တောင်တောင်ဖြစ်ခါ ကြည့်နေမိတော့သည်။ ။
***********************-*****
အပိုင်း(၅)တွင် ဆက်လက်ဖော်ပြပါမည်။
Post Top Ad
Responsive Ads Here
အပိုင်း(၄) ရွာပျောက်ကြီးရှာပုံတော်
Share This
Tags
# ၀၂.ရွာပျောက်ကြီးရှာပုံတော်
Share This
About Unknown
၀၂.ရွာပျောက်ကြီးရှာပုံတော်
Labels:
၀၂.ရွာပျောက်ကြီးရှာပုံတော်
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment